1 Dec, 2012 2:45 AM
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအား ကန့်ကွက် သပိတ်မှောက်နေကြသည့် ရဟန်းသံဃာများအား အကြမ်းဖက် ဖြိုခွင်းမှုနှင့် ပတ်သက်သည့် ပုဂ္ဂိုလ်များအား နိုင်ငံတော်အစိုးရမှ အမြန်ဆုံး အရေးယူဆောင်ရွက်ခြင်းမရှိပါက ပတ္တနိက္ကုဇ္ဇနကံ ဆောင်မည်ဟု ဆရာတော် ဦးဝီရသူ ကမိန့်ကြားလိုက် သည်။
မန္တလေးမြို့၊ အိမ်တော်ရာ ဘုရား၊ မြောက်ဖက်မုခ်တွင် နိုဝင်ဘာလ ၃ဝ ရက်နေ့၊ မွန်းလွဲ ၁ နာရီမှ စတင်၍ သံဃာအပါး ၂ဝဝ ခန့်က ထိုင်သပိတ်ဆင်နွှဲနေကြစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်း လက်ပံတောင်း သပိတ်မှောက် သံဃာတော်များအား အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ ဝန်ချတောင်းပန်ရန်နှင့် ၅ ရက်အတွင်း တရားခံများကို ဖော်ထုတ်အရေးယူရန် တောင်းဆိုထားသည်။
နိုဝင်ဘာလ ၂၉ ရက် မနက်က အကြမ်းဖက်မှုအား ရှုတ်ချသည့် ထိုင်သပိတ် ဆန္ဒပြပွဲကို သံဃာ အပါး ၂ဝဝ ခန့်မှ မန္တလေး မြို့ အိမ်တော်ရာ ဘုရား၊ မြောက်ဖက်မုခ်တွင် ယနေ့ မွန်းလွဲ ၁ နာရီက ဆင်နွှဲနေစဉ် ဦးဆောင် ကိုယ်တော်တပါးဖြစ်သည့် မစိုးရိမ်တိုက်သစ် နာယက ဆရာတော် ဦးဝီရသူ က မိန့်ကြားလိုက်ခြင်းဖြစ်သည်။
“တရားခံ အစစ်ကို အမြန်ဆုံး အရေးယူပေးပါ၊ အမြန်ဆုံး အရေးယူ မပေးဘူးဆိုရင် ဒီအစိုးရဟာ စစ်အစိုးရလိုပဲ သံဃာထုတရပ်လုံးရဲ့ ပတ္တနိက္ကုဇ္ဇန ကံကို ခံရမယ်လို့ ဦးဉ္စင်း ပြောချင်တယ်” ဟု မဇ္ဈိမကို မိန့်ကြားသည်။
မန္တလေးမြို့ လေးပြင်လေးရပ် သံဃာများနှင့် အမရပူရ၊ ဘဝအလင်း၊ မဟာဂန္တာရုံ စသည့် ကျောင်းတိုက်များမှ သံဃာများက တောင်းဆိုချက် ၄ ရပ် ချမှတ်ထားရာတွင် လက်ပံတောင်း အကြမ်းဖက်မှုနှင့်ပတ်သက်၍ “နိုင်ငံတာ် အစိုးရမှ သံဃာတော်များအား တရားဝင် ဝန်ချတောင်းပန်ရမည်။ အကြမ်းဖက်ဖြိုခွင်းမှုနှင့် ပါတ်သက်၍ တာဝန် အရှိဆုံး အစိုးရမှ ပြည်သူများ ကျေနပ်လက်ခံနိုင်သည်အထိ ပွင့်လင်းမြင်သာမှုရှိရှိ တာဝန်ယူဖြေရှင်းပေးရမည်” ဟု ပါရှိပြီး ဒဏ်ရာရရှိသွားသည့် သံဃာများနှင့် လုပုဂ္ဂိုလ်များအတွက် “ပြည့်စုံလုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် တစုံတရာ နစ်နာမှုမရှိအောင် ဖြေရှင်းဆောင်ရွက် ပေးရမည်” ဟုလည်း တောင်းဆိုထားသည်။
ထို့အပြင် “ဓါတုလက်နက်ကို ဘယ်သူက အသုံးပြုဖို့ ဘယ်သူက ခွင့်ပြုတယ်၊ အမိန်ပေးတယ် ဆိုတာကို အမြန်ဆုံး ဖော်ထုတ်ပေးရမည်လို့ တောင်းဆိုထားပါတယ်။ ၅ ရက် စောင့်ကြည့်ပြီးရင်တော့ တောင်းဆိုတာတွေ မလိုက် လျောဘူး ဆိုရင် တနည်းနည်းနဲ့ ထပ်ပြီး တုံ့ပြန်သွားမယ်” ဟု ဆရာတော် ဦးဝီရသူ က မိန့်ကြားသည်။
ထိုင်သပိတ် ဆန္ဒပြပွဲတွင် သံဃာများအပြင် ပြည်သူ ၂၀၀ ခန့်ကလည်း ဝန်းရံ ပါဝင်ကြောင်း သိရသည်။
မီးလောင်ဒဏ်ရာများဖြင့် သံဃာတော်များ၏ ဓာတ်ပုံများ၊ သာသနာ့အလံများ လွှင့်တင်ကာ ဆန္ဒပြနေကြကြောင်း အိမ်တော်ရာဘုရားသို့ သွားရောက်သတင်းရယူနေသည့် မဇ္ဈိမ သတင်းထောက် ကိုလွင် က ပြောသည်။
လက်ပံတောင်း ကြေးနီစီမံကိန်းတွင် သံဃာတော်များ ဝင်ရောက်ပါဝင်လာရခြင်းမှာ လယ်တီဆရာတော် ဘုရားကြီး၏ သမိုင်းဝင် အမွေအနှစ်အား ထိန်းသိမ်းစောင့်ရှောက်ရန် အဓိက ရည်ရွယ်ရင်းဖြစ်ပြီး သပိတ် မှောက်ပြည်သူများနှင့် စီမံကိန်း ကုမ္ပဏီတို့ နှစ်ဖက်လုံးမှ အကြမ်းဖက်ခြင်းများ မပြုမိစေရန် စောင့်ရှောက်ဖို့ ပါဝင်လာရခြင်း ဖြစ်ကြောင်း လည်း ဆရာတော်က ရှင်းပြသည်။
ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေသော ကုမ္ပဏီများနှင့် ဒေသခံများအကြား ပြဿနာများကို
ဒေါ်အောင်ဆန်းစုကြည်က ကြားဝင်ဆောင်ရွက်ပေးမည့် အပေါ်လည်း ကြိုဆိုကြောင်း ဆက်လက်မိန့်ကြား သည်။
“ဦးပဉ္စင်းကတော့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ပံတောင်း ခရီးစဉ်ကို တအားကြီးကို ဝမ်းသာအားရကြိုဆိုတယ်။ တခြားတခြားသော သြဇာတိက္ခမ ရှိတဲ့ ပါတီတွေ အဖွဲ့အစည်းတွေလည်း ဒကာမကြီး ဒေါ်အောင်ဆန်း စုကြည်တို့၊ ဒကာမကြီး ဒေါ်ခင်စန်းလှိုင် တို့လို ဝိုင်းဝန်းပါဝင် ဆောင်ရွက်စေ ချင်တယ်လေ” ဟု ဦးဝီရသူ က ဆိုသည်။
ကြာသပတေးနေ့နံနက် အကြမ်းဖက်မှုကြောင့် သံဃာအပါး ၅ဝ ကျော်မှာ မုံရွာဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေရပြီး ဒဏ်ရာပိုမိုပြင်းထန်သော ကိုယ်တော် နှစ်ပါးမှာ မန္တလေးသို့ ပင့်ဆောင်၍ ခွဲစိတ်ကုသမှု ခံယူခဲ့ရ ကြောင်း သိရသည်။
Saturday, December 1, 2012
အော်ဒီလက်နက်တချိန်ကအပြစ်မရှိမိမိအမျိုးသားရေးအတွက်တိုက်နေသောကရင်လူမျိုးတွေကိုတိုက်ရာမှာသုံးခဲ့တယ်
ထို့အပြင် “ဓါတုလက်နက်ကို ဘယ်သူက အသုံးပြုဖို့ ဘယ်သူက ခွင့်ပြုတယ်၊ အမိန်ပေးတယ် ဆိုတာကို အမြန်ဆုံး ဖော်ထုတ်ပေးရမည်လို့ တောင်းဆိုထားပါတယ်။ ၅ ရက် စောင့်ကြည့်ပြီးရင်တော့ တောင်းဆိုတာတွေ မလိုက် လျောဘူး ဆိုရင် တနည်းနည်းနဲ့ ထပ်ပြီး တုံ့ပြန်သွားမယ်” ဟု ဆရာတော် ဦးဝီရသူ က မိန့်ကြားသည်။
ပြောင်ပြောင်တင်းတင်း ဦးအောင်မင်း
ပြောင်ပြောင်တင်းတင်း ဦးအောင်မင်း
By မင်းစိုးစံ
November 29, 2012 Thursday
တပတ်အတွင်း ဆယ်ရက်အတွင်း တပည့်တော်အဖြေပြန်ပေးမယ်။
တပည့်တော်လိမ်တာမဟုတ်ဘူး။
ဖြစ်အောင်လုပ်ပေးမယ်။
အဲဒါအဖြေပေးလိုက်တာပဲ။
ကျုပ်ကပေးတဲ့ကတိကို ပေးတဲ့အတိုင်း အတိအကျ လုပ်တတ်တယ်။
လိမ်မစားဘူး။
ဝူးဟားဟားဟား။ ၀ူးဟားဟားဟား။
ကျုပ်တာဝန်ကျုပ်ကျေပါတယ်နော်။
ဒါကြောင့်မို့လို့ အရှင်ဘုရားတို့က တပည့်တော်တို့ကိုနားလည်ပေးဘို့။
ပြည်သူလူထုက တပည့်တော်တို့ကို နားလည်ပေးဘို့လိုပါတယ်။
တရုတ်ကိုလည်း တပည့်တော်တို့က ကြောက်ရတယ်ဘုရား။
တရုတ်နဲ့ ရန်မဖြစ်ရဲဘူး။
ဒါကြောင့်မို့လို့ တရုတ်က သူတို့လုပ်ထားတဲ့လက်နက်ကို စမ်းခိုင်းလိုက်လို့ စမ်းကြည့်လိုက်တာပါဘုရား။
နေသာထိုင်သာရှိပါရဲ့လား ဘုရား။
ကန်တော့နော်။ ကန်တော့။
ဒါကြောင့်မို့လို့ အရှင်ဘုရားတို့က တပည့်တော်တို့ကိုနားလည်ပေးဘို့။
ပြည်သူလူထုက တပည့်တော်တို့ကို နားလည်ပေးဘို့လိုပါတယ်။
ဦးအောင်မင်း ဒီနေ့မတရားတာလုပ်လျင် ဆရာတော်ဘုရားတို့ လာခဲ့လိုက်။
တရားစွဲ။
တပည့်တော် ဆရာတော်ဘုရားတို့ပေးတဲ့ အပြစ်ကို ခံယူသွားမယ်။
အဲဒီလောက်အထိ စိတ်ဓါတ်က ပြင်းထန်တယ်။
တရုတ်က မြစ်ဆုံကိစ္စ စကားပြောတော့မှာဆိုတော့ သူ့ပါးစပ်ကို ခဏလောက် ပိတ်ထားတဲ့အနေနဲ့ လုပ်ပြ
လိုက်တာပါ။
တရားနဲ့ဖြေကြပေါ့ ကိုယ်တော်တို့ရယ်။
စိတ်မဆိုးနဲ့နော်။
ကိုယ်တော်တို့က လိမ္မာပါတယ်လေ။
ဆော်တီး ဆော်တီး။ ဟီးဟီးဟီး။
ဒါကြောင့်မို့လို့ အရှင်ဘုရားတို့က တပည့်တော်တို့ကိုနားလည်ပေးဘို။
ပြည်သူလူထုက တပည့်တော်တို့ကို နားလည်ပေးဘို့လိုပါတယ်။
ဦးအောင်မင်းကို ယုံကြ။
ဦးအောင်မင်းကို ထောက်ခံကြ။
ဦးအောင်မင်းကို နားလည်ပေးကြ။
ဦးအောင်မင်းနဲ့ ငြိမ်းချမ်းရေးအကြောင်း ဆွေးနွေးကြ။
ကရင်တွေရဲ့ဘ၀ ပြာဖြစ်လျင်ဖြစ်၊ မဖြစ်လျင် ယောက်ျားဆိုလျင် မသာဖြစ်မယ်။
မိန်းမဆိုလျင် ဖါဖြစ်မယ်။
မသေမချင်းမှတ်ထား။
ရိုင်းတယ်လို့ပြောမလား။ ပြောစမ်း။
ကြိုက်သလောက်ပြောစမ်း။
ကျန်းမာချမ်းသာကြပါစေ။ (ကျန်းမာရေးကို ကိုယ်ကိုယ်တိုင်ဂရုစိုက်ကြပါ)
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
မှတ်ချက်
အနီရောင်စာလုံးများသည်
ဦးအောင်မင်းအမှန်တကယ်ပြောခဲ့သော
စကားများဖြစ်သည်။
Source Photos from http://www.bbcburmese.com/images
ရဲတပ်ဖွဲ့ဝင်များ မှားခဲ့ကြောင်း သံဃာတော်များအား ၀န်ချတောင်းပန်မည့်သတင်းနှင့် အခြားသတင်းတိုများ
သံဃာတော်များအား ၀န်ချတောင်းပန်မည်
ရဲတပ်ဖွဲ့ဝင်များမှ သံဃာတော်များအား ၀န်ချတောင်းပန်ပွဲကို ဒီဇင်ဘာလ ၁ရက်နေ့ မွန်းလွဲတစ်နာရီအချိန်တွင် မုံရွာမြို့ ရွှေစည်းခုံစေတီတော်ရှိ တင်ဝင်းထွန်းဓမ္မာရုံ တွင်ကျင်းပပြုလုပ်မည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနယ်မြေရှိ သပိတ်စခန်းများအား အင်အားသုံးဖြိုခွင်းခဲ့မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ စစ်ကိုင်တိုင်း မုံရွာခရိုင် အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များမှ သံဃာတော်များအား ၀န်ချတောင်းပန်ပွဲကို ဒီဇင်ဘာလ ၁ရက်နေ့ မွန်းလွဲတစ်နာရီအချိန်တွင် မုံရွာမြို့ ရွှေစည်းခုံစေတီတော်ရှိ တင်ဝင်းထွန်းဓမ္မာရုံ တွင်ကျင်းပပြုလုပ်ရန်စီစဉ်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
လက်ပန်တောင်း ကြေးနီမိုင်း အင်အားသုံးမှု သမ္မတ တာဝန်မယူ ပါက နှုတ်ထွက်ပေးရန်တောင်းဆို
(ရန်ကုန်) ၊ ရွှေဝါရောင် တော်လှန်ရေး
မျိုး ဖြစ် နိုင် (မန္တလေး)
လက်ပန်းတောင် ဆန္ဒပြသည့် သံဃာတော်များ နှင့် ပြည်သူ များ ကို ဦးသိန်း
စိန် က တာဝန်ယူခြင်း မရှိပါက နှုတ်ထွက် ပေး ရန် ယနေ့  ဆူးစေတီ တော်
မှ ၅၁ လမ်း ဦးပိုင် ရုံးထိ လမ်းလျှောက် ဆန္ဒပြ ခဲ့ သည့် သံဃာတော်များ က
တောင်း ဆို လိုက် ပြီး ၊ မဟာဂန္ဓာရုံ ကျောင်းတိုက်မှ ဆရာတော် ဦးသောဘိတ ကလည်း VOA နှင့် ပြောကြား ရာ တွင် လို ချင် သည့် ပုံ စံ
အဖြေ မထွက် လျှင် သော်လည်း ကောင်း ကျေနပ် သည့် ပုံစံ မဖြေရှင်း ပေး
လျှင် သော် လည်းကောင်း ဒုတိယ ရွှေဝါ ရောင် တော်လှန်ရေး ဖြစ် နိုင်သည် ဟု မိန့် ကြား ခဲ့ သည်။
ဦးသိန်းစိန် ကိုယ်တိုင် အမိန့် ပေး ခဲ့
လက်ပံတောင်း ကြေးနီမိုင်း သပိစခန်း ကို အင်အား သုံး ဖြိုခွဲ ရန် အတွက်
ယမန်နေ့  ည ၁၂ နာရီ အချိန် တွင် ပြည်ထဲရေး ၀န်ကြီး နှင့် စစ်ကိုင်းတိုင်း
ဝန်ကြီး ချုပ် ဦးသာအေး ကို သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် အမိန့် ပေး ခဲ့
သည် ဟု မုံရွာ ခရိုင် အုပ်ချုပ် ရေး မှုး ရုံး မှ ပေါက်ကြား လာသည့် စာ
များ အရ သိရသည် ဟု မုံရွာ ခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့  ၀င် တစ်ဦး
က FNG ကို ပြောသည်။
သည်းခံကြပါ
"ကိုယ်တော်တို့ သည်းခံကြပါ။ဒီပြဿနာက ရေနဲ့ဖြန်းတာပဲ။ဒါပေမယ့်
ငရဲပြည်က ရေဖြစ်နေတယ်" ဟု သီတဂူ ဆရာတော်ကြီးက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွင်းရှိ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အင်အားသုံးနှိမ်နှင်းခဲ့သည့်  ဖြစ်စဉ်နှင့်ပတ်သက်၍ ယင်းသို့ မိန့်ကြားသည်။
မသွဲ့သွဲ့ဝင်း
လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှားလို့ အကြိမ်ကြိမ် ခေါ်ယူစစ်ဆေးခံ၊ အကျဉ်းကျခံရတဲ့ မသွဲ့သွဲ့ဝင်း၊ လူအများကျလောက်အောင် မူယာမာယာ စကားပြောကောင်းလှတဲ့ ပလီစိချောက်ချက် ဝန်ကြီးအောင်မင်းကို ကောင်းကောင်း ပညာပေးလိုက်နိုင်ခဲ့တဲ့ မသွဲ့သွဲ့ဝင်းက သူချစ်တဲ့မေစုကို အားကိုးတကြီး ပွေ့ဖက်ထားစဉ် (30-11-2012)
ဒေါက်တာ အောင်မိုးမြင့်
ဘုန်ကြီးတွေ သူ့ နေရာသူ မနေလို ခံရတာ လို့  ဆရာဝန်လောက မှ ပထမဆုံးပြောသောသူ ..
Dr. Aung Moe Myint

Friday, November 30, 2012
မီးလောင်ဗုံးများနှင့်ပစ်ပြီး သပိတ်တပ်ဖြိုခွဲရန် နေပြည်တော်မှ ညွှန်ကြားခဲ့
r http://komoethee.blogspot.ca/2012/11/blog-post_7769.html#links

နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်တို့၏ အမိန့်အရဟု ကြေငြာခဲ့ပြီး ပစ်မိန့်ပေးလိုက်သည့် ဆားလင်းကြီးမြို့နယ်အုပ်ချု ပ်ရေးမှူး- ဇော်မိုးအောင် ဆိုသူနှင့် ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးတို့၏ပုံဖြစ်သည်။
တရုပ်နဂါး မီးလော
မျက်မြင်သက်သေ တို့ ရဲ့ ပြောကြားချက်လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား လုံခြုံရေးများက အင်အားသုံးအကြမ်းဖက် ဖြိုခွင်းမှုဖြစ်စဉ်အား မျက်မြင် သတင်းရယူနေသူ Eleven Media Group သတင်းထောက် ကိုအောင်သူက ပြောကြားချက်.............
"မနက် ၃နာရီကျော် လောက်မှာတော့ မီးသတ်ကားနှစ်စီးက ပိုက်တွေနဲ့လေး၊ငါးကြိမ်လော က်ထိုးပြီး လူစုခွဲခဲ့ပါတယ်။ ဒါပေမယ့် လူစုက ကွဲမသွားတဲ့အတွက် နောက်ပိုင်းကျတော့ မီးကျည်ဗုံးလို့ခေါ်မလား၊ မီးလောင်ဗုံးလို့ခေါ်မလား။ အဲဒီဗုံးတွေနဲ့ လူအုပ်စုရှိတဲ့ အပေါ်ကို ပစ်ကုန်ရော။ အဲဒီဗုံးတွေက ပစ်လိုက်တဲ့အခါ လေပေါ်မှာပေါက်ပြီး မီးကျည်တွေ ပြန်ကျဲပြီး ကျလာပါတယ်။ အဲဒီမီးကျည်ကျတဲ့ နေရာတွေအကုန်လုံး မီးလောင်တာတွေ ဖြစ်ကုန်တယ်။ အဲဒီမီးကျည်ထိတဲ့ သူတွေအကုန်လုံး မီးလောင်ပြီးတော့ အရေပြားတွေ လန်ကုန်တယ်။ အဲဒီဗုံးက မျက်ရည်ယိုဗုံးမဟုတ်ဘူး။ ဗုံးကျလာတဲ့အချိန်မှာ မျက်ရည်ကျတာမျိုးတွေ မရှိဘူး။ မီးကျည်ကျတဲ့နေရာ၊ ထိမှန်တဲ့သူတွေ အကုန်လုံး မီးလောင်ကုန်တယ်။ မီးကျည်ရဲ့ အစနဲ့ ထိတာနဲ့ အရေပြားတွေ လောင်ကုန်တယ်။ တစ်ချို့ကြတော့ အရေခွံမလန်ဘဲ အသားချိုင့်သွားတာလည်း တွေ့ရတယ်။ သပိတ်စခန်းတွေက ၀ါးလုံးတိုင်တွေနဲ့ ပလပ်စတစ်မိုးကာတွေအုပ်မိုးထားတာ ။ "

EMG မီးလောင်တိုက်အသွင်းခံရသော သံဃာ့စာရင်း

at00:200 commentsLinks to this post
တောင်သူလယ်သမားနဲ့  သံဃာသပိတ်စခန်းကို အဖြိုခွဲခံနေရစဉ် တွေ့ ရပုံ
Flamethower Gun ကို အသုံးပြုခဲ့ကြောင်းသိရ
မုံရွာရှိသံဃာသပိတ်ကို ဖြိုခွဲရာတွင်အသုံးပြုခဲ့သော Flamethower Gun. အမျိုးစား ။
ဒီလက်နက်က သိပ်ပြင်းတယ်။ ကတုတ်ကျင်းထဲကပုံးအောင်းနေတဲ့ ရန်သူကို တိုက်ခိုက်ရန်
အသုံးပြုသောလက်နက်ဖြစ်ပါတယ်။
Government forces used '' Flamethower guns '' to suppress against a peaceful demonstration led by monks in Moun Yar, upper Burma, very early morning, yesterday.
မုံရွာ တောင်သူလယ်သမားများကို အားပေးခဲ့သော သံဃာများ ကို အစိုးရက အကြမ်းဖက် ဖြို ခွဲ

မုံရွာပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေသော သံဃာတော်များ။
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
နောက်ဆုံးရသတင်းများ
စစ်လက်နက်ပစ္စည်းတွေထဲမှာ မီးသေနတ် Flame Thrower ဆိုတာ ရှိတယ်။ ပေ နှစ်ဆယ်လောက် ထိ မီးညွှန့် ပန်းထွက်တဲ့ သေနတ်မျိုးပေါ့။ ဒါပေမယ့် အဲဒီလက်နက်အမျိုးအစားက "စစ်မြေပြင်"မှာတောင် သာမာန်လက်နက်နဲ့ ပစ်ခတ်ဖြိုခွင်းလို့ မရတဲ့ (ဥပမာ- ဘန်ကာ၊ ကတုက်ကျင်း ဒါမှမဟုတ် အဆောက်အဦးတွင်းမှာ နေရာယူထားတဲ့) ရန်သူ့တပ်ဖွဲ့ဝင်တွေကို ချေမှုန်းရာမှာသာ အသုံးပြုပိုင်ခွင့် ရှိပြီး ကွင်းပြင်မှာ ချီတက်လာတဲ့ တပ်ဖွဲ့တွေကို ရင်ဆိုင်ရာမှာ အသ
ုံးပြုပိုင်ခွင့် မရှိဘူး။ လူမဆန်တဲ့ လက်နက်မို့လို့ ဂျီနီဗာကွန်ဗင်းရှင်းအရ တားမြစ်ထားတယ်။
ပစ်မှတ်တွေကို မီးလောင်ပျက်စီးစေတဲ့ နောက်ထပ် ဗုံးတမျိုးက မီးစုံးဗုံး Incendiary rounds တွေပဲ။ Napalm နပမ်းဗုံးလို့လဲ ခေါ်တယ်။ အထဲမှာ ဓါတုဆေးရည် ဒါမှမဟုတ် အမှုန်တွေထည့်ထားပြီး ပစ်မှတ်ပေါ်မှာ စွဲကပ်နေတဲ့ အဲဒီ ဓါတုပစ္စည်းတွေ မကုန်မချင်း မီးလောင်စေတယ်။ ဘာနဲ့မှ ငြိမ်းလို့ မရဘူး။ တစ်ကိုယ်လုံး မီးစွဲနေတဲ့ ခလေးမလေး လမ်းတလျှောက် ငိုယိုပြေးထွက်လာတာကို သတင်းထောက်တွေ ဗီဒီယိုမှတ်တမ်းတင်လိုက်နို င်လို့ ဗီယက်နမ်စစ်မှာ ယန်းကီးတွေ ရှုံးပိုင်းပိုင်းလိုက်ရတာလည်း မှတ်မိကြမှာပေါ့။
အခု ဆန္ဒပြသံဃာတော်တွေကို အစိုးရက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်းတဲ့ နေရာမှာလည်း မီးလောင်ပြီး ဒဏ်ရာရကြတယ်လို့ သတင်းတွေ ကြားနေရတယ်။ မျက်ရည်ယိုဗုံး ဆိုတာက မီးလောင်ဗုံးမှ မဟုတ်ပဲ။ ဆန္ဒပြအရပ်သားတွေကို ထိခိုက်အနာတရ မဖြစ်စေပဲနဲ့ လူစုခွဲနိုင်ရုံ ရည်ရွယ်တီထွင်ထားတဲ့ မီးခိုးဗုံးအမျိုးအစား သာဖြစ်တယ်။ အခု အစိုးရ ရဲတပ်ဖွဲ့ကသာ ဆန္ဒပြလူထုကို မီးလောင်စေတဲ့ လက်နက်နဲ့ တိုက်ခိုက်ခဲ့ကြောင်းမှန်ရင် နိုင်ငံတကာ ရာဇဝတ်မှု အကြီးကြီး တစ်ခု ကျူးလွန်လိုက်ပြီလို့ပဲ ပြောရမယ်။
တခြားဖြစ်နိုင်တာကတော့ ကပစ ကထုတ်တဲ့ မျက်ရည်ယိုဗုံးတွေ စံချိန်မမှီတာကြောင့်လည်းပဲ ဖြစ်နိုင်တယ်။ ဒါပေမယ့် အရပ်သားတွေကို မီးလောင်ဒဏ်ရာရစေတဲ့အထိ ဖြစ်သွားတာကတော့ (မတော်တဆပဲဖြစ်ဖြစ်၊ တမင်တကာပဲဖြစ်ဖြစ်) ဘယ်နည်းနဲ့မှ လက်ခံနိုင်စရာ အကြောင်းမရှိ။ ကိုယ်ချင်းမစာတတ်ရင် ကိုယ့်အသားပေါ်ကိုယ် ဆီပူ တစက်လောက် ချကြည့်နိုင်တယ်။
(အသောက)
Update : 3:00 AM
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း၌ ဖွင့်လှစ်ထားသော သပိတ်စခန်းခြောက်ခုမှာ နိုဝင်ဘာလ ၂၉ ရက် နံနက် ၂ နာရီအထိရုပ်သိမ်းခြင်းမရှိသေြးေ ကာင်း သိရှိရပါသည်။
စုဝေးနေသူများအား နိုဝင်ဘာလ ၂၈ ရက်နေ့ည ၁၂ နာရီအချိန်တွင် လူစုမခွဲပါက ရဲလုပ်ထုံးလုပ် နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြော င်း ၂၈ ရက်နေ့ ည ၇နာရီ ၃၀ မိနစ်၊ ၈ နာရီ ၁၀ မိနစ်နှင့် ၈ နာရီ ၅၀ မိနစ်တို့တွင
် တာဝန်ကျရဲတပ်ဖွဲ့မှကြေညာခဲ့သော် လည်း ၂၉ ရက် နံနက် ၂ နာရီ အထိ အရေးယူမှု တစ်စုံတစ်ရာပြုလုပ်ခြင်း မရှိသေးကြောင်းသိရသည်။
Update 3:15 AM
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပုဒ်မ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာတွင် စုဝေးနေသည့် သံဃာတော်များနှင့် ဒေသခံများအား နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၃ နာရီတွင် မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြု၍ လူစုဖြိုခွဲခဲ့ကြောင်း သိရသည်။ ယင်းသို့ မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် လူစုဖြိုခွဲမှုကြောင့် ဒဏ်ရာရရှိသူအချို့ရှိကြောင်း ကြေးနီစီမံကိန်းဧရိယာတွင် ရောက်ရှိနေသော EMG မှ သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။
Update 3:50 AM
ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် လူစုဖြိုခွဲမှုကြောင့် သပိတ်စခန်း ၆ခုအနက် ၂ခုမှ သံဃာတော်များနှင့် ဆန္ဒပြပြည်သူများ ဖယ်ရှားပေးခဲ့ရပြီး ရဲတပ်ဖွဲ့မှ လုံခြုံရေးယူလိုက်ပြီဖြစ်ကြောင်း ကြေးနီစီမံကိန်းဧရိယာတွင် ရောက်ရှိနေသော EMG မှ သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။
Update 4:09 AM
လက်ရှိအချိန်တွင် ထပ်မံ၍ သပိတ်စခန်းတခု ဖယ်ရှားပေးခဲ့ရသဖြင့် စုစုပေါင်း သပိတ်စခန်း ၃ ခု ဖယ်ရှားပေးခဲ့ရပြီဖြစ်ကြောင်းသိ ရသည်။
Update 4:30 AM
လက်ရှိ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် သံဃာတော် အများအပြား ပါဝင်ကြောင်း၊ မျက်ရည်ယိုဗုံးများ ပစ်ခတ်မှုကြောင့် ပုဒ်မ ၁၄၄ ထုတ်ထားသော ဧရိယာအတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။Eleven Media Group shared a link.

နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်တို့၏ အမိန့်အရဟု ကြေငြာခဲ့ပြီး ပစ်မိန့်ပေးလိုက်သည့် ဆားလင်းကြီးမြို့နယ်အုပ်ချု

မျက်မြင်သက်သေ တို့ ရဲ့ ပြောကြားချက်လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား လုံခြုံရေးများက အင်အားသုံးအကြမ်းဖက် ဖြိုခွင်းမှုဖြစ်စဉ်အား မျက်မြင် သတင်းရယူနေသူ Eleven Media Group သတင်းထောက် ကိုအောင်သူက ပြောကြားချက်.............
"မနက် ၃နာရီကျော် လောက်မှာတော့ မီးသတ်ကားနှစ်စီးက ပိုက်တွေနဲ့လေး၊ငါးကြိမ်လော က်ထိုးပြီး လူစုခွဲခဲ့ပါတယ်။ ဒါပေမယ့် လူစုက ကွဲမသွားတဲ့အတွက် နောက်ပိုင်းကျတော့ မီးကျည်ဗုံးလို့ခေါ်မလား၊ မီးလောင်ဗုံးလို့ခေါ်မလား။ အဲဒီဗုံးတွေနဲ့ လူအုပ်စုရှိတဲ့ အပေါ်ကို ပစ်ကုန်ရော။ အဲဒီဗုံးတွေက ပစ်လိုက်တဲ့အခါ လေပေါ်မှာပေါက်ပြီး မီးကျည်တွေ ပြန်ကျဲပြီး ကျလာပါတယ်။ အဲဒီမီးကျည်ကျတဲ့ နေရာတွေအကုန်လုံး မီးလောင်တာတွေ ဖြစ်ကုန်တယ်။ အဲဒီမီးကျည်ထိတဲ့ သူတွေအကုန်လုံး မီးလောင်ပြီးတော့ အရေပြားတွေ လန်ကုန်တယ်။ အဲဒီဗုံးက မျက်ရည်ယိုဗုံးမဟုတ်ဘူး။ ဗုံးကျလာတဲ့အချိန်မှာ မျက်ရည်ကျတာမျိုးတွေ မရှိဘူး။ မီးကျည်ကျတဲ့နေရာ၊ ထိမှန်တဲ့သူတွေ အကုန်လုံး မီးလောင်ကုန်တယ်။ မီးကျည်ရဲ့ အစနဲ့ ထိတာနဲ့ အရေပြားတွေ လောင်ကုန်တယ်။ တစ်ချို့ကြတော့ အရေခွံမလန်ဘဲ အသားချိုင့်သွားတာလည်း တွေ့ရတယ်။ သပိတ်စခန်းတွေက ၀ါးလုံးတိုင်တွေနဲ့ ပလပ်စတစ်မိုးကာတွေအုပ်မိုးထားတာ

EMG မီးလောင်တိုက်အသွင်းခံရသော သံဃာ့စာရင်း

ဒီလက်နက်က သိပ်ပြင်းတယ်။ ကတုတ်ကျင်းထဲကပုံးအောင်းနေတဲ့ ရန်သူကို တိုက်ခိုက်ရန်
အသုံးပြုသောလက်နက်ဖြစ်ပါတယ်။
Government forces used '' Flamethower guns '' to suppress against a peaceful demonstration led by monks in Moun Yar, upper Burma, very early morning, yesterday.
မုံရွာ တောင်သူလယ်သမားများကို အားပေးခဲ့သော သံဃာများ ကို အစိုးရက အကြမ်းဖက် ဖြို ခွဲ

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
နောက်ဆုံးရသတင်းများ
စစ်လက်နက်ပစ္စည်းတွေထဲမှာ မီးသေနတ် Flame Thrower ဆိုတာ ရှိတယ်။ ပေ နှစ်ဆယ်လောက် ထိ မီးညွှန့် ပန်းထွက်တဲ့ သေနတ်မျိုးပေါ့။ ဒါပေမယ့် အဲဒီလက်နက်အမျိုးအစားက "စစ်မြေပြင်"မှာတောင် သာမာန်လက်နက်နဲ့ ပစ်ခတ်ဖြိုခွင်းလို့ မရတဲ့ (ဥပမာ- ဘန်ကာ၊ ကတုက်ကျင်း ဒါမှမဟုတ် အဆောက်အဦးတွင်းမှာ နေရာယူထားတဲ့) ရန်သူ့တပ်ဖွဲ့ဝင်တွေကို ချေမှုန်းရာမှာသာ အသုံးပြုပိုင်ခွင့် ရှိပြီး ကွင်းပြင်မှာ ချီတက်လာတဲ့ တပ်ဖွဲ့တွေကို ရင်ဆိုင်ရာမှာ အသ
ုံးပြုပိုင်ခွင့် မရှိဘူး။ လူမဆန်တဲ့ လက်နက်မို့လို့ ဂျီနီဗာကွန်ဗင်းရှင်းအရ တားမြစ်ထားတယ်။
ပစ်မှတ်တွေကို မီးလောင်ပျက်စီးစေတဲ့ နောက်ထပ် ဗုံးတမျိုးက မီးစုံးဗုံး Incendiary rounds တွေပဲ။ Napalm နပမ်းဗုံးလို့လဲ ခေါ်တယ်။ အထဲမှာ ဓါတုဆေးရည် ဒါမှမဟုတ် အမှုန်တွေထည့်ထားပြီး ပစ်မှတ်ပေါ်မှာ စွဲကပ်နေတဲ့ အဲဒီ ဓါတုပစ္စည်းတွေ မကုန်မချင်း မီးလောင်စေတယ်။ ဘာနဲ့မှ ငြိမ်းလို့ မရဘူး။ တစ်ကိုယ်လုံး မီးစွဲနေတဲ့ ခလေးမလေး လမ်းတလျှောက် ငိုယိုပြေးထွက်လာတာကို သတင်းထောက်တွေ ဗီဒီယိုမှတ်တမ်းတင်လိုက်နို င်လို့ ဗီယက်နမ်စစ်မှာ ယန်းကီးတွေ ရှုံးပိုင်းပိုင်းလိုက်ရတာလည်း မှတ်မိကြမှာပေါ့။
အခု ဆန္ဒပြသံဃာတော်တွေကို အစိုးရက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်းတဲ့ နေရာမှာလည်း မီးလောင်ပြီး ဒဏ်ရာရကြတယ်လို့ သတင်းတွေ ကြားနေရတယ်။ မျက်ရည်ယိုဗုံး ဆိုတာက မီးလောင်ဗုံးမှ မဟုတ်ပဲ။ ဆန္ဒပြအရပ်သားတွေကို ထိခိုက်အနာတရ မဖြစ်စေပဲနဲ့ လူစုခွဲနိုင်ရုံ ရည်ရွယ်တီထွင်ထားတဲ့ မီးခိုးဗုံးအမျိုးအစား သာဖြစ်တယ်။ အခု အစိုးရ ရဲတပ်ဖွဲ့ကသာ ဆန္ဒပြလူထုကို မီးလောင်စေတဲ့ လက်နက်နဲ့ တိုက်ခိုက်ခဲ့ကြောင်းမှန်ရင် နိုင်ငံတကာ ရာဇဝတ်မှု အကြီးကြီး တစ်ခု ကျူးလွန်လိုက်ပြီလို့ပဲ ပြောရမယ်။
တခြားဖြစ်နိုင်တာကတော့ ကပစ ကထုတ်တဲ့ မျက်ရည်ယိုဗုံးတွေ စံချိန်မမှီတာကြောင့်လည်းပဲ ဖြစ်နိုင်တယ်။ ဒါပေမယ့် အရပ်သားတွေကို မီးလောင်ဒဏ်ရာရစေတဲ့အထိ ဖြစ်သွားတာကတော့ (မတော်တဆပဲဖြစ်ဖြစ်၊ တမင်တကာပဲဖြစ်ဖြစ်) ဘယ်နည်းနဲ့မှ လက်ခံနိုင်စရာ အကြောင်းမရှိ။ ကိုယ်ချင်းမစာတတ်ရင် ကိုယ့်အသားပေါ်ကိုယ် ဆီပူ တစက်လောက် ချကြည့်နိုင်တယ်။
(အသောက)
Update : 3:00 AM
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း၌ ဖွင့်လှစ်ထားသော သပိတ်စခန်းခြောက်ခုမှာ နိုဝင်ဘာလ ၂၉ ရက် နံနက် ၂ နာရီအထိရုပ်သိမ်းခြင်းမရှိသေြးေ
စုဝေးနေသူများအား နိုဝင်ဘာလ ၂၈ ရက်နေ့ည ၁၂ နာရီအချိန်တွင် လူစုမခွဲပါက ရဲလုပ်ထုံးလုပ် နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြော
် တာဝန်ကျရဲတပ်ဖွဲ့မှကြေညာခဲ့သော်
Update 3:15 AM
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပုဒ်မ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာတွင် စုဝေးနေသည့် သံဃာတော်များနှင့် ဒေသခံများအား နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၃ နာရီတွင် မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြု၍ လူစုဖြိုခွဲခဲ့ကြောင်း သိရသည်။ ယင်းသို့ မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် လူစုဖြိုခွဲမှုကြောင့် ဒဏ်ရာရရှိသူအချို့ရှိကြောင်း ကြေးနီစီမံကိန်းဧရိယာတွင် ရောက်ရှိနေသော EMG မှ သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။
Update 3:50 AM
ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် လူစုဖြိုခွဲမှုကြောင့် သပိတ်စခန်း ၆ခုအနက် ၂ခုမှ သံဃာတော်များနှင့် ဆန္ဒပြပြည်သူများ ဖယ်ရှားပေးခဲ့ရပြီး ရဲတပ်ဖွဲ့မှ လုံခြုံရေးယူလိုက်ပြီဖြစ်ကြောင်
Update 4:09 AM
လက်ရှိအချိန်တွင် ထပ်မံ၍ သပိတ်စခန်းတခု ဖယ်ရှားပေးခဲ့ရသဖြင့် စုစုပေါင်း သပိတ်စခန်း ၃ ခု ဖယ်ရှားပေးခဲ့ရပြီဖြစ်ကြောင်းသိ
Update 4:30 AM
လက်ရှိ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် သံဃာတော် အများအပြား ပါဝင်ကြောင်း၊ မျက်ရည်ယိုဗုံးများ ပစ်ခတ်မှုကြောင့် ပုဒ်မ ၁၄၄ ထုတ်ထားသော ဧရိယာအတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။Eleven Media Group shared a link.
Thursday, November 29, 2012
ဗွီဒီယိုသတင်း

လက်ပန်းတောင်းတောင် ဆန္ဒပြပွဲ နောက်ဆုံးအခြေအနေ
Published 28.11.2012
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး တောင်းဆိုတဲ့ သပိတ်စခန်းတွေကို ဖျက်သိမ်းပေးဖို့ ပြည်ထဲရေးဝန်ကြီး တောင်းဆိုထားတဲ့ နောက်ဆုံးသတ်မှတ်ရက်ကို အံတုပြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က ဒေသခံတွေ ဗုဒ္ဓဟူးနေ့ကအထိ ဆက်လက် ဆန္ဒပြနေကြပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လည်း ဒီကနေ့ လာရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံဖို့ အစီအစဉ် ရှိနေတဲ့ အတွက်လည်း ဆန္ဒပြသူတွေ စိတ်အား ထက်သန် နေကြပါတယ်။ ဆန္ဒပြပွဲ နောက်ဆုံး အခြေအနေတွေကိုတော့ လက်ပန်းတောင်း သပိတ်စခန်းမှာ ရောက်နေတဲ့ ဗွီအိုအေ ၀ိုင်းတော်သား ကိုသိန်းထိုက်ဦး က သတင်းပေးပို့ ထားပါတယ်။
လက်ပံတောင်းအရေး အစိုးရ သတင်းထုတ်ပြန်ပြီ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် ( ၁၁ / ၂၀၁၂ )
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်
၁၃၇၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်
၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ပေါ်လာရေးအတွက် နိုင်ငံတော်သမ္မတ ဦးဆောင်၍ ပြည်သူလူထုနှင့် လက်တွဲအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မှန်ကန်သော ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားစေရေးအတွက် ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာကဏ္ဍများအလိုက် ဥပဒေနှင့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများရေးဆွဲ ပြဋ္ဌာန်းပေးလျက်ရှိသည်။
၂။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄၊ ပုဒ်မခွဲ(ခ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ “ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ” ကို ၂၀၁၁ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၁၅ ဖြင့် (၂-၁၂-၂၀၁၁)ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ ဒီမိုကရေစီကျင့်စဉ်အား လေးစားလိုက်နာသော နိုင်ငံသားများ ဖြစ်စေရန်နှင့် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်စေရန် ပြဋ္ဌာန်းပေးခြင်းဖြစ်သည်။ အဆိုပါဥပဒေနှင့် နည်းဥပဒေများအရ နိုင်ငံသားများ အနေဖြင့် မိမိတို့၏ လိုအင် ဆန္ဒနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခွင့်ရှိသည့် နည်းလမ်းများဖြင့် ဖော်ထုတ်ခွင့်၊ ဟောပြောခွင့်များကိုစနစ်တကျ ဆောင်ရွက်ခွင့်ပြုထားပြီးဖြစ်သည်။
၃။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသည် ယခင်အစိုးရ လက်ထက်မှစ၍ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်စေရေးအတွက် သဘာဝသယံဇာတ ထုတ်ယူမှုနည်းလမ်းကို သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြင့် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ နည်းပညာများအသုံးပြု၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု အခြေခံ၍ နိုင်ငံတော်အတွက် စီးပွားရေးတွက်ခြေကိုက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိမှု၊ နည်းပညာများ ရရှိမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့ကို စနစ်တကျ တွက်ချက်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ကောင်းမွန်သောရည်ရွယ်ချက်များ ရှိနေသည်ကိုမျက်ကွယ်ပြု၍ လူအများအားစည်းရုံးလှုံ့ဆော်ပြီး စီမံကိန်း ပျက်ပြားစေရန် ဆောင်ရွက်လာသည်ကိုတွေ့ရှိရသည်။ ကြေးနီစီမံကိန်းအတွင်းပုဒ်မ ၁၄၄ ထုတ်ပြန်ကြေညာထားသည်ကို သိရှိလျက် သပိတ်စခန်းများ ဖွင့်ခြင်း၊ စီမံကိန်း ပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ စီမံကိန်းထောက်ပံ့ရေးစနစ်များကိုဖျက်ဆီးခြင်း၊ ဝန်ထမ်းများကို အနှောက်အယှက်ပေးခြင်းတို့ဖြင့် ဥပဒေနှင့်မညီစွာလူစုလူဝေးနှင့် ဆူပူ ဆန္ဒပြ လာခဲ့သည်။
၎။ ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနကစီမံကိန်းနယ်မြေတစ်ဝိုက် ဆန္ဒပြနေသောအဖွဲ့အစည်းအားလုံးသည် ၂၇-၁၁-၂၀၁၂ ရက် ည (၁၂)နာရီတွင် နောက်ဆုံးအချိန် ထားပြီးဖယ်ရှားရှင်းလင်းပေးရန်နှင့် အကယ်၍ ဖယ်ခြားရှင်းလင်းခြင်းမပြုပါကဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီတည်ဆဲဥပဒေများအတိုင်းအဆင့်ဆင့် ဖြေရှင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၂၇-၁၁-၂၀၁၂ ရက်တွင် သတိပေးထုတ်ပြန်ကြေညာခဲ့ သည်။ နောက်ဆုံးထွက်ခွါပေးရန် သတ်မှတ်သည့်အချိန် မတိုင်မီလုံခြုံရေး တပ်ဖွဲ့ဝင်များက အသံချဲ့စက်များဖြင့် လူစုခွဲရန် ကြိမ်ဖန်များစွာမေတ္တာရပ်ခံခဲ့သည့်အပြင်၊ သတ်မှတ်အချိန် ကျော်လွန်သွားခဲ့သည့်တိုင် ထွက်ခွာပေးခြင်းမရှိသည်ကိုထပ်မံ၍ အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့သည်။
၅။ သို့ရာတွင် ဆန္ဒပြသူများသည် အဆိုပါနေရာများမှ ထွက်ခွာပေးခြင်း၊ လူစုခွဲခြင်းမရှိသဖြင့်၂၈-၁၁-၂၀၁၂ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အဓိကရုဏ်းနှိမ်နှင်းရေး နည်းစနစ်များ အတိုင်းအဆင့်ဆင့် ရှင်းလင်းဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် အဓိကရုဏ်းနှိမ်နှင်းရေးအတွက် နိုင်ငံတကာက အသုံးပြုလျက်ရှိသော မီးသတ်ပိုက်များ၊ မျက်ရည်ယို ဗုံးများနှင့် မီးခိုးဗုံးများကိုသာအသုံးပြုခဲ့ပြီးအင်အားအလွန်အကျွံ သုံးစွဲ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းသိရှိရသည်။ လူအုပ်စုခွဲခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ပြည်သူ့ဆေးရုံ များတွင် ဒေသဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ဆေးဝါးကုသပေးလျက်ရှိကြောင်းသိရှိရသည်။
၆။ ထိုသို့ဆောင်ရွက်ရခြင်းသည် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ် ပါသည်။

လုံခြုံရေးများ ပိတ်ဆို့ထားသဖြင့် ဒဏ်ရာရှိသူများကို ကယ်ဆယ်ရေး အခက်ကြုံ
လုံခြုံရေးများ ပိတ်ဆို့ထားသဖြင့် ဒဏ်ရာရှိသူများကို ကယ်ဆယ်ရေး အခက်ကြုံ
29 Nov, 2012 5:19 PM
လက်ပံတောင်း စီမံကိန်းဧရိယာ အတွင်း၌ရှိသော သပိတ်စခန်းများအား ယနေ့နံနက် ၃ နာရီတွင် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးဖြိုခွင်းခဲ့သဖြင့် ဒဏ်ရာရရှိခဲ့သူ အများအပြားရှိခဲ့ရာ နံနက် ၁၀ နာရီအချိန်အထိ ဒဏ်ရာရရှိသူ အများစုသည် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် ပုန်းအောင်းနေရဆဲဖြစ်ပြီး ဆေးကုသမှုခံယူရန် အရေးတကြီး လိုအပ်နေကြောင်း သတင်းရရှိပါသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
![]() |
မီးလောင်ဗုံးဖြင့် အဆက်မပြတ်ပစ်ခတ်မှုကြောင့် ဆရာတော်များ အပြင်းအ ထန်ဒဏ်ရာများရရှိခဲ့ကြပုံ။ |
![]() |
မုံရွာခရိုင် ပုလဲမြို့နယ်၊ ခေါ်သံနီ တောကျောင်းဆရာတော် ဦးသိက္ခဥာဏ ပြင်းထန်ဒဏ်ရာရ (မီးလောင်ဒဏ်ရာ)နှင့်မြင်တွေရစဉ်။ဓာတ်ပုံ- သလ္လာဝတီတိုင်မ်း |
လက်ပံတောင်းတောင်စီမံကိန်းရပ်တန့်ရေး သပိတ်စခန်းများ အစိုးရအကြမ်းဖက်ဖြိုခွဲပြီ
Nov 29th, 2012 @ 07:07 am › admin
လက်ပံတောင်းတောင်စီမံကိန်းရပ်တန့်ရေး သပိတ်စခန်းများ အစိုးရအကြမ်းဖက်ဖြိုခွဲပြီ
သလ္လ၀တီတိုင်းသတင်း၊ ဖေ့စ်ဘွတ်၊ ကောက်နုတ်ချက်၊ နိုဝင်ဘာ ၂၉၊ ၂၀၁၂
ပြည်တွင်းရှိ သတင်းဂျာနယ်များ၊ နိုင်ငံသားသတင်းထောက်များနှင့် သတင်းအဖွဲ့များ၏ ၎င်းတို့ဖေ့စ်ဘွတ်များတွင် တင်ဆက်ပေးပို့နေသော သတင်းဓာတ်ပုံများအရ လက်ပံတောင်းတောင် သပိတ်စခန်းများကို ယနေ့နံနက် အရုဏ်မတက်ခင်ကတည်းက အစိုးရ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွဲနေပြီဟု သတင်းများ ရရှိသည်။ ထိုအထဲမှာ သလ္လာဝတီတိုင်းသတင်းစာမျက်နှာက တင်ဆက်မှုများကို ကောက်နုတ်လိုက်ပါသည်။ ဓာတ်ပုံကတော့ Eleven Media ဓာတ်ပုံများ ဖြစ်သည်။
လွန်ခဲ့သည့် တပတ်ကျော်က လွှတ်တော်တွင် ကြေးနီတောင်စီမံကိန်းအရေးကို စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းမည်ဟု အတည်ပြုခဲ့ခြင်း၊ အစိုးရကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါစီမံကိန်းကို ၎င်းတို့၏ ဦးပိုင်ကုမ္မဏီနှင့် တရုတ်ကုမ္ပဏီတို့ ဖက်စပ် အကောင်အထည်ဖော်ရန် စီမံရာတွင် ဒေသခံတို့၏ လူနေမှု ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများကို မှားယွင်းတွက်ချက်မှု ရှိခဲ့ကြောင်း ၀န်ခံခြင်း၊ ဒေသခံတို့က သပိတ်စခန်းများ တိုးမြှင့်ပြီး စီမံကိန်းရပ်ဆိုင်းရန် တောင်းဆိုခြင်း၊ မြန်မာပြည်အနှံ့ မြို့ရွာများကလည်း ထောက်ခံမှုများ ဖော်ထုတ်လာခြင်း၊ အဆိုပါ ဆန္ဒထုတ်ဖော်သူများကို အစိုးရလုံခြုံရေးအဖွဲ့များက ဖမ်းဆီးကန့်သတ်နှိမ်နင်းရန် ကြိုးစားခြင်းတို့ ဖြစ်ပေါ်လာပြီးနောက် ယနေ့တွင် အစိုးရ၏ အကြမ်းဖက်မှုများ ဖြစ်ပွားလာခြင်းဖြစ်သည်။ စက်တင်ဘာ ၂၉ တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ အဆိုပါဒေသသို့ လာရောက်မည်ဟု သတင်းများ ထွက်ပေါ်စဉ် အစိုးရ၏ အကြမ်းဖက်မှုများ ဖြစ်ပွားခြင်း ဖြစ်သည်။
ကောက်နုတ်ချက်များ -
လက်ပံတောင်းအရေးပေါ်သတင်း – ၁ (မနက် ၃ နာရီ)
ယနေ့ (၂၉.၁၁.၂၀၁၂) နံနက် (၃)နာရီမှ စတင်ကာ သပိတ်စခန်းများကို အကြမ်းဖက် စတင်ဖြိုခွဲနေပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။ လုံထိန်း ရဲများသည် မျက်ရည်ယိုဗုံးများ ပစ်ဖောက်ခွဲကာ မီးသတ်ကားမှ ရေပိုက်ဖြင့် လူစုခွဲခြင်းကို စတင်ပြုလုပ်ခဲ့သည်။ ထို့နောက် နံပါတ်တုတ်များဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများနှင့် သံဃာတော်များကို ရိုက်နှက်ခဲ့သည်။
“ကျန်တဲ့သပိတ်စခန်းတွေတော့ မသိဘူး၊ အခု မြင်နေရတာကတော့ သပိတ်စခန်း (၂)ခုကို စပြီး အကြမ်းဖက်နေပြီ၊ အခု ကျွန်တော်မြင်ခဲ့ရသလောက် သံဃာတော် (၁၀)ပါးလောက်တော့ ဒဏ်ရာရသွားပြီ” ဟု သပိတ်စခန်းသို့ ရောက်ရှိနေသူတစ်ဦးက ပြေးလွှားရင်းဖြင့် တယ်လီဖုန်းဖြင့် ပြောကြားခဲ့ပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၂
ဝမ်ပေါင်ရုံးရှေ့ရှိ သပိတ်စခန်းအား ရဲတပ်ဖွဲ့မှ မီးသတ်ကား တစ်စီးဖြင့် ပိုက်ထိုးကာ လူစုခွဲလိုက်ကြောင်း၊ ရေဖြင့်ထိုးနေချိန်မှာ အချိန် ငါးမိနစ်ခန့်ကြာကြောင်း၊ သို့သော်လည်း လူစုမကွဲသဖြင့် မျက်ရည်ယိုဗုံးများ ဖြင့် ပစ်ပေါက်ကာ အကြမ်းဖက် နှိမ်နင်းခဲ့ကြောင်း သတင်းရရှိပါသည်။
ယခုအခါ အဆိုပါဝမ်ပေါင်သပိတ်စခန်းမှ သံဃာတော်တစ်ပါးမှာ မျက်ရည်ယိုဗုံးမှန်၍ အပြင်းအထန် ဒဏ်ရာရရှိသွားပြီး မဖြူဖြူသင်းမှာလည်း ဒဏ်ရာရရှိသွားသည်။ မသွဲ့သွဲ့ဝင်းသည် သံဃာတော်များနှင့်အတူ ရှိနေပြီး မအေးနက်မှာမူ ပျောက်ဆုံးနေလျက်ရှိကြောင်း သတင်းရရှိပါသည်။
ဝမ်ပေါင်သပိတ်စခန်းမှ သံဃာတော်များ၊ လူများသည် ယခုအခါ မုံရွာ၊ ပုသိမ် လမ်းမဘက်သို့ ထွက်ပြေးနေရကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၃
ကျော်ရွာဂိတ်သပိတ်စခန်းတွင် သံဃာတော်တစ်ပါး မီးလောင်သွားပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် ထားခဲ့ရကြောင်း၊ နောက်ထပ် သံဃာတော် တစ်ပါးမှာလည်း အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၎
လက်ပံတောင်းတောင်၏ အနောက်ဘက်တွင် ဖွင့်လှစ်ထားသော သပိတ်စခန်း အမှတ်(၁) တွင် ဆန္ဒပြနေသော သံဃာတော်များနှင့် လူအားလုံး ဆိုင်ကယ်များကိုပဲ မယူနိုင်တော့ဘဲ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရကြောင်း သတင်းရရှိပါသည်။
မဖြူဖြူဝင်းမှာ မျက်နှာတွင် ဒဏ်ရာရရှိသွားပြီး သပိတ်စခန်းအားလုံးမှာလည်း မီးလောင်ပျက်စီးသွားပြီဖြစ်ကြော င်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၅
ဝမ်ပေါင်ကုမ္ပဏီရှေ့ သပိတ်စခန်းတွင် ပါဝင်သော ဦးသုမနနှင့် သံဃာတော် ခြောက်ပါး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၆
ဒဏ်ရာရစာရင်း
၁။ မုံရွာခရိုင် ပုလဲမြို့နယ်၊ ခေါ်သံနီ တောကျောင်းဆရာတော် ဦးသိက္ခဥာဏ ပြင်းထန်ဒဏ်ရာရ (မီးလောင်ဒဏ်ရာ)
၂။ မုံရွာမြို့ ဇောတိကကျောင်းတိုက်မှ ဦးသုစိတ္တ ပြင်းထန်ဒဏ်ရာရ (မီးလောင်ဒဏ်ရာ)
၃။ မုံရွာမြို့ ဇောတိကကျောင်းတိုက်မှ ရှင်သောဘိတ အနည်းငယ်ဒဏ်ရာရ
၎။ မုံရွာမြို့ ဇောတိကကျောင်းတိုက်မှ ရှင်နန္ဒမာလာ အနည်းငယ်မီးလောင်ဒဏ်ရာရ
ဆက်လက်၍ ဒဏ်ရာရသူများစွာ ရှိနေသေးကြောင်း သတင်းရရှိပါသည်။

လက်ပံတောင်းအရေးပေါ်သတင်း ၇
လက်တီဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့သော ကျောင်းတော်၏ အနောက်ဘက်တွင် ဖွင့်လှစ်ထားသော သပိတ်စခန်း အမှတ် ၃ အား စတင် အင်အားသုံး အကြမ်းဖက်ဖြိုခွင်းနေပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၈
နောက်ဆက်တွဲဒဏ်ရာရစာရင်း
၁။ မုံရွာမြို့ ဇောတိကကျောင်းတိုက်မှ ကိုရင်ပညာနန္ဒ အပြင်းအထန် မီးလောင်ဒဏ်ရာရ
၂။ ပခုက္ကူအလယ်တိုက်မှ ဦးစန္ဒောဘာသ အပြင်းအထန် မီးလောင်ဒဏ်ရာရ
နောက်ဆက်တွဲဒဏ်ရာရစာရင်း
၁။ မုံရွာမြို့ ဇောတိကကျောင်းတိုက်မှ ကိုရင်ပညာနန္ဒ အပြင်းအထန် မီးလောင်ဒဏ်ရာရ
၂။ ပခုက္ကူအလယ်တိုက်မှ ဦးစန္ဒောဘာသ အပြင်းအထန် မီးလောင်ဒဏ်ရာရ
မီးလောင်ဒဏ်ရာ အနည်းငယ်စီ ရရှိသော သံဃာတော်အပါး (၄၀)ကျော် ရှိပြီး လူပုဂ္ဂိုလ်အနေဖြင့် ၀က်မှေးရွာမှ ကိုကျော်စွာ အနည်းငယ် ဒဏ်ရရရှိသွားကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်း အရေးပေါ်သတင်း ၉
သပိတ်စခန်း (၆)ခုစလုံး မီးလောင်ပျက်စီးသွားပြီဖြစ်ကြော င်း သတင်းရရှိပါသည်။ ပုသိမ်-မုံရွာလမ်းကိုလည်း အာဏာပိုင်များက ပိတ်ဆို့လိုက်ပြီ ဖြစ်သည်။
လက်ပံတောင်းအရေးပေါ်သတင်း ၈ (နောက်ဆက်)
ကျော်ရွာသပိတ်စခန်းမှ သံဃာတော်များသည် ကျော်ရွာထဲသို့ ထွက်ပြေးရကြောင်း၊ ၀မ်ပေါင်သပိတ်စခန်းမှ သံဃာတော်များသည်လည်း ဖောင်းကားဘက်သို့ ထွက်ပြေးသွားရကြောင်း သတင်းရရှိပါသည်။
အရေးပေါ် လူနာတင်ယာဉ်နှင့် ဆေးဝါးအကူအညီများ လိုအပ်လျက်ရှိကြောင်း၊ မုံရွာ-ပုသိမ်လမ်း ပိတ်ဆို့လိုက်သည့်အတွက် လူနာတင်ယာဉ်များ ကံကုန်းဘက်မှ လာရောက်နိုင်ကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၁၀
သပိတ်စခန်းနှင့် အနီးတစ်ဝိုက်ရှိ ရွာများအတွင်းသို့ ရဲတပ်ဖွဲ့မှ ပွိုင့်ကားများဖြင့် ရောက်ရှိလာကာ အကြမ်းဖက် လူဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု သတင်းရရှိပါသည်။
ကံကုန်းရွာတွင် ဆောက်လုပ်ထားသော ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့် စင်ကိုလည်း ရဲတပ်ဖွဲ့ အင်အား ၅၀ ခန့်က ၀ိုင်းထားကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၁၁
ဝမ်ပေါင်ကုမ္ပဏီထဲတွင် ဆန္ဒပြခေါင်းဆောင် သံဃာတော် (၆)ပါးကို ဖမ်းဆီးထားကြောင်း သတင်းအတိအကျ ရရှိပါသည်။
ဝမ်ပေါင်ကုမ္ပဏီရှေ့ရှိ သပိတ်စခန်းမှ အပြင်းအထန် ဒဏ်ရာရရှိသော သံဃာတော် အရေအတွက်မှာ (၅)ပါး ဖြစ်ကြောင်း ထပ်မံသိရှိရပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၁၂
ကရုဏာမြင့်မိုရ် လူမှုကူညီရေးအသင်းနှင့် ကျောင်းသားသမဂ္ဂမှ ကားများ ရောက်ရှိလာပြီး ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်နေလျက်ရှိကြောင်း သတင်းရရှိပါသည်။ မုံရွာဆေးရုံသို့ လက်ပံတောင်းမှ လူနာတင်ယာဉ် တစ်စီး ဆိုက်ရောက်လာကြောင်း တာဝန်ကျ သူနာပြုဆရာမ တစ်ဦးက အတည်ပြုပြောကြားသည်။
သို့သော်လည်း ဒဏ်ရာရရှိသူများစွာ ကျန်ရှိနေပြီး လူနာတင်ယာဉ် လောက်ငမှု မရှိသေးကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၁၃
ဝမ်ပေါင်ကုမ္ပဏီရှေ့ သပိတ်စခန်းအနီးတွင် ရပ်ထားသော AP သတင်းဌာနမှ သတင်းထောက်၏ ကားတစ်စီးနှင့် တောင်ကြားတွင်ရပ်ထားသော ကားတစ်စီး မီးလောင်ပျက်စီးသွားကြောင်း သတင်းရရှိပါသည်။
အများပြည်သူများ၏ ဆိုင်ကယ်များစွာလည်း ပျက်စီးမီးလောင်ခဲ့ရပြီး အရေအတွက် အတိအကျကိုမူ မသိရှိရသေးပေ။
လက်ပံတောင်းအရေးပေါ်သတင်း ၁၄ (နောက်ဆုံး သတင်းရေးသည့်အချိန် မနက် ၆ နာရီခန့်)
ဆည်တဲရွာ သပိတ်စခန်းမှ ရွာသူရွာသားများ သပိတ်စခန်းမှ ထွက်ပြေးလာရပြီးနောက် ရွာသို့မရောက်ဘဲ လမ်းတွင် ပျောက်ဆုံးနေကြောင်း သတင်းရရှိပါသည်။
ထပ်ဆင့်ဝေမျှပေးရန် ...
No related posts.
Subscribe to:
Posts (Atom)