Saturday, May 12, 2012

ကောင်းကင်ကလူ - ဗိုလ်မှူးကြီးမိုးဖြူ

ဗိုလ်မှူးကြီးမိုးဖြူအတွက် အမှတ်တရ တေးသီချင်းတပုဒ် ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။ ကောင်းကင်ကလူ လို့ အမည်ရပါတယ်။

ကရင်အမျိုးသားများ၏ ဆုံးရှုံးမှုတစ်ခုတည်းမဟုတ်ပါ။ တိုင်းပြည်ငြိမ်းချမ်းရေးတည်ဆောက်တဲ့ကာလမှာ အခုလို အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးဆုံးရှုံးရတဲ့အတွက် အားလုံးအတွက်ဆုံးရှုံးမှုကြီး တစ်ခုပါ။

အစိုးရစစ်တပ်မှအရာရှိတစ်ဦးနှင့်ဗိုလ်မှူးကြီး မိုးဖြူ အပြန်အလှန်အလေးပြုစဉ်

တေးရေး - သောမတ်စ်၊ တေးဆို - ကောင်းကောင်း



KNLA ဒုတိယတန်း စစ်ဦးစီးမှူး ဗိုလ်မှူးကြီးမိုးဖြူ ကွယ်လွန်

တိုင်းပြည်နဲ့ လူမျိုးအတွက် နောက်ဆုံးထွက်သက်အထိ တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားခဲ့သော ဗိုလ်မှူးကြီးမိုးဖြူအား အဖွဲ့ သားများမှ ဦးညွတ်အလေးပြုပါသည်။ ကျန်ရစ်သူမိသားစုများနဲ့  လုပ်ဖေါ်ကိုင်ဖက်များနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းပါကြောင်း အထူးပြောကြားလိုပါသည်။

တီးမိုးဖြူရဲ့ ယုံကြည်ချက်များ ကျနော်တို့ နှင့်အတူ ထ၀ရ ဆက်လက်ရှင်သန်နေပါမည်။ တီးမိုးဖြူ ကောင်းရာသုကတိလားပါစေ။




မေလ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ (ကေအိုင်စီ)

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၏ စစ်ဦးစီးမှူး ဒုတိယတန်းအဆင့်ရှိသူ ဗိုလ်မှူးကြီးစောမိုးဖြူ ၆၂နှစ်သည် ယနေ့မွန်း လွဲ ၁း၄၅နာရီအချိန်တွင် ဆီးချိုရောဂါဖြင့် ထိုင်း-မြန်မာနယ်စပ်တနေရာ၌ ကွယ်လွန်သွားခဲ့သည်။

KNLA မှ စစ်ဦးစီးမှူး တတိယတန်း(G-3) ဗိုလ်မှူးတာမလာသောက “G-2 ဗိုလ်မိုးဟာ ရိုးသားတယ်။ ကြိုးစားတယ်။ တာဝန်သိတယ်။ ရဲဘော်တွေကို အထက်အောက် မခွဲခြားဘဲ ဆက်ဆံတတ်တဲ့သူ ဖြစ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

သူသည် မွေးချင်းမောင်နှမ သုံးဦးအနက် ဒုတိယမြောက်ဖြစ်သလို မိဘမျိုးရိုးမှာ ငွေကြေးချမ်းသာသူများဖြစ်ကြောင်းကို ငယ်စဉ်က ကျောင်းနေဖက် ဖြစ်ခဲ့သူ ကရင်အမျိုးသမီးအစည်းအရုံးမှ ကျန်းမာရေးတာဝန်ခံ နော်မြိုင်ဖိုးက ယခုလို ပြောသည်။

“သူ့မှာ အမနဲ့ညီမ ရှိတယ်။ ကျောင်းပြီးတာနဲ့ တော်လှန်ရေးထဲကို သူ တခါတည်း ၀င်လုပ်လိုက်တာနဲ့ သူ့အမ အင်ဂျင်နီယာဆို အလုပ်ပါ ပြုတ်သွားတယ်။ သူ့မောင် တောခိုလို့လေ”ဟု ဆိုသည်။

ဗိုလ်မှူးကြီးမိုးဖြူသည် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ကြိုးဝိုင်းရွာသားဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် ၁၉၇၀ခုနှစ်နောက်ပိုင်းတွင် ကရင့်တော် လှန်ရေးသို့ KNU သထုံခရိုင်၊ တပ်မဟာ(၁)မှ စတင် ၀င်ရောက်ခဲ့သည်။

စီးပွားရေးပညာဖြင့် ဘွဲ့ရရှိခဲ့သူ ဗိုလ်မှူးကြီးမိုးဖြူသည် ပြီးခဲ့သည့် ဧပြီလ ၄ရက်နေ့မှ ၁၁ရက်နေ့အထိ မြန်မာအစိုးရနှင့် ပြည်ထောင်စုအ ဆင့် သွားရောက်ဆွေးနွေးခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး-KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ထဲတွင် ပါဝင်ခဲ့သူဖြစ်သည်။

၎င်း၏ဈာပနကို ကေအဲန်ယူ ထိန်းချုပ်နယ်မြေတစ်ခုဖြစ်သည့် တပ်မဟာ(၇)နယ်မြေတွင် လာမည့် တနင်္လာနေ့ (မေလ ၁၄ရက်နေ့)တွင် ပြုလုပ်ပေးသွားမည်ဟု ကေအဲန်ယူအသိုင်းအ၀ိုင်းထံမှ သိရသည်။

KNLA ဒုတိယတန်း စစ်ဦးစီးမှူး ဗိုလ်မှူးကြီးမိုးဖြူ ကွယ်လွန်

ကေအဲန်ယူ စစ်ဦးစီးချူပ်ရုံး ဗဟိုမှ ဗိုလ်မှူးကြီးစောမိုးဖြူ ယနေ့ ညနေ ၂ နာရီတွင် ရုတ်တရက်ကွယ်လွန်သွားကြောင်း သိရှိရပါသည်။ မည်သည့်ရောဂါနှင့်ကွယ်လွန်သွားသည်ကို အတိအကျ မသိရသေးပါ။

ဓါတ်ပုံ - The Voice - ဗိုလ်မှူးကြီးစောမိုးဖြူ အလယ်လူ

ပြည်ထောင်စုငြိမ်းချမ်းရေးဖောင်ဆောင်ရေး ဗဟိုကော်မတီနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖောင်ဆောင်ရေး လုပ်ငန်းကော်မတီ

Union_Peace_Central___Working_Committee


Union_Peace_Working_Committee-1

Friday, May 11, 2012

သက်ဆင်ကိုသွားဖမ်း၊ လိုအပ်ရင် ချစ်ကြည်ရေးတံတားပါ ပိတ်ပစ်မည်ဟု KKO စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ်ပြောကြား

  

ကျ​နော်တို့​ အခုလိုမျိုး​ ရင်ဆိုင်ရတဲ့​ ပြဿနာ​တွေမှာ ဂိတ်​တွေပိတ်တယ်။ အခန့်​မသင့်​ရင် ချစ်ကြည်​ရေး​တံတား​ကို ပိတ်မယ်။ ဘာ​ကြောင့်​ ချစ်ကြည်​ရေး​တံတား​ကို ပိတ်မလဲဆိုရင် မြန်မာနိုင်ငံရဲ့​ ကရင်ပြည်နယ်မှာ ရှိတဲ့​အတွက် ကျ​နော်တို့​က ကရင်လူမျိုး​တွေ ဖြစ်တယ်။ ဒါ​ကြောင့်​ အကယ်၍ ပြဿနာ အကြီး​အကျယ်ဖြစ်ရင် ဒီချစ်ကြည်​ရေး​တံတား​ကို နှုတ်ခမ်း​မွေး​ကိုယ်တိုင် ဦး​ဆောင်ပြီး​ ပိတ်မယ်။

ထိုင်း​အစိုး​ရက မူး​ယစ်ရာဇာအြဖစ် ​ကြေညာထား​တဲ့​ ဒီ​ကေဘီ​အေအဖွဲ့​ခေါင်း​ဆောင် ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​က မူး​ယစ်​ဆေး​ဝါး​နဲ့​ ပတ်သက်မှု မရှိတဲ့​အ​ကြောင်း​ကို ပြည်တွင်း​ပြည်ပ သတင်း​စာဆရာ​တွေကို ဒီ​နေ့​မနက် ရှင်း​လင်း​ ​ပြောဆိုလိုက်ပါတယ်။

မြဝတီမြို့​နယ် အင်း​ကြင်း​မြိုင်မှာ ဒီ​နေ့​ပြုလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ ဗိုလ်နူတ်ခမ်း​မွေး​က ​ပြောကြား​လိုက်တာပါ။

ထိုင်း​ဘက်က ဗိုလ်နှုတ်ခမ်း​မွေး​ကို မူး​ယစ်ရာဇာအြဖစ် စွပ်စွဲထား​ပြီး​ ဖမ်း​ဝရမ်း​ ဆု​ငွေထုတ်ထား​တဲ့​အ​ပေါ်ကို ရှင်း​လင်း​ဖို့​အတွက် ပြည်တွင်း​ပြည်က သတင်း​ထောက်ကို ဖိတ်ကြား​ပြီး​ပြုလုပ်တာပါ။

သတင်း​ထောက်​တွေက နယ်စပ်ဂိတ်​တွေပိတ်ရတဲ့​ ​မေး​မြန်း​မှုအ​ပေါ်ကို ဗိုလ်နှုတ်ခမ်း​မွေး​က ​ဖြေကြား​သွား​တာလို့​ အဲဒီသတင်း​စာရှင်း​လင်း​ပွဲမှာ သွား​ရောက် သတင်း​ယူ​နေတဲ့​ ဒီဗွီဘီသတင်း​ထောက် ကိုဖိုး​စီက ပြန်ပါတယ်။

“ကျ​နော်တို့​ အခုလိုမျိုး​ ရင်ဆိုင်ရတဲ့​ ပြဿနာ​တွေမှာ ဂိတ်​တွေပိတ်တယ်။ အခန့်​မသင့်​ရင် ချစ်ကြည်​ရေး​တံတား​ကို ပိတ်မယ်။ ဘာ​ကြောင့်​ ချစ်ကြည်​ရေး​တံတား​ကို ပိတ်မလဲဆိုရင် မြန်မာနိုင်ငံရဲ့​ ကရင်ပြည်နယ်မှာ ရှိတဲ့​အတွက် ကျ​နော်တို့​က ကရင်လူမျိုး​တွေ ဖြစ်တယ်။ ဒါ​ကြောင့်​ အကယ်၍ ပြဿနာ အြကီး​အကျယ်ဖြစ်ရင် ဒီချစ်ကြည်​ရေး​တံတား​ကို နှုတ်ခမ်း​မွေး​ကိုယ်တိုင် ဦး​ဆောင်ပြီး​ ပိတ်မယ်။”

အခုလို ထိုင်း​အစိုး​ရက​နေ မူး​ယစ်ရာဇာအြဖစ် စွပ်စွဲထား​ပြီး​ ဖမ်း​ဝရမ်း​ ထုတ်ထား​တဲ့​အ​ပေါ်ကို ပြန်လည်​ဖြေရှင်း​နေရာတာဟာ သူအတွက် အချိန်ကုန်တယ်လို့​ တုံ့​ပြန်​ပြောဆိုပြီး​ ထိုင်း​ဝန်ကြီး​ချုပ်​ဟောင်း​သက်ဆင်ကို ခုချိန်ထိ ဘာ​ကြောင့်​တရား​ရုံမတင် နိုင်ရတာလဲဆိုပြီး​ ​မေး​ခွန်း​ထုတ်တယ်လို့​ ဆိုပါတယ်။

“ဒီလို လုပ်ခြင်း​အား​ဖြင့်​ ကျ​နော့်​မှာ အချိန်ကုန်တယ်။ ကျ​နော် ထိန်း​သိမ်း​ထား​တဲ့​ နယ်​မြေမှာ လူမှု​ရေး​၊​ ကျန်း​မာ​ရေး​၊​ ပညာ​ရေး​တွေ ဖွံ့​ဖြိုး​တိုး​တက်ဖို့​ ကျ​နော်လုပ်ရဦး​မယ်။ ​နောက် ၂ အချက်က​တော့​ သက်ဆင်ဟာ ထိုင်း​နိုင်ငံရဲ့​ ဥပ​ဒေ​ရှေ့​မှောက်မှာ ဆုံး​ဖြတ်ချက်အရ ​ထောင်ဒဏ်ကျတဲ့​အ​ကြောင်း​ ဆုံး​ဖြတ်​ပေမယ့်​ သူ့​ကိုကျ​တော့​ နိုင်ငံခြား​မှာ ထွက်​ပြေး​တိမ်း​ရှောင်​နေတာကို ဘာလို့​ အမိ မဖမ်း​သေး​ဘဲ ထိုင်း​နိုင်ငံမှာ ဥပ​ဒေရင်ဆိုင်မှု မလုပ်သလဲ​ပေါ့​နော်။ ဘာ​ကြောင့်​ ကျ​နော့်​ကို ဒီလိုလုပ်ရသလဲ​ပေါ့​။”

သစ်ထုတ်လုပ်​ရေး​၊​ စိုက်ပျိုး​ရေး​အခွန်၊​ သတ္တူတူး​ဖော်​ရေး​နဲ့​ ​မော်​တော်ယာဉ်​တွေဆီက​နေ အခွန်အခနဲ့​ ​ဒေသဖွံဖြိုး​ရေး​ လုပ်ငန်း​တွေကို လုပ်​ဆောင်​နေရတာပါလို့​ ဗိုလ်နှုတ်ခမ်း​မွေး​က သတင်း​ထောက်​တွေရဲ့​ အ​မေး​ကို ​ဖြေကား​တယ်လို့​ ဆိုပါတယ်။

ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​ ဦး​ဆောင်တဲ့​ ဒီ​ကေဘီ​အေအဖွဲ့​ဟာ သူတို့​ မူး​ယစ်​ဆေး​ဝါး​လုပ်​ဆောင်တာ အချိန်မ​ရွေး​ လာ​ရောက်စစ်​ဆေး​ဖို့​ အ​မေရိကန်၊​ မြန်မာနဲ့​ထိုင်း​အစိုး​ရက တာဝန်ရှိသူ​တွေကို ဖိတ်ကြား​ထား​တယ်လို့​လည်း​ ​ပြောဆိုပါတယ်။

ဒီ​နေ့​ ပြုလုပ်တဲ့​ ဒုတိယအြကိမ် သတင်း​စာရှင်း​လင်း​ပွဲကို ပြည်တွင်း​ သတင်း​ထောက် ၄၂ ဦး​နှင့်​ ထိုင်း​နိုင်ငံမှ သတင်း​ထောက် ၁၀ ဦး​ တက်​ရောက်ခဲ့​တယ်လို့​ သိရှိရပါတယ်။

RFA

သက်ဆင်ကို သွားဖမ်းဟု ဗိုလ်နှုတ်ခမ်းမွေး ပြော

 အပြစ်မရှိ၍ အဖမ်းခံရန် မလိုကြောင်း၊ ထိုင်းနိုင်ငံ နာမည်ပျက်အောင် လုပ်သည့် ပြည်ပြေး ထိုင်းဝန်ကြီးချုပ် သက်ဆင်ကိုသာ သွားဖမ်းသင့်ကြောင်း မူးယစ်ဆေးမှုဖြင့် ထိုင်းအာဏာပိုင်များ၏ ဆုငွေထုတ်ခံရသော ဗိုလ်ချုပ် စောလားပွယ်က ပြောဆိုလိုက်သည်။

 

မူးယစ်ဆေးမှုဖြင့်စွပ်စွဲခံရပြီး ဆုငွေ ထိုင်းဘတ် ၁ သန်း (ဒေါ်လာ ၃,၂၀၀၀ ခန့်) ထုတ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီခရိုင်အတွင်းရှိ DKBA ဌာနချုပ်တွင် ယနေ့ ပြုလုပ်သော ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲ၌ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော် (DKBA) မှ ဗိုလ်နှုတ်ခမ်းမွေး (ခေါ်) ဗိုလ်ချုပ် စောလားပွယ်က ပြည်တွင်းပြည်ပ သတင်းထောက်များကို ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

“ဘာအပြစ်ရှိလို့ ထိုင်းမှာ သွားပြီးတော့ အဖမ်းသွားခံရမှာလဲ။ အပြစ်တွေ ကျနော့်ဆီကို ပုံချတယ်။ အရင်က ၀န်ကြီးချုပ်လုပ်ခဲ့တဲ့ သက်ဆင်ကို သွားဖမ်းရင် မကောင်းဘူးလား။ သူကမှ ထိုင်းနိုင်ငံ နာမည်ပျက်အောင် လုပ်ခဲ့တယ်။ ကျနော် မဟုတ်ဘူး” ဟု ဗိုလ်ချုပ် စောလားပွယ်က ပြောသည်။

ယင်း သတင်းစာ ရှင်းလင်းပွဲသို့ မြန်မာပြည်တွင်းမှ သတင်းထောက် ၄၀ ကျော်နှင့် ထိုင်း သတင်းထောက် ၁၀ ဦးကျော် တက်ရောက်ကြောင်း သိရသည်။

ထိုင်းအဏာပိုင်များက မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်၍ ဆုငွေထုတ်ထားသည့် ကိစ္စကို နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (DEA) မှ တာဝန်ရှိသူများ လာရောက် စုံစမ်းစစ်ဆေးရန် DKBA  က ဖိတ်ကြားထားပြီး ယင်းအဖွဲ့က စာကိုလက်ခံရရှိကြောင်း အကြောင်းပြန်ထားသည်ဟု သိရသည်။

DEA က အကြောင်းကြားစာ လက်ခံရရှိသည်ဟု အကြောင်းပြန်သော်လည်း DEA အနေဖြင့် လာရောက် စုံစမ်းစစ်ဆေးမှု ပြုမပြုကိုမူ ဖော်ပြထားခြင်း မရှိကြောင်း ဗိုလ်ချုပ် စောလားပွယ်က ပြောသည်။

ယခုကဲ့သို့ စွပ်စွဲပြောဆိုချက်များကို မိမိတို့ဘက်မှ အမှန်တရားအတွက် တရားမျှတစွာ ဖြေရှင်းလိုကြောင်း၊ မိမိတို့ အခြေပြုရာ ဒေသတွင် ထိုင်း ဒုဝန်ကြီးချုပ်မှ မူးယစ်ဆေးဝါးရှိသည်ဟု သံတယရှိသည့် မည့်သည့်နေရာမဆို နိုင်ငံတကာအစိုးရများနှင့် DEA အဖွဲ့မှ တာဝန်ရှိသူများအနေနှင့် ၀င်ရောက်ကြည့်ရှု စစ်ဆေးရန် မေတ္တာရပ်ခံတင်ပြကြောင်း ဗိုလ်နှုတ်ခမ်းမွေး၏ DEA သို့ ပေးစာတွင် ဖော်ပြထားသည်။

DEA သို့ အကြောင်းကြားစာ မိတ္တူကို ထိုင်းနှင့် မြန်မာနိုင်ငံအတွင်းရှိ DEA ရုံးခွဲမှ တာဝန်ရှိသူများကိုလည်း ပေးပို့ထားကြောင်း သိရသည်။

ထိုင်း မူးယစ်ဆေး ထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး (ONCB) အကြီးအကဲ ထိုင်း ဒု ၀န်ကြီးချုပ် ချလုံ ယူဘမ်ပရုန်းက “ဗိုလ်နှုတ်ခမ်းမွေးက မူးယစ်ဆေးဝါးနဲ့ မပတ်သက်ဘူးလို့ ထိုင်းဘက်ကို ပြန်ပြောတယ်။ ပြဿနာကိုလည်း ရှုပ်ထွေးသွားအောင် လုပ်တယ်။ ဒါကတော့ တရားခံပြောတဲ့ စကားပါပဲ။ ယုံချင်ရင်ယုံ၊ မယုံချင်လဲနေ” ဟု ပြောကြောင်း ယနေ့ထိုင်းဘာသာဖြင့် ရေးထားသော Daily News အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ် စောလားပွယ် ဦးဆောင်သည့် DKBA တပ်ဖွဲ့ဝင်များ အခြေစိုက်သော ဝေါ်လေတပ်စခန်းတည်ရှိရာ ထိုင်းဘက်ခြမ်းတွင် ၂၀၀၃ ခုနှစ်က ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား (ရာဘ) အလုံးရေ ၉ ဒဿမ ၄ သန်း ဖမ်းဆီးရရှိခဲ့မှုနှင့်ပတ်သက်၍ ONCB အဖွဲ့က ဗိုလ်ချုပ် စောလားပွယ်ကို စွပ်စွဲပြီး ဆုငွေ ထုတ်ခြင်း ဖြစ်သည်။

DKBA တပ်ဖွဲ့မှ ဗိုလ်မှူးကြီး စန်းအောင်ကမူ ယင်းကိစ္စနှင့် ပတ်သက်၍ နောက်ကွယ်မှ တစုံတရာ ဖိအားပေးမှုများရှိကြောင်း ယူဆရပြီး သက်သေအထောက်အထားများဖြင့် ပြသရန် ခက်ခဲကြောင်း ဧရာဝတီသို့ ပြောသည်။

ထိုင်းအာဏာပိုင်များ၏ စွပ်စွဲချက်နှင့်ပတ်သက်၍ လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်တွင် ဗိုလ်ချုပ် စောလားပွယ်မှာ တပ်ရင်းမှူး အဆင့်သာရှိကြောင်းလည်း ၎င်းက ဆိုသည်။

“ထိုင်းတွေ တချိန်က ကျနော်တို့ ဗိုလ်ချုပ် ချင်းမိုင်မှာ အစည်းအဝေးသွားတက်ပြီး ပြန်လာတုန်းက နယ်စပ်လှေဆိပ်မှာ ဖမ်းထားသေးတယ်။ အဲဒီအချိန်မှာ သူတို့ ဖမ်းထားလို့ရတာပဲ။ ဆုငွေ တဘတ်တောင် မကုန်ဘူး။ အခု ဒီအချိန်ကျမှ ထုတ်ပြန်တယ်ဆိုတော့ ဒီနောက်ကွယ်က ထိုးနှက်မှုတွေ အများကြီးပါမယ်လို့ ထင်တယ်” ဟု ဗိုလ်မှူးကြီး စန်းအောင်က ပြောသည်။

မြန်မာအစိုးရကဘက်က လတ်တလော DKBA နှင့် ထိုင်းစစ်တပ်တို့၏ တင်မားမှုနှင့်ပတ်သက်၍ ယနေ့အထိ တစုံတရာ ပြောဆိုခြင်း မရှိသေးပေ။

ဤအတောအတွင်း ထိုင်း-မြန်မာနယ်စပ် ဖုပ္ဖရဒေသတွင် ထိုင်းလုံခြုံရေတပ်များ တင်းကျပ်ထားပြီး မြန်မာဘက်ကမ်း DKBA ထိန်းချုပ်ဒေသရှိ နယ်စပ်ဂိတ်များကိုလည်း ပိတ်ထားသည်။
မဲဆောက်မြို့နှင့် မြဝတီမြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေး တံတားကိုလည်း DKBA တပ်ဖွဲ့ဝင်များက ပိတ်ရန် စီစဉ်ထားသောကြောင့် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များက စိုးရိမ်နေကြပြီး ထိုင်း ဒု ၀န်ကြီးချုပ် ချလုံ ယူဘမ်ပရုန်းက အပြောအဆို မတတ်ကြောင်း အပြစ်တင်နေကြသည်ဟု သိရသည်။

ONCB က ဆုငွေထုတ်ထားသည့် မြန်မာနိုင်ငံသား ၃ ဦးအနက် တဦးဖြစ်ပြီး မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ဦးကို သတ်ဖြတ်မှုတွင် သံသယရှိသူ နော်ခမ်းကို လာအိုအာဏာပိုင်များက ဧပြီလ ၂၅ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး ယခုအခါ တရုတ်ရဲလက်သို့ လွှဲပြောင်း ပေးအပ်လိုက်ပြီ ဖြစ်သည်။

တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနရှိ မူးယစ်ဆေးထိန်းချုပ်ရေး ဗြူရို ညွှန်ကြားရေးမှူး Liu Yuejin က တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းတို့သည် နယ်စပ်ဖြတ်ကျော် မူခင်းများ တိုက်ဖျက်ရေးအတွက် အတူပူးပေါင်း ဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် ဖမ်းမိထားသော ဂိုဏ်းခေါင်းဆောင် နော်ခမ်းကို လွှဲပြောင်းယူခြင်းဖြစ်ကြောင်း၊ မဲခေါင်မြစ်တလျှောက် တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိမ်းသိမ်းနေကြောင်း ပြောသည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

အနာဂတ်မှာ မော်တော်ဘုတ်မောင်းမယ်

မေလ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)

(ဓာတ်ပုံ-နော်ဆဲကလယ်) အသက် ၉နှစ်အရွယ် ပိုးကရင်လူမျိုး စအိုင်ခလိန်ဟာ ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့နယ်ထဲက ဂရမ်းရွာရဲ့ အအေးဆိုင်တဆိုင်မှာ စားပွဲထိုး အလုပ်ကိုလုပ်နေတဲ့ ကလေးငယ်တစ်ဦးဖြစ်ပါတယ်။
ဒီရွာလေးဟာ သူရဲ့ ဇာတိရွာမဟုတ်ပေမဲ့ နွေရာသီကျောင်းပိတ်ရက်မှာ အဖေ၊ အစ်ကိုတို့နဲ့အတူ အလုပ်လာလုပ်နေတာပဲ ဖြစ်ပါတယ်။ ၀ါးခယ်မမြို့နယ်အပိုင်ထဲက ကျေးရွာအုပ်စုဝင်တစ်ခုဖြစ်တဲ့ ဂရမ်းရွာလေးမှာ ပိုးကရင်လူမျိုးတွေ နေထိုင်ကြပြီး ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ဘာသာကို ကိုးကွယ်ကြပါတယ်။ အိမ်ခြေ ၁၀၀ကျော်ရှိတဲ့ ဒီရွာရဲ့ အဓိကလုပ်ငန်းကတော့ လယ်စပါးစိုက်ပျိုးခြင်းအပြင် ပဲ၊ ငြုပ်နဲ့ ဥယျာဉ် ခြံလုပ်ငန်းကိုလည်း လုပ်ကြပါတယ်။ အဲဒီဂရမ်းရွာကို ရန်ကုန်ကနေ သင်္ဘောတတန်၊ မော်တော်ဘုတ်တတန်စီးပြီး သွားရပါတယ်။ မနက် ၆နာရီကျော်ထွက်ရင် မွန်းတည့်ချိန် လောက်မှာ ရောက်ပါတယ်။ ရန်ကုန်မြို့၊ မော်တင်ဆိပ်ကမ်းကနေ လူသုံးကုန် စတဲ့ ကုန်စည်တွေတင်တဲ့ ဧရာဝတီ သုံးထပ်သင်္ဘောကြီးနဲ့ ကျိုက်လတ်၊ ဘိုကလေး၊ မော်လမြိုင်ကျွန်းအထိကိုစီးပြီး အဲဒီကနေတဆင့် မော်တော်ဘုတ်နဲ့ ၃နာရီနီးပါးလောက် ထပ်စီးသွားမှရောက် တာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်း (မြစ်ဝကျွန်းပေါ်)ရဲ့ ကုန်စည်စီးဆင်းရာ အဓိကလမ်းကြောင်းက ရေလမ်းပါပဲလို့ ဒေသခံ ခရီးသည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
(ဓာတ်ပုံ-နော်ဆဲကလယ်) “ကြံရည် အေးအေးလေး”ဆိုပြီး ဧည့်သည်တွေသောက်ဖို့အတွက် ကရင်သံဝဲ၀ဲနဲ့ ဆိုင်ရှင်ဆီ လှမ်းမှာပေးပါတယ်။ စအိုင်ခလိန်အနေနဲ့ ဗမာစကားကို လိပ်ပတ်လည်(ကျွမ်းကျင်)အောင် မပြောတတ်တာကလည်း ဒီရွာတင်မက ရွာနီးချုပ်စပ်တွေ အားလုံးနီးပါး ပိုးကရင်လိုပဲ ပြောကြလို့ ကလေးအများစုက မြန်မာစကားကို လည်လည်ဝယ်ဝယ် မပြောတတ်ကြတာပဲ ဖြစ်ကြောင်း အအေးဆိုင်ပိုင်ရှင်က ပြောပါ တယ်။ စအိုင်ခလိန်ဟာ စားပွဲထိုး ဆိုပေမဲ့ သူ့ရဲ့ခြေထောက်မှာ ဖိနပ်မပါသလို ၀တ်ထားတဲ့ ကျောင်းစိမ်းလုံချည်က အဖြူရောင်သမ်းနေပြီး အဖြူ ရောင်အင်္ကျီက ၀ါကျင့်ကျင့် ဖြစ်နေပါပြီ။ လုံချည်က မီးပူနဲ့ မထိခဲ့ရလို့ ဒူးခေါင်းနားထိ တွန့်တက်နေပါတယ်။ ဒါ့အပြင် သမန်းချေး ၀နေတဲ့ ခြေသည်းလက်သည်းလေးတွေက အညိုရင့်ရောင်သန်းနေပြီး မညီမညာ ဖြစ်နေပါတယ်။ မျက်နှာမှာ သနပ်ခါးအဖွေးသားနဲ့ ပြုံးလိုက်ရင် ပိတ်သွားတဲ့ မျက်လုံးပိုင်ရှင် စအိုင်ခလိန်ဟာ အပြစ်ကင်းစင်တဲ့ ကလေးငယ်တစ်ယောက်ဆိုတာ ရွာကို ရောက်လာတဲ့ ဧည့်သည်တိုင်းက အသိအမှတ်ပြုကြပါတယ်။ ကလေးတို့ သဘာဝ အအေးဆိုင်နဲ့ ခပ်လှမ်းလှမ်းက ကုက္ကိုပင်အောက်မှာ တခြားကလေးတွေနဲ့ဆော့ကစားလိုက် ဆိုင်ရှင်က လှမ်းခေါ် ရင် ၀ိုင်းကူလိုက်နဲ့ ကျောင်းပိတ်ရက်မုန့်ဖိုးရအောင် အလုပ်လုပ်နေသူလည်း ဖြစ်ပါတယ်။ ဒီအအေးဆိုင်မှာ တစ်ရက်စာနှုန်း လုပ်အားခ ရတာမဟုတ်ဘဲ ကျောင်းပိတ်တုန်းဝိုင်းကူပြီး ကျောင်းပြန်ဖွင့်ရင် ဆိုင်ရှင်ဆီက ကျောင်းစရိတ်ရတာပေါ့လို့ပဲ သူက ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအကုန် မတ်လအစပိုင်းတွေမှာ ပဲခူးချိန်ဖြစ်လို့ စအိုင်ခလိမ်လည်း ၀င်ငွေရအောင် ပဲခူးရတယ်။ ကျောင်းပိတ်ရက် လည်းဖြစ်တာမို့ အစ်ကိုဖြစ်သူ စအိုင်စူးရှားနဲ့အတူ မနက် ၄နာရီခွဲမှာ အိပ်ယာထ၊ ထမင်းကြမ်းစားပြီး ပဲခင်းထဲမှာ ပဲခူးဖို့ သွားရပါတယ်။ ပဲခူးတဲ့ရက်တွေဆို လက်ထိပ်လေးတွေ နာနေတတ်ပေမဲ့ စအိုင်ခလိမ်ဟာ ဂရုမစိုက်အားပါဘူး။ “၂တင်းဝင်တဲ့အိတ်နဲ့ တစ်အိတ် ခူးနိုင်ရင် ၅၀၀ကျပ်ရတယ်။ အသီးကောင်းရင် ညီအကို ၂ယောက် နှစ်အိတ် သုံးအိတ်ရတယ်။ အဲဒီအခါ တနေ့စာ ၀င်ငွေက ၁၀၀၀၊ ၁၅၀၀ကျပ် ရှိတယ်။ အဲဒါနဲ့ အမေ့ဆေးဖိုး ရတယ်”လို့ သူက ပြောပါတယ်။ စအိုင်ခလိန်ရဲ့ မိခင်ဟာ ဆေးထိုးရင်းနဲ့ ဆေးခဲသွားလို့ တင်ပါးမှာ အကျိတ်ဖြစ်ရာက ပြည်တည်နာဖြစ်ပြီး လမ်းမလျှောက်နိုင်ဘဲ ဖင်ကို တရွတ်ဆွဲ သွားနေရတာတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ရွာက ဆေးမှူးက လူနာကို အဓိကမထားဘဲ ရက်လွန်နေတဲ့ ဆေးကို ရွာသား တွေ တားနေတဲ့ကြားက ထိုးပေးလိုက်တာကြောင့် သူ့မိခင်ဟာ အခုလို ဖြစ်သွားရတာလို့လည်း နီးစပ်သူတွေက ပြောပြပါတယ်။ “မို့မို့(အမေ)က အခုတော့ သက်သာလာပါပြီး”လို့ အမေအကြောင်းပြောရင်း လက်ဖ၀ါးလေးနှစ်ဖက်ကို ပွတ်နေတဲ့ စအိုင်ခလိန်ကပဲ ဆက်ပြီးတော့ “မို့မို့က အခု ဆို သူ့ဇာတိ မြဂိုးလေးရွာမှာ ဆွေမျိုးတွေနဲ့ ပြန်နေတယ်။ အဖေက ကြုံရာကျပမ်းသမားဖြစ်လို့ အလုပ်အားရင် ကျနော့်ဆီတော့ လာပါတယ်။”လို့ ပြောပါတယ်။ ညီအစ်ကိုမောင်နှမ လေးယောက်အနက် သူ့ထက်အငယ် ၅နှစ်ရွယ် ညီမလေးနဲ့ ၃နှစ်ရွယ် ညီလေးတို့က အမေနဲ့ အတူတူနေကြတယ်။ အသက် ၁၃နှစ်အရွယ် အစ်ကိုကြီး စအိုင်စူးရှားက လွန်ခဲ့တဲ့ ၂နှစ်ကတည်းက ကျောင်းထွက်လိုက်ပြီး ရရာအလုပ်နဲ့ အိမ်ဝင်ငွေကို ၀ိုင်းကူ ရှာနေရပါတယ်။ စအိုင်ခလိန်ကတော့ လာမယ့်စာသင်နှစ်မှာ တတိယတန်းတက်မှာဖြစ်ပါတယ်။ အခု စအိုင်ခလိန်နေရတဲ့ ဂရမ်းရွာဟာ မူလတန်းကျောင်းသာရှိပြီး အလယ်တန်းပညာကို သင်ကြားဖို့ဆို တစ်နာရီလောက် လမ်းလျှောက် သွားရတဲ့ အခြားရွာမှာ သွားတက်ကြရပါတယ်။ သူတို့လို ကလေးတွေဟာ အခုလို ကျောင်းပိတ်ရက်မှာ အလုပ်လုပ်၊ ပိုက်ဆံရှာပြီး မိဘ တွေကို ၀ိုင်းကူကြရတဲ့အကြောင်း ဂရမ်းရွာက ကျောင်းဆရာမလေး နန့်ဖောင်ဘွားက အခုလို ပြောပါတယ်။ “ရွာက ကလေးတွေက ကျောင်းစာမှာတော့ သင့်ရုံပါပဲ။ ကျောင်းပိတ်ရက်မှာ ရှာလို့ရတဲ့ ပိုက်ဆံတွေကို မိဘအပ်ကြတယ်။ တချို့ကတော့ ပွဲလေးဘာလေးရှိရင် သုံးဖို့ ပြန်ပေးကြတယ်။ အများအားဖြင့် မိဘတွေက မပြေလည်ကြတော့ အိမ်အတွက် ကလေးတွေပါ ၀ိုင်းကူရှာကြ ရတယ်လေ။”လို့ နန့်ဖောင်ဘွားက ပြောပါတယ်။ ဂရမ်းရွာ မူလတန်းကျောင်းမှာ ကျောင်းသူကျောင်းသားတွေအတွက် ဆရာ၊ ဆရာမ ၇ဦးရှိလို့ ကလေးတွေကို ကောင်းကောင်း ထိန်းနိုင် သင်နိုင်ပါတယ်။ နာဂစ်မဖြစ်ခင်ကဆို နွေရာသီမှာ ဆရာတစ်ယောက်ကို ငှားပြီးတော့ ပိုးကရင်စာပေသင်တန်း လုပ်ပေးဖြစ်တယ်။ အခု တော့ ဆက်မလုပ်နိုင်သေးဘူး။ ဆက်လုပ်ဖို့အစီအစဉ်ရှိပါတယ်လို့ စောစောက ဆရာမကပဲ ဆက်ပြောပြပါတယ်။ စအိုင်ခလိန်လေးကို အအေးဆိုင်လာတဲ့ ဧည့်သည်တွေက အလုပ်လုပ်တာပျော်လား၊ ကျောင်းပြန်တက်တော့မှာလား၊ သူငယ်ချင်း ဘယ်နှစ်ယောက်ရှိလဲလို့ မေးရင် သွက်သွက်လက်လက် ပြန်ဖြေတတ်ပေမဲ့ “မို့မို့ကို လွမ်းလား”လို့ မေးရင် “လွမ်းတယ်”လို့ ပြန်ဖြေရင်း မျက်လုံးက မြေကြီးကိုစိုက်ကြည့်ပြီး လက်က ကျောင်းစိမ်းလုံချည်အနွမ်းလေးကို ဆွဲလိမ်နေပါတယ်။ ငယ်ရွယ်သေးတဲ့ ကလေးသဘာဝ မိခင်ကိုလွမ်းသလို ညနေရေချိုးဆင်းချိန်မှာလည်း သူငယ်ချင်းတွေနဲ့ ချောင်းထဲမှာ ဒိုင်ဗင်ထိုးလိုက်၊ ရေငုပ်လိုက်နဲ့ လွမ်းစရာလေးတွေကို ပျော်စရာတွေနဲ့ အစားထိုးနေရပါတယ်။ လက်ရှိမှာ စအိုင်ခလိန်လေးဟာ သူ့ဘ၀ရဲ့ အနာဂတ်ကို ရှည်ရှည်ဝေးဝေး၊ မြင့်မြင့်မားမား မတွေးတတ်သေးသူမို့ စားပွဲထိုးလုပ်ရင်း ဆော့ကစားရင်း ကျင်လည်နေရပါတယ်။ ဆိုင်ကိုလာတဲ့ ဧည့်သည်တွေ ပြန်တော့မယ်ဆို စအိုင်ခလိန်ဟာ တံတားပေါ်ကနေ လက်ကလေးပိုက်လို့ ငေးနေတတ်ပါတယ်။ သူငေး ကြည့်တဲ့ မြင်ကွင်းမှာ ခရီးသည်တွေကို တင်ဆောင်မဲ့ မော်တော်ဘုတ်တွေက စီတန်းနေတာမို့ “သား ကြီးလာရင် ဘာလုပ်မှာလဲ”လို့ သူ့ကိုမေးတဲ့ဧည့်သည်ကို “မော်တော်ဘုတ် မောင်းမယ်”လို့ပဲ ရိုးရှင်းစွာ ပြန်ဖြေရှာပါတယ်။ အင်းအိုင်မြစ်ချောင်း ပေါလှတဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ ဂရမ်းရွာက စအိုင်ခလိန်လေး မော်တော်ဘုတ် မောင်းချင်တာ အဆန်းမဟုတ်ပေမဲ့ ကလေးတစ်ယောက်ရဲ့ အနာဂတ်ဟာ မော်တော်ဘုတ်မောင်းတာပါလားလို့ ဧည့်သည်တွေက ကောက်ချက်ချလိုက်ကြပါတယ်။ ၉နှစ်သားလေးရဲ့ အနာဂတ်မှာ မောင်းချင်တဲ့ မော်တော်ဘုတ်လေးက ချောင်းရိုးတလျှောက် ဧည့်သည်တွေကို ခေါ်ဆောင်သွားပေမဲ့ စအိုင်ခလိန်ကတော့ “စခုတ် စတား (ကျေးဇူးအထူးပါ)”လို့ ပိုးကရင်လို နှုတ်ဆက်စကားလေးဆိုရင်း ဆိပ်ကမ်းမှာ လက်တပြပြနဲ့ ကျန်ရစ် ခဲ့သလို သူငေးမောနေတဲ့ မော်တော်ဘုတ်လေးကလည်း မော်လမြိုင်ကျွန်းဆီ ပုံမှန် ခုတ်မောင်းသွားနေပါတော့တယ်။

RFA TV May 10, 2012

Thursday, May 10, 2012

တချိန်က DKBA ၉၉၉ တပ်မှူး ဗိုလ်မှူးချစ်သူရဲ့ "ချစ်သူမြိုင်စံအိမ်"

အီးမေးမှတဆင့် လက်ခံရရှိတာပါ။ အီးမေးပိုင်ရှင်က ထိုင်းလို့ ယူဆရပါတယ်။ ဓါတ်ပုံပေးပို့ သူနာမည်က - စူဝပ်နာချိုင်းဝပ်ဒ် လို့ ခေါ်ပါတယ်။











အပြည့်အစုံသို့ ....

သတ်စရာတွေလည်း အများကြီးရှိသေးတယ်






     ဒီရက်ပိုင်း သတင်းတွေထဲက http://www.thithtoolwin.com/2012/05/kia-bgf.html
ထဲမှာ ပါလာတဲ့ မှတ်ချက်တစ်ခုက မျက်လုံးထဲ စူးစူးရှရှ ဝင်လာခဲ့တယ် ။
Ko Nyo Khant ( Mdy university.) said...
   "နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်တစ်တပ်ဘဲရှီတယ်၊ ကျန်လက်နက်ကိုင်တွေကို
အမြစ်ပြတ်ခြေမှုန်းပြစ်ရမယ်။ အချုပ်အခြာအာဏာကို ထိပါးတဲ့သူမှန်သမျှ
တိုက်ထုတ်ပြစ်ရမယ် ရှေးပဝေသနီထဲက ကချင်ပြည်နယ်ဟာ ဒို့ဗမာဘုရင်
တွေရဲ့ လက်အောက်ခံဘဲ ဒို့ဗမာဘုရင်တွေရဲ့အာဏာဟာ မဏိပူရ အာသံ၊
ဇင်းမယ်ထိ ပြိုင်စံရှားခဲ့တယ်။ လက်နက်လူသူအင်အားမမျှလို့ သူ့ကျွန်ဖြစ်ခဲ့
ရတယ်။ အင်္ဂလိပ်က သွေးခွဲအုပ်ချုပ်ခဲ့လို့ ဒို့နိုင်ငံ အစိတ်စိတ်အမွှာမွှာ ပြိုကွဲခဲ့
ရတယ် လွတ်လပ်ရေးရပြီးသည့်တိုင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်
မနေခဲ့ရဘူး၊ ဒို့ဗမာဘုရင်တွေက ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံ
တော်၊ တတိယ မြန်မာနိုင်ငံတော်တွေအဖြစ် စည်းရုံးသိမ်းသွင်းနိုင်ခဲ့တယ်၊
ဒို့ဗိုလ်ချုပ်အောင်ဆန်းက စတုတ္ထ မြန်မာနိုင်ငံတော်အဖြစ် စည်းရုံးသိမ်းသွင်း
နိုင်ခဲ့သလို ခုဒီမိုကရေစီမြန်မာနိုင်ငံတော်အနေနဲ့ ပဉ္စမမြန်မာနိုင်ငံတော်ကြီး
ဖြစ်အောင် သိမ်းသွင်းနေတယ်။ အဲဒါကို တိုင်းရင်းသားပေါင်းစုံက အသိစိတ်
ဓါတ်ရှိရှိ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းပါဝင်သင့်ကြောင်း ရေးသားလိုက်ပါတယ်။"
   အခိုက်တန့်တစ်ခုအတွင်း စိတ်ထဲပေါ်လာသမျှနဲ့ တုန့်ပြန်ရေးချမိတာတွေကတော့ -
"     အကြိုက်ဆုံး စာသားလေးတွေပါ ၊ ဗမာ အမျိုးသားရေးဝါဒီ တစ်ယောက်ရဲ့
ရင်ထဲအသည်းထဲက ထွက်ယိုစီးကျလာတဲ့ စကားတွေဆိုတာ ယုံကြည်ပါတယ် ။
ကူးယူထားပြီး နောင်လာနောက်သားတွေကို စံနမူနာအဖြစ် လေ့လာစေသင့်တဲ့
တစ်ဖက်သတ် အတ္တစကား စစ်စစ်တွေပါပဲ ။

     ဒီမှာတော့ ဝေဖန်ချက် သိပ်မပေးလိုတော့ပါဘူး ။ ကိုယ့်ဆီက ပေါက်ပေါက်
ကျမှ ကိုယ့်သွေး ၊ သူတစ်ပါးလက်က လုယူစားသောက်ရတာမှ နတ်သုဒ္ဓာ ၊ "ငါ့"ရဲ့
အရင်းအမြစ်ကိုမှမသိပဲ "ငါ ငါ ငါ" ဆိုသူမျိုးအတွက်လည်း ပြောလို့ထူးနိုင်မှာ မ
ဟုတ်ပါဘူး ။ အချိန်ရမှသာ ဘလော့ပို့စ်တစ်ခု အနေနဲ့ တစ်စစီ ဆန်းစစ်ပြပါ့မယ် ။

     တစ်ဖက်မှာလည်း "Unknown" ကိုလည်း ကျေးဇူးတင်ပါတယ် ။
     ကေအိုင်အို ၊ ကေအန်ယူ ၊ အက်စ်အက်အေ ဆိုတဲ့ မြင်နေရတဲ့ အဖွဲ့တွေ
ပျက်ပြုန်းသွားတာဟာ ရင်ထဲက အကြိတ်အခဲတွေ ပျောက်သွားတာ မဟုတ်ဘူး
လို့ သဘာဝကျကျ မြင်နိုင်သူတွေ များလာပါမှ ငြိမ်းချမ်းရေးဆိုတာ ရလာမှာပါ ။
အလွယ်ဆုံးနဲ့ အတိုဆုံးတွးကြည့်ရင် - ရလာမှာနဲ့ ပေးဆပ်ရမှာတွေ တန်ရဲ့လား
ဆိုတာ ချင့်ချိန်သင့်ကြပါတယ် ။

     မကြာခင် အချိန်တွေမှာ လက်ရှိ ဗဟိုကထိန်းချုပ်လို့ ခေါင်းပါးနေရတဲ့ အသိ
ပညာပေါင်းစုံနဲ့ ဘက်ပေါင်းစုံက လက်တွေ့သတင်းမှန်တွေလည်း ပြန့်ပွားခွင့် ရှိ
လာမှာပါ ။ အဲဒီအခါကျ တဖက်သတ် သတင်းတွေကြောင့် အမြင်လွဲခဲ့တာတွေနဲ့
ကိုယ့်တစ်ဘို့ထဲ တွေးခဲ့တာတွေဟာ ပြန်ပြင်လို့ မရတော့တဲ့ ဝမ်းနည်းစရာတွေ
အဖြစ်နဲ့ပဲ ကျန်ရစ်ရပါလိမ့်မယ် ။"
~~~~~~~~~~~~~~~~~~~~~~~~

    ဖြစ်နိုင်ရင်တော့ လေးလေးနက်နက်နဲ့ စာလုံးတစ်လုံးစီအထိ ခွဲခြမ်းစိတ်ဖြာကြည့်ချင်ပါတယ် ။
ဒါပေမယ့် စိတ်ထဲမှာ ဝန်လေးနေတာကြောင့် အပိုင်းစတချို့ကိုပဲ ကြည့်ပါမယ် ။

* "နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်တစ်တပ်ဘဲရှီတယ်"  -  နိုင်ငံအများစုမှာ ဟုတ်ပါတယ် ၊ ပြည်သူ
                                                                တွေရဲ့ ဆန္ဒနဲ့အညီ တည်ရှိလာတဲ့ အစိုးရ
                                                                တွေအတွက် မှန်ပါတယ် ။

* "ကျန်လက်နက်ကိုင်တွေကို အမြစ်ပြတ်ခြေမှုန်းပြစ်ရမယ်" - ငယ်စဉ်က အဖြူ-အမဲ ၊ အဆိုး-အ
                                                                          ကောင်း တွေပဲရှိတယ်လို့ နားလည်
                                                                          ထားခဲ့မိတာကို သတိရမိတယ် ။

* "အချုပ်ခြာအာဏာကို ထိပါးတဲ့သူမှန်သမျှ တိုက်ထုတ်ပြစ်ရမယ်" - တရုတ်ဖြူတွေတုန်းကဆို
                                                                                   ဟုတ်ပါတယ် ၊ ခုနေမှာပြော
                                                                                   သူဟာ အိပ်မက်နေသလိုပါ ။

* "လက်နက်လူသူအင်အားမမျှလို့ သူ့ကျွန်ဖြစ်ခဲ့ရတယ်" = "ကချင်ပြည်နယ်ဟာ ဒို့ဗမာဘုရင်
                                                                         တွေရဲ့ လက်အောက်ခံဘဲ" - ထပ်
                                                                         ဖြည့်ပြောစရာ မရှိလှပါ ။

* "ကချင်ပြည်နယ်ဟာ ဒို့ဗမာဘုရင် တွေရဲ့ လက်အောက်ခံဘဲ .... တိုင်းရင်းသားပေါင်းစုံက
အသိစိတ်ဓါတ်ရှိရှိ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းပါဝင်သင့် ... " = "လက်အောက်ခံ တိုင်းရင်း
သားပေါင်းစုံက အလိုက်သိသိ နာခံသင့်တယ်" လို့ပြောရင် ကောင်းမလား ။

 ~~~~~~~~~~~~~~~~~~~~~~~~

       အပေါ်က မှတ်ချက်လေးဟာ အကောင်းဆုံး နမူနာ(classic example)လေးတွေထဲက
ပေါ်လွင်လွန်းတဲ့ စံပြုစရာ အရေးသားတစ်ခုမို့ မှတ်တမ်းတင်ပို့တစ်ခုအနေနဲ့ တင်ဖြစ်တာပါ ။
ဘေးကကြည့်တဲ့သူတစ်ယောက်အနေနဲ့ အမျိုးသားရေးစိတ်ဓါတ် ပိန်းပိန်းပိတ်နေအောင် ဖုံး
နေသူတစ်ယောက်ရဲ့ အမြင်ဆိုတာ ပြောစရာလိုမယ် မထင်ပါ ။ ရိုင်းရိုင်းပြောတော့ မုဒိမ်းကျင့်
မယ်လုပ်တာကို အဝတ်တွေ အဆင်သင့်ချွတ်မထားတာကြောင့် အပြစ်ရှိတယ်လို့ ပြောတာနဲ့
အလားသဏ္ဍာန် တူနေပါတယ် ။

   ဒီလိုစိတ်ထားရှိသူတွေ ဗမာတွေထဲမှာ အများကြီးရှိတယ်ဆိုတာ တိုင်းရင်းသားတွေအနေနဲ့
မသိဘူးရယ်လို့ မရှိပါ ။ ဒါပေမယ့် သူတို့ကို ရှေ့တန်းတင်ရင် ဘာမှ အလုပ်ဖြစ်မှာ မဟုတ်တာ
ကြောင့် မမေ့ပေမဲ့ မသိသလို လုပ်နေကြရတာပါ ။

   အခြားတစ်ဖက်မှာလည်း တွေးစရာ ထည့်တွက်စရာတွေ ရှိပါတယ် ။
   တလောက မြန်မာပြည်နဲ့ အဆက်သွယ်ရတော့ မိတ်ဆွေတစ်ယောက်က လက်ရှိငြိမ်းချမ်း
ရေးဆွေးနွေးပွဲတွေမှာ "ကေအိုင်အိုက ခေါင်းမာနေတာကိုး" လို့ ပြောပါတယ် ။ (ဘာလို့ ခေါင်း
မာနေရသလဲဆိုတာတော့ သူလည်းမသိဘူး) ။ ဒီလိုစကားမျိုးတွေ အင်တာနက်ပေါ်မှာလည်း
အသုံးများနေကြတာ မြင်နေရတယ် ။ အတိုချုပ်က မြန်မာပြည်တွင်းက လူအတော်များများရဲ့
အမြင်ကို ထင်ဟပ်နေတယ်လို့ ပြောနိုင်ပါတယ် ။ တစ်နည်းအားဖြင့် တစ်ဖက်သတ် သတင်း
တင်ပြမှုတွေက သက်ရောက်မှု အများကြီးရှိနေတယ်လို့ ပြောလို့ရတယ် ။

   တစ်ဆက်ထဲမှာလည်း နိုင်ငံပြင်ပက အမြင်တွေကို ထင်ဟပ်တဲ့ ဗီအိုအေနဲ့ ဘီဘီစီလိုသ
တင်းတွေကို ရိုဟင်ဂျာမုန်းတီးရေးနဲ့ ပြန်အထောက်ခံထားရတယ် ။ တိုင်းရင်းသား အဖွဲ့တွေ
ရဲ့ အမြင်နဲ့ အနေထားတွေဟာလည်း လူတွေဆီရောက်အောင် သိပ်မလုပ်နိုင်ကြဘူး ။ တန်
ပြန်မှုတွေ ထိထိရောက်ရောက် မရှိဘူး ၊ တစ်ဖက်သတ် မီဒီယာစစ်ပွဲကို မြင်နေရတယ် ။

   မနေနိုင်သူ ကိုယ်ကလည်း ပါလာရတော့မယ် ။ မရေးချင် မပြောချင်တာတွေတချို့ကို
လည်း ပြောရရေးရတော့မယ် ။ ပွဲဆူ ရေနောက်တာကို ကြိုက်လို့မဟုတ်ပဲ ဝင်ကရတော့
မယ် ။ ဒါပေမယ့် ဘယ်လိုပြောပြော ကျင့်ဝတ်နဲ့ အကန့်အသတ်တွေတော့ ထားရသေးတာ
ပါပဲ ။

   ပို့စ်ခေါင်းစဉ်ကို ပြန်ကောက်ရအောင် ။
   ဘာလို့သတ်စရာတွေ အများကြီးရှိရမှာလဲ ၊ မေးချင်စရာ ဖြစ်ကောင်းဖြစ်မယ်  ။
   အပေါ်က မှတ်ချက်လို သဘောထားရှိသူတွေ များနေသမျှ ကာလပတ်လုံး ၊ တစ်နည်း
အားဖြင့် တိုင်းရင်းသား (သို့) လူနည်းစု အဖွဲ့စည်းတွေနဲ့ ဆက်ဆံရာမှာ အာဏာနဲ့ လုပ်ပိုင်
ခွင့်ချုပ်ကိုင်ထားသူတွေကနေ သူတို့ရဲ့ အမြင်နဲ့ ရပ်တည်ချက်တွေကို အလျှော့အတင်း မ
လုပ်နိုင်မချင်းတော့ လူနည်းစုနဲ့ အားနည်းသူတွေကတော့ ပေးဆပ်စရာ အသက်ပဲ ရှိကြ
တော့တာကြောင့်  ဒီခေါင်းစဉ်ကို ရွေးလိုက်တာပါ ။

   ပြည်မစစ်သားတွေလည်း လူတွေပါပဲ ၊ သူတို့လည်း သားမယားဆွေမျိုးတွေ ရှိပါတယ် ၊
တန်ဖိုးထားသင့်ပါတယ် ၊ စားဝတ်နေရေးကအစ ထည့်တွက်ပေးသင့်ပါတယ် ၊ စစ်ရေးစစ်
ရာနဲ့ အခြားပေးဆပ်ရတဲ့ တန်ဖိုးတွေဟာ ရလာမယ့် အကျိုးမြတ်တွေနဲ့ ကာမိလို့ စစ်ကိုပဲ အ
သည်းအသန် သွားတိုက်နေရတာလား ။ အခြားနည်းလမ်း မရှိတော့ဘူးလား ၊ အင်အားကြီး
သူဖက်က လုံးဝလျှော့လို့ မရတော့ဘူးလား ။ "လား" ပေါင်းများစွာနဲ့ ပြောစရာတွေ အများ
ကြီး ဆွဲထုတ်လို့ရပေမယ့် ကျောက်တောင်ကို ကြက်ဥနဲ့ပစ်သလိုပဲ ဖြစ်နေမှာဆိုတော့ အ
ရှည်မချဲ့တော့ပါဘူး ။

   အောက်မှာကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပြီးတာတောင် ပြည်မစစ်တပ်ရဲ့ စိတ်ထဲမှာစွဲနေ
သေးတဲ့ စိတ်ထားကို ထင်ဟပ်တယ်လို့ ပြောနိုင်တဲ့ ပုံကလေးတွေပါ ။ အချို့လည်း အတုလို့
ဆိုချင်ကြပါတယ် ။ အစစ်လို့ အာမ မခံပေမယ့် လက်ရှိအနေထားကို ငုံကြည့်ရင် ဖြစ်နိုင်ချေ
ဖက်က ပိုများတယ်လို့ ဆိုနိုင်ပါတယ် ။ ပြီးတော့ စိတ်ဝင်စားစရာ တွေးစရာ လင့်တစ်ခုလည်း
ထည့်ပေးလိုက်ပါတယ် ။ 

ဘုရားသုံးဆူတွင် ပြန်ပေးဆွဲမှုဖြစ်ပွား

မေလ ၉ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့အတွင်း လူထု ၇ဦးကို ပြောက်ကျားဝက်စုံ ၀တ်ဆင်ထားသည့် အမည်မသိ သေနတ်သမားတစုက ယမန် နေ့ည ၉နာရီ၌ ပြန်ပေးဆွဲခဲ့သည်ဟု မျက်မြင်သက်သေ မြို့ခံများက ပြောသည်။
အဆိုပါ ပြန်ပေးသမားများက ရပ်ကွက်(၂) ငုဝါလမ်းထိပ်ရှိ ထမင်းဆိုင်တဆိုင်တွင် အမျိုးသား ၅ယောက်နှင့် အမျိုးသမီး ၂ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဘုရားသုံးဆူမြို့ရှိ အစိုးရနှင့် နီးစပ်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“မြို့ထဲဝင်ပြီးတော့ ပြန်ပေးဆွဲတာ။ ပြောက်ကျားဝတ်စုံနဲ့ ၀တ်ထားတဲ့သူပဲ။ သုံးယောက်ကတော့ သေနတ်အရှည် ၃လက် ကိုင်ထားတယ်။ ဆိုင်ရဲ့ အပြင်ဘက်မှာတော့ ၂ယောက် စောင့်တယ်။ ပြန်ပေးဆွဲခံရသူကတော့ ခုနှစ်ယောက်။ မနေ့ညက အမျိုးသမီးတစ်ယောက် ထွက် ပြေးလွတ်လာတယ်။ ဒီမနက် အမျိုးသားတစ်ယောက် ထွက်ပြေးလွတ်လာတယ်။”ဟု သူက ပြောသည်။
လက်ရှိ ပြန်ပေးသမားများက ပြန်ပေးခံထားရသည့် လူ ၅ဦး၏ ဆွေမျိုးများထံတွင် ထိုင်းဘတ်ငွေ ၅သိန်းဖြင့် ပြန်ရွေးရန် ဖုန်းဖြင့် ဆက် သွယ်အကြောင်းကြားထားသည်ဟု သူက ဖြည့်စွက်ပြောဆိုသည်။
ယခုလ ၆ရက်နေ့က ဘုရားသုံးဆူမြို့၏ လောင်းကစားဆိုင်များတွင် ပန်းသီးပုံး(လောင်းကစားပစ္စည်းတမျိုး) ၈လုံးကို လောင်းကစားဆိုင် ၌ ရှုံးနိမ့်သူ ကစားသမားတဦးက ရိုက်ခွဲဖျက်ဆီးပြီးနောက် ထိုသို့ ပြန်ပေးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ယမန်နေ့က အခင်းဖြစ်ပွားပြီး မကြာခင်တွင် မြို့တွင်း ရဲစခန်းသို့ တိုင်ကြားထားမှုများကြောင့် ရဲများက ထိုပြန်ပေးဆွဲအမှုကို လိုက်လံစုံစမ်း နေဆဲဖြစ်ပြီး ပြန်ပေးသမားများသည် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာနယ်မြေဘက်သို့ ထွက်သွားခဲ့ကြောင်း ဘုရားသုံးဆူမြို့ခံ မျက်မြင် သက်သေများက ပြောဆိုနေကြသည်။
ဘုရားသုံးဆူဂွင်တွင် လက်နက်ကိုင်တပ်ဖွဲ့ အများအပြားရှိသော်လည်း မြို့ခံလူထု၏ အကျိုးစီးပွားကို မကြည့်ဘဲ ကိုယ်ကျိုးစီးပွားကိုသာ ရှာသည့်အဖွဲ့သာ များကြသလို ယင်းပြန်ပေးမှုကြောင့် ဘုရားသုံးဆူမြို့လူထုမှာ စိုးရိမ်ထိတ်လန့်နေကြသည်။
မြို့ခံတဦးက “မြို့ကလူတွေ တော်တော် စိုးရိမ်ထိတ် လန့်နေကြတယ်။ အထူးသဖြင့် ပိုက်ဆံ(ငွေ) နည်းနည်းရှိတဲ့သူတွေ ပို စိုးရိမ်ကြ တယ်။”ဟု ပြောသည်။
ဘုရားသုံးဆူမြို့တွင် အစိုးရစစ်တပ်၊ ရဲ၊ ပြည်သူ့စစ်၊ မြို့လုံခြုံရေးအပါအ၀င် မွန်ပြည်သစ်ပါတီ-NMSP၊ နယ်ခြားစောင့်တပ်-BGF, ကရင် ငြိမ်းချမ်းရေးကောင်စီ-KNU/KNLA နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တို့ လှုပ်ရှားသွားလာလျှက်ရှိပြီး ပြန်ပေးဆွဲမှု များ မကြာခဏ ဖြစ်ပွားလေ့ရှိသည်

သူ့မယားလိုချင်လျင် သူ့လင်ကို လှံနဲ့ထိုး


By (မင်းစိုးစံ)
May 08 2012

ခေါင်းစည်းကတော့ နည်းနည်းရိုင်းတယ်။
အခုအခြေအနေက ဒီခေါင်းစည်းနဲ့ပဲ ထိုက်တန်ပြီး သင့်တင့်လျှောက်ပတ်တယ်။
သူ့မယားလိုချင်လို့ သူ့လင်ကို လှံနဲ့ထိုးနေတာ ဘယ်သူလဲဆိုတာကိုတော့ ကျုပ်လည်းမသိပါဘူး။

မကွယ်မ၀ှက်ပြောကြစတမ်းဆိုလျင် အမတ်ကြီးလက်ဝဲသုန္ဓရ ရေးထားတဲ့ အမျက်ဖြေလင်္ကာတွေထဲက တပိုင်း တစလိုပါပဲ သူတည်းတစ်ယောက် ကောင်းဘို့ရောက်မူ သူတယောက်မှာ ပျက်လင့်ကစာ ဓမ္မတာတည်း ဆိုသ
လိုပေါ့။

ထိုင်းနိုင်ငံရဲ့ စီးပွါးရေးတိုးတက်ဖွံ့ဖြိုးဘို့အတွက် ကျုပ်တို့ ကရင်လူမျိုးတွေရဲ့ ဘ၀တွေ၊ အသက်တွေ၊ ချွေးတွေ
သွေးတွေ၊ ကိုယ်ခန္ဓာ အစိပ်အပိုင်းတွေ၊ အသွေးအသားတွေ၊ မျက်ရည်တွေ မရေမတွက်နိုင်အောင်ပေးဆပ်ခဲ့
ကြရတယ်။
ယုံရဲ့လား။

ကျုပ်ဖြတ်သန်းလာခဲ့ရတဲ့ ကာလတခုတည်းမှာပဲ မှတ်မိသလောက်ဆို မနည်းမနောပါ။
လွန်ခဲ့တာတွေကို ပြောချင်လို့မဟုတ်ပါဘူး၊ ပြောလိုက်လျင် ကျုပ်တို့တတွေရဲ့ ပျက်ဆီးသွားခဲ့ရတဲ့ ဘ၀တွေ၊ ထိုင်းမြေပေါ်မှာကျခဲ့တဲ့ သွေးတွေ၊ မျက်ရည်တွေ၊ ဆုံးရှုံးခဲ့ရတဲ့ အသက်တွေ၊ ကိုယ်အင်္ဂါအစိပ် အပိုင်းတွေ
ပြန်ပြီးအသစ်ဖြစ်လာစရာ ရှင်သန်လာစရာမရှိတဲ့အပြင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့ အဖြစ်မျိုးကလွဲပြီး ဘာမျှထူးခြားမလာပါဘူး။

မဲဆောက်ကနေ ဘန်ကောက်ကိုသွားတဲ့ လမ်းကြောင်းတစ်လျှောက် အသွေးအသားတွေပေးဆပ်လိုက်ရတဲ့
မြန်မာနိုင်ငံရဲ့ သမီးကောင်းရတနာလေးတွေ ဘယ်လောက်များခဲ့သလဲ၊ အစားအသောက်ထုတ်လုပ်တဲ့ စက်ရုံ
တွေမှာ အသက်ဆုံးရှုံးခဲ့ကြရသူတွေ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားခဲ့ကြရသူတွေ စာရင်းပြုစုထားတာမရှိပါဘူး။
များမှများ၊ ဘာလျော်ကြေးမျှ မရပါဘူး။

အိမ်ဖေါ်မလေးတွေ အိမ်ရှင်ထီးရဲ့ သားမယားပြုကျင့်မှုကြောင့် ကိုယ့်ကိုယ်ကို သတ်သေသွားကြတာ ကြားဘူး
ပါသလား။
သူ့လင်ယောက်ျားက ကိုယ့်ကိုသားမယားပြုကျင့်လို့ဆိုပြီး ဇနီးဖြစ်သူရဲ့အကူအညီရကောင်းရဲ့ဆိုပြီး သွားပြောမိ
လျင်  
ငါ့ယောက်ျား အပြင်မှာသွားပျော်လျင် ပိုက်ဆံလည်းကုန်တယ် ရောဂါလည်းကြောက်ရတယ် အခန့်မသင့်
လျင် အငယ်မယားတွေနဲ့ ဝေစုခွဲရတတ်တယ်၊ ဒါကြောင့် နင်တို့ကို အခုလို ငှားထားတာပေါ့ မုနော်
လို့ အပြောခံခဲ့ရတဲ့ ကရင်မလေးတွေ ဘယ်လောက်ရှိခဲ့သလဲ၊

လိင်ဖျော်ဖြေရေးလုပ်ငန်းမှာ အလိုမတူပဲ အတင်းအကြတ် ရောင်းစားခံရတဲ့မိန်းကလေးတွေကို လုပ်အားခ မပေးတာတွေ၊ စိုက်ပျိုးရေးလုပ်ငန်းခွင်မှာ ရစရာရှိတဲ့လုပ်အားခတောင်းမိလို့ အသတ်ခံရတဲ့ မြန်မာနိုင်ငံသား
တွေ၊ ကျည်ဆံယူမလား ဒီအတိုင်းပြန်မလား ဆို တဲ့နာကျည်းစရာအစော်ကားခံခဲ့ရမှုတွေ၊ အဲဒါတွေအားလုံး
ဟာ ထိုင်းနိုင်ငံစီးပွါးရေးတိုးတက်ဘို့အတွက် ကျုပ်တို့တတွေ လူမသိသူမသိ ပေးဆပ်ခဲ့ရတဲ့ အချက်တွေထဲ
က အသေးအဖွဲ ကိစ္စလေးတွေပါ။

၁၉၈၀ မတိုင်မှီတုန်းက ကော်မူးရာနဲ့ မဲဆောက်ကြား ကားလမ်းပေါ်မှာ အသတ်ခံခဲ့ရတဲ့ ကရင်သူဌေးတွေ ဘယ် လောက်ရှိခဲ့သလဲ၊ ဓါးပြတိုက်ခံရလို့ ငွေကြေးဆုံးရှုံးခဲ့ရတဲ့ ကရင်ကုန်သည်တွေဘယ်လောက်ရှိခဲ့သလဲ၊
အခု အင်မတန်ခန့်ညားထည်ဝါတဲ့ မဲဆောက်မြို့ဆိုတဲ့နေရာမှာ အဆောက်အဦးတွေဆောက်ဖြစ်ဘို့ မြေကြီး
တွေ ဘယ်ကရတယ်ထင်သလဲ။

မဲဆောက်ဆိုတာ အလျင်တုန်းက ရေအိုင်တွေရေကန်တွေနဲ့ပြည့်နှက်နေတာပါ၊ကျုပ် တို့ ကန်ဇွန်းရွက်စားချင်
လျင် ၀ယ်စားဘို့မလိုပါဘူး မဲဆောက်ကရေအိုင်တွေမှာ သွားခူးစားပါတယ်။
ရန်ကုန်က ကမာရွတ်လိုနေရာမျိုးနဲ့တူတဲ့ မဲဆောက်မှာ တချိန်တုန်းက ရေအိုင်တွေချည်းပဲဆိုတာ ဘယ်သူယုံ
မှာ လဲ၊ အဲဒီလို အစစအရာရာ အရာရာအစစ ပေးဆပ်ခဲ့ရတဲ့အတွက် အခုဆိုလျင် မဲဆောက်မြို့ကြီးဖြစ်လာခဲ့
သလို ထိုင်းနဲ့ မြန်မာအတွက် စီးပွါးရေးအချက်အခြာကျတဲ့ ခန်းနားထည်ဝါတဲ့ နယ်စပ်မြို့တမြို့ဖြစ်လာခဲ့ပါပြီ။

ထိုင်းသူဌေးတွေက ကျုပ်တို့ကရင်တွေကို သူတို့လုပ်ငန်းတွင်ကျယ်ဘို့အတွက် ရေခဲဗူးတွေထဲမှာ ယာမား (မြင်းဆေး) နဲ့ ရေကို စိမ်ပြီးတိုက်လေ့ရှိပါတယ်၊ ဆံပြုတ်တွေထဲ ထည့်ကျွေးပါတယ်၊ အဲဒီလိုနည်းနဲ့ ကရင်
တွေရဲ့ ဘ၀ ကို ဖျက်ဆီးပစ်ခဲ့တာပါ။
ယာမား ဆိုတာဗမာလို မြင်းဆေးလို့ခေါ်ပြီး ကရင်လို သီးက်ုသှေ် လို့ခေါ်ပါတယ်၊ အဲဒီကနေ ယာဘါ့ ဆိုပြီးဖြစ် လာတော့ ဗမာလို အရူးဆေးလို့ခေါ်ပြီး ကရင်လို သီးဆု္ဖႜဴၟ လို့ခေါ်ပါတယ်။

အဲဒီတော့ မြင်းဆေးကြောင့်ဘ၀ပျက်ပြီး လမ်းဘေးရောက်နေတဲ့ ကရင်တစ်ယောက်ပြောတာက မဲဆောက်မြို့
ဆိုတာ ငါ့ပိုက်ဆံနဲ့တည်ထားတဲ့ မြို့ကွ တဲ့။
သူငယ်ငယ်လေးထဲက မဲဆောက်ကို ရောက်နေခဲ့တာကိုး။

ကရင်ကုန်သည်တွေကို ထိုင်းကားသမားနဲ့ ထိုင်းပုလိပ်တို့ပေါင်းပြီး ငွေညှစ်တာကြောင့် ကရင်ကုန်သည်တွေ ဘယ်လို ဘ၀ပျက်ခဲ့ရသလဲဆိုတာ ရေးပြရဦးမလား၊ ထိုင်းက အသိအမှတ်ပြုထားတဲ့ လက်မှတ်ကိုကိုင်ထား လျက်က မဲပ ပုလိပ်ဂိတ်မှာ ငွေပေးခဲ့ရတာတွေ၊ ဆိုင်ကယ်နဲ့ပုလိပ်ကို ငွေပေးရတာတွေ၊အဲဒါတွေကြောင့် ကရင် အမျိုးသားစီးပွါးရေးသမားတွေလက်ထဲက အ၀ယ်သမားတွေထိုင်းလက်ထဲ ရောက်ကုန်ပြီး ကရင်စီးပွါးရေးသမား အတော်များများ ထိုင်းတပည့်ဖြစ်သွားရတာတွေ။
ကျုပ်တို့ကရင်တွေကို နာလန်မထူနိုင်အောင် ထိုင်းတွေရဲ့ နည်းပေါင်းစုံနှိပ်ကွပ်ပုံတွေကတော့ မေ့လို့မရနိုင်တဲ့ တကယ့် အဖြစ်အပျက်တွေပါ၊
အဲဒီအကြောင်းအရာတွေက ကျုပ်တို့အခုပြောပြောနေတဲ့ ဒုက္ခသည်စခန်းဆိုတာ မပေါ်သေးခင်ကာလက အဖြစ်အပျက်တွေပါ။

ထိုင်းမြန်မာနယ်စပ် တိုက်ပွဲတွေအရှိန်မြင့်လာတဲ့အခါမှာတော့ ဒုက္ခသည်စခန်းထဲကို ၀င်လာပြီး၊ သူတို့သတ် ချင်တဲ့လူကို ခပ်တည်တည် ပစ်ခတ်သတ်ဖြတ်သွားတာတွေ၊ အဲဒီအချိန်တုန်းက UNHCR ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက တာဝန်ယူတဲ့ကာလမဟုတ်သေးသလို ထိုင်းကလည်း စစ်ဘေးဒါဏ်
ကြောင့် ခေတ္တ၀င်ရောက်ခိုလှုံနေသူများ လို့သာသတ်မှတ်ထားတဲ့ကာလပါ။

စခန်းထဲကနေ မဲဆောက်ကိုသွားမယ်ဆိုလျင် ထိုင်းနယ်ခြားစောင့်တပ်(အောစော်)ကို ဘတ်တဆယ်ပေးမှ သွား ခွင့်ရှိတာမျိုးတွေ၊ နေ့စားအလုပ်လုပ်ဘို့ ခွေးတိုးပေါက်က ထွက်လို့ဆိုပြီး နားရင်းတီးခံရတဲ့ ကရင်ဒုက္ခသည်တွေ၊ အဲဒီလို လူ့ဂုဏ်သိက္ခာမဲ့စွာနဲ့ ညှိုးညှိုးငယ်ငယ် နေထိုင်လာခဲ့ကြရတဲ့အပြင် ဘန်ကောက်မှာ ရိုးရိုးကုတ်ကုတ် လုပ်ကိုင်စားသောက်ဘို့ ထွက်သွားကြတဲ့ ကရင်မိန်းကလေးငယ်တွေထဲက ကံဆိုးတဲ့မိန်းကလေး တချို့ဆိုလျင် လည်း လိင်စိတ်ကြွဆေးတွေကျွေးပြီး လူမှန်းသူမှန်းမသိဖြစ်လာတော့မှ ဒုက္ခသည်စခန်းထဲ မှောင်ရိပ်ခိုလာချ သွားလို့ အပေါ်ပိုင်းဗလာကျင်းနေတဲ့ကိုယ်ခန္ဓာနဲ့ မိုးရေထဲလျှောက်ပြေးနေရှာတဲ့ မိန်းကလေးငယ်လေးရဲ့ အဖြစ်
က ကြည့်ရက်စရာကိုမရှိပါဘူး။
(HIV ဝေဒနာသည် မိန်းကလေးတစ်ယောက်ပြောပြခဲ့တဲ့ အတွေ့အကြုံကို အဆင်သင့်တဲ့တနေ့ ရေးပြပါဦးမယ်)

ဒါတွေကိုပြန်ရေးပြရတာကတော့ RFA မြန်မာပိုင်းဌာနက ဦးတင်အောင်ခိုင်နဲ့ DKBA ဗိုလ်ချုပ်စောလားပွယ် တို့ ဆက်သွယ်မေးမြန်းခန်းက ဖြေသွားတဲ့အဖြေတခုကြောင့်ဖြစ်ပါတယ်။

သူတို့ဘာ့ကြောင့်အခုလိုစွပ်စွဲတယ်လို့ထင်သလဲခင်ဗျ 

အဲဒါ စီးပွါးရေးအရပေါ့ ကရင်ပြည်နယ်ကရှိတဲ့ သယံဇာတရော စိမ်းလန်းစိုပြေတဲ့ သဘာဝပတ်ဝန်းကျင်တွေကို သူတို့လိုချင်လို့ အခုလိုစွပ်စွဲတာလို့ ကျနော်မြင်တယ်။
ဟုတ်သည် မဟုတ်သည် ဖြစ်နိုင် မဖြစ်နိုင် ဆိုတာကတော့ ကာယကံရှင်တွေအသိဆုံး။
ကျုပ်သိရတဲ့ အချက်တစ်ချက်ကတော့ တပ်မဟာ ၆ ခွင်(ဂွင်)ထဲမှာ အဘိုးတန်သတ္တုတွေထဲက တခုဖြစ်တဲ့ ယူရေနီယံဓါတ်သတ္တုသိုက် ရှိတယ်လို့ဆိုပါတယ်။

ဗိုလ်ချုပ်စောလားပွယ်ဦးဆောင်တဲ့ ကလိုထူးဘော ကရင်အစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူး စောဂုဏ်
အောင် နဲ့ ဘီဘီစီ မြန်မာပိုင်းဌာနက သတင်းထောက်ဦးကိုကိုအောင်တို့ ပြောဆိုကြတဲ့အထဲက ပြောသွားတာ တခုက

ကျနော်တို့ဗမာပြည်မှာ ဖြစ်လေ့ဖြစ်ထရှိနေတဲ့အခြေအနေတွေက တခါတရံမှာ ဒီလူတစ်ယောက်ကို ဟုတ်လား ရှင်းပစ်ချင်တာမျိုး ဒီလူတစ်ယောက်ကို နာမည်ပျက်စေချင်တာမျိုး ဖြစ်လာတဲ့အခါမျိုးမှာ ပွင့်ပွင့်လင်းလင်းပြော ရလျင် တရားခံဖြစ်သွားအောင် ဒီလိုနည်းမျိုးတွေနဲ့လုပ်တဲ့ အခြေအနေတွေ အများကြီးရှိတယ်ဆိုတဲ့ဥစ္စာလည်း 
ဒါ ဗမာပြည်သူပြည်သားတိုင်းသိရှိကြပါတယ်ခင်ဗျား။ 

အဲဒီစကားလုံးတွေကို ထောက်ခြင်းဖြင့် သူ့မယားကိုလိုချင်လျင် သူ့လင်ကိုလှံနဲ့ထိုးဆိုတဲ့ စကားမျိုးကို လက်တွေ့ ဖန်တည်းနေတာများလားဆိုတာ တွေးစရာကောင်းလှပါတော့တယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဗိုလ်နှုတ်ခမ်းမွှေးကို ဖမ်းဆီး လွှဲပြောင်းရယူနိုင်ရန် ထိုင်း ဒု ၀န်ကြီးချုပ် မြန်မာနိုင်ငံကို သွားမည်

 
 ၂၀၁၂ မေလ ၈ ရက်နေ့ ထိုင်းနိုင်ငံသတင်းများတွင် “ထိုင်း မူယစ်ဆေးဝါး အရာရှိတွေနဲ့ မြန်မာအာဏာပိုင်တွေရဲ့ ဆွေးနွေးမှု အဆင်မပြေ ဖြစ်ရင် မူးယစ်ဆေးဝါး ထုတ်လုပ်သူလို့ ထိုင်းနိုင်ငံက သံသယရှိနေတဲ့ ဗိုလ်နှုတ်ခမ်းမွှေးကို ဖမ်းဆီး လွှဲပြောင်း ရယူနိုင်ရန်အတွက် မြန်မာနိုင်ငံကို သွားရောက်နိုင်ရန် ပြင်ဆင်မှာဖြစ်ကြောင်း ထိုင်း ဒု ၀န်ကြီးချုပ် ချလုံ ယူဘမ်ပရုန်း (Chalerm Yubumrung) က ပြောကြားလိုက်တယ်“ လို့ ဖော်ပြထားပါတယ်။ အခု ပြောကြားချက်ဟာ ထိုင်း မူးယစ်ဆေးဝါး ထိမ်းချုပ်မှု အဖွဲ့က ဧပြီ ၂၀ ရက်နေ့တွင် ထုတ်ပြန် ကြေငြာခဲ့တဲ့ မူးယစ်ရာဇာ ၂၅ ဦး စာရင်းမှာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (ဒီကေဘီအေ) ခေါင်းဆောင် ဗိုလ်ချုပ် စောလှဘွယ် (ခ) ဗိုလ်ချုပ် နှုတ်ခမ်းမွှေးအမည် ပါဝင်ခဲ့ပြီး ထိုကိစ္စနဲ့ ပတ်သက်လို့ ဒီကေဘီအေဘက်က သတင်းစာရှင်းလင်းပွဲ ပြန်လည် ပြုလုပ်ပြီးနောက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်ပါတယ်။ ထိုင်း အစိုးရရဲ့ ကြေငြာချက်နဲ့ ပတ်သက်ပြီး ထိုင်းတာဝန်ရှိသူတွေအနေနဲ့ ဒီကေဘီကေ ထိမ်းချုပ်ရာဒေသက သံသယရှိတယ်ဆိုတဲ့ နေရာတွေကို ၀င်ရောက် ရှာဖွေနိုင်ကြောင်း ဗိုလ်ချုပ်နှုတ်ခမ်းမွှေးဘက်က ဖိတ်ခေါ်ခဲ့ပါတယ်။ သို့သော်လည်း ထိုင်း အစိုးရဘက်က တုန့်ပြန်ခြင်း မရှိတဲ့နောက် မေလ ၁ ရက်နေ့တွင် ဒီကေဘီအေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ထိုကိစ္စမှတဆင့် ထိုင်း မြန်မာ နယ်စပ် ဆက်ဆံရေးကို ထိခိုက်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။ ထို့အပြင် စွတ်စွဲမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ မူးယစ်ဆေးဝါးဆိုင်ရာ အဖွဲ့များ လာရောက် လေ့လာ ကြည့်ရှုဖို့ ဖိတ်ခေါ်မယ်လို့လည်း ဒီကေဘီအေဘက်က ပြောပါတယ်။ ထိုင်းအာဏာပိုင်တွေရဲ့ ကန့်သတ်မှုကြောင့် ထို သတင်းစာရှင်းလင်းပွဲကို ထိုင်း မီဒီယာ အများအပြား တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ထို့နောက်မှာ ဒီကေဘေအေက သူတို့ ထိမ်းချုပ်ထားတဲ့ ထိုင်း မြန်မာနယ်စပ်ဂိတ်များကို ပိတ်ပစ်လိုက်ပါတယ်။ ထိုင်းနိုင်ငံဘက်က ဗိုလ်ချုပ်နှုတ်ခမ်းမွှေးကို ဖမ်းမိရင် ဆုငွေ ဘတ် တသန်းပေးမယ်လို့ ကြေငြာထားပြီး ချက်ခြင်း လက်ငင်း ထိရောက်တဲ့ အရေးယူမှုတွေ မလုပ်ရင် ထိုင်းနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါးပြဿနာကို အမြစ်ဖြတ်ပစ်ဖို့ကိစ္စဟာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူးလို့ ထိုင်း ဒု ၀န်ကြီးချုပ်က ပြောဆိုထားပါတယ်။ ဒီကေဘီအေ ထိမ်းချုပ်ရာဒေသ ထိုင်း မြန်မာနယ်စပ်အနီး ထိုင်းဘက်ခြမ်းတွင် ၂၀၀၃ ခုနှစ်က ဖမ်းဆီးမိတဲ့ စိတ်ကြွဆေးပြား ၉.၄ သန်းနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်နှုတ်ခမ်းမွှေးကို အခုလို ဆုငွေထုတ်ကာ ဖမ်းဆီးဖို့ ကြေငြာခြင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်နှုတ်ခမ်းမွှေးအဖွဲ့ဟာ မြန်မာအစိုးရက နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ ဖိအားပေးခြင်းကို ငြင်းဆန်တဲ့ ဒီကေဘီအေအဖွဲ့ ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ မြ၀တီမြို့ကို ခေတ္တ သိမ်းပိုက်ခဲ့သူများလည်း ဖြစ်ပါတယ်။ ထို့နောက်ပိုင်း မြန်မာအစိုးရတပ်များနဲ့ ဗိုလ်ချုပ်နှုတ်ခမ်းမွှေးတို့ရဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (ဒီကေဘီအေ) တပ်များအကြား ကာလအတန်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြပါတယ်။ ကရင်အမျိုးသား တပ်မတော်က ခွဲထွက်ခဲ့တဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (ဒီကေဘီအေ) တပ်များနဲ့ မြန်မာစစ်အစိုးရတို့ ငြိမ်းချမ်းရေး ရယူခဲ့ပြီးနောက် ဒီကေဘီအေ ထိမ်းချုပ်ရာဒေသများတွင် မူးယစ်ဆေးဝါးများ ထုတ်လုပ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။ ထို ထုတ်လုပ်မှုဟာ မြန်မာအစိုးရရဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ သဘောတူခဲ့တဲ့ ဒီကေဘီအေ တပ်မှူးများက ထုတ်လုပ်တာလား၊ ဒါမှမဟုတ် ဘယ်သူ ထုတ်လုပ်တာလဲဆိုတာကတော့ သေချာ ရေရာ မသိသေးပါဘူး။ ဗိုလ်ချုပ်နှုတ်ခမ်းမွှေးတပ်များဟာ နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ သဘောမတူခဲ့သလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံကြောင်း ပွင့်ပွင့်လင်းလင်း ပြသတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတခု ဖြစ်တဲ့အတွက် သဘောထားတင်းမာတဲ့ မြန်မာအာဏာပိုင်များက ထိုင်းအစိုးရကို တဖက်လှည့်နဲ့ ဗိုလ်ချုပ်နှုတ်ခမ်းမွှေးကို ဖမ်းဝရမ်း ထုတ်စေတာလားဆိုတာကလည်း စဉ်းစားစရာ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်စဉ်များအရ အတိမ်းအစောင်းမခံနိုင်တဲ့ အခုအချိန်မှာ ဗိုလ်ချုပ်နှုတ်ခမ်းမွှေးကို ထိုင်းဘက်က ဆုငွေထုတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံရေး ပြဿနာများ ဖြစ်လာမှာကိုတော့ စိုးရိမ်နေကြရဆဲ ဖြစ်ပါတယ်။

၂၀၁၀ X2O မဏ္ဍပ် ဗုံးကွဲမှုဖြင့် စွပ်စွဲခံရသူကို သေဒဏ်ချလိုက်

Tuesday, 8 May 2012


ချင်းမိုင် (မဇ္ဈိမ) ။        ။ ၂၀၁၀ ခုနှစ် ရန်ကုန်သင်္ကြန် X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ရဲ၏ တရား စွဲဆိုခြင်း ခံခဲ့ရသူ ကိုဖြိုးဝေအောင်ကို သေဒဏ်နှင့် တသက်တကျွန်း ပြစ်ဒဏ်များ အပါအဝင် ထောင်ဒဏ်များကို တပေါင်းတည်း ကျခံစေရန် အင်းစိန်ထောင် တရားရုံးမှ အင်္ဂါနေ့တွင် အမိန့်ချမှတ်လိုက်သည်ဟု ကိုဖြိုးဝေအောင်၏ ရှေ့နေ ဦးကျော်ဟိုး က မဇ္ဈိမကို ပြောသည်။

ကိုဖြိုးဝေအောင်ကို ချမှတ်သည့် ပြစ်ဒဏ်များမှာ ကြိုတင်ကြံစည် လူသတ်မှုကို အားပေးသည့် အမှုအတွက် သေဒဏ်၊
ဖေါက်ခွဲမှုကို အားပေးသည့်အမှုအတွက် ထောင်ဒဏ် တသက်တကျွန်း၊ အပြင်းအထန် နာကျင်စေမှုကို အားပေးသည့် အမှုအတွက် ထောင်ဒဏ် ၁ဝ နှစ်၊ မတရားသင်းနှင့် ဆက်သွယ်မှုအတွက် ထောင်ဒဏ် ၃ နှစ်၊ နိုင်ငံအတွင်း တရားမဝင်
ပြန်လည်ဝင်ရောက်လာမှုအတွက် ထောင်ဒဏ် ၃ နှစ်တို့ ဖြစ်သည်ဟု ဦးကျော်ဟိုးက ပြောသည်။

“အဲဒီအမှုတွေကို တပေါင်းတည်း ပေါင်းပြီးတော့ ကျခံစေ ဆိုပြီးတော့ သေဒဏ် ချထားတယ်” ဟု ဦးကျော်ဟိုး က ပြောသည်။

အင်းစိန်ပရဝုဏ်အတွင်းရှိ ရန်ကုန်မြောက်ပိုင်းခရိုင် တရားသူကြီး ဦးအောင်သိန်း၏ အဆိုပါ အမိန့်ချမှတ်မှုကို ကျေနပ်မှု မရှိဘဲ ဆက်လက်၍ အယူခံဝင်သွားမည်ဟုလည်း ဦးကျော်ဟိုး က ပြောသည်။

“ဒီအမိန့်ကိုလည်း ကျနော်တို့ မကျေနပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမှုဟာ မမှန်ဘူး။ မတရား ညှဉ်းပမ်းနှိပ်စက် ပြီးတော့ ယူထားတဲ့ ဖြောင့်ချက် ဖြစ်တဲ့အတွက်ကြောင့် ဥပဒေအရ တရားမဝင်ဘူးလို့ ကျနော်တို့ တင်ပြခဲ့ပါတယ်။ ဒါကို တရားရုံးက လက်မခံဘူးပေါ့ဗျာ။ ဒါကို အယူခံရုံးက လက်ခံအောင် ကျနော်တို့ ကြိုးစားရမှာပေါ့။ ကျနော်တို့ အယူခံ ကာလ ရှိသေးပါတယ်။ အယူခံကာလကို စောင့်ပြီးတော့မှ သေဒဏ် ပေးလို့ရမယ်။ ကျနော်တို့ အယူခံတင်ပါမယ်” ဟု မဇ္ဈိမကို ပြောသည်။

အသက် ၃၂ နှစ်အရွယ်ရှိ ကိုဝေဖြိုးအောင်ကို စွပ်စွဲဖမ်းဆီးမှုနှင့် ပတ်သက်၍ မှားယွင်းမှုများ ရှိနေနိုင်ပြီး သက်သေ အထောက်အထားများ မမှန်မကန်ရယူမှု၊ တရားမဝင် ဖမ်းဆီးမှု စသည့်အချက်များကို ထောက်ပြကာ တရားရုံးမှ
ပြန်လည်စိစစ်၍ စီရင်ချက်ချရန် မေလ ၆ ရက်နေ့တွင် အာရှ လူ့အခွင့်အရေးကော်မရှင်မှ ကြေညာချက် ထုတ်ပြန် ခဲ့သေးသည်။

အမှုမှာ ၂ဝ၁ဝ ဧပြီ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့) က ရန်ကုန်မြို့ ကန်တော်ကြီး ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ် တွင် ဗုံး ၃ လုံး ပေါက်ကွဲသည်။ ထိုဗုံးခွဲမှု တရားခံအဖြစ် ထိုင်း-မြန်မာနယ်စပ် တောတွင်းအခြေစိုက် စွမ်းအားမြှင့် မြန်မာ
ကျောင်းသား စစ်သည်တော်များအဖွဲ့ VBSW မှ အဖွဲ့ဝင် ၃ ဦး လက်ချက်ဟု ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ (ယခု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး)က ထိုနှစ် မေလ ၆ ရက်နေ့ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲ၌ စွပ်စွဲခဲ့သည်။

ကိုဖြိုးဝေအောင်ကိုလည်း ဗုံးဖောက်ခွဲနိုင်ရေး စောင့်ကြည့်ပေးခဲ့သည်ဟု စွပ်စွဲခဲ့ရုံမက VBSW အဖွဲ့ဝင်တဦး ဖြစ်သည် ဆိုသော ယူဆချက်ဖြင့် ၂ဝ၁၁ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ် ၅၅ လမ်း အလယ်ဘလောက်ရှိ
နေအိမ်သို့ ရဲများ ရောက်လာရောက် ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုကာ ယခုကဲ့သို့ ပြစ်ဒဏ်များ ချမှတ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင် လူ ၁ဝ ဦး သေဆုံးပြီး ၁၇ဝ ခန့် ဒဏ်ရာရကြောင်း ယခင် စစ်အစိုးရက သတင်း ထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်နှုတ်ခမ်းမွှေးကို ထိုင်းလက်ထဲ လွှဲပြောင်းပေးရန် မြန်မာရဲချုပ်အား ONCB တောင်းဆို

မေလ ၈ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)


မူးယစ်ဆေးအမှုဖြင့် ဆုငွေထုတ်ခြင်းခံထားသော DKBA ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ် (နှုတ်ခမ်းမွှေး)အနေဖြင့် တရားရင်ဆိုင်ရန် ထိုင်းအစိုးရလက်ထဲသို့ လွှဲပြောင်းပေးရေးကို Office of the Narcotics Control Board -ONCB က မြန်မာနိုင်ငံ ရဲချုပ်အား ယနေ့ တောင်းဆိုလိုက်သည်ဟု Bangkok Post အွန်လိုင်းစာမျက်နှာတွင် ရေးသားဖော်ပြသည်။

ONCB ၏ ခေါင်းဆောင် ထိုင်း ဒုဝန်ကြီးချုပ် (Mr Chalerm Yubamrung)က ယခုကိစ္စနှင့်ပတ်သက်၍ မြန်မာအစိုးရတာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံစကားပြောရန် ၀န်ကြီးချုပ် ယင်လပ်ရှင်န၀ပ်မှ အလိုရှိပါက ၎င်းအနေဖြင့် သွားရန်အသင့်ရှိကြောင်း ပြောသည်။

ONCB အလိုရှိသည့် မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားသူ ၂၅ဦးထဲတွင် ဗိုလ်ချုပ်နှုတ်ခမ်းမွှေးသည် အဆင့် ၅နေရာမှာရှိပြီး ဘတ် ၁ သန်း ဆုငွေထုတ်ထားပြီးဖြစ်သည်ဟု ပြီးခဲ့သည့်အပတ်က Mr. Chalern Yubamrungက သတင်းထောက်များကို ပြောဆိုသွားခဲ့သည်။

ထိုပြောကြားချက်နှင့်ပတ်သက်၍ ဒီကေဘီအေမှ ဗိုလ်မှူးဆန်းအောင်က “မြန်မာအစိုးရက ကမ္ဘာ့အလယ်မှာ ငြိမ်းချမ်းရေးကို ဖော်ဆောင် နေတဲ့အချိန်မှာ ဒီ ဒုဝန်ကြီးခိုင်းတဲ့အတိုင်း သူလုပ်မလား၊ မလုပ်ဘူးလားဆိုတာ စောင့်ကြည့်ရမယ်။ ငြိမ်းချမ်းရေး အစစ်အမှန်ဆိုလို့ရှိရင် ဒုဝန်ကြီးခိုင်းတဲ့အတိုင်း သူမလုပ်ဘူး။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးမဟုတ်ဘူးဆိုရင် ဒုဝန်ကြီးခိုင်းတဲ့အတိုင်း သူလုပ်မှာ”ဟု ပြောသည်။

ဗိုလ်ချုပ်နှုတ်ခမ်းမွှေးအား ၂၀၀၃ခုနှစ်ခန့်က ဝေါ်လေဒေသတွင်း ပိုင်ရှင်မဲ့ ဖမ်းဆီးရမိသည့် မူးယစ်ဆေးများနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ဧပြီ လ ၂၀ရက်နေ့က ထိုင်းအစိုးရဘက်မှ ဆုငွေဘတ် ၁သန်းဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ပြီး ၎င်းစွပ်စွဲထုတ်ပြန်ချက်အပေါ် ဗိုလ်ချုပ်နှုတ်ခမ်းမွှေး ဘက်မှ တန်ပြန် ငြင်းဆန်ခဲ့သည်။

အဆိုပါ တင်းမာမှုများကြောင့် ဒီကေဘီအေနှင့် ထိစပ်သည့် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ နယ်စပ်ဂိတ် ၁၀ကျော်ကို ဒီကေဘီအေဘက်က ပိတ်ပင်လိုက်သလို ထိုင်းစစ်တပ်ဘက်ကလည်း တပ်လှန့်ထားပြီး ဒီကေဘီအေတပ်ဖွဲ့၏ လှုပ်ရှားမှုအခြေအနေကို စောင့်ကြည့်လျှက်ရှိ သည်ဟု နယ်စပ်တွင် နေထိုင်သူများက ပြောဆိုသည်။

ယခု ဒီကေဘီအေနှင့် ထိုင်းအစိုးရတို့ ဖြစ်ပွားသည့် မူးယစ်ဆေးဝါးအမှု ကိစ္စမှာ နယ်စပ်ကုန်သွယ်ရေး အခြေအနေကို ထိခိုက်မှုမရှိဟု ထိုင်းဒုဝန်ကြီးချုပ်က ဆိုသည်။

ဗိုလ်ချုပ်နှုတ်ခမ်းမွှေး ဦးဆောင်သည့် ကလို့ထူးဘော ဒီကေဘီအေအဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး စစ် အစိုးရကို ပြန်လည်ပစ်ခတ်ခဲ့ရာ ၁နှစ်နီးပါးအကြာတွင် အစိုးရနှင့် ပြန်လည် အပစ်အခတ် ရပ်စဲခဲ့သည်။

မြန်မာ့မူးယစ် ထုတ်လုပ်မှုနှင့်နိုင်ငံရေးကစားကွက်ကြားက ဓါးစာခံ ဗိုလ်ချုပ်စောလားပွယ်


(လွန်ခဲ့သော ၉နှစ်ဆိုသောအချိန် ၂၀၀၃ခုနှစ်သည် ဗိုလ်နှုတ်ခမ်းမွှေးမှ DKBA ၏ အုပ်ချုပ်မှုအောက်တွင်ရှိနေသေးသလို စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသည့်ကာလလည်း ဖြစ်နေပါသည်။ ထိုအချိန်ကာလ၏ ပြစ်မှု အတွက် DKBA အဖွဲ့ခေါင်းဆောင် သို့မဟုတ် စစ်ဦးစီးချုပ်ကို ဖြေရှင်းချက် အရင်မတောင်းဘဲ ဗိုလ်နှုတ်ခမ်းမွှေးကို ဖမ်းဝရမ်းထုတ်ခြင်း သည် စိတ်ဝင်စားစရာဖြစ်နေပါသည်။) ............... ဖူးဒို
 ( နှစ်ဦးနှစ်ဖက် စွပ်စွဲချက်နှင့် တုန့်ပြန်ချက်အပေါ် မူတည်ပြီး လေ့လာသော် လက်ရှိတွင် ဗိုလ်နှုတ်ခမ်းမွှေးသည် မူးယစ်ဆေးနှင့် ပတ်သက်မှုကင်းရှင်းကြောင်း ပေါ်လွင်နေပါသည်။ တဖက်တွင်လည်း မြန်မာနိုင်ငံမှ ထွက်သည့် ဘိန်းနှင့် မူးယစ်ဆေးသည် ထိုင်းနိုင်ငံသို့လည်းကောင်း ထိုင်း၊ လာအိုနှင့် တရုတ်နိုင်ငံမှတဆင့် ကမ္ဘာ့ဈေးကွက်သို့ ဖြန့်ဖြူးနေ သည်ကို ထိုင်းအာဏာပိုင်များ တားဆီးလိုသည်မှာလည်း တရားမျှတပြီး သဘာဝကျပါသည်။)..............ဖူးဒို
 (လက်ရှိတွင် မူးယစ်ရောင်းဝယ်ထုတ်လုပ်မှုမရှိဘဲ မြန်မာအာဏာစနစ်ကို ဆန့်ကျင်နေသော ဗိုလ်နှုတ်ခမ်းမွေးကို ဖမ်းဝ ရမ်းထုတ်ခြင်းသည် မြန်မာအစိုးရ အာဏာရှင်စနစ် သက်တမ်းရှည်ရန် အားပေးရာရောက်သလို ရေသောက်မြစ်နှင့် ပင်စည်ကိုခုတ်ရန် မကြိုးစားဘဲ ခြောက်သွေ့နေသော အကိုင်းအခက်ကို ခုတ်ထွင်ရှင်းလင်းရန် ကြိုးစားခြင်းသည် ပင်စည်ကို ရေလောင်းအကျိုးပေးခြင်း ဖြစ် နေပါသည်။)....................ဖူးဒို
 မြန်မာ့မူးယစ် ထုတ်လုပ်မှုနှင့်နိုင်ငံရေးကစားကွက်ကြားက ဓါးစာခံ ဗိုလ်ချုပ်စောလားပွယ်
ကမ္ဘာ့ဘိန်းဖြူထုတ်လုပ်မှုပြဇယား
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်ဘိန်းဖြူထုတ်လုပ်မှု ပမာဏတွင် ဒုတိယအများဆုံးဖြစ်နေပါသည်။ ကမ္ဘာ့ ကုလသမဂ္ဂမူးယစ်နှင့် ရာဇ၀တ် ဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ၂၀၁၀ ဘိန်းဖြူထုတ်လုပ်သည့် ပမာဏသည် မက်ထရစ်တန် ၅၈၀ ရှိခဲ့ပါသည်။ဘိန်းစိုက်ပျိုး သည့် ဧရိယာအကျယ်အ၀န်းမှာ၂၀၀၉ခုနှစ်တွင် ၃၁၇၀၀ဟက်တာမှ ၂၀၁၀ခုနှစ်တွင် ၃၈၁၀၀ဟက်တာသို့ တိုးလာသော်လည်း ၂၀၁၀ခု နှစ် ဘိန်းထွက်နှုံးကျရသည့် အကြောင်းအရင်းမှာ ပိုးမွါးကျရောက်ခြင်းကြောင့် ဖြစ်သည်။


၁၉၉၆မှ ၂၀၁၀ထိ မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုဇယား
မြန်မာနိုင်ငံတွင် ၁၉၉၆ မှ ၂၀၀၆ ထိ ဘိန်းစိုက်ပျိုးမှု သိသိသာသာ ကျဆင်းခဲ့သော်လည်း ထိုကာလတွင်း စိတ်ကြွရူးသွပ်ဆေးခေါ် ရာဘ ဆေး ထုတ်လုပ်သည့်ပမာဏမှာ ကမ္ဘာ့ထိပ်တန်းအဆင့် ၁သို့ ရောက်ခဲ့ပါသည်။

၂၀၁၀နှစ်ထဲတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ မှောင်ခို တင်သွင်းခဲ့သော ရာဘဆေး အရေအတွက်မှာ ၁ ဘီလျံ (သန်း တစ်ထောင်) ရှိခဲ့ပြီး ၂၀၁၀အတွင်း ဖမ်းဆီးမိခဲ့သည့်အရေအတွက်မှာ သန်း ၄၀ ရှိခဲ့ပါသည်။ မြန်မာနိုင်ငံမှာထွက်ရှိသည့် ရာဘဆေးအများစုသည် ထိုင်း၊ လာအိုနှင့် တရုတ်နိုင်ငံသို့ မှောင်ခိုတင်သွင်းလေ့ရှိ ခဲ့ရာမှ ယခုအချိန်တွင် နယ်စပ်မှတဆင့် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယကိုပါ တင်သွင်းလာပြီ ဖြစ်သည်။


ကုလသမဂ္ဂ (UNOD) မှ ထုတ်ပြန်သည့် မြန်မာနိုင်ငံတွင်း ဒေသအလိုက် ဘိန်းစိုက်ပျိုးမှုဇယား
၂၀၁၀ တွင် မြန်မာနိုင်ငံတွင်းရှိ စိတ်ကြွရူးသွပ်ဆေး (ရာဘ)နှင့် ဘိန်းဖြူ ဖမ်းဆီးရမိသည့် ကိန်းဂဏာန်း သိသိသာသာ ကျဆင်းခဲ့ပါသည်။ သို့သော် ၎င်းကျဆင်းနှုံးသည် ရာဘနှင့် ဘိန်းဖြူထုတ်လုပ်ခြင်း ကျဆင်းသည့်လဏ္ခာမဟုတ်ဘဲ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင် ခြင်း၊ စည်းရုံးခြင်းနှင့် တိုက်ရိုက် ပတ်သက်နေပါသည်။ အချို့သော် ကိုယ်စားလှယ်များ၏ ရွေးကောက်ပွဲစည်းရုံးရေးတွင် မိမိပါတီအနိုင်ရပါ က ဘိန်းစိုက်ပျိုးရေးကို ခွင့်ပြုမည်ဟုဆိုသော စည်းရုံးရေးကို တွေ့ခဲ့ရသလို မူးယစ်ကုန်သည်တချို့သည်လည်း လွှတ်တော်တွင်းသို့ ရောက်ရှိနေပါပြီ။

နောက် သက်သေတခုမှာ ကမ္ဘာ့ထိပ်တန်း မူးယစ်ရာဇာများဖြစ်သော ခွန်ဆာ၊ လောဝ်စစ်ဟန်၏သား ထွန်းမြင့်နိုင် (Steven Law) တို့ကို တွေ့ရပါသည်။ မူးယစ်ကုန်သည်ဖြစ်နေပါစေ တနေ့တချိန်တွင် မြန်မာစစ်ဖက် ခေါင်းဆောင်နှင့်တည့်အောင်ပေါင်းပြီး အေးချမ်းစွာ နေနိုင် သည့်အပြင် ရင်းနှီးမြုပ်နှံမှုများ၊ ငွေကြေးခ၀ါချမှု (ငွေမဲမှ ငွေဖြူသို့ ပြောင်းလဲခြင်း)များကို မြန်မာနိုင်ငံတွင် လွတ်လပ်စွာ လုပ်ဆောင်နိုင် သောအချက်သည် ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ထုတ်လုပ်ခြင်းကို များစွာအားပေးနေပါသည်။

မြန်မာအစိုးရသည် မူးယစ်ဆေး တိုက်ဖျက်ရေးကို သိသိသာသာ မတိုက်ဖျက်ခြင်းအတွက် အဓိကသုံးသပ်မိသော အချက်များမှာ -
- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို အပြစ်ဖို့ပြီး စစ်ရေး၊ နိုင်ငံရေး အမြတ်ထုတ်ရန်
- ဘိန်းနှင့် မူးယစ်ဆေးထွက်ကုန် အများစုမှာ ပြည်ပဈေးကွက်အတွက်သာ ဖြစ်ခြင်း
- အုပ်ချုပ်ရေးအတွင်း မသမာမှု၊ လာဘ်ပေးလာဘ်ယူမှုများ ရှိနေခြင်းကြောင့် ဖြစ်ပါသည်။

ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေး ထုတ်လုပ်မှု အများအပြားတွင် အစိုးရမှ တာဝန်ရှိနေသူများ ပတ်သက်နေသလို အချို့ဒေသများတွင် စိုက် ပျိုးရေးနှင့်ပတ်သက်ပြီး ဘိန်းစိုက်ပျိုးရန် အာဏာပိုင်များမှ အားပေးနေသည်ကို တွေ့ရပါသည်။ သက်သေအနေဖြင့် လူနေကျဲသော ချင်းတောင်တန်းများတွင် မြို့နယ်အာဏာပိုင်များက မြို့ပြင်များတွင် ဘိန်းစိုက်ပျိုးခွင့် ပေးထားသည်ကို တွေ့ရပါသည်။ ဒီ့အပြင် ဘိန်းနှင့် မူးယစ်ဆေးဖမ်းဆီးရမိပြီး မီးရှို့ဖျက်ဆီးသည့် အခမ်းအနားလုပ်ရန် အာဏာပိုင်များသည် မူးယစ်ကုန်သည်များကို တိုက်ရိုက်ဆက်သွယ် ပြီး အလူခံလေ့ရှိနေသည်မှာလည်း လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လာခဲ့ပါပြီ။

ထို့ကြောင့် မြန်မာနိုင်ငံ၏ ဘိန်းနှင့် မူးယစ်ဆေးထွက်ရှိခြင်း၏ အဓိကရေသောက်မြစ်မှာ အုပ်ချုပ်ရေးတွင် တာဝန်ရှိသော အာဏာပိုင်များ နှင့် အဓိကပင်စည်မှာ ဘိန်းနှင့် မူးယစ်ဆေး အများအပြား ထုတ်လုပ်သည့် မူးယစ်ရာဇာများ ဖြစ်နေပါသည်။


ထိုင်း-မြန်မာဆက်ဆံရေး

မြန်မာနှင့် ကီလိုမီတာ ၁၂၀၀ကျော် နယ်စပ်ထိနေသည့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင်း စီမံကိန်း ၆၁ခုဖြင့် ရင်းနှီးမြုပ်နှံငွေ အမေရိကန် ဒေါ်လာ ၉.၅၆၈ဘီလီလျံဖြင့် မြန်မာနိုင်ငံအတွက် ဒုတိယ အကြီးဆုံး ရင်းနှီးမြုပ်ထားသော နိုင်ငံဖြစ်ပါသည်။ မြ၀တီ-မဲဆောက် နယ်စပ် ကုန်သွယ်တခုတည်းတွင် ကုန်သွယ်မှုပမာဏ တစ်နှစ်လျှင် ဒေါ်လာ သန်းတစ်ထောင်ကျော် ရှိပါသည်။

 မြ၀တီ-မဲဆောက်နယ်စပ်ကုန် သွယ်ရေးတံတားကို မြန်မာအစိုးရဖက်က ၂၀၁၀၊ ဇူလိုင်လ ၁၈ရက်မှစပြီး တနှစ်ခွဲနီးပါးကြာ ပိတ်ထားခဲ့ပါသည်။ ၎င်းနယ်စပ် ကုန်သွယ် ရေးလမ်းကြောင်း ပိတ်လိုက်ခြင်းတွက် နေ့စဉ် ကုန်သွယ်မှုပမာဏ ထိုင်းဘတ်ငွေ ၈၈ သန်း ( အမေရိကန် ဒေါ်လာ ၂.၇၄)ကို ထိခိုက်ခဲ့ပြီး နယ်စပ်ဂိတ်ပြန်ဖွင့်နိုင်ရေးတွက် မြန်မာအစိုးရနှင့် အမြန်ဆုံး ဆွေးနွေးမည်ဟု ထိုင်းကုန်သွယ်ရေးဝန်ကြီး ပွန်တီဗာနာကာစိုင် (Mrs. Porn-tiva Nakasai – Minister of Commerce)က ပြောခဲ့ပါသည်။

တကယ်တမ်းတွင်မူ နယ်စပ်ကုန်သွယ်မှုပိတ်ခြင်းကြောင့် နှစ်နိုင်ငံစလုံးမှာ နစ်နာသော်လည်း ထိုင်းနိုင်ငံမှ နယ်စပ်ဖွင့်လှစ်နိုင်ရေးတွက် စိတ်အားထက်သန်နေသည်မှာ ထိုင်းအစိုးရသည် ထိုင်းပြည်သူလူထု၏ နစ် နာမှုများကို အလေးထားသောကြောင့် ဖြစ်သည်။ မဲဆောက်မြို့နှင့် တာ့ခ်ခရိုင် (Tak Province) ဖွံ့ဖြိုးမှုသည် မြ၀တီ-မဲဆောက်ကုန်သွယ် ရေးနှင့် တိုက်ရိုက် ဆက်နွယ်နေပါသည်။

၂၀၁၀၊ နိုဝင်ဘာလ ရွေးကောက်ပွဲရက်အပြီးတွင် ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်သော DKBA အဖွဲ့မှ မြ၀တီမြို့သို့ စီးနင်းဝင်ရောက်တိုက်ခိုက် မှုသည် စစ်အစိုးရကို များစွာ သိက္ခာကျစေခဲ့ပါသည်။ လနှင့်ချီကြာသော အစိုးရ၏ တန်ပြန်စစ်ဆင်ရေးကို ဗိုလ်နှုတ်ခမ်းမွှေးတို့အဖွဲ့မှာ ခံနိုင်ရည်ရှိခဲ့သဖြင့် စစ်အစိုးရကို ပိုပြီး သိက္ခာကျစေခဲ့ပါသည်။ ၎င်းနောက် မြ၀တီ-မဲဆောက် နယ်စပ်ဂိတ်ပြန်ဖွင့်ရေးတွင် မြန်မာအစိုးရ ဖက်မှ စစ်ဖက်ဆိုင်ရာ အကျိုးဖြင့် ဆွေးနွေးလာပါသည်။

ဗိုလ်နှုတ်ခမ်းမွေး ဖမ်းဆီးနိုင်ရေးတွင် ထိုင်းအစိုးရမှ ပူးပေါင်းကူညီပြီး ဗိုလ်နှုတ် ခမ်းမွှေးကို ဖမ်းဆီးနိုင်ပြီးနောက်ပိုင်းမှသာ မြ၀တီနယ်စပ်ဂိတ်ကို ပြန်ဖွင့်မည်ဟု မြန်မာအစိုးရက တောင်းဆိုလာပါသည်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်း၌သာ အခြေစိုက်သော ဗိုလ်နှုတ်ခမ်းမွှေးကို ထိုင်းဖက်မှ ဖမ်းဆီးပေးနိုင်ခြင်းမရှိခဲ့ချေ။

ဧပြီလ ၂၀ရက်နေ့က မူးယစ်ဆေးကုန်ကူးမှုတွင် ထိပ်တန်းစာရင်းဝင်သူ ၂၅ယောက်၏အမည်ကို ဖမ်းဆီးနိုင်သူအား ထိုင်းဘတ်ငွေ ၁၂ သန်း ဆုကြေးငွေပေးမည်ဖြစ်ကြောင်း ထိုင်းအစိုးရ၏ Office of the Narcotics Control Board -ONCB အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထိုစာ ရင်းတွင် မြန်မာနိုင်ငံသား ၃ဦးအနက် DKBA ခွဲထွက်အဖွဲ့ခေါင်းဆောင် ဗိုလ်မှုးချုပ်စောလားပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေး၏အမည်လည်းပါ ၀င်ခဲ့သည်။

ထူးခြားချက်တစ်ခုမှာ ဗိုလ်နှုတ်ခမ်းမွှေးတစ်ဦးတည်းသာ ထိုင်းအစိုးရကို ပြန်လည်တုန့်ပြန်ခဲ့ပါသည်။ သူ၏ တုန့်ပြန်ချက်တခု မှာ ထိုင်းအာဏာပိုင်များကို မိမိနယ်ထဲ ၀င်ရောက်စစ်ဆေးရန် ဖိတ်ခေါ်ထားသည်မှာ ထူးခြားချက်တစ်ခု ဖြစ်နေပါသည်။ ၎င်း (ဗိုလ်နှုတ် ခမ်းမွှေး)၏ တုန့်ပြန်ချက်ကို ထိုင်းအာဏာပိုင်မှ ပြန်လည် တုန့်ပြန်သည်မှာ ဗိုလ်နှုတ်ခမ်းမွှေး၏ မူးယစ်ဆေးဝါးမှုသည် လွန်ခဲ့သည့် ၉နှစ်မှ အမှုဖြစ်ပြီး မိမိတို့ဖက်မှ အထောက်အထားရှိသဖြင့် ဗိုလ်နှုတ်ခမ်းမွှေးကိုယ်တိုင် လာရောက်ဖြေရှင်းရန် တောင်းဆိုထားပါသည်။

နှစ်ဦးနှစ်ဖက်၏ အခြေအနေကို လေ့လာပြီး သုံးသပ်မိသည်မှာ -
ထိုင်းနိုင်ငံအနေဖြင့် အထောက်ထားမခိုင်လုံဘဲ စွပ်စွဲကြေညာမည်မဟုတ်သလို အထောက်အထားများစွာ ရှိသည့်အထဲမှ တစ်ခုတည်းကို ဆွဲထုတ်ထားသည်မှာ စဉ်းစားစရာဖြစ်နေပါသည်။ ဒိပြင် လွန်ခဲ့သော ၉နှစ်ဆိုသောအချိန် ၂၀၀၃ခုနှစ်သည် ဗိုလ်နှုတ်ခမ်းမွှေးမှ DKBA ၏ အုပ်ချုပ်မှုအောက်တွင်ရှိနေသေးသလို စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသည့်ကာလလည်း ဖြစ်နေပါသည်။ ထိုအချိန်ကာလ၏ ပြစ်မှု အတွက် DKBA အဖွဲ့ခေါင်းဆောင် သို့မဟုတ် စစ်ဦးစီးချုပ်ကို ဖြေရှင်းချက် အရင်မတောင်းဘဲ ဗိုလ်နှုတ်ခမ်းမွှေးကို ဖမ်းဝရမ်းထုတ်ခြင်း သည် စိတ်ဝင်စားစရာဖြစ်နေပါသည်။

စာရေးသူအနေနှင့် အတိတ်ကာလတွင် ဗိုလ်နှုတ်ခမ်းမွှေးအနေဖြင့် မူးယစ်ဆေးရောင်းဝယ်မှုနှင့် တိုက်ရိုက်ပတ်သက်မှုရှိမရှိကို အတိအကျ မသိသော်လည်း နှစ်ဦးနှစ်ဖက် စွပ်စွဲချက်နှင့် တုန့်ပြန်ချက်အပေါ် မူတည်ပြီး လေ့လာသော် လက်ရှိတွင် ဗိုလ်နှုတ်ခမ်းမွှေးသည် မူးယစ်ဆေးနှင့် ပတ်သက်မှုကင်းရှင်းကြောင်း ပေါ်လွင်နေပါသည်။ တဖက်တွင်လည်း မြန်မာနိုင်ငံမှ ထွက်သည့် ဘိန်းနှင့် မူးယစ်ဆေးသည် ထိုင်းနိုင်ငံသို့လည်းကောင်း ထိုင်း၊ လာအိုနှင့် တရုတ်နိုင်ငံမှတဆင့် ကမ္ဘာ့ဈေးကွက်သို့ ဖြန့်ဖြူးနေ သည်ကို ထိုင်းအာဏာပိုင်များ တားဆီးလိုသည်မှာလည်း တရားမျှတပြီး သဘာဝကျပါသည်။

အထက်က ဖေါ်ပြသည့်အတိုင်း မြန်မာနိုင်ငံမှထွက်ရှိသည့် ဘိန်းနှင့် မူးယစ်ဆေးသည် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှ ဖြစ်သည့် အားလျှော်စွာ ဘိန်းနှင့် မူးယစ်ပြဿနာ၏ အဓိကရေသောက်မြစ်နှင့် ပင်စည်ကို ဦးတည်ဖြေရှင်းရန် ပို၍အရေးကြီးသလို မဟာဗျုဟာ လည်း ကျပါသည်။

ထိုင်းနှင့် ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်ဖြန့်ဖြူးနေသော မူးယစ်ရာဇာကြီးများကို ဦးစားပေး ဖမ်းဆီးနိုင်ရန် ပိုကြိုးစား သင့်ပါသည်။ မြန်မာအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသော ဗိုလ်နှုတ်ခမ်းမွှေးကိုသာ ဖမ်းဝရမ်းထုတ်ပြီး မြန်မာအစိုးရနှင့် အဆင်ပြေသော ကမ္ဘာ့အဆင့် မူးယစ်ရာဇာများကို ဖမ်းဆီးရန် မကြိုးစားခြင်းသည် ဘိန်းနှင့် မူးယစ်ဆေးဝါးကို အမှန်တကယ် တိုက်ဖျက်နေခြင်းမဟုတ်ပါ။

မြန်မာအစိုးရမှ ခွင့်ပြုသော မူးယစ်ရောင်းဝယ်သူများကိုသာ ဖမ်းဆီးဝရမ်းထုတ်သော ထိုင်းနိုင်ငံ၏ ပေါ်လစီကိုလည်း အံ့ဩမိသလို သံသ ယ ဖြစ်မိပါသည်။ လက်ရှိတွင် မူးယစ်ရောင်းဝယ်ထုတ်လုပ်မှုမရှိဘဲ မြန်မာအာဏာစနစ်ကို ဆန့်ကျင်နေသော ဗိုလ်နှုတ်ခမ်းမွေးကို ဖမ်းဝ ရမ်းထုတ်ခြင်းသည် မြန်မာအစိုးရ အာဏာရှင်စနစ် သက်တမ်းရှည်ရန် အားပေးရာရောက်သလို ရေသောက်မြစ်နှင့် ပင်စည်ကိုခုတ်ရန် မကြိုးစားဘဲ ခြောက်သွေ့နေသော အကိုင်းအခက်ကို ခုတ်ထွင်ရှင်းလင်းရန် ကြိုးစားခြင်းသည် ပင်စည်ကို ရေလောင်းအကျိုးပေးခြင်း ဖြစ် နေပါသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်နေသော ထိုင်းအာဏာပိုင်ကို လေးစားအားပေးသလို တဖက်တွင်လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကဏ္ဍ တွင် မြန်မာအစိုးရ၏ ဩဇာလွမ်းမိုးမှုအောက်မှာ မရပ်တည်သင့်ကြောင်း အကြံပေးလိုပါသည်။

ဖူးဒို
(မေလ