Friday, March 6, 2009




ကရင်အိုးမဲ့အိမ်မဲ့ပြည်တွင်းဒုက္ခသည်များ

ကရင်ပြည်နယ်အတွင်း န.အ.ဖ စစ်တပ်၏ထိုးစစ်ဒဏ်ရလဒ်ကို ရင်ဆိုင်နေရသည့် အပြစ်မဲ့ ကရင်အိုးမဲ့အိမ်မဲ့ပြည်တွင်းဒုက္ခသည်များ၏ ပုံရိပ်အချို့ (Karen Internally Displaced Persons)

Thursday, March 5, 2009

ကေအင်ယူကို ထိုင်းနယ်မြေထဲမှ ထွက်ခွာသွားရန် ဖိအားပေးဟု ဆို

Wednesday, March 4, 2009
သူတို့၏ ပိုင်နက်နယ်မြေထဲတွင် အခြေမချရန် ထိုင်းနိုင်ငံက သတိပေးပြီးနောက် ကရင်အမျိုးသား အစည်းအရုံး - ကေအန်ယူ အဖွဲ့ဝင်များသည် မြန်မာနိုင်ငံအတွင်း ရွှေ့ပြောင်းနေပြီဟု အဖွဲ့နှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။ နယ်စပ်မြို့ မဲဆောက်ရှိ ထိုင်းအာဏာပိုင်များက ထိုင်းနိုင်ငံ နယ်မြေတွင် မနေဘဲ ထွက်ခွာသွားရန် အေအန်ယူ ခေါင်းဆောင်များကို မကြာမီက ပြောကြားခဲ့ခြင်း ဖြစ်သည်။ “ထိုင်းအာဏာပိုင်တွေက အသိပေး အကြောင်းကြားတာကို လွန်ခဲ့တဲ့ ၁ဝ ရက်လောက်က အလွတ်သဘော ပြောခဲ့တာ။ ထိုင်းစစ်တပ်က ကေအင်ယူကို သူတို့ ပိုင်နက်နေမြေက ထွက်ခွာသွားဖို့ပြောလို့ အခု ကေအင်ယူ အဖွဲ့ဝင်တွေ ထွက်သွားကြပြီ” ဟု သတင်းရပ်ကွက်က ပြောသည်။ သို့သော် ခေါင်းဆောင် အနည်းငယ်သည် ယခုတိုင် မဲဆောက်မြို့တွင်း၌ ရှိနေဆဲ ဖြစ်သော်လည်း ခပ်လျှိုလျှိုပင် နေကြသည်ဟု သူက ပြောသည်။ “အခုတော့ ကေအန်ယူ ခေါင်းဆောင်တွေ အရင်တုန်းကလို လွတ်လွတ်လပ်လပ် သွားလို့ မရတော့ဘူး။ သူတို့ အရင်ထက် ပိုဂရုစိုက်ရတော့မယ်” ဟု သူက ဆက်ပြောသည်။ မည်သို့ပင်ဖြစ်စေ ကေအန်ယူကမူ တရားဝင် ထင်မြင်ချက် ပြောကြားရန် ငြင်းဆန်သည်။ ကေအန်ယူသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် မြန်မာအစိုးရကို သက်တမ်းအရှည်ဆုံး ဆန့်ကျင် တိုက်ခိုက်နေသည့် သူပုန်အဖွဲ့တခုဖြစ်ပြီး အစောပိုင်းက မြန်မာနိုင်ငံ ကရင်ပြည်နယ် အတွင်းတွင် အင်အားတောင့်တင်းသော အခြေခံစခန်းများ ရှိခဲ့သည်။သို့သော် ယင်းတို့၏ အခိုင်အမာ စခန်းဖြစ်သော မာနယ်ပလောကို မြန်မာစစ်တပ်နှင့် ကေအန်ယူခွဲထွက် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် - ဒီကေဘီအေ ပူးတွဲတပ်ဖွဲ့များက ၁၉၉၅ ခုနှစ်တွင် ဝင်ရောက် သိမ်းပိုက်ခဲ့ပြီးနောက် အကြီးအကျယ် အထိနာခဲ့သည်။ ထိုအချိန်ကတည်းက စတင်၍ ကွယ်လွန်သူ ကေအန်ယူ အထွေထွေ အတွင်းရေးမှူးဟောင်း ပဒိုမန်းရှာလဖန်း အပါအဝင် ကရင်ခေါင်းဆောင် အများအပြားသည် ထိုင်းနယ်ငံ နယ်စပ်မြို့ မဲဆောက်မြို့တွင် ဝင်ရောက်ခိုလှုံ နေထိုင်ခဲ့ကြသည်။ ကေအန်ယူ ခေါင်းဆောင်များ ထိုသို့ရှိနေခြင်းကို ထိုင်းနိုင်ငံ အာဏာပိုင်များက ကောင်းစွာသိသော်လည်း ယင်းတို့ကို ထွက်ခွာသွားရန် တရားဝင် အတင်းအကျပ် ဖိအားပေး မောင်းထုတ်ခြင်း မရှိခဲ့ပါ။ မြန်မာစစ်အစိုးရကမူ ရံဖန်ရံခါ ယင်းတို့၏ အာဘော်ထုတ် မြန်မာ့အလင်း သတင်းစာမှနေ၍ သူတို့က ‘အဖျက်သမား’ ဟု ခေါ်သော ကေအန်ယူသူပုန်များကို ထိုင်းနိုင်ငံက လက်ခံခိုလှုံခွင့် ပေးထားကြောင်း စွပ်စွဲ ရေးသားခဲ့သည်။ လတ်တလော ဖိအားပေးမှုများသည် ထိုင်းနိုင်ငံ၏ မူဝါဒ ဟုတ်ပုံ မရသော်လည်း ထိုင်းနိုင်ငံသည် ပြင်ပဖိအားကြောင့် ဤသို့ လုပ်နေရခြင်း ဖြစ်နိုင်ကြောင်း သတင်းရပ်ကွက်က ပြောသည်။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော သူတို့ပိုင်နက် နယ်မြေပေါ်တွင် ကေအန်ယူ အပါအဝင် အခြားတိုင်းရင်းသား သူပုန် အဖွဲ့များကို တရားမဝင် လက်ခံ ခိုလှုံခွင့် ပေးထားခဲ့သည်။ “ကေအန်ယူကို သူတို့နယ်မြေထဲက ထွက်သွားဖို့ ဖိအားပေးတာ ထိုင်းနိုင်ငံရဲ့ တရားဝင်ဖိအား မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဒီဖိအားက အပြင်ကလာတာ ဖြစ်နိုင်တယ်” ဟု သတင်းရပ်ကွက်က ဆိုသည်။ သို့သော် ကေအန်ယူနှင့် ယင်း၏ လက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - ကေအန်အယ်အေ အဖွဲ့ဝင်များကို ထိုသို့ ထိုင်းနိုင်ငံပြင်ပသို့ ထွက်ခွာသွားရန် ဖိအားပေးခြင်းသည် ဤအကြိမ်သည် ပထမအကြိမ် မဟုတ်ကြောင်း သူက ပြောသည်။ “ဒါ ပထမအကြိမ် မဟုတ်ပါဘူး။ နောက်တော့လည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာပါပဲ” ဟု သူက ဆက်ပြောသည်။ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ၏ မူဝါဒရေးရာကို အစဉ်တစိုက် လေ့လာအကဲခတ်နေသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ၏ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံခြားရေးကော်မတီ တာဝန်ခံ ဦးညိုအုန်းမြင့်ကမူ ကေအန်ယူကို ပေးနေသော ဖိအားများနှင့် ပတ်သက်၍ သေချာပေါက် မပြောနိုင်သော်လည်း ဖြစ်နိုင်ခြေများကိုမူ မဟုတ်ဟု ပြော၍ မရကြောင်း ဆိုသည်။ “ကေအန်ယူကို ထိုင်းနိုင်ငံအတွင်းက ထွက်သွားဖို့ ဖိအားပေး ခံနေရတယ်ဆိုတာ ကျနော်တို့ ကြားပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဒါကို အတည်မပြုနိုင်ပါဘူး” ဟု ဦးညိုအုန်းမြင့်က ဆိုသည်။ သို့သော် ကေအန်ယူ ခေါင်းဆောင်များ နယ်စပ်မြို့များနှင့် ထိုင်းနိုင်ငံပိုင်နက် နယ်မြေများအတွင်းမှ ထွက်ခွာ သွားနေကြသည်ကိုမူ သူ သတိပြုမိကြောင်းလည်း ဆက်ပြောသည်။ ထိုင်းတပ်မတော် စစ်ဦးစီးချုပ်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ကရင်သူပုန်များကို ထိုင်းနိုင်ငံတွင်းမှ မောင်းထုတ်ရန် မြန်မာအစိုးရက တိုက်တွန်းခဲ့ပုံ ရကြောင်းလည်း သူက ပြောသည်။ “ထိုင်းနိုင်ငံက မြန်မာစစ်အစိုးရရဲ့ ဖိအားကြောင့် လုပ်နေရတာ ဖြစ်နိုင်တယ်။ ထိုင်းစစ်တပ် အကြီးအကဲရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒီလို နှစ်နိုင်ငံ သဘောတူညီချက် ရခဲ့တာဖြစ်နိုင်တယ်” ဟု သူက ဆက်ပြောသည်။ ထိုင်းနိုင်ငံ စစ်တပ်စစ်ဦးစီးချုပ် အနုဖုန်း ဖောင်ဂျင်းဒါး - Anupong Paochinda သည် ဖေဖော်ဝါရီလလယ်က မြန်မာနိုင်ငံသို့ ၂ ရက်ကြာ တရားဝင် အလည်အပတ်ခရီး သွားရောက်ခဲ့ကာ မြန်မာစစ်တပ်၏ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခဲ့သည်။
ဆော်လမွန် ကြာသပတေးနေ့၊ မတ်လ 05 2009 11:50 - မြန်မာစံတော်ချိန် (မဇ္ဈိမ)

မျိုးချစ်ကရင်အစည်းအရုံး(PKA) အမေရိကန်နိုင်ငံတွင် စတင်ဖွဲ့စည်း

Tuesday, March 3, 2009
ကရင်တော်လှန်ရေးအတွက် ဦးစီးတိုက်ပွဲဝင်နေသည့် မိခင်ကေအဲန်ယူကို ဘက်ပေါင်းစုံမှ ထောက်ပံ့ဝန်းရံနိုင်ရေးအတွက် မျိုးချစ်က ရင်အစည်းအရုံး (Patriotic Karen Association)ကို ကရင်လူဦးရေ ၃၀၀၀ကျော် နေထိုင်သည့် အမေရိကန်နိုင်ငံ၊ မယ်နီ ဆိုးထားပြည်နယ်တွင် စတင်ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ အမေရိကန်နိုင်ငံရောက် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူအဖွဲ့ဝင် ဟောင်းများ၊ ကရင်လက်နက်ကိုင်တပ်ပေါင်းစုံမှ တပ်မှူး တပ်သားဟောင်းများ၊ (KWO,KYO,KSNG,KED)စသည့် အဖွဲ့ဝင်ဟောင်းများဖြင့် (PKA)အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ အဆိုပါအဖွဲ့၏ ရည်ရွယ်ချက်များမှာ အမျိုးသားလွတ်မြောက်ရေး ဆောင်ရွက်နေသည့် ကရင့်အမျိုးသားများအား ဘက်ပေါင်းစုံ ထောက်ပံ့ကူညီသွားရန်၊ ကရင့်တော်လှန်ရေးသမိုင်းကို မျိုးဆက်သစ်များအား လက်ဆင့်ကမ်းသွားရန်နှင့် ကရင့်တော်လှန်ရေးသမိုင်း ပြုစုအကောင်အထည်ဖော်သွားရန်တို့ ဖြစ်သည်ဟု သိရှိရသည်။ မယ်နီဆိုးတာပြည်နယ်တွင် စတင်ဖွဲ့စည်းခဲ့သည့် အဆိုပါအဖွဲ့ကို အခြေအနေ တောင်းဆိုလာမှုနှင့် အခြေအနေပေးလာမှုအပေါ် အ မေရိကန်တပြည်လုံးနှင့် နိုင်ငံတကာအဆင့်အထိ တိုးချဲ့ဖွဲ့စည်းသွားမည်ဟုလည်း အဆိုပါအဖွဲ့၏ စည်းမျည်းဥပဒေတွင်းတွင် ရေး သားဖော်ပြထားသည်။ ကရင်စစ်မရှုံးရေး၊ နောင်မျိုးဆက်သစ်များကို (စစ်ရှုံး)သည့်အမွေ မပေးရရေးအတွက် အမျိုးသားရေးတာဝန်တရပ်ဖြစ်သည့် (အုတ်တချပ်၊ သဲတပွင့်) (ထမင်းတဆုတ်၊ ရေတမုတ်)ဖြင့် ကရင့်တော်လှန်ရေးကို တတပ်တအား ဘက်စုံကူညီပံ့ပိုးသွားမည်ဟုလည်း အဆိုပါအဖွဲ့မှ ထုတ်ပြန်သည့် လုပ်ငန်းစဉ်ရှင်းလင်းချက်တွင် ရေးသားထားသည်။ ထို့အပြင် အမေရိကန်နိုင်ငံ၌့ ရောက်ရှိနေထိုင်သူများပီပီ အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပြီး နိုင်ငံသားကောင်းပီသစွာ နေထိုင်သွားမည်ဟုလည်း အဆိုပါ ရှင်းလင်းချက်တွင် ဆက်လက် ရေးသားဖော်ပြထားသည်။ သတင်း-ကျော်အဲခေါင်သောင့်(http://ehkhaungthaunt.blogspot.com)

Wednesday, March 4, 2009

မြန်မာမဟုတ်တဲ့ သန်ရွှေအကြောင်း ပေါ်ပြီ

Wednesday, March 04, 2009

သန်းရွှေ DNA ကို စစ်လျင် ထိုင်း လူမျိုးဖြစ်ကြောင်းတွေ့ လိမ့်မည်။ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မြန်မာလူမျိုးမဟုတ်ကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီးဘက်မှဆွေမျိုးနီးစပ်တော်သူတစ်ဦးမှ ဖော်ထုတ်လိုက်သည်။ သန်းရွှေ ရဲ့ ထိုင်းငယ်နာမည်မှာ ခွိုင်ဒန် ( ကျွဲကြီး) ဖြစ်ကြောင်း သန်းရွှေ မိဘများမှာ ထိုင်းရာမနတ်ကို ကိုးကွယ်သူများဖြစ်ကြောင်း သူတို့ ငယ်စဉ်ကနစ်စဉ် ပူဇော်ပသမှုများပြုလုပ်လေ့ရှိကြောင်း။ ရာမနတ်ကွန်းကို မန္တလေးမြို့ တွင် ယနေတိုင်တွေ့ရှိနိင်သေးကြောင်း။အဆိုပါပုဂ္ဂိုလ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ထံမှ အကူအညီလုံးဝမယူဘဲ ယနေ့ထက်တိုင်သက်ရှိထင်ရှားနေထိုင်လျက်ရှိသော(အမည်မဖော်လိုသူ) အသက်အရွယ်ကြီးရင့်ပြီ ဖြစ်သောအမျိုးသားတစ်ဦးဖြစ်သည်။ 'လူတွေကပြောတယ်၊ သူ့ခေတ်သူ့အခါပဲ သူ့(သန်းရွှေ)ဆီ အကူအညီတောင်းလိုက်လို့တိုက်တွန်းကြတယ်။ အေးအေးပဲနေချင်တယ်။ သူတို့နဲ့မပတ်သတ်ချင်ဘူး'ဟုကိုယ့်အားကိုယ်ကိုး ရပ်တည်နေသော အဘမှပြောပြသည်။ဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြောင်းနှင့်ပတ်သတ်၍သိရှိသမျှကိုပြန်လည်ပြောပြရာ'မွန်ပြည်နယ်မှဖြစ်ကြောင်း၊သန်းရွှေမှာ ထိုနယ်ရှိထိုင်းသုံ့ပန်းများမှပေါက်ဖွားလာသောထိုင်းအနွယ်ဖြစ်ကြောင်း၊ထိုသုံ့ပန်းများသည်မြန်မာမင်းများယိုးဒယားကိုတိုက်ခိုက်စဉ်ကဖမ်းဆီးလာသောသူများဖြစ်ကြောင်း၊အဆိုပါဒေသတွင်ထိုင်းသုံ့ပန်းတို့သည်ခက်ခဲပင်ပန်းစွာအသက်မွေးရကြောင်း၊အချို့မှာလယ်ကျွန်နှင့်ပြည့်တန်ဆာများအဖြစ်လုပ်ကိုင်ကြကြောင်း၊ယနေ့တိုင်ထိုထိုင်းအနွယ်တို့ကိုတွေ့နိုင်သေးကြောင်း။လူပျိုပေါက်အရွယ်တွင်သန်းရွှေသည် မြန်မာနိုင်ငံအလယ်ပိုင်းရှိကျောက်ဆည်နယ်သို့မိဘများဇာတိကိုဖျောက်၍ လာရောက်အလုပ်လုပ်ကိုင်သူဖြစ်ကြောင်း၊မြန်မာလူမျိုးမိသားစုတစ်စုကလက်ခံကာကျွေးမွေးခဲ့ကြောင်း၊ထိုမိသားစုကို ယနေ့တိုင် သန်းရွှေမှစောင့်ရှောက်ထားကြောင်းနှင့်¤င်းမိသားစုဝင်များသည် ယခုခရိုင် အုပ်ချုပ်ရေးမှူးထက်ပင်သြဇာအာဏာရှိကြောင်း၊ ဗိုလ်သင်တန်းတတ်ရန်အရွေးချယ်မခံရမီအထိ မိတ္ထီလာစာတိုက်တွင် ရုံးစာရေးလုပ်ခဲ့ကြောင်း၊ဗိုလ်သင်တန်းတတ်ရန်အတွက် အသက်ကြီးလွန်းနေသဖြင့် အသက်ကိုလိမ်ကာ(၁၉၃ဝ)တွင်မွေးသည်ဟု၎၊၅နှစ်ခန့်လိမ်လည်ခဲ့ကြောင်း၊မွေးနှစ်အမှန်ကိုမည်သူမျှမသိကြောင်း၊ စစ်ဗိုလ်ဘဝတွင်သန်းရွှေဦးဆောင်သောတိုက်ပွဲများအမြဲလိုရှုံးကြောင်း၊ ဒီအချက်ကလည်း ထိုင်းဇာတိကို ပြနေခြင်း ဖြစ်ကြောင်း။ထိုစဉ်အခါကစစ်တပ်တွင်တိုက်ပွဲရှုံးပါကပြင်းပြင်းထန်ထန်အရေးယူသောစနစ်မရှိသေးဘဲတိုက်ပွဲမအောင်သောတပ်ကို ကားစီစဉ်မပေးဘဲလမ်းလျှောက်ပြန်စေခြင်းကဲ့သို့ပြစ်ဒဏ်များကိုသာပေးလေ့ရှိကြောင်း၊သန်းရွှေဦးစီးသောတပ်မှာ မကြာခဏလမ်းလျှောက်ပြန်လာရသောတပ်ဖြစ်ကြောင်း'တို့ကို ပြောပြသည်။ဗိုလ်ချုပ်မှူးကြီးသန်းရွှေရာထူးတိုးလာပုံနှင့်ပတ်သတ်၍'နေဝင်းအာဏာသိမ်းပြီးနောက်တွင်သန်းရွှေကိုစစ်မတိုက်ခိုင်းတော့ဘဲ မင်္ဂလာဒုံတွင်ဖွင့်လှစ်ထားသော ဆိုရှယ်လစ်စနစ်ကိုသင်ကြားပေးရသည့်ဗဟိုနိုင်ငံရေးတက္ကသိုလ်တွင် ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်ထားကြောင်း၊ နောက်ပိုင်းတွင် နေဝင်းကစောမောင်အား ကာကွယ်ရေး ဦးစီးချုပ်ခန့်ရာ စစ်အတွေ့အêကံနုသောသူကိုရှာဖွေ၍ စောမောင်နှင့်တွဲဖက်ပေးပါက အမိန့်နာခံမည်ဟုထင်ကာ လူရှာရာ သန်းရွှေကိုတွေ့ကြောင်း၊ သန်းရွှေမှာ 'ခပ်ထုံထုံ၊ခပ်အအ'ဖြစ်သည့်အတွက်အခြားထက်မြတ်သူများကဲ့သို့ခေါင်းဆောင်ကိုပြန်လည်တော်လှန်မည့်သူမဖြစ်နိုင်ဟု နေဝင်းနှင့်စောမောင်မှ ယူဆခဲ့ကြောင်း၊ ထို့ကြောင့်ဒုတိယကာကွယ်ရေးဦးစီးချုပ်ရာထူးကို ပေးအပ်ခဲ့ကြောင်း၊ စောမောင်မှာ၁၉၉ဝခုနှစ်တွင်ရွေးကောက်ပွဲကျင်းပပေးမိရာဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောအမျိုးသားဒီမိုကရေစီအဖွဲ့မှ အနိုင်ရသွားသဖြင့် 'အာဏာလွှဲမယ်'ဟု စကားကျွံသွားသောကြောင့် ရာထူးမှဖယ်ရှားခံရကာ သန်းရွှေနေရာရလာကြောင်း'တို့ကိုမှတ်သားဖွယ်ရာပြောပြခဲ့သည်။သို့သော် ဤနေရာတွင်မရှင်းလင်းသည့်အချက်တစ်ချို့ကို အထက်ပါရှေးမီနောက်မီ အဘအားမေးမြန်းမိသည်။ 'ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထိုင်းလူမျိုးထဲကဆိုရင် သူကဘာဖြစ်လို့ထိုင်းနိုင်ငံကို မုန်းတာလဲ။သူ့လက်ထက်မှာ ယိုးဒယားလူမျိုးတွေကို မုန်းတီးတဲ့စာတွေကို ကျောင်းဖတ်စာအုပ်တွေထဲမှာ ထည့်သွင်းသင်ကြားရတာရယ်၊ ပြီးတော့ ထိုင်းနဲ့မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတင်းမာလာတွေကိုရောဘယ်လိုပြောမလဲ။'ဟုမေးမြန်းရာ 'ဒါသူ့ရဲ့ သိပ်တော်တဲ့နည်းဗျူဟာကွ၊ မင်းတို့ ၁၉၆၇ တုန်းက တရုတ်ဗမာ အဓိကရုဏ်းကိုမီချင်မှမီမယ်။ နေဝင်းလက်ထက်မှာ တရုတ်နဲ့ဗမာသတ်ကြတယ်။ အားလုံးသိတဲ့အတိုင်း နေဝင်းကတရုတ်။သူ့နာမည်အရင်းက ရှုမောင်၊ တို့ဗမာအစည်းအရုံးထဲဝင်တော့ သခင်ရှုမောင်ဖြစ်လာတယ်။ နောက်တော့ရဲဘော်သုံးကျိပ်မှာ သခင်အောင်ဆန်းက ဗိုလ်တေဇနာမည်ပြောင်းတော့၊ သူကဗိုလ်နေဝင်းဖြစ်လာတယ်။ဒီကောင်က မရိုးသားတဲ့ကောင်ဆိုတော့ ဗိုလ်ချုပ်(အောင်ဆန်း) မရှိတော့ တိုင်းပြည်အာဏာကို မတရားသိမ်းပြီးအုပ်ချုပ်တာ။ အဲဒီလိုအုပ်ချုပ်တာ သူ့ကိုတို့ဗမာတွေက တရုတ်လို့ထင်မှာစိုးတော့ မဆီမဆိုင်တရုတ်တွေကိုသွားပြီး နှိပ်ကွပ်တော့တာပဲ။ တရုတ်စာသင်ကျောင်းတွေ ပိတ်ပစ်လိုက်တယ်။တရုတ်သံရုံးက ဝန်ထမ်းတွေကိုသတ်တဲ့အထိလုပ်ပြလိုက်တယ်။နေဝင်းတပည့်သန်းရွှေကလည်းသူ့ဆရာလုပ်သလိုလိုက်လုပ်တာပေါ့။ယိုးဒယားလူမျိုးတွေကိုသူကရန်လိုတဲ့ပုံစံပြထားတော့သူ့ကိုဘယ်သူက ယိုးဒယားလို့ထင်ဦးမှာလည်းကွ။'အထက်ပါ အဘ၏စကားအဆုံးတွင် ခေါင်းထဲတွင်ယခင်ကမရှင်းလင်းသောအချက်တစ်ခုထင်းကနဲ မြင်လာသည်။ကျောက်ဆည်သားတို့သည် ယဉ်ကျေးကြသည်။ မြန်မာဆန်သည်။ယနေ့အထိ ရိုးရိုးကြီး၊ တုံးတိကြီးစကားပြောကြသည်။မြန်မာအစ ကျောက်ဆည်က'ဟု ပညာရှင်တို့ခံယူထားသည်။ယခင်ကသန်းရွှေမှာ ကျောက်ဆည်သားဟုအများကသိရှိထားရာ'အဘယ့်ကြောင့်ကျောက်ဆည်သားဖြစ်လျက်ဤမျှလောက်ရိုင်းသနည်း၊ရဟန်း၊သံဃာကိုသတ်ဖြတ်ဝံ့သနည်း' ဟုတွေးမရသောအရာတို့သည်အဘ၏ရှင်းပြချက်ကို နားထောင်ပြီး ရှင်းလင်းသွားပါတော့သည်။(အဘသည်မြန်မာပြည်တွင်းတွင် နေထိုင်လျက်ရှိသောကြောင့် အဘကိုငဲ့၍ အသေးစိတ်ကိုပြောပြရန်ခက်ခဲနေသည်။ အဘက သူ၏ပြောပြချက်များကို သက်သေအခိုင်အမာထူရန် တာဝန်ယူကြောင်း ပြောလိုက်ပါသေးသည်။ နောက်တွင် အဘမျက်စိမှိတ်သွားလျှင်သော်လည်းကောင်း၊ သန်းရွှေရာထူးပြုတ်ကျသွားလျှင်သော်လည်းကောင်းအဘမည်သူမည်ဝါဖြစ်သည်ကိုထုတ်ဖော်ပြောကြားပါမည်။ယခုအချက်အလက်များသည်မြန်မာလူမျိုးတို့သိထားသင့်သည်ဟုအခိုင်အမာယုံကြည်၍တာဝန်သိသော(သို့မဟုတ်)တာဝန်ရှိသော မြန်မာတစ်ဦးအနေဖြင့်ဖော်ထုတ်လိုက်ပါသည်။ဖြစ်တန်၏၊မဖြစ်တန်၏'ကိုမိမိတို့ကိုယ်တိုင်သိရှိကြသောဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရုပ်ရည်ပုံပန်းသဏ္ဌာန်၊ အûပအမှု၊သဘောထားတို့မှတဆင့် စဉ်းစားဝေဖန်သုံးသပ်ကြပါ။
ကိုမိုးသီးမှကူးယူအမျှဝေပါသည်

ရန်ကုန်လက်ဝှေ့ပွဲ ဆူပူမှုဖြစ် ပြိုင်ပွဲမီးမှောင်ချပြီး ၀န်ကြီးကို ကာကွယ်ပေးရ


Tuesday, March 3, 2009

NEJ /၃ မတ် ၂၀၀၉ဆူပူမှုဖြစ်ပွားခဲ့သည့် လက်ဝှေ့ပွဲအားကစားဝန်ကြီး ဗိုလ်မှူးချုပ်သူရအေးမြင့် လက်ဝှေ့ပွဲ ကြည့်ရှုနေစဉ် ဆူပူမှုတရပ် ဖြစ်ပွားခဲ့ကြောင်း အဆိုပါပွဲကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူများက ပြောသည်။ မတ်လ (၁) ရက်က ရန်ကုန် သုဝဏ္ဏ အားကစားရုံတွင် ကျင်းပသည့် ဒဂုံရွှေအောင်လံ လက်ဝှေ့ပြိုင်ပွဲအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပရိသတ်များ ဆူပူလာသည့်အတွက် ခန်းမကို မီးမှောင်ချပြီး လက်ဝှေ့ပွဲကြည့်နေသည့် အားကစားဝန်ကြီး ဗိုလ်မှူးချုပ် သူရအေးမြင့်အား လုံခြုံရေးများက အကာအကွယ်ပေးခဲ့ရကြောင်း ကိုယ်တိုင်ကြုံ တွေ့ခဲ့ရသူတဦးက ပြောသည်။ ၎င်းက “အဲဒီနေ့က လက်ဝှေ့ပွဲ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ စောငမန်းနဲ့ လုံးချော (ညောင်တုန်း) ထိုးတဲ့ပွဲမှာ ဖြစ်တာ။ သူတပြန် ကိုယ်တပြန် ထိုးနေတုန်း စောငမန်း လဲကျနေတဲ့အချိန် လုံးချောက ညစ်ပြီး ဒူးနဲ့တိုက်ဖို့ ကြိုးစားတာ။ ပရိသတ်က အားလုံးတွေ့နေရတော့ လုံးချောညစ်တယ်ဆိုပြီး ဆဲလည်းဆဲ၊ ရေသန့်ဘူးတွေ၊ ရေခဲအိတ်တွေ အချိုရည်ဘူးခွံတွေနဲ့ စင်ကို ဝိုင်းပေါက်ကြတာ။ အဲဒီအချိန် ဗိုလ်မှူးချုပ် သူရအေးမြင့်လည်း ပွဲကြည့်နေတယ် ဆိုတော့ ခန်းမကြီးတခုလုံးကို မီးမှောင်ချလိုက်ရတယ်။ မိနစ်တချို့ကြာပြီးနောက် မီးပြန်လင်းလာပြီး ဒိုင်ချုပ်က ပရိသတ်ကို အကယ်၍ စည်းကမ်းချိုးဖောက်တာ ရှိခဲ့ရင် အမှတ်လျှော့မယ်၊ အရှုံးပေးပါ့မယ်၊ ပရိသတ်ကြီး ကျေနပ်ကြပါဆိုပြီး တောင်းပန်တယ်။ မီးမှောင်ပြီး ရေသန့်ဘူးတွေ ပလူပျံနေတုန်းမှာ ဝန်ကြီးကို လုံခြုံရေးရဲတွေ ရောက်လာပြီး အကာအကွယ်ပေးကြတယ်။ လက်ဝှေ့ကြိုးဝိုင်းနားမှာ ကြည့်နေတဲ့ အချို့စစ်အရာရှိတွေကတော့ ခုံအောက်ကြမ်းပြင်ပေါ်မှာ ဝပ်နေကြတာ တွေ့ရတယ်” ဟု ပြောသည်။ အဆိုပါပွဲပြီးသည့်နောက် လုံးချောနဲ့ စောငမန်း တယောက်ကို တယောက် အလဲထိုးနိုင်ခြင်း မရှိသည့်အတွက် အမှတ်ပေးဆုံးဖြတ်သည်။ အမှတ်ပေးဒိုင် (၃) ဦးစလုံးက စည်းကမ်းချိုးဖောက်၍ ပရိသတ်များ အော်ဟစ် ဆန္ဒပြခဲ့သည့် လုံးချောကို အရှုံးပေးပြီး စောငမန်းကို အနိုင်ပေးခဲ့ရသည်။ အဆိုပါပွဲကို ကြည့်ရှုခဲ့သူ နောက်ပရိသတ်တဦးကလည်း အဆိုပါပွဲကိုကြည့်ရင်း မြန်မာလူမျိုးများ၏ မတရားမှုကို လက်ပိုက်ထိုင်ကြည့်မနေတတ်သည့် စိတ်ထား ပေါ်လွင်ကြောင်း၊ ဝန်ကြီးတပါး ထိုင်နေသည်ကိုပင် ဂရုမစိုက် မကြောက်ဘဲ ဆူပူဆန္ဒပြရဲကြကြောင်း၊ ထို့ကြောင့် ရလဒ်သည်လည်း ပရိသတ်လိုလားသည့် ရလဒ် ဖြစ်ခဲ့ကြောင်း၊ အကယ်၍ ဒိုင်များကသာ လုံးချောကို အနိုင်ပေးလိုက်ပါက ရုံထဲတွင် ၎င်းထက်ကြီးသည့် အဓိကရုဏ်းတခု မြင်တွေ့ရနိုင်ဖွယ်ရှိကြောင်း စသဖြင့် ပြောပြသည်။ စစ်အစိုးရ အုပ်ချုပ်နေသည့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ စစ်အရာရှိ ဝန်ကြီးတဦးရှိနေချိန် ဆူဆူပူပူ ဖြစ်ပွားခြင်းမှာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ်ဖြစ်သည်။ ယခင်ကသာ ယခုကဲ့သို့ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့လျှင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ဆူပူသူများကို ရှာဖွေဖမ်းဆီးအရေးယူမည် ဖြစ်သော်လည်း ယခုဖြစ်ရပ်တွင်မူ မတရားမှုကို မနှစ်သက်သည့် ပရိသတ်အင်အားက ကြီးမားနေသဖြင့် မည်သို့မျှ အရေးယူနိုင်ခြင်း မရှိကြောင်း စုံစမ်းသိရသည်။ အဆိုပါနေ့က အားကစားရုံထဲတွင် ပရိသတ် (၂,ဝဝဝ) ကျော်ခန့်ရှိသည်။
Posted by အဲခေါင်သောင့်

analysis/sawpadohknyaw Kewkalu News


Monday, March 2, 2009

KNL ( JAPAN ) ၂၀၀၉ခုနှစ် ၂ လပတ်အစည်းအဝေး

KNL ( JAPAN ) ၂၀၀၉ခုနှစ် ၏နှစ်လပတ်ပုံမှန်အစည်းအဝေးကို ၂၀၀၉-၂-၂၈ နေ့ တွင်ကျင်းပပြုလုပ်ခဲ့ရာKNL ( JAPAN ) ၏အဖွဲ့ ဝင်များတက်ရောက်ကြ၍အဖွဲ့ ၏ရှေ့လုပ်ငန်းစဉ်များ ။ မိမိတို့ ၏လူမျိုးရေး ၊ နိုင်ငံရေး များဆွေးနွေးတိုင်ပင်ခဲ့သည်။

Sunday, March 1, 2009

ဂျပန်ပြည်ဒီမိုကရက်တစ်ပါတီမှလွှတ်တော်အမတ်များနှင့်အရေးပေါ်အစည်းအဝေး

အရေးပေါ်အစည်းအဝေးဖိတ်ကြားဖြင့်မိမိ၏အမျိုးသားနေ့ နှင့်ပြည်ထောင်စုနေ့အတွက်
ရောက်ရှိနေသောအထူးဧည့်သည်တော်များအဖြစ်ဂျပန်ပြည်သို့ ခေတ္တရောက်ရှိနေကြ
သောမွန်ပြည်သစ်ပါတီမှဥက္ကဌနိုင်ထောမွန်၊ ရခိုင်အမျိုးသားဒီမိုကရေစီ၏ဥက္ကဌUNLD,
L-A,MPU ဦးထွန်းဝင်း ၊ KNO အတွင်းရေးမှူး၊ ENC တိုင်းရင်းသားလူမျိုးများကောင်စီ၏အတွင်းရေးမှူး ဒူးဝါးမခေါ်ခွန်ဆာ ၊ မြန်မာဒီမိုကရေစီအရေးလှုပ်ရှားနေသောအမတ်များ ၊ တိုင်းရင်းသားအရေးလှုပ်ရှား
နေသောအမတ်များ ၊ ဂျပန်နိုင်ငံတွင်ဒီမိုကရေစီလှုပ်ရှားနေသောတိုင်းရင်းသားလူမျိုးများများ ၊ မြန်မာဒီမိကရေစီလှုပ်ရှားသူမျာ့းတက်ရောက်ပြီး၊ တိုင်းရင်းသားများကိုစားအချက်ငါးချက်မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်က တိုင်းရင်းသားများကိုယ်စား ဂျပန်အစိုးရ လွှတ်တော်ကို တောင်းဆိုသွားခြင်း ဖြစ်သည်။ဥက္ကဌ နိုင်ထောမွန်တောင်းတိုသောအချက်ငါးချက်မှာ----------------------------
(၁) က UN ရဲ့ဆုံးဖြတ်ချက်နဲ့အညီသုံးပွင့်ဆိုင်ဆွေးနွေးပြီးတော့နိုင်ငံရေးပြဿနာကိုအ ဖြေရှာဖို့ကိစ္စကိုဂျပန်အစိုးရကလည်း UN နဲ့တွဲပြီးဖိအားပေးဖို့၊
(၂)နောက်တခုကဖမ်းထား တဲ့နိုင်ငံရေးအကျဉ်းသားအားလုံးကိုလည်းအမြန်လွှတ်ပေးဖို့ ၊
နံပါတ်(၃) ကျတော့၊ စစ် အစိုးရရေးဆွဲတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံစည်းမျဉ်းဥပဒေဟာ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးပါတီ အထူးသဖြင့် NLD တို့ဒီမိုကရေစီပါတီ၊ ဒီမိုကရေစီ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ညှိနှိုင်း ပြီးတော့လိုအပ်တဲ့ပြင်ဆင်မူတွေကို တကယ်လို့ သူတို့လက်မခံပဲနဲ့ တဖက်သတ်အကောင်အထည်ဖေါ်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ လက်မခံနိုင်ဘူးဆိုတာ တင်ပြတာရှိတယ်။ နံပါတ်(၄) ကျတော့ညှိနိုင်းမူမရှိပဲနဲ့ တဖက်သတ်လုပ်မယ်ဆိုယင် ကျွန်တော်တို့နိုင်ငံရေးပြသနာ
ကိုပြေလည်အောင် ဖြေရှင်းနိုင်မှာမဟုတ်ဘူး၊ အခြေအနေပိုဆိုးလာနိုင်တယ် ဆိုတာလေးလေးနက်နက် သိစေချင်တယ်၊
နံပါတ်(၅) ကျတော့တဖက်သက်လုပ်မယ်ဆိုရင်လူ့အခွင့်အရေး ချိုးဖေါက်မူတွေ ပိုများလာနိုင်တယ်၊ ဒီမိုကရေစီ လူပ်ရှားမူတွေနဲ့ တိုင်းရင်းသားတွေရဲ့လူပ်ရှားမဲ့သူတွေအတွက် အခက်အခဲရှိလာမယ်၊ ဒုက္ခသည်တွေများလာမယ်၊ ပိုမိုကူညီ နိုင်ရေးအတွက် ဂျပန်အစိုးရက စဉ်းစားပေးပါရန် ဆိုပြီးတော့အဲဒီလို(၅) ချက်တင်ထားတယ်။





စောကျော်ထင်ထူး KNL (JAPAN )

ဂျပန်ပြည်ဒီမိုကရက်တစ်ပါတီမှလွှတ်တော်အမတ်များ၊ဂျပန်ပြည်သို့ ခေတ္တရောက်ရှိတိုင်းရင်းသားခေါင်းဆောင်များ၊NGOများနှင့်ဂျပန်ပြည်အခြေစိုက်တိုင်းရင်းသားများ




ဒီမိုကရက်တစ်ပါတီမှ MR.NAGAGAWA, MR.MABUCHI နှင့်MR.SUZUKI တို့ သည်ဂျပန်ပြည်သို့ ခေတ္တ
ရောက်ရှိနေကြသောမွန်ပြည်သစ်ပါတီမှဥက္ကဌနိုင်ထောမွန်၊ ရခိုင်အမျိုးသားဒီမိုကရေစီ၏ဥက္ကဌ UNLD,L-A,
MPU ဦးထွန်းဝင်း ၊ KNO အတွင်းရေးမှူး၊ ENC တိုင်းရင်းသားလူမျိုးများကောင်စီ၏အတွင်းရေးမှူး ဒူးဝါးမခေါ်ခွန်ဆာ၊ ဂျပန်ပြည် များဖြစ်ကြသည်၊၊မြောက်ကိုရီးယားနှင့်မြန်မာနိုင်ငံသားတိုင်းရင်းသားများအရေး
ကိုလုပ်ဆောင်နေ့ သည့် လူအခွင့်အရေးဆုရသူ MR.KATO HIROSHI, AMNESTY INTERNATIONAL , MAEKHAUNG WATCA , PWOPLE FORUM ON BURMA , JAPAN ASSOCIAITION FOR REFUGEES ( UNHCR ) BURAM INFORMATION NET WORK နှင့်ဂပန်အခြေစိုက်တိုင်းရင်းသားတပ်ပေါင်းစု ASSOCIATION OF UNINTED NATIONALITIES IN JAPAN (AUN-JAPAN)အဖွဲ့ ဝင်များဖြစ်သော
KACHIN NAITIONAL ORGANIZATION JAPAN မရစ်ဆိုင်းဘူ (အတွင်းရေးမှူး )
KAREN NATIONAL LEEAGUE JAPAN စောဘလှသိန်း ဥက္ကဌ AUN-JP FOUNDER AND ADVISER
CHIN NATIONAL COMMUNITY JAPAN ထန်နိုင်လျန်းထန်ဥက္ကဌ AUN-JP FOUNDER AND ADVISER
NAGA NATIONAL SOIETY JAPAN ဦးမြင့်ထွန်း ဥက္ကဌ AUN-JP FOUNDER AND ADVISER
PALAUNG ။ ။ ။ မိုင်ကျော်ဦး ဥက္ကဌ AUN-JP FOUNDER AND ADVISER
ARAKAN LEAGUE FOR
DEMOCRACY (EXILE- JP) ဦးဇော်မင်းခိုင် ဥက္ကဌ AUN-JP FOUNDER AND ADVISER
PONNYAGARI MON NATIONAL
SOCIETY မင်းမျိုးချစ် ဥက္ကဌ AUN-JP FOUNDER AND ADVISER
SHAN NATIONALITIES FORDEMOCRACY
စိုင်းစီဝမ်း ဥက္ကဌတို့ အား REPRESENTATIVE HOUSE NO.1
တွင်၂၀၀၉-၂-၁၀ ရက်နံနက် ၁၀း၀၀ မှ ၁၁း၁၅ ထိလက်ခံတွေ့ ဆုံပြီးတိုင်းရင်းသားအရေးများကိုအချိန်ပေးဆွေး
နွေးခဲ့ပါသည်။
တိုင်းရင်းသားခေါင်ဆောင်းများမှမြန်မာနိုင်ငံအရေးနှင့်တိုင်းရင်းသားများအရေး၊ တိုင်းရင်းသားများအခွင့်အရေး
တန်းတူရရှိရေး ၊ လက်ရှိအပစ်အခတ်ရပ်စဲရေးအခြေအနေ၊ လက်ရှိနယ်မြေဒေအခြေအနေ ၊ ယခင်ကတိုင်းရင်း
သားများသမိုင်းနှင့်လက်ရှိအခြေအနေ ၊ စစ်တပ်၏လူအခွင့်အရေးချိုးဖေါက်မှုအခြေနေ ၊ လွတ်လပ်ရေးမရမှီအ
ချိန်နှင့်လွတ်လပ်ရေးရပြီးယခုအချိန်အထိအခြေအနေများကိုအချက်ကျကျအသီးသီးဆွေးနွေးတင်ပြခဲ့ပါသည်။
နောက်ဆုံး ၂၀၀၈ ဥပဒေဟာမြန်မာပြည်ဒီနိုကရေစီအရေးအတွက်ပြေလည်မှုရှိမည်မဟုတ်ပုံ၊ တိုင်းရင်းသားများ
လည်းပြည်နယ်များတွင်အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ရှိမည်မဟုတ်ပုံ ၊ ၂၀၁၀မတိုင်ခင်အတိုက်အခံပါတီများ ၊
တိုင်းရင်းသားများနှင့် ၂၀၀၈ ဥပဒေကိုပြန်လည်ညှိုနှိုင်းပြင်ဆင်ရန်လိုအပ်ပုံ ၊ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကိုပြုလုပ်
ရန်လိုအပ်ပုံ ၊ နိုင်ငံခေါင်းဆောင်ဖြစ်သောဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦးနှင့်နိုင်ငံရေးအကျဉ်း
သားများအားလွှတ်ပေးရန်ဂျပန်အမတ်များကနေတထင့်ဂျပန်အစိုးရမှမြန်မာစစ်အစိုးရအားတိုက်တွန်းပေးပါရန်
တို့ ကိုပြောကြားခဲ့ပါသည်၊၊
ဒီမိုကရက်တစ်ပါတီမှလွှတ်တော်အမတများကလည်း၎င်းတို့ အနေနှင့်မြန်မာပြည်ဒီမိုကရေစီရရှိရေးနှင့်တိုင်းရင်း
သားများအရေးကိုတတ်နိုင်သလောက်လုပ်ဆောင်သွားမည်ဟုဂတိပေးပြောကြားခဲ့ပါသည်၊၊
စောဆဲနေဘလု (KNL- JAPAN )

VDO_NMSP Chairman meets Japanese Parliament

February 25, 2009
The chairman of the largest political party representing Mon people has returned from a visit to Japan. The visit included meetings with members of the Japanese parliament and government, as well as NGOs and the over-seas Burmese community.
Nai Htaw Mon, Chairman of the New Mon State Party (NMSP) was joined by 9 other representatives from the Association of United Nationalities (AUN). Representatives included members of the Kachin, Chin, Karen, Mon, Arakan, Naga, Pao, Palaung and Shan ethnic groups, many of whom now permanently reside in Japan.

ကျနော်တို့မှာ ညီညွတ်ရေး မရှိကြဘူး

#fullpost {display:none;}
Monday, 02 February 2009 17:50 ဧရာဝတီ
ဗိုလ်မှူးချုပ် ဂျော်နီသည် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၇ ၏ တပ်မဟာမှူး ဖြစ်သည်။ ဘားအံခရိုင် အတွင်းရှိ တပ်မဟာ ၇ နယ်မြေများသည် KNLA ၏ အရေးအပါ ဆုံးသော နယ်မြေများ ဖြစ်သည်။ ဗိုလ်မှူးချုပ် ဂျော်နီသည် ၂ဝဝ၇ ဇန်နဝါရီလမှ စတင်ပြီး တပ်မဟာမှူး အဖြစ် တာဝန်ပေး ခံခဲ့ရသည်။ဧရာဝတီနှင့် ဆက်သွယ် မေးမြန်းခန်းတွင် ဗိုလ်မှူးချုပ် ဂျော်နီက KNLA ၏ နိုင်ငံရေး အဖွဲ့ ဖြစ်သော ကရင် အမျိုးသား အစည်းအရုံး (KNU)၊ မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားမှုတို့နှင့် ပတ်သက်ပြီး ပြောပြခဲ့သည်။
မေး။ ။ ၂ဝဝ၉ ခုနှစ်မှာ ဘာတွေလုပ်မလဲ။
ဖြေ။ ။ ကျနော်တို့ ၂ဝဝ၉ ထဲမှာ သံဃာတော်တွေ၊ ကျောင်းသားတွေ၊ ပြည်တွင်း ပြည်ပက အတိုက်အခံ တွေနဲ့ ပိုပြီး လက်တွဲရမယ်၊ စစ်အစိုးရရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ရမယ်။ ဘာကြောင့်လဲလို့ ဆိုတော့ ရွေးကောက်ပွဲမှာ စစ်အစိုးရက နိုင်သွားရင် ကျနော်တို့ စစ်ဖိနပ်အောက်က လွတ်တော့မှာ မဟုတ်ဘူးလေ။
မေး။ ။ လက်နက်ကိုင် ပဋိပက္ခနဲ့ ပတ်သက်ပြီး မဟာဗျူဟာ ဘယ်လိုချထားသလဲ။
ဖြေ။ ။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းရမယ်။ ဒါကြောင့် ကျနော်တို့က စစ်အစိုးရကို အမြဲတမ်း တံခါးဖွင့် ထားပါတယ်။ စစ်အစိုးရက ဂရုမစိုက်ဘူး ဆိုတော့ ကျနော်တို့က လက်နက်ကိုင်ပြီး တိုက်နေရတာပါ။ကျနော်တို့ကို ဗမာစစ်တပ်က လာတိုက်ရင် ကျနော်တို့ ပြန်တိုက်ရမှာပဲ။ ကျနော်တို့ လက်နက် ကိုင်ထားတယ်ဆိုတာ ဗမာတွေကို တိုက်ဖို့ မဟုတ်ဘူးလေ၊ ကျနော်တို့က မဟာဗမာ စစ်အာဏာရှင် စနစ်ကို တိုက်နေတာပါ။ကျနော်တို့က လက်နက်ကိုင် တိုက်ပွဲကို ဆက်ပြီး ဆင်နွှဲသွားမယ်။ စစ်အစိုးရက လာတိုက်ရင် ကျနော်တို့က ပြန်တိုက်မှာပဲ။
မေး။ ။ KNU ထဲမှာ ဖြစ်နေတဲ့ အကွဲအပြဲတွေနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။
ဖြေ။ ။ တယောက်နဲ့ တယောက် နားလည်မှု မရှိကြတာ ကျနော်တို့ရဲ့ အားနည်းချက်ပဲ။ ကျနော်တို့မှာ ညီညွတ်ရေး မရှိကြဘူး။ တော်လှန်ရေး ကြာလာတာနဲ့အမျှ စစ်အစိုးရက ဝင်ပြီး သွေးခွဲတဲ့အတွက် ကျနော်တို့ရဲ့ ရဲဘော်တွေ စစ်အစိုးရဆီမှာ လက်နက် ချကြတာပဲ။သိတဲ့အတိုင်း ရန်သူက ကျနော်တို့ကို နေ့တိုင်း သွေးခွဲဖို့ ကြိုးစားတယ်။ ဒါကို ကျနော်တို့ သိသိကြီးနဲ့ သွေးခွဲ ခံနေကြတယ်။ ဥပမာ (KNU ကနေ ခွဲထွက်သွားတဲ့) ဗိုလ်ချုပ် ထိန်မောင် ဆိုရင် ရန်သူက သူ့ကို သွေးထိုး နေတယ်ဆိုတာ သူ ကောင်းကောင်း သိတာပဲ။ ဒါပေမယ့် သူ ခွဲထွက်သွားတယ်။ ဒါ ရန်သူက တော်လို့ မဟုတ်ဘူး၊ ကျနော်တို့ ညံ့လို့ ဖြစ်တာတွေပဲ။ကျနော်တို့ကတော့ ကျနော်တို့ သမိုင်းကို အကောင်းဆုံး ဖြစ်အောင် ကိုယ်တိုင် ရေးကြရမှာပဲ။
မေး။ ။ KNU ထဲမှာ ညီညွတ်မှု ရဖို့အတွက် ဘာလုပ်မလဲ။
ဖြေ။ ။ ကျနော်တို့ အမြဲတမ်း သတိထားနေရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရန်သူက ကျနော်တို့ကို အမြဲတမ်း သွေးခွဲနေတယ်လေ။ ရန်သူ ပြောတာကို နားယောင်လို့ မရဘူးနော်။ ကျနော်တို့မှာ ကိုယ်ပိုင်မူဝါဒ ရှိတယ်။ ကျနော်တို့ရဲ့ မူဝါဒအတိုင်း ရပ်တည်မယ်ဆိုရင် ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ကို သေချာပေါက် ရောက်မှာပဲ။ပဒိုမန်းရှာ တို့လိုမျိုး ကျနော်တို့ ခေါင်းဆောင် တွေက ပြည်သူလူထု အတွက် အကောင်းဆုံး လုပ်သွားခဲ့ ကြတာပဲ။ ကျနော်တို့က မပြီးပြတ်သေးတဲ့ တာဝန်တွေကို ဆက်ပြီး ထမ်းဆောင်ရမယ်။ ကျဆုံးသွားကြတဲ့ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေဟာ အင်မတန်ကို မြင့်မြတ်တဲ့ ခေါင်းဆောင်တွေ ဖြစ်ပါတယ်။ကျနော်တို့ ဆက်မလုပ်ဘူး ဆိုရင် ကရင်ပြည်သူ လူထုအတွက် အသက်ပေး စွန့်လွှတ်သွားတဲ့ ကျနော်တို့ ခေါင်းဆောင်တွေ၊ ရဲဘော်တွေကို ကျနော်တို့ သစ္စာဖောက်ရာကျတယ်။
မေး။ ။ KNU ကနေ ခွဲထွက်သွားတဲ့ အဖွဲ့တွေကို ဘာပြောချင်သလဲ။
ဖြေ။ ။ ကျနော်တို့က KNU ကနေ ခွဲထွက်သွားတဲ့ သူတွေကို အမြဲတမ်း တံခါးဖွင့်ထားမှာ ဖြစ်ပါတယ်။ သူတို့ပြန်လာပြီး ကျနော်တို့နဲ့ လက်တွဲလုပ်မယ် ဆိုရင်လည်း ကျနော်တို့က အမြဲတမ်း ကြိုဆိုမှာ ဖြစ်ပါတယ်။
မေး။ ။ ကရင် တိုင်းရင်းသားတွေရဲ့ ရည်ရွယ်ချက်တွေ ပြည့်ဝဖို့အတွက် အရေးကြီးဆုံး အချက်က ဘာဖြစ်မလဲ။
ဖြေ။ ။ ကျနော်တို့တွေ ညီညွတ်ရမယ်။ ကျနော်တို့တွေ တယောက်နဲ့ တယောက် နားလည်ရမယ်၊ လေးစားရမယ်။ ရန်သူက သွေးထိုးလာတာတွေကို ဘာမှ နားထောင်နေစရာ မလိုဘူး။ ကျနော်တို့ ချစ်ချစ်ခင်ခင် လုပ်ကိုင်မယ်ဆိုရင် ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာပဲ။
မေး။ ။ မြန်မာပြည်နိုင်ငံရေး အပြောင်းအလဲ တွေဖြစ်ဖို့ သံတမန် နည်းလမ်းအရ ကြိုးပမ်းနေတာတွေကို ဘယ်လိုမြင်သလဲ။
ဖြေ။ ။ နိုင်ငံတကာက ဖိအားပေးနေတာတွေက မှန်တဲ့လုပ်ရပ်ပဲ။ ဒါပေမယ့် ကျနော်တို့ကတော့ လုပ်စရာရှိတာ ဆက်လုပ်ရမှာပဲ။ ကျနော်တို့ ကိုယ်တိုင်ကပဲ မြန်မာပြည် လွတ်မြောက်ရေးအတွက် အဓိကကျတယ်။ နိုင်ငံတကာ အင်အား တခုတည်းကိုပဲ အားကိုးလို့ မဖြစ်ဘူး။မြန်မာပြည်မှာ အဖိနှိပ် ခံနေရတဲ့သူတွေ မှန်သမျှ ဒီမိုကရေစီရေး လှုပ်ရှားမှုထဲမှာ ပါဝင်ဖို့ တာဝန် ရှိပါတယ်။ တာဝန်ရှိတယ် ဆိုတာကို နားလည်မယ်၊ ကိုယ်တိုင် ဝင်ပြီး ဆောင်ရွက်မယ် ဆိုရင် ကျနော်တို့ တော်လှန်ရေး အောင်မြင်ဖို့ဆိုတာ မဝေးတော့ပါဘူး။