Saturday, January 1, 2011

HAPPY NEW YEAR!!!2011လာလည်သူအပေါင်းကိုယ်စိတ်နှစ်ဖြာနှစ်သစ်မှာပျာ်ရွှင်ချမ်းမြှေ့ ကြပါစေ

ကေအဲန်ယူ ဥက္ကဌကြီး စောတာမလာဘောကို စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွေမှ ရှိခိုးတောင်းပန်နေပုံ




ဗိုလ်ချုပ်ကြီး စောတာမလာဘောကို နောင်လာမည့်နှစ်သစ်တွင် ပျောက်ကြားစနစ်သစ်များမသုံးရန် ရှိခိုးတောင်းပန်နေသည့် နအဖ စစ်အာဏာရှင်ကြီး သန်းရွေပုံဖြစ်ပါသည်။ ဓါတ်ပုံကို http://www.freeimagehosting.net/uploads/d5087756f9.jpgမှ ကူးယူထားခြင်း ဖြစ်ပါသည်။

Happy New Year!!!

Happy New Year!!!

Friday, December 31, 2010

Supply 1: KNLA Colonel Nerdah organises supplies for the DKBA

Supply 1: KNLA Colonel Nerdah organises supplies for the DKBA

မျိုးချစ်ကရင်များ၏မျက်ရည်

မျိုးချစ်ကရင်များ၏မျက်ရည်
ဖြစ်ရပ်မှန်ကို မသိသေးသော ကရင်မျိုးချစ်များအားဘယ်သောအခါမှမမေ့စေချင်အကြောင်းကြောင့်ထပ်မှန်တင်ပေးလိုက်ပါသည်၊၊


တိုင်းမှူးသစ် ဗိုလ်မှူးချုပ်မြထွန်းဦးနဲ့ ဖူးထိန်မောင်အကြောင်း တစေ့တစောင်း

http://ehkhaungthaunt.blogspot.com/


စစ်အစိုးရက အရှေ့အလယ်ပိုင်း စစ်ဌာနချုပ်လို့ အမည်ရတဲ့ စစ်ဌာနချုပ်အသစ်တခုကို ထပ်မံဖွင့်လှစ်လိုက်တယ်လို့ ဧရာဝတီသတင်းဝက်ဆိုက်ဘ်မှာ ဖတ်ရှူရပါတယ်။ အဲဒီ စစ်ဌာနချုပ်ကို ရှမ်းပြည်တောင်ပိုင်းမှာ အခြေစိုက်မှာဖြစ်ပြီး တိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ် မြထွန်းဦးအား ခန့်အပ်လိုက်တယ်လို့လည်း ဖော်ပြထားပါတယ်။

(၀ဲမှယာ-ဗိုလ်မှူးထော့လေ့ (KNDO), ဖူးထိန်မောင်၊ ဒေါက်တာဖောဖော (ငြိမ်းချမ်းရေးပွဲစား)၊ ဗိုလ်မှူးချုပ်မြထွန်းဦးပုံ။


စစ်ဌာနချုပ်သစ်ရဲ့ တိုင်းမှူးမဖြစ်ခင်က ဗိုလ်မှူးချုပ်မြထွန်းဦးဟာ စစ်ဖက်ဆိုင်ရာ လုံခြုံရေး (စရဖ)မှာ တာဝန်ထမ်းဆောင်ခဲ့သူပါ။ သူ့ရဲ့ ဆရာကတော့ (စရဖ)က ဗိုလ်ချုပ်ရဲမြင့်ပဲ ဖြစ်ပါတယ်။ (စရဖ)မှာ တာဝန်ထမ်းဆောင်တဲ့အချိန်က မြထွန်းဦးဟာ ကေအဲန်ယူလက်အောက်က တပ်မဟာ တပ်ရင်းတွေကို အစိတ်စိတ်အမွာမွာ ဖြစ်အောင် ဖဲ့ထုတ်စည်းရုံးရာမှာ အဓိကနေရာကနေ ပါဝင်ဦးဆောင်ခဲ့သူပါ။

အဲဒီလိုလှုပ်ရှားရာမှာ ကေအဲန်ယူထဲက အင်အား အကြီးမားဆုံး တပ်မဟာတခုဖြစ်တဲ့ တပ်မဟာ၇ကို အရင်ဆုံး ချည်းကပ်ခဲ့ပါတယ်။ သူ့ရဲ့အနီးကပ်ဆုံး နောက်လိုက်ကတော့ တပ်မဟာ ၆လက်အောက် တပ်ရင်း ၁၈ကို စည်းရုံးဖဲ့ထုတ်ခဲ့တဲ့ ဗိုလ်မှူး မင်းချစ်ဦးပဲ ဖြစ်ပါတယ်။ အဲဒီစည်းရုံးဖဲ့ထုတ်မှုကတော့ မအောင်မမြင်ဖြစ်ပြီး နောက်ဆုံး ဗိုလ်ကြည်လင်း လုပ်ကြံခံခဲ့ရပါတယ်။

မြထွန်းဦးဟာ ဖူးထိန်မောင်ကို စည်းရုံးဖို့အတွက် ငြိမ်းချမ်းရေး ပွဲစားတွေလို့ အများက သမုတ်ကြတဲ့ ပြည်တွင်းက သြဇာရှိ ကရင်အမျိုးသားတွေနဲ့ နယ်စပ်မှာ အခြေချလှုပ်ရှားနေတဲ့ တချိန်က ကရင်တော်လှန်ရေးမှာ အုတ်ရောရော ကျောက်ရောရောနဲ့ ပါဝင်သော်လည်း ကိုယ်ကျိုးအတွက် အခွင့်အရေးသမား ဆိုတဲ့ လူတွေတချို့ကို အသုံးချခဲ့ပါတယ်။ နာမယ်တွေကိုတော့ မဖော်ပြတော့ပါဘူး။

တပ်မဟာ ၇ကို စည်းရုံးဖဲ့ထုတ်တဲ့ နေရာမှာ ကေအဲန်ယူဗဟိုနဲ့ ရန်စတိုက်ပေးပြီး အက်ကြောင်းတွေ ဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ နောက်ဆုံး ၄င်းရဲ့ စည်းရုံးရေးဟာ တော်တော်လေး အောင်မြင်မှုတွေ ရှိလာပြီးတော့ တပ်မဟာ ၇မှူး ဖူးထိန်မောင်ဆီကို မြထွန်းဦးနဲ့ အပေါင်းအပါတွေ တံခါးမရှိ ဓါးမရှိ ၀င်ထွက်လာနိုင်ခဲ့တဲ့ အပြင် ဗိုလ်ချုပ်မြရဲ့ ဈာပနာအခမ်းအနားကိုလည်း (စရဖ) လွမ်းသူ့ပန်းခွေကိုင်ပြီး တက်ရောက်နိုင်ခဲ့ပါတယ်။

အဲဒီအချိန်က မြထွန်းဦးကို ဘယ်သူတွေက လှိုက်လှိုက်လှဲလှဲနဲ့ ကြိုဆိုနေရာတွေ ပေးနေကြလဲဆိုတာ ဈာပန တက်ရောက်ခဲ့သူတိုင်း သိရှိနိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ တပ်မဟာရမှူး ဖူးထိန်မောင်နဲ့ အပေါင်းအပါတချို့ဟာ ကေအဲန်ယူကြီး တခုလုံးကို ကျောခိုင်းပြီး နအဖနဲ့ ပူးပေါင်းသွားတဲ့အထိ မြထွန်းဦး စည်းရုံးသွားနိုင်ခဲ့ပါတယ်။ ဖူးထိန်မောင်ကို စည်းရုံးနိုင်တော့ သူ့လက်အောက်ခံ တပ်တွေ အားလုံး လိုက်ပါလာမယ်လို့ မြထွန်းဦး တွက်ဆထားပါတယ်။

သို့ပေမယ့်လည်း မြထွန်းဦး မျှော်လင့်ထားသလို တပ်မဟာ ၇လက်အောက်ခံတပ် ရင်း ၇ရင်းစလုံးနဲ့ ဗဟိုအထူးတပ်ရင်းတွေ ဖူးထိန်မောင် လိုက်ပါမသွားပါဘူး။ အဲဒီအတွက် နအဖစစ်ခေါင်းဆောင်တွေရဲ့ ကြိမ်းမောင်းမှုကိုလည်း မြထွန်းဦးတယောက် ခံခဲ့ရတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အထင်ကရ ကရင့်တော်လှန်ရေး သမားကြီးတယောက်ကို စည်းရုံးသွားနိုင်ခဲ့တာကတော့ တော်ရုံတန်ရုံ အလုပ်တခုတော့ မဟုတ်ပါဘူး။

တဖက်မှာလည်း မြထွန်းဦးနဲ့ ဖူးထိန်မောင်ဟာ ပုဂ္ဂိုလ်ရေးအရ အလွန်ရင်းနှီးကြသလို ဖူးထိန်မောင် အားအထားရဆုံး သူ့သားမက် ဗိုလ်လယ်မှူး(လုပ်ကြံမှုကြောင့် သေဆုံး)နဲ့လည်း အလွန်ရင်းနှီးကြပါတယ်။ မြထွန်းဦးဟာ အစည်းအဝေးတိုင်း၊ တွေ့ဆုံကြတဲ့အချိန်တိုင်းမှာ ဖူးထိန်မောင်ရဲ့ မွေးစားသားဖြစ်ကြောင်း ဂုဏ်ယူစွာနဲ့ အမြဲတမ်းထုတ်ဖော် ပြောဆိုလေ့ရှိပါတယ်။ နောက်ဆုံး ဖူးထိန်မောင်ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဖိအားပေးတဲ့အချိန်တိုင်းမှာ မြထွန်းဦးဟာ ဗိုလ်ချုပ်ရဲမြင့်နဲ့အတူ အမြဲတမ်းပါဝင်လေ့ ရှိပါတယ်။ ဒါကတော့ မြထွန်းဦးနဲ့ ဖူးထိန်မောင်တို့ရဲ့ ပတ်သက်ဆက်နွယ်မှုတွေထဲက ကျနော်သိတာလေးကိုပဲ မျှဝေလိုက်တာ ဖြစ်ပါတယ်။

Address of KNU President Saw Tamlabaw on Karen New Year Day of 2750


Karen New Year Pr Address Eng-2011 -

Supply 3: Interview with DKBA commander

Supply 2: Supplies about to be delivered across Thai-Burma border

ON Patrol with DKBA

တိုက်ပွဲသတင်း

/ 12/30/2010 09:42:00 PM / Comments: (0)
ဆုံဆည်းရာ မှ......

ဖလူးဒေသ စူးကလိ အနီး ကွိတာအူးတွင် ယနေ့နေလည် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် နအဖ စစ်တပ်မှ ခမရ ၅၈၇ စစ်တပ်များကတဖက် ဒီကေဘီအေ နဲ့ အေဘီအက်ဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့တို့မှတဖက် တိုက်ပွဲဖြစ်ပွားနေပါတယ်။ ယခုအချိန်အထိ တဖက်နဲ့ တဖက် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေဆဲပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထိုင်းဘုရင့်သမီးတော် လာရောက်တဲ့အတွက် ဝေါလေဒေသမှာ တိုက်ပွဲ အနည်းငယ် ဆိတ်ငြိမ်ခဲ့ရာမှာ ယမန်နေ့ညမှစတင်ပြီး တိုက်ပွဲများ တဖန်ပြန်လည် ဖြစ်ပေါ်ခဲ့တာပါ။

ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်မှာ ကရင်ပြည်နယ်၊ ကျိုင်းဒုံ-ဝေါလေ ကားလမ်းရှိ ထီးတီမူထီးနေရာတွင် နအဖ စစ်တပ်မှ ရှေ့တန်းအထိုင်တပ်များအတွက် ရိက္ခာတင်ဆောင်လာသော ကားများကို ဒီကေဘီအေနဲ့ အေဘီအက်ဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရိက္ခာ ကားတစီးအား သိမ်းယူနိုင်ခဲ့သည်။ သိမ်းယူခဲ့သော ရိက္ခာကားမှ ရိက္ခာများကို ယူဆောင်ပြီး ကားအား ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဝါလေဒေသ ကနဲလေးတွင် ယမန်နေ့ညနေ ၃ နာရီတွင် နအဖ တပ်များနဲ့ ဒီကေဘီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

Wednesday, December 29, 2010

KNU APPEAL BY David Tharkabaw

KNU, SSA, KNPP joint military exercises

ဒုံးယိမ်းည, Done Yaine Nya

Soe Lwin Lwin - Done Yane Nya


ယူရိုပီယံ ကရင်နက်ဝပ် ညီလာခံ ကျင်းပအသံပါဖိုင်

ယူရိုပီယံ ကရင်နက်ဝပ် ညီလာခံ ကျင်းပ



Dawae Deep Seaport Project ထားဝယ် ပင်လယ်နက် စီမံကိန်းအသေးစိတ်များ

Monday, December 27, 2010

Dawae Deep Seaport Project ထားဝယ် ပင်လယ်နက် စီမံကိန်း
Dawae Deep Seaport Project ထားဝယ် ပင်လယ်နက် စီမံကိန်း

Tuesday, December 28, 2010

ယူရိုပီယံ ကရင်နက်ဝပ် ညီလာခံ ကျင်းပ

Karen Dictionary

A GRAMMAR OF THE SGAW KAREN

Poe Karen Dictionary

Karen Dictionary

The-Karen-People-of-Burma

The Karen People of Burma

Karen Bronze Rain/Frog Drum

Karen Bronze Rain/Frog Drum

စောဘဦးကြီး၏အမျိုးသားရေးကြိုးပမ်းမှု

mahnsoekamaw.blogspot

ကရင်စာပေရှေ့ဆောင် ဖူ့ဒိုက်ကော်

Karen Literature

Burma and the Karens

Burma and the Karens

Monday, December 27, 2010

ပုံပြင်မဟုတ်ပါ

Posted by admin on December 25th, 2010

2007 sept“အရာရှိဖြစ်ရတာလည်းမနိပ်ပါဘူးဗျာ… ရဲဘော်ဘဝတုန်းကမှ အဆင်ပြေသေးတယ်။”
“ဘာဖြစ်လို့လဲဗိုလ်ကြီးရ …”
“ဘာဖြစ်ရမတုံး……ရဲဘော်ဘဝမှာတုန်းက ကျနော့်မိန်းမက တပ်ထဲမှာ အသုပ်စုံရောင်း တယ်။ ရတဲ့အမြတ်အစွန်းလေးနဲ့ အပိုမစုမိပေမဲ့ ဆွဲရေး (စားရေးသောက်ရေး) အဆင် ပြေတယ်။ ကလေးကျောင်းစရိတ်လည်း သိပ်မပူရဘူး။ ခုတော့ဗျာ… အရာရှိကတော် ဖြစ်နေတော့ အရင်ကလို အသုပ်ရောင်းလို့လည်း မသင်တော်ဘူး။ ရိပ်သာက အခြားအ ရာရှိကတော်တွေကြားမှာ မျက်နှာငယ်ရတယ်။ အဆင်မပြေတာကို ဒီအတိုင်းပဲ ကြိတ် မှိတ် နေရတယ်ဗျာ။”
ဒီလိုဒီလိုမျိုးမကြာခဏ ညည်းတွားပြောဆိုတတ်သူကတော့ တပ်မတော် (ရေ) အရာရှိ တဦး ဖြစ်တဲ့ ဗိုလ်ကြီးမျိုးသန်း (ရေ/ ၃၉၁၆) ဖြစ်ပါတယ်။ သူနဲ့ ကျနော် အရင်က မသိ ကျွမ်းဖူးခဲ့ပါ။ အမှတ် (၁) ဗျူဟာ စစ်ရေယာဉ်စုကို သူပြောင်းရွှေ့ရောက်ရှိလာတဲ့နောက် ပိုင်းမှာ သန်လျင်ဘက်ကိုသွားဖို့ ဘတ်စ်ကားစောင့်ရင်း မကြာခဏဆုံတွေ့ဖြစ်ရာက ရင်း နှီးလာတာပါ။ ရေတပ်မှာ ကြိုပို့ယာဉ်အလုံ အလောက်မရှိတာမို့ အောက်ခြေအရာရှိများ နဲ့ စစ်သည်အများစုဟာ လိုင်းကားစီးပြီး ရုံးတက်ရပါတယ်။
အဲဒီထဲမှာ ကိုယ်ပိုင်ကားမရှိတဲ့ ဗိုလ်မှူးအချို့လည်း ပါဝင်ပါတယ်။ တခါတရံ လိုင်းကား အဆက်ပြတ်တဲ့ အခါမျိုးမှာ ကျနော်တို့ နီးစပ်ရာလက်ဘက်ရည်ဆိုင် ထိုင်တတ်ကြပါ တယ်။ အဲဒီအခါမျိုးမှာ သူ့အကြောင်း ကိုယ့်အကြောင်း စပ်မိလို့ ပြောဖြစ်ကြတာတွေ ရှိ ပါတယ်။ လက်ဘက်ရည်သောက်တဲ့ အကြိမ်အများစုမှာ ကျသင့်ငွေကို ဗိုလ်ကြီး မျိုးသန်း က ဒိုင်ခံရှင်းပေး တတ်ပါတယ်။ အခြားသူကရှင်းပေးတာကို မလိုလားပါဘူး။
ကျနော်တို့ရေတပ်မှာ အချင်းချင်း understood ဖြစ်နေတဲ့ ထုံးစံတခု ရှိပါတယ်။ အဲဒါက လမ်းကြုံလို့ လက်ဘက်ရည်အတူသောက်ကြတဲ့အခါ ရာထူးကြီးသူက ကျသင့်ငွေ ကို ရှင်းပေးတတ်တဲ့ အလေ့အထပါ။ (သို့ပေမဲ့ ထုံးစံ မလိုက်နာသူ အချို့လည်း ရှိပါသေး တယ်)
ဗိုလ်ကြီးမျိုးသန်း ဟာ ရေငုပ်စစ်သည် ဘဝက အရာရှိဖြစ်လာသူပါ။ ၁၉၉၄-လောက်မှာ ခေတ်မီတပ်မတော်တရပ် ထူထောင်ဖို့ ရည်မှန်းချက်နှင့်အတူ (ကြည်း/ ရေ / လေ) တပ် ဖွဲ့စည်းပုံကို တိုးချဲ့လုပ်ဆောင်ပါတယ်။ အဲဒီအခါမှာ အရာရှိအင်အားပြည့်မီရေးအတွက် ရေတပ်ဗိုလ်လောင်း သင်တန်းဖြေဆိုခွင့် သတ်မှတ်ချက်ကို ယာယီလျှော့ချလိုက်ပါ တယ်။ ယခင်က သိပ္ပံဘွဲ့ (သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ) နဲ့ ဝိဇ္ဇာဘွဲ့(ဥပဒေ) ရရှိပြီး အ သက် (၃ဝ) နှစ်အောက် စစ်သည်များသာ ဗိုလ်လောင်းသင်တန်း လျှောက်ခွင့်ရခဲ့ ပေမဲ့ ယာယီပြင်ဆင်ချက် အရ အသက် (၃၅) နှစ် အောက်ဘွဲ့ရပြီးသူအားလုံး ဗိုလ်သင်တန်း လျှောက်ခွင့် ရလာပါတယ်။
အထက်ပါစီမံချက်နဲ့အတူ ရဲဘော်မျိုးသန်း လည်း ဗိုလ်ကြီးမျိုးသန်းဖြစ်လာပါတယ်။ သို့ သော် ဗိုလ်မှူးမျိုးသန်း တော့ ဖြစ်ခွင့်မရှိပါ။ နဝတအစိုးရ လက်ထပ်မှာ ရဲဘော်ဘဝမှ အ ရာရှိဖြစ်လာသူတွေကို စစ်ရေယာဉ်မှူးငယ်သင်တန်း တက်ခွင့်မပြုတော့လို့ အဲဒီအရာရှိ တွေဟာ ဗိုလ်ကြီးဘဝမှာပဲ ကျောက်ချရပ်နားလိုက်ကြရပါတယ်။
တနေ့မနက်မှာတော့ ကားစောင့်နေတုန်း အံ့သြစရာ သတင်းတခုကို ကျနော် ကြားလိုက် ရ ပါတယ်။ လက်နက်ရောင်းဝယ်မှုနဲ့ ဗိုလ်ကြီးမျိုးသန်း အဖမ်းခံလိုက်ရပြီတဲ့။ စိတ်လှုပ် ရှားအံ့အားသင့်သွားရတဲ့အပြင် ကြားရတဲ့သတင်း ဖြစ်နိုင်ချေရှိမရှိ ဆက်စပ်စဉ်းစားမိပါ တယ်။ ဗိုလ်ကြီးမျိုးသန်းဟာ အနေအထိုင်အေးဆေးတည်ငြိမ်ပြီး သူတပါးအပေါ် စာနာ စိတ်ထားရှိသူတဦး ဖြစ်ပါတယ်။ ပိုပြီးထူးဆန်းတာက သူ့မှာ သေနက်တလက် ပိုင်ဆိုင် တယ် ဆိုတဲ့ကိစ္စပါ။ နောက်တော့မှ ဟိုတစဒီတစနဲ့ အကြောင်းစုံကို သိရပါတော့တယ်။
ပစ္စတိုသေနက် တလက်ကို ငွေကျပ်သိန်း (၅ဝ) နဲ့ ရောင်းဖို့ရှိတယ်လို့ ဗိုလ်ကြီးမျိုးသန်း က အရပ်သားတဦးကို ကမ်းလှမ်းတဲ့အခါ အဲဒီအရပ်သားက စံပြဈေးအနီးမှာရှိတဲ့ စား သောက်ဆိုင်တခုမှာတွေ့ဆုံဖို့ ချိန်းပါတယ်။ ချိန်းဆို ထားတဲ့နေရာမှာ အရောင်းအဝယ် ကိစ္စပြောဆိုနေစဉ် ရဲတပ်ဖွဲ့က ရုတ်တရက် ဝင်ဖမ်းပါတယ်။
နောက်တော့ ထောက်လှမ်းရေး (၂၆) ကို လွှဲပေးလိုက်ပြီး ဗိုလ်ကြီးမျိုးသန်း က ဟုတ်မှန်း ကြောင်းဝန်ခံကာ သေနတ်ထည့်ထားတဲ့ သေတ္တာသော့ကို ထောက်လှမ်းရေး အရာရှိထံ အပ်နှံလိုက်ပါတယ်။ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်အချို့ အဏ္ဏဝါ အရာရှိရိပ်သာမှာရှိတဲ့ ဗိုလ်ကြီးမျိုးသန်း ရဲ့ အခန်းကို ရောက်ရှိသွားတဲ့အခါ ဗိုလ်ကြီးမျိုးသန်းရဲ့ ဇနီးက အခန်း တံခါးဝမှာရပ်နေတဲ့ သူစိမ်းတွေကို အတန်ကြာအောင် ငေးကြည့်နေပြီးမှသမီးဖြစ်သူကို ဖျာတချပ်ခင်းစေကာ ဧည့်သည်တွေကို ထိုင်ဖို့ ပြောရပါတယ်။
အထင်နဲ့အမြင် တက်တက်စင်လွဲ နေပြီဖြစ်တဲ့ အိမ်ခန်းအဆင်အပြင်ကို တွေ့ရတော့ ထောက်လှမ်းရေးတွေလည်း စိတ်မကောင်းနိုင်ကြတော့ပါ။
အခန်းထဲမှာ အရာရှိအဆောင် အယောင်ဆိုလို့ တန်းမှာချိတ်ထားတဲ့ ယူနီဖောင်းတစုံက လွဲပြီး ဆက်တီမရှိ၊ အပေါ်စက်အောက်စက်မရှိ၊ ရေခဲသေတ္တာမရှိ၊ အဝတ်အစား ကောင်း ကောင်းမရှိ ယုတ်စွအဆုံး ဆန်ပုံးထဲမှာ ဆန်အလုံအလောက် မရှိ။ ထောက်လှမ်းရေး အ ရာရှိက အိမ်ရှင်ထံခွင့်ပန်ပြီး “ဒုဗိုလ်မျိုးသန်း (ရေ-၃၈၁၆)” လို့ စာရေးထားတဲ့ ထင်းရှူး သေတ္တာကို ဖွင့်လိုက်တဲ့အခါ ယူနီဖောင်းအသစ်တစုံနှင့် အရပ်ဝတ်နှစ်စုံခေါက်ပြီး ထည့် ထားတာကို တွေ့လိုက်ရပါတယ်။ အဝတ်တွေရဲ့အောက်မှာတော့ ပလပ်စတနဲ့ အသေအ ချာထုပ်ထားတဲ့ ပစ္စတိုသေနတ်တလက်ကနေ ရာယူထားပါတယ်။
အဲဒီသေတ္တာရဲ့သော့ကို ဗိုလ်ကြီးမျိုးသန်း က အမြဲသိမ်းထားပြီး ဇနီးဖြစ်သူကိုလည်း သေတ္တာသန့်ရှင်းရေးလုပ်ခွင့် မပြုပါ။ ဇနီးသည်လည်း သူတလျှောက်လုံး သံသယဖြစ်နေ ခဲ့တဲ့ သေတ္တာရဲ့လျှို့ဝှက်ချက်နဲ့ ပတ်သတ်ပြီး ဇာတ်ရည်လည် သွားပါတော့တယ်။
အမှုကိစ္စဆက်လက်ဆောင်ရွက်ဖို့ ထောက်လှမ်းရေးတပ်မှူးနဲ့ ဗျူဟာ စစ်ရေယာဉ်စုမှူး ဗိုလ်မှူးကြီး သက်တင်လှိုင် တို့ ဆွေးနွေးပြီး ညတွင်းချင်း အစီရင်ခံစာ တင်ပါတယ်။ တပ် မတော်သားချင်း ကိုယ်ချင်းစာ၍ ထင်ပါရဲ့ထောက်လှမ်းရေး အစီရင်ခံစာထဲမှာ ဗိုလ်ကြီး မျိုးသန်း ထံမှ သိမ်းဆီးရမိသော သေနတ်အကြောင်းကို ချန်လှပ်ကာ လိမ်လည်ကြံစည် မှုအဖြစ်သာ တင်ပြထားပါတယ်။
အမှုပေါ့စေရန် ဖြစ်ပါတယ်။ သို့သော် အမှုဖြစ်စဉ်ကို သိရှိသွားတဲ့ စစ်ဦးစီးအရာရှိချုပ် (ရေ) ဗိုလ်ချုပ်စိုးသိန်းက အမှုဖြစ်စဉ်မှန်ကို ပြန်လည်တင်ပြရန် တောင်းဆိုခဲ့ပါတယ်။ ဗိုလ်ချုပ်စိုးသိန်း ကိုယ်တိုင်လည်း တပ်မှုးဘဝမှာတုန်းက တပ်ရင်းကင်းမှ သေနတ်တ လက် ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး တရားမဝင်အစားထိုး ဖြေရှင်းနိုင်ခဲ့လို့သာ ဗိုလ်ချုပ်အ ဆင့်ထိ ရာထူးမြဲခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ကြီးမျိုးသန်း သင်တန်းသား အရာရှိဘဝမှာ စစ်ရေယာဉ်- ၅၅၂ ၏ ပဲ့စင်အရာရှိငယ် အဖြစ်နဲ့ ပင်လယ်ပြင် လုံခြုံရေးတာဝန် ထမ်းဆောင်ရပါတယ်။ အဲဒီမှာ တရားမဝင် ထိုင်း ငါးဖမ်းလှေများကို ဖမ်းဆီးရင်း ငါးဖမ်းလှေတစီးပေါ်မှ ပစ္စတိုသေနတ်တလက်ကို အမှတ် မထင် ရရှိလိုက်ပါတယ်။
သူက သေနတ်ကို စစ်ရေယာဉ်မှူးထံ မအပ်ဘဲ သိမ်းထားလိုက်ပါတယ်။ နှစ်ပေါင်းများစွာ တယုတယ သိမ်းထားပြီးမှ မိသားစုဝမ်းရေး အခက်အခဲနဲ့ သားသမီး ပညာရေးအတွက် လုပ်မိလုပ်ရာ လုပ်လိုက်ပုံ ရပါတယ်။ အဲဒီအချိန်မှာ သူ့သမီးအကြီးဆုံးက အင်္ဂလိပ်စာ အဓိကနဲ့ တက္ကသိုလ် တက်နေပါတယ်။
နောက်ဆုံးမှာတော့ ဗိုလ်ကြီးမျိုးသန်း ထောင်တနှစ်ခွဲ ကျသွားပါတယ်။ မူလပြစ်ဒဏ်က ထောင် ငါးနှစ်ဖြစ်ပြီး ဗိုလ်ချုပ်ခင်ညွန့် အမိန့်နဲ့ တနှစ်ခွဲ ဖြစ်သွားတာလို့ သိရပါတယ်။
အမှုနဲ့ပတ်သတ်ပြီး မှန်တယ်မှားတယ် တရားတယ် မတရားဘူး စသည်ဖြင့် ပြောဆိုမှု တွေ သိပ်မကြားရပေမဲ့  မိသားစုချင်းကိုယ်ချင်းစာနာပြီး စိတ်မကောင်း ဖြစ်ကြရပါတယ်။
သူ့ရဲ့လုပ်ဖော် ကိုင်ဖက်များနဲ့ မိတ်ဆွေတချို့က သူ့မိသားစုကို တတ်နိုင်သမျှ ဝိုင်းဝန်း ကူညီ ထောက်ပံ့ကြပါတယ်။ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေကလည်း ထောက်ပံ့တယ် လို့ သိရပါတယ်။
အမှန်တကယ်တော့ တပ်မတော်သားဆိုတာ နိုင်ငံ့ဝန်ထမ်းတွေပါပဲ။ နောက်ခံအလွှာ အ သီးသီးကနေ အကြောင်းအမျိုးမျိုးနဲ့ တပ်ထဲကို ရောက်လာကြတာပါ အခြားအရပ်ဖက် ဝန်ထမ်းတွေနဲ့ မတူတာက တပ်ထဲကို အဝင်လွယ်ပြီး အထွက်ခက်တဲ့ ကိစ္စပါ။ တပ်မ တော်သား အများစုဟာ လူ့ဂုဏ်သိက္ခာတရားနှင့်အညီ နေထိုင်လိုကြပါတယ်။
ဒါပေမဲ့ ပြောမယုံကြုံဖူးမှသိဆိုသလို ဘဝတွေက ကြမ်းတမ်းခက်ထန်လှပါတယ်။ တပ် မိ သားစုတွေကို ထုတ်ပေးတဲ့ရိက္ခာဟာ ဒုက္ခသည်စခန်းမှာပေးတဲ့ ရိက္ခာရဲ့ ငါးပုံတပုံ လောက်ကောင်းမွန်မယ်ဆိုရင် စစ်သည်တွေ အတော်ဝမ်းသာရမှာပါ။ မိသားစု စားဝတ် နေရေး မပြေလည်ပေမဲ့ နှုတ်ထွက်ခွင့်လည်းမရ တပ်ကထွက်ပြေးရင်လည်း ရာဇဝတ်မှု ကျုးလွန်မိသလို ထောင်ဒဏ်ကျခံရမှာဖြစ်တာကြောင့် မိသားစုအသိုင်းအဝိုင်း မျက်နှာ ကိုထောက်ထားပြီး အခက်အခဲတွေကို ကျိတ်မှိတ်ခံနေသူတွေ အများစုရှိနေဆဲ ဖြစ်ပါ တယ်။
အဲဒီတော့ မိသားစုဝမ်းရေးအတွက် ဆိုက်ကားနင်း၊ ညစောင့်လုပ်၊ ချဲထီရောင်း၊ လူမှောင် ခိုလုပ် စတဲ့နည်းလမ်းမျိုးစုံနဲ့ ဖြေရှင်းနေကြရပါတယ်။
အတ္တကိုဗဟိုပြုလွန်းတဲ့ အာဏာရှင်စနစ်မှာ အကျိုးအမြတ်ခံစားခွင့်ဆိုတာ ဗိုလ်မှူးကြီး အဆင့်ကနေ အထက်မှာပဲ စုပြုံနေတာပါ။ အောက်ခြေက လူအများစုအတွက်တော့ လူ တန်းစေ့နေထိုင်ရေးနဲ့ လူ့ဂုဏ်သိက္ခာ တရားဆိုတာ ပြောင်းပြန်အချိုးကျနေပါတယ်။ ဒီ လိုဖြစ်အောင် အာဏာရှင်ကြီးတွေက တမင်ဖန်တီးထားတာပါ။ ရဲဘော်တွေရဲ့ဘဝဟာ တုံးအောက်က ဖား ဆိုတော့လည်း ပြားနေ အောင်ခံရတာပေါ့။
ဒါပေမဲ့ အထက်မှာ ဆိုခဲ့သလို တပ်မတော်သားအများစုဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ အမှောင်ထု အတွင်းကနေ တဦးချင်းလည်း ရုန်းမထွက်နိုင်။ အားလုံး လွတ်မြောက်ရေး အတွက် ထွက်ပေါက်ကိုလည်း မမြင်နိုင်ကြရှာသေးဘဲ အာဏာရှင် ဝန်ထုပ်ဝန်ပိုးကြီးကို မနိုင်မနင်းထမ်းကာ နေဝင်ရာအရပ်ဆီကို တရွေ့ရွေ့ လျှောက်လှမ်းနေကြတုန်း ဆိုလေ တော့ …။

တပ်ကြပ်ကြီး – နေမင်းသူ




သီးခြား လွတ်ထွက်ချင်နေတဲ့ စစ်တပ်
Posted by admin on December 25th, 2010

အများဆန္ဒနဲ့အညီ အုပ်ချုပ်ခြင်းဆိုတဲ့ ဒီမိုကရေစီစနစ်မှာ အုပ် ချုပ်ခံရမယ့်သူတွေက သူတို့ ဆန္ဒနဲ့အညီ သူ့တို့ကိုယ်စား ပြော ဆိုဆောင်ရွက်ပေးနိုင်မယ့် သူတို့ အကျိုးစီးပွား လုပ်ပေးနိုင်မယ် လို့ ထင်တဲ့သူတွေကို ကိုယ်စားလှယ်အဖြစ် ရွေးချယ်ကြတာပါ။

….

အဲဒီကိုယ်စားလှယ်တွေ စုဝေးတွေ့ဆုံဆွေးနွေးတဲ့ နေရာဟာ လွှတ်တော်ပါ၊ အဲဒီ လွှတ် တော်ကမှ ကိုယ့်နိုင်ငံသားတွေရဲ့ဆန္ဒနဲ့အညီ၊ နိုင်ငံတကာကလက်ခံနိုင်တဲ့ စံနှုန်းနဲ့လည်း မဆန့်ကျင်တဲ့ အများလက်ခံနိုင်တဲ့ ဥပဒေတွေ နည်းဥပဒေတွေရေး ဆွဲပြဋ္ဌာန်းးတာ အ တည်ပြုဆုံးဖြတ်တာတွေလုပ်ပါတယ်၊ ပြီးမှ အုပ်ချုပ်ရေး တရား စီရင်ရေး ကဏ္ဍတွေမှာ အကျိုးသက်ရောက်စေတာ ဖြစ်ပါတယ်၊ နိုင်ငံတကာမှာ လက်ခံကျင်သုံးနေတာလဲ ဒီအ တိုင်းပဲများပါတယ်၊ အနည်းစုနိုင်ငံတွေ အထူးသ ဖြင့်လက်နက်အားကိုးနဲ့ အာဏာရှင် နိုင်ငံတွေကတော့ အများစုသဘောကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ပြီးတော့ ဖိနှိပ် အုပ်ချုပ်ကြပါတယ်။ ဒီကနေ့ ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အဓိကရုဏ်း တော်တော်များများ ဟာ လူကိုလူလိုသဘောမထား တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ အများနဲ့ဆန့်ကျင်ပြီး အ တင်းအကျပ်အုပ်ချုပ်နေတဲ့ အာဏာရှင်စနစ်တွေကြောင့်ဖြစ်နေတာ များပါတယ်။ လူမျိုး ရေး၊ ဘာသာရေး၊ စီး ပွားရေး၊ နိုင်ငံရေးကို အခြေခံအကျဆုံးဖြစ်တဲ့ ဘယ်ပြဿနာမဆို ဒီမိုကရေစီရဲ့ အခြေခံအကျဆုံးအချက်ဖြစ်တဲ့ အများဆန္ဒကိုဆန့်ကျင်လို့ပဲ ဖြစ်ကြပါ တယ်။

နိုင်ငံတနိုင်ငံမှာရှိတဲ့ အရပ်သားအဖွဲ့အစည်းဖြစ်စေ၊ ကာကွယ်ရေးအတွက်ဖွဲ့စည်း ထား တဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်စေ လိုအပ်တာချည်းဘဲ ဖြစ်ပါတယ်၊ စစ်တပ်ကသာ တယ်၊ အရပ်သား ပညာရှင်တွေကသာတယ်၊ သူတို့တွေထက် အခြေခံလူထုလူတန်းစား ကသာ အရေးအပါဆုံးဆိုပြီး ငြင်းခုံနေကြရင် နိုင်ငံလဲ မတိုးတက်တဲ့အပြင် လက်နက်ရှိ တဲ့သူက ရှိသလိုအနိုင်ကျင့်၊ လူထုအင်အားရှိတဲ့ သူကလဲရှိသလို အာခံတုံ့ပြန်နဲ့ အားလုံး ပျက်စီးကိန်းဆိုက်သွားမှာ ဖြစ်ပါတယ်၊ ဒါကြောင့် အများဆန္ဒနဲ့အုပ်ချုပ်တာသာ အသင့် တော်ဆုံးဆိုပြီး လက်ခံလာကြတာပါ။

မြန်မာနိုင်ငံမှာ အခုဖြစ်နေတဲ့ ပြဿနာက လက်နက်နဲ့ ဖိနှိပ်အုပ်ချုပ်လို့ လူထုအုံ ကြွမှု တွေပေါ်ပေါက်လာ၊ အဲဒီကနေဖြစ်ပေါ်လာတဲ့ပါတီစုံ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်မှာ တောင် အာဏာလက်မလွတ်ချင်တဲ့ ဗိုလ်ချူပ်ကြီးတွေက ဖွဲ့စည်းပုံအခြေ ခံဥပဒေထဲအ ထိ စစ်တပ်နဲ့အရပ်ဘက်ကို ခွဲခြားထားတာ၊ တိုင်းရင်းသား လူနည်းစုတွေအပေါ်မှာလဲ ဖိ နှိပ်ကန့်သတ်ထားတာတွေ အတင်းအကျပ် ထည့်သွင်းပြဋ္ဌာန်းထားတဲ့ ကိစ္စပါပဲ၊ ဒီမိုက ရေစီစံနှုန်းနဲ့ ဘယ်လိုမှမကိုက်ညီတဲ့အပြင် အာဏာရှင်ဗိုလ်ချုပ်ကြီးတွေရဲ့ အကျိုးစီးပွား ကို ပြောင်ပြောင်တင်းတင်းပဲ ကာကွယ်ဖို့ လုပ်ထားတာတွေ့ရမှာပါ၊ နိုင်ငံတော် ပြိုကွဲမှာ စိုးလို့ဆိုတာထက် သူတို့ကိုယ်ကျိုးစီးပွားကာကွယ်ဖို့ ထည့်သွင်းပြဋ္ဌာန်းထားတာက ပိုပြီး ပေါ်လွင်နေပါတယ်။

အခုလဲအခြေခံဥပဒေမှာတပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ် လပ်စွာ စီရင်ဆောင်ရွက်ပိုခွင့်ရှိခြင်းဆိုတာ ထည့်သွင်းပြဋ္ဌာန်ထားပါတယ်၊ အမြင့်ဆုံးအာဏာ ဟာ ပြည်တောင်စုလွှတ်တော်မှာပဲရှိတဲ့ ဒီမိုကရေစီစနစ်မှာဆိုရင် တပ်မတော်ဟာ ပြည် တောင်စုလွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေများနည်းဥပဒေများ၊ ဆုံးဖြတ်ချက်များနဲ့ အညီ ဆောင်ရွက်ရမည်ဖြစ်သည်လို့ ထည်သွင်းပြဋ္ဌာန်းရမှာ ဖြစ်ပါတယ်။

စစ်တပ်ဟာ လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်တယ်၊ အသုံးကျရင် နိုင်ငံတော် အတွက်အ ကျိုးရှိတယ်၊ အသုံးမကျရင် နိုင်ငံတော်အတွက် ၀န်ထုတ်ဝန်ပိုးဖြစ်စေတယ်လို့ ရိုးရိုးဘဲ ပြောလို့ရပါတယ်၊ လက်ရှိစစ်တပ်မှာသုံးနေတဲ့ (၁၉၅၉) ခုနှစ် တပ်မတော် အက်ဥပဒေ တွေ ကျင့်ဝတ်စည်းကမ်းတွေအရ၊ စစ်သားဟာ အရပ်ဘက်ရော စစ်ဘက်ဥပဒေနှစ်မျိုး စလုံးကို လိုက်နာဖို့တာဝန်ရှိပါတယ်၊ စစ်သားက ပြစ်မှုကျူးလွန်ရင် စစ်ဘက်အရပ်ဘက် ဥပဒေတွေနဲ့ လိုအပ်သလို အရေးယူဆောင်ရွက်ရမှာဖြစ်သလို မိသားစုဝင်တွေ ကျူးလွန် ရင်လည်း အာဏာသုံး ကာကွယ်ပေးလို့မရတဲ့ ဥပဒေအရ အရေးယူရမှာဖြစ်ပါတယ်။ အ ခုလဲ ဒီလိုလုပ်နေတာပဲလို့ စောဒကတက်လာခဲ့ရင်၊ အရေးမယူဘဲ လျစ်လျူရှုထားတဲ့ ဖြစ်ရပ်တချို့  ထောက်ပြချင်ပါတယ်။

အရင်တပ်မ (၆၆) တပ်မမှူး ဗိုလ်ချုပ်ညွန့်တင် လက်ထက်မှာ သူ့သားကားမောင်း ရမ်း ကားလို့ ယာဉ်တိုက်မှုဖြစ်ပြီး ကားပေါ်ပါတဲ့ တပ်မဆေးမှူး ဆရာဝန်ဗိုလ်မှူးနဲ့ ကိုယ်ရေး အရာရှိသေတဲ့ဖြစ်စဉ်မှာ တပ်မမှူးသား ဘာမှအရေးယူမခံဘဲ သေတဲ့ အရာရှိတွေ နစ်နာ ခဲ့ရတာ၊ စွမ်းရည်ဘွဲ့ရ ဗိုလ်ချုပ်ကြီးနှစ်ဦးရဲ့ သားအရာရှိငယ် (၂) ယောက် ဗထူးတိုက် ခိုက်ရေးကျောင်းမှာ ကားအပြိုင်မောင်းရင်းတိုက်ကြတော့ ကားပေါ်ပါ အရာရှိငယ် (၂) ယောက် သေရတဲ့ကိစ္စမှာ ဘာမှာအရေးမယူခဲ့တာ၊ အာဏာပိုင်တွေ ပါဝင်ပါတ်သက် တယ်လို့ နာမည်ထွက်နေတဲ့ တက္ကသိုလ်ရိပ်သာလမ်း (၅) လောင်းပြိုင် လူသတ်မှုလဲ ခု ထိ တရားခံမပေါ်ပဲမှေးမှိန်အောင် လုပ်ပစ်တာတွေဟာ၊ တပ်ပိုင်းဆိုင်ရာကိစ္စတွေကို လွတ်လပ်စွာစီမံခန့်ခွဲတာလား၊ ရဲအရေးပိုင်တဲ့ကိစ္စတွေကို ရဲက ဥပဒေအတိုင်း ဘာမှမ လုပ်နိုင်ဘူးလားဆိုတာ မေးစရာဖြစ်နေတာပါ။

နောက်တချက်က တပ်မတော်နှင့်စပ်လျဉ်း၍ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် အား လုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်လို့ ထည့်သွင်းထားတာဟာ ဟုတ် သလိုလိုရှိပေမဲ့၊ တကယ်ဆိုရင် နိုင်ငံတော်ရဲ့အချုပ်အချာအာဏာကို ခံယူကျင့်သုံးတဲ့ အ မြင့်ဆုံးအာဏာပိုင်အဖွဲ့ဟာ ပြည်ထောင်စုလွှတ်တော်ဖြစ်တာမို့ လက်နက်ကိုင်အဖွဲ့အ စည်းတွေအပါအ၀င် ၀န်ထမ်းအဖွဲ့အစည်းတွေ ဖွဲ့စည်းရေးကို ပြည်ထောင်စုလွှတ်တော် ရဲ့ ဥပဒေပြဋ္ဌာန်းးချက်အရသာ ဆောင်ရွက်ရမှာပါ။

အခုလို နိုင်ငံရေးမပြေလည်ချိန်မှာ ရှိသမျှလက်နက်ကိုင်အားလုံး စစ်တပ်အောက်ဝင်ရ မယ်လို့ ဖွဲ့စည်းပုံထဲ ထည့်ရေးပြီး အတင်းအကြပ်လုပ်နေတာဟာ ပြည်တွင်းစစ်ဖြစ်ဖို့ လမ်းများပြီး တိုင်းပြည်နစ်နာဖို့ရှိပါတယ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေကလဲ လက် နက်မချဘူး။ နောက်တက်လာမယ့် အစိုးရနဲ့ကျမှ ဆွေးနွေးပြီးမှ အားလုံးရဲ့ သဘောဆန္ဒ ခံယူပြီး လုပ်သင့်တာပါ။

လက်နက်အားကိုးတဲ့ စစ်အစိုးရကတော့ အများဆန္ဒဆိုတာ ထည့်မစဉ်းစားပါဘူး သူတို့ ကို ကာကွယ်ပေးနိုင်ဖို့အတွက် သူတို့လိုချင်တဲ့ပုံစံပဲ ဇွတ်အတင်သွတ်သွင်းနေတာထင် ရှားပါတယ်။ တိုင်းပြည်လည်းနာလှပြီ ပြည်သူတွေလည်း ကျပ်တည်း နေပါပြီ၊ စစ်သည် တွေလဲအတူတူပါပဲ၊ ဒါကြောင့် အာဏာရှင်စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ မတရားအမိန့်တွေကို ဆန့်ကျင်၊ ပြည်သူတွေရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးမယ်ဆိုရင်၊ တိုင်းပြည်အနာဂါတ် လဲ သာယာဖြောင့်ဖြူးမှာမို့ အာဏာရှင်တွေကို ပြည်သူနဲ့အတူ လက်တွဲပူးပေါင်းဆန့်ကျင် ကြဖို့ အချိန်တန်ပြီလို့ တိုက်တွန်း နိုးဆော်လိုက်ရပါတယ်။

မြတ်နိုး

ABMA ဂျာနယ် မှ ကူးယူဖေါ်ပြပါသည်။

Volume 1, No 22

21 st Dec 2010

http://www.naytthit.net/


Posted in ဆောင်းပါး by ရဲရင့်(ကနေဒါ)

Sunday, December 26, 2010

ကေအဲန်ယူ၏ စောင့်ကြိုတိုက်ခိုက်မှုကြောင့် ရက်ပိုင်းအတွင်း နအဖနှင့် BGF ကျဆုံးထိခိုက်မှုရှိ

ဒီဇင်ဘာလ ၂၅ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)

လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပလောဒေသတွင် ယခု ရက်ပိုင်းအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ KNLA ၏ စောင့် ကြိုတိုက်ခိုက်မှုကြောင့် နအဖ ခလရ(၁၀၆)တပ်ဖွဲ့မှ ကျဆုံးပြီး နယ်ခြားစောင့်တပ် BGF မှ ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း ကေအဲန်ယူ တပ်မဟာ(၇)က ပြောသည်။
နအဖ ခလရ(၁၀၆)တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၂၃ရက်နေ့မနက်ပိုင်းမှစ၍ ၎င်းတို့လက်နက်ကြီးတပ်ဆင်ထားရာ ကဆော ၀ါးလေး၊ ကြယ်ပြောင်ကုန်းနေရာများမှ မာနယ်ပလောရှိ ကေအဲန်ယူတပ်များ ရှိနိုင်မည့်နေရာများသို့ လက်နက်ကြီးများဖြင့် ပစ် ခတ်ခဲ့ပြီးနောက် စစ်ကြောင်းတက်လာရာ မွန်းလွဲပိုင်း၌ မောကွီးနေရာအရောက်တွင် ကေအဲန်ယူ တပ်မဟာ(၇) လုံခြုံရေးတပ်ခွဲ ၏ စောင့်ကြိုတိုက်ခိုက်ခြင်းခံရပြီး ခလရ(၁၀၆) တပ်ဖွဲ့ဝင် ၅ဦး ကျဆုံးခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ(၇)မှူးက ကေအိုင်စီ ကို ပြောသည်။


ကေအဲန်ယူ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက “အဲဒီနေ့ မနက်ပိုင်းကတည်းက နအဖ ခလရ(၁၀၆)က မာနယ်ပလော ဂွင်မှာ လက်နက်ကြီးတွေ အလုံး ၅၀ကျော် ပစ်ချတယ်လေ။ သဘောက သူတို့တက်လာဖို့အတွက် အဲဒီမှာလှုပ်ရှားနေတဲ့ ကျနော်တို့တပ်တွေ ရှိနိုင်တဲ့နေရာကို လှမ်းပစ်တာ။ မွန်းလွဲ ၂း၅၅နာရီမှာ သူတို့တက်လာတော့ ကျနော်တို့တပ်တွေက စောင့် ပြီးပစ်တယ်။ အဲဒီမှာ တခါတည်းပဲ နအဖ ၅ယောက် ကျသွားတယ်။”ဟု ဆိုသည်။


အဆိုပါမွန်းလွဲပိုင်း တိုက်ပွဲမှာ ၈မိနစ်သာ ကြာမြင့်သော်လည်း နအဖတပ်များက ၁၂၀-မမ စိန်ပြောင်း၊ ၆၀-မမ၊ ၈၁-မမနှင့် RPG-7 စသည့် လက်နက်ကြီး အမျိုးအစားများကိုသုံးပြီး မာနယ်ပလောဂွင်တစ်ဝိုက်တွင် နယ်မြေရှင်းလင်းသည့်အနေဖြင့် ပစ် ခတ်နေခြင်း ဖြစ်သည်။


ထိုနေ့မနက် ၇နာရီကျော်၊ ညနေ ၅နာရီနှင့် ည ၁၁နာရီအချိန်တို့တွင် နယ်ခြားစောင့်တပ်(၁၀၁၂)တပ်ဖွဲ့နှင့် ကေအဲန်ယူ တပ်ဖွဲ့ ၀င်များ ပလီတခေါ်ကျိုးနေရာ၌ ပစ်ခတ်မှုဖြစ်ပွားရာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ဦး ဒဏ်ရာရရှိခဲ့သည်။


အလားတူ ထိုနေ့ညနေ၌လည်း ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံရွာအထက်ဘက် တောင်ခြေတနေရာတွင် နအဖ ခမရ (၅၈၈)တပ်နှင့် ကရင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ ၄ဦး ကျဆုံး၊ ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ဒီဇင်ဘာလ ၂၂ရက်နေ့ကလည်း အင်အား ၆၀ကျော်ရှိ အဆိုပါ ခလရ(၁၀၆)မှ စစ်ကြောင်းတကြောင်းကို ကေအဲန်ယူ တပ်ဖွဲ့ ၀င်များက ကြယ်ပြောင်ကုန်းတ၀ိုက်တွင် စောင့်ပစ်ရာ တပ်သားတဦး၊ ဒုတပ်ကြပ်၊ တပ်ကြပ်ကြီးနှင့် ဗိုလ်တစ်ဦး စုစုပေါင်း ၄ဦး ကျဆုံးသွားခဲ့သည်။


၎င်းအပြင် ကလူးထောအခြေစိုက် ဗိုလ်မှူးစောပိ ဦးစီးသည့် နယ်ခြားစောင့်တပ်(၁၀၁၂)တပ်ဖွဲ့ဝင်များနှင် ကေအဲန်ယူ တပ်ရင်း (၂၀၂)တပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားရာ မနက် ၆နာရီဝန်းကျင်တွင် ဟောထီးပယ်နေရာ၌ ၂ဦး ထိခိုက်မှုရှိပြီး မွန်းလွဲ ၂နာရီခွဲတွင် သေ့ဝါ့လော်ကျိုးနေရာ၌ ၁ဦး ထိခိုက်မှုရှိကြောင်း ကေအဲန်ယူ တပ်မဟာ(၇) ဒုရုံးထိုင်မှူး ဗိုလ်ကြီးစောမျိုးမင်းသူက ပြောသည်။


ယင်းတိုက်ပွဲများတွင် ကေအဲန်ယူဘက်မှ ထိခိုက်ကျဆုံးမှုမရှိသည့်အတွက် ထိုကိစ္စနှင့်ပတ်သက်၍ ဗိုလ်မှူးချုပ်စောဂျော်နီကို ကေအိုင်စီက မေးမြန်းရာ “ကျနော်တို့က ကိုယ့်လူကို အထိခိုက်၊ အကျဆုံးမခံနိုင်အောင် ပြောက်ကျားနည်းနဲ့ပဲ တိုက်ခိုက်စေ တယ်။ ဒီနည်းက ကိုယ့်တပ်ဖွဲ့ဝင်တွေကို ဆုံးရှုံးမှုနည်းစေတယ်လေ။”ဟု ရှင်းလင်းပြောဆိုသည်။


နအဖ တပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်များသည် လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြ၀တီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် ကေအဲန်ယူ၊ ဒီကေဘီအေတပ်များနှင့် တိုက်ပွဲများ နေ့စဉ်လို ဖြစ်ပွားနေသော်လည်း ၎င်းတို့ဘက်မှ ထိခိုက်ကျဆုံးမှုကို ထုတ် ဖော်ပြောဆိုခြင်း မရှိပေ။