Saturday, April 11, 2009

တပ်မဟာ ၄တွင် တိုက်ပွဲဖြစ် နအဖ ၈ယောက် ကျဆုံးထိခိုက်

တရားသောစစ် တော်လှန်ဆင်နွဲနေသူများအတွက် အခုလို ပန်းကုံးနဲ့ ဂုဏ်ပြုကြိုဆိုနေကြစဉ်။
နအဖစစ်တပ်နှင့် ကေအဲန်ယူ တပ်မဟာ ၄တို့ ဧပြီလ ၉ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖစစ်တပ်ဘက်မှ ၄ဦးကျဆုံးကာ ၄ဦးဒဏ်ရာရရှိပြီး လက်နက်နှစ်လက်ကို ကေအဲန်ယူက သိမ်းဆီးရမိသည်ဟု သိရသည်။ကေအဲန်ယူ တပ်မဟာ၎ ထုတ်ပြန်ချက်အရ ဧပြီလ ၉ရက်နေ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ)တပ်မဟာ၎မှ မေထင်နှင့် ထိုးမားမို ကြားရှိ နအဖခြေမြန်တပ်ရင်း ၄၃၃၊ စစ်ကြောင်း ၁ကို သွားရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ကွယ်ကလူမှ ဘာသာပြန်ဆိုထားသည်။ အဲခေါင်သောင့်
Posted by အဲခေါင်သောင့်

နအဖရဲ့ ခါးပိုက်ဆောင်တပ် အပိုင်း(၂)

ဗိုလ်ထက်မင်း /ဧပြီလ(၁၀) ရက်၊ ၂၀၀၉အပိုင်း (၁) မှာ တင်ပြခဲ့သလို မာနယ်ပလော ဌာနချုပ်ကို အတူတိုက်ခိုက်ခဲ့တဲ့ အချိန်ကတည်းက ဒီကေဘီအေနဲ့ ဗိုလ်ရွှေမန်းတို့ဟာ ရင်းနှီးခဲ့ကြပါတယ်။ တဖန် ဗိုလ်ရွှေမန်း တပ်မ (၁၁) တပ်မမှူးဘ၀နဲ့ မြိုင်ကြီးငူ ဧရိယာ စစ်ဆင်ရေး ပြန်ဝင်လာကာ ထိုင်းကို ဒီကေဘီအေအား မဟာဗျူဟာအရ စစ်ကစားခိုင်းဖို့ ကြီးကြပ် Control လုပ်ခဲ့ရပြန်တာကြောင့် ရင်းနှီးမှု အတိုင်းအတာ ပိုမိုနက်ရှိုင်းခဲ့ပါတယ်။ဗိုလ်ရွှေမန်း နတခ တိုင်းမှူးအဖြစ် ပုသိမ်သို့ ပြောင်းသွားတာ တောင် ဒီကေဘီအေခေါင်းဆောင်တွေဟာ ရန်ကုန်မှတဆင့် ပုသိမ်သို့ တကူးတက သွားရောက်ကာ လည်ပတ်ခဲ့ကြပါသေး တယ်။ထိုင်းနိုင်ငံ ဒီမိုကရက်တစ်ပါတီ ၀န်ကြီးချုပ် ချွန်လီပိုင် လက်ထက်မှာ နှစ်နိုင်ငံ နယ်စပ်ရှိ တောင်ကုန်းပိုင်ဆိုင်မှု အငြင်းပွားကာ တိုက်ပွဲများ ဖြစ်နေပြီး ထိုင်း F - 16 ဂျက် တိုက်လေယာဉ်က ၀င်ရောက်ပစ်ခတ်မှုနဲ့ ထိုင်း အမှတ် (၃) စစ်တိုင်းမှူး ဗိုလ်ချုပ် ၀ပ်တနာတို့ရဲ့  အလျှော့မပေးမှုတို့ကြောင့် နှစ်နိုင်ငံ တင်းမာမှု ဖြစ်နေခဲ့ပါတယ်။ တခါ စွမ်းအားမြှင့် ကျောင်းသားစစ်သည်တော်များ မြန်မာသံရုံးကို ၀င်ရောက်စီးနင်းတဲ့ ကိစ္စအပေါ်မှာလည်း ထိုင်းနိုင်ငံက အရေးမယူခဲ့တဲ့အတွက် နအဖက ဒေါသဖြစ်ကာ ဒီကေဘီအေကို အသုံးချပါတော့တယ်။စစ်ရုံး (ကကကြည်း) ကို ရောက်လာတဲ့ ဒီကေဘီအေက ဗိုလ်ကျော်သန်းတို့ အဖွဲ့ကို အတွင်းရေးမှူး (၂) ဗိုလ်တင်ဦးက “ကောင်လေးတွေ ဒီကေဘီအေလိုချင်တာ အကုန်ပေးလိုက်” လို့ ကကကြည်း (တာဝန်) ကို အမိန့်ပေးခဲ့ပါတယ်။ ဒါကြောင့် ဒီကေဘီအေကို လက်နက်ခဲယမ်းများအပြင် ဖိနပ်၊ ၀တ်စုံ၊ ကျောပိုးအိတ်တို့ကို ထုတ်ပေးပြီး ဒီကေဘီအေ အင်အားနည်းလို့ ရှိရင် စစ်တပ်မှ စစ်သားများကို ဒီကေဘီအေ၀တ်စုံဖြင့် လဲလှယ်အသွင်ပြောင်း ၀တ်ခိုင်းပြီး ဒီကေဘီအေတပ်အနေနဲ့ ထိုင်းနိုင်ငံထဲသို့ ၀င်တိုက်ခိုင်းခဲ့ပါတော့တယ်။တင့်ကားများကို ရှမ်းပြည်နယ် ကျိုင်းတုံအထိ ပို့ပြီး ကရင်ပြည်နယ်တွင်လည်း အမြောက်တပ်မများနဲ့ လေကြောင်း ကာကွယ်ရေး (Air Defense) ဌာနချုပ်များ တိုးချဲ့ ဖွင့်လှစ်ပြန်ရာ လိုက်လံနေရာချပေးနေတဲ့ အတွင်းရေးမှူး (၂) ဗိုလ်တင်ဦးနဲ့ ရတခ တိုင်းမှူး ဗိုလ်ချုပ် သီဟသူရစစ်မောင်နဲ့အဖွဲ့ ရဟတ်ယာဉ် ပျက်ကျတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။ နအဖက ၀ယ်ယူထားတဲ့ တရုတ် F - 7 ဂျက်တိုက် လေယာဉ်တွေဟာ ထိုင်းနိုင်ငံမှ အသုံးပြုနေတဲ့ F - 16 ဂျက်တိုက် လေယာဉ်တွေကို စွမ်းရည် မယှဉ်နိုင်တာမို့ ဗိုလ်မောင်အေးလည်း ရုရှားသို့ ဖုတ်ပူမီးတိုက် အကူအညီ တောင်းခဲ့ရပါတယ်။ဒီနေရာမှာ တရုတ်နိုင်ငံမှ ရရှိထားတဲ့ တိုက်လေယာဉ်၊ တင့်ကား၊ စစ်ရေယာဉ် အပါအ၀င် စစ်လက်နက်ပစ္စည်း တွေဟာ အရည်အသွေး ညံ့ဖျင်းတာကြောင့် ပြည်ပစစ်လိုမျိုး ကြုံတွေ့လာခဲ့ပါလျှင် အားကိုးလို့ မရတော့ကြောင်း စစ်တပ်မှ အရာရှိများ သိလာရပါတယ်။ လက်အောက်ခံ အရာရှိတွေမှသည် ဗိုလ်ချုပ်အဆင့်ထိ တရုတ်နိုင်ငံမှ လက်နက်များအပေါ် ၀ယ်ယူနေမှုအား မနှစ်မြို့ကြဘဲ သဘောထားကွဲလွဲမှုတွေ ပေါ်ထွက်ခဲ့ပါတယ်။တပ်မတော် (ကြည်း၊ လေ) ခြေလျင်၊ တင့်၊ အမြောက် လေ့ကျင့်ခန်းကြီးတွင် တရုတ်နိုင်ငံမှ ၀ယ်ယူထားတဲ့ F - 7 ဂျက်တိုက်လေယာဉ်တွေဟာ မြေပြင်ရှိ ရန်သူ ပစ်မှတ်ကို ပစ်ခတ်နိုင်ဖို့ အနိမ့်ကို ပြန်ဆင်းပြီးမှ ပစ်ခတ်လို့ရတဲ့ အတွက် လေယာဉ် အန္တရာယ်များလှကြောင်း ဗိုလ်ချုပ်တချို့က ဝေဖန်ပြောကြားခဲ့ပါတယ်။ထိုင်းနိုင်ငံက F - 16 ဂျက်တိုက်လေယာဉ်တွေကို တန်ပြန်ဖို့ နအဖက F - 7 ဂျက်တိုက်လေယာဉ်တွေကို အမိန့်ပေးတဲ့အခါမှာ နမ့်ဆန် လေတပ်စခန်းမှ နယ်စပ်အထိ အသွားအပြန် ဆီမလုံ လောက်တဲ့အပြင် စီးချင်းထိုး စွမ်းရည်မှာ ညံ့ဖျင်းနေတာကြောင့် လက်တုံ့ပြန်မှု မရှိနိုင်တာကို တွေ့ရပါတယ်။နအဖဟာ နိုင်ငံတကာလို မဟုတ်ဘဲ လူ (ပိုင်းလော့) ထက် လေယာဉ်ကို တန်ဖိုးထားတာကြောင့် F - 7 လေယာဉ် လေ့ကျင့်ရင်း မကြာခဏ ပျက်ကျ သေဆုံးသွားတဲ့ လေယာဉ်မှူးများရဲ့  အဖြစ်ဟာ ရင်နာစရာကောင်းလှပါတယ်။ ရုရှားကလည်း နာမည်ကျော် ဘက်စုံသုံး SU - 27 ဆူကွိုင်း ဂျက်တိုက်လေယာဉ်ကြီးကို ရန်ကုန်မှာ နမူနာပြ ပျံသန်း ကြော်ငြာခဲ့ပေမယ့် ဈေးကြီးတာကြောင့် MIG - 29 ကိုသာ အကြွေးစနစ်နဲ့ နအဖဟာ ၀ယ်ယူခဲ့ရပါတယ်။နအဖဟာ ထိုင်းနိုင်ငံနဲ့ စစ်ရေးအရ ယှဉ်ရာမှာ F - 16 အမေရိကန်ရဲ့  ခေတ်မီ ဂျက်တိုက်လေယာဉ်ကို ယှဉ်နိုင်ဖို့ ရုရှားနိုင်ငံမှ MIG - 29 ဂျက်တိုက်လေယာဉ် (၁၀) စီးကို အပူတပြင်း ၀ယ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ F - 16 ဂျက်တိုက် လေယာဉ်တွေကို ကြားဖြတ် ချေမှုန်းနိုင်ဖို့ မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံစခန်းတွေနဲ့ ရေဒါစခန်းတွေကို တနင်္သာရီတိုင်းမှာ ရုရှားအကူအညီနဲ့ ဖြန့်ကြက် နေရာချခဲ့ပါတယ်။နအဖရဲ့  Strategy Plan အရ ဒီကေဘီအေကို ဦးစွာ စစ်ကစားခိုင်းမှာဖြစ်ပြီး ထိုင်းက ဒီကေဘီအေကို ဖိအားပေး ထိုးစစ်ဆင်လာခဲ့ရင် နအဖက အင်အားကြီးမားစွာနဲ့ တုံ့ပြန်သွားရန် စီစဉ်ထားပါတယ်။ နအဖရဲ့  ခါးပိုက်ထဲမှာ ဆောင်ထားတဲ့ ဒီကေဘီအေကို အရေးကြုံရင် ထိုးကျွေးဖို့ ကြံစည်ထားတာမို့ နအဖရဲ့  အောက်လမ်းနည်းကို တိုင်းရင်းသားတွေ သတိထားဖို့ လိုပါတယ်။တကြိမ်မှာတော့ အင်အား (၇၀၀) ခန့် အထိရှိတဲ့ ဒီကေဘီအေတွေဟာ ထိုင်းရဲကင်း စခန်းနဲ့ ဒုက္ခသည်စခန်းတွေကို ၀င်ရောက် ပစ်ခတ်ဖျက်ဆီးလို့ ထိုင်းထောက်လှမ်းရေး အမျိုးသားလုံခြုံရေးကောင်စီက လာရောက်တိုင်ကြားခဲ့ ပါတယ်။ ကကလှမ်းက မသိလိုက်တဲ့ပုံစံ အချိုးမျိုးနဲ့ ဒီကောင်လေးတွေကိုခေါ်ပြီး ထိန်းသိမ်းပေးလိုက်ပါမယ်ဆိုကာ ဒီကေဘီအေကို အနီးကပ်ကိုင်တွယ်နေတဲ့ ဗိုလ်ရွှေမန်းအား လက်သိပ်ထိုးပြောပြီး မီးနီပြ ပြန်ခေါ်ခိုင်းခဲ့ပါတယ်။ယခုအချိန်ထိ ဒီကေဘီအေဟာ ထိုင်းနိုင်ငံ အုန်းဖန်မြို့အနီး ထိုင်းကျေးရွာ တရွာမှ ရွာလူကြီးနဲ့ ရွာသားတချို့ကို ဖမ်းဆီး ခေါ်ဆောင်သွားကာ ရိုက်နှက်ပြီးမှ ပြန်လွှတ်တဲ့ဖြစ်စဉ် ဖြစ်ပွားနေပါတယ်။ တပ်မဟာ (၆) ကေအန်ယူ တပ်ဖွဲ့များကို ဒီကေဘီအေက တိုက်ခိုက်နေတာဟာလည်း နအဖရဲ့ ဖိအားပေးခိုင်းစေချက်သာ ဖြစ်ပါတယ်။ယခုတလော ထိုင်းနိုင်ငံက ကေအန်ယူကို ဖိအားပေးတာနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။ နအဖဟာ ဒီကေဘီအေကို နောက်ကွယ်က ကြိုးကိုင်ပြီး ထိုင်းနိုင်ငံအား နိုင်ငံရေး၊ စစ်ရေး မဟာဗျူဟာအရ အသာစီးရယူဖို့ ကြိုးစားနေပါတယ်။စစ်ရုံးမှာ စစ်အာဏာရှင်တွေ ပြောနေကျ စကားတွေကို တင်ပြရရင် ယိုးဒယားတွေကို နိုင်ချင်ရင် ဂတ်စ်လိုင်းနဲ့ နယ်စပ်တံခါးတွေ ပိတ်လိုက်ရုံနဲ့ နှိပ်ကွပ်လို့ရကြောင်း၊ သမိုင်းအဆက်ဆက် အလောင်းဘုရား သက်သေထူပြီး ငယ်နိုင်တွေသာ ဖြစ်ကြောင်း၊ သူတို့ F - 16 ရန်ကုန်ရောက်နိုင်ပေမယ့် ငါတို့ စစ်သားတွေ၊ ဒီကေဘီအေတွေ ချင်းမိုင်ကို အသာလေး ရောက်နိုင်ကြောင်း၊ စီမံချက်တွေလည်း ရေးဆွဲထားပြီးဖြစ်ကြောင်း စသဖြင့် အမြဲပြော တတ်ပါတယ်။ဒါကြောင့် နအဖဟာ ကေအန်ယူကို အင်အားထိန်းချုပ်လို့ရအောင် ဒီကေဘီအေကို ထားသလို ထိုင်းနိုင်ငံကို မဟာဗျူဟာအရ နိုင်ငံရေး၊ စစ်ရေး ခြိမ်းခြောက် ဖိအားပေးလို့ရအောင် Buffer ကြားခံအဖြစ် အသုံးချခြင်း ဖြစ်ပါတယ်။ဒါကြောင့် ဒီကေဘီအေကို နယ်ခြားစောင့် တပ်ဖွဲ့အနေနဲ့ တဖက်လှည့် ပရိယာယ်ဆင်ကာ ထားမယ်လို့လည်း သိရှိရပါတယ်။ ယခင်ကလည်း လက်အောက်ခံတပ်အဖြစ် တရားဝင် မထားခြင်းဟာ ထိုင်းက ထောက်ပြလာရင် အပြည်ပြည်ဆိုင်ရာ နှစ်နိုင်ငံ နယ်စပ် ကျူးကျော်မှု ဥပဒေအရ ငြင်းရခက်သွားမှာ ဖြစ်တာကြောင့် ကကကြည်းရဲ့ အရန်အင်အားသဘော ခါးပိုက်ဆောင်တပ်အဖြစ် လျှို့ဝှက်ထားရှိတာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
Posted by အဲခေါင်သောင့်

KNUကို တဖက်‌က ‌ဆွေးနွေးပြီး တဖက်‌က‌နေ တိုက်‌ခိုက်‌

Thursday, April 9, 2009


ထိုင်းမြန်မာနယ်‌စပ်‌က ကရင်‌အမျိုးသား အစည်းအရုံး (KNU) ရဲ့ စခန်း တခုဖြစ်‌တဲ့ ‌ဝေါ်‌လေခီး စခန်း ကို DKBA ‌တပ်‌‌တွေ နဲ့ နအဖ အစိုးရတပ်‌‌ တွေက ရက်‌အတန်‌ကြာ ဝိုင်း ထား ရာက‌နေ ‌ကြာသပ‌တေး‌နေ့ မှာ‌တော့ ‌နအဖစစ်‌တပ်‌က ‌နောက်‌က‌နေ ‌မော်‌တာ ကျည်တွေ နဲ့ ပစ်‌ခတ်‌‌ပေးပြီး DKBAတပ်‌‌တွေက ‌ရှေ့ က‌နေ စတင်‌တိုက်‌ခိုက်‌တာဖြစ်ပါတယ်‌။တိုက်‌ပွဲတွေဆက်ပြီးဖြစ်‌‌နေ‌ပေမယ့်‌ နအဖ နဲ့ DKBAတပ်‌‌တွေက KNU စခန်း အနီး ကို ‌မ‌ရောက်‌နိုင်‌‌သေးဘူး၊ ‌နောက်‌ DKBAတပ်‌‌က တပ်‌သား ၆ဦးနဲ့ အရပ်‌သား‌ပေါ်တာ ၁ဦး ဒဏ်‌ရာရခဲ့တယ်‌လို့ KNU‌တပ်‌က ဗိုလ်‌ကြီး ‌အောင်‌ကြည် ကဘီဘီစီကို ‌ပြောပါတယ်‌။ အခုလိုမျိုးတိုက်ပွဲတွေ မတိုက်‌ခင်မှာ နအဖဘက်‌က‌နေ KNU နဲ့ ငြိမ်းချမ်းရေးလုပ်‌ဖို့ ထိုင်းကို ကြားဝင်‌ ညှိနှိုင်း ဆွေးနွေးခိုင်းတဲ့အတွက် ‌‌KNU အကြီးအကဲတွေနဲ့ ထိုင်းနိုင်‌ငံခြားရေးဝန်ကြီး‌တို့ ‌တွေ့ ဆုံ‌ ဆွေးနွေးခဲ့ပါ‌သေးတယ်‌။ KNU လိုမျိုး(KNPP)ကရင်‌နီ အမျိုးသား တိုးတက်‌‌ရေးပါတီ ကိုလည်း နအဖ အစိုးရက ‌ဆွေးနွေးဖို့ကမ်းလှမ်းခဲ့‌သေးတယ်‌လို့ KNPP ရဲ့ ‌ပြောခွင့်ရသူက ဘီဘီစီ ကို‌ပြောရာပါတယ်‌။
ဘီဘီစီမှဖေါ်ပြသည်။

Twenty arrested on the way to Thailand

2009 April 9
tags: , , , , ,
by peacerunning
Thu 09 Apr 2009, Layi Mon, IMNATwenty people, including four children, were arrested at a checkpoint in Phaungsein
village, Thanphyuzayat Township on the evening of April 5th while attempting to migrate to Thailand. The migrants had arranged their transport through a broker who provided a truck and a driver but did not accompany them himself. The police had been informed of their journey in advance by a rival broker and the group was taken to Thanphyuzayat police station. However, the driver was not arrested.
According to a Thanphyuzayat resident, the group was on the way to Tavoy when the arrests occurred. “The children were released on the same day and the women on the next day, April 6th. The men were detained for longer. Their relatives had to pay for everyone to get out, except for the children,” said the resident.
According to a source close to Thanphyuzayat police, “the amount of money paid by those arrested varied depending on their relationship with the police. Three people had to pay 100,000 Kyat between them.” However, two of the others arrested paid only 5000 Kyat each. IMNA called Thanpyuzayart police station and talked to a policeman who said, “we arrested people who were going to Thailand. If you’re a relative of one of them, don’t phone, just come and talk to us.”
On the same evening that the twenty migrants were arrested a group of three people from Kyainnseikyi Township, Karen State were also travelling to Thailand on the Thanpyuzayart to Tavoy road. The three were travelling independently without the assistance of a broker.
One of the three said, “our truck was in front of theirs at the checkpoint when they were arrested. Because there were only three of us and the police didn’t think we were going to Thailand they didn’t stop us.”
In Burma there are public notices and announcements in the media warning people that if they attempt to leave for work in other countries they may be arrested and fined or possibly jailed.

A joint force made up of soldiers from a Mon ceasefire group and the Burmese army attacked ethnic Karen insurgents in Tenasserim Division yesterday.

2009 April 9
tags: , , , , ,
by peacerunning
New joint Mon-Burmese force attacks Karen rebels in Tenasserim DivisionThu 09 Apr 2009, Ong Rot and Blai MonA joint force made up of soldiers from a Mon ceasefire group and the Burmese army attacked ethnic Karen insurgents in Tenasserim Division yesterday. The attack marks the first combined Mon-Burmese army operation against the Karen forces and adds on to offensives sustained against the insurgent group farther north.
At 8:40am on April 8th, soldiers from Burmese army Light Infantry Brigade (LIB) No. 594 and the Mon Peace Group – Chaung Chi (MPG – Chaung Chi) attacked a temporary camp of soldiers from the Karen National Liberation Army (KNLA) in northeast Mergui District.
The attack by the MPG – Chuang Chi is the first time the Mon group has operated in concert with the Burmese army. The MPG – Chaung Chi split from the New Mon State Party (NMSP) in 1997, and though it had remained quiet militarily it has nonetheless cooperated with the State Peace and Development Council junta, including participating in the National Convention convened to draft a new constitution. According to a source in the NMSP, the MPG – Chuang Chi had dwindled to just 20 soldiers before a recruiting effort by the SPDC doubled its ranks to 40 or 50. Yesterday’s clash lasted approximately an hour, during which the KNLA was able to repel the government forces after initially retreating from their temporary camp. According to a source in the KNLA, the joint Mon-Burmese government force left behind 7 causalities; the KNLA suffered none. “The battle took time of over one hour. We could protect ourselves from their offensive action,” said the source in KNLA 4th Brigade. “As a list, Captain Myo Lwin and 6 soldiers with unknown names were killed… Two soldiers from the Mon Peace Group are included in the total of 6 soldiers killed.”
The attack by the new Mon-SPDC army force come as the KNLA and its political counterpart the Karen National Union face mounting military and political pressure to cease fighting. The group has maintained armed resistance to successive central governments in Burma since virtually the moment the country achieved independence; it remains of symbolic importance to many as the largest actively fighting group and a key member of a variety of coalition groups like the National Council of the Union of Burma and the Democratic Alliance of Burma.
“This… means that the Burmese army is now joined with the DKBA [Democratic Karen Buddhist Army] to… create a combined operation against the KNLA 6th Brigade area and joined with the Mon Peace group to create a combined operation against the KNLA 4th Brigade area,” said a source carefully monitoring military affairs in Mergui, where the 4th Brigade’s position makes it the KNLA’s most southerly outpost.
“The DKBA officially joined with the Burmese army to make offensive action not only in Taungoo District and Pa-an District but also in the KNLA 6th Brigade controlled area,” continued the source, describing areas to the north of 4th Brigade. “Now for the first time, the Mon Peace Group has joined to attack 4th Brigade.”
The KNU has long faced pressure by the Burmese government, which has launched cyclical dry-season offensives while whittling away at the group’s strength by encouraging commanders to split and form small ceasefire groups. The latter process, which began with a devastating defection by the DKBA in 1994 that precipitated the fall of the KNU’s headquarters in Manerplaw, continued last week when the youngest son of late KNU leader Gen Saw Bo Mya surrendered along with 71 soldiers and 88 family members.
The pressure has increased as the SPDC prepares for the country’s first parliamentary elections in two decades. This has been supported by the Thai government, which recently asked the KNU to “reconcile” with Burma’s military junta.
The Thai government has also been forcing key KNU/KNLA leaders residing in Thailand to return to Burma, where they have faced offensives by the joint SPDC-DKBA and, now, SPDC-MPG – Chaung Chi forces. Exile media groups have also reported that the KNLA has been attacked from the rear by DKBA forces entering from Thailand, though this could not be independently confirmed by IMNA.
Importantly, the NMSP, whose 1995 ceasefire gave it control of territory loosely situated between KNLA 4th and 6th Brigades, was careful to distance itself from the conflict and clarify the party’s separation from the MPG – Chaung Chi. “This group betrayed us and branched out from our party to surrender to the SPDC,” a major in the NMSP’s armed wing told IMNA. “Since the time they branched out, they have been our enemy. The name of the group is a Mon name, but they are under control of the Burmese army.”“Although the Mon Peace group joined with the Burmese army, the KNU clearly knows that this group is not connected with the NMSP,” continued the major. “So, there will not be problems between the KNU and NMSP in the future.”

Thursday, April 9, 2009

HRW urges Japan to speak out on Burma

by Celeste Chenard
Thursday, 09 April 2009 18:40

Chiang Mai (Mizzima) – The Human Rights Watch on Wednesday urged Japan to give human rights priority in the Japanese Foreign Policy, and in particular in its policy towards Burma.

In an open letter to Prime Minister Taro Aso released today, the New York-based human rights group, urged Japan to play a pivotal role in voicing its support for the people of Burma, and to make Human Rights a priority in its policy towards the Southeast Asian country.

“After the farcical 2008 Referendum completed the fourth step of the military government's Seven Step Road Map to Democracy, and with multi-party elections announced for 2010, Japan's strong leadership in support of the helpless people in Burma, is needed now more than ever,” the letter said.

HRW urged the Japanese government to press the junta to release “immediately and unconditionally” political prisoners, stop attacks on ethnic minorities, hold free and fair elections, and end rampant torture.

The activist group also called upon Japan to act in unison with other nations in imposing sanctions on the Burmese government, including an arms embargo on all weapons and ammunition sales and transfers to Burma.

The letter was released today on the occasion of the opening of a Human Rights Watch office in Tokyo, which refelcts the organization’s aspirations to highlight Asian rights issues.

"The opening of our Tokyo office demonstrates Human Rights Watch's commitment towards advancing human rights across Asia," Kenneth Roth, Executive Director of Human Rights Watch said at a news conference on Thursday.

The organization has asked the Japanese government, to turn into a stronger proponent for human rights in Asia.

"As a major power and one of the world's largest aid donors, Japan can play a much stronger role in promoting human rights. We are opening our new Tokyo office to help Japan live up to its potential on human rights,” Roth argued.

Japan has been extensively criticized for its quiet diplomacy on human rights records, particularly towards Burmese human rights violations.

After China, Japan is known to be one of the main aid suppliers to Burma and has kept a close relationship with the junta for half a century.

The letter reminds that “though the economic situation and the horrible reputation of the Burmese military government have led to a decrease in Japanese foreign aid and investment, Japan has remained a major donor to Burma till the present.”

It ends with the hope that Japan will use its prominent influence in Asia to encourage members of the Association of Southeast Asian Nations (ASEAN), particularly China and India, to “put coordinated multilateral pressure on the Burmese government.”

Wednesday, April 8, 2009

ငြိမ်းချမ်းရေးအတွက် အပစ်ရပ်ရန် ပထမအဆင့်လိုအပ်ဟု ကေအန်ယူတောင်းဆို

Wednesday, 08 April 2009 19:06 သန်းထိုက်ဦး

မြန်မာစစ်အစိုးရ အနေနှင့် ငြိမ်းချမ်းရေးကို လိုလားပါက ပထမဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံးနှင့် အပစ်အခတ် ရပ်စဲရေးကို ကြေညာ လက်မှတ်ထိုး သင့်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ)က ပြောကြားသည်။ ကေအန်ယူ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Piromya တို့ ယခုလ ၆ ရက်နေ့က ဘန်ကောက်မြို့ တနေရာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

နော်စီဖိုးရာစိန်က“ မြန်မာ စစ်အစိုးရ အနေနဲ့ငြိမ်းချမ်းရေးကို လိုလားရင် ပထမ ဦးဆုံး အပစ်ခတ်ရပ်စဲရေးကို ကြေညာ ပေးရမယ်၊ ကေအန်ယူ အပြင် တခြားလက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ ဒေသတွေမှာလည်း ကြေညာ ပေးရမယ်၊ အပစ်ခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးရမယ်”ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ကေအန်ယူ ဒု ဥက္ကဌ စောဒေးဗစ်တာကပေါ ၊ အထွေထွေအတွင်းရေး နော်စီဖိုးရာစိန်နှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး တို့နှင့် ထိုင်းအာဏာပိုင်များဘက်မှ ၆ ဦးတို့သည် ဘန်ကောက်မြို့ တနေရာတွင် ၂ နာရီကြာ တွေ့ဆုံခဲ့ကြကြောင်း သိရှိရသည် ။ထိုင်းအာဏာပိုင်ဘက်က ကေအန်ယူကို နအဖ စစ်အစိုးရဘက်မှ စကားပြောဆိုဆွေးနွေးလိုကြောင်းနှင့် ကေအန်ယူဘက်မှ သဘောထား မည်သို့ရှိသည်ကို မေးမြန်းဆွေးနွေးကြောင်းလည်း နော်စီဖိုးရာစိန်က ပြောဆိုသည်။ ၎င်းက ဆက်လက်ပြီး ကေအန်ယူ အနေနှင့် စစ်အစိုးရနှင့် ထိုင်းနိုင်ငံ သို့မဟုတ် ပြည်ပနိုင်ငံ တနေရာတွင်သာ တွေ့ဆုံဆွေးနွေးနိုင်မည်ဖြစ်သည်ဟုလည်း ဆိုသည်။လွန်ခဲ့သည့် မတ်လအတွင်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Piromya သည် မြန်မာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းတို့နှင့် ရန်ကုန်မြို့၌ တွေ့ဆုံခဲ့စဉ် စစ်အစိုးရဘက်က ကေအန်ယူအဖွဲ့ ကို နားချပေးရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထိုမတ်လအတွင်း၌ပင် ထိုင်းစစ်တပ်က မဲဆောက်မြို့ရှိ ကေအန်ယူ စစ်ခေါင်းဆောင်များကို မြန်မာပြည်ဘက် ခြမ်းသို့ ပြန်နေရန် စာထုတ်ခဲ့ပြီး နောက်ပိုင်း ကေအန်ယူ ခေါင်းဆောင်များ ပြန်ခဲ့ရသည်။ ကေအန်ယူသည် ၁၉၉၀ နောက်ပိုင်းတွင် မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။ ကွယ်လွန်ခဲ့ပြီဖြစ်သော ကေအန်ယူ၏ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဘိုမြသည် ၂၀၀၄ခုနှစ်အတွင်း မြန်မာ စစ် အစိုးရ ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့တွင် နောက်ဆုံးအကြိမ် တွေ့ဆုံဆွေး နွေးခဲ့သည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကမ်းလှမ်းချက်ကို ကေအင်ယူ လက်ခံ

ဆလိုင်းပီပီ
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 08 2009 17 :26 - မြန်မာစံတော်ချိန်
နယူးဒေလီ (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်ဖိရူမ်းမှတဆင့် မြန်မာစစ်အစိုးရက ကမ်းလှမ်းသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကရင်အမျိုးသား အစည်းအရုံးက ယခုတပတ် တနင်္လာနေ့က လက်ခံလိုက်ပြီ ဖြစ်သည်။ ကမ်းလှမ်းချက်နှင့် စပ်လျဉ်း၍ တနင်္လာနေ့က ဘန်ကောက်မြို့တွင် တနာရီကျော်ကြာ ပြုလုပ်ခဲ့သော အလွတ်သဘော ဆွေးနွေးပွဲတွင် KNU က လက်ခံကြောင်း တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။ “နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလိုတာကြောင့် စစ်အစိုးရက ကမ်းလှမ်းလာတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကျနော်တို့ လက်ခံလိုက်တဲ့အကြောင်း သူတို့ကို (ထိုင်းတွေကို) ပြောလိုက်ပါပြီ” ဟု ကေအင်ယူ ဒုဥက္ကဋ္ဌ စောဒေးဗစ် တာကပေါက မဇ္ဈိမကို ယနေ့ ပြောသည်။ သို့သော် ဆွေးနွေးပွဲကျင်းပမည့် နေ့ရက်နှင့် နေရာကိုမူ သတ်မှတ်ခြင်း မပြုရသေးပါ။ ဒေးဗစ်တာကပေါ ဦးဆောင်၍ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် ပါဝင်သည့် KNU ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် KNU နှင့် စစ်အစိုးရအကြား ဝင်ရောက် ညှိနှိုင်းပေးနေသည့် ဝန်ကြီး ကဆစ် (Kasit Piromya) နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနမှ အခြားအရာရှိများကို တွေ့ဆုံခဲ့ကြသည်။ အစည်းအဝေးအတွင်း ကဆစ်က မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသန်းစိန် ပြောဆိုလိုက်သည့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် KNU နှင့် ဆွေးနွေးလိုပါကြောင်း စစ်အစိုးရ၏ မှာကြားချက်ကို ထုတ်ဖော်ပြောဆိုခဲ့သည်။ “အမျိုးသား ရင်ကြားစေ့ရေးနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် သိန်းစိန်က ကျနော်တို့နဲ့ ဆွေးနွေးလိုတယ်ဆိုတဲ့အကြောင်း သူတို့ (ထိုင်းတွေ) က ကျနော်တို့ကို ပြောပြပါတယ်။ မစ္စတာ ကဆစ်က ဒီကိစ္စမှာ သူက ကူညီဆောင်ရွက်ပေးသူအဖြစ် ပါဝင်မယ့်အကြောင်းလည်း ပြောပါတယ်” ဟု စောဒေးဗစ်တာကပေါက ပြောသည်။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရေးအတွက် KNU ကို ဖျောင်းဖျနားချပေးဖို့အရေး ပြီးခဲ့သည့်လက သွားရောက်ခဲ့သော သူ၏ ၂ ရက်ကြာ ခရီးစဉ်အတွင်း မြန်မာဝန်ကြီးချုပ်က မစ္စတာကဆစ်ကို အကူအညီတောင်းခဲ့သည်။ “စစ်အစိုးရက ပြဿဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းချင်တယ်ဆိုရင် ကျနော်တို့ကလည်း ဆွေးနွေးဖို့ အဆင်သင့် ရှိပါတယ်” ဟု စောဒေးဗစ်တာကပေါက ပြောဆိုပြီး၊ KNU အနေဖြင့် ရှေးဦးစွာ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပရန်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် စစ်အစိုးရကို ဆက်လက်တိုက်တွန်း ပြောဆိုသွားမည်ဟုလည်း သူက ဆိုသည်။ ဤအတောအတွင်း ထိုင်း-မြန်မာ နယ်စပ်အနီး ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်အတွင်း ယင်းတို့၏ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ကို KNU ၏ ခွဲထွက်အဖွဲ့ဖြစ်သော ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA) က အသစ်တဖန် ထိုးစစ်ဆင်နေမှုများကို မြန်မာစစ်တပ်က ကူညီနေသည်ဟု စောဒေးဗစ်တာကပေါက စွပ်စွဲပြောကြားသည်။ ယင်းထိုးစစ်များကို KNLA တပ်ရင်းများက ပြောက်ကျားနည်းဗျူဟာ သုံး၍ ပြန်လည်တုံ့ပြန်လျက်ရှိသည်။ “ကော့ကရိတ်ခရိုင်ထဲမှာ DKBA စစ်တပ်က ကျနော်တို့ကို တိုက်ခိုက်နေတာကို မြန်မာစစ်တပ်က ကျောထောက်နောက်ခံ ပြုပေးထားပါတယ်။ ကျနော်တို့ကလည်း ပြောက်ကျား စစ်ရေးနည်းပရိယာယ်တွေနဲ့ လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်” ဟု သူက ပြောသည်။ “ကျနော်တို့ (KNU နဲ့ စစ်အစိုးရ) ဟာ တဖက်နဲ့ တဖက် စကားပြောနေတုန်း တိုက်လည်း တိုက်နေကြတာပဲ” ဟု သူက ဆက်ပြောသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးအတွက် လက်နက်ကိုင်တိုက်ပွဲကို ၁၉၄၈ ခုနှစ်တွင် စတင်လိုက်ကတည်းက KNU သည် မြန်မာစစ်အစိုးရနှင့် ယခင်က ၅ ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်သည်။ ၂ဝဝ၄ ခုနှစ်အတွင်းက ယခင်မြို့တော်ဟောင်း ရန်ကုန်တွင် ကျင်းပသော နောက်ဆုံးအကျော့ ဆွေးနွေးပွဲများအတွင်း ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် KNU ၏ ကွယ်လွန်သူ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကြီးမြတို့ နှစ်ဖက်အကြား ‘လူကြီးလူကောင်း သဘောတူညီချက်’ ဟု လူသိများသော အပစ်အခတ် ရပ်စဲရေး နှုတ်ကတိကို ရရှိခဲ့သည်။ သို့သော် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်ပိုင်းမှ သန့်စင်ဖယ်ရှားခဲ့အပြီးတွင် အဆိုပါ ဆွေးနွေးပွဲများ ရပ်ဆိုင်းသွားခဲ့သည်။ ငြိမ်းချမ်းရေး ကြိုးပန်းမှုများနှင့် စပ်လျဉ်း၍ ယခင်လက ထုတ်ပြန်ခဲ့သော KNU ၏ ကြေညာချက်တွင် “အာဏာရယူထားသော စစ်အစိုးရဘက်မှ ရိုးသားမှု မရှိခြင်းကြောင့် KNU နှင့် မြန်မာစစ်အစိုးရ အဆက်ဆက် အကြား အစဉ်တစိုက် ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပျက်ပြားခဲ့ရသည်” ဟု ရေးသားထားသည်။ ယခုလ ၄ ရက်နေ့ထုတ် မြန်မာနိုင်ငံ၏ နိုင်ငံတော်ပိုင် သတင်းစာ ‘မြန်မာ့အလင်း’ တွင် ကွယ်လွန်သူ KNU ခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကြီးစောဗိုလ်မြ၏ သား နေစိုးမြ သည် ကရင်သူပုန် ၇၁ ဦးကို ခေါင်းဆောင်ကာ စစ်အစိုးရဘက်သို့ မတ်လ ၃ဝ ရက်နေ့က ကူးပြောင်းဝင်ရောက်ခဲ့သည်ဟု ရေးသားထားသည်။ သို့သော် စောဒေးဗစ်တာကပေါကမူ အဆိုပါ စစ်အစိုးရဘက်သို့ ကူးပြောင်းခိုဝင်သွားသော ကရင်စစ်သား ၇၁ ဦး ဆိုသည်မှာ ၄ ဦးသာ KNLA တပ်ဖွဲ့ဝင်များဖြစ်ပြီး၊ ကျန်သူများမှာ အရပ်သားများသာ ဖြစ်သည်ဟု ပြောသည်။ ဤသို့ ကရင် ၇၁ ဦး KNU မှ ခွဲထွက်သွားရခြင်းမှာ မြန်မာစစ်အစိုးရ အထူးသဖြင့် ဗိုလ်မှူးချုပ် စောဌေးမောင် ခေါင်းဆောင်သည့် DKBA အဖွဲ့က ငွေနှင့် ဖျားယောင်း၍ ဖြစ်ရသည်ဟုလည်း သူက ဆက်ပြောသည်။ “ဒီလိုခြစားနေတဲ့ မကောင်းတဲ့သူတွေ ကူးပြောင်းသွားတာ KNU အတွက် ပိုတောင် ကောင်းပါသေးတယ်” ဟုလည်း သူက ဆက်ပြောသွားသည်။

Myanmar’s Karen face further plights

2009 April 6
tags: , , , , , ,
by peacerunning
Monday, April 6, 2009
THE announcement on Saturday of the March 30 mass surrender of 159 Karen soldiers and families led by Nay Soe Mya, a son of late Karen rebel leader general Bo Mya, has stirred a mixed reaction from stakeholders and international observers of the Karen rebels’ 60-year fight for independence.
The ethnic Karen’s ongoing fight for autonomy is becoming increasingly difficult to sustain as Myanmar’s military chips away at its remaining hold on the mountainous border region with Thailand, analysts say.
Nay Soe Mya, one of three surviving sons of Bo Mya - who died a legendary warrior in 2006 aged 81 - has joined Htain Maung, a former brigade leader, who was sacked from the Karen army in January 2007 after making an independent peace deal with the government, a Karen guerrilla on the Thai-Myanmar border said.
Htain Maung is believed to have been allocated land for settlement and permitted to carry on a logging trade.
“We consider them traitors who have become defeatist, and corrupt, too. They want money and they have been given (trade) concessions,” the rebel fighter said. Nay Soe Mya is related by marriage to Htain Maung, he added.
The State Peace and Development Council (SPDC), as the ruling junta calls itself, is keen to suppress all potential problems ahead of elections designed to produce a “civilian government” controlled by the military early next year. The mass surrender follows an announcement by Thai Foreign Minister Kasit Piromya that he had pledged to Myanmar government leaders that Thailand would help in negotiations for the Karen National Union (KNU) ethnic minority group organisation to join Myanmar’s national reconciliation programme.
During a two-day official visit to Myanmar, Kasit said he had discussed bilateral relations with Myanmar’s Prime Minister Gen Thein Sein and his counterpart Nyan Win.
Kasit said he had told Myanmar leaders that Thailand supported that country’s national reconciliation programme, while he was told that a general election would be held next year.
Only the KNU members have not yet participated in the national reconciliation programme and if persuasion with the ethnic minority group succeeds, the fighting between Myanmar and KNU militaries would be resolved, Kasit said.
The Karen National Union’s deputy chairman, David Takapaw, has welcomed Thailand’s offer to mediate talks between the KNU and the Burmese regime, but said they would have to be held outside Burma.
“We are always ready for peace talks,” he told The Irrawaddy. “But we will not attend any talks in Burma at this time. Talks must be held in another country.”
Thai Foreign Minister Kasit Piromya said he would approach the KNU in the hope of getting talks started. It was in Thailand’s interest for peace to reign in Burma, he said.
Thai army officials recently asked Karen rebel leaders living in the Thai border town of Mae Sot to return to KNU-controlled areas of Karen State. The rebels belong to the KNU’s armed wing, the Karen National Liberation Army (KNLA).
Burmese researcher Aung Thu Nyein said the Thai government’s efforts to help bring about peace talks between the Burmese regime and the KNU would increase pressure on KNU leaders who live in Thailand.
“Thailand needs border stability for trade with the Burmese regime,” he said. “From an economic point of view, this might put more pressure on the KNU leaders to talk to the regime.”
The KNU has engaged in peace talks with the Burmese regime four times since the present regime took power in 1988.
The late chairman of the KNU, Gen Saw Bo Mya, held peace talks with regime leaders in Rangoon in 2005, two years before his death. Contacts have been at a standstill since then.
KNU Deputy Chairman Takapaw said whenever the KNU talked to the regime “they always insist that we give up our arms and return to the ‘legal fold’. But how we can agree to live under a regime that isn’t the official government?”
Takapaw said that if the KNU agreed to talks on Burmese territory the Burmese negotiators would have the upper hand. “Such a meeting wouldn’t be on equal terms,” he said.
The KNU has been in conflict with the Burmese army for nearly 60 years. As such, one commentator accorded it as either currently the world’s longest fight for automony or the most extended exercise in futility. The KNU turned to guerrilla tactics after regime forces overran its headquarters in 1995.
Burmese army offensives have been accompanied by the destruction of Karen villages, displacement of local poeple, the killing of civilians and other serious human rights abuses. More than 100,000 Karen are now in refuge camps on the Thai-Burmese border.
http://www.bt.com.bn/en/focus/2009/04/06/myanmars_karen_face_further_plights
from → Burma


A joint force of Burmese and pro-junta Karen troops attacked the base camp of a Karen National Liberation Army (KNLA) battalion early Monday morning,

2009 April 7
tags: , , , , , , ,
by peacerunning
Burmese, Breakaway Karen Troops Attack KNLA Base
A joint force of Burmese and pro-junta Karen troops attacked the base camp of a Karen National Liberation Army (KNLA) battalion early Monday morning, according to Karen rebel sources.
Sources from the Karen National Union (KNU), the political wing of the KNLA, said that fighting broke out in Valeki, where the KNLA’s Battalion 201 is based, at around 6 a.m. Monday and lasted about 20 minutes.There were no casualties reported in the clash, which started after a combined force of around 100 Burmese and Karen troops launched an attack on the KNLA base.
The sources said they expected KNLA Battalion 201 to come under further attacks from the Burmese army’s Light Infantry Battalion 356 and Battalion 907 of the Democratic Karen Buddhist Army (DKBA), a Karen ceasefire group that broke away from the KNU more than a decade ago.
Capt Bu Paw of the KNLA’s Battalion 201 said, “We heard that they will attack us until they get control of our area. But they didn’t seem to be able to launch a big attack.”
The battalion has come under fire repeatedly since late last year, as the Burmese army and its Karen proxies try to wrest control of the area from the KNLA because of the profits to be gained from agriculture, logging and mining in the area.
The KNU has been fighting for autonomy since Burma gained independence from British colonial rule in 1948. The DKBA split from the KNU in late 1994 and soon after signed a ceasefire agreement with the Burmese military government. Several other splinter groups have signed separate peace agreements with the military regime since then.
On Saturday, the state-run newspaper, The New Light of Myanmar, reported that 71 Karen rebels led by Nay Soe Mya, son of the late KNU leader Gen Saw Bo Mya, defected to the Burmese military government on March 30.
Irrawaddy.news

“knuthaimeet” Kwekalu News


THE 88 GENERATION STUDENTS”Open Letter to the Burmese Government”

2009 April 7
tags: , , , ,
by peacerunning
Should the State Peace and Development Council respect human rights and move towards changes in the interest of the country and all its people, the sanctions in protest against the SPDC’s violations of human rights, would be removed.
1. Burma is facing severe political, social and economic crises. Due to the global economic recession, the people of Burma will soon confront even more severe crises.2. To overcome these crises is a task for all the people. Thus, the National League for Democracy has proposed to the SPDC to tackle these issues through dialogue.
3. The NLD and the Committee Representing the People’s Parliament (CRPP) has called for the SPDC to take the following actions: the unconditional release of all political prisoners including Aung San Suu Kyi; to convene parliament; to commence political dialogue; and to review the constitution. The 88 Generation Students Group believes these actions are urgently needed in order to overcome the crises in the country. These calls are reiterated by stakeholders inside and outside the country as well as the international community.4. The SPDC has failed to realise these calls, and continues to implement repressive measures including placing restrictions on movements of, and arresting, activists struggling for democracy and human rights. Countries that respect democracy and human rights have taken political, social and economic sanctions against the SPDC. 5. Regarding the sanctions, when meeting UN Special Envoy Gambari, Prime Minister Theing Sein asked that “the UN should first make efforts for lifting economic sanctions” and accused Aung San Suu Kyi and the NLD of causing the sanctions. Making such accusations against Aung San Suu Kyi, the NLD, activists and Western nations will not get the sanctions lifted.
6. These countries have put in place sanctions against the SPDC in protest against the severe violations of democratic and human rights the SPDC exercises.
7. No other individual and/or organisation than the SPDC military government can do what is necessary to end these sanctions. The 88 Generation Students Group firmly believes that should the SPDC immediately respect the above calls made by the NLD and the CRPP, the sanctions would be removed one after another.
8. In the current situation, it is time for the military government to move towards changes in the interest of the country and the people.
9. The 88 Generation Students urge the military government to respect the calls made by all forces inside and outside the country as well as members of the international community.
If the SPDC does not respect these calls, the responsibility for the negative consequences the country will suffer will rest solely with the SPDC.
THE 88 GENERATION STUDENTSBangkok
thanks for translating and thx to nation BKK

Monday, April 6, 2009

နအဖရဲ့ ခါးပိုက်ဆောင်တပ် အပိုင်း(၁)

ဗိုလ်ထက်မင်း NEJ
ဧပြီလ(၆) ရက်၊ ၂၀၀၉
နအဖဟာ အပစ်ရပ်အဖွဲ့တွေကို နည်းဗျူဟာအမျိုးမျိုးနဲ့ နိုင်ငံရေး ကစားကာ ထိတွေ့ဆက်ဆံခဲ့သလို တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ကျတော့ တခြား အပစ်ရပ်အဖွဲ့တွေနဲ့ မတူဘဲ ကကကြည်းရဲ့  အရန်တပ်အဖြစ် လျှို့ဝှက်ထား ဆက်ဆံခဲ့ပါတယ်။

ဒါကိုကြည့်ရင် နအဖဟာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကို တော်တော်လေး ကြောက်ရွံ့လို့ Buffer ယူထားကြောင်း တွေ့ရမှာဖြစ်ပါတယ်။ ဒီကေဘီအေကို နအဖက ငြိမ်းချမ်းရေးရယူထားတဲ့ အဖွဲ့အစည်းလို့တောင် တရားဝင် မကြေညာဘဲ ကေအန်ယူနဲ့ ကြားခံနယ်မြေ Buffer ထားရာမှာ ခါးပိုက်ဆောင်တပ်အဖြစ် သုံးလာပုံတွေနဲ့ စတင်ပေါ်ပေါက်လာပုံတွေကို ဖော်ပြပါ့မယ်။ နအဖရဲ့  အတွင်းရေးတွေကို သိထားခြင်းအားဖြင့် ဒီမိုကရေစီ ဘက်တော်သား တွေအနေနဲ့ အကျိုးရှိရှိ စစ်ရေး မဟာဗျူဟာ အမြင်ဖြင့် စဉ်းစားသုံးသပ်နိုင်အောင် တင်ပြလိုက်ရပါတယ်။

ကေအန်ယူဟာ ၁၉၈၈ နောက်ပိုင်းမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) ကျောင်းသားတပ်မတော် အင်အားစုများနဲ့ တောင့်တင်းခိုင်မာနေပြီမို့ မာနယ်ပလော ဌာနချုပ်နဲ့ ၀မ်ခ၊ မော်ဖိုးကေ၊ မဲသဝေါကဲ့သို့ ခံစစ်စခန်းကြီးများကို စစ်တပ်အနေနဲ့ အသေအလဲ တိုက်ခိုက်နေခဲ့ရပါတယ်။

၁၉၈၈ အရေးအခင်းပြီးကာစ မဲသဝေါ စခန်းတိုက်ပွဲမှာ အကျအဆုံးများစွာနဲ့ တပ်မ (၆၆) ဟာ ရင်ဆိုင်နေရတာမို့ တပ်မမှူး ဗိုလ်မှူးကြီးတင်ဦး၊ ဒု-တပ်မမှူး ဗိုလ်မှူးကြီး ခင်အောင်ဗလနဲ့ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး သူရစိုးအောင် အပါအ၀င် အခြား နည်းဗျူဟာမှူး (၃) ဦးကိုပါ စစ်အာဏာရှင်တွေက ဖြုတ်၊ ထုတ် အရေးယူခဲ့ပါတယ်။

ဗိုလ်မှူးကြီး ခင်အောင်ဗလ ဆိုရင် သူ့ပခုံးပေါ်က ကြယ်ပွင့်များကို စားပွဲပေါ်ပစ်တင်သွားတဲ့အထိ စစ်အာဏာရှင်များ ရဲ့  လက်အောက်ငယ်သားများအပေါ် လက်လွတ်စပယ် ပစ်ထားပြီး ခိုင်းစေမှု၊ အရေးယူမှုတွေကို ခံပြင်းလွန်းလို့ ပေါက်ကွဲမှု တွေ ဖြစ်ခဲ့ကြပါတယ်။

အဲဒီအချိန်မှာ ကေအန်ယူမှ ခွဲထွက်လာတဲ့ ဖဒိုသာထူးကျော်နဲ့ အရာခံဗိုလ်ကျော်သန်း ဦးစီးသော ဒီကေဘီအေ တပ်ဖွဲ့များ ကို ဗိုလ်သန်းရွှေက မြှောက်ပေးပြီး စစ်ရေး အမြတ်ထုတ်နိုင်ဖို့ ဗိုလ်ခင်ညွန့်နဲ့ ဗိုလ်မောင်လှတို့ကို တာဝန်ပေးအပ်ခဲ့ပါတယ်။

ဗိုလ်မောင်လှကို စစ်ရာထူးခန့်ချုပ် တာဝန်ပေးထားတယ်ဆိုပေမယ့် တပ်မ (၄၄) နည်းဗျူဟာမှူးဖြစ်ခဲ့တုန်းက ကရင်ပြည်နယ်မှာ ကေအန်ယူနဲ့ တိုက်ပွဲအတွေ့အကြုံ ရှိထားပြီး စစ်ရေးစစ်ရာ ထူးချွန်တဲ့သူမို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ရဲ့  အထူးလုပ်ပိုင်ခွင့် ရထားတဲ့ စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် ရွေးချယ်တာဝန်ပေး ခန့်အပ်ကာ ဒီကေဘီအေ ကို သြဇာညောင်းမယ့် မြိုင်ကြီးငူ ဆရာတော်ထံ စေလွှတ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဗိုလ်မောင်လှဟာ ကမာမောင်းရှိ မြိုင်ကြီးငူ ဆရာတော်ထံ ငွေကျပ် (၅) သိန်း ကပ်လှူပြီး တပ်မတော်ကို ဒီကေဘီအေက ပူးပေါင်းကာ ကေအန်ယူအား တိုက်ခိုက်ပေးဖို့နဲ့ လက်နက်ခဲယမ်း၊ ရိက္ခာများထောက်ပံ့ပေးမှာ ဖြစ်ကြောင်း တွန်းအားပေး လျှောက်ထားခဲ့ပါတယ်။

ဗိုလ်ခင်ညွန့်ကလည်း မြိုင်ကြီးငူ ဆရာတော်အနေနဲ့ စစ်ရုံးသို့ အရေးပေါ် တိုက်ရိုက်ဆက်သွယ်နိုင်ဖို့ ဖုန်းတလုံး တပ်ဆင်ပေးတဲ့အပြင် မြိုင်ကြီးငူဒေသအတွင်း လုပ်ချင်တာကို လုပ်လို့ရအောင် ရွှေသံလွင်ကုမ္ပဏီ ကျော်ဝင်းအား တာဝန်ပေးပြီး ငွေကြေး၊ ပစ္စည်းအင်အား ပံ့ပိုးခဲ့ပါတယ်။

ဒါ့အပြင် ဆက်ဆံရေးအရာရှိအဖြစ် ကရင်လူမျိုးများ ဖြစ်ကြတဲ့ ထောက်လှမ်းရေးတပ်မှ ဗိုလ်ကြီးစောဆေးထူးနဲ့ ကရင်ပြည်နယ် ပ၀တ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးစောခင်စိုးတို့ကို ဒီကေဘီအေအား စည်းရုံးဆက်ဆံရေးအတွက် အထူးတာဝန် ပေးအပ်ခဲ့ပါတယ်။

ဗိုလ်မောင်လှဟာ အထိနာခဲ့တဲ့ တပ်မ (၆၆) ရဲ့ မဲသဝေါ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး လုပ်ပိုင်ခွင့် အပြည့်အ၀ သုံးခဲ့ပါတယ်။ အဲဒါကတော့ လေတပ်နဲ့ စစ်ရုံးမှ သေနတ်သံ တောင် မကြားဖူးတဲ့ ပညာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးများ အပါအ၀င် အမြောက် ညွှန်ကြားရေးမှူးတို့ကိုပါ ဗိုလ်ချုပ်အဆင့်မှ သည် လက်နက်ကြီး သင်တန်းများ ဖွင့်လှစ်တဲ့ တပ်ကြပ်သင် ကျောင်းကဲ့သို့ စစ်ကျောင်းကြီးများမှ လက်ရွေးစင် လက်နက်ကြီး နည်းပြ၊ လက်ဖြောင့် တပ်ကြပ်ကြီး ဆရာကြီးများအထိ အကုန် လုံးကို ကရင်ပြည်နယ် ရှေ့တန်းသို့ မောင်းချပါတော့တယ်။

တပ်များအလုံးအရင်း စုဆောင်းနေချိန်မှာ တပ်မ (၆၆) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး သူရရွှေမန်း (အခု နအဖ ညှိနှိုင်း ကွပ်ကဲရေးမှူး) နဲ့ တပ်မှူးကြီးများကို ကကလှမ်း ရုံးခန်းတွင် လှမ်း (၁) ဌာနမှူး ဗိုလ်မှူးချုပ် ကျော်သိန်းနဲ့ ဗိုလ်မှူး အောင်လင်းထွဋ် တို့က ကရင်ပြည်နယ် စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ရန်သူ့သတင်း အသေးစိတ် အခြေအနေ Briefing ပေးခဲ့ပါတယ်။

Briefing ကတော့ မာနယ်ပလော ဌာနချုပ်ရဲ့  နောက်ဆုံး အခြေအနေ၊ ဒီကေဘီအေဖြစ်ပေါ်လာမှု အခြေအနေနဲ့ ကေအန်ယူမှ ခွဲထွက်လာသော ဒီကေဘီအေအား မြှောက်ပေးကာ စစ်ရေး အမြတ်ထုတ် အသုံးချမယ့် အစီအစဉ်များအား ရှင်းပြခဲ့ခြင်း ဖြစ်ပါတယ်။

အဲဒီအချိန်မှာပဲ ကကပြည်မှ စိတ်ဓာတ်စစ်ဆင်ရေး ၀ါဒဖြန့်ချိရေးအရ ရေဒီယိုမှ ကရင်လူထုနဲ့ ကရင်တပ်ဖွဲ့ဝင်များ ထင်ယောင်ထင်မှား ဖြစ်စေဖို့ ကေအန်ယူမကောင်းကြောင်း လုပ်ကြံသတင်းများ ဆက်တိုက်ထုတ်လွှင့်ပေးနေဆဲ မှာပင် တပ်မ (၆၆) နဲ့ ဒီကေဘီအေတို့ ပူးပေါင်းကာ မာနယ်ပလောဌာနချုပ်ကို စတင် တိုက်ခိုက်ခဲ့ပါတော့တယ်။

ပွိုင့် (၄၀၄၄) ခွေးအိပ်တောင်ကို ခြေကုပ်ရယူထားပြီး ဖြစ်သော်လည်း မာနယ်ပလောရဲ့ အရှိန်အ၀ါ ကြီးမားမှု ကြောင့် ဗိုလ်သူရရွှေမန်းခမျာ သူရဘွဲ့ ရခဲ့တာတောင်မှ အားမနာဘဲ ကြောက်ရွံ့နေခဲ့ပါတယ်။ ကကလှမ်းရဲ့  သူလျှိုများက ယင်းဌာနချုပ်တွင် လူနဲ့ပစ္စည်းများ အကုန်စွန့်ခွာ သွားခဲ့ပြီးဖြစ်ကြောင်း ရန်သူ့သတင်းအား ပေးပို့နေတာတောင် ဗိုလ်သူရရွှေမန်းခမျာ မ၀ံ့မရဲ ဖြစ်နေရှာပါတယ်။

နောက်ဆုံး ဒီကေဘီအေ အရာခံဗိုလ်ကျော်သန်းတို့က တွန့်ဆုတ် တွန့်ဆုတ်လုပ်နေတဲ့ သူ့ကို အတင်းလက်ဆွဲကာ ရှေ့က အသေခံ သွားတိုက်ပြမယ်ဆိုမှ ခြေကြွတော်မူပါတယ်။ ဌာနချုပ် စခန်းကြီးကို သွားတဲ့လျှို့ဝှက်လမ်းများ အား ဒီကေဘီအေ က သိနေတာကြောင့်လည်း အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

နအဖကို ဒုက္ခပေးနေတဲ့ အဲဒီဌာနချုပ်စခန်းကြီးကို သိမ်းပိုက်ပြီးတာနဲ့ ဟန်တောင်မဆောင်နိုင်ဘဲ ဗိုလ်သန်းရွှေနဲ့ ဗိုလ်ခင်ညွန့် တို့ဟာ ရဟတ်ယာဉ်ဖြင့် ဖုတ်ပူမီးတိုက် အပြေးသွားရောက် ကြည့်ရှုခဲ့သေးရာ နိုင်ငံတော် ကာကွယ်ရေး မဟာဗျူဟာ (National Defense Strategy) အရ ဟန့်စစ်၊ ခွာစစ်၊ ခံစစ် နည်းဗျူဟာတွေမှာ Counter attack လက်နက်ကြီးနဲ့ ကေအန်ယူက ပြန်ပစ်ခဲ့ရင်တောင် အလောင်းတွေ မရှုမလှ ကျဆုံးနိုင်ပါတယ်။

ဝမ်ခစခန်း အသစ်ရော အဟောင်းပါ စခန်းကြီးများကို စစ်တပ်က ဆက်တိုက်တဲ့အခါမှာတော့ စစ်တပ်က အရာရှိစစ်သည် အသက်ပေါင်းများစွာပေးခဲ့ရပြီး အိုမီဂါပုံစံ ခံစစ်ယူထားတဲ့ မဆုတ်တမ်းဝမ်ခ (အသစ်) စခန်းကြီးဟာ နာမည်ကြီး လှပါတယ်။

တကယ်ကတော့ ဒီကေဘီအေ အနေနဲ့က နအဖကို မချစ်သော်လည်း အောင့်နမ်းပြီး အမှီရှာခဲ့တဲ့ သဘောမျိုးတော့ ရှိတာသိရပါတယ်။

ဖြစ်စဉ်တခုက ဒီကေဘီအေဟာ စစ်တပ်က ဗျူဟာမှူး ဗိုလ်မှူးကြီး မြင့်ထွန်း (ယခု မီးသတ်ညွှန်ကြားရေးမှူးချုပ်) ရဲ့  အမိန့်ကို နားမထောင်လို့ ဗိုလ်မြင့်ထွန်းက ကကလှမ်းကို ဒီကေဘီအေတွေ အကြောမာကြောင်း ညည်းတွား တိုင်ကြား ခဲ့တယ်လို့ သိရပါတယ်။ ကေအန်ယူနဲ့ ဒီကေဘီအေက တချို့ အောက်ခြေရဲဘော်တွေဟာ ကရင်လူမျိုး အချင်းချင်း မြေပြင်မှာ နားလည်မှုယူကြတဲ့ အနေအထားမျိုး ရှိတယ်လို့လည်း သိရပါတယ်။

အပစ်ရပ် အဖွဲ့တွေအနေနဲ့ နအဖက ချကျွေးတဲ့ အရိုးအရင်းတွေနဲ့သာ နပန်းလုံးနေရလို့ ညည်းတွားနေကြပြီး နိုင်ငံတကာက သူတို့ရဲ့  ရပ်တည်ရေး၊ စားဝတ်နေရေးကို တာဝန်ယူ ထောက်ပံ့မယ်ဆိုရင် နအဖကို လက်တွဲဖြုတ် မယ့် အလားအလာ ရှိတယ်လို့ သိရပါတယ်။

Posted by အဲခေါင်သောင့်
ဧပြီလ(၆) ရက်၊ ၂၀၀၉

အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စတွင် ထိုင်း-မြန်မာနယ်စပ်မှ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များပါဝင်ရန် ထိုင်းအစိုးရအား မြန်မာစစ်အစိုးရဘက်မှ ဖိအားပေးသည့်အတွက် ကေအန်ယူ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ ယနေ့ဘန်ကောက်မြို့တွင် စတင်တွေ့ဆုံဆွေးနွေးမည်ဟု အမည်မဖော်လိုသည့် ကေအန်ယူအရာရှိတဦးက ပြောသည်။ထိုင်းနိုင်ငံခြားရေးဌာန တာဝန်ရှိသူများနှင့် ဆွေးနွေးသည့် ကေအန်ယူ ကိုယ်စားလှယ်များမှာ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘော၊ အထွေအထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဖြစ်သည်။အဆိုပါဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်ပါဝင်ခြင်းရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ယခုသတင်းရေးချိန်ထိ ပဒိုဒေးဗစ်သကဘောအား ခေတ်ပြိုင်က ဆက်သွယ်ခဲ့သော်လည်း ဆွေးနွေးနေဆဲဖြစ်၍ ဆက်သွယ်မရခဲ့ပေ။မကြာခင်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းတို့ တွေ့ဆုံရာတွင် ကေအန်ယူအား နားချပေးရန် ဦးဉာဏ်ဝင်းက တောင်းဆိုခဲ့သည်။ ကေအန်ယူက မြန်မာစစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို မည်သည့်အတွက် လက်မခံနိုင်ကြောင်း မိမိကိုယ်တိုင် ကေအန်ယူ ပြောသည်ကို ကြားလိုသည်ဟုလည်း ကဆစ်က ပြောခဲ့သည်။ထို့ကြောင့် ယခုဆွေးနွေးပွဲတွင် မြန်မာစစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး ကေအန်ယူ၏ သဘောထားကို ဆွေးနွေးရန်များသည်ဟု ခေတ်ပြိုင်သတင်းထောက်က ယူဆသည်။ကဆစ် မြန်မာနိုင်ငံသွားခဲ့ခြင်းသည် ထိုင်းတွင်သောင်တင်နေသည့် ရိုဟင်ဂျာ ဒုက္ခသည်များအရေးကို စစ်အစိုးရက မည်သို့ကူညီမည်ဆိုသည့်ကိစ္စ ဆွေးနွေးရန်ဖြစ်သည်။ ရိုဟင်ဂျာကိစ္စအတွက် မြန်မာဘက်က မည်သို့ ထိုင်းအား ကူညီမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ကေအန်ယူကို လက်နက်ချရေးကိစ္စအတွက် ထိုင်းအစိုးရ က ဆွေးနွေးပေးရန် စစ်အစိုးရဘက်က တောင်းဆိုခဲ့ခြင်းဖြစ်သည်။သို့သော် ထိုင်းနိုင်ငံသည် ဒီမိုကရေစီစနစ်ကို စံထားသည့် နိုင်ငံဖြစ်သည့်အတွက် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အပါအ၀င် တော်လှန်ရေးအဖွဲ့အစည်းများအား ဆိုးဆိုးဝါးဝါးအခြေအနေမျိုးရောက်အောင် တွန်းပို့မည့် နိုင်ငံမဟုတ်ဟု ယုံကြည်ကြောင်း ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက အစောပိုင်းတွင် ပြောခဲ့သည်။“ထိုင်းအစိုးရဟာ မြန်မာစစ်အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်ကို ထောက်ခံသလို ရုဒ်မက် (၇) ချက်နဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကိုလည်း ထောက်ခံပါတယ်။ ကေအန်ယူကို လက်နက်ချရေးကိစ္စအတွက် ဆွေးနွေးဖို့ မြန်မာစစ်ခေါင်းဆောင်တွေကို ကျနော် ကတိပေးခဲ့ပါတယ်။ အဲသလို ဆွေးနွေးဖို့ မြန်မာစစ်ခေါင်းဆောင် တွေက ကျနော်တို့ကို ယုံကြည်ပုံရပါတယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်က ပြောသည်။ထိုင်းအာဏာပိုင်များသည် ကရင်အမျိုးသားအစည်းအရုံးမှ ခေါင်းဆောင်များကို ထိုင်းနိုင်ငံအတွင်းနေထိုင်ခွင့်မပြုဘဲ မိမိတို့တပ်စခန်းများတွင်သာ ပြန်လည်နေထိုင်ရန် ယခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက် နေ့စွဲဖြင့် အသိပေးအကြောင်း ကြားစာ ပေးပို့ခဲ့ပြီးဖြစ်သည်။

Sunday, April 5, 2009

ဧပြီလ(၃) ရက်၊ ၂၀၀၉

နအဖနှင့် ငြိမ်းချမ်းရေးရယူထားသည့် ကရင်ခွဲထွက်အဖွဲ့များအပါအ၀င် ငြိမ်းချမ်းရေးအဖွဲ့များအားလုံး နအဖ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် လက်နက်များ ဖြုတ်သိမ်းမည်မဟုတ်ဘဲ နယ်ခြားစောင့်တပ်များအဖြစ် ပြန်လည်ဖွဲ့စည်းပေးမည်ဟု နအဖ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်က ပြောသည်။စောဌေးမောင်ဦးဆောင်သည့် ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ လွန်ခဲ့သည့် ဖေဖော်ဝါရီလ (၁၈) ရက်က နေပြည်တော်၌ တွေ့ဆုံရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်က စောဌေးမောင်နှင့် အဖွဲ့ဝင်များကို ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်က “ဒီအဖွဲ့တွေနဲ့ ပတ်သက်ပြီးပြောရရင် တပ်မတော်ကနေပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲ ပြီးရင် ငြိမ်းချမ်းရေးတပ်တွေ ဘာပြဿနာမှ မရှိဘူး။ နယ်ခြားစောင့်တပ်အဖြစ်နဲ့ ငါတို့ အကုန်ပြန်ဖွဲ့ပေးမယ်” ဟု ပြောသည်။ဆွေးနွေးပွဲတွင် စောဌေးမောင်အဖွဲ့အပါအ၀င် နအဖနှင့် ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့အစည်းများကိုလည်း စရဖ အရာရှိချုပ်က သွယ်ဝိုက်သောနည်းဖြင့် ခြိမ်းခြောက်ပြောဆိုခဲ့ရာတွင် “နောက်တခုကွာ မင်းတို့ကို ငါဖွင့်ပြောလိုက် မယ်။ ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ ပတ်သက်ပြီး မင်းတို့သေနတ်တွေကို အတင်းမသိမ်းဘူး၊ အဓမ္မမခိုင်းဘူး၊ မင်းတို့ သေနတ်ထက်ကောင်းတဲ့ သေနတ်တွေ ငါတို့မှာ အများကြီးပဲ သိတယ်မဟုတ်လား။ ဖထီးတို့ သေနတ်ကလေး ဘာရှိလို့လဲ ငါတို့မှာ အများကြီးပေးလို့ရတယ်” ဟု ပြောသည်။ကေအန်ယူမှ ငြိမ်းချမ်းရေးကောင်စီအဖွဲ့သို့ ပထမဆုံးအကြိမ်သွားရောက်ခဲ့သည့် ဗိုလ်ချုပ်ကြီးမြ၏သားငယ် စောနေစိုးမြလည်း ၎င်းဆွေးနွေးတွင်ပါဝင်ခဲ့ရာ ဗိုလ်ချုပ်ကြီးရဲမြင့်က “မင်းဒီကနေပြန်ရင် ဒီကအခြေအနေတွေကို ပြောပြပါ။ ကျန်တဲ့အဖွဲ့တွေ လာမယ်ဆိုရင်လည်း အခုချိန်ထိ လမ်းဖွင့်ထားတယ်။ မင်းတို့အားလုံး လာနေကြည့်ပါ၊ မကြိုက်ရင်ပြန်သွား၊ ငါလည်း ပြောစရာ စကားလုံးက မရှိတော့ဘူး” ဟု ပြောသည်။ထိုတွေ့ဆုံပွဲအပြီးတွင် စောနေစိုးမြသည် ကေအန်ယူနယ်မြေသို့ ပြန်လာပြီး ကေအန်ယူအဖွဲ့မှ နုတ်ထွက်စာတင်ကာ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ အခြေစိုက်ရာ ကော့ကရိတ်မြို့နယ် ထော့ကိုကိုး ကျေးရွာ သို့ သွားရောက်ပြီး ၎င်းအဖွဲ့၏ အဖွဲ့ဝင်တဦးအဖြစ် ကူးပြောင်းသွားခဲ့သည်။ ၎င်းနှင့်အတူ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ ဗိုလ်သဲခီးနှင့် ဗိုလ်မဟာဆွေတို့လည်း လိုက်ပါသွားခဲ့ကြသည်။ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့် ပြောကြားသည့် ငြိမ်းချမ်းရေးအဖွဲ့များကို ၂၀၁၀ ရွေးကောက်ပွဲပြီးလျှင် နယ်ခြားစောင့် တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းပေးမည်ကို တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) က ပထမဆုံး ထောက်ခံအားပေးကြောင်းကို လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်သည်။ကျန်ရှိသည့် အဖွဲ့များ၏ အခြေအနေနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးအဖွဲ့များအားလုံး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့်ကိစ္စကို အားလုံးသဘောတူ လက်ခံမည့်ကိစ္စမှာ မဖြစ်နိုင်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲပြီးလျှင် အဖြူအမည်း ကွဲပြားမည်ဖြစ်၍ ငြိမ်းချမ်းရေးအဖွဲ့အားလုံး နအဖ၏အစီအမံကို လိုက်နာမှုရှိမရှိဆိုသည်ကို စောင့်ကြည့်ရမည်ဟု ကရင်အမျိုးသားအစည်းအရုံးအဖွဲ့၏ အဆင့်မြင့်ခေါင်းဆောင်တဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။