Wednesday, February 1, 2012

ဗမာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးဖေါ်ဆောင်ရာတွင် စောနယ်ဒါး၏ အမြင်

ဗမာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးဖေါ်ဆောင်ရာတွင် စောနယ်ဒါး၏ အမြင်

Karen National Liberation Army (KNLA) Battalion Commander, Colonel Saw Ner Dah (centre), son of the late Bo Mya, former longtime leader of the Karen National Union (KNU). The KNLA, the military wing of the KNU, has waged war against the Burmese military regime since 1949.

ဗမာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးဖေါ်ဆောင်ရာတွင် စောနယ်ဒါး၏ အမြင်



Source Audio from http://www.voanews.com/burmese

(KNLA) Battalion Commander, Colonel Saw Ner Dah

ကရင်အမျိုးသားနေ့ဖိတ်ကြားခြင်း

64 KND invt

(၆၃)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ KNU ထိန်းချုပ်နယ်မြေများတွင် ကျင်းပ

(၆၃)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ KNU ထိန်းချုပ်နယ်မြေများတွင် ကျင်းပ

 

(၆၃)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ KNU ထိန်းချုပ်နယ်မြေများတွင် ကျင်းပ

ယနေ့ကျရောက်သည့် ၆၃နှစ်မြောက် ကရင့်အမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားကို ကရင်ပြည်နယ် ကရင်အမျိုးသားအ စည်းအရုံး(KNU)၏ ထိန်းချုပ်ရာနယ်မြေတချို့တွင် ကျင်းပြုလုပ်ကြသည်ဟု သိရသည်။
ကရင်ပြည်နယ်မြောက်ပိုင်း KNU တပ်မဟာ( ၅)နယ်မြေတွင် ကျင်းပပြုလုပ်သည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားတွင် လူထုပရိဿတ် ၂,၀၀၀ဦးခန့် တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို အစီအစဉ်နှစ်မျိုးဖြင့် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။



 ကေအဲန်ယူ တပ်မဟာ(၅) ပြောခွင့်ရ ဗိုလ်မှူးကလယ်ဒို့က “ပထမ အဆင့်ကတော့ တော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့ အစီအစဉ် တွေအဖြစ် စစ်ရေးပြ၊ ဥက္ကဌမိန့်ခွန်းနဲ့၊ KWO, KYO, KSNG တို့ သ၀ဏ်လွှာတွေကို ဖတ်ကြားတယ်။ ဒုတိယအဆင့်ကတော့ ကျနော်တို့ မိခင်အစည်းအရုံးနဲ့ အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အကြောင်း တက်ရောက်လာတဲ့ ပြည်သူတွေကို ရှင်းလင်းပွဲ လုပ်တယ်”ဟု ဆိုသည်။

ထို့အတူ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ နို့ဖိုးကျေးရွာတွင်လည်း ယနေ့နံနက် (၇)နာရီမှ (၉း၃၀)အထိ ကျင်းပပြုလုပ်သည့် ၆၃နှစ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားတွင်လည်း ကရင်ပြည်သူ ၁,၀၀၀ကျော် တက်ရောက်ဂုဏ်ပြုခဲ့ ကြသည်။

အခမ်းအနားသို့ တက်ရောက်ခဲ့သူ ရွာသူကြီးတစ်ဦးက “ ဒီမနက်ဟာ ကျနော်တို့ ကရင်တမျိုးသားလုံးရဲ့ အထွဋ်အမြတ်ထားတဲ့ နေ့တစ်နေ့ဆိုတော့ ကျက်သရေရှိလှပါတယ်။ အခုလို ကျနော်တို့တတွေ စုစုစည်းစည်းနဲ့ ဂုဏ်ပြုခွင့်ရတာ ၀မ်းမြောက်ဂုဏ်ယူပါ တယ်။ နောက်ပြီး ပရိဿတ် ထောင်နဲ့ချီ တက်ရောက်ဂုဏ်ပြုတာ တွေ့ရတော့ အထူးပဲ ၀မ်းမြောက်မိတယ်။”ဟု ပြောသည်။


ထိုအခမ်းအနားတွင် KNLA တပ်မှူးတပ်သားများ၊ ကျေးရွာ (၅)ရွာမှ ကရင်ပြည်သူများ၊ ထိုင်းနယ်စပ်မှ ကရင်ပြည်သူများနှင့် ကရင်ငြိမ်းအဖွဲ့မှ အောက်ခြေတပ်မှူး တပ်သားတချို့နှင့် နယ်စပ်ထိုင်းအာဏာပိုင်တချို့လည်း တက်ရောက်ကြပြီး စစ်ရေးပြ အစီအစဉ်၊ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးတာမလာဘော၏ မိန့်ခွန်းနှင့် သ၀ဏ်လွှာများ ဖိတ်ကြားခြင်း၊ တက်ရောက်လာသည့် ခေါင်းဆောင်များက မိန့်ခွန်းပြောဆိုခြင်းအပြင် ကိုယ်အင်္ဂါများ ပေးဆပ်ခဲ့သည့် တပ်မှူးတပ်သားများကို ဂုဏ်ပြုခဲ့ကြသည်။

မြ၀တီမြို့တောင်ဘက် အူးကလေးခီးစခန်း၌ KNLA တပ်ရင်း(၁၀၃)မှ မနက် ၇နာရီကျော်က ကျင်းပသည့် အလားတူ အခမ်းအ နားတွင်လည်း လူထု ၃၀၀ဦးနီးပါး လာရောက်ဂုဏ်ပြုခဲ့ကြသည်။

 ယနေ့ကျရောက်သည့် (၆၃)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့တွင် ပေးပို့သည့် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးတာမလာဘော၏ မိန့်ခွန်း၌ “ကရင့်တော်လှန်ရေးဟာ နှစ်ပေါင်း ၆၃နှစ်တိုင် ကြာမြင့်ခဲ့ပြီး ဖြစ်သော်လည်း ကရင်တမျိုးသားလုံး မျှော်လင့်ချက်ပန်း တိုင်သို့ မရောက်ရှိသေးတဲ့အတွက် ကရင်တမျိုးသားလုံး လိုလားတဲ့ လွတ်လပ်ငြိမ်းချမ်းပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ကရင်ပြည် ရရှိရေးကို ဆက်လက် တိုက်ပွဲဝင်ရဦးမှာ ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။


ထို့အပြင် KNU ၏ လမ်းညွှန်မှုအောက်မှ ကရင်လူထုနှင့် ကရင်တပ်မတော်သားများအနေဖြင့် မတရားမှုမှန်သမျှကို ကျော်လွှား နိုင်ရန် ခိုင်မာသောသတ္တိ၊ မှန်ကန်သော အမျိုးသားစိတ်ဓာတ်ဖြင့် ဥက္ကဌကြီး၏ မူ ၄ချက်နှင့် ရပ်တည်ပြီး ဘ၀တူ အဖိနှိပ်ခံ တိုင်းရင်းသားများ၊ ဒီမိုကရေစီအင်အားစုများနှင့် လက်တွဲကာ အာဏာရှင်စနစ် ချုပ်ငြိမ်းသွားရေး ဘက်ပေါင်းစုံ ဆက်လက် တိုက်ပွဲဝင်သွားရန် တိုက်တွန်းခဲ့သည်။

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရေးအတွက် ဖွဲ့စည်းခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ကရင်အ မျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDOတို့ကို ၁၉၄၉ခုနှစ် ဇန်န၀ါရီလ ၃၀ရက်နေ့တွင် ထိုစဉ် အုပ်ချုပ်သူ ဦးနုအစိုးရက မတရား အသင်းအဖြစ် ကြေညာခဲ့ပြီးနောက် ဇန်န၀ါရီလ ၃၁ရက်နေ့တွင် ရန်ကုန်ရှိ KNDO ဌာနချုပ်ကို ဦးနု ဦးဆောင်သည့် ၀ိုင်းဝန်း တိုက်ခိုက်ခဲ့သဖြင့် တပြည်လုံးရှိ ကရင်လူမျိုးများက ပြန်လည် ခုခံတိုက်ခိုက်ရာမှ ကရင့်လက်နက်ကိုင်တော်လှန်ရေး စတင် ဖြစ်ပေါ်ခဲ့သည်။
(ကေအိုင်စီ)


















KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အစိုးရနှင့် တွေ့မည်

ဇန်န၀ါရီလ ၃၁ရက်၊ ၂၀၁၂။ စောသိန်းမြင့် (ကေအိုင်စီ)

ဗိုလ်ချုပ်ထင်မောင် ဦးစီးသည့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီက အစိုးရ ငြိမ်းချမ်းဖော်ဆောင်ရေး အဖွဲ့ဝင်တချို့နှင့် ငြိမ်း ချမ်းရေး စကားပြောရန် လာမည့် ဖေဖော်ဝါရီလ ၇ရက်နေ့တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၏ ပြောခွင့်ရ ဗိုလ်မှူးချုပ်တီမသီက “အစိုးရဘက်က ကျနော်တို့ KNU/KNLA Peace Council နဲ့ တွေ့ဖို့ ကမ်းလှမ်းလာတယ်။ ဦးခင်စိုး (အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီအဖွဲ့ဝင်) ကနေ တဆင့်လာ တယ်။ ရန်ကုန်မှာ တွေ့ဖို့များတယ်။ ကျနော်တို့ဘက်ကလည်း ကြိုတင်ပြင်မှုတွေ လုပ်ထားပါတယ်။”ဟု ပြောသည်။

၎င်းခရီးစဉ်အရ လာမည့် ဖေဖော်ဝါရီလ ၅ရက်နေ့ ညနေတွင် ဘားအံမြို့သို့ ထွက်ခွာမည်ဖြစ်ပြီး ၆ရက်နေ့တွင် ရန်ကုန်မြို့သို့ ဆက်လက် ခရီးထွက်ကာ (၇)ရက်နေ့တွင် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့နှင့် တွေ့ဆုံဆွေးနွေးကြမည်ဟု သိရသည်။

အစိုးရနှင့် သွားရောက်ဆွေးနွေးမည့်အထဲတွင် ဗိုလ်ချုပ်ထင်မောင် အပါအ၀င် ဗိုလ်ချုပ်ထော့လေး၊ ဗိုလ်ချုပ်ရင်နု၊ ဗိုလ်ချုပ်နော် ကပေါ်ထူး၊ ဗိုလ်မှူးချုပ်တီမသေတို့ ပါဝင်ပြီး လက်မှတ်ရေးထိုးရန် အဓိက ဆွေးနွေးမည်မဟုတ်ဘဲ အစိုးရအနေဖြင့် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရေး၊ စစ်ရေးနှင့် နိုင်ငံရေး အပါအ၀င် အသေးစိတ် အချက်ပေါင်း (၁၂)ချက် ဆွေးနွေးသွားမည်ဟု သူက ဆိုသည်။

“(၁)က စားပွဲပေါ်မှာ ပြောဆိုတာမဟုတ်ဘဲ လက်တွေ့အကောင်အထည်ဖော်ဆောင်ရေး ဆွေးနွေးမယ်။ (၂)စစ်ရေးနဲ့ ပတ် သက်ပြီး ဆွေးနွေးမယ်။ နိုင်ငံရေး ဆွေးနွေးမယ်။ ဒါက အကြမ်းဖျင်းပဲ အသေးစိတ် အကြောင်းအရာတွေကတော့ အများကြီး ရှိ ပါသေးတယ်။ အဲဒါတွေအကုန်လုံး အဆင်ပြေမှသာ လက်မှတ်ထိုးရေးကို စဉ်းစားမယ်”ဟု ဗိုလ်မှူးချုပ်တီမသီက ပြောသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီအနေဖြင့် ကရင်အမျိုးသားအစည်းအရုံး(KNU)ကဲ့သို့ အစိုးရနှင့် လက်မှတ်ရေးထိုးပြီး အစိုးရစစ်တပ် ဘက်မှ ကေအဲန်ယူနယ်မြေအတွင်း တပ်အင်အားတိုးချဲ့ခြင်း၊ စစ်ရိက္ခာများ ပို့ဆောင်ခြင်း စသည့်လုပ်ဆောင်မှုမျိုး မလိုလား ကြောင်း ပြောသည်။

ထို့အပြင် ၎င်းတို့အဖွဲ့သည် အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံမှုအပြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ရန်ကုန်မြို့ရှိ နိုင်ငံတကာမှ သံအမတ်တချို့နှင့်လည်း တွေ့ဆုံရန် မျှော်လင့်ထားသည်ဟု သိရသည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီသည် အစိုးရနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရာတွင် ကေအဲန်ယူ အပါအ၀င် ပြည်တွင်း ပြည်ပရှိ ကရင်ပြည်သူများ၏ အကြံပေးချက်များကို ဖိတ်ခေါ်ထားသည်ဟု ဆိုသည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို ဗိုလ်ချုပ်ထင်မောင် ဦးဆောင်၍ လွန်ခဲ့သည့် ၂၀၀၇ခုနှစ်က KNUမှ ခွဲထွက်ကာ နအဖစစ်အစိုးရနှင့် လက်မှတ်ရေးထိုးထားခြင်းမရှိဘဲ ငြိမ်းချမ်းရေးရယူခဲ့သည်။ ပြီးခဲ့သည့်၂၀၁၀ခုနှစ် သြဂုတ်လတွင် အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအစီအစဉ်ကို ငြင်းဆန်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် အစိုးရ သစ်တက်လာသည့်နောက်ပိုင်း ယခု တွေ့ဆုံမှုတွင် ပထမဦးဆုံးအကြိမ်ဖြစ်သည်။

Monday, January 30, 2012

တိုင်းရင်းသားဒေသများတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား


ပြီးခဲ့သော ဇန္န၀ါရီ(၁၂)ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံးKNU အဖွဲ့နှင့် မြန်မာအစိုးရတို့ ပဏာမ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် မူအားဖြင့်သဘောတူညီမှုများရှိခဲ့သော်လည်း KNUထိန်းချုပ်ရာ နေရာ တော်   တော် များများသို့ မြန်မာစစ်တပ်များ တိုးချဲ့နေရာယူလာမှုများ ရှိကြောင်း ကြားသိခဲ့ရပါသည်။

အလားတူ ရှမ်းပြည်အခြေစိုက် ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ တပ်မဟာ (၄) နယ်မြေ မော်ဟန် (Maw Han(Nawng Chu) ဒသတွင် မြန်မာအစိုးရ စစ်တပ် ခလရ(၄၅) တပ်ဖွဲ့ နှင့် ကေအိုင်အေ တပ်ရင်း(၂၉) တပ်ဖွဲ့ ဝင် တို့  ဇန်န၀ါရီ(၂၈)ရက် မနက်(၇း၀၀) နာရီခန့် မှ (၈း၀၀) နာရီ အချိန်ခန့် ထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အလားတူ ကေအိုင်အေ တပ်မဟာ(၄)နယ်မြေ မန်မောင်(Man Mau) နှင့် မော်ရွှေ(Maw Swe) ကျေးရွာကြားတွင် ကေအိုင်အေ တပ်ရင်း(၈)မှတပ်ဖွဲ့ ဝင်များနှင့် မြန်မာအစိုးရတပ် ခမရ(၅၀၁)တပ်ဖွဲ့ တို့ ဇန်န၀ါရီ(၂၈)ရက် မွန်းလွဲ (၁း၃၀)နာရီခန့် အချိန်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုအား မသိရှိရသေးပါ။

EH K'LU THO DOO - (၆၃) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့  ဂုဏ်ပြုတေး

မိန်းမ အင်္ဂါ နှစ်ခုပါသော အမျိုးသမီး

အသက် ၂၇ နှစ်အရွယ် အင်္ဂလန်နိုင်ငံသူ Hazel Jones ဟာ အမျိုးသမီး  အင်္ဂါနှစ်ခု ၊ သားအိမ် နှစ်ခု ၊ သားအိမ်ပြွန် နှစ်ခု ပါရှိပါတယ်။
လက်ရှိအချိန်မှာ Jones ဟာ ITV ရဲ့ ရုပ်မြင်သံကြား အစီအစဉ်မှာ သူ့ရဲ့ အပျိုရည် နှစ်ခါပျက် ခြင်းအကြောင်းနဲ့ပတ်သက်ပြီး ဆွေးနွေးနေပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့မိတ်ဆွေတွေကိုအားလုံးကို ပြောပြပါသေးတယ်
လို့ Jones က ITV အစီအစဉ် ကြေငြာသူ Willoughby နဲ့ Phillip Schofield ကိုပြောပြပါတယ်။
ကျွန်မထင်တာကတော့ ဒါဟာ အရမ်းအံ့သြဖွယ်ကောင်းပြီး ကြားရတဲ့သူတွေကိုဆွံ့အ စေတယ်လို့ Jones က ဆက်လက်ပြီး ပြောပြသွားပါတယ်။
ထို့နောက် Jones က ဒါကိုကြည့်ချင်တဲ့ မည်သည့် အမျိုးသမီးကိုမဆို ပြသဖို့ ၀န်လေးမှာမဟုတ်သလို နည်းနည်းလေးမှတောင် ရှက်မိမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။
အသက် ၁၈ နှစ်ပြည့်ပြီးသော သူများသာကြည့်ရန်။
ဒီ ထူးဆန်းအံသြဖွယ်ကောင်းတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး သူမ ၁၈ နှစ်အရွယ်အထိ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးခဲ့သေးတယ်လို့ ပြောပြခဲ့ပါတယ်။
သူ့ကျောင်းနေဖက် သူငယ်ချင်းမိန်းကလေးတွေကို အမျိုးသမီး လစဉ်သုံးပစ္စည်း အတွက် ဘယ်….တစ်ခုကို (ဘယ်တစ်ခုကနေ လာနိုင်သလဲ) ဆိုတာကို မေးကြည့်ခဲ့သေးတယ်လို့ ပြောပြခဲ့ပါတယ်။ တစ်ကယ်တမ်းကျတော့ စိတ်ကသိကအောက် ဖြစ်စရာအခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်လို့ Jones က ပြောဆိုခဲ့ပါတယ်။
ကျွန်မရဲ့ဘ၀မှာ ထိတ်လန့်စရာ ကြွက်တက်ခြင်း အဖြစ်တွေကို ဆိုးရွားစွာ ကြုံတွေ့ခဲ့ရတယ်လို့ သူမက ဆက်လက်ပြောသွားခဲ့ပါတယ်။ဒါဟာ ခံထိုက်လို့ ခံရတာပဲလို့ သူမကပြောခဲ့ပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ သူမမှာ သားအိမ်က နှစ်ခုရှိတာကိုး လို့ ပြောခဲ့ပါတယ်။
ဒါဆိုရင် ကျွန်မ ကိုယ်ဝန်ဆောင်တဲ့အချိန် အခြားသားအိမ်တစ်ခုမှာ သန္ဓေမတည်မိအောင် ဆင်ခြင်ဖို့ ဗဟုသုတ တစ်ခု ရခဲ့ပါတယ်။
သူမ အဲဒီလို အမျိုးသမီး အင်္ဂါ နှစ်ခုပါတာကို လူတွေသိပြီး သိပ်မကြာခင် ပုရိသအကြိုက် မဂ္ဂဇင်း Vivid Entertainment ကနေပြီးတော့ ရုပ်ရှင်ရိုက်ဖို့ ဒေါ်လာ ၁ သန်းပေးပြီး ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒါကို သူမ ငြင်းဆန်ခဲ့ပါတယ်။ 

၂၀၁၂ ခုနှစ် ဂျပန် လ၀က ဥပဒေ စုစည်းမျှဝေခြင်း

Japanese New Residential Syatem Guide                                                                                                   

Sunday, January 29, 2012

KNU Statement Regarding Negotiation Peace Talk With Burmese Gov. (Burmese)

KNU Statement Regarding Negotiation Peace Talk With Burmese Gov. (Burmese)

Safeguarding human rights in a post-ceasefire eastern Burma

khrg12c1

ခိုင်မာသည့် ငြိမ်းချမ်းရေး တည်ဆောက်ရန် ကြိုးပမ်းမည်ဟု KNU ကပြော

Written by သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။ ဇန္န၀ါရီလ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်။

အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး KNU နှစ်ဖက် ကိုယ်စားလှယ် အဖွဲ့တို့ ထပ်မံတွေ့ဆုံရန် ရှိပြီး ခိုင်မာသည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ကြိုးပမ်းသွားမည်ဟု KNU ကပြောသည်။

၂၀၁၂ ခုနှစ် ဇန္န၀ါရီလ (၂၃) ရက်နေ့မှ (၂၅) ရက်နေ့အထိ ကရင်ပြည်နယ် ဒေသတနေရာတွင် ကျင်းပပြုလုပ်ခဲ့သည့် KNU ဒုတိယ အကြိမ် အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးမှ အထက်ပါ ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်ဟု KNU အဖွဲ့က ယမန်နေ့ ရက်စွဲဖြင့် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အစိုးရနှင့် KNU နှစ်ဖက်ကိုယ်စားလှယ် အဖွဲ့တို့ ဇန္န၀ါရီလ (၁၂) ရက် နေ့က ဘားအံမြို့ တွေ့ဆုံပွဲ၌ ပဏာမအဆင့် အချက် (၁၁) ချက်ကို မူအားဖြင့် သဘာတူ လက်မှတ်ရေးထိုး ခဲ့သော်လည်း ခိုင်မာမှု မရှိသေးကြောင်း KNU ဒု-ဥက္ကဌ စောဒေးဗစ် သာကပေါ် က အခုလို ပြောသည်။

“အခုဟာက အပစ်အခတ်ရပ်စဲရေး မခိုင်မာသေးဘူး။ အပစ်အခတ်ရပ်စဲရေးအတွက် ခြေလှမ်း တလှမ်းဘဲ ရှိသေးတယ်။ လက်မှတ်ထိုးတယ်ဆိုတာက အပစ်ရပ်မယ် ဆိုတဲ့ သဘော မဟုတ်သေး ဘူး။ အပစ်ရပ်ဖို့ သဘောတူတယ်ဆိုတဲ့ အဆင့်လောက်ပဲ ရှိသေးတယ်။ အဲဒီတော့ ခိုင်မာအောင် အများကြီးဆွေးနွေးရဦးမယ်။”

ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေး တည်ဆောက်ပြီးမှသာ နိုင်ငံရေးအရ ငြိမ်းချမ်းရေးအဆင့်ကို ဆွေးနွေးရန် ရှိပြီး အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုင်းရင်းသား လူမျိုး အင်အားစုများဖြင့် စုပေါင်းဆောင်ရွက် သွားမည်ဟုလည်း ကြေညာချက်က ဆိုသည်။

ပထမအကြိမ် တွေ့ဆုံပွဲ၌ အစိုးရဖက်မှ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ KNU ဖက်မှ ဗိုလ်ချုပ် မူတူးဆေးဖိုးက ဦးဆောင်ဆွေးနွေးခဲ့ပြီး နှစ်ဖက် ကိုယ်စားလှယ်များ (၄၅) ရက် အတွင်း ထပ်မံ တွေ့ဆုံရန် သဘောတူခဲ့သည်။

ဆွေးနွေးမည့် နေ့ရက် မသတ်မှတ်ရသေးသလို လာမည့်တွေ့ဆုံပွဲတွင် ယုံကြည်မှု တည်ဆောက် နိုင်ရန် နှစ်ဖက်တပ်များ လျော့ချခြင်း၊ ရုပ်သိမ်းခြင်းနှင့် တပ်နေရာချထားရေးကို ဆွေးနွေးသွားမည် ဟုလည်း ကြေညာချက်က ဆိုသည်။

ထို့အပြင် KNU ဗဟိုကော်မတီဝင် ပဒို မန်းငြိမ်းမောင် အပါအ၀င် အကြောင်း အမျိုးမျိုးကြောင့် အစိုးရက ဖမ်းဆီးထားသည့် KNU တပ်ဖွဲ့ဝင်များ ပြန်လွတ်ပေးရေးကို တင်ပြတောင်းဆို သွားမည် ဟုလည်း စောဒေးဗစ်သာကပေါ်က အခုလို ပြောသည်။

“အစတုန်းကပြောတာက တမျိုး၊ အခုလုပ်တာက တမျိုးပေါ့။ မန်းငြိမ်းမောင် လွတ်ဖို့ ဆက်ပြီးတော့ ပြောရမှာဘဲ။ မန်းငြိမ်းမောင်လွတ်ပေးမယ် ငြိမ်းချမ်းရေး လက်ဆောင်ဆိုပြီးတော့ သူတို့ ပြောတာကိုး။”

ပဒို မန်းငြိမ်းမောင်အား မတရားအသင်းတွင် ပါဝင်မှု ပုဒ်မ ၁၇(၁)၊ နိုင်ငံတော် ပုံကန်မှုတို့ဖြင့် တရားစွဲဆိုထားရာ ယမန်နေ့က အင်းစိန်ထောင် အထူးတရားရုံးတွင် စစ်ဆေးကြားနာခဲ့ပြီး လာမည့် ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် ထပ်မံ စစ်ဆေးရန် ရှိသည်ဟု သိရသည်။

လာမည့်တွေ့ဆုံပွဲတွင် အဆင်ပြေချောမွေ့စေရန် ပြည်တွင်းပြည်ပရှိ ကရင်လူမှု အသိုင်းအ၀ိုင်းများ မှ နိုင်ငံရေးနှင့် ဥပဒေရေးရာ ကျွမ်းကျင်သည့် ပညာရှင်များထံက အကြံဥာဏ်များ တောင်းခံသွား ရန်ရှိသလို တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပိုမိုပါဝင်လာရေးကိုလည်း ဆောင်ရွက်သွားမည်ဟု ကြေညာချက်က ဖော်ပြသည်။

အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည့် နှစ်ပေါင်း (၆၀) ကျော် ကာလအတွင်း အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း အောင်မြင်မှု မရခဲ့ဘဲ ဒုတိယ အကြိမ်မြောက် ထပ်မံဆွေးနွေးမည် ဖြစ်သည်။

KNU တောင်းဆိုမှုအား အစိုးရကိုယ်စားလှယ် အဖွဲ့မှ မူအားဖြင့် သဘောတူညီချက် (၁၁) ချက်
၁။ တပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရမည်။ အထူးသဖြင့် တိုင်းရင်းသား နယ်မြေများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများ အမြန်ဆုံး ရပ်စဲရမည်။
၂။ ကြောက်ရွံ့ခြင်းကင်းသည့် ပြည်သူပြည်သားများ ဘ၀အဖြစ် ရပ်တည်နိုင်ရန် အာမခံရမည်။
၃။ ပြည်သူပြည်သားများအတွင်း ယုံကြည်ရသည့် အခြေအနေ တည်ဆောက်ရန်။
၎။ အခြေခံ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းကို ဆောင်ရွက်ပေးရေးနှင့် ဒေသဆိုင်ရာ လူထုနှင့် အတိုင်ပင်ခံပြုသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများအား အထောက်အကူပေးရန်။
၅။ နိုင်ငံတော်၏ သတင်းမီဒီယာများအား ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ပူးပေါင်းဆောင်ရွက် စေရန်နှင့် အခြားမီဒီယာများအား တိကျသော ငြိမ်းချမ်းရေးဆိုင်ရာ အချက်အလက် ရယူခွင့်ပြုရန်။
၆။ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်း၊ ပုံစံ အမျိုးမျိုးဖြင့် ငွေကြေးကောက်ခံခြင်း၊ ပေးကမ်း လှူဒါန်း ခိုင်းခြင်း၊ အခြားသော ငွေကြေးကူညီစေခြင်း မပြုရန်။
၇။ အကျဉ်းသားများအား လွတ်ပေးရန် ပြည်သူပြည်သားများဘ၀ ပြန်လည် ထူထောင်ရေးနှင့် ပြည်သူများ၏ မြေယာကိစ္စများကို ဖြေရှင်းပေးရန်။
၈။ နှစ်ဖက်စလုံးမှ ငြိမ်းချမ်းရေး ပြောဆိုမှုများနှင့် တိုးတက်ရေး နည်းလမ်းများအား အကျိုးဆောင် ပံ့ပိုးကြရန်။
၉။ စေ့စပ်ညှိနှိုင်းမှု စားပွဲဝိုင်းတွင်ပါဝင်သည့် ကိုယ်စားလှယ်များ တ၇ားဝင်မှု ရှိစေရန်နှင့် သက်ဆိုင်ရာ နယ်မြေများရှိ ပြည်သူများနှင့် လုံလောက်သည့် တိုင်ပင်မှု ပြုချိန် ရရှိရန်နှင့် ဖြစ်စဉ်အား ပြင်ပမှ ကူညီပံ့ပိုးသူများအကြား ရှင်းလင်းသည့် အခန်းကဏ္ဍများ ထားရှိရန်။
၁၀။ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် စောင့်ကြပ်စစ်ဆေးခြင်း၊ စိစစ်အတည်ပြုခြင်းနှင့် တည့်မှတ် မှန်ကန်အောင် အစီအစဉ် လုပ်ဆောင်မှုများ စတင်ရန်။
၁၁။ ဘက်အားလုံးမှ တည်မြဲသည့် ငြိမ်းချမ်းရေးကို ရှေ့ရှုသည့် လုပ်ဆောင်မှုများ တိုးတက် ဖြစ်ပေါ် စေနိုင်ရန် အာမခံသည့် ပျော့ပြောင်းညင်သာသည့် လုပ်ငန်းစဉ် ထားရှိရန်။ ဘက်တဖက် အပေါ် သတိမဲ့ ခွင့်ပြုလိုက်လျောသည့် လိုသလို အနက်အဓိပ္ပာယ် ကောက်ယူနိုင်သော ဝေါဟာရ အသုံးအနှုန်းများ ပပျောက်ရေးကို လုပ်ကိုင်ရမည်။

မြန်ပြည် သားတွေ ကို ကောင်းစေချင်ရင်တော့

တကယ်တော့ အစိုးရသစ်တာ တစ်နှစ် နီးပါး ရှိတော့မှာပါ...တစ်ချို့ တွေ ထူးခြားလာတာတွေ ရှိသလို အရင် အတိုင်းတွေ ကလည်း ရှိနေ သေးတာရယ် ထိန်းချုပ် နိုင်သော ဥပဒေ အသစ်တွေထွက်မလာသေးတာပါ...

တကယ်ဆို ရင် မြန်ပြည်သူပြည်သား တိုင်း ကိုယ့်တိုင်းပြည်ကို ကောင်းစေချင်တာပါ...

အပြုသဘောဆောင်တာတွေ ပဲ ရေးနေချင်တာပါ... မကောင်းတာတွေ ပြောရမှာ ကို မပြောဘဲထားပြီး ကောင်းတာတွေ ဘယ်လိုလုပ်ကြရင်ကောင်းမလဲ လုပ်ရင် အကောင်းဆုံးပါ...တစ်ခါတစ်ရံမှာတော့ ကောင်းတာလုပ်ရင်း မကောင်းတာတွေ အပါ မလက်ခံချင်လည်း လက်ခံရမှာပါ...

အခြေခံ ကို ထဲထဲဝင်ဝင် ဖြေးဖြေးချင်း ဖြေရှင်းမှ ရမှာပါ...

တကယ်တော့

ကလေးတွေကနေ စကြည့်ရအောင်...
(၁) ကျောင်းနေရမယ့် အရွယ်ကလေး တွေတိုင်း ကျောင်း ရောက်အောင် ...ကလေးတွေ အခိုင်းခံနေရတာတွေ ကို အခိုင်းမခံရဖို့  ဥပဒေ လိုပါတယ်...

ဘယ်အရွယ်ထိ မခိုင်းစေ ရ ။
ခိုင်းစေသူ ကို အရေးယူမည် ။
စာသင်ရမည့် ကလေး စာ မသင်မနေ ရစနစ် ပြဌာန်းဖို့ လိုပါတယ်...။

အဲလို အတွက် ကလေးတွေ ရဲ့ ဝင်ငွေ နဲ့ ရပ်တည်တဲ့ မိဘတွေ ကို ပြန်ကြည့်ဖို့ လိုလာရော...

ငွေ ထုတ်ချေးတာ တွေ က ပြေလည်သလား ဆို တော့ ဝန်ထုပ်ပိစေတာပါ... ခဏတော့ ကောင်းမှာပါ နောက် အဆင်မပြေဖြစ်မှာပါ...

ဒါဆို ဘာကြောင့် ကြည့်ရအောင်...မိဘဝင်ငွေ မလုံလောက်မှုပါ...
ဒါဆိုရင် လုပ်အားခ ပြဿနာပါ..ဒါဆိုရင် အလုပ်သမား အတွက် ဥပဒေ လိုလာပါတယ်...



(၂)
အလုပ်သမားတွေ အတွက်
အလုပ်လုပ်နေသူတစ်ယောက်ရဲ့ ဝင်ငွေ ကို တစ်လစာ တစ်ရက်စာတွေ ထက် ..
တန်းတူ ဖြစ်စေချင်ရင် အနိမ့်ဆုံး တစ်နာ ရီ ဝင်ငွေ ဘယ်လောက်ဆိုတာ ပြဌာန်း ဖို့ လိုပါတယ်..
ရန်ကုန်မှာဆို ဘယ်လောက် နယ်မှာဆို ဘယ်လောက် ဖြစ်ရမှာပါ...

အဲဒီမှာဘာတွေလည်းဆိုတော့ နိုင်ငံခြား ကုမ္ပဏီမှာ လုပ်သူတွေ ကို မြန်မာငွေ နဲ့ ခိုင်းစေတာပါ...ငွေကြေးနှုန်းပြန်ကြည့်ရင် နစ်နာသလို...တိုက်ရိုက် ခံစားခွင့်မရှိတာပါ...ဆန္ဒပြတာတွေ ရှိနေတာ အဲလို တိုက်ရိုက် တန်းတူ အခွင့် မရှိရင် နိုင်ငံခြားငွေ လွတ်လပ်စွာ ကိုင်ဆောင်ခွင့် ဆုံးရှုံးသလို အများကြီးနစ်နာနေတာပါ..

နိုင်ငံခြားကုမ္ပဏီ မှာ လုပ်သူတွေ အတွက် တစ်နာရီ ဘယ်လောက် ၁ဒေါ်လာ ဆို ၁ဒေါ်လာ အခြေခံ တစ်ခုခုတော့ထားရမှာပါ...

ဆန္ဒပြသူတွေ ပြတာကို ပြန်ကြည့်ရင် တစ်လလုံးမှ ၃၀၀၀၀ ကျပ်၅၀၀၀၀ ကျပ်ဆိုတော့ ဆန်တစ်အိတ်ဖိုးသာသာရယ် ဒေါ်လာနဲ့ ဆို ၅၀ မကျော်တာက နောက်လည်း ပြဿနာ ပြန်တတ်လာနိုင်ပါတယ်..တစ်ရက်မှ တစ်ဒေါ်လာကျော်ကျော် ဆို ...ဒီပြဿနာတွေ ဖြစ်နေအုံးမှာပါ...
ဒါကြောင့် ဥပဒေ သတ်သတ်မှတ်မှတ် လိုပါတယ်...

အဲဒီမှာ ဘာပြန်တွေ့ လည်းဆိုတော့ ကုန်ပစ္စည်းတွေ လစာတိုးတာနဲ့  ဈေးတတ်ကုန်တာပါ..

ဒါဆို ကုန်ဈေးနှုန်း ထိန်းချုပ်ဖို့  ဥပဒေလိုလာပါတယ်...

(၃) ကုန်ဈေးနှုန်းအတွက် ဥပဒေ ကအခွန် ပါ
အခွန်တွေ မှန်မှန်ကန်ကန် လုပ်ပြီး အခွန်ရှောင်သူ ဝင်ငွေ စီစစ်တာတွေ လုပ်ပြီး ထားရင် ဈေးတတ်မရပါဘူး...
ဈေးတတ်သလို အခွန်ဆောင် ရရင် အရေးယူခံရရင် အဲသည့် ကုန်ပစ္စည်းဈေးတတ်မရပါဘူး...

ဂျပန်မှာဆို အဲလိုရှောင်သူတွေ နည်းသူတွေ ကို တစ်အားမစီစစ်ပေမဲ့ သီးခြား လိုသူတွေ ကို ပြန်စီစစ်ပြီး ပြီးခဲ့သော ၅ နှစ်စာပါ အခွန်ဆောင်ခိုင်း လိုက် တာ ဒေဝါလီတောင် ခံသွားရတာတွေ ရှိပါတယ်...ဈေးမတတ်တာ အဲဒါတွေ ရှိတာ အပြင် ငွေကြေးကို တရားဝင် ကလွဲ လို့  တရားမဝင် လုပ်ကိုင်ခွင့် မရှိအောင်လုပ်ထားတာပါ ချက်ချင်းမဖမ်းပါဘူး သေချာအောင်လုပ်ပြီးမှ ဖမ်းပြီး နိုင်ငံခြားသားဆို တိုင်းပြည်ကနေ နှင်တာပါ...

အဲဒီမှာ ဘာသွားတွေ့ လည်းဆိုတော့ ဝန်ထမ်းတွေ လာဘ်ပေးလာဘ်ယူလုပ်တာတွေ ပါ...

ဘာလို့ အဲဒါတွေ လုပ်တာလည်းဆိုတော့ဝင်ငွေ မလုံလောက်မှုပါ...
ဒါဆို ဝန်ထမ်းလစာအတွက် အခွင့်အရေးနှင့် ဥပဒေ...
(၄)

ဝန်ထမ်းတွေ ရဲ့ လစာ က လုံလောက်သောဝင်ငွေ သင့်တင့်သော အခွင့်အရေး ရှိဖို့ လိုပါတယ်...
တကယ်တော့ လစာ က စားဖို့ သာ အဆင်ပြေပေမဲ့ နေဖို့  ကို မြေကွက်ချပေးတာက အလုပ်လုပ်နေသူတွေ အတွက် အဆင်မပြေပါဘူး သွားစရာဖယ်ရီ စီစဉ်ပေးဖို့ လိုလာပါတယ်..

အစိုးရကနေ အပိုင် ဝယ်ခွင့် အရစ်ကျငွေချေ ဝယ်ခွင့် ပေးဖို့ လိုလာသလို ကားဝယ်ခွင့် ရယ် ဖယ်ရီစီစဉ်ပေးရင် နေစရာရယ် သွားစရာ ရယ် စားစရာ ရယ် ရှိနေရင် အဲလိုဝန်ထမ်း လာဘ်ပေးလာဘ်ယူမလုပ်ပါဘူး...

လုပ်ရင်လည်း အရေးယူလို့ ရသလို မှန်မှန်ကန်ကန် လုပ်လို့ ရသွားတာပါ....

အဲဒီမှာ ကလေးတွေ က မြန်ပြည် အနာဂတ်အတွက် အလုပ်သမားဝင်ငွေ က တိုင်းပြည် တည်ငြိမ်ဖို့ ဆင်းရဲတွင်းကလွတ်ဖို့ ..
ကုန်းဈေးနှုန်းကတော့ တိုင်းပြည် အခွန်ဘဏ္ဍာ ရစေတာပါ...ဝန်းထမ်းတွေ အဆင်ပြေရင် တိုင်းပြည်တိုးတတ်မှုရှိစေမှာပါ..

အဲဒီမှာဘာသွားတွေလည်းဆိုရင် တိုင်းပြည်အေးချမ်းတည်ငြိမ်ဖို့ ပါ...

တိုင်းရင်းသားလက်နက်ကိုင်တွေပါ...အခုတော့ အပစ်ရပ်တွေ လုပ်နေပါပြီ...

အချိန်မရွေးပျက်သွားနိုင်သလို အဖျက်ဝင်လာမှာစိုးရပါတယ်..

(၅)အဲဒီမှာ ဥပဒေလိုသလို အခွင့်အရေးတန်းတူ လိုလာသလို ထောက်ပံနေတာ ထက် ပါဝင်လုပ်ဆောင် စေတာပါ...
သူတို့ တိုင်းရင်းသားတွေ နယ်မြေ မှာ သူတို့ တွေ အရွေးခံရအောင် ကူညီပံပိုး ပေးပါဝင်လုပ်ဆောင်စေတာပါ..
ဟုတ်ပါပြီ သူတို့ တွေ သူတို့ တိုင်းရင်းသားတွေ ကို အုပ်ချုပ်ခွင့် ရတာနဲ့ မပြီးတာပါ...လက်နက်ကိုင်အဖွဲ့ အစည်းတွေ ကျန်နေတာပါ...

အဲလိုတိုင်ရင်းသား အုပ်ချုပ်ခွင့်ရနယ်မြေတွေ မှာ သူ့ တို့ လက်နက်ကိုင်တွေ ကို စနစ်တကျ နဲ့  နယ်မြေ ထိန်းသိမ်းရေး လုံခြုံရေး ကိုသေသေချာချာ နည်းပညာတွေ ပေး တာဝန်ပေးပြီး လစာပေး ရင် တိုင်းပြည်လည်း စနစ်ကျတဲ့ တိုင်းပြည် ကို အဖက်ဖက် က ကာကွယ်ပေးသော လက်နက်ကိုင် အင်အားကြီးမားလာမှာပါ..

ငြိမ်းချမ်းရေးဆိုပြီး အကူအညီတွေ အထောက်အပံ့တွေ စောင့်နေသူတွေ အနေပဲထားရင် သူ့ နယ်မြေ ဝင်မရ သူတို့ လည်း ဟိုသွားသတိထားရ ဒီသွားသတိထားရ နဲ့ အချိန်တန် ပြဿနာတစ်ခုခု ဖြစ်ပြီး ပြည်တွင်းစစ်တွေ ရှိနေမှာပါ...

ငြိမ်းချမ်းရေးယူတာထက် တန်းတူ လုပ် တန်းတူ အခွင့် အရေးယူ တန်းတူ တာဝန်ယူမယ်ဆို ရင်ဒီမိုကရေစီထွန်းကားပြီး ကောင်းတာတွေ ဖြစ်လာမှာပါ...အကျိုးပြုစေချင်တာအနေနဲ့ ရေးတာပါ။ ဖြစ်လာ နိုင်တာတွေပါ... ကောင်းတဲ့ဟာတွေ တိုင်း ချက်ချင်းရချင်မှ ရတာလေ...တစ်နေ့ တော့ ရလာမှာပါ...

ဒီနေရာမှာ ပြည်သူတွေ အထိ တန်းတူ အခွင့်အရေးရ မှ ဒီမိုကရေစီ အနစ်သာရပေါ်လာမှာပါ...

တစ်နှစ် နီးပါး အစိုးရသစ် ကောင်းတာတွေက

(၁)တွေ့ ဆုံဆွေးနွေးရေးရှိလာတာ

(၂)နိုင်ငံတကာ ကို ဆက်ဆံလာနိုင်တာ

(၃)
ပြည်သူတွေရဲ့ ဆန္ဒတစ်ချို့ ကို အသိအမှတ်ပြုလာတာ

(၄)
တိုင်းပြည်တိုးတတ်စေချင်သူတွေ ကိုအယူအဆ တူတူ မတူတူ လွတ်လပ်ခွင့်ပြုလာတာ...
(၅)
သတင်းတစ်ချို့ တစ်လေ လွတ်လပ်လာတာ
(၆)
အပစ်ရပ်တာတွေ ကို ကြိုးပမ်းဖော်ဆောင်လာတာပါ...

တိုးတတ်မှု(၁)
နိုင်ငံတကာရင်ဘောင် လေးတန်းလို့ ရအောင် တိုးတတ်စေချင်ကြောင့် ကားဟောင်းကားသစ်လဲပေးတာပါ....ပြည်သူတွေတိုင်း ဝယ်ကူခွင့်မရသေးပါဘူး...

ထူးမခြားနား(၁)
တန်းတူဆိုတာ လိုနေပါသေးတယ်...ကလေးတွေ အလုပ်လုပ်နေရတုန်းပါ...အနာဂတ် ဦးနှောက်တွေ အခိုင်းအစေခံနေရတာပါ..

နိုင်ငံရေးဆွေးနွေးရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးပူးပေါင်းပါဝင်မှု KNU ဆောင်ရွက်သွားမည်

ဇန်န၀ါရီ ၂၇ရက်။ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

မြန်မာအစိုးရနှင့် နိုင်ငံရေးဆက်ဆွေးနွေးရန် သဘောတူလက်မှတ်ထိုးပြီးနောက် ကရင်အမျိုးသားအစည်း အရုံး-KNU က နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပူးပေါင်းပါဝင်မှုကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ယမန့်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယခုလ ၂၃မှ ၂၅ရက်နေ့အထိ ကရင်ပြည်နယ် ဒေသတနေရာ၌ ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးတွင် KNU က ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးဆွေးနွေးရေးတွင် အမျိုးသမီး များ၏ အခန်းကဏ္ဍလည်း အရေးကြီးကြောင်းကို KNU တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက ယခုလို ပြောသည်။

“KNU ရဲ့ ပေါ်လစီအရ အရေးအရာအားလုံးမှာ အခု ပစ်ခတ်ရပ်စဲရေးလိုမျိုး၊ စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲတွေကို ကြည့်ရင် ဒါစစ်သားတွေရဲ့အလုပ်၊ ယောက်ျားတွေရဲ့အလုပ်လို့ မသတ်မှတ်ထားဘူး။ နိုင်ငံရေး အလုပ်ဖြစ် တယ်။ ပြည်သူတရပ်လုံးရဲ့အလုပ်ဖြစ်တဲ့အပေါ်မှာ အမျိုးသမီးတွေရဲ့ စွမ်းရည်စွမ်းစ၊ သက်ဆိုင်တဲ့ အမျိုးသမီးတွေရဲ့ ကဏ္ဍကိုလည်း မေ့မထားဘူးဆိုတာ ထပ်မံဖော်ပြခြင်းပဲ ဖြစ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ် ဖားအံမြို့၌ ယခု ၁၂ရက်နေ့က မြန်မာအစိုးရနှင့် သွားရောက်တွေ့ဆုံရာတွင် အမျိုးသမီးတဦး တယောက်မျှ ပါဝင်ခဲ့ခြင်းမရှိသည့်အတွက် ကရင်လူထုအသိုင်းအ၀ိုင်းအတွင်း မေးစရာများဖြစ်ပေါ်ခဲ့သည်ဟု သူက ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးပဋိက္ခကြောင့် စစ်ဖြစ်ပွားရာ၌ ဒုက္ခရောက်သူများထဲတွင် အထူးသဖြင့် အမျိုးသမီး၊ ကလေးနှင့် သက်ကြီးရွယ်အိုများဖြစ်သည့်အပေါ် စစ်၏ဆိုးကျိုးနှင့် အမှန်တကယ် ငြိမ်းချမ်းရေး တည်ဆောက်မှု၊ တိုင်ပင်ညှိနိုင်းမှု စသည်တို့ ပြောဆိုသည့်အခါ ကိုယ်တိုင်ခံစားရသူ အမျိုးသမီးပါဝင်ရန် ဖြစ်သင့်ကြောင်း သူက ထောက်ပြပြောဆိုသည်။

ကရင်အမျိုးသမီးအစည်းအရုံး-KWO ၏ ဗဟိုကော်မတီဝင် တဦးဖြစ်သူ နော်မြိုင်ဖိုးက “ကရင်တွေထဲက လူဦးရေ ထက်ဝက်ဟာ အမျိုးသမီးတွေ ဖြစ်တယ်။ ဒါကြောင့်မို့လို့ အခုလို မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေး တဲ့အခါ အမျိုးသမီးပါဝင်ရမယ်။ ပြည်တွင်းစစ်တလျှောက် အမျိုးသမီးတွေဟာ ဒုက္ခမျိုးစုံခံရတဲ့ထဲမှာ ပါဝင်တာ ဖြစ်လို့ ကိုယ်တိုင်ပါရင် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးအတွက် ပိုကောင်းတယ်။”ဟု ပြောသည်။

ပြည်တွင်းပြည်ပရှိ ကရင်အမျိုးသမီးများလည်း အမျိုးသမီးများ၏ နိုင်ငံရေးလုပ်ငန်းစဉ်ဆောင်ရွက်မှုများကို ကူညီကြရန်နှင့် ကိုယ်တိုင် ပူးပေါင်းပါဝင်ရန်လည်း သူမက တိုက်တွန်းပြောဆိုသည်။

မြန်မာအစိုးရနှင့် ဆက်လက်လုပ်ဆောင်မည့် တွေ့ဆုံဆွေးနွေးရေးကိစ္စများကို အမျိုးသမီးအပါအ၀င် ပြည်တွင်း ပြည်ပ ကရင်လူထု၏ အကြံပြုချက်များကို ရယူခြင်း၊ မြန်မာအစိုးရနှင့် ပစ်ခတ်ရပ်စဲ ရေးကိစ္စ ဆက်ဆွေးနွေး ခြင်း၊ KNU နယ်မြေအတွင်း အစိုးရတပ်မှ စစ်တပ်များ လျော့ချပေးခြင်းနှင့် ရုပ်သိမ်းပေး ခြင်းတို့ KNU ၏ ကြေညာချက်၌ ဖော်ပြထားသည်။

အစိုးရနှင့် ဆွေးနွေးရာတွင် ထိရောက်ပြီး အဆင်ပြေချောမွေ့စေရန် ကျွမ်းကျင်သော ပညာရှင်များ၏ အကြံ ဉာဏ်များ ရယူသွားမည့်အပြင် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် နိုင်ငံရေးဆွေး နွေးမှုအဆင့်တွင် တိုင်းရင်းသားလူမျိုးစုများနှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဟုလည်း ထိုကြေညာချက်၌ ပြောထားသည်။

၎င်းအပြင် မြန်မာအစိုးရနှင့် ဆက်လက်ဆွေးနွေးရေးအတွက် ဒုတိယအကြိမ် ပြုလုပ်သည့် ၎င်းတို့ အရေးပေါ် အစည်း အဝေးတွင် ဗဟိုကော်မတီဝင် (၃၅)ဦးအပါဝအ၀င် ဖိတ်ကြားထားသူ ကိုယ်စားလှယ် (၃)ဦး တက်ရောက်ခဲ့သည်ဟု KNU ကြေညာချက်တွင် ပါရှိသည်။

ယခုလ ၁၂ရက်က KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့က ဘားအံမြို့၊ ဇွဲကပင်ဟိုတယ်၌ တွေ့ဆုံဆွေးနွေးကာ အပစ်အခတ် ရပ်စဲရန်၊ ဆက်ဆံရေးရုံး ဖွင့်လှစ်ရန်၊ လက်နက်မပါဘဲ တနိုင်ငံလုံး သွားလာရန်နှင့် ကျန်အဆင့်များကို ဆွေးနွေးသွားရန် စသည့်အချက်များဖြင့် ပြည်နယ်အဆင့် ပဏာမသဘောတူညီချက်စာချုပ် ချုပ်ဆိုခဲ့ကြသည်။

ယင်းနှစ်ဦးနှစ်ဘက် သဘောတူညီချက်အရ ၄၅ ရက်အတွင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး ဆက်လက်ဆွေးနွေးသွားရန် သဘောတူညီခဲ့ကြသည်။

“ဆက်ဆွေးနွေးဖို့ ၄၅ရက်သတ်မှတ်ထားပေမယ့် ဒါအသေမဟုတ်ပါဘူး။ ပြင်ဆင်မှုက အိုကေတယ်ဆိုလို့ရှိရင် ၄၅ရက်အတွင်းမှာ ပြန်တွေ့မယ်။ သူတို့(မြန်မာအစိုးရ)ကတော့ အချိန်မရွေးပဲ။ လက်ရှိအစိုးရဆိုတော့ ဖွဲ့စည်းပြင်ဆင်ထားတာတွေ ရှိကောင်းရှိမယ်။ ကျနော်တို့ဘက်က လူထု၊ မိတ်ဆွေနဲ့ ကိုယ့်အတွင်းမှာပါ အခိုင်အမာ ညှိရဦးမှာဖြစ်လို့ အချိန်ယူရဦးမှာဖြစ်တယ်။”ဟု ဗိုလ်မှူး စောလှငွေက ဖြည့်စွက်ပြောဆိုသည်။

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရန် ၁၉၄၉ခုနှစ်မှစ၍ မြန်မာအစိုးရ အဆက်ဆက်ကို နိုင်ငံရေးအရ တော်လှန်ခဲ့သည့် KNU သည် လက်ရှိအချိန်ထိ မြန်မာအစိုးရနှင့် တရားဝင် ၆ကြိမ် တွေ့ဆုံပြီး နောက် ပထမဆုံးအကြိမ်အဖြစ် ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ရရှိကာ မြန်မာအစိုးရနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဘဝအမောတွေ ပြေစေဖို့ (အပိုင်း - ၂)


ဒီစည်းကမ်းမျိုး မွေးကတည်းက မကြားဖူးဘူး....ဒါကြောင့် ဗဟုသုတအနေနဲ့တင်လိုက်သည်။

ကလေးငယ်များ ဘာလုပ်လုပ်ချစ်ဖို့ကောင်းပါ၏

ငယ်ငယ်ကတည်းက ဒီလောက်ကြိုးစားနေရင် ကြီးလာတဲ့အခါ ဘေလ်ဂိတ်ကို ကောင်းကောင်းယှဉ်လို့ရတယ်။

ဘယ်သူိ့ကို သနားရမှန်းတောင်မသိတော့ဘူး

ငယ်ငယ်ကတည်းက ဇ နဲ့ဆိုတာ ဒါမျိုးထင်ပါ့

သူနဲ့ကျမှ စူပါမင်း လဲ ဘဝပျက်ရတော့တယ် LoL

တစ်ယောက်သာယာဖို့အတွက် တစ်ကောင်က ရင်းပေးရတယ်

ခေတ် ကလေးတွေများ မလွယ်ဘူး :D

ဘာရှာနေလဲ မသိ

ချစ်ဖို့ကောင်းလို့ပါ
ကမ္ဘာ့ အပီပြင်ဆုံး ကလေးသရုပ်ဆောင် LoL
အိမ်သာသွားရမှာဝေးလို့နဲ့တူတယ်

ဂလဲ့စား

လျှပ်တစ်ပြက် ရိုက်ချက်
ဟင်း ဖြစ်သွားလဲ အေးရာအေးကြောင်းပဲ

အဆုတ်ထဲမှာ အပင်ပေါက်နေသူ

 ( အဖွားကပြောဘူးတယ်  ငါ့မြေးအစား စားရင်အစေ့တွေမ မျိုချရဘူးတဲ့ ဗိုက်ထဲကအပင်ပြန်ထွက်လာမည်တဲ့  တကယ်တွေ့တော့အဖွားကိုပိုသတိယမိတယ်)

ရုရှားမှ ခွဲစိတ်ဆရာဝန်များဟာ အသက် ၂၈ နှစ်အရွယ်လူနာတစ်ဦးထံမှ
အကြိတ် ကို ခွဲထုတ်ပေးရမယ်လို့တွက်ဆခဲ့ပေမဲ့ တကယ်တန်း ခွဲစိတ်တဲ့အချိန်မှာသူတို့တွေ့ခဲ့ရတာကတော့ ၅ စင်တီမီတာ ရှိတဲ့ အပင်တစ်ပင်ဟာ ထိုလူရဲ့အဆုတ်ထဲမှာ ရှင်သန်ကြီးထွား
နေတာကို တွေ့ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကတော့ ရုရှားနိုင်ငံ Urals က ဆရာဝန်များဟာ Artyom Sidorkin ဆိုတဲ့ လူကိုခွဲစိတ်မှု
မှာကြုံခဲ့ရတာ ဖြစ်ပါတယ်လို့ Komsomolskaya Pravda
နေ့စဉ်သတင်းစာမှာဖော်ပြခဲ့ပါတယ်။
ဆရာဝန်တွေက Sidorkin ကိုသံသယ ရှိခဲ့တာကတော့ သူပြောပုံအရ ရင်ဘတ်မှာနာတယ်။
ပြီးတော့ ချောင်းဆိုရင်သွေးပါတယ် ထိုအတွက် ကင်ဆာရောဂါလို့ သံသယရှိခဲ့တာဖြစ်ပါတယ်။
ကျွန်တော်မျက်စိကို ပိတ်လိုက်ဖွင့်လိုက်လုပ်ပြီးနောက် သေသေချာချာ  ကြည့်တဲ့အခါမှာတော့ အရာဝတ္တုတစ်ခုကိုတွေခဲ့ရတယ်လို့ ခွဲစိတ်ဆရာဝန် Vladimir Kamashev ကို သတင်းစာကိုပြောပြပါတယ်။ ဆရာဝန်တွေရဲ့ ယုံကြည့်ထားမှုကတော့ Sidorkin ငါ အစေ့တစ်ခုကို မျိုချမိလိုက်ပြီး ထိုအစေ့ဟာ အဆုတ်ထဲရောက်ကာ အညှောင့် ထွက်လာတာဘဲဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။ အခုတော့ ခွဲထုတ်ဖယ်ရှားလိုက်ပြီဖြစ်ပါတယ်။

မြန်မာပြည်ကို ဒီလောက် ဆိုးရွားသွားစေခဲ့တဲ့ အဓိကတရားခံ နံပါတ် (၂) ဟာ ဗိုလ်ချုပ်ခင်ညွန့် ပါ (၁) အခုလက်ရှိပြောတာ


၁၄-၁-၂၀၁၂ ရက်နေ့


နိုင်ငံတကာ (အထူးသဖြင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ကလင်တန်) ရဲ့ ဖိအားပေးမှုကြောင့် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန် ရဲ့ စတုတ္ထအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးရာမှာ ဗိုလ်ချုပ်ခင်ညွန့် ကို လွှတ်လိုက်တာဟာ စစ်အုပ်စုက သူတို့ ကို ပြည်သူတွေက ဘယ်လောက် ခွင့်လွှတ်နိုင်လဲ ဆိုတာ စမ်းသပ်ကြည့်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ပြီးတော့ ဒီလောက် ဆိုးခဲ့တဲ့လူဟာ ပြန်လည် ထင်ပေါ်လာနိုင်သေးလား ဆိုတာ စမ်းကြည့်တာလဲ ဖြစ်နိုင်တယ်။ သူလုပ်ခဲ့ တာ ကောင်းခဲ့တာတွေရှိတယ် ဘာဘာညာညာ။

မြန်မာပြည် ဒီလောက် ဆိုးရွားသွားခဲ့တဲ့ အဓိက တရားခံ ထဲမှာ ဗိုလ်ချုပ်ခင်ညွန့် ပါတယ်။ တရားခံ နံပါတ် ၁ ဟာ ဦးနေ၀င်းဆိုရင် တရားခံ နံပါတ် ၂ ဟာ ဦးခင်ညွန့် ပဲ။ ၈၈ မှာ အတိုက်အခံ တွေဘက်က ကြားဖြတ်အစိုးရဖွဲ့ ဖို့  နှောင့်နှေးခဲ့ရတဲ့ အခြေအနေမှာ သပိတ် တန်ပြန်ရေး ဖော်ဆောင်သွားတာ သူ နဲ့ ထောက်တွေပဲ။ ၈၈ မှာ ခေါင်းဖြတ်ပြ၊ စက်ရုံတွေဖောက်ပြ မင်းမဲ့ စရိုက်ဆိုတဲ့ ဘက်ကို လုပ်ပြသွားတာ ဗိုလ်ချုပ်ခင်ညွန့် ပဲ။ အဲ့ဒါကြောင့် ဒီနေ့ တချို့ လူငယ်တွေ "၈၈ မှာ တပ်မတော်က ကယ်တင်လိုက်ရတယ်" ဆိုတဲ့ ဗိုလ်ချုပ်ခင်ညွန့်  ရဲ့  အလှည့်စားခံလေးတွေ ဖြစ်သွားတာပဲ။ ဒီနောက်မှာ သပိတ်နှိမ်နှင်းရေးတွေကို လူမဆန်အောင် ကြူပင်ခုတ် ကြူငုတ် မကျန် လုပ်ခဲ့တာ ဗိုလ်ချုပ်ခင်ညွန့် ပါပဲ။

ရေကြည်အိုင် လိုမျိုး နာမည်ဆိုး နဲ့ ကျော်ကြားတဲ့ စစ်ကြောရေးစခန်းတွေက ငရဲခန်း နှိပ်စက်ခန်းတွေဟာ ဗိုလ်ချုပ်ခင်ညွန့် စနက်တွေချည်းပါပဲ။ ဆိုင်ကယ် မောင်းခိုင်းတာ က အစ သောက်တဲ့ ရေထဲ မာကျူရီ ထည့်ပြီး ဦးနှောက်ပျက်အောင် လုပ်တဲ့အထိ ဆိုးရွားခဲ့တာ ဗိုလ်ချုပ်ခင်ညွန့် ပါပဲ။

ရေကြည်အိုင်ကို ၀င်သွားတဲ့ လူ မှန်သမျှ အကောင်းအတိုင်း ပြန်ထွက်လာတယ် ဆိုတာ အလွန်ရှားပါတယ်။ လူမသိ သူမသိ လက်လွန်သွားလို့ သေသွားတဲ့ လူတွေ ဘယ်လောက်ရှိသလဲ ဆိုတာ ရေတွက်လို့ မရပါဘူး။ တကယ်တော့ မြန်မာ တပြည်လုံးကို အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့တာမျိုးကို စစ်ဗိုလ်ချုပ်တွေ မလုပ်တတ်ခဲ့ပါဘူး။ ည အချိန်မတော် အိမ်တံခါး လာခေါက်ပြီး "ညီလေး၊ အစ်ကိုတို့ နဲ့ ခဏလိုက်ခဲ့ပါ" လို့  ဘယ်တော့ များ အခေါ်ခံရမလဲ ဆိုတဲ့ အကြောက်တရားမျိုးကို လူတွေစိတ်ထဲ ရိုက်သွင်းခဲ့တာ ဗိုလ်ချုပ်ခင်ညွန့် ပါ။ နိုင်ငံရေး ဆိုတာ လုပ်တာနဲ့ သချိင်္ုင်းကုန်းပဲ ပြေး မြင်အောင် လုပ်ထားတာ ဗိုလ်ချုပ်ခင်ညွန့် ပါ။

ခင်ညွှန့်ကဘာတွေလိမ်ခဲ့လည်း ကြည့်ပြီးအဖြေရှာပါ၊ ရန်သူလက်တကမ်းအလိုမှာပါ ၊ ညာနေတာအထာပဲ



khin nyunt from 88bigguy on Vimeo.