Wednesday, April 15, 2009

KNLA fights Burmese Army and DKBA

Wednesday, 15 April 2009 00:46
Mae Sot (Mizzima) - Fighting broke out tonight at the Karen National Liberation Army's base camp in Wah Lay Kee between the KNLA’s 201st Brigade, the Burma Army and its allies the Democratic Karen Buddhist Army.Speaking at a border location at about 7.15 pm Colonel Nerdah Mya said the fighting was expected to carry on into the night.For months now the camp has been on tenterhooks, with both DKBA and junta troops maintaining forward positions nearby.The KNLA lost the camp once last year, but reclaimed it within a matter of days.Colonel Nerdah said the Burmese Army and DKBA troops were now maintaining forward posts armed with heavy armour that was capable of hitting the main base camp at any time.

by Daniel Pedersen

ပြည်ပမြေရောက် မြန်မာ များ ရှက် မဆုံးတော့သည်

ခုတလော မြန်မာနိုင်ငံမှာ နအဖ စစ်အစိုးရ ရေးဆွဲတဲ့ အခြေံ ဥပဒေကို ထောက်ခံဖို့ မြန်မာ့အသံနဲ့ မြန်မာ့ ရုပ်မြင် သံကြားဌာန တွေကနေ တရား ၀င် ဆော်သြနေပါပြီ။ဒီဥပဒေဟာ စစ်အစိုးရ သက်ဆိုးရှည်ရေးအတွက် လုပ်ကြံ ရေးထားတာမို့ မတရားဘူးလို့ ကန့် ကွက်သူတွေကိုတော့ စီးပွါးရေးလုပ်ခွင့် ပိတ်ပင်ခြင်း၊ ချောင်းမြောင်း ရိုက်နှက်ခြင်း၊ အမှုဆင် ဖမ်းဆီးခြင်း တွေ သင်္ကြန် ရက်မြတ် အတွင်းပါမရှောင် ဆက်တိုက်လုပ် နေပါတယ်။
နအဖစစ်အိုးရဘက်က ဘယ်လို တားဆီးနေပါစေ အမှန်တရားကိုမြတ်နိုးသူတွေ၊ ဒီမိုကရေစီစနစ် ထွန်းကား ဖို့ ကြိုးစားနေကြ သူတွေကတော့ ကြောက်မွေးပါ ဇာဂနာနဲ့ နှုတ် စိတ်မွေးပြီး မျိုးဆက်သစ် တွေနဲ့ တိုက်ပွဲခရီး ဆက်လက်ချီတက်နေပါတယ်။
မြန်မာ့အရေးကို ပြည်တွင်းမှာ ဖော်ဆောင်နေကြသလို ပြည်ပရောက်မြန်မာတွေကလည်း တတ်နိုင် သလောက် ကြိုးစားလုပ် ဆောင်နေကြတာ တွေ့မြင်ကြားသိကြမှာပါ။လွန်ခဲ့တဲ့ နှစ်ရက်ခန့်က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တခုမှာ ဆယ်စုနှစ် ၂ ခု ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ကျန်းမာရေး ချို့ယွင်နေတဲ့ တော်လှန်ရေး ရဲဘော်တယောက် ကျနော့်ထံ ရောက်လာပါတယ်၊ သူက တော်လှန်ရေးမှာ ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် လမ်းကောင်းစွာ လျှောက်နိုင်စွမ်းမရှိတော့ပါဘူး။ မျိုး ဆက်သစ် အနေနဲ့တော့ သူ့မှာ ၁၂ အရွယ် အကြီးဆုံးရှိတဲ့ လူမမယ် သမီး ၄ ယောက်ရှိပါတယ်၊သူက ဒေါ်အောင်ဆန်း စုကြည် တို့၊ မင်းကိုနိုင် တို့ အဖွဲ့ နဲ့ တွေ့ ဖူးသလားတဲ့ ၊ သူတို့ အခု လက်ရှိ နိုင်ငံရေး အခြေအနေအတိုင်းကို ရှေ့ ကို ဘယ်လို ခရီး ဆက် ကြမယ်ထင်သလဲတဲ့ ဆွေးနွေး မေးမြန်းလာပါတယ်။
၁၉၉၅ ကျနော်ထောင်ကလွတ်စက ပုဇွန်တောင်မှာရှိတဲ့ အင်အယ်ဒီအဖွဲ့ဝင်တဦး ထောင်ထဲမှာ ဆုံးတာကို ဆွမ်းကျွေးတော့ ဒေါ် အောင်ဆန်း စုကြည် လာရောက်ပြီးအားပေးလို့ စကားလက်ဆုံပြောကြပြီး သိချင်တာ တွေ ဆွေးနွေးဖူးကြာင်း၊ ကိုမင်းကိုနိုင်တို့ အဖွဲ့နဲ့တော့ အပြင်မှာ မကြာခန ဆုံဖြစ်ခဲ့ကြောင်း သူ့ကို ရှင်းပြ လိုက်ပါတယ်၊ သူတို့ ရှေ့ ရေးက တော့ ပြည်တွင်းမှာပဲ သူတို့ ယုံ ကြည်တဲ့ အကြမ်းမဖက်တဲ့ လမ်းစဉ်နဲ့ ယုံယုံကြည်ကြည်ကို ဒီမိုကရေစီအတွက် တိုက်ပွဲဝင်သွားမယ်လို့ ယုံကြည်ကြောင်း ဆက် ရှင်းပြလိုက် မိ ပါတယ်၊
နောက်တော့ သူတို့လုံခြုံရေးအကြောင်း ဆွေးခန်းအရောက်မှာတော့῝ အင်း -ဒေါ်အောင်ဆန်းစုကြည်ကတော့ ရပြီးသား အခွင့် အရေးတွေကို စွန့်လွှတ်ပြီး စစ်အစိုးရ ဖမ်းဆီး နှိပ်စက်မှာကို သိရက်နဲ့ ဒီမိုကရေစီအရေး လုပ်ဆောင်နေတဲ့သူ၊ ကိုမင်းကိုနိုင်တို့ အဖွဲ့ကတော့ နအဖက ပေးမယ့် ဆွယ်လုံးအခွင့်အရေး၊ ပြည်ပထွက်ရင် ဘယ်လိုအခွင့် အရေး တွေ ရနိုင်မှန်းသိရက်နဲ့ ပြည်တွင်း မှာ စစ်တပ် ဖမ်းဆီးမှာကို ရဲရဲဝန့်ဝန့် အံတုပြီး လုပ်နေတဲ့သူတွေ῞ လို့ဖြေတော့ သူအားရကြေနပ်စွာပြုံးရင်း῝ ဒီလူတွေကို သူရဲ ကောင်းလို့ သတ်မှတ်ပြီး ခေါ်သင့်၊ လေးစားသင့် တဲ့ သူတွေ῞ မှတ်ချက်ချပြောဆိုပါတယ်။
သူရဲကောင်းနှင့် ပတ်သက်ပြီး လူတို့ အဓိပ္ပါယ်များစွာ ကျနော်တို့ မမွေးဖွားခင် ရှေးဘုရှင်ဘုရင်ခေတ်များက အဓိပ္ပာယ်တွေ ဖွင့် ခဲ့ကြဖူးပြီဖြစ်ပါ တယ်၊ သူရဲကောင်းတွေကို ပြည်သူ တွေက အထူးချစ်ခေင် လေးစားခဲ့ကြ တာ၊ ကျနော်တို့ မသိမီလိုက်တဲ့ ပုဂံ ခေတ်ကနေ ဒီနေ့ခေတ်အထိ ပါ။လက်ရှိလဲ ကျန်စစ်သားမှအစပြုပြီး ကြည်ညိုလေးစား ခံရဆဲ ဗိုလ်ချုပ် အောင်ဆန်းအထိ လူ အများက လေးစားမြဲ လေးစားဆဲပါ၊
သူရဲကောင်းတွေဟာ နိုင်ငံတိုင်းမှာ ပေါ်ပေါက်ခဲ့ကြသလို မြန်မာနိုင်ငံမှာလည်း မထင်မရှားသူရဲကောင်းတွေ ထင်ထင်ရှားရှား သူရဲကောင်းတွေ များစွာရှိနေပါတယ်၊စစ်အာဏာ ရှင်စနစ် ၁၉၆၂ ခုနှစ် စတင်ခဲ့ပြီးနောက်မှာ လွတ်လပ်မှု၊ မျှတမှု ငြိမ်းချမ်းမှု တို့အတွက် အညတြ သူရဲကောင်း တွေ များစွာ အသက်ပေး၊ ဘ၀ပေးပြီး တိုက်ပွဲဝင်ခဲ့ကြတာ ရေတွက်လို့ ရနိုင်မယ်မထင်ပါ။
သူက ပြန်ခါနီး နောက်သလိုနဲ့ စကားတခွန်းပြောပါတယ်၊အခုပြည်ပရောက် နေသူဆိုတော့ ဒေါ်အောင်ဆန်း စုကြည်တို့၊ မင်းကို နိုင် တို့အဖွဲ့ နဲ့ မြန်မာပြည်တွင်းက တိုက်ပွဲဝင် ရဲဘော်တွေကို ခင်ဗျားက ချန်ခဲ့ထားခဲ့ပြီးပြီ၊ လက်နက်ကိုင်ဖူးတဲ့ တော်လှန်သူ တဦးအနေနဲ့ ပြောရရင် ခင်ဗျား ပြည်ပထွက်လာတာ စစ်မြေပြင်နဲ့ တိုက်ပွဲကိုစွန့်ခွါမှုပဲ၊ သေဒဏ် ကျနိုင်တဲ့ ပြစ်မှု နော်လို့ ပြော ပြီး၊ ပြန်လိုက်ဦးမယ် တိုက်ပွဲဝင် ရဲဘော်ကြီးရေ ဆိုကာ နှုတ်ဆက်ပါတယ်။
သူက နောက်သလို ပြောဆိုနေပမယ့် ကျနော့် ရင်ထဲမှာ ၀မ်းနည်းကြေကွဲအလုံး ဆို့နေပါတယ်၊ကျနော်တို့ ပြည်ပရောက် မြန်မာ တွေ စစ်အစိုးရကို စီးပွါးရေးပိတ်ဆို့ဖို့ ၊မြန်မာ့ဒီမို ကရေစီအရေးကိုကူညီဖို့ ဆန္ဒပြကြ၊ ဒေသခံနိုင်ငံသားတွေနဲ့လက်တွဲပြီး မြန်မာ့ အရေးလှုံ့ ဆော်ပွဲတွေ လုပ်ကြတယ် ဆိုတာက ပြည်တွင်းကတိုက်ပွဲဝင် ရဟန်းပြည်သူ ကျောင်းသားတွေလို အနှိပ်စက်ခံ အရိုက် နှက်ခံ ၊ထောင်ကျမယ့်ဘေး၊ အသက်ဘေးတို့နဲ့ မနီးပါ။
တကယ့်အသေခံ တိုက်ပွဲဝင်သူတွေက ပြည်တွင်းစစ်မျက်နှာမှာ ရှိပါကြောင်း၊ သူပေးလိုက်တဲ့ မြန်မာ့ဒီမို ကရေစီတိုက်ပွဲဝင် ရဲ ဘော်ကြီးဆိုတဲ့ အမည် လက်ခံထိုက်ရလောက် အောင် အလုပ်အများကြီးလုပ်ဖို့ လိုပါသေးကြောင်း တွေးမိတိုင်း တာဝန်မကျေ သေးတဲ့ ကိုယ့်ကိုကိုယ် ပြည်တွင်း က နိုင်ငံရေးဆောင်ရွက်သူတွေနဲ့ ယှဉ်ကြည့်မိတိုင်း ရှက်မဆုံး ဖြစ်မိနေပါတော့တယ်။
ဖိုးသောကြာ(အညာမြေ)

နိုင်ငံရေး နားမလည်တဲ့ပြည်သူ

ကျွန်တော်ကအငြိမ်းစားပါ။ မ.ဆ.လ ခေတ်က မ.ရ.က လို့ ခေါ်တဲ့ မြန်မာ့ရေနံကော်ပိုရေးရှင်းရဲ့ ဘူမိဗေဒဌါန အရာရှိ တစ် ယောက်ပါ။ မ.ဆ.လ ခေတ်ပြုတ်ပြီး အချိန်မှာပဲ ပင်စင်ယူလိုက်ပါတယ်။ ပင်စင်ငွေထောက်ပံ့ကြေးက မလောက်ပေမယ့် ဟို တုန်း က ရထားတဲ့ဆိုင်ခန်းတခုကို ငှါးထားလို့ ရတဲ့ငွေရယ်၊ သားနှစ်ယောက်ထောက်ပံ့ ကြတဲ့ငွေလေးနဲ့  ကျွန်တော်တို့ လင်မ ယား အိုကြီး နှစ်ယောက် စားလောက်ပါတယ်။
သားတယောက်က ရေတပ်က ဗိုလ်ကြီးပါ။ နောက်တယောက်က နာမည်ရ ကျူရှင်ဆရာတယောက်ပါ။ သူတို့ လည်း ချောင် ချောင် လည်လည် ရှိကြပါတယ်။ ကျွန်တော်တို့ သားအဖသုံယောက်ရဲ့ ပြဿနာက နိုင်ငံရေးစကားပြောတိုင်း သဘောထားမတူ ညီဘဲ ရပ် လိုက်ကြရတာချည်းပါပဲ။ ဒီနေ့ တော့ ကျွန်တော်တို့ ရဲ့ လုပ်နေကြစကားဝိုင်း လေးဟာ တိုးတက်မှု့ ရှိလာပါတယ်။ သားအဖသုံးဦးရဲ့ ကွဲလွဲနေတဲ့ သဘောထား သုံးမျိုးကနေပြီး သဘောထားနှစ်မျိုးပဲဖြစ်သွားပါတယ်။ သားနှစ်ယောက်က တမျိုး ကျွန်တော်က တမျိုး။
ကျွန်တော်က ကိုလိုနီခေတ်နှောင်း၊ ဖ.ဆ.ပ.လ ခေတ်၊ မ.ဆ.လ နဲ့  န.အ.ဖ ခေတ်တွေကို မှီပါတယ်။ သားတွေကမ.ဆ.လ နဲ့  န.အ.ဖ ခေတ်တွေပဲ မှီပါတယ်။ တနေ့ တော့ သားနှစ်ယောက်နဲ့ အတူ ကျွန်တော့်အိမ်မှာ စကားပြောဖြစ်ကြပါ တယ်။ ဦးတည် ချက်ရယ်လို့ တော့ မရှိပါဘူး။ ယနေ့ ဖြစ်ပျက်နေတဲ့ တိုင်းပြည်ရဲ့အခြေအနေတွေပါ ပဲ။
ကျွန်တော်ကမေးတယ်။ အိန္ဒိယ သမုဒ္ဒရာထဲမှာ အမေရိကန်စစ်သင်္ဘောတွေ စစ်ရေး လေ့ကျင့် နေတဲ့ကိစ္စ၊ ဂျပန်က ကူညီပြီး စစ်သင်္ဘောတွေကို ဆီဖြည့်ပေး နေတယ် ဆိုတဲ့ကိစ္စ၊ နောက်တခုက အမေရိကန်က ဦးဆောင်ပြီး အာရှနေတိုးအဖွဲ့  ဖွဲ့ တော့ မယ် ဆိုတဲ့ကိစ္စတွေပါပဲ။ အဲဒါ သားတွေ ရဲ့အမြင်နဲ့ သူတို့  ဘယ်လိုကြားကြသလဲပေါ့။
စစ်ဗိုလ် သားကြီးကပြောပါတယ်။ သူလဲဒါကိုကြားပါတယ်။ ဒါမဆန်းဘူးတဲ့။ အမေရိ ကန်က ကမ္ဘာ့ပုလိပ်ကြီးလေ။
ပွဲလန့် တုန်းဖျာခင်းမယ့် အကြံယုတ်နဲ့  လှုပ်ရှားနေတာပါပဲ။ ခုလည်း မြန်မာ့ပြည်တွင်းရေးမှာ အတင်းဝင်စွက်နေတာ ဖေဖေတို့ အမြင်ပဲတဲ့။



ကျောင်းဆရာသားငယ်ကလည်း ဝင်ပြီးဆွေးနွေးပါတယ်။ ကိုကိုတို့  စစ်အစိုးရကို ကျွန်တော်တို့ မကြိုက်တာ အမှန်ပါပဲ။ဒါပေ မယ့် အမေရိကန် ဝင်လာမှာ၊ ဝင်ရောက်စွက်ဖက်မှာကိုတော့ လက်မခံနှိုင်ပါဘူးတဲ့။ ဒီနေရာမှာ သားနှစ်ယောက်စလုံး အမေရိ ကန် ဆန့် ကျင်ရေး အယူအဆမှာတော့ တူညီသွားတာတွေ့ ရပါတယ်။ ဒီအခါမှာ ကျွန်တောက်သားငယ်ကို မေးကြည့်ပါတယ်။ သားရယ် မင်းကစစ်အစိုးရကို မကြိုက်တာတော့ ဟုတ်ပါပြီ။ အမေရိကန်က မြန်မာပြည်ကို ကူညီတာပဲဆိုဆို၊ စွက်ဖက်တယ်ပဲ ပြောပြော စစ်အ စိုးရ ပြုတ်သွားရင် သားအနေနဲ့  မကျေနပ်နှိုင်ဘူးလား။ ဒီတော့ သားငယ်ကပြောပါတယ်။ သားကတော့အမြင် ရှင်းပါတယ် ဖေဖေ၊ အမေရိကန်ကသာ ဝင်လာရင် စစ်အစိုးရထက် ပိုဆိုးသွားမှာပဲ။ ဒါကြောင့် အမေရိကန်ရဲ့ ဝင်ရောက်စွက် ဖက်မှု့ ကိုတော့ အမြဲပဲ ဆန့် ကျင် သွားရမှာပဲ ဖေဖေ။ အင်္ဂလိပ်၊ အမေရိကန်ဆိုတာက ဟိုတုန်းကလည်းမကောင်းခဲ့ဘူး၊ခုလည်း မကောင်းဘူး၊ နောင်လည်း ဘယ်တော့မှကောင်းမှာမဟုတ်ဘူးတဲ့။


စစ်ဗိုလ်သားကြီးကလည်း ကျောင်းဆရာသားငယ်ရဲ့စကားကို ထောက်ခံလိုက်ပြန်ပါတယ်။ အမေရိကန်က ဝင်တဲ့ နိုင်ငံတွေ ဒုက္ခ ရောက်နေတာ ဖေဖေလည်း သိသားပဲ။ အီရတ်နဲ့  အာဖဂန်နစ္စတန်တို့က သက်သေပြနေတာပဲတဲ့။ မြန်မာ့အလင်းသတင်း စာထဲ က အတိုင်းပြောလိုက်ပါတယ်။
ကျွန်တော်နားလည်လိုက်တာကတော့ စစ်ဗိုလ်နဲ့  နိုင်ငံရေး ဝါသနာရှိတဲ့ ကျောင်းဆရာသားငယ်တို့ ဟာ အမေရိကန် ဆန့်ကျင် တဲ့ နေရာမှာ တသဘောထဲပါလားလို့  ကျွန်တော်ကတော့ အမေရိကန်၊ အင်္ဂလိပ်ကို လိုလားခြင်း၊ မလိုလားခြင်းဆိုတဲ့ တရား သေစိတ်ခံစားချက်ပေါ်မှာ မဆုံးဖြတ်တတ်ပါဘူး။ အသက်အရွယ်နဲ့ အတွေ့ အကြုံအရ မျက်မှောက်တွေ့ ကြုံ နေရတဲ့ အခြေ အနေပေါ်မှာပဲ ကောက်ချက်ချ တတ်ပါတယ်။ ကျွန်တော်နဲ့ သားနှစ်ယောက်ဟာ သဘောထားခြင်း ကွဲပြားနေပါပြီ။ ဒါကြောင့် သားတွေကို ရှည်ရှည်ဝေးဝေးပြောမနေတော့ဘဲ မေးခွန်းတခုမေးလိုက်ပါတယ်။ သားတို့ တရုတ်ပြည်လို ကွန်မြူနစ် နိုင်ငံကြီး မှာတောင် သူတို့ လူမျိုးကောင်းစားဖို့ ဆိုရင် အရင်းရှင်အမေရိကန်နိုင်ငံနဲ့  စီးပွားရေးပူးပေါင်းဆောင်ရွှက်မှု့ ၊ စီးပွားရေးမဟာ မိတ် အဖြစ်ပူးပေါင်း ကြသေးတာပဲ။ သားတို့ ကလည်း ကိုယ့်ပြည်သူလူထု ကောင်းစားမယ်ဆိုရင် ဘာလို့  မပေါင်းနိုင်ရမှာလဲ။


ဒီတော့ သားတွေကပြန်ပြောတယ်။ တရုတ်ပြည်က မသူတော်ကို ပေါင်းမိနေတော့ ကျားမြီးဆွဲလို ဖြစ်နေပြီ ဖေဖေ။တိန့်ရှေင်ဖိန် ဝါဒီတွေ ဒီအမှားကို မုချခံကြရလိမ့်မယ်တဲ့။ ကျွန်တော်လဲသားတွေနဲ့ ဆက်ပြီးမဆွေးနွေးတော့ဘဲ၊ ကဲ ဒီလိုလုပ်ကွာ၊ ဖေဖေတို့ သား တို ၊့စားဖို့  သောက်ဖို့ ကို အမြဲတာဝန်ယူစီမံနေတဲ့ မင်းတို့ မေမေကို မေးကြည့် မယ်။ သူက နေ့တိုင်း ဈေးဝယ်ရတယ်။ ဥပုဉ်ကျောင်း သွားမယ်။ ရပ်ကွက်ထဲက သာရေး၊ နာရေးကိစ္စတွေကအစ မလစ်လပ်ရဘူး။ လူထုနဲ့ အမြဲပဲထိတွေ့ နေတဲ့ ̏လူထု” ပဲပေါ့ကွာဆိုပြီး မီးဖိုချောင်မှာ အလုပ်ရှုပ်နေတဲ့ အမေကို ခေါ်လိုက်တယ်။ ကျွန်တော်ကပဲ မေးလိုက်ပါတယ်။ ကဲ အမေကြီးလဲ ကျုပ်တို့ ပြောတာတွေ ကြားပြီးနေမှာပေါ့။ အဆုံးအဖြတ်ပေးပါအုံးလို့ ၊၊


ဒီတော့ ကျွန်တော့်ဇနီး သားတို့ အမေက “ကြားပါ့တော့် နားထဲမှာတောင် မဆန့်တော့ဘူး”။ ဒီမှာ ကျွန်မပြောမယ်၊ဦးနေဝင်း စတက် ကတည်းက နှစ်ပေါင်းလေးဆယ်ကျော် ခံခဲ့ရတာလေ။ သူပုန်ထလိုက် သပိတ်မှောက်လိုက် ဆိုတာလဲ ပြတ်တယ် မရှိ ဘူး။ လူထု ပိုပြီး ငတ်သထက်ငတ်လာတာကတော့ လက်တွေ့ ပဲ။ ခုလို အချိန်မျိုးမှာ စစ်အစိုးရပြုတ်ကျပြီး အရပ်သားအစိုးရ တက်လာဖို့ ပဲလိုတယ်။ ကုလသမဂ္ဂ တပ်ဆိုတာကြီးပဲလာလာ၊ နေတိုးတပ်ဆိုတာပဲလာလာ၊ အမေရိကန်တပ်ဆိုတာပဲလာလာ ဘယ်နိုင်ငံ ဘယ်သူကပဲ ကူညီ၊ကူညီ ကျွန်မတို့ ကတော့ လက်ခံမှာပဲ။ မြန်မာပြည် ကောင်းစားဖို့ ဆိုရင် ရပ်ကွက်ထဲက လူ အများပြောသလို “အမေရိကန် တပ်ကြီးရယ်မြန်မြန်သာ ဝင်တိုက်ပါတော့လို့  ဘုရား မှာနေ့တိုင်းဆုတောင်းနေတယ် တော်ရေ့ ” လို့  ပြောပြီး ဆောင့်ဆောင့်နဲ့ မီးဖိုခန်းထဲ ပြန်ဝင်သွားပါတယ်။


ကျွန်တော်က သားတွေကိုကြည့်ပြီး၊ ကဲ မင်းတို့  အမေပြောတာကိုကြားတယ် မဟုတ်လားလို့  ပြောလိုက်တော့ သားတွေက အမေက နိုင်ငံရေးမှ နားမလည်တာဘဲ လို့  မှတ်ချက်ချလိုက်ပါတယ်။
̏ ကဲ ပြည်သူကို နိုင်ငံရေး နားမလည်ဘူးတဲ့ဗျား˝

ဦးရွှေအုန်းမြင့် ။ စစ်ကိုင်း။

Sunday, April 12, 2009

အပြည်ပြည်ဆိုင်ရာမြန်မာအေ၇းထိပ်သီးဆွေးနွေးပွဲတရပ်ကိုဂျပန်နိုင်ငံရှိနဂိုရာမြို့တွင်ကျင်းပ

အပြည်ပြည်ဆိုင်ရာမြန်မာအေ၇းထိပ်သီးဆွေးနွေးပွဲတရပ်ကို နဂိုရာမြို့ ၌၁၃-၃-၂၀၀၉ မှ ၁၅-၃-၂၀၀၉နေ့အထိကျင်းပခဲ့ရာမြန်မာအရေး ကျွမ်းကျင်သူများ ၊ ပါရဂူများတက်ရောက်ဆွေနွေးခဲ့ပါသည်၊၊
ထိုဆွေးနွေးပွဲသို့ KAREN NATIONAL LEEAGUE JAPAN ( KNL-JAPAN ) မှစောကျော်ထင်ထူး( တွဲဖက်အတွင်းရေးမှူး -၁ ) ၊ နော်ပေါ်လင်း ( တွဲဖက်အတွင်းရေးမှူး -၂) ၊ စောဆဲနေဗလုတို့
တက်ရောက်ကြသည်၊၊