Friday, April 12, 2013

ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံခရီးစဉ် (၁၂.၄.၂၀၁၃ - ၁၉.၄.၂၀၁၃)
၁၂.၄.၂၀၁၃ - ညနေပိုင်းတွင် ရန်ကုန်မြို့မင်္ဂလာဒုံလေဆိပ်မှ ဘန်ကောက်မြို့သို့ ထွက်ခွာပြီး ဘန်ကောက်မြို့မှ တဆင့် ဂျပန်နိုင်ငံသို့ ဆက်လက်ထွက်ခွာမည်။
၁၃.၄.၂၀၁၃ ရက်နေ့ နံနက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ရောက်ရှိမည်။
၁၃.၄.၂၀၁၃ - ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံမည်။
ညနေတွင် ဂျပန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ညစာစားပွဲတွင်တွေ့ဆုံမည်။
၁၄.၄.၂၀၁၃ - ကျိုတိုမြို့သို့သွားရောက်ပြီး အသေးစားရေအားလျပ်စစ်လုပ်ငန်းတခုကို သွားရောက် လေ့လာမည်။
၁၅.၄.၂၀၁၃ - ကျိုတိုမြို့ရှိမြန်မာနိုင်ငံသားများနှင့် တွေ့ဆုံမည်။
ကျိုတိုတက္ကသိုလ် (Kyoto Univewrsity) တွင် မိန့်ခွန်းပြောမည်။
နေ့လည်ပိုင်းတွင် ရှိကိုးကူးတက္ကသိုလ် (Ryukoku University) ၌ မိန့်ခွန်းပြောမည်။
၁၆.၄.၂၀၁၃ - ဂျပန် အထက်လွှတ်တော် (House of Councillors) ဥက္ကဋ္ဌနှင့်တွေ့ဆုံမည်။
ထို့နောက် Diet သို့သွားရောက်လည်ပတ်၍ လွှတ်တော်ကိုယ်စားလှယ်များဖြင့် တွေ့ဆုံမည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးမည်။
၁၇.၄.၂၀၁၃ - တိုကျိုတက္ကသိုလ် (Tokyo University) တွင် မိန့်ခွန်းပြောကြားမည်။
၁၈.၄.၂၀၁၃ - အောက်လွှတ်တော် (House of Representatives) သို့သွားရောက်လည်ပတ်၍ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံမည်။
ဂျပန်နိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်။
၁၉.၄.၂၀၁၃ - ဂျပန်နိုင်ငံ တိုကျိုမြို့ နရီတာလေဆိပ်မှ မြန်မာပြည်သို့ ပြန်လည်ထွက်ခွာပြီး ရန်ကုန်မြို့သို့ ဘန်ကောက်မြို့မှတဆင့် ညနေပိုင်းတွင်ပြန်လည်ရောက်ရှိမည်။

Thursday, April 11, 2013

ဘုန်းကြီးတပါး လူကုန်ကူးမှုဖြင့် အမ်းမြို့တွင် ဖမ်းဆီးခံရ။

Thursday, April 11, 2013

ရခိုင်ပြည်နယ်ရှိ မြန်မာမွတ်စလင်များအပေါ် ခရီးသွားလာခွင့် တင်းကြပ်ထားသည် ။
ရခိုင်ပြည်နယ် အမ်းမြို့နယ် ရဲစခန်းတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးတပါးကို လူကုန်ကူးမှုဖြင့် အမှုဖွင့်၍ ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
ဖမ်းဆီးခံထားရသည့် ဘုန်းကြီးသည် သက်တော် ၄၀ ၀န်းကျင် ၀ါတော် ၁၈ ၀ါ ရှိ ဦးကောသိယ ဘွဲ့အမည်ရှိပြီး မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဇဗ္ဗူအေး ကျောင်းတိုက်၏ ကျောင်းထိုင်ဟု သိရသည်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ မှတ်ပုံတင် အထောက်အထား မရှိသူ ၈ ဦးအား သင်္ကန်းစည်းပေးပြီး အခကြေးငွေယူ၍ ရန်ကုန်သို့ ပို့ဆောင်ရန် ခေါ်လာစဉ် အမ်းမြို့၌ ဧပြီလ ၅ ရက်နေ့က ဖမ်းဆီးမိခဲ့ကြောင်း အမ်းမြို့နယ် ရဲစခန်းက ဧရာဝတီကို ပြောသည်။
“ပုဒ်မ ၃၆၇ တရားမ၀င် လူကုန်ကူးမှုနဲ့ တရားစွဲဆိုဖို့ ယမန်ယူထားပါတယ်၊ ကားဒရိုင်ဘာလည်း ပါတယ်”ဟု ရဲစခန်း တာဝန်ရှိသူ က ဆိုသည်။
ဦးကောသိယအား အမ်းမြို့နယ် သံဃာ့မဟာနာယက အဖွဲ့ ဥက္ကဋ္ဌ ကိုယ်စား ဒု ဥက္ကဋ္ဌ ကို ပင့်ဖိတ်၍ မြို့နယ် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်များ ရှေ့မှောက်တွင် ၀ိနည်းတော်နှင့်အညီ သိက္ခာချ လူဝတ်လဲပြီးမှသာ ထိန်းသိမ်း အရေးယူထားခြင်း ဖြစ်ကြောင်း သိရသည်။
ဦးကောသိယသည် မှတ်ပုံတင် မရှိသူများကို ရန်ကုန်ဘက်သို့ ပို့ဆောင်နေသည်မှာ ယခုအကြိမ်သည် ၃ ကြိမ်မြောက်ဖြစ်ကြောင်း အမ်းမြို့ ရဲစခန်းက ပြောသည်။
“ကားမှာ မြို့နယ် သံဃာ့နာယက ဆရာတော်လို့ ဆိုင်းဘုတ်ကပ်ထားတော့ စစ်ဆေးရေးဂိတ်တွေကလည်း မစစ်ဆေးကြတော့ မဖမ်းမိခဲ့ဘူးပေါ့၊ အခုအကြိမ်မှာ သံသယဖြစ်စရာ တချို့သတင်းရလို့ စစ်ဆေးတော့မှ လူကုန်ကူးတာ ဖြစ်နေတယ်”ဟု အမည်မဖော်လိုသူ ရဲအရာရှိက ပြောသည်။
မှတ်ပုံတင် မရှိသူများကိုလည်း လူဝင်မှုကြီးကြပ်ရေးဌာနက ဥပဒေ ပုဒ်မ ၆၂/၆၃ တို့ဖြင့် မကြာမီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း၊ ဦးကောသိယ နှင့် ဒရိုင်ဘာတို့ကို ရဲစခန်းက အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မှတ်ပုံတင်မရှိဘဲ ဖမ်းဆီးခံရသူများမှာ မြန်မာမွတ်စလင် သို့မဟုတ် ဘင်္ဂလာဒေ့ရှ် နိုင်ငံမှ ခိုးဝင်လာသူများဟူသည်ကို ဧရာဝတီက အတိအကျ ခွဲခြား မသိသေးပါ။

ဧရာဝတီ

Tuesday, April 9, 2013

ကြက်ငှက်တုပ်ကွေး အထူးသတိထားရန် လိုအပ်


မြန်မာပြည်မှာ ဒီနှစ်ထဲ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားတာ မရှိသေးဘူးလို့ သက်ဆိုင်ရာက ပြောနေပေမယ့် အထူးသတိထားဖို့တော့ လိုမယ်လို့ မွေးမြူရေးအဖွဲ့ချုပ် တာဝန်ရှိသူတွေက သတိပေးလိုက်ပါတယ်။

တရုတ်ပြည်မှာ လတ်တလော H7N9 ကြက်ငှက်တုပ်ကွေးရောဂါပိုး ဖြစ်ပွားနေတာနဲ့ စပ်လျဉ်းပြီး မွေးမြူရေးနဲ့ကုသရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကြီးကို ဆက်သွယ်မေးမြန်းတဲ့အခါ မြန်မာပြည်မှာ ရောဂါဖြစ်ပွားခြင်း မရှိသေးဘူးလို့ ပြောပါတယ်။

“ပုံမှန်အားဖြင့် ကျနော်တို့နိုင်ငံမှာ ဖေဖော်ဝါရီလနဲ့ မတ်လ ဆောင်းအကုန် နွေအကူးမှာ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားလေ့ရှိတယ်။ ဒါကြောင့် ကျနော်တို့ အားလုံး အထူးကြပ်မတ် စနစ်တကျ စောင့်ကြပ်ကြည့်ရှုနေတယ်။ အထူးသဖြင့် ကြက်၊ ငှက် ရောင်းတဲ့ဈေးတွေမှာ၊ နောက် ခြံအကြီးတွေ၊ များများမွေးတဲ့ ခြံတွေမှာ တောက်လျှောက် စစ်ဆေးနေတယ်။ ဒီလိုစစ်ဆေးတဲ့အတွက် အခုအချိန်ထိတော့ လုံးဝဖြစ်ပွားတာမရှိသေးဘူး။ သံသယဖြစ်စရာကိစ္စလေးတွေတော့ရှိတယ်။ ပြင်းထန်တဲ့ ကြက်လည်လိမ်ရောဂါနဲ့ တခါ တခါ ရောဂါလက္ခဏာဆင်တယ်။ ဒီလိုလေးတွေတွေ့ရင်လည်း လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ချက်ချင်းလုပ်တဲ့အတွက် ကနေ့အချိန်ထိ ဒီနှစ်ထဲမှာ ကြက်ငှက်တုပ်ကွေးရောဂါ လုံးဝဖြစ်ပွားတာ မရှိပါဘူး။”

တရုတ်ပြည်မှာ ဖြစ်ပွားနေတဲ့ H7N9 ကြက်ငှက်တုပ်ကွေးရောဂါပိုးနဲ့ ပတ်သက်ပြီးတော့လည်း သူက ခုလို ရှင်းပြပါတယ်။

“ကြက်ငှက်တုပ်ကွေးရောဂါပိုးပေါ့. H type နဲ့ပတ်သက်ရင် 1 to 11 ရှိတယ်။ N Type ဆိုရင် 1 to 9 ရှိတယ်။ စုစုပေါင်းပွားလိုက်ရင် အကြမ်းဖျဉ်း ၁၃၅ မျိုးရှိတယ်။ ဟိုတုန်းက H5N1 ဗိုင်းရက်စ်ပိုးကပဲ လူကိုကူးစက်စေတယ်။ တိရစ္ဆာန် ကြက်အချင်းချင်း ကူးစက်ပြီး လူကိုလည်း ကူးစက်မြန်တယ်၊ သေစေနိုင်တယ်ပေါ့။ အရင်တော့ တရုတ်မှာတွေ့တဲ့ ဗိုင်းရက်စ်ပိုး ဖြစ်တာ မရှိဘူး။ နည်းတယ်။ လူကိုကူးစက်ပြီး သေတာမရှိဘူး။ အခု လက်ရှိက ပြီးခဲ့တဲ့လကစပြီး H7N9 ရောဂါပိုးဖြစ်တယ်လို့ သူတို့လည်း တရားဝင်ကြေညာတယ်။ လူကို ကူးစက်ပြီးသေတယ်လို့ ပြောတယ်။”

တရုတ်နယ်စပ်ကတဆင့် ၀င်ရောက်လာတဲ့ ကြက်ငှက်တွေမှာ ဒီရောဂါပိုး ပါမလာအောင် နယ်စပ်စခန်းတွေမှာ စစ်ဆေးရေးအဖွဲ့တွေနဲ့ စနစ်တကျ ကြပ်မတ်စစ်ဆေးနေတယ်လို့လဲ ပြောပါတယ်။

မန္တလေးတိုင်း မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာကျော်ထင်ကတော့ တရုတ်နယ်စပ်ကနေ ကြက်တွေ ၀င်ရောက်နေတုန်းမို့ သတိထားဖို့ လိုတယ်လို့ ပြောပါတယ်။

“အဖမ်းအဆီးကြောင့် နည်းသွားပေမယ့် တရုတ်ကနေ ၀င်တော့ ၀င်နေတာပဲ။ အဓိက အသည်းအမြစ်၊ ခြေထောက်တို့ ၀င်နေတာပဲ။ သတိထားရမယ့် အခြေအနေပဲ။ တရုတ်ပြည်မှာလည်း ဖြစ်နေတယ်။ အရင်ကလည်း ဖြစ်လေ့ဖြစ်ထ ရှိတော့ တော်တော်ဂရုစိုက်ရမယ့် အခြေအနေပေါ့။ ”

မန္တလေးမှာ လတ်တလော ရာသီဥတုပူတာကြောင့် ကြက်အသေအပျောက် များပြီး ကြက်ရှားကာ ကြက်သားဈေးတက်နေတယ်လို့လည်း ပြောပါတယ်။

မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနကတော့ ကြက်သားရောင်းချသူတွေအနေနဲ့ သံသယရှိတဲ့ ကြက်သေဆုံးသားတွေကို ဈေးကွက်ထဲ မရောင်းချကြဖို့နဲ့ စားသုံးသူတွေ အနေနဲ့လည်း ဈေးပေါတဲ့ ကြက်သားတွေ ၀ယ်မစားကြဖို့ နှိုးဆော်ထားပါတယ်။

တရုတ်ပြည်ထဲ ဖြစ်ပွားနေတဲ့ H7N9 ကြက်ငှက်တုပ်ကွေးရောဂါပိုးကြောင့် သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကူးစက်ခံထားရသူ ၂၁ ဦး ရှိနေပြီလို့ တရုတ်အစိုးရက တရားဝင်သတင်း ထုတ်ပြန်ထားပါတယ်။

မြန်မာ့ရုပ်သံ ဒီဂျစ်တယ်စနစ်ပြောင်းမည်


Published on April 8, 2013 by ဒီဗွီဘီ  


ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) ဟာ လက်ရှိ ထုတ်လွှင့်နေတဲ့ Analog စနစ်အစား ဒီဂျစ်တယ်စနစ်ပြောင်းပြီး Set-top Box နဲ့ ဖမ်းယူကြည့်ရှုရတဲ့ စနစ်ကို အစားထိုးမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

ဒီအတွက် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား ရုပ်သံလိုင်းဟာ receiver နဲ့ ဖမ်းယူကြည့်ရှုရတဲ့ တတိယမြောက် ရုပ်သံအစီအစဉ် ဖြစ်လာမှာပါ။ လောလောဆယ် MRTV-4 ရုပ်သံလိုင်းနဲ့ မြ၀တီရုပ်သံလိုင်းတွေက Set-top Box အသုံးပြု ဖမ်းယူကြည့်ရှုတဲ့စနစ်နဲ့ ထုတ်လွှင့်နေပါတယ်။

မြန်မာ့ရုပ်သံဟာ ဒီဂျစ်တယ်စနစ်ပြောင်းပြီး receiver နဲ့ ထုတ်လွှင့်နိုင်ဖို့အတွက် Set-top Box ပေါင်း ၁ သန်း ၀ယ်ယူလိုကြောင်း တင်ဒါ ခေါ်ယူထားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ကလည်း မြန်မာ့ရုပ်သံကို အများပြည်သူ ၀န်ဆောင်မှု မီဒီယာအဖြစ် ပြောင်းဖို့ရှိပြီး ဘီဘီစီအသံလွှင့်ဌာနလို ဖြစ်လာမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်း ဂျပန် မိုင်အိနီချိ သတင်းစာနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့ပါတယ်။
http://burmese.dvb.no/archives/38218

Tributes to Margaret Thatcher Pour In



Watch related report by Selah Hennessy
Watch related report by Selah Hennessy
Reaction to the death of former British Prime Minister Margaret Thatcher is coming in from around the world.
U.S. President Barack Obama said in a statement, "The world has lost one of the great champions of freedom and liberty."
European Union Commission President Jose Manuel Barroso recalled her contributions to a more stable Europe.
"She was without doubt a great stateswoman, the first female prime minister of her country, and a circumspect yet engaged player in the European Union. She will be remembered both for her contributions and her reserves to our common project," said Barroso.
Former French president Valerie Giscard d'Estaing remembered Thatcher as a leader who always put her country first.

"She was not interested in the structure of the system, not very much in the future of the system, she was interested in the position of Britain in Europe and she protected it as best as she could," said d'Estaing.
Israeli President Shimon Peres called her exceptional. "I had the highest regard and admiration for the way she combined leaders and ideas to create a new situation."  
United Nations Secretary-General Ban Ki-moon said the world will miss her great leadership, calling her a "pioneer" for her contributions to peace and security during the height of the cold war. He also praised Thatcher for giving great hope to women for gender equality in politics.
Former Soviet president Mikhail Gorbachev said Thatcher was a "great politician" whose words "carried great weight." The Nobel Peace Prize winner, who held frequent meetings with Thatcher at the end of the Cold War, called her death "sad news."
Other world leaders also are offering praise, including Spanish Prime Minister Mariano Rajoy, who said today's leaders would do well to learn from her.
"Her unbreakable commitment to freedom, democracy and the state of law, as well as her firm reformist determination, are an invaluable legacy for European current leaders who, just like it happened in the 80's when Margaret Thatcher ruled, face now very complex challenges that require big doses of political ambition and courage," said Rajoy.
More from the topic News / Europe

ထိုင်းနယ်စပ်တွင် မြန်မာတပ်ဖွဲ့ဝင် ၁၃ ဦး ပြန်လည်တွေ့ရှိ

ထိုင်းနယ်စပ်တွင် ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သော မြန်မာတပ်ဖွဲ့ဝင် ၁၃ ဦး ပြန်လည်တွေ့ရှိ

on Sunday, 07 April 2013 10:25


ထိုင်း-မြန်မာနယ်စပ် ရနောင်းပြည်နယ် အနီးတွင် ဧပြီလ ၆ ရက်နေ့က အမည်မသိ လက်နက်ကိုင်တပ်နှင့် တိုက်ခိုက်မှုကြောင့် မြန်မာတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့သည်ဟု မှားယွင်းစွာ သတင်းပို့မိခဲ့ကြောင်း မြန်မာစစ်တပ်က ထိုင်းစစ်တပ်သို့ ပြန်လည်အကြောင်းကြား လိုက်ကြောင်း သိရသည်။

ဖြစ်ရပ်မှန်မှာ မြန်မာစစ်သားများ ကင်းလှည့်နေချိန်တွင် တောမီးလောင်မှု ဖြစ်ပွားခဲ့ပြီး သစ်ပင်များ မီးလောင်ရာမှ ထွက်ပေါ်လာသည့် အသံများကို ကျန်ရစ်သည့် အဖွဲ့၏ ရေဒီယိုစက်တွင် သေနတ်သံများ အဖြစ် ထင်မှတ်ခဲ့ပြီး တပ်ဖွဲ့ဝင် ၁၃ ဦးမှာလည်း လမ်းပျောက်သွားခဲ့သောကြောင့် တပ်ရင်းသို့ ပြန်လည်သတင်းပို့ခဲ့ရာ ထိုင်းအာဏာပိုင်များထံမှ အကူအညီပေးရန် မြန်မာစစ်တပ်က ဆက်သွယ်ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းစစ်တပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

“နားလည်မှုလွဲမှားပြီး သတင်းပို့ခဲ့တာပါလို့ မြန်မာအာဏာပိုင်တွေက ပြောခဲ့ပါတယ်။ နယ်စပ်မှာ ဘာတိုက်ပွဲမှ မဖြစ်ခဲ့သလို သေဆုံးမှုလည်း မရှိခဲ့ပါဘူးလို့ ပြောပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ပျောက်ဆုံးနေခဲ့သော မြန်မာတပ်ဖွဲ့ဝင် ၁၃ ဦးကို ၎င်းတို့၏ တပ်ဖွဲ့က မြန်မာပိုင် တောနက်အတွင်း ပြန်လည်ရှာတွေ့သွားပြီ ဖြစ်ကြောင်း ထိုင်းနယ်စပ်လုံခြုံရေး တာဝန်ယူထားသည့် အမှတ် ၂၅ ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးကြီး Uthit Anantananont က ပြောကြားခဲ့သည်။

ကင်းလှည့်တပ်ဖွဲ့ဝင် ၁၅ ဦး အနက် နှစ်ဦးမှာ ပျောက်ဆုံးနေသူ ၁၃ ဦးကို ပြန်လည်မတွေ့ခင် တပ်ရင်းသို့ ရောက်ရှိလာခဲ့ကြောင်း၊ အခြေအနေအားလုံး ပုံမှန်ပြန်ဖြစ်သွားပြီဟု ယူဆကြောင်း Uthit က ပြောကြားခဲ့သည်။

မြန်မာတပ်ဖွဲ့ဝင်များ သေဆုံးသည်ဆိုသော သတင်းကြောင့် အဆိုပါ ဒေသသို့ သွားရောက်စုံစမ်းရန် စီစဉ်ထားသည့် အမှတ် (၄) တပ်နယ်မှ တပ်ရင်းမှူး၏ ခရီးစဉ်ကိုလည်း ယခုအခါ ပြန်လည်ဖျက်သိမ်းလိုက်ပြီး ဖြစ်ကြောင်း Uthit က ပြောကြားခဲ့သည်။

သစ်ပင်များ မီးလောင်ရာမှ ထွက်ပေါ်လာသည့် အသံကို ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု မြန်မာကင်းလှည့် တပ်ဖွဲ့ဝင်အချို့က နားလည်မှု လွဲခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Surapong Towichukchaikul က မတ်လ ၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

ယခုဖြစ်စဉ် ဖြစ်ပွားသည့် နေရာသည် ၂၀၁၂ ခုနှစ် ဇူလိုင်လ အတွင်းက ထိုင်းနိုင်ငံသား ၉၂ ဦးကို နယ်မြေခိုးဝင်မှုဖြင့် ဖမ်းဆီးခဲ့သည့် ရနောင်းပြည်နယ် ကရာဘူရီခရိုင်နှင့် မြန်မာနိုင်ငံ ကော့သောင်း နယ်စပ်တွင် ဖြစ်သည်။

ဖမ်းဆီးထားခဲ့သူများ အနက်မှ ၈၈ ဦးကို လွှတ်ပေးခဲ့ပြီး ကျန်လူများကို လက်နက်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတို့ဖြင့် ဖမ်းဆီးထားဆဲ ဖြစ်သည်။

Ref:The Nation
http://www.news-eleven.com

ထိုင်းနယ်စပ်မှာ မြန်မာ စစ်သားတချို့သေဆုံးမှုသတင်း ဖုံးဖိထား

ထိုင်း-မြန်မာနယ်စပ် ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်ခွဲက နန်မတွန်ကျေးရွာဘက်မှာ မြန်မာအစိုးရစစ်တပ်က တပ်ဖွဲ့တဖွဲ့ကို အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အစိုးရတပ်ဘက်မှာ ထိခိုက်ကျဆုံးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။ ဒီပစ်ခတ်တဲ့အဖွဲ့ဟာ ဘယ်သူတွေဆိုတာ အတည်မပြုနိုင်သေးပေ မဲ့ ဒေသခံတွေ ကတော့ မူးယစ်ဆေးဝါးနဲ့ပက်သက်သူတွေရဲ့ လက်ချက်လို့ ယူဆကြပါတယ်။

တိုက်ပွဲဖြစ်တဲ့ဒေသမှာ မြန်မာအစိုးရစစ်တပ်နဲ့ ထိုင်းစစ်တပ်တို့က လုံခြုံရေးယူထားပြီး စိစစ်နေပါတယ်။ ဒီအခြေအနေကို ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်ခွဲ နန်မတွန်ကျေးရွာ အရှေ့ဘက်မှာ နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်နေ တဲ့ မြန်မာ့တပ်မတော်နဲ့ အမည်မသိ ထိုင်းလက်နက်ကိုင်အဖွဲ့ တဖွဲ့တို့ဟာ ဧပြီလ ၅ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ မြန်မာ့တပ်မတော်ဘက်က ထိခိုက်မှုများပြားခဲ့တယ် လို့ လုံးဖောကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။

“ဘုတ်ပြင်းဘက်အခြမ်းမှာပေါ့။ နန်းမတွန်အပေါ်မှာ။ သူတို့ ရှမ်း(ထိုင်း)တွေက ကား ၄ စီးနဲ့လာပြီးတော့ ပစ်သွားတယ်လို့ ပြောတယ်။ ဆေးခြောက်ခင်းမှာပေါ့။ ၁၅ ယောက်မှာ ၁၃ ယောက်သေတယ်။ ၂ ယောက် ပျောက်နေတယ်။ ဗိုလ်ကြီးနဲ့ ရဲဘော်တယောက်က ဆက်သွယ်လို့ရပြီလို့တော့ ပြောတာပဲ။”

အခုတိုက်ပွဲဖြစ်ပွားခဲ့တဲ့ နန်မတွန်ဒေသဟာဆိုရင် ထိုင်းနိုင်ငံ ရနောင်းဒေသ ခရပူရီခရိုင်နယ်စပ်နဲ့ မြန်မာဘက်ခြမ်း ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် ဆန်မကြီးကျေးရွာ အရှေ့ဘက်မှာရှိနေပါတယ်။ ဒီဒေသမှာ ထိုင်းလုပ်ငန်းရှင်တွေ က ရာဘာစိုက်ပျိုးရေးအပြင် မူးယစ်ဆေးဝါးတွေကိုလည်း စိုက်ပျိုးနေတယ် လို့ ဒေသခံတွေ က ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာဟာ အရင်ဆေးခြောက်စိုက်ခင်းတွေ ဖျက်စီးခဲ့တဲ့နေရာလို့လည်း နန်းမတွန် ဒေသခံတဦးက ပြောပါတယ်။

“နန်မတွန်ဒေသမှာ တိုက်ပွဲဖြစ်တယ်လို့ကြားတယ်။ (၃၄၂) တပ်ရင်းလို့ ပြောတယ်။ အဲဒီသတင်းကို ဖုံးဖိထားတဲ့ သဘောမှာရှိတယ်။ ဟိုတခါ ဘိန်းတွေ ဆေးခြောက်ခင်းတွေ ဖျက်စီးခဲ့တဲ့နေရာလေ။ ပြီးလို့ရှိရင် ထိုင်းလူမျိုးတွေ အယောက် ၉၀ ကျော်ဖမ်းမိခဲ့တဲ့နေရာမှာ။ အခုလောလောဆယ်ဆယ်မှာကတော့ စစ်ဆင်ရေးအတွက်ဆိုပြီးတော့ (၅၉၂) တပ်ရင်းနဲ့ (၂၆၂) တပ်ရင်းဟာ အခုတိုက်ပွဲဖြစ်နေတဲ့နေရာကို ထပ်မံအင်အားဖြည့်ထားတယ်လို့ပဲ ကြားသိရတယ်။”

အခုလိုဖြစ်ပွားတဲ့ အရေးအခင်းနဲ့ပက်သက်လို့ ခမောက်ကြီးမြို့နယ်ရဲစခန်းနဲ့ ဌာနဆိုင်ရာတွေကို မေးမြန်းရာမှာ အဆက်အသွယ် မရရှိခဲ့ပါဘူး။ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာ ထိုင်း-မြန်မာနယ်စပ်တွေမှာ လုံခြုံရေးအင်အား တိုးချလာတယ်လို့လည်း အဆိုပါ လုံးဖောကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။

“တက်သွားပြီ။ ကား ၁၀ စီး၊ ၁၅ စီးလောက်ရှိသွားပြီ။ ဗျူဟာတက်တာ။ ထိုင်းကလည်း ၁၀ စီးလောက်။ ဒီနယ်စပ်မှာ သူတို့ကင်းတွေ ချထားတယ်။” အခင်းဖြစ်ပွားရာဒေသကို မြန်မာ့တပ်မတော်က အင်အား ၉၀၀ ခန့် ထပ်မံတိုးချထားသလို ထိုင်းကြည်းတပ်ဘက်ကလည်း နယ်စပ်တွေမှာ လုံခြုံရေးတိုးချထားတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒီပစ်ခတ်မှုတွေကြောင့် မြန်မာ့တပ်မတော်ဘက်က ၁၃ ဦး ကျဆုံးခဲ့ပြီး ၂ ဦး ပျောက်ဆုံးနေကြောင်းကို ထိုင်းလုံခြုံရေးဌာနကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာလည်း ဖော်ပြခဲ့ပါတယ်။

အခုလိုပစ်ခတ်တဲ့အဖွဲ့ ကိုတော့ သီးခြား အတည်ပြုလို့မရသေးဘူးလို့လည်း ရေးသားထားပါတယ်။ ဒါပေမဲ့ ဒေသခံတွေကတော့ ဒီပစ်ခတ်တဲ့အဖွဲ့ဟာ ယခင်လက်နက်တွေနဲ့တ ကွ အဖမ်းဆီးခံထားရတဲ့သူတွေ ဖြစ်နိုင်တယ်လို့လည်း ယူဆနေကြပါတယ်။

“အရပ်သားတွေပဲ။ ကြေးစားတွေပေါ့။ ထိုင်းရဲလည်းမဟုတ်ဘူး။ စစ်သားလည်းမဟုတ်ဘူး။ ထင်ရသလောက်တော့ အရင်သူတို့ ဖမ်းဆီးပြီးတော့ ပြန်လွှတ်လိုက်တဲ့သူတွေလား။ အဲဒီလိုမျိုး ထင်တာပေါ့လေ။ ဒီလုပ်ငန်းနဲ့ပက်သက်တဲ့လူတွေ ဖြစ်နိုင်တယ်ပေါ့။” ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က ရနောင်းဒေသ ခရပူရီခရိုင် နယ်စပ် မြန်မာဘက်ခြမ်း ကော့သောင်းဒေသ ခမောက်ကြီးမြို့နယ် နန်မတွန်ကျေးရွာ အရှေ့ဘက်မှာ တရားမ၀င် ၀င်ရောက်နေတဲ့ ထိုင်းလူမျိုး ၉၂ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။ ဒီလိုဖမ်းဆီးခဲ့ရာမှာလည်း တရားမ၀င်လက်နက် ၃၀ ကျော် ဆေးခြောက် စိုက် ခင်းများနဲ့ တရားမ၀င်ကားမျိုးစုံ အစီးရေ ၂၅ စီးကိုလည်း ဖမ်းဆီးရရှိခဲ့ပါတယ်။

ဒီဖမ်းဆီးမှုမှာလည်း မြန်မာစစ်တပ်ဘက်က ပစ်ခတ်ဖမ်းဆီးမှုတွေ ပြုလုပ် ခဲ့တယ် လို့လည်း ဒေသခံတွေကပြောပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေအထဲက ၈၃ ဦးကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှာ မြန်မာအာဏာ ပိုင်တွေက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွှတ်ပေးခဲ့ပြီး ကျန် ၉ ဦးကိုတော့ ထောင်ဒဏ် ချမှတ်ထားဆဲ ဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်က နန်မတွန်ဒေသဟာ မြန်မာအစိုးရအုပ်ချုပ်မှုနဲ့ အလှမ်းကွာနေတဲ့ဒေသဖြစ်သလို တဘက်နိုင်ငံက ထိုင်းလုပ်ငန်းရှင်တွေက စိုက်ပျိုးရေးလုပ်ငန်းတွေ တရားမ၀င်လုပ်ဆောင်နေတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါ့အပြင် တရားမ၀င်ဆေးခြောက်တွေကိုလည်း စိုက်ပျိုးနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

အခုလိုပစ်ခတ်မှုဖြစ်ပွားတဲ့အပေါ်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့တွေကို ဖမ်းဆီးရေးအတွက် ထိုင်းစစ်တပ်က ပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာ စစ်တပ်ဘက်က တောင်းဆိုထားတယ်လို့လည်း ထိုင်းလုံခြုံရေးဌာနကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာထဲမှာ ဖော်ပြခဲ့ပါတယ်။

အခုလို ဖြစ်ပွားခဲ့တဲ့အရေးအခင်းမှာ ထိုင်းအစိုးရအနေနဲ့ ပါဝင်ပတ်သက်မှု မရှိခဲ့သလို မြန်မာနိုင်ငံနဲ့လည်း နိုင်ငံရေးအရသော်လည်းကောင်း၊ နယ်စပ်ရေးရာအရ သော်လည်းကောင်း တင်းမာမှုမျိုး မရှိခဲ့ဘူးလို့ ထိုင်းအာဏာပိုင်တွေက သဘောထား ထုတ်ပြန်ခဲ့တယ်လို့လည်း ဒီကနေ့ ဘန်ကောက်ပို့စ်သတင်းစာထဲမှာ ဖော်ပြခဲ့ပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ ကွန်လွန်

ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာဟာ လေဖြတ်တဲ့ဝေဒနာ ခံစား ခဲ့ရပြီးတဲ့နောက် အသက် ၈၇ နှစ် အရွယ်မှာ ကွယ်လွန်သွားပါတယ်။ ဗြိတိန်နိုင်ငံရဲ့ တဦးတည်းသော အမျိုးသမီးဝန်ကြီးချုပ်ဟာ တနင်္လာနေ့ မနက်ပိုင်းမှာ ဝေဒနာကို သိပ်မခံစားရဘဲ သက်တောင့်သက်သာ ကွယ်လွန် သွားခဲ့ကြောင်း ---
ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ