Saturday, January 19, 2013

မိန်းကလေးတဦးကို အလိုမတူပဲ ၀န်ကြီးဟောင်း ဦးအောင်သောင်း မယားငယ်ပြုထားခြင်း


by Vicky Mandra on Friday, January 18, 2013 at 11:27pm ·

အသက် ၇၀ကျော် ၀န်ကြီးဟောင်း ဦးအောင်သောင်းသည် အသက် ၃၀ကျော်
အညာကျေးလက်သူတဦးကို မယားငယ်အဖြစ် တရားမ၀င် အဓမ္မ ပေါင်းသင်းနေသည်ဟု
စုံစမ်းသိရသည်။

တရားဝင်မယားကြီး ဒေါ်ခင်ရီရှိပါလျက် အသက် ၇၀ကျော် ၀န်ကြီးဟောင်း
ဦးအောင်သောင်း တရားမ၀င် အလိုမတူပဲ ပေါင်းသင်းနေသည့် မယားငယ်ဖြစ်သူမှာ
တောင်သာမြို့နယ် ၀ဲလောင်ရွာနေ အသက် ၃၀ကျော် မအေးမို့မို့လှိုင် ဖြစ်သည်။

မအေးမို့မို့လှိုင်နှင့်အခြား မိန်းကလေများကို ၀န်ကြီး
ဦးအောင်သောင်းအိမ်တွင် အိမ်ဖော်လုပ်ရန်ဆိုသည့် ခေါင်းစဉ်ဖြင့်
ဝဲလောင်ရွာမြောက်ဘက် ခံပင်ကွေ့ရွာနေ ဒေါ်ဒေါင်းသမီးနှင့်အဖွဲ့က
လူကုန်ကုးသည့်ပုံစံမျိုးဖြင့် စုဆောင်းပေးခဲ့ခြင်းဖြစ်သည်။

ဦးအောင်သောင်းသည် မအေးမို့မို့လှိုင်ကို အိမ်ဖော်မလုပ်ခိုင်းပဲ
ဝန်ကြီး၏တယ်လီလီဖုန်းကိုင်သူ ကိုယ်ရေးအရာရှီအဖြစ်ထားရှိပြီးနောက်
ဇနိးမယားအဖြစ် သိမ်းပိုက်ခဲ့သည်ဟု မအေးမို့မို့လှိုင်၏
ဆွေမျိုးတဦးကပြောသည်။ အိမ်ဖော်မိန်းကလေး မည်မျှ ဦးအောင်သောင်း
ဖျက်ဆီးခဲံသည်ကိ တိတိကျကျ မသိရသေးသဖြင့် စုံစမ်းနေဆဲဖြစ်သည်။

အသက် ၇၀ကျော် ၀န်ကြီးဟောင်း ဦးအောင်သောင်းသည် မအေးမို့မို့လှိုင်ကို
တရားဝင်မဟုတ်သည့် မယားငယ်သဘော ပေါင်းသင်းပြီး နေပြည်တော်မှာ
တိုက်ခန်းနှင့်ထားသည်ဟု မရေမရာ သတင်းကြားသော်လည်း ၁၀နှစ်ကျော်
ပျောက်ဆုံးနေသည့် မအေးမို့မို့လှိုင်အတွက် ဆွေမျိုးများကစိတ်ပူပြီး
ပြည်ခိုင်ဖြိုးပါတီဥက္ကဌ သမ္မတ ဦးသိန်းစိန်ထံ စာရေးတိုင်မည်ဟု သိရသည်။

မအေးမို့မို့လှိုင်နှင့် ရသည့်ကလေး (ယောကျားလေး) ကို ဦးအောင်သောင်း၏
ရန်ကုန်အိမ်မှာ ထားရှိသည်။ အသက် ၈၀နီးသည့်တိုင် အညာဒေသမှ
မိန်းကလေးများကို ဖျက်ဆီးနေသည့် ဦးအောင်သောင်းကို တောင်သာနယ်ခံများ
အော့နှလုံးနာနေသည်ဟု သိရသည်။

ပဒိုစောဒေးဗစ်ထော အောက်မေ့ဖွယ် မိသားစုများ ကျင်းပ

19 Jan, 2013 9:49 PM

ဇန်နဝါရီလ ၁၉ရက်၊ ၂၀၁၃ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)

ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး – KNU ဗဟိုတရားရေးတာဝန်ခံဟောင်း ပဒိုစောဒေးဗစ်ထော၏ ၃လပြည့် သတိရ အောက်မေ့ဖွယ် ဆုတောင်းပွဲကို ယနေ့မနက် ၁၀နာရီတွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ၊ ဆာသူးလေကျောင်း၌ ပြုလုပ်ကျင်းပခဲ့ကြ သည်။

ပဒိုစောဒေးဗစ်ထော၏ ကွယ်လွန်ခြင်း ရက်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ခရစ်ယာန်ဘာသာအလိုက် အောက်မေ့ဂုဏ်ပြု ဆုတောင်းပွဲကို ပြုလုပ်ပေးရခြင်းဖြစ်သည်ဟု ကျန်ရစ်သူ ပဒိုစောဒေးဗစ်ထော၏ဇနီး နော်ဂျင်းဂျာက ကေအိုင်စီသို့ ပြောသည်။

“ကျမတို့က မျှော်လင့်ချက်ကြီးကြီးနဲ့ ခရစ်တော်မှာ အနားယူသွားတဲ့သူ့ကို ဆုတောင်းပေးခဲ့တယ်၊ နောက် သူက ငြိမ်းချမ်းရေးကို တကယ့် လိုလားတဲ့သူတယောက်လည်း ဖြစ်တယ်။ ပြီးတော့ အချင်းချင်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စည်းစည်းလုံးလုံးနေစေချင်တယ်။ ဒါကြောင့် ယခု ကျမတို့ ခေါင်းဆောင်တွေအားလုံး ကိုယ့်လူမျိုးအတွက် တယောက်အပေါ်တယောက် အမြင်မမှားကြဘဲ ဆက် ပြီး အလုပ်လုပ်စေချင်တယ်”ဟု နော်ဂျင်းဂျာက ပြောသည်။

KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက “ကျနော်သူ့နဲ့ သိလာခဲ့တာ အခုမှမဟုတ်ဘူး။ ကျနော်တို့ တော်လှန် ရေးထဲ မဝင်ခင်ကတည်းကပါ။ သူက တကယ့်စိတ်အားထက်သန်တဲ့ လူတယောက်ဖြစ်တယ်။ ငြိမ်းချမ်းရေးပဲဖြစ်ဖြစ်၊ နိုင်ငံရေးပဲ ဖြစ်ဖြစ်ပေါ့။ နောက် သူရှိခဲ့တုန်းက ပြောခဲ့တဲ့စကားတခွန်း မှတ်မိပါသေးတယ်။ အဲဒါက KNU အဖွဲ့အစည်းကို သူ့ဇာတိနယ်မြေ ပြန်ခေါ်သွားချင်တယ်ဆိုတာပဲ”ဟု ပြောသည်။

၎င်းအခမ်းအနားပွဲတွင် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်း၊ ကာကွယ်ရေး ဌာနတာဝန်ခံ ပဒိုစောရောဂျာခင်၊ ပဒိုမန်းငြိမ်းမောင်၊ ပဒိုစောအားတိုးနှင့် ပဒိုစောလားစေးတို့ အပါအဝင် အခြားသော ကရင်အဖွဲ့ အစည်းများ၊ ထိုင်းနိုင်ငံအခြေစိုက် ဒီမိုကရေစီအင်အားစုများနှင့် မိသားစုဝင်များအားလုံး လူထုပရိဿတ်ပေါင်း ၃၀၀ကျော် တက် ရောက်ခဲ့ကြသည်။

၎င်းအောက်မေ့ဖွယ် အခမ်းအနား တက်ရောက်ခဲ့သူ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB အကြံပေးနှင့် ရှမ်းအမျိုးသမီး များ ဆက်သွယ်လှုပ်ရှားမှုအဖွဲ့-SWAN မှ နန်းဆိုင်နောင့်က ယခုလို အရေးကြီးသည့်အချိန်တွင် ပဒိုစောဒေးဗစ်ထောတစ် ယောက် တိုင်းပြည်နှင့် လူမျိုးကို ခွဲခွာသွားခဲ့သည့်အပေါ် အလွန်ဝမ်းနည်းမိကြောင်းနှင့် ခေါင်းဆောင်ကောင်းတစ်ယောက် ဆုံးရှုံး ခဲ့ရသလို ဖြစ်ကြောင်း ပြောဆိုသည်။

ပဒိုစောဒေးဗစ်ထောသည် ၁၉၄၈ခုနှစ်၊ မတ်လ ၁၀ရက်တွင် မွေးဖွားခဲ့ပြီး ၂၀၁၂ခုနှစ်၊ အောက်တိုဘာလ ၁၄ရက်နေ့တွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံ စစ်ဆေးရုံ၌ ကွယ်လွန်သွားခဲ့သည်။

KNL-JAPAN ပုံမှန်လပတ်အစည်းအဝေးနှင့်ကရင်အမျိုးသားနေ့အတွက်ပြုလုပ်မည့် အစီအစဉ်များဆွေနွေးရန်အတွက် ဆွေးနွေးမည်ဖြစ်သောကြောင့် အဖွဲ့ဝင်များတက်ရောက်ကျပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။



အစိုးရတပ်နဲ့ မြန်မာ့တပ်မတော်...လွှတ်တော်နဲ့မဆိုင်ဘူး...

အစိုးရတပ်နဲ့ မြန်မာ့တပ်မတော်...လွှတ်တော်နဲ့မဆိုင်ဘူး...


စစ်ဆင်ရေးများကို တပ်မတော်ဘက်မှ ရပ်ဆိုင်းမည့် ထုတ်ပြန်ချက်အပါအ၀င် အချက်ရှစ်ချက်ပါ ကြေညာချက်

ဇန်နဝါရီလ ၁၉ ရက် နံနက် ၀၆၀၀ နာရီမှ စတင်ပြီး လဂျားယန်ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို တပ်မတော်ဘက်မှ ရပ်ဆိုင်းမည့် ထုတ်ပြန်ချက်အပါအ၀င် အချက်ရှစ်ချက်ပါ ကြေညာချက် ကို သတင်းထုတ်ပြန်ရေးအဖွဲ့ထုတ်ပြန်
...............................................................................................

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် ( ၃ / ၂၀၁၃ )
၁၃၇၄ ခုနှစ် ၊ ပြာသိုလဆန်း ၇ ရက်
( ၂၀၁၃ ခုနှစ် ၊ ဇန်နဝါရီလ ၁၈ ရက် )

၁။ ကချင်ပြည်နယ်၊ လဂျားယန်ဒေသတွင် KIO/KIA လက်နက်ကိုင်တပ်ဖွဲ့များက လဂျားယန် တပ်မတော် စခန်းအား ၂၀၁၂ ခုနှစ် မတ်လမှစတင်ပြီး ဝန်းရံ ပိတ်ဆို့ထားခြင်း၊ လဂျားယန် စခန်းသို့ ရိက္ခာပို့ဆောင်သည့် တပ်မတော် စစ်ကြောင်းများကို ချုံခိုတိုက်ခိုက်ခြင်း၊ မြစ်ကြီးနား- ဗန်းမော် ပြည်ထောင်စုလမ်းမကြီးကို အများ ပြည်သူများ အသုံးမပြုနိုင်အောင် ပိတ်ဆို့ထားခြင်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်းများအား ပြုလုပ်ခဲ့သည့် အတွက် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်မှ စတင်၍ ပွိုင့် ၇၇၁ တောင်ကုန်း အပါအဝင် လဂျားယန်ဒေသရှိ KIO/ KIA ခြေကုတ်စခန်းများအား တပ်မတော်စစ်ကြောင်းများမှ ရှင်းလင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရသည်။

၂။ ၂၀၁၁ ခုနှစ် ဇွန်လ၌ တပ်မတော်နှင့် KIO/KIA ကြား တိုက်ခိုက်မှုများ ပြန်လည် ဖြစ်ပွားချိန်မှစပြီး တပ်မတော်အနေဖြင့် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်အတိုင်း မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရန် အတွက်သာ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ သို့သော် KIO/KIA လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် လဂျားယန်စခန်းရှိ တပ်မတော်သားများထံသို့ ရိက္ခာပို့ဆောင်သည့် တပ်မတော် စစ်ကြောင်းများကို သုံးကြိမ် ချုံခိုတိုက်ခိုက်ခဲ့သည့် အတွက် တပ်မတော်သား(၃၅)ဦး ကျဆုံးကာ (၁၉ဝ)ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ လဂျားယန်စခန်းမှာ ၁၉၉၄ ခုနှစ် အပစ်အခတ် ရပ်စဲရေးမတိုင်မီ (KIO/KIA တို့၏ လိုင်ဇာစခန်းမရှိမီ) ကပင် တပ်မတော်က အခြေစိုက်၍ နယ်မြေ လုံခြုံရေး ဆောင်ရွက်ခဲ့သည့် စခန်းဖြစ်ပြီး ထိုစခန်းသို့ ရိက္ခာများ ပို့ဆောင်မည် ဖြစ်ကြောင်းကိုလည်း KIO/KIA အဖွဲ့သို့ ကြိုတင် အသိပေးပြီးမှ ဆောင်ရွက်ခဲ့သည့်တိုင် KIO/KIA အဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ရိက္ခာပို့ဆောင်နိုင်ခြင်း မရှိသည့်အတွက် စခန်းအတွင်းရှိ တပ်မတော်သား စစ်သည်များ အနေဖြင့် စားနပ်ရိက္ခာများ ပြတ်လပ်ပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေကို ရောက်ရှိ လာသောကြောင့် စစ်သည်များ အသက်ဆုံးးမှုမှ ကာကွယ်နိုင်ရန် အတွက် အထက်ပါနယ်မြေ ရှင်းလင်းမှုများကို တပ်မတော်က မလွဲမရှောင်သာ ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်။

၃။ လေကြောင်းပစ်ကူ ရယူခဲ့ရခြင်းမှာလည်း KIO/KIA တပ်စခန်း ပစ်မှတ်များကိုသာ တိတိကျကျ ထိမှန် ချေမှုန်းနိုင်ရန်နှင့် စစ်ပွဲနှင့် မသက်ဆိုင်သော အရပ်သား ပစ်မှတ်များကို ရှောင်လွဲလိုသောကြောင့် ဖြစ်သည်။ KIO/ KIA တပ်များသည် လဂျားယန်စခန်းအား အပြင်မှ သံဆူးကြိုးခတ်၍ အဆက်အသွယ် ဖြတ်တောက် ထားသောကြောင့် တပ်စခန်းအတွင်းရှိ တပ်မတော်သား စစ်သည်များ အတွက် ရိက္ခာပို့ရန်၊ စစ်ရေးအရ တိုက်ခိုက်ရန်သာ ရှိသဖြင့် မလုပ်မဖြစ် လုပ်ခဲ့ရခြင်းဖြစ်သည်။ တပ်မတော်သည် ငြိမ်းချမ်းရေး စကားဝိုင်းမှ တစ်ဆင့် မိမိတပ်စခန်းများကို ရွှေ့ပြောင်းပေးရန် ဆုံးဖြတ်ထားခဲ့သော်လည်း တစ်ဘက် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် KIO/KIA မှ လာရောက်ခြင်းမရှိဘဲ နိုင်ငံတော် အစိုးရမှ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ခြင်းနှင့် ရွှေလီဆွေးနွေးပွဲကို ပျက်ပြားစေခဲ့ခြင်း စသည့်အကြောင်းအချက်များသည် ယခုတိုက်ပွဲများကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်လာစေသည်။

၎။ ယခုအခါ တပ်မတော်အနေဖြင့် လဂျားယန်စခန်းရှိ စစ်သည်များ လုံခြုံရေးနှင့် မြစ်ကြီးနား- ဗန်းမော် ပြည်ထောင်စုလမ်းမကြီး လုံခြုံရေးအတွက် လိုအပ်သည့် ကန့်သတ် ရည်မှန်းချက်များကို ရရှိပြီးဖြစ်သောကြောင့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် ၀၆၀၀ နာရီမှ စတင်ပြီး လဂျားယန်ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း သိရှိရသည်။
၅။ တပ်မတော်အနေဖြင့် နိုင်ငံတော် သမ္မတ၏ ညွှန်ကြားချက် ဖြစ်သည့် မိမိကိုယ် မိမိ ခုခံ ကာကွယ်ရန်မှအပ ပစ်ခတ်တိုက်ခိုက်မှုများ မပြုလုပ်ရန် ဆိုသည့်အချက်ကို တိကျစွာ လိုက်နာသွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ထပ်မံအတည်ပြု ပြောကြားသည်။ သို့သော် လက်နက်ကိုင် ပဋိပက္ခတစ်ခုတွင် တင်းမာမှု အရှိန်လျော့ကျစေရန် အတွက် နှစ်ဘက်လုံးက တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားရန် လိုအပ်မည် ဖြစ်သည်။ ထို့ကြောင့် KIO/KIA အနေဖြင့်လည်း တပ်မတော်တပ်ဖွဲ့များကို စတင် တိုက်ခိုက်မှုမပြုရေး လက်အောက် တပ်ဖွဲ့များကို ညွှန်ကြား ကြပ်မတ်သွားရန် တိုက်တွန်းသည်။ ပြီးခဲ့သော ဖြစ်စဉ်များကို ပြန်လည် လေ့လာပါက မိမိကိုယ်ကို ခုခံကာကွယ်ရုံမှအပ ချီတက် ထိုးစစ်ဆင် တိုက်ခိုက်ခြင်း မပြုရန် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် ရရှိခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်မှ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် အထိ KIO/KIA အဖွဲ့အနေဖြင့် လမ်းတံတား ဖောက်ခွဲ ဖျက်ဆီးမှု (၁၂၂)ကြိမ်၊ မိမိတပ်စခန်းများအား လာရောက် နှောင့်ယှက် ပစ်ခတ်ခြင်း (၆၄)ကြိမ်၊ အရပ်သားများ မိုင်းနင်းမိခြင်း (၃ဝ)ကြိမ်၊ လုယက် ဖျက်ဆီးခြင်း (၆ဝ)ကြိမ်၊ လူသစ် စုဆောင်းခြင်းနှင့် အဓမ္မဖမ်းဆီးခြင်း (၂၈)ကြိမ်ရှိခဲ့ပြီး မိမိတပ်များနှင့် ထိတွေ့မှုပေါင်း (၁ဝ၉၅)ကြိမ် ဖြစ်ပွားခဲ့ကာ ၎င်းဖြစ်စဉ်များတွင် အရာရှိစစ်သည် အများအပြား ကျဆုံးခြင်း၊ ဒဏ်ရာရခြင်းများ ရှိခဲ့သည်။
၆။ ထို့ပြင် ကချင်ပြည်နယ်အတွင်း ပြန်လည် ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် ဒုက္ခရောက်နေရသည့် ပြည်သူများကို စာနာ ထောက်ထားသောအားဖြင့် အများပြည်သူ အသုံးပြုနေသည့် ကားလမ်း၊ ရထားလမ်းများကို ပိတ်ဆို့ခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်းများ မပြုလုပ်ရန်လည်း လိုအပ်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် KIO/KIA လက်နက်ကိုင် အဖွဲ့များက မန္တလေး-မြစ်ကြီးနား ရထားလမ်းတွင် မိုင်းခွဲတိုက်ခိုက်မှု (၅၆)ကြိမ်၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ် ပူတာအိုလမ်းတွင် မိုင်းခွဲ တိုက်ခိုက်မှု (၁၅)ကြိမ်၊ မြစ်ကြီးနား- ဗန်းမော် ကားလမ်းတွင် မိုင်းခွဲတိုက်ခိုက်မှု (၄၂)ကြိမ် ပြုလုပ်ခဲ့သည့်အတွက် ပြည်သူများ ထိခိုက်ဒဏ်ရာရ အသက်ဆုံးရှုံးမှုများရှိသကဲ့သို့ လမ်းပန်း ဆက်သွယ်ရေးများလည်း ပြတ်တောက်ခဲ့ရသည်။ ထိုကဲ့သို့ တိုက်ခိုက်မှုများကြောင့် ကချင်ပြည်နယ်တွင် ကုန်ဈေးနှုန်းများ ကြီးမြင့်လာခဲ့ပြီး အထူးသဖြင့် ပူတာအိုဒေသရှိ ပြည်သူများ အနေဖြင့် စားနပ်ရိက္ခာ ရှားပါးမှုနှင့် ရင်ဆိုင်နေရသဖြင့် တပ်မတော်လေယာဉ်များနှင့်ပါ ရိက္ခာများ ကူညီပို့ဆောင်ပေးလျက် ရှိသည်။ တပ်မတော်အနေဖြင့် အရပ်ဘက်ပစ်မှတ်များကို လုံးဝတိုက်ခိုက်ခြင်း မပြုရန် ညွှန်ကြားထားပြီးဖြစ်သဖြင့် KIO/KIA လက်နက်ကိုင်အဖွဲ့အနေဖြင့်လည်း အများ ပြည်သူ သွားလာနေသည့် ရထားလမ်း၊ ကားလမ်းများကို နှောင့်ယှက် တိုက်ခိုက်နေခြင်းများအား ရပ်ဆိုင်းရန် လိုအပ်မည်ဖြစ်သည်။ သို့မှသာ လက်နက်ကိုင် တိုက်ခိုက်မှုများ အရှိန်လျော့ကျ လာသည့်နှင့်အမျှ ဒေသခံပြည်သူများအတွက် စီးပွားရေး၊ လူမှုရေး အကူအညီများနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။
၇။ နိုင်ငံတော်အစိုးရသည် အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးတို့ အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးနှင့် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်အောင် အပစ်အခတ် ရပ်စဲရေးမှတစ်ဆင့် ခိုင်မာသည့် နိုင်ငံရေး ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။ KIO/KIA နှင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်မည်ဖြစ်သည်။ နောင်တွေ့ဆုံ ဆွေးနွေးမှုများတွင် KIO/KIA လက်နက်ကိုင်အဖွဲ့မှ တပ်ပိုင်းဆိုင်ရာများကို အဆုံးအဖြတ်ပေးနိုင်သည့် ပုဂ္ဂိုလ်များက တပ်မတော်နှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းရန် လိုအပ်သည်။
၈။ နိုင်ငံတော်အစိုးရသည် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို တည်ဆောက်နိုင်ရန် အတွက် KIO/KIA အပါအဝင် တိုင်းရင်းသား ပြည်သူ အားလုံးနှင့် လက်တွဲ ဆောင်ရွက် သွားရန် အသင့်ရှိကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။

ငြိမ်းချမ်းရေးရယူပြီးနောက် ရန်သူ၏ ရိက္ခာပစ္စည်းများစွာကို KNU ပထမဆုံးအကြိမ် မီးရှို့ဖျက်ဆီး

အစိုးရစစ်တပ်၏ ရိက္ခာပစ္စည်းများစွာကို ကေအဲန်ယူ မီးရှို့ဖျက်ဆီးခဲ့

ဇန်န၀ါရီလ ၁၇ရက်။ ၂၀၁၃ခုနှစ်

စောလားခတ်မူး (ကရင်ကျောင်းသားများကွန်ယက်)
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်၏ ရိက္ခာပစ္စည်း မြောက် များစွာကို ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ ၅တပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးလိုက်သည်ဟု ထိုဒေသမှ လာသည့်သတင်း အရ သိရှိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ရက်နေ့ မွန်းလွဲပိုင်းတွင် အစိုးရ စစ်တပ်၏ ရိက္ခာပစ္စည်းမျိုးစုံကို တင်ဆောင် လာသည့် မော်တော်ယာဉ်များသည် ကေအဲန်ယူ တပ်မဟာ (၅)သတ်မှတ်ထားသော နယ်မြေကို ကျော် လွန်၍ ၀င်ရောက် လာသဖြင့် ယခုလို ကေအဲန်ယူတပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ကေအဲန်ယူ တပ်မဟာ(၅)၏ သတင်းရပ်ကွက်အရ သိရှိရသည်။
မီးရှို့ဖျက်ဆီးခံခဲ့ရသော အစိုးရစစ်တပ်၏ ရိက္ခာပစ္စည်းများမှာ ဆန်အိတ် ၄၀၇အိတ်၊ ပဲ ၂၂အိတ်၊ ဆား ၂အိတ်၊ စားသုံးဆီ ၂၃ပုံး၊ စိမ်းစားငါးပိ ၂အိတ်၊ သကြား ၃အိတ်၊ လက်ဖက်ခြောက် ၁အိတ်၊ နို့ဆီ ၁၂ဖာ၊ အမဲဗူး ၂ဖာ၊ အရက် Armera အမျိုးအစား ၆ဖာ အပါအ၀င် ရိက္ခာပစ္စည်း အမျိုးပေါင်း (၁၂)မျိုး ပါဝင်သည်။ သို့သော် မော်တော်ယာဉ်များကိုမူ မီးရှို့ဖျက်ခြင်းမရှိကြောင်း သိရှိရသည်။
ကေအဲန်ယူနှင့်အစိုးရတို့ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရယူခဲ့သည့်နောက်ပိုင်း အစိုးရစစ် တပ်ဘက်မှ ရှေ့တန်းရှိ ရိက္ခာပစ္စည်းများ အဆက်မပြတ်ပို့ဆောင်လျှက်ရှိသလို ၎င်းတို့၏ တပ်စခန်း များကိုလည်း သွပ်ဖြင့်မိုးခြင်း၊ သစ်လုံးကြီး၊ အုတ်နှင့် ဘိလပ်မြေများဖြင့် အခိုင်အမာတည်ဆောက် ခြင်းအပြင် ဆက်သွယ်ရေးမြောင်းများကိုလည်း တူးဖော်မှုများလုပ်ဆောင်လျှက်ရှိ သည်ဟု ရှေ့ တန်းရှိ ကေအဲန်ယူတပ်ဖွဲ့ဝင်များက ပြောသည်။
ကေအဲန်ယူနှင့်မြန်မာအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ပြီးခဲ့သည့် ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၁၂ရက်နေ့တွင် ကရင်ပြည်နယ်၊ ဖားအံမြို့၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
ကေအဲန်ယူနှင့် အစိုးရတို့အကြား နှစ်ဘက် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးပြီးခဲ့ သည့်နောက်ပိုင်း အစိုးရစစ်တပ်မှ ကေအဲန်ယူတပ်မဟာ(၅)နယ်မြေအတွင်း ရိက္ခာပစ္စည်းများပို့ ဆောင်ခဲ့ ရာတွင် မြေမြှုပ်မိုင်းဟောင်းများကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိသော်လည်း ယခုလို ကေအဲန်ယူဘက်မှ ၎င်းတို့၏ ရိက္ခာပစ္စည်းများကို မီးရှို့ဖျက်ဆီးမှုသည် ပထမဦးဆုံးအကြိမ်ဖြစ်သည်။


ငြိမ်းချမ်းရေးရယူပြီးနောက် ရန်သူ၏ ရိက္ခာပစ္စည်းများစွာကို KNU ပထမဆုံးအကြိမ် မီးရှို့ဖျက်ဆီး

အစိုးရစစ်တပ်၏ ရိက္ခာပစ္စည်းများစွာကို ကေအဲန်ယူ မီးရှို့ဖျက်ဆီးခဲ့

ဇန်န၀ါရီလ ၁၇ရက်။ ၂၀၁၃ခုနှစ်

စောလားခတ်မူး (ကရင်ကျောင်းသားများကွန်ယက်)
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်၏ ရိက္ခာပစ္စည်း မြောက် များစွာကို ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ ၅တပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးလိုက်သည်ဟု ထိုဒေသမှ လာသည့်သတင်း အရ သိရှိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ရက်နေ့ မွန်းလွဲပိုင်းတွင် အစိုးရ စစ်တပ်၏ ရိက္ခာပစ္စည်းမျိုးစုံကို တင်ဆောင် လာသည့် မော်တော်ယာဉ်များသည် ကေအဲန်ယူ တပ်မဟာ (၅)သတ်မှတ်ထားသော နယ်မြေကို ကျော် လွန်၍ ၀င်ရောက် လာသဖြင့် ယခုလို ကေအဲန်ယူတပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ကေအဲန်ယူ တပ်မဟာ(၅)၏ သတင်းရပ်ကွက်အရ သိရှိရသည်။
မီးရှို့ဖျက်ဆီးခံခဲ့ရသော အစိုးရစစ်တပ်၏ ရိက္ခာပစ္စည်းများမှာ ဆန်အိတ် ၄၀၇အိတ်၊ ပဲ ၂၂အိတ်၊ ဆား ၂အိတ်၊ စားသုံးဆီ ၂၃ပုံး၊ စိမ်းစားငါးပိ ၂အိတ်၊ သကြား ၃အိတ်၊ လက်ဖက်ခြောက် ၁အိတ်၊ နို့ဆီ ၁၂ဖာ၊ အမဲဗူး ၂ဖာ၊ အရက် Armera အမျိုးအစား ၆ဖာ အပါအ၀င် ရိက္ခာပစ္စည်း အမျိုးပေါင်း (၁၂)မျိုး ပါဝင်သည်။ သို့သော် မော်တော်ယာဉ်များကိုမူ မီးရှို့ဖျက်ခြင်းမရှိကြောင်း သိရှိရသည်။
ကေအဲန်ယူနှင့်အစိုးရတို့ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရယူခဲ့သည့်နောက်ပိုင်း အစိုးရစစ် တပ်ဘက်မှ ရှေ့တန်းရှိ ရိက္ခာပစ္စည်းများ အဆက်မပြတ်ပို့ဆောင်လျှက်ရှိသလို ၎င်းတို့၏ တပ်စခန်း များကိုလည်း သွပ်ဖြင့်မိုးခြင်း၊ သစ်လုံးကြီး၊ အုတ်နှင့် ဘိလပ်မြေများဖြင့် အခိုင်အမာတည်ဆောက် ခြင်းအပြင် ဆက်သွယ်ရေးမြောင်းများကိုလည်း တူးဖော်မှုများလုပ်ဆောင်လျှက်ရှိ သည်ဟု ရှေ့ တန်းရှိ ကေအဲန်ယူတပ်ဖွဲ့ဝင်များက ပြောသည်။
ကေအဲန်ယူနှင့်မြန်မာအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ပြီးခဲ့သည့် ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၁၂ရက်နေ့တွင် ကရင်ပြည်နယ်၊ ဖားအံမြို့၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
ကေအဲန်ယူနှင့် အစိုးရတို့အကြား နှစ်ဘက် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးပြီးခဲ့ သည့်နောက်ပိုင်း အစိုးရစစ်တပ်မှ ကေအဲန်ယူတပ်မဟာ(၅)နယ်မြေအတွင်း ရိက္ခာပစ္စည်းများပို့ ဆောင်ခဲ့ ရာတွင် မြေမြှုပ်မိုင်းဟောင်းများကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိသော်လည်း ယခုလို ကေအဲန်ယူဘက်မှ ၎င်းတို့၏ ရိက္ခာပစ္စည်းများကို မီးရှို့ဖျက်ဆီးမှုသည် ပထမဦးဆုံးအကြိမ်ဖြစ်သည်။


ကရင်နီပြည်နယ် ဒေါဆော်ဖျကျေးရွာ မီးလောင်၍ လူ ၃၀၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေ

19 Jan, 2013 12:52 AM

ဇန်န၀ါရီလ ၁၈ရက်၊ ၂၀၁၃ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)

ကရင်နီ(ကယား)ပြည်နယ် ဒီမော့ဆိုမြို့နယ် ဒေါတ မကြီးကျေးရွာအုပ်စု ဒေါဆော်ဖျရွာတွင် စိတ်ကျန်းမာရေးချို့တဲ့သူတစ်ဦးမှ မီးရှို့သဖြင့် မီးလောင်မှုဖြစ်ပွားရာ လူနှစ်ဦးသေဆုံးပြီး လူ ၃၇၄ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

မီးလောင်မှုကို ယခုလ ဇန်န၀ါရီ ၁၆ ရက်နေ့၊ မနက် ၁၀နာရီခွဲ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိ ၎င်းအခင်းဖြစ်ပွားရာသို့ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်း-NGOs များ၊ လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေးအဖွဲ့များနှင့် ကြက်ခြေနီအဖွဲ့များက သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိသည်။

အခင်းဖြစ်ရာသို့ ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ပို့ဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD မှ စောဒယ်နရယ်က “ကျနော်တို့အဖွဲ့ဝင်တွေ လောလောဆယ် သိန်း ၅၀ဖိုးလောက် ပို့ပေးခဲ့ပြီးပါပြီ။ စားသောက်ကုန်၊ အ၀တ်အထည်နဲ့ အိုးခွက်ပန်း ကန်အပြင်၊ လယ်ယာသုံးပစ္စည်းအချို့ပါ ပါတယ်။ အလှူခံလို့ ရရချင်း ပို့ပေးခဲ့တာပါ”ဟု ကေအိုင်စီသို့ ပြောသည်။

ဆက်လက်၍ ယခု မီးလောင်မှုဖြစ်ပွားသည့် နေရာတွင် နေထိုင်သူများသည် တောင်ယာလုပ်ငန်းကိုသာ လုပ်ကိုင်ပြီး အသက် မွေးဝမ်းကျောင်းပြုကြသကဲ့သို့ လွိုင်ကော်မြို့နှင့် လမ်းပမ်းဆက်သွယ်ရေးခက်ခဲပြီး အလွန်ခေါင်သည့် ဒေသဖြစ်သောကြောင့် နေ့တ၀က်ခန့် သွားကြရသည်ဟုလည်း စောဒယ်နရယ်က ပြောဆိုသည်။

ဒေါဆော်ဖျရွာမှ မူလတန်းပြ ဆရာမတစ်ဦးဖြစ်သူ ဒေါ်သင်းသင်းခိုင်က “မီးစလောင်တော့ ကလေးတွေကို မီးလွတ်ရာကို ခေါ် သွားရပါတယ်။ တောင်ယာထဲသွားနေလို့ ဘယ်သူမှ ပစ္စည်းတွေကို မရကြပါဘူး။ အားလုံး မီးထဲ ပါသွားပါတယ်။ အခုလို ဖြစ်ဖြစ် ချင်း လာလှူတာတွေ့ရတော့ ရွာကလူတွေအတွက် ၀မ်းသာပါတယ်”ဟု ဆိုသည်။

ယခု ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် အိမ် ၇၁လုံး ဆုံးရှုံးပြီး ကာလတန်ဖိုးအားဖြင့် မြန်မာငွေကျပ်သိန်း ၂၀၀ကျော်ရှိသလို မီးဘေးသင့် ရွာသူရွာသားများအား နီးစပ်ရာအိမ်များတွင် ခေတ္တနေရာချထားကြောင်းနှင့် အချို့ကို ယာယီ တည်ဆောက်ထား သည့် တန်းလျားအဆောင်တစ်ခုတွင် နေရာချထားပေးကြောင်း သိရသည်။

ဒေါဆောဖျရွာသည် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ဂျပန်ခေတ်ကတည်းက တည်ရှိခဲ့သော လေယာဉ်ကွင်းဟောင်းအနီးတွင် ရှိပြီး ကရင်နီ(ကယား)လူမျိုးများ နေထိုင်ကြကာ တံခွန်တိုင်ဘာသာကို ကိုးကွယ်ကြသည်။

Friday, January 18, 2013

ထိုင်းရဲတွေ မြန်မာစာနဲ့ ကရင်စာ သင်နေကြပြီ

ယမန်နေ့က မဲဆောက်တွင်ပြုလုပ်သည့် မြန်မာစာ သင်တန်းဖွင့်ပွဲ။ ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ

ပြည်တော်မြင့် ~

ထိုင်း-မြန်မာ ၂ နိုင်ငံပြည်သူများနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်ဖို့အတွက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ထိုင်းရဲ ၂၀၀ ကျော်အတွက် မြန်မာစာနဲ့ ကရင်စာသင်တန်းကို မနေ့က ဖွင့်လိုက်ပါတယ်။




တပတ်ကို ၂ ရက်နှုံးနဲ့ စက်တင်ဘာလ အထိ သင်ကြားကြမယ်လို့ ဆိုပါတယ်။ သင်တန်း ဆရာတွေက မဲဆာက်မှာရှိတဲ့ CDC မြန်မာ ရွှေ့ပြောင်း အထက်တန်းကျောင်းက မြန်မာဆရာတွေပါ။


မြန်မာစာ၊ ကရင်စာ သင်ယူကြမယ့် ထိုင်းရဲများ

အပြန်အလှန်အားဖြင့် ကရင်ပြည်နယ် မြ၀တီမြို့က ဌာနဆိုင်ရာ ၀န်ထမ်းတွေလည်း ထိုင်း စာသင်ကြားမယ့် အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။

အိမ်နီးခြင်းနိုင်ငံက ဘာသာစကားကို ပြောဆိုနိုင်ခြင်းအားဖြင့် ၂ နိုင်ငံချစ်ကြည်ရေးကို ပိုမိုတိုးတက်စေမှာပါ လို့ တာ့ခ်ခရိုင် ရဲချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်စုံဖောအခလဒေချိုချိုင်းက ဒေသခံ သတင်းထောက်တွေ ကိုပြောဆိုပါတယ်။

သင်တန်းမှာ ထိုင်းရဲ ၂၀၀ ကျော်နဲ့အတူ ထိုင်းစေတနာ့ဝန်ထမ်း ၁၀၀ ခန့်လည်း တက်ရောက် သင်ကြားကြမှာဖြစ်ပါတယ်။



မဲဆောက်က တရားမ၀င်အလုပ်သမား အများစုကတော့ ထိုင်းရဲတွေ မြန်မာစကား တတ်မြောက်ခြင်းအားဖြင့် သူတို့နဲ့ဆက်ဆံရာမှာ ပိုမို အဆင်ပြေနိုင်မယ်လို့ သုံးသပ်ပါတယ်။



မဲဆောက်အပါအ၀င် တာ့ခ်ခရိုင် ၉ မြို့နယ်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ သိန်းရှိပါတယ်။ မဲဆောက်ဒေသ မှာတော့ ၂ သိန်းခန့်ရှိပြီး အလုပ်ရုံ စက်ရုံတိုင်းမှာ မြန်မာစာနဲ့စကားကိုဘဲ အသုံးပြုနေကြပါတယ်။


ကွယ်လွန်သူ KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောဘိုမြနှင့် သားကြီးစောနေကော်တို့အတွက် ၀တ်ပြုဆုတောင်း

18 Jan, 2013 12:21 AM
ဇန်န၀ါရီလ ၁၇ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ကွယ်လွန်သူ ကရင့်အမျိုးသားအစည်းအရုံး-KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောဘိုမြနှင့် သားကြီး စောနေကော်မြတို့အား ရည်စူး၍ ကျန်ရစ်သူမိသားစုမှ သတိရအောက်မေ့သည့်အနေဖြင့် ခရစ်ယာန်ဘာသာအရ ၀တ်ပြုဆုတောင်းပွဲကို ထိုင်းနိုင်ငံ မဲဆောက်မြို့၊ ဟွေးမယ်ပရွာတွင် ယနေ့ ပြုလုပ်ခဲ့ကြသည်။
ဘ၀တစ်ပါး ကူးပြောင်းသွားသူ ၎င်းတို့နှစ်ဦးအတွက် သတိရအောက်မေ့သည့်အနေဖြင့်လည်းကောင်း၊ “ကောင်းရာသုဂတိ လား ပါစေ”ကြောင်း ရည်စူး၍ နှစ်စဉ်နှစ်တိုင်း ၀တ်ပြုဆုတောင်းပေးခြင်းဖြစ်ကြောင်း KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏ ဇနီး နော်လားဖိုးက ကေအိုင်စီသို့ ယခုလို ပြောသည်။
၎င်းက “ကျမတို့အတွက် အကောင်းဆုံးဖြစ်အောင် ရှေ့ဆောင်လမ်းပြပေးခဲ့ပြီး ကိုယ့်လူမျိုးအကျိုးအတွက် ရည်မှန်းချက် ခိုင်ခိုင် မာမာနဲ့ ကျိုးပမ်းဆောင်ရွက်ပေးသွားခဲ့တဲ့ ခင်ပွန်းသည်နဲ့ သားကြီးတို့ကို အမြဲတမ်း သတိရ အောက်မေ့တဲ့အနေနဲ့ မိတ်ဆွေတွေ နဲ့အတူ အခုလို ဘုရားရှိခိုးဆုတောင်းပေးတာပါ”ဟု ပြောသည်။
ယနေ့ပြုလုပ်သည့် အောက်မေ့ဝတ်ပြုဆုတောင်းပွဲသို့ KNU ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန် အပါအ၀င် အခြားကရင်အဖွဲ့အစည်းများ၊ ထိုင်းနိုင်ငံအခြေစိုက် ဒီမိုကရေစီအင်အားစုများနှင့် မိသားစုဝင်များ အပါအ၀င် လူပရိဿတ်ပေါင်း ၃၀၀ကျော် တက်ရောက်ခဲ့ကြသည်။
၎င်းဝတ်ပြုဆုတောင်းပွဲကို ပုံမှန်အားဖြင့် နှစ်စဉ်နှစ်တိုင်း ဇန်န၀ါရီလ ၂၀ရက်နေ့တွင် ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ကရင် အမျိုးသမီးအစည်းအရုံး-KWO ၏ ညီလာခံ ကျင်းပမည့်ရက်နှင့် နီးကပ်နေသဖြင့် ရက်ရွှေ့ဆိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ကရင် အမျိုးသမီးအစည်းအရုံး-KWO ဥက္ကဌလည်းဖြစ်သူ နော်လားဖိုးက ပြောသည်။
ဗိုလ်ချုပ်ကြီးစောဘိုမြသည် ၁၉၃၀ခုနှစ်၊ ဇန်န၀ါရီလ ၂၀ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၂၀၀၆ခုနှစ်၊ ဒီဇင်ဘာလ ၂၄ရက်နေ့တွင် လူကြီးရောဂါဖြင့် မဲဆောက်မြို့ ဖဝေါ်ဆေးရုံ၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ ထီးမူခီးကျေးရွာတွင် မွေးဖွားခဲ့သူ ဗိုလ်ချုပ်ကြီးစောဘိုမြ သည် ကျေးလက်ဒေသ၌ပင် ပညာသင် ပြီး တော်လှန်ရေးနယ်မြေသို့ ရောက်ရှိလာကာ ၅၇နှစ်တိုင်တိုင် ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်း၏ဖြတ်သန်းမှုကို ကွယ်လွန်သူ KNU အထွေထွေ အတွင်းရေးမှူးဟောင်း ပဒိုမန်းရှာလားဖန်းက “ဗိုလ်ချုပ်မြ (သို့) တော်လှန်ရေး မုန်တိုင်းအတွင်းမှ သစ်တပင်” ဆောင်းပါးကို ရေးသားခဲ့သည်။
ယင်းဆောင်းပါးတွင် “နအဖက ငါ့ကိုဆေးကုဖို့ ရန်ကုန်ကိုခေါ်တယ်။ ကရင်ပြည် မပေးရင် ငါမသွားနိုင်ဘူး။ သူတို့က ဒို့ကရင်အ မျိုးသားတွေကို စစ်ဆင်နေတယ်။ သတ်ဖြတ်နေတယ်။ သစ္စာကတိမတည်ဘူး။ ရိုးသားမှုမရှိဘူး။ ကရင့်တော်လှန်ရေးဟာ လက် နက်ချဖို့ မပြောနဲ့၊ လက်နက်ချစကားတောင် မပြောရဘူး”ဟု နေမကောင်းဖြစ်နေချိန် ၂၀၀၆ခုနှစ်၊ ဇူလိုင်လ ၁၃ရက်နေ့တွင် နောက်ဆုံး ပြောကြားခဲ့ကြောင်းလည်း ရေးသားထားသည်။
ဗိုလ်ချုပ်ကြီးစောဘိုမြသည် တော်လှန်ရေးသမိုင်းတစ်လျှောက်တွင် တပ်သားဘ၀မှစတင်ပြီး KNU စစ်ဦးစီးချုပ်၊ ကာကွယ်ရေး ဌာနနှင့် ဥက္ကဌ တာဝန်တို့အပြင် NDF၊ DAB၊ NCUB စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ စုပေါင်းဖွဲ့စည်းထား သည့် မဟာမိတ် အဖွဲ့အစည်းကြီးများတွင်လည်း ဥက္ကဌနှင့် အခြားတာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။

Tuesday, January 15, 2013

ကရင်အဖွဲ့များစုံတဲ့ ကရင်နှစ်သစ်ကူးနေ့နဲ့ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး

15 Jan, 2013 10:24 AM

တချိန်က ချစ်သူ၊မုန်းသူတွေ ယှဉ်တွဲတက်ရောက်ခဲ့ကြတဲ့ လှိုင်းဘွဲမြို့နယ်က ကရင်နှစ်သစ်ကူးပွဲ။ ဓာတ်ပုံ-ပြည်တော်မြင့်/ဧရာဝတီ။

ပြည်တော်မြင့် ~

ကရင်ပြည်နယ်အတွင်းမှာ ဆယ်စုနှစ် ၂ ခုနီးပါးအကွဲကွဲအပြားပြားဖြစ်ခဲ့ကြတဲ့ ကရင်လက်နက်ကိုင်အဖွဲ့ အစည်းတွေ မတည့်အတူနေကြတဲ့အနေအထားတွေကို ဖယ်ရှားလိုက်ကြပြီးလို့ စနေနေ့ကပြုလုပ်ခဲ့တဲ့ ကရင်နှစ်သစ် ကူးနေ့ ၇၅ နှစ်ပြည့် စိန်ရတုသဘင်ပွဲမှာ ကရင်ခေါင်းဆောင်အချို့ သဘောထားတွေပေးခဲ့ကြပါတယ်။ 

စိန်ရတုပွဲကို လှိုင်းဘွဲမြို့နယ်မှာကျင်းပခဲ့တာဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ 
စောမူတူးစေးဖိုး ဦးဆောင်တဲ့ အရပ်ဘက်၊ စစ်ဘက်၊ ထိပ်တန်းခေါင်းဆောင်တွေနဲ့ ကရင်နယ်ခြားစောင့်တပ်က ထိပ်တန်းခေါင်း ဆောင်တွေ တက်ရောက်ခဲ့တာပါ။ 

သူတို့ပြောတာက ဒီနေ့ကစလို့ချစ်ကြည်ရင်းနှီးစွာအတူနေထိုင်ကြပြီး ကရင်ပြည်နယ်အကျိုးကို ဆောင်ရွက် သွားကြမယ်ဆိုပြီး ပွဲတော်တက်ရောက်လာကြတဲ့ ကရင်အမျိုးသားတွေကိုပြောဆိုခဲ့ကြတာပါ။ 

KNU ဥက္ကဌကတော့ကရင်ပြည်နယ်မှာ ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်အောင် ဖော်ဆောင်သွားမယ် လို့ ပြောကြားခဲ့သလို ကရင်နယ်ခြားစောင့်တပ်က အကြံပေးအဖွဲ့ဝင်တွေနဲ့တပ်နယ်မှူးတွေဖြစ်ကြတဲ့ ဗိုလ်ချုပ် ဖားနွီး၊ ဗိုလ်ချုပ် ထွန်းလှိုင်၊ ဗိုလ်မှူးကြီးစောကြာအင်းနဲ့ ဗိုလ်မှူးကြီးစောချစ်သူတို့ကလည်းဆိုပါ တယ်။ 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ရဲ့ စစ်ဦးစီးချုပ်ဖြစ်တဲ့ဗိုလ်ချုပ်ကြီးဂျော်နီက ငြိမ်းချမ်းရေး ရမှ ကရင်ပြည်နယ် တိုးတက်လာမှာဖြစ်တယ်လို့ အခိုင်အမာပြောဆိုခဲ့ပြီး စည်းလုံး ညီညွတ်မှုတွေကို ကရင်အမျိုး သားထုကြားမှာတည်ဆောက်သွားမယ်လို့ပြောပါတယ်။ 

ဒီနှစ်ကရင်နှစ်သစ်ကူးပွဲကို ဘားအံ၊လှိုင်းဘွဲ၊ကော့ကရိတ်၊မြ၀တီ၊စတဲ့ ၄ မြို့နယ်ကစုပေါင်းကျင်းပခဲ့ တာဖြစ်ပြီး ပရိသတ် သောင်းချီပြီးတက်ရောက်ခဲ့ ဆင်နွဲခဲ့ကြပေမဲ့၊ ကရင်အဖွဲ့တွေ မြန်မာအစိုးရ နဲ့ ပြုလုပ်မယ်ဆိုတဲ့ ငြိမ်းချမ်း ရေးကိစ္စကိုတော့ သတိနဲ့ဘဲပြောဆို ကြိုဆိုခဲ့ကြပါတယ်။ 

နှစ်သစ်ကူးပွဲတက်ရောက်လာတဲ့ လှိုင်းဘွဲမြို့နယ်ပိုင်ကျုံရွာက ဦးစောနေထွန်း က”ကရင်ပြည်နယ် ငြိမ်းချမ်းရေးမရ တာ။ ကရင်အရေးကို ဦးဆောင်ဦးရွက်ပြုကြတဲ့လူတွေ ၀ိသမလောဘစိတ်ကြီးလို့ဖြစ်တယ် ဒီစိတ်ကို အားလုံးဖယ်ရှားဘို့လိုတယ်"ဆိုပြီး ပွဲတော်တက်ရောက်လာတဲ့ ကရင်ခေါင်းဆောင်တွေ ကို ပေါ်ပေါ်ထင်ထင်ဝေဖန်ပြောဆိုခဲ့ပါတယ်။ 

ကရင်ခေါင်းဆောင်တွေကတော့ လူထုတွေရဲ့နစ်နာမှုတွေကို ကိုင်တွယ်ဖြေရှင်းပေးသွားမယ်လို့ဆိုပေမဲ့ တက် ရောက်လာကြတဲ့ ကရင်လူထုတွေကတော့ ကရင်ငြိမ်းချမ်းရေးအတွက်ဆိုပြီး မူမရှိတဲ့ စည်းမဲ့ ကမ်းမဲ့ ငြိမ်းချမ်းရေး မျိုးကိုတော့ မလိုချင်တဲ့အကြောင်းသဘောထားတွေပေးခဲ့ကြပါတယ်။