Wednesday, October 24, 2012

ဆွေးနွေးမည့်အစီအစဉ်မစခင်လိုအပ်သည့်ဆွေးနွေးတိုင်ပင်မှု့ များကိုပဏမအနေKNL-JAPAN ရုံးခန်းတွင်JAPAN PLATFORM မှတာဝန်ရှိသူများနှင့်တွေ့ ဆုံဆွေးနွေး

ကရင်ပြည်နယ်ဒေသတွင်းကူညီထောက်ပံ့ရေးဂျပန်NGOအဖွဲ့ ကြီးဖြစ်သော JAPAN PLATFORM နှင့်ဂျပန်နိုင်ငံအခြေစိုက်ကရင်အမျိုးသားအဖွဲ့များနှင့်ဆွေးနွေးမည့်
 အစီအစဉ်မစခင်လိုအပ်သည့်ဆွေးနွေးတိုင်ပင်မှု့ များကိုပဏမအနေ
ဖြင့်KNL-JAPAN ရုံးခန်းတွင်စောဘလှသိန်း၊
နော်လှဥမ္မာဝင်း၊စောကစစင်ဂျာ၊တို့ နှင့်
JAPAN PLATFORM မှတာဝန်ရှိသူများနှင့်တွေ့ ဆုံဆွေးနွေးခဲ့
သည်။
သတင်းပေးပို့ သူ. စောကစ်စင်ဂျာ

ကရင်ပြည်နယ်ဒေသတွင်းကူညီထောက်ပံ့ရေးဂျပန်NGOအဖွဲ့ ကြီးဖြစ်သော JAPAN PLATFORMနှင့်ဂျပန်နိုင်ငံအခြေစိုက် ကရင်အမျိုးသားအဖွဲ့ များဆွေးနွေး


ဂျပန်နိုင်ငံတိုကျိုမြို့ တွင်ဂျပန်အစိုးရမှဂျပန် NPO (NON PROFIT
ORGANIZATION )JAPAN PLATFORM အဖွဲ့ ကြီးအားတိုင်းရင်း
သားဒေသများသို့သွားရောက်ကုညီထောက်ပံ့အထောက်အကုပြုရန်
တိုက်တွန်းထောက်ပံ့ထားပါသည်။၎င်းအဖွဲ့ ကြီးတွင်ပါဝင်သောအဖွဲ့
များသည်တိုကျိုမြို့ အခြေစိုက်ကရင်အမျိုးသားအဖွဲ့များဖြစ်သော
ကရင်အမျိုးသားအဖွဲ့ ချူပ် KAREN NATIONAL LEAGUE JAPAN-KNL ,KAREN NATIONAL FOUNDATION JAPAN -KNF
မှတာဝန်ခံများဖြစ်သောစောကျော်ထင်ထူး၊စောဘလှသိန်း၊
နော်လှဥမ္မာဝင်း၊ KAREN NATIONAL UNION KNU-JAPAN
ကရင်အမျိုးသားအစည်းအရုံးဂျပန်ဋ္ဌာနခွဲတာဝန်ခံများဖြစ်သော
စောမျိုးခိုင်ရှင်း၊ကိုမိုးမင်းသူနှင့်ပြည်ပရောက်ကရင်အမျိုးသားများ
အဖွဲ့ အစည်းဖြစ်သောOVERSEA KAREN ORGANIZATION-JAPAN OKOJ မှတာဝန်ခံစောဒယ်နီယယ်လင်းစိန်တို့ မှလက်ရှိကရင်ပြည်နယ်အခြေအနေ
၊ကရင်အမျိုးသားများအခြေအနေ၊
ဒေသတွင်းအခြေအနေ၊ဒုကခသည်များနေရာပြန်လည်ချထား
ရေး၊ကျေးရွာများပြန်လည်ထူထောင်ရေးနှင့်
ကရင်ပြည်သူများအားထောက်ပံ့ရေး
အစီအစဉ်များနှင့်ပတ်သက်ပြီးအပြန်အလှန်
ဆွေးနွေးရှင်းလင်းပွဲတရပ်ကို 13-10-2012
တွင် 2 နာရီကျော်ကြာပြုလုပ်ခဲ့ပါသည်။
အဆိုပါအဖွဲ့ အစည်းများသည်ယခု
အောက်တိုဘာလ 25 ရက်စတင်၍
သက်ဆိုင်ရာတာဝန်ကျသောနေရာဒေသများသို့စတင်သွားရောက်မည်ဖြစ်သည်။
NPO JAPAN PLATFORM ၏ ခြေလှမ်းအစသည်ကရင်ပြည်နယ်သို့
စတင်ဝင်ရောက်ထောက်ပံ့ကူညီဆောင်ရွက်မှုများကိုပြည်တွင်းသက်ဆိုင်သောအဖွဲ့ အစည်းများနှင့်ညှိနှိုင်းပြီးလက်တွဲပြီး
အဆင့်ဆင့်ပြုလုပ်သွားမည်ဖြစ်သည်
NPO JAPAN သည် JAPAN NGOအဖွဲ့ ပေါင်း(25) ခုနှင့်ဖွဲ့ထားသောအဖွဲ့ ကြီးဖြစ်သည်။

သတင်းပေးပို့သူ. စောကစ်စင်ဂျာ

Tuesday, October 23, 2012

သိန်း ၃၀ ဖြင့် တရုတ်မယား ဈေးကွက် ဗြောင်ဆွယ်နေ


ရန်ကုန် (မဇ္ဈိမ) ။        ။ ငွေကျပ် သိန်း ၃၀ ရရှိမည် ဟူသည့် မက်လုံးဖြင့် မြန်မာ အမျိုးသမီးငယ်များကို တရုတ်နိုင်ငံ ရှိ အမျိုးသားများနှင့် လက်ထပ်ရန် ပွဲစားများ အတင့်ရဲစွာ စည်းရုံးသိမ်းသွင်းမှုများ ရှိလာကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ ဒု-ရဲမှူးကြီးညွန့်လှိုင် က ပြောသည်။

လက်ထပ်ပြီး ကလေး တယောက် မွေးပေးပါက ယင်းငွေ ကျပ်သိန်း ၃ဝ ရရှိနိုင်မည်ဟု ပွဲစားများက ပြောဆို သိမ်းသွင်းခေါ်ဆောင်နေကြခြင်း ဖြစ်သည်။

“ကလေးမွေးပြီး သွားရင်တော့ ကိုယ့်နိုင်ငံ ပြန်လာလို့ရတယ်ဆိုပြီး ပေါ်ပေါ်တင်တင် စည်းရုံးမှုတွေ ပြုလုပ်လာကြ တယ်။ အဲဒါကို သဘောတူလို့ လိုက်သွားကြတဲ့ အမျိုးသမီးငယ်တွေ အများကြီးရှိကြတယ်။ အဲဒီကိစ္စရပ်က ဈေးကွက် တခုလို ဖြစ်နေတယ်” ဟု ဒု-ရဲမှူးကြီးညွန့်လှိုင် က ပြောသည်။

မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပွားနေသည့် လူကုန်ကူးမှုများ၏ ၈ဝ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့ ဦးတည်ကာ ၁ဝ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံသို့ ဦးတည်နေပြီး ၆ ရာခိုင်နှုန်းမှာ မလေးရှားနိုင်ငံသို့ ပို့ဆောင်ခံနေရကြောင်း အဆိုပါအဖွဲ့မှ ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံသို့ လူကုန်ကူးမှုသည် အဓမ္မ ထိမ်းမြားလက်ထပ်ရန် အမျိုးသမီးငယ်များအား ရောင်းဝယ်ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံသို့ လူကုန်ကူးမှုမှာ တိုက်ရိုက် လူကုန်ကူးခြင်းထက် တရားမဝင် အလုပ်လုပ်ကိုင်ရာမှ တဆင့် လိင်မှုဆိုင်ရာ
ခေါင်းပုံဖြတ်မှုအတွက် နည်းမျိုးစုံ လူကုန်ကူးခံရခြင်း ဖြစ်သည်။ မလေးရှားနိုင်ငံသို့လည်း တိုက်ရိုက် လူကုန်ကူးခြင်း ထက် ထိုင်းနိုင်ငံမှတဆင့် သွေးဆောင်ဖြားယောင်းကာ ပြည့်တန်ဆာပြုခြင်းနှင့် ကလေးငယ်များအား အဓမ္မ
တောင်းရမ်းစေခိုင်းမှုများ ဖြစ်သည်။

“တရုတ်နိုင်ငံ ကျေးလက်တွေမှာ ရှိကြတဲ့ အမျိုးသမီးတွေက ရွှေ့ပြောင်း အလုပ်လုပ်ကိုင်ကြတာတွေ များလာတဲ့ အတွက် အမျိုးသားနဲ့အမျိုးသမီး လူဦးရေ ကွာဟချက်က မြင့်လာပါတယ်။ ကျေးလက်ဒေသတွေမှာ အမျိုးသမီး ရှားပါးမှုတွေ ဖြစ်လာတာကြောင့် ထုံးတမ်းစဉ်လာအရ မိန်းမ တောင်းယူ လက်ထပ်ရတဲ့ စရိတ် မြင့်လာတဲ့အတွက် အခုလို တဖက်နိုင်ငံ(မြန်မာ)မှ အမျိုးသမီးငယ်တွေကို ဝယ်ယူဖို့ ပွဲစားတွေကတဆင့် လူကုန်ကူးမှုတွေ ပေါ်ပေါက် လာကြတာပါ” ဟု ဒုရဲမှူးကြီးညွန့်လှိုင် က ရှင်းပြသည်။

ထိုသို့ မြန်မာအမျိုးသမီးများ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရမှု ကာကွယ်တားဆီးရေး ဆောင်ရွက်ရာတွင် တဖက်နိုင်ငံ၌ ဥပဒေ သတ်မှတ်ပြဋ္ဌာန်းထားချက်မရှိ၍ အခက်အခဲ ကြုံရကြောင်းလည်း “လက်ရှိအချိန်အထိ တရုတ်နိုင်ငံကို ဦးတည်တဲ့ လူကုန်ကူးမှု အရေအတွက်က သိသိသာသာ ကျဆင်းမှု မရှိသေးဘူး။ တရုတ်နိုင်ငံမှာက လူကုန်ကူးမှု တားဆီးနှိမ်နင်းတဲ့ ဥပဒေ မရှိသေးတာကြောင့် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ ရေးထိုးပြီး လုပ်ဆောင်နေရတယ်” ဟု ဒုရဲမှူးကြီးညွန့်လှိုင် က ရှင်းပြသည်။

၂ဝ၁၁ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် လူကုန်ကူးခံရမှု အနည်းဆုံး ၁၃၆ မှု ရှိခဲ့ရာ တရုတ်နိုင်ငံသို့ ဦးတည်သည့်အမှုမှာ ၉၄ မှု၊ ပြည်တွင်း၌ ဖြစ်ပွားသည့်အမှု ၂၃ မှုနှင့် ထိုင်းနိုင်ငံသို့ ဦးတည်သည့်အမှု ၁၉ မှု ရှိခဲ့သည်။ နိုင်ငံတဝှန်းရှိ လူကုန်ကူးခံရသူ အရေအတွက်မှာလည်း အနည်းဆုံး ၂၃၄ ဦး ရှိခဲ့ရာတွင် ရန်ကုန်တိုင်းမှ ၆၃ ဦး၊ ရှမ်းပြည်နယ်
မြောက်ပိုင်းမှ ၄၁ ဦး၊ မန္တလေးတိုင်းမှ ၃၆ ဦး၊ ကချင်ပြည်နယ်မှ ၂၆ ဦး၊ ပဲခူးတိုင်းမှ ၂၅ ဦး၊ ဧရာဝတီတိုင်းမှ ၁၇ ဦး၊ ကရင်ပြည်နယ်မှ ၁၆ ဦးနှင့် မွန်ပြည်နယ်မှ ၁ဝ ဦး ပါဝင်သည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို ၂ဝဝ၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က ပြဋ္ဌာန်း ခဲ့သည်။

၂ဝ၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လူကုန်ကူးခံရသူများ၏ လေးပုံတစ်ပုံနီးပါး (၂၃ ရာခိုင်နှုန်း) သည် ကလေး သူငယ်များဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ နှစ်ပတ်လည် အစီရင်ခံစာက ဆိုသည်။

ထိုနှစ်အတွင်း လူကုန်ကူးခံရသူ ၂၆၅ ဦး ကို ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့အနက် ၆၁ ဦးမှာ အရွယ် မရောက်သေးသော ကလေးသူငယ်များဖြစ်သည်။ထို ကလေးသူငယ် ၆၁ ဦးအနက် ၅၂ ဦးမှာ မိန်းကလေးများ ဖြစ်ကြသည်။

လူကုန်ကူးမှုများသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အများဆုံးဖြစ်ပွားပြီး တရားခံများကို ရန်ကုန်တိုင်းမှ အများဆုံး ဖမ်းဆီးရမိကြောင်း အဆိုပါ အစီရင်ခံစာတွင် တွေ့ရသည်။

လူကုန်ကူးခံရသူ စုစုပေါင်း၏ ၈၃ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကြပြီး အများဆုံး အကြောင်းအရင်းမှာ အဓမ္မ လက်ထပ်ထိမ်းမြားပေးရန်ဖြစ်ကာ ဒုတိယအများဆုံးမှာ ပြည့်တန်ဆာ အဖြစ်ခိုင်းစေရန် ဖြစ်သည်ဟု ထိုအဖွဲ့၏ စာရင်းဇယားများအရ သိရှိရသည်။

ကမ္ဘာတဝှမ်းတွင်မူ နှစ်စဉ် ကလေးသူငယ် ၁၂ သန်းခန့် လူကုန်ကူးခံနေရပြီး လူကုန်ကူးခြင်းမှာ ဒေါ်လာဘီလျံများစွာ အကျိုးအမြတ်ရရှိနေသည့် ရာဇဝတ်မှု လုပ်ငန်းဖြစ်ကြောင်း UNICEF က ထုတ်ပြန်ထားသည်။



 

နှစ်မကုန်မီ UNFC နှင့် နှစ်ကြိမ် တွေ့နိုင်ရန် ဦးအောင်မင်း ကမ်းလှမ်းထား


အီးမေးလ်ပို့ရန်ပရင့်ထုတ်ရန်PDF ဖိုင်ရယူရန်

စံခလပူရီ (မဇ္ဈိမ) ။        ။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့အား ၂ဝ၁၂ ခုနှစ် အတွင်း နှစ်ကြိမ်တွေ့ဆုံနိုင်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း က ကမ်းလှမ်းထားကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့ နောက်ပိုင်း၌ တကြိမ်နှင့် ဒီဇင်ဘာလ ခန့်တွင် တကြိမ် နိုင်ငံရေး ဆွေးနွေးပွဲအသွင် အလွတ်သဘော တွေ့ဆုံနိုင်ရန် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း က ကမ်းလှမ်းထားကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးညိုအုန်းမြင့် က ပြောသည်။

“ပထမ အောက်တိုဘာ ၂၁ တွေ့နိုင်ဖို့ ကျနော်တို့ အရင်ချိန်းကြတယ် အဆင်မပြေဘူး။ နောက်တော့ အောက်တိုဘာ ၂၈ နောက်ပိုင်းနဲ့ နိုဝင်ဘာ ၁ လောက်ကြား တွေ့နိုင်ဖို့ ထပ်စီစဉ်တယ်။ ဒါလည်း အဆင်မပြေသေးလို့ အခုနောက်ဆုံး ကျနော် သိရထားသလောက်ကတော့ ဦးအောင်မင်း က နိုဝင်ဘာလ ၁ ရက်ကနေ ၄ ရက်နေ့ အထိက နိုင်ငံခြား ဧည့်သည်တွေနဲ့ ရှိတယ်ဆိုတော့ အဲဒီနောက်ပိုင်းမှ တွေ့ဖြစ်နိုင်မယ်။ ဒီကိစ္စကိုလည်း UNFC အတွင်းရေးမှူး နိုင်ဟံသာ ထံ ကျနော် အကြောင်း ပြန်ထားပါတယ်” ဟု ဦးညိုအုန်းမြင့် က မဇ္ဈိမကို ပြောသည်။

၂ဝ၁၁ နှစ်ကုန်ပိုင်း၌ UNFC နှင့် ဦးအောင်မင်းတို့ အလွတ်သဘော တကြိမ် တွေ့ဆုံခဲ့ကြပြီး ဖြစ်၍ ယခုစီစဉ်ထားသည့်
တွေ့ဆုံပွဲသည် ဒုတိယမြောက် အလွတ်သဘော ထပ်မံ တွေ့ဆုံကြခြင်း ဖြစ်မည်။

အဓိကအားဖြင့် နိုင်ငံတော် သမ္မတ၏ All Inclusive Discussing ဆိုသည့် အားလုံး ပါဝင်သည့် ငြိမ်းချမ်းရေး တွေ့ဆုံမှု
ပြုလုပ်ရန် ညွှန်ကြားထားမှုပေါ် အခြေခံ၍ တွေ့ဆုံခြင်း ဖြစ်ကြောင်း ဦးညိုအုန်းမြင့် က ပြောသည်။

ထိုတွေ့ဆုံပွဲသို့ တက်ရောက်ကြမည့် ကိုယ်စားလှယ်များမှာလည်း UNFC အပေါ်၌သာ မူတည်ပြီး အပစ်အခတ် မရပ်စဲရသေးသော်ငြားလည်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကိုယ်စားလှယ်များ တက်ရောက်လိုသည့် ဆန္ဒ ရှိပါက တက်ရောက်နိုင်သည်ဟု ဆိုသည်။

“UNFC ရဲ့ ဥက္ကဋ္ဌ လည်းဖြစ်၊ KIO ရဲ့ ဒု-ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဗိုလ်ချုပ် အင်ဘန်လ တို့လို ကိုယ်စားလှယ်တွေ တက်နိုင် ရင် ပိုကောင်းပါတယ်။ အခုလက်ရှိ ကချင်မှာ ဖြစ်နေတဲ့ ပြဿနာ ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေ ရှာကြဖို့နဲ့ နှစ်ဖက် ယုံကြည်မှု တည်ဆောက်ဖို့ အတွက်ကို အခြေအနေ တခုအထိကို ဆွေးနွေးနိုင်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်” ဟု ဦးညိုအုန်းမြင့် က ဆိုသည်။

သို့သော်လည်း တွေ့ဆုံပွဲတွင် မည်သည့် လုပ်ငန်းစဉ်များ၊ အကြောင်းအရာများကို ဆွေးနွေးကြနိုင်မည်နှင့် ပတ်သက် ၍ နှစ်ဖက်အကြား အသေးစိတ် အစီအစဉ်များကို ချမှတ်ထားခြင်း မရှိသေးကြောင်း UNFC အထွေထွေ အတွင်းရေးမှူး
နိုင်ဟံသာ က ပြောသည်။

“တွေ့ဆုံမယ် ဆိုတဲ့နေရာမှာ ဘယ်လို အချက်တွေ၊ အကြောင်း အရာတွေ ဆွေးနွေး ကြမလဲ ဆိုတာတော့ ကျနော် မပြောနိုင်သေးဘူး။ သိလည်း မသိရ သေးဘူး။ ဒီတွေ့ဆုံပွဲက အလွတ်သဘောလို့တော့ ပြောလို့ရတယ်။ ဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ ပထမတကြိမ် အလွတ်သဘော တွေ့ကြပြီးမှ ဒီဇင်ဘာလလောက် ဒုတိယ အကြိမ်
ပြန်တွေ့ကြရာမှာ ဘာတွေ ဆွေးနွေးကြမယ်ဆိုတာ ပြောနိုင်ပါမယ်” ဟု မဇ္ဈိမကို ပြောသည်။

လတ်တလော ဖြစ်နေသည့် ကချင်ပြည်နယ်တွင်း ထိုးစစ်များမှာ အစိုးရအဖွဲ့မှ စစ်တပ်အပေါ် အာဏာသက်ရောက်မှု နည်းနေသည်ကို ပြသနေကြာင်း UNFC မှ သုံးသပ်ထားသည်။ နှစ်ဖက် တရားဝင် တွေ့ဆုံ ဆွေးနွေးမှု ဖြစ်မြောက်နိုင်
ရေးအတွက်မူ လတ်တလော အနေအထားအရ အလားအလာ မမြင်သေးကြောင်း နိုင်ဟံသာ က သုံးသပ်ပြောဆို သွားသည်။

ကချင်ပြည်နယ် အတွင်း ထိုးစစ်များကို ဇွန်လ ၁ဝ ရက်နေ့အထိ အစိုးရဘက်မှ မရပ်ဆိုင်း ပါက အဖွဲ့ဝင် အဖွဲ့အစည်း များဖြင့် ရရှိထားသော အပစ်အခတ် ရပ်စဲရေး သဘောတူညီ မှုများကို ပြန်လည် သုံးသပ်သွားရမည်ဟု UNFC မှ
မေလ ၁ဝ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ဖူးသော်လည်း ထိထိရောက်ရောက် သုံးသပ်နိုင်ခြင်း မရှိခဲ့ပေ။

ထိုင်းနိုင်ငံတွင် နေထိုင်သည့် ဦးညိုအုန်းမြင့် အနေနှင့် UNFC နှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး အစီအစဉ် အပါအဝင် ထားဝယ် ရေနက်ဆိပ်ကမ်းကိစ္စ၊ တိုင်းရင်းသားဒေသ ပြန်လည်ထူထောင်ရေးကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးမှုများ
ပြုလုပ်နိုင်ရန်အတွက် အင်္ဂါနေ့၌ မြန်မာနိုင်ငံသို့ သွားရောက်ရန်ရှိသည်ဟု သိရှိရသည်။




Sunday, October 21, 2012

KWAG ဒါရိုက်တာ သြစတြေးလျား ခရီးစဉ် ပြီးဆုံး


အောက်တိုဘာ ၂၀ရက်၊ ၂၀၁၂ခုနှစ်။ စောကျော်ခွီး (ကေအိုင်စီ)

 အပြည်ပြည်ဆိုင်ရာ လူမှုကူညီရေးအဖွဲ့အစည်းဖြစ်သည့် World Vision၏ ဖိတ်ကြားမှုဖြင့် သြစတြေးလျားနိုင်ငံ သို့ အောက်တိုဘာ ၁၀ ရက်နေ့က ရောက်ရှိခဲ့သော ကရင်အမျိုးသမီးလှုပ်ရှားမှုအဖွဲ့(KWAG) ဒါရိုက်တာ နော်စူ စဲန်နာလှလှစိုး၏ သြစတြေးလျားခရီးစဉ်မှာ ယနေ့ အောက်တိုဘာ ၂၀ ရက်နေ့တွင် ပြီးဆုံးသွားပြီဖြစ်သည်။ 


ခရီးစဉ်အတွင်း သူမသည် သြစတြေးလျားနိုင်ငံရှိ Sydney၊ Perth နှင့် Melbourne မြို့တို့တွင် ကရင်လူမှုအဖွဲ့ အစည်းများ၊ ကရင်လူငယ်များ၊ NGO အဖွဲ့အစည်းများနှင့် နိုင်ငံရေးစိတ်ပါဝင်စားသူများအား လိုက်လံတွေ့ဆုံ ကာ ပြည်တွင်းကရင်အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခက်အခဲများကို ရှင်းလင်းခဲ့ပြီးနောက် ခရီးစဉ် အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။ 

KWAG နော်စူစဲန်နာလှလှစိုးက “မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် မှုဒိန်းမှု၊ မတရားပြုကျင့်ခံရမှု ဆက် လက်ရှိနေပြီး ငွေဖြင့် ပိတ်ပင်တာတွေကြောင့် အမှုလိုက်တဲ့အခါ အဖြစ်မှန် ပေါ်ပေါက်လျှက်နဲ့ အမှုရှုံးနှင့်သာ ရင်ဆိုင်ရတာ တွေ့ရတယ်။ နောက် ကလေးဘက်က ပြန်ကြည့်ရင် ၂၀၀၈ခုနှစ်၊ နာဂစ်မုန်တိုင်းဖြစ်ပွားလို့ မိဘမဲ့ကလေးဖြစ်သွားတဲ့ ကလေးတွေ ခုထိ အခက်အခဲဖြစ်နေတုန်းပဲ”ဟု ပြောသည်။ 

ထို့အပြင် ယခု ခရီးစဉ်သည် နော်စူစဲန်နာလှလှစိုး၏ ပထမဦးဆုံးအကြိမ် သြစတြေးလျား ခရီးစဉ်ဖြစ်ပြီး World Visionအဖွဲ့နှင့် တွေ့ဆုံသည့်အပြင် လက်ရှိ မြန်မာနိုင်ငံအရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအပေါ် ဆွေးနွေး ညှိနှိုင်းအဖြေရှာရန် သြစတြေးလျားရောက် ကရင်များနှင့် လာရောက်တွေ့ဆုံခြင်းလည်း ဖြစ်သည်ဟု သိရသည်။ 

သူမ၏ ဆေးနွေးပွဲသို့ တက်ရောက်သူ စောဝေးလ်းမင်းကလည်း “ဆရာမ(နော်စူစဲနာလှလှစိုး)က ငြိမ်းချမ်းရေး နဲ့ပတ်သက်ပြီး ကျနော်တို့ သြစတြေးလျားက မြန်မာအဖွဲ့အစည်းတွေကို လာဆွေးနွေးတာ ဆီလျော်သင့်တယ် လို့ ပြောချင်တယ်”ဟု ဆိုသည်။ 

ဆက်လက်၍ သူက လက်ရှိ အစိုးရသည် တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေးတွေ့ဆုံရာတွင် တနိုင်ငံလုံး ပါဝင်သည့် ဆွေး နွေးမှုမျိုး မဟုတ်ပဲ ကရင်တစု၊ မွန်တစု သျှမ်းတစု စသည့် ကွက်ကွက်ဆွေးနွေးခြင်းကို ကြည့် ခြင်းအားဖြင့် တိုင်းရင်းသားအဖွဲ့များကို ဖဲ့ထုတ် စည်းရုံးနေခြင်းသာ ဖြစ်သေးကြောင်း ပြောသည်။ 

၎င်းအပြင် နော်စူစဲန်နာလှလှစိုးက သူမ၏ ခရီးစဉ်တွင် သြစတြေးလျားရောက် ကရင်အဖွဲ့တစ်ခုဖြစ်သည့် သြစ တြေးလျားကရင်အဖွဲ့အစည်း(AKO)သည် မိမိကရင်စာ ပေ၊ ကရင်စကားကို သြစတြေးလျားနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုသည်အထိ ကြိုးစားလုပ်ဆောင်နိုင်သည့်အပေါ် အရမ်းအားရ ကျေနပ်မိကြောင်းနှင့် ပြည်ပနိုင်ငံရောက်သော်လည်း မိမိ၏ ဘာသာ၊ စကား၊ စာပေကို ထိန်းသိမ်းရန်လိုကြောင်း ဖြည့်စွက်ပြောခဲ့ သည်။ 

 နော်စူစဲန်နာလှလှစိုးသည် ယနေ့ အောက်တိုဘာ ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ရောက်ရှိကာ ထိုမှတဆင့် မြန်မာနိုင်ငံသို့ ပြန်ရောက်ရှိမည် ဖြစ်သည်။

 ဒါရိုက်တာအဖြစ် နော်စူစဲန်နာလှလှစိုး တာဝန်ထမ်းဆောင်သည့် KWAG အဖွဲ့ကို သြဂုတ်လ ၈ရက် ၂၀၀၃ခုနှစ် တွင် စတင်ဖွဲ့စည်းပြီး ကလေးနှင့် အမျိုးသမီးတို့၏ ကာကွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ကျန်မာရေး၊ ပညာရေး၊ လူကုန်ကူးမှုပပျောက်ရေး၊ ညှင်းပန်းနှိပ်စက်မှုပပျောက်ရေး၊ အဓမ္မနိုင်ထက်စီးနင်းမှု ပပျောက်ရေး တို့ကို လုပ်ဆောင်လျှက်ရှိသည်။