Saturday, June 27, 2009

KAREN SOCIAL GATHERING IN JAPAN


ဒီကေဘီအေ (၉၉၉) တပ်ရင်းမှူး ချုံခိုတိုက်ခိုက်ခံရသဖြင့် သေဆုံး

သစ္စာဖေါက်သမားတို့ သွားရမည့် လမ်းပါ။
မိမိကရင်အမျိုးသားများကိုနအဖစစ်အစိုးရခိုင်းသမျှလိုက်လုပ်ပေးမိမိတဦးတယောက်ကောင်းစားရေးနိဂုံး


NEJ / ၂၆ ဇွန် ၂၀၀၉

တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) ၉၉၉ တပ်ရင်း (၇) မှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး အဆင့်ရှိသူ စောစံပြုံး (ခေါ်) ဗိုလ်ဆန်ပြုတ်နှင့်အဖွဲ့ကို အမည်မသိအဖွဲ့တဖွဲ့က ယနေ့နံနက်၌ ချုံခိုတိုက်ခိုက်ရာ ၎င်း၏ရဲဘော်များနှင့်အတူ သောင်ရင်းမြစ်အတွင်း သေဆုံးသွားသည်။
ယနေ့နံနက်ပိုင်းက ဗိုလ်ဆန်ပြုတ်နှင့်အဖွဲ့သည် တပ်မဟာ (၇) ဒေသအား ထိုးစစ်ဆင်အပြီး ၉၉၉ အထူးတပ်ရင်းတည်ရှိရာ မြဝတီခရိုင် ရွှေကုက္ကိုရွာသို့ တပ်မဟာ (၇) ဒေသမှတဆင့် စက်လှေဖြင့် သောင်ရင်းမြစ်အတိုင်း ဆန်တက်ရာ မယ်တန်နှင့် မယ်လအကြားရှိ မောင်ကလာဝဲဟုခေါ်သည့် နေရာအရောက် တွင် မြန်မာနိုင်ငံဘက်အခြမ်းမှ အမည်မသိ လက်နက်ကိုင်အဖွဲ့ တဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကြောင့် ဗိုလ်ဆန်ပြုတ် အပါအဝင် တပ်ဖွဲ့ဝင် (၁၀) ဦး သေဆုံးသွားသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။ေ
သဆုံးသူများ၏ ဈာပနကို ရွှေကုက္ကိုရှိ ၉၉၉ အထူးတပ်ရင်းတွင် စစ်အခမ်းအနားဖြင့် ပြုလုပ်မည်ဖြစ်ပြီး သေဆုံးသူများအတွက် မဲဆောက်မြို့မှ ဝယ်ယူသွားသည့် အခေါင်း (၁၀) လုံးဖြင့် ပြင်ဆင်ထားသည်ဟု ဒီကေဘီအေ အရာရှိတဦးက ပြောသည်။
ယခုသေဆုံးသွားသူ ဗိုလ်ဆန်ပြုတ်သည် ၂၀၀၈ ခု ဖေဖော်ဝါရီလက မဲဆောက်မြို့တွင် လုပ်ကြံခံရသည့် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းအား လုပ်ကြံခဲ့ရာတွင် အဓိကဦးဆောင်သူဟု ကရင်အမျိုးသားထုအတွင်း သင်္ကာမကင်းခံရသူဖြစ်သည်။
ဗိုလ်ဆန်ပြုတ်နှင့်အဖွဲ့ တိုက်ခိုက်ခံရသည့်ဒေသမှာ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် နအဖတပ်များ လှုပ်ရှားသည့်နေရာဖြစ်သည့်အတွက် မည်သူမည်ဝါ၏လက်ချက်ဟု ပြောရန်ခက်ကြောင်း ဒေသခံ များက ပြောသည်။တိုက်ခိုက်ခံရသည့် ဗိုလ်ဆန်ပြုတ်အဖွဲ့မှ ဒဏ်ရာအပြင်းအထန်ရရှိသည့် တပ်ဖွဲ့ဝင် (၈) ဦးကို ယနေ့ညနေပိုင်းတွင် မဲဆောက်ဆေးရုံသို့ ပို့ဆောင်ကုသရာ ဆေးရုံတွင် (၁) ဦး ထပ်မံသေဆုံးသွားသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။
ယခုလဆန်း (၂) ရက်နေ့မှစ၍ တပ်မဟာ (၇) ဒေသတွင် ဖြစ်ပွားသည့်တိုက်ပွဲများသည် ကရင်အဖွဲ့များအချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲသာဖြစ်ပြီး မိမိတို့အနေဖြင့် တစုံတရာပါဝင်ပတ်သက်မှုမရှိကြောင်း နအဖက ပြောကြားခဲ့သော် လည်း ဒီကေဘီအေတပ်ဖွဲ့ဝင်များကမူ ဤထိုးစစ်အား နအဖတပ်နှင့် ပူးတွဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဘားအံခရိုင်ဒေသကို နအဖနှင့်ဒီကေဘီအေ ပူးပေါင်းအဖွဲ့က ယခုလဆန်း (၂) ရက်နေ့မှစတင် ထိုးစစ်ဆင်ရာတွင် ဗိုလ်ဆန်ပြုတ်သည် ဒီကေဘီအေတပ်ဖွဲ့ကို အဓိကဦးဆောင်ပြီး တိုက်ခိုက်ခဲ့သူဖြစ်သည်။

Friday, June 26, 2009

ကရင်မှန်လျှင် အစိတ်သားကောင်မချန်နဲ

့နိုင်ငံတော်အရေးအောင်ဆန်း၏
နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံစည်းမျဉ်းဥပဒေများ

အပိုင်း (၁)
နိုင်ငံတော်အရေး ။
(က) ကရင်ပြည်ကို လုံးဝမပေးရ။
(ခ) အချက်အချာရှိသည့်နေရာမှာ ကရင်တွေကို အကြီးအကဲမထားရ။
(ဂ) အဆောက်အဦးရှိသည့်နေရာမှာ ကရင်တွေကို အကြီးအကဲမထားရ။
(ဃ) ကရင်လူမျိုးတွေကို သွေးနှောစနစ်လုပ်ရမည်။

အပိုင်း(၂)
နိုင်ငံတော်စစ်ရေး ။
ကရင်နီတောင်တန်းက အောင်ဆန်းကလူမှော် နောက်တမ်းမှတကယ်ဆော်မယ်။ကြိုးစားဘို့တွေး မေ့လျှင် တို့ကြေလိမ့်မယ်။ တောင်မှန်လျှင် အလံတွေကို မိုး ချိုးအစကရှင်း။

အပိုင်း(၃)
နိုင်ငံတော်အုပ်ချုပ်ရေးအခန်း(၁ - ၂)
အခန်း (၁) လက်ပြင်ကြ ပို့ ဆောင်ခန်း၊ ရင်နှီးစွာသွေးဆောင်။
အခန်း(၂) ဂေါရန် ခေါ် ဟိုတောင်ကြောက သောကော၍နေထိုင်၊ ရင်းနှီးစွာဘာသာနှောပြန်၊ နောက်အတည် ကျွန်ပြည်မည့်လိမ့်မည် လွှမ်းစေဘို့ တို့တန်ခိုး။

မဟာဗမာလူမျိုးကြီးအသိုင်းအ၀ိုင်း
(၁) အောင်ဆန်း
(၂) သခင်ကိုယ်တော်မှိုင်း
(၃) သခင်နု
(၄) သခင်တင်
(၅) သခင်ထွန်းအုပ်
(၆) သခင်ဗစိန
်(၇) သခင်ကျော်ဒွန်း
(၈) သခင်မြ
(၉) ဦးကျော်ငြိမ်း
(၁၀) ဦးဘဆေ
ွ(၁၁) ဗန်းမော်တင်အောင
(၁၂) သခင်သန်းထွန်း
(၁၃) သခင်စိုး

ဝါဒပိုင်းဆိုင်ရာ ဦးဆောင်သူ
(၁) အောင်ဆန်း
(၂) ကိုယ်တော်မှိုင်း
(၃) သခင်နု
(၄) သခင်တင်

ဝါဒီပိုင်းဆိုင်ရာ ဦးဆောင်သူ
(၁) သခင်ထွန်းအုပ်
(၂) သခင်ဘစိန်
(၃) သခင်ကျော်ငြိမ်း
(၄) ဦးဘဆွေ

ကရင်အဆောက်အဦးတွေကို ဖြိုခွဲရန်ဦးဆောင်သူ
(၁) သခင်သန်းထွန်း အောင်ဆန်းပေးသောတာဝန်မှာ - ဗမာပြည်ကွန်မြူနစ်ပါတီ၊ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့  အစည်းထွက်လာလျှင် ၀ါးမျိုရေး (ပြည်ပအစိုးရ)

(၂) သခင်စိုး အောင်ဆန်းပေးသောတာဝန်မှာ - ဗမာပြည်အလံနီကွန်မြူနစ်ပါတီ၊ ဗြိတိသျှအစိုးရဖွဲ့ စည်းထားသည့် ကရင်တပ်မတော်ကို ဖျက်ဆီးပစ်ရမည် (သုတ်ဿာန်)

(၃) ဗန်းမော်တင်အောင် အောင်ဆန်းပေးသောတာဝန်မှာ - ကရင်တွေ နိုင်ငံရေးနားမလည်အောင် အတိုက်အခံလုပ် (ပမညတ) (ပြည်ထောင်စုမြန်မာနိုင်ငံညီညွတ်ရေးတပ်ပေါင်းစု)

(၃) သခင်နု အောင်ဆန်းပေးသောတာဝန်မှာ - ပြည်မအုပ်ချုပ်ရေး၊ လူမျိုးကြီးလူမျိုးငယ် ၀ါးမျိုရေးစနစ်၊ ကရင်အိုးအိမ် သေကြေဖျက်ဆီးရေး။

ဗမာခေါင်းဆောင်အကြီးအကဲ (၃) ဦး
(၁) အောင်ဆန်း
(၂) ဦးကျော်ငြိမ်း
(၃) သခင်နုအောင်ဆန်းနှင့် ဦးနုတို့ အမြင် -

ကျွန်တော်တို့ ခေတ်ကျရင် ကရင်တွေ လုံးဝမရှိစေရ၊ ကျွန်တော်တို့ ခေတ်မှာ ကရင်တွေ ရှိလို့ ရှိရင် နောက်နောင်လမည့် ဗမာသားသမီးရာတနာကောင်းလေးတွေဟာ ဘ၀တိုင်းဘ၀တိုင်းမှာ ကရင်တွေနဲ့ ဆက်တိုက်ရမှာဘဲ၊ အဲဒါကြောင့် မင်းတို့ (ဗမာတွေ) နားလည်ရမှာက ဒီပြည်မှာ ကရင်မရှိစေရ။

တဆက်တည်းမှာ ဦးကျော်ငြိမ်းက ကျူပင်ခုတ်ကျူငုတ်မကျန်၊ ကရင်မှန်လျှင် အစိတ်သားကောင်မချန် လုပ်ငန်းအစီအစဉ်ကို ချမှတ်လုပ်ဆောင်ရန်။

မိတ်ဆွေတယောက် ရေးပို့လိုက်တဲ့ e-mail ကို တလုံးတပါဒမှ မပြောင်းလွဲပဲ ၏ သည် မရွေ့ ဖေါ်ပြပေးလိုက်ပါ တယ်။
BBC Burmese Service က ၀ါရင့်ပုဂ္ဂိုလ်တဦးပြောသွားခဲ့တာလေးကျုပ်ရေးပြပါရစေ။ သမိုင်းကြောင်းတရပ်ကို လေ့လာဆွေးနွေးတဲ့အခါ ကိုလိုတဲ့အပိုင်းတခုတည်းကိုပဲ ကွက်ပြီးဆွေးနွေး အဖြေရှာကြမယ်ဆိုရင် မှန်ကန်ပြည့်စုံနိုင်မှာမဟုတ်ပါဘူး တဲ့။

ဒါကြောင့်တွဲလေ့လာနိုင်အောင် လွန်ခဲ့တဲ့တခေတ်တခါတုန်းက အင်တန် ရေပန်းစားခဲ့တဲ့ တေးသီချင်းလေးတပုဒ်ကို ဖေါ်ပြပေးလိုက်ပါတယ်။
ဒီတေးသီချင်းကို ဇာဂနာ Blog ကနေ ကူးယူတာဖြစ်ပါတယ်။
ကေအင်ဒီအို စောဘအေး ရေးခဲ့တာပါတဲ့၊
ဖတ်ကြည့်ပါခင်ဗျာ။

ပြည်ထောင်စုရယ် မောင်ရင်နုရယ် ဆိုရှယ်လစ်ရယ်
ဒင်းတို့ရဲ့ကျင့်ကြံပုံတွေ ယုတ်မာလွန်း လှတယ်တာရှည်ဝါးရင်
ကြာရှည်ခါးမယ်အရေခြုံများရယ် ဒင်းတို့နဲ့တစ်နယ်စီ တစ်ပြေစီဝေးဖို့ကွယ်
မွန်ကရင်တို့ ပအိုဝ်ပြည်နယ် ကော်သူးလေးမှာ သီးခြားတည်တော့မယ်။ ခေါင်းဆောင်အောင်ဆန်းတို့နဲ့တင်ထွတ်တို့ပါ သေကံကြုံရှာတယ်။
ကိုယ့်ဗမာကိုယ်ချင်းသတ်ကာ မင်းအာဏာ လုတဲ့ပါတီရယ်
အော် ဖား ဖား ချင်းငါး ငါးချင်း မြိုစားတဲ့ကိန်း ဆိုက်ပေါ့ကွယ်
လူထုကိုလှည့်ဖျားကာ ချေးငွေ ဥစ္စာ ကိုယ်ကျိုးစီးပွားရှာကာ
သန်းသန်း ကုဋေကျော်တယ်ပုဒ်မ(၅)နဲ့ အမျိုးမျိုးဖိနှိပ်ချုပ်ချယ်
ပါတီ ရန်ဖက်တွေက အသက်အန္တရယ် ချက်ချင်းတွေ့ပါတယ်
အော် အနီရောင် လွှမ်းတဲ့လက်ဝဲအစိုးရရယ်
ကရင် မွန် ပအိုဝ်မျိုးတွေကိုကွယ် ကျူငုတ်မကျန်အောင်
သတ်ချင်လွန်းလို့ရယ် ယုတ်မာပါပေတယ် စောဘဦးမှ ရွေးလို့သတ်လိုက်တယ်။ သေသူဇာနည်တွေကိုလေးစားပါလို့ရယ် သတ္တိဇွဲနဲ့နိုင်အောင်ခံမယ်
နေရောင်မပေါ်မီဝယ်အမိုက်မှောင် ဒုက္ခတွေ့တယ်
သတ္တိဇွဲနဲ့နိုင်အောင်ခံမယ် စောဘဦးရဲ့လေးချက်မူဝယ်တို့လက်နက်ကို
အသက်ပေးလို့ရယ် တို့လက်နက်ကိုလိုချင်ရင်ကွယ်ဟေ့
အသက်နဲ့လဲမယ်ဟေ့ ကမ္ဘာက ထင်ရှားသိအောင် ထူထောင်ကာ
ကော်သူးလေး ပြည်နယ်တို့လူမျိုးတွေ ရှေးရိုးအစဉ်အလာ
ကိုယ့်ဝါဒ ကိုယ်သိရအောင်ကိုယ့်ကြမ္မာကိုယ်ဖန်တီးရတော့မယ်။


စကားချပ် မှတ်တမ်းဓါတ်ပုံများနှင့် စာရွက်အထောက်အထားများအားလုံးသည်
စသန်းမြင့် (အရှေ့ပိုးကရင် စာပေနှင့်ယဉ်ကျေးမှု ဖေါ်ထုတ်မြှင့်တင်ထိန်းသိမ်းရေးကော်မီတီ) ထံမှရရှိခြင်းဖြစ်သည်။
ရွှင်လန်းချမ်းမြေ့ကြပါစေ၊
မင်းစိုးစံ (အဝေးရောက် ကရင်ဒုက္ခဿည်တဦး) ဖူ့တာမိက် မှကူးယူပါသည် http://phutarmite.blogspot.com/

ထိုင်းဘက်ကမ်းရှိ ကရင်ရွာသားနှစ်ဦးကို အမည်မသိ သေနတ်သမား များ ပစ်သတ်သွား




ထိုင်းနိုင်ငံ။ မဲဆောက်မြို့ နှင့် ၁၁၅ကီလိုမီတာ ကွာဝေးသည့် မဲ့တရီဂွင်မှ ရွာသားနှစ်ဦးကို ဇွန်လ ၂၃ရက်နေ့ ညတွင် အမည်မသိ သေနတ်သမား၃ဦးက ပစ်သတ်သွားခဲ့သည်ဟု အနီးတဝိုက်မှ ဒေသခံများ၏ပြောပြချက်အရ သိရသည်။

အခင်းဖြစ်ပွားရာနေရာ။
ယမန်နေ့ ည (၈း၃၀)နာရီခန့် အချိန်တွင် အဆိုပါသေနတ်သမားများသည် ဆိုင်ကယ်နှစ်စီးဖြင့် ထိုင်းဘက်ခြမ်းရှိ မဲ့တရီမှ ၈ကီလိုမီတာ ကွာဝေးသော သေဘေထာ့ရွာရှိ နေအိမ်တအိမ်တွင် ရောက်ရှိလာပြီးအိမ်ပေါ်မှ ဖါးမော်ကလိုး ၃၆နှစ်နှင့် ဖါးအဲ့ခလိန်း ၂၈နှစ်တို့ ကို သေနတ်ဖြင့် ချိန်ရွယ်ခေါ်ဆောင်သွားကာ လမ်းတွင် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ပြောသည်။“မနေ့ ည ၈နာရီခွဲလောက်မှာပဲ၊ ဆိုင်ကယ်နှစ်စီးနဲ့  သေနတ်သမားသုံးယောက်က အိမ်ပေါ်တက်လာပြီး ဖါးမော်ကလိုးနဲ့  ဖါးအဲ့ခလိန်းကိုအောက်ဆင်းလာဖို့ ခေါ်တယ်။ ဖါးမော်ကလိုးက ၂နှစ်အရွယ်သားလေးကိုချီပြီး ဆင်းလာတော့ သေနတ်သမားက ကလေးကိုထားခဲ့၊ မထားခဲ့ရင် ကလေးပါပစ်သတ်မယ်လို့ ပြောတယ်။
သူတို့ နှစ်ယောက်ကို ခေါ်သွားပြီး ကားလမ်းဘေးက ဈေးဆိုင်ဟောင်းနေရာအရောက်မှာရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဖါးမော်ကလိုးကို အရှေ့ ဖက်က နှစ်ချက်ပစ်တော့ပွဲချင်းပြီးသေတယ်။ ခေါင်းကိုထုပြီး နောက်ကျောဖက်ကနေ နှစ်ချက်အပစ်ခံရတဲ့ဖါးအဲ့ခလိန်းက တညလုံးကူညီမဲ့သူမရှိဘဲ မိုးလင်းမှ မဲ့တန်ဆေးရုံပို့ မယ်လုပ်တော့ လမ်းမှာပဲသေသွားတယ်”ဟု ဆိုသည်။အဆိုပါအခင်းဖြစ်ပွားရာနေရာသို့  ယနေ့ နံနက်ပိုင်းတွင် ဒေသဆိုင်ရာ ထိုင်းအာဏာပိုင်များကလာရောက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပြီး အလောင်းကို ထိုနေရာ့ပင် မြုပ်နှံသင်္ဂြိုလ်လိုက်ကြသည်ဟု မျက်မြင်တဦးကကရင်သတင်းစဉ်ကို ယခုလို ပြောသည်။သူက “ဒီမနက်အထိတော့အခင်းဖြစ်တဲ့နေရာမှာ ထိုင်းဘက်က ရဲတွေ။ စစ်တပ်တွေနဲ့  ထောက်လှမ်းရေးတွေ လာစစ်ဆေးတော့ ရှုတ်ယှက်ခတ်နေတယ်။
သေဆုံးသွားတဲ့သူတွေရဲ့ အလောင်းကို အဲဒီနေရာမှာပဲ မြုပ်လိုက်တယ်။သိပ်ကြာကြာမထားဘူး၊ လူတွေလာကြည့်မှာစိုးလို့  ထင်တယ်။ဖါးမော်ကလိုးရဲ့  မိန်းမနဲ့  ကလေး(၄)ယောက်၊ ဖါးအဲ့ခလိန်းရဲ့  မိန်းမနဲ့  ၂လသားအရွယ်ကလေး ကျန်ရစ်ခဲ့တယ်”ဟု ပြောသည်။ထိုသို့ ဝင်ရောက်ပစ်ခတ်သွားသူများမှာ ဒီကေဘီအေတပ်ဖွဲ့ ဝင်များဖြစ်နိုင်ကြောင်းကိုလည်း ကေအဲန်ယူဘက်က ခန့် မှန်းပြောဆိုသည်။
“ကြားရသလောက်က သေဆုံးသွားသူတွေကို သေနတ်သမားတွေက ကေအဲန်ယူရှိသလားလို့ လာမေးတယ်၊ ငွေတောင်းတယ်။ နောက်ပြီး ရုန်းရင်းဆန်ခတ်နဲ့ ပြန်ခုခံတော့ ပစ်သတ်လိုက်တယ်။လတ်တလောအခြေအနေမှာ ညကြီးမင်းကြီး ထိုင်းကလည်း လာမေးမှာမဟုတ်ဘူး။ ရွာသားတွေဟာတနေ့ လုပ်တနေ့ စားပြီး ဘယ်အဖွဲ့ အစည်းနဲ့ မှ ပတ်သက်တာမဟုတ်ဘူး၊ အဲလိုလာမေးပုံထောက်တော့ဒါဟာ ဒီကေဘီအေကလွဲပြီး တခြားဘယ်သူမှမဖြစ်နိုင်ဘူး”ဟုကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး(၁)ဗိုလ်မှူးစောလှငွေက ပြောသည်။ဇွန်လဆန်းပိုင်းကတည်းက ထိုင်း-မြန်မာနယ်စပ်တွင် ဖြစ်ပွားနေသည့် နအဖ၊ ဒီကေဘီအေတပ်ဖွဲ့ နှင့် ကေအဲန်ယူတပ်မဟာ(၇)၏ တိုက်ပွဲကာလအတွင်း နအဖနှင့် ဒီကေဘီအေဘက်မှ ပစ်ခတ်သည့်လက်နက်ကြီးးများ ထိုင်းဘက်ခြမ်းသို့  ကျရောက်ခဲ့သော်လည်း ယခုလို ပစ်ခတ်သတ်ဖြတ်မှုမှာပထမဆုံးဖြစ်ပြီး တရားခံကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဟု သိရသည်။သတင်း ပေးပို့ သူ နန်းဖော့ဂေအား ကျေးဇူးတင်ရှိပါသည်။

Wednesday, June 24, 2009

TO NLD JAPAN



အန်အယ်လ်ဒီသမိုင်း၊? စည်းရုံးရေးဆင်း?
တိုင်းရင်းသားပြည်သူလူထုအပေါင်းတို့ ခင်ဗျား …
တိုင်းရင်းသားအမျိုးသား မရှိဘူးပြောလို့မရသေးဘူး။

Bloody Hand for freedom



KWO Thank You Letter and update information to Friends and Supporters-the situation in No Boe is improving. The families are not forced to go back any

2009 June 22
tags: , , , , , ,
by peacerunning
Karen Women OrganizationP.O. 19, Mae Sariang, Mae Hong Son, 58110, Thailand,Tel: 66-53-681084 , Fax: 66-53-621410Email: kwocentral@tttmaxnet.comWebsite: www.karenwomen.org
KWO Thank You Letter and update information to Friends and SupportersDate: June 22, 2009
Dear friends and supporters,Thank you for your effort in trying to stop the repatriation of Karen families by local Thaiauthorities in Tha Song Yang district, Tak province in Thailand.
Your cooperation and hard work has had positive results. This morning KWO received newsthat the situation in No Boe is improving. The families are not forced to go back anymore.The local Thai Army leader, who administers the areas, has been removed.
The Karen leader of the group in No Boe is now allowed to enter the area where the newarrivals are based. Yesterday he was stopped by Thai army and was not allowed to monitorthe situation in the No Boe site.
Villagers are feeling better and are relieved to now have access to adequate food rations,without any restrictions by the Thai authorities. Villagers and leaders asked the Thaiauthorities and UNHCR if they could have a place to settle down before the situation in theirareas is better.
It is understood that UNHCR has already talked with the Thai authorities on this matter. TheThai authorities have agreed to find an area for the villagers to settle until there is a bettersolution. KWO is really appreciate to take this opportunity to thank the Thai government for theirquick responded and sympathy that they showed on our people by allowing newly arrivedfamilies to take temporary refuge in Thailand.
We also gave our heartfelt thanks to all of the groups and people who tried very hard toadvocate the Thai government on the issue concerns by KWO.
KWO again would like to thank every individual and organization for giving your time andenergy to help our people. The solidarity of all of us has had a great impact on the situationon the ground and brings hope to the people. We appreciate your support and look forward to working with you more.
In Solidarity,
Dah Eh KlerSecretaryKaren Women Organization

ထိုင်းကို ပုတ်ခတ်သည့်ဆောင်းပါး ဖော်ပြရန် ဂျာနယ်များကို ဖိအားပေး

Monday, 22 June 2009 16:50 အောင်သက်ဝိုင်း

ထိုင်းနိုင်ငံအား ဝေဖန် ပုတ်ခတ်ရေးသားထားသော ဆောင်းပါးများနှင့် အမေရိကန် သံတမန်အဖွဲ့က KNU (ကရင် အမျိုးသား အစည်းအရုံး) ကို ကူညီနေသည်ဆိုသော သတင်းများအား ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်များတွင် စာပေစိစစ်ရေး က ဖိအားပေး ဖော်ပြခိုင်းကြောင်း သတင်းရရှိသည်။ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အမှုဆင်ဖမ်းဆီးခြင်းနှင့်ပတ်သက်၍ ဝေဖန်ခဲ့သော ထိုင်းအစိုးရအား “ယိုးဒယားအစိုးရ” ဟုခေါ်ဆို သုံးနှုန်းထားသည့် မိမြတ်မွန်မွန် ရေးသားထားသော “နှစ်သစ်ကူးသင်္ကြန်ကာလ ထိုင်းနိုင်ငံရောက်ရှိစဉ် အကြမ်းဖက်မှုများနှင့် နိုင်ငံရေး ဖြစ်စဉ်များ” အကြောင်း ဆောင်းပါးကို ယခုတပတ်ထုတ်ဂျာနယ်များ၌ ဖိအားပေး ထည့်သွင်းခိုင်းသည်ဟု စာနယ်ဇင်းအသိုင်းအဝန်းမှ ကြားသိရသည်။“ထိုင်းမှာ အနီရောင်၊ အ၀ါရောင် ဆန္ဒပြမှုတွေနဲ့ အကြမ်းဖက်မှုတွေဖြစ်ကြ၊ လေဆိပ်တွေပိတ်၊ ကားတွေမီးရှို့၊ လူတွေသေ၊ ရိုက်ကြနှက်ကြ တုန်းကတောင် မြန်မာနိုင်ငံက သူများ ပြည်တွင်းရေး ၀င်ရောက်မစွက်ဖက်ဘူး။ အခုအချိန်မှာ ကိုယ့်ပြဿနာကိုယ်မရှင်းဘဲ မြန်မာ့အရေးဝင်ရှုပ်တာရှက်ဖို့ကောင်းတယ်ဆိုတဲ့ သဘောမျိုး ရေးထားတဲ့ ဆောင်းပါးပါ” ဟု သတင်းဂျာနယ် အမှုဆောင်အယ်ဒီတာတဦးက ပြောသည်။ထို့အပြင် အစိုးရပိုင် သတင်းစာများတွင် ဖော်ပြခဲ့သော “ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံတမန်များအဖွဲ့ မဲလ ဒုက္ခသည်စခန်းနှင့် နယ်စပ်တလျှောက် စစ်ပွဲကြောင့် ထွက်ပြေးလာသော ကရင်သူပုန်ဆွေမျိုးများအား တွေ့ဆုံကူညီ” ဆိုသော သတင်းကိုလည်း ဂျာနယ်များအားလုံးတွင် ဖော်ပြခိုင်းသည်ဟု သိရသည်။အဆိုပါသတင်းတွင် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံတမန်အဖွဲ့က ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် တာ့ခ် ခရိုင်၊ သာဆောင်ယမ်းမြို့နယ်၊ မဲလကရင် ဒုက္ခသည်စခန်းသို့ သွားရောက်ပြီး ဒုက္ခသည်ဟု ခေါ်ဆိုသူများကို တွေ့ဆုံ အားပေး ကူညီနေကြောင်း၊ ထိုဒုက္ခသည်ဆိုသူများသည် ဒုက္ခသည်အမည်ခံ KNU သူပုန်များ၏ ဆွေမျိုးများ သာဖြစ်ကြောင်း ရေးသားထားသည်။ထို့ပြင် ယခု KNU နှင့်ဖြစ်ပွားနေသော စစ်ပွဲ မှာလည်း အစိုးရနှင့် ဖြစ်ပွားခြင်းမဟုတ်ဘဲ DKBA နှင့် KNU တို့ ဖြစ်ပွားသော တိုက်ပွဲသာ ဖြစ်ပြီး မြန်မာ့ တပ်မတော်က လုံးဝပါဝင်ခြင်း မရှိဟုလည်း အစိုးရက တရားဝင် ငြင်းဆိုသည်။စာပေစိစစ်ရေးသည် ပြည်တွင်းသတင်းများ သာမက ပြည်ပသတင်းများကိုလည်း ဖြုတ်ပယ်မှုများပြုလုပ်နေရာ ယခုနောက်ပိုင်း မြောက်ကိုရီးယား၊ အီရန်နိုင်ငံတို့နှင့် ပတ်သက်သည့် သတင်းများကို ရေးသားခွင့် မပြုကြောင်း သိရသည်။“အီရန်က ဆန္ဒပြပွဲတွေ၊ အစိုးရနှိမ်နင်းလို့ လူတွေသေကြေတယ်ဆိုတာတွေ ရေးခွင့် မရှိဘူး။ မြောက်ကိုရီးယားကို အာဏာရှင်နိုင်ငံလို့ သုံးနှုန်းတာမျိုးတွေ၊ မြောက်ကိုရီးယား ပြည်သူတွေ ငတ်ပြတ် နေတယ်ဆိုတာ မျိုးတွေ ရေးခွင့်ပိတ်တယ်” ဟု သတင်းဂျာနယ် အယ်ဒီတာတဦးက ရှင်းပြသည်။အစိုးရပိုင် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင်လည်း အမေရိကန် ၀င်ရောက် ကျူးကျော်ထားသော အီရတ်၊ အာဖဂန်နစ္စတန်နိုင်ငံများ၌ မတည်မငြိမ်ဖြစ်ကာ ဗုံးပေါက်ကွဲမှုကြောင့် အမေရိကန် စစ်သားများနှင့် ပြည်သူများ သေဆုံးနေကြောင်း၊ အမေရိကန်ထောက်ခံသော ပါကစ္စတန်နိုင်ငံတွင်လည်း ယင်းသို့ ဖြစ်ရပ်များ ကြုံတွေ့နေရကြောင်း စသည့်သတင်းများကို သေဆုံးသူများ၏ ဓာတ်ပုံများနှင့် နေ့စဉ် ဖော်ပြနေသည်။“အစိုးရက သူတို့ ၀ါဒဖြန့်ဖို့ ကိုပဲ အာရုံထားပြီး စာနယ်ဇင်း ကျင့်ဝတ်ဆိုတာကို ဂရုမစိုက်ဘူး။ ဇွန်လ ၂၁ ရက်နေ့ ကြေးမုံ သတင်းစာမှာပါတဲ့ အီရတ်နိုင်ငံ ကာဘာလာမြို့ တိုက်ပွဲမှာ သေဆုံးနေတဲ့ သွေးသံရဲရဲ အလောင်း ပုံတွေကို ဖော်ပြထားတာဟာ စာနယ်ဇင်းကျင့်ဝတ်နဲ့ လုံးဝမညီဘူး” ဟု ၀ါရင့် သတင်းသမားတဦးက ပြောသည်။

တပ်မဟာ ၇ထိုးစစ်ကြောင့် ထွက်ပြေးလာရသည့် ကရင်ဒုက္ခ သည်များ၏ လတ်တလော အခြေအနေ မှတ်တမ်းသတင်း ဓါတ်ပုံ

မိုးရေထဲမှာ အခုလို အစားအစာများအတွက် စောင့်ဆိုင်းနေကြတာ ဖြစ်ပါတယ်။
Photo-OKRSOဒီကေဘီအေနဲ့ နအဖတပ်တို့ရဲ့ တပ်မဟာ ၇အပြုတ်တိုက်ရေးရဲ့ နောက်ဆက်တွဲတွေပါပဲ။ Photo-OKRSO
အဆိုပါ နောက်ဆက်တွဲက အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်တဲ့ ကရင်ရွာသား ၄၀၀၀ကျော် ထိုင်းဘက်ကို ထွက်ပြေးခိုလှုံရပါတယ်။ Photo-OKRSO

ယူအဲန်နဲ့ လူမှုအဖွဲ့အစည်းများက အကူအညီများ ပေးနေကြသော်လည်း လုံလောက်မှု၊ ပြည့်စုံမှုတော့ မရှိသေးပါဘူး။ Photo-OKRSO


နအဖစစ်အစိုးရကတော့ ထွက်ပြေးလာသူများဟာ ကေအဲန်ယူရဲ့ မိသားစုဝင်များလို့ သူတို့ အာဘော်သတင်း စာမှတဆင့် စွပ်စွဲပြောဆိုထားပါတယ်။Photo-OKRSO
ယခုအခါ နယ်စပ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျှက်ရှိသော်လည်း ထိုင်းအစိုးရမှ မြန်မာပြည်ဘက် ကမ်းအတင်းအကြပ် ပြန်ပို့မှာကို ကရင်ဒုက္ခသည်များက စိုးရိမ်လျှက်ရှိပါတယ်။Photo-OKRSO

မှတ်ချက်-ဒီဓါတ်ပုံတွေအားလုံးဟာ ဇွန်လ ၂၁ရက်နေ့က ရိုက်ယူထားတဲ့ ထိုင်းနိုင်ငံ ထာ့ဆောင် ရန်းမြို့နယ်၊ အူးသူးထယာယီဒုက္ခသည်စခန်းများမှ ဓါတ်ပုံများဖြစ်ပါတယ်။

ဓါတ်ပုံပေးပို့သူ OKRSOအဖွဲ့အား ကျေးဇူးအထူးတင်ရှိပါသည်။
အဲခေါင်သောင့်