Friday, November 26, 2010

ဗိုလ်နှုတ်ခမ်းမွှေးနှင့် ပတ်သက်သည့်နေအိမ်ကို ရှာဖွေစစ်ဆေး

နိုဝင်ဘာလ ၂၄ ရက်။ ၂၀၁၀ ခုနှစ်။

မြ၀တီမြို့တွင် မြန်မာစစ်အစိုးရတပ်နှင့် ဗိုလ်ချစ်သူဦးဆောင်သည့် နယ်ခြားစောင့်တပ် အသွင်ပြောင်း သွားသော ဒီကေဘီအေ တပ်ဖွဲ့က ဗိုလ်မှူးချုပ်စောလပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွှေးနှင့် ပတ်သက်သူ များကို လိုက်လံစစ် ဆေးနေသည်။

ဗိုလ်နှုတ်ခမ်းမွှေးနှင့် ပတ်သက်သည့်နေအိမ်များကို လိုက်လံစစ်ဆေးနေသည်ကို မျက်မြင်တွေ့ခဲ့သည့် မြ၀တီမြို့ ခံတဦးက ပြောသည်။

“ဒီနေ့ကတော့ ဗိုလ်ချစ်သူအဖွဲ့နဲ့ တပ်က အရာရှိတယောက်နှစ်ယောက်နဲ့တွဲပြီးတော့ဗျာ ဟိုအိမ် လိုက်ရှာ ဒီအိမ်လိုက်ဝင် အဲဒါလောက်တော့ ရှိတာပေါ့ဗျာ။ လိုက်စစ်နေတာပဲ ဒီနေ့ ကားသုံးစီးနဲ့ လိုက်စစ်နေတယ်။ မနေ့ကတည်းကပါ။ ဗိုလ်မုတ်သုံအိမ်ရှေ့မှာ ကားတွေ ရပ်ထားတယ်။ ရပ်ပြီးတော့ လိုက်စစ် နေတာ အခုထိပဲ။ ဒီကေဘီအေနဲ့ပတ်သက်တယ်ဆိုရင် သွားနေတာပေါ့ဗျာ။”



ပြီးခဲ့သည့်နိုဝင်ဘာလ ၇ရက်နေ့က ဗိုလ်နှုတ်မွေးဦးဆောင်သည့် တပ်ဖွဲ့က မြ၀တီမြို့ကို ၀င်စီးပြီး နောက်ပိုင်း ၎င်းနှင့်ပတ်သက်သူများကို လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်ဟု မြ၀တီရဲစခန်းမှ ရဲအရာရှိ တဦးက ပြောသည်။

“သူတို့နဲ့ပတ်သက်ရာ ပတ်သက်ကြောင်း ဒါကတော့ ဒီကေဘီအေနဲ့ အရင်ကတည်းက အတူတူ အ လုပ် တွဲလုပ်နေတာကိုး။ ဒါကတော့ ရှိမှာပေါ့ဗျာ။ လျှောက်ပြီးမှ ဘယ်လိုခေါ်မလဲ ကြွက်မနိုင် ကျီ်မီး နဲ့ ရှို့တဲ့သဘောပေါ့။ အဲလိုတော့ လုပ်တာပေါ့ဗျာ။”

မသင်္ကာသည့်အိမ်များကို လိုက်လံစစ်ဆေးသော်လည်း ဖမ်းရမိခြင်း မရှိမရှိကိုမူ ၎င်းက ဖြေဆိုရန် ငြင်းဆန်ခဲ့ သည်။

မြ၀တီမြို့တွင်းရှိ နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန် လက်မခံသည့် ဒီကေဘီအေတပ်ဖွဲ့ဝင်များ၏ ကားများကို လည်း လိုက်လံဖမ်းဆီးနေသည်ဟု ကားပွဲစားတဦးက ပြောသည်။

ယခုလ ၈ ရက်နေ့ ဒီကေဘီအေနှင့် မြန်မာစစ်အစိုးရတို့ မြ၀တီမြို့တွင် တိုက်ပွဲပြီးသည့်နောက် အခြေ အနေ ပြန်လည်ငြိမ်သက်သော်လည်း မြို့ပြင်တွင် စစ်အစိုးရတပ်များက လုံခြုံရေး တိုးမြင့်ချထားဆဲဟု မြ၀တီမြို့ခံများက ပြောသည်။

Arrest, looting and flight: Conflict continues to impact civilians in Dooplaya District


khrg10b13[1] -

မြ၀တီတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး

Thursday, November 25, 2010
နအဖက ကိုယ်ကျိုးကိုယ်သာကြည့်တဲ့ ဗိုလ်ချစ်သူအုပ်စုကို မြောက်ပင့်ပြီးအခွင့်အရေးတွေပေးမှာပဲ။ တဖက်မှာလည်း ထိုင်းနိုင်ငံ တပ်ခရိုင်အုပ်ချူပ်ရေးမှူးက သူတို့ ကုန်သွယ်ရေးလုပ်ငန်း စီပွားရေး ထိခိုက်တာဟာ ဗိုလ်နှူတ်ခမ်းမွှေးတို့ ကြောင့်ဆိုပြီး မနေ့ တနေ့ ကပြောထားတော့ နအဖ အကြိုက်ပေါ့ကွာ။ ဒီအတိုင်းဆိုရင် မြ၀တီနှင့် တခြားနယ်စပ်ဂိတ်တွေ ပြန်ဖွင့်စရာအကြောင်းမရှိ။ နအဖ က စနစ်တကျ ထိုင်းကို ဒီအကွက်နဲ့ ဆက်ကစားမှာပဲ။
သတင်းနှင့်မီဒီယာ ကွန်ယက်။ အားမီ။
နိုဝင်ဘာလ ၂၄ ရက်။ ၂၀၁၀ ခုနှစ်။

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့အလွန် တံတားကျိုးအနီးတွင် လိုင်စင်မဲ့ကားများ နှင့်အတူ ယင်းကားများပေါ်တွင် တင်ဆောင်လာသည့် ကုန်ပစ္စည်းများ ကိုပါ ဖမ်းဆီးမှုပြုလုပ်နေသည်။

ယခုလ ၂၂ ရက်နေ့မှ စတင်ပြီး လိုင်စင်မဲ့ကားများနှင့်အတူ ယင်းကားများပေါ်တွင်ပါသည့် ထိုင်းနိုင်ငံမှ တင်သွင်း လာသော သွင်းကုန်ပစ္စည်းများနှင့် ပြည်တွင်းမှ ထုတ်ကုန်ပစ္စည်းများကိုပါဖမ်းဆီးနေကြောင်း မြဝတီမြို့ခံ မျက်မြင် သက်သေ တစ်ဦးက ယခုလိုပြောသည်။

"မနေ့က စီးပွားရေး စက်မှုဇုန်နဲ့ အဲ့ဒီစက်မှုဇုန်ပတ်လမ်းတွေက ခိုးထွက်တဲ့ ကားတွေလေ။ တောလမ်း ကနေ ပိတ်ဖမ်းတာ။ အားလုံးပေါင်း ဟိုင်းလပ်ကား ၁၂စင်းနဲ့၊ ဟီးနိုးကား ၈ စင်းပေါ့၊ ၂၂ ရက်နေ့က နေ စဖမ်းတာ၊ ၂၂ ရက်နေ့က အောက်ကနေတက်လာတယ်။ ၂၃ ရက်နေ့က ပြန်ဆင်းတယ်။ ထိုင်း ကုန်စည်ကို ၂၃ရက်နေ့မှာ ဖမ်းတယ်။ မြန်မာကုန်စည်ကိုတော့ ၂၂ ရက်နေ့မှာဖမ်းတယ်။ ငရုတ်၊ ကြက် သွန်တို့ပေါ့။ ထိုင်းပစ္စည်းကတော့ အထည်အလိပ်တို့၊ ဖိနပ်တို့၊ ဆီတို့၊ အချိုမှုန့်တို့၊ သကြားလုံးတို့ ပေါ့ အစုံပဲလေ။ ကုန်စည်ပစ္စည်းအစုံပေါ့ ဘတ် သိန်းတစ်ရာဖိုးလောက် ဖမ်းဆီးခံရတယ်။"

လိုင်စင်မဲ့ကားများကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်အသွင်ပြောင်းထားသော တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် DKBA တို့မှ ပူးပေါင်းဖမ်းဆီး နေကြောင်း ၎င်း ဆက်ပြောသည်။

"ထူးခြားတာက မြန်မာစစ်တပ်နဲ့ လက်ရှိ ဒီကေဘီအေ ငြိမ်းချမ်းရေးအဖွဲ့တွေက ဖမ်းတာ၊ ရဲတို့ အ ကောက်အခွန်တို့ မပါဘူး။ စီးပွားရေး စက်မှုဇုန် ပတ်လမ်းအထွက် တံတားကျိုးအနီးပေါ့။ အဲ့ဒီမှာ ပိတ် ဖမ်းတာပေါ့။"

နယ်ခြားစောင့်တပ်ဖွဲ့ထုတ်ပေးသောလက်မှတ်ကို ကိုင်ဆောင်ထားသည့် ကားများကို ဖမ်းခြင်း မရှိဟု ကားသမား တဦးက ပြောသည်။

လိုင်စင်မဲ့ကားများ ဖမ်းဆီးမှုနှင့်ပတ်သက်၍ နယ်ခြားစောင့်အသွင်ပြောင်းထားသော တိုးတက်သော ကရင်ဗုဒ္ဓဘာ သာ တပ်မတော် DKBA တပ်ဖွဲ့မှ အရာရှိတစ်ဦးက ယခုလိုပြောသည်။

"အခုဟာက ဒီလိုလေ၊ ဟို အားလုံး စည်းကမ်းလေးနည်းနည်း ပြန်ရှိအောင်ပေါ့။ လိုင်စင်မရှိတဲ့ ကား တွေကိုတော့ ဖမ်းတာလေ။ လိုင်စင်မှမရှိကြတာ။ ဖမ်းမှာပေါ့။ လိုင်စင်မရှိတဲ့ကားကို လိုင်စင်ပြန်လုပ် ခိုင်းထားတယ်လေ။"

ယခုဖမ်းဆီးမှုသည် နယ်ခြားစောင့်တပ်ကို လက်မခံ သည့် ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်သည့် တပ်ဖွဲ့နှင့် ပတ်သက် သူများကို ဖမ်းဆီးခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ရဲအရာရှိတဦးက ယခုလို ပြောသည်။

“ဒီလို သမာရိုးကျ ရှိတဲ့လူကတော့ ဒီက ပွဲစားအဖြစ်နဲ့လုပ်တဲ့ဟာက သိပ်ပြဿနာ မရှိဘူး။ ဟိုအရင် ၀င်သွားတဲ့ကောင်တွေ (ဗိုလ်နှုတ်ခမ်းမွေး)နဲ့ ပတ်သက်တဲ့ အုပ်စုဆိုလို့ရှိရင် ဆွဲတယ်ဗျ အကုန်ဆွဲ တယ်။ ဆွဲတာတွေက ပြီးခဲ့တဲ့ ရက်တွေကတည်းက တောက်လျှောက်ပဲ ရဲစခန်းထဲမှာ အပြည့်ပဲ။”

မြဝတီ-မဲဆောက် ကုန်စည်ကူးသန်းသွားလာခွင့်တံတားအား ယခုနှစ် ဇူလိုင်လ ကတည်းက ပိတ်ထားသော် လည်း နယ်ခြားစောင့်အသွင်ပြောင်းထားသော ဗိုလ်ချစ်သူ ဦးဆောင်သည့် တပ်ဖွဲ့များပြန်လည်နေရာယူထား သည့် ဂိတ်များမှာက ညစဉ် ကုန်ပစ္စည်းဖြတ်သန်းမှုများ ပြုလုပ် နေသည်ဟု မြို့ခံများက ပြောသည်။

Thursday, November 25, 2010

ဘုရားသုံးဆူတွင် ညမထွက်ရ

/ 11/24/2010 08:58:00 PM / Comments: (0)
ဧရာဝတီ သတင်းမှ....

ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့နယ်၌ လုံခြုံရေး အကြောင်းပြ၍ ဒေသ အာဏာပိုင်များက ယမန်နေ့က စတင်ပြီး ည မထွက်ရ အမိန့် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

အာဏာပိုင်များက ည ၈ နာရီမှ နံနက် ၅ နာရီအထိ အပြင်မထွက်ရန် မြို့ထဲတွင် အသံချဲ့စက်ဖြင့် လိုက်လံကြေညာထား ကြောင်း ဘုရားသုံးဆူမြို့ ဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။

“ဘုရားသုံးဆူမြို့မှာ အမိန့်ထုတ်ထားတယ် စစ်သားတွေက၊ ည ၈ နာရီ လုံးဝသွားလာခွင့်မပြုဘူး။ ကျနော်တို့ အရပ်သားတွေ သွားလာလို့ မသင်္ကာဘူးဆိုရင် သူတို့ ပစ်မယ်”ဟု ၎င်းက ဆိုသည်။

ညပိုင်းတွင်လည်း စစ်သားများနှင့် ရဲ တပ်ဖွဲ့ဝင်များက လုံခြုံရေး တာဝန်ယူထားကြောင်း သိရသည်။ ယင်းသို့ ညမထွက်ရ အမိန့် ထုတ်သည့် အကြောင်းအရင်းကိုမူ ရှင်းရှင်း လင်းလင်း မသိရှိရသေးပေ။

ယခုတပတ် တနင်္လာနေ့က ဘုရားသုံးဆူမြို့ဈေးကြီးကို မီးရှို့ရန် စီစဉ်နေသည်ဟု ယူဆရသော လူစိမ်း ၃ ဦးကို အာဏာပိုင် များက လိုက်လံဖမ်းဆီးခဲ့ရာ လွတ်မြောက်သွားသည့်အတွက် ညမထွက်ရ အမိန့်ထုတ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

ယခုအခါ ဘုရားသုံးဆူမြို့၌ ပစ်ခတ်မှုများ မရှိသော်လည်း အနီးဝန်းကျင် ဒေသတ၀ိုက်တွင် စစ်အစိုးရက အရှေ့ တောင်တိုင်း စစ်ဌာနချုပ်နှင့် စစ်ဒေသ ကွပ်ကဲရေး ဌာနချုပ်(စကခ) လက်အောက်ခံ တပ်ရင်း ၇ ရင်းခန့် တိုးချဲ့ချ ထားကြောင်း သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နယ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) တပ်မဟာ ၅ တို့ တိုက်ပွဲ များဖြစ်ပွားခဲ့ပြီး နောက်ပိုင်း အစိုးရတပ်များ တိုးချဲ့ချထားခြင်း ဖြစ်သည်။

လက်ရှိ ဘုရားသုံးဆူမြို့၏ အခြေအနေမှာ ပို၍တည်ငြိမ်လာပြီဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူများက ဆိုသည်။ သို့သော် ဒေသခံများကမူ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) နှင့် DKBAတို့ ပူးတွဲ၍ စစ်အစိုးရတပ်များအား ထပ်မံ တိုက်ခိုက်မည်ကို စိုးရိမ်နေဆဲ ဖြစ်သည်။

ထို့အပြင် သစ်ခုတ်လုပ်ငန်းနှင့် ပရိဘောဂ လုပ်ငန်းများ ရပ်ဆိုင်းနေပြီး စီးပွားရေးလုပ်ငန်းများလည်း ထိခိုက်နေကြောင်း၊ ကျောင်းသူ ကျောင်းသားများလည်း ကျောင်းမတက်ဘဲ နေကြရကြောင်း ဒေသခံများက ဆိုသည်။

စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင် လက်ခံ ခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့ကမူ ယင်း အစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။

ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့သည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် လှုပ်ရှားနေသော တပ် ဖွဲ့ ဖြစ်သည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး(KNU) မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။

အိမ်ပြန်ချင်တယ် အိမ်ပြန်ပို့ ပေးပါ

Wednesday, November 24, 2010
ဒီသီချင်းဖိုင်မှာပါတဲ့ ပုံရိပ်တွေ အားလုံးဟာ ဗမာ့တပ်မတော်မှ ရွာတွေကို မီးရှို့ ဖျက်ဆီးပြီး တောထဲမှာ ကရင်ရွာသားတွေ ထွက်ပြေးပုန်းအောင်းနေရတဲ့ ၂၀၁၀ နှစ်ဦးပိုင်း မြင်ကွင်းတွေ ဖြစ်ပါသည်။ မွေးကင်းစကလေးငယ်၏ မိခင်တစ်ဦး ထွက်ပြေးရင်း လဲကျသွားတဲ့ မြင်ကွင်းဟာ ရင်ထဲကို အရာတစ်ခုစူးနစ်ဝင်သွားသလိုပဲ ခံစားရပါသည်။

နိုင်ငံတော်ကို ကာကွယ်စောက်ရှောက်ပါတယ်ဆို့ တဲ့ ဗမာ့တပ်မတော်သားများ ခင်ဗျား…မိတ်ဆွေတို့ ရဲ့သားမယားတွေနဲ့ ယနေ့ တောထဲမှာ မင်းတို့ လုပ်သမျှခံနေရတဲ့ လူထုတွေ ရဲ့ အနေအထားကို တနာရီလောက် လက်တွေ့ လာရောက် လှဲလှယ် နေထိုင်ခိုင်းကြည့်ပါလား။ ကိုယ်ချင်းစာတရားလေး ရှိတတ်အောင်လို့ ပါ။ ကျန်ဒါ ဘာမှမပါဘူး။



သီချင်းစာသားများကို ဘွဲ့ သွေးနီမှ ဆီလျော်အောင်ဘာသာပြန်ဆိုပြီး စီစဉ်တင်ဆက်သည်။

အိမ်ပြန်ချင်တယ် အိမ်ပြန်ပို့ ပေးပါ။
တေးရေး တေးဆို = အမည်မသိ

နေ၀င်ပြီး လရောင်ပေါ်လာချိန်မှာ အတွေးများစွာ အဝေးဆီကိုလွင့်လို့ နေ
ညလုံးပေါက်အိပ်လို့ မရပဲ အမေ ငါ့ကို မွေးဖွားခဲ့တဲ့ ဇာတိမြေကို တမ်းတမြင်ယောင်မိတယ်
ငါတို့ ရဲ့အိုးအိမ်နဲ့ ရွာတွေကို ဗမာစစ်အစိုးရတပ် မီးရှီူ့ ပြာချခဲ့ပြီးပြီ
ခုချိန်မှာ ငါတို့ တောထဲမှာ ထွက်ပြေးပုန်းအောင်းနေရတယ်
မနက်မိုးလင်းလို့  အလင်းရောင်မြင်ရရင်
ငါ့ရဲစိတ်တွေ သောက များစွာနဲ့ ပေါ့
ဘယ်လိုနေရမလဲ ဘယ်ကိုသွားရမလဲ..တွေးရင်းနဲ့ 
တချိန်လုံး စိတ်သောကတွေနဲ့  ကြောက်ရွံ့ နေရတယ်
ပြန်ပို့ ပါ။ ငါ့ကိုပြန်ပို့ ပါ။ ငါ့အိမ် ငါ့ရွာ ငါ့ဌာနေမြေကို ပြန်ပို့ ပေးပါ။
ပြန်ပို့ ပါ။ ငါတို့ ကိုပြန်ပို့ ပါ။
ဘယ်သူက ငါ့ကို ပြန်ပို့ မလည်း၊ ဘယ်သူက ငါ့ကို ကူညီမှာလည်း၊
မျှော်လင့်ချက်မဲ့စွာနဲ့ ပါ။
စိတ်မောပန်းလွန်းလှပါတယ်
ဘာမှ တည်ငြိမ်မှုမရှိဘူး ပင်ပန်းဆင်းရဲစွာဖြစ် စားသောက်နေရတယ်
လူသားတစ်ဦးရဲ့ လွတ်လပ်မှု အခွင့်အရေး ငါ့မှာ မရှိဘူး
ပြန်ပို့ ပါ။ ငါ့အိမ် ငါ့ရွာ ငါ့မြေကို ပြန်ပို့ ပါ။ ပြန်ပို့ ပေးပါ။

မြန်မာပြည်ကသူပုန်များသို့ ..

PoorBest Written by လူထုနေဦး
Wednesday, 24 November 2010 11:06
နိုင်ငံရေးလုပ်မှာလား သူပုန်လုပ်မှာလား?

ရင်ထဲကပေါက်ဖွားလာတဲ့ စကားတချို့ ကျနော့်ထင်မြင်ချက်တချို့ကို မြန်မာပြည်ကသူပုန်များအားလုံးသို့ ရည်ရွယ်ကာ ပြောပါရစေ၊ ပြည်သူတစ်ယောက်ရဲ့ခံစားချက်လို့ သဘောပေါက်ပြီး နားထောင်ပေးပါ၊

သူပုန်ဆိုသည်မှာ မိမိကိုယ်စားပြုသည့် ပြည်သူလူထုအကျိုးစီးပွားများကို တရားဥပဒေဘောင်အတွင်းက ငြိမ်းချမ်းသည့်နည်းဖြင့် ဖေါ်ဆောင်မရသည့်အတွက် လက်နက်အဖွဲ့အစည်းများဖွဲ့ ကာ လက်နက်ကိုင်တိုက်ပွဲဝင်ကြခြင်းဖြစ်သည်။ ကမာ့ ကုလသမဂ ပဋိဉာဉ်စာတန်းကလည်း ထိုသို့မိမိအခွင့်အရေးကိုမိမိ ကာကွယ်တိုက်ပွဲဝင် လုပ်ဆောင်ခြင်းကို တရားမျှတသည်ဟုသတ်မှတ်သည်၊

သို့သော် စစ်အာဏာရှင်များကိုဆန့်ကျင်တိုက်ပွဲဝင်နေသည့် ကမ္ဘာပေါ်က လက်နက်ကိုင်တော်လှန်ရေးအများစု အောင်ပွဲမခံနိုင်ခဲ့ကြ၊ ထိုသို့ အောင်ပွဲမခံနိုင်ခြင်းမှာ..ထိုလက်နက်ကိုင်သူပုန်များ သူတို့သူပုန်အလုပ်ကိုသူတို့ ထိထိမိမိမလုပ်ခဲ့ကြလို့ ပဲဖြစ်သည်၊ မြန်မာပြည်မှာလည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ သူပုန်တို့ သူတို့သူပုန်အလုပ်ကိုသူတို့ ထိထိမိမိမလုပ်ခဲ့ကြချေ။ သူပုန်အတော်များများက သူတို့ကိုယ်သူတို့နိုင်ငံရေးသမားတွေအနေဖြင့် မြင်နေ စိတ်ကူးယဉ်နေကြသည်၊ ဒီတော့ န အ ဖ နဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ကာ နောက်တော့ပေါင်းပြီး ပါတီထောင်ကြ၊ ပါတီထောင်မလို လုပ်ကြသည်။

- သူပုန်များ မိမိတို့ကိုယ်စားပြုသောပြည်သူများအတွက် နိုင်ငံရေးလုပ်မည်.. လုပ်ချင်သည်ဆိုရင်.. အရေးကြီးသောအချက် ရင်ထည်းအသည်းထဲ၌ ကိုင်စွဲမှတ်ယူထားရမည့်အချက်မှာ----

မိမိတို့ကိုယ်စားပြုသည့် ပြည်သူလူထုအကျိုးစီးပွါး၊ အများပြည်သူတရပ်လုံးအကျိုးစီးပွားကို အာမခံပေးနိုင်မည့်အစိုးရတရပ် တိုင်းပြည် ၌ မရှိမချင်း လက်နက်ကိုင်သူပုန်များ မြေပေါ်နိုင်ငံရေးသမားများ ဘ၀ကိုခံယူလို့ မရ.. ဆိုတာပဲဖြစ်သည်။ မိမိတို့ပြည်သူအကျိုးစီးပွားကို အာမခံချက်မပေးသော အစိုးရတစ်ရပ်အောက်၌ နိုင်ငံရေးသမားများဘ၀ကို ခံယူမည်ဆိုလျှင် လူထုအကျိုးစီးပွားနှင့်ဆန့်ကျင်ဘက်ဖြစ်မည်။



သူပုန်ဆိုသည်မှာ... ပြည်သူလူထုကိုကာကွယ် စည်းရုံးကာ ပုန်ကန်ထကြွပြီး သူတို့တိုက်နေတဲ့ စစ်အစိုးရ သူတို့စကားတွေကို အလေးထားလာတဲ့အထိ သူတို့ပြဒါန်းချင်တဲ့အခွင့်အရေးတွေကို ပြဒါန်းခွင့်ပေးလာနိုင်တဲ့အထိ တိုက်ပွဲဝင် လုပ်ဆောင်သည့် အာဂ လွတ်လပ်ရေးတိုက်ပွဲဝင် မုန်တိုင်းတပ်သားများ (freedom fighters များ) ဖြစ်သည်။ သူပုန်တို့ မိမိအဖွဲ့ အစည်းအားရှိလာအောင် ရုပ်အား နည်းနာအားတွေသုံးပြီး လက်နက်ကိုင်တိုက်ပွဲဝင် (သို့) တိုက်ပွဲကို လိုအပ်လာကဖေါ်ဆောင်ရမည်။ ထိုသို့လုပ်ဆောင်ရာ ၌ မိမိလူမျိုးစုတစ်စုအကျိုးစီးပွားသည် အများပြည်သူလူထုကြီးအကျိုးစီးပွားဖြင့်ဆက်စပ်နေသည်ကို မမေ့လျှော့သင်၊ မိမိလူမျိုးလွတ်မြောက်နေပြီး အခြားလူမျိုးများအဖိနှိပ်ခံနေရသည်ဆိုလျှင် တခုခုအကြီးအကျယ်မှားယွင်းနေပြီဆိုသည်ကို သတိပြု၊ မကြာခင်မိမိအလှည့်ရောက်လာမည်ဆိုသည်ကို သတိချပ်သင့်။ ထို့စိတ်ဓါတ်ဖြင့် အခြားသူပုန်အဖွဲ့ များဖြင့် တပ်ပေါင်းစုမဟာမိတ်ဖွဲ့ ကာ တကယ်လက်တွေ့ ကျသည့် တကယ်လုပ်နိုင်သည့် စစ်ရေး နိုင်ငံရေးလုပ်ငန်းစဉ်တွေကို ထိထိရောက်ရောက် ဖေါ်ဆောင်ရမည်ဖြစ်သည်၊ တိုက်ပွဲဝင်ရခြင်းအဓိကရည်မှန်းချက်သည် တိုင်းသူပြည်သားများဖိနှိပ်မူကင်းသော ငြိမ်းချမ်းသောတိုင်းပြည်၌-- ကိုယ့်ကြမာကိုယ်ဖန်တီးနိုင်ကာ တန်းတူရည်တူ လွတ်လပ်စွာ နေထိုင်ပြောဆိုလုပ်ကိုင်ခွင့်ရရေး လွတ်လပ်စွာကိုးကွယ်ခွင့်ရရေး. ပညာအခြေခံတိုးတက်သောလူအဖွဲ့ အစည်း၌ လူ့ဂုဏ်သိတ်ခါနှင့်နေထိုင်နိုင်ရေး ကြီးပွားတိုးတက်နိုင်မူကို အများနှင်တန်းတူရည်တူဖေါ်ဆောင်နိုင်ရေးဖြစ်ရမည်။



သူပုန်ကဒူးထောက်လိုက်ရင် သာမန်ပြည်သူဖြစ်သွားပြီ၊ သာမာန်ပြည်သူဖြစ်သွားရင် ပိုပြီးဖိနှိပ်ခံရမယ်၊ vulnerable ပိုဖြစ်မယ်၊ ဒါကြောင့် စစ်တပ်ကိုမအိပ်နိုင်မစားနိုင်ဖြစ်အောင် ခြိမ်းခြောက်နိုင်တဲ့ သူပုန်ဘ၀ကို ရအောင်လုပ်၊ ပြည်သူချစ်အောင်လုပ်..ကိုယ့်အတွင်းမှာ အင်အားရှိအောင်တည်ဆောက်၊ အာဏာရှိအောင်လုပ်၊ ဒါမှ စစ်အစိုးရကလေးစားမယ်၊ တရိုတသေဆက်ဆံမယ်၊ အရေးတယူလုပ်မယ်

မိမိအင်အားမရှိရင် စစ်အုပ်စုက ငြိမ်းချမ်းရေးစကားပြောမည်မဟုတ်.. မိမိအင်အားရှိမှသူတို့ လေးစားမည်။ အင်အားမရှိက မိမိတို့တောင်းဆိုချက်တွေကိုနားထောင်မည်မဟုတ်၊ မိမိတို့ကွဲလျှင် စစ်အုပ်စုဝမ်းသာအားရဖြစ်မည်။ နစ်ပေါင်း (၆၀) ကျော်ခဲ့ပြီဖြစ်သည့် စစ်အုပ်စုကိုဆန့်ကျင်တိုက်ပွဲဝင်ခဲ့သော မြန်မာပြည်လက်နက်ကိုင်တော်လှန်ရေးအတွင်း.. တပ်ပေါင်းစုတွေဖွဲ့ ခဲ့တာများပြီ။ သို့သော် မအောင်မြင်ခဲ့ဘူး..အလုပ်မဖြစ်ခဲ့ဘူး။ ကွဲနေခဲ့တာပဲရှိသည်။ ကျနော်- ရှေ့တင်ပြခဲ့တဲ့ ဆတ်လိုက်တဲ့ သီအိုရီ (Stag Hunt Theory) လိုပဲ၊ လိုက်ရမယ့်ဆတ်ကို အားလုံးညီညီညာညာဝိုင်းမလိုက်ကြ။ န အ ဖ နဲ့ ပေါင်းရေး လတ်တလော အကျိုးအမြတ်ရရေး စစ်အာရှင်သက်စိုးရှည်မည် နိုင်ငံရေးလုပ်ရေးကိုပဲစိတ်ကူးကြသည်။



{ Stag hunt သီအိုရီ (သို့) Trust Dilemma သီအိုရီ အရ----အများဆိုင်ရာကိစ္စ္စတွေကိုလုပ်ဆောင်ကြရာမှာ လက်ငင်းအကျိုးကိုချက်ချင်းမတွေ့ရတဲ့အတွက် လူတွေဟာ trust dilemma ဖြစ်ပြီး ပင်မရည်မှန်းချက်ပန်းတိုင် ဖြစ်တဲ့ ဆတ်ကြီးကို အဓိကထားလိုက်ရမယ့်အစား လူကွယ်တာနဲ့ အမဲလိုက်တဲ့လမ်းတလျှောက်မှာ သမင်တွေ့ သမင်ပစ် ယုန်တွေ့ ယုံဖမ်း၊ ဗဒတ်တွေ့  ဗဒတ်ဖမ်း၊ ငါးတွေ့ ငါးပက်၊ ဖါးတွေ့  ဖါးရိုက်၊ ငှက်တွေ့ငှက်ပစ်၊ ရတာလေးယူမယ်ဆိုတဲ့ စိတ်ဓါတ်တွေကြောင့် အဓိကဖမ်းရမယ့် ဆတ်ကြီးကိုမဖမ်းနိုင်တာပါ၊ ဒါကြောင့်စစ်အုပ်စုတည်မြဲနေတာပါ။) အသေးစိတ်ရေးခဲ့တာကို သိချင်ရင် ထိုလင့်ခ် မှာဖတ်ပါ၊} http://www.facebook.com/notes.php?id=100001911549428¬es_tab=app_2347471856#!/note.php?note_id=130378983686887



သူပုန်များက သူတို့တတ်ကြွမ်းတဲ့ သူပုန်အလုပ်ကိုပဲထိထိရောက်ရောက်လုပ်ရမည်။ သို့သော် သူပုန်များ မြေပေါ်နိုင်ငံရေးလုပ်သည့်သူများကို နိုင်ငံရေးအရ ဖြစ်စေ တပြိုင်နက် တိုက်ပွဲဖေါ်ကာဖြစ်စေ.. ငွေကြေးအရဖြစ်စေ ထောက်ပံ့ကူညီပေးနိုင်သည်။ မြေပေါ် နိုင်ငံရေးသမားများအလုပ်ကတော့.... မီဒီယာဖြင့်တွေ့မည်။ ကန်ပိန်း (campaign for freedom, democracy, peace, and development in Burma) လုပ်မည်။ လူထုကို အသိပညာမြင့်တင်ပေးရေးလုပ်ငန်းတွေ လုပ်မည်။ အရပ်တကာလည်ကာ ဟောမည် ပြောမည်။ အယူအဆအတွေးခေါ်တွေဖြန့် ဖြူး. ဖြန့်ချီမည် (ideological distribution) ၊ လူထုကို နိုင်ငံရေးလမ်းကြောင်းချပေးပြီး (political guidance & civil rights movements and civic participation) စည်းရုံးရေးလုပ်မည်။ အသင်းအပင်းတွေဖွဲ့ မည် (forming social networks & political study group & NGOs) ၊ နိုင်ငံတကာနဲ့ဆက်ဆံမည်(foreign affair)။ နိုင်ငံရေးသမားတွေနှင့် ကွန်ယက် (Networking) ဖွဲ့မည်။ စစ်အုပ်စုဖြင့် စကားပြောရသည့်အခါစကားပြောမည် (dialogue with the regime) ။ ပြောနိုင်တဲ့နည်းလမ်းတွေရှာမည်။ နိုင်ငံရေး၊ လူမူရေး၊ စီးပွားရေး နယ်ပယ်မှာ မိမိကိုထောက်ခံတဲ့ အင်အားစုတွေများလာအောင်စည်းရုံးတာ တည်ထောင်ဖွဲ့ စည်းတာ... အစရှိတဲ့နည်းမျိုးစုံနဲ့ (forming or organizing support groups) လုပ်မည်။



နိုင်ငံရေးသမားများက နိုင်ငံရေးအလုပ်လုပ်သည်ကို သူပုန်များ မိမိတို့အလုပ်ဖြင့် နိုင်းယှဉ်မကြည့်သင့်၊ နိုင်ငံရေးသမားများက စစ်အစိုးရနှင့်စကားပြောရသည့်အခါပြောမည်၊ သူပုန်များက စစ်အင်အားတည်ဆောက်မည် (သို့) တပ်ပေါင်းစုတည်ဆောက်ရေးလုပ်ငန်းလုပ်မည်။ ထို့အတူနိုင်ငံရေးသမားများကလည်း သူတို့ကိုယ်သူတို့ လက်နက်ကိုင်သူပုန်များအဖြစ် စိတ်ကူးမယဉ်သင့်။ နိုင်ငံရေးသမားများ သူပုန်လုပ်ချင်က သူပုန်ရှိရာသွားရမည်။



ပြည်သူချစ်သော သူပုန်တို့သည်.. အပြစ်မဲ့သည့်ပြည်သူလူထုကိုကာကွယ်စောင့်ရှောက်ပြီး သူတို့တိုက်နေသည့်တိုက်ပွဲကို ပြင်းပြင်းထန်ထန်ထိထိရောက်ရောက် ဖေါ်ဆောင်ရမည်ဖြစ်သည်။ ရည်မှန်းချက်မှာ ပြည်သူ့အကျိုးစီးပွားကိုဖေါ်ဆောင်ခြင်းဖြစ်သည်။ စစ်အုပ်စုကတိုက်လာသည့်အခါ.. စစ်အုပ်စုကို နည်းနည်းမှညာတာလို့မရ၊ စစ်အုပ်စုနဲ့ ပေါင်းတဲ့မည်သူကိုမဆို ညာတာလို့ မရ၊ စစ်အုပ်စုဘက်ကတော့ပြတ်သားသည်... တခါမှမညာခဲ့၊ သူတို့ကိုဆန်ု့ကျင်သည့် လက်နက်ကိုင်သည့်မည်သူကိုမဆို မညာတာခဲ့၊ အပြတ်ချေမှုန်းသည်။ လက်နက်မကိုင်ပဲ အကြမ်းမဖက်တိုက်ပွဲဝင်တဲ့သူများကိုလည်းနဲနဲမှမညာခဲ့၊ ထို့အပြင် သူတို့ကိုဆန့်ကျင်သောသူများနှင့် ပေါင်းတဲ့သူများကိုလည်း ဘယ်တုန်းကမှ မညာတာခဲ့၊ ရက်ရက်စက်စက်လုပ်ခဲ့သည်ချည်းဖြစ်သည်။



သေနင်္ဂ ဗျူဟာ။ ။



သူပုန်များတပ်ပေါင်းစုဖွဲ့ ကာ.. ခိုင်မာပြီး တိုက်ပွဲအကျိုးအမြတ်အရ ပြင်လွယ်ပြောင်းလွယ်သော ဖြစ်နိုင်ချေရှိသော သေနင်္ဂ ဗျူဟာတခုရဲ့ အောက်၌ နည်းနာရှိရှိနှင့် စစ်အုပ်စုအား အပြတ်ချနိုင်မှ သို့ စစ်အုပ်စုငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ရောက်လာအောင် စစ်ရေးအရ နိုင်ငံရေးအရ ဖိအားပေးမှ ရမည်၊



သေနင်္ဂ ဗျူဟာနှင့်ပတ်သက် ၍ ချုပ်ပြောရင်... ဆန့်ကျင်တိုက်ပွဲဝင်နေသည့် စစ်အုပ်စုအရင်းအမြစ်တွေမှန်သမျှကို နည်းအမျိုးမျိုးနှင့်ချုပ်ကိုင်နိုင်ရေး (သို့) ခြိမ်းခြောက်နိုင်ရေး။ ဆိုသည့်သေနင်္ဂဗျူဟာမျိုး ဖြစ်မည်။ အရင်းအမြစ်တွေဆိုတာတွေကိုတော့... ချဲ့သာစဉ်းစားယူကြပါတော့၊ အဲဒီနည်းဖြင့်သာ လက်နက်ကိုင်သူပုန်များ မိမိတို့အင်အားမိမိတို့ တိုးချဲ့တည်ဆောက် ကာ တိုက်ပွဲဝင်နိုင်မည်ဟုယူဆသည်၊



တိုက်ပွဲပုံစံ။ ။

ယနေ့ခေတ်က ယခင်ခေတ်ကလို တောင်ကုန်းသိမ်းတဲ့ ခေတ်လုံးလုံးမဟုတ်တော့ဘူးဟုမြင်သည်၊

" ဗြောင်နဲ့ လျှိုဝှက်" တိုက်ပွဲကို ပူးတွဲလုပ်ဆောင်သွားရမယ်ဟု မြင်သည်။

-ဗြောင်ကတော့ မြေပေါ်နိုင်ငံရေးနှင့်ဆက်စပ်သည့် လက်နက်ကိုင်တိုက်ပွဲပုံသဏ္ဍန်ပါမည်၊

-လျှို့ဝှက်ကတော့ လက်နက်ကိုင်ယူဂျီပုံစံမျိုးဖြင့်သွားရမည်ဟု မြင်သည်၊



မှတ်ချက်၊ နိုင်ငံရေးသမားတွေရော သူပုန်တွေမှာပါ အဓိကလုပ်ဆောင်ရမည့်အချက်က ပိုက်ဆံရှိရေးဖြစ်သည်၊ နပိုလီယံကပြောသည်။ စစ်အောင်နိုင်ဘို့အဓိကအရေးကြီးဆုံး (၃) ချက်ရှိသည်။ ယင်းတို့မှာ... ၁) ငွေ ၂) ငွေ ၃) လည်း ငွေပဲတဲ့...။ သို့သော်ယနေ့တိုက်ပွဲမှာ မီဒီယာပါလာပြီ၊ မီဒီယာကိုလူတိုင်းသုံးနေနိုင်ပြီ၊ ထို့ကြောင့်တိုက်ပွဲဖေါ်ရင် မီဒီယာနဲ့တွဲဖေါ်ဘို့လိုသည်၊ သို့မှသာ အမှန်တရားကိုပိုဖေါ်ထုတ်နိုင်မည်.။



သူပုန်များ.. တိုင်းပြည်၌ ငြိမ်းချမ်းရေးကိုဖေါ်ဆောင်လိုသော အစိုးရတရပ်မပေါ်မပေါက်မခြင်း မိမိအင်အားကိုကြံခိုင်အောင်တည်ဆောက်ကာ ပြည်သူကိုကာကွယ်စောင့်ရှောက်၍ မတရားမမျှတမူကိုတိုက်ပွဲဝင်သော.. ပြည်သူများချစ်မည့် သူပုန်အလုပ် စစ်စစ်များကိုလုပ်နိုင်ကြပါစေ၊



ကဲမြန်မာပြည်ကသူပုန်များ.. လိုအပ်လာကပြည်သူကိုကာကွယ်ဘို့ ပြည်သူ့အခွင့်အရေးကိုဖေါ်ဆောင်ဘို့ မြန်မာပြည်ငြိမ်းချမ်းဘို့အတွက် မီးရှုးမီးပန်းပြိုင်တူဖေါက်ကြမည်...



လေးစားမူတို့ဖြင့်

Wednesday, November 24, 2010

karen ma too ra part 1

Karenni army attack SPDC troops

Labels: video



ကရင်နီပြည်နယ်အတွင်း နအဖနှင့်တိုက်ပွဲအဖြစ်အပျက်များကို ယခုလို ဗွီဒီယိုတင်ဆက်ခဲ့သူ sayrehsoe အား ကျေးဇူးတင်ပါသည်။

School girl killed, villagers wounded and hundreds displaced as the Burma Army continues attacks in Central Karen State

FBR- Reports- School girl killed, villagers wounded and hundreds displaced as the Burma Army continues attacks in Central Karen State“
FBR- Reports- School girl killed, villagers wounded and hundreds displaced as the Burma Army continues atta...
Boycott-Vol-8
2010-10-01-MP-Update

ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့မဧ။် သား ပြန်လည်တွေ့ဆုံ





ရန်ကုန်လေဆိပ်တွင် တွေ့ရသော သားအမိ ၂ ဦး နှင့် ၎င်းတို့ကို ကြည့်ပြီး ပျော်ရွှင်နေသူ ပရိသတ်များ (ဓာတ်ပုံ AP)
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြသည် ၁၀ နှစ်ကြာ ကွဲကွာနေသော သားငယ်နှင့် ယနေ့ နံနက်က ပြန်လည် တွေ့ဆုံနိုင်ခဲ့သည်။
ရန်ကုန်လေဆိပ်တွင် စောင့်နေသော ဒေါ်အောင်ဆန်းစုကြည် နှင့် ဘန်ကောက်မှ လေကြောင်းဖြင့် ရောက်လာသော ကင်မ်



အဲရစ်တို့ တွေ့ကြခြင်း ဖြစ်သည်။

“ကျမ အင်မတန် ၀မ်းသာပါတယ်၊ အင်မတန် ပျော်ပါတယ်” ဟု ဒေါ်စုက AFP သတင်းဌာနကို ပြောသည်။

ကျဆုံးသွားသော အဆိုတော် ထေါဟ်လဲု.အွာ(ဂျိုးဖြူ)

နယ်ခြားစောင့်တပ်မပြောင်းခင် ယခင်ဒီကေဘီအေ (၉၉၉)၊ ရွှေကုက္ကို ယဉ်ကျေးမှုဌာနမှာ
တာဝန်ယူလုပ်ဆောင်နေတဲ့ အရှေ့ပိုးမိုနိုအဆိုတော်ဗိုလ်ကြီး ထူးလွီအွာဟာ ဒီကနေ့မှာပဲ
သူ့တပည့်ပြန်ပစ်သတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ပုံမှန်တွေးခေါ်မှုယိမ်းယိုင်သွားတဲ့ သူ့တပည့်ဆိုသူဟာ ညအချိန် အိပ်ရေးမ၀ပဲ
ကင်းစောင့်ပေးရတယ်၊ ဗိုလ်လုပ်သူကကောင်းကောင်းအိပ်ရတယ် ဆိုပြီး မကျေမနပ်
ဖြစ်ခဲ့ရာမှ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရပါတယ်။

ဆရာကြီးစကောလယ်တောသမိုင်း

sutoung@gmail.com

Monday, November 22, 2010

CasaPound e Popoli in missione umanitaria tra i Karen

Friday, November 19, 2010ဆ ရာ တော် ထူး လေ ဒွေး ဈာ ပ န အ ခမ်း အ နား





အ မေ ရိ ကန် နိုင် ငံ၊ နော့ ကာ ရို လိုင်း နား ပြည် ထောင် စု၊ န ယူး ဘန်း ဆာ မူ ထော် က ရင် နှစ် ခြင်း ခ ရစ် ယာန် အ သင်း အုပ် ဆ ရာ တော် ထူး လေ ဒွေး ဟာ နို ၀င် ဘာ လ ၁၆ ရက် နေ့ မ နက် ၅ နာ ရီ မှာ ကောင်း ကင် ဘုံ က အ ဖ ဘု ရား ရှင် ရဲ့ အိမ် တော် ကို သူ ရ ယူ ခဲ့ တယ် သ ရ ဖူ တွေ ကြယ် တွေ ကို ဆု လာဒ် အ ဖြစ် လက် ခံ ပြန် သွား ပါ ပြီ။ သူ ရဲ့ ယာ ယီ ခ န္ဓာ တဲ အိမ် ကို စ နေ နေ့၊ နေ့ လည် ၂ နာ ရီ မှာ 2201 Neuse Blvd, New Bern,Cotten Funeral Home မှာ သွား ရောက် ဂါ ရ ၀ ပြု နိုင် ကြ ပါ တယ်။ ဈာ ပ န အ ခမ်း အ နား ကို တော့ 1500 Kingdom Way, New Bern, Temple Baptist Church မှာ နေ့ လည် ၁ နာ ရီ က နေ ပြီး တော့ ၂ နာ ရီ အ ထိ နောက် ဆုံး နှုတ် ဆက် ဂါ ရ ၀ ပြု ကြ မှာ ဖြစ် ပြီး၊ နေ့ လည် ၂ နာ ရီ က နေ ပြီး ၃ နာ ရီ အ ထိ ၀တ် ပြု ကိုး ကွယ် မှု အ စီ အ စဉ် ရှိ ပါ တယ်။ နောက် ဆုံး ဘု ရား ရှင် ဖန်း ဆင်း ထား တဲ့ မြေ ခ န္ဓာ ကို မြေ ကြီး မှာ ပြန် လည် အပ် နှံ တဲ့ အ ခမ်း အ နား ကို နေ့ လည် ၃ နာ ရီ က နေ ပြီး ၄ နာ ရီ အ ထိ ပြု လုပ် မှာ ဖြစ် ပါ တယ်။ အဲ ဒီ အ စီ အ စဉ် ပြီး တဲ့ အ ခါ မှာ တော့ Temple Church မှာ ဧည့် ခံ ကြွေး မွေး ခြင်း အ စီ အ စဉ် ရှိ ပါ တယ်။ ရပ် နီး ရပ် ဝေး ဆွေ မျိုး မိတ် သ င်္ဂ ဟ အား လုံး ကို ဖိတ် ခေါ် အပ် ပါ တယ်။
တဿ္ဆွဿလီၯက့ၯသရဢ္ဒိဢ္ထူလ့ဢ္ဒြ႕အဒဲဟီဢ္ခိဢ္အတဿ္ရဲဢ္တဿ္က်ဲၯ
ပကြဲမုာ္ဘဢ္တံၯသကိးဖိလံၯ ပ်ဲဿ္ဘီဢ္သ့ဢ္တဖဢ္ ကဆွဿလီၯက့ၯ သရဢ္ဒိဢ္ထူလ့ဢ္ဒြ႕ အဒဲဟီဢ္ခိဢ္ တဿ္ရဲဢ္တဿ္က်ဲၯန႔ဢ္မ့ဿ္ ဒ္အဖီလာ္အသိးလီၯၟ
မုဿ္နံၯ။ ။ ၁၁/၂၁/၂၀၁၀
တဿ္ဆဿကတီဿ္။ ။ ဟါ ၁း၀၀ တုၯ ၂း၀၀ နဢ္ရံဢ္- တဿ္ဒုးနဲဢ္ကြဿ္သရဢ္ဒိဢ္အနီဿ္ခိ လဿခံကတဿဿ္ လဿTemple သရိဢ္ပူၯၟ
ဟါ ၂း၀၀ တုၯ ၃း၀၀ နဢ္ရံဢ္- တဿ္ဘူဢ္တဿ္ဘါအဆဿကတီဿ္ၟ
ဟါ ၃း၀၀ တုၯ ၄း၀၀ နဢ္ရံဢ္- တဿ္ဆွဿလီၯက့ၯသရဢ္ဒိဢ္ထူလ့ဢ္ဒြ႕ ဆူအဒဲဟီဢ္ခိဢ္

ဘယ်တော့မှ မေ့ပစ်လိုမရတဲ့ကျမတိုရင်ထဲကပုံရိပ်တွေ

21 November 2010
ဘယ်တော့မှ မေ့ပစ်လိုမရတဲ့ကျမတိုရင်ထဲကပုံရိပ်တွေ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဌာနချုပ်ရုံးကို ပြန်လည် ရောင်းချမည်

၂၀၁၀ ပြည့်နှစ် ၊ နိုဝင်ဘာလ (၂၂) ရက်


ရန်ကုန်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဌာနချုပ် ရုံးကို ပြန်လည် ရောင်းချမည် ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး (လယ်ယာ နှင့် ဆည်မြောင်းဌာန ၀န်ကြီး) က ပြောသည်။ ၂၇-၁၀-၂၀၁၀ ရက် မွန်းလွဲ ၂ နာရီက အဆိုပါ ပါတီ ဌာနချုပ် တွင် ပြုလုပ်သော ပြည်တွင်း ပြည်ပ သတင်း မီယာများ နှင့် တွေ့ဆုံ ပွဲတွင် ၎င်းက အထက်ပါ အတိုင်း ပြောခြင်း ဖြစ်သည်။ ရန်ကုန်ရှိ ပါတီ ဌာနချုပ် ရုံးသည် ဗဟန်း မြို့နယ်တွင် ရှိသည်။ လွန်ခဲ့သော ၁၉၉၇ ခုနှစ်က ၀ါဝါ၀င်း ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခြင်း ဖြစ်သည်။

အဆိုပါ အဆောက် အအုံကို ပုဂ္ဂလိက ကန်ထရိုက် ခေါ်ယူ၍ ယခင် USDA အနေဖြင့် အရစ်ကျ ငွေပေးချေမှု နှင့် တည်ဆောက်ခဲ့ ရပြီး မကြာသေးမီက အကြွေး ကျေပြီ ဖြစ်ကြောင်း ယင်းက ပြောသည်။ မြေဧက ငါးဧကကျော် နေရာတွင် တည်ဆောက် ထားသော အဆိုပါ ဌာနချုပ်ရုံးသည် မြေညီထပ် အပါအ၀င် ခြောက်ထပ်မြင့်သော အဆောက်အအုံကြီး ဖြစ်သည်။ ၎င်းအဆောက်အအုံသည် ဟိုတယ်လုပ်ငန်း၊ စီးပွားရေး စင်တာ ရုံးခန်းများ ဖွင့်လှစ်ရန် အလွန် သင့်တော်သော အဆောက်အအုံ ဖြစ်ကြောင်း သိရသည်။

School closures and movement restrictions: conflict continues to impact civilians in Dooplaya District

School closures and movement restrictions: conflict continues to impact civilians in Dooplaya District

khrg10b12[1] -

Sunday, November 21, 2010

ဗမာ့တပ်မတော် မီးရှို့ ပြာချ ပစ်လိုက်သော သဒါးဒဲ ကရင်ရွာ - သြဂုတ်လ ၂၀၁၀

DVB Entertainment : သန့် ရှင်းစင်ကြည် မြစ်နဒီ













ကရင်ပြည်မှာမွေးပြီး ကရင်ပြည်မှာပဲသေမည်

Thu Do Soe - Commando - KNLA

ထီးထာစွေးမှာ စိတ်ရှည်စွာဖြင့် စောင့်နေပါတယ် ကိုကို