Saturday, August 13, 2011

အာဇာနည်နေ့ ဒို့ မမေ့

(၆၁)ကြိမ်မြောက်ခဲ့ပြီ
သြဂုတ်လ၁၂ရက်နေ့(ကရင်အမျိုးသားအာဇာနည်နေ့)တွင် တိုင်းပြည်နဲ့ ကရင်လူမျိုးများအတွက် အသက်ပေးလှူသွားကြသော ၊ ကရင်အမျိုးသားခေါင်းဆောင်ကြီးစောဘဦးကြီး နှင့်တကွ ကရင့်တော်လှန်ရေး ရဲဘော်အပေါင်းတို့အားKAREN NATIONAL LEAGUE (JAPAN) အဖွဲ့ သားများမှ
ဦးညွတ်ဂါရဝပြု အလေးပြုပါသည်။

တရားသောစစ် မုချအောင်မြင်ရမည်။
လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ကျဆုံးစေရမည်။


ကရင့်အာဇာနည်နေ့ ကေအဲန် အယ်လ်အေနဲ့ ဒီကေဘီအေ ပူးပေါင်းကျင်းပ




ယနေ့ ကျရောက်တဲ့ ၆၁ ကြိမ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတရပ်ကို KNU ရဲ့ စစ်ရေးတပ်ဖွဲ့ ဖြစ်တဲ့ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း ၂၀၁ အခြေစိုက်ရာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ကလာဝေါ်ရွာမှာ ကျင်းပပါတယ်။

အခမ်းအနားမှာ ကရင်တိုင်းရင်းသားတွေ၊ KNLA တပ်ဖွဲ့ဝင်တွေ၊ DKBA လို့ ခေါ်တဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် တပ်ဖွဲ့ဝင်တွေ အပါအ၀င် ပရိသတ် ၅၀၀ ၀န်းကျင်ကို တွေ့ရပါတယ်။


















အခုနှစ် ကျင်း​ပတဲ့​ ကရင်အာဇာနည်​နေ့​ အခမ်း​အနား​နဲ့​ ပတ်သက်ပြီး​ ​ကေအန်ယူ ​ကေအန်အယ်လ်​အေ ဗဟိုအထူး​တပ်ဖွဲ့​က ဗိုလ်မူး​ကြီး​ နာဒါး​မြက အခုလို ရှင်း​ပြပါတယ်။

“ဒီ​နေ့​က​ တော့​ လူထုလည်း​ အများ​ကြီး​လာတယ်၊​ မျိုး​ဆက်သစ်​တွေလည်း​ လာတယ်။ ဒီမျိုး​ဆက်သစ်အတွက်က​တော့​ ကျ​နော်တို့​ ​တော်လှန်​ရေး​ မ​အောင်မြင်သမျှ ဆက်ပြီး​တော့​ လုပ်ရမယ်။ တူတူချီတက်ပြီး​တော့​ အား​လုံး​ကြိုး​စား​ပြီး​တော့​ ​အောင်မြင်မှု ရှိ​အောင် ကျ​နော်တို့​ လုပ်ရမယ်။”



ကရင့်အာဇာနည်နေ့ ကေအဲန် အယ်လ်အေနဲ့ ဒီကေဘီအေ ပူးပေါင်းကျင်းပ
သြဂုတ်လ ၁၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ယနေ့ကျရောက်သည့် ၆၁နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNL A)နှင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)တို့ပူးပေါင်း၍ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကေ အဲန်ယူ ထိန်းချုပ်ရာ နယ်မြေတနေရာတွင် စုပေါင်း ကျင်းပကြသည်။

ဒီကေဘီအေတပ်ဖွဲ့များသည် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)မှ ခွဲထွက်ပြီး စစ်အစိုးရနှင့် ပူးပေါင်းသွား ခဲ့သည့် ၁၅နှစ်တာကာလအတွင်း ကရင့်အမျိုးသားအာဇာနည်နေ့ကို ကျင်းပခွင့်မရှိဘဲ ယခုနှစ်မှသာ KNLA နှင့်အတူ ပထမဦးဆုံး ကျင်းပနိုင်ခြင်း ဖြစ်သည်။

ကော့ကရိတ်မြို့နယ်တွင် ကျင်းပပြုလုပ်သည့် ၆၁နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ဒီကေဘီအေ၊ ကေအဲန်အယ်လ်အေ တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ ၄၀၀ဦးခန့် တက်ရောက်ခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ်ရင်း(၂၀၁) ဒုရင်းမှူး ဗိုလ်မှူးစော ကြည်အောင်က ပြောသည်။

“အခမ်းအနားကို မနက် (၇)နာရီမှာ စတယ်။ ဒီကေဘီအေဘက်ကလည်း တက်ရောက်ကြတယ်။ ဒေသခံရွာသူရွာသား အပါအ၀င် ဆိုရင်တော့ ၄၀၀နီးပါးလောက် တက်ရောက်တယ်။ အခမ်းအနားမှာတော့ စစ်ရေးပြအစီအစဉ်ရှိတယ်။ ဥက္ကဌကြီး မိန့်ခွန်းဖတ်ကြား တယ်။ မဟာမိတ်က ပို့လာတဲ့ သ၀ဏ်လွှာတွေ၊ ကေ၀ိုင်အို၊ ကေဒဗလျူအို သ၀ဏ်လွှာတွေကို ဖတ်ကြားတယ်။”ဟု ပြောသည်။

အလားတူ ကေအဲန်ယူ တပ်မဟာ(၇)တွင်လည်း ဒီကေဘီအေအဖြစ် ပြန်လည်ရပ်တည်သည့် နယ်ခြားစောင့်တပ်မှူးတပ်သားအ ချို့နှင့် ပူးပေါင်း၍ အာဇာနည်နေ့ သမိုင်းကြောင်းများအပြင် အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ မူလေးချက်နှင့် ပတ်သက် သည့် ဟောပြောပွဲတစ်ရပ် ပြုလုပ်ခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက ပြောသည်။

ဒီကေဘီအေအဖြစ် ပြန်လည်ရပ်တည် သည့် နယ်ခြားစောင့်(၁၀၂၀)တပ်ရင်း၊ တပ်ခွဲ(၃)မှ ဒုတပ်ခွဲမှူး တပ်ကြပ်ကြီး စောဒို့စေးက “အခုလို ကျနော်တို့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ပြန်ပြီး ဂုဏ်ပြုခွင့်ရတဲ့အတွက် ကျနော် အရမ်းပဲ ၀မ်းသာတယ်။ ကျနော့်အ တွက် ပထမဦးဆုံးအကြိမ်ပဲ။ ဒီကေဘီအေမှာနေတုန်းက ဒီလိုနေ့ရက်မျိုးကို အစိုးရက ကျင်းပခွင့်မပြုဘူးလေ။ ဒီဟောပြောပွဲလုပ် တဲ့အတွက် အစိုးရကို ပြန်လည်တော်လှန်ဖို့ အများကြီး စိတ်အားထက်သန်လာတယ်။”ဟု ပြောသည်။

ကရင့်အာဇာနည်နေ့ကို ကျင်းပရခြင်းမှာ ကရင်တမျိုးသားလုံးအတွက် အသက်ပေးလှူခဲ့ကြသော အာဇာနည်စောဘဦးကြီးနှင့် အခြားသော တပ်ဗိုလ်တပ်မှူး ရဲဘော်နှင့် ပြည်သူတို့၏ မျိုးချစ်စိတ်ဓာတ်၊ ယုံကြည်ချက်နှင့် ပေးဆပ်မှုတို့ကို အောက်မေ့ဂုဏ်ပြုခြင်း ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဥက္ကဌ စောတာမလာဘောက အာဇာနည်နေ့မိန့်ခွန်းတွင် ပြောဆိုသည်။

Photo-KIC (တပ်မဟာ(၇)နယ်မြေ၊ မဲ့လာအားခီးတွင် ပြုလုပ်သည့် ၆၁နှစ်မြောက် ကရင့်အာဇာနည်နေ့)


ထို့အပြင် ကေအဲန်ယူ ဥက္ကဌက တော်လှန်ရေးသမားများနှင့် ကရင်ပြည်သူတရပ်လုံး တော်လှန်ရေး၊ နိုင်ငံရေးသတိဖြင့် အတိတ်မှ အတွေ့အကြုံများကို သင်ခန်းစာယူပြီး ရန်သူ၏ သွေးထိုးလှုံ့ဆော်များ၊ တော်လှန်ရေးပြိုကွဲအောင် ၀ါဒဖြန့်ချိမှုများနှင့် ကရင်လူထု ကို ထိပါးစေသော မည်သည့်လုပ်ရပ်ကိုမဆို ၀ိုင်းဝန်းတွန်းလန်သွားရင်း ဘ၀တူ တိုင်းရင်းသားများ၊ ဒီမိုကရေစီအင်အားစုများနှင့်အ တူ စည်းလုံးညီညွတ်စွာဖြင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး ဆက်လက်တိုက်ပွဲဝင်ကြရန် တိုက်တွန်းထားသည်။

အလားတူ ဗိုလ်မှူးချုပ်ထင်မောင် ဦးစီးသည့် ကရင်ငြိမ်းချမ်းရေးကောင်စီမှလည်း ကရင့်အာဇာနည်များ ကျဆုံးခဲ့သည့် ကော့ကရိတ် မြို့နယ်၊ ထို့ကော်ကိုးကျေးရွာတွင် အခြေစိုက်ကာ ကရင့်အမျိုးသားအာဇာနည်နေ့ကို ယနေ့ ပြုလုပ်ခဲ့သလို တတိယနိုင်ငံရောက် ကရင်လူမျိုးများကလည်း အလုပ်ပိတ်ရက်များတွင် အသီးသီး ကျင်းပပြုလုပ်ကြမည်ဖြစ်ကြောင်း သိရသည်။

ဒုက္ခသည်ဈေးဆိုင်များ ထိုင်းအာဏာပိုင်များထံ လစဉ်အခွန် ပေးဆောင်ရ

Submitted by on Friday, 12 August 2011--
ဒုက္ခသည်ဈေးဆိုင်များ ထိုင်းအာဏာပိုင်များထံ လစဉ်အခွန် ပေးဆောင်ရ
သြဂုတ်လ ၁၂ရက်။ နန်းသူးလေ (ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ မဲ့ဟောင်ဆောင် ခရိုင်အတွင်းရှိ မယ်လအူးနှင့် မယ်ရာမို ဒုက္ခသည်စခန်းနှစ်ခုမှ လူသုံးကုန်နှင့် စားသောက်ကုန် ရောင်း ဈေးဆိုင်များကို ဒုက္ခသည်စခန်းဆိုင်ရာ ထိုင်းအုပ်ချုပ်ရေးအဖွဲ့က ယခုလဆန်းပိုင်းမှစ၍ လစဉ် ဆိုင်အခွန်ငွေ ကောက် ခံခဲ့သည်ဟု သိရသည်။

ထိုသို့ ကောက်ခံရန် စခန်းဆိုင်ရာ ထိုင်းအာဏာပိုင်များက ကရင်ဒုက္ခသည်ကော်မတီ(KRC)ကို အသိပေး ပြောဆိုခဲ့သည့်အ ပေါ် စခန်းတာဝန်ရှိသူများက သြဂုတ်လ ၁ရက်နေ့တွင် လိုက်လံကောက်ခံခဲ့ခြင်းဖြစ်သည်ဟု မဲ့စရင်းမြို့ရှိ KRC က ကေအိုင်စီ ကို ပြောပြသည်။

ယခင်က စခန်းနှစ်ခုစလုံးတွင် ဈေးဆိုင်ခွန် ကောက်ခံခဲ့ခြင်းမှာ ထိုင်းအာဏာပိုင်များကိုယ်တိုင် တနှစ်လျှင် တစ်ကြိမ်သာ ကောက်ခံခဲ့သော်လည်း မကြာသေးမီ လပိုင်းက ပြောင်းရွှေ့လာသည့် ထိုင်းအုပ်ချုပ်ရေးမှူးအသစ်က တလတကြိမ် ကောက်ခံ သွားရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

KRC ၀န်ထမ်းတစ်ဦးက “အရင်ကတော့ စခန်းတစ်ခုလုံးက ဆိုင်အားလုံးပေါင်း တနှစ်ကို ဘတ်ငွေ ၁သောင်းပေးရတယ်။ အခု အသစ်ပြောင်းလာတဲ့ ပလာကတော့ တစ်လ ၅သောင်း တောင်းတယ်။ အဲဒါ စခန်းက ဈေးသည်တွေအနေနဲ့လည်း ပေးနိုင်မှာ မဟုတ်ဘူးလေ။ ဒါကြောင့် စခန်းမှာရှိတဲ့ ဈေးဆိုင်တွေရဲ့ အခြေအနေကိုကြည့်ပြီး ကောက်ပေးခဲ့တယ်။”ဟု ပြောသည်။

မယ်လအူး ဒုက္ခသည်စခန်းတွင် ဈေးဆိုင်စုစုပေါင်း ၂၀၀နီးပါးရှိပြီး ယခုကောက်ခံမှုမှာ ဆိုင်အကြီးအငယ်အလိုက် ဘတ်ငွေ ၂၀ မှ ၂၀၀အထိ ကောက်ခံခဲ့သလို အပြင်မှ ကားနှင့်လာရောက်၍ ဈေးရောင်းနေသည့် ထိုင်းဈေးသည်များအား ကားတစ်စီးလျှင် ၄၀၀၀ဘတ် ကောက်ခံခဲ့သည်ဟု စခန်းဈေးသည်တစ်ဦးက ယခုလို ပြောပြသည်။

မယ်လအူး ဈေးဆိုင်ပိုင်ရှင်တစ်ဦးက “ကျနော်ဈေးရောင်းလာတာတော့ ၆နှစ်လောက်ရှိသွားပြီ။ အရင်နှစ်တွေကတော့ ကျနော် ဆိုင်ကြီးဖွင့်ပေမဲ့ ၃၀ဘတ်ပဲ ပေးရတယ်။ ဒီနှစ်တော့ ကျနော်လည်း ဈေးသိပ်ရောင်းမကောင်းလို့ ဆိုင်မှာ အနည်းအကျဉ်းပဲ ရောင်းတော့တယ်။ ဒါပေမဲ့ အခုအခွန်အတွက် ကျနော့်ဆိုင်က ဘတ် ၅၀ပေးလိုက်ရတယ်။”ဟု သူက ပြောသည်။

မယ်လအူးနှင့် မယ်ရာမိုစခန်းနှစ်ခုကို ထိုင်းအာဏာပိုင်တစ်ဦးတည်းက အုပ်ချုပ်နေခြင်းဖြစ်ပြီး ယင်းသို့ ဆိုင်အခွန်များ လစဉ် ကောက်ခံနေပါက စခန်းအတွင်းရှိ ဈေးသည်များအနေဖြင့် ရှေ့ဆက် ဈေးရောင်းရန် အခက်အခဲရှိနိုင်ကြောင်း ဒုက္ခသည်များက ပြောဆိုနေကြသည်။

မဲ့စရင်းမြို့နှင့် ကီလိုမီတာ ၈၀ကျော် ကွာဝေးသည့် မယ်ရာမိုဒုက္ခသည်စခန်းတွင် လူဦးရေ ၁၇,၀၀၀ကျော်ရှိပြီး မဲ့စရင်းမှ ၁၅၀ ကီလိုမီတာကွာဝေးသည့် မယ်လအူးဒုက္ခသည်စခန်းတွင် လက်ရှိ လူဦးရေ ၁၆,၀၀၀ကျော်ရှိကြောင်း (KRC)မှတ်တမ်းများအရ သိရသည်။

(၆၁)ကြိမ်မြောက်ကရင့်အာဇာနည်များနေ့ တွင်ကျန်ရစ်သူအာဇာနည်တို့ ၏ချစ်ဇနီးများထံပေးပို့ သော KNLA ဒုဗိုလ်မှူးကြီး စောဖေါဒို၏ ဂုဏ်ပြုချီးမွမ်းအမှာစကား

scan0005

နေဂြိုလ် ၌ ကြီးမားသည့် ပေါက်ကွဲမှုများ များပြားစွာဖြစ်ပွား နေမုန်တိုင်းများ

13 August 2011

မေလ်းမှ,


နေဂြိုလ် ၌ ကြီးမားသည့် ပေါက်ကွဲမှုများ များပြားစွာဖြစ်ပွား နေမုန်တိုင်းများ ကမ္ဘာသို့ ကျရောက်နိုင်

ပြီးခဲ့သည့်ရက် အနည်းငယ်က နေဂြိုလ်၌် ကြီးမားသောပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့သဖြင့် နေမုန်တိုင်းများ လာမည့်ရက်များတွင် ကမ္ဘာသို့ ကျရောက်နိုင်ရာ ဂြိုလ်တုသုံးစွဲသူများ၊ ဆက်သွယ်ရေးစနစ် အသုံးပြုသူများ၊ နှင့် အီလက်ထရောနစ်စနစ် အသုံးပြုသူများ ကြိုတင်ပြင်ဆင် မှုများပြုလုပ်ထားကြရန် အမေရိကန် သိပ္ပံပညာရှင်များက သြဂတ်လ ၁၀ ရက်နေ့ ၌ သတိပေးထားသည်။

“နေမုန်တိုင်းတွေဟာ မကြာမီကာလမှာ သေချာပေါက်ဖြစ်ပေါ်လာမှာဖြစ်ပြီး လက်ရှိကမ္ဘာမြေမှာ တိုက်ခတ်နေတဲ့ အင်အားပြင်းထန်တဲ့ မုန်တိုင်းတွေရဲ့ တိုင်ခတ်နှုန်းအတိုင်း တိုက်ခတ်နိုင်ပါတယ်”ဟု အမေရိကန် အမျိုးသားသမုဒ္ဒရာနှင့် လေထုဆိုင်ရာ အဖွဲ့မှ အာကာသသိပ္ပံပညာရှင် တစ်ဦးဖြစ်သူ ဂျို့ ကန်ချက်စ်က ပြောကြားသည်။

နေမုန်တိုင်း များသည် ယခုသီတင်းပတ်များအတွင်း ဖြစ်ပေါ်နိုင်သည်ဖြစ်ရာ ကမ္ဘာ့ ဆက်သွယ်ရေးစနစ်များနှင့် ကမ္ဘာကြီး၏ တည်နေရာအနေအထားကို ထိခိုက်နိုင်ဖွယ်ရှိကြောင်း အမေရိကန်နိုင်ငံ စစ္စကွန်ဆင်ပြည်နယ်နှင့် မင်နီဆိုးတားပြည်နယ် တောင်ဘက်စွန်းနေရာများတွင်ေ၇ာင်စုံအလင်းတန်းများ ထွက်ပေါ်ဖွယ်ရှိကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ အလင်းတန်းများမှာ ကမ္ဘာ့လေထုလွှာ အမြင့်ဆုံးဖြစ်ပေါ်နေသော အဏုမြူအက်တမ်များ အချင်းချင်းတိုက်မိပေါက်ကွဲ မှုကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ပြိး အာတိတ်နှင့် အန္တာတိက တို့ ၏ဝေဟင်တွင် အဆိုပါေ၇ာင်စုံအလင်းတန်းများ ထွက်ပေါ်မည်ဖြစ်သည်။ ၁၉၈၉ ခုနှစ်က နေမုန်တိုင်း ကျေ၇ာက်မှုကြောင့် ကနေဒါနိုင်ငံ ကွီဘတ်မြို့ တွင် လျှပ်စစ်ဓာတ်အားပေးစနစ်များ ပျက်စိးပြိး ပြည်သူ ၆သန်းခန့် ဓာတ်အားပျက်တောက်မှုနှင့် ကြုံတွေ့ ခဲ့ရသည်။ အကြီးမားဆုံး နေမုန်တိုင်းတိုက်ခတ်မှုမှာ ၁၈၅၉ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာတစ်ဝန်း ဆက်သွယ်ရေးစနစ်များ ထိခိုက်ခဲ့သည်။

ကမ္ဘာ့ အဆိုးသွမ်းဆုံး လူ ၆ ဦး

12 August

အီဂျစ်သမ္မတ မူဘာရခ်ကို လူထုအုံကြွ ဖြုတ်ချခဲ့ပြီးနောက် ကမ္ဘာတလွှားရှိ ဆိုးသွမ်း အာဏာရှင်များမှာ သူ့တို့ အလှည့် ရောက်မှာကို ပူပန်ကြောင့်ကြ ရင်း အိပ်ရေးပျက်လျက် ရှိသည်။ အောက်တွင် အဆိုးသွမ်းဆုံး အာဏာရှင် ၆ ဦးကို ဖော်ပြလိုက်ပါသည်။


ကင် ဂျူံးအီလ်၊ မြောက်ကိုရီးယား

အထီးကျန် ရသေ့နိုင်ငံ မြောက်ကိုရီးယားကို ၁၉၉၄ ခုနှစ်ကတည်းက ဖိနှိပ် အုပ်ချူပ်နေသူဖြစ်သည်။ သူ့ဖခင် ကင်အီလ်ဆွန်း က ၄၆ နှစ် အုပ်ချုပ်ခဲ့ပြီး၊ အဖေနဲ့ သားပေါင်းလျှင် မြောက်ကိုရီးယား အာဏာကို သံမဏိလက်သီးဖြင့် ချုပ်ကိုင်ထားသည်မှာ ၆၃ နှစ် ရှိပြီ။ ကင် ဂျူံးအီလ်က ၁၉၉၈ ခုနှစ်တွင် အခြေခံဥပဒေကို ပြောင်းရေးဆွဲပြီး သမ္မတမှ အမြင့်ဆုံး စစ်ကော်မရှင် ဥက္ကဌ ရာထူး အမြဲကိုင်ထားနိုင်ဖို့ လုပ်ခဲ့သည်။

လူထုကို ပြည်ပ သတင်းများ နားထောင်ခွင့်မပြု။ နိုင်ငံခြား ဖုန်းအ၀င်များကို သတိထား စောင့်ကြပ်သည်။ အင်တာနက် ပိတ်ပင်ထားသည်။ စစ်အေးခေတ် ကွန်မြူနစ်ပုံစံအချိုးကို လုံးဝ မပြောင်း။ ကိုရီးယား ဗဟိုသတင်းအေဂျင်စီမှ ၀ါဒဖြန့် မှုများ ပုံမှန်လွှင့်နေတုန်းပင်။ လုပ်အားပေး စခန်းများနဲ့ အတိုက်အခံပြုသူများအတွက် အကျဉ်းစခန်းများမှာ ကြောက်မက်ဖွယ် ဖြစ်သည်။ အကျဉ်းစခန်းများတွင် နိုင်ငံရေး အကျဉ်းသား ၁၅၀,၀၀၀ ရှိမည်ဟု တောင်ကိုရီးယား အစိုးရက ခန့်မှန်းထား သည်။

ယခု ကျန်းမာရေး မကောင်းတဲ့အတွက် အသက် ၂၇ ရှိ သူ့သား ကင်ဂျုံအန်း ကို သူ့အရိုက်အရာ ဆက်ခံဖို့ စီစဉ်နေသည်။

မွမ်မာ ကဒါဖီ၊ လစ်ဗျား


လွန်ခဲ့တဲ့ ၄၁ နှစ်တွင် ကပ္ပတိန်လေး မွမ်မာ အယ်လ် ကဒါဖီ က လစ်ဗျား စစ်တပ်ကို ဦးဆောင်ပြီး ဘုရင် အိုင်ဒရစ် ထံမှ အာဏာသိမ်းယူခဲ့သည်။ ယခု အသက် ၆၈ ရှစ်နှစ်ရှိ ကဒါဖီမှာ အမေရိကန် သမ္မတ ရစ်ချဒ် နစ်ဆင် ပထမ သက်တမ်း ကတည်းက လစ်ဗျားအာဏာရယူထားသူ ဖြစ်ပြီး၊ နစ်ဆင်က သူ့ကို အရှေ့အလယ်ပိုင်းရဲ့ ‘ခွေးရူး’ လို့ နာမည်ပေးခဲ့သည်။

၁၉၆၉ ခုနှစ် ကဒါဖီ အာဏာရယူကတည်းက လစ်ဗျားကို အာရပ် အမျိုးသားရေးဝါဒ၊ ဆိုရှစ်လစ်ဝါဒနဲ့ အစ္စလာမ် တို့ကို ရောသမမွှေပြီး မရေမရာ ကျင့်သုံးခဲ့သည်။ အတိုက်အခံပြုသူများကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး၊ လက်ရှိ အကျဉ်း ထောင်ထဲတွင် နှိပ်စက်ညှင်းပမ်းထားသူ ၅၀၀ ကျော် ရှိသည်။ ရေနံကြောင့် ကြွယ်ဝသော်လည်း အဂတိ လိုက်စားမှုများ ထူပြောလျက်ရှိသည်။


ရောဘတ် မူဂါဘီ၊ ဇင်ဘာဘွေ

အာဖရိက ခေါင်းဆောင်များအနက် ရောဘတ် မူဂါဘီ ကိုလည်း အနောက်နိုင်ငံများက သူတို့ ဟီးရိုးအဖြစ် အရင်က သတ်မှတ်ခဲ့ကြသေးသည်။ လူဖြူ ရိုဒီးရှား အုပ်စိုးမှုကို တော်လှန်ပြီး လူမည်း နိုင်ငံ ဖန်တီးဖို့ ကြိုးစားတဲ့အတွက် ဒုတိယ မင်ဒဲလား အဖြစ် မြှောက်ကြည့်ခဲ့သေးသည်။ သို့သော် အစကတည်းက မူဂါဘီ ရဲ့ စရိုက်က အကြမ်းဖက် အုပ်ချုပ်မှုကို လိုလားကြောင်း ပြသခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွေမှာ သူ့ကို ဆန့်ကျင်တဲ့ မျိုးနွယ်စု လူ ၃၀,၀၀၀ ကို သတ်ဖြတ်ပြီး သားသတ်သမားဘွဲ့ ရသွားသည်။


ပြီးခဲ့တဲ့နှစ်တွေမှာ မူဂါဘီ က အတိုက်အခံတွေကို နှိပ်ကွပ်ရင်း သူရက်စက်ကြောင်း ပိုပြသခဲ့သည်။ အတိုက်အခံ ခေါင်းဆောင်တွေကို လုပ်ကြံဖို့ အမျိုးမျိုး ကြံစည်သည်။ ကျူးကျော် ရပ်ကွက် အိမ်ယာ ၇၀၀,၀၀၀ ကို ဘူဒိုဇာတွေနဲ့ ထိုးကော်ပစ်သည်။ အာဖရိကရဲ့ အဆင်းရဲဆုံး နိုင်ငံ ဘ၀ ရောက်ရှိသွားပြီး၊ ငွေကြေးဖောင်းပွမှု အမြင့်ဆုံးနှင့် ၁၀ နှစ် ဆက်တိုက် ဂျီဒီပီ အနှုတ်လက္ခဏာ ပြနေခဲ့သည်။


သို့သော် ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲတွင် အတိုက်အခံ MDC ပါတီက အားကောင်းခဲ့ပြီး မူဂါဘီရဲ့ လူသတ် အုပ်ချုပ်မှုကို စိန်ခေါ်လာခဲ့သည်။ အခု အီဂျစ်တော်လှန်ရေး အောင်ပွဲကို ဇင်ဘာဘွေ အတိုက်အခံများနဲ့ လူထုက အားကျလေ့လာနေပြီး၊ မူဂါဘီ နေရမယ့် ရက်ကို လက်ချိုးရေတွက်နေကြသည်။


ကက်စထရို ညီအစ်ကို၊ ကျူးဘား


၁၉၅၉ ခုနှစ်တွင် အာဏာရှင် ဘာတစ်စတာ အစိုးရကို တော်လှန်ဖြုတ်ချခဲ့တဲ့ ဖီဒယ်လ် ကက်စထရို က နှစ် ၅၀ ကြာ ကျူးဘားကို ကွန်မြူနစ်နိုင်ငံ အဖြစ် ပြောင်းအုပ်ချုပ်ခဲ့သည်။


၂၀၀၈ တွင် ကျန်းမာရေး မကောင်းတာကြောင့် သူ့ညီ ရာဟူး ကက်စထရို ကို တရားဝင် အာဏာ လွှဲပေးခဲ့ပေမဲ့၊ ညီအစ်ကို နှစ်ယောက်ပေါင်းပြီး တစ်ပါတီ ကွန်မြူနစ်စနစ်အောက်တွင် နိုင်ငံရေး အခွင့်အရေး၊ အရပ်သား လွတ်လပ်ခွင့် တွေကို ထိန်းချုပ် ထားတုန်းပင် ဖြစ်သည်။

နိုင်ငံရေးသမားထားတဲ့ ကျူးဘား အကျဉ်းထောင်များမှာ ကြွက်ပေါလွန်းတာကြောင့် အချို့ သတ်သေကြသည်။ ကျူးဘား ကျွန်းမှ ထွက်ပြေးဖို့ ကြိုးစားသူများကို ရက်ရက်စက်စက် နှိပ်ကွပ်သည်။ မီဒီယာ၊ စာပေနဲ့ ပညာရပ်စာတမ်းများကို တင်းတင်း ကျပ်ကျပ် ထိန်းချုပ်ထားသည်။

ရာဟူး ကက်စထရို လက်ထက် စီးပွားရေး တံခါး အသင့်အတင့် ဖွင့်လာပေမဲ့ အစိုးရ၀င်ရောက်စွက်ဖက်မှုက ကြီနေဆဲ ဖြစ်သည်။ ယခု အီဂျစ် ပြဿနာကြောင့် ကျူးဘား နိုင်ငံရေး အကျဉ်းသား ၁၀၀ ကျော် လွှတ်ပေးလိုက်သည်။


အလက်ဆန်ဒါး လူကာရှန်ကို၊ ဘီလာရပ်စ်


လူကာရှန်ကို ကို ဥရောပ နောက်ဆုံး အာဏာရှင် အဖြစ် သတ်မှတ်ထားသည်။ ၁၆ နှစ်ကြာ သူ့အုပ်ချုပ်မှုအောက်တွင် ဘီလာရပ်စ် စီးပွားရေး နိုင်ငံရေးမှာ အဖတ်ဆယ်မရအောင် ရှိနေသည်။

လူကာရှန်ကိုမှာ ဆိုဗီယက်ခေါင်းဆောင် ဘရက်ဇညက် ခေတ်မှ လက်ကျန်လူ ဖြစ်ပြီး၊ သူ့ ရဲအဖွဲ့ကို ‘ကေဂျီဘီ’ လို့ အမည် ပေးထားကြသည်။ အာဏာရှင်စနစ် သင်ရိုးပေါင်းစုံကို နောကြေထားသူပီပီ အတိုက်အခံကို အမျိုးမျိုး လှည့်စား နှိပ်ကွပ် သည်။


ပြီးခဲ့တဲ့ ဒီဇင်ဘာ ရွေးကောက်ပွဲတွင် ၈၀ ရာခိုင်နှုန်း အနိုင်ရရှိတယ်ဆိုပြီး လူထုကို လိမ်ညာခဲ့သည်။ မဲပေးသူ ထောင်ပေါင်း များစွာက ပေါက်ကွဲပြီး လမ်းပေါ်ထွက်လာတော့ သူ့ လက်မရွံ့ ရဲများက ရာချီပြီး ဖမ်းဆီးခဲ့သည်။ အတိုက်အခံ ခေါင်းဆောင် များကိုလည်း ဖမ်းဆီးထားသည်။


ဘီလာရပ်စ်မှာ ပိုလန်၊ လစ်သူနီးယား၊ လတ်ဗီးယား တို့နဲ့ အိမ်နီးချင်း ဖြစ်သည်။ ထိုနိုင်ငံ အားလုံးမှာ ယခင် ကွန်မြူနစ် နိုင်ငံများဖြစ်ခဲ့ကြပြီး၊ ယခု ဥရောပသမဂ္ဂ အဖွဲ့ဝင် ဒီမိုကရေစီ နိုင်ငံများ ဖြစ်နေကြပြီ။ ယခု အရှေ့အလယ်ပိုင်း တော်လှန်ရေးများ ဆက်တိုက်ပေါ်ထွက်လာမှုကြောင့် လူကာရှန်ကိုမှာ အအိပ်ပျက်ညတွေ များနေသည်။


သန်းရွှေ၊ မြန်မာ

မြန်မာနိုင်ငံမှ ဗိုလ်ချုပ်မှုးကြီး သန်းရွှေဆိုသူမှာ နှလုံးသားမရှိသူ၊ မွေးရာပါ အဏာရှင် ဗီဇသဘာဝ ရှိသူဟု အမရိကန် အစိုးရက သတ်မှတ်ထားသည်။ အတိုက်အခံ ၂၀၀၀ ကျော်ကို ပြန်ပေးဆွဲ ဆန်ဆန် ဖမ်းဆီးထားပြီး၊ စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းပေးဖို့ အမြဲတောင်းဆိုနေသူ ဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် သံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို ပစ်ခတ်နှိပ်နင်းခဲ့သည်။ ၂၀၀၈ ခုနှစ် ဆိုင်ကလုန်း နာဂစ် အရေးပေါ် ဖြစ်နေချိန်တွင် ပြင်ပမှ လူသားချင်းစာနာ ကူညီထောက်ပံ့မှုများကို ငြင်းပယ်ပြီး၊ လူထုဆန္ဒခံယူပွဲကို အတင်း လိမ်ညာ လုပ်ယူသွားခဲ့သူ ဖြစ်သည်။

နှစ် ၂၀ အတွင်း စီးပွာရေး တိုးတက်အောင် တစုံတရာ လုပ်ဆောင်နိုင်စွမ်း မရှိဘဲ သဘာဝဓါတ်ငွေ့များ၊ ကျောက်မျက် ရတနာများနှင့် အခြား သဘာဝ သံယံဇာတများကို ရောင်းချဖြုန်းတီးပစ်နေသူ ဖြစ်သည်။ သူ့စစ်ဝတ်စုံတွင် ဆုတံဆိပ် ၂၀ နီးပါး ချိတ်ဆွဲထားတတ်သော်လည်း၊ မီဒီယာများရှေ့ စကားပြောဖို့ ကြောက်ရွံ့ပြီး၊ မဲပုံး လူထုရှေ့ ရိုးသားဖြောင့်မှန်စွာ ချပေးဖို့ သူရဲဘောကြောင်သူ ဖြစ်သည်။

Biography of Presidents and Prime Ministers of Burma 1948 1988-burmese August 12, 2011

Biography of Presidents and Prime Ministers of Burma 1948 1988

ဒေါ်စုနဲ့ ဦးအောင်ကြည်တွေ့ဆုံ







အပြုသဘော ပူးပေါင်းဆောင်ရွက်ရန် ဒေါ်စုနဲ့အစိုးရ သဘောတူ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအလုပ်သမားနဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးဌာန ၀န်ကြီး ဦးအောင်ကြည်တို့ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာတွင် ဆွေးနွေးမှုအပြီး သတင်းထောက်များနှင့် တွေ့ဆုံနေစဉ် (သြဂုတ်လ ၁၂၊ ၂၀၁၁) မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွေရဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာမှာ ဒီကနေ့တွေ့ဆုံခဲ့ပါတယ်။ နှစ်ဖက် ပဋိပက္ခဖြစ်နိုင်ချေတွေကို ရှောင်ရှားပြီးတော့ ဒီမိုကရေစီရေးအတွက် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမယ့်အပြင် တွေ့ဆုံ ဆွေးနွေးမှုတွေလည်း ဆက်လုပ်သွားမယ်လို့ တွေ့ဆုံအပြီးမှာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ထိုင်းနိုင်ငံကနေ စုံစမ်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ရဲ့ ဖိတ်ကြားချက်နဲ့ ဒီကနေ့ နေ့လည် ရန်ကုန်အစိုးရရဲ့ ဧည့်ဂေဟာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ်အဖွဲ့ဝန်ကြီး ဦးအောင်ကြည်တို့ ၁ နာရီနီးပါး တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ နှစ်ဖက်သဘောတူ ထုတ်ပြန်ခဲ့တဲ့ အချက်လေးချက်ပါ သတင်းထုတ်ပြန်ချက်ကိုတော့ ဦးအောင်ကြည်က ဖတ်ပြခဲ့ပါတယ်။

“နှစ်ဖက်စလုံးက အောက်ပါအတိုင်း သဘောတူညီခဲ့ကြပါတယ်။

(၁) ပြည်သူလူထုတရပ်လုံး၏ ပကတိလိုအပ်ချက် ဆန္ဒများကို ဖြည့်ဆည်းပေးသည့်အနေဖြင့် တိုင်းပြည်၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် နှစ်ဖက်လက်တွဲ ဆောင်ရွက်သွားပေမည်။

(၂) မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ဆက်လက် တိုးတက်ထွန်းကားစေရေး အတွက်လည်းကောင်း၊ စီးပွားရေးနဲ့ လူမှုရေးလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်လည်းကောင်း၊ အပြုသဘော ပူးပေါင်းဆောင်ရွက်သွားမည်။

(၃) ပဋိပက္ခအသွင်ဆောင်သော အမြင်သဘောထားများကို ရှောင်ရှားကြပြီး အပြန်အလှန် ကူညီသော ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ် reciprocal basic အတွက် ဦးတည်ချက်ထား၍ ဆောင်ရွက်သွားမည်။

(၄) တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက် လုပ်သွားမည်။”

အခုတကြိမ် တွေ့ဆုံမှုကနေ နိုင်ငံတော်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လက်တွဲဆောင်ရွက်သွားမယ်လို့ ပထမဆုံးအကြိမ်အဖြစ်နဲ့ အစိုးရသစ်အဖွဲ့ ၀န်ကြီးက တရားဝင်ကြေညာခဲ့သလိုပဲ ဒီမိုကရေစီရေးအတွက် ပူးပေါင်း ဆောင်ရွက်မယ်လို့ ပြောကြားခဲ့တာပါ။

ဇူလိုင်လ ၂၅ ရက်နေ့ ပထမတကြိမ် တွေ့ဆုံချိန်က အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ အခုတကြိမ် တွေ့ဆုံရာမှာတော့ တိုးတက်မှုတွေအတွက် ပူးပေါင်းဆောင်ရွက်မှုတွေက အရေးကြီးပါတယ်လို့ ဆိုပါတယ်။

“ကျမတို့ ပူးပေါင်းဆောင်ရွက်မယ်ဆိုလို့ရှိရင် တိုင်းရင်းသားကိစ္စတွေမှာလည်း တိုးတက်မှု ရရမှာပဲ။ ဘယ်ဘက်မှာမဆို တိုးတက်မှု ရ ရမယ်လေ။ တကယ်တော့ ကျမတို့နိုင်ငံရဲ့အကျိုးကို ပူးပေါင်း ဆောင်ရွက်မယ် ဆိုလို့ရှိရင် ဒီ မီဒီယာအပါအ၀င်ပေါ့၊ တိုးတက်မှုတွေ ရှိရမှာပေါ့။”

ဝန်ကြီး ဦးအောင်ကြည်ကလည်း စိတ်ဝမ်းကွဲပြားမှုတွေကို ရှင်းနိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ရေးကို အဓိက လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာသေးခင်ကပဲ အစိုးရသစ်အဖွဲ့ကိုရော၊ လက်ရှိ လက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားအဖွဲ့တွေကိုပါ အိတ်ဖွင့်ပေးစာ ပေးပို့ပြီး ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းခဲ့ပါတယ်။ အခုလို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကအစ မြန်မာနိုင်ငံမှာ လက်ရှိကြုံနေရတဲ့ ကိစ္စအ၀၀အတွက် ပူးပေါင်းဆောင်ရွက်မှု မရှိတာဟာ အဓိက ပြဿနာဖြစ်နေပြီး ဒါကိုဖြေရှင်းနိုင်ဖို့ဆိုရင် ပြေလည်မှုတွေ ရလာမယ်လို့ ဦးအောင်ကြည်က ပြောပါတယ်။

“ပူးပေါင်းဆောင်ရွက်မှု ဆိုတာက တကယ့် ကျနော်တို့ နိုင်ငံအတွက် လိုအပ်တဲ့ main problem (အဓိကပြဿနာ) တခုပါ။ ဒါကြီးကို ကျနော်တို့ ဖြေရှင်းနေကြတာ ဖြစ်ပါတယ်။ ဒီကိစ္စ ပြေလည်သွားပြီ ဆိုတဲ့အချိန်ကျလို့ရှိရင် ကျန်တဲ့ကိစ္စတွေအားလုံးဟာ ဒီ main problem ကြီးရဲ့ အကျိုးဆက်တရားများ၊ အဲဒါတွေ ဖြစ်လာမှာဖြစ်တဲ့အတွက် အလွယ်တကူ ဖြေရှင်းသွားနိုင်မယ့် အနေအထားပဲ ဖြစ်ပါတယ်။”

အရင် စစ်အစိုးရ လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀န်ကြီး ဦးအောင်ကြည်တို့ (၉) ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပေမယ့် ထူးခြားမှု သိသိသာသာ မတွေ့ခဲ့ရဘူးလို့ ပြည်တွင်းပြည်ပ လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။ အခု အစိုးရသစ်လက်ထက် ဒုတိယအကြိမ် တွေ့ဆုံအပြီးမှာတော့ ပဋိပက္ခ ဖြစ်နိုင်ချေတွေကို ရှောင်ရှားပြီး ဒီမိုကရေစီရေးအတွက် ပူးပေါင်းပြီး လက်တွဲဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့တဲ့အပြင် တွေ့ဆုံဆွေးနွေးမှုတွေ ဆက်ပြီး လုပ်ဖို့ရှိတယ်လို့ပါ ပြောကြားနိုင်ခဲ့ပါတယ်။

RFA Burmese Webcast August Second Week 2011လွတ်လပ်တဲ့အာရှအသံရဲ့ သြဂုတ်လ ဒုတိယပတ် ရုပ်သံ သတင်းအစီအစဉ်

ဝန်ကြီးများ မြို့တော်ခန်းမရှေ့  ဆန္ဒပြ ငိုကြွေးမည်


ဧရာဝတီမြစ်ကြီးကို ကယ်တင်ဖို့ ၀န်ကြီးတွေ မြို့တော်ခန်းမရှေ့ သွားပြီး၊ ဆန္ဒပြကြ ငိုပြကြမယ် လို့ သိရပါတယ်။

ဘယ်အချိန်လဲ ဆိုတာတော့ မပြောသေးပေမယ့် ငိုပြမယ့် ၀န်ကြီးများအတွက် လက်ကိုင်ပုဝါ တယောက် ၁၀ ထည်နှုန်း ဝေငှပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဧရာဝတီမြစ်တလျှောက် ရေကာတာဆောက်တဲ့နည်းနဲ့ မိုက်လုံးကြီးနေခြင်းအကြောင်း မေးခွန်းကို ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက လှလှပပ ငိုပြပြီး ဖြေဆိုသွားပုံဟာ အရမ်း အရမ်း အောင်မြင်သွားတာကြောင့် ဒီလို ဆက်လုပ်ဖို့ အထက်က ညွှန်ကြားလိုက်တာပါ။


မနေ့က ဦးကျော်ဆန်း ချုံးပွဲချငို တဲ့အကြောင်း ဖော်ပြတော့ အင်တာနက်သုံးသူအများပြည်သူ အားပေးပုံတွေကို ကောက်နှုတ် ဖော်ပြလိုက်ပါတယ်။

မိကျောင်းမျက်ရည် မျောက်မျက်ရည်
အိမ်

တပ်မတော်အစိုးရက ၁၉၈၈ ခုနှစ်ကတည်းက ဒုက္ခခံခဲ့တယ် ဆိုတဲ့ စကားကို ဘ၀င်မကျလို့ တစ်ခုလောက်မေးပါရစေ တပ်မတော်အစိုးရက ဘယ်လိုများ ဒုက္ခခံခဲ့တာပါလိမ့်
ရသမျှအခွင့်အရေး စစ်တပ်ကလူတွေကဘဲယူ အထက်ပိုင်းက လူကြီးတွေက အကောင်းဆုံးအိမ် အကောင်းဆုံးစိန် လက်ထဲမှာ ဒေါ်လာသန်းပေါင်းများစွာ ကိုင်ထားပြီး အနစ်နာခံခဲ့တယ် ဒုက္ခခံခဲ့တယ်လို့ပြောတော့ ဟားတိုက်ပြီး ရယ်လိုက်ချင်တယ်။ ရှက်တတ်ရင်လဲသေသင့်တယ် ကျော်ဆန်း။ တိုင်းပြည်ကို ဂုတ်သွေးစုတ် အမြတ်ထုတ်ပြီးမှ အနစ်နာခံတယ်လို့ လူကြားထဲ လာအော်နေတယ် .. ကျက်သရေတုံးတယ်
တောသား

ဟား... ဟားးး
ပြိတ္တာတို့ မျက်ရည် မြေမကျကောင်းဘူးတဲ့...
ငိုနဲ့... တိတ်....
ပြည်သူပြည်သားတွေ ထမင်းပိုငတ်နေဦးမယ်...
seindiamond
ငဇင်
Anonymous
The Mask
kko

ဒီလူကြီး လူလည်ကြီး... ဘာဖြေရမှန်း မသိလို့ မဖြေချင်လို့ ချော်လဲရောထိုင် ငိုချလိုက်တာ... ဟ ဟ
mr.high flyer

ငိုပြလို့..ပြည်သူကမသနားဘူး.. လူလိမ်ပလောင်းပလဲရေ....
Anonymous

"G3 ကိုင်သောလက်ဖြင့် မျက်ရည်သုတ်ခဲ့ရလေသောမေ့ပါးပြင်" ဆိုတဲ့ သမိုင်းဖြစ်ရပ်မှန် ဇာတ်ကားကြီးရိုက်ဖို့အတွက် သရုပ်ဆောင် လေ့ကျင့်နေတယ်ထင်ပ
မျိုးမောင်

အဲ့ဒါ မီဒီယာကို မာမီဆန်းက မျက်ရည်နဲ့ နှာရည်နဲ့တိုက်နေတာဗျ။ အရင်က သူပြောခဲ့တဲ့ မီဒီယာကို မတ်တရာနဲ့တိုက်မယ်ဆိုတာ အလုပ်မဖြစ်တော့လို့ နောက်ဆုံးပေါ်လက်နက်ဆန်းနဲ့ ပြောင်းတိုက်တာ။ အဟီးဟီးရွှတ်ရှလူးဖူးရရွှီးအဟင့်အဟင့်...
Anonymous


ဟားဟား နည်းမျိုးစုံ လိမ်တတ်တဲ့အပြင် အခုတော့ မျက်ရည်ထွက်ပြပြီး မူရာမာယာ အတတ်တွေပါ ထုတ်ပြနေပါလား
အများပြည်သူ

မနောက်ကြပါနဲ့ဗျာ။ နောက်ခံတီးလုံးအနေနဲ့ နှဲကြီးတောင် ချွဲချွဲပြစ်ပြစ်မှုတ်ပေးမဲ့သူနဲ့၊ မိချောင်းမျက်ရည်၊ မျောက်မျက်ရည်ထက် ပိုပြောချင်တဲ့သူနဲ့၊ ပြိတ္တာတို့မျက်ရည် မြေကျနေပါဦးမယ်ဗျာ။
Anonymous

့ဒါလေးမေးတာငိုစရာလား..သောက်ရှက်ပဲ
Anonymous

ဟေ....လွင်မိုးက အမတ်လုပ်မယ်ဆိုလို. ....သူကအားကျမခံ မင်းသားလုပ်မလို. ကျင့်နေတာလား..:P
ရွှေဘုန်း
August 12, 2011 9:07 PM Reply

တော်စမ်းပါ .. ကျော်ဆန်း ရာ ..
Anonymous

ပြန်ကြားရေးဝန်ကြီး ၊ရုပ်ရှင်အကယ်ဒမီပွဲတိုင်းကျော်လုပ်လာတာ ဒိလောက်ကတော့ အပျော့ပါ ။ မယုံမရှိပါနဲ့ ။တကယ်ငိုတာပါ ၊ ဘာပြောရမှန်းမသိတော့လို့ ၊
ငိုချလိုက်တော့ မေးတဲ့သူလဲဘာဆက်မေးရမှန်းမသိ ၊ ဆက်လဲပြောဖို့ မလိုတော့ဘူး ၊ ဆိုက်ဝါးဆရာကြီးရဲ့တပည့် ဆိုက်ဝါးဆရာလေး ၊မီဒီယာကို မျက်ရည်နဲ့တိုက်လိုက်တာ
Burmese citizen

အဲဒီလူကြီး တာတိုင်းပြည်ကိုချစ်လို့မဟုတ်ပါဘူး..သူတို့ မဟုတ်တာတွေလုပ်ထားတာ ပြည်သူလူထုကသိကုန်လို့
ကြောက်လန့်ပီး ငိုတာ..အဲလို အရှက်မရှိလို့လဲဒီလိုနေရာမြဲနေတာပေါ့...ဟား..ဟား...
Anonymous

ပိတ္တာ ကြီး ငိုသတဲ့ ဗျို့ ဒုက္ခပါဘဲ .. တော်တော့ တော်ပါသေးရဲ့ လက်ကိုင်ပုဝါ နဲ့ သုတ်ပေလို့ ... ပိတ္တာမျက်ရည် မြေကျ ရင် မိုးခေါင်တတ်သတဲ့ .. ရီချင်တာတောင် .. မရီရဲဘူး နောက်ငိုရင် မျက်ရည် မြေကြီး ပေါ်ကျမှာ စိုးလို့ ...
Anonymous

(သြော်မယ်သုမနရဲ့)...နင့်လိုဟာ...နင့်လိုဟာရှား...နင့်လိုဟာ...နင့်လိုဟာရှား...
Anonymous

ပြိတ္တာတို့ မျက်ရည်မြေမကျကောင်းဘူး နိုင်ငံဒီလောက်ဒုက္ခရောက်နေတာ နည်းအသစ်သုံးပြီးနှိပ်စက်တာလား ဒါမှမဟုတ်
သရုပ်ဆောင်ကျင့်တာဆိုရင် ဦးကျောက်လုံးနေရာအစားဝင်မလို့ လား
Anonymous

နောက်တစ်ခါ သတင်းစာရှင်းလင်းပွဲလုပ်ရင် အငှားငိုမဲ့သူ ခေါ်လာခဲ့ပါ ၀န်ကြီး ရယ်။ ငိုရတာ ပင်ပန်းနေပါ့မယ် :P (လာဘ်စားရတဲ့နေရမှာတော့ သူတို့က မပင်ပန်းကျဘူး :P ညသန်းခေါင်းယံလဲ ထ စားချင် စားကြတာ ဟိ ဟိ )
ကျောက်ခေတ်

"အမေရိကန်လို နိုင်ငံကြီးတွေက ကျ နော် တို့ ကို ၀ိုင်း ဖိ နှိပ် ပြီး..." အဲဒီစကားမှားသွားလို့ လျှော်လိုက်တာပါ... "ဝိုင်းပြီးဖိနှိပ်နေလို့ ဧရာဝတီမြစ်ကြီးကို ရောင်းစားမလို့ပါ" ဆိုတဲ့ စကားပဲကျန်တော့တယ်... ဒီအကွက်တွေရိုးနေပြီ။
Anonymous

ဟိ..ဟိ..ကွန်မန်.တွေ လိုက်ဖတ်ရတာ..ပျော်စရာ..။ ဒီလူကြီး အူးကျော်ဆန်း..စကားပြောတာ တီဗွီမှာ ကြည့်ဖူးတယ်.။ စကားတစ်လုံးနဲ. တစ်လုံး အကြာကြီး.နားနားပြီး ပြောတာ ကြားထဲမှာ မတ်တပ်ကြီး လေဖြတ်နေသလားဘဲ...။ ဥာဏ်နီဥာဏ်နက်တွေ ထုတ်နေပုံရတယ်..။ အခုတော့ ကြံရာမရဖြစ်ပြီး ငိုချလိုက်ပြီ..ဟိ..။ သူငိုတာ သူတို.စစ်တပ်အဖွဲ.က ပစ်သတ်တာတွေ၊ ထောင်ချခံရတဲ့ မိသားစုတွေရဲ့ မျက်၇ည်နဲ.စာရင် မဟာသမုဒ္ဒရာနဲ.ချောင်းငယ်လောက်ဘဲ ရှိတယ်..။ ဧရာဝတီက vote လုပ်ခိုင်းရင် ဒီလူကြီး လူမုန်းအများဆုံး ရမလား မသိဘူးနော်..။ သူငိုတာ လူတော်တော်များများ ပျော်ကြလို.....ဟိ..ဟိ။
သဘာဝ

ဝဋ်ဆိုတာ လိုက်တတ်တယ် ။ ဒီမျက်ရည် မမျှသေး။
ငိုပွဲနဲ့ အဖြေကို ရှောင် မသွားနဲ့ ကလေး။
Anonymous

ဟီး.. သရုပ်ဆောင်ရွေးချယ်ပွဲနဲ့ သတင်းစာရှင်းလင်းပွဲမှားသွားတယ် ထင်တယ်..
အကယ်ဒမီများရှင်

ဘာပဲပြောပြော ယနေ့ မီဒီယာမှာအပေါက်ဆုံးသတင်းကတော့ ပျံကျားရေးဝံဂျီးလေးလေးပု ရဲ့ သတင်းပါ။ ရှင်းပါတယ် တပ်မတော်အနေနဲ့ လူကြီးများအနေနဲ့ နိုင်ငံတော်အတွက်အနစ်နာလဲခံနေစရာမလိုပါဘူး ဘယ်သူကမှလဲ အတင်းအနစ်နာခံခိုင်းနေတာလဲမဟုတ်ပါဘူး၊ တပ်မတော်လူကြီးမင်းတို့ထက် အပုံကြီးအဆပေါင်းများစွာ သာတဲ့ တိုင်းပြည်နဲ့လူမျိုးတိုးတက်စေမယ့် အသိပညာရှင်အတတ်ပညာရှင်တွေ အများကြီးရှိပါတယ် ရိုးရိုးလေးပါ ထိုင်ခုန်ပေါ်ကဆင်းပေးလိုက်ပါ လုပ်တတ်တဲ့ သူတွေကိုလွဲပေးလိုက်ပါ၊ ဒါမှ စေတနာအစစ်ပါ။
ရွှေမန်း

ကမ္ဘာ့အအောင်မြင်ဆုံးနှင့်အကျော်ကြားဆုံး သတင်းစာရှင်းလင်းပွဲပဲ .. ဒါ ကမ္ဘာက သိအောင် ပြသင့်တယ်
Anonymous

He didn't cry or any of his masters including Than Shwe didn't shed a tear during Nargis when 100,000 people died.
winoosan

လာမဲ.အကယ်ဒမီပေးပွဲအတွက်အကယ်ဒမီဆုကိုဦးကျော်ဆန်းချိန်ပြီ။န.အ.ဖ ရဲ.စည်းကမ်းပြည်.၀တဲ.ဒီမိုကရေစီ ဇတ်ကားဋ္ဌကီးရဲ.ဇတ်လိုက်ကျော် ဟဲဟဲ
Anonymous

Is he officially admitting that SLORC, SPDC and current so called elected civilian Government are same organisation?
It's that a case, we must record for future reference.
Anonymous

TRICKY kyaw san .I am so sorry for your tears.But remember that yr junta had been killing its several thousands of civilian.The time is coming to you . don't be so soft when you get the turn..BE BRAVE TO SERVE YR MISDEEDS as retribution.
much love
Tony

ဝန်ကြီးဦးကျော်ဆန်း သတင်းစာရှင်းလင်းပွဲအတွင်း စိတ်ခံစားမှုကြောင့် မေးခွန်းအချို့ကို ဖြေကြားခြင်း မပြုMinister for Information U Kyaw Hsan on government’

Minister for Information U Kyaw Hsan on government’s endeavours to enable ethnic armed groups to undergo transformation in accord with the Constitution (1/2011).engl.

U Kyaw Hsan on gov.endeavours to enable ethnic armed groups to undergo transformation in accord with the C...


ဒီကနေ့ နေပြည်တော်က ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်နေတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့သစ်ရဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ သတင်းထုတ်ပြန်ရေး အဖွဲ့ရဲ့ ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း စိတ်ခံစားမှုကြောင့်ဟုဆိုကာ မေးခွန်းအချို့ကို ဖြေကြားခြင်း မပြုခဲ့ပါဘူး။

သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားနေစဉ် (ဓာတ်ပုံ-ရိုက်တာ)

အစိုးရသစ်ရဲ့ သက်တမ်း ၄ လကျော်​ အတွင်း ပထမဆုံး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ​ ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်းက ၁၉၈၈ ခုနှစ် နောက်ပိုင်း တပ်မတော်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ထည့်သွင်း ပြောကြားစဉ် ၀မ်းနည်းမှုဖြစ်ကာ မေးခွန်းတချို့ကို မဖြေကြားခဲ့တာပါ။

အယ်ဒီတာတဦးရဲ့ မေးမြန်းချက်ဖြစ်တဲ့ တိုင်းရင်းသားဒေသတွေက လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အစိုးရသစ်အနေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဘယ်အချိန်မှာ စတင်​ လုပ်ဆောင်မယ်ဆိုတဲ့ မေးခွန်း၊ တိုင်းပြည်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပိုက်ဆံအကြွေ ရှားမှုတွေကို ဘယ်လို ဖြေရှင်းပေးမလဲ ဆိုတဲ့မေးခွန်းနဲ့ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေးအတွက် ငွေချေးမှုတွေအပြင် ဘယ်လိုစီမံကိန်းတွေ ချမှတ် ဆောင်ရွက်ဖို့ရှိလဲဆိုတဲ့ မေးခွန်းတွေကို ဖြေကြားစဉ် ၀န်ကြီးဦးကျော်ဆန်း စိတ်ခံစားမှုတွေ ဖြစ်ပေါ်ပြီး မျက်ရည်များ ကျလာတာကြောင့် ဖြေဆိုမှုကို ရပ်နားလိုက်တာလည်း ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ သတင်းသမားတဦးက ခုလိုပြောပါတယ်။

“ဇေယျာမြတ်ခိုင် မေးတဲ့ မေးခွန်းတွေ မေးတာကို ပြောရင်းပြောရင်းနဲ့ သူဘာသာသူ မျက်ရည်ကျလာတာ ငိုပြီးတော့ တိုင်းပြည်ချစ်တဲ့ စိတ်တွေနဲ့ လုပ်ကြတယ် ဘာညာပေါ့ အိုက်တင်ပေါ့။ သူက အိုက်တင်ပေးတာပေါ့။”

အဲ့ဒီနောက်မှာတော့ အချိန်အနည်းငယ် အနားယူပြီး နာလည်ပေးကြဖို့ ၀န်ကြီး ဦးကျော်ဆန်းက ပန်ကြားပြောဆိုပြီး မေးခွန်းတွေကို ဆက်လက်ဖြေကြားခဲ့ပါတယ်။

“ပြောရင်းပြောရင်းနဲ့ စိတ်ထဲက ဖြစ်သွားတာ။ အဲဒီဟာကို ထိန်းထိန်း သိမ်းသိမ်း ထားပါ၊ ဆောင်ရွက်ပေးပါလို့ ကျနော်ပြောကြားလိုပါတယ်။ မေးခွန်းတွေကို မဖြေနိုင်လို့၊ မဖြေချင်လို့ ဆိုပြီးတော့ သတင်းသမားတွေရဲ့ အမြင်မှာ ထင်သွားနိုင်လို့ပါ။ ကျနော်က ဖြေကြားရတဲ့အပေါ်မှာ ပြောနေရင်း ပြောနေရင်းနဲ့ စိတ်ခံစားမှုတွေ ဖြစ်သွားတာကို နားလည်ပေးကြပါလို့ ကျနော် ပြောကြားလိုပါတယ်။ နောက်တခုက စောစောက သူမေးသွားတဲ့ မေးခွန်းတွေထဲမှာ အသေးစားငွေချေး လုပ်ငန်းအပြင် ကျန်တာတွေကိုရော ဘယ်လိုလုပ်မှာလဲ ဆိုတာကို သူသိချင်တဲ့အတွက် ၀မ်းသာပါတယ်။ အဲဒီအပေါ်မှာ ကျနော်ပြောချင်တာကတော့ သိချင်ရင် အားလုံးပူးပေါင်းကြဖို့ ဆိုတာပါပဲ။ အားလုံးက အသိစိတ်ရှိရှိ ပူးပေါင်းဆောင်ရွက်ကြမှ တိုင်းပြည်တိုးတက်မှာပါ။”

ဒီလိုဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ တက်ရောက်နေတဲ့ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးကိုကို (စက်မှုတက္ကသိုလ်) က အခုလိုပြောပါတယ်။

“ဆင့်ပွားပြီး ချိတ်ဆက်ပြီးတော့ တခြားအကြောင်းအရာတွေကို ပြောဆိုတဲ့ အချိန်မှာ သူ စိတ်ခံစားမှု တခု ရသွားတယ်။ ဒါကတော့ ကျနော်ထင်တယ် လူသားတယောက် အနေနဲ့ ဖြစ်တဲ့ စိတ်ခံစားမှုပါပဲ။ ကျနော် မြင်တာကတော့ ဝန်ကြီးအနေနဲ့ သူ မချိတင်ကဲ ဖြစ်သွားပုံရပါတယ်။ ယခင်အစိုးရရဲ့ လုပ်ဆောင်မှုတွေ အပေါ်မှာ သူတို့ ၈၈ အပြီး နောက်ပိုင်းမှာ တိုင်းပြည်ဖရိုဖရဲ ဖြစ်နေတဲ့ အချိန်မှာ ရုန်းကန် လှုပ်ရှားရတယ်ပေါ့ဗျာ။ ရုန်းကန်လှုပ်ရှားရတဲ့ အပေါ်မှာ ပင်ပန်းခံပြီး လုပ်ရတဲ့အပေါ်မှာ ပေါ့ဗျာ။ ဒါလေးကို အသိမှတ်ပြုတာလေး မရှိတဲ့ အပေါ်မှာ သူ နည်းနည်းလေး ခံစားသွားတဲ့ မချိတင်ကဲလေးပါ။ အဲဒီလို ဖြစ်သွားတယ်လို့ ကျနော် ထင်တယ်။ တကယ့် တကယ်ကတော့ ဝန်ကြီးကိုယ်တိုင်ပဲ ပိုသိလိမ့်မယ်ဗျ။”

ဒီသတင်းစာရှင်းလင်းပွဲ အတွင်းမှာတော့ သတင်းထောက်တွေကို မေးခွန်း မေးမြန်းခွင့် အချိန် မိနစ် ၄၀ လောက် ပေးခဲ့ပြီး ပြည်တွင်းပြည်ပ သတင်းသမား ၁၀ ကျော်က မေးခွန်းတွေကို အသီးသီး မေးမြန်းခဲ့ကြပြီး ၀န်ကြီးနဲ့အတူ အစိုးရသတင်းထုတ်ပြန်ရေး အဖွဲ့ဝင်တွေက ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဦးကျော်ဆန်း ချုံးပွဲချငို



ဒီနေ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ စာနယ်ဇင်းသမားတွေကို ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းက ငိုယိုပြလိုက်ပါတယ်။

ကနဦး မိန့်ခွန်းချွေတာတွေတော့ အဆင်ပြေပါတယ် တဲ့။ ဒါက ကျွမ်းကျင်ပြီးသားပဲလေ။

KIA က စတင် ပစ်ခတ်တဲ့အတွက် ကချင်ဒေသမှာ စစ်ပွဲတွေ ဖြစ်နေရတယ်ပေါ့။
KIA ပါဝင်တဲ့ UNFC - ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီဟာ သောင်းကျန်းသူနဲ့  ဖွဲ့ထားတယ်။
လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ UN အရာရှိ အိုဟေးကင်တားနားကြီးကို လာခွင့်ပြုမယ်။
NLD က ဒီတိုင်းနေလို့မရဘူး၊ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ရမယ်။
ဒေါ်လာနဲ့ကျပ် ငွေလဲနှုန်းအတွက် သင့်တော်တဲ့နှုန်း သတ်မှတ်မယ်။ အချိန်တန်ရင် နိုင်ငံတော်က လုပ်ပေးမယ်။
ဒေါ်လာသဘောသုံးတဲ့ FEC တွေကို ပြန်သိမ်းမယ်။
FEC သုံးသူများ မနစ်နာအောင် နိုင်ငံတော်က လုပ်ပေးမယ်။
အဲဒီလို အဲဒီလို မိန့်ခွန်းချွေပါတယ် တဲ့။

သတင်းထောက်တယောက်က မြစ်ဆုံဆည်တွေအကြောင်း မေးပါတယ်။ ဒီ မြစ်ဆုံဆည်စီမံကိန်းကို အများက ကန့်ကွက်နေကြပြီ။ ဘယ်လို ဆက်လုပ်မလဲ တဲ့။

ဝန်ကြီး ဖြေပုံက

“တပ်မတော်အစိုးရက ၁၉၈၈ ခုနှစ်ကတည်းက ဒုက္ခခံခဲ့တယ်။ နိုင်ငံတော်အကြီးအကဲတွေက
အနစ်နာ ခံပြီး လုပ်ဆောင်ခဲ့တာ။ ဧရာဝတီမြစ်ကြီး ပျက်စီးမယ့် ကိစ္စ
ကျနော်တို့လည်း မလုပ်ပါဘူး။ အမေရိကန်လို နိုင်ငံကြီးတွေက ကျ နော် တို့ ကို
ဝိုင်း ဖိ နှိပ် ပြီး................................................”

ပြောရင်းနဲ့ ချုံးပွဲချငိုချလိုက်ပါတယ်။ ၀န်ကြီးရဲ့ ငိုကြွေးမှု ၁၅ မိနစ် ကြာသွားပြီးတဲ့နောက်မှာ သတင်းစာရှင်းလင်းပွဲကို အဆုံးသတ်လိုက်ရပါတော့တယ်။

KIA ဘာဖြစ်တယ်၊ NLD ညာဖြစ်တယ်။

မေးလာတော့လည်း ဖြေရသေးတာပေါ့။ ကဲ -

အဖြေတ၀က်တပျက်မှာ ထွက်လာတဲ့ မျက်ရည်တွေကို သုတ်မယ်

အဟင့်

Burma: Information Team and Spoke persons(Names) of Myanmar’s USDP government





USDP Govt Spoke Person Team (Eng)

Face to Face (Irrawaddy)

Dateline Irrawaddy

Friday, August 12, 2011

ဒီနေ့ ကရင် အာဇာနည်နေ့ဖြစ်တယ်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUJcQMd8WGe7cOnOSX4Qen1a7oCGIRBCoQD2XqMWFfZYuRsDnE4GOUPZOoixN7gh4-qIDZHIYfOZozozAkoLsx7bwWGlUpch-qDZMGSJBOB9RuA_kUDRx5FJZTZg4FlwR9I35LFjm0byCo/s1600/untitled.JPG

ဒီနေ့ ကရင်အမျိုးသားတို့ရဲ့ ကရင်အာဇာနည်နေ့ ကရင်အာဇာနည်နေ့ဆိုတာ ကရင်တွေကို တန်းတူ အခွင့်အရေးရဖို့အတွက် စတင်တော်လှန်ခဲ့တဲ့ ကရင် ခေါင်းဆောင်ကြီး စောဘဦးကြီး ကျဆုံးခဲ့တဲ့နေ့လည်းဖြစ်တယ်။ မိမိလူမျိုးတရပ်လုံး တန်းတု အခွင့်အရေးရဖို့အတွက် ချမ်းသာမှု့ကို စွန့်လွတ်ပြီး လူမျိုးအတွက် အသက်ပေးခဲ့တဲ့သူဖြစ်သည်။

ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး ဖြစ်ပါတယ်...သူဟာကရင့်သမိုင်းမှာသာမကဘဲ မြန်မာနိုင်ငံလွတ်လပ်ရေးရဘို့ကြိုးပမ်းခဲ့ရာမှာလည်း မြန်မာ့သမိုင်းဝင်ထင်ရှားတဲ့ခေါင်းဆောင်တစ်ဦးလဲဖြစ်ပါတယ်... ၁၉၄၆ခုနှစ် မြန်မာနိုင်ငံအုပ်ချုပ်ရေးစံနစ်ပြန်လည်ဖော်ဆောင်ရာမှာ အင်္ဂလိပ်တို့ကဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ အစိုးရအဖွဲ့ကိုဖွဲ့စည်းပေးခဲ့ရာ ဝတ်လုံတော်ရစောဘဦးကြီးဟာ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်... ဒီ့အပြင် ထိုခေတ်က ကမ္ဘာတဝန်းမှာရှိတဲ့ အင်္ဂလိပ်တွေဖွင့်ထားတဲ့ မည်သည့်တရားရုံးမဆို ရှေ့နေလိုက်ခွင့် လိုင်စင်ရထားသူပါ။ သို့သော်လည်း မဟာဗမာတို့ရဲ့လိုရာရေးသမိုင်းမှာတော့ ကရင်လူမျိုးတွေ ရဲ့ နယ်ချဲတော်လှန်ရေးသမိုင်းကတော့ တစ်လုံးတစ်စိ မှ မှတ်တမ်းတင်ထားခြင်း မရှိတော့ဘူးဆိုတာတွေ့ရပါတယ်။

ဖဆပလအဖွဲ့ကြီးရဲ့ဗဟိုကော်မတီမှာလည်း ဝတ်လုံတော်ရစောဘဦးကြီးဟာ ဗဟိုကော်မတီဝင် အဖြစ်ထည့်သွင်းဖွဲ့စည်းတဲ့အထဲမှာ ပါဝင်ခဲ့ပါတယ်... ငယ်စဉ်က သမိုင်းမှာ ဖဆပလ ဆိုတဲ့အဖွဲ့ကြီးအကြောင်း သင်ခဲ့ရသော်ငြားလည်း စောဘဦးကြီးဆိုတဲ့အမည်ကို တစ်စွန်းတစ်စမှ မကြားဘူးလိုက်ပါ။ ၁၉၄၇ခုနှစ်အတွင်း မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းဦဆောင်တဲ့မြန်မာကိုယ်စားလှယ် အဖွဲ့မှာ စောဘဦးကြီးဟာ ကန္ဒီအစည်းအဝေးသို့ လိုက်ပါတက်ရောက်ခဲ့ပါတယ်... ဗိုလ်ချုပ်နဲ့အတူ လွတ်လပ်ရေးရဘို့ ကြိုးပမ်းတဲ့ကာလမှာ အတူတကွ လက်တွဲဆောင်ရွက်ခဲ့ပါတယ်.. သို့သော်လည်း ဗိုလ်ချူပ်အောင်ဆန်း နာမည်ကိုသာတွေ့ရပြီး စောဘဦးကြီးနာမည်ကို မကြားခဲ့ဘူးပါ။

၁၉၄၈ခုနှစ် ဇန်နဝါရီလ၄ရက်နေ့ လွတ်လပ်ရေးနေ့မတိုင်ခင် ဗိုလ်ချုပ်ကျဆုံးခဲ့ပြီး လွတ်လပ်ရေးရပြီး မကြာမီ စောဘဦးကြီးကျဆုံးခဲ့ပါတယ်... စောဘဦးကြီးဟာ အစိုးရ ရာထူးဂုဏ်ရှိန်ကို မမက်မောဘဲ ကရင်အမျိုးသားရေးအတွက် ရာထူးဂုဏ်ရှိန်ကိုစွန့်လွှတ်ခဲ့ပါတယ်... "ကရင်တကျပ်သား၊ဗမာတကျပ်သား" ဆိုပြီး တန်းတူညီတူ ရရှိမှု အတွက် ကြွေးကြော်သံကိုချမှတ်ခဲ့ပါတယ်... ၁၉၅၀ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ နဘူးမြို့နယ် ကော့ကိုးကျေးရွာအနီး လယ်တဲထဲမှာ တောလှန်ရေးတာဝန်ထမ်းဆောင်နေရင်း သစ္စာဖောက်ထီးစွမ်းရွာသား မောင်အဲ၏ သစ္စာဖောက်မှုကြောင့် ရန်သူ၏ပစ်ခတ်မှုများကို အင်အားမမျှသော်လည်း လက်မမြှောက်ဘဲ ပြန်လည်ခုခံရင်း ကျဆုံးခဲ့ရပါတယ်....

သြဂုတ်လ၁၂ရက်နေ့(ကရင်အမျိုးသားအာဇာနည်နေ့)တွင် ကျဆုံးခဲ့သော ကရင်အမျိုးသားခေါင်းဆောင်ကြီးစောဘဦးကြီး နှင့်တကွ ကရင့်တော်လှန်ရေး ရဲဘော်အပေါင်းတို့အား ဦးညွတ်ဂါရဝပြုလျှက်

မေ့လို့ မရတဲ့ အာဇာနည်နေ့

Friday, 12 August 2011 Karen Youth UK- Youth Exchange 2011 (video)

Untitled from eh htee kaw on Vimeo.

I was born in Karen State and I will die in Karen State.wmv

မလေးရှား ကရင့်အာဇာနည်နေ့ ရုပ်သံ ဒီကနေ့ ၁၂-၀၈-၂၀၁၁၊ MKO မှာ ကျင်းပတဲ့ (၆၁)ကြိမ်မြောက် ကရင့်အာဇာနည်နေ့ ရုပ်သံ ပဲဖြစ်ပါတယ်

Lar Khaung Khai Suu 2011 Part 1 Singapore

တတိယအကြိမ် ကရင့်ရိုးရာ လက်ချည်ပွဲကို စင်္ကာပူနိုင်ငံ Sims Avenue အမှတ် ၁၆၅ ရှိ Harvest Care Center တွင် ၂၀၁၁ခုနှစ် သြဂုတ်လ ၇ ရက်နေ့က ကျင်းပခဲ့ရာ မျိုးချစ်ကရင်များ တက်ရောက်ခဲ့ကြသည်။

ကေအဲန်ယူထိမ်းချူပ်ရာဒေသမှ တိုက်ပွဲနှင့်လူ့ အခွင်းအရေးချိုးဖေါက်မှုအစီရင်ခံစာ ( April, May, Jun - 2011)

ကေအဲန်ယူထိမ်းချူပ်ရာဒေသမှ တိုက်ပွဲနှင့်လူ့ အခွင်းအရေးချိုးဖေါက်မှုအစီရင်ခံစာ ( April, May, Jun - 2011)http://www.blogger.com/img/blank.gif

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ဖက်မှာ လူတွေအာရုံရောက်နေချိန်မှာ ကရင်ပြည်နယ်နှင့် တင်္နာရီတိုင်းတွေမှာ ဘာတွေဖြစ်နေသလည်းဆိုဒါ ဒီအစီရင်ခံစာတွေဖတ်ကြည့်ပါ။

Sitrp-Apr-2011-E


Sitrp-May-2011-E-Sum


Sitrp-Jun-1-30-2011-E-Sum


ကရင်ပြည်နယ် တိုက်ပွဲသတင်း

weekly_update_battle_news__1-9_8_2011_

ကရင်ပြည်နယ်အတွင်း လူ့ အခွင့်အရေးချိုးဖေါက်မှုသတင်း

weekly_update_HR_news_1-9_8_2011_

မြန်မာစစ်တပ် ဓါတုလက်နက်သုံးနေသလား ( မြန်မာစစ်တပ် ဓါတုလက်နက်သုံးနေသည်)







တိုင်းရင်းသားကိုယ်စားလှယ် ၂၃ ဦး လက်မှတ်ရေးထိုးထားတဲ့ အိတ်ဖွင့်ပေးစာဆိုတာ ဘာလဲ

August 11, 2011 by တိုင်းကျော်

ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၃ ဦး လက်မှတ်ရေးထိုးထားတယ် ဆိုတဲ့ အိတ်ဖွင့်ပေးစာ တစောင် ဖော်ပြခဲ့ပါတယ်။ ခေါင်းစဉ်ကိုတော့ အမှန်တကယ် ငြိမ်းချမ်းရေးရလိုလျှင် ပြည်ထောင်စုတခုလုံး၏ အကျိုးစီးပွားကို ရှေးရှု၊ စိတ်စေတနာမှန်၊ သဘောထားမှန်၊ ဆွေးနွေးလုပ်ဆောင်မှု အမှန်များဖြင့် ဆောင်ရွက်၊ စစ်ပွဲများ မရှိတော့သော်လည်း ပြည်ထောင်စုကြီး ပြိုကွဲ ချည့်နဲ့သွားမည့် အန္တရာယ်မျိုး ရှောင်ရှား ဆိုပြီး ခေါင်းစဉ်တပ်ထားပါတယ်။

ဒီကြေညာချက်ကို သတင်းစာတွေမှာ ဖော်ပြလိုက်တဲ့အခါ နိုင်ငံရေး အသိုင်းအ၀ိုင်းထဲမှာ အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားသလို ပြည်ပ မီဒီယာ အသိုင်းအ၀ိုင်းကလည်း သတင်းစုံစမ်း မေးမြန်း ဖော်ပြကြတာ တွေ့ရပါတယ်။ ဒါပေမယ့် ဒီ ကြေညာချက်ရဲ့ နောက်ကွယ်က အဖြစ်မှန်ကို သိသူနည်းလှတာ ပါတယ်။ ဒီအကြောင်း ဆွေးနွေး တင်ပြသွားပါမယ်။

ဒီကြေညာချက်အကြောင်း မပြောခင် ရှေ့ပိုင်းက ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို အရင် ရှင်းပြဖို့ လိုပါတယ်။ အားလုံးသိကြတဲ့ အတိုင်း ဦးသိန်းစိန် အစိုးရရှေ့က စစ်အာဏာရှင်တွေဟာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်း အဖြေရှာတာမျိုး မလုပ်ဘဲ (၁) ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို လက်ခံရမယ်၊ (၂) လက်နက်ကိုင် တပ်တွေကို နယ်ခြားစောင့်တပ်အဖြစ် ပြင်ဆင် ဖွဲ့စည်းရမယ်၊ (၃) အသက် ၅၀ ကျော် တိုင်းရင်းသား ခေါင်းဆောင်တွေအားလုံး လက်နက်ကိုင်တပ်ဖွဲ့ကနေ နုတ်ထွက်ပြီး ပါတီထောင်ပြီး စစ်အစိုးရက ကျင်းပတဲ့ ရွေးကောက်ပွဲ ၀င်နိုင်တယ်။ ဒီလိုမှ မဟုတ်ရင်တော့ ချေမှုန်းခံရနိုင်တယ် ဆိုပြီး ခြိမ်းခြောက် အကျပ်ကိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြဿနာ ပြေလည်မှု မရခဲ့ဘဲ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသ ပတ်ဝန်းကျင်မှာ လက်နက်ကိုင် တိုက်ပွဲတွေ ပြန်ပေါ်ခဲ့ပါတယ်။ လက်ရှိ ဦးသိန်းစိန် အစိုးရ အဖွဲ့သစ်ဟာလည်း အဲဒီ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အရေးကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ဆောင်ရွက်နိုင်တာ မရှိဘဲ စစ်တပ်ကသာ အရင် စစ်အစိုးရ အကောင်အထည် ဖော်ခဲ့တာကို ဆက်လက် ဆောင်ရွက်နေခဲ့ပါတယ်။ ခြုံပြီး ပြောရရင် စစ်မီး မငြိမ်းတဲ့အပြင် ပိုပြီးတောင် တောက်လောင်လာတယ်လို့ ဆိုနိုင်ပါတယ်။

ဒါကို မကြည့်ရက်တဲ့ ပြည်တွင်းက တရားဝင် နိုင်ငံရေးပါတီတွေကလည်း ငြိမ်းချမ်းရေး ကော်မတီတွေ ဖွဲ့ပြီး ဒီကိစ္စ ဖြေရှင်းဖို့ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ အလားတူ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကြေညာချက်တရပ် ထုတ်ပြန်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ သူ့အနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ဆောင်ရွက်မယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီလို တရားဝင် တိုင်းရင်းသားပါတီတွေရဲ့ ကြေညာချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြေညာချက်တွေကို ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေက လက်ခံခဲ့ကြသလို ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုတွေကလည်း ကြိုဆိုခဲ့ကြပါတယ်။ ဦးသိန်းစိန် အစိုးရကတော့ ဒီကြေညာချက်ကို ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြခွင့် ပိတ်ပင်တားမြစ်ခဲ့ပါတယ်။

ဒီလို ပြည်တွင်းက တရားဝင်ပါတီတွေအပြင် အင်အားစုအသီးသီးရဲ့ ငြိမ်းချမ်းရေး လိုလားတောင့်တချက် တောင်းဆိုချက် ကျယ်လောင်လာတဲ့အခါ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးကို အစဉ်တစိုက် ငြင်းဆိုခဲ့တဲ့ အစိုးရအဖွဲ့ဟာလည်း သူတို့ လုပ်ရပ်သည်သာ မှန်ကန်ကြောင်း သက်သေထူဖို့ ကြိုးစားလာပါတယ်။ အဲဒါကတော့ သူတို့ အစိုးရအဖွဲ့ကိုလည်း မသုံး၊ ကြံ့ဖွံ့ပါတီကိုလည်း အသုံးမပြုဘဲ လွှတ်တော်ကိုယ်စားလှယ်တွေကို သုံးပြီး ကြေညာချက်ထုတ်ဖို့ လုပ်တာ ဖြစ်ပါတယ်။ ဒီအတွက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တွေဟာ လွှတ်တော်အစည်းအဝေးတွေ ကျင်းပမယ့် ဒီလ ၂၂ ရက်နေ့ မတိုင်ခင် လွှတ်တော်ရေးရာ ကော်မတီဝင်တွေကို ၈ ရက်နေ့အရောက် နေပြည်တော်ကိုလာဖို့ အစည်းအဝေး ခေါ်ပါတယ်။ နေပြည်တော်ရောက်တဲ့အခါ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ လွှတ်တော်ရေးရာ အဖွဲ့ဝင်တွေထဲက သူပြောတာကို လက်ခံနိုင်မယ့် လူ ၂၀ ကို ရွေးပြီး ခေါ်ပါတယ်။ တိုင်းရင်းသားတွေ အများစုဖြစ်တဲ့ အဲဒီ လူ ၂၀ နဲ့ တွေ့တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ပြန် ကြေညာချက်ကို တန်ပြန် ထုတ်ပြန်တဲ့ အသင့်ရေးထားတဲ့ ယခု သတင်းစာပါ ကြေညာချက်ကို ပြသပါတယ်။

ဒီကြေညာချက်ကို ထုတ်ပြန်ချင်ပါတယ်။ အတင်းအကျပ် မတောင်းဆိုပါဘူး။ သဘောတူရင် လက်မှတ် ရေးထိုးနိုင်ပါတယ်။ သဘောမတူရင်တော့ လက်မှတ် မထိုးဘဲလည်း နေနိုင်ပါတယ်လို့ စည်းရုံးပါတယ်။ အဲဒီမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အယောက် ၂၀ ဟာ ငြိမ်းချမ်းရေး ကိစ္စ ဖြစ်တာရယ်၊ အစိုးရက လုပ်ကိုင် ဆောင်ရွက်တာကို မဆန့်ကျင်ချင်တာရယ်ကြောင့် ကိုယ့်မိခင်ပါတီတွေနဲ့ ဆက်သွယ် ဆွေးနွေးခွင့်တောင် မရတော့ဘဲ လက်မှတ်တွေ ရေးထိုးပေးလိုက်ကြပါတယ်။ အဲ ထူးခြားတာက ကမကထ လုပ်တဲ့ သူရ ဦးရွှေမန်းကတော့ လက်မှတ်ရေးထိုးခြင်း မပြုပါဘူး။

တဖက်မှာတော့ ခုလို လက်မှတ်ရေးထိုးခိုင်းမယ့် ကိစ္စ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ ဘက်ကိုတော့ သိပ်ပြီး စိတ်မချပါဘူး။ ဒီအတွက် နယ်ခြားစောင့်တပ် ဖွဲ့ရေးကို လက်ခံခဲ့တဲ့ ကချင်ပြည်နယ်က အရင် အန်ဒီအေ တပ်ဖွဲ့ခေါင်းဆောင် ဆခုံတိန့်ယိန်း၊ ကေအန်ယူ/ကေအန်အယ်လ်အေ တပ်ဖွဲ့မှာ နှစ်ပေါင်းများစွာ တာဝန်ယူခဲ့ပြီး နောက်ပိုင်း ခွဲထွက် သူမူဟဲ အဖွဲ့နဲ့ ပေါင်းခဲ့တဲ့ ဦးမန်းအောင်တင်မြင့်၊ အစိုးရနဲ့ ပေါင်းပြီး အကြီးအကျယ် ကြီးပွားချမ်းသာနေတဲ့ အရင် လက်နက်ကိုင် သူပုန်ဟောင်း ဦးနေ၀င်းထွန်းတို့ (၃) ဦးကိုသာ လက်မှတ်ရေးထိုး ခိုင်းခဲ့ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၂၃) ဦးက လက်မှတ်ရေးထိုးထားတယ် ဆိုတဲ့ အိတ်ဖွင့်ပေးစာ ဆိုတာ ထွက်ပေါ်လာပါတယ်။ ဒီ အိတ်ဖွင့်ပေးစာ မူရင်းမှာ ဒေါ်အောင်ဆန်းစကြည်ရဲ့အိတ်ဖွင့်ပေးစာကို ရည်ရွယ်တယ်ဆိုတာ ဖော်ပြခဲ့ပေမယ့် ပြည်တွင်း သတင်းစာမှာတော့ အဲဒီ အချက်ကို မဖော်ပြခဲ့ပါဘူး။ အကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိတ်ဖွင့်ပေးစာ ထုတ်ပြန်မှုကို ပြည်တွင်းဂျာနယ်တွေမှာ ဖော်ပြခွင့် အစိုးရကိုယ်တိုင် ပိတ်ပင်ထားတာကြောင့် အဲဒီ အချက်ကို ရည်ညွှန်းလို့ မရနိုင်ခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိတ်ဖွင့်ပေးစာနဲ့ တိုင်းရင်းသားပါတီတွေရဲ့ အိတ်ဖွင့်ပေးစာတွေမှာ ပြည်တွင်းမှာ ငြိမ်းချမ်းရေးရရှိဖို့ အမှန်တကယ် တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ တိုက်တွန်းထားပြီး သူရဦးရွှေမန်း ကမကထ လုပ်တဲ့ အစိုးရက ရေးထားပေးတဲ့ အိတ်ဖွင့်ပေးစာမှာတော့ အစိုးရကို ဒို့တာဝန် အရေးသုံးပါး အပေါ်မှာ အခြေခံရပ်တည်ခဲ့တယ်လို့ ချီးကျူးထောက်ခံထားပြီး တိုင်းရင်းသား အဖွဲ့အစည်းတွေကတော့ သံသယ လွန်ကဲတာ၊ ဘေးပယောဂပါတာ၊ အစွန်းရောက်တာ၊ ကတိပျက်တာ အကြမ်းဖက်တာတွေကြောင့် ဖြစ်တယ်ဆိုပြီး အပြစ်တင်ထားတာ တွေ့နိုင်ပါတယ်။ အမှန်ဆိုရင်တော့ ဒီ အိတ်ဖွင့်ပေးစာ ဆိုတာဟာ လက်မှတ်ရေးထိုး ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ ညှိနှိုင်းတိုင်ပင်ပြီးမှ ထွက်ပေါ်လာတဲ့ ရလဒ် မဟုတ်ဘဲ သူရဦးရွှေမန်း ကမကထလုပ် ကြိုတင်ရေးထားပေးတဲ့ အစိုးရကို ထောက်ခံပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို ဆန့်ကျင်တဲ့ ထောင်ချောက် ဆင်ထားတဲ့ အိတ်ဖွင့်ပေးစာသာ ဖြစ်ပါတယ်။ ဒီထောင်ချောက်ကို မမြင်တဲ့အခါ ပြည်တွင်း ပြည်ပ နိုင်ငံရေးသမားတွေက လက်မှတ်ရေးထိုးထားတဲ့ ကိုယ်စားလှယ်တွေကို အပြစ်မြင်ကြတာကိုလည်း မီဒီယာ ထုတ်လွှင့်ချက်တွေမှာ ကြားသိနေရပါတယ်။

ခြုံပြီးပြောရရင် အခု အိတ်ဖွင့်ပေးစာ ထုတ်ပြန်တဲ့ လုပ်ရပ်ဟာ အဆန်းတကျယ် လုပ်ရပ်တခုတော့ မဟုတ်ပါဘူး။ အရင် စစ်အာဏာရှင် အဆက်ဆက် လုပ်ကိုင်ခဲ့တဲ့ တိုင်းရင်းသား အချင်းချင်း ပြည်သူတွေ အချင်းချင်း အထင်အမြင် လွဲမှားအောင်၊ သံသယတွေပွားအောင် ထောင်ချောက်ဆင် လုပ်ကိုင်ခဲ့တဲ့ ရိုးသားမှု မရှိတဲ့ လုပ်ရပ်တခုသာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

နေပြည်တော် ညွှန်ကြားချက် ကြောင့် အရေးကြီးမှတ်တမ်း များ ဖျက်ဆီး

နေပြည်တော်မှ ပေးပိုသည့် ညွှန်ကြား ချက် များ ကြောင့် ရန်ကုန် မြို့ ရှိ ဘဏ္ဍရေး ၀န်ကြီးဌာန လက်
အောက်ရှိ ရုံးများ အပါအ၀င် နိုင်ငံခြားရေး ဌာန နှင့် စီးပွား ၊ ကူးသန်း ၀န်ကြီး ဌာန တို့ တွင် ညွှန်ကြား
ရေးမှု များ နှင့် အရာရှိ များ ကိုယ်တိုင် စောင့်ကြပ် ပြီး အရေးကြီး စာရွက် စာတမ်း များ ကို မီးရှို့ ဖျက်ဆီး
သည် ဟု သတင်းရရှိသည်။

နေပြည်တော် ရှိ ဘဏ္ဍာရေး ၀န်ကြီးဌာ န တွင် လည်း စာရွက် စာတမ်းများ ကို မီးရှို့ ဖျက်ဆီးကာ
ကာကွယ်ရေး ၀န်ကြီး ဌာန နှင့် နိုင်ငံခြားရေး ၀န်ကြီးဌာန မှ စာရွက် စာတမ်းများ ကို လည်း မီးရှို့ ဖျက်
ဆီး သည် ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန မှ အရာရှိ တစ်ဦး က ပြောသည်

ဦးအောင်ဆန်းဦိးနှင့် မော်နီတာဂျာနယ်ကိုဒေါ်အောင်ဆန်းဆုကြည့် တရားစွဲဆို

မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က အစ်ကိုတော်စပ်သူ ဦးအောင်ဆန်းဦးနဲ့ မော်နီတာဂျာနယ်တို့ကို တရားစွဲဆိုလိုက်ပါတယ်။


တရားရုံးက မဆုံးဖြတ်ရသေးတဲ့ ၂၀၀၁ ခုနှစ်မှာ ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည်နေထိုင်တဲ့ နေအိမ်နဲ့ ခြံနဲ့ပတ်သက်ပြီး “အမွေဘုံ ပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု” ဆွဲဆိုခဲ့တဲ့ နဲ့ပတ်သက်ပြီး မော်နီတာဂျာနယ်အင်တာဗျူးမှာ ဦးအောင်ဆန်းဦးက တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ကျော်လွန်ပြီး ပြောဆိုခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က တရားစွဲဆိုလိုက်တာပါ။

ဒီလိုတရားစွဲတဲ့နေရာမှာ ဦးအောင်ဆန်းဦးနဲ့အတူ ဖော်ပြသူ မော်နီတာဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်နဲ့ ထုတ်ဝေသူ ဝဏ်ဏကျော်ထင် ဦးလှမြင့်ဆွေတို့ကို တရားစွဲဆိုလိုက်ပါတယ်။

ဒီလ ၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ်ရှေ့နေတွေက တရားရုံးကို မထီမဲ့မြင်ပြုမှုနဲ့ တရားဆွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလို တရားစွဲရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက အခုလို ရှင်းလင်း ပြောဆိုပါတယ်။

“ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ အမွေဘုံ စီမံခန့်ခွဲပေးစေလိုမှုဆိုပြီး စွဲဆိုထားတယ်။ စွဲဆိုထားတဲ့အမှုက လက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေတွေကို စစ်ဆေးဖို့အဆင့်ရှိသေးတယ်။ အမှုကမပြီးသေးဘူး၊ အဆုံးအဖြတ်တွေ မချမှတ်ရသေးဘူး။ အဲ့ဒီအချိန်မှာ မော်နီတာဂျာနယ်က ပြီးခဲ့တဲ့ ဇူလိုင်လမှာ ဆောင်းပါးတခုရေးခဲ့တယ်။ ဆောင်းပါးမှာ ဦးအောင်ဆန်းဦးက အဓိကငြင်းချက်တွေနဲ့ သူအနိုင်ရပြီးပြီလို့ အင်္ဂလိပ်လိုပေါ့ ရေးထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က ပစ္စည်းတွေလိုချင်တဲ့သဘောနဲ့ ပြုလုပ်နေတယ်ဆိုပြီး ပြောတယ်။ ဒီအပေါ်မှာ တရားရုံးက အဆုံးအဖြတ်မပြုရသေးတဲ့ ကိစ္စကို ပုဂ္ဂိုလ် တဦးတယောက်တည်းရဲ့ ပြောကြားချက်ကို ဂျာနယ်ကထည့်တယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဆရာဦးကြည်ဝင်းနဲ့ ကျနော်တို့ကို ကိုယ်စားလှယ်စာပေးပါတယ်။ အဲ့ဒါနဲ့ ကျနော်တို့ ပြီးခဲ့တဲ့တနင်္လာနေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ တရားစွဲပါတယ်။”

လက်ရှိခြေအနေမှာတော့ ရန်ကုန်တိုင်းတရားလွှတ်တော်က အမှုကို လက်ခံထားပြီး ထုတ်ပြန်လာမယ့် သတိပေးကြေညာစာကို စောင့်ဆိုင်းနေတယ်လို့လည်း ဦးဉာဏ်ဝင်းက ဆိုပါတယ်။

“ကျနော်တို့လျှောက်ထားတာက ၁၉၂၆ ခုနှစ် တရားရုံးများအား မထီမဲ့မြင်ပြုမှု ဥပဒေ ပုဒ်မ ၂ နဲ့ ၃ ပါ။ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ဒီအမှုကို လက်ခံထားပါတယ်။ လာမယ့် ရုံးချိန်းတွေမှာ ဘာလုပ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့​ တရားလွှတ်တော်ရဲ့ သောကြာနေ့တိုင်း ထုတ်ပြန်တဲ့ သတိပေးကြေညာစာတွေကို စောင့်ကြည့်ရမှာပါ။ ပြီးမှ ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားသွားမှာပါ။”

အခုလို ၁၉၂၆ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ တရားရုံးများအား မထီမဲ့မြင်ပြုမှု ပုဒ်မတွေဟာ လက်ရှိ အသက်ဝင်နေပြီဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားကျင့်ထုံးတွေနဲ့ ကိုက်ညီမှု ရှိမရှိဆိုတဲ့အပေါ်ကိုလည်း ဦးဉာဏ်ဝင်းက အခုလိုရှင်းလင်းပြောဆိုပါတယ်။

“လုံးဝ အကျုံးဝင်မှုရှိပါတယ်။ လက်ရှိအစိုးရမတက်ခင် ကာလမှာပဲ ကျနော်တို့ ရှေ့နေကြီး ဦးအောင်သိန်းတုန်းကလည်း ပြစ်ဒဏ်ပေးခံရတာပါ။ ပြစ်မှုမြောက်တာ မမြောက်တာကို ပြောတာမဟုတ်ပါဘူး ဒီဥပဒေ အသက်ဝင်နေသေးတယ် ဆိုတာကို ကျနော်ပြောတာပါ။”

ဒါ့အပြင် ဒီအမှုမှာ ဦးအောင်ဆန်းဦးရဲ့ အင်တာဗျူးကို ဖော်ပြခဲ့တဲ့ မော်နီတာဂျာနယ်က တာဝန်ရှိသူတွေကို ထည့်သွင်းတရားစွဲဆိုရတာနဲ့ ပတ်သက်ပြီးတော့လည်း ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

“ဦးအောင်ဆန်းဦး အပါအဝင် မော်နီတာဂျာနယ် ထုတ်ဝေသူ ဝဏ်ဏကျော်ထင် ဦးလှမြင့်ဆွေ၊ အယ်ဒီတာချုပ် ဦးမြတ်ခိုင် သူတို့ကို ထည့်ဆွဲတယ်။ သူတို့ ၂ ယောက်ကို ဆွဲရတာကလည်း မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရားရုံး မထီမဲ့မြင် ပြုမှုဥပဒေတွေမှာ ဥပဒေလုပ်ထုံး လုပ်နည်း တွေနဲ့ အညီ တရားရုံး စီရင်ချက်တွေမှာ ထုတ်ဝေသူနဲ့ အယ်ဒီတာလည်း တာဝန်ရှိတယ်ဆိုပြီး တသမတ်ထဲ ဆုံးဖြတ်ထားတယ်။ ဒီအပေါ်မှာ အဲဒီသုံးဦးကို တနင်္လာနေ့က တရားစွဲပါတယ်။”

တရားစွဲဆိုခံရတဲ့ထဲမှာ ပါဝင်တဲ့ မော်နီတာဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဆရာဦးမြတ်ခိုင်ကတော့ ဒီအပေါ်ကို အခုလိုပြောပါတယ်။

“ဒါ ဖြေတဲ့သူတွေရဲ့ အာဘော်ပဲလေ။ ကိုယ့်အာဘော်မှ မဟုတ်ဘဲ။ သတင်းရေးတာ မဟုတ်ဘူး။ သတင်းဆိုရင်တော့ သတင်းရေးသူရဲ့ အာဘော်ပဲ။ ဒါက အင်တာဗျူးတဲ့သူက မေးတယ်။ အောင်ဆန်းဦးက ဖြေတယ်။ တခြားဟာတွေကို အင်္ဂလိပ်လို တကြောင်းနှစ်ကြောင်းပြောတယ်။ တချို့ဟာတွေက တရားရုံးကျမှပဲ ပြောတော့မယ်။ တချို့ဟာတွေက အစ်မကော၊ ကိုအောင်ဆန်းဦးပါ ဗိုလ်ချုပ်အောင်ဆန်း သားသမီးတွေဖြစ်လို့ ဘာမှဖြစ်စရာ အကြောင်းမရှိဘူး။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရလို့ ဦးရွှေမန်းတို့က မကြာခဏ ပြောဖူးတာပဲ။ ဥပဒေ အဆုံးအဖြတ်ခံယူရမှာပါ။”

ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၀ ပြည့်နှစ်မှ စတင်ပြီး နေအိမ်နဲ့ ခြံဝင်း အမွေပိုင်ဆိုင်လိုမှုနဲ့ စတင်တရားစွဲဆိုမှု ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီအမှုမှာတော့ ဦးအောင်ဆန်းဦးကို နိုင်ငံခြားသား တဦးအနေဖြင့် နေအိမ်ခြံဝင်း ပိုင်ဆိုင်ခွင့်မရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာကြောင့် ဦးအောင်ဆန်းဦး အမှုရှုံးနိမ့်ခဲ့ရပါတယ်။

အဲ့ဒီနောက် ၂၀၀၁ ခုနှစ်မှာတော့ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေတွေက အမွေဘုံ ပစ္စည်း စီမံခန့်ခွဲ ပေးစေလိုမှုနဲ့ ထပ်မံတရားစွဲဆိုခဲ့ရာ ၁၀ နှစ်အကြာ ဒီကနေ့အချိန်အထိ တရားရုံးက မဆုံးဖြတ်သေးတာလည်း ဖြစ်ပါတယ်။

ဒီကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၉ ခုနှစ်မှာ နေအိမ်ပြင်မှုပြုလုပ်ခဲ့စဉ်အချိန်ကလည်း ဦးအောင်ဆန်းဦးရဲ့ ကန့်ကွက်မှုကြောင့် ပြင်ဆင်မှုကို ခေတ္တရပ်ဆိုင်းထားရပါတယ်။

မြန်မာစစ်တပ်အား သျှမ်းပြည်တပ်မတော်နှစ်ဖွဲ့ ပေါင်းတိုက်

10 August 2011

ယနေ့မနက် ၀၆: ၀၀ ကျော်တွင်သျှမ်းပြည်တပ်မ တော်ပူးပေါင်းတပ်ဖွဲ့က မြန်မာစစ်ကြောင်းတကြောင်း အား ခြုံခိုတိုက်ခိုက်ခဲ့ရာ ၁၀ယောက်ထက် မနည်း သေကြေဒဏ်ရာရသည်ဟုကျေးသီးမြို့ခံများ ကပြော ပါသည်။

“ကျေးသီးကနေ မိုင်းနောင် မိုင်းနန်းဘက်သွားတဲ့ မြန်မာအစိုးရ စစ်တပ် ယဉ်တန်းတခုကို သျှမ်းတပ် (တောင်/ မြောက်) နှစ်ဖွဲ့ပေါင်းပြီး ခြုံခိုတိုက်ခိုက်တယ် ။ ဗမာဘက်က ၁၀ ထက်မနည်း ဒေသကြေ ဒဏ်ရာ တယ်” ဟု ဝန်ထမ်းအသိုင်းအဝိုင်းက ပြောပါသည်။
SSPP-SSA

SSPP-SSA
ယနေ့မနက်(10/8/2011) မနက် ၆:၂၀ နာရီတွင် သျှမ်းပြည်တပ်မတော် SSPP/SSA တပ်မဟာ ၇၂တပ်ရင်း ၁ လက်အောက်ခံ နယ်လှည့်စစ်ကြောင်းတကြောင်းက မြန်မာတပ်စစ်ကြောင်းတခုအား ကျေးသီးမြို့ အရှေ့တောင် ဘက် နောင်ဆွမ်းရွာနှင့် ဝမ့်ဖိုင်ရွာအကြား (ခိုမိုင့်လျဲန်တံတား/လွယ်စောင့်တောင်အနီး) ခြုံခိုတိုက် ခိုက် ခဲ့ကြောင်း အမည်မဖေါ်လိုသည့် SSPP/SSA အရာရှိတဦးက ပြောပါသည်။

“ပြည်သူ ပြောသလိုဖြစ်နိုင်ပါတယ်။ အဲဒေသ ကျနော်တို့လှုပ်ရှားတဲ့နယ်မြေဘဲ။ ကျနော်တို့နဲ့ SSPP/SSA ပူးပေါင်းလှုပ်ရှားနေတာကြာပါပြီ။ ဒီတိုက်ပွဲနဲ့ပတ်သက်လို့တော့ ဒေသအတွင်းသတင်းမရောက်သေးတော့ ဘာမှ မပြောလိုပါဘူး” - ဟု RCSS/SSA ပြောရေးဆိုခွင့် ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။


ထို့အတူ ပြီးခဲ့ တနင်္လာ (၈/၈/၂၀၁၁) ကလည်း မိုင်းရှူးမြို့နယ် (ကျေးသီး - မိုင်းရှူးလမ်းပေါ် ) ဝမ့်ဆော့ရွာ အရှေ့ဘက် ဟိုင်းပါအုပ်စုသို့လမ်းခွဲအနီး မြန်မာစစ်တပ်စစ်ကြောင်းတခုအား သျှမ်းပြည်တပ်မတော် SSPP/ SSA တပ်မဟာ ၇၂ လက်အောက်ခံ တပ်ရင်းအမှတ် ၂၄ မှ စစ်ကြောင်းတခုက ဆွဲမိုင်းဖြင့် ခြုံခို တိုက်ခိုက်ခဲ့ ကြောင့် မြန်မာစစ်တပ်ဘက် ၈ ယောက်သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရှိသည်ဟု သျှမ်းပြည်တပ်မတော် အသိုင်းအဝိုင်းကပြောသော်လည်း သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မယ်ရာမိုစခန်းတွင် စာသင်ကျောင်းပြန်မဖွင့်နိုင်သေး

သြဂုတ်လ ၁၀ရက်။ စောခါးစူး (ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်နှင့် တာ့ခ်ခရိုင်အတွင်းရှိ မယ်ရာမိုဒုက္ခသည်စခန်း၌ ရေကြီးမှုကြောင့် ယခုအချိန်တွင် ချောင်းရေ ပြန်လျော့သော်လည်း စာသင်ကျောင်းများ ပြန်မဖွင့်နိုင်သေးကြောင်း မယ်ရာမိုစခန်း တာဝန်ရှိသူများက ပြောသည်။

သြဂုတ်လ ၃ရက်နေု့က စတင်သည့် မယ်ရာမိုစခန်း ရေလွှမ်းမိုးမှုတွင် ကျောင်းသား ၆ထောင်ကျော်၏ ကျောင်းစာအုပ်များ ပျက်စီး ကာ ယခုထိ ကျောင်းမဖွင့်နိုင်ခြင်းဖြစ်သည်ဟု မယ်ရာမိုစခန်းမှ ပညာရေးဆိုင်ရာ တာဝန်ခံတဦးဖြစ်သူ နော်ဖိုးဝေါ်က ကေအိုင်စီကို ပြောသည်။

သူမက “ကျောင်းသူကျောင်းသားတွေဟာ ရေကြီးလို့ ရေထဲ အိမ်ပါသွားတဲ့ သူနဲ့၊ အိမ်မပျက်ပေမယ့် အိမ်ထဲ ရေ၀င်လို့ စာအုပ် ပျောက်တာ၊ ပျက်စီးတာ ရှိခဲ့တယ်။”ဟု ပြောသည်။

မယ်ရာမိုစခန်းသည် မယ်ဟောင်ဆောင်ခရိုင်နှင့် တာ့ခ်ခရိုင်ကို ခွလျက် တည်ဆောက်ထားခြင်း ဖြစ်သည်။ အဆိုပါ ခရိုင် ၂ခုအ ကြား မှိုင်းလုံးကြီး(မူယူ)ချောင်း စီးဆင်းလျက်ရှိပြီး ချောင်းကို ဖြတ်ဆောက်ထားသည့် ကြိုးတံတားလည်း ရေကြီးစဉ်က ပျက်စီးသွား ခဲ့သည်။ ထိုကြောင့် အဆိုပါချောင်းကို ဖြတ်ကူးရန် အန္တရာယ်ရှိသည့် အခြေအနေဖြစ်သည်ဟု မယ်ရာမိုစခန်း ဥက္ကဌ စောဘောဖိုး က ပြောသည်။

“ရေပြန်ကျတာ ၄၊ ၅ရက်လောက်ရှိပြီဆိုပေမဲ့ ချောင်းရေက ရေစီးသန်တုန်းပဲ။ ကျောင်းဖွင့်မယ်ဆိုရင်လည်း မယ်ဟောင်ဆောင် ဘက်ကို ကျောင်းလာတက်မယ့် ကလေးတွေ ချောင်းဖြတ်ကူးဖို့ လက်လှော်တဲ့ လှေနဲ့ကူးလို့ မရဘူး။ စက်လှေနဲ့မှ ရတယ်။”ဟု သူ က ပြောသည်။

ယခုရက်ပိုင်းတွင် ကျောင်းပြန်မဖွင့်နိုင်သေးသော်လည်း လာမည့်အပတ် သြဂုတ်လ ၁၈ရက်နေ့တွင် ပထမအစမ်း စာမေးပွဲရှိသည့် အတွက် မယ်ရာမိုစခန်းရှိ စာသင်ကျောင်းများအားလုံး ကျောင်းပြန်ဖွင့်နိုင်ရန် ကြိုးစားနေပြီး ကျောင်းသားများ ချောင်းဖြတ်ကူးရန် စက်လှေ ၃စီး စီစဉ်နေသည်ဟု သူက ဖြည့်စွက်ပြောသည်။

မယ်ရာမိုစခန်းတွင် လတ်တလော ရေဘေးဒုက္ခသည် နှစ်ထောင်ခန့်ရှိပြီး ၎င်းတို့သည် စခန်းအတွင်းရှိ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုရားကျောင်းနှင့် ဆွေမျိုးသားချင်းတို့၏ နေအိမ်များတွင် ခိုလှုံနေထိုင်နေကြရသည်။

မယ်ရာမိုစခန်းတွင် ကျောင်းသားကျောင်းသူဦးရေ ၈ထောင်ကျော်ရှိကာ မူကြိုကျောင်းမှ အထက်တန်းလွန်ကျောင်းအထိ စုစုပေါင်း ကျောင်း ၂၀ကျော်ရှိသည်။

ရပ်ကွက် ၁၀ခုရှိသည့် မယ်ရာမိုစခန်းတွင် အမှတ်-၇ (Aနှင့် B) ရပ်ကွက်သည် မိုင်းလုံးကြီးချောင်း၏ အရှေ့ဘက် တာ့ခ်ခရိုင်၊ ထာ့ ဆောင်ယန်းမြို့နယ်တွင် တည်ရှိပြီး ကျန်ရပ်ကွက်များသည် မယ်ဟောင်ဆောင်ခရိုင်၊ ဆူးမွဲ(ကရင်အခေါ် သူးမွဲ) မြို့နယ်အတွင်း၌ တည်ရှိသည်။

၁၉၉၅ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် မယ်ရာမိုဒုက္ခသည်စခန်း၏ သက်တမ်း ၁၆နှစ်အတွင်း ယခုရေဘေးသည် အကြီးမားဆုံး သဘာဝဘေးအန္တရာယ်ဖြစ်သည်။ ရေဘေးကြောင့် အစားအစာရိက္ခာ၊ အိမ်ခြေ၊ ကျောင်း၊ တံတားအဆောက်အအုံများစွာ ပျက်စီး ဆုံးရှုံးကာ တန်ဖိုးအားဖြင့် ဘတ်ငွေသန်းတစ်ထောင်ကျော်ရှိသည်ဟု မယ်ရာမိုစခန်း ဥက္ကဌ စောဘောဖိုးက ပြောသည်။

Thursday, August 11, 2011

61- ကြိမ်မြောက်၊ အာဇာနည်နေ့ အထိမ်းအမှတ် (ဒေါနသစ္စာ)

Saw Ba OO Gyi

ချည်ဖြူထုံးဖွဲ့မင်္ဂလာ ရုပ်သံ(စင်ကာပူ)

Singapore Lar Khaung Khai Suu 2010 High Defination Photo Album Part 1 (09 08 2010)




နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၈၀ကျော် KNLA ထံ လာရောက် ပူးပေါင်းခဲ့


သြဂုတ်လ ၁၀ရက်။ နန်းသူးလေ (ကေအိုင်စီ)

နယ်ခြားစောင့်တပ်ဖွဲ့ဝင် စုစုပေါင်း ၈၀ကျော်သည် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) တပ်မဟာ(၁)နှင့် တပ်မဟာ(၇)နှစ်ခုသို့ ပြီးခဲ့ သည့် ရက်သတ္တပတ်က လာရောက်ပူးပေါင်းခဲ့ကြောင်း ကေအဲန်ယူဖက်က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းသို့ လာရောက်ပူးပေါင်းသည့် အဖွဲ့များအနက် သြဂုတ်လ ၃ရက်နေ့က တပ်မဟာ(၇)နယ်မြေတွင် ဗိုလ်အဆင့်ရှိသူ အပါအ၀င် နယ်ခြား စောင့်တပ်ဖွဲ့ဝင် ၁၀ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ရောက်ရှိလာခြင်းဖြစ်ကြောင်း တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက ယခုလို အတည်ပြုပြောဆိုခဲ့သည်။

“နယ်ခြားစောင့်တပ်ရင်း(၁၀၁၄)က ဗိုလ်စောတာဘော့ အပါအ၀င် စစ်သည် ၁၀ဦးဟာ ပြီးခဲ့တဲ့ ၃ရက်နေ့က KNLA တပ်မဟာ(၇) ဌာနချုပ်မှာ လာပူးပေါင်းတာ။ သူတို့နဲ့အတူ ၉ မီလီမီတာ ၁လက်၊ ကာဘိုင် ၂လက်၊ AR ၁လက်၊ HK ၁လက်၊ MA ၂လက်၊ AK ၁လက် ကျည်ဆံ ၁၀၇၅ တောင့် ပါတယ်။”ဟု ပြောသည်။


နယ်ခြားစောင့်တပ်ရင်း(၁၀၁၄)သည် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေခြင်းဖြစ်ပြီး ၎င်းတို့သည် မိမိလူမျိုး အချင်းချင်း တိုက်ခိုက်နေရသည်ကို မလိုလားတော့ဘဲ KNLA တပ်ဖွဲ့အနေဖြင့် တဖွဲ့တည်းသာ ဆက်လက် တိုက်ပွဲဝင်သွားလို၍ လာရောက် ပူးပေါင်းကြ ခြင်းဖြစ်သည်ဟု သိရသည်။

၎င်းအပြင် ကေအဲန်အယ်လ်အေ တပ်မဟာ(၁)နယ်မြေဖြစ်သည့် သထုံခရိုင်၊ ဖားအံမြို့နယ်တွင် အခြေစိုက် လှုပ်ရှားနေသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၇၀ကျော်သည် ၎င်းတို့၏ မိသားစုဝင်များနှင့်အတူ ပြီးခဲ့သည့်အပတ်က နှစ်သုတ်ခွဲကာ KNLA တပ်ရင်း(၁)တွင် လက်နက်ခဲယမ်းများ နှင့်အတူ သွားရောက်ပူးပေါင်းခဲ့သည်ဟုလည်း ကေအဲန်ယူ ဗဟို၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကေအဲန်ယူ ဗဟို အမြဲတမ်း ကော်မတီဝင် ပဒိုစောသောသီဘွဲက “ကျနော်တို့ တပ်မဟာ(၁)ဘက်မှာတော့ နယ်ခြားစောင့်တပ်(BGF) ၇၀ကျော် လာရောက်ပူးပေါင်းတယ်လို့ သြဂုတ်လ ၅ရက်နေ့မှာ သထုံခရိုင်ကနေ သတင်းပို့လာတယ်။ ပထမတစ်သုတ်မှာ BGF ၄၂ဦးက မိသားစုတွေနဲ့အ တူ ရောက်လာတယ်။ နောက်တခေါက်မှာတော့ အယောက် ၃၀ ထပ်များလာတယ်လို့ သတင်းရတယ်။ ဒါပေမဲ့ ဘယ်တပ်ကလည်းဆိုတာနဲ့ နေ့ ရက်အတိအကျကို မသိရသေးဘူး။”ဟု ဆိုသည်။

ထိုသို့ လာရောက်ပူးပေါင်းသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များမှာ ဗိုလ်မှူးစောဘိ ဦးစီးသည့်အဖွဲ့မှဖြစ်သည်ဟု ယူဆရပြီး ၎င်းနှင့်အတူ ထွက်ခွာ လာခဲ့သည့် မိသားစုဝင် ၁၈၆ဦးမှာလည်း ယခုအချိန်တွင် သံလွင်မြစ် အနောက်ဘက်ခြမ်းတွင် ယာယီ နေထိုင်လျှက်ရှိသည်ဟု သိရှိရသည်။

BGF Join to KNLA-KIC Video

မြို့လယ်ခေါင်၌ တက္ကစီယာဉ်မောင်းက ခရီးသည်ကို ဓားထောက်၍ ရွှေ ၄၂ သိန်းဖိုး လုယက်မှု ဖြစ်ပွားခဲ့

9 August 2011


mmDailyNews


ပြည်တွင်း သတင်းမီဒီယာများ၌ ရံဖန်ရံခါ ဆိုသလို တွေ့ရှိနေရတတ်သော တက္ကစီ အငှားယာဉ်ကို လူပြတ်သော နေရာသို့ ငှားသွားကာ ခရီးသည်က လုယက်သည် ဆိုသော သတင်းများနှင့် ဆန့်ကျင်ဘက် ဖြစ်သော ဖြစ်ရပ်တစ်ခု ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ဗဟန်းမြို့နယ်သည် လူဦးရေ ထူထပ်စည်ကားသော မြို့နယ်တစ်ခုဟု ဆိုနိုင်ပြီး မှုခင်းဖြစ်ပွားသော အချိန်မှာလည်း အကာလ ညအခါ မဟုတ်ဘဲ ညနေ ၅ နာရီသာသာ အချိန်ခန့်သာ ဖြစ်သောကြောင့် အံ့သြထိတ်လန့်ဖွယ် ဖြစ်သလို ဤမှုခင်း၏ ဖြစ်ပွားစေရန် အားပေးသော ဟာကွက်များကို mmDailyNews စာဖတ်ပရိသတ်များ သိရှိဆင်ခြင်ဖွယ် တင်ပြပေးလိုက်ပါသည်။

လုယက်ခံရသူသည် အသက် ၇၀ အရွယ် အမျိုးသမီးကြီး တစ်ဦးဖြစ်ပြီး တာမွေမြို့နယ် အရိုးကုန်းလမ်း၌ နေထိုင်သူ ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၂၃ ရက်နေ့က သူမသည် ဗဟန်းမြို့နယ်၊ မြို့မရပ်ကွက်၊ ဦးထောင်ဘိုလမ်းရှိ ဓည၀တီ ဘုန်းကြီးကျောင်းမှ သီလယူပြီး နေအိမ်သို့ပြန်ရန် အငှားယာဉ်တစ်စီးကို ကျောင်းရှေ့မှပင် ငှားခဲ့ကြောင်း၊ သူမ စီးနင်းလိုက်ပါလာသော တက္ကစီ အငှားယာဉ်သည် ဗဟန်းမြို့နယ်၊ အင်ကြင်းမြိုင်အိမ်ရာ အနီးသို့ အရောက်တွင် ယာဉ်မောင်းက ကားကို လမ်းဘေး ထိုးရပ်လိုက်ပြီး အရှည် ၆ လက်မခန့် ဓားဦးချွန်ဖြင့် ခြိမ်းခြောက်ကာ သူမကိုယ်ပေါ်တွင် ၀တ်ဆင်ထားသော အလေးချိန် သုံးကျပ်သားရှိ အမ်စီကြိုးတစ်ကုံး၊ တစ်ကျပ်သားရှိ ဒေါ်လာပြားပုံ ဆွဲပြားတစ်ခု၊ သုံးကျပ်သားရှိ လေးပင်လိမ် လက်ကောက်တစ်ကွင်းတို့ကို ချွတ်ခိုင်း၍ လုယူကာ မောင်းပြေးသွားကြောင်း သိရှိရသည်။

အဆိုပါ အမှုကို ကာယကံရှင်မှ ဗဟန်းမြို့နယ် ရဲစခန်း၌ (ပ) ၃၇၃/၁၁၊ ပုဒ်မ ၃၂၈ အရ ထွက်ပြေးသွားသော ကားနံပါတ်နှင့် အမျိုးအစားကိုမူ လုယက်ခံရသူအား မေး၍ စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ဖြစ်ရပ် ဖြစ်ပွားခဲ့ရခြင်းသည် တက္ကစီယာဉ်မောင်း၏ မရိုးသားမှု ပါဝင်သော်လည်း ခရီးသည်က ရွှေ ၇ ကျပ်သားခန့် မျက်စိကျအောင် ၀တ်ထားခြင်း၊ အသက်အရွယ် ကြီးရင့်သူ ဖြစ်သော်လည်း တစ်ဦးတည်း ခရီးသွားခြင်း စသည်တို့ ဟာကွက်များ ရှိနေခိုက် ဒုစရိုက်မှု ကျူးလွန်လိုသူနှင့် တည့်တည့်တိုးသွားခြင်းဟု သုံးသပ်နိုင်ပေသည်။ ရန်ကုန်မြို့တွင်းရှိ အငှားယာဉ်မောင်းများအတွင်း၌ ရိုးသားကြိုးစား၍ ဒုစရိုက်မှု မကျူးလွန်ဝံ့သူများ အများစု ရှိမည် ဖြစ်သော်လည်း စာရိတ္တမကောင်းသူများ ပါဝင်မနေပါဟု မည်သူမျှ အာမ မခံနိုင်ပေ။ ထို့ကြောင့် ခရီးသည်များ အနေဖြင့် သွားသတိ လာသတိဖြင့် သွားလာကြပါရန်၊ ဟာကွက်များရှိမနေရေး ဂရုစိုက်ကြပါရန် mmDailyNews မှ နှိုးဆော် အသိပေး လိုက်ရပါ၏။

KIC -Karen Newsletter (July-2011)ကရင်သတင်းစဉ်

KIC -Karen Newsletter (July-2011)

ဗမာအစိုးရကိုစားလှယ် ဗိုလ်မှူးကြီးသန်းအောင်နှင့် KIO အပြန်အလှန်ပေးစာ

Letters_of_Kio-and-Than-Aung

UPDATE Fighting incidents and summary of Human Rights Abuses in Northern Shan State-eng August 10, 2011

UPDATE Figting incidents and summary of Human Rights Abuses in Northern Shan State

SWAN ACTION: Over 30,000 displaced by Burma Army attacks face humanitarian crisis in northern Shan State-Engl/Bur/Shan/Thai

Over 30,000 displaced by Burma Army attack face humanitarian crisis north ShanStat/Bu|Eng|Shan|Thai

၉.၈.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ

၉.၈.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ

WAR UPDATE :10.August 2011-Joint Shan State Army ‘North’ and ‘South’ column ambushes Burma Army convoy

Joint Shan State Army ‘North’ and ‘South’ column ambushes Burma Army convoy coming south from Kehsi to Mongnawng at 06:20 this morning. At least 10 believed to be dead and wounded.

2011 August 09 Gen Min Aung Hlaing Refuses to Abck Donw- Instructs MI to Monitor Gov for a Coup- Instructs MaungSheins

Gen Min Aung Hlaing Refuses to Abck Donw- Instructs MI to Monitor Gov for a Coup- Instructs MaungSheins on A

နှစ် ၃ဝ အတွင်း အဆိုးဆုံး ရေကြီးမှု ပဲခူးတွင် ဖြစ်ပွား

လေးရက်ကြာ မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ပဲခူးမြို့ပေါ်ရှိ ကျေးရွာအုပ်စုများနှင့် ရပ်ကွက်များတွင် ရေလွှမ်းမိုးခံနေရကာ ဒေသခံ ထောင်နှင့်ချီ၍ ဒုက္ခ ရောက်နေသည်ဟု ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

သြဂုတ်လ ၇ ရက်နေ့မှစ၍ ယနေ့အထိ မိုး အဆက်မပြတ် ရွာသွန်းကာ တောင်ကျရေ စီးဆင်းမှုကြောင့် ပဲခူးမြစ်ရေ
မြင့်တက်လာပြီး ရေကြီးခြင်း ဖြစ်ပြီး မြို့၏ စိုးရိမ်ရေ အမှတ် ၉၁ဝ မှ ၉၄ဝ ခန့်အထိ ရှိနေပြီ ဖြစ်သည်။

“ရေတက်နေတာက ကြောက်စရာ ကောင်းလောက်အောင်ကိုပဲ။ မိုးကလဲ သည်းသည်းမဲမဲ ဆိုတော့ ကျနော်တို့
တောအခေါ်နဲ့ ပြောရမယ် ဆိုရင် မိုးပေါက်ဆိန်ပေါ့ဗျာ။ ပေါက်ဆိန်နဲ့ ပေါက်သလို မိုးလုံးကြီးတွေဆိုတာ တခါတည်း ဝုန်းခနဲ့ ဝုန်းခနဲ့ ရွာချတာ အကြီးကြီးတွေပဲ။ ထီးနဲ့ သွားလို့ ရှိရင် အပေါ်က မိုးပေါက်က ဘယ်လောက်ကြီးတယ် ဆိုလို့ရှိရင် ထီးအောက်ကို ဖွားခနဲ၊ ဖွားခနဲ ကျတယ်” ဟု ပဲခူး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြတ်လှက မဇ္ဈိမကို ပြောသည်။

pago-flood-2

ပဲခူးမြို့ပေါ်ရှိ ကျေးရွာအုပ်စုများနှင့် ရပ်ကွက်များတွင် ရေလွှမ်းမိုးခံနေရကာ ဒေသခံ ထောင်နှင့်ချီ၍ ဒုက္ခ ရောက် (မဇ္ဈိမ)

ပဲခူးမြို့ပေါ်ရှိ ကျေးရွာအုပ်စုများနှင့် ရပ်ကွက်များတွင် ရေလွှမ်းမိုးခံနေရကာ ဒေသခံ ထောင်နှင့်ချီ၍ ဒုက္ခ ရောက် (မဇ္ဈိမ)


ယခုရေကြီးမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ၁၉၇ဝ ခုနှစ်တွင်လည်း တကြိမ်ကြီးခဲ့ဖူးသည်ဟု သူက ဆိုသည်။

ရေကြီးမှုကြောင့် ပဲခူးမြို့ပေါ်ရှိ အိုးလေးစု၊ မဇင်း၊ ဇိုင်းဂနိုင်း တောင်ပိုင်း၊ မြောက်ပိုင်း၊ ကျောက်တွင်းကုန်းနှင့် အုတ်ကျင်းပိုင်းရှိ ၁၂၊ ၁၃ ရပ်ကွက်များတွင် လူတရပ်ခန့် အထိ ရေတက်နေပြီး အနီးပတ်ဝန်းကျင် ရွာများတွင်လည်း
ရေမြှုပ်နေပြီး နီးစပ်ရာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ခိုလှုံနေရသည်။

ပဲခူးမြို့ပေါ်ရှိ ရွှေနံသာ အနောက်ကျာင်းတိုင်တွင် အိမ်ထောင်စု ၃ဝဝ၊ လူဦးရေ ၂ဝဝဝ ခန့်နှင့် ရွှေမော်ဓော ဘုရား အနောက်ဘက်မုဒ်ရှိ နှစ်ထပ် ဗိမာန်တော်ကြီးတွင် လူပေါင်း ၄၀၀၀ ကျော်ခန့် ခေတ္တ နေထိုင်နေရသည်ဟု
ဒုက္ခသည် ကူညီပေးနေသူများထံမှ သိရသည်။

“မနေ့က ဆိုလို့ရှိရင် ရွှေနံသာ အနောက်ကျောင်းမှာရှိတဲ့ ရေဘေး ဒုက္ခသည်တွေကို တအိမ်ထောင်ကို ဆန်တပြည်
နှုန်းနဲ့ ဝေပေးနေရတယ်” ဟု ရေဘေး ဒုက္ခသည်များကို ဆန်အလှူ ပေးသည့် ပဲခူး တောင်နံစုကျေးရွာ ပရဟိတ
ကျောင်းထိုင်ဆရာတော် ဦးကိတ္တိက မိန့်သည်။

တသီးပုဂ္ဂလ အလှူရှင်များ ကလည်း ဆန်၊ ငပိနှင့် ခေါက်ဆွဲခြောက်များ လိုက်လံ လှူပေးနေရသည်ဟု သိရသည်။
ရေလွှမ်းမိုးမှုကြောင့် လမ်းပန်း ဆက်သွယ်ရေးများ ပြတ်တောက်ကုန်ပြီး စီးပွားရေး လုပ်ငန်းများနှင့် စာသင်ကျောင်း
များကိုလည်း ပိတ်ထားရသည်။

ရေလွှမ်းမှုနှင့် ပတ်သက်၍ ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း ကိုယ်တိုင် လိုက်လံကြည့်ရှုမှုများ ပြုလုပ်နေပြီး
ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ကလည်း ထမင်းထုပ်များ လိုက်လံ ဝေငှနေသည်ဟု ဒေသခံများထံမှ သိရသည်။

“ကျေးရွာတွေ ဘက်မှာ ဆိုလိုရှိရင် ချမ်းသာတဲ့ ပုဂ္ဂိုလ်တွေ မရှိဘူး၊ အကုန်လုံးက ဆင်းရဲတဲ့ လူတွေချည်းပဲ။
လက်လုပ် လက်စားသမားတွေလေ။ အကုန်လုံး ဒုက္ခတွေ အကြီးအကျယ် ရောက်နေတာ” ဟု ဆန် အလှူပေး
နေသည့် အလှူရှင်တဦးက ဆိုသည်။

ရေများနေသဖြင့် မြို့အောက်ပိုင်းရှိ ဆည်မြောင်းများကို ရိုက်ချိုးပစ်ရတော့မည့် အနေအထားတွင် ရှိနေပြီး၊ ယင်း
ကဲ့သို့ ရိုက်ချိုးပါကလည်း မြို့အောက်ပိုင်းရှိ လယ်ကွင်းများ အားလုံး ရေလွှမ်းမိုးကုန်မည်ဟု ဒေသခံများက
ပြောဆိုသည်။

တိုက်ကြီးမြို့နယ်အပိုင် ဥက္ကံမြို့တွင်လည်း တဘူးလဆည်၏ စိုးရိမ်ရေ အမှတ်ထက် ကျော်လွန်မှုကြောင့် သြဂုတ်လ
၈ ရက်နေ့က ဆည်ဖွင့်ချခဲ့ရာ ဥက္ကံနှင့် အနီးတဝိုက်ရှိ ရွာများတွင် ရေကြီးကာ လူနေအိမ်များ နစ်မြုပ်ခဲ့သည်ဟု သိရသည်။

တဘူးလဆည်၏ စိုးရိမ်ရေအမှတ် ၁၉၅ မှ ၁၉၈ အထိ ရောက်ရှိခဲ့တာကြောင့် ဖွင့်ချခဲ့ခြင်း ဖြစ်ကာ ရေဒလဟော စီးဆင်းမှုကြောင့် ဥက္ကံမြို့ အရှေ့၊ အနောက် ဆက်သွယ်ထားသည့် ပေ ၂၀၀ ကျော်ရှိ အနော်ရထာ တံတားမှာလည်း
နှစ်ပိုင်း ကျိုးပြတ်ခဲ့သည်။

“ရေတွေက ဒလဟော စီးလာတော့ အနီးအနားမှာရှိတဲ့ ရွာတွေက လူတွေ ပစ္စည်းတွေထားပြီး လွှတ်ရာကို ထွက်ပြေး
ကြရတာ” ဟု ရေဘေး ဒုက္ခသည်များအား ကူညီဆောင်ရွက်ပေးနေသည့် ကိုသက်ဦးက မဇ္စျိမကို ပြောသည်။

ယနေ့တွင်မူ ရေ ပြန်လည်ကျဆင်းသွားပြီ ဖြစ်သော်လည်း ဒုက္ခသည်များ ပြန်လည် နေရာချထားပေးရေး အတွက် လိုအပ်နေသေးကြောင်း သိရသည်။

အလားတူ ရခိုင်ပြည်နယ် ကျောက်တော်မြို့ အနီးတဝိုက်တွင်လည်း သြဂုတ်လ ၇၊ ၈ ရက်များတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ တောင်ကျရေများခြင်းကြောင့် ကုလားတန် မြစ်ရေ ကြီးကာ ကျေးရွာအချို့လည်း ရေလွှမ်းခဲ့သည့်
အတွက် ရထားလမ်း ဖောက်လုပ်ရန် ဆည်ထားသည့် တာများကို ဖောက်ချခဲ့ရသည်ဟု ကျောက်တော် ဒေသခံများ
ထံမှ စုံစမ်းသိရှိသည်။