Saturday, March 14, 2009

In Hiding (Free Burma Rangers)

Burma Human Right Day's Remeberance


2009 March 13 is Burma Human Right Day..
We are remember for Naung Taw Gyi Ko phone Maw and other Human right fighter.
Who need to give their life for Human right.
At 1988 March 13 and At 1996 Dec 2 Human right fighter will come again from RIT,And then at 2007 Human right fighter come again over the road...
At our country history we can see Human Right Fighter are born till to now...
We never stop for Human Right for Our Country(BURMA)....

Friday, March 13, 2009

ကေအန်ယူမှ ထုတ်ပယ်ထားသည့် ဗိုလ်ကြီး (၃) ဦးကေအန်ယူ ခွဲထွက်အဖွဲ့နှင့် ပူးပေါင်း

NEJ / မတ်လ(၁၂) ရက်၊ ၂၀၀၉

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်ကြီးအဆင့်ရှိ တပ်ဖွဲ့ဝင် (၃) ဦးသည် ယခုလဆန်းပိုင်းက ကရင်ခွဲထွက် အဖွဲ့တဖွဲ့ဖြစ်သည့် ဗိုလ်ဌေးမောင်၏ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် သွားရောက်ပူးပေါင်းလိုက်သည်။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်ကြီးစောနေစိုးမြ၊ ဗိုလ်ကြီးမဟာဆွေနှင့် ဗိုလ်ကြီးသဲးခီး တို့သည် ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် သွားရောက်ပူးပေါင်းသည်မှာ မှန်ကန်ကြောင်း ကေအန်အယ်လ်အေ ကာကွယ်ရေးဌာနမှ ဗိုလ်မှူးရှီးလေက ခေတ်ပြိုင်သို့ အတည်ပြုပြောကြားသည်။ဗိုလ်ချုပ်ကြီးဟောင်း စောဘိုမြ၏ သားငယ်ဖြစ်သူ ဗိုလ်ကြီး စောနေစိုးမြသည် ယခင်နှစ် ဒီဇင်ဘာလ (၁၂) ရက်နေ့ က အဖွဲ့၏ခွင့်ပြုချက်မပါဘဲ ကော့ကရိတ်မြို့နယ် ထော့ကိုကိုးရွာတွင် အခြေစိုက်သည့် ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် သွားရောက်တွေ့ဆုံခဲ့သည့်အတွက် ကေအန်ယူဗဟိုမှ ခေါ်ယူ၍ သတိပေးတားမြစ်မူများ ပြုလုပ်ခဲ့ရသည်။စောနေစိုးမြသည် ယခင်လက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ နုတ်ထွက်ခွင့် တောင်းခံခဲ့ရာ ကေအန်အယ်လ်အေ စစ်ရုံးချုပ်မှ ၎င်းအား နုတ်ထွက်ခွင့်ပြုခဲ့သည့်နောက်ပိုင်း ထော့ကိုကိုးသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ (၃) ဦးနှင့်အတူ ကရင်အမျိုးသား အစည်းအရုံးကို အစဉ်တစိုက် အားပေးထောက်ခံခဲ့ပြီး ကရင်ခွဲထွက် အဖွဲ့များကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် ကေအန်ယူ နယ်မြေအခြေစိုက် အင်းရှည်ဆရာတော် ဦးဝိဇယသည်လည်း ၎င်းတို့နှင့်အတူ လိုက်ပါသွားခဲ့သည်။ထော့ကိုကိုးသို့ လိုက်ပါသွားသူ (၄) ဦးထဲတွင် စောနေစိုးမြ၊ စောမဟာဆွေ၊ စောသဲးခီးတို့ (၃) ဦးမှာ ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့၏ တရားဝင်အဖွဲ့ဝင်များ ဖြစ်သွားပြီးဟု ဗိုလ်မှူးရှီးလေက အတည်ပြု ပြောသည်။ သို့သော် ဘုန်းတော်ကြီး ဦးဝိဇယကမူ “ဘုန်းကြီးဆိုတာက ဒကာ၊ ဒကာမတွေ ပင့်ဖိတ်လို့ရှိရင် ဘယ်အရပ် ဘယ်ဒေသမဆို ကြွရတယ်” ဟု ပြောသည်။စောသဲးခီးအား ကေအန်အယ်လ်အေမှ ထုတ်ပယ်ထားသည်မှာ ကြာပြီဖြစ်သော်လည်း စောနေစိုးမြကို ယခင်လကုန် ပိုင်း၌ နုတ်ထွက်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ စောမဟာဆွေနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ မသိရှိ ရသေးသော်လည်း ဘုန်းတော်ကြီး ဦးဝိဇယ အပါအ၀င် ၎င်းတို့ (၄) ဦးသည် ယခုရက်ပိုင်းအတွင်း မဲဆောက်မြို့သို့ ပြန်လည်ရောက်ရှိလာပြီး မဲဆောက်နှင့် ထော့ကိုကိုးသို့ ပုံမှန်သွားလာလျက်ရှိသည်။ကရင်အမျိုးသားအစည်းအရုံးသို့ ယခုကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းခဲ့ရာ အဖွဲ့၏ တာဝန်ရှိသူတဦးက အဆိုပါလူများသည် မိမိတို့အဖွဲ့နှင့် လုံးဝပတ်သက်ခြင်းမရှိတော့သဖြင့် တစုံတရာပြောကြားရန် အကြောင်းမရှိဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

Thursday, March 12, 2009

Son of KNU leader joins pro-junta splinter group

2009 March 11
tags: , , , , , , ,
by peacerunning
Mar 11, 2009 (DVB)–A son of the late Karen National Union leader, Bo Mya, has joined a pro-government Karen splinter group led by General Htein Maung, KNU General Secretary (1) Hla Ngwe said.
Nay Soe Mya met with Htein Maung in Rangoon on 15 February, when UN human rights envoy Tomas Ojeas Quintana was there. When news of this visit reached the KNU, he was expelled, said Hla Ngwe.He then went to Naypyidaw to meet with Major General Yeh Min.“You can say that he joined them after he went there,” said Hla Ngwe.Bo Mya and his wife Lar Poe, who is the chairwoman of the Karen Women’s Organisation, have four sons and three daughters. Nay Soe Mya is the sixth child.“We didn’t give him the permission,” said Hla Ngwe. “He went there of his own accord, and his mother tried to stop him.”Nay Soe Mya had reportedly told the KNU that he went to see his uncle and only visited Rangoon.“We warned him not to do this kind of thing, and he disappeared,” said Hla Ngwe. “We thought he went to Bangkok, and we learned later that he went to Mr Quintana on 18 March.“We expelled him after that.”“His father did his revolutionary activities from the start to his death under the leadership of our organisation,” continued Hla Ngwe. “His children and wife became central committee members.“We persuaded Nay Soe Mya to carry out the revolution like his father, and not to do like his uncle,” he added.“Even his family could not stop him when it comes to anti-revolutionary self-interest and personal thinking.”
read also 27.02. One of the late General Bo Mya’s sons, Tay Lay Mya, has been excommunicated by the Karen National Union.http://democracyforburma.wordpress.com/2009/02/27/one-of-the-late-general-bo-mya’s-sons-tay-lay-mya-has-been-excommunicated-by-the-karen-
you gonna rot in hell….

မြန်မာနျူကလီးယား ဆွေးနွေးပွဲ တက်ရောက်လာသူ တရုတ်ပညာရှင် သေဆုံး

March 10, 2009 sawmanthein-->
(နောက်ဆုံးရသတင်း)
ချင်းမိုင် (မဇ္ဈိမ)။ ။ တရုတ်နိုင်ငံ ပီကင်း တက္ကသိုလ်မှ ပညာရှင်တဦးသည် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ပြုလုပ်သော နျူကလီးယားဌာန ဆွေးနွေးပွဲသို့ တက်ရောက်နေရင်း ရန်ကုန်မြို့ ရှိ စင်ထရယ် ဟိုတယ်တွင် သေဆုံးသွားခဲ့သည်။
မစ္စတာ Zhang Peixin (အသက် ၄၇) သည် အစည်းအဝေးနောက်ဆုံးနေ့မှာပင် ဟိုတယ် အိပ်ခန်းအတွင်း မှောက်လျက် အနေအထားဖြင့် သေဆုံးနေခြင်း ဖြစ်သည်။
Zhang သည် ဖေဖော်ဝါရီ ၂၂ ရက်နေ့က မြန်မာနိုင်ငံသို့ စတင်ရောက်ရှိခဲ့ပြီး ၎င်းပြန်မည့် မတ်လ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် အစည်းအဝေးခန်းသို့ ရောက်လာခြင်းမရှိ၍ ၀န်ကြီးဌာန တာဝန်ရှိသူများနှင် ဟိုတယ်ဒုတိယမန်နေဂျာက အခန်းတံခါးကို ဖွင့်ပြီး ၀င်ရောက်ရာတွင် မှောက်လျက် အနေအထားဖြင့် တွေ့ရှိခဲ့ကြသည်။ ဟိုတယ်၏ အကြောင်းကြားချက်အရ ရဲနှင့် ဆေးဘက်ဆိုင်ရာတို့က ရောက်ရှိစစ်ဆေးရာတွင် သူ၏ခန္ဓာကိုယ်၌ ဒဏ်ရာတစုံတခု မတွေ့ရဘဲ သေဆုံးပြီး ဖြစ်သည်ဟု အတည်ပြုခဲ့ကြသည်။
ရန်ကုန်ဆေးရုံကြီးရှိ မှုခင်းဆရာဝန်များက ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးရာ ပင်မနှလုံးသွေးကြောများကျဉ်းနေသည်ကို တွေ့ရှိခဲ့သည်ဟု ရဲသတင်းရပ်ကွက်က ပြောသည်။
စုံစမ်းစစ်ဆေးသူများ၏ သတင်းရပ်ကွက်အရ အခင်းဖြစ်ပွားချိန်တွင် သေဆုံးသူသည် တဦးတည်းသာ ရှိနေခဲ့သည်ဟု သိရသည်။
သူ၏ဇနီးနှင့် သမီးဖြစ်သူတို့ မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ပြီး ရုပ်အလောင်းကို မတ်လ ၆ ရက်နေ့ ၄ နာရီ မိနစ် ၂၀ တွင် ရေဝေးသုသာန်တွင် မီးသဂြိုဟ်၍ ကြွင်းကျန်သော အရိုးပြာကို တရုတ်နိုင်ငံသို့ ပြန်လည်ယူဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။

ဗိုလ်ချုပ်မြသားငယ် ဗိုလ်ထိန်မောင်နှင့် ပူးပေါင်း

Wednesday, March 11, 2009
ကွယ်လွန်သွားခဲ့ပြီဖြစ်သည့် ကေအဲန်ယူခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏ သားငယ် မောင်တေးလေး(ခေါ်) ဗိုလ်ကြီး စောနေစိုးမြသည် ထော့ကိုကိုးအခြေချ ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်ထိန်မောင်အဖွဲ့နှင့် သွားရောက် ပူးပေါင်းသွားသည်ဟု သိရှိရသည်။ထိုသို့ သွားရောက်ပူးပေါင်းသွားသည့်အပေါ် ကေအဲန်ယူအသိုင်းအ၀ိုင်းက ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုသည်။ ၄င်းသည် ဗိုလ်ချုပ်ထိန်မောင်၏ တူအရင်းတော်စပ်သူတဦးဖြစ်သည်။ဗိုလ်ကြီးစောနေစိုးမြသည် ဒီဇင်ဘာလ ၁၂ရက်နေ့က ကေအဲန်ယူဗဟို ခွင့်ပြုချက် တစုံတရာမရပဲ နေပြည်တော်သို့သွားရောက်ကာ နအဖနှင့် တွေ့ဆုံခဲ့ပြီး ထိုသို့ တရားမ၀င်တွေ့ဆုံခဲ့သည့်အတွက် ကေအဲန်ယူက ၄င်းအား ထုတ်ပယ်ခဲ့ရ သည့်သူတဦးလည်း ဖြစ်သည်။တော်လှန်ရေးကို သက်ဆုံးတိုင်ဦးစီးဆောင်ရွက်ခဲ့သည့် ဗိုလ်ချုပ်ကြီးစောဘိုမြ မျိုးရိုးတွင် ပထမဦးဆုံး ရန်သူ့ထံ ဒူးထောက်အညံ့ခံ သွားခဲ့သူတဦးဖြစ်ပြီး ဖခင် လက်နှင့်ရေးသည့် တော်လှန်ရေးသမိုင်းကို ခြေနှင့်ဖျက်သည့် သားဆိုး တဦးအဖြစ် ကရင့်သမိုင်း မျက်နှာစာတွင် မှတ်တမ်းတင်ရမည် ဖြစ်သည်။
ကျော်အဲခေါင်သောင့်

Wednesday, March 11, 2009

ဗိုလ်ချုပ်မြ၏ သားကို ကေအန်ယူက ထုတ်ပယ်

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ မတ်လ 11 2009 19:34 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ ကရင့်အမျိုးသား အစည်းအရုံး ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ (ကွယ်လွန်) ၏ အငယ်ဆုံးသား ဗိုလ်ကြီး စောနေစိုးမြသည် နေပြည်တော်ရှိ မြန်မာ စစ်ခေါင်းဆောင် တဦးနှင့် သွားတွေ့သဖြင့် အဖွဲ့မှ ထုတ်လိုက်ကြောင်း ကေအန်ယူ ပြောဆိုချက်အရ သိရသည်။ ကေအန်ယူမှ ခွဲထွက်ခဲ့သည့် ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်သည့် ငြိမ်းချမ်းရေး ရယူသည့် အဖွဲ့နှင့်အတူ နေပြည်တော်မှ ဗိုလ်ချုပ်ရဲမြင့်ထံ သွားတွေ့ခဲ့သဖြင့် ကေအန်ယူ၏ တပ်မတော်ဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်အေ) မှ တပ်ခွဲမှူးတဦးဖြစ်သည့် သူ့ကို လွန်ခဲ့သည့် နှစ်ပတ်ခန့်က ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။
“သူ့ကို ထုတ်လိုက်တာ နှစ်ပတ်လောက်ရှိပြီ။ တပ်က ထုတ်ထားပြီးပြီ။ သူ့အဖေက အစဉ်အလာ ရှိခဲ့တာပေါ့။ သူ့အဖေက တမျိုးပေါ့လေ။ သူ့ကို အခု ကေအန်ယူကလည်း ထုတ်လိုက်တယ်။ ကေအန်အယ်အေ ကလည်း ထုတ်လိုက်တယ်။ သူက ရန်သူ့ လက်ကိုင်တုတ်တွေနဲ့ သွားပေါင်းတယ်။ ဒါ သိစ္စာဖောက်ပေါ့။ အဖေကောင်းတိုင်း သားမကောင်းဘူးပေါ့နော်” ဟု ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒို ဒေးဗစ်တာကပေါက ပြောသည်။ပြီးခဲ့သည့်လ ၁၅ ရက်နေ့တွင် ကရင်ပြည်နယ်သို့ လာရောက်နေသည့် ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကွင်တားနားထံ ဗိုလ်ချုပ် ထိန်မောင်အဖွဲ့က သွားရောက် တွေ့ဆုံရာ စောနေစိုးမြ လိုက်ပါသွားပြီးနောက် နေပြည်တော်တွင် ဗိုလ်ချုပ်ရဲမြင့်နှင့် တွေ့ခဲ့သည့် သတင်းများ ရရှိခဲ့သည်ဟု ကေအန်ယူက ပြောသည်။ဗိုလ်ချုပ် ထိန်မောင် ဦးစီးသော အဖွဲ့သည် ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကေအန်ယူမှ ခွဲထွက်ကာ နအဖ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူပြီး ကေအင်ယူ-ကေအင်အယ်အေ ငြိမ်းချမ်းရေး ကောင်စီကို ဖွဲ့စည်းခဲ့သည်။ကေအန်ယူသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် မြန်မာစစ်အစိုးရ အဆက်ဆက်ကို နှစ်ပေါင်း ၆ဝ ကျော် တိုက်ပွဲဝင်နေသည့် အရှေ့တောင်အာရှတွင် သက်တမ်းအကြာဆုံး အဖွဲ့ဖြစ်သည်။

Monday, March 9, 2009

ကရင်လူမျိုးများနှင့် ရှေးဦးသမိုင်းအကျဉ်း

Sunday, March 8, 2009
ထီ့ဆေ့မေ့ယွား ခေါ် ထီးဆဲ့မဲ့ယွားလူမျိုးတိုင်းသည် မိမိတို့၏သမိုင်းကို သားစဉ်မြေးဆက်လက်ဆင့်ကမ်းသယ်ပိုးခဲ့ကြ၏။ သို့ဖြစ်၍ သမိုင်းဟူသည် ဖောာက်ဖျက်၍ ရနိုင်ကောင်းသော အရာမဟုတ်ပေ။ပုဂံရာဇ၀င်ကို တုတ်ထမ်းပြောရတယ် ဟု အဆိုရှိလျှင် ပုဂံရာဇ၀င်ထက် ရှေးကျသည့် ကျွန်ုပ်တို့ ကရင်တိုင်းရင်းသာတို့၏ ရှေးဦးသမိုင်းကို ပြန်ပြောင်းပြောရာတွင် သုတေသီတို့ အငြင်းပွားဖွယ်ရာရှိပါက အံ့သြစရာမဟုတ်ပေ။ကျွန်ုပ်တို့ ကရင်တိုင်းရင်းသားတို့သည် ရှေးကပင် လူကြီးမိဘများ၏ ဆုံးမစကားကို တရိုတသေမှတ်သားလိုက်နာတတ်ပြီး နောင်လာနောင်သားများအား ပြန်လည်သွန်သင်ဆုံးမခြင်းဖြင့် သမိုင်းအထောက်အထားများကို ခိုင်ခိုင်လုံလုံ ထိန်းသိမ်းလာ နိုင်ခဲ့သည်။ ယင်းသမိုင်းအထောက်အထားများအနက် ထီ့ဆေံမေ့ယွားခေါ် ထီးဆဲ့မဲ့ယွား ဒေသသည် ကရင်လူမျိုးတို့ တစ်ချိန်က အခြေချနေထိုင်ခဲ့သော နေရာဒေသဖြစ်ကြောင်းကို အများကကြားဖူးပြီးဖြစ်သော်လည်း ယင်း ထီ့ဆဲ့မဲ့ယွား ဒေသသည် မည်သည့်တိုင်းပြည်ဒေသ တွင် ရှိသည်ကို မှန်းဆမရနိုင်သူ များလှသည်။ထီ့ဆဲ့မဲ့ယွား ဟူသည် ရေစီးရာတွင် သဲတို့ မျောပါနေသော ဖြစ်ချောင်းဒေသ ဟု အဓိပ္ပါယ်ရသည်။ ယင်းဒေသကို မနုဿပထ၀ီဗေဒနှင့် သမိုင်းပညာရပ်များစသည်တို့ဖြင့် သိပ္ပံနည်းကျ လေ့လာရှာဖွေပါက တရုတ်ပြည်တောင်ပိုင်း တစ်နေရာတွင် လွန်ခဲ့သောနှစ်ပေါင်း (၃၅၀၀)လောက်က တည်ရှိခဲ့သော အိုအေစစ် ယဉ်ကျေးမှု ပုံသဏ္ဍာန်ဖြစ်ပြီး၊ မြစ်ကြောင်းတစ်လျှောက် စိုက်ပျိုး မွေးဖြူရေး အသင့်အတင့်လုပ်ကိုင်၍ အခြေချနေထိုင်ပြီး မိသားစု အိမ်ထောင်စုတို့ စုပေါင်းနေထိုင်ကြသည့် ဒေသဖြစ်သည်။ထိုဒေသတွင် ကရင်ရှေးဦးလူတို့သည် ရာစုနှစ်တစ်ဝက်ကျော် နေထိုင်ခဲ့ဟန်ရှိပြီး နောက်ပိုင်းတွင် မြစ်ချောင်းများတိမ်ကောမှုနှင့် မိုးရေလျှံမှုတို့ကြောင့် စိုက်ပျိုးခင်းများ လူနေအိမ်များပျက်ဆီးခဲ့ရပြီး တိုးပွားလာသော လူဦးရေအတွက် ထောက်ပံ့နိုင်သည့် အခြေအနေမရှိတော့သဖြင့် နေရာအသစ်ရှာဖွေရန် အုပ်စုခွဲပြီး တောင်ဘက်အရပ်များသို့ ရွှေ့ပြောင်းလာကြရာ ယနေ့အရှေ့တောင်အာရှဒေသအနှံ့ ပြန့်ကျဲနေထိုင်ကြသော ကရင်လူမျိုးစုများကို တွေ့ရခြင်းဖြစ်သည်။မို့ထိတ် ဖထိတ် ခေါ် မိုးထိ ပါးထိကရင်ရှေးဦးလူမျိုးတို့သည် အရှေ့တောင်အာရှဒေသအနှံ့ အစုစုပျံ့နှံ့ နေထိုင်ကြသော်လည်း ထီဆေ့မေ့ယွားဒေသမှ ထွက်လာစဉ်က အားလုံးတစ်ချိန်တည်း ထွက်လာကြသည်မဟုတ်ပဲ အနည်းဆုံး အုပ်စုကြီး နှစ်စု ထွက်လာကြသည်မှာ ထင်ရှားပါသည်။ ယင်းအုပ်စုနှစ်စုအနက် ရှေးဦးစွာ ထွက်လာကြသူများမှာ ဖခင်များ သို့မဟုတ် အကြားအမြင်ဗဟုသုတရှိပြီး အသက်ကြီးသော ယောက်ျားများဦးဆောင်ပြုသော အုပ်စုဖြစ်ပြီး ကောင်းမွန်သောဒေသအသစ်တွေ့ရှိပါက ကျန်ခဲ့သော မိသားစုများကို ပြန်ခေါ်ရန် ရည်ရွယ်ချက်ဖြင့် ထွက်လာကြပြီး ယင်းအုပ်စုတွင် လိုက်ပါသွားသူများကို နောင်ကာလတွင် ဖထိတ် သို့မဟုတ် ပါထိ ခေါ် ဖခင်အနွယ်ကရင်မျိုးနွယ်စုများဟု ခေါ်တွင်လာခဲ့သည်။ ကျန်ခဲ့သော မိသားစုများတွင် အတွေ့ကြုံပြည့်စုံသော မိခင်များ သို့မဟုတ် အမျိုးသမီးကြီးများက စီမံကွပ်ကဲ၍ ထိုဒေသမှ ထွက်ခွာသောကြသော မိသားစုများ သည် တစ်နေ့တွင် ပြန်လာခေါ်မည်ဟု မျှော်လင့်ချက်ဖြင့် ထီ့ဆေ့မေ့ယွား ဒေသတွင် နေထိုင်လာခဲ့ရာ နှစ်ပေါင်းကြာမြင့်လာသောအခါ သဘာဝဘေးရန်များနှင့် နောက်ထပ်ရွှေ့ပြောင်းလာကြသော အခြားလူမျိုးစုများရန်ကြောင့် ရှေးကထွက်ခွာသွားသော အုပ်စုနောက်သို့ ရှာဖွေလိုက်လာခဲ့ပြီး ယင်းတို့ကို ထီ့ဆေ့မေ့ယွားမှ မို့ထိတ် သို့မဟုတ် မိုးထိ ခေါ် မိခင်အနွယ်ဝင် ကရင်လူမျိုးများ ဖြစ်လာကြသည်ဟု သမိုင်းပညာရှင် အများစုက လက်ခံယုံကြည်ထားကြသည်။ဖထိတ်ခေါ် စကောကရင်အုပ်စုသည် မဲခေါင်မြစ်ကြောင်း သံလွင်မြစ်ကြောင်းများကို အဓိကအသုံးပြုပြီး တောင်ဘက်သို့ ရွှေ့ပြောင်းလာကြရာ ယနေ့တိုင် ယိုးဒယားပြည်၊ မြန်မာပြည်၊ ကမ္ဘောဒီးယားနှင့် ဗီယနမ်တောင်ပိုင်း၊ မလေးရှားမြောက်ပိုင်းဒေသများသို့တိုင်အောင် တောင်ပေါ်မြေပြန့်အနှံ့ နေထိုင်ကြသည်ကို တွေ့နိုင်ပါသည်။မို့ထိတ် ခေါ် ပိုးကရင်အုပ်စုသည် ဧရာဝတီမြစ်ကြောင်းတို့ကို အထူးသဖြင့် အသုံးပြုပြီး ဆင်းသက်လာခဲ့ကြရာ မြန်မာပြည်ဖြစ်ဝကျွန်းပေါ်ဒေသနှင့် ကရင်ပြည်နယ်ဒေသများတွင်လည်းကောင်း၊ ယိုးဒယားပြည်အနောက်ဘက်ခြမ်းဒေသများတွင် လည်းကောင်း ပျံ့နှံ့နေထိုင်သည်ကို တွေ့ရပေမည်။ကရင်သက္ကရာဇ်ရေတွက်ခြင်းဒုတိယအသုတ်ဖြစ်သော မို့ထိတ်ခေါ် ပိုးကရင်အနွယ်ဝင်တို့သည် ခမ(၇၃၉) နှစ်လောက်တွင် ပြည်ထောင်စုထဲသို့ စတင်ဝင်ရောက်လာပြီး ထိုကာလမှစ၍ ကျွန်ုပ်တို့ကရင်အမျိုးသာ သက္ကရာဇ်ကို သုတေသီတို့ရေတွက်၍ ယခုနှစ်ဆိုလျှင် ၂၇၄၈-ခုနှစ်သို့ ရောက်လာခဲ့ပါပြီ။သို့ဖြစ်၍ ယနေ့ ကျွန်ုပ်တို့ပြည်ထောင်စုအတွင်း ပြန်လည်ဆုံစည်းကြသော ဖခင်အနွယ်ဝင် စကောကရင် အုပ်စုနှင့် မိခင်အနွယ်ဝင် ပိုးကရင် အုပ်စုတို့မှာ တစ်ချိန်က ထီ့ဆေံမေ့ယွားတွင် တစ်ရွာတည်း သို့မဟုတ် တစ်အိမ်ထောင်စုတည်းနေထိုင်ခဲ့ကြသော မိဘများမှ တစ်မျိုးတည်း တစ်ခုတည်းသော သွေးရင်းသားရင်းညီအစ်ကိုများဖြစ်ကြောင်းကို ကရင်လူကြီးများက ဆုံးမပြောကြားခဲ့သော ပုံပြင်များ၊ ဆုံးမစကားများ၊ စကားပုံများအရ မှန်ကန်ကြောင်း ငြင်းဆိုစရာမရှိသည့်အပြင် ယင်းသမိုင်းစဉ်ကို ပိုမိုခိုင်လုံစေသည့် သမိုင်းအထောက်အထား များက ယနေ့အရှေ့တောင်အာရှဒေသရှိလူမျိုးစုများ၏သမိုင်းကို လေ့လာခြင်းအားဖြင့် ယင်းတို့အနက် ကျွန်ုပ်တို့ ကရင်လူမျိုးစုများ၏ အတိတ်သမိုင်းကြောင်းကိုလည်း မှန်ကန်စွာ လေ့လာတွေ့ရှိနိုင်ပါသည်။ကရင်ဟု ခေါ်တွင်ခြင်းကရင်လူမျိုးစုများကို ပညာရှင်များက ထိုင်းတရုတ်အနွယ်ဝင်များဟု မှတ်တမ်းတင်ကြသည်။ ပညာရှင်တို့၏ တင်ပြချက်အရ လူတို့၏ ဦးခေါင်းခွံအနေအထားနှင့် နှာခေါင်းအနေအထားအရလည်းကောင်း၊ စကားဝေါဟာရ ဘာသာဗေဒအရလည်းကောင်း သတ်မှန်ခေါ်တွင်ခြင်းဖြစ်သော်လည်း ကရင်လူမျိုးစုများမှာ ထိုင်း တရုတ် အုပ်စုများကဲ့သို့ပင် မွန်ဂိုအနွယ်ဝင်များဖြစ်ကြသည်။အရှေ့တောင်အာရှရှိ လူမျိုးအတော်များများက ယန် ဟု ခေါ်ကြပြီး၊ မြန်မာလူမျိုးများက ကရင်ဟုခေါ်ကြသည်။ ကရင်ဟူသော အခေါ်ကို မည်သည့်အချိန်ကစပြီး ခေါ်ကြသည်ကို အတိအကျတင်ပြရန် ခက်ခဲသော်လည်း ယင်းအခေါ်သည် အင်းဝခေတ်မတိုင်မီ စတင်ခေါ်ထွင် ခဲ့ဟန်ရှိသည်။ မြန်မာလူမျိုးတို့၏ အယူအဆအရ ကရင်လူမျိုးများကို ရှမ်းလူမျိုး(၃၀)တွင် ထည့်သွင်း၍ မှတ်တမ်းတင်ခဲ့ရာ ကွေ့ရှမ်းလူမျိုးများကိုလည်းကောင်း ဂျွမ်းလူများကိုလည်း ကောင်း၊ ကရင်လူမျိုးများဟု ဒေသတစ်လျှောက် ခေါ်တွင်ကြခဲ့သည်ဟု သမိုင်းပညာရှင်အချို့ က ယူဆကြသည်။အချို့ပညာရှင်များက တစ်ချိန်က ဧရာဝတီမြစ်ကမ်းတွင် နေထိုင်ခဲ့ဖူးသော ကမ်းယံလူမျိုးမှားမှ ကရင်လူမျိုးများဖြစ်လာသည်ဟူ၍လည်းကောင်း၊ ပျူလူမျိုးများအား ယနေ့ ပိုးကရင်ဖြစ်လာသည်ဟူ၍လည်းကောင်း ယူဆကြသည်။ယနေ့ရခိုင်ပြည်နယ်ဒေသတစ်ချို့တွင် ကမ်းယံ လူမျိုးအနည်းငယ်ကို တွေ့နိုင်ရာ ယင်းတို့မှာ ကရင်လူမျိုးမှားနှင့်မတူကြောင်းကိုလည်းကောင်း၊ ပျူလူမျိုးများသည် ပျောက်ကွယ်သွားပြီဟု သမိုင်းပညာရှင်အချို့က ယူဆကြသော်လည်း အမှန်မှာ ယနေ့တိုင်အောင် ပျူလူမျိုးတို့၏ အဆက်အနွယ်ကို ပဲခူးတိုင်းအနောက်ဖက်ခြမ်းနှင့် ပြည်မြို့တစ်ဖက်တွင် အနှံ့အပြားတွေ့ရှိနိုင် ပါသည်။ သို့ရာတွင် ထိုသူတို့အားလုံးမှာ သူတို့ကိုယ်တိုင် မြန်မာလူမျိုးများဟု ယုံကြည်ကြပြီး မြန်မာလူမျိုးများအသွင်သို့ လုံးဝပြောင်းလဲသွားခြင်းသာဖြစ်သည်။ သို့သော် မြန်မာစစ်စစ်များ နှင့် အရောင်အသွေးမတူခြင်း၊ စကားပြောရာတွင် အသံဝဲပုံ တစ်မျိုးတစ်ဖုံထူးခြားခြင်းတို့ ကြောင့် ပျူလူမျိုးများကို ပိုးကရင်ဖြစ်လာသည်ဆိုသော ယူဆချက်မှာ မမှန်နိုင်ပါ။ သို့ရာတွင် ရှေးပျူယဉ်ကျေးမှုထွန်းကားချိန်တွင် ပျူလူမျိုးများနှင့် ပိုးကရင်အနွယ်အ၀င်များတို့ ရောနှော ခဲ့ကြသည့် လက္ခဏာအထောက်အထားကား ထည့်သွင်းစဉ်းစားရပေမည်။အဘယ့်ကြောင့်ဆိုသော် ယနေ့ကရင်လူမျိုးတို့၏ ရိုးရာဓလေ့အချို့သည် ထိုခေတ် ပျူယဉ်ကျေးမှု အချို့တို့နှင့် နီးစပ်သည်ကို တွေ့ရှိနိုင်ခြင်း၊ မည်လည်သမိုင်းတွင် ပျူမင်း များ ဟူသော အရေးအသားနှင့်ပတ်သက်၍ ပျူမှာ လူမျိုးများကို ဖော်ပြရာဖြစ်သကဲ့သို့ ပြုံး ဟူသော အခေါ်မှာ မြန်မာစကားသံအရ ယရစ်သံပျက်ဖြစ်၍ ပရုံး ဟူသောအသံထွက်ပြီး သံမှန်အနေအထားသို့လေ့လာပါက ပရုံး ဖလုံး ဖလုံ ဟူသော အသံများရဲ့ မူလဇစ်မြစ်ဖြစ်နိုင် ပြီး ယင်းအခေါ်သည် ယနေ့ ပိုးကရင် တို့ မိမိကိုယ်ကိုခေါ်သော ဖလုံ ဟူသော အခေါ်နှင့် အသံထွက်တူသည်ကို တွေ့ရသည်။ထို့အပြင် နိုင်ငံခြားသားများ၏ မှတ်တမ်းဝင်အခေါ်အရ ပြည်မြို့ကို ပရုံး ဟုခေါ်ခြင်းသည် ယင်း ဒေသတွင် တစ်ချိန်က ယနေ့ ဖလုံ ခေါ်သော ပိုးကရင်လူမျိုးစုတို့ နေထိုင်ရာ ဒေသအဖြစ်ဖြင့် ထင်ရှားခဲ့ကြောင်းကို ရှေးကရင်လူကြီးများအဆိုနှင့် ယှဉ်ပြီးသိနိုင်ပါသည်။မြန်မာသမိုင်းတွင် ပါရှိသည့် မွန် မြန်မာတို့ နှစ်ပေါင်း(၄၀)စစ်ပွဲကာလတွင် မြန်မာမင်းများ၏ အရှေ့ဘက်စစ်ကြောင်းဖြစ်သော စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်တွင် အများစုနေထိုင်သော စကောကရင် လူမျိုးစုများကို မြန်မာမင်းတို့၏ စစ်တပ်များတွင် ပါဝင်စေခြင်းဖြင့်လည်းကောင်း၊ မွန်မင်းများကြီးစိုးရာ ဒေသဖြစ်သော မြစ်ဝကွန်းပေါ်နှင့် အောက်ပိုင်းရှိပိုးကရင်လူမျိုးစုများကို မွန်မင်းများ၏ စစ်တပ်တွင် ပါဝင်စေခြင့်ဖြင့်လည်းကောင်း၊ ကရင်လူမျိုးနှစ်စုအား မွန် မြန်မာတို့က ခွဲခြားခေါ်ဝေါ်ခြင်းဖြင့် စကောကရင်အုပ်စုကို မြန်မာကရင်များ၊ ပိုးကရင်အုပ်စုကို မွန်ကရင် သို့မဟုတ် တလိုင်းကရင်များဟူ၍လည်းကောင်း ယနေ့တိုင်အောင် တစ်ချို့ခေါ်ဝေါ် နေကြသေးသည်။သုတေသီတစ်ချို့က တောင်ငူမင်းဆက်ကို ကရင်လူမျိုးတို့ စတင်တည်ထောင်ကြောင်း အဆိုရှိကြသည်။ ယင်းအဆိုမှာ များစွာ လျှော်ကန်လှပေသည်။ အကြောင်းမှာ မွန်-မြန်မာစစ်ပွဲ ကာလတွင် စကောကရင်လူမျိုးစုတို့သည် စစ်ရေး အုပ်ချုပ်ရေးအတွေ့အကြုံနှင့် နယ်မြေဒေသ စုစည်းနေထိုင်မှုများကြောင့် တောင်ငူမင်းဆက်ကို စတင်တည်ထောင်ရန် အင်အားအထူးကောင်းမွန်လျက်ရှိမည်မှာမလွဲပေ၊ မည်သို့ပင်ဆိုစေကာမူ သမိုင်းတွင် ကရင်လူမျိုးတို့ မှတ်တမ်းမ၀င်သည်မှာ ကရင်လူ မျိုးတို့၏ အေးဆေးစွာ နေထိုင်လိုသောစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှု အားနည်းသော သဘာဝတို့ကြောင့် အခြားလူမျိုးများ၏လက်အောက်တွင် ကာလကြာမြင့်စွာ နေထိုင်ကြရကာ မိမိတို့ဓလေ့ထုံးစံတစ်ချို့ နှမျောဖွယ်ရာ ဆုံးရှူံးရခြင်းနှင့် တစ်ဒေသနှင့် တစ်ဒေသဆက်သွယ်ရန် ဝေးလံခက်ခဲသော နေရာဒေသများတွင် နေထိုင်ကြရလေသည်။
စရှောင်ဖန်း(အင်းစိန်)
၂၀၀၆-ထုတ် ပိုးကရင်မဂ္ဂဇင်းမှ



Sunday, March 8, 2009

Join Going Home 2009 Kwekalu News

tags: , , , , , , ,
by peacerunning
Injustice anywhere is a threat to justiceeverywhere.” Martin Luther King, Jr.Let us do anything we can in defense of jus-tice – for the Karens in particular and forBurma as a whole. After all, we rise as onenation and we will fall as one nation, for weall share the stake in this country we somuch love.
We welcome your thoughts:Answer ‘Yes” to the followingquestions, and you are ready tojoin the Going Home program:1) Are you willing to do what youcan for your people and for yourcountry?The year before, the Going Home Team witnessed our people fleeing from homeinto Thailand due to the war and oppres-sion in our homeland. This year theTeam witnessed our people in refugeecamps heading to yet other foreign landsdue to the gloomy life in refugee campsReflection on 2007 & 2008 http://www.kwekalu.net/advert/Publication2GoingHomeIII.pdf
Respect and salute for all the Karen/Karenni

UDP ၏ ဖြီးလုံးဖြန်းလုံးများ

ရဲဘော်ပိုင် (DPA)Saturday, March 07, 2009
အခုတလော လေလှိုင်းပေါ်မှာနဲ့ အင်တာနက်ပေါ်မှာ ကနေဒါက UDP ပါတီဆိုတာရဲ့ ခေါင်းဆောင် ဦးကျော်မြင့်အကြောင်းတွေ ကြားနေ ရ တွေ့နေရပါတယ်။ ဒီထဲက သူ့ဘဝဖြတ်သန်းမှုဆိုတာနဲ့ပတ်သက်လို့ ကျနော်သိသလောက် ပြောပြချင်ပါတယ်။၁၉၈၈ ခု နဝတ အာဏာသိမ်းပြီးတော့ ကျနော်တို့မန္တလေးနဲ့ အထက်ဗမာပြည်တဝိုက်က ကျောင်းသားတွေဟာ တချို့က အိန္ဒိယဘက် သွားကြသလို တချို့က မိုးကောင်း ဗန်းမော် မြစ်ကြီးနားဘက် KIA ဆီတောခိုကြပါတယ်။ သူငယ်ချင်းတချို့က သီပေါ ကျောက်မဲဘက် ကနေ SSA နယ်မြေကို တောခိုသွားကြပါတယ်။ ကျနော်ကတော့ နမ္မတူဘက်ကတဆင့် ဗကပနယ်မြေ မုံးကိုးကို ရောက်သွားပါတယ်။ တချို့လည်း ကုန်သည်တွေနဲ့အတူ မူဆယ် ကြူကုတ် ကတဆင့် မုံးကိုးကို ရောက်လာတာရှိပါတယ်။အဲဒီအချိန်မှာ မုံးကိုးဟာ ဗကပရဲ့ မြောက်ပိုင်းဗျူရို ဌာနချုပ် အခြေစိုက်ရာဖြစ်ပါတယ်။ ကျနော်ဟာ မုံးကိုး ကို ၁၉၈၈ နိုဝင်ဘာမှာရောက် ပြီးနောက် မကြာခင်မှာဘဲ အခြေခံစစ်သင်တန်း၊ လက်နက်ငယ်သင်တန်း၊ နိုင်ငံရေး သင်တန်းတွေ တက်ရပါတယ်။ ကျနော်တို့ ၈ လေးလုံးက တောခိုလာတဲ့ ကျောင်းသားတွေနဲ့ အရပ်သားတွေကို ဗကပ က ဒီမိုကရေစီပြည်ချစ်တပ်မတော် DPA ဆိုတဲ့နာမည်နဲ့ သီးသန့်အဖွဲ့အစည်းတခု တည်ထောင်ပေးပါတယ်။ DPA ခေါင်းဆောင်ပိုင်းထဲမှာတော့ ဗကပ ယူဂျီတွေ ထည့်ထားတယ်လို့ထင်ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ အများစုကတော့ နီတာ ဖြူတာတွေမသိဘဲ စစ်အုပ်စုကိုချချင်တာဘဲ သိပါတယ်။ကျနော်တို့ မုံးကိုးမှာ စစ်သင်တန်း နိုင်ငံရေးသင်တန်းတွေတက်၊ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်နေတုံး ၁၉၈၉ ခု မတ်လ (၁၀) ရက်နေ့မှာ ဖုံကြားရှင်းခေါင်းဆောင်ပြီး ဗကပရဲ့ ကိုးကန့်ခရိုင်က ဗကပကိုပုန်ကန်ခွဲထွက်လိုက်ပါတယ်။ ၃-၄ ရက်အကြာမှာ ခွဲထွက်ကိုးကန့်တပ်တွေ ဟာ သံလွင်ကိုကူးပြီး မုံးကိုးကိုချီတက်လာပါတယ်။ အဲဒါနဲ့ မုံးကိုးမှာရှိတဲ့ ဗကပ မြောက်ပိုင်းဗဟိုဌာနခွဲရုံးအဖွဲ့တွေနဲ့ ကျနော်တို့ DPA တပ်ဖွဲ့တွေဟာ မတ်လ (၁၅)ရက်မနက်စောစော လယ်ကွင်းတွေကိုဖြတ်ပြီး တရုတ်ပြည်ဘက်ခြမ်းက မန်ဟိုင်းရွာကို ပြေးရပါတော့တယ်။ တပ်တွေကတော့ တချို့လည်း ကိုးကန့်တပ်တွေနဲ့ ပေါင်းသွားပြီး တချို့လည်း တရုတ်ပြည်ဘက် ပြေးဝင်ကြပါတယ်။ ဗကပဗဟိုရဲ့ အမိန့် အရ ကိုးကန့်တပ်တွေကို ခံမတိုက်ရပါဘူး။ DPA ခမြာ လက်နက်တောင်မကိုင်ရ၊ ရှေ့တန်းတောင် မထွက်လိုက်ရပါဘူး။ဒီတော့ ဦးကျော်မြင့်ပြောနေတဲ့ ဗကပတွင်း ပုန်ကန်ခွဲထွက်မှုတွေကို သူ ပထမဆုံးစခဲ့တယ်၊ ၁၉၈၈ စက်တင်ဘာလမှာ ပုန်ကန်ပြီး မုန်းကိုးကိုသိမ်းလိုက်တယ်ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ၁၉၈၈ ခုထဲမှာ ဗကပထဲမှာ ဘယ်သူမှ မပုန်ကန်သေးပါဘူး။ ဦးကျော်မြင့်သာ ပုန်ကန်ထားတယ် ဆိုရင် ကျနော်တို့တတွေ ၈၈ နဝတအာဏာသိမ်းပြီးနောက်မှာ မုံးကိုးကိုဘယ်လိုမှ ရောက်လာနိုင်စရာအကြောင်း မရှိပါဘူး။ ဗကပတပ်တွင်းပုန်ကန်မှုကို စခဲ့သူဟာ ကိုးကန့်ခေါင်းဆောင် ဖုံကြားရှင်းနဲ့ ဖုံကြားဖူး ညီအစ်ကိုဘဲဖြစ်ပါတယ်။ ဦးကျော်မြင့် လုံးဝမဟုတ်ပါဘူး။နောက်တခုက ကျနော် မုံးကိုးရောက်၊ တရုတ်ပြည်ရောက်၊ အဲဒီကတဆင့် ဗကပ ၁၀၁ စစ်ဒေသ (အခု ဇခုံတိန့်ယိန်းရဲ့ NDA-K ငြိမ်းချမ်းရေးအဖွဲ့) ကိုရောက်သွားပြီး လေ့လာသိရှိခဲ့ရတာက ၁၀၁ ဒေသမှာတော့ တချိန်က လင်ကျော်မြင့် လို့ခေါ်တဲ့ ကချင်တပ်မှူး တယောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခု UDP ဦးကျော်မြင့်ဟာ ၁၀၁ က လင်ကျော် မြင့် လုံးဝမဟုတ်ပါဘူး။ ရွှေကျင်ဝမ်-တာပန်တိုက်ပွဲ နဲ့ ကျူကုတ်-ပန်ဆိုင်းတိုက်ပွဲတွေမှာ ဦးစီးခဲ့တယ် ဆိုတာလည်း လုံးဝလိမ်ညာထားတာဖြစ်ပါတယ်။ ဒါတွေကို မေးကြည့်လို့ရတဲ့ ဗကပ ဟောင်းတွေ၊ NDA-K တပ်ဖွဲ့ဝင်တွေ၊ DPA တပ်ဖွဲ့ဝင်ဟောင်းတွေအများကြီး တရုတ်ပြည် ရွှေလီဘက်မှာရော၊ ကချင်အထူးဒေသ-၁ မှာရော အရှင်လတ်လတ် ရှိနေပါတယ်။ ကျူကုတ်-ပန်ဆိုင်းတိုက်ပွဲဟာ ၁၉၈၇ အောက်တိုဘာမှာစပြီး ၁၉၈၈ ဇွန်မှာပြီးတယ် ဆိုတာ လည်း လွဲနေပါတယ်။ အမှန်က ၁၉၈၆ နိုဝင်ဘာလဆန်းမှာ ရွှေကျင်ဝမ် (စီစီဝမ်) တိုက်ပွဲစ၊ ဒီဇင်ဘာမှာ ကျူကုတ်၊ မန်ဟီးရိုး၊ မုံးပေါ် စတဲ့ ဗကပနယ်မြေတွေ အသိမ်းခံရပြီး တိုက်ပွဲစဉ်ကြီးပြီးသွားခဲ့တာဖြစ်ပါတယ်။ သုတေသီဦးအောင်ခင် ဆိုတဲ့လူ ရေးထားတာမှာ ရွှေကျင်ဝမ် တိုက်ပွဲတောင် ထည့်မထားပါဘူး။ တကယ်တော့ ကျူကုတ်-ပန်ဆိုင်းတိုက်ပွဲ ဆိုတာ ရွှေကျင်ဝမ်တိုက်ပွဲကြီးရဲ့ နောက်ဆက် တွဲ တိုက်ပွဲငယ်ပါ။SSA ဘက်ရောက်သွားတဲ့ ကျနော်တို့သူငယ်ချင်းတွေကတော့ SSA ကတဆင့် ဗကပဗဟိုရှိရာ ပန်ဆန်းကို ရောက်သွားပြီး စစ်ရေး နိုင်ငံရေးသင်တန်းတွေ တက်ခဲ့ကြပါတယ်။ ဗကပဆီက လက်နက်တွေလည်း ရခဲ့ပါတယ်။ သူတို့ကိုလည်း ဗကပ က DPA တပ်ဖွဲ့အဖြစ် ဖွဲ့စည်းတည်ထောင်ပေးခဲ့ပါတယ်။ ဗကပထဲကနေ ဝ တွေ ပုန်ကန်ခွဲထွက် ပြီးတဲ့နောက်မှာ သူတို့ဟာ ဝ တွေနဲ့ညှိပြီး လက်နက် အပြည့် အစုံနဲ့ ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းဒေသကို ဆင်းလာနိုင်ခဲ့ပါတယ်။ လမ်းတပိုင်းမှာ ဒီ ပန်ဆန်း DPA ခေါင်းဆောင်တချို့ ခွန်ဆာတပ်က ဖမ်းမိသွားပြီး အသတ်ခံခဲ့ရပါသေးတယ်။ ဒီအဖွဲ့ထဲကတချို့က ၁၉၉၁ ခုမှာ ABSDF တပ်ရင်း ၈၀၁ အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ကျန်တဲ့ တပ်ဖွဲ့ဝင်တွေက Democratic National Army (DNA) အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ကျနော့်သူငယ်ချင်း မိုးမိတ်သား ကိုထင်ကျော်ဟာ အဲဒီ DNA အဖွဲ့က သာမန်တပ်ဖွဲ့ဝင်ဖြစ်ပြီး နောက်ပိုင်းမှာ ရလလဖ ငြိမ်းချမ်းရေးအဖွဲ့ အဖြစ် ကူးပြောင်းရပ်တည်ခဲ့ကြပါတယ်။ အခုတော့ ရလလဖငြိမ်းချမ်းရေးအဖွဲ့ထဲမှာဘဲ အရက်သောက်များလို့ အသဲခြောက်ရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းကြားရပါတယ်။ ကိုထင်ကျော်ဟာ ငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ်အဖြစ် ရန်ကုန်၊ တောင်ကြီး၊ မန္တလေးတို့ကို ခဏခဏသွားရတော့ ဦးကျော်မြင့်တို့က တွေ့ခဲ့ဖူး သို့မဟုတ် တယောက်ယောက်ဆီက ကြားဖူးနားဝနဲ့ အသုံးချတဲ့ပုံပါဘဲ။၈၈ နဝတ အာဏာသိမ်းအပြီးမှာ ကျောင်းသားတွေ တောခိုတော့ တောင်ကြီးတောင်ဘက်ပိုင်း ပအိုဝ်းဒေသကိုလည်း အများကြီး ရောက် လာ ကြပါတယ်။ ဒီကျောင်းသားတွေက Democratic Youth Army (DYA) အဖြစ် ဖွဲ့စည်းခဲ့ကြပါတယ်။ နောက်ပိုင်းမှာ (၁၉၉၁ လောက်) ABSDF တပ်ရင်း ၆၀၁ အဖြစ် ဖွဲ့စည်းလိုက်ပါတယ်။ ဒါကြောင့် အဲဒီအချိန်ကစပြီး DYA ဆိုတာ မရှိတော့ပါဘူး။ DYA ရဲဘော်ဟောင်းတွေ ဟာ အခုထိ ထိုင်းနယ်စပ်မှာရော၊ အမေရိကန်နိုင်ငံမှာပါ ရှိနေကြပါတယ်။ ၆၀၁ ဟာ ပအိုဝ်း အဖြူ အနီအဖွဲ့တွေ ငြိမ်းချမ်းရေးယူပြီး နောက်မှာ ထိုင်း နယ်စပ်ထွက်လာရပြီး နောက်ဆုံးလက်ကျန်တချို့ကတော့ အခုအခါ ABSDF တပ်ရင်း ၄ အဖြစ် KNPP နဲ့ တွဲဖက် လှုပ်ရှားနေတာဘဲ ရှိပါတော့တယ်။ဦးကျော်မြင့်ဟာ နောက်ပိုင်းမှာ ဘိန်းလုပ်ငန်းလုပ်ရင်း ရလလဖဘက်ရောက်တော့ အဲဒီနာမည်တွေ ကြားဖူး နားဝရှိပြီး ရမ်းသန်းဖြီးဖြန်း လိုက်ပုံရပါတယ်။ နဝတက ဘိန်းမှုနဲ့ဖမ်းပြီး ထောင် နှစ်(၄၀)ချလိုက်တဲ့၊ မန္တလေးထောင်ထဲမှာဘဲ သေသွားတဲ့ ရလလဖ ဘဏ္ဍာရေး တာဝန်ခံ ဗိုလ်မှူးစစ်အောင်ခိုင်ဆီက ကြားတာဖြစ်ပါလိမ့်မယ်။ ရလလဖ ငြိမ်းချမ်းရေးရစကာလတွေမှာ ဦးကျော်မြင့်က ဗိုလ်မှူး စစ်အောင် ခိုင် ဆီ ခဏခဏဝင်ထွက် ဆက်စပ်နေခဲ့တယ် မဟုတ်ပါလား။ မန္တလေးထောင်ထဲမှာလည်း မိတ်ဟောင်းဆွေဟောင်းတွေ ပြန်လည် ဆုံစည်းမိကြမယ်ထင်ပါတယ်။၈ လေးလုံးအပြီး ကချင်ပြည်ဘက် KIA ဘက်တောခိုတဲ့ကျောင်းသားတွေဟာ ABSDF (မြောက်ပိုင်း) အဖြစ် ဖွဲ့စည်းပြီး တပ်ရင်း ၇၀၁၊ ၇၀၂၊ ၇၀၃ တို့ကိုတည်ထောင်လှုပ်ရှားခဲ့ပါတယ်။ ၁၉၉၄ နှစ်ဆန်းပိုင်းမှာ KIA အပစ်အခတ် ရပ်စဲပြီးနောက် ABSDF အဖြစ် ဆက်လက် ရပ်တည်ခွင့် မရတော့တဲ့အတွက် တချို့က KIA အဖြစ်ကူးပြောင်း၊ တချို့က မုံးကိုး DPA လိုဘဲ တရုတ်ပြည်ထဲခိုလှုံ၊ တချို့က ရှမ်းပြည် ဘက် ကူးလာပြီးနောက် ထိုင်းနိုင်ငံထဲခိုလှုံသူခိုလှုံ၊ ကိုသံချောင်းတို့ကတော့ SSA (တောင်ပိုင်း) တပ်မဟာ ၂၄၁ အဖြစ်ခံယူဖွဲ့စည်းပြီး နောက်ဆုံး ၂၀၀၆ နှစ်ဆန်းရောက် တော့ SSA (တောင်ပိုင်း) တပ်မဟာမှူး ခွန်ကျော်အဖြစ် ရှမ်းပြည်မြောက်ပိုင်းမှာ နအဖတပ်တွေရဲ့ ဝိုင်းပိတ်တိုက်ခိုက် ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။ ABSDF (ကချင်) ရဲ့ အဓိကခေါင်းဆောင်တဦးဖြစ်ခဲ့တဲ့ ကိုအောင်နိုင်ဟာ အခု ချင်းမိုင် မှာ VOA သတင်းထောက်အဖြစ် အရှင်လတ်လတ်ရှိသေးသလို ချင်းမိုင်ရောက်တပ်မှူးတဦးကလည်း မကြာသေးခင်က ရမ်ဘို-အပိုင်း ၄ ရုပ်ရှင်မှာတောင် နအဖစစ်ဗိုလ်အဖြစ် သရုပ်ဆောင်ခဲ့ပါသေးတယ်။ဒါကြောင့် ၂၀၀၀ ခုနှစ်ဒီဘက်ပိုင်းမှာ ကချင်ပြည်ဘက်မှာ ABSDF (ကချင်) ဆိုပြီး လှုပ်ရှားနေတာ လုံးဝမရှိတော့သလို ရှမ်းပြည် တောင်ပိုင်းဘက်မှာလည်း DYA သော်၎င်း၊ ထင်ကျော်အဖွဲ့သော်၎င်း နအဖကို စစ်ရေးအရ တိုက်ပွဲဝင်နေတာ မရှိတော့ပါဘူး။ ဒီတော့ နအဖစစ်အစိုးရကို လက်နက်ကိုင်တိုက်ပွဲဝင်နိုင်ဖို့ ABSDF (ကချင်)၊ DYA ၊ ကိုထင်ကျော်အဖွဲ့တွေကို ဦးကျော်မြင့်တို့ UDP အဖွဲ့က ဒေါ်လာ ဘယ်နှစ်သောင်းလှူတယ်ဆိုတာ လူတွေကို ထင်ယောင်ထင်မှားဖြစ်အောင်လှည့်စားဖို့ ဖြီးလုံးဖြန်းလုံးသက်သက်တွေသာ ဖြစ် တယ် ဆိုတဲ့အကြောင်း ဖြစ်ရပ်မှန်များကို ဖော်ထုတ် ဖွင့်ချလိုက်ရပါတယ်။
ရဲဘော်ပိုင် (DPA)