Saturday, July 31, 2010

Invitation to the 61st People’s Forum on Burma (PFB) Regular Meeting


Invitation to the 61st People’s Forum on Burma (PFB) Regular Meeting



* Date 31 July 2010 *Time 6: 00 – 8: 30 PM

* Venue : Ikebukuro ECO- Toshima 8 F JR Ikebukuro Station, East-Exit
(PFB member 200 yen, non member 500 yen) ( Language: Japanese / Burmese)



Spekers
* Update report on the Refugee Resettlement Programme
-Ms. Naoko Hashimoto
Programme Manager, IOM (International Organization for Migration)


* What is the Refugee Resettlement Programme ?
How is the situation of Karen refugee in Thai and inside Burma ?

the difference of a support system between the Refugee who will come to Japan this year and Refugees who have already lived in Japan ,

-Mr. Saw Ba Hla Thein
Vice-chairman, Karen National League ( Japan )


* Burma ’s 2010 Elections . update report on the ethnic nationalities including
Kachin toward the SPDC's election. Update report on the situation of the ethnic nationalities in Burma
-Ms. Marip Seng Bu
General Secretary, Kachin National Organization- Japan

__._,_.___
100730 Bty Bur Than Shwe[1]

လှေမှောက်၍ ထွက်ပြေးတိမ်းရှောင် လာသည့် ကလေးငယ် သုံးဦး သေဆုံး

/ 7/30/2010 11:49:00 PM / \
စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကွဲလယ့်ထုကျေးရွာမှ လူထု(၄၂)ဦးသည် ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင် ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်းသို့ ၀င်ရောက်ခိုလှုံရန် ယမန်နေ့က ရေလမ်းခရီးဖြင့် သူမွဲချောင်းအတိုင်း ဆင်း လာစဉ် စက်လှေမှောက်ခဲ့သဖြင့် ကလေးငယ်သုံးဦး သေဆုံးသွားသည်ဟု စုံစမ်းသိရှိရသည်။
လက်ရှိအချိန်တွင် နယ်ခြားစောင့်တပ် လက်မခံသည့် ဒီကေဘီအေ တပ်မဟာ(၅)နှင့် နအဖ စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သည့်အပေါ် ၎င်းတို့ဒေသကို စွန့်ခွာထွက်ပြေးလာခဲ့ရာ သူးမွဲချောင်းဆုံဆင်းရာအတိုင်း ကွဲဝေါ့လေးတွင်ရောက်ရှိစဉ် စက်လှေမှောက်ခဲ့ရာ သုံးနှစ်ကျော် ကလေးနှစ်ဦးနှင့် ၈လကျော် ကလေးယောက်ျားတစ် ဦး ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မော်လီချိုင်းကျေးရွာမှ အမျိုးသမီးတဦးက ကေအိုင်စီကို ယခုလို ပြောသည်။

“သူတို့(ရွာသူရွာသား)စီးလာတဲ့ စက်လှေက လှေမောင်းသူ အပါအ၀င် လူ(၄၃)ယောက်နဲ့တောင် ပါတယ်လေ။ သူတို့ အိမ်က ယူလာတဲ့ ပစ္စည်းတွေလည်း ပါသေးတယ်။ မိုးတွင်းဆိုတော့ ရေစီးကြမ်းတော့ လှေက မှောက်တဲ့အထိ ဖြစ်သွားတာပဲ။ နောက် လှေထဲမှာ ပါတဲ့သူတွေက သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ ကလေးတွေ အများဆုံးပဲဆိုတော့ လှေမှောက်တဲ့အခါ ကလေးတွေက ရေမှ မကူးတတ်ပဲ။ သေတာပေါ့။ ယောက်ျားလေးတွေ ချဉ်းပဲ သေတာ။ လောလောဆယ် ၈လကျော်ကလေးရဲ့ အလောင်းတလောင်းကိုပဲ ရှာတွေ့သေးတယ်”ဟု သူမက ပြောသည်။

ကွဲလယ့်ထုရွာတွင် နေထိုင်သည့် အဆိုပါ ရွာသူရွာသားများသည် ရွာ၏အနီးတ၀ိုက်တွင် တိုက်ပွဲဖြစ်လာလျှင် ဒုက္ခ ရောက်မည်ကိုစိုးရိမ်သဖြင့် ဒီကေဘီအေ တပ်မဟာ (၅)က ကြိုတင်ရှောင်ခိုင်းခြင်းကြောင့် ယခုလို ထွက်ပြေးလာခြင်း ဖြစ်ပြီး ယခုချိန်တွင် ထိုင်းနိုင်ငံဘက်ခြမ်း ဖုတ်ဖရမြို့နယ် နယ်စပ်တနေရာတွင် ခိုလှုံနေလျှက်ရှိကြောင်း သိရသည်။

ဇူလိုင် ၂၅ရက်နေ့၌လည်း ဒီကေဘီအေ တပ်မဟာ(၅)နှင့် နအဖတပ်တို့အကြား တိုက်ပွဲ ဖြစ်လာနိုင်သည့် အနေထား ကြောင့် ကရင်ပြည်နယ် မြ၀တီမြို့နယ်ရှိ ကျေးရွာ ၄ရွာမှ အိမ်ထောင်စု ၁၀၀ကျော်သည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယရှိ မောကဲထာ့နှင့် မော်လီချိုင်းကျေးရွာအတွင်းသို့ ထွက်ပြေးရောက်ရှိလာခဲ့သော်လည်း နောက်တနေ့မ နက်တွင် ထိုင်းအာဏာပိုင်များက ၎င်းတို့ကို မြန်မာနိုင်ငံဘက်ခြမ်းသို့ ပြန်ပို့ခဲ့သည်ဟု သိရသည်။

Ler Talay Day and Sawh mi lu battle.wmv

စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် တောတွင်း၌ တိုက်ပွဲဝင်နေသော ပြောက်ကျား စစ်သည်တော်များ၏ လှုပ်ရှားမှုပုံရိပ် တပိုင်းတစ

Friday, July 30, 2010

DKBA တပ်မဟာ (၅) မှူး ဗိုလ်မှူးကြီး စောလားပွဲ (ဗိုလ်နှုတ်ခမ်းမွေး) သို့ မန်းရောဘတ် ဘဇန်၏ ပေးစာ

Thursday, July 29, 2010



ညီလေး စောလားပွဲ ...

အစ်ကိုကြီး စာရေးလိုက်တယ်။ စာရေးဖို့ လိုအပ်လာပြီဖြစ်လို့ ရေးလိုက်ရခြင်းဖြစ်တယ်။ ရေဒီယိုသတင်း (E-mail) သတင်းတွေအရ ညီလေးဟာ နအဖ ဗမာဖက်ဆစ်တွေရဲ့ (နယ်ခြားစောင့်) တပ်ဖွဲ့စည်းရေးကို ခါးခါး သီးသီး ဆန့်ကျင်လိုက်တယ်လို့ သိရလို့ ညီလေးရဲ့ ရပ်တည်မှုဟာ လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တာ ဖြစ်တယ်လို့ အစ်ကိုကြီး ယူဆတယ်။ ဒီလုပ်ရပ်ဟာ ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ “ကရင့်လက်နက် က ရင့်လက်ထဲမှာ ရှိရမယ်” ဆိုတဲ့ တလောကလုံးဆိုင်ရာ အမှန်တရားကို ဆုပ်ကိုင်ထားလိုက်တာဖြစ်တယ်။ က ရင်တွေရဲ့ သူရဲကောင်းစိတ်ဓာတ်ကို ဖော်ပြလိုက်တာဖြစ်တယ်။ ကရင်ဟာ အနိုင်ကျင့်၊ ဗိုလ်ကျ၊ မတရားမှု တွေကို ဘယ်တော့မှ လက်မမြောက်၊ ဒူးမထောက်၊ အနိုင်မခံ၊ အရှုံးမပေးဘူး၊ ဘယ်တော့မှ လက်နက်မချဘူး ... ဆိုတဲ့ သူရဲကောင်းဝါဒကို ဖော်ပြလိုက်တာဖြစ်တယ်။

၂၀၀၈ ခုနှစ်တုန်းက အစ်ကိုကြီး ညီလေးနဲ့ တွေ့တယ်။ တွေ့ကြစဉ် ညီလေး ပြောကြားချက်တွေ အစ်ကိုကြီးနား ထဲမှာ ခုထိကြားနေသေးတယ်။ “ကျနော်ကတော့ အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ (မူ)လေးချက် ကို အမြဲဆုပ်ကိုင်ထားတယ်” တဲ့။ ဒီခံယူချက်ဟာ ခုလည်း မှန်တယ်၊ နောင်နှစ်ပေါင်းရာထောင်ချီပြီး မှန်နေဦး မယ်။ ဘာကြောင့်လဲဆိုတော့ “ဒို့ကရင့်လူ့အဖွဲ့အစည်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မရှိရင် ကရင် မရှိနိုင်သလို ... ကရင် မရှိရင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် မရှိနိုင်ဘူး” ...။

ဒို့ညီအစ်ကို တွေ့ကြတုန်းက အစ်ကိုကြီး ညီလေးကို ပြောခဲ့တာရှိတယ်။ ဒီရန်သူဟာ ၁၉၄၉ ခုနှစ်ကတည်းက ဒို့ကရင်တွေကို မျိုးဖြုတ်သတ်ဖြတ်ခဲ့တဲ့ ကရင့်အမျိုးသားရန်သူ ဗိုလ်နေ၀င်း ဗမာ့တပ်မတော်ရဲ့ မျိုးဆက်သစ် တွေပဲ။ သူတို့ရဲ့စိတ်နေသဘောထား (Mentality) နဲ့ (Objective) တွေဖြစ်တဲ့ “ကရင်ကို အစိတ်သားကောင် တောင် မထားရေး၊ ကရင်ကို ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းပစ်ရေး” ဆိုတာတွေဟာ ဗိုလ်နေ၀င်းက ဒီနေ့ န အဖ ဗမာဖက်ဆစ်တွေအထိ အတူတူပဲ။ ပြောင်းလဲမှုမရှိဘူး။

မူးဆိုးကော်ကစာ စောဟန်တာသာမွေး ဦးဆောင်တဲ့ ကရင့်တော်လှန်ရေးကောင်စီ (KRC) ကို “မစားရ ၀ခ မန်း” ကတိအမျိုးမျိုးပေး၊ လိမ်ညာလှည့်ဖြားပြီး သူတို့ဘောင်ထဲ ရောက်အောင်လုပ်တယ်။ သူတို့ဘောင်ထဲ ရောက်ပြီဆိုတာနဲ့ ပေးထားတဲ့ အခွင့်အရေးတချို့ ပြန်ရုပ်သိမ်းတယ်။ နောက်ဆုံး ဗိုလ်မှူးချုပ် လင်းထင်ကို (သထုံမြို့) မှာ ပစ်သတ်လိုက်တယ်။ မူးဆိုးကော်ကစာနဲ့ ကရင့်တော်လှန်ရေးကောင်စီအဖွဲ့ဝင်အားလုံး ဘ၀ ပျက်ကုန်တယ်။ တိုက်စွမ်းရည်ပြည့်ဝတဲ့ ကရင်တပ်မှူး ဗိုလ်မှူးချုပ်လင်းထင် ဆုံးရှုံးခံလိုက်ရတယ်။

တပ်မဟာ (ရ) မှူးဟောင်း ဗိုလ်မှူးချုပ် ထင်မောင်ရဲ့ အခြေအနေကိုလဲ ကြည့်စေချင်တယ်။ စောစောက ပေး ထားတဲ့ ကတိတွေအတိုင်း လုပ်ကြရဲ့လား။ သူတို့ဘောင်ထဲရောက်ပြီး ချည်ပြီးတုတ်ပြီးတာနဲ့ အပြောအဆိုနဲ့ ဆက်ဆံရေးတွေ ပြောင်းလဲလာတယ်မဟုတ်လား။

အစ်ကိုကြီး ညီလေးကို ပြောဖူးတယ်။ ရှေးရှေးက ဗမာစစ်တပ်က ကျင့်သုံးခဲ့တဲ့ စစ်မဟာဗျူဟာ (၂၉) ချက်ထဲ က တချက်ဖြစ်တဲ့ “ဥပါယဗျူဟာ” အတိုင်း ကျင့်သုံးနေတာဖြစ်တယ်။ “ဥပါယဗျူဟာ” ဆိုတာ “ဥပါယ်လေးပါး” “စဉ်းလဲခြင်းသုံးပါး” “ပျက်ရာခြောက်ပါး” ထဲကအတိုင်း ဒို့လူမျိုးစုံတော်လှန်ရေးအင်အားစုတွေကို ဖြိုခွဲတိုက် ခိုက်နေတာဖြစ်တယ်။ “လိမ်စရာရှိတာလိမ်၊ ပေးစရာရှိတဲ့ နှုတ်ကတိတွေပေး၊ ညာစရာရှိတာတွေညာ၊ နောင်ခါ လာ နောင်ခါဈေး၊ ခိုင်းစားလို့ရနိုင်မယ့်ကောင်ကို ကျွေးစရာရှိတာကျွေး၊ ပေးစရာရှိတာပေး၊” “ဒီလိုလိမ်တာ ညာတာတွေဟာ စစ်နိုင်ဖို့ဖြစ်တဲ့အတွက် တရားတယ်၊ စစ်နိုင်တဲ့ လူမျိုးဟာ ယဉ်ကျေးတယ်” လို့ ဒီနအဖ ဗမာ ဖက်ဆစ်တွေ ခံယူထားကြတယ်။

မှတ်ချက် ။ ။ မဟာဗျူဟာ (၂၉) ချက်။ စန်းသမိန် ရေးတဲ့ “မြန်မာ့သွေး၊ မြန်မာဓား၊ မြန်မာ့စစ်ပညာ” စာအုပ်မှ။

ညီလေးရေ ...

နအဖ ဗမာဖက်ဆစ်တွေရဲ့ (နယ်ခြားစောင့်တပ်) (BGF - Border Guard Force) ဆိုတာ အားလုံးသိကြပြီး ဖြစ်တဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လက်နက်တွေကို (ဖြုတ်)တဲ့ နည်းဗျူဟာပဲ။ လက်နက်ဖြုတ်ရုံမက လုပ်ပိုင် ခွင့်တွေပါ ရုပ်သိမ်းလိုက်တာဖြစ်တယ်။ အပစ်ရပ်အဖွဲ့တွေရဲ့ (BGF) တပ်ရင်းမှူးကိုတော့ (ဗိုလ်မှူး)၊ သူတို့တပ် ရင်းကိုတော့(ဒု-ဗိုလ်မှူးကြီး)၊ တပ်ရေးနဲ့ တပ်ထောက်ဌာနအားလုံး နအဖ ဖက်ဆစ်တပ်က လူတွေ၊ (IO - Intelligent Officer) ကအစ (စစ်ခွေး)တွေပဲ နေရာယူမယ်ဆိုတော့ အပစ်ရပ်အဖွဲ့တွေ ဘာလုပ်နိုင်ဦးမှာလဲ။ ဒီလိုအခြေအနေမှာ (BGF) လုပ်မယ်ဆိုတဲ့သူတွေဟာ မိမိကရင်လူမျိုးကို ချစ်ပါတယ်၊ အမျိုးသားအတွက် လုပ်မယ်ဆိုတာ စိတ်ကူးယဉ်တာပဲ၊ လိမ်တာ၊ ညာတာပဲဖြစ်တယ်။ မလုပ်နိုင်တော့ပါဘူး၊ နအဖ ဖက်ဆစ်တွေ ခိုင်းတဲ့အတိုင်း(ကရင်အချင်းချင်း ပြန်သတ်ခိုင်းရင်) ခိုင်းတဲ့အတိုင်း ကရင်ကို သူတို့သတ်ကြရတော့မယ်။ က ရင်ရွာတွေကို သူတို့ မီးရှိုးကြရတော့မယ်။

ညီလေး ...

သူက ကိုယ့်ကို စမလုပ်ခင် ကိုယ်က လက်ဦးမှုယူထားဖို့ လိုတယ်နော်။ စစ်မှာ မတရားတာ၊ ကတိမတည်တာ မရှိဘူး။ နအဖ ဖက်ဆစ်တွေလောက် မပါးနပ်၊ မလျင်ဘူးဆိုရင် သူတို့နဲ့ မပေါင်းနဲ့၊ ကိုယ်ခံသွားရလိမ့်မယ်။ သူ တို့အထာတွေကို အူမကချေးခါးအထိ သိထားရမယ်။ ဒါကြောင့် လုပ်စရာရှိတာ ဆက်သာလုပ်ပေတော့။ (အ ရေးကြီးပြီး သွေးနီးကြပါစို့)။ တို့တတွေ တပ်ရင်း (၁၉) မှာတုန်းက တပ်ခွဲ (၅) က တပ်စုမှူး ဗိုလ်ဖားနွီးတ ယောက် (BGF) မှာ တပ်မဟာမှူးဖြစ်နေတယ်ကြားတယ်။ သူ့ကိုလည်း ပြောဖြစ်ရင်ပြောလိုက်ပါ။ “နအဖ ဖက် ဆစ်တွေ ကရင်ကိုချစ်တာ ကရင်အချင်းချင်း မုန်းသလောက်ပဲရှိတယ်” လို့ ...။ နောက် “အရေးကြီးပြီ သွေးနီး ကြပါစို့” ...။

ညီလေး ...

တို့အမျိုးသားရန်သူတွေနဲ့ စတိုက်ပြီး သေနတ်ပေါက်တာနဲ့ ပြည်တွင်းပြည်ပ(နိုင်ငံတကာရောက်) ကရင်တမျိုး သားလုံးဟာ ညီလေးနဲ့ အတူရှိနေမယ်။ ညီလေးကို (ထောပနာ) ပြုကြမယ်။ (ခေါင်းဆောင်ကြီး စောဘဦးကြီး ရဲ့ သူရဲကောင်း) အဖြစ် “သူရဘွဲ့” ပေးကြမယ်။ အစ်ကိုကြီးနဲ့ နိုင်ငံတကာရောက် ကရင်လူငယ်တွေ ညီလေးကို ၀ိုင်းရံနေမယ်။

“အရေးကြီးပြီ သွေးနီးကြစို့”

သင်ရဲ့ဘက်ကဖြစ်တဲ့ အစ်ကိုကြီး ...

မန်းရောဘတ် ဘဇန်
ခေတ္တ၊ အမေရိကန်ပြည်ထောင်စု။
phone: 651-323-7495
Email: rzan555@yahoo.com

Thai-Myanmar border closure due to tensions among Myanmar armies

July 29, 2010

.29 July 2010 (NNT) — Thai-Myanmar border closure is likely a result of internal conflicts in Myanmar not the dispute over the construction of a river dyke over the Moei River, according to Chairman of the local coordination center of the Thailand-Myanmar Township Border Committee, Colonel Padung Yingpaiboonsuk.

Internal tensions in Myanmar is expected to lessen soon as both Thai and Myanmar citizens have been facing hardships as no trade movements have been reported since the shutdown of a major Thai-Myanmar checkpoint. However, Thailand should not pressurize Myanmar but to retain composure over the situation.

The potential clashes between Myanmar’s ruling military junta and the Democratic Karen Buddhist Army (DKBA) was cited as internal conflict in Myanmar, according to Col Padung. The DKBA controlled territories have been cordoned off by the Myanmar authorities lately in order to turn the DKBA members to Myanmar Army-controlled Border Guard Force (BGF).

Thailand, however, will prepare living space and supports for the Myanmar and other ethnic refugees if situation escalated.

နအဖအား ဆန့်ကျင်သည့် ဒီကေဘီအေတပ်ဖွဲ့ကို ကေအန်ယူ ကြိုဆို


.by NEJ

.နအဖအား ဆန့်ကျင်သည့် ဒီကေဘီအေတပ်ဖွဲ့ကို ကေအန်ယူ ကြိုဆို
ရဲရင့် / ၂၉ ဇူလိုင် ၂၀၁၀


နအဖကိုဆန့်ကျင်သည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) မှ တပ်ရင်းတပ်ဖွဲ့များအား မိမိတို့နယ်မြေအတွင်း အခြေချခွင့်ပြုမည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ပြောကြားသည်။

ကရင်ပြည်နယ် ကော့ကရိတ်တွင် အခြေစိုက်ပြီး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခြင်း လက်မခံသည့် ဒီကေဘီအေ တပ်မဟာ (၅) ကို နအဖ တပ်ရင်း၊ တပ်ဖွဲ့များက စစ်ရေးအရ ပြင်ဆင်မှုများ လုပ်နေသည့်အတွက် ကေအန်ယူ၏ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောကြားလိုက်ခြင်းဖြစ်သည်။

၎င်းက “ဒီကေဘီအေအပေါ်မှာ ထားရှိတဲ့ ကေအန်ယူရဲ့မူအရ သူတို့ကို အခြေချခွင့်ပြုတာဖြစ်ပါတယ်။ သူတို့ကို ရန်သူဘက်က ထိုးစစ်ဆင်လာမယ်ဆိုရင်လည်း ကေအန်ယူက သူတို့ဘက်ကနေ ကူပြီး တိုက်ခိုက်ပေးသွားမှာဖြစ်တယ်။ ဒါက အမျိုးသားညီညွတ်မှုတရပ် ဖြစ်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

သို့သော် ခွဲထွက် ဒီကေဘီအေတပ်ဖွဲ့များအနေဖြင့် နအဖကို ဆန့်ကျင်ခြင်းမပြုဘဲ ကေအန်ယူ နယ်မြေအတွင်း ၀င်ရောက်အခြေချခွင့် ပြုမည်မဟုတ်ကြောင်း၊ ဘက်ပြောင်း၍ ပြန်လည်ပူးပေါင်းမည်ဆိုပါက ကြိုဆိုမည်ဖြစ်ကြောင်း ကေအန်ယူက ပြောကြားသည်။

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခြင်းကို ဆန့်ကျင်သည့် ဒီကေဘီအေ တပ်မဟာ (၅) ကို နအဖစစ်တပ်များနှင့် နအဖသစ္စာခံ ဒီကေဘီအေတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်လာလျှင် ခွဲထွက်အဖွဲ့ဘက်မှ ကူညီတိုက်ခိုက်ပေးရန် ပြင်ဆင်ထားသည်ဟု ၎င်းဒေသအနီး အခြေစိုက်သည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) ၏ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဘူးဖောက ပြောသည်။

၎င်းက “ဒီကေဘီအေတပ်မဟာ (၅) က ကျနော်တို့နဲ့ မပူးပေါင်းလည်း ပြဿနာမဟုတ်ဘူး။ သူတို့ နအဖကို ဆန့်ကျင်တာကို ကြိုဆိုတယ်။ သူတို့ဘက်က ရပ်တည်ဖို့ ကျနော်တို့ တပ်တွေအသင့်ပဲ” ဟု ပြောသည်။

ဒီကေဘီအေ တပ်မဟာ (၅) မှ တပ်မှူးတဦးကမူ “နယ်ခြားစောင့်တပ်ကို ငြင်းဆန်တဲ့အတွက် ဘယ်လိုမှ ညှိနှိုင်းလို့မရတဲ့အဆုံး နအဖက ကျနော်တို့ကို စစ်ရေးအရ ဖြေရှင်းဖို့ သူတို့တပ်ရင်းတွေ တိုးပြီးချထားတယ်။ ကျနော်တို့ကလည်း တပ်မဟာမှူးရဲ့ အမိန့်အတိုင်းပဲ စစ်ရေးအရ လက်ဦးမှုရအောင် ကြိုတင်ပြင်ဆင်ထားတယ်။ ကေအန်ယူနဲ့ပြန်ပေါင်းဖို့တော့ လုံးဝမရှိဘူး၊ ဒီကေဘီအေရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကို လုံးဝအပျက်မခံနိုင်ဘူး” ဟု ပြောသည်။

ယခုလ (၂၂) ရက်၌ ဒီကေဘီအေဌာနချုပ် မြိုင်ကြီးငူတွင် နယ်ခြားစောင့်တပ်ကိစ္စ ဆွေးနွေးရန် နအဖဘက်က ဆင့်ခေါ်ရာတွင် ဗိုလ်မှူးကြီး စောလားပွယ်က မသွားဘဲ ငြင်းဆန်ခဲ့ရာမှ စတင်ကာ ယခုကဲ့သို့ စစ်ရေးအခြေအနေများ တင်းမာလာခြင်း ဖြစ်သည်ဟု ယင်းတပ်မှူးက ပြောသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် နအဖ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ (၈) မှ ဗိုလ်မှူးချုပ်သန်းစိုးက ဗိုလ်မှူးကြီး စောလားပွယ်အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆန်ပါက အင်အားသုံး၍ အပြီးအပြတ် တိုက်ခိုက်ချေမှုန်းခြင်း ခံရမည်ဟု ယခုလဆန်းပိုင်း၌ ပြောဆိုခဲ့ပြီး တပ်အင်အားကို တိုးမြှင့်ချထားခြင်းဖြစ်သည်ဟု သိရသည်။

ဒီကေဘီအေ တပ်မှူးများအနက် နယ်ခြားစောင့်တပ်ဖွဲ့ရေးကို လက်ခံချင်သူများ ရှိသကဲ့သို့ လက်မခံနိုင်သူများလည်း ရှိကြောင်း၊ လုံးဝလက်မခံနိုင်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုရဲသူမှာ ဒီကေဘီအေ တပ်မဟာ (၅) မှ တပ်မဟာမှူး ဗိုလ်မှူးကြီးစောလားပွယ် တဦးသာရှိကြောင်း အဆိုပါအဖွဲ့ မှ တပ်မှူးတဦးက ပြောသည်။

၁၉၉၄ ခု နှစ်ကုန်ပိုင်းတွင် ကေအန်ယူမှ ခွဲထွက်ကာ ဒီကေဘီအေအဖွဲ့ကို သီးခြားဖွဲ့စည်းခဲ့ပြီး လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ အရပ်တွင် ဌာနချုပ်ကို အခြေစိုက်ကာ တပ်ဖွဲ့ဝင်အင်အား (၄) ထောင်ခန့်ရှိသည်။

ဒီကေဘီအေ ဥက္ကဋ္ဌမှာ စောသာထူးကျော်ဖြစ်ပြီး အဖွဲ့၏နာယက ဆရာတော်မှာ ဦးသုဇနဖြစ်ကာ ကေအန်ယူမှ ခွဲထွက်မှုကို ဦးဆောင်ခဲ့သည့် အရာခံဗိုလ် စောကျော်သန်းမှာ ဒီကေဘီအေ၏ စစ်ဦးစီးချုပ်ဖြစ်သည်။
http://www.khitpyaing.org/index.php?route=detail&id=3318

ဒီကေဘီအေနှင့်နအဖ စစ်ေရးအခြေအနေ တင်းမာမှုကြောင့် ရွာသားများ ထိုင်းဘက်ထွက်ေပြး“

photo report Karen cross.. by NEJ
„ဒီကေဘီအေနှင့်နအဖ စစ်ေရးအခြေအနေ တင်းမာမှုကြောင့် ရွာသားများ ထိုင်းဘက်ထွက်ေပြး“ photo report Karen cross.. b...

“Who are junta’s CRONIES” Video by BDC

Free Burma Rangers -- Reports- Burma Army burns villages and chases over 900 people into the jungle, attackscontinue in Northern Karen State“

Free Burma Rangers -- Reports- Burma Army burns villages and chases over 900 people into the jungle, attacks continue in Northern Karen State“

„Free Burma Rangers -- Reports- Burma Army burns villages and chases over 900 people into the jungle, atta...

Thursday, July 29, 2010

DKBA အတိုက်ခံရရင် KNU ကူညီမည်

တနင်္လာ, 26 ဇူလိုင် 2010 By ဦးကျော်ထင် VOA news

မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ကရင်လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ တိုးတက်သော ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့အတွက် စစ်အစိုးရက ဖိအားပေးထားချိန်မှာ နယ်ခြားစောင့်တပ် အသွင်မပြောင်းဖို့ ဆုံးဖြတ်ထားတဲ့ DKBA တပ်မဟာ ၅ နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်လာရင် KNU ကရင်အမျိုးသား အစည်းအရုံးက ကူညီ တိုက်ပေးမယ်လို့ ပြောလိုက်ပါတယ်။

KNU ကနေ ခွဲထွက်သွားတဲ့ DKBA တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကိုလည်း အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်လာရင် KNU နယ်မြေထဲမှာ လာရောက်ခိုလှုံကြဖို့ KNU က ပြောခဲ့ပါတယ်။ တချိန်တည်းမှာပဲ တပ်မဟာ ၅ ကို အစိုးရတပ်တွေနဲ့ ပေါင်းတိုက်မယ်လို့ သတင်းတွေ ထွက်နေတဲ့ DKBA တပ်မဟာ ၉၉၉ က တပ်သားတယောက်ကလည်း တိုက်ပွဲပြင်နေတယ်ဆိုတာ မဟုတ်ဘူးလို့ ငြင်းပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ခုရက်ပိုင်းတွေအတွင်း နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံတဲ့ DKBA တပ်မဟာ ၅ နဲ့ စစ်အစိုးရအကြား တင်းမာမှုတွေ သိသိသာသာ များလာပါတယ်။ အကယ်၍ စစ်အစိုးရနဲ့ တပ်မဟာ ၅ အကြား တိုက်ခိုက်မှုတွေ ဖြစ်လာခဲ့ရင် KNU ကရင်အမျိုးသား အစည်းအရုံးက ကူညီတိုက်ခိုက်မယ်လို့ ဆိုပါတယ်။

KNU ဒု-ဥက္ကဋ္ဌ ဒေးဗစ်သာကပေါက ကူညီဖို့ အဆင်သင့်ရှိတယ်လို့ အခုလိုပြောပါတယ်။

“ကျနော်တို့ကတော့ ကူတိုက်ရမှာပေါ့ဗျာ၊ ကူတိုက်တာလား၊ သူတို့ကပဲ ကူတိုက်တာလားတော့ မသိဘူး။ တိုက်ပွဲတွေကတော့ ပြန်ပြီးတော့ များလာမှာပေါ့။ ကျနော်တို့ကတော့ အမြဲတမ်း တိုက်နေတာပဲ။ တိုက်ပွဲတွေက ဖြစ်နေတယ်။ သူတို့အနေအထားကို ကြည့်ရတာတော့ သူတို့လာတိုက်ရင် သူတို့တိုက်မှာပဲ။ သူတို့ကတော့ သွားတိုက်မယ့်ပုံ မဟုတ်ဘူးပေါ့ဗျာ။ မြောက်ပိုင်းက KIO တို့၊ ၀တို့ အနေအထားမျိုးနဲ့ တူတယ်။”

မြန်မာစစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ကို ဗိုလ်မှူးကြီး စောလားပွယ်ရဲ့ တပ်မဟာ ၅ ကလွဲလို့ ကျန်တဲ့ DKBA ခေါင်းဆောင်ပိုင်းတွေက ပြီးခဲ့တဲ့ ဧပြီလက သဘောတူလိုက်ပြီ ဖြစ်ပါတယ်။ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ငြင်းဆန်စဉ်ကတည်းက KNU ဟာ တပ်မဟာ၅ ကို ဆက်သွယ်ခဲ့တယ်လို့ ဒေးဗစ်သာကပေါက ဆိုပါတယ်။

“နအဖ အစီအစဉ်ကို လက်မခံဘူးပေါ့ဗျာ။ လက်မခံတဲ့ အခါကျတော့ ကျနော်တို့ကလည်း ဆက်သွယ်ပါတယ်။ နအဖကတော့ စစ်အာဏာရှင်စနစ် တည်မြဲရေးနဲ့ ရွေးကောက်ပွဲတို့ ဘာတို့လုပ်မယ်၊ Constitution ကလည်း မူမမှန်ဘူး၊ သဘောတရားရေးရာ ရှင်းပြတာပေါ့၊ အဲဒါတွေ ရှိပါတယ်။ မင်းတို့ နအဖ လက်အောက်ခံ မလုပ်နိုင်ရင်လည်း တို့နယ်မြေမှာ လာပြီး ခိုလှုံလို့ရတယ်၊ အဲဒီသဘောထားတွေတော့ ရှိပါတယ်။”

တချိန်တည်းမှာပဲ မြန်မာစစ်တပ်နဲ့ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ ၉၉၉ တပ်မဟာ ပေါင်းပြီး တပ်မဟာ ၅ ကို တိုက်ခိုက်လာနိုင်တယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ ၉၉၉ တပ်မဟာ အရာရှိ တယောက်ကတော့ ဒီသတင်းကို ငြင်းဆိုလိုက်ပါတယ်။

“အဲဒီသတင်းတွေက အမှားတွေ ဖြစ်နေတယ်။ အခုချိန်မှာတော့ အားလုံး အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပါပဲ။ အားလုံး လုပ်စရာရှိတာတွေ အကုန် ပုံမှန်ပဲ ဆက်လုပ်နေပါတယ်။ သူတို့ဘက်က တင်းမာတယ်လို့တော့ မရှိပါဘူး။ လက်ရှိ အခြေအနေကတော့ အားလုံး အေးဆေးပါပဲ။”

DKBA ဟာ ၁၉၉၄ ခုနှစ်မှာKNU က ခွဲထွက်ပြီး စစ်အစိုးရနဲ့ ပူးပေါင်းခဲ့ပါတယ်။ အဲဒီနောက် မရှေးမနှောင်းမှာပဲ စစ်အစိုးရ တပ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်တာကြောင့် KNU ဟာ ဌာနချုပ် မာနယ်ပလောကို ၁၉၉၆ မှာ လက်လွှတ်ခဲ့ရပါတယ်။

စစ်အစိုးရဟာ DKBA နဲ့ အပစ်ရပ်စဉ်တုန်းက ကတိက၀တ်တွေကိုလည်း ဖောက်ဖျက်တယ်လို့ ဒေးဗစ်သာကပေါက ဝေဖန်လိုက်ပါတယ်။

“အရင်က အပစ်အခတ် ရပ်စဲရေး လုပ်တုန်းက သူတို့က မာနယ်ပလောကျပြီးရင် DKBA ဟာ ကရင်ပြည်နယ်ရဲ့ အစိုးရ ဖြစ်လာမယ်ဆိုတဲ့ ကတိပေးထားတာ ရှိတယ်။ အဲဒါ ဖြစ်မလာဘူး။ နောက် BGF လုပ်တဲ့အခါမှာ နအဖရဲ့ အရာရှိတွေက လာပြီး အုပ်ထိန်းမယ်၊ နောက်တချက်က သူတို့ DKBA ၅၀ အထက် ခေါင်းဆောင်တွေကို ဖယ်ရှားပစ်မယ်၊ စစ်ထဲမှာ မလုပ်ရတော့ဘူး ဆိုတဲ့အခါကျတော့ သူတို့မှာ ခြေလွတ်လက်လွတ် ဖြစ်ကုန်တာပေါ့ဗျာ။ အဲဒီလို ခြေလွတ်လက်လွတ်ဖြစ်တဲ့ အနေအထားကို သူတို့က လက်မခံနိုင်တဲ့ သဘောပါ။”

DKBA မှာ စုစုပေါင်းအင်အား ၄,၀၀၀ ကျော်လောက်ရှိပြီး အဲဒီအထဲက နယ်ခြားစောင့်တပ်ကို လက်မခံတဲ့ တပ်မဟာ ၅ မှာတော့ အင်အား ၁,၂၀၀ ကျော်လောက် ရှိမယ်လို့ နယ်စပ် အကဲခတ်တွေက ခန့်မှန်းကြပါတယ်။

ကရင်လူထု ၅၀၀ကျော် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးရောက်ရှိလာ

Submitted by Karen Information Center on Sunday, 25 July 2010No Comment.ဇူလိုင်လ ၂၅ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ် မြ၀တီမြို့နယ်၊ ကျေးရွာလေးရွာမှ ဒေသခံလူထု ၅၀၀ကျော်သည် မိမိတို့ဒေသတွင် တိုက်ပွဲများ ဖြစ်လာနိုင် သည့် အခြေအနေများကြောင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ် မောကဲထာ့နှင့် မော်လီချိုင်းကျေးရွာသို့ ယနေ့နံနက်တွင် ထွက်ပြေးရောက်ရှိလာကြသည်။
ဝါ့မီထာ့၊ လေးဝေါ်၊ ဆုံဆည်းမြိုင်နှင့် သေ့ဘောဘိုးကျေးရွာမှ ရွာသူရွာသားများသည် ဒီကေဘီအေ တပ်မဟာ(၅)နှင့် နအဖ စစ်တပ်အကြား ယခုရက်ပိုင်းအတွင်း အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်သည့် အနေအထားကြောင့် ထိုင်းနိုင်ငံသို့ ယခုလို တိမ်းရှောင်ထွက်ပြေးလာခြင်းဖြစ်ကြောင်း ရွာသူတစ်ဦးက ပြောသည်။



မောကဲထာ့ကျေးရွာစာသင်ကျောင်းတွင် တွေ့ရသည့် ဆုံဆည်းမြိုင်ရွာသူရွာသားများ (ဓါတ်ပုံ - ကေအိုင်စီ)
“ဒီနေ့မနက်အစောကြီး ကျမတို့ ရွာကနေ ထိုင်းဘက်ခြမ်းကို ထွက်ပြေးလာတာလေ။ ဒီကေဘီအေက ဗမာစစ်တပ် လက်မှတ် ထိုးခိုင်းတာကို မထိုးလို့ လာတိုက်မယ်တဲ့။ အခြားဒီကေဘီအေတွေက လက်မှတ်ထိုးပြီးကုန်ပြီလို့ ကြားတယ်။ အချို့ကလည်း ဖူးခါ့ချု(ဖူးနှုတ်ခမ်းမွှေး)က အခြေအနေ မကောင်းလို့ ရှောင်နေခိုင်းတယ်လို့ ပြောတယ်။ အခုတော့ ကျမ ပြောင်းခင်းကိုလည်း ထားခဲ့ရပြီ။”ဟု ဆုံဆည်းမြိုင်ရွာသူ နန်းနွဲ့ရင် ၃၇နှစ် က ကေအိုင်စီကို ပြောပြသည်။

ထိုသို့ ထွက်ပြေးရောက်ရှိလာရာတွင် ယနေ့ညနေ ၅နာရီအထိ ထိုင်းနိုင်ငံ မောကဲထာ့ကျေးရွာ စာသင်ကျောင်းတွင် ၀ါ့မီထာ့၊ လေးဝေါ်နှင့် ဆုံဆည်းမြိုင်ကျေးရွာမှ အိမ်ခြေ ၃၈စုနှင့် လူထု ၂၁၈ကျော်၊ မော်လီချိုင်းကျေးရွာ စာသင်ကျောင်းတွင် လေးဝေါ် နှင့် သေ့ဘောဘိုးကျေးရွာမှ အိမ်ခြေ ၃၄စုနှင့် လူထု ၂၀၀အပြင် ထိုင်းကျေးရွာများရှိ အသိမိတ်ဆွေများ၏ နေအိမ်သို့ သွား ရောက်နေထိုင် ခိုလှုံနေကြသူများလည်း လူဦးရေ တစ်ရာဝန်းကျင်ရှိသည်ဟု သိရသည်။

မြ၀တီမြို့နယ်အတွင်းရှိ ရွာ(၄)ရွာအပြင် မယ်ကလားထာ့၊ ထီးဝါ့မင်းထာ့၊ ပိုဒဲ စသည့်ရွာများမှ လူထုများလည်း ဆက်ကူးလာ ရန် ရှိသည်ဟု ဒီကေဘီအေနှင့် နီးစပ်သူတဦးက ပြောသည်။

“ကျနော်တို့ သိရသလောက်တော့ အဲဒီက ရွာသားတွေ ထပ်လာဦးမှာ။ နောက် ဗိုလ်ချစ်သူကလည်း နအဖနဲ့ပေါင်းပြီး ဗိုလ်နှုတ် ခမ်းမွှေးကို လာတိုက်ဖို့ လူအင်အားစုနေပြီ။ အင်အားဘယ်လောက်လဲတော့ မသိဘူး။ တိုက်ပွဲဖြစ်လာရင် ကေအဲန်ယူနဲ့ ပေါင်း မယ်လို့ ဒီကေဘီအေ တပ်မဟာ(၅)တပ်ဖွဲ့ဝင်တွေက ပြောပါတယ်”ဟု သူက ပြောသည်။

ကေအဲန်ယူ တပ်ရင်း(၂၀၁)မှ ဗိုလ်ကြီးစောကြည်အောင်က “ဗိုလ်နှုတ်ခမ်းမွှေးက နအဖကို ပြန်တိုက်တော့မယ်။ ဒါကြောင့် တိုက်ပွဲဖြစ်လို့ လိုအပ်ရင်တော့ ကျနော်တို့က နှုတ်ခမ်းမွှေးဘက်ကို ကူမှာပဲ။ တိုက်ပွဲဖြစ်ပြီဆိုရင်တော့ ဒေသခံလူထုတွေ ဆက် ပြီးတော့ ကူးလာဦးမှာ သေချာတယ်”ဟု ယနေ့ နေ့လည်ပိုင်းက ပြောသည်။

လူထုအချို့က ၎င်းတို့ ထွက်ပြေးတိမ်းရှောင်လာသည့် အကြောင်းရင်း အတိအကျကို သိကြသော်လည်း အချို့ကမူ မသိကြ ကြောင်း ထိုင်းဘက်ခြမ်း မော်လီချိုင်းကျေးရွာသို့ ထွက်ပြေးလာသည့် သေ့ဘောဘိုးရွာသူတစ်ဦးက ယခုလို ပြောဆိုသည်။


မော်လီချိုင်းကျေးရွာ စာသင်ကျောင်းမှ သေ့ဘောဘိုးရွာသူရွာသားအချို့ (ဓါတ်ပုံ - ကေအိုင်စီ)
သူမက “ကျမတို့ ဒီဘက်ကို ထွက်ပြေးလာတာ ဘာကြောင့်မှန်းတောင် မသိလိုက်ဘူး။ အိမ်နားမှာ လူတွေက တစ်အုပ်ပြီးတစ် အုပ် ထွက်ပြေးလာနေတာတွေ့တော့ မေးကြည့်လို့တောင် မအားဘူး။ သူများရွာတွေက ထွက်ပြေးကြလို့ ကုန်နေပြီ။ ကျမတို့ပဲ ကျန်နေမှန်း သိတော့တယ်။ ဒါကြောင့် ရသမျှ ပစ္စည်းလေးသယ်ပြီး ထွက်ပြေးလာတာပဲ။ တချို့တွေလည်း ရွာမှာ ကျန်နေသေး တယ်”ဟု ဆိုသည်။

ဖျားနာနေသည့် ၀ါ့မီထာ့ရွာသားတစ်ဦးက “ကျနော်က လူတွေ တ၀ုန်းဝုန်းနဲ့ ထွက်ပြေးနေတာကို အစတော့ ပေါ်တာဖမ်းတယ် ထင်တာ။ အရင်ပြေးမလို့ပဲ။ တကယ်ကြည့်လိုက်မှ ဟာ ပေါ်တာ မဟုတ်နိုင်ဘူးဆိုပြီး အိမ်ခန်းထဲက နေမကောင်းလို့ အိပ်ယာ ထဲလှဲနေတဲ့ ကျနော့်မိန်းမကို ထမ်းပိုးလာခဲ့တာပဲ။”ဟု မောကဲထာ့ကျေးရွာ၊ စာသင်ကျောင်း၌ ခေတ္တနားခိုနေရင်း ပြောသည်။

မဲဆောက်မြို့နှင့် ၁၂၀ကီလိုမီတာ အကွာအဝေးရှိ ဝေါ်လေဂွင်မှ မောကဲထာ့နှင့် မော်လီချိုင်းကျေးရွာသို့ ရောက်ရှိလာသည့် ရွာသူရွာသားများ၏ နာမည်စာရင်းများကို ထိုင်းစစ်တပ်များက ကောက်ခံလျှက်ရှိပြီး ကျေးရွာထိုင်းအာဏာပိုင်များက ထမင်း၊ ဟင်းများနှင့် သောက်သုံးရေကို တာဝန်ယူ ကျွေးမွေးပေးကြသည်။

နောက်ဆုံး သိရှိရသည့် သတင်းအရ ယနေ့ည ၁၀နာရီအထိ ရွာသူရွာသားပေါင်း ၈၀၀ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် စကခ(၈)မှ ဗိုလ်မှူးချုပ်သန်းစိုးက ဒီကေဘီအေ တပ်မဟာ(၅) တပ်မ ဟာမှူး ဗိုလ်မှူးကြီးစောလားပွယ်ကို လာမည့်သြဂုတ်လ ၁၀ရက်နေ့ နောက်ဆုံးထား၍ နယ်ခြားစောင့်တပ်ဖွဲ့ရန် ဇွန်လဆန်း ပိုင်း၌ သတိပေးမှုများ ရှိခဲ့သည်။

Monday, July 26, 2010

ဖာပွန်ခရိုင်မှ သဒါးဒဲကျေးရွာ ရွာလုံးကျွတ် မီးရှို့ခံရ


တော်တော်ယုတ်မာပက်စက်တဲ့ ဗမာ့တပ်မတော်စစ်ခွေးတွေ.. ဒီလို မိုးရာသီ အချိန်မှာ အိမ်တွေအားလုံးကို မီးရှို့  ပစ်တာ ရွာသားတွေ ဘယ်လောက်ဒုက္ခရောက်မလည်းဆိုတာ တွေးကြည့်ရင်သိနိုင်တယ်။ တော်တော်စာနာမှုကင်းမဲ့တွေ ခွေးတွေ။ ဂျပန်ခေတ်တုန်းက BIA က ကရင်ရွာတွေကို ရွာလုံးကျွတ် မီးတိုက်သွင်းတဲ့ သမိုင်းတွေရှိခဲ့တယ်။ ယခုနအဖ ခေတ်မှာ ရွာလုံးကျွတ် မီးတိုက်ခံရတဲ့ ကရင်ရွာပေါင်းဘယ်လောက်ရှိပြီလည်း ဆိုတာ ကရင်အမျိုးသားတို့ စဉ်းစားကြ။

လုပ်ထားကြနှင့်အုံးပေါ့ဗျာ မင်းတို့ မဟာဗမာ စစ်ခွေးမျိုးတွေ..... ဒီအကြွေးတွေအတွက် မေ့မသွားကြနဲ့ အုံး...


ဇူလိုင်လ ၂၃ရက်။ နန်းထူးစံ (ကေအိုင်စီ)

ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင်၊ လူသောမြို့နယ်အတွင်းရှိ သဒါးဒဲကျေးရွာတွင် ယနေ့မွန်းလွဲပိုင်း ၂း၃၀နာရီအချိန်၌ နအဖ စစ်ကြောင်းတကြောင်း ၀င်ရောက်လာပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးလိုက်သည်ဟု နယ်ခံတဦးက ပြောသည်။

သူက “ဒီနေ့ ညနေပိုင်း ၂နာရီခွဲလောက်မှာ နအဖတပ်တွေက သဒါးဒဲရွာထဲမှာ ရောက်လာပြီး ရွာလုံးကျွတ်ကို မီးရှို့ဖျက်ဆီးလိုက် တယ်။ သူတို့(နအဖ) ရွာထဲကို မလာခင်မှာ မနေ့က လက်နက်ကြီးတွေနဲ့ ရွာထဲမှာ လှမ်းပစ်တယ်။ ရွာသားတွေကတော့ ရွာထဲမှာ လက်နက်ကြီးတွေ ကျလာတော့ ကိုယ်လွတ်ရုန်း ထွက်ပြေးကြတာပေါ့၊”ဟု ပြောသည်။

ယမန်နေ့က ထိုနယ်မြေအနီးတ၀ိုက်တွင် နအဖတပ်များနှင့် ကေအဲန်ယူ တပ်မဟာ(၅) လက်အောက်ခံတပ်များ ပြောက်ကျားတိုက် ပွဲ အနည်းငယ် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၎င်းတပ်များသည် သဒါးဒဲရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ရွာသူ ရွာသားများမှာ ယမန်နေ့ကတည်းက ရွာကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်ဟု ကေအဲန်ယူ တပ်မဟာ(၅)မှ ဗိုလ်မှူးစောကလယ်ဒိုက ယခုလို ပြောဆိုသည်။

“မနေ့ကတော့ အဲဒီနအဖတပ်ဟာ ကျနော်တို့တပ်တွေနဲ့ တိုက်ပွဲနည်းနည်း ပြောက်ကျားဖြစ်သေးတယ်။ နောက်တော့ သူတို့က သဒါးဒဲရွာကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တော့ ရွာသားတွေ အဲဒီအချိန်ကတည်းက တောထဲ ထွက်ပြေးတာ ရွာမှာ ဘယ်သူမှ မကျန်ကြတော့ဘူး။ ဒါကြောင့် နအဖစစ်ကြောင်းက ၀င်လာပြီး ရွာလုံးကျွတ် မီးရှို့လိုက်တာပဲ။”ဟု ကေအိုင်စီကို ပြောသည်။

ယင်းသို့ ၀င်ရောက်မီးရှို့သည့် နအဖ စစ်ကြောင်းမှာ မည်သည့်တပ်ရင်းကဆိုသည်ကို ယခုအချိန်တွင် အတိအကျ မသိရှိရသေး သော်လည်း ၎င်းနယ်မြေဒေသတွင် လှုပ်ရှားနေသည့် နအဖ စစ်ကွပ်ကဲရေးဌာနချုပ်(၂၁)၏ လက်အောက်ခံတပ်ရင်းများမှ ဖြစ်နိုင် သည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုသည်။

ထိုဒေသရှိ နအဖတပ်များသည် ယခု လပိုင်းအတွင်း ပုံမှန်မဟုတ်သည့် အထူးစစ်ဆင်ရေးပုံစံမျိုး လှုပ်ရှားလျှက်ရှိရာ ယခုလို နအဖ တပ်များ ၀င်ရောက်မီးရှို့မှုမှာ ၎င်းစစ်ဆင်ရေးနှင့် ပတ်သက်နိုင်သည်ဟု ထိုဒေသမှ လုပ်သက်ရင့် ဆေးတာဝန်ခံတစ်ဦးက ပြော သည်။

လက်ရှိအချိန်တွင် သဒါးဒဲ ရွာသူရွာသားများမှာ တောထဲတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး မိုးတွင်းကာလတွင် နေ ထိုင်၊ စားသောက်ရေး ခက်ခဲနေသည့် ၎င်းရွာသားများကို ဆေးဝါးများ သွားရောက်ကူညီရန် နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေး လုပ်သားများအဖွဲ့(BPHWT)က စီစဉ်ပြင်ဆင်နေသည်ဟု သိရသည်။

သဒါးဒဲကျေးရွာသည် နအဖတပ်စခန်းနှင့် နီးသလို နအဖစစ်ကြောင်းများ လှုပ်ရှားသွားလာနေသည့် လမ်းကြောင်းတွင် တည်ရှိရာ သတင်းရရှိချိန် ယနေ့ညနေအထိ အဆိုပါ နအဖတပ်များမှာ ရွာထဲမှ ပြန်လည်ထွက်ခွာသွားခြင်း မရှိသေးကြောင်း သိရသည်။

ဖာပွန်မြို့မြောက်ဖက် မိုင် ၄၀ ၀န်းကျင် ကွာဝေးသည့် သဒါးဒဲကျေးရွာတွင် အိမ်ခြေ ၅၀၀န်းကျင်၊ ရွာသူရွာသားဦးရေ ၅၀၀နီးပါးရှိ ပြီး ၎င်းရွာရှိရာဒေသသည် ကေအဲန်ယူ ထိန်းချုပ်ထားသည့် နယ်မြေလည်းဖြစ်သလို နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၂၁) လက်အောက်ခံတပ်ရင်းများလည်း လှုပ်ရှားလျှက်ရှိသည်။

လွန်ခဲ့သည့် ၂၀၀၆ခုနှစ်ကလည်း ရွာအနီး စပါးခင်းတွင် သဒါးဒဲရွာသား ၃ဦးကို နအဖတပ်များက အကြောင်းမဲ့ ပစ်သတ်ခဲ့သည်။

Letter to Prime Minister Thailand 19th July 2010

Letter to Prime Minister Thailand 19th July 2010

Mergui Tavoy IDP video by Kwekalu Karen news

July 23, 2010


Thai local leaders meet to call for ban on construction of cross-border road projectShanland org

Thai local leaders meet to call for ban on construction of cross-border road project

Karen Refugee Committee Newsletter & Monthly Report, June 2010 (English and Karen)

Karen Refugee Committee Newsletter & Monthly Report, June 2010 (English and Karen)
Cultivators and local inhabitants face threat to livelihood and life after LIB No. 273 bans travel outside
Guide on strengthening legal protection of migrants' rights