Friday, October 8, 2010

ဂျပန်တွင်ပထမဦးဆုံးလာမည့်ကရင်ဒုက္ခသည်များ၏ရှေ့လျှောက်ကြုံတွေ့ရမည့်အခက်အခဲများနှင့်လိုအပ်သည်များကိုပံ့ပိုးရမည့်ကိုဂျပန်နိုင်ငံတွင်ရှိ KNL-JAPAN၏သဘောထား

ဂျပန်တွင်ပထမဦးဆုံးလာမည့်ကရင်ဒုက္ခသည်များ၏ရှေ့လျှောက်ကြုံတွေ့ရမည့်အခက်အခဲများနှင့်လိုအပ်သည်များကိုပံ့ပိုးရမည့်အခြေအနေများကိုဂျပန်နိုင်ငံတွင်ရှိ KNL-JAPAN၏ ကရင်များ၏သဘောထားများကိုအောက်ပါသတင်းဌာနများ သတင်းထောက်များတွေ့
ဆုံမေးမြန်းဖြေကြားခဲ့ပါသည်၊၊



TOKYO NEWSPAPER --------------- MR.KAWAKAMI(FUJITELEVISION)


့MA.JASSICA (WRITE,CNN) ------------------ MA.ICHIHARA(JOURNALIST)

MR.TAKEI HIROYUKI(ASAHI-NEWSPAPER)

NHK --------------------------------------------------- MR.KANARI (ASAHINEWS-PAPERR)

(NHK)

MS.MATSUMOTO (NHK)

MR.HIROSHI YOKOYAMA (NHK)

NHK



-------------------------------------------------- MR.SATORU AOYAMA (NHK)


MR.KONDO(NIHON TELEVISION)

MR.KAWAKAMI(FUJITELEVISION)





NHK

နယ်စပ်ဒေသမှကရင်ဒုက္ခသည်များအာရှတွင် ပထမဆုံးဒုက္ခသည် လက်ခံသောဂျပန်နိုင်ငံသို့ရောက်ရှိလာ









နယ်စပ်ဒေသမှကရင်ဒုက္ခသည်များအာရှတွင်ပထမဆုံးဒုက္ခသည်လက်ခံ သောဂျပန်နိုင်ငံသို့ရောက်ရှိလာ

၂၀၀၇ခုနှစ်တွင်FUKUDA ဝန်ကြီးချုပ်မှနယ်စပ်ဒေသကရင်ဒုက္ခသည်များအား၂၀၁၀ခုနှစ်တွင် ဂျပန်သို့စတင်ခေါ်ယူရန်ဆုံးဖြတ်ခဲ့သည်အတိုင်းယမန်နေ့၂၈-၉-၂၀၁၀တွင် ကရင်ဒုက္ခသည်များ
ဂျပန်နိုင်ငံသို့ပထမဦးဆုံးအသုတ်အဖြစ်၂၃ယောက်(မိသားစု၎ စု)ရောက်ရှိလာဖို့ ရှိခဲ့ရာတွင်မိသားစုနှစ်စုမှကလေးများသည်အဖျားရှိခဲ့ပြီးနောက်ရက်အနည်းအကြာတွင်ရောက်ရှိမည်ဖြစ်သည်၊၊ ယနေ့တွင်မိသားစုသုံးစု(၁၈ယောက်)သာရောက်ရှိခဲ့သည်၊၊ ဂျပန်နိုင်ငံNARITA လေဆိပ်သို့JAPAN AIR LINE ( JAL) နှင့်ရောက်ရှိလာသောကရင်ဒုက္ခသည်များအား ဂျပန်နိုင်ငံရှိအောက်ပါတာဝန်ရှိလူကြီးမင်းများ NARITA လေဆိပ်တွင်လေယာဉ်ဆိုက်သောLOADING BRIDGE အထိသွားရောက်ကြိုဆိုခဲ့ပါသည်၊၊ MR.YUICHI OBA ( PRINCIPAL DEPUTY DIRECTOR ,HUMAN RIGHTS AND HUMANITARIAN AFFAIRS DIVISION FOREIGN POLICY BUREAU )

MS.YAMAJI အမတ်များတာဝန်ခံ

ARAKAWA( INTERNATIONAL ORGANIZATION FOR MIGRATION ,(IOM) )

MR.SAW BA HLA THEIN KAREN NATIONAL LEAGUE-JAPAN,( KNL-JAPAN ) KAREN INFORMATION SPACE-JAPAN ( KIS-JAPAN ) KAREN HUMAN RIGHTS COMMITTEE-JAPAN ( KHRC-JAPAN ) ထိုအပြင်ဂျပန်နိုင်ငံတွင်ရောက်ရှိနှင့်ပြီးဖြစ်သောကရင်အမျိုးသားများ၊မြန်မာနိုင်ငံသားများ၊သတင်းထောက်များ ဂျပန်နိုင်ငံမှ T.VCHANNEL များနှင့်၎င်းတို့အားတာဝန်ယူမည့်တာဝန်ရှိသူများသွားရောက်ကြိုဆိုခဲ့ကြသည်၊၊ ဂျပန်နိုင်ငံသို့ပထမဦးဆုံးအကြိမ်ရောက်ရှိလာသောကရင်ဒုက္ခသည်များအား PILOT CASE အနေဖြင့်တနှစ်ကို အယောက် ၃၀ ဖြင့်သုံးနှစ်ဆက်တိုက်စမ်းသပ်ခေါ်ယူသွားမည်ဖြစ်ပြီးအောင်မြင်ပါကထိုထက်ပိုမိုခေါ်ယူသွားမည်ဖြစ်သည်၊၊



သတင်း စောကစ်စင်ဂျာ

Dream-Arrow-underground bulletin

Dream-Arrow-underground bulletin

Thursday, October 7, 2010

ကုလသမဂ္ဂမှာ ဦးဉာဏ်ဝင်း မှားယွင်းပြောဆို



မျိုးဝင်းဇော် / ၀၆ အောက်တိုဘာ ၂၀၁၀


ပြီးခဲ့သည့် စက်တင်ဘာ (၂၈) ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့၌ ကျင်းပသည့် (၆၅) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက လွှတ်တော်နေရာ (၁,၁၇၁) နေရာ ရှိသည်ဟု မှားယွင်းပြောဆိုခဲ့မှုအပေါ် ပြည်တွင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် သတင်းဂျာနယ် အယ်ဒီတာများ အံ့သြနေကြကြောင်း သိရသည်။

လသာမြို့နယ် အမှတ် (၂) ရပ်ကွက် မဲရုံတွင် ပြီးခဲ့သည့် အောက်တိုဘာ (၁) ရက်နေ့၌ ကျင်းပသည့် သရုပ်ပြ မဲပေးပွဲ ရွေးကောက်ပွဲ တာဝန်ရှိသူတဦးက “တပြည်လုံးမှာ မဲဆန္ဒနယ် စုစုပေါင်း (၁,၁၆၃) နေရာရှိပါတယ်။ အဲဒါ သတင်းစာကနေ အတိအလင်း ကြေညာထားပြီးသားပါ။ လွှတ်တော်နေရာ (၁,၁၆၃) နေရာကို ဆိုလိုတာပါ၊ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဘာကြောင့် (၁,၁၇၁) နေရာလို့ ပြောဆိုသလဲ ကျနော်တို့ မသိပါဘူး” ဟု ပြောသည်။

ပြည်တွင်းသတင်းအယ်ဒီတာ တဦးကလည်း “ဂျာနယ်တွေ အားလုံးမှာရော၊ အစိုးရ ဝါဒဖြန့် ဆောင်းပါးတွေမှာပါ မဲဆန္ဒနယ် (၁,၁၆၃) ဆိုပြီး ရေးနေကြတယ်။ ဒါက မှားစရာလည်း ဘာအကြောင်းမှ မရှိဘူး။ ဦးဉာဏ်ဝင်းက ဘာကြောင့် ကုလသမဂ္ဂမှာ (၁,၁၇၁) နေရာလို့ ပြောရလဲ။ အခု သူ့မိန့်ခွန်းအတိုင်း (၁,၁၇၁) နေရာဆိုပြီး ဂျာနယ်တွေမှာ ဖော်ပြတော့ စိစစ်ရေးက ခွင့်ပြုတယ်။ သတင်းတွေ ဆောင်းပါးတွေမှာ အမှန်အတိုင်း (၁,၁၆၃) နေရာဆိုလည်း ခွင့်ပြုထားတယ်။ အစိုးရဟာ လုပ်ချင်တာ လုပ်နေတဲ့ သဘောပဲ” ဟု ပြောသည်။

စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင်သည် ပြီးခဲ့သည့် သြဂုတ်လ (၁၁) ရက်၌ လွှတ်တော် (၃) ရပ်အတွက် မဲဆန္ဒနယ်မြေများကို သတ်မှတ်ကြေညာခဲ့ပြီး ကြေညာချက် အပြည့်အစုံကို သြဂုတ် (၁၂-၁၃-၁၄-၁၅) ရက် သတင်းစာတို့တွင် (၄) ရက်ဆက်တိုက် ဖော်ပြခဲ့သည်။

အဆိုပါ ဖော်ပြချက်များအရ ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ်မြေပေါင်း (၃၃ဝ)၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ်မြေပေါင်း (၁၆၈)၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များအတွက် မဲဆန္ဒနယ်မြေပေါင်း (၆၃၆) နေရာ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက် လူမျိုးစု မဲဆန္ဒနယ်မြေပေါင်း (၂၉) နေရာ၊ စုစုပေါင်း မဲဆန္ဒနယ်မြေပေါင်း (၁,၁၆၃) နေရာအဖြစ် သတ်မှတ်ထုတ်ပြန်ခဲ့သည်။

ပြည်တွင်းမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတဦးက “ဝန်ကြီးဦးဉာဏ်ဝင်းက မဲဆန္ဒနယ်မြေ စာရင်းတွေ တရားဝင် မထုတ်ပြန်ခင်က ရရှိထားတဲ့စာရင်းကို အသုံးပြုမိတာ ဖြစ်နိုင်တယ်။ ဝတိုင်းဒေသအတွင်းက မြို့နယ် (၄) ခုရဲ့ ရှမ်းပြည်နယ် လွှတ်တော်အတွက် (၈) နေရာရှိပြီး အဲဒီ နေရာတွေပါ ပါမယ်ဆိုရင် မဲဆန္ဒနယ် စုစုပေါင်း (၁,၁၇၁) နေရာရှိမှာဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်း စစ်အစိုးရက ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပေါ်ပေါက်မလာအောင် အဲဒီ မဲဆန္ဒနယ် (၈) နေရာကို မထည့်သွင်းတော့ဘဲ မဲဆန္ဒနယ်မြေစာရင်း ထုတ်ပြန်ခဲ့တယ်” ဟု သုံးသပ်ပြောဆိုသည်။

ယခုကဲ့သို့ မဲဆန္ဒနယ်ကွဲပြားမှုနှင့် ပတ်သက်၍ နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ မေးမြန်းကြည့်ရာ သတင်းစာပါ ထုတ်ပြန်ကြေငြာချက်များ အတိုင်းသာ ဖြစ်ပါသည်ဟု ပြောဆိုပြီး ကိန်းဂဏန်း အမှန်ကိုမူ ပြောဆိုဖြေကြားခြင်း မပြုပေ။

စစ်အစိုးရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ယခုကဲ့သို့ပင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စများကို ထုတ်ပြန်ပြောဆို ရှင်းလင်း ဖြေကြားခြင်း မပြုသည့်အတွက် ကော်မရှင် အဆင့်ဆင့်၊ နိုင်ငံရေးပါတီများနှင့် သတင်းသမားများပါ အမြဲတစေ အခက်အခဲကြုံကြရကြောင်း သိရသည်။

မြ၀တီတွင် ပေါက်ကွဲမှု ထပ်မံဖြစ်ပွား

ဘစောတင် Wednesday, October 06, 2010 .
ကရင်ပြည်နယ် မြ၀တီမြို့အမှတ် (၄) ရပ်ကွက်ရှိ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်တိုင် အနီးတွင် ယမန်နေ့ ည ၁၀ နာရီ ကျော်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယင်းပေါက်ကွဲမှုကြောင့် လူ အသေအပျောက် မရှိဟု သိရသည်။

မြ၀တီမြို့ တွင်းသို့  ဖောက်ခွဲရေးသမားများ ၀င်ရောက်နေသည်ဟု သတင်းရရှိထားသောကြောင့် ပုံမှန်ထက် လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ ယခုကဲ့သို့ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မြ၀တီမှ ရဲဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။

“ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်တိုင်အနီးမှာ ကွဲတာ၊ အဲဒီအနီးအနားမှာ စရဖ(စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့)ရုံးလည်း ရှိတယ်၊ ညက ၁၀ နာရီ ကျော်လောက်မှာ ချိန်ကိုက်မိုင်း ကွဲတယ်၊ ညဆိုတော့ လူသွားလူလာလည်း မရှိတဲ့အချိန်မို့လို့ ထိခိုက် ဒဏ်ရာ ရတာတော့ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ကရင်သတင်းစဉ် အယ်ဒီတာချုပ် နန်းဖော့ဂေကလည်း မြ၀တီမြို့ အမှတ် (၄) ရပ်ကွက်အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ ကြောင်း ပြောသည်။

“ညက မြ၀တီမှာ မိုက်ခရိုဝေ့ဗ် တိုင်နားမှာ ဗုံးတလုံးပေါက်ခဲ့တယ်၊ လူသွားလူလာ နည်းတဲ့အချိန်မို့လို့ ထိခိုက်တာ တော့ မရှိဘူး”ဟု နန်းဖော့ဂေ က ပြောဆိုသည်။

ယခု ပေါက်ကွဲမှုသည် မည်သူ့ လက်ချက်ဖြစ်ကြောင်း မသိရှိရသေးပေ။

ထိုပေါက်ကွဲမှုကြောင့် မြ၀တီမြို့ခံများ အထိတ်တလန့်ဖြစ်ကြရပြီး အာဏာပိုင်များက လုံခြုံရေးပိုမိုတင်းကျပ် ထား ကြောင်း သိရသည်။

ယင်း မြ၀တီမြို့  အမှတ်(၄) ရပ်ကွက်ရှိ ဘုရင့်နောင် လမ်းမကြီးပေါ်၌ ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းက ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားမှုဖြစ်ပွားခဲ့သေးသည်။ ပေါက်ကွဲမှုကြောင့် လူ ၂ ဦး ပွဲချင်းပြီး သေဆုံး၍ ၄ ဦး အတွင်းလူနာအဖြစ် ဆေး ကုသမှု ခံယူခဲ့ရသည်။

FBR Reports- Shan Team Member Gives His Life for Love and for Freedom“

FBR Reports- Shan Team Member Gives His Life for Love and for Freedom“

5.10- လူ့ အခွင့်အရေး ချိုးဖေါက်မှုသတင်း

5.10- လူ့ အခွင့်အရေး ချိုးဖေါက်မှုသတင်း

3.10- လူ့ အခွင့်အရေးချိုးဖေါက်မှုသတင်း

3.10- လူ့ အခွင့်အရေးချိုးဖေါက်မှုသတင်း

China and Myanmar Strategic Interests, Strategies and the Road Ahead

China and Myanmar Strategic Interests, Strategies and the Road Ahead

Migrant Workers Must Be Protected and the Thai Government Must Comply with

Migrant Workers Must Be Protected and the Thai Government Must Comply with ILO C19

ပဲခူး လူငယ်နှစ်ဦးကို သတ်သည့် စစ်ဗိုလ် နေပြည်တော် သို့ ပြောင်းလဲတာဝန် ထမ်းဆောင်

Written by FNG
Wednesday, 06 October 2010 09:03
စက်တင်ဘာလ ၄ ရက်နေ့ ညက ပဲခူးမြို့  ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်း မြလမ်းတွင် နေထိုင်သူ မောင်စိုးပိုင်ဇော် အသက် (၁၉) နှစ်နှင့် မင်္ဂလာလမ်းတွင်နေထိုင်သူ မောင်အောင်သူဟိန်း အသက် (၂၃) နှစ် ဦးအား ကျဉ်ဘောက်မှာ ကျဉ်ကုန်သည် ထိ ရက်စက်စွာ ပစ်ခတ်ရန် အမိန့် ပေးခဲ့သည့် အခြေစိုက် ခလရ ၅၉ မှ စစ်ဗိုလ် တစ်ဦး ဖြစ်သူ ဗိုလ်ကြီး သိဒ္ဓိစိုး သည် ပြည်သူကို တရားလက်လွတ် သတ်ဖြတ်သည့် ထို အမှု အတွက် မည်သည့်အရေးယူမှု ကိုမျှ ခံရခြင်း မရှိဘဲ နေပြည်တော် သို့ ပြောင်း ရွှေုတာဝန်ချထား ခံခြင်း ရသည် ဟု Freedom News Group မှစုံစမ်း သိရှိရသည်။ စက်တင်ဘာလ နှောင်းပိုင်း က ပစ်သတ်မှု တွင် ပါဝင်သည့် စစ်သားများနှင့် ဗိုလ်ကြီး သိဒ္ဓိစိုး အား တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ဆေးမေးမြန်းမှု စတင်ပြီးနောက် ဘုန်းကြီး ၀တ်ခိုင်းထားသည် ဟု သတင်းရရှိပြီး နောက်ပိုင်း တွင် အများ ပြည်သူများ က တွေ့ မြင်သွား မည် စိုး၍ တပ်ရင်းမှု ဒုတိယ ဗိုလ်မှုးကြီး မြင့်စိုး က တပ်ပြင် ထွက်ခွင့် မပေးဘဲ တပ်တွင်းမှာပင် လွတ်လပ်စွာ ထားရှိ သည် ဟု သိရသည်။ အောက်တိုဘာလဆန်း တွင် မူ ပစ်သတ်မှု တွင် အမိန့် ပေးသည့် ဗိုလ်ကြီး သိဒ္ဓိစိုး အား နေပြည်တော် မှ ဆင့်ခေါ်ကာ လက်ရှိရာ ထူးအတိုင်း ပင် ဥမင်လှိုဏ်ခေါင်း ဖောက်သည့် ဒေသ တွင် နာမည် ပြောင်း `၍ ရာထူးတိုးကာ ဗိုလ်မှုး ကိုလေး ဆိုသည့် နာမည်ဖြင့်တာဝန် ထမ်းဆောသ်နေသည် ဟု သိရသည်။ ခလရ ၅၉ မှ စစ်ဗိုလ် တစ်ဦး ဖြစ်သူ ဗိုလ်ကြီး သိဒ္ဓိစိုး သည် စစ်ဗိုလ်ချုပ် တစ်ဦး ၏ သားသမီး တစ်ဦး ပင်ဖြစ်သည်။ လူငယ်နှစ်ဦးအား ရက်စက်စွာသတ်သည့် တရားခံ များ အား သေဆုံးသူ ၏ ဆွေမျိုး အသိုင်းအ၀ိုင်း သာမက ၊ ပဲခူမြို့ သူမြို့ သား များ နှင့် မြန်မာ တစ်နိုင်ငံလုံးမှ တရား နည်းလမ်းကျစွာ ဆုံးဖြတ်ပေးရန် လိုလားကြသည်။

လူယုတ်မာ တွေရဲ့ အကြံ


COMMISSION REGULATION (EU) 10 May 2010 Burma-List of Members

COMMISSION REGULATION (EU) 10 May 2010 Burma-List of Members

Boycott-2010-Vol-5

Boycott-2010-Vol-5