Saturday, December 13, 2008


KNU အောင်ပွဲသတင်း

Thursday, December 11, 2008
၂၀၀၈ နိုဝင်ဘာ ၁၁ ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၃ လက်အောက်ခံ ရင်း ၈ က ညောင်လေးပင်ခရိုင် မုံးမြို့နယ် စောမီလူကားလမ်းတွင် နအဖတပ် စကခ ၂၁ လက်အောက်ခံစစ်ကြောင်း တကြောင်းကို ပြောက်ကျားပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရန်သူ ၁ ဦးသေသွားသည်။ နိုဝင်ဘာ ၂၉ ရက်တွင်လည်း မုံးမြို့နယ် ခလယ်ခိုကားလမ်းပေါ်တွင် ရင်း ၈ က နအဖတပ် ခမရ ၃၅၁ ကို ပြောက် ကျားပစ်ရာ ရန်သူ ၂ ဦးသေသွားသည်။ ၂၀၀၈ ဒီဇင်ဘာ ၂ ရက်မနက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၆ လက်အောက်ခံ ရင်း ၁၈ က ကော့ကရိတ်မြို့နယ် မောလော်အီဖိုရှိ DKBA စခန်းကို တိုက်ခိုက်ခဲ့ရာ DKBA တပ်ကြပ်ကြီး ၁၊ တပ်သား ၁ သေပြီး ကြားဖြတ်ဖမ်းစက် ၁၊ ဆက်သွယ်ရေးစက်ကြီး ၁၊ လမ်းလျှောက်စကားပြောစက် ၁၊ တယ်လီဖုံးအထိုင်စက်ကြီး ၁၊ မိုဘိုင်းဖုံး ၁ တို့ကို သိမ်းပိုက်ရမိခဲ့သည်။ ဒီဇင်ဘာ ၄ ရက်ညနေက နအဖတပ် ခမရ ၅၈၃ မှ တပ်ကြပ်စောမြင့်ဦး နှင့် တပ်သားခလယားပေါ် တို့သည် MA-1 တလက်၊ MA-4 တလက်၊ ကျည်ဘောက် ၈ ချပ်၊ ကျည် ၁၉၅ တောင့်၊ M-79 ဗုံးသီး ၁၁ လုံးနှင့်အတူ KNLA တပ်မဟာ ၁ သို့ လက်နက်ချခဲ့သည်။ ဒီဇင်ဘာ ၆ ရက်မနက်က DKBA ဗိုလ်ကျော်သက်တပ်နှင့် နအဖတပ် ခမရ ၅၄၈ ပူးပေါင်းတပ်ကို KNLA တပ်ရင်း ၁၈ မှ မယ်ပလယ်နှင့် ပနွယ်ပူအကြား တိုက်ခိုက်ရာ နအဖတပ်မှ ၃ ဦးသေပြီး ၆ ဦးဒဏ်ရာရသွားသည်။ ၃ ဦးမှာ ဒဏ်ရာ ပြင်းထန်သည်။
KNU victory news
On 2008, November 11, Battalion 8 under the command of Karen National Liberation Army (KNLA) Brigade 3 attacked an army column under the command of SPDC MOC 21 on Saw-mi-lu road in Nyaunglaybin District Mone Township, killing one enemy soldier. Also on November 29th, KNLA Battalion 8 made a hit-and-run attack on SPDC LIR 351 on Kha-lekho road in Mone Township, killing two men. On December 2, in the morning, Battalion 18 under the command of KNLA Brigade 6 assaulted a DKBA outpost at Maw-lor-e-pho in Kawkareik Township, killing one DKBA sergeant and one DKBA private. The KNLA troops seized one radio interceptor receiver, one radio transceiver, one walkie-talkie, one telephone exchange switch and one mobile phone from the DKBA camp. On December 4, in the evening, Corporal Saw Myint Oo and Pvt. Khalayarpor of SPDC LIR 583 surrendered to KNLA Brigade 1 in Thaton District, bringing along one MA-1 automatic rifle, one MA-4 automatic rifle coupled with 40 mm grenade launcher, eight magazines, 195 5.56 mm bullet rounds and eleven M-79 grenades. On December 6, in the morning, KNLA Battalion 18 ambushed a joint force of DKBA Bo Kyaw Thet's unit and SPDC LIR 548 between Mae-pleh and Panwehpu, killing three SPDC soldiers and wounding six of which three were in grave condition.

Friday, December 12, 2008

နအဖစစ်တပ်က နို့ စို့ အရွယ်ကလေးငယ်များပါမကျန် သတ်ဖြတ်နေသည်ဟု နအဖစစ်သည်တဦး ထုတ်ဖော်ပြောဆို

Monday, December 8, 2008
နိုဝင်ဘာလ၊၂၀၀၈ခုနှစ်၊
နအဖစစ်တပ်သည် နယ်စပ်ဒေသရှိ ပြည်သူများအပေါ် နည်းမျိုးစုံဖြင့် ညှင်းပန်းနှိမ့်စက်သည် သာမကပဲ နို့ စို့ အရွယ် လသားကလေးများပါမကျန် ရက်စက်စွာ သတ်ဖြတ်လျက်ရှိကြောင်း နိုဝင်ဘာလ ၂၁ရက်နေ့ တွင် ကေအဲန်ယူနယ်မြေသို့  ထွက်ပြေးရောက်ရှိလာသည့် စကခ (၁၆) ခမရ (၅၂၂)မှ ဆက်သွယ်ရေးတပ်သား မောင်ဖိုးဇော်က ထုတ်ဖော်ပြောဆိုလိုက်သည်။

၎င်းက၂၀၀၇ မိုးတွင်းတောင်ငူခရိုင် တိပ်ပုဂွင်မှာ ကျနော်တို့ စစ်ဆင်ရေးစတက်တော့ တောထဲမှာ ရွာပုန်းတရွာကို သွားရှင်းတယ်။ အဲဒီအခါမှာ လသားအရွယ် ကလေးနှစ်ယောက်နဲ့ မအေနှစ်ယောက်ကို မိတယ်။ မအေတွေကို နေပြည်တော်ခေါ်သွားပြီးတော့ ကျန်နေတဲ့ ကလေးနှစ်ယောက်ကို တပ်ကြပ်ကြီးကျော်မိုးနဲ့  ဒုဗိုလ်လွမ်းမိုးအောင်က ကျနော့မျက်စိရှေ့ မှာပဲ ဆန်ထောင်းတဲ့ မောင်းဆုံထဲကို ထည့်ပြီးတော့ ထောင်းသတ်ပစ်လိုက်တယ်ဟု ဆိုသည်။










နယ်စပ်ဒေသတွင် ပြည်သူကို ရန်သူသဖွယ်ဆက်ဆံနေသည့် နအဖစစ်ကြောင်းတကြောင်းကို ပေါ်တာများနဲ့ အတူ တွေ့ ရစဉ်။ Photo-FBR

ထိုနှစ်အတွင်းမှာပင် ၄င်းတပ်ဖွဲ့ သည် ၂၀၀၈ခုနှစ်၊ စက်တင်ဘာလတွင် လူသောမြို့ နယ်၊ ဆောမူပလောနှင့် လယ်မူပလောဂွင်ကို စစ်ကြောင်း ဖြတ်သွားစဉ်တောင်ယာတဲတွင် လှဲနေသည့် အသက် ၁၂သားအရွယ် ယောကျာင်္လေးတယောက်ကို သေနတ်ဖြင့် သတ်ပစ်ခဲ့သည့်အပြင် ဖာပွန်ခရိုင်၊ မူသယ်ဂွင်တွင် ထမင်းချက်နေသည့် အမျိုးသမီးတဦးကို ဖမ်းကာ အုပ်စုလိုက် မုဒိမ်းကျင့်ပြီးနောက် တောင်ယာတဲ့နှင့်အတူ မီးရှို့ သတ်လိုက်သည်ဟုလည်း တပ်သား မောင်ဖိုးဇော်က ဆက်ပြောသည်။

နောက်ပြီးတော့ ၂၀၀၇ခုနှစ် ဖာပွန်ခရိုင် မူသယ်ဂွင်က တောင်ယာတဲထဲမှာ ထမင်းချက်နေတဲ့ ကောင်မလေးတယောက်ကို စစ်ကြောင်းက ၀ိုင်းထားပြီး မေးတာကို ကောင်မလေးက ဘာမှ ပြန်မပြောဘူး။ လက်ပဲခါ၊ ခေါင်းပဲညိတ်တယ်။ အဲဒါကို တပ်ခွဲ ၁က ဗိုလ်ကြီးဗညားဦးကို အပါအ၀င် တပ်သားတွေပါ ၀ိုင်းပြီးဖျက်ဆီးလိုက်တယ်။ ပြီးတော့ မေ့မျောနေတဲ့ ကောင်မလေးကို တဲထဲထည့်ပြီး တခါတည်း မီးရှို့ ပစ်လိုက်တယ်။ ဟု ဖိုးဇော်က ပြောဆိုသည်။

နအဖစစ်တပ်သည် နယ်စွန်နယ်ဖျားရောက်ရှိပါက တွေ့ သမျှပြည်သူကို ရန်သူလို့ သတ်မှတ်ပြီး သုတ်သင်ရှင်းလင်း သတ်ဖြတ်ကြောင်း အောက်ခြေရဲဘော်အနေဖြင့်လည်း အထက်အမိန့် အတိုင်း စပါးကျီဖျက်ဆီး၊သူသတ်စသည့် လုပ်ရပ်များကို လုပ်ချင်စိတ်မရှိပဲ လုပ်နေရကြောင်း၊ မလိုက်နာပါက ထိုးကြိတ်၊ ရိုက်နှက်၊ ညှင်းပန်းနှိမ့်စက်မှုမျိုးစုံ စသည့် တပ်တွင်းအခြေအနေများရှိကြောင်း၊ သိရှိရသည်။

အသက် ၁၈နှစ်သာရှိသည့် တပ်သားမောင်ဖိုးဇော် (ကိုယ်ပိုင်အမှတ် တ/၃၆၉၃၄၁)နှင့်အတူ ကေအဲန်ယူနယ်မြေသို့ ရောက်ရှိလာသူများမှာ ခလရ ၁၉မှ မောင်ကျော်ရဲဌေး၁၉နှစ် (ကိုယ်ပိုင်အမှတ် တ/၃၇၅၂၃၇) မောင်ကျော်ထွတ်ဝင်း အသက် ၂၅နှစ် (ကိုယ်ပိုင်အမှတ် တ/၃၇၆၈၁၂) မောင်ကျော်နိုင်စိုး အသက် ၂၃နှစ် (ကိုယ်ပိုင်အမှတ် တ/၃၇၅၂၁၀) ခမရ ၄၃၉မှ မောင်ဝင်းထွန်း အသက် ၂၁နှစ် ကိုယ်ပိုင်အမှတ် (တ/၃၇၇၁၂၈) နှင့် မောင်လမင်းထွန်း ၃၁နှစ် (ကိုယ်ပိုင်အမှတ်တ/၃၇၇၁၂၇) ခမရ (၄၃၉)တို့ ဖြစ်သည်ဟု သိရှိရသည်။

ကေအဲန်ယူ(ကရင်အမျိုးသားအစည်းအရုံး) မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ပဒိုမန်းငြိမ်းမောင်က ကူးပြောင်းလာတဲ့ နအဖတပ်သားတွေကို ကျနော်တို့ ကေအဲန်ယူစစ်သုံ့ ပန်းပေါ်လစီအတိုင်း သူတို့ ကို နွေးနွေးထွေးထွေးကြိုဆိုတယ်။ လောလောဆယ်သူတို့ ကို ကျနော်တို့ နယ်မြေထဲမှာပဲ ကောင်းကောင်းမွန်မွန် ကူညီစောင့်ရှောက်ထားတယ်။ နောက်မှ သူတို့ ဆနအတိုင်း သူတို့ ဘ၀အာမခံရှိရေးအတွက် နေရာချပေးသွားဖို့ စီစဉ်ထားတယ် ဟု ကရင်သတင်းစဉ်ကို ပြောသည်။
ကရင့်သတင်းစဉ်(KIC)

Wednesday, December 10, 2008


Madeleine K. Albright Grant ဆုကို WLB ရရှိ

Written by သန်းထိုက်ဦး
Tuesday, 09 December 2008 17:16
ချင်းမိုင်။ ။ အမေရိကန်နိုင်ငံမှ အစိုးရမဟုတ်သော အဖွဲ့အစည်းတခုက ယခုနှစ် ပေးအပ်သည့် ဒီမိုကရေစီရေးနှင့် အမျိုးသမီးများ အရေးအတွက် ကြိုးပမ်းသူများဆုကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB နှင့် တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးတို့ ပူးတွဲရရှိသည်။ဒီမိုကရေစီအရေး စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် နိုင်ငံတကာမှ တသီးပုဂ္ဂလများနှင့် အဖွဲ့အစည်းများအား အထောက်အကူ ပြုသည့်အနေဖြင့် စတုတ္ထအကြိမ်မြောက် Madeleine K. Albright Grant ဆုကို WLB နှင့် ၁၈ ကြိမ်မြောက် W. Averell Harriman Democracy ဆုကို ကမ္ဘာ့နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးသို့ The National Democratic Institute (NDI) အဖွဲ့က ချီးမြှင့်ခြင်းဖြစ်သည်။"နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုမှာ အမျိုးသမီးတွေ ပိုမိုပြီးတော့မှ ပါဝင်နိုင်အောင် ဆိုပြီးတော့ ဒီစွမ်းရည် မြှင့်မားရေး အတွက်ပေါ့နော်၊ အားပေးတဲ့အနေနဲ့ သူတို့က ပေးတာဖြစ်တယ်" ဟု WLB အမျိုးသမီးများ နိုင်ငံရေးစွမ်းရည် မြင့်မားရေးလုပ်ငန်း တာဝန်ခံ မသင်းသင်းအောင် က မဇ္ဈိကို ပြောသည်။ သူမသည် WLB မှ ထိုင်းနိုင်ငံ၌ ဦးစီးပြုလုပ်သော အမျိုးသမီးများ နိုင်ငံရေးစွမ်းရည် မြင့်မားရေး ၆ လ သင်တန်းကို သင်ကြားပေးနေသည့် တာဝန်ခံတဦးဖြစ်သည်။NDI သည် ကမ္ဘာတ၀ှမ်းရှိ ဒီမိုကရေစီရေးနှင့် အမျိုးသမီးများအရေး ကြိုးပမ်းနေသူများအား ယခုဆုများကို နှစ်စဉ် ချီးမြှင့်လာခဲ့သည်။လက်ရှိ အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeleine K. Albright အား ဂုဏ်ပြုသည့် အနေဖြင့် နိုင်ငံသားဘ၀နှင့် နိုင်ငံရေးတွင် အမျိုးသမီးများအတွက် ကြီးမားစွာ ပံ့ပိုးလုပ်ဆောင်သူများအား ချီးမြှင့်သည့် Madeleine K. Albright Grant ဆုကို လွန်ခဲ့သည့် ၄ နှစ်မှ စတင် ပေးအပ်လာခဲ့သည်။W. Averell Harriman Democracy ဆုမှာမူ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ခံယူချက်ပြင်းပြစွာ ဆောင်ရွက်နေသူများအား ပေးအပ်ခြင်းဖြစ်သည်။အမေရိကန်ဒေါ်လာ နှစ်သောင်းခွဲ ငွေသားနှင့်အတူ ဆုကို WLB က ယခုလ ၁၅ ရက်နေ့တွင် ၀ါရှင်တန်မြို့၌ လက်ခံရယူမည်ဖြစ်သည်။မသင်းသင်းအောင်က ''သင်တန်း တက်ပြီးတဲ့ အမျိုးသမီးတွေ ကိုယ့်ဒေသတွေကို ပြန်ပြီးတော့ ဒီပညာရပ်တွေကို မျှဝေသွားဖို့အတွက် ဒီဆုကြေးငွေကို အသုံးပြုသွားမှာပါ'' ဟု ပြောဆိုသည်။WLB ကို ၁၉၉၉ ခုနှစ်တွင် ပြည်ပရှိ မြန်မာနိုင်ငံမှ တိုင်းရင်းသား အမျိုးသမီးအဖွဲ့ ၁၂ ဖွဲ့ဖြင့် စုပေါင်းဖွဲ့စည်းခဲ့သည်။ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကြိုးပမ်းမှုတွင် အမျိုးသမီးများ ပါဝင်မှုကို မြှင့်တင်သွားရန်၊ တိုင်းရင်းသား လူမျိုးများအကြား ပိုမိုနားလည်မှု ရရှိရန်၊ အမျိုးသား ရင်ကြားစေ့ရေးနှင့် တိုးတက်ရေးကို တည်ဆောက်ရန်၊ နိုင်ငံတကာအဆင့် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်သွားရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။WLB နှင့် ရှမ်းအမျိုးသမီးရေးရာ ပူးပေါင်းဆက်သွယ်ရေးအဖွဲ့ (SWAN) သည် ၂ဝဝ၅ ခုနှစ် စက်တင်ဘာလက အမေရိကန်အခြေစိုက် Peter Gruber Foundation အဖွဲ့က ပေးအပ်သည့် ၂ဝဝ၅ ခုနှစ် အမျိုးသမီး အခွင့်အရေး ရွှေတံဆိပ်ဆုနှင့် အမေရိကန်ဒေါ်လာ ၂ သိန်း ရရှိခဲ့သည်။သက်တော် ၇၇ နှစ်အရွယ် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးသည် တောင်အာဖရိနိုင်ငံ မြို့တော် ဂျိုဟန်နက်စ်ဘတ်မြို့ရှိ ဘုရားရှစ်ခိုးကျောင်းများ ကောင်စီမှ အတွင်းရေးမှူးဖြစ်ဟောင်းကာ၊ ၁၉၈၄ ခုနှစ်တွင် ချီးမြှင့်သည့် ကမ္ဘာ့နိုဘယ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်သည်။

Tuesday, December 9, 2008



စည်းရုံးရေးဆင်းသည့် စစ်အစိုးရတပ်ဖွဲ့နှင့် ကေအဲန်ပီပီ တိုက်ပွဲဖြစ်ပွား

Monday, 08 December 2008 17:36
လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းလာသည့် မြန်မာစစ် အစိုးရတပ်ဖွဲ့နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(ကေအဲန်ပီပီ)တို့ ယနေ့နံနက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်အစိုးရစစ်တပ်မှ တဦး ဒဏ်ရာရရှိသည်ဟု ကေအဲန်ပီပီ ဒု-စစ်ဦးစီးချုပ်က ပြောသည်။"ဖြစ်တာကတော့ ဒီမနက်မှ ဖြစ်တာ အဲဒီ မယ်စဲ့မြို့နယ်မှာ။ ဒီမနက် ၈ နာရီ။ (နအဖ) ၄၂၉ က တပ်သားတယောက် ထိခိုက်တယ်လို့တော့ ကြားတယ်။ သူတို့စခန်းဘေးနားမှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်တယ်လို့ပြောတယ်။ ဆယ်မိနစ်လောက်။" ဟု ကေအဲန်ပီပီ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က ပြောသည်။မြန်မာစစ်အစိုးရတပ်ဖွဲ့သည် ကယား (ခေါ်) ကရင်နီပြည်နယ် မယ်စဲ့မြို့တွင် ရွေးကောက်ပွဲ အတွက် စည်းရုံးရေး ဆင်းလာချိန်တွင် ကေအဲန်ပီပီတပ်ဖွဲ့များနှင့် တွေ့ဆုံကာ တိုက်ပွဲ ဖြစ်ခြင်းဖြစ်သည်ဟု ဗိုလ်မှူးချုပ် အောင်မြတ်က ပြောသည်။"၂၀၁၀ မှာ မဲထည့်ဖို့ပေါ့။ သူတို့က ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ရွာသူရွာသားတွေကို လိုက် စည်းရုံး နေတယ်လေ။ အဲဒီအချိန်မှာ ကျနော်တို့နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်တာ။ ဒီမနက်မှာ တပွဲပေါ့။ သုံးရက်နေ့က တပွဲပေါ့ မော်ချီးဘက်မှာ။ "ကေအဲန်ပီပီအနေနှင့် လူထု မဲမထည့်ရန်အတွက် စည်းရုံးဆောင်ရွက်ရန် ပြင်ဆင်နေသည်။ဒီဇင်ဘာလဆန်းအတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားရာ မြန်မာစစ်တပ်မှ တပ်သားတဦး ဒဏ်ရာ ရှိပြီး ကေအဲန်ပီပီ ဘက်မှ ထိခိုက်ဒဏ်ရာရှိခြင်း မရှိဟု သိရသည်။