Friday, January 13, 2012

ကရင်ငြိမ်းချမ်းရေး ဘားအံဆွေးနွေးပွဲမှတ်တမ်းတင်ဓါတ်ပုံများ


ကရင်ငြိမ်းချမ်းရေး ဘားအံဆွေးနွေးပွဲ
အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်တွင် လက်မှတ်ရေးထိုးနေသည့် KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးကို ဘားအံမြို့ ဇွဲကပင်ဟိုတယ်တွင် ဇန်နဝါရီလ ၁၂ ရက် ၂ဝ၁၂ ခုနှစ် မွန်းလွဲပိုင်းက တွေ့မြင်ရစဉ်။

ကရင်ငြိမ်းချမ်းရေး ဘားအံဆွေးနွေးပွဲ
ပထမပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး KNU ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဝင်များကို ဘားအံမြို့ ဇွဲကပင် ဟိုတယ်ဝင်းအတွင်း ဇန်နဝါရီလ ၁၂ ရက် ၂ဝ၁၂ ခုနှစ် နံနက် ၁ဝ နာရီခွဲ အချိန်က တွေ့မြင်ရစဉ်။
ကရင်ငြိမ်းချမ်းရေး ဘားအံဆွေးနွေးပွဲ
အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် KNU ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဝင်များ ဘားအံ့မြို့ ဇွဲကပင်ဟိုတယ်တွင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု စတင်ပြုလုပ်နေသည်ကို ဇန်နဝါရီလ ၁၂ ရက် ၂ဝ၁၂ ခုနှစ် နံနက် ၉ နာရီ အချိန်က တွေ့မြင်ရစဉ်
ကရင်ငြိမ်းချမ်းရေး ဘားအံဆွေးနွေးပွဲ
အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်တွင် လက်မှတ်ရေးထိုးပြီးနောက် အပြန်အလှန် စာချုပ်လဲလှယ်နေသည့် အစိုးရ ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မင်းနှင့် KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးတို့ကို ဇန်နဝါရီလ ၁၂ ရက် ၂ဝ၁၂ ခုနှစ် မွန်းလွဲပိုင်းက တွေ့မြင်ရစဉ်။



ကရင်ငြိမ်းချမ်းရေး ဘားအံဆွေးနွေးပွဲ
ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြီးဆုံးခဲ့ပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် KNU စေ့စပ်ညှိနှိုင်းရေးအဖွဲ့ ဒုတိယခေါင်းဆောင် တရားရေးရာ ဌာနမှူး ဖဒိုစောဒေးဗစ်ထောကို ဇန်နဝါရီလ ၁၂ ရက် ၂ဝ၁၂ ခုနှစ် မွန်းလွဲပိုင်းက တွေ့မြင်ရစဉ်။ 
 




ကရင်ငြိမ်းချမ်းရေး ဘားအံဆွေးနွေးပွဲ
ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြီးဆုံးပြီးနောက် တပ်မဟာ ၇ တပ်မဟာမှူး စောဂျော်နီနှင့် ပြန်နယ်နှင့်တိုင်း နယ်စပ်ကာကွယ်ရေးနှင့် လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီးများ အမှတ်တရ ဓါတ်ပုံအရိုက်ခံနေသည်ကို ဇန်နဝါရီလ ၁၂ ရက် ၂ဝ၁၂ ခုနှစ် မွန်းလွဲပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ မဇ္ဈိမ)





















Burma Signs Ceasefire to End Decades-Long Conflict

Karen leaders stress this is only first step


Representative of Karen National Union
A Burmese official (R) exchanges documents with a representative of the Karen National Union after signing a ceasefire agreement in the city of Hpa-an, Burma, on Jan. 12. (Soe Than Win/AFP/Getty Images)

The government of Burma signed a ceasefire agreement with the Karen National Union (KNU), an armed ethnic group located in the eastern part of the country, essentially ending a six-decadelong armed conflict.
Both the KNU and the government agreed to the terms, following talks between both sides. The KNU has been attempting to establish its own state since the year after Burma (also known as Myanmar) broke away from British rule in 1948.
In the agreement, both sides will allow patrols and passage through each other’s territories. The KNU will also establish communication offices in government-controlled areas.
“The people have experienced the horrors of war a long time. I’m sure they’ll be very glad to hear this news. I hope they’ll be able to fully enjoy the sweet taste of peace this time,” a KNU leader, Saw David Htaw, told Reuters.
Nevertheless, in a statement issued by the KNU, reported by Karen News, Htaw stressed that the day’s conclusion is only the first step.
“I’m cautious, very cautious, there is no certainty, we’re still not sure of the real agenda,” he said.
“Our past experience has been that the real power always lies in the hands of the military hard-liners and the in the past they have not hesitated to use guns against ethnic people. The [Burma army] offensive against the Kachin is very brutal. The Burma army has moved almost two-thirds of its soldiers there,” he added.
In the past month, there have been reports that the Burmese army has attacked the Kachin Independence army, another ethnic separatist group, and also recently tried to take over a base held by the group. Since June, fighting between the government and the Kachin army has forced the displacement of more than 45,000 people.
News of the ceasefire was greeted positively by Western governments as Burma’s military-backed civilian government continues to make progress toward meeting the conditions stipulated by the United States and European governments to see economic, political, and military sanctions lifted.
“This is a good step, and we welcome it,” said U.S. State Department spokesperson Victoria Nuland at Thursday’s press briefing.
Nuland added that peace with ethnic groups had been a central topic of conversation when Secretary of State Hillary Clinton was in Burma a few months ago.
In addition to ending conflicts with various ethnic groups, including the Karen, the terms of the sanctions are all political prisoners must be freed, and establish a dialogue with the opposition. Some, but not the majority of prisoners have been released and Aung San Suu Kyi, considered the main opposition leader, has been cleared to run in Parliamentary by-elections in April.
Over the past 60 plus years, there were five failed attempts at peace talks between the KNU and the former military junta.
Nant Bwa Bwa Phan, a contributor for the Irrawaddy, a Thailand-based magazine considered an authoritative voice on Burma, writes that while the ceasefire seems promising, there is still a lot of skepticism about the current Burmese government. Therefore, if a ceasefire agreement is put in place without the proper political processes, he argues, it would essentially amount to the KNU surrendering, leaving them defenseless against further human rights abuses.
One “reason for concern is that while the international community has got very excited about changes happening in Burma, even praising President Thein Sein, for many ethnic people life under Thein Sein has got much worse,” Phan writes.
“Maybe a few more websites are now available in Burma. Maybe they can print pictures of Aung San Suu Kyi in newspapers, and hold a film festival. But balance that against what has been happening out of sight in ethnic states,” Phan adds.
British Foreign Secretary William Hague last week flew to Burma and met with its president and other top officials, offering hope that there will be more reforms in the future. He called for the release of all political prisoners and for credible elections in April.

အပစ်အခတ်ရပ်စဲရေးဆိုင်ရာ တွေးဆုံဆွေးနွေးပွဲတွင် ကေအဲန်ယူဖက်မှ တင်ပြတောင်းဆိုသည့် သတ်မှတ်ချက်များ

11_Points_For_Cease_Fire

ပြည်နယ်အဆင့် အပစ်ရပ်ရေးလက်မှတ် ထိုးပြီးနိုင်ငံရေးကို ဆွေးနွေးသွား မည်ဟု KNU ပြောဆို

ဇန်န၀ါရီလ ၁၂ရက်၊ ၂၀၁၂။ (ကေအိုင်စီ)

အပစ်အခတ်ရပ်စဲရေးအတွက် ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်ဟိုတယ်တွင်မြန်မာအစိုးရနှင့် သွားရောက်ဆွေးနွေးခဲ့သည့် ကရင်အမျိုးသား အစည်းအရုံး(KNU) ငြိမ်းချမ်းရေးအဖွဲ့တို့ လက်မှတ်ရေးထိုးမှု အပြီးနောက်ပိုင်းတွင် နိုင်ငံရေးအရ ဆွေးနွေး သွားရမည်ဟု KNU ဘက်က ပြောသည်။

KNU အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က “ကျမတို့အခုလို ဘားအံမှာ အပစ်အခတ်ရပ်စဲဖို့ လက်မှတ်ထိုးလိုက် တာက တိုင်းရင်းသားဒေသအားလုံးအတွက် ပြည်နယ်အဆင့် သဘောတူညီမှုပါ။ ဒါကလည်း မူအရ သဘောတူညီမှုပဲ ရှိပါ သေးတယ်။ ဒီအခြေအနေမှာ နိုင်ငံရေးဆွေးနွေးမှု မပါသေးတဲ့အတွက် ထပ်ပြီး ဆွေးနွေးသွားရမှာဖြစ်ပါတယ်။”ဟု ဆိုသည်။

ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် ပဒိုစောဒေးဗစ်ထောတို့ ဦးဆောင်သည့် KNU ငြိမ်းချမ်းရေးကိုယ်စားလှယ် ၁၉ဦးအဖွဲ့သည် ယနေ့မ နက် ၉နာရီမှစ၍ နှစ်နာရီကျော်ကြာ မြန်မာအစိုးရနှင့် ဆွေးနွေးခဲ့ကြပြီး မွန်းလွဲ ၁နာရီခန့်တွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ် စဲရေးကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ဘားအံမြို့ရှိ အစိုးရ၀န်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါ လက်မှတ်ရေးထိုး တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာအစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုး သိန်း၊ ဦးခင်ရီ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းတို့ တက်ရောက်ခဲ့ကြပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိရန် KNU ဘက်မှ အချက် ၁၁ချက်ကို တောင်းဆိုပြီး မြန်မာအစိုးရဘက်မှ အချက် ၄ချက် တောင်းဆိုခဲ့သည်။

ကေအဲန်ယူက ၁။ တိုင်းရင်းသားဒေသများ၌ ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်ဆိုင်းပြီး တပြည်လုံး အတိုင်းအတာနှင့် အမြန်ဆုံး အပစ်အခတ်ရပ်စဲရန် ၂။ ကြောက်ရွံ့ခြင်းကင်းသည့် ပြည်သူများ၏ ဘ၀အဖြစ် အာမခံချက်ပေးရန်နှင့် ယုံကြည်ရသည့် အခြေ အနေများ တည်ဆောက်ရန် ၃။ ဒေသဆိုင်ရာ လူထုနှင့် အတိုင်ပင်ခံသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် ၄။ အဓမ္မလုပ် အားစေခိုင်းခြင်း ၅။ နည်းမျိုးစုံနှင့် အခွန်ကောက်ခံခြင်းများ မပြုလုပ်ရန် ၆။ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ၇။ ပြည်သူ များဘ၀ ပြန်လည်ထူထောင်ရေးနှင့် လူထု၏ မြေယာကိစ္စများကို ဖြေရှင်းပေးရန် ၈။ ငြိမ်းချမ်းရေးဖြစ်စဉ်များအတွက် မှန်ကန် သည့် အစီအစဉ်များ ချမှတ်ပြီး ဘက်အားလုံးမှ တည်မြဲမည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုများကို တိုးတက်ဖြစ်ပေါ်လာစေရန် ၉။ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ခြင်း ၁၀။ လက်နက်မပါဘဲ ကရင်ပြည်နယ်အတွင်း လွတ်လပ်စွာ သွားလာခွင့်နှင့် ၁၁။ နှစ်ဘက် တပ် တည်နေရာ သတ်မှတ်ခြင်းများကို တောင်းဆိုခဲ့သည်။

ယခုလို ပြည်နယ်အဆင့် သဘောတူညီခဲ့သည့်အချက်များတွင် အပစ်အခတ်ရပ်စဲရန်၊ ဆက်ဆံရေးရုံးဖွင့်လှစ်ရန်၊ လက်နက်မပါ ဘဲ တနိုင်ငံလုံး သွားလာရန်နှင့် ကျန်အဆင့်များ ဆက်လက် ဆွေးနွေးသွားရန်တို့ ပါဝင်သည်။

သို့သော် တွေ့ဆုံဆွေးနွေးရေးတွင် ယခုလို ချက်ချင်း လက်မှတ်ရေးထိုးရန်အတွက်ကိုမူ mandate ပေးထားခြင်း မရှိကြောင်း KNU ထိပ်ပိုင်းခေါင်းဆောင်များက ပြောဆိုသလို မကြာခင်အချိန်ပိုင်းတွင် သတင်းထုတ်ပြန်ချက်တစ်ခု ထုတ်သွားမည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

ကေအဲန်ယူနှင့် အစိုးရ နှစ်ဖက်ကိုယ်စားလှယ်များ၏ တွေ့ဆုံဆွေးနွေးပွဲသို့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးတို့မှ လုံခြုံရေးဝန်ကြီးများနှင့် သက်ဆိုင်ရာ စစ်ဋ္ဌာနချုပ်များမှ စစ်ဦးစီးမှူး (ပထမတန်း)များ တက် ရောက်ခဲ့ကြောင်း ပြည်တွင်းမှ The Voice Weekly တွင် ဖော်ပြထားသည်။

KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့တွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအတွင်းရေးမှူး ပဒို စောဒေးဗစ်ထော၊ ပဒိုစောအားတိုး၊ ဗိုလ်မှူးချုပ်ဂျော်နီ၊ ဒုဗိုလ်မှူးကြီးရောဂျာခင်၊ ဗိုလ်မှူးရှီးရှို၊ ဗိုလ်မှူးအိသာ၊ ပဒိုစောအယ်ဝါး၊ ပဒို စောလေးလော်ဆော၊ ပဒိုစောကွယ်ထူးဝင်း၊ ပဒိုစောရွှေမောင်း၊ ပဒိုစောအောင်မော်အေး၊ ပဒိုစောသောသီဘွဲ၊ ဗိုလ်ကြီးစောဂျီး ဂျီ၊ ဗိုလ်ကြီးစဂျွန်၊ ဗိုလ်ကြီးဆာ့စေး၊ ပဒိုစောအောင်ဝင်းရွှေ၊ ပဒိုစောလှထွန်းနှင့် စောတာမုလားတို့ ပါဝင်ခဲ့သည်။

ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် များသည် မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် အစိုးရအဖွဲ့ရုံးစိုက်ရာ နေပြည်တော်သို့ သွားရောက်နေပြီးဖြစ်ကြောင်း ကေအဲန် ယူ အသိုင်းအ၀ိုင်းမှ ပြောဆိုသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက KNU တို့ တောင်းဆို ထားသည့် အချက် ၁၁ချက်ကို မူအားဖြင့် သဘောတူညီကြောင်း လက်မှတ်ရေးထိုးခဲ့သလို ပြည်ထောင်စုအဆင့်ကိုလည်း လာမည့် ၄၅ရက်အတွင်း ဆွေးနွေးသွားမည်ဖြစ်သည်။

နော်စီဖိုးရာစိန်က “အစိုးရဘက်က ကျမတို့ တောင်းဆိုတဲ့အချက် ၁၁ချက်ကို မူအရ သဘောတူတဲ့အပေါ် ကျမတို့ ကြိုဆိုပါ တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

KNU နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယမန်နှစ် အောက်တိုဘာလ ၉ရက်၊ နိုဝင်ဘာလ ၁၉-၂၀ရက်နှင့် ဒီဇင် ဘာလ ၂၁ရက်တို့တွင် ထိုင်းနိုင်ငံအတွင်း၌ ပဏာမ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

လာမည့် ၃၁ရက်နေ့တွင် တော်လှန်ရေး ၆၃နှစ် သက်တမ်းပြည့်ပြီဖြစ်သည့် KNU သည် ၁၉၄၉ခုနှစ် ဧပြီလတွင်တကြိမ်၊ ၁၉၆၀ ခုနှစ် ဖေဖော်ဝါရီလတွင်တကြိမ်၊ ၁၉၆၃ခုနှစ် သြဂုတ်လတွင်တကြိမ်၊ ၁၉၉၅ခုနှစ် ဒီဇင်ဘာလတွင်တကြိမ်နှင့် ၂၀၀၄ခုနှစ်တွင် တကြိမ် ၅ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

နေ့ စဉ်သတင်း - 12 Jan 2012 ( KNU နှင့် အစိုးရ ဆွေးနွေးပွဲ ဆက်စပ်သတင်းများ)

Daily_News_on_January_12-_2012

ဒီမိုကရေစီလှုပ်ရှားမှုတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား သရက်နှင့်အောင်လံရှိ ထောင်နှင့်ချီသောပြည်သူများက ကြိုဆိုကြ



mkn
ဒီမိုကရေစီလှုပ်ရှားမှုတွင်  ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား သရက်နှင့်အောင်လံရှိ ထောင်နှင့်ချီသောပြည်သူများက ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။
ယနေ့ နံနက်ပိုင်းတွင် သရက်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် သရက်မြို့မှ ဧရာဝတီမြစ်ကို ကူးကာ အောင်လံမှတစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လာနေကြောင်း သတင်းရရှိပါသည်။ သရက်မြို့မှ ထွက်ခွာလာသော ကိုမင်းကိုနိုင်အား ဧရာဝတီမြစ်ကမ်းဘေးတွင် ထောင်နှင့်ချီသော ပြည်သူများက ကမ်းလုံးပြည့်မျှ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။ ထို့အပြင် ပြည်သူအချို့သည် ဧရာဝတီမြစ်အတွင်း စက်လှေများဖြင့် ကြိုဆိုခဲ့ကြကြောင်းလည်း သိရသည်။
“ကျွန်တော်တို့ တိုင်းပြည်မှာ အခြေအနေတွေအများကြီး ပြောင်းလဲလာပြီး လူတွေ ပျော်ပျော်ရွှင်ရွှင် ရဲရဲဝင့်ဝင့်နဲ့ ကြိုဆိုနေကြတာကို တွေ့ရပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ တိုင်းပြည်အတွက် အများကြီး လုပ်နိုင်မှာပါ” ဟု ထောင်ချီသော ပြည်သူများ၏ ကြိုဆိုမှုကို မြင်တွေ့ရပြီးနောက် ကိုမင်းကိုနိုင်က ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် သရက်ထောင်မှ လွတ်မြောက်ပြီး မီဒီယာများနှင့် တွေ့ဆုံစဉ်ကလည်း "ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မှာပါ။ တွေ့ဖြစ်အောင် တွေ့မှာပါ။ သူရဲ့အလုပ်တွေကိုလည်း ကျွန်တော်ဝိုင်းကူလုပ်မှာပါ။ ရှေ့ဆက်လုပ်ကြမယ့် အလုပ်တွေကို လက်တွဲဆောင်ရွက်ကြဖို့ပါပဲ။ ကျွန်တော်တို့ သမိုင်းကိုတော့ အတတ်နိုင်ဆုံး အလှဆုံးဖြစ်အောင် နောက်ပြီး ကျွန်တော်တို့မျိုးဆက်ရဲ့ ဂုဏ်သိက္ခာလည်း ရှိအောင် ကျွန်တော်တို့ အတတ်နိုင်ဆုံးရေးခဲ့ပြီ ကျွန်တော်တို့ ကိုယ်ကောင်းစိတ်ဓါတ် အကျင့်ကောင်းတွေကို နောက်လူငယ်တွေကို ပြန်ပြီးတော့ မျှဝေခဲ့မယ်။ အခုပြန်လာတာဟာ ဒေါင်းတွေက အိုးဝေသံပေးပြီး ပြန်လာတာပါ။ ရှေ့ဆက်ပြီး ဒီမိုကရေစီ အရေးတွေကို အားနဲ့ ခွန်နဲ့ ဆက်လုပ်သွားမှာပါ။ အခု ကျွန်တော်ဘုရာဖူးဦးမှာပါ။ ပါတီအနေနဲ့တော့ ကျွန်တော်မစဉ်စားထားပါဘူး၊ သို့သော်လည်း ပါတီလုပ်မှ နိုင်ငံရေး လုပ်တာမဟုတ်ပါဘူး။ ဘယ်ကပဲလုပ်လုပ်ပါ၊ အပြင်ကလုပ်လို့လည်း ရပါတယ်။ ကျွန်တော်တို့ အရင်ကတည်းက ပါတီအနေနဲ့ လုပ်တာမဟုတ်ဘူး။ အဲဒီအတွက်တော့ အစီအစဉ်မရှိဘူး။သို့သော် ဒီမိုကရေစီ အရေးအတွက်တော့ ရှိသမျှအားနဲ့ ကျွန်တော် အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်။ NLDနဲ့ကတော့ အရင်လိုပါပဲ။ လက်တွဲတော့မပျက်ပါဘူး။ ဒါပေမယ့် ကျွန်တော် ၀င်ဖို့ မ၀င်ဖို့သာ ရှိပါတယ်။ ဂျာနယ်တွေအနေနဲ့ လူကြီးတွေကို ပြန်ပြောပေးကြပါ။ ကျွန်တော်တို့ ဂျာနယ်တွေ ဖတ်ပါတယ်လို့။ Eleven ကရော ပါလားမသိဘူး။ ဒေါက်တာ သန်းထွဋ်အောင်ကို ပြောပေးပါဗျာ ကျွန်တော်တို့် ၁ ခြောက်လုံး အခွေကြည့်ရတယ်လို့ Congratulation လုပ်လိုက်ပါနော်။  Appreciate လုပ်ပါတယ်လို့ " ဟု ပြောကြားခဲ့ပါသည်။
သရက်မြို့မှ ပြန်လည်ထွက်ခွာလာသော ကိုမင်းကိုနိုင်သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ရှိ နေအိမ်(အမှတ်-၄၇၂/ခ၊ ဇာနည် (၁၃) လမ်းအထက်၊ ၉ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်)သို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်းသိရသည်။ ကိုမင်းကိုနိုင်လွတ်မြောက်မှုကို စောင့်မျှော်ခဲ့ကြသော ပြည်သူများနှင့် မိတ်ဆွေများသည်  ၎င်း၏နေအိမ်ရှေ့တွင် သွားရောက်စောင့်ဆိုင်း ကြိုဆိုကြရန် ပြင်ဆင်နေကြကြောင်းလည်း သိရှိရသည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ဦးခင်ညွန့် မှတ်တမ်းဓာတ်ပုံများ


KNU ကရင်အမျိုးသားအစည်းအရုံးနှင့် အစိုးရကိုယ်စားလှယ် တွေ့ ဆုံပွဲ(ရုပ်သံ)




ミャンマー、カレン民族同盟と停戦合意

ミャンマー、カレン民族同盟と停戦合意
ミャンマー政府は12日、60年以上にわたって対立してきた少数民族・カレン族の反政府組織との停戦合意に調印したことを明らかにしました。

 ミャンマー政府の代表団は、12日、東部カイン州のパアンで、少数民族・カレン族の反政府組織、KNU=カレン民族同盟の幹部らとの和解交渉に臨みました。交渉の結果、政府側とKNUは停戦合意に至り、それぞれが調印書にサインをした後、握手を交わしました。

 調印後、政府側は、「政府として、引き続き、KNUと話し合いを続けていく」と述べ、今後も交渉の場を設けていくことを明らかにしました。KNUは、ミャンマー最大の反政府武装組織で、独立と自治権の獲得を求めて60年以上にわたって武装闘争を繰り広げてきました。

 ミャンマー政府は、矢継ぎ早に民主化政策を打ち出していますが、経済制裁を科している欧米諸国や国内の民主化勢力は、全ての政治犯の釈放などとともに、少数民族との和解を制裁解除の条件に挙げています。(12日23:51)

ဇွဲကပင်ဟိုတယ်မှာ ပြုလုပ်တဲ့ မြန်မာအစိုးရနဲ့ ကရင့်အမျိုးသားအစည်းအရုံး (KNU)တို့ရဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား(ဓာတ်ပုံ


ဘားအံ့မြို့ )



မီးရထားဝန်ကြီး ဦးအောင်မင်း၊ KNU ဗိုလ်ချုပ်မူတူးဆေးဖော၊ စက်မှု(၂)ဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဦးခင်ရီတို့အား ဇွဲကပင်ဟိုတယ် ညစာစားပွဲမှာ တွေ့ရစဉ်.. (ဓာတ်ပုံ AP)

Statement from Karen Communities Worldwide

KNU_Statement_on_Peace_Talk_with_Govt-Burmese-_11_Jan_2012__1_

Myanmar signs ceasefire with ethnic rebels

အစိုးရနဲ့ KNU အပစ်ရပ်ရေး သဘောတူလက်မှတ်ထိုး

2012-01-12
မြန်မာအစိုးရအဆက်ဆက်ကို ၆၃ နှစ်ကြာ လက်နက်စွဲကိုင် တိုက်ပွဲဝင်လာခဲ့တဲ့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးနဲ့ သမ္မတဦးသိန်းစိန်ရဲ့ အထူးကိုယ်စားလှယ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအဖွဲ့တို့ ဇန်န၀ါရီ ၁၂ ရက်က ကရင်ပြည်နယ် ဘားအံမြို့မှာ ပမာဏ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
RFA
မြန်မာအစိုးရခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းနဲ့ KNU အဖွဲ့မှ စစ်ဦးချုပ် ဗိုလ်ချုပ်ကြီးစောမူးတူးဆေးဖိုးတို့ ဖားအံမြို့မှာ ၂၀၁၁ ဇန်န၀ါရီလ ၁၂ ရက်နေ့က အပစ်ခတ်ရပ်စဲရေးပဏာမ လက်မှတ်ရေးထိုးနေကြပုံ
ကေအန်ယူနဲ့ ယခင်မြန်မာအစိုးရအဆက်ဆက်အကြား အပစ်အခတ်ရပ်စဲရေးအတွက် ၆ ကြိမ်လောက် ဆွေးနွေးခဲ့ကြဖူးပေမယ့် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း မရှိပါဘူး။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ အခုလို အောင်အောင်မြင်မြင် အပစ်အခတ်ရပ်စဲနိုင်ရာမှာ အပြန်အလှန်ယုံကြည်မှုဟာ အဓိကကျတယ်လို့မြင်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအဖွဲ့ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီး ၀န်ကြီး ဦးအောင်မင်းက အာအက်ဖ်အေကို ပြောပါတယ်။
သမ္မတ ဦးသိန်းစိန် ချမှတ်ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၃ ဆင့်ရဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေအားလုံးပါဝင်တဲ့ ပင်လုံညီလာခံထက်ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲကြီး တစ်ရပ်ကို နေပြည်တော်မှာ ကျင်းပဖို့ရှိပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း အဲဒီိအဆင့်မှာ ပါဝင်နိုင်လိမ့်မယ်လို့ ယူဆကြောင်းလည်း ၀န်ကြီး ဦးအောင်မင်းက ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံရေးပါတီအားလုံးရှေ့မှာ တိုင်းရင်းသားအဖွဲ့အစည်းအားလုံး ထာဝရငြိမ်းချမ်းရေးအတွက် နေပြည်တော်ကြီးမှာ လက်မှတ်ရေးထိုးတဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမယ်လို့ ကျွန်တော် ယူဆပါတယ်”
ဒီအတောအတွင်း ကေအန်ယူနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီး ၄ နာရီအကြာမှာ အကျဉ်းသား ၆၀၀ ကျော်ကို လွှတ်ပေးဖို့ သမ္မတဦးသိန်းစိန်က ကြေညာချက်ထုတ်ပြန်လိုက်တာဟာ ကေအန်ယူနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်အပေါ် ဂုဏ်ပြုလိုက်တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ငြိမ်းချမ်းရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ကေအန်ယူကရင်အမျိုးသားအစည်းအရုံးကို ၁၉၄၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၁၉၄၉ ခုကစလို့ တိုင်းရင်းသားတန်းတူအခွင့်အရေးရရှိရေးအတွက် အစိုးရကို လက်နက်စွဲကိုင်တော်လှန်လာခဲ့ပါတယ်။
ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းကို အာအက်ဖ်အေက ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်နားဆင်ရန်
အသံဖိုင်ရယူရန်
ဒီသတင်းနဲ့ပတ်သက်ပြီး ဘားအံမြို့မှာ ပြုလုပ်တဲ့ အပစ်ရပ်ရေးလက်မှတ်ရေးထိုးပွဲနဲ့ပတ်သက်ပြီး သတင်းယူဖို့ ရောက်နေတဲ့ ရန်ကုန်တိုင်မ်းသတင်းစာ အယ်ဒီတာ ဦးကိုကိုကို အာအက်ဖ်အေအဖွဲ့သား ကိုဥာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်နားဆင်ရန်
အသံဖိုင်ရယူရန်

Tuesday, January 10, 2012

MYANMAR: High hopes for Karen peace talks


Zipporah Sein, general-secretary of the Karen National Union
CHIANG MAI, 9 January 2012 (IRIN) - Karen leaders are cautiously optimistic about the possibility of peace after more than 60 years of fighting Burmese security forces as they prepare for meetings with the government on 10 January.

A Karen "peace committee" - formed in November - has arranged a two-day meeting in the state's Pa Ang District for what is hoped will lead to a permanent end to the armed conflict that began in 1949 and has left the civilian population devastated by decades of instability.

"The talks are the very first step in negotiations for a ceasefire," Karen National Union (KNU) vice-president Saw David Thakabaw told IRIN.

"We have to begin with a ceasefire and then proceed to negotiations, with political dialogue taking place later."

The Karen, a largely Christian community in eastern and southern Myanmar, have effectively been at war with Myanmar's central government since the country gained independence from the UK.

Federal system

The KNU seeks a genuine federal system giving Myanmar's individual ethnic states greater autonomy.

In 2011, the KNU joined an umbrella alliance of ethnic parties and groups - including the Mon, Shan, Karenni, Chin, and Kachin people - to form the United Nationalities Federal Council in an effort to bring unified strength to the negotiating table.

"It's been very difficult in the past. We've met five times already with the successive regimes in power and now it will be the sixth time. We hope this time will be different because of the changes in the geo-political situation," said Saw David Thakabaw.

The news comes as Myanmar's nominally civilian government appears more open to international dialogue following the visit of US Secretary of State Hillary Clinton last November and UK foreign minister William Hague in January.

"We think now is an ideal time to open talks to reform the political problems during the negotiations," explained KNU general-secretary Zipporah Sein. "But we will not sign a ceasefire for peace unless there is a guarantee that it will lead to political dialogue and long-lasting peace.

"One of the main problems is the security for the civilian population because many of them are still living in IDP [internally displaced persons] areas and they cannot go back to their villages.

"Despite the talks, the Burmese are still sending supplies and troops into the area and we are afraid that they will use their military power against us again," said Zipporah Sein.

According to the Thai Burmese Border Consortium (TBBC), an umbrella group of NGOs working along the border to supply aid to 10 refugee camps - at least 112,000 people were forced to leave their homes in southeast Myanmar between August 2010 and July 2011.

These rates are the highest in a decade, underlining the escalation in fighting since the 2010 elections.

And while many of the displaced have returned home, others have moved to refugee camps; about 20,000 live in makeshift camps inside Karen state, the TBBC reported.

Cultural issues

"The education of the Karen and other ethnic groups has been destroyed over the years so we need the right to an education for our next generation, especially to learn our culture, our history and our language," said Saw Mort, spokesperson for the Karen Student Network Group.

Karen Women's Organization spokesperson Knaw Paw stressed the need for women's issues to be addressed in the peace process but said that initially, what was most important was basic human rights for civilians caught up in the conflict.

"The people in the camps listen to the radio and they know about what's happening in the capital but I think the majority of them are still struggling with their hardships and just trying to carry on with their lives and survive," Knaw Paw says.

ss/ds/mw
Theme (s): Conflict, Refugees/IDPs,
[This report does not necessarily reflect the views of the United Nations]

An American Sniper in Burma

An American Sniper in Burma

MKO ဥက္ကဋ္ဌ မန်းစိန်သန်း၏ ဂုဏ်ပြုနှုတ်ဆက်ပွဲ ကျင်းပပြီးစီး

ဒီကနေ့ ၀၈-၀၁-၂၀၁၁၊ မနက်(၁၀)နာရီအချိန်မှာ မင်နီဆိုးတားပြည်နယ်၊အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာသွားတော့မဲ့ MKO ဥက္ကဋ္ဌမန်းစိန်သန်းနဲ့ ဇနီးဖြစ်သူနော်မော်လီတို့အား ဂုဏ်ပြုနှုတ်ဆက်ပွဲ ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားမှာ UNHCR အရာရှိများ၊ တိုင်းရင်း သားခေါင်းဆောင်များ၊ MKO မင်ဘာများ လူစုံတက်စုံတက်ရောက်လာကြပြီး MKO ယဉ်ကျေး မှုအဖွဲ့နဲ့ ကျောင်းသူကျောင်းသားများက ကရင့်ရိုး ရာ ဒုံးအကမျိုးစုံဖြင့် တင်ဆက်ဖျော်ဖြေသွားကြပါတယ်။

၂၀၀၇-ခုနှစ်မှစပြီး ယနေ့အချိန်ထိ MKO ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သော ဥက္ကဋ္ဌမန်းစိန်သန်းဟာ KNU ခေါင်းဆောင်များ ဘားအံမြို့သို့ ငြိမ်းချမ်းရေးဆွေးနွေးရန် တစ်ရက်အလို ၁၁-၀၁-၂၀၁၁ နေ့မှာ အမေရိကန်ပြည်ထောင်စုကို ထွက်ခွာသွားမှာ ဖြစ်ပါတယ်။

ကုန်သေတ္တာတင်သင်္ဘော ထက်ပိုင်းပြတ်

 Rena oil spill: Key and Joyce warn of more oil 

 

 

Source Photo from http://www.allvoices.com

နယူးဇီလန် ကမ်းခြေအနီးတွင် ကုန်သေတ္တာတင်သင်္ဘော ထက်ပိုင်းပြတ်သွား
9 Jan, 2012


စုစုပေါင်း ၇၇၄ပေ အရှည်ရှိသည့် ကုန်သေတ္တာတင် သင်္ဘောတစ်စီးမှာ နယူးဇီလန်နိုင်ငံပိုင် North Island ကျွန်းအနီးတွင် ထက်ပိုင်းပြတ် ခဲ့သဖြင့် များပြားလှသော ကုန်သေတ္တာများနှင့် အပျက်အစီးအပိုင်းအစများမှာ ရေထဲတွင် မျော ပါနေရကြောင်းလည်း သိရသည်။ Rena ဟုအမည်ရသည့် အဆိုပါ သင်္ဘော မှာ လွန်ခဲ့သည့် အောက်တိုဘာလကပင် အဆိုပါနေရာ၌ သောင်တင်နေရခြင်းဖြစ်ပြီး ယမန်နေ့က ပင်လယ်ပြင်တွင် လှိုင်းများဖြစ်ပေါ်ခဲ့ရသဖြင့် ယခုလို ထက်ပိုင်းပြတ်သွားရခြင်း ဖြစ်သည်။

ယခုဖြစ်ရပ်နှင့်ပတ်သက်ပြီး ကုန်သေတ္တာလေးလုံးမှာ နိုင်ငံ အရှေ့မြောက်ပိုင်းကမ်းခြေတစ်ခု ဖြစ်သည့် Waihi Beach သို့လှိုင်းနှင့်အတူ မျောပါခဲ့သဖြင့် လုယက်မှုများဖြစ်ပွား ခဲ့ကာ ယင်းကမ်းခြေကို ပိတ်ထားခဲ့ရကြောင်းလည်း တာဝန်ရှိသူများမှ ပြောကြားခဲ့သည်။ ယင်းသို့ ကမ်းခြေကိုရောက်ရှိလာသည့် အပျက်အစီး အပိုင်းအစများထဲတွင် သစ်များ၊ နို့မှုန့်များ ၊ ပလတ်စတစ်များနှင့် အခြားအညစ်အကြေးများလည်း ပါဝင်လာခဲ့ကြောင်း နယူးဇီလန် ပင်လယ်ရေကြောင်း အဖွဲ့ မှထုတ်ပြန်ပြောကြားခဲ့သည်။

အဆိုပါသင်္ဘောမှာ လွန်ခဲ့ သည့် အောက်တိုဘာလ ၅ ရက်နေ့က တန်ချိန်ပေါင်း ၃၅၀ မက်ထရစ်တန်မှာ ထိုစဉ်ကစတင်ပြီး ပင်လယ်ထဲသို့ စီးဝင်ခဲ့ရကြောင်းလည်း သိရသည်။ သို့ရာတွင်ယခုလို ထက်ပိုင်းပြတ် ခဲ့ရမှုကြောင့် နောက်ထပ် ဆီယိုစိမ့်မှုများ ရှိနေခြင်းမရှိကြောင်းလည်း သိရသည်။