Friday, December 3, 2010

မဲကူကင်းမှာရှိနေတဲ့ ဖလူးရွာက ဒုက္ခသည်များ









အနုပညာရှင် ၁၁ ဦး FM တွင် တားမြစ်ခံရ

ခိုင်စု | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၀၂ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၁၂ မိနစ် .
နယူးဒေလီ (မဇ္ဈိမ) ။ ။ အနည်းဆုံး အနုပညာရှင် ၁၁ ဦး၏ ဖျော်ဖြေတင်ဆက်မှုနှင့် အင်တာဗျူးများ မပြုလုပ်ရန် နိုင်ငံတဝှန်းရှိ FM အသံလွှင့်လုပ်ငန်း ၈ ခုကို ပြန်ကြားရေး ဝန်ကြီးဌာနက နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း ညွှန်ကြားခဲ့ကြောင်း FM အသံလွှင့်ဌာနတခု အပြောအရ သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနက နိုင်ငံတဝှန်းရှိ FM အသံလွှင့်လုပ်ငန်း အားလုံးသို့ အကြောင်းကြားစာ ပေးပို့ရာတွင် အဆိုတော် ဆောင်းဦးလှိုင်၊ အနဂ္ဂ၊ သံသာဝင်း၊ ကျားပေါက်နှင့် မဇ္ဈိမလှိုင်း ဂီတဝိုင်းမှ Bass တီးခတ်သူ ကိုရဲလွင်၊ ရုပ်ရှင်ဒါရိုက်တာများဖြစ်သည့် မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ မင်းထင်ကိုကိုကြီးနှင့် ချိုတူးဇော်၊ သရုပ်ဆောင် ဦးကျော်သူနှင့် ဇနီး ဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမ သန်းမြင့်အောင်တို့၏ သီချင်းများ အသုံးမပြုရန်နှင့် အင်တာဗျူး မလုပ်ရန် ညွှန်ကြားထားသည်ဟု ဆိုသည်။

“ဒီလူ၊ ဒီလူတွေရဲ့ အင်တာဗျူးတွေ၊ သီချင်းတွေကို ထုတ်လွှင့်တာ ရပ်ဆိုင်းဖို့ ညွှန်ကြားစာရောက်တယ်” အမည်မဖော်လိုသော FM တခု၏ ဝန်ထမ်းတဦးက ပြောသည်။

ရပ်ဆိုင်းရမည့် အချိန်ကာလကို တိကျစွာ သတ်မှတ်ဖော်ပြထားခြင်း မရှိသလို မည်သည့်အတွက်ကြောင့် ရပ်ဆိုင်းသည်ကိုလည်း ဖော်ပြထားခြင်း မရှိဟု သူက ပြောသည်။

အပိတ်ပင်ခံရသူများကို မဇ္ဈိမက ဆက်သွယ်သော်လည်း တဦးသာလျှင် ဆက်သွယ်၍ ရခဲ့ပြီး၊ အမည်မဖော်ပြရန် မေတ္တာရပ်ခံသည်။

"အခုက နယ်ပယ်စုံက အနုပညာရှင်တွေကို ပိတ်လိုက်တာလေ။ ရွေးကောက်ပွဲလည်း ပြီးပြီဆိုတော့ အနုပညာရှင်တွေအနေနဲ့ သူတို့ စိတ်ဝင်စားတာတွေ လုပ်ကြည့်တယ်၊ ပြောကြည့်တယ်။ ဒါတွေ အရှိန်တက်မလာအောင်လို့ သင်ခန်းစာ ပေးလိုက်တဲ့ သဘောပါပဲ” ဟု သူက ပြောသည်။

ပိတ်ပင်မှုကို အနုပညာသည်များကိုလည်း အကြောင်းကြားခြင်း မရှိပေ။ ရန်ကုန်ရှိ အနုပညာလောကနှင့် စာပေနယ်တွင်ပါ ထင်ကြေးပေးပြောဆိုမှုများတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြား ထောက်ခံမှုနှင့် ဆက်စပ်နေသလို အာဏာပိုင်များကို အပြစ်တင်သလိုဖြစ်စေသော သရော်မှုများကြောင့် စစ်အစိုးရက တုံ့ပြန်မှုဟု ပါရှိသည်။

အနဂ္ဂ၊ သံသာဝင်း၊ ကျားပေါက် အပါအဝင် အဆိုတော်အချို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထူထောင်ထားသော HIV/AIDS ကုသစောင့်ရှောက်မှုပေး တောင်ဒဂုံရှိ ၃၇၆ ဂေဟာတွင် သွားရောက် လှူတန်းခဲ့သည်။

နာရေးကူညီမှုအသင်း ဦးစီးသူ ဝါရင့်သရုပ်ဆောင် ဦးကျော်သူကို အတိုက်အခံ နိုင်ငံရေးလှုပ်ရှားမှုနှင့် နီးစပ်သဖြင့် ရုပ်ရှင်ရိုက်ခွင့် ပိတ်ပင်ထားသည်မှာ ၂ နှစ်ရှိပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အချုပ်မှ လွတ်မြောက်ပြီး နောက်တရက်တွင် နေအိမ်တွင် သွားရောက်တွေ့ဆုံခဲ့သည်။

ထို့ပြင် ယခုလ ၂၁ ရက်နေ့တွင် သုဝဏ္ဏအားကစားကွင်း၌ ဖျော်ဖြေခဲ့သော ထာဝရနှင်းဆီ အငြိမ့်တွင် မြန်မာပြည်၏ လက်ရှိအခြေအနေကို သရော်သော ပြက်လုံးများ ထုတ်ခဲ့သဖြင့် ရုပ်ရှင် သရုပ်ဆောင်များဖြစ်သည့် နေတိုး၊ ရဲလေး၊ ထွန်းထွန်း၊ ကျော်ကျော်ဗိုနှင့် မိုးမိုးတို့လည်း ပြည်တွင်း ဂျာနယ်များတွင် ဖော်ပြခွင့် ပိတ်ပင်ထားသည်ဟု သိရသည်။

နေတိုးက “မှန်ရာကို သစ္စာဆိုပါမည်၊ လမ်းတွေကို အလွယ်ခင်းပါသည်၊ ဒါပေမဲ့လည်း တခုတော့ ပြောချင်သည် တခြမ်းပဲ ခင်းတော့ သွားရအလွန်ခက်သည်” ဟူ၍ ပြက်လုံးပြက်ခဲ့ရာ လူကြိုက်များခဲ့သည်။

“မူကြမ်းသွားတင်တော့ ထာဝရနှင်းဆီထဲက လူရွှင်တော်တယောက်ရဲ့ အင်တာဗျူး ပါသွားတယ်။ အဲဒါကို ဖြုတ်ခိုင်းရင်းနဲ့ သူတို့ ၅ ယောက်နဲ့ မောင်မျိုးမင်း အကြောင်းပါ မထည့်ဖို့ စာစစ်မှူးက ပြောလိုက်တာ” ဟု ဂျာနယ်သတင်းထောက် တဦးက မဇ္ဈိမကို ပြောသည်။

နိုင်ငံတဝှန်းတွင် ရန်ကုန် စီးတီး၊ မန္တလေး စီးတီး၊ ပိတောက်မြေ၊ ရွှေ၊ ပတ္တမြား၊ ပဉ္စဝတီ၊ ချယ်ရီနှင့် ပုဂံ FM ဟူ၍ FM အသံလွှင့်လိုင်းများ ရှိသည်။

ဗမာမီဒီယာလောကနှင့် ဖင်တပေါက်တည်းဝါဒ ဗမာမီဒီယာလောကနှင့် ဖင်တပေါက်တည်းဝါဒ

Written by မန်းအာကါထက်
Thursday, 02 December 2010 08:12
သတင်းသမားဆိုတာ မိမိရဲ့ ကိုယ်ပိုင်ခံစားချက် ထင်မြင်ယူဆချက်ကို ရှေ့ တန်းမတင်ဘဲ ဘက်လိုက်မှုမရှိ ပကတိဖြစ်ပေါ်နေသောအကြောင်းအရာအခြေအနေကို ပြည်သူတွေဆီအသိပေးဖို့ သတင်းရေးသားတင်

ပြခြင်းဖြစ်ပါသည်။ သတင်းမေးမြန်းသည့်အခါတွင်လည်း မြှောက်ပင့်လှုပ်ဆော်မေးမြန်းမှု၊ နှိမ့်ချအထင်

သေးမေးမြန်းမှုလည်းမလုပ်ရဘူးလို့  သတင်းသမားတို့ ရဲ့ ကျင့်ဝတ်ထဲမှာ ပါပါတယ်။

ဗမာမီဒီယာ ကျယ်ပြန့် လာတာ ၁၉၈၈ အရေးခင်းကါလနောက်ပိုင်းက စတယ်လို့ ပြောရင်ရမယ်ထင်တယ်။ ယခင်သ တင်း ဌာနအချို့ ရှိပေမဲ့ သတင်းမြန်ဆန်မှုသိပ်မရှိသေးပါ။ ၈၈ အရေးအခင်းနောက်ပိုင်း ဗမာအပါအ၀င် ပြည်တွင်းကပြည်သူများ ကရင်တော်လှန်ရေးနယ်မြေ(မဟာဝါဒီသမားများအခေါ်အရ ကရင်သူပုန်) ထွက်ပြေးလာကြတယ်။အဲဒီအချိန်တုန်းက ကရင်တော်လှန်ရေးသမားများသာ မဟာဝါဒီကျင့်သုံးမယ် ဆိုရင်အဲဒီလူမျိုးခြားတောခိုသူတွေကံကြမ္မာတမျိုးတဖုန်ဖြစ်သွားမယ်။တောခိုပြီးသိပ်မကြာပါဘူးပြည်တွင်း

ကိုပြန်ဝင်ပြီး သူပုန်တွေက သူတို့ ကိုဘယ်လိုဘယ်ပုံညှင်းပမ်းနှိပ်ဆက်ပါတယ်ဆိုပြီး သူတို့ ပထွေး မဟာဝါဒီစစ်ဗိုလ်ချုပ်တွေဆီပြန်ပြီး အသနားခံတဲ့ သူကခံ၊ အပင်ပန်းဆင်ရဲမခံနိုင်လို့  နိုင်ငံခြားထွက် တဲ့သူကထွက်၊အချို့ ကလည်းကိုယ့်ကိုယ်ကိုမီဒီယာသမားလို့ ခံယူပြီး သတင်းဌာနတွေမှာ လုပ်ကြတယ်။



တော်လှန်ရေးနယ်မြေမှာတချို့ ကျန်ခဲ့ တာတွေရှိပေမဲ့  နှစ်ယောက်နဲ့ တပိုင်းကို အဖွဲ့ (၃)ဖွဲ့ လောက် ထောင်ပြီးနေ နေကြတယ်။ ကေအင်ယူဗိုလ်ချုပ်မြ ရဲ့ ပြောစကားတောင် တွင်ခဲ့ သေးတယ် ဘာတဲ့ …မင်းတို့ ကျောင်းသားတွေ တယောက်နဲ့ တယောက်တဲ့ ဖို့ ၊စည်းလုံးဖို့  ငါ့အမဲတွေတကောင်ပြီး တ ကောင် ပေါ်ပေးပြီးတော့ အစည်းအဝေးတွေထိုင် တိုင်ပင်ဆွေးနွေးခိုင်းတယ်၊ ငါ့အမဲတွေ တအုပ်ကြီးဟာ ကုန်တော့ မယ် မင်းတို့ ကျောင်းသားတွေ ခုထိမစည်းလုံးနိုင်ကြသေးဘူး။ဗမာကျောင်းသားတွေ တောထဲ မှာ နေစဉ်ကါလ သူတို့ ကသိက အောက်ဆက်ဆံခံရတာလည်းရှိမှာပါ။ ဒေသခံတွေကများသောအားဖြင့် ဘ၀ဒရာဒချက်တွေနဲ့ ပြည့်နက်နေတဲ့ လူတွေကများတော့ မင်းတို့ မဟာဝါဒီလူမျိုးတွေကြောင့် ငါတို့ မျိုး နွယ်စုတွေ ဒုက္ခအမျိုးမျိုးရောက်ကြရတယ်၊ မင်းတို့ အချင်းချင်းပြသနာဖြစ်တော့ ငါတို့ ဆီကိုထွက် ပြေး လာရတယ် လို့ ခံယူတဲ့လူလည်းရှိမှာပါ။ ဒါကတော့ ခံစားရတဲ့လူကိုယ်တိုင်က ကြည့်ရင် မှားတယ်လို့  ကောက်ချက်ချလို့ မရပါဘူး။

ကရင်တွေ သူတို့ ကိုဘယ်လိုဆက်ဆံတယ်ဆိုတာ နိုင်ငံခြားကိုထွက်ဖို့  မနီလွိုင်ဒုက္ခသည်စခန်းမှာဘဲ ရောက်သေးတယ် တခါစားဖူးသူကျေးဇူးကို မေ့ပြီး မဟာဝါဒီဇာတိပြလာတာကို ကြုံခဲ့ဘူးပါတယ်။ တော်လှန်ရေးနယ်မြေမှာ နေတုံးက ဖါ့ထီးတွေ သူတို့ ကိုဘယ်လိုဆက်ဆံတယ်၊ ဘာနဲ့ ကျွှေးတယ်၊ အဲဒါအပြင် သူတို့ မိဘလောက်အသက်အရွယ်ရှိတဲ့လူတွေကို အမျိုးမျိုးဆဲရေးတိုင်းထွာလုပ်တာတွေ နားထောင်လို့ တောင်မရဲတော့ပါ။ အခုလိုမျိုး ကိုယ်ပိုင်ဘလော့ဂ်တွေ ခေတ်စားလာတော့လည်းကရင် တွေကို စော်ကားတဲ့ အရေးအသားတွေ မဖတ်နိုင်၊မကြားနိုင်တဲ့အဆုံးပါဘဲ။အချို့ ကနိုင်ငံခြားမထွက်ဘဲ (ထွက်ပြီးပြန်လာတဲ့ သူလဲရှိ) ထိုင်းနိုင်ငံမှာဘဲ သတင်းဌာနအလုပ်နဲ(ခံယူချက်နဲ့ လုပ်တဲ့သူလည်းရှိ) အ သက်မွေးဝမ်းကြောင်းလုပ်တယ်ဆိုပါတော့။

ကျနော်ဆိုလိုချင်တာက နိုင်ငံခြားကိုဘဲရောက်ရောက် ထိုင်းနိုင်ငံမှာဘဲနေနေ ၈၈ အရေး အခင်းကစလို့  ဒုတိယ၊တတိယ နိုင်ငံမှာရောက်သွားတဲ့ ဗမာတေ(တော်လှန်ရေးသမားလို့ မြှောက်ခေါ်ရင် ပိုကြိုက်မယ်ထင်တယ်)ကရင်ထမင်းကို မစားဘူးတဲ့ လူတွေက လက်ရည်ချိုးလို့ ရပါတယ်။ အခုထိ နယ်စပ်တကြောမှာ အင်ဂျီအိုဘဲ လုပ်လုပ်၊ အဖွဲ့ အစည်းဘဲထောင်ထောင်၊ သတင်းဘဲလိုက်လိုက် ဖါ့ထီး တွေကို အမှီသဟဲလုပ်နေရတုံးပါဘဲ။ ကရင်တော်လှန်ရေးသမားတွေကလည်း ဗမာတော်လှန်ရေး သမားများနဲ့ လက်တွဲလုပ်ဆောင်တဲ့ဟာတွေလဲရှိတာပါဘဲ။ အဲဒီလိုမျိုးအပြန်အလှန်လက်တွဲ လုပ်ဆောင် တာတွေရှိတော့ တဦးနဲ့ တဦး တဖက်နဲ့ တဖက် လေးစားမှုတော့ရှိရမယ်၊ အပြုသဘောဆောင်တဲ့ ညှိနှိုင်း

ဆွေးနွေးလုပ်ဆောင်မှုတွေတော့ရှိရမှာပါ။

မီဒီယာတွေမှာ ခဏခဏဖတ်ဖူးတယ်၊နားထောင်ဖူးတယ်၊ တခါတလေ ကရင်တွေကို မြှောက်ပင့်ရေးသားပေးလိုက်၊ မြှောက်ပင့်အော်ပေးလိုက်နဲ့ ၊အခန့် မသင့်တော့လဲ ပွဲတွေဆူအောင် အူကြောင်ကြောင်နဲ့  ပုတ်ခတ်ရေးသားတာတွေလဲ ဖတ်ရဖူးပါတယ်။ ထိုင်းနိုင်ငံ၊ချင်းမိုင်အခြေစိုက် ဗမာသတင်းဌာနဆိုရင်လည်း ကရင်တွေကို ခနဲ့ တမျိုး တက်တက်တဖုံ ဝေဖန်ရေးသားတာတွေ အကြိမ်များစွာ ဖတ်ရဖူးပါတယ်။

အခုလည်းလာပြန်ပါပြီ၊ နိုဝင်ဘာ ၃၀ ရက် ဘီဘီစီညနေပိုင်းသတင်းမှာ သူတို့ ဝိုင်း တော်သားအချင်းချင်း အတိုင်အဖေါက်တွေကတော့ ဟန်ကျပါပေတယ။်ဘာတဲ့…လက်နက်ကိုင်တော်

လှန်ရေးကိုတစိုက်မတ်မတ်လုပ်ဆောင်လာတဲ့သူ အတော်တော်များများဟာ(ဗိုလ်မှူးထိန်မောင် တဦး တည်းကိုသာဆိုလိုခြင်းမဟုတ်) နိုင်ငံရေးလုပ်မယ်ဆိုရင် ပညာအရည်အချင်းမမှီဘူး၊အာဏာကိုစွန့် လိုက်

ရရင် ရှာဖွေစုဆောင်းထားတဲ့ ဟာတွေ အာဏာနဲ မကါကွယ်နိုင်တော့ဘူး၊ အခုလုပ်တဲ့ လူအသက် အိုသွားပြီး နောက်ထပ်လုပ်မဲ့ လူမရှိတော့ဘူးဆိုရင် တော်လှန်ရေးဟာ ပျောက်ကွယ်သွားမယ်၊ အခုတော် လှန်တိုက်ခိုက်တာလည်း ရွေးစရာလမ်းမရှိလို့ လုပ်တာ။….စသည်ဖြင့် အားမနာတမ်း ဝေဖန်သုံးသပ် သွားပါတယ်။

ဒီသုံးသပ်ချက်ဟာ အတော်များများဟာ ဆိုတဲ့စကားလုံးကိုသုံးတဲ့အတွက် ကရင်အပါအ၀င်အခြား ဗမာစစ်အုပ်စုကိုတော်လှန်ဖို့ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့(ငြိမ်းအဖွဲ့ ရော မငြိမ်းတဲ့အဖွဲ့ ရော)လူတွေအားလုံးကို ဆိုလိုတယ်လိုကျနော်ယူဆတယ်။

လက်နက်ကိုင်တော်လှန်ရေးသမားတွေ နိုင်ငံရေးလုပ်ဖို့ ပညာအရည်အချင်မမှီဘူးဆိုတဲ့ စကားလုံးကိုဆွေးနွေးရအောင်….. အခုဗမာစစ်ဗိုလ်ချုပ်မောင်သန်းရွေကရော အတန်းပညာ ဘယ် လောက်ရှိလို့ လဲ၊အဲ..တကယ်လို့  နိုင်ငံရေးလုပ်နိုင်ဖို့  ဗမာစစ်ဗိုလ်ချုပ်တွေထက် ကောက်ကျစ်ယုတ်မာတဲ့ ကလိမ်ကကျစ်တဲ့ အရည်အချည်းနဲ့ ရှိရမယ်ဆိုရင် ဗမာစစ်ဗိုလ်ချုပ်တွေကို မယှဉ်နိုင်တာကသေချာတယ်။ တကယ်လို့  သေနတ်အာဏာမပါဘဲ့ ရိုးသားဖြောက်မတ်တဲ့ နိုင်ငံရေးအရည်အချင်းနဲ့  ၀င်လုပ်ရမယ်ဆိုရင် ကရင်တွေအပါအ၀င် အခြားတိုင်းရင်းသားတွေရော ဗမာလူမျိုးတွေရောပါ ဗမာစစ်ဗိုလ်ချုပ်တွေထက် သါတဲ့အရည်အချင်းတွေအများကြီးရှိတယ်။

လက်နက်ကိုင်တော်လှန်ရေးသမားတွေ အာဏာကိုစွန့် လွတ်လိုက်ရရင် သူတို့ ရှာဖွေစုဆောင်းထားတဲ့ဟာတွေ အာဏာနဲ့ မကါကွယ်နိုင်တော့ဘူး ဆိုတဲ့အချက်ကိုတော့ ကျနော်မဆွေးနွေးတတ်ဘူးလို့  ရိုးသားစွာဝန်ခံပါရစေ။ ဘာကြောင့်လဲဆိုတော့ သူတို့ စည်းစိမ်ဘယ်လောက်ရှိလဲဆိုတာ ကျနော်မှတ်တမ်းမပြုစုရသေးလို့ ပါ။ ဒါပေမဲ့ ကွယ်လွန်သူ ကရင့်ခေါင်းဆောင် ပဒိုမန်းရှားလာဖေါင်နဲ့ အတူ ကျနော်သူ့ အိမ်မှာထမင်းအတူစားခဲ့ဘူးပါတယ်သူ့ မှာ ကိုယ်ပိုင်အိမ်မရှိဘူး။ ငှားနေတဲ့ အိမ်လဲ ခဏလေးဟိုမှာပြောင်းလိုက်ရ ဒီမှာပြောင်းလိုက်ရနဲ့ ။ စားဖူးတဲ့ ထမင်းဝိုင်းဟာ ဒန့် ဒလွန်ရွက်တာလပေါ့တခွက်၊ ငါးပိရည်နဲ့ တို့ စရာ ဒါဘဲ ၊ ဘယ်မှာလဲစည်းစိမ်ဥစ္စာ ဘာမှမရှိ။

သူတို့ တွေရွေးစရာလမ်းမရှိလို့  အခုလိုမျိုးပြန်လည်တိုက်ခိုက်တာ ဆိုတဲ့ အချက်ကို အနည်းငယ်ဆွေးနွေးချင်ပါတယ်။ ကရင်လူမျိုးလောက်ငြိမ်းချမ်းရေး ချစ်မြတ်နိုးတာ ကမ္ဘာပေါ်မှာ ကရင်ဘဲရှိမယ်ထင်ပါတယ်။ ကရင်တွေအပါအ၀င် ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးတွေက ကိုယ့်ဘိုးဘွားတွေ နေခဲ့တဲ့ ရေမြေတောတောင်တွေမှာ အေးအေးဆေးဆေးနေကြတယ်။နောက်ပြီးသူတပါးကို ကျူးကျော်တိုက်ခိုက်တဲ့ ကရင်လူမျိုးတွေဆိုလို့  သမိုင်းမှာ ကျနော်မဖတ်ဖူးပါ။ အခုဟာက ကိုယ့်မြေပေါ်ကို မတရားကျူးကျော်လို့ ပြန်လည်တိုက်ခိုက်ရခြင်းဖြစ်တယ်။ မြန်မာ့သမိုင်းမှာ အင်္ဂလိပ်နယ်ချဲ့ ကျူးကျော်စစ်တို့  ဖက်ဆစ်ဂျပန်ကျူးကျော်စစ်တို့ အကြောင်းတွေ စာဘယ်လောက်ဖွဲ့ ဖွဲ့ ယနေ့ ခေတ်သစ် ဗမာဖက်စစ်ကျူးကျော်စစ်လောက် မရက်ဆက်ပါဘူး။ ယခင်တိုင်းတပါးသားကျူးကျော်စစ်ထက် အဆပေါင်းများစွာဆိုးတယ် ကောက်ကျစ်ယုတ်မာတယ်။ ဒါကို လည်စဉ်းခံပြီးနေမှာလား။ မတရားမှုဟူသမျှကို ခေါင်းငုံ့ မခံဘဲ ပြန်လည်ခုခံတော်လှန်တာဟာ ကရင်လူမျိုးတွေရဲ့ တကယ့် စံ တခုပါ။

နောက်ဆုံးအချက်ကတော့ကရင်တော်လှန်ရေးဟာ ပျောက်ကွယ်သွားတော့မလိုလို…

ပြောဆိုသွားတယ်။ မတရားဖိနှိပ်မှုတွေ ဆက်ရှိနေသရွေ့ ၊နောက်ဆုံးကရင့်အာဇာနည်ခေါင်းဆောင် စောဘဦးကြီးစကားအတိုင်းပြောရရင် ကရင်တွေတယောက်မကျန် ရန်ကုန်ကိုဆင်းပြီး လည်စဉ်းမခံသရွေ့  ကရင်တော်လှန်ရေးကြီးက ဆက်ရှိနေအုံးမှာဘဲ။

တကယ်ဆို နိုဝင်ဘာ ရ ရက်နေ့ ၊ မြ၀တီ ဘုရားသုံးဆူ တော်လှန်ရေးကစလို့  ကရင် လက်နက်ကိုင်တော်လှန်ရေးသမားအချင်းချင်း သာမက ပြည်တွင်းပြည်ပမှာရှိတဲ့ကရင်လူမျိုးတွေ စည်းလုံးညီညွတ်မှုပိုမိုအားကောင်းလာတဲ့ယခုလိုအချိန်မှာဗမာသတင်းဌာနတခုက(အားမပေးရင်နေပါ)ဒီလိုမျိုး ဝေဖန်တာ ကောက်ချက်ချတာမျိုးမဖြစ်သင့်ပါဘူး။မဟာမမာ စစ်ခေါင်းဆောင်တွေရဲ့ စိတ်ကြိုက်ဖွ ပေးတာလားတော့ စဉ်းစားစရာပါ။



မန်းအာကါထက်

၁ ဒီဇင်ဘာ ၂၀၁၀။

Daily_News_01_Dec_2010 -

Thursday, December 2, 2010

ဗိုလ်ထိန်မောင်ကို စစ်အစိုးရ စတိုက်ပြီ

/ 12/01/2010 08:05:00 PM / ဧရာဝတီ သတင်းမှ....

နအဖ စစ်အစိုးရနှင့် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲ့ ဖြစ်သော ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သည့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး KNU/KNLA တပ်ဖွဲ့ဝင် ၆ ဦး ဖမ်းဆီး ခံရကြောင်း သိရသည်။
အပစ်အခတ် ရပ်စဲထားသော ငြိမ်းချမ်းရေး ကောင်စီ တပ်ဖွဲ့ဝင်များကို ၃ နှစ်တာကာလ အတွင်း စစ်အစိုးရက ပထမဆုံး အကြိမ် ပြန်လည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူးချုပ် ထိန်မောင်သည် ၂၀၀၇ ခု နှစ်ဆန်းပိုင်းက တပ်သား ၃၀၀ ခန့်နှင့်အတူ KNU မှ ခွဲထွက်ခဲ့သည်။ ထို့နောက် မြန်မာ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ၎င်း၏ အဖွဲ့ကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေးခဲ့သည်။ အဆိုပါ တိုက်ပွဲသည် မြ၀တီမြို့နယ် ဖလူးကျေးရွာ အနီးတ၀ိုက်တွင် ကော့ကရိတ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၂ လက်အောက်ခံတပ် ခြေလျင်တပ်ရင်း (ခလရ) ၂၃၀ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့သည်ဟု ငြိမ်းချမ်းရေး ကောင်စီမှ ပြောရေး ဆိုခွင့်ရှိသူ စောတီမိုသီ(Timothy)က ဧရာဝတီသို့ ပြောသည်။

“တပ်ရင်း ၂၃၀ ကနေပြီးတော့ ၀င်ပြီးတော့ တိုက်တယ်၊ ကျနော်တို့ စစ်သားတွေလည်း အေးအေး ဆေးဆေး ထိုင်နေတဲ့ အချိန်မှာ ပစ်တော့ စောတင်အောင်ဆိုတဲ့လူကို ထိသွားတယ်၊ အဲဒီမှာ ထိုင်နေတဲ့ ငြိမ်းချမ်းရေး ကောင်စီက တပ်ဖွဲ့ဝင် တွေကို သူတို့က ဖမ်းသွားတယ်”ဟု ၎င်းက ဆိုသည်။

အခင်း ဖြစ်ပွားမှုနှင့် ပတ်သက်၍ နှစ်ဘက် တာဝန်ရှိသူများကို အကြောင်းကြားထားကြောင်း သိရသည်။ ဖမ်းဆီးထားသည့် KNU/KNLAတပ်ဖွဲ့ဝင်များကို မြ၀တီမြို့ နယ်ရှိ စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) ရုံးတွင် ထိန်းသိမ်းထားကြောင်း သိရ သည်။

စစ်အစိုးရက ကမ်းလှမ်းသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသောကြောင့် ငြိမ်းချမ်းရေး ကောင်စီကို ရန်သူအဖြစ် သဘောထားခြင်း ဖြစ်ကြောင်း စောတီမိုသီ က ဆက်လက် ပြောဆိုသည်။

ယနေ့ စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ တိုက်ပွဲများ ဆက် လက် ဖြစ်ပွားနေသောကြောင့် ဒေသခံရွာသား ၅၀ ကျော် ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့နယ် အတွင်းသို့ ထပ်မံ ရောက် ရှိလာကြောင်း သိရှိရသည်။

ထွက်ပြေး ရောက်ရှိလာသော စစ်ပြေး ဒုက္ခသည်များကို ထိုင်း အာဏာပိုင်များက ထိုင်း နယ်ခြားစောင့် စခန်းဝင်းအတွင်း စောင့်ရှောက်ထားပြီး ယခုအခါ စုစုပေါင်း လူဦးရေ ၆၅၀ ခန့် ရှိကြောင်း သိရသည်။

ကရင်အမျိုးသမီး အစည်းအရုံး(KWO) ပြောရေး ဆိုခွင့်ရှိသူ နော် ဘလူးမင်း နိုက်ဇန်က“ဒီနေ့ ဆိုရင် ၅၀ လောက် ထပ်များ လာတယ်၊ ဘာဖြစ်လို့ ထွက်ပြေးလာသလဲဆိုတော့ သေနတ်သံတွေလည်း ဆက်ကြားနေတယ်၊ နောက်ပြီးတော့ နအဖ တပ်သားတွေက ပေါ်တာ လိုက်ဆွဲနေလို့ ကြောက်ပြီးတော့ ထွက်ပြေးလာကြတာ”ဟု ဧရာဝတီသို့ ပြောသည်။

ထိုင်း အစိုးရက မြန်မာနိုင်ငံ ဘက်ခြမ်းမှ တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ပြေး ဒုက္ခသည်များကို နယ်စပ် ဖြတ် ကျော်ခွင့် ပေးထားသော်လည်း တိုက်ပွဲများ ရပ်ဆိုင်းသွားသည့် အချိန်တွင် မြန်မာနိုင်ငံ ဘက်သို့ ပြန်ခိုင်းလေ့ရှိသည်။

သို့သော် ယနေ့ ထိုင်းအာဏာပိုင်များက ထွက်ပြေးလာသော ဒုက္ခသည်များကို နေရပ်သို့ ပြန်ရန် ဖိအားပေးမှု တစုံတရာ မရှိ သေးကြောင်း သိရသည်။
နော်ဘလူးမင်းနိုက်ဇန်က“ထိုင်းအစိုးရက တိုက်ပွဲဖြစ်တယ်၊ သေနတ်သံကြားတယ်ဆိုတော့ မပြန်ခိုင်းဘူး သေချာတယ်၊ မကြားဘူးဆိုရင်တော့ ဒီနေ့ မကြားဘူး မနက်ဖြန် ပြန် အဲဒါတော့ သူတို့ အမြဲလုပ်နေကျပဲ”ဟု ၎င်းက ဆိုသည်။

ထို့အပြင် ထွက်ပြေးလာသော ကရင်ရွာသားများကို မဲဆောက်မြို့ရှိ အစိုးရမဟုတ်သော NGO အဖွဲ့အစည်းနှင့် လူ့အခွင့်အရေး လှုပ်ရှားနေသော အဖွဲ့အစည်းတချို့ ပူးပေါင်း၍ အစားအသောက်များကို ကူညီထောက်ပံ့ပေးထားကြောင်း သိရ သည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ်ဂိတ်တချို့ကို DKBAတပ်ဖွဲ့ဝင်များ က ၀ိုင်းထားခဲ့ပြီး နောက်ပိုင်း ကရင်ပြည်နယ် အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ ခြင်း ဖြစ်သည်။

ဖလူးကျေးရွာကို နအဖ ခြေလျင်တပ်ရင်း (ခလရ) ၃ ရင်း၊ အမြောက်တပ်ရင်းနှင့် အဂျင်နီယာ တပ်ရင်း အပါအ၀င် တပ်ရင်း ၅ ရင်းခန့် ထိန်းချုပ်ထားကြောင်း သိရသည်။

“နအဖ စစ်တပ်ကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေကိုပဲ ဖြစ်ဖြစ်၊ အပစ်ရပ် အဖွဲ့တွေပဲ ဖြစ်ဖြစ် သေချာ ထိုင်ဆွေး နွေး ပြီး ညှိနှိုင်းဖို့လိုပါတယ်၊ ဒါမှမဟုတ်ရင်တော့ ပြည်တွင်းစစ်ဟာတော့ ဆက်ဖြစ်နေမှာပဲလို့ မြင်တယ်၊ ပြည်တွင်းစစ်ဆက်ဖြစ်နေ သရွေ့ ကာလပတ်လုံး ပြည်သူတွေကတော့ တချိန်လုံး ပြေးလွှာနေရမှာပဲ၊ ဘ၀တည်ငြိမ်မှုလည်း လုံးဝရှိမှာ မဟုတ်ဘူး”ဟု နော်ဘလူး မင်းနိုက် ဇန်က ပြောသည်။

Condition of Fugees Who Flee by Battle of SPDC and DKBA-vdo 30.November


အသံဖိုင်တိုးနေပါတယ်

ဖလူးမှာ အိမ်ပြန်လာတဲ့ ရွာသာတွေကို နအဖ စစ်သားတွေက ပစ်ခတ်တိုက်ခိုက်

Posted by admin on November 30th, 2010

မနေ့မနက် ၁၀ နာရီခန့်က ဖလူးလေးရွာမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် တိုက်ပွဲ တွေကြားက ပြည်သူတွေဟာ ဗမာဘက်ကမ်း ဘုန်းကြီးကျောင်းနဲ့ သောင်ရင်းချောင်း ကမ်းနားတဝိုက် နေရာတွေမှာ ရှောင်ပုန်းပြောလွှားရင် ဖြစ်သလိုနေထိုင်ကြတဲ့ လူတွေ ရှိသလို ထိုင်းနိုင်ငံ မဲ့ကူကင်းရွာဘက်ကိုလည်း သွားရောက်ခိုလှုံတဲ့သူတွေလည်း ရှိခဲ့ပါ တယ်။

ထိုင်းအစိုးရက အခြေအနေအေးဆေးသွားပြီးဆိုကာ ဗမာဘက်ကမ်းကို ရွာသားမျာကို ပြည်လည်ပို့ဆောင်ခဲ့ပါတယ်။ ပြန်အပို့ခံရတဲ့ ရွာသားတွေထဲက ခြောက်ဦးမှာ သူတို့ရွာဖြစ်တဲ့ ဖလူးရွာထဲကို ပြန်ဝင်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ ရွာထဲမှာ အသင့်နေရာ ယူထားတဲ့ နအဖ စစ်သားတွေက သေနတ်နဲ့ လှမ်းပစ်တဲ့အတွက် ပစ္စည်းတွေ ထားပစ်ခဲ့ ကာ ထိုင်းနိုင်ငံဘက်ကို ပြန်ပြီးထွက်ပြေးလာရတယ်လို့ သတင်းရရှိပါတယ်။
‎90th Anniversary of National Day Statement by NLD

Wednesday, December 1, 2010

ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ်

Tuesday, 30 November 2010 05:54
#fullpost { display: none; }

မဆလ စစ်အာဏာရှင် ခေတ် ကာလကတွင် သာမန်စစ်ဗိုလ် တစ်ယောက်အနေဖြင့် နိုင်ငံခြား သို့ ပညာတော်သင် သွားရောက် ဖို့ရာမှာ ကြုံတောင့်ကြုံခဲ အခွင့်အရေး တစ်ရပ်ပင် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံနှင့် အဆင်ပြေခဲ့စဉ်က အမေရိကန်နိုင်ငံသို့ သင်တန်းသွားတက်ရ ဖို့ကို အရာရှိ တော်တော်များများက ကျားကုပ်ကျားခဲ ကြိုးစားသင်ယူ ဖြေဆိုခဲ့ကြ ရပြီး ရှားရှားပါးပါး မြန်မာ့ တပ်မတော် တစ်ခုလုံးအ နေဖြင့် ဗိုလ်မှူးအဆင့်ရှိ အရာရှိနှစ်ဦး (ဗိုလ်မှူးသန်းအောင်နဲ့ ဗိုလ်မှူးမြငြိမ်း) သာ ရွေးချယ်ခံရကာ ခက်ခက်ခဲခဲ သွားရောက်ခဲ့ ဖူးပါတယ်။
.
၁၉၈၈ နောက်ပိုင်းမှာ တရုတ်နိုင်ငံသို့ ပညာတော်သင်သွားခဲ့သော တပ်မတော် အရာရှိများ ရှိခဲ့သော်လည်း ညွှန်ကြားရေးမှူးရုံးများနှင့် ပညာသည် တပ်ဖွဲ့များသာ ဥပမာ - (တင့်ကား၊ သံချပ်ကာ၊ အမြောက်၊ ဆက်သွယ်ရေး၊ ရေတပ်၊ လေတပ်) စတဲ့ တပ်များမှ အရာရှိများ သာ သွားရောက်ခဲ့ရပြီး သာမန်ခြေလျင် တပ်က အရာရှိများအဖို့ အခွင့်အလမ်း နည်းပါးသေးကြောင်း တွေ့ရပါတယ်။ သို့ရာတွင် ရုရှား နိုင်ငံသို့ သွားရောက် ပညာတော်သင်ရမည့် အစီအစဉ် စတင်ချိန်မှာတော့ စစ်တက္ကသိုလ် ကျောင်းဆင်းချိန်မှစပြီး သာမန် ခြေလျင်တပ် မှာ တာဝန်ထမ်းဆောင်ဖို့ မလိုတော့ဘဲ အရာရှိထောင်နဲ့ချီကာ နိုင်ငံခြားသို့ ဆက်လက် ပညာဆည်းပူးနိုင်ရန် သွားရောက်ခွင့် အခြေအနေ ရှိလာပါတယ်။ ပညာ တော်သင် အရာရှိတစ်ဦးရဲ့ လစာကို ဒေါ်လာငွေဖြင့် ပေးသလို အဆင့်မြင့် နည်းပညာ အပါအ၀င် နျူကလီးယား ပညာရပ်ထိ သင်ယူဖို့ ရှိတာမို့ တပ်မတော် အရာရှိတိုင်း လှုပ်လှုပ်ရွရွနဲ့ စိတ်ကူးယဉ်ခဲ့ကြပေမဲ့ လစာငွေတွေ ပြည်တွင်းမှာ ရုတ်တရက် အဆပေါင်းများစွာ တိုးပေးလိုက်မှုကြောင့် လက်တွေ့နယ်ပယ်မှာ နိုင်ငံခြား ပညာတော် သင်တွေဟာ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်ခဲ့ရ ကြောင်း သိခဲ့ရပါတယ်။

ထို့အပြင် ရုရှားသို့ သွားရောက် ပညာသင်ကြားသူများမှာ စောစီးစွာ ချောင်ထိုးခံရသူများ၊ အစတေးခံရသူများ ဖြစ်သွားပုံတွေ၊ ရုရှား ပညာတော်သင် အဖွဲ့တွင် လူကြီးသားသမီးများ ပါဝင်မလာရခြင်းအတွက် အံ့သြဖွယ်ရာ တွေ့ရှိရပုံတွေ၊ ရုရှား ပညာတော်သင် သွားသူများမှာ ကျီးလန့်စာစားနှင့် နေထိုင်ပြီး ပညာသင်ယူနေကြပုံတွေ၊ စစ်အာဏာရှင်တွေဟာ ရုရှားမှာ နျူကလီးယား ပညာရပ်ကို သွားသင်ခိုင်းပြီး ကမ္ဘာမှာ Super Power နိုင်ငံတစ်ခုဖြစ်ဖို့ ဖြတ်လမ်းကနေ ကြံစည်နေမှုအား သုံးသပ်ထားပုံတွေမှာ အလွန်သေသပ်လှပသော လှည့်စားမှူတစ်ခု ဖြစ်နိုင်နေမည်မှာ မလွဲဧကန်ပင်ဖြစ်နိုင်ပါတယ်။

“ရုရှားသို့ ပညာတော်သင် သွားခြင်း” ဆိုတဲ့ ဝေါဟာရတစ်ခုဟာနှောင်းပိုင်း စစ်တက္ကသိုလ်တွင် အတော်လေးကို ခေတ်စားလာခဲ့ပါတယ်။ ကိုယ့်ရဲ့ ဘယ် Guardian ကဖြင့် ရုရှားကို ရောက်သွားပြီ၊ ဘယ်သူကဖြင့် သွားရတော့မည်၊ စသဖြင့် စသဖြင့် အားကျစဖွယ် ကြားသိခဲ့ရ ပြောပြရင်း အထင်ကြီးခဲ့ကြမည်မှာ အလွန်သေချာပါသည်။အတော်လည်း ရူးသွပ်မိကြမည်ဆိုတာထင်ရှားပါသည်။ ၎င်းအတွက်ပင် စာကိုလည်း ပိုကြိုးစားကြမည် ဟုလဲထင်မိပါသည်။ သူတို့ အတွေးများတွင်တော့ စစ်ဗိုလ်ဘ၀နှင့် နိုင်ငံခြားပညာတော်သင် သွားရပါက အဘယ်မျှ ဂုဏ်ယူစရာ ကောင်းလှမည်နည်းပေါ့။

ရုရှား ပညာတော်သင် သွားရမည့် အရာရှိငယ်များသည် ပြင်ဦးလွင် (စစ်တက္ကသိုလ် စာပေ - ၂) ၌ ရုရှား ဘာသာစကားအား (၇) လ သင်ကြား ခဲ့ကြရပါသည်။ မနက် (၈) နာရီမှ (၁၁) နာရီအထိ စာသင်၊ ပြီးလျင် ဟင်းကောင်းထမင်းကောင်းများစားသောက် ပြီးလျင်

12 နာရီမှ 2 နာရီ အထိသင်၊ ကျန်အချိန်များမှာ အရာရှိငယ်များ၏ ကိုယ်ပိုင်အချိန်များဖြစ်သည်။ကိုယ့် ရီစစ်(ဘာသာစကား) ဆရာမနှင့် ပိုင်လျှင်ပိုင်သလို အတန်းမတက်လဲ အဆင်ပြေကြပါတယ်။၎င်းတို့ အနေနှင့် ရုရှား သွားမည့်ရက်ကိုသာ သက်တောင့်သက်သာ လက်ချိုးပြီး စောင့်နေရုံ ဖြစ်ပါတယ်။

ရုရှားရောက် အကိုတော်အရာရှိများသည် ငါးစားသာမြင်၍ ငါးမျှားချိတ် မမြင်ဆိုသော အဖြစ်မျိုးဖြစ်နေသည်ကို

သတိမထားမိကြပေ။“သိပ္ပံနှင့် သုတေသနတပ်” အား ဖွဲ့စည်းလိုက်ကာ ရုရှားမှ ပြန်ရောက်လာသော အရာရှိများအား ၎င်းတပ်အတွင်းသို့ သွတ်သွင်းလိုက်သည့် လုပ်ရပ်သည် တပ်မတော်မှ စောစီးစွာ အရပ်ဘက်သို့ အပို့ခံရသော အရာရှိငယ်များဘ၀သို့ ရောက်ခြင်းမလှ ရောက်ခဲ့ရပါတော့တယ်။ အသုံးချခံ အစတေးခံ ဘ၀များသို့ ရောက်ရှိခဲ့ကြ ရပါတော့တယ်။

သို့ရာတွင် ထူးခြားသည်ကား ၎င်းရုရှားပညာတော်သင် အဖွဲ့များတွင် လူကြီးသား သမီးများ ပါဝင်မလာခြင်းပင် ဖြစ်ပါတယ်။ သာမာန်အရာရှိများ ငမ်းငမ်းတက် သွားချင်လှသော ရုရှားအား အဘယ်ကြောင့် လူကြီးသားသမီးများ မသွားချင်ရသနည်း၊ နောက်ကွယ် မှာ ဘာတွေ မြုပ်ကွက်ရှိနေသနည်း။ မေးခွန်းပေါင်းများစွာ မေးစရာ ဖြစ်လာပါတယ်။ လူကြီးသားသမီး ဆိုသူများသည် ရုရှားပြန်များအား ဂုတ်ခွစီးဖို့ အာဏာပိုင် နေရာများဆီသို့ ချီတက်သွားကြပြီဆိုတာ မသိကြလေရော့လား အကိုတော်တို့ရယ်။

ရုရှားရောက် အရာရှိများ အနေနှင့် ၎င်းတို့ အဓိကထား စဉ်းစားရမည့် အချက်များကို မေ့နေဟန်တူပါတယ်။

“ဒီ နျူကလီးယား ပညာရပ်ကို သင်ကြားနေရတာ ဘာအကျိုးအမြတ် အတွက်လဲ? "

“လျှပ်စစ်မီး ဖောဖောသီသီ သုံးနိုင်အောင်လို့လား?”

“နျူကလီးယား လက်နက်တွေထုတ်ပြီး ကမ္ဘာ့ Super Power နိုင်ငံတစ်ခု ဖြစ်ချင်လို့လား”

လျှပ်စစ်မီး ထုတ်လုပ်ဖို့ဆိုရင်တော့ သူများနိုင်ငံသွားပြီး နျူကလီးယား ပညာရပ်ကို သွား သင်နေစရာ မလိုပါ။ ကိုယ့်နိုင်ငံမှာ ထွက်တဲ့ သဘာဝဓါတ်ငွေ့တောင် နှစ်ပေါင်း ၂၀၀ လောက် လျှပ်စစ်မီးပေးလို့ ရပါတယ်။ အဲဒီ သယံဇာတတွေကိုတော့ တခြားနိုင်ငံတွေကို ရောင်း ပြီး နျူကလီးယား ပညာရပ်က လျှပ်စစ်မီးအတွက် စက်မှုထွန်းကားဖို့အတွက် သွား သင်နေရတာပါ ဆိုရင်တော့ ဒါ အကြောင်းပြ ချက် သက်သက်သာ ဖြစ်နေပါလိမ့်မည်။ လုံးဝ မခိုင်လုံပါ။ လက်မခံနိုင်ပါ။

ဒါဖြင့် ဘာကြောင့် ရုရှားကို နျူကလီးယား ပညာရပ် သွားသင်နေရတာလဲ? ရိုးရိုးလေး စဉ်းစားကြည့်ပါ၊ ကမ္ဘာမှာ Super Power နိုင်ငံ တစ်ခုဖြစ်ဖို့ ဖြတ်လမ်းကနေ ကြံနေတာကို တွေ့ရပါလိမ့်မယ်။ မေးလိုက်ချင်ပါသေးတယ် အကိုတော်အရာရှိတို့ရယ်

(၁) နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့အတွက် မြန်မာပြည်မှာ စီးပွားရေး အဆောက် အအုံတွေ ခိုင်မာနေပြီလား?

(၂)နိုင်ငံခြားဝင်ငွေတွေ ဒလဟော ရနေပြီလား?

(၃)ပြည်တွင်း ကုန်ထုတ်လုပ်မှု စွမ်းအားတွေ သိပ်ကိုမြင့်မားနေပြီလား?

(၄)မြန်မာပြည်သူတွေရဲ့တစ်ဦးချင်း ၀င်ငွေတွေ မြင့်မား ခိုင်မာနေပြီလား?

အဲ့ဒါတွေတောင်မှ ဝေလာဝေးတဲ့ အခြေအနေတွေမှာ နျူကလီးယားSuper Power နိုင်ငံတစ်ခုဖြစ်ဖို့ လုပ်နေပါတယ်ဆိုတဲ့
ကိစ္စရပ်တွေဟာ ၀ မရှိပဲ ၀ိ လုပ်နေတာတွေချည်းပါပဲ။

အဲ့ဒါတွေ မပြီးပြည့်စုံပဲနဲ့ နျူကလီးယား လက်နက်ကိုချည်း ထုတ်ဖို့ ကြိုးစားနေမယ်ဆိုရင် မြန်မာပြည်သူတွေ ဆင်းရဲတွင်း နက်သထက် နက်သွားလိမ့်မည်မှာ လူပြိန်းတောင် သိ နေပါတယ်။ ပြည်သူ့ ဘဏ္ဍာတွေ အကုန်လုံး အဲဒီနျူကလီးယား စီမံကိန်းထဲမှာ နစ်မြုပ်သွားမှာ အသေအချာပင် ဖြစ်ပါတယ်။ နောက်တစ်ခုက ပြင်ပကမ္ဘာနဲ့ အဆက်ပြတ်ပြီး မြန်မာပြည်ကြီး အထီးကျန် ဆန်သွားမှာ သမိုင်းဗီလိန် ဖြစ်သွားမှာကိုရော မစိုးရိမ်ကြဘူး လားဟု မေးစမ်းချင်ပါတယ်။ တကယ့်ကို တိုင်းပြည်အပေါ် ချစ်ကြစမ်းစေချင်ပါသည်။

အဲဒီတော့ ရုရှားရောက် အရာရှိများအနေနဲ့ စဉ်းစားကြည့်စေချင်ပါတယ်။ကမ္ဘာမှာ လူမိုက်လုပ်ချင်သလား၊ မြန်မာပြည်သူတွေ ချမ်းချမ်း သာသာနဲ့ လူတန်းစေ့ နေနိုင်တာကို မြင်ချင်သလားဆိုတာ စဉ်းစားတတ်မည်ဟု ထင်ပါတယ်။ပြည်သူတွေ ချမ်းချမ်းသာသာနဲ့ စိုပြေနေ တာကို အရင်မြင်ချင်တယ်။ အဲ့ဒီလို အဆင့်ကို ရောက်ပြီးမှ နျူကလီးယား ကိစ္စကို ဆက်ဆွေးနွေးကြရင် မကောင်းဘူးလား”???

စိတ်ကူးယဉ် နျူကလီးယား နည်းစနစ်တွေ အတွက် ငွေကြေးအကုန်ခံမဲ့အစား အဆင့်မြင့် နည်းစနစ်တွေနဲ့ မော်တော်ကား ထုတ်လုပ်တဲ့ နည်းပညာ တွေဝယ်မယ်၊ စက်ရုံတွေထောင်မယ်၊ လေယာဉ်တွေကို ထုတ်လုပ်မယ်ဆိုရင် ပြည်သူတွေ အတွက် အလုပ်အကိုင် အခွင့်အ လမ်း တွေ ပေါ်မလာဘူးလား ။နျူကလီးယား ထုတ်ဖို့ချည်း အတင်းစိုင်းပြင်းနေတော့ မြန်မာပြည်ကြီး ဆင်းရဲသထက် ဆင်းရဲသွားမှာ မြေကြီး လက်ခတ် မလွဲပါပဲ၊ အဲဒီ နျူကလီးယား ထုတ်လုပ်ဖို့ စီမံကိန်းအတွက် ကုန်ကျငွေဟာ လေယာဉ်စက်ရုံ အခု တစ်ရာ မက တည် ဆောက်တဲ့ အားနဲ့ သွားညီနေပါတယ်။

ဒါလဲ နျူကလီးယားကို( ရ - မရ ) ဆိုတာ မသေချာပါ။ ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကိုယ်က ကိုယ့်နိုင်ငံရဲ့  ရေနံတွေ တွင်းထွက်တွေ ကို အလကားနီးနီး ရောင်းပေးနေရပါတယ်။ မိအေးက နာပြီးရင်းနာနေရတဲ့ အဖြစ်မျိုးကို သိကြစေချင်ပါတယ်။ လူပြိန်းတောင် နားလည် နိုင်ပါတယ်။ အဲဒီတော့ ရုရှား ပညာတော်သင် အကိုတော်များအနေနှင့် ကိုယ်လုပ်နေရတဲ့ အလုပ်ဟာ ပြည်သူတွေ ကောင်းကျိုး အတွက် လား၊ စစ်တပ် ခေါင်းကြီးပိုင်းတစ်စုရဲ့ တန်ခိုးအာဏာ ကြီးထွားရေး အတွက်လားဆိုတာ ပြန်စဉ်းစားကြပါလို့ ပြောကြားချင် ပါတယ် ။

“တပ်မတော်သည် ပြည်သူအတွက်” ဆိုတဲ့ ခံယူချက်လေး အခြေခံပြီး စဉ်းစားခဲ့မယ်ဆိုရင်တော့ အကိုတော်များအနေနှင့် အဖြေတစ်ခု တော့ ထွက်လာပါလိမ့်မည်။

ပြည်သူ့အတွက်လို့ မစဉ်းစားရင် တိုင်းပြည်အတွက် ဆိုတာလည်း စဉ်းစားတတ်မှာ မဟုတ်ပါ။ အဲဒီ တိုင်းပြည်ထဲမှာ ပြည်သူထဲမှာ ကိုယ့် ရဲ့ မိဘ၊ ဆွေမျိုး မောင်နှမ၊ သူငယ်ချင်း ရောင်းရင်း၊ ယုတ်စွအဆုံး ကိုယ့်ရဲ့ မျိုးဆက်သစ် ရင်သွေးလေးတွေလည်း ပါလာဦးမှာမို့ ကိုယ့်ကိုယ်ကိုတော့ လေးစားကြပြီး မှန်ကန်မြင့်မြတ်တဲ့ အတွေးအခေါ် အယူအဆတွေ မွေးကြရအောင်လို့ တိုက်တွန်းလိုက်ရပါတယ်။

အကိုတော်များအနေနှင့် ကပ်သတ်ပြီး ပြောလို့ရမယ့် စကားတွေရှိနေပါတယ်။ဥပမာ ရုရှားကပညာတော်တွေဟာ နျူကလီးယားအတတ် ပညာတစ်ခုတည်းကို လေ့လာနေရတာမဟုတ်ဘူးလို့ ပြောနိုင်လာပါသေးတယ်။

တစ်ခြားပညာရပ်များဖြစ်တဲ့ ကွန်ပြူတာပရိုဂရမ်းမင်းရေးနည်းများ ၊ မော်တော်ကားတပ်ဆင်ရေးများ ၊ လေယာဉ်ပျံအစိတ်အပိုင်း ပြင်နည်းများ ၊ထိုထိုသော ပညာရပ်များလဲသင်ကြားနေရတဲ့ သူတွေလဲရှိသေးတယ်ဆိုတာ သိပါတယ်။ သို့သော် ထိုပညာရပ်များအတွက် ရုရှားအထိသွားရောက်ပြီး လေ့လာသင်ယူစရာမလိုပါ။တမင်ပုံကြီးချဲ့၍ လည်း မပြောကြားစေလိုပါ။ဥာဏ်နှင့်ယှဉ်၍ အားလုံးကိုသေချာစွာ စဉ်းစားသုံးသပ်စေလိုပါတယ် ။...............................


(ရုရှားရောက် အကိုတော်အရာရှိများအတွက် အမှတ်တရ ရေးသားလိုက်ပါကြောင်း နှင့် တိုင်းပြည်နှင့်လူမျိုး အကျိုးကို အမှန်တစ်ကယ် သယ်ပိုးရွက်ဆောင်နိုင်သော သားကောင်းဇာနည်များ ဖြစ်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါ၏ ။)

ညီမလေးစုပြည့်မှ..လက်ဆောင်

ကရင်ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ဝင် ၆ဦး နအဖ ဖမ်းမိ၊ တဦး ပစ်သတ်ခံရ


နိုဝင်ဘာလ ၃၀ရက်။ နန်းထူးစံ (ကေအိုင်စီ)


ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင် ၆ဦးကို ယနေ့မနက်တွင် နအဖ စစ်တပ်မှ ဖမ်းဆီးလိုက်ပြီး ၁ဦးကို ပစ်သတ်လိုက်သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

ယနေ့မနက် ၉နာရီကျော်အချိန်၌ ကရင်ပြည်နယ်၊ မြ၀တီခရိုင်ရှိ ဖလူးကျေးရွာနှင့် မနီးမဝေး ပလောတပို့ဒေသတွင် လှုပ်ရှားသည့် ဗိုလ်တဲခီး ဦးစီးသော ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ကို နအဖ စစ်ကြောင်းက ၀ိုင်းမိပြီး ပစ်ခတ်ခဲ့ခြင်းကြောင့် ၁ဦး ကျဆုံးကာ ၆ဦးမှာ အရှင်ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ဗိုလ်မှူးချုပ်အဆင့်ရှိသူ စောတီမသီက “ဒီမနက် ကျနော်ကြားတာ က ဗိုလ်တဲခီးရဲ့ တပ်ဖွဲ့ဝင် ၆ဦးကို နအဖ စစ်တပ်က ဖမ်းဆီးတယ်။ ၁ဦးကို ပစ်သတ်လိုက်တယ်လို့ ကြားတယ်။ ဒါပေမယ့် အသေး စိတ်တော့ မသိသေးဘူး။”ဟု ကေအိုင်စီကို အတည်ပြု ပြောဆိုသည်။
ဖလူးဒေသတွင် လှုပ်ရှားနေသည့် ကေအဲန်အယ်လ်အေ တပ်ဖွဲ့ဝင်တဦးက “အခု နအဖတွေက

ဝေါ်လေကို တက်ဖို့လေ။ သူတို့ တက်လာတဲ့ လမ်းတလျှောက်မှာ သေနတ်လိုက်ပစ်တယ်။ ဖလူးအပေါ်ဘက် ပလောတပို့မှာ သူတို့(ငြိမ်းချမ်းရေးကောင်စီအဖွဲ့)ကို စစ်တပ်က တွေ့ပြီးတော

့ ၀ိုင်းလိုက်တာလို့ ကျနော်ကြားတယ်။ အဲဒီမှာရှိတဲ့ သူတို့အဖွဲ့က လူနည်းတယ်လေ။”ဟု ပြောသည်။
လက်ရှိအချိန်တွင် ဖလူးဒေသ၌ နအဖ စကခ(၈)လက်အောက်ခံ ခလရ(၆၂) လှုပ်ရှားလျှက်ရှိပြီး ထိုတပ်ရင်းသည် နိုဝင်ဘာ ၂၄ ရက်နေ့က ဝေါ်လေဒေသသို့သွားရန် ဖလူးကျေးရွာတွင် ရောက်ရှိနေပြီးဖြစ်သော်လည်း ရှေ့ဆက်သွားမည့် လမ်းကြောင်းများကို ဒီကေဘီအေတပ်နှင့် ကေအဲန်အယ်လ်အေတပ်ဖွဲ့များ ပိတ်ဆို့ထားခြင်းကြောင့် ဝေါ်လေလမ်းကြောများကို လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်လျှက်ရှိကြောင်း အဆိုပါကေအဲန်အယ်လ်အေတပ်သားက ပြောသည်။

ယင်းသို့ ဖမ်းဆီး၊ ပစ်သတ်ခံရသည့် ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်ထဲတွင် ဗိုလ်တဲခီး ပါဝင်ခြင်း မရှိသလို ထိုအဖွဲ့၏ ဥက္ကဌ ဗိုလ် ချုပ်စောထင်မောင်နှင့် ဗိုလ်ချုပ်စောရင်နုတို့ကို ဆက်သွယ်မရခဲ့ပေ။

ယနေ့ သတင်း (၃၀ ရက် နိုဝင်ဘာလ ၂၀၁၀)

November 30, 2010

ဆုံဆည်းရာ၊ ၃၀ ရက် နိုဝင်ဘာလ ၂၀၁၀

သတင်း
(ညနေ ၅ နာရီ) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ဘက်ပိုင်းတွင် နိုဝင်ဘာလ ၂၈ ရက်နေ့ နေ့လည်ပိုင်းက ကော့ကရိတ်အခြေစိုက် နအဖ စကခ(၁၂) လက်အောက်ခံ ခလရ(၂၃၁)တပ်ရင်းနှင့် BGF (၁၀၁၆)တပ်ရင်းတို့ ပူးပေါင်းတပ်ဖွဲ့အား တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ) ကလိုထူး ဘောဗျူဟာ(၁)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း(၁၈)တို့ ပူးပေါင်း၍ ခုဒုံနှင့် အောင်လိုင်ကျေးရွာ ကြားတနေရာတွင် ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်မှ (၃၀)ဦး ကျဆုံးခဲ့ပြီး လက်နက် (၃၀)လက် ဒီကေဘီအေမှ သိမ်းဆည်းရမိသည်ဟု သိရသည်။ ဒီကေဘီအေ တပ်ဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာရမှု အနည်းငယ် ရှိခဲ့ပြီး နအဖနှင့် BGF တို့ထံမှ 81၊ 82၊ RPG၊ M1၊ M2 စသည့်လက်နက်များ အပါအ၀င် ကျည်ဆံတချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဗိုလ်မှူးစောဆန်းအောင် က ပြောသည်။ (ကိုးကား - KIC news)

ညနေ (၄ နာရီ ၃၀) ထိုင်း-မြန်မာနယ်စပ်နဲ့နီးတဲ့ ကရင်ပြည်နယ် ဖလူးဒေသမှာ ဒီကေဘီအေ တပ်မဟာ ၅ တပ်တွေ နဲ့ စစ်အစိုးရ တပ်တွေအကြား နှစ်ဖက် တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာ ၃ ရက်မြောက် ရှိသွားပြီလို့ ဒီကေဘီအေ တပ်မှူးတွေက ပြောပါတယ်။
- စစ်အစိုးရ စကခ ၁၂ နဲ့ စကခ ၁၉ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ ၂၃၀ ၊ ခမရ-၅၄၉ ၊ စတဲ့ တပ်ရင်း ၄ ရင်းက အင်အား ၄၀၀ နီးပါးလောက်နဲ့ ဒီကေဘီအေ တပ်တွေနဲ့ နိုဝင်ဘာ ၂၉ ရက် ဒီနေ့ ညနေပိုင်းအထိ ဖလူးဒေသမှာ ဆက်လက် တိုက်ပွဲဖြစ်နေတာလို့ ဒီကေဘီအေ တပ်မှူး ဗိုလ်မှူးစောကျော်သက်က ပြောပါတယ်။
- ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေနေ့တွေကတည်းက မြဝတီမြို့ရဲ့ တောင်ဘက် ၆ မိုင်အကွာခန့်မှာ ရှိတဲ့ ဖလူးလေး၊ ဖလူးကြီးကျေးရွာ အနီးမှာ ဒီကေဘီအေ တပ်မဟာ ၅ နဲ့ စစ်အစိုးရတပ်တွေအကြား အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း ဒီကေဘီအေဖက်က တယောက်ဒဏ်ရာရပြီး စစ်အစိုးရတပ်ဖွဲ့ဖက်က ၂၀ နီးပါး ဒဏ်ရာရ သွားခဲ့တယ်လို့ ဒီကေဘီအေအဖွဲ့က ပြောပါတယ်။
- သုံးရက်အတွင်း နှစ်ဖက် တိုက်ပွဲတွေကြောင့် ဖလူးလေး၊ ဖလူးကြီးနဲ့ မင်းလက်ပံစတဲ့ ကျေးရွာတွေက ရွာသူရွာသား တထောင်နီးပါးလောက်ဟာ သောင်းရင်းမြစ်ကိုဖြတ်ပြီး ထိုင်းဖက်ခြမ်းကို ထွက်ပြေးလာတဲ့ အတွက် ထိုင်းအာဏာပိုင်တွေက မဲ့ကုတ်ကင်းရွာက ဝှေ့မဟာဟုန် ဘုန်းကြီးကျောင်းမှာ ယာယီဒုက္ခသည် စခန်းဖွင့်ပြီး ကူညီပေးထားခဲ့ပါတယ်။ စစ်အစိုးရဟာ ဗိုလ်မှူးချုပ် စောလားပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ ဒီကေဘီအေ တပ်တွေကို့ လုံးဝ လက်နက်ချဖို့ကိုသာ ဖိအားပေးနေတယ်လို့ ပြောပါတယ်။ (ကိုးကား - အာအက်အေရ်)


More arrests and movement restrictions: Conflict continues to impact civilians in Dooplaya District


khrg10b15[1] -

လူ့ အခွင့်အရေးချိုးဖေါက်မှုသတင်း

တပ်မဟာ(၂) တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်

နအဖ စကခ(၇)မှ နည်းဗျူဟာမှူးမျိုးလှသည် ဘောဂလိရွာနှင့် ကော်သေးဒါးရွာသား
များဖြစ်ကြသော-
(၁)စောတတ်ထို့ (၂) စောယိုနား (၃)စောမော်ကလိုး (၄) စောမောင်ထွေး (၅)စောစေးဒို
(၆) နော်လု (၇)စောဂျယ်ရီ တို့၏ ကားများကို 6-11-2010 နေ့မှစ၍ ချောဆွဲခဲ့ပြီး ခုချိန်ထိ
လူရောကားပါ ပြန်မလွှတ်သေးကြောင်း သတင်းရရှိပါသည်။ ထိုသို့ အတင်းအဓမ္မချောဆွဲခဲ့သော ကားများကို သူတို့၏ လမ်းပြင်နေသောဘူဒိုဇာကား နောက်လိုက်ခိုင်းပြီး ရိက္ခာနှင့် ပစ္စည်းများကို သယ်ယူခိုင်းစေခဲ့သည်။
ရွာသားများကို နေ့စဉ်ဘူဒိုဇာအရှေ့ကနေ လူမဆန်စွာမိုင်းများရှင်းစေခဲ့သည်။ တောင်ခြေရင်းရှိ ရွာသူရွာသားများသည် ရန်သူနအဖစစ်အစိုးရ၏ နေ့စဉ်နှင့်အမျှ အတင်းအဓမ္မခိုင်းစေမှုကြောင့် စားဝတ်နေရေးနှင့် သွားလာလုက်ကိုင်မှုတွင် အခက်အခဲ နှင့်တွေ့ကြုံရကြောင်း သတင်းရရှိပါသည်။

တပ်မဟာ(၆) ဒူးပလာခရိုင်

28-11-2010 နေ့တွင် စစ်အာဏာရှင်တို့၏ ခလရ ၂၃၁ မှ လေးလေးစိုးသည်
ကော့နွဲရွာနှင့်အတူအောကလောရွာ၊ ရွာသစ်ကိုးရှိ ရွာသူ/သားများကို စခန်းပြန်လည်ပြုပြင်ရန်
ဝါးအချောင်း(၃၀)နှင့် ၀ါးခြမ်းပြား အချပ်တစ်ထောင်ကို လာရောက်ပို့ဆောင်ခိုင်းကြောင်း
ခိုင်မာသောသတင်းရရှိပါသည်။

ကရင်နီပြည်ရှိ စေတီဘုရားအား DKBA မှလာရောက်ပြုပြင်

Monday, November 29, 2010
ဒီသတင်းကတော့နဲနဲလေးဆန်းတယ်ဗျ။ ကရင်ပြည်နယ်ဖက်ခြမ်းမှာ နအဖ နဲ့ ဒီကေဘီအေ ကြားတိုက်ပွဲတွေ ဖြစ်နေပြီး ဒုက္ခသည်များစွာထွက်ပြေးနေချိန်မှာ မြိုင်ကြီးငူ ဆရာတော် ဦးသုဇန နဲ့  ဗိုလ်ကျော်သန်းတို့  ကရင်နီပြည်နယ်(ကယားပြည်နယ်)မှာသွားပြီး ဆင်မတောင်စေတီဘုရား တောင်တက်လမ်းအား ပြုပြင်တယ် ဆိုတာ မထင်မှတ်ပဲကြားလိုက်ရတော့ တွေးတောစရာတွေ ဖြစ်လာပါတယ်။ ဒီစေတီကို ၁၉၉၅ ခုနှစ်က မြိုင်ကြီးငူဆရာတော် ဦးသုဇန ဦးဆောင်ပြီး တည်ခဲ့တယ်လို့ သတင်းမှာဖေါ်ပြပါတယ်။ ထိုအချိန်က မာနယ်ပလော ဌာနချူပ်ကြီး ကျသွားတဲ့အချိန်ပေါ့ဗျာ။ ဒီလို စေတီသွားလမ်းကို ကတ္တရာခင်း ပြုပြင်တယ်ဆိုတာ ကောင်းတဲ့လုပ်ရပ်ပါ။ ဒါပေမယ့် ဒီလိုအချိန်ကျမှ ရွေးချယ်ပြီး ပြုလုပ်တာဟာ စဉ်းစားစရာတွေ အများကြီးရှိပါတယ်။ အဲဒီလုပ်ရပ်ရဲ့နောက်ကွယ်မှာ နိုင်ငံရေး စစ်ရေးမပါဘူး လို့ ဘယ်သူ့ မှ ပြောလို့ မရပါ။ ကရင်၊ ကရင်နီ နွယ်ဖွားတွေကြားမှာ သပ်နောက်တစ်ခု ကျယ်ကျယ်ပြန့် ပြန့် ထပ်ရိုက်ဖို့ ခြေလှမ်းတရပ်လား ဆိုတာ တွေးတော့စရာပါ။

တကယ်တော့ခုချိန်မှာ မြိုင်ကြီးငူဆရာတော်ဦးသုဇန လက်ရှိလုပ်ရပ်မှာက ယခုတိုက်ပွဲဖြစ်ပွားနေတဲ့ဒေသကို လာရောက်ပြီး ဒုက္ခရောက်နေတဲ့ ကရင်ပြည်သူတွေကို လာကြည့်ဖို့ ပါ။ အဲတာကို သူနဲ့ မဆိုင်သလိုနဲ့  ဟိုးကယားပြည်နယ်မှာသွားပြီး စေတီသွားလမ်းကို ပြုပြင်တာက သိပ်လက်တွေ့ မကျသလို ယုတ္တိမရှိဘူးလို့  ဆိုရပါမယ်။ ကေအဲန်ယူ တပ်မဟာ (၇)ကို ဗိုလ်ချစ်သူဦးစီးတဲ့ ဒီကေဘီအေတပ် တက်တိုက်တုန်းက သူမသိရပါဘူးလို့ ပြောခဲ့ပါတယ်။ အခု မောင်ချစ်သူလူ(နယ်ခြားစောင့်တပ်)တွေ နဲ့ ဒီကေဘီအေ တပ်မဟာ(၅)မှ ဗိုလ်မှူးချူပ်စောလားပွယ် အဖွဲ့ ကို ပြန်ပြီး အချင်းချင်း စတိုက်နေပါပြီ။ ဆရာတော်ဦးသုဇန ဒီတိုက်ပွဲ ကို သူမသိရပါဘူး ကယားပြည်နယ်မှာ စေတီ သွားလမ်းပြုပြင်တဲ့အလုပ်နဲ့  ရှုပ်နေပါတယ် လို့ ပြောအုံးမလား ဆိုတာ တွေးစရာ အများကြီးပါပဲ။ ဒီအတိုင်းဆိုရင် နအဖ သွေးခွဲသမျှ ကိုယ်ကျိုးရှာသမားတွေနဲ့  အလိုတော်ရိတွေလက်ချက်ကြောင့် အချင်းချင်းသွေးခင်းတဲ့ဇတ်လမ်းတွေ ဆက်လက်ရှင်သန်နေအုံးမယ့်ပုံပါပဲ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxx

ရေးသားသူ - ကန္တာရ၀တီတိုင်း(မ်) အင်္ဂါနေ့, 30 နိုဝင်ဘာလ 2010 10:36

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါတဆေးရွာနားရှိ ဆင်မတောင်စေတီဘုရား တောင်တက်လမ်းအား ကတ္တရာများဖြင့် ခင်းကျင်းရန် DKBA တပ်ဖွဲ့နှင့် မြိုင်ကြီးငူဆရာတော် ဘဒ္ဒ န္တသုဇန ဦးဆောင်ပြီး ဆောင်ရွက်လျက်ရှိသည်။


အခု DKBA အဖွဲ့နှင့် ဒေသခံပြည်သူများ လမ်းခင်ရန်လုပ်အားပေးနေသောပုံ (ဓါတ်ပုံ-ကယားလီဖု)

“DKBA အဖွဲ့ရဲ့ ဗိုလ်ချူပ်ကျော်သန်း တို့လည်းပါတယ်။ သူတို့ရဲ့ တပြည့်တွေကော်။ ကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ်၊ ဘာအံ့မြို့နယ် ဘက်က ကရင်တွေလည်းလာတယ်။ အဖွဲ့အားလုံး မြိုင်ကြီးငူဆရာတော်က ဦးဆောင်ပြီး ဆင်မတောင်ရှိ တောင်တက်လမ်းကို လာခင်းပါတယ်” ဟုဒေသခံ တစ်ဦးကပြောသည်။

ကရင်နီပြည်နယ်အတွင်းမှ ဘာသာတူ ဒေသခံများကလည်း နေ့တိုင်းလာရောက် လုပ်အားပေးကြသည်။

“ကယား၊ ကယန်း၊ ပအိုဝ်၊ ရှမ်း၊ ဗမာ၊ ကရင် လူမျိုးပေါင်းစုံလာပြီး လုပ်အားပေးတာတွေ့ရပါတယ်”ဟု သွားရောက်လုပ်အားပေးသောဒေသခံ တစ်ဦးက ပြောသည်။
၎င်းတောင်တက်လမ်းသည် (၂) မိုင်ခွဲရှိပြီး လွန်ခဲ့သော ၁၉၉၅ ခုနှစ်တွင် မြိုင်ကြီးငူဆရာတော်တို့နှင့် DKBA အဖွဲ့တို့မှ ဘုရားစေတီတည်ထောင်ခဲ့ပြီး ဆင်မတောင်ဟု အမည်သွင်ထားခဲ့ကြောင် သိရသည်။ ကတ္တရာလမ်းခင်းရာတွင် ခန့်မှန်ခြေ သိန်းတစ်ထောင့်ရှစ်ရာ ကုန်ကျမည်ဟုသိရသည်။

စစ်အစိုးရ နဲ့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး

စိတ်ဝင်စားစရာကောင်းတဲ့ အင်တာဗျူးလေးပါ။ လက်ရှိဗမာပြည်ကြီးရဲ့အကျပ်တည်း စစ်ဗိုလ်ချူပ်ကြီးများရဲ့အနာဂါတ်၊ ICC - International Criminal Court, Criminal Justice System, Restorative Justice System, Transformative Justice System, Transitional Justice System, အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ထွက်ပေါက်တွေ၊ စသဖြင့်ပေါ့.. မဖတ်ရသေးသူများအတွက် ဖတ်ရှုသင့်ပါကြောင်းတိုက်တွန်းပါရစေ။

By ဦးသန်းလွင်ထွန်း သောကြာ, 26 နိုဝင်ဘာ 2010

လူသားတို့အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် မြန်မာစစ်အစိုးရခေါင်းဆောင်တွေကို နိုင်ငံတကာ ခုံရုံးတင် စစ်ဆေးရေးကြိုးပမ်းနေတဲ့ ပြည်ပက ထောက်ခံနေသူတွေကြား လှုပ်ရှားမှုတွေကို အတည်ပြု အားပေးခဲ့ တာမျိုး မရှိပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း နယူးရောက်တိုင်းမ် (Newyork Times) သတင်းစာမှာ နိုဝင်ဘာလ ၂၄ ရက်နေ့က မှတ်ချက်ပြု ရေးသားခဲ့တာဟာ မမှန်ကန်ဘူးလို့ အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဆိုပါတယ်။

ဦးဥာဏ်ဝင်း “အဲဒီ စာပိုဒ် တပိုဒ်လုံးဟာ လုံးဝ ဒေါ်အောင်ဆန်းစုကြည် မပြောပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောတာ က အဲဒီလို မိမိကို ထောက်ခံနေတဲ့လူတွေ၊ တစုံတခု ဆောင်ရွက်ခဲ့ရင်တောင်မှ အဲဒါကို မိမိတဦးတည်း အနေနဲ့ မထောက်ခံဘူးလို့ ဘယ်တုံးကမှ မပြောခဲ့ပါဘူး-တဲ့။ အဲဒါ ဖြေရှင်းချက်ကို ကျနော် တခါတည်း ပေးလိုက်တာပါ။”

နယူးရောက်တိုင်းမ် သတင်းစာရဲ့ ဖော်ပြချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားရင်းအတိုင်း တိုက်ရိုက် ဖော်ပြထားတာမဟုတ်ဘဲ မှတ်ချက်ပြု ရေးသားထားတာသာဖြစ်တဲ့အတွက် အဓိပ္ပာယ်ကောက်ယူမှု လွဲမှားတာ ဖြစ်နိုင်ပါတယ်။ နယူးရောက်တိုင်းမ် သတင်းစာမှာ တကယ်တမ်းပါရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားရင်းအတိုင်း တိုက်ရိုက်ကိုးကား ဖော်ပြချက်ကတော့ - သူတို့ကို နိုင်ငံတကာ တရားရုံးတင်ဖို့ လိုလားကြောင်း ကျမ တခါမှ မပြောခဲ့ဖူးပါဘူး ဆိုတဲ့ ငြင်းဆိုချက်ပါပဲ။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အဲန်အယ်လ်ဒီ အနိုင်ရပြီးကာစ ပါတီခေါင်းဆောင် ကွယ်လွန်သူ ဦးကြည်မောင်က မြန်မာနိုင်ငံမှာ နုရင်ဘတ်စစ်ခုံရုံးလို တရားစီရင်မှုတွေ မလိုအပ်ပါဘူးလို့ ပြောခဲ့တာကိုတောင် သွယ်ဝိုက် ခြိမ်းခြောက်မှု တခုအနေနဲ့ယူဆပြီး မြန်မာစစ်တပ် ခေါင်းဆောင်တွေက တင်းတင်းမာမာ တုံ့ပြန်ခဲ့တဲ့ဖြစ်ရပ်မျိုး ရှောင်လွှဲနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သတိထားပုံရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ဖော်ပြောကြားခဲ့ပြီး ရှေ့လုပ်ငန်းစဉ်နဲ့ ရည်မှန်းချက်တွေကတော့ အမျိုးသား ရင်ကြားစေ့ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးပဲဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ကတော့ ပြည်တွင်း နိုင်ငံရေးမှာ တွေ့ဆုံဆွေးနွေးရေးနဲ့အဖြေရှာဖို့ အားပေးနေသလို မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ လူ့အခွင့် အရေးချိုးဖောက်မှု၊ နိုင်ငံရေးဖိနှိပ်မှု၊ တိုင်းရင်းသားဒေသတွင်း တိုက်ခိုက် ကျူးလွန်မှု စတာတွေကို တားဆီး နိုင်ဖို့အတွက် ဖိအားပေးနိုင်မယ့် နည်းလမ်းတွေကို ရှာကြံနေကြတာပါ။

နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ ရှုတ်ချမှုတွေလုပ်၊ လူ့အခွင့်အရေး အစီရင်ခံ စာတွေမှာ ဝေဖန်မှုတွေလုပ်ရုံနဲ့ မလုံလောက်နိုင်ဘူးဆိုတာ သဘောပေါက်လာခဲ့ကြတဲ့နောက်ပိုင်း ပိုပြီး တိုက်ရိုက် ကျတဲ့ အရေးယူမှုတွေလုပ်နိုင်ဖို့ ဦးတည်နေကြတာပါ။ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ ဦးဆောင်တင်ပြမှုအတိုင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီအဆင့်မှာ မြန်မာနိုင်ငံအတွက် စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းဖို့အတွက် အမေရိကန်၊ ဗြိတိန်၊ ၾသစေတ်းလ် စတဲ့နိုင်ငံတွေက ဦးဆောင် လုပ်ကိုင်နေကြပါပြီ။ ဒီလို စုံစမ်းရေး ကော်မရှင်ပေါ်ပြီးမှ လုံခြုံရေးကောင်စီက the Hague မြို့ နိုင်ငံတကာရာဇ၀တ်ခုံရုံးကို အမှု လွှဲပြောင်း ကြားနာ စစ်ဆေးစေရေးအဆင့်မျိုးအထိ ထပ်ပြီးလုပ်ဆောင်ဖွယ်ရာရှိပါတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားတက္ကသိုလ် (Indiana University Bloomington) နိုင်ငံတကာ အခြေခံဥပဒေရေးရာဌာန (Center for Constitutional Democracy) ရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဆလိုင်းငွန်ကျုံးလျှန်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဆလိုင်း ငွန်ကျုံးလျှန်။ ။ ဟုတ်ကဲ့။ ကုလသမဂ္ဂ ကမကထပြုပြီးတော့ ဖွဲ့ဖို့ကြိုးစားနေတဲ့ အခု Commission of Inquiry ဆိုတာ နည်း လေးမျိုးနဲ့ဖွဲ့လို့ရပါတယ်။ ပထမ UN General Assembly ရဲ့ Resolutions ချပြီးတော့ ဖွဲ့လို့ရ တယ်။ ဒုတိယက Human Rights Council က Resolution ချပြီးတော့ အားလုံးက သဘောတူတယ်။ ဒါမှ မဟုတ် အများစုကသဘောတူရင် ဆုံးဖြတ်ချက်ချလို့ရတယ်။ နောက်ပြီးတော့ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ Secretary General Mandate နဲ့ (လုပ်ပိုင်ခွင့်နဲ့) ကမ ကထပြုပြီးတော့ လုံခြုံရေး ကောင်စီရဲ့ ထောက်ခံချက်နဲ့ ဖွဲ့လို့ရတယ်။ အဲလို နည်းလေးမျိုးနဲ့ ဖွဲ့လို့ရတယ်။ ဖွဲ့ပြီး တော့ ဒီလုပ်ငန်းကို စတင် ဆောင်ရွက်လို့ ရတယ်လို့ ကျနော်တို့တွေ့ပါတယ်

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီ စုံစမ်းရေးကော်မရှင်ရဲ့အဓိကတာဝန်က ဘာလဲ။ ဒီစုံစမ်းရေးကော်မရှင် ဖွဲ့ပြီးလို့ရှိရင် သဘောကတော့ လုံခြုံရေးကောင်စီမှာ ဒီ စုံစမ်းရေးကော်မရှင်ရဲ့တွေ့ရှိချက်တွေကို ကြားနာ ပြီးတဲ့အခါ ကျလို့ရှိရင် နောက် ထပ်အဆင့်တခုအနေနဲ့ the Hague မြို့မှာရှိတဲ့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို လွှဲပြောင်းပြီးတော့ တရားစီရင် မှုတွေလုပ်ပေးဖို့ဆိုတဲ့အဆင့်က ဖြစ်ပေါ်လာနိုင်တဲ့အနေအထားလား။

ဆလိုင်း ငွန်ကျုံးလျှန်။ ။ အဲဒါ သူတို့လုပ်နေတဲ့ဟာက အခြေခံ လုပ်ငန်းစဉ်ပါ။ ပြီးရင် တကယ်လို့် Resolution တခုခု ဘယ်အချက်က နေပဲ ထွက်လာ ထွက်လာ အဲဒီထဲမှာ သူ့ရဲ့ Mandate ပါလာတယ်။ လုပ်ပိုင်ခွင့်၊ ဘာတွေလုပ်ရမယ်၊ ဘာလုပ်ရ မယ်ဆိုတဲ့လုပ်ပိုင်ခွင့်တွေ၊ ဘယ်လိုပုံစံနဲ့လုပ်ရမယ်ဆိုတဲ့ ဟာတွေ အားလုံး ပါလာလိမ့်မယ်။ အဲဒီထဲမှာမှပဲ အဲဒီ Mandate ထဲမှာပဲ ဒီအမှုဟာ ကြားနေဖြစ်တဲ့ အဖွဲ့ အစည်းတွေကပဲ ကိုင်တွယ်ပြီးတော့ လုံခြုံရေးကောင်စီကို Report ပြန်ရေးမလား၊ General Assembly ကို ပြန်ရေးမလား၊ Human Rights ကောင်စီကိုပဲ ပြန်ရေးမလား၊ နောက်ပြီးတော့ နောက်ဆက်တွဲ ဘယ်လိုလုပ်မလဲ။ ဒါမှမဟုတ်လို့ရှိရင် Sudan နဲ့ Darfur ကိစ္စတုံးကလို နိုင်ငံတကာ ရာဇ၀တ်မှုတရားရုံးကို လိုဟာမျိုး ဖြစ်လာ မလားဆိုတာ ဒုတိယနဲ့ တတိယအဆင့်မှာ ဖြစ်လာမယ့် အချက်တွေလို့ ကျနော် နားလည်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့။ နောက်တခုက ကျနော်နားလည်တာကတော့ အခု ဒီ ICC - International Criminal Court လို့ခေါ်တဲ့ နိုင်ငံတကာခုံရုံးကို လွှဲပြောင်းပေးဖို့ဆိုတဲ့နေရာမှာ အရင်ဆုံးအခု ကျန်နေသေးတဲ့အဆင့်က စုံစမ်းရေး ကော်မရှင်အဖွဲ့ ဖွဲ့ဖို့ ဆိုတဲ့အဆင့်က ကျန်နေသေးတယ်ဆိုတော့ စုံစမ်းရေးကော်မရှင်အဖွဲ့ ဖွဲ့ဖို့ အရေးမှာတောင်မှပဲ အရှေ့ကို ဆက်ပြီး မတိုးနိုင်သေးတဲ့ အခြေအနေဆိုတော့ ဗမာနိုင်ငံမှာဖြစ်နေတဲ့ ရာဇ၀တ်မှု ကျူးလွန်မှုတွေပေါ့နော်၊ လူသားတို့အပေါ် ကျူးလွန်တဲ့အမှုတွေအတွက် နိုင်ငံတကာခုံရုံးကို ရောက်ရမယ်ဆိုတဲ့အဆင့်ဟာ တော်တော်လေး အလှမ်းဝေး နေတယ်လို့ ပြောလို့မရဘူးလား။

ဆလိုင်း ငွန်ကျုံးလျှန်။ ။ ဟုတ်ကဲ့။ အလှမ်းဝေးတယ်လို့ ပြောလို့လည်းရတယ်။ နောက်ပြီးတော့ အမေရိကန် ဦးဆောင်ပြီးတော့ အင်္ဂလန်တို့၊ တခြားပြင်သစ်နိုင်ငံတို့ ဦးဆောင်ပြီးတော့ လုပ်ဆောင်မှုတွေဟာလည်း တခြား တိုင်းပြည်တွေ ဘယ်လောက်ထောက်ခံမှုရှိလာမလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်ပါ တယ်။ အဲဒီတော့ ဒီကိစ္စက ခန့်မှန်းရ ခက်ပါတယ်။ ရှည်လည်းရှည်နိုင်တယ်။ ဒါပေမဲ့ မထင်မှတ်ဘဲနဲ့လည်း ဆူဒန် (Sudan) လိုဟာမျိုး ဖြစ်သွားနိုင်တဲ့ အလားအလာလည်း ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့ နောက်တချက်က မြန်မာနိုင်ငံမှာရှိတဲ့ စစ်ခေါင်းဆောင်တွေအနေနဲ့ပေါ့နော်၊ နိုင်ငံတကာရဲ့ ဒီလို ဖိအားပေးမှုတွေ ပြန်ဖြစ်လာပြီးတော့ နိုင်ငံတကာ ခုံရုံးတွေရောက်မယ်၊ တရားစွဲခံရမယ် ဆိုတဲ့ အနေအထားတွေရှိမယ်ဆိုရင် ဒီကိစ္စကို သူတို့အနေနဲ့ ဒါ သူတို့အပေါ်လက်စားချေဖို့ ဆောင်ရွက်မှုတွေလို့ မြင်ကြမှာမလွဲဘူးလေ။ အဲဒီတော့ ဒီကိစ္စတွေဟာ ဗမာပြည်ထဲမှာ ပြည်တွင်းနိုင်ငံရေးသမား အဖွဲ့အစည်း တွေက ပြောဆိုနေကြတဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ တွေ့ဆုံဆွေးနွေးပွဲ တောင်းဆိုမှုတွေအပေါ် ဘယ်လိုများ ဂယက်ရိုက်နိုင်သလဲ။ သက်ရောက်မှုတွေရှိနိုင်မလဲ။

ဆလိုင်း ငွန်ကျုံးလျှန်။ ။ ဟုတ်ကဲ့ ဆရာ၊ အဲဒီ မေးခွန်းက တော်တော်အရေးကြီးတယ်။ နောက်ပြီးတော့ ကျနော်တို့ ဗမာပြည်သား ပြည်သူတွေအားလုံး ပြန်ပြီးတော့ ရင်ကြားစေ့ရေးလုပ်ချင်တဲ့သူတွေအားလုံး သေသေချာချာ ပြန်စဉ်းစားဖို့ လိုလိမ့်မယ်လို့ ထင်တယ်။ ICC ကို UN Security Council က Refer လုပ်လို့ ဗမာပြည်ကိစ္စ ရောက်သွားလို့ရှိရင် အဲဒီကိစ္စမှာ ICC ဗမာပြည်မှာ လူ့အခွင့်အရေးချိုးဖောက်မှု တွေကို သာမန် ရာဇ၀တ်မှု တရားစီရင်ရေးစနစ်ဖြစ်တဲ့ Criminal Justice System နဲ့ သူတို့က ဖြေရှင်း သွားမယ်။

Criminal Justice System ဆိုတာ ကျနော်တို့ ဗမာတွေအားလုံးက နားလည်ပါတယ်။ အပြစ်ရှိတဲ့သူကို ဖမ်းမယ်၊ တရားစီရင်မယ်၊ နောက်ပြီးတော့ ပြစ်ဒဏ်ချမယ်။ ပြီးရင် သူ့ကိုထောင်ချရင်ချမယ်။ အရေးယူရင်ယူမယ်၊ ထိုက်သင့်သလို ပြစ်ဒဏ်ကိုပေးမယ်။ အဲလို အပြုခံရတဲ့လူတွေကို နစ်နာကြေးတွေ၊ လျော်ကြေးတွေပေးမယ်။ ဒါဆိုရင် အမှုကပြီးသွားပြီလို့ ကျနော်တို့က ယူဆတယ်။

အမှန်တော့ ဗမာပြည်လိုဟာမျိုးဖြစ်ဖြစ်၊ တောင်အာဖရိကလိုဟာမျိုး၊ နောက်ပြီးတော့ အင်ဒိုနီးရှားလိုဟာမျိုး စစ်အုပ်ချုပ်ရေးကနေ အာဏာရှင်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီဘက်ကို အသွင်ကူးပြောင်းလာတဲ့ အချိန်မှာ သူတို့ဟာ အခုနပြောတဲ့ သာမန်ရာဇ၀တ်မှု တရားစီရင်ရေး စနစ်တခုထဲကိုပဲ ကြည့်ပြီးတော့ မကျင့်သုံးဘဲနဲ့ တခြား - ဒီ ဥပမာ Restorative Justice System တို့၊ နောက် မဟုတ်လို့ရှိရင် Transformative Justice System တို့၊ Transitional Justice System စတဲ့ ဒီ ဦးတည်ချက်၊ ရည်ရွယ်ချက်ကို ရောက်နိုင်ဖို့အတွက် သင့်မြတ် လျော်ကန်တဲ့ တရားစီရင်ရေးစနစ်တွေ ကျင့်သုံးသွားတာရှိတယ်။ အဲဒါကို ကျနော်တို့ အလေးပေးပြီးတော့ ရှာဖွေသင့်တယ်၊ စူးစမ်းသင့်တယ်၊ စဉ်းစားထည့်သွင်းသင့်တယ်လို့ ကျနော်ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီနေရာမှာ အရင် ကျနော်တို့ အင်တာဗျူးတွေ လုပ်ခဲ့တုံးကလည်း ဆလိုင်းငွန်ကျုံးလျှန် အနေနဲ့ ပြောပြထားဖူးတာတွေရှိတယ်လေ။ အဲဒါက အထူးသဖြင့်တော့ တောင်အာဖရိကမှာ ကျင့်သုံးခဲ့တဲ့ Restorative Justice System ပေါ့နော်။ ဗမာလို ဘယ်လိုပြန်ရမလဲ ဆိုတာတော့ ကျနော်တို့အနေနဲ့တော့ မသိနိုင်ဘူး။ အဓိက ကတော့ လူဖြူလူမည်း ခွဲခြားတဲ့ ခေတ်ကာလက လူဖြူအစိုးရကနေပြီးတော့ ကျူးလွန်ခဲ့တဲ့ ကိစ္စတွေကို နောက်ပိုင်း လူမည်းအစိုးရတက်လာတဲ့အခါကျတော့ သင်ပုန်းချေတဲ့ System ပေါ့နော်။ တရားစီရင်ရေး System ပေါ့။ အဲဒီတော့ အဲဒီဟာနဲ့ ပတ်သက်လို့ ဥပမာလေးတခု ကျနော့်ကို ပြောပြပါလား။

ဆလိုင်း ငွန်ကျုံးလျှန်။ ။ ဟုတ်ကဲ့။ အာဖရိကမှာ လူဖြူတွေအုပ်ချုပ်တုံးက သူတို့ ချိုးဖောက်ခဲ့တဲ့ ပြစ်မှုတွေ အများကြီးရှိနေလို့ အဲဒီ လူဖြူတွေကို တော်လှန်ရင်းနဲ့ ပြစ်မှုတွေအများကြီး ဒီ ANC (African National Congress) ဘက် ကလည်း ချိုးဖောက် တာတွေရှိပါတယ်။ အများကြီးတော့ ပြောရင်တော့ မှားရင်မှားလိမ့်မယ်။ ချိုးဖောက် တဲ့ဟာ ရှိတယ်။ အဲဒီတော့ သူတို့လိုချင်တဲ့ ဟာက လူဖြူပဲဖြစ်ဖြစ်၊ လူမည်းပဲဖြစ်ဖြစ် တောင်အာဖရိကမှာ ဒီမိုကရေစီစနစ် ပြန်လည် ထွန်းကားပြီးတော့ ဟိုဘက် ဒီဘက် အတူတကွ နေချင်တဲ့ဟာကို သူတို့ အကောင်အထည်ဖော်နိုင်ဖို့အတွက် သူတို့ဟာ သာမန်လူတိုင်း သုံးစွဲနေကျဖြစ်တဲ့ သာမန် ရာဇ၀တ်မှု တရားစီရင်ရေး၊ Criminal Justice ကို မကျင့်သုံးဘဲနဲ့ Restorative Justice ကိုကျင့်သုံးသွားတယ်။ ဥပမာ- အရင်တုံးက ဖြစ်ခဲ့တဲ့ကိစ္စတွေကို တရားရုံးမှာ သွားပြီးတော့ တရားရင်မဆိုင်ဘဲနဲ့ အမှုကျူးလွန်တဲ့ သူက အကျူးလွန်ခဲ့တဲ့သူကို လူအများရှေ့မှာ တောင်းပန်ပြီးတော့ ကျနော်မှားခဲ့ပါတယ်- ပြောလို့ရှိရင် အဲဒီပြစ်မှု ကျူးလွန်ခဲ့တဲ့သူကလည်း ခွင့်လွှတ်ရမယ်ဆိုပြီးတော့ ဟိုဘက် ဒီဘက်ညှိပြီးတော့ ဒီဟာတွေကို ဖြေရှင်းသွားတာဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့၊ ဒါဆိုလို့ရှိရင် နောက်ထပ်စနစ်တခုပေါ့နော်၊ ဒီ အမေရိကနဲ့ အာရှတိုက်၊ အထူးသဖြင့် အင်ဒိုနီးရှားတို့ အရှေ့တီမောတို့မှာ သုံးသွားတဲ့ Transformative Justice System ပေါ့နော်၊ အဲဒီ အကြောင်း ကိုလည်း နည်းနည်းလေး ရှင်းပြပါလား။ သူတို့ကတော့ အဓိကအားဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အထောက်အကူပြုစေမယ့် တရားရေးဆုံးဖြတ်တဲ့ စနစ်သဘောမျိုးနဲ့ အတိတ်က ကျူးလွန်ခဲ့တဲ့ ပြဿနာတွေကို ဖြေရှင်းတယ်ဆိုတဲ့သဘောပေါ့နော်။ အဲဒီ ဥပမာလေးတွေကို နည်းနည်းလောက် ပြောပြပါလား။

ဆလိုင်း ငွန်ကျုံးလျှန်။ ။ ဟုတ်ကဲ့။ ဥပမာ ကျနော်တို့နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ အင်ဒိုနီးရှားမှာဖြစ်သွားတဲ့ ကိစ္စ၊ အရှေ့တီမောနဲ့ အင်ဒိုနီးရှား ပဋိပက္ခနောက်ပိုင်းမှာ အဲဒီ ပဋိပက္ခဖြစ်တုန်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အားလုံးကို Criminal Justice System နဲ့ဖြေရှင်းဖို့ ကြိုးစားမယ်ဆိုလို့ရှိရင် ဒီနေ့အချိန် အထိ အရှေ့တီမောဟာ လွတ်လပ်ရေးရချင်မှ ရလိမ့် မယ်။ ဒါမှမဟုတ် ပြဿနာက၊ ပဋိပက္ခက အခုထိ ပြီးချင်မှ ပြီးသွားလိမ့်မယ်။

ဒါပေမဲ့စစ်ရေးအရ အင်ဒိုနီးရှားက မရှုံးနိမ့်သည့်တိုင်အောင် သူ့မှာ အရှေ့တီမောဖြစ်ပျက်ခဲ့တဲ့ဟာတွေ အတွက် သူတို့မှာ ထွက်ပေါက်လေးတခုရထားလို့ အခု ဒီပြဿနာ ဖြေရှင်းသွားတာဖြစ်ပါတယ်။ တချိန်ထဲ မှာပဲ အင်ဒိုနီးရှားထဲမှာကိုက ဆူဟာတို (Suharto) အာဏာကျသွားတဲ့နောက်ပိုင်းမှာ ဆူဟာတိုနဲ့ သူ့ရဲ့ အဆက်အနွယ်တွေ အားလုံးအပေါ် မှာ သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အဲဒါတွေကို အင်ဒိုနီးရှားက ကိုင်တွယ်ဖြေရှင်းတဲ့ အချိန်မှာ ဒီ Criminal Justice System တခုထဲကို မကြည့်ဘဲနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ပြန်လည်သင့်မြတ်ကြ ပြီးတော့ ဒီမိုကရေစီ စနစ်ကြီးအရှိန်အဟုန်နဲ့ ဖော်ဆောင်နိုင်ရေးအတွက်ကိုပါ ထည့်တွက် စဉ်းစားငဲ့ကွက် ပြီးမှ သူတို့က တရား စီရင်ရေးတွေကို တခုပြီးတခု လုပ်ကိုင်သွားတာဖြစ်တယ်။

အချုပ်အားဖြင့် ပြောရမယ်ဆိုလို့ရှိရင် အာဖရိကမှာဖြစ်ဖြစ်၊ အရှေ့တီမောမှာဖြစ်ဖြစ်၊ လက်တင်အမေရိက နိုင်ငံတွေမှာဖြစ်ဖြစ်၊ သူတို့တရားစီရင်ရေး၊ အသွင်ကူးပြောင်းနိုင်ရေးအတွက် ဒါမှမဟုတ် ပြန်လည်ရင်ကြား စေ့နိုင်ရေးအတွက် တရားစီရင်ရေးစနစ်တခုကို ကျင့်သုံးတဲ့အချိန်မှာ သူတို့ဟာ သာမန်ရာဇ၀တ်မှု တရား စီရင်ရေးဆိုင်ရာဖြစ်တဲ့ Criminal Justice System တခုကိုပဲ မကြည့်ဘဲနဲ့ တခြားနည်းနဲ့ သူတို့ရဲ့ပန်းတိုင်ကို အရောက် ခေါ်ဆောင်သွားနိုင်မယ့် အသွင်ပြောင်းနိုင်အောင် အားပေးအားမြှောက်ပြုနိုင်မယ့် တရားစီရင်ရေး နည်းတွေကို ရှာဖွေတယ်။ အဲဒါကို ကျနော်တို့ ဗမာပြည်မှာလည်း ရှာဖွေသင့်တယ်လို့ ကျနော်ကတော့ ယူဆပါတယ်

ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာလည်း ဘာပဲပြောပြော၊ မြန်မာ့ဒီမိုကရေစီရေးမှာ အင်မတန်ကို ကြီးမားတဲ့အခန်းကဏ္ဍတခု ဖြစ်တယ်ဆိုတာကို အသိအမှတ် ပြုပြီးတော့ ဖြစ်ခဲ့သမျှ ပြဿနာတွေကို နည်းလမ်းရှာကြံပြီးတော့ ဖြေရှင်းသွားဖို့ဆိုတဲ့ အကြံပြုချက်ပေါ့။

ဆလိုင်း ငွန်ကျုံးလျှန်။ ။ ဟုတ်ပါတယ်။ မြန်မာပြည်မှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတာ တပ်မတော်မပါဘဲနဲ့ မဖြစ်ဘူး၊ တိုင်းရင်းသားတွေမပါဘဲနဲ့ မဖြစ်ဘူး၊ ဒီမိုကရေစီအင်အားစုတွေ မပါဘဲနဲ့ မဖြစ်ဘူး။ အဲဒီမှာ ပါဝင်တဲ့ လူတွေအားလုံးရဲ့ အခန်းကဏ္ဍ၊ သူတို့ရဲ့အနေအထား၊ သူတို့ရဲ့အနာဂတ် လုံခြုံရေး၊ သူတို့နဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီးတော့ ဖြစ်ပျက်ခဲ့တဲ့ ပြီးခဲ့တဲ့ ပြဿနာတွေအားလုံးကို တရားဥပဒေအရ အဖြေရှာတဲ့ အချိန်မှာ Criminal Justice တခုထဲကို ကြည့်ပြီးတော့ အဖြေရှာတာထက် တခြားဖြစ်နိုင်ချေရှိတဲ့ နည်းစနစ်တွေ၊ ရှိသမျှတွေကို ကျနော်တို့ ရှာကြံပြီးတော့ ဘယ်ဟာ ကျနော်တို့ အတွက် အကောင်းဆုံးဖြစ်မလဲဆိုတဲ့ စိတ်ဓာတ်မျိုး ကျနော်တို့ထားနိုင်မယ် ဆိုလို့ရှိရင် အသွင်ကူး ပြောင်းရေးအတွက်၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ပိုပြီးတော့ အကျိုးဖြစ်စေမယ်၊ အဲဒီလို လုပ်ဆောင်ရာမှာလည်း အောင်မြင်မှု ရနိုင်မယ်လို့ ကျနော်တော့ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာတက္ကသိုလ်၊ နိုင်ငံတကာ အခြေခံ ဥပဒေရေးရာ ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဆလိုင်း ငွန်ကျုံးလျှန်ကို ဆက်သွယ်မေးမြန်းထားတာပါ။

Tuesday, November 30, 2010

မြ၀တီ အနီး တိုက် ပွဲ များ ပိုမိုပြင်းထန်လာ

Monday, 29 November 2010 09:50
နအဖ စစ်သားတွေက လက်နက်မှရှိတဲ့ ပြည်သူ ကျောင်းသား နဲ့ သံဃာတွေကို ဘဲ လက်နက် အားကိုးနဲ့ အနိုင်ကျင့်တတ်တာ လက်နက်ခြင်းယှဉ်ရင်တော့... အားလုံး မြင်တွေ့ရတဲ့ သတင်းတွေအတိုင်းဘဲ။ ဒါတောင် KNU က ရိုးရိုး စစ်သားတွေဘဲရှိသေးတယ်နော် ကွန်မန်ဒိုတွေ ထုတ်မသုံးသေးဘူး။



အောင်မြင်။ ။မြ၀တီနှင့် ၁၀မိုင်အကွာတွင်ရှိနေသော ဝေါလေ ဒေသတွင် ပိတ်မိနေသော နအဖ တပ်တတပ်အားကယ်ထုတ်နိုင်ရန်အတွက် နအဖ တပ်ရင်း ၃ ရင်းဖြင့် စစ်ကြောင်းထိုးလာမှုကို ဒီကေဘီအေ ကရင်မျိုးချစ်ရဲဘော်များရဲ့ ပူးပေါင်း တိုက်ခိုက်ခိုက်မှုကြောင့် ယမန်နေ့က နအဖစစ်တပ်မှ တပ်သား အမြောက် အများ ကျဆုံးကြောင်း သတင်းရရှိပါတယ်။

ဖလူးလေးကျေးရွာအနီးရှိ သံမဏိတောင် တွင် နေ့လည် ၁၂နာရီတွင် တကြိမ်၊ ညနေ ၅နာရီခွဲတွင်တကြိမ် နအဖစစ်တပ်များနှင့် ဒီကေဘီအေတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားရာတွင် နအဖ စစ်သည်၁၇ ဦးကျဆုံးခဲ့ပြီး၊ဒီကေဘီအေ တပ်ဖွဲ့ဘက်မှအထိ
အခိုက်အကျအဆုံးမရှိကြောင်း FNG ကသတင်းရရှိပါတယ်။ယမန်နေ့ ည တွင်လည်း မြ၀တီမြို့ရှိ တောရကျောင်းရှေ့တွင် လက်နက်ကြီးကျည် ၁လုံး၊ ခရစ်ယာန် ဘုရားကျောင်းရှေ့တွင် ၁လုံးကျရောက်ပေါက်ကွဲပြီး မည်သည့်အဖွဲ့ကပစ်သည်ကို မသိရကြောင်း မြ၀တီ ဒေသခံတဦးက ပြောပြပါတယ်။

ယ္ခုအခါ မြ၀တီ မြို့မှာကော့ကရိတ်၊ဘားအံ့၊ ရန်ကုန် သို့ခရီးသွားလာ
ကုန်သွယ်မှုရပ်တန့်နေပြီဖြစ်ကြောင်း၊ အောက်ပိုင်းကလည်းတက်မလာရဲကြသလို၊ မြ၀တီမှလည်း အောက်ပိုင်းသို့ မသွားရဲကြတော့ကြောင်းဆက်လက်ပြောပြခဲ့ပါတယ်။ ယ္ခုအခါ တိုက်ပွဲများအရှိန်မြင့် လာပြီး နေရာအနှံ တိုက်ပွဲများဖြစ်ပေါ်လာနေမှုကြောင့် နယ်စပ်ဒေသရှိကျေးရွာစာသင်ကျောင်းများ မြ၀တီမြို့နယ်၊ကော့ကရိတ်မြို့နယ် ရှိစာသင်ကျောင်းများပိတ်ထားကြောင်းသတင်းရရှိပါတယ်။ကေအင်ယူတပ်ရင်း ၁၈နှင့် ဒီကေဘီအေ ကလိုထူးဘောတပ်ဖွဲ့များ ပူးပေါင်းတိုက်စစ်ဆင်မှုကြောင့် တောင်ဘက်ရှိ စက္က၀က်ကျေးရွာအနီး တွင် နအဖစစ်တပ်မှ အယောက် ၃၀ကျော်ကျ
ဆုံးပြီး၊ ကေအင်ယူ-ဒီကေဘီအောပူးပေါင်းတပ်ဖွဲ့မှ လက်နက် အလက်၃၀ သိမ်းပိုက်ရရှိကြောင်း နေ့သစ် မီဒီယာက ပြောပြပါတယ်။တိုက်ပွဲဖြစ်ပွားပုံနဲ့ နအဖတပ်ရဲ့ ကျဆုံးခဲ့ရသူများအထဲတွင် အရာရှိဘယ်လောက်၊ အကြပ်၊တပ်သား
ဘယ်လောက်ကျဆုံးခဲ့ရ ကြောင်းကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

တိုက်ပွဲ တွေ ကြောင့်  မဲဆောက်တောင်ဘက် စအိုမြို့နယ်အနီး မယ်ကုကင်း မှာ ဒုက္ခသည် ၃၀၀၀ ထွက်ပြေးခိုလှုံ
လာကြတယ် လို့ သိရပါတယ်။

ကရင်တပ်ဖွဲ့နှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် နအဖ ၃၀ဦးကျဆုံး

ဒီ ကြွသွားတဲ့ ၃၀ ထဲမှာ DKBA မှ နယ်ခြားစောင့်တပ်ကို ပြောင်းသွားတဲ့လူ ဘယ်နှစ်ယောက်ပါသွားလည်းတော့မသိဘူး။ ဗိုလ်မှူး နှူတ်ခမ်းမွှေးပြောထားပြီးသား အမျိုးမှန်းမသိရင် လာခဲ့ပေါ့ ရွေးမှာမဟုတ်ဘူးလို့  အပြတ်ပြောထားပြီးသား။ ခုတော့ မင်းတို့  တသက်စာ စားလို့ မကုန် ချမ်းသာနေပြီးဖြစ်တဲ့ မောင်ချစ်သူအတွက် ကားပါမစ် အစီးရေ များများရအောင် ထပ်ပြီးအသေခံကြလိုက်အုံး။ မင်းတို့ အတွက် စိတ်တော့မကောင်းဘူး၊ မတတ်နိုင်ဘူး မင်းတို့ ရွေးထားတဲ့လမ်းပဲ။ ဆရာတော်ဘုရား ဦးသုဇ ဒီအတိုင်းပဲကြည့်တော့မလား။ BGF တွေကို ဒီလိုပဲလွတ်ထားတော့မလား။ ကြည့်လည်းလုပ်ကြပါအုံး။

တပ်မဟာ (၇)ကိုမောင်ချစ်သူဦးစီးပြီးတက်တိုက်တုန်းက ပြန်ပြီးအမှတ်ရကြပါ။ လူ ၃၀၀ ကျော်သေကြေ ကျိုးပြတ်ပြီးပြီ။ အဲဒီတုန်းက KNLA ဖက် သေ၊ ဒဏ်ရာရ ပေါင်းမှ ရှစ်ဦးပဲရှိတယ်။ မြေကြီးပဲ ရှူံးတယ်။ လူက အရင်အတိုင်းပဲ။ အခုခင်ဗျားတို့ နအဖ ခိုင်းသမျှ လိုက်လုပ် လို့ ကတော့ မင်းတို့ ရဲအနာဂါတ်မတွေးဝံ့စရာပဲ။

နိုဝင်ဘာလ ၂၉ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ဘက်ပိုင်းတွင် ကရင်တပ်ဖွဲ့မှ နအဖနှင့် နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်တို့ကို ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်မှ (၃၀)ဦး ကျဆုံးခဲ့ပြီး လက်နက် (၃၀)လက် ကရင်တပ်ဖွဲ့မှ သိမ်းဆည်းရမိသည်ဟု သိရ သည်။

ဝေါ်လေဒေသတွင် စစ်ရေးပြင်ဆင်နေသည့် ကလို့ထူးဘောဗျူဟာ တပ်ဖွဲ့ဝင်များ


ယမန်နေ့ နေ့လည်ပိုင်းတွင် ကော့ကရိတ်အခြေစိုက် နအဖ စကခ(၁၂) လက်အောက်ခံ ခလရ(၂၃၁)တပ်ရင်းနှင့် BGF (၁၀၁၆)တပ်ရင်းတို့ ပူးပေါင်းတပ်ဖွဲ့အား တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ) ကလိုထူး ဘောဗျူဟာ(၁)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း(၁၈)တို့ပူးပေါင်း၍ ခုဒုံနှင့် အောင်လိုင်ကျေးရွာ ကြားတနေရာတွင် ချုံခိုတိုက်ခိုက်ခဲ့သည်ဟု ဒီကေဘီအေ ကလိုထူးဘောဗျူဟာ(၁) စစ်ဆင်ရေးမှူး G2 ဗိုလ်မှူးစောဆန်းအောင်က ယခုလို ပြောသည်။

၎င်းက “မနေ့က နေ့လည် ၁၂း၀၀နာရီအချိန်မှာ ခုဒုံနဲ့ အောင်လိုင်ကြားက တောင်ကြားတနေရာမှာ တက်လာတဲ့ နအဖနဲ့ BGF စစ်ကြောင်းကို ကျနော်တို့တပ်ဖွဲ့က အပိုင်နေရာယူထားပြီးတော့ စောင့်ပစ်တယ်။ အဲဒီမှာ နအဖနဲ့ BGF တွေရဲ့ အလောင်း ၃၀ နဲ့ လက်နက်အလက် (၃၀)ကို ကျနော်တို့ဘက်က ကောက်ရခဲ့တယ်။”ဟု ကေအိုင်စီကို အတည်ပြုပြောကြားသည်။

အဆိုပါ ချုံခိုတိုက်ပွဲတွင် ကရင်တပ်ဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာရမှု အနည်းငယ် ရှိခဲ့ပြီး နအဖနှင့် BGF တို့ထံမှ 81၊ 82၊ RPG၊ M1၊ M2 စသည့်လက်နက်များ အပါအ၀င် ကျည်ဆံတချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဗိုလ်မှူးစောဆန်းအောင် က ပြောသည်။

ထို့အပြင် မြ၀တီခရိုင် ဝေါ်လေဒေသ၊ ဖလူးကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ရက်နေ့ည (သောကြာနေ့)မှစ၍ ယနေ့အ ချိန်ထိ နအဖ စစ်တပ်နှင့် ကရင်တပ်ဖွဲ့ဝင်တို့ကြား အပြန်အလှန် ပစ်ခတ်ခဲ့ရာ နအဖဘက်က ၁ဦး သေဆုံးကာ ၂၅ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ကရင်တပ်ဖွဲ့မှ ၁ဦး အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုပစ်ခတ်မှုများကြောင့် ဖလူးကြီး၊ ဖလူးငယ်၊ ကျောက်ခက်စသည့်ကျေးရွာမှ ဒေသခံ ကရင်ပြည်သူ ၁,၀၀၀ကျော် ထိုင်းနိုင်ငံ၊ ဖို့ဖရမြို့နယ်အတွင်းရှိ နယ်စပ်နေရာများသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။

အလားတူ ဘုရားသုံးဆူမြို့နယ်ခွဲရှိ တဲသုံးလုံးနှင့် ဇီးပင်ကျေးရွာကြားတွင် နအဖ ခမရ(၄၁၀)နှင့် ဒီကေဘီအေ ဒုဗိုလ်မှူးကြီး စောအေ၀မ်းတပ်ဖွဲ့တို့ ပြောက်ကျားတိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၂ဦး ပွဲချင်းပြီး ကျဆုံးသွားခဲ့ကြောင်း သိရသည်။

နယ်ခြားစောင့်တပ် အမှတ်(၁၀၁၆)တပ်ရင်းကို ဦးစီးသူမှာ ဗိုလ်မှူးစောမြတ်ခိုင်ဖြစ်ပြီး ယခင် ဒီကေဘီအေ တပ်မဟာ(၉၉၉) လက်အောက်ခံ တပ်ရင်း(၃)၏ တပ်ရင်းမှူးဖြစ်သည်။

Monday, November 29, 2010

လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲ

Monday, 29 November 2010 07:06






သူခိုး

ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေကျေးရွာတွင် တပ်စခန်းချနေသော တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကျော်စိုးလွင် ဦးဆောင်သော တပ်ရင်း (၄၀၉) သည် နိုဝင်ဘာလ (၂၃) ရက်နေ့တွင် ဝေါ်လေကျေးရွာရှိ ရွာသားများ၏ အိမ်ကို တက်ပြီး အိမ်တွင်းရှိ အင်္ကျီအ၀တ်အစားများ၊ ကုတင်များနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို ၎င်းတို့ နေထိုင်ရာ တပ်စခန်းသို့ ယူဆောင်သွားသည်ဟု ဝေါ်လေရွာသား တစ်ဦးက ဆိုသည်။

အဆိုပါ တပ်သည် ဝေါ်လေကျေးရွာရှိ ရွာသားများအား ကေအဲန်ယူနှင့် တိုက်ပွဲ ဖြစ်မည်ဟု ကြေညာပြီး ရွာသားများအား (၂၃) ရက်နေ့တွင် ရွာမှ ရှောင်ခိုင်းခဲ့သည်။

အဆိုပါ ရွာသားများ ရွာမှ ရှောင်ထွက်သွားချိန်တွင် ၎င်းတို့ အဖွဲ့သည် အိမ်များသို့ တက်ရောက်ပြီး အကျီများ၊ ကုတင်များ၊ အိမ်အသုံးအဆောင်အချို့နှင့် ကြက်၊ ဘဲများကို မိမိတို့ စခန်းရှိရာသို့ ယူဆောင်သွားသည်ဟု ဒေသခံရွာသားတစ်ဦးမှ ပြောပါသည်။

တိုက်ပွဲ မဖြစ်သဖြင့် ညပိုင်းရွာသားများ မိမိတို့ အိမ်သို့ ပြန်လာရာ ၎င်းတို့ ပျောက်နေသော ပစ္စည်းများကို နအဖ၏ တပ်စခန်းတွင် တွေ့သည်ဟု ဆိုသည်။


အလားတူစွာပင် မြ၀တီခရိုင် နယ်ခြားစောင့်တပ်ရင်း (၉၉၉) တပ်ရင်းမှူး စောချစ်သူ လက်အောက်ခံ တပ်ခွဲမှူး ဖားတောကူး ဦးဆောင်သည့် တပ်ဖွဲ့မှ နိုဝင်ဘာ (၂၂) ရက်နေ့တွင် အတွင်း မက်ကနဲကျေးရွာ၌ တပ်ဖွဲ့ဝင်များ စားနပ်ရိက္ခာအတွက်ဟု ဆိုကာ တစ်အိမ်လျှင် (၅၀၀) ကျပ် ကောက်ခံခဲ့သည်ဟု ၎င်းရွာမှ ရွာသားတစ်ဦး ပြောပါသည်။

"သူတို့ အဖွဲ့ ရောက်လာပြီးတော့ ရဲဘော်တွေအတွက် ကြက် ၀က်ဝယ်စားဖို့ ဆိုပြီး တအိမ်ကို (၅၀၀) ကျပ် ကောက်တယ်။ သူကြီးက ကောက်ခံရတာပေါ့။ ရှိတဲ့ သူအတွက်တော့ ကိစ္စ မရှိပေမဲ့ ကျွန်တော်တို့ ရွာက ဆင်းရဲတယ်လေ။ ဒါပေမဲ့ ကြောက်တော့ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ပေးရတာပေါ့။"

တပ်ရင်းမှူး စောချစ်သူ၏ လက်အောက်ခံ အဆိုပါ တပ်ဖွဲ့သည် တစ်ရွာမှ တစ်ရွာသို့ လှည့်လည်သွားရောက်နေသော စစ်ကြောင်း အဖွဲ့ ဖြစ်ပါသည်။ စောချစ်သူ ဦးဆောင်သော (၉၉၉) တပ်ရင်းသည် အစိုးရ၏ နယ်ခြားစောင့်တပ်ကို လက်ခံသော အဖွဲ့ ဖြစ်ပါသည်။

ယခုအခါ မြ၀တီမြို့ လုံခြုံရေးကို တာဝန်ယူထားရပြီး ကေအန်ယူ ခေါ် ကရင်အမျိုးသားအစည်းအရုံးကို မြန်မာစစ်အစိုးရမှ ထိုးစစ်ဆင်ရာတွင် အဓိက အားထားရသူ တစ်ဦးဟု သတင်းထွက်ပေါ်နေသူ တစ်ဦးလည်း ဖြစ်သည်။

မျိုးချစ်ကရင် အမျိုးသားများသို့

Written by Lazy Boy
Monday, 29 November 2010 02:25
မပြောမပြီးဆိုသလိုဘဲ လက်တို့ပြီးတော့ ပြောရအုံးမယ်။ မနေ့က သူငယ်ချင်းတစ်ယောက် ဖုန်းဆက်တယ်။ တပ်မဟာ ၆ လက်စွမ်း ပြတာ ရိတ်ခါ နဲ့ စစ်ကူ တက်လာတဲ့ ခွေးတွေ ပက်ပက်စက်စက် သေနေတယ်လို့ပြောတယ်။ နောက်ပြီး အခု တပ်မဟာ ၆ မှာ အရေးပေါ် လိုအပ်ချက်တွေ ရှိနေတယ်။ ခွေးတွေ တက်လာတာ အရမ်းများတယ်။ ဒီလောက်ဆို ဘာတွေလိုမလဲ ဆိုတာ သဘောပေါက် ပြီနော် .....

ဒါအမျိုးသားရေးဖြစ်တယ်။ ကိုယ့်လူမျိုးကိုချစ်တဲ့သူတိုင်း (ပါးစပ်နဲ့ ချစ်တဲ့သူမပါ) ပါဝင်ကူညီပြီး စည်းလုံးမှု့ကိုပြဖို့ လိုအပ်နေပြီ။

ရှေ့တန်းက ရဲဘော်တွေ အမျိုးသားလွတ်မြောက်ရေးအတွက် သူတို့ရဲ့ အသက်တစ်ချောင်း လုံးကို ပေးအပ်ထားတယ်။ သူသိပ်ချစ်တဲ့ မိသားစုကို မငဲ့ဘဲ အမျိုးလွတ်မြောက်ရေးအတွက် ရှေ့တန်းသွားပြီး သေမင်းချောက်ကမ်းပါးမှာ လမ်းလျှောက်နေတယ်။ သူတို့မှာ လခမရှိဘူး အမျိုးသားလွတ်မြောက်ဖို့ ကလွဲပြီး ဘာမျှော်လင့်ချက်မှမရှိဘူး။ သူတို့ ကိုယ်ကျိုးအတွက် လည်းမဟုတ်ဘူး။

ပြည်ပရောက်နေတဲ့ ကရင်လူမျိုးတွေ သိန်းချီပြီးရှိတယ်။ တစ်လကို ၁ ဒေါ်လာဘဲ အမျိုးသားလွတ်မြောက်ရေးအတွက်ပေးရင် တစ်လကို ဒေါ်လာ နှစ်သိန်းထက်မနည်းရလိမ့်မယ်။ သင့်အမျိုးသားလွတ်မြောက်ရေးအတွက် အသက်ပေးထားတဲ့ သူတွေရှိနေတာတောင် သင်ဟာ ကရင် လူမျိုးတစ်ယောက်ဖြစ်ပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တစ်လ တစ်ဒေါ် လာတောင် မပေးနိုင်ဘူးဆိုရင် အရမ်းရှက်ဖို့ကောင်းပါတယ်။ တစ်ဒေါ်လာဆိုတာ ခလေးတစ်ယောက်ရဲ့ တစ်ရက် မုန့်ဖိုးတောင် မရှိဘူး။

သူတို့ လူမျိုးအတွက်အသက်ပေးပြီးတိုက်ပွဲဝင်နေတယ်

ယနေ့ သတင်း (၂၉ ရက် နိုဝင်ဘာလ ၂၀၁၀)

သတင်း
နံနက် (၁၁ နာရီ ၃၀) ယမန်နေ့က ဖြစ်ပေါ်ခဲ့သော နအဖ စကခ ၁၂ လက်အောက်ခံ ခလရ ၆၁ နဲ့ ခမရ ၂၃၀ တပ်ရင်းနဲ့ ဒီကေဘီအေ ကလိုထူးဘောဗျူဟာ ဗိုလ်မှူးကျော်သက်ဦးဆောင်တဲ့ တိုက်ပွဲများကြောင့် နအဖ စစ်သား ၁၇ ယောက်ကျဆုံးပြီး၊ ၂ ယောက်မှာ အပြင်းအထန် ဒဏ်ရာရသောကြောင့် မဲဆောက်ဆေးရုံသို့ ပို့ဆောင် ကုသနေတယ်လို့ သိရှိရသည်။ ဒီကေဘီအေ ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။

နံနက် (၁၀) မြန်မာဘက်ခြမ်း မြ၀တီနဲ့ ကီလိုမီတာ ၂၀ အကွာ ဖလူးကျေးရွာဘက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် ထိုင်းနိုင်ငံ ဖတ်ဖရမြို့နယ် မော်လီချိုင်းကျေးရွာနှင့် ကပ်လျှက် မယ့်ကူကေးကျေးရွာသို့ ဒုက္ခသည် ၄၀၀၀ ကျော်ခန့် လာရောက် ခိုလှုံနေတယ်လို့ သိရပါတယ်။ လောလောဆယ် စစ်ပြေးဒုက္ခသည်များကို မယ့်ကူကေးကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲတွင် ထားရှိကြောင်း သိရှိရသည်။

ယနေ့ သတင်း (၂၈ ရက် နိုဝင်ဘာလ ၂၀၁၀)

Sunday, November 28, 2010

ဆုံသည်းရာ၊ ၂၈ ရက် နိုဝင်ဘာလ ၂၀၁၀

သတင်း
နေ့လည်(၃ နာရီ) မြ၀တီမြို့ တောင်ဘက် ကီလိုမီတာ ၂၀ အကွာရှိ ဖလူးကျေးရွာအနီး တဲ့ဂေါ်ကျိုးဘက်မှာ နအဖ တပ်များနဲ့ ဒီကေဘီအေတပ်များ ယနေ့မနက် ၈ နာရီနဲ့ နေ့လည် ၁၂ နာရီ ၄၁ မိနစ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ နအဖ စကခ ၁၂ လက်အောက်ခံ ခလရ ၆၁ နဲ့ ခမရ ၂၃၀ တပ်ရင်းနဲ့ ဒီကေဘီအေ ကလိုထူးဖောဗျူဟာမှူး ဗိုလ်မှူးကျော်သက်ဦးအောင်တဲ့ ဒီကေဘီအေ အဖွဲ့တွေလို့ သိရှိရပါတယ်။ ယနေ့ဖြစ်သော တိုက်ပွဲများတွင် နအဖ ဘက်မှ ထိခိုက်ဒဏ်ရာရမှု ပြင်းထန်ကြောင်း သိရှိရပါတယ်။

နေ့လည်(၂ နာရီ) ယမန်နေ့ညနေ ၄ နာရီခန့်က နအဖ စကခ ၁၂ လက်အောက်ခံ ခမရ ၂၃၀ တပ်ရင်း၊ နယ်ခြားစောင့်တပ်များကို ဒီကေဘီအေ ကလိုထူးဖောဗျူဟာမှူး ဗိုလ်မှူးကျော်သက်ဦးအောင်တဲ့ ဒီကေဘီအေ အဖွဲ့တို့မှ ခြုံခိုတိုက်ခိုက်ရာ နအဖ ဘက်မှ တပ်သား ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရှိကြောင်း သိရှိရပါတယ်။

နံနက် (၈ နာရီ) နအဖ စစ်တပ် ခလရ ၆၁ နဲ့ ခမရ ၂၃၀ တပ်ရင်းနဲ့ ဒီကေဘီအေ ကလိုထူးဖောဗျူဟာမှူး ဗိုလ်မှူးကျော်သက်တို့ ယမန်နေ့ ညနေပိုင်း ဖလူးကျေးရွာအနီး တဂေါ်ကျိုးဘက်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ နအဖ စစ်တပ်မှ ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းများ တင်ဆောင်လာတာကို ဒီကေဘီအေ ကလိုထူးဖောဗျူဟာမှူး ဗိုလ်မှူးကျော်သက်တို့က ခြုံခိုတိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲက ည ၈ နာရီလောက်တွင် လက်နက်ကြီးများနဲ့ အပြန်လှန်ပစ်ခတ်မှု ပြင်းထန်လာခဲ့ပါတယ်။ ညဦးပိုင်းအထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရှိရပါတယ်။

မဲ့ ပြုံး

Friday, November 26, 2010ရွေး ကောက် ပွဲ ပြီး လို့ အ နိုင် ရ ရင် ကျန် တဲ့ လမ်း တစ် ခြမ်း ဆက် ခင်း ပေး မယ်။ လယ် တွေ မှာ ကြိုက် တဲ့ သီး နှံ လွတ် လွတ် လပ် လပ် စိုက် ခွင့် ပေး မယ် ပြော ထား ပြီး ဂ တိ မ တည် တဲ့ ကြံ့ ဖွတ် ဆီ ကို ရပ် ကွက် က လူ တွေ ရွာ သား တွေ က ဂ တိ မ ဖျက် ဖို့ သွား ပြော တဲ့ အ ခါ ကြံ့ ဖွတ် ကြီး က ဘယ် လို ပြန် ပြော လိုက် သ လဲ ဆို တော့ မင်း တို့ ပေး တဲ့ မဲ နဲ့ ငါ တို့ နိုင် တာ မ ဟုတ် ဘူး။ ငါ တို့ ကြံ ရည် ဖန် ရည် နဲ့ အ နိုင် ရ တာ ကွ ဒါ ကြောင့် ကျန် တဲ့ လမ်း တစ် ခြမ်း ဆက် မ ခင်း ပေး တာ။ သီး နှံ လဲ စိုက် ခွင့် မ ပေး တာ။ ငွေ လဲ ဆက် မ ချေး တာ ကွ။ ငါ တို့ တစ် တွေ ကိုယ့် အ စွမ်း အ စ နဲ့ လိမ် ပြီး နိုင် တာ လို့ ကြေ ငြာ တဲ့ တ နေ့ မင်း တို့ ရပ် ကွက် သူ ရပ် ကွက် သား တွေ ရွာ သား တွေ ဈေး သည် တွေ ငါ တို့ ကို မဲ မ ထည့် တဲ့ လိမ် ညာ မှု နဲ့ မင်း တို့ တွေ ကို တ ရား စွဲ ပြစ် မယ်။ မင်း တို့ တ ခြား ပါ တီ ကို ထည့် ထား တဲ့ သက် သေ ခံ အ ထောက် အ ထား မဲ တွေ ငါ တို့ မှာ အ ခိုင် အ မာ ရှိ တယ် ကွ။ အဲ ဒါ ကြောင့် သွား ပြော တဲ့ လူ တွေ အား လုံး အ ခု ကြောက် ကြောက် လန့် လန့် နဲ့ ဘယ် ည မှ သူ တို့ ကို လာ ခေါ် မှာ လဲ ဆို ပြီး အိပ် မ ပျှော စား မ ၀င် ဖြစ် နေ ကြောင်း ပါ ခင် ဗျား။

စစ်ပွဲကြောင့် ပြည်သူ များ ထိုင်းဘက်သို့ ဒုက္ခသည် အဖြစ် တကျော့ပြန် ရောက်ရှိလာ

Sunday, November 28, 2010
မြ၀တီ မြို့ တောင်ဘက်တွင် ဒီကေဘီအေ နှင့် နအဖ စစ်တပ် ၏ တိုက်ပွဲ များ ကြောင့် ဒေသခံပြည်
သူလေးထောင် ကျော် ဟာ ထိုင်း နိုင်ငံ မဲဆောက် မြို့ ရဲ့ တောင်ဘက် က ဖုတ်ဖရ နဲ့  မယ်ကု စတဲ့
ထိုင်း ကျေးရွာ တွေ ကို ထွက်ပြေး ခိုလှုံ ရောက် ရောက်ရှိ လာတယ် လို့  FNG မှ သတင်းရရှိသည်။

နိုဝင်ဘာလ ၈ ရက်နေ့ က ဖြစ်ပွား ခဲ့တဲ့ ဒီကေဘီအေ အဖွဲ့ ရဲ့ သုံးရက်ကြာ နယ်စပ် မြ၀တီ မြို့ သိမ်း
တိုက်ပွဲ အတွင်း ဒေသခံ ပြည်သူ လေးသောင်း ကျော်ဟာ ထိုင်း နိုင်ငံ မဲဆောက် မြို့ ထဲမှာ ဒုက္ခသည်
အဖြစ် ခိုလှုံ ခဲ့ရသည်။

ထိုင်း နယ်စပ် မြ၀တီ ဘက် အခြမ်း တွင် တကျော့ ပြန် ဖြစ်ပွား လာသည့် စစ်ပွဲ များ မှာ မြန်မာ
စစ်တပ် မှ ဒီကေဘီအီ တပ်ဖွဲ့ ဝင် များ နှင့် KNU တပ်ဖွဲ့ ၏ စခန်းများ ကို သိမ်းပိုက် ရန် အတွက်
အလုံး အရင်း ဖြစ် ထိုးစစ်ဆင် လာခြင်းကြောင့် ဖြစ်သည် ဟု ထွက်ပြေး လွတ်မြောက်လာ
သော မြန်မာ ဒုက္ခ သည် တစ်ဦးက Freedom News Group သို့ ပြောသည်။

ကျနော်ဟာ ပြည်သူ့ စစ်သား - ဗိုလ်မှူးစောလားပွယ်(ဗီဒီယိုဖိုင်အပြည့်အစုံ)

“ကျနော်တို့ ခုလိုရပ်တည်ပြီးလုပ်ရတာဟာ ကိုယ်ကျိုးအတွက်မဟုတ်ဘူး၊ အမျိုးသားရေးအတွက် မျိုးချစ်စိတ်ဓါတ်အပြည့်နဲ့ လုပ်တာဖြစ်တယ်၊ ပြန်သွားတဲ့လူ(BGF နယ်ခြားစောင့်တပ်လုပ်တဲ့သူ) တွေဟာ အဖွဲ့  အစည်းကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာတဲ့လူတွေ။ လက်ရှိ ရှိဒါက သံမဏိစိတ်ဓါတ် မျိုးချစ်စိတ်ဓါတ် အပြည့်အ၀ရှိတယ် ကြေးစားတပ်မတော်မဟုတ်ဘူး” (ဗိုလ်စန်းအောင် - တပ်မဟာ ၅ - DKBA)

“ကျနော်ဟာ စစ်သားဖြစ်တယ်၊ ပြည်သူရဲ့စစ်သားဖြစ်တယ်။ စစ်သားရဲ့ ပြည်သူ မဟုတ်ဘူး၊ ပြည်သူ့  စစ်သားဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ အကြံပေးမှု လမ်းညွန်မှုကိုလိုက်နာဆောင်ရွက်ရမည်”
(ဗိုလ်မှူးစောလားပွယ် - တပ်မဟာ ၅ - DKBA)

"လူထု ရန်သူတစု
ကျူးကျော် ရန်စကြသည်
မတရား ရမ်းကားသည်
လူထုများ မခံကြပါ
ပြန်ချကြပါလား"
(တာအူထ မူလတန်းကျောင်းသားများ)

ဗီဒီယိုဖိုင် အပြည့်အစုံကို ဒီမှာကြည့်ရှုနိုင်ပါသည်။

スー・チーさんと国連の高官が初めて面)会(10/11/27

Burmese Army Attacks Palu Village, Karen State

November 28, 2010
.28 Nov 2010
On the same day UN Burma envoy Vijay Nambiar visited Rangoon, the Burmese Army fired mortar bombs at a civilian village in Karen State, breaking international law.





Thousands of ethnic Karen have fled a new Burmese Army military offensive in Karen State, along the Thailand Burma border, in the past two weeks. The fighting began on 8th November with the Burmese Army attacking a faction of the Democratic Karen Buddhist Army, which had refused to become part of the Burmese Army, as required under the Generals’ new constitution for Burma. While international attention moved on following Myawaddy Town being completely taken over by the Burmese Army, the attacks have continued along the border, forcing thousands to flee.
On Saturday 27th November more than 200 villagers had to run for their lives when the Burmese Army fired mortars into Palu village without any warning. Palu village is in Kawt K’Rate Township, Doo Pla Ya district. They fled to Mae Ko Kay village, Mae Sot area, Tak Province, Thailand. One male village named Saw Tun Shwe, aged 30, was wounded. (Pictures of villagers fleeing available.)

The Burmese Army is attacking villages in areas thought to be under the control of the DKBA faction refusing to become a Border Guard Force under the control of the Burmese Army. Firing mortars at a civilian village without warning is in breach of the Geneva Conventions, constituting a war crime. The UN Special Rapporteur on Myanmar has repeatedly called for a UN investigation into possible war crimes and crimes against humanity in Burma.

Burma Campaign UK today called on the United Nations to start urgent discussions with the Burmese dictatorship to end all military operations in the country, and instead engage in dialogue with ethnic groups and Burma’s democracy movement.

Under Burma’s new constitution, armed ethnic groups which have been on ceasefire for many years have to place themselves under the control of the Burmese Army, as Border Guard Forces. However, the new Constitution grants none of the rights, protection and autonomy for which the groups took up arms in the first place, and so most major armed groups have rejected the demand. The dictatorship has threatened them with military force if they refuse.

In response, many armed ethnic groups, those on ceasefire and not on ceasefire, have formed a new military alliance. Some, such as the United Wa State Army and the Kachin Independence Army, claim to have up to 55,000 standing and reserve soldiers between them. They say they will not fight unless attacked.

The Democratic Karen Buddhist Army, which split from the Karen National Union in 1994, had been seen as being a close ally of the dictatorship. However, it split itself over the demand to become a Border Guard Force under the Burmese Army, with a faction led Saw Lah Bwe, nickname Na Khan Mwe.

When the attacks began on 8th November Burma Campaign UK warned it could be just the first example of many such attacks against armed ethnic groups, creating a major humanitarian and human rights crisis. Burma Campaign UK has repeatedly called on the international community to take steps to prevent such a crisis, but no action has been taken.

“If the Burmese Army were mortar bombing civilians in Rangoon there would be international outrage,” said Zoya Phan, International Coordinator at Burma Campaign UK. “When it happens in Karen State and other ethnic states it is ignored. It is welcome that UN Envoy Vijay Nambiar has visited Burma so swiftly after the release of Aung San Suu Kyi, and we understand that the process of getting dialogue going will be long and difficult, and the UN will need our full support. However, there must be a sense of urgency about what is happening in ethnic areas right now, it is already a crisis, and it is likely to escalate. It is still not too late the prevent a greater crisis happening”

Sunday, November 28, 2010

ကရင်လူမျိုး၏ မူလဇာစ်မြစ်(၆)

Posted by saw On 8/17/2010
ကရင်လူမျိုး၏ မူလဇာစ်မြစ် (၅)
သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)


ကရင်လူမျိုးများ မြစ်နှစ်မွှာဒေသ၊ မြေထဲပင်လယ် ဘက်မှ အရှေ့တောင်အာရှဘက်သို့ ပျံ့နှံ့လာသော အယူအဆကို အက်စ်ကေချာတာဂျီ (S.K. Chatterji) က ထောက်ခံ တင်ပြထားသည် (The history and culture of the Indian meoiib. vol. 1, p148 – 149)။
မြောက်ဘက်မှ တောင်ဘက်သို့ ရွှေ့ပြောင်းလာကြရာတွင် တရုတ်ပြည် အနောက်တောင်ဘက်ရှိ သံလွင်မြစ်၊ မဲခေါင်မြစ်၊ ယန်စီကျန် မြစ်ကြောင်းများအတိုင်း ပြောင်းရွှေ့လာပုံရသည်။ သံလွင်နှင့် မဲခေါင် မြစ်နှစ်ခု အနီးကပ်ဆုံးနေရာသည် (၁၀) မိုင်သာ ဝေးပြီး မဲခေါင်နှင့် ယန်စီကျန်မြစ် အနီးဆုံးနေရာသည် မိုင် (၅၀) ခန့်သာ ရှိသဖြင့် မနီးမဝေးရှိသော မြစ်ကြောင်း (၃) ကြောင်းမှ အာရှအရှေ့တောင်သို့ ပြောင်းရွှေ့လာပုံရပါသည်။ ယန်စီကျန် မြစ်ဝပိုင်းနှင့် မြစ်ဝှမ်းအောက်ပိုင်းသည် ရေလွှမ်းမိုးသဖြင့် ထိုဒေသသို့ ပျံ့နှံ့ရောက်ရှိသွားသော ကရင်များသည် တောင်ဘက် ဗီယက်နမ်ရှိ မြစ်နီမြစ်ကြောင်းဖြင့်လည်း တောင်ဘက်သို့ ရွှေ့လာပုံရပါသည်။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က M.A.B သတင်းဌာနမှ မိတ်ဆွေတဦးသည် မြောက်ဗီယက်နမ်၊ ဟနွိုင်မြို့တော်သို့ ရောက်ရှိပြီး ဗီယက်နမ် အမျိုးသားပြတိုက်ကို ၀င်ရောက်လေ့လာရာ ၎င်းတို့၏ ယဉ်ကျေးမှု ပစ္စည်းများသည် ကရင်လူမျိုးတို့၏ ယဉ်ကျေးမှု ပစ္စည်းများနှင် အတူတူပင်ဖြစ်သည်ဟု ပြောပြ သိရှိ ခဲ့ရပါသည်။ သို့ဖြစ်ရာ ကရင်ရှေးလူကြီးများ၏ မှတ်တမ်းမှတ်ရာများသည် ခိုင်မာသော အထောက်အထားများ ဖြစ်သည်မှာ ပေါ်လွင်နေပါသည်။

မြန်မာနိုင်ငံသို့ ကရင်လူမျိုးများ ၀င်ရောက်လာပုံမှာ လေ့လာရသမျှ ကြေးခေတ်ထွန်းကားချိန်တွင် တရုတ်ပြည် အနောက်တောင်ဘက် မှတဆင့် တရွေ့ရွေ့ ပြောင်းရွှေ့လာကြပြီး သံလွင်မြစ်၊ ရွှေလီမြစ် (မအိုက္လိုး) မှတဆင့် တကောင်းအရပ်သို့ ရောက်လာကြသည်ဟု ရှေးကရင် မှတ်တမ်းများအရ သိရှိရပါသည်။ တကောင်းအရပ်တွင် မြေပြန့်၍ စိုက်ပျိုးမွေးမြူရေး ကောင်းပုံရသဖြင့် အခြေချ နေထိုင်ကြလေသည်။

တကောင်း ဟူသော အမည်မှာ ကရင်ဘာသာဖြင့် တူကော ဟုခေါ်သည်။ ရှမ်းဘာသာဖြင့် တာကော ဟု ခေါ်ပြီး ဖားစည်ဆိပ်ကမ်း ဟု အဓိပ္ပါယ်ရသည်။ (တာ- ဆိပ်ကမ်း၊ ကော- စည်)။ ကရင်များ နတ်စည် ကဲ့သို့ တန်ခိုး ရှိသည်ဟု ယူဆကြသည်။ ရှမ်းများက မြစ်ကမ်းနားတွင် လာရောက်ရောင်းချကြသဖြင့် တာကော ဟု အမည်တွင်ရာမှ တကောင်းဟု ခေါ်တွင်လာခဲ့သည်ဟု အဆိုရှိလေသည်။
ပုသိမ်မြို့နှင့် ဆင်တူပါသည်။ ကရင်များက ပုသိမ် ဟုမခေါ်ဘဲ ပသိ ဟု ခေါ်ကြသည်။ ရှေးအခါက ကရင်များ နေထိုင်ရာ ဒေသသို့ ကုန်ရောင်းကုန်ဝယ်ရန် ပင်လယ်ရေကြောင်းမှ ရောက်လာသော ပသိ လူမျိုးများကို အစွဲပြုပြီး ၎င်းတို့ ဈေးလာရောင်းဝယ်သော ကရင်တို့ နေထိုင်ရာ နေရာကို ပသိ ဟုခေါ်လာကြရာမှ ပုသိမ်ဟု တွင်လာခြင်း ဖြစ်သည်။
ကရင်လူမျိုးများ မြန်မာနိုင်ငံသို့ ရောက်စက မြစ်အမည်များ မရှိကြသေးပါ။ ကရင်များက ယခု ဧရာဝတီမြစ်ကို ယဲ့ဝါးက္လိုး၊ စစ်တောင်းမြစ်ကို ပရဲလိုက္လိုး၊ သံလွင်မြစ်ကို ဃိုလိုက္လိုး၊ မဲခေါင်မြစ်ကို ကောလို ဟူ၍ အမည်ပေးခဲ့သည်။


ကရင်လူမျိုးများ မြန်မာနိုင်ငံ အနှံ့သို့ တသုတ်ပြီးတသုတ် ကြေးခေတ်ကတည်းက ၀င်ရောက်လာခဲ့ ကြသော်လည်း မြန်မာနိုင်ငံ သမိုင်းတွင် ကရင် ဟူသော အမည်သည် ထူးဆန်းစွာ ပျောက်ကွယ်နေပါသည်။ သဏ္ဍာန်အားဖြင့် အဝေး၌ စိမ်းလန်း မဲမှောင်နေသော သစ်တောကြီးတတောကို မြင်တွေ့ရ၏။ တဖြည်းဖြည်းနှင့် သစ်တောကြီးရှိရာသို့ ရောက်လာပြီး သစ်တောအတွင်း ၀င်သွားသောအခါ ကျွန်း၊ ပျဉ်းကတိုး၊ အင်ကြင်း၊ သစ်ယာ၊ ပိတောက်၊ ပျဉ်းမ စသည်ဖြင့် သစ်ပင်အမျိုးမျိုးကို တွေ့ရသဖြင့် အဝေးက မြင်တွေ့ခဲ့သော သစ်တောကြီး ဘယ်ရောက်သွားသည်ကို မသိတော့ဘဲ ပျောက်ကွယ်သကဲ့သို့ ဖြစ်ရပါသည်။

အမှန်အားဖြင့် ကရင်သည် မြန်မာနိုင်ငံ အနှံ့အပြားတွင် ယေရှုခရစ် မမွေးမီ ကြေးခေတ်ကတည်းက ပျံ့နှံ့လျက် ရှိနေကြပြီး ဖြစ်သည်။ အမည်အားဖြင့် စကော၊ ပိုး၊ ပအို (တောင်သူ)၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ ပဒေါင်၊ ယင်းဘော်၊ ယင်းတလဲ၊ ဘွဲ၊ ပရဲ့၊ ဂယ်ခို၊ ဂယ်ဘား စသဖြင့် လူအမျိုးပေါင်းများစွာ အမည်ကွဲသွား သောကြောင့် ဖြစ်သည်။
အစောပိုင်း မြန်မာ့သမိုင်းတွင် ပျူလူမျိုးရှိကြောင်း၊ အလွန်ယဉ်ကျေးကြောင်း၊ အဆင့်အတန်း မြင့်မားစွာ မြို့ပြနိုင်ငံများကို အေဒီ (၁) ရာစုတွင် တည်ထောင်ခဲ့ကြောင်း မှတ်တမ်းတင်ထားကြသည်။ သို့ဖြစ်၍ ပျူ ခေါ်သော လူမျိုး ဘယ်ကလာသလဲ စဉ်းစားစရာ ဖြစ်လာသည်။ အခြေအမြစ် မသိသူအဖို့ မျက်စိလည်ရပါသည်။ မြန်မာပြည်တွင် ကျောက်ခေတ်က အညာသား ယဉ်ကျေးမှု (Anyathian culture) ခေါ် ဧရာဝတီ ယဉ်ကျေးမှုသည် အညာအရပ်တွင် ပေါ်ခဲ့သည်။ ထိုကျောက်ခေတ်က လူသားများသည် သြစတြစ်အနွယ်ဝင်များအဖြစ် အဆင့်ဆင့် ရွေ့လျားသွားပြီး လက်ကျန်များအဖြစ် ဆလုံ၊ မလေး (နီဂရစ်တို) အဖြစ် တွေ့ရသည်။ ကရင်လူမျိုးများ ၀င်ရောက်စဉ် နိုင်ငံသည် အသစ်စက်စက်ကဲ့သို့ ဖြစ်နေသည်။ ဤသည်ပင်လျှင် မြန်မာ့သမိုင်း ဖြစ်ပေါ်တိုးတက်မှု၌ ကွင်းဆက်ပြတ်နေသကဲ့သို့ ဖြစ်နေပေသည်။

ပျူသည် ဘာလူမျိုးလဲ။ ဘယ်က လာသလဲ။ အဖြေရှာကြည့် ကြပါစို့။ ပျူများသည် အသားမမဲသဖြင့် ကုလား မဖြစ်နိုင်။ ကပ္ပလီလည်း မဖြစ်နိုင်ပါ။ ပျူသည် အသားဝါသဖြင့် အသားဝါ အနွယ်ဝင် မွန်ဂိုလွိုက်များ ဖြစ်ကြသည်။ မွန်ဂိုအနွယ်ကြီးထဲမှာ ပျူအမည်ကို ရှာကြည့်ရာ၌လည်း ပျူဟူသော နာမည် မပါဝင်ပါ။ ဤသို့ဖြစ်လျှင် ပျူ ဘယ်က လာသလဲ။
အဖြေမှာ ရှင်းရှင်းကလေးပင် ဖြစ်ပါသည်။ ကရင်များ မြန်မာနိုင်ငံသို့ ခရစ်တော် မမွေးဖွားမီ ကြေးခေတ်ကတည်းက နေရာအနှံ့ ပြန့်ခဲ့ပြီး ဖြစ်သည်။ ကရင်အမည်ကို လေ့လာစဉ်က ဖခင်အနွယ် (စကော) ကရင်၊ မိခင်အနွယ် (ပ၀ိုး) ကရင်ဟု ခေါ်ခဲ့ရာ နိုင်ငံခြားသားများက ပ၀ိုး ကို ခေါ်၍ မပီသဖြင့် လည်းကောင်း၊ ခေါ်မတတ်၍ လည်းကောင်း ပ၀ိုးမှ ပျူသို့ အသံလှယ်သွားခြင်းသာ ဖြစ်ပါသည်။ ဆိုလိုသည်မှာ ပျူသည် ကရင်ဖြစ်ပါသည်။ (တောင်ကြီးမြို့၊ သမိုင်းမွမ်းမံသင်တန်း တက်စဉ်က မန္တလေး တက္ကသိုလ် သမိုင်းဌာနမှ သင်တန်းပို့ချသော တာဝန်ရှိ သမိုင်းဆရာတဦးအား မေးကြည့်ရာ ၎င်းက ပျူသည် ကရင်ဖြစ်သည်ဟု ပြောပါသည်။ ၎င်းသမိုင်းဆရာသည် ရှေးဟောင်းကျောက်စာ ပညာရှင်တဦးလည်း ဖြစ်ပါသည်။
ပျူတို့၏ ကိုယ်ခန္ဓာ တည်ဆောက်ပုံ၊ အရပ်အမောင်း၊ ဆံပင်၊ မျက်စိ၊ စိတ်နေစိတ်ထား၊ အသားအရောင်သည် ကရင်ဖြစ်သည်ဟု ဖော်ပြသည်။ ထင်ရှားသော ပျူမင်းတပါး၏ အမည်သည် ပျူစောထီး ဟုခေါ်သည်။ ကရင် မှတ်တမ်းမှတ်ရာအရ စောဒီ ဟု ခေါ်ကြောင်း သိရသည်။

မှန်နန်းရာဇ၀င်တော်ကြီး၌ ပျူနှင့်ပတ်သက်၍ အောက်ပါအတိုင်း ကောက်နုတ်တင်ပြပါသည်။
ကိ။
သို့ဖြစ်လျှင် ဟံသာဝတီ ပျူ (ဟန်လင်း) မင်း ၈၀၀။ တမ္ပဒီပ ပျူမင်း ၁၉၀။ မကရာ ပျူမင်း ၁၆၀။ ပင်လယ် ပျူမင်း ၆၇။ ကောင်းစင် ပျူမင်း ၃၀။ အလ္လကပ္ပ ပျူမင်း ၂၆။ ရွာပုကြီး ပျူမင်း ၅၀။ လယ်ကိုင်း ပျူမင်း ၄၀။ မင်းပေါင်း ၁၃၉၃ ပါး။
တူ။ ဟံသာဝတီပျူလက်နိုင် စောရန်နစ် လက်ထက် ရတနာမိုး နှစ်ကြိမ်ရွာ၏။
ကူ။
မတရာပျူအဆုံးကား “စောဦးစွာ” မင်းပြု၏။
ကော။
ရှေးဟောင်းစာဆိုအတိုင်း ယူရသော် ပျူမင်းဆက်များလည်း ရှားရှားပါးပါး မဟုတ်။ ဘုန်းဘောလအော ပင် ဖြစ်တော့သည်။ ပျူများသည် နေရာမလပ် အနှံ့ပင် ဖြစ်တော့သည်။
ကိ။
ဤသဘောကို မြန်မာ ပူရာဏ်စာဟောင်း များက ဆိုကြ၏။
ကော်။
သို့သော် ရှေးဟောင်းစာဟောင်းကို အရူးခြင်းတောင်း သဖွယ်ထား၍ လစ်လျူရှုရမည်မှာလည်း အခက်ပင်ဖြစ်သည်။ စာဟောင်း၌ပါသော ဘုရင်အမည်များ၊ မြို့အမည်များ ယနေ့ထင်ရှားသော မြို့များ၏ စကားလုံးရင်းမြစ် ဖော်ပြချက်များ “ဥပမာ- မက္ခရာ၊ ပင်လယ်”၊ မင်းအရေအတွက် အသေအချာ ဖော်ပြချက်များကို ကြည့်ရခြင်းအားဖြင့် မဟုတ်ခါမှ လွဲရော၊ ရာဇ၀င်တန်ဘိုး မရှိသည့်တိုင်အောင် ရာဇပုံ (Tales of Kings) တန်ဘိုးအားဖြင့် မုချရှိသည်ဟု ဆိုရပေမည်။ (မောင်ကန် ပျူ မြန်မာစွယ်စုံတွဲ ၂၊ စာ ၂၄၅)။

ဤမှန်နန်းရာဇ၀င် အထောက်အထားအရ ပျူများ မြန်မာပြည်အနှံ့ ရှိနေသည်မှာ ထင်ရှားပါသည်။ ဆိုလိုသည်မှာ ယေရှုခရစ် မမွေးမီကတည်းက ကရင်များသည် မြန်မာနိုင်ငံတွင် အများအပြား ရှိနှင့်ပြီး ဖြစ်သည်။
တဖန် မြန်မာ့သမိုင်း၌ မှတ်တမ်းတင်ထားသော ပျူ၊ ကမ်းယံ၊ သက် ကို ဖော်ပြရမည်ဆိုပါက ပျူသည် မိခင်အနွယ် ကရင်ဖြစ်ပြီး ကမ်းယံသည် ကရင်ကို ခေါ်ခြင်းဖြစ်သည်။ သက်မှာ အသံထွက် လှယ်သွားခြင်း ဖြစ်သည်။ မြန်မာများက ဂ ကို သ သံ ထွက်လေ့ရှိသည်။ Samdoway ကို သံတွဲ၊ Salween ကို သံလွင်၊ Sarskrit ကို သံကရိုက် စသည်ဖြင့် အသံထွက်ကြသည်။ သက်မှာ စက်ကို ခေါ်ခြင်းဖြစ်သည်။ (မြန်မာ့စွယ်စုံတွဲ ၁၊ စာ ၄၈၂၊ ဒုကော်လံ စာကြောင်း ၃၅၊ သက် Sak)။
မိခင်အနွယ်ဝင်ကရင်များ၏ အမည်ရှေ့၌ စက် (စဲ့) ရေးကြသည်။ ဆိုလိုသည်က မောင် ဟု အဓိပ္ပါယ်ရသည်။ ဥပမာ မောင်သန်းကျော် အစား စသန်းကျော် ဟု ရေးကြသည်။ ဖတ်လျှင် စက်သန်းကျော် ဟု ဖတ်ရသည်။ စသန်းကျော် ဟု ဖတ်လျှင် မှားပါသည်။ ဆိုလိုသည်မှာ ပျူ၊ ကမ်းယံ၊ သက်မှ သက်အမျိုးအနွယ်သည် မိခင်အနွယ်ဝင် ပ၀ိုးကရင်ဖြစ်သည်။ မြန်မာ့သမိုင်းတွင် သက်သည် ရခိုင်လူမျိုးဖြစ်သွားသည်ဟု ပါရှိသည်။ ရှေးအခါက ရခိုင်ရိုးမတလျှောက်တွင် ကရင်လူမျိုးများသည် သံတွဲမှစ၍ တောင်စဉ်ခွန်နှစ်ခရိုင်၌ပင် နေထိုင်ခဲ့ကြောင်း မှန်နန်းရာဇ၀င်တွင် ဖော်ပြထားသည်။ (မှန်နန်းရာဇ၀င်၊ စာ ၁၆၈၊ စာကြောင်း ၁၀)
ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့နိုင်ငံများ၌ မြို့တည်ထောင်ပုံ၊ အဆောက်အဦး တည်ဆောက်ပုံနှင့် အုပ်ချုပ်ပုံစနစ်များသည် မက်ဆိုပိုတေးမီးယား ဒေသမှလာသော အသိပညာများ ဖြစ်နီုင်သည်ဟု ယူဆနိုင်ပါသည်။ စိတ်ဝင်စားဖွယ်ကောင်းသော သမိုင်းကွင်းဆက်ဖြစ်ပါသည်။ ဆူးမားရီးယန်း (Sumerians) များသည် အုတ်ဖုတ်သော အတတ်ကို သိရှိလာကြပြီးဖြစ်သည်။ ဆူးမားရီးယန်းမှ တဆင့်ရခဲ့သော အတတ်ပညာ ဖြစ်နိုင်ပါသည်။
ဤနိုင်ငံကို ရှေးအခါက နိုင်ငံခြားသားများသည် ပျူနိုင်ငံဟုသာ ခေါ်ကြသည်။ မြန်မာနိုင်ငံဟု မခေါ်ကြချေ။ တရုတ်မှတ်တမ်းများအရ ခရစ်သက္ကရာဇ် ၁၂၇၁ ခု တိုင်အောင် မြန်မာနိုင်ငံကို ပျူနိုင်ငံဟုသာ ခေါ်ကြသည်။

အင်ဒိုချိုင်းနားတွင် ရှိသော ကရင်များ

လော Laos

၁၉၆၅ ခုနှစ်က နှစ်သစ်ကူးပွဲနှင့် ပတ်သက်၍ လာအိုသံအမတ်ကြီးနှင့် တွေ့ဆုံစကားပြောဖူးရာ ၎င်းတို့နိုင်ငံ၌ ကရင်များရှိကြောင်း ပြောဖူးပါသည်။ ကရင်မျိုးနွယ်ခွဲများဖြစ်သော မြောင် (Meo) များလည်း ရှိကြပါသည်။

ထိုင်း Thai

ထိုင်းနိုင်ငံ၌ ကရင်အများအပြား ရှိသည်။ စကောကရင်၊ ပိုးရင်များ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်က သာသနာပြု ဆရာလူးရွှေ၏ မှတ်တမ်းအရ ဇင်းမယ်မြို့မှ မြန်မာနယ်စပ်အထိ ကရင်ရွာပေါင်း ထောင်ချီ၍ ရှိသည်ဟု ဖော်ပြထားသည်။ ဇင်းမယ်သည် ပြည်၊ တောင်ငူ မြို့တို့နှင့် အရှေ့အနောက် တတန်းတည်း၌ ရှိသည်။ မဲပီ၊ မဲနန်မှ သူးမွဲကလိုး၊ ကန်သူရိ အထိ ကရင်ရွာပေါင်းများစွာနှင့် ကရင်လူဦးရေ ၃၀၀၀၀၀ (သုံးသိန်း) ခန့်ရှိသည်။ မဲနန်နှင့် မဲခေါင်မြစ် ကြားတလျှောက်မှာလည်း ကရင်ရွာပေါင်း များစွာရှိ၍ တောခေါင်းအလုပ်ကို လုပ်ကိုင်ကြသော ကရင်များပိုင် ဆင်အစီးပေါင်း ၅၀၀ မှ ၁၁၀၀ ကြားမှာ ရှိသည်ဟု ဆိုသည်။ လူအချို့သည် တဦးတည်းပင် ဆင်အစီးပေါင်း ၄၀ မှ ၅၀ အထိ ပိုင်ဆိုင်ကြသည်။ ဘန်ကောက်မြို့ အနီး ပတ်ဝန်းကျင်တွင်လည်း ဆင်အစီး ၅၀ ပိုင်သော ကရင်လူမျိုးများ ရှိကြသည်။ စကောအနွယ်၊ ပိုးအနွယ်၊ တောင်ငူအရှေ့တွင် ဘွဲကရင်များ အများဆုံးနေထိုင်ကြသည်။

ဤမှတ်တမ်းသည် လွန်ခဲ့သော အနှစ် ၄၀ က မှတ်တမ်းဖြစ်သည်။ နှစ်ပေါင်း ၁၀ နှစ်ကျော် ထိုင်းနိုင်ငံရှိ ကရင်လူမျိုးများအကြောင်း လေ့လာခဲ့သော ဂျိမ်းစ် ဒဗလျူ ဟာမီတန် (James W. Hamilton) က ထိုင်းတွင် ကရင်လူမျိုးသည် ဒုတိယ လူဦးရေ အများဆုံးဟု ဖော်ပြထားသည်။ (Pwo Karen by James W. Hamilton, 1976. page 5 … Which makes the Karen the largest non. Thai group in Thailand)
ကမ်ပူးခြား (ကမ္ဘောဒီးယား)

ကရင်လူမျိုးများ ကမ္ဘောဒီးယားတွင် ရှိနိုင်ကြောင်းကို မဲခေါင်မြစ်ကြောင်းအတိုင်း လိုက်လာသော ကရင်များကို ပြန်လေ့လာကြည့်က သိနိုင်ပါသည်။ ထို့ပြင် ထိုင်းနိုင်ငံမှ ကရင်များလည်း ရောက်မည်မှာ အမှန်ဖြစ်သည်။ အစောပိုင်းက အင်ဒိုချိုင်းနား၏ ပင်လယ်ကမ်းစပ်တွင် အိန္ဒိယပြည်မှ အခေါ်အဝေါ်မျိုးဖြစ်သော စမ္ပါပြည်၊ ကမ္ဗောဇပြည် ဟူ၍ရှိရာ ၎င်းကမ္ဗောဇပြည်သည် ကမ်ပူးခြားပြည်ကို ဆိုလိုခြင်း ဖြစ်ပြီး ထိုစဉ်အခါက ထိုင်း (ယိုးဒယား) နိုင်ငံဟူ၍ မရှိသေးဘဲ ကမ္ဗောဇနိုင်ငံထဲတွင် ယိုးဒယားလည်း ပါဝင်သည် (Marcopolo by Horris Collis, ဦးလှဒင် မြန်မာပြန်၊ စာ ၂၁၆)။ ထိုကဲ့သို့ ကမ်ပူးခြားနှင့် ထိုင်း နှစ်နိုင်ငံ တပေါင်းတည်းဖြစ်၍ ကရင်များလည်း ကမ်ပူးခြား နိုင်ငံထဲသို့ သွားလာ ၀င်ထွက်ကာ အိုးအိမ်ထူထောင်နေကြမည်သာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒေါက်တာဗင်တန် သာသနာပြုစဉ်က ကမ္ဘောဒီးယားမှ ကရင်လူမျိုးများသည် ဒေါက်တာဗင်တန်နှင့် လာရောက်တွေ့ဆုံခဲ့သည်။ (The Loyal Karens of Burma by D.M. Smeaton, 1920, page 137, A party of Karens once came to Dr. Vinton in Rangoon from the Cambodia.)

ဗီယက်နမ်

ဗီယက်နမ် နိုင်ငံတွင် ကရင်အမျိုးအနွယ်များ ရှိကြောင်း၊ ၎င်းတို့မှာ ယောင်၊ မြောင် တို့ဖြစ်ကြပြီး ကရင်ယဉ်ကျေးမှု အသုံးအဆောင်များကိုလည်း ဟနွိုင်မြို့ ယဉ်ကျေးမှုပြတိုက်တွင် မြင်တွေ့နိုင်သည်။ (The New Encyclopedia Britannica, vol 19, 15th edition 1974, Victman, North. page 133, 1st col. … The Nuong – Ya’o and the Meo, whose villages are found above the 3000 foot level.)

ဘော်နီယို

ဤကျွန်းတွင် အင်ဒီးယန်းသွေးပါသော ဒယက် (Dyaks) များ တွေ့ရသကဲ့သို့ ကရင်အမျိုးအနွယ် ကယမ် (Kayans, Kenyahs) များကိုလည်း တွေ့ရသည်။ ၎င်း ကယမ်များကို ဗိုလ်မှူးဘရှင်က ဒယက်နှင့် လွဲမှားဖော်ပြခဲ့သည်။ ကယမ်သည် အသားဝါအနွယ်ဖြစ်ပြီး ၎င်းတို့၏ ဓာတ်ပုံကိုလည်း Compton’s Picture Encyclopedia, vol 2, 1956, page 256 တွင် တွေ့နိုင်ပါသည်။ ဤစွယ်စုံကျမ်း စာမျက်နှာ ၂၅၄ တွင် (Borneo – The vast and savage island of Dyaks … Other tribes are Kayans, Konyahs.) ဟု ဖော်ပြထားသည်။
ဤအဆိုကိုလည်း ဟို့စ် (Mr. Hose) နှင့် မက်ဒေါဂယ် (Mr. Mc Dougall) တို့က ထောက်ခံတင်ပြထားပါသည်။ (The open mind, vol 3, No. 10 August, 1963. The Karens. Their origin and early movement, by Saw Hanson Tadaw, M.A. London … Mr. Hose and Mr. Cc Dongall went further a field to trace their origins of the Karens. They maintained that the Kayans of Borneo and the tribes of Karen in Burma are related)

နိဂုံး

ကရင်လူမျိုးများသည် အသားဝါ မွန်ဂိုနွယ်ဝင်များ ဖြစ်သည်။ မြစ်ဝှမ်းယဉ်ကျေးမှု ထွန်းကားသောအခါ အာရှတိုက် အလယ်ပိုင်းမှ မြေသြဇာကောင်းသော မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (သို့မဟုတ်) ရှိနလွင်ပြင်သို့ ရောက်ရှိပြီး မြစ်ဝှမ်းအောက်ပိုင်းလောက်တွင် နေထိုင်၍ စိုက်ပျိုးမွေးမြူရေး လုပ်ခဲ့ကြသည်။ ထိုမှ ယဉ်ကျေးမှုအဆင့် မြင့်မားလာသည်ဟု ယူဆရပါသည်။ သို့သော် ထိုဒေသတွင် ငြိမ်သက်မှု မရှိသဖြင့် ငြိမ်းချမ်းစွာ နေလိုသော ကရင်တို့သည် ယူဖရေးတီးမြစ်မှ တဆင့် ကော့ကေးဆပ် တောင်တန်း၊ ထီးဆဲ့မဲ့ယွာ၊ တိဘက် ကုန်းပြင်မြင့်၊ အာရှတိုက် အလယ်ပိုင်းသို့ အဆင့်ဆင့် ရောက်ရှိလာကြသည်။
တဖန် သံလွင်၊ မဲခေါင်၊ ယန်စီကျန် မြစ်များမှတဆင့် အင်ဒိုချိုင်းနား ကျွန်းဆွယ်ရှိ မြန်မာ၊ လော၊ ဗီယက်နမ်၊ ကမ်ပူးခြား၊ ယိုးဒယားနှင့် မလေးကျွန်းဆွယ်ကို သော်လည်းကောင်း၊ တောင်တရုတ်ပင်လယ်ကို သော်လည်းကောင်း ဖြစ်ကျော်၍ ဘော်နီယိုကျွန်းသို့တိုင် ပျံ့နှံ့ရောက်ရှိသည်ဟု ယူဆရပါသည်။ ယခုအခါတွင် ကရင်လူမျိုးများကို မြန်မာနှင့် ယိုးဒယားနိုင်ငံတို့တွင် အများဆုံး တွေ့ရှိရပါသည်။

ကရင်၏ မူလဇစ်မြစ် သုတေသနလုပ်ငန်း တိုးတက်အောင်မြင်ရေးသို့ ရည်မှန်းလျှက်။
စောဖော (ရန်ကုန်)

ဆက်လက်ဖော်ပြပါမည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။

မူရင်း။ ။ Zwekabin.org မှ ပြန်လည်ဖော်ပြပါတယ်။

RSS Feed ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း

/ 11/27/2010 05:24:00 PM /
VOA သတင်းမှ.....

နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ စစ်ကောင်စီအတွင်းရေးမှူး (၁) ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီတို့ တွေ့ဆုံ ဆွေးနွေးကြတာတွေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတခုဟာ နာမည်ကျော် Facebook စာမျက်နှာကတဆင့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအကြား အင်တာနက်ပေါ်မှာ ပြန့်နှံ့နေပါတယ်။ ဘယ်တုန်းက တွေ့ကြတယ်ဆိုတဲ့ရက်ကို အတိအကျမသိရသလို ဘာတွေဆွေးနွေးကြတယ်ဆိုတာကိုလည်း အသံမပါတဲ့အတွက် မသိကြရပါဘူး။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ ကမ္ဘာအေးဘုရားနားကနေအိမ်မှာ တွေ့ဆုံကြတာဖြစ်ပြီး အဲဒီနောက် သူ့ကို တခြားနေရာတခုကို ခေါ်သွားခဲ့ပါတယ်။ သူ့ကို ဘယ်နေရာကို ရွှေ့လိုက်တာဖြစ်နိုင်တယ်၊ ဘာအတွက်ကြောင့် ရွှေ့လိုက်နိုင်တယ် ဆိုတာတွေကို ဗိုလ်ချုပ်ကြီးခင်ညွန့်လက်အောက်မှာ အမှုထမ်းခဲ့ဖူးတဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်းတဦးလည်းဖြစ်၊ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှာ သံရုံးယာယီတာဝန်ခံအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က အခုလို သုံးသပ်ပြပါတယ်။
“ခေါ်သွားတဲ့နေရာကတော့ နောက်ပိုင်းပေါ့လေ။ ကျနော်တို့ တပ်မ (၁၁) ဧရိယာ ရဲမွန်တပ်နယ်ဘက်မှာ ဆောက်းထားတဲ့ လုံချင်းပေါ့လေ။ Guest house အနေအထားမျိုး ဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီမှာတော့ ကျနော်တို့ အကျဉ်းဦးစီး ညွှန်ချုပ် ဦးဇော်ဝင်း၊ ရဲချုပ် ကိုခင်ရီ ရဲမှူးချုပ်ပေါ့လေ။ ကိုမြင့်သိန်းတို့ကို ကျနော် တွေ့ရမှာဖြစ်ပါတယ်။ ကျနော့်အမြင် ပြောရရင်တော့ အခုချိန်ခါ နိုင်ငံရေးအခင်းအကျဉ်းတွေ အရ၊ ဆိုလိုတာကတော့ တိုင်းရင်းသားအဖွဲ့တွေက ဗိုလ်ချုပ်ခင်ညွှန့်ပြောရင်တော့ လက်ခံတဲ့အနေအထားမျိုး ရှိတယ်လို့ မြင်ပါတယ်။ တဘက်ကလည်း ဒုတိယပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲန်အယ်လ်ဒီ အမျိုးသားညီလာခံ ပြန်တက်ရောက်ရေးမှာ ညှိနှိုင်းဆွေးနွေးခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။ ဒါတွေလည်း တစိတ်တပိုင်းအားဖြင့်တော့ အောင်မြင်ခဲ့တဲ့ အနေအထားမျိုးတွေ ရှိခဲ့တယ်။ အဲဒီတော့ အခု အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတဲ့ လမ်းကြောင်းပေါ့လေ။ ဒီလမ်းကြောင်းပေါ်တက်ဖို့ဆိုတာ ဗိုလ်ချုပ်ကြီးခင်ညွှန့် အနေနဲ့လည်း သူ့အနေနဲ့ ဒီဖြစ်စဉ်တွေမှာ ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီ့အတွက်ကြောင့်လည်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်နဲ့ လွတ်လွတ်လပ်လပ် လူကြီးပိုင်း တွေ့ဆုံစကားပြောလို့ရအောင် အခြား တနေရာကို ရွှေ့ပြောင်းသွားတယ်လို့ ကျနော်တော့ အဲဒီလိုပဲ အကောင်းမြင်ပါတယ်ခင်ဗျ။”
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အပေါ် လာဘ်စားမှုဆိုင်ရာ စွဲချက်တွေနဲ့ ၂၀၀၄ ခုနှစ်မှာ ထောင်ဒဏ် ၄၄ နှစ် ချမှတ် အပြစ်ပေးခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အမိန့်နဲ့ နေအိမ်မှာ အကျယ်ချုပ်ချထားတာပါ။ သူဟာ အကျဉ်းချခံထားရသူ ဖြစ်တဲ့အတွက် သူ့ကို အကျဉ်းသားတဦးလိုပဲ ဆက်ဆံရတယ်လို့လည်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြောပါတယ်။

Vigorous Burmese Student Warriors (VBSW)Statement -video


Vigorous Burmese Student Warriors (VBSW) -Statement Free burma Action

Please sign the open letter to Thai PM regarding to refugee issue alongside Thai-Burma border by FOB

November 26, 2010
.From: FOB team < fobteam2009@gmail.com >

Dear all,

Please sign the open letter to Thai PM regarding to refugee issue alongside Thai-Burma border. We will accept the signatures until mignight. We also kindly invite Thai and Foreign media for letter submission in front of House of Parliament on 26 Nov 2010 at 9.00 AM.

กรุณาร่วมลงชื่อในจดหมายเปิดผนึกต่อรัฐบาลไทยในประเด็นผู้ลี้ภัยชายแดนไทย-พม่า โดยข่าวล่าสุดรายงานว่าทหารพม่ากำลังจะเปิดฉากโจมตีกองกำลังกะเหรี่ยงพุทธอีกครั้งเร็วๆ นี้ โดยจะเปิดรับรายชื่อถึงเวลาเที่ยงคืนวันนี้
นอกจากนี้ องค์กรเพื่อนพม่ายังขอเชิญสื่อมวลชนร่วมทำข่าวการยื่นจดหมายเปิดผนึกให้กับรัฐบาลไทย ในวันที่ 26 พฤศจิกายน 2553 เวลา 9.00 น. ณ บริเวณหน้าทำเนียบรัฐบาล

จึงเรียนมาเพื่อทราบและขอขอบคุณในความกรุณา
FOB

NLDအတွင်းရေးမှူးရုံးအဖွဲ့ဝင် ဦးဝင်းထိန်နှင့် နအဖ၏ အာဘော်များအထူးရေးသားသော ငါးမင်းဆွေ

0
လာပြန်ပြီလား ယက်တောအကွက်



ရေးသားသူ၏ အာဘော်သာဖြစ်ပါသည်။
ဖားမင်းဆွေ ကိစ္စက မတော်တဆလား ကြိုတင်ကြံစည်မှုလား ...

နိုင်ငံရေးမှာ ဘယ်တော့မတော်တဆဆိုတာမရှိဘူးဆိုတဲ့စကားရယ်၊ လက်ရှိလူကြီးမင်းများရဲ့ အတိတ်လမ်းကြောင်းတစ်လျှောက် ပြုခဲ့တာတွေရယ်ကို ထောက်ရှု့ရင် မတော်တဆဆိုတာတော့ လုံးဝမဖြစ်နိုင်ဘူးလို့ ကောက်ချက်ဆွဲလို့ရမယ်။

ဒါဆို ဘာအတွက်ဖြစ်နိုင်သလဲ။ ဟောလီဝုဒ်ရဲ့ ခေတ်ပေါ် စုံထောက်ကားတွေ စပိုင်ကားတွေ အကြည့်များတဲ့ကျွန်တော်အဖို့ကတော့ ဘာတွေခြေလှမ်းလှမ်းနေသလဲဆိုတာကို အခုလိုမြင်မိပါတယ်၊ ဒါဟာ ရုပ်ရှင်ရူး ကျွန်တော့်ထင်မြင်ချက်သက်သက်ဖြစ်ပြီး မှန်ရမယ်လို့ မဆိုလိုပါ။

ဖားမင်းဆွေဆိုတဲ့လူက သူငယ်နာကောင်းကောင်းမစင်သေးတဲ့သူပါ၊ ဘာလို့သူငယ်နာမစင်သေးသလဲဆိုရင် သူ့ကိုတုံ့ပြန်တဲ့ သည်ဗွိုင့်ဂျာနယ် ကိုပြဿနာရှာကတည်းက ဒီလူဟာ အသက်သာကြီး စိတ်က လမ်းဘေးဂေါ်လီရိုက်တဲ့ အဆင့်ပဲရှိသေးတဲ့ ကလေးစိတ်နဲ့လူဆိုတာ ထင်ရှားပါတယ်၊ လူကြီးစိတ်နဲ့သူဆိုရင် သူ့ရဲ့ချေပဆောင်းပါးကို သည်ဗွိုင့်ကမထည့်ရင် တခြားဂျာနယ် ဒါမှမဟုတ် စာစောင်တစ်ခုခုမှာ ထည့်ပြီး ချေပပေါ့၊ ဒီလိုပဲ ရှေးဆရာကြီးတွေ အပြန်အလှန်ဆောင်းပါးတွေ ဝေဘန်ရေးတွေ ချေပချက်တွေ စွတ်စွဲချက်တွေ မြန်မာ့သတင်းစာသမိုင်းမှာ ရှိခဲ့ကြတာပဲ။

ဒီလိုသူငယ်နာမစင်သေးတဲ့လူက ဒေါ်စုကို သူရေးထားတာတွေ ပြန်တုံ့ပြန်ဖို့ အတင်းတိုက်တွန်းတယ်၊ သူရေးထားတာတွေ ဖတ်ဖို့အတင်းအကျပ်လုပ်တယ်။ ဒေါ်စုအနေနဲ့ တုံ့ပြန်ပြန် မတုံ့ပြန်ပြန် သူနဲ့ဘာဆိုင်လဲ၊ ပြီးတော့ ဒေါ်စုဖတ်တာ မဖတ်တာ သူ့နဲ့ဘာဆိုင်လဲ၊ သူပေးတဲ့စာ ဒေါ်စုအတွင်းရေးမှူးကလက်မခံတာ သူနဲ့ဘာဆိုင်လည်း သူ့ဟာက အိပ်ဖွင့်ပေးစာပဲ၊ အိပ်ဖွင့်ပေးစားရဲ့သဘောကိုက တစ်ဦးတစ်ယောက်ထဲဖတ်ရမဲ့ သင်တစ်ယောက်ထဲသာ ဆိုတဲ့ စာမျိုးမဟုတ်ပဲ ဂျာနယ်တွေ စာစောင်တွေ သတင်းစာတွေထဲ ထည့်တဲ့စာမျိုးပဲ။

ဒီလိုကျပ်မပြည့်တဲ့ ကလေးကြီးတစ်ယောက်ရဲ့လုပ်ရပ်ကို နိုင်ငံတော်သတင်းစာဆိုတဲ့ ကြေးမုံရဲ့ ဝက်ဆိုဒ်မှာ ဖေါ်ပြချီးကျူးထားတယ်ဆိုတာကိုက ခြေလှမ်းတစ်လှမ်းစနေပြီ ဆိုတဲ့သဘောလို့ ကျွန်တော်ယူဆတယ်။

ဘာခြေလှမ်းလည်း။

ဖားမင်းဆွေဟာ မြို့မေတ္တာခံယူမဲ့သားဖြစ်လာမယ်၊ ဒါလိုအခြေနေမျိုးမှာ မူးပဲပေးပေး မတ်ပဲပေးပေး ပေးရင်ဘယ်တော့မှ လက်မရွံ့တဲ့ လက်မရွံ့လူမိုက်အဖွဲ့ စွမ်းအားရှင်ကို အပ်လိုက်ပြီး တစ်ချက်ကွဲလား ၈ချက်ခြုပ်လား အတွင်းလူနာအဖြစ်လား ဒါမှမဟုတ် အသေလား ညွှန်ကြားရင် ညွှန်ကြားသလောက် လက်စွမ်းပြလိုက်မယ်၊ ပြီးရင် အန်အယ်ဒီကို လက်ညိုးထိုးပြ ပုံချလိုက်မယ်၊ အကြမ်းဖက်အဖွဲ့စည်းပေါ့။

ဒီအနေအထားရောက်သွားရင် ရှေ့ဆက်ဖို့လွယ်သွားပါပြီ။

ယက်တောအကွက်ကို ဖားမင်းဆွေထိုးကြွေးပြီး ရွေ့ဖို့စီစဉ်နေပြီ၊ ဒါပေမဲ့ ယက်တော်အကွက်က ဆရာကြီးကိုယ်တိုင် ရွေ့တဲ့အကွက်ဖြစ်ပုံရပြီး ဖားမင်းဆွေအကွက်ကတော့ သူ့ကိုယ်သူ ဒေါက်တာဂျိုးဇက်ဂိုးစဘဲလ် လို့အထင်ရောက်နေတဲ့ ပြန်ကြားရေးဝန်ကြီး (ဗိုလ်မှူးချုပ်) ဦးကျော်ဆန်း ရွေ့တာဖြစ်နိုင်ပါတယ်၊ အကွက်ကတော့ ယက်တောကွက်ကို ပုံတူကူးချထားတာပဲ ဒါပေမဲ့ ဇာတ်ညွှန်းလေးနဲနဲပြောင်းထားတာ ရှိတာပေါ့ ဒါကလည်း မြန်မာတွေ ကျွမ်းတယ်မဟုတ်လား။
MMCPမှ dulldumblazyman အားကျေးဇူးတင်ရှိပါသည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စတာဗီဂျေးနမ်ဘီးယား လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အိမ်သို့လာရောက်တွေ့ဆုံ


နိုဝင်ဘာလ ၂၇၊ ၂၀၁၀

photo ။ ။ AP
မြန်မာပြည်ဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်တာဝန် ထမ်းဆောင်နေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား ဒီနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ တက္ကသိုလ်ရိပ်သာလမ်း အမှတ်(၅၄) နေအိမ်မှာလာရောက်တွေ့ဆုံပါတယ်။

မစ္စတာ ဘီဂျေး နမ်ဘီးယားဟာ အိန္ဒိယနွယ်ဖွား ပုဂ္ဂိုလ်တဦးဖြစ်ပြီး အသက် ၆၇ နှစ် ရှိပြီဖြစ်ပါတယ်။

စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး၊ ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူးတို့နဲ့အပြင် တခြား နိုင်ငံရေး ပါတီတွေနဲ့လည်း တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်လို့လည်းဆိုပါတယ်

Hurfom-12 Karen women village heads remain detained

November 26, 2010
Hurfom-12 Karen women village heads remain detained