Friday, December 2, 2011

Informal Talks Yield No Ceasefire With Karen Rebels

Friday, November 25, 2011 Irrawaddy










KNU General Secretary Zipporah Sein
The Karen National Union (KNU) recently formed the “Committee for the Emergence of Peace” with the aim of holding peace talks with the Burmese government. On Nov. 19, soon after the committee was formed, three of its representatives held talks in northern Thailand with a Burmese government delegation led by Minister Aung Min. Saw Yan Naing, a senior reporter for The Irrawaddy, interviewed KNU General Secretary Zipporah Sein after the meeting.  

Question: What was the result of the meeting between members of the KNU’s Committee for the Emergence of Peace and the Burmese government delegation?
Answer: We do not have any results yet, because we haven't had substantial talks yet. It was only an informal meeting and discussion. We haven't reached any agreement yet.
Q: Why were all seven members of the Committee for the Emergence of Peace not involved in the meeting with the delegation led by Aung Min? Are there disagreements within the KNU leadership regarding the peace talks?
A: It was not necessary for all seven members to get involved in this meeting. It is the beginning. So the Committee members elected to send only three representatives to participate in the meeting. These negotiations are complicated, so of course there are differences of opinion regarding strategies. However, we have come to an agreement within our leadership and we are ready to go forward with talks.
Q: Witnesses to the meeting said the KNU representatives didn’t signed any ceasefire agreement in the meeting, but agreed in principal to a ceasefire with the government. Is this true?
A: Actually, that is not true. The meeting was informal and there was only informal talk. Nothing came out about any agreement yet. The agreement can only happen after we have more substantial talks.
Q: There is speculation that some KNU hardliners and some pro-KNU persons were not happy about the recent peace talks, which were led by KNU Central Committee member Saw David Taw. Is that true?
A: Everybody made the decision to establish a Committee for the Emergence of Peace together at the recent meeting of the KNU Central Standing Committee and everyone is satisfied with the outcome of the meeting to start negotiations for peace talks or ceasefire talks. David Taw and the team were appointed to go to this informal meeting with the representative of the government of Thein Sien by the Committee for Emergence for Peace. The KNU already has a clear policy regarding negotiations to resolve political problems and opening the door to talks. The KNU has always been willing to participate in solving political problems in Burma to bring peace and equal rights for all.
Q: Harn Yawnghwe, the executive director of the Brussels-based Euro-Burma
Office who also is one of Burma’s most prominent exiles, was also present at
the recent talks. What was his role?
A: I think he is the advisor of the Ethnic Nationalities Council. He is willing to recognize equal rights for all ethnic nationalities for Burma.
Q: Burma’s President Thein Sein told Burmese journalists in Bali this month
that it is hard to meet with all ethnic armed groups together at the same time because they have different demands. What is your response to that?
A: We ethnic people all need equal rights and equal participation.
 This is our common goal, so that is why we encourage Thein Sein’s government to meet with all the ethnic groups together.
Q: Is it necessary that Aung San Suu Kyi get involved in the government’s
peace process with the ethnic armed groups?
A: I think it is good for her to get involved as she is one of the dialogue partners and we all agree that tripartite dialogue which is all inclusive is the best way for all of us, so it is important that Aung San Suu Kyi participates in this process.
Q: What is the KNU’s current position on peace talks with the government? What
kind of peace talks do the KNU want?
A: The KNU is committed to a genuine ceasefire, but to succeed we have to proceed with caution and we want to be recognized as equal partners in this dialogue and end up with a political agreement and settlement that will bring genuine peace and stability to Burma.

လူရွှင်တော် ပန်းသီး၊ ကြယ်သီးနှင့် မင်းသမီး မြစပယ်ငုံတို့ ပြည်တော်ပြန်

သီးလေးသီးအဖွဲ့ဝင်များဖြစ်ကြသည့် ပန်းသီး၊ ကြယ်သီးနှင့် မင်းသမီး မြစပယ်ငုံတို့ ယနေ့ ဒီဇင်ဘာလ ၁ ရက် နေ့ ညနေ ၅ နာရီ ၅၀ မိနစ်ဝန်းကျင်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှတဆင့် ပြည်တော်ပြန်လာသည်ကို ဇာဂနာ (ခ) ဦးသူရ၊ လွန်ခဲ့သည့် နှစ်လခန့်က ပြည်တော်ပြန်ခဲ့ကြသော စိန်သီး၊ ဂေါ်ဇီလာ၊ မင်းသမီး ချောစုမျိုးနှင့် ဟာသသရုပ်ဆောင် အရိုင်း၊ ကင်းကောင်၊ ငှက်ပျော်ကြော်တို့ လာရောက်ကြိုဆိုခဲ့ကြသည်။
(ဓာတ်ပုံ - The Voice Weekly)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

December 1, 2011 by ရွှေအောင်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလန်တင်ဟာ ဒီကနေ့ နေလယ်ပိုင်းမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က​ ကိုယ်စားလှယ်တွေနဲ့​ ​တွေ့ဆုံခဲ့ပါတယ်။

အ​မေ​ရိ​ကန်​ ​နိုင်ငံ​ခြား​​ရေးဝန်​ကြီး​​နှင့်​​ ​လွှတ်​တော်​ကိုယ်စားလှယ်များ​ တွေ့​​ဆုံ​စဉ်

အ ​မေ​ရိ​ကန်​ ​နိုင်ငံ​ခြား​​ရေးဝန်​ကြီး​​နှင့်​​ ​လွှတ်​တော်​ကိုယ်စားလှယ်များ​ တွေ့​​ဆုံ​စဉ် ပြည်သူ့လွှတ်တော်​ ​ရေးရာကော်မတီ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးများ၊ တိုင်းရင်းသူ လွှတ်တော်ကိုယ်စားလှယ်တွေအပြင် အမေရိကန်အစိုးရကနေ နာမည်နဲ့တကွ ဖိတ်ကြားခံရတဲ့ လွှတ်တော်​ ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ဦးသိန်းညွှန့်၊ ဦးဆိုင်ဆောင်ဇီ၊ ဒေါက်တာသန်းဝင်း၊ ဦးပန်းမောင်ဉာဏ်၊ ဦးစောသိန်းအောင်၊ ဦးသာစိန်၊ ဦးလှမြင့်ဦးတို့​ ပါဝင်ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးသူရရွှေမန်းက နိုင်ငံတကာ စံနှုန်းတွေကို လေးစားလိုက်နာပါမယ်လို့ ဟီလာရီကလင်တန်ကို ကတိပေးခဲ့တယ်လို့ ဦးသိန်းညွှန်က ပြောပါတယ်။

“ဒီဘက်က လွှတ်တော်ဥက္ကဋ္ဌကြီးက နိုင်ငံသားများရဲ့ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး၊ တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံသားအားလုံးပါဝင်ပြီး နိုင်ငံရေးလုပ်ဆောင်နိုင်ရေး။ အဲဒီလို လုပ်ဆောင်နိုင်ရန် အတွက်လည်းကောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးအတွက်လည်းကောင်း၊ အကျဉ်းသားများ ပြစ်ဒဏ်သက်သာခွင့်နှင့် လွတ်ငြိမ်းချမ်းသာခွင့် ပြုရေး၊ အိမ်နီးချင်း နိုင်ငံများ၊ ကမ္ဘာနိုင်ငံများ၊ ကုလသမဂ္ဂနှင့် ချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်မှု ပြုနိုင်ရေးအတွက် မိမိတို့ နိုင်ငံခြားရေးမူဝါဒ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ အပြည့်အဝ လိုက်နာမယ်လို့ ကတိပေးလိုက်တယ်။”

ဟီလာရီကလင်တန်က မြန်မာနိုင်ငံကို ပညာရေး ကျန်းမာရေးအတွက် ကမ္ဘာဘဏ်၊ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ စတဲ့ နိုင်ငံတကာက အကူအညီတွေရရှိဖို့ကိုလည်း ဆောင်ရွက်ပေးမယ်လို့ မြန်မာဘက်ကို ကတိပြန်ပေးပါတယ်။

အလားတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေ နေပြည်တော်မှာ ဒီနေ့မွန်းလွဲပိုင်း တွေ့ဆုံခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်အောင်လုပ်ပေးဖို့၊ သန့်ရှင်းမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်အောင် ဖော်ဆောင်ပေးဖို့ စတဲ့ အချက်တွေအပါအ၀င် အချက်လေးချက်ချပြခဲ့တယ်လို့ တွေ့ဆုံပွဲတက်ခဲ့တဲ့ ရခိုင်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါက်တာအေးမောင်က ပြောပါတယ်။

တိုင်းရင်းသားဒေသတွေမှာဖြစ်ပွားနေတဲ့ နယ်စပ်တိုက်ပွဲတွေဆီကို လေ့လာရေးအဖွဲ့တွေ စေလွှတ်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေလွှတ်ပေးဖို့စတဲ့ ကိစ္စရပ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်အုပ်ချုပ်ရေး နိုင်ငံတွေအဖြစ်ကနေ ဒီမိုကရေစီနိုင်ငံတွေအဖြစ် အောင်မြင်စွာကူးပြောင်းခဲ့တဲ့ နိုင်ငံတွေကို မစ္စကလင်တန်က ဥပမာပေးပြောဆိုသွားပုံကိုလည်း ဒေါက်တာအေးမောင်က ခုလို ပြောပါတယ်။

“နိုင်ငံတကာနယ်ပယ်ထဲ ဝင်ဆန့်ဖို့အတွက် အရေးကြီးတယ် ဆိုတဲ့အကြောင်းကို ပြောဆိုပါတယ်။ အဲဒီလို ညွှန်းတဲ့အခါမှာ တောင်အမေရိကတိုက်ရဲ့ စစ်တပ်အုပ်စိုးတဲ့ နိုင်ငံကနေ ဒီမိုကရေစီစနစ်ကို ပြောင်းပြီးကာမှ စီးပွားရေး ဖွံ့ဖြိုးစ ပြုလာကြတဲ့ ဘရာဇီးလို၊ အာဂျင်တီနားလို၊ ချီလီလို နိုင်ငံတွေကို ညွှန်းပါတယ်။ နောက် အရှေ့တောင်အာရှ အင်ဒိုနီးရှား နိုင်ငံတို့ကို ညွှန်းပါတယ်။ စစ်တပ်ရဲ့ ပါဝင်မှုကို အခြေခံကစပြီး လျှော့ချခြင်းအားဖြင့် နောက် တဖြည်းဖြည်းနဲ့ ဒီမိုကရေစီနိုင်ငံဘက်ကို ပြောင်းလဲလာကြတာပေါ့နော်။ နိုင်ငံတကာရဲ့ သံသယကို မဖြစ်စေဖို့ အကြံပြုတာကို တွေ့ရပါတယ်။

ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်ကလည်း ပြန်လည်ဆွေးနွေးခဲ့တယ်လို့ ဒေါက်တာအေးမောင်က ဆိုပါတယ်။

“ဦးခင်အောင်မြင့်ကလည်း ပြန်ပြီးဆွေးနွေးတာပေါ့နော်။ ကျနော်တို့ လွှတ်တော်တွေမှာလည်းပဲ ပါဝါသုံးရပ်ကို ခွဲခြားဆောင်ရွက်နေပါတယ်။ မစ္စကလင်တန် ဆွေးနွေးတင်ပြခဲ့တဲ့ အချက် ၄ ချက်ကိုလည်းပဲ မှတ်သားထားပါ့မယ်ပေါ့။ မြန်မာနိုင်ငံနဲ့ အမေရိကန် ဒီမိုကရေစီအတွက် ကူညီဆောင်ရွက်ရန် ကိစ္စတွေကိုလည်း သူက ဖော်ညွှန်းသွားခဲ့တာ တွေ့ရပါတယ်။”

အပြန်အလှန်ဆွေးနွေးခဲ့တာနဲ့ပတ်သက်ပြီး ဒေါက်တာအေးမောင်က “ခြုံကြည့်ရရင်တော့ ဒီဆွေးနွေးပွဲလေး၊ ဒီတွေ့ဆုံပွဲလေးက အင်မတန်မှ ဂုဏ်ကျက်သရေ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ထွက်သစ်စ ဒီမိုကရေစီလမ်းကြောင်းကို နောက်ပြန်မလှည့်ဘဲနဲ့ ရှေ့ဆက်သွားဖို့ အတွက် တွန်းအားတွေ ဖြစ်တယ်လို့ ယူဆပါတယ်” လို့ ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်နဲ့ တွေ့ဆုံဆွေးနွေးပွဲကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၃၃ ဦး တက်ရောက်ခဲ့ပြီး မိနစ် ၅၀ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

ကရင်ကျောင်းသာများရိပ်သာ ဖြစ်မြောက်ရေးကော်မတီ (မော်လမြိုင် နည်းပညာတက္ကသိုလ်)

Wednesday, November 30, 2011 
ကရင်ကျောင်းသာများရိပ်သာ ဖြစ်မြောက်ရေး (မော်လမြိုင် နည်းပညာတက္ကသိုလ်)

အနယ်နယ် အရပ်ရပ်မှ မော်လမြိုင် နည်းပညာတက္ကသိုလ် သို့လာရောက် ပညာသင်ကြားကြမည့် ကရင်လူမျိုး ကျောင်းသားလူငယ်များ နေထိုင်စားသောက်၊ ပညာသင်ကြားရေး အဆင်ပြေစေရန် အတွက်
ရည်ရွယ်ပြီး ကရင်ကျောင်းသာများရိပ်သာ (မော်လမြိုင် နည်းပညာတက္ကသိုလ်)ကို အောက်ပါ အဖွဲ့ အစည်း
မှဦးဆောင်၍ ဆောက်လုပ်နေပါသည်။ အဆောက်အဦး ပြီးစီးပြီ ဖြစ်သော်လည်း အတွင်းပရိဘောဂ ကုတင်၊ စားပွဲ၊ ဘီဒို များလိုအပ်နေပါသေးသည်။ စေတနာရှင်များ ပါဝင်လှုဒါန်းနိုင်ပါသည်။

ကရင်ကျောင်းသာများရိပ်သာ ဖြစ်မြောက်ရေးကော်မတီ
မော်လမြိုင် နည်းပညာတက္ကသိုလ်

အမျိုးသားလွှတ်တော် ကြံ့ဖွံ့အမတ် ဦးခင်ရွှေရတဲ့ ဒေါက်တာဘွဲ့ အတုဖြစ်နေ

Thursday, 24 November 2011ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ ကြီးပွားချမ်းသာလာခြင်းဟာ စစ်အစိုးရက သူကောင်းပြုတဲ့ စီမံကိန်းတွေနဲ့ ခေတ်ပျက်သူဌေးဖြစ်ပြီး ချမ်းသာလာသူ ဖြစ်ပါတယ်။

နအဖ န၀တ စစ်အစိုးရ အဆက်ဆက် ကျေးဇူးကြောင့် ချမ်းသာလာတဲ့ ဦးခင်ရွှေကို စစ်အစိုးရကလည်း ထိုက်ထိုက်တန်တန် အသုံးချခဲ့ပါတယ်။
၁၉၉၇ ခုနှစ် အမေရိကန်ဆန်ရှင်ခေါ် စီးပွားရေး ပိတ်ဆို့မှုကြောင့် မြန်မာစစ်အစိုးရ အလူးအလဲ ခံနေရချိန်မှာ အမေရိကန်စီးပွားရေး ပိတ်ဆို့မှုပြန်ဖွင့်ရေး၊ နိုင်ငံတကာမှာ စစ်အစိုးရ သိက္ခာပြန်တင်နိုင်ရေးအတွက် အမေရိကန် Public Relations ကုမ္ပဏီတွေကို ဇေကမ္ဘာကုမ္ဗဏီပိုင်ရှင် ဦးခင်ရွှေကတဆင့် ငှားရမ်းခဲ့ပါတယ်။
၁၉၉၀ ပြည့်နှစ်အစောပိုင်းကစပြီး Jafferson Waterman International ဆိုတဲ့ ကုမ္ပဏီကို တနှစ် အမေရိကန်ဒေါ်လာ ၄ သိန်းနဲ့ စစ်အစိုးရက ငှားပီး လော်ဘီလုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒီနောက်မတော့ Bain & Associates ကုမ္ပဏီကို တနှစ် ဒေါ်လာ ၂ သိန်းခွဲကျော်ပေးပီး ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ ကတဆင့် ငှားခဲ့ပါတယ်။ ဒါလည်း မအောင်မြင်ခဲ့ပါဘူး။
ဒီနောက် Atlantic Group ကုမ္ပဏီကို ဒေါ်လာအမြောက်အများပေးငှားပေမဲ့လဲ စစ်အစိုးရ သိက္ခာတက်မလာခဲ့ပါဘူး။ ဒိနောက် ၂၀၀၂ ခုမှာ DCI Group ဆိုတဲ့ အမေရိကန် ကုမ္ဗဏီကို ရှစ်လတွက် ဒေါ်လာ ၃ သိန်းခွဲနဲ့ ငှားခဲ့ပေမဲ့ နောက်ဆုံး ဒီကုမ္ပဏီနဲ့လည်း စစ်အစိုးရ ခွာပြဲခဲ့ပါတယ်။
ဒီအခြေအနေတွေကိုကြည့်ရင် ဦးခင်ရွှေဟာ စစ်အစိုးရလက်ထက်ကထဲက ဘယ်လောက် အတိုင်အတာထိ အရေးပါနေသလဲ သိသာပါတယ်။
အမေရိကန် ဆန်ရှင်ပြန်ဖွင့်နိုင်ရေး၊ နိုင်ငံတကာမှာ စစ်အစိုးရ သိက္ခာတက်လာရေး စီမံကိန်းကို တချိန်က OSS ထောက်လှမ်းရေး စစ်ဗိုလ်တွေလုပ်ခဲ့တာမို့ ဦးခင်ရွှေဟာ ထောက်လှမ်းရေးအဖွဲ့က လက်ရင်းထား အားကိုးခံခဲ့ရသူ လုပ်ငန်းရှင်ကြီး တဦးဆိုလည်း မမှားပါဘူး။ ဒီစီမံကိန်းသာေ အာင်မြင်ခဲ့ရင် ဦးခင်ရွှေဟာ ဒီထက်ပြိုပီး သူကောင်းပြုခံရမှာ ဧကန်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစီမံကိန်းကို အနောက်နိုင်ငံ စာနယ်ဇင်းတွေက ဖော်ထုတ်ခဲ့တဲ့အတွက် ဦးခင်ရွှေပါ စစ်အစိုးရနဲ့အတူ ရောပြီး သိက္ခာကျခဲ့ပါတယ်။
ဗိုလ်ချုပ်ခင်ညွန့်လက်ထက်က ဦးခင်ရွှေကို သုံးပြီး အမေရိကန်ကို လိမ်ဖို့ ထောက်လှမ်းရေးအဖွဲ့က ကြိုးစားခဲ့တာတွေကို အမေရိကန်မှာ နိုင်ငံရေး ခိုလှုံခွင့်ရသွားတဲ့ ထောက်လှမ်းရေးဟောင်း ဗိုလ်မှူး အောင်လင်းထွဋ်ကလည်း ခုထိ ဖော်ထုတ်ခြင်း မပြုဘဲ ငြိမ်နေပါတယ်။
ဦးခင်ရွှေ ဒေါက်တာဘွဲ့အတု ဘယ်လိုရသလဲ
စစ်အစိုးရဟာ တဘက်က ဦးခင်ရွှေကို အသုံးချပီး အမေရိကန် PR ကုမ္ဗဏီတွေနဲ့ သိက္ခာတက်အောင် ကြိုးစားနေချိန်မှာ တဘက်ကလည်း ဦးခင်ရွှေကို ဒေါက်တာဘွဲ့တစ်ခု ရအောင် ဖန်တီးပေးပီး PR ကမ်ပိန်း အရှိန်ရအောင် ကြိုးစားခဲ့တာဖြစ်တယ်လို့ ဦးခင်ရွှေရတာ ဒေါက်တာဘွဲ့အတုဖြစ်ကြောင်း ဖော်ထုတ်ခဲ့တဲ့ အမေရိကန်တွေဘက်က မြင်ပါတယ်။
ဦးခင်ရွှေဟာ စစ်အစိုးရ သိက္ခာတက်ရေးအတွက် Bain & Associates ကုမ္ပဏီနဲ့ အလုပ်များနေတုံးမှာ ဦးခင်ရွှေကို အမေရိကန်နိုင်ငံ ၀ါရှင်တန်တက္ကသိုလ်က ပေးအပ်တဲ့ Business Administration ဆိုင်ရာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်တဲ့အခမ်းအနားလုပ်တဲ့အကြောင်း စစ်အစိုးရသတင်းကို ကိုးကားပြီး အမေရိကန် Washington Post သတင်းစာက ဖော်ထုတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံက ကောလိပ် တက္ကသိုလ်တွေကို ပိတ်ထားတာ တနှစ်ကျော်နေတဲ့အချိန်မှာ စစ်အစိုးရက ဦးခင်ရွှေသတင်းကို ထုတ်ပြန်လိုက်လို့ ပြည်ပရောက် ဒီမိုကရေစီရေး မြန်မာအတိုက်အခံတွေလဲ အံ့အားတသင့် ဖြစ်ကုန်ပါတယ်။
စစ်အစိုးရ သတင်းစာတွေအရဆိုရင် ဦးခင်ရွှေကို ဒေါက်တာဘွဲ့ပေးတဲ့အခမ်းအနားမှာ အမေရိကန်ပညာရေး ဖောင်ဒေးရှင်းအဖွဲ့ရဲ့ ကမကထနဲ့ ၀ါရှင်တန် တက္ကသိုလ် ပါမောက္ခ ဒေါက်တာ Carey Rosenthal နဲ့ ၀ါရှင်တန် တက္ကသိုလ် ဂုဏ်ထူးဆောင် သုတေသန ကော်မီတီ ဥက္ကဌ ဒေါက်တာ Jom Lim တို့ကနေ ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။
တကယ်တော့ ဦးခင်ရွှေဟာ စစ်တပ်ကနေ တပ်ကြပ်ကြီးအဆင့်က အငြိမ်းစားယူခဲ့သူဖြစ်ပီး အတန်းပညာ အထက်တန်းတောင် မအောင်ခဲ့ဘူးလို့ အမေရိကန် သတင်းစာတွေက ရေးပါတယ်။
မှောင်ခို ဒေါက်တာဘွဲ့အတုဆိုတာ ဖော်ထုတ်နိုင်ပြီ
ဦးခင်ရွှေရဲ့ ဒေါက်တာဘွဲနောက်ကြောင်းကို အမေရိကန် တက်ကြွလှုပ်ရှားသူတွေက စုံစမ်းဖော်ထုတ်ရာမှာ-
၁။ ဦးခင်ရွှေကို ဒေါက်တာဘွဲ့ပေးတဲ့ အမေရိကန်နိုင်ငံ ၀ါရှင်တန်တက္ကသိုလ်ဆိုတာ အသိအမှတ်ပြုခံထားရတဲ့ တက္ကသိုလ်မဟုတ်ဘဲ ဟာဝိုင်အီကျွန်းမှာ မှတ်ပုံတင်ထားပီး ပင်ဆယ်ဗေးနီးယားပြည်နယ် Bryn Mawr မှာ စာတိုက်သေတ္တာနံပတ်တခုနဲ့ ဘွဲ့တွေ ရောင်းစားနေတဲ့ တက္ကသိုလ်အတု ဖြစ်နေတာ တွေ့ရပါတယ်။ ဒေါက်တာဘွဲ့တခုကို အမေရိကန်ဒေါ်လာ ၃၆၀၀ ကနေ ဒေါ်လာ ၆၀၀၀ ကြားဈေးနဲ့ မှောင်ခိုရောင်းနေတဲ့ တက္ကသိုလ်အမည်ခံ မှောင်ခိုလုပ်ငန်းတခုသာ ဖြစ်ပါတယ်။
၂။ ဒါပေမဲ့ ဦးခင်ရွှေကို မှောင်ခို ဒေါက်တာဘွဲ့အတုရောင်းတဲ့ တကယ်မရှိတဲ့ နာမယ်တူ ၀ါရှင်တန်တက္ကသိုလ်ရဲ့ သတင်းကြောင့် အမေရိကန်နိုင်ငံ St. Louis မှာတကယ်ရှိတဲ့ ၀ါရှင်တန်တက္ကသိုလ်က ကြားကနေ အချောင် နာမယ်ပျက်သွားပါတယ်။ ဒီမှာတင် အမှန်တကယ် တည်ရှိတဲ့ St. Louis ၀ါရှင်တန်တက္ကသိုလ်က ဦးခင်ရွှေ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ရတယ်ဆိုတဲ့ စစ်အစိုးရသတင်းဟာ မှားယွင်းကြောင်းနဲ့ အထင်လွဲစရာတွေ ဖြစ်ကုန်ကြောင်းကြေငြာချက်ထုတ်ပြန်ြပီး တရားစွဲဖို့ ပြင်ဆင်ခဲ့ပါတယ်။
(ပင်ဆယ်ဗေးနီးယား အခြေစိုက် စီးပွားဖြစ်လုပ်စားနေတဲ့ ၀ါရှင်တန်တက္ကသိုလ်အတုကို St. Louis ၀ါရှင်တန်တက္ကသိုလ် အစစ်ကနေ ဦးခင်ရွှေကို ပေးတဲ့ဘွဲ့ကိစ္စနဲ့ ပတ်သက်ပြီး Federal District တရားရုံးကနေ တရားစွဲခဲ့ရာမှာ နောက်ဆုံး တရားရုံးပြင်ပမှာ ကျေအေးခဲ့ပါတယ်။ ဒါပေမဲ့ စာတိုက်ပုံးတစ်လုံးနဲ့ မှောင်ခို ဒေါက်တာဘွဲ့တွေ ရောင်းစားနေသူတွေအနေနဲ့ တရားရုံးဆုံးဖြတ်ချက်အရ နောက်နောင် ၀ါရှင်တန်တက္ကသိုလ်အစစ်နဲ့ တခြားအမေရိကန်တက္ကသိုလ်တွေရဲ့ အမည်သုံးပြီ်း စီးပွားမလုပ်နိုင်အောင် ဟန့်တားနိုင်ခဲ့ပါတယ်)။
၃။ ဦးခင်ရွှေကို မှောင်ခိုဒေါက်တာဘွဲအတုပေးတဲ့ အမေရိကန်ပညာရေး ဖောင်ဒေးရှင်းအဖွဲ့ဆိုတာ စင်္ကာပူနိုင်ငံမှာသာ အခြေစိုက်တဲ့အဖွဲ့ဖြစ်နေတာ တွေ့ရပါတယ်။
၎။ စစ်အစိုးရသတင်းစာပါ ဦးခင်ရွှေကို ဒေါက်တာဘွဲ့အတုပေးတဲ့ ၀ါရှင်တန် တက္ကသိုလ် ပါမောက္ခ ဒေါက်တာ Carey Rosenthal ဆိုတာလဲ အမေရိကန်နိုင်ငံ Philadelphia မှာရှိတဲ့ Drexell တက္ကသိုလ်က ဓါတုဗေဒ ပါမောက္ခဖြစ်နေတာ တွေ့ရပြီး ဦးခင်ရွှေဘွဲ့ပေးဖို့ သူမြန်မာနိုင်ငံသွားတဲ့စရိတ်ကို ဦးခင်ရွှေကပဲ စိုက်ထုတ်ကျခံတယ်လို့ သိရပါတယ်။
၅။ တကယ်တော့ ဦးခင်ရွှေရတယ်ဆိုတဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ဆိုတာ ဘွဲ ဒီဂရီ ပေးခွင့်မရှိတဲ့ အဖွဲ့အစည်းတခုက ပေးတဲ့ မှောင်ခိုဒေါက်တာဘွဲ့အတုသာဖြစ်ပီး ဒေါက်တာဘွဲပေးတဲ့ ဖြစ်စဉ်တခုလုံးရဲ့ ကုန်ကျစရိတ်တွေကို ဦးခင်ရွှေကဘဲ အကုန်အကျခံတာ ပေါ်လွင်နေတယ်လို့
ကိုလံဘီယာတက္ကသိုလ် နိုင်ငံတကာရေးရာ ပါမောက္ခ Tom Lansner ကပြောပါတယ်။
ခုလို ဦးခင်ရွှေကို မှောင်ခို ဒေါက်တာဘွဲ့ အတုရအောင် စစ်အစိုးရက ဘာကြောင့် လုပ်ပေးရသလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တွေပေးတာ မနာလိုတဲ့အတွက် ဖြစ်နိုင်တယ်လို့ ဦးခင်ရွှေရတယ်ဆိုတဲ့ ဒေါက်တာဘွဲ့ နောက်ကြောင်းကို ဖော်ထုတ်သူ အမေရိကန် တက်ကြွလှုပ်ရှားသူတွေက မှတ်ချက်ချပါတယ်။
နိဂုံး
ဦးခင်ရွှေဟာ စစ်အစိုးရအကျိုးစီးပွားကို နာမယ်ပျက်ခံ ဆောင်ကျဉ်းပေးခဲ့သူဖြစ်တဲ့အတွက် ကနေ့ အမျိုးသားလွှတ်တော်မှာ ကြံ့ဖွံ့အမတ်အနေနဲ့ နိုင်ငံရေးနယ်ပယ်ထိ ဦးသိန်းစိန်အစိုးရက ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အစိုးရ ဒါမှမဟုတ် ဦးသိန်းစိန်အစိုးရဟာ ဦးခင်ရွှေနဲ့ အကျိုးတူဖြစ်နေတာမို့ ဒီလို သိက္ခာမဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မျိုးကို အခြေခံဥပဒေ ၂၀၀၈ အရ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ရပ်ဆိုင်းပေးပါရန် (recall) မဲဆန္ဒရှင်တွေက စုပေါင်းလက်မှတ်ထိုးပြီး ရွေးကောက်ပွဲကော်မရှင်ထံ တောင်းဆိုခွင့်ရှိပါတယ်။
ဂျက်ဖရီ ဆန်းမောင် စုဆောင်းတင်ပြသည်။
ဝါရှင်တန်တက္ကသိုလ်မှ ဦးခင်ရွှေအား မည်သည့်အခါကမျှ မည်သည့်ဘွဲ့မျိုး မပေးအပ်ခဲ့ကြောင်း ထုတ်ပြန်လိုက်သည့်စာ

Thursday, December 1, 2011

ကန္တရ၀တီတိုင်း - သတင်းရုပ်သံ ကျနော်တို့ ကရင်အမျိုးသားများ၏ သွေးရင်းညီနောင် ကရင်နီပြည်နယ်က သတင်းရုပ်သံပါ။

ပြည်နယ် ၁၄ ခု အနက် ၁၃ ခုတွင် သတ္တုမျိုးစုံ ထွက်ရှိ



Wednesday, 30 November 2011

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအနက် ၁၃ ခုတွင် သတ္တုမျိုးစုံထွက်ရှိပြီး မြို့နယ်အားဖြင့် မြို့နယ် ၃၃၀ ရှိသည့်အနက် မြို့နယ် ၁၆၁ မြို့နယ်တွင် သတ္တုမျိုးစုံ ထွက်ရှိခြင်းဖြစ်သည်။

ထွက်ရှိသည့် သတ္တုမျိုးစုံမှာ ကျောက်မီးသွေး၊ ကြေးနီ၊ နီကယ်၊ ရွှေ၊ သံ၊ ကျောက်ဂွမ်း၊ ဥဒေါင်းစိမ်း၊ ကျောက်စိမ်း၊
ရွှေဖြူ၊ ဘောက်ဆိုဒ်၊ ခနောက်စိမ်း၊ ဂေါဒန်၊ ထုံးကျောက်၊ ခဲ၊ အဖြိုက်နက်၊ သလင်းကျောက်၊ သွပ်၊ တိုမလင်း၊ ခရိုမိုက်၊ ကန့်ကူဆံ၊ ဆိုဒါပြာ၊ ကြွေကျောက်၊ ခဲတူ၊ မြေစေး၊ စိန်၊ ခဲမဖြူ၊ မင်းဂနိစ်၊ ဖန်ချက်သဲ၊ အလှဆင်ကျောက်၊ ဖော့စဖိတ်၊ ဘရိုက်တီး၊ ပြဒါး၊ ဇာကွန် သဲ စသည်တို့ဖြစ်ကြသည်။

ကချင်ပြည်နယ်၌ ၁၅ မြို့ နယ်၊ ကရင်ပြည်နယ်၌ ခုနစ်မြို့ နယ်၊ ကယားပြည်နယ်၌ လေးမြို့နယ်၊ ချင်းပြည်နယ်၌ သုံးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၆ မြို့ နယ်၊ တနင်္သာရီတိုင်းဒေသကြီး၌ ရှစ်မြို့နယ်တို့တွင် သတ္တုမျိုးစုံထွက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၌ ၁၁ မြို့ နယ်၊ မကွေးတိုင်းဒေသကြီး၌ ၁၇ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၌ ၁၆ မြို့နယ်၊ မွန်ပြည်နယ်၌ ခုနစ်မြို့နယ်၊ ရှမ်းပြည်နယ်၌ ၃၅ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၌ လေးမြို့နယ်၊ ရခိုင်ပြည်နယ်၌ ငါးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၌ သုံးမြို့နယ်တို့တွင် သတ္တုမျိုးစုံထွက်ရှိကြောင်း သိရသည်။

American Airlines ဒေဝါလီခံပြီ

ကုမ္ပဏီဥက္ကဋ္ဌ Thomas Horton 
Source Photo from http://www.google.com/images

American Airlines ဒေဝါလီခံပြီ 

30 Nov, 2011
 American Airlines ကိုပိုင်ဆိုင်သည့် မိခင်ကုမ္ပဏီတစ်ခု ဖြစ်သော AMR Corp., မှာ လွန်ခဲ့သည့် အင်္ဂါနေ့က Chapter 11 bankruptcy ဥပဒေအရ ဒေဝါလီခံရန် တင်သွင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယခုလို ပြုလုပ်ရခြင်း မှာ နှစ်များ စွာ ကြာေ အာင် မြင်တက်ခဲ့သည့် စက်သုံးဆီ ဈေးနှုန်းများနှင့် ဝန်ထမ်းများ အတွက် ပေးခဲ့ရသည့် လစာ များ အ တွက် တင်ရှိနေသည့် ကြွေးမြီများ၏ ဝန်ထုပ်ဝန်ပိုးမှ လျှော့ကျစေ ရန် ပြုလုပ်လိုက်ခြင်း ပင် ဖြစ်သည်။

အမေရိကန်နိုင်ငံ၏ တတိယမြောက် အကြီးဆုံးလေကြောင်းလိုင်း တစ်ခုဖြစ်သော American Airlines မှအင်္ဂါနေ့က ပြောရာ၌ ၎င်းတို့ ၏ လေကြောင်းလိုင်းတွင် ကာလရှည်ကြာ အမှုဆောင်ချုပ်အဖြစ် တာဝန်ယူခဲ့သူ Gerard Arpey မှာလည်း အလုပ်မှ နုတ်ထွက် မည် ဖြစ်ပြီး ၎င်း၏နေရာတွင် ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ Thomas Horton မှအစားထိုး တာဝန်ယူသွား မည် ဖြစ်ကြောင်း လည်း ပြောကြား ခဲ့သည်။

ပည်ေ ထာင်စု နယူးယောက်မြို့ တရားရုံးတွင် ဦးတိုက် လျှောက်ထားခဲ့သည့် ယခုလို ဒေဝါလီခံမှုအတွက် chapter 11 တွင်ပါသည့် ဥပဒေအတိုင်းဖြစ်ကာ လက်ရှိ ကုမ္ပဏီ၏ ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၂၄.၇၂ ဘီလီယံ ဖြစ်သော်လည်း အကြွေးမှာ ဒေါ်လာ ၂၉.၅၅ ဘီလီယံဖြစ်နေသဖြင့် ယခုလို ပြုလုပ်လိုက်ရခြင်း ဖြစ်ကြောင်းလည်း ပြောသည်။

လက်ရှိတွင် ကုမ္ပဏီ လက်ကျန်ငွေ အဖြစ် ဒေါ် လာ ၄.၁ ဘီလီယံမှာ ငွေစက္ကူအဖြစ် ရှိနေကြောင်းလည်း ကုမ္ပဏ်ီမှပြောသည်။ AMR မှပြောရာ၌ ၎င်းတို့အနေဖြင့် အသုံးစရိတ် လျှော့ ချနိုင်မည့် အကာအကွယ်တစ်ခုကို ပြုလုပ်သွားမည် ဖြစ်ပြီး Chapter11 အရ ယင်းလေကြောင်း လိုင်း၏ ပုံမှန်လမ်းကြောင်းများကိုမူ ဆက်လက်ပျံသန်းနေဦးမည် ဖြစ်သည်ဟု ပြောခဲ့သည်။

AMR မှာ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း အမေရိ ကန် ပြည်ထောင်စု ရှိ လေေ ကြာင်းလိုင်းများ အထဲတွင် ဒေဝါလီခံရန် ငြင်းဆန်ခဲ့သည့် တစ်ခုတည်းေ သာ လေကြောင်းလိုင်းလည်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ တောင့်ခံထားခြင်းကြောင့် လေကြောင်း ပို့ဆောင်မှု လုပ်ငန်းများ တွင် ဈေးအမြင့်ဆုံး ဖြစ်ခဲ့ရပြီး အလုပ်သမား ပင်စင်လစာ များအတွက်လည်း ထောက်ပံ့ ပေးရဦးမည် ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။


အမှုဆောင်ချုပ်အဖြစ် တာဝန်ယူခဲ့သူ Gerard Arpey 
Source Photo from http://www.google.com/images

ထိုင်း ဝန်ကြီးချုပ် ဆေးရုံတက်ရောက် ကုသမှုခံယူ

Tuesday, November 29, 2011


ထိုင်း ဝန်ကြီးချုပ် Yingluck Shinawatra 
Source Photo from http://www.thaivisa.com

ထိုင်း ဝန်ကြီးချုပ်
ဆေးရုံတက်ရောက်ကုသမှုခံယူ 

29 Nov, 2011

ဘန်ကောက်။ ။ တိုင်းပြည်တွင် အဆိုးဝါးဆုံး ရေကြီးမှုနှင့် ရင်ဆိုင်နေရသည့် ထိုင်း ဝန်ကြီးချုပ် Yingluck Shinawatra မှာ အင်္ဂါနေ့က အစာအဆိပ်သင့်မှုကြောင့် ဆေးရုံသို့ တက်ရောက်ကုသမှု ခံယူခဲ့ရကြောင်း ထိုင်းအစိုးရမှ ပြောကြားခဲ့ပါတယ်။

သူမမှာ အစာအဆိပ် သင့်မှုနှင့်အတူ ဝမ်းလျှောဝမ်းပျက် ဖြစ်ပွားခဲ့ပြီး Praram 9 ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Titima Chaisang မှ သတင်းထောက်များသို့ ပြောကြား ခဲ့သည်။ ယခုလို ဖြစ်ရပ်ကြောင့် သူမ၏ လက်ထောက်ဖြစ်သူအား ဝန်ကြီးအဖွဲ့ အစည်းဝေးတွင် သူမနေရာ၌ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပေး ရန် တောင်းဆိုထားကြောင်းလည်း Chaisang မှ ပြောကြားခဲ့သည်။

Yingluck မှာယခင် ထိုင်း ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ၏ ညီမဖြစ်ပြီး အသက် ၄၄ နှစ်ရှိ မိခင်တစ်ဦး ဖြစ်ကာ နိုင်ငံရေး အသိုင်းအဝန်းအတွင်း လူသစ်တစ်ဦးလည်း ဖြစ်သည့်အပြင် ပထမဆုံးသော ထိုင်းနိုင်ငံ၏ အမျိုးသမီး ဝန်ကြီးချုပ်လည်း ဖြစ်သည်။

ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ Titima Chaisang 

သုက်ပိုးခိုးပြီး ကိုယ်ဝန်ဆောင်ကလေးယူကာ ကလေးစရိတ်တောင်းမှု တက္ကဆက်တွင်ဖြစ်ပွား


အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှ အသက် ၃၆ နှစ်အရွယ်ရှိ ဂျိုးပရက်ဆီးလ်ဆိုသူက သူ၏အတူနေချစ်သူဟောင်း အနီထရီယာဘားနက်သည် သူ့ခွင့်ပြုချက်မရဘဲ အသုံးပြုပြီးကွန်ဒုံးများမှ သုက်ပိုးခိုးယူကာ ပြင်ပတွင် သန္ဓေအောင်စေသည့်နည်းဖြင့် ကိုယ်ဝန်ဆောင်ပြီး ကလေး စရိတ်နှင့် အခြားခံစားခွင့်များရရှိစေရန် ဖန်တီးခဲ့ကြောင်း တိုင်ကြားခဲ့သည်ဟု သိရသည်။
ယင်းစုံတွဲသည် ၂၀၀၇ ခုနှစ်က ခြောက်လတာ အတူနေခဲ့ပြီး ယင်းနောက်တွင် အနီထရီယာတွင် အမြွှာကလေးနှစ်ဦး မွေးဖွားခဲ့သည်။ပရက်ဆီးလ်သည်  ကွန်ဒုံးအမြဲသုံးခဲ့သောကြောင့် အနီထရီယာက ကိုယ်ဝန်ရှိနေ သည်ဟု ပြောသောအခါ အံ့အားသင့်ခဲ့သည်။ ဒီအင်န်အေစစ် ဆေးမှုများအရလည်း ကလေးအဖေဖြစ်ကြောင်း ထင်ရှားသဖြင့် ကလေးစရိတ် တစ်လလျှင် အမေရိကန် ဒေါ်လာ ၈၀၀ ထောက်ပံ့ခဲ့ရသည်။
အနီထရီယာသည် ပရက်ဆီးလ် နေအိမ်တွင် နေထိုင်ခွင့်ရရန် တရားရုံးမှ တောင်းဆိုခဲ့ပြီး ခွင့်ပြုချက်ရခဲ့သလို ပရက်ဆီးလ်ပိုင်ဆိုင်မှု ထက်ဝက်ခန့်ကိုလည်း တောင်းဆိုခဲ့သည်။
တစ်နေ့တွင် ပရက်ဆီးလ်မှာ မျိုးဆက်ပွားဆေးခန်းတစ်ခုမှ သူ့လိပ်စာတပ်ထားသော ငွေတောင်းခံလွှာကို အမှတ်မထင်ရရှိခဲ့သည်။ လက်မှတ်ထိုးရမည့် စာရွက်တစ်ခုလည်း တက္ကဆက်မျိုးဆက်ပွားဆေးခန်းက
ပေးပို့ခဲ့ရာ ရိပ်စားမိလာခဲ့သည်။ အနီထရီယာသည် လိင်ဆက်ဆံပြီးသောအခါ ကွန်ဒုံးများကို သိမ်းထားပြီး ဆေးခန်းသို့ ယူဆောင်သွားကာ  ကိုယ်ဝန်ယူရန် သိမ်းဆည်းထားခဲ့ကြောင်းပါ သိရှိခဲ့သည်။
ကလေးစရိတ်ထောက်ပံ့မှု ရပ်တန့်ရန်နှင့် ကလေးအုပ်ထိန်းခွင့် ရရှိရန်ပရက်ဆီးလ်ကတရားစွဲဆိုထားသည်ဟု
ဆိုသည်။

ယောက်ျား​​ဖြစ်သူ​အား​​ ​​ရောင်း​​ချလို​​ကြောင်း​​ အမျိုး​​သမီး​​တစ်ဦးက အွန်လိုင်း​​တွင်​​ကြော်ငြာ

“လွယ်လွယ်ကူ ​ကူ​ ထိန်း​​သိမ်း​​ထား​​နိုင်ပါတယ်။ ၃ နာရီက​​နေ ၅ နာရီခြား​​​လောက်မှာ တစ်ခါ ထမင်း​​​ကျွေး​​၊​ ​​ရေတိုက်ရုံပဲ”ဆို​​သော ​​ကြော်ငြာစာသား​​ကို Craigslist ဝက်ဆိုက်တွင် အထင်း​​သား​​ ​​တွေ့​​နိုင်သည်။ အမျိုး​​သမီး​​ တစ်ဦး​​က သူ​မ၏ ​​ယောက်ျား​​ကို ​​ရောင်း​​ချလို​​ကြောင်း​​ Classified ကဏ္ဍတွင် ​​ကြော်ငြာထား​​ခြင်း​​ဖြစ်သည်။
အ ​​မေရိကန်နိုင်ငံ၊​ ယူ​တား​​တွင် ​​နေထိုင်​​သော အဆိုပါ အမျိုး​​သမီး​​က သူ​မ၏ ​​ယောက်ျား​​သည် Call of Duty: Modern Warfare 3 ဂိမ်း​​ကို လက်ဝယ်ပိုင်ပိုင် ရရှိကတည်း​​က သူ​မကို လှည့်​​ပင် မကြည့်​​​တော့​​သဖြင့်​​ စိတ်ကုန်​​နေပြီဟု ညည်း​​ညူ​ခဲ့​​သည်။ အသက် ၂၂ နှစ်ရှိ ကိုင်လီဘာဒ​​လေသည် ဂိမ်း​​ဝါသနာအိုး​​ တစ်ဦး​​ဖြစ်ပြီး​​ အာဖဂန် နစ္စတန်တွင် စစ်မှုထမ်း​​ရာမှ ဒဏ်ရာရပြီး​​ အနား​​ယူ​ခဲ့​​သည်။ ယခုအခါ ၎င်း​သည် အိမ်တွင်း​​​အောင်း​​ကာ ၃ ရက်ဆက်တိုက် အဆိုပါ ဂိမ်း​​ကို အသည်း​​အသန် ​​ဆော့​​ကစား​​​နေရာ ဇနီး​​ဖြစ်သူ​ ​​အေလီဆီ ဘက်ဒ​​လေက ​​ဒေါသထွက်​​နေခြင်း​​ဖြစ်သည်။ သို့​​​သော်လည်း​​ ​​နောက်ပိုင်း​​တွင် သူ​မ၏ ​​ကြော်ငြာသည် ခင်ပွန်း​​သည်ကို စိတ်ဆိုး​​မိသဖြင့်​​ ​​ယောက္ခမနှင့်​​ တိုင်ပင်ပြီး​​ ဟာသလုပ်ခဲ့​​ခြင်း​​ဖြစ်​​ကြောင်း​​ ပြန်လည် ​​ပြောကြား​​ခဲ့​​သည်။

“ရယ်စရာ သက်သက်ပါ။ ကျွန်မ ​​ယောက်ျား​​ကို ကျွန်မချစ်ပါတယ်။ သူ​ကလည်း​​ ကျွန်မကို ချစ်ပါတယ်။ ဒီ​​တော့​​ သူ့​​​ကို ဝယ်ချင်တယ်လို့​​ ကမ်း​​လှမ်း​​လာရင်​​တောင် ကျွန်မက မစဉ်း​​စား​​ပါဘူး​​”ဟု ​​အေလီဆီက ABC သတင်း​​ဌာနသို့​​ ရယ်ရယ်​​မော​​မော ​​ပြောဆိုသွား​​သည်။

စိတ်ဝင်စားဖို့ကောင်းတဲ့ ရှယ် ကိတ်မုန့်များ

လာပြန်ပြီ .... ဒီဇိုင်း အသစ်နဲ့ ကိတ်မုန့်တဲ့။ အားလုံး ကိတ်မုန့်အစစ်တွေချည်းပဲနော်။
သေသေသပ်သပ်လုပ်ထားပုံထောက်ရင် တော်တော်အရသာကောင်းမှာပဲ။
ကိတ်မုန့်ကိုကြည့်တာနဲ့တင် ဗိုက်ဆာနေတဲ့သူတွေတောင် ဗိုက်ထဲက မရှိမဲ့ရှိမဲ့ အစားအစာတွေ ပြန်ထွက်လောက်တယ်။ ဒီဇိုင်းအသစ်နဲ့ ကိတ်မုန့်လေးတွေကို ရှုစားတော်မူကြပါ ခင်ဗျားးးး။












Modern အရူးထကြသူများ

ငယ်ငယ်တုန်းက တစ်ခါတစ်ရံလူကြီးတွေပြောတာကြားဖူးပါသည်။ " သိပ်အရူးမထကြနဲ့ " တဲ့။
အဲဒီတုန်းက ဘာမှန်းကောင်းကောင်းမသိခဲ့ဘူး။ အဲဒီတုန်းက အရူးထခဲ့တာလေးတွေ အောက်က ပုဂ္ဂိုလ်တွေ နဲ့ တွေ့လိုက်တော့မှ ငါ အရူးထခဲ့တာ မူကြိုအဆင့်ပဲရှိပါလား။ သူတို့တွေအရူးထ တာမှ Ph.D အဆင့်ရှိမှန်း သိလိုက်ရပါတယ်။ Ph.D မရရင်နေပါစေ....မူကြိုလေးနဲ့ပဲ ကျေနပ်လိုက်တော့မယ် :D