Friday, September 11, 2009

မြေမြှုပ်မိုင်းကြောင့် နေရပ်ပြန်ရန် ဒုက္ခသည်များ ကြောက်ရွံ့နေကြ

Thursday, September 10, 2009

ဝီရ / ၁၀ စက်တင်ဘာ ၂၀၀၉

စစ်အစိုးရတပ်နှင့် ပူးပေါင်းတပ်ဖြစ်သည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တို့အပြင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တို့၏ မြေမြှုပ်မိုင်းထောင်မှုများ ဆက်လက်တည်ရှိ နေသောကြောင့် စစ်ပြေးကရင်ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် ကြီးမားသည့် အဟန့်အတားတရပ် ဖြစ်နေသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ Field Assistant ကိုအယ်ဘတ်က “ဒီကေဘီအေတို့ဘက်က မိုင်းထောင်နေတာက မြေပုံနဲ့ အတိအကျ သတ်မှတ်ထားတာ မရှိဘူး။ Landmines (မြေမြှုပ်မိုင်း) တွေ ထပ်ထောင်နေတဲ့ကိစ္စက ဒုက္ခသည်တွေ နေရပ်ပြန်ဖို့အတွက် အန္တရာယ် များလွန်းနေတယ်။ ကေအန်အယ်လ်အေဘက်ကရော နှစ်ဘက်စလုံးက မထင်မှတ်ထားတဲ့ နေရာတွေမှာ Landmines တွေ အသုံးပြုထားကြတာ ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။


ဇွန်လဆန်းပိုင်းမှစ၍ တပ်မဟာ (၇) ထိုးစစ်ကြောင့် နေရပ်စွန့်ခွာပြီး ထိုင်းဘက်ကမ်း ထာ့ဆောင်ရမ်းမြို့နယ်သို့ ထွက်ပြေးခိုလှုံလာသည့် ကရင်စစ်ပြေးဒုက္ခသည် (၅) ထောင်ခန့်အား ထိုင်းအာဏာပိုင်နှင့် ဒုက္ခသည်ကူညီရေးအဖွဲ့တို့၏ သဘောတူညီချက်အရ မိုးရာသီ ကုန်ဆုံးချိန်အထိသာ ထိုင်းဘက်ကမ်းတွင် ဆက်လက်ထားရှိမည်ဟု သိရသည်။

၂၀၀၉ ခု စက်တင်ဘာ (၈) ရက်၌ KHRG မှ ထုတ်ပြန်လိုက်သည့် မြေမြှုပ်မိုင်းနှင့် ပတ်သက်သည့် “Exploitative Abuse” အစီရင်ခံစာတွင် ကေအန်အယ်လ်အေက ၎င်းတို့၏ တပ်မဟာ (၇) ကျရှုံးပြီးနောက် ပြောက်ကျားစစ်ဆင်ရေး ဆက်လက် ဆင်နွှဲရာတွင် တပ်စခန်း၏ အပြင်ဘက်၌ မြေမြှုပ်မိုင်း တပ်ဆင်ထားမှုများ ရှိသည်ဟု ဆိုထားသည်။

ဆက်လက်၍ “ဒုက္ခသည်တွေကိုယ်တိုင်က နေရပ်ပြန်ချင်ကြပါတယ်။ မြန်မာပြည်ဘက်ကမ်းမှာ သူတို့လယ်တွေ၊ ခြံတွေ ရှိတာကိုး၊ ဒါပေမယ့် ဒီ Landmine ထောင်ထားတဲ့ကိစ္စ၊ ကျေးရွာပြန်ရောက်ရင် ဒီကေဘီအေက အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေတာတို့၊ ပေါ်တာဆွဲတာတို့နဲ့ စစ်သားအသစ် စုဆောင်းတာ ခံရမှာ ကြောက်နေကြတယ်။ ဒါကြောင့် သူတို့ကို နေရပ်ပြန်ပို့ဖို့ ဆွေးနွေးကြရင် ထိုင်းအာဏာပိုင်နဲ့ အကူအညီပေးတဲ့အဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်ထက် ဒီစစ်ပြေးဒုက္ခသည်တွေရဲ့ စိုးရိမ်ရတဲ့ အခြေအနေကို ထည့်သွင်းစဉ်းစားသင့်တယ်။ ဒုက္ခသည်အရေး ပေါ်လစီအသစ်တွေထုတ်ရင် ဒီဒုက္ခသည်တွေရဲ့ ခံစားချက်တွေ၊ အမြင်သဘောထားတွေကိုလည်း ထပ်စဉ်းစားသင့်တယ်လို့ ကျနော်တို့က အာဏာပိုင်တွေကို တောင်းဆိုထားတယ်” ဟု ကိုအယ်ဘတ်က ပြောသည်။

ထိုင်းနယ်စပ် ဒုက္ခသည်စခန်းများမှ နေရပ်ပြန်သည့် လမ်းခရီးများတွင်သာမက လုပ်ငန်းခွင်ရှိရာ လယ်ယာခြံမြေများတွင်လည်း မြေမြှုပ်မိုင်း အန္တရာယ်ရှိသဖြင့် နေရပ်ပြန်မည့် ရွာသားများအား ဒီကေဘီအေတို့က မိုင်းရှင်းလင်းရေးအတွက် Human Minesweepers အနေဖြင့် အသုံးပြုမည်ကို ကရင်လူ့အခွင့်အရေးအဖွဲ့က စိုးရိမ်လျက်ရှိသည်။

“ဒီကေဘီအေတို့က သူတို့စစ်သားတွေအတွက် စည်းမျဉ်းစည်းကမ်းတွေ မရှိဘူးလို့ ကျနော်ထင်တယ်။ ကျနော်တို့ရွာသားတွေကို တိရစ္ဆာန်တွေလို ဆက်ဆံတယ်။ ရွာသားတွေကို တိရစ္ဆာန်တွေသတ်သလို သတ်နေတယ်။ လူတယောက်ကို ဘာမှမမေးမြန်းဘဲ ဘာအကြောင်းပြချက်မှမရှိဘဲနဲ့ သူတို့သတ်တယ်” ဟု သြဂုတ်လအတွင်း ထိုင်းဘက်ကမ်းသို့ ထပ်မံရောက်ရှိလာသည့် စစ်ပြေးဒုက္ခသည်များအနက် အသက် (၄၁) နှစ်ရှိ ရွာသားတဦး၏ပြောကြားချက်ကို အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာစစ်တပ်နှင့် ဒီကေဘီအေ တပ်ဖွဲ့တို့က ပေါ်တာဆွဲခြင်း၊ စစ်သားအသစ် စုဆောင်းခြင်းတို့ကြောင့်လည်း စစ်ပြေးဒုက္ခသည် သစ်များ ဆက်လက်ရောက်ရှိနေခြင်းဖြစ်သည်။

မြေမြှုပ်မိုင်း ရှင်းလင်းရေး တာဝန်ယူထားသည့် ဒီကေဘီအေ အရာရှိတဦးက စစ်အစိုးရနှင့် ဒီကေဘီအေ ပူးပေါင်းတပ်တို့၏ လက်အောက် ကျရောက်ခဲ့သည့် တပ်မဟာ (၇) စခန်း ပတ်ဝန်းကျင်တွင် ကေအန်အယ်လ်အေက မြေမြှုပ်မိုင်း အလုံးပေါင်း (၃,၀၀၀) ခန့် ထောင်ထားသည်ဟု ခန့်မှန်းပြောဆိုသည်။

THE NEJ မှကူးယူဖေါ်ပြသည်။

Thursday, September 10, 2009

ဂုဏ်သိက္ခာ

အခန်း(က)


“သမီး…..ရေနွေးဆူပြီလား....?”
“ဟုတ်ကဲ့အဖေ…အခုလေးတင်လ္ဘက်ခြောက်ခပ်ထားလိုက်တယ်...”
ဖိုးတုတ်သည်အိမ်ရှေ့ခန်းမှ မီးဖိုဆောင်အတွင်းသို့ဝင်လာ၏။
ဖိုခနောက်ပေါ်ရှိထမင်းအိုးထဲမှ ထမင်းကြမ်းကိုပန်းကန်အတွင်းသို့ ခူးထည့်လိုက်ပြီး
ခုံဝိုင်းပေါ်ရှိ မနေ့ညကငရုပ်သီးမှုန့်ပါရုံလေးဖျော်ထားသည့် ငါးပိရည်လက်ကျန်ကိုထမင်း
ပေါ်သို့ ဆမ်းချလိုက်သည်။
လက်ကျန်ကြောင်လျှာသီးမီးဖုတ်ဖြင့် ကတိုက်ကရိုက်စားလေ၏။
ရေနွေးကြမ်းဖြင့် ထမင်းကိုမျှောချလိုက်သည်၊ ပူလိုက်သည့်ရေနွေး လျှာကျွတ်မတတ်။
ဖိုးတုတ်သည် သမီးဖြစ်သူကိုလူတလုံးသူတလုံးဖြစ်ရန် ကျောင်းထားချင်သော်လည်း အခြေအနေက
မပေး။
ယနေ့အိပ်ရာထ,အနည်းငယ်နောက်ကျသဖြင့် အလုပ်ကမသေခြာ။
အသက်အရွယ်ကြီးရင့်သော ဖိုးတုတ်အတွက် အလုပ်ရှင်ရှားလွန်းလှ၏။
စားဝတ်နေရေးကြပ်တည်းသောကြောင့် သမီးဖြစ်သူခမျာ အိမ်နီးချင်းနိုင်ငံတနိုင်ငံသို့ တရားမ၀င်အလုပ်
သမအဖြစ် အလုပ်လုပ်ရန်ထွက်သွားလေ၏။
ဘာမျှမကြာလိုက် ၈၈ ကျောင်းသားတဦးနှင့်အကြောင်းပါကာ နိုင်ငံခြားထွက်သွားကြောင်းကြားလိုက်ရ၏။
သမီးဖြစ်သူက နိုင်ငံခြားသို့လာရန်ခေါ်သော်လည်း ဖိုးတုတ်တယောက် သူမြတ်နိုးတွယ်တာသည့် သည်မြေ
သည်ရေကို မခွဲချင်။
သို့သော်မင်းဆိုးမင်းညစ်၏ အများပြည်သူဆင်းရဲတွင်းနက်သည်ထက်နက်အောင် မကောင်းသည့်ဘက်၌
အလွန်ကြွမ်းကြင်လိမ္မာမှုကြောင့် အလွန်ဧချမ်းသာယာသည့် သည်မြေ သည်လေ သည်ရေကို ဖိုးတုတ်
စွန့်ခွါခဲ့ရလေ၏။


အခန်း(ခ)

ဒုက္ခသည်စခန်းတခုအတွင်းသို့ ဖိုးတုတ်ရောက်ခဲ့လေပြီ။
Under Table(အောက်လမ်း)နည်းဖြင့်ဒုက္ခသည်အဖြစ်ကို ဖိုးတုတ်ရရှိခဲ့ခြင်းဖြစ်သည်။
စခန်းအတွင်းရောက်အောင်ပို့ပေးသူ၊စခန်းအတွင်းရှိဆိုင်ရာပိုင်ရာများအပြင် ၎င်းတို့၏လက်ပါးစေ
ခိုင်းဖတ်များကို အဆင့်ဆင့်ပူဇော်ပ,သ,ရ၏။
နေစရာအိမ်၊ စားစရာရိက္ခာ ဘာဆိုဘာမှမပူရ။
ရေအတွက် တလ ဘတ်၁၀၀ပေးလိုက်ရုံသာ၊ သို့သော်အများကြားကောင်းအောင်တော့ လိမ်ညာပြောဆို
ပေးရ၏။
“အဘက အသက်ကြီးတော့..... ရေပိုက်နားသွားတန်းစီဘို့မလွယ်ဘူးလေ....အသက်ကြီးသူတွေကို
တာဝန်ရှိသူက.....သီးသန့်စီစဉ်ပေးတာပါ.....”
သမီးပို့ပေးလိုက်သောအစိမ်းများသည် အလွန်တန်ခိုးထက်မြက်စူးရှလှပါပေ့။
စားနပ်ရိက္ခာကားများရောက်လာပါက ကားပေါ်မှစားကုန်သောက်ကုန်များကို သိုလှောင်ရုံအတွင်းသို့သွင်းရ
၏။
ရိက္ခာသယ်ချခ ဘတ်လေးဆယ်ပေးရသည်၊ ကင်းခတလ ဘတ်နှစ်ဆယ်ပေးရသည်။
ကိုယ့်ကင်း ကိုယ်တိုင်စောင့်မည်ဆိုတော့စောင့်ခွင့်မပေး။
ကင်းခပေးရန် ငွေမရှိသူများ ဆီတပုလင်းဖြတ်ယူထားခြင်းခံရ၏။
ဗမာပြည်တွင်းမှ မင်းဆိုးမင်းညစ်စရိုက်များ နယ်စပ်ဒုက္ခသည်စခန်းအတွင်းသို့ မည်သို့မည်ပုံ
စိမ့်ဝင်နေသည်ကို ဖိုးတုတ်စဉ်းစားရန် ဥာဏ်မမှီချင်တော့။
သမီးပို့ပေးလိုက်သောငွေများကိုထုတ်ရန် ဖိုးတုတ်အပြင်ထွက်ရသည်၊ ထိုအခါ အပြင်ထွက်ခွင့်လက်မှတ်
ရေးရ၏။ လူတဦးလျှင်သုံးရက်ထွက်ခွင့်ရှိ၏၊ လက်မှတ်တစောင်ဘတ် ၁၀၀ပေးရ၏။
သုံးရက်ထက်ပိုလိုချင်ပါက Kroung Htip(စီးကရက်) တဗူးပေးရသည်။
မိသားစုတစုအတွင်း လူတဦးလျှော့နေသဖြင့် ဖိုးတုတ်လူစားဝင်လိုက်သည်။
အားလုံးနီးပါးအဆင်ပြေချောမွေ့သွားလေပြီ။


အခန်း(ဂ)

သမီးဖြစ်သူထံသို့ ဖိုးတုတ်ရောက်ရှိခဲ့ပါချေပြီ။
သမီးဖြစ်သူပြောသော ၈၈ကျောင်းသားဆိုသူကိုမတွေ့ရ။
မီးသွေးတုံးက အဖေခေါ်ရလောက်အောင် မဲတူးနေသည့်လူထွားကြီးတဦးကိုတွေ့ရသည်။
Boy friend ဟုပြော၏။
ထိုလူမဲဖြင့်အတူနေကြောင်း၊ ၈၈ကျောင်းသားနှင့်ဟန်ဆောင်လင်မယားအဖြစ် UNHCR တွင် မလှိမ့်
တပတ်လုပ်ပြီး နိုင်ငံခြားထွက်ခဲ့ခြင်းဖြစ်ကြောင်း ၀မ်းသာအားရပြောနေသည့် သမီးဖြစ်သူကို ကြည့်ကာ
ဖိုးတုတ်တယောက် သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်ပါတော့သည်။
သမီးဖြစ်သူနေအိမ်ရှိ ထမင်းစားခန်းသည် ကျယ်ဝန်းသည်ဟုပြောနိုင်၏။ လူ၁၂ ဦးတပြိုင်တည်းဝင်စား
နိုင်ပြီး အစားအသောက်များတင်ထားသည့် လက်တွန်းလှည်းနှစ်စဉ်းရှိ၏။
မည်မျှအဆင့်အတန်းမြင့်မားသည်ဆိုစေကာမူ ဖိုးတုတ်အတွက် စိတ်မောလူမောစရာများသာ ဖြစ်ခဲ့ပါ၏။
တနေ့တရက်လေးမျှ စိတ်မချမ်းသာရ။
ဟိုဟာစား စားပြန်ပြီ၊ သည်ဟာစား စားပြန်ပြီနှင့်သမီးဖြစ်သူ မြည်တွံတောက်တီးနေသောကြောင့်ဖြစ်၏။
အသက်အရွယ်ရလာသော ဖိုးတုတ်သည် အစားအသောက်ကို များများမစားနိုင်ပါ၊ နည်းနည်းချင်းနှင့်
အကြိမ်များများစားရ၏။
သမီး၏ Boy friend ဆိုသူပုဂ္ဂိုလ်ကြီး၏ မွေးနေ့ဖြစ်သည်။
ဝတ်ကောင်းစားလှများဖြင့်လူအချို့ရောက်လာကာ စားပွဲဝိုင်းတွင် နိုင်ငံခြားရုပ်ရှင်ကားများအတိုင်း
ပြောဆိုစားသောက်နေကြ၏။
အသက်ကြီးရင့်သူတို့၏ ထုံးစံအတိုင်း ဖိုးတုတ်သည် အလွန်ဆာလောင်လာသဖြင့် မီးဖိုဆောင်သို့ဝင်ကာ
KFC (Kentucky Fried Chicken)တတုံးကို ယူစားလိုက်သည်။
ထိုအခိုက် သမီးဖြစ်သူ၏ Boy friend က ကြက်သားကြော်လာယူခိုက်နှင့်ဆုံလေတော့၏။
အပြင်တွင်သူတို့တသိုက် ဘိုလိုထော့ကင်းနေသည်ဖြစ်၍ ဘာပြောနေသည်ကို
မီးဖိုဆောင်အတွင်းမှ ဖိုးတုတ်နားမလည်ပါ။
သို့သော်တခုခုမှားနေသည်ဆိုသည်ကိုတော့ ဖိုးတုတ်အလိုလိုသိလိုက်ပါ၏။


အခန်း(ဃ)

စိုးရိမ်ထိတ်လန့်မှုများ၊ အားငယ်စိတ်များ၊ မိမိကိုယ်ကိုမကြေနပ်မှုများကြောင့် ဖိုးတုတ်တယောက်
ဂဏှာမငြိမ်ဖြစ်နေစဉ် အခန်းတံခါးကို ၀ုန်းကနဲဆွဲဖွင့်လိုက်သံနှင့်အတူ သမီးဖြစ်သူအခန်းအတွင်းသို့
ဝင်လာ၏။
“အဖေ….ခုချိန်မှာ သမီးဟာ နေ့စားသမား၊ ကျဘမ်းသမား ဖိုးတုတ်ရဲ့သမီးမဟုတ်တော့ဘူးဆိုတာ အဖေ့ကို
ခဏခဏပြောထားတယ်.... ပြီးတော့အဖေဟာလည်း......အင်မတန်ဆင်းရဲတဲ့..... ကျဘမ်းသမားဖိုးတုတ်
ဘ၀မျိုးမဟုတ်တော့ဘူးဆိုတာလည်း..... ပြောထားတာပဲ အစားအသောက် အနေအထိုင်ဆင်ခြင်ဘို့..... သတိပေးခဲ့တာလည်း အကြိမ်မနည်းတော့ဘူး.....”
သမီးသည် လေသံကိုထိန်း၍ပြောနေသော်လည်းဒေါသမည်မျှထွက်နေသည်ကို ဖိုးတုတ်ကောင်းကောင်း သိပါ၏။
“သမီးဟာ…. အဆင့်အတန်းမြင့်တဲ့၊ လူဂုဏ်တန်အသိုင်းအ၀ိုင်းတွေကြားမှာ လှုပ်ရှားရုန်းကန်နေရတယ်
ဆိုတာအဖေ သိမှာပါ….ဒီလိုအဆင့်မြင့်တဲ့သမီးရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးဘို့အတွက်.....အဖေ့မှာ
တာဝန်ရှိပါတယ်အဖေ....အခုတော့.....အဖေ့လုပ်ပုံက...သမီးရဲ့ဂုဏ်သိက္ခာတွေ.....ဘာဖြစ်ကုန်ပြီလဲ?
သမီးရဲ့မျက်နှာ.....ဘယ်လိုထားရမှာလဲ?.....”
သမီးသည် မျက်နှာကို လက်ဖ၀ါးနှစ်ဖက်ဖြင့်အုပ်၍ အခန်းပြင်သို့ ထွက်သွားပါတော့သည်။
သမီးဆိုလိုသည့် ဂုဏ်သိက္ခာဆိုသည်ကို ဖိုးတုတ်စဉ်းစားကြည့်မိ၏။
မြန်မာပြည်မှဝန်ထမ်းအချို့ နည်းမျိုးစုံဖြင့်ပြည်သူအပေါ်ရိုက်စားလုပ်ကာ ထည်ထည်ဝါ၀ါနေထိုင်နိုင်မှုကို
ဂုဏ်သိက္ခာဟုဆိုမည်လော?၊
မုန့်ဟင်းခါးတပွဲ ၁၀၀ဟုဆိုင်းဘုတ်ချိတ်ထားသောမုန့်ဟင်းခါးသည်က လာစားသူအား အကြော်တခုချေ
ထည့်ကာ ၁၃၀ တောင်းခြင်းကို ဂုဏ်သိက္ခာဟုဆိုမည်လော?၊
ကမ္ဘာ့စီးပွါးရေးကျဆင်းမှုကြောင့် အလှူရှင်နိုင်ငံများမှ အကူအညီများလျှော့ချနေသည်ဟု ပြောဆိုကာ
ကိုယ်ပိုင်ကုန်စုံဆိုင်တည်နိုင်ခြင်း၊လိုင်းကားပြေးဆွဲနိုင်ခြင်း တို့သည် ဂုဏ်သိက္ခာဟုဆိုမည်လော?၊
ရေရရေးအတွက် သားသည်မိခင်များ နေ့တဓူဝ ရေဘုံပိုင်အနား ငြင်းခုံပြောဆိုခြင်းကို ဂုဏ်သိက္ခာဟု
ဆိုမည်လော?၊
ကျွန်ုပ်တို့သည် တရားဝင်အကြင်လင်မယားဖြစ်ပါသည်ဟု UNHCR ၌လိမ်ညာပြောဆို၍ တတိယနိုင်ငံ
သို့ထွက်လာနိုင်ခြင်းကို ဂုဏ်သိက္ခာဟုဆိုမည်လော?၊
တရားဝင်လက်ထပ်ထိမ်းမြားခြင်းမပြုပါပဲလျှက် ဆန့်ကျင်ဘက်လိင်နှင့် တအိုးတအိမ်အတူနေထိုင်ခြင်းကို ဂုဏ်သိက္ခာဟုဆိုမည်လော?၊
ခေတ်ပညာတတ်မဟုတ်သောဖိုးတုတ်၊ ခေတ်ပညာတတ်အတွေးဖြင့်တွေးလိုက်၏။
ကမ္ဘာ့ရာသီဥတုပြောင်းလွဲလာမှုကြောင့် တိရိစ္ဆာန်တို့သည် ပြောင်းလွဲနေထိုင်ကြကုန်၏။


မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
August 25, 2009

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....
ပြန်ခေါက်ထားစေချင်သည် ...
Posted by မင်းစိုးစံ

သံလွင်ရေတွေလည်း မခမ်းသရွေ့ကွယ်

Submitted by Karen Information Center on September 7, 2009 – 11:53 pmNo Comment.လင်္ကာဒီပ
စစ်ပြေးဘ၀များ
လုံးပါးကြုံဆုံ လူ့ဂုဏ်သိက္ခာ
ပြိုကာသုဉ်း မုန်းစစ်ပွဲကြား
သနားညှာတွေး မင့်ရင်သွေးရေးတွေ
ကျန်းမာရေး ပညာရေး
အရေးတွေခမ်း လမ်းတွေမဲ့
ကမ်းမဲ့ဗေဒါ မရေရာမှုမျိုးနဲ့
ဖုန်းဆိုးထောင်းထ ဘ၀မောတွေ
ပျံသင်နေလေဆဲ လမ်းအကွေ့မယ်။
ညစ်ထေးလှတကား
တို့များဘ၀ ဆင်းမလှ
နွမ်းလျစွာတည် ရာသီစစ်ပြေးဖြစ်
စစ်ဘေး၊ စစ်ဒဏ်၊ စစ်လက်သံတွေ
မတန်မရာ ယူကာခံရ
ကံဆိုးမမျိုး ငြိုးခံရထင့်
ကစဥ့်ကလျား ပြေးလွှားရှောင်ရင်း
ဖားစည်သံဆိတ် ဒုံးသံတိတ်ခဲ့
အို …. မြေကမ္ဘာရေ
တောတွေ တောင်တွေ လျှိုမြောင်တွေကြား
ငြီးတွားငိုသံ နာကျည်းသံတွေနဲ့
သံစဉ်တွေဝေမြဲ အလွမ်းအတွေ့ဝယ်။

စစ်ခွေးဓားပြများ
ညီသားပြည်သူ မည်သူမသိပါ
သံဃာသင်းခွဲ စစ်ငရဲ
စစ်သရဲတွေအောက် ဒူးထောက်ခိုဝင်
နင် …. ဘ၀င်စွဲ၊ ထင်မြင်လွဲရင်း
အချင်းချင်း စစ်တလင်းဆင်လာ
ဓယာလည်းညက်စေ၊ ကြက်လည်းမောစေဓတဲ့
နေ၀င်စေမဲ့စကား သတိထားမိရင်
နင် …. ချိန်မှီသာ ပြန်လာပါတော့လား
နှလုံးသားမှာ အပြုံးများစီ
ညီနောင်ချင်းတွေမို့ စောင့်လို့နေချင်ပေ
သံလွင်ရေတွေလည်း မခမ်းသရွေ့ကွယ်။

စစ်အစိုးရ ခေတ်အဆက်ဆက် ယနေ့ထက်တိုင် စစ်ပြေး၍သာနေရသော အိုင်ဒီပီစစ်ပြေးဒုက္ခသည်များ အရေး ဤကဗျာလေးနှင့် မှတ်တမ်းပြုအပ်ပါသည်။
kic

ရန်ပုံငွေအတွက် ဆမုဆာခွန် (မဟာချိုင်းမြို့) လူဝင်မှုကြီးကြပ်ရေးဌာန မြန်မာဂီတ ရုံသွင်း

Wed 09 Sep 2009, IMNA, မွန်ဂျစ်
ထိုင်းနိုင်ငံမဟာချိုင်းမြို့ရှိ ထိုင်းလူဝင်မှုကြီးကြပ်ရေး (တော်မော်)နှင့် မဟာ ချိုင်းမြို့ရှိ မြန်မာနိုင်ငံသား လူပွဲစားတို့ ပူးပေါင်းပြီး ရန်ပုံငွေအတွက် မြန်မာ ဂီတ ရုံသွင်း ပြသမည်ဖြစ်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဖွဲ့ နှင့် နီးစပ် သူတစ်ဦးက ဆိုပါသည်။

လူဝင်မှုကြီးကြပ်ရေးရုံး ပြုပြင်ရန် ရံပုံငွေဆိုပြီး မဟာချိုင်းမြို့ ထိုင်းလူဝင် မှုကြီးကြပ်ရေးက ဂီတစတိတ်ရှိုး ရုံသွင်းခြင်းဖြစ်သည်ဟု ၄င်းကဆက် ပြော ပါသည်၊၊

လူဝင်မှုကြီးကြပ်ရေးရုံးမှ ထိုင်းအရာရှိတို့သည် မြန်မာနိုင်ငံအလုပ်သမား အများရှိသည့် အလုပ်ရုံနှင့် တိုက်ခန်းနေရာသို့ လူလွှတ်ပြီး ဂီတပွဲအတွက် အထူးရိုက်ထုတ်ထားသည့် အင်္ကျီများကို လိုက်လံရောင်းချခိုင်းနေသည်ဟု သိရပါသည်၊၊

၎င်းတို့သည် မြန်မာအဆိုတော် နာမည်ဖြင့် ရှပ်အင်္ကျီရိုက်ထုတ်ပြီး တစ် ထည်လျှင် ဘတ် ၁၅၀ နှုန်းဖြင့် မဟာချိုင်းမြို့ရှိ မြန်မာနိုင်ငံမှ အလုပ်သမား များကို လိုက်လံရောင်းချပေးနေကြောင်း နိုင်မွန်အမည်ရှိ အလုပ်သမား တစ်ဦးက ပြောပါသည်၊၊

“လူကြားကောင်းအောင်လို့ အရင်တုန်းကလည်း ရုံးပြင်ဖို့ ရံပုံငွေဆိုပြီး မွန် ဇာတ်သဘင်ပွဲ မွန်ချစ်စိုး ဇာတ်ပွဲကို ရုံသွင်းဖူးတယ်၊ ကျနော့်အမြင်တော့ မဖြစ်နိုင်ဘူး၊ အဓိကလူက ပွဲစားတွေပဲ၊ သူတို့ လူဝင်မှုကြီးကြပ် ရေးနဲ့ ပေါင်းပြီး သူတို့ကိုယ်ကျိုးအတွက် ငွေပေါက်ရှာတာပဲ” ဟု မဟာချိုင်းမှ Labour Rights Promotion Network ရုံးမှ ဝန်ထမ်းတစ်ဦးက ပြော ပါသည်၊၊

ထိုင်းနိုင်ငံက ဒီမိုကရေစီ နိုင်ငံဖြင့်သည့်အတွက် ရုံးပြင်ဖို့အတွက် ပိုက်ဆံရှိ မှာပါ၊ ရန်ပုံငွေတွေကို ရှာစရာမလိုပါဘူး၊ သူတို့လုပ်နေပုံက ငွေဝင်ပေါက် ရှာစားနေသည် ဟု ၄င်းဝန်ထမ်းက ဆက်ပြောပါသည်၊၊

လူဝင်မှုကြီးကြပ်ရေးနှင့် နီးစပ်သူတစ်ဦးကလည်း ထိုင်းအရာရှိနှင့် ပွဲစားတို့ ပူးပေါင်းထားခြင်းဖြစ်ပြီး အထူးသဖြင့် မြန်မာပြည်မှ ဂီတအဖွဲ့ကို ငှားရမ်းဖို့ ပွဲစားတို့က တာဝန်ယူပြီး လုံခြုံရေးအပိုင်းမှာတော့ လူဝင်မှုကြီးကြပ်ရေးက တာဝန်ယူသည်ဟု ထိုသူကပြောပါသည်၊၊

လက်မှတ် တစ်စောင်ကို ဘတ်ငွေ (၃၅၀) နှုန်းဖြင့် ရောင်းချနေပြီး လာ မည့် စက်တင်ဘာ (၂၆) ရက်ညတွင် ပွဲစတင်မည်ဖြစ်သည်၊၊ (၂) ည ဆက် တိုက်ဖြင့် နာမည်ကျော် မြန်မာအဆိုတော် အာဇာနည်၊ ရေပက္ကာဝင်း၊ ဂျေ နီ၊ နော်နော်နှင့် အခြားအဆိုတော်တို့ ပါဝင်မည်ဟု ကြော်ငြာထားပါသည်၊၊

ဆမုဆာခွန်(မဟာချိုင်း)မှ အလုပ်သမားတစ်ဦးက “အခုက ပွဲတော်ချိန် လဲ မဟုတ်၊ ပြီးတော့ လက်မှတ်က အရမ်းဈေးကြီးတော့ သွားဖို့ စိတ်မထန် သက်ဘူး” ဟု ပြောပါသည်၊၊

ဖါးသည်သံ

လွတ်လပ်သောမွန်သတင်းအေဂျင်စီမှ ကိုးကားဖေါ်ပြသည်။
စစ်ရေးလှုပ်ရှားမှုကြောင့် စာသင်ကျောင်းနှင့် ဆေးခန်း ပိတ်လိုက်ရ


စက်တင်ဘာ ၉ရက်။ နန်းထူးစံ (ကေအိုင်စီ)

ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ကေအဲန်ယူ ထိန်းချုပ်ထားရာ မဲ့ကသာဂွင်တွင် သြဂုတ်လကုန်ပိုင်းမှစ၍ နအဖနှင့် ဒီကေဘီအေ တပ်များ ဝင်ရောက်လှုပ်ရှားလာသည့်အတွက် ဒေသတွင်းရှိ မူလတန်းကျောင်းတလုံးနှင့် ဆေးပေးခန်းတလုံး ပိတ်လိုက်ရသည်ဟု ဒေသခံ များ၏ ပြောပြချက်အရ သိရသည်။ ဒီကေဘီအေတပ်ဖွဲ့ဝင်များပုံ။
သြဂုတ်လ (၃၀)ရက်နေ့က ဗိုလ်မှူးစောနော်တယာ ဦးစီးသော ဒီကေဘီအေ (၉၀၇)တပ်ဖွဲ့နှင့် ဗိုလ်မှူးမြတ်ထွန်းအေး ဦးဆောင်သည့် ခြေ လျင်တပ်ရင်း-ခလရ (၂၈၃)တပ်ဖွဲ့ဝင်များက မဲ့ကသာကျေးရွာတွင် ဝင်ရောက်နေရာယူလာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (ကေ အဲန်အယ်လ်အေ)နှင့် တိုက်ပွဲဖြစ်ပွားမည်ကို ဒေသတွင်းရှိ ရွာသူရွာသားများက စိုးရိမ်နေကြသည့်အတွက် ယခုလို စာသင်ကျောင်းနှင့် ဆေး ပေးခန်းကို ပိတ်ပစ်လိုက်ရခြင်းဖြစ်သည်ဟု နယ်ခံတဦးက ကေအိုင်စီကို ပြောသည်။

“အဲဒီ ဒီကေဘီအေ တပ်တွေက မဲ့ကသာရွာမှာ သြဂုတ်လ (၃၀)ရက်ညက စတင်ဝင်ရောက်နေရာယူတာ။ အဲဒီအချိန်ကစပြီးတော့ ကျောင်း ရော၊ ဆေးခန်းရော ပိတ်ထားလိုက်ရတယ်။ ရွာသူရွာသားတွေက တိုက်ပွဲဖြစ်မှာကို စိုးရိမ်ကြတယ်။ သူတို့ကလေးတွေကိုတော့ ကျောင်းပျက် ဘယ်ခံချင်ပါ့မလဲ။ တိုက်ပွဲဖြစ်ရင် သူတို့ကလေးတွေ တခုခုဖြစ်မှာ ကြောက်ကြတယ်။ ဆေးခန်းကလည်း ရွာသူရွာသားတွေရဲ့ ကိုယ်ထူကိုယ် ထဆေးခန်းပဲဆိုတော့ အခြေအနေအရ ပိတ်ထားလိုက်တယ်”ဟု အဆိုပါနယ်ခံက ပြောသည်။

ထိုကဲ့သို့ ကျောင်းရော၊ ဆေးခန်းပါ ပိတ်လိုက်ရသည့်အတွက် ဒေသခံများ၏ ကျန်းမာရေးစောင့်ရှောက်မှုများ လစ်ဟာသွားကာ ကလေးများ ၏ပညာရေးကိုလည်း များစွာ ထိခိုက်မှုများဖြစ်ရသော်လည်း လတ်တလောအခြေအနေတွင် ၎င်းတို့အတွက် လုံခြုံရေးက ပိုအရေးကြီးနေ သည်ဟု ထိုနယ်ခံက ဆိုသည်။

ယခု ပိတ်ထားလိုက်ရသည့် စာသင်ကျောင်းတွင် ကျောင်းသူကျောင်းသားပေါင်း ၁၀၀ခန့်နှင့် ကျောင်းဆရာ၊ ဆရာမပေါင်း ၆ဦးရှိပြီး အတန်း ပညာအားဖြင့် အခြေခံသူငယ်တန်းမှစ၍ ၅တန်းအထိ သင်ကြားပို့ချလျှက်ရှိသည်ဟု သိရသည်။ အလားတူ အဆိုပါဆေးခန်းသည် မဲ့ကသာ ရွာသူရွာသားများ၏ ကျန်းမာရေးအတွက် အားထားရဆုံးဆေးခန်းတခုဖြစ်ကြောင်း သိရသည်။

ယခုအချိန်တွင် ၎င်းဒီကေဘီအေတပ်ဖွဲ့က မဲ့ကသာတွင် နေရာအခိုင်အမာ ယူထားပြီး နအဖ ခလရ (၂၈၃)မှ စစ်ကြောင်းနှစ်ကြောင်းက အ နောက်ဘက်မှ နေရာယူထားကာ တပ်ရင်းမှူး ဗိုလ်မှူးမြတ်ထွန်းအေး ကိုယ်တိုင် ပူးပေါင်းတပ်ဖွဲ့ကို စီမံခန့်ခွဲမှုများ လုပ်ဆောင်လျှက်ရှိ ကြောင်း ကေအဲန်ယူ ဒူးပလာယာခရိုင် အတွင်းရေးမှူးက ကေအိုင်စီကို ယခုလို ပြောသည်။

“ဒီကေဘီအေ တပ်ဖွဲ့တွေက မဲ့ကသာမှာ နေရာဝင်ယူတယ်။ သူတို့တပ်ရဲ့နောက်မှာ နအဖ တပ် ခလရ(၂၈၃)မှ စစ်ကြောင်း (၁)နဲ့ (၂)က မဲ့ကသာနဲ့ မနီးမဝေး တဲသုံးလို့ ခေါ်တဲ့နေရာမှာ နေရာယူထားတယ်။ အဲဒီခလရ(၂၈၃)ရဲ့ တပ်ရင်းမှူး ဗိုလ်မှူးမြတ်ထွန်းအေး ကိုယ်တိုင်က ဒီကေဘီအေတပ်ရော၊ သူ့တပ်တွေကိုပါ စီမံခန့်ခွဲနေတာ။ အဲဒီမှာရှိတဲ့တပ်တွေကို ဘယ်မှာနေရာယူထားလိုက်၊ ဘာလုပ်လိုက်ဆိုတာတွေ သူက ညွန်ကြားတယ်လေ။ ဒါကြောင့် ကျောင်းတွေ၊ ဆေးခန်းတွေလည်း ပိတ်လိုက်ကြတာ”ဟု စောလစ္စတန်က ပြောသည်။

ထို့အပြင် သူက “ကျနော်တို့ဘက်ကတော့ အချင်းချင်း တိုက်ပွဲမဖြစ်ချင်ဘူး။ ဒီကရှိတဲ့ လူထုတွေကလည်း တိုက်ပွဲဖြစ်ပွားမှာကို မလိုလားကြ ဘူး။ ကျနော်တို့က လူထုတွေကို ငဲ့ညှာပြီး တိုက်ပွဲမဖြစ်အောင် အခြေအနေတွေကို ထိန်းထားပေမဲ့ ဒီအခြေအနေမှာ ဒီကေဘီအေနဲ့ နအဖ တပ်တွေက အခွင့်အရေးယူပြီးတော့ နေရာတွေ ဝင်ယူနေတယ်”ဟု ဆက်လက်ပြောဆိုသွားသည်။

ပြီးခဲ့သည့်လက ကေအဲန်ယူ တပ်မဟာ(၆)နှင့် ဒီကေဘီအေ တပ်ဗိုလ်တပ်မှူးများသည် ကရင်အချင်းချင်းကြား တိုက်ပွဲမဖြစ်အောင် ဆွေးနွေး ပြောဆိုမှုများ လုပ်ဆောင်ခဲ့သော်လည်း ဒီကေဘီအေအဖွဲ့က နအဖ၏ ညွန်ကြားမှုအတိုင်း တိုက်ခိုက်မှုများ လုပ်ဆောင်လာပါက ဒေသခံလူ ထုများ မထိခိုက်အောင် ပြင်ဆင်ထားပြီးဖြစ်သည်ဟု ကေအဲန်ယူဘက်က ပြောသည်။

နအဖ စစ်အစိုးရသည် နယ်စပ်တလျှောက်ရှိ ကေအဲန်ယူထိန်းချုပ်ထားရာ နေရာများကို စိုးမိုးနိုင်ရန်အတွက် ဇွန်လအစောပိုင်းက ဒီကေဘီ အေတပ်ဖွဲ့ကို ရှေ့တန်းတင်ပြီး ကေအဲန်ယူ တပ်မဟာ(၇)ကို တိုက်ခိုက်ခဲ့ပြီး ဆက်လက်၍ တပ်မဟာ(၆)နှင့် တပ်မဟာ(၅)နယ်မြေများကို လည်း ဝင်ရောက်သိမ်းပိုက်ရန် သတင်းများ ထွက်ပေါ်လျှက်ရှိသည်။


http://www.kicnews.org/မှ ကူးယူသည်။

Wednesday, September 9, 2009

KNLA စစ်ဦးစီးချူပ် ငြိမ်နေရာမှ ထပြီးပြောလာပြီနော…မင်းတို့ နအဖ တပ်တွေ သတိနဲ့ သာနေတော့



အောက်ပါဆောင်းပါးသည် စက်တင်ဘာ ၆ ရက်နေ့ ထုတ် bangkok post မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချူပ် ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး နှင့်တွေ့ ဆုံမေးမြန်းခန်း များကိုဖေါ်ပြထားပါသည်။ နအဖ စစ်တပ်မှ အပြစ်မဲ့ကရင် ပြည်သူတွေ ကို ပစ်မှတ်ထားပြီးတိုက်ခိုက်နေခြင်း ကိုသူဒေါသထွက်ကြောင်း နှင့် ပြည်ပမီဒီယာ အချို့ ကရင့်တပ်အပေါ် မှားယွင်းစွာသုံးသပ်မှူများကိုလည်း ဒေါသထွက်သည်ဟုဖေါ်ပြထားပါသည်။ ဒီပြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ကျွမ်းကျင်သူများကို စေလွတ်၍ ထွက်ပြေးပုန်းအောင်းနေရသော ဌာနေလူထုရဲ့ အခြေအနေကို လာလေ့လာကြရန် ဖိတ်ခေါ်၍ နယ်စပ်မှာပဲနေပြီးအပေါ်ယံကျော ကိုသာကြည့်ကာ သတင်းရေးသားသော ဂျာနယ်လစ် မီဒီယာများကို အားမကိုးရန်လည်း တိုက်တွန်းထားပါသည်။

သတင်းတွင်စိတ်ဝင်စားစရာ ကောင်းဒါ က ဗမာ့တပ်မတော် အရာရိဟောင်း မိုးကျော် ၏ DKBA အပေါ် ဗမာ့တပ် မတော် ဘယ်လို သဘောထားသလဲ ဆိုဒါကို ပြောပြသွားဒါ က မှတ်သားလောက်စရာဖြစ်ပြီး ငါတို့  ညီကိုယ် ဒီကေဘီအေ တွေ လည်း နအဖ စစ်တပ်က မင်းတို့ ကို ခိုင်းကောင်းလို့ ခိုင်းနေသော်လည်း မင်းတို့  ပေါ် ဘယ်လို ရွံ့ ရှာနေ သလဲဆိုဒါ ဒီသတင်းလေးက မင်းတို့ ကို လမ်းမှန် ပေါ်ရောက်အောင် မီးမှောင်းထိုးပြထားပါတယ်။။။။

ထိုအရာရှိဟောင်းပြောဒါက “ကရင်ဟာ တစ်ခုတည်းသောလက်နက်ကိုင် အဖွဲ့  ငါတို့ ဗမာ့တပ်မတော် စိုးရိမ်ရတဲ့အဖွဲ့ ဖြစ်တယ်.. ငါတို့ သူတို့ ကိုခွဲထုတ်ပြီးအားနည်းအောင်လုပ်တယ်….ရည်ရွယ်ချက်က ငြိမ်းချမ်းရေးပြန်လာ လုပ်တဲ့လူတွေကို သူတို့ တိုင်းရင်းသား အဖွဲ့ အစည်းကို ပြန်ဆန့် ကျင့်ဖို့ ဘဲ…. အများစုသော ကရင်တမျိုးသားလုံးက KNLA ကိုထောက်ခံတာ ငါတို့ သိတယ်…သူတို့ (KNLA) က သူတို့  ကရင်လူမျိုးထုရဲု့နုလုံးသားကို စိုးမိုးထားနိုင်တယ်(တနည်းအားဖြင့် ကရင်လူမျိုးတွေရဲ့ရင်ထဲမှာ KNLA/KNU ပဲရှိနေတယ်)

ဆက်လက်ပြီးထိုအရာရှိက….ဒီကေဘီအေနဲ့ ပါတ်သက်ပြီး….. ငါတို့ (ဗမာ့တပ်မတော်)က သူတို့ (DKBA) ထိပ်ပိုင်းတွေ လောက်ပဲ သိဒါ…. သူတို့ က လူဆိုးဂိုဏ်းတွေလို သူတို့ ဂိုဏ်းအဖွဲ့ မှာဖြစ်နေတယ်… ငါတို့  (ဗမာ့တပ်မတော်) က သူတို့ (ဒီကေဘီအေ)ကို မကြိုက်ဘူး…ငါတို့ ဗမာ့တပ်မတော်က သူတို့ ဒီကေဘီအေကို မလေးစားဘူး………..ငါတို့ (ဗမာ့တပ်မတော်) ဘာလေးစားစရာ အကြောင်းရှိလဲ???? သူတို့ (ဒီကေဘီအေ) ဟာ သူတို့ အမျိုးသားကို ပြန်ပြီးသစ္စာဖေါက်တဲ့ အမျိုးသားသစ္စဖေါက်တွေဖြစ်တယ်…. ကိုယ့်လူမျိုးကို ကိုယ်ပြန်ဖျက်ဆီးနေတဲ့သူတွေ ကို ငါတို့ (ဗမာ့တပ်မတော်) ဘယ်လိုသွားယုံစားလို့ ရမှာလဲ (ဆိုလိုဒါက ကိုယ်လူမျိုးကိုတောင် ဖျက်ဆီးသတ်ရဲတဲ့လူစားတွေကို တခြားလူမျိုးဆိုရင် နည်းသေးတယ်ပေါ့)…….???Bangkok post ပါအကြောင်းအရောကို အောက်တွင်ဖတ်ရှူ နိုင်ပါသည်။

စာဖတ်ပုရိတ်သတ်များခင်ဗျား….ဒီကေဘီအေနဲ့ ပါတ်သက်ပြီး ကောက်နှူတ်ချက်တွေဟာ…ကျွန်တော်ပြောနေဒါ မဟုတ်သလို…ကေအဲန်ယူလည်းပြောနေဒါ မဟုတ်ပါ….ဗမာ့တပ်မတော် အရာရှိဟောင်းတဦးရဲ့ ကောက်ချက်ချမှူ တစ်ခုပဲဆိုဒါ….bangkok post မှတဆင့် ဘာသာပြန်ထားခြင်းဖြစ်ပါတယ်….အားလုံးအတွက် မှတ်သားစရာ…ဖြစ်နေပါကြောင်း….ချစ်သော ညီနောင်ဒီကေဘီအေ များအမြင်မှန် အမြန် ပြန်ရနိုင်ပါစေ…..
Bangkok post ပါအကြောင်းအရောကို အောက်တွင်ဖတ်ရှူ နိုင်ပါသည်။


We're not a spent force, says Karen military leader

It may be spread thinly, but the KNLA soldiers on


Writer: By Phil Thornton
Published: 6/09/2009 at 12:00 AM

General Mu Tu is angry. He's angry at the Burmese military regime for attacking thousands of unarmed Karen villagers and forcing them to take refuge in jungle hideouts. He's angry with media pundits and academics for deciding the Karen are a spent force and their struggle dead. And he's angry with the international community for not doing more to free Burma's 2,100 political prisoners and to stop the displacement of hundreds of thousands of ethnic people.
Gen Mu Tu waves a newspaper clipping and says: "The international community needs to send its 'experts' to come and investigate displacements in Karen State instead of relying on what some academics and journalists write. I don't know where they get their information - it's not from going inside, and it's certainly not from us."

Gen Mu Tu is the leader of the Karen National Liberation Army (KNLA). He looks more like the grandfather he is than the leader of the largest resistance force fighting the Burmese military regime. But looks can deceive. We met in a safe house on the Thai-Burma border where he discussed how the KNLA has had to adapt its battle plans to match its loss of territory and inability to renew its weaponry.
In June, 1,300 government troops attacked Ler Per Her displacement camp, situated on the Burmese side of the River Moei. Thai authorities say more than 4,000 Karen villagers living in the camp and in the surrounding area sought safety in Thailand. Before Burmese soldiers left Ler Per Her, they booby-trapped and land-mined walkways; waterholes, rice stores, schoolyards and homes, making the old village uninhabitable.

Gen Mu Tu says the regime uses its soldiers and its militia gangs to force hundreds of thousands of Karen villagers from their homes in an attempt to bring them and their land under its control.
The regime argues that it is a result of the conflict with the KNLA that so many civilians are displaced. It is an argument that Professor Desmond Ball from the Australian National University Defence and Strategic Studies Centre disputes.
"These attacks are against civilians, not Karen soldiers. The Burmese military have a total disregard for international law. The Karen army is a fraction of the size of the Burmese army, and can offer little in the way of resistance. Most of its work is spent moving people out of harm's way."
Gen Mu Tu says the Burmese army has a third of its forces based in Eastern Burma, and blames displacement on the Burmese army occupation and militarisation of ethnic land.
"We have 5,000 fighting men, they have about 180,000 soldiers in Eastern Burma. They retaliate against villagers if we take action. As a military man I want a fair fight, arms against arms, but what the regime does to our people is not fair. They are using their army against unarmed civilians."

Gen Mu Tu is keen to explain the Karen's first priority is to try to find a peaceful solution.
"Burma is a political problem. We want peace and we want equality. All we want is to live as free people. We don't want to take up arms, but we have to resist if we are to defend our people."
Gen Mu Tu says the regime has told the Karen they can have peace if they give up their arms, an offer Gen Mu Tu forcibly declines.

"They want us to give up our weapons; that's surrender, not peace. If we return to their so-called 'legal fold' our situation will be more critical than it is now. Now we have weapons and they still do this to our people. Image what they'd do if we didn't have arms?"

Moe Kyaw, a Burmese army officer who deserted, says the regime does not want peace with the Karen.
"The Karen is the only armed group that we are worried about, but we planned to split and weaken them. The aim is to use the ceasefire groups against the ethnic organisations. We know most of the Karen [people] support the KNLA, they have won the hearts of their people."
While Moe Kyaw may have a grudging admiration for the KNLA, he only has harsh words for the Democratic Karen Buddhist Army (DKBA).
"We knew that only their top level officers [of the DKBA] were with us. They're like gangsters out for their own gain. We disliked the DKBA. We don't respect them. Why would we? They are traitors to their own people. If they are willing to destroy their own people, how could we trust them?"

The general says the Burmese military regime is intent on destroying Karen culture and their way of life.
"The Burmese army burns our schools, cuts down 60-year-old orchards and plantations, poisons our waterways and mines farmland. Is this is the work of people who want peace?"
The Thai Burma Border Consortium (TBBC), in its latest report, Displacement and International Law In Eastern Burma, estimates "that more than 3,200 settlements were destroyed, forcibly relocated or otherwise abandoned in Eastern Burma between 1996 and 2007".
Between 2006 and 2007, the Burmese army burned down villages, laid landmines and drove more than 76,000 villagers from their homes into jungle hideouts. Many more made the arduous journey to makeshift camps on the edges of the Thai-Burma border.

Naw Haynaytha was one who survived the long journey to Ei Tu Hta camp on the Burmese side of the Salween River. She said at the time that she left because soldiers smashed her home and destroyed her land.
"We grew fruit trees, mango, banana, jackfruit and betel nuts. We caused no harm, we're villagers. I don't know why they hate us, but they do.
"We stayed in our village, but still they kill us."
Naw Haynaytha, 30, has first-hand knowledge of the regime's military policy towards the Karen. She fled her village when the soldiers set up a base near her village.
"I just took the children and left. I'm afraid of them because they will kill me if they catch me. Every person they arrested is killed. They never come home."
Gen Mu Tu says stories like Naw Haynaytha's are the reason the KNLA continues to fight. He sips coffee and points to numerous pock-marks in the doors, walls and ceiling, and says they were caused by three separate unsuccessful grenade attacks on him.

"People need to understand we don't take our fight to their cities. We fight in Karen State to defend our people. Nothing more, nothing less."
The general says his army may have lost territory, and may be small, but he considers it deadly.
"Loss of territory is not important at the moment. We're still holding arms and we're prepared to fight. It's true they have taken our lands, but now we know where they are. They are visible and static. That suits us."

Mr Ball says there are not many armies better at guerilla warfare than the Karen. "Their soldiers are tough, they know how to walk for days, live off the land, they may have limited weapons, but they know how to fight."
Gen Mu Tu says he has been fighting since he was 16.
"Fighting is to kill, and we know how to kill. We're like shadows, hard to catch and we will kill specific targets - the officers and the soldiers who are hurting our people."

Major Ghu Thaw, who is second-in-command of a small KNLA battalion fighting the Burmese army two hours north of Mae Sot and two days walk into Karen State from a River Moei border crossing, confirms what Gen Mu Tu says.
"We're 60 against 320, we're low on ammunition, but we're not going head-to-head, we're picking our targets. We've just killed a platoon commander from their Infantry Brigade 81 and another commander from Light Infantry Brigade 205." Maj Ghu Thaw says the Burmese army has been raping and abusing people during the conflict.

"Two Karen women, Naw Pay, 18 and eight months pregnant, and Naw Wah Lah, 17, were both raped and murdered by soldiers. The soldiers responsible were from Light Infantry Brigade 205, led by Lt Col Than Hteh and Capt Kyi Nyo Thant."
The Committee of Internally Displaced Karen People (CIDKP) confirmed the deaths and rapes.
Gen Mu Tu says the number of clashes over a six-month period between his men and the Burmese army supports his argument that the Karen are capable of killing the regime's soldiers.
According to statistics collected by the Karen National Union from Jan 1 to June 30 2009, the KNLA and Burmese army fought 532 times. The KNLA killed 341 Burmese soldiers and wounded another 697. The Burmese army killed five KNLA soldiers and wounded nine. The Karen killed 15 officers across the command spectrum - including a brigadier-general, company commanders, majors and captains.

"We want the regime to understand that Burma is a political issue. It cannot be solved on the battlefield. If they really want peace and if they are fair, this issue can be resolved around the political table. To negotiate is not to surrender."
Gen Mu Tu says the regime needs to take his words seriously.
"I want the regime to understand they cannot win, even if they do have the military might, because we can kill them. They have to understand the only way to solve this problem is by political means."
Mr Ball says factional splits have reduced the effectiveness of the armed resistance to the regime.
"It's in their own interests to help each other. If one falls, it will hurt them all. If they cooperate as the Karen and the Pa-O did in Shan State recently, they can be effective."
To outsiders, Burma is a difficult story to report. The regime has banned international journalists. It's hard to verify information. Getting access to isolated conflict zones or crimes scenes is almost impossible.
To better understand the rationale behind why Burmese soldiers did what they did to Karen villagers, a Burmese army defector, an officer, explains.
The ex-officer is neat, fit and had the chunky muscles of someone who still worked at keeping them hard.

Maung Aye (not his real name) had been a Burmese army officer for 25 years, 10 as a trainer, before defecting to Thailand. "We indoctrinate our troops, we give them a reason to fight the ethnic people. We tell them we're fighting to stop the country from disintegrating. The Karen is the enemy. We instil in them fear and hatred. We tell them if a young Karen grows up he will become a soldier and kill you, better to do it now to him."
Maung Aye talked about civilian deaths in-a-matter-of-fact-voice.
"Our strategy is to destroy the villages and forcibly relocate them. Put simply, if you drain the lake, the fish will die. Relocating villagers disrupts the guerrillas' capacity to fight, it ties up all their resources trying to get food, medicine and shelter for the thousands of displaced villagers. This is systematic, some villagers resist, so we do some killing to sap their morale and to cow them into submission."

Maung Aye's admission reveals a strategy so effective in is simplicity it is mind-boggling. Displace half-a-million people, force them into jungle hideouts without food, education or medical care and then let the opposition eat up their meagre resources trying to keep them alive.
Displacement is regarded as the by-product of armed conflict between the KNLA and the Burmese army, but as Maung Aye explained, it is - regardless of skirmishes with the Karen - the planned-for result.
And it works. Most international governments and NGOs will not deliver cross-border aid and health care to displaced people, often citing "we can't as it is does not fit our criteria or our mandate".
Maung Aye says there are some troops who he describes as "no-brain soldiers" who are only too happy to rape, plunder and kill.
"Commanders have to meet their objectives, and if they don't they know they will be punished by their superiors. So they legitimise this behaviour and will never discipline soldiers for abuses."
In early June 2009, the International Human Rights Clinic at Harvard Law School launched its report, Crimes in Burma, at the Foreign Correspondents' Club of Thailand.
Writing in the report, Justice Richard J Goldstone, the first prosecutor at both the International Criminal Tribunals for the former Yugoslavia and for Rwanda, and Patricia M Wald, a former Judge at the International Criminal Tribunal for the former Yugoslavia, petitioned the UN Security Council to act on Burma.

"We call on the UN Security Council urgently to establish a Commission of Inquiry to investigate and report on crimes against humanity and war crimes in Burma. The world cannot wait while the military regime continues its atrocities against the people of Burma."
But the world does wait.
Posted by Thaw Thi Kho

ကရင့်အမျိုးသားအလံတော် မီးရှို့ ပြာချ ခံရ၊ ဗိုလ်ဆန်ပြုတ်အပိုင်း (၁၁)

ဗိုလ်ဆန်ပြုတ် ဈာပန နောက်ဆုံးအပိုင်းဖြစ်သော အပိုင်း(၁၁) ကို စောင့်မျှော်နေသူတွေ အတွက် ယခုတင်ဆက်ပေးလိုက် ပါပြီ။

ယခုနောက်ဆုံးအပိုင်းကို သေသေချာချာ ကြည့်စေချင်ပါသည်။ အဘယ်ကြောင့်နည်း?? နအဖ စစ်အစိုးရ ကနိုင်ငံရေးးအရ ကရင်တမျိုးသားလုံးကိုချိုးနိုမ်ပြီး အောင်ပွဲခံနေ သည်ကို တွေ့  မြင်ရပေမည်။ ကမ္ဘာနှင့်ချီ၍ တစ်ခါမှ မတွေ့ ဖူးသေးသော အသုဘ အခမ်းအနားပွဲ ဖြစ်ပါသည်။ အစဉ်အလာ အရ စစ်အခမ်းအနားဖြင့်ကျင်းပ ဂုဏ်ပြုသော အသုဘပွဲများတွင် ဘယ်အဖွဲ့ အစည်း၊ ဘယ်နိုင်ငံက မှ အရာရှိတွေ ပစ္စတို သေနတ်များကို ထုတ်မပစ်ကြပါ။။ဒီပွဲမှာ ဒီကေဘီအေ ခေါင်းဆောင်များအပြင် နအဖ တပ်မ ၂၂ တိုင်းမှူးကိုယ်တိုင် ပျော်ရွင်စွာ သေနတ်ပစ်ဖေါက် သည်ကို တွေ့ ရမည်ဖြစ်သည်။ ၀မ်းနည်းခြင်းအထိမ်းအမှတ် မဟုတ်ပါ။။ အောင်ပွဲခံနေကြပါသည်။ ဗိုလ်ဆန်ပြုတ်သည် အသုံးချခံ ပစ္စည်းတစ်ခုဖြစ်နေသည်က ရှင်းနေပါသည်။

ဗမာပြည်အုပ်စိုးသူ အဆက်ဆက်ဟာ ကရင်လူမျိုးတွေကို အညိုးကြီးစွာဖြင့် ခေတ်အဆက်ဆက် စနစ်တကျ မျိုးပျောက်အောင် အကောင်အထည်ဖေါ်လျက်ရှိနေပါသည်။ သူတို့ ရဲ့ ရည်ရွယ်ချက်က အနာဂတ်မှာ ကရင်လူမျိုး ပပျောက်ရေးပင်ဖြစ်သည်။ ထင်ရှားသော သဓက တွေက

(၁) ဘဦးကြီး၏ အလောင်း ကို ပင်လယ်ပြင်ထဲသို့ ပစ်ချ အစဖျောက်ခြင်း
သမိုင်းမှာ နောင်လာနောက်သားတွေ ကို ဘာမှအထောက်အထားမပြနိုင်အောင် သမိုင်းနှင့်ချီ၍ စနစ်တကျ ဖျက်ဆီးထားပါသည်.

(၂) ဗိုလ်လင်းထိန် လို စစ်ရေးတွင် နာမည်ရှိသော သူ၏ အလောင်းကိုလည်း ပင်လယ်ထဲ အစဖျောက်ပါသည်။

(၃) ဗမာ့တပ်မတော် တပ်မှူး တစ်ဦးဖြစ်သော ဗိုလ်ချူပ်မောင်လှက မြပဒိုင်တွင် ပြောသွားသည်မှာ “နောင်တချိန်မှာ ကရင်လူမျိုးတွေကို တွေ့ ချင်ရင် ပြတိုက်မှာ သွားကြည့်ပါ” ဟုဆိုပြီး မဟာဗမာဝါဒီ ဇာတိသွေးကို ကမ္ဘာသိ ထုတ်ဖေါ်ပြောဆို ပြီးဖြစ်သည်။

(၄) ၁၉၉၇ ခုနှစ် ဖေဖေါ်ဝါရီ တွင် အမျိုးသားသစ္စာဖေါက် စောသူးမူးဟဲ ရန်သူကို လက်နက်ချစဉ် အချိန်အတွင်းမှာ ယခုလက်ရှိ ဗမာ့တပ်မတော် ဒုတိယ ကာကွယ်ရေးစစ်ဦးစီးချူပ် ဗိုလ်မှူးချူပ်မောင်အေး က ကရင်လူမျိုးတို့ ရဲ့အမျိုးသားအလံတော်ကို စစ်ဖိနပ်ဖြင့် ရိုင်းပျစွာ နင်းခြေပြ၍ မြန်မာ့တီဗွီတွင် ထုတ်လွင့်ပြသခဲ့ပါသည်။ (မင်းတို့ ကရင်တွေကို အမျိုးပြုတ်အောင် လုပ်မယ် ဆိုပြီး ကရင့်အလံကို နင်းပြသွားခဲ့ ပြီးဖြစ်ပါသည်။

(၅) သာမည ဆရာတော်ရဲ့ ရုပ်ကလပ် ကို ဖျောက်ပစ် အစဖျောက် ခြင်းပဲဖြစ်ပါသည်။ သာမည ဆရာတော်သည် ပအို့ အနွယ်ဝင်ဖြစ်ပါသည်။ ပအို့ နှင့် ကရင်သည် အနွယ်ခြင်း ဆက်စပ်သူများဖြစ်သည်။ ၁၉၃၆ ခုနှစ် မေလ(၆)ရက်နေ့ ဗမာပြည်ဘုရင်ခံ၏ ထုတ်ပြန်ချက် အရ ကရင်လူမျိုးနွယ် (၁၁)စုရှိသည်။ ထိုအထဲတွင် ပအို့  အနွယ်ပါဝင်သည်။ ဒါတွေကို ကောင်းကောင်းသိထားသော နအဖ စစ်အစိုးရက လူတကာ ကြည်ညိုလေးစားသော သာမညဆရာတော် ၏ရုပ်ကလပ် ကို မြေပေါ်တွင် ထင်ထင်ရှားရှား မှတ်တိုင်တစ်ခုအဖြစ် စိုက်ထူမည်ကို လက်မခံနိုင်ပါ။။ သာမည ဆရာတော်ရုပ်ကလပ် ပျောက်သွားခြင်းသည် တိုင်းရင်းသားမျိုနွယ်စု တွေကို စနစ်တကျ ပြင်ဆင်ဖျောက်ဖျက်ခြင်းဖြစ်ပါသည်။ ပအို့ ကို မျိုးဖြုတ်ခြင်းသည် ကရင်၊ကရင်နီတို့  ကိုမျိုးဖြူတ်ခြင်းဖြစ်သလို ကရင်ကို မျိုးဖြုတ်ခြင်းသည် ပအို့  ၊ကရင်နီတို့  ကိုမျိုးဖြုတ်ခြင်းနှင့် အတူတူဖြစ်သည်။ ယခုသမည ဆရာတော်ရဲ့ ရုပ်ကလပ် ဘယ်ရောက်နေသလဲ?

(၆) ယခုဗိုလ်ဆန်ပြုတ် ရဲ့အလောင်းနဲ့ အတူ ကရင်အမျိုးသားအလံတော်ကို ပြာချလိုက်ပြီးဖြစ်ပါသည်။ ဒီပွဲမှာ ကရင်အလံကို မီးရှို့ ပစ်ဒါ တရားခံဘယ်သူလဲ?

ဒီကေဘီအေ တို့ ရေ မင်းတို့ ကိုယ်တိုင် ကရင်အလံကို မီးရှို့ ဒါလါး? ဒါမှမဟုတ် နအဖ စစ်တပ် တပ်မ ၂၂ တိုင်းမှူး ရှို့ ခိုင်းဒါလါး? ဒါမှမဟုတ် ဒီကေဘီအေ ထိပ်ပိုင်းလူတွေနဲ့  နအဖ တပ်တိုင်းမှူးတို့  ပူးပေါင်းပြီး ရူးချင်ယောင်ဆောင်ပြီး ကရင့်အလံတော်ကို မီးရှို့ ဒါလား ဆိုဒါတွေကို ပြန်ဆန်းစစ် စေချင်သည်။ ဒီကိစ္စနှင့်စပ်လျဉ်း၍ ဒီကေဘီအေ တပ်သားတိုင်းသိနိုင်မှာမဟုတ်သလို ဥာဏ်မှီမှာ လည်းမဟုတ်ပါ။ ဒါဟာ ကရင်လူမျိုးတွေကို စနစ်တကျ နံနိုမ်ဦးချိုးတဲ့လုပ်ရပ်တွေဖြစ်တယ်…ကိုယ့်ကိုယ်ကိုကရင်တစ်ဦး အဖြစ်ခံယူသေးရင် ဒီကေဘီအေ တပ်သားများ ဒီကိစ္စကို ဖေါ်ထုတ်စေချင်သည်။

အစဉ်အလာအရ နိုင်ငံတော်ဈာပန အခမ်းအနားတွင်သော်လည်းကောင်း၊ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးသွားသော သူတွေရဲ့ ဈာပန အခမ်းအနားတွင် သော်လည်းကောင်း စစ်အခမ်းအနားပြီးရင် အလောင်းကို မသဂြိုလ်မီ အလံတော်ကို ပြန်သိမ်းထားပါသည်။ ဘယ်သူမှမီးမရှို့ ပါ။ ကမ္ဘာနှင့်ချီ၍ ဘယ်သူ့ မှ ဒီလို အလံတော်ကို မီးမရှို့ ပါ။ အမေရိကန်တွင် ဈာပန အခမ်းအနားပြီးရင် ထိုအလံတော်ကို ကျန်ရစ်သူမိသားစုအား အမှတ်တရ ပြန်ပေးသည့် အစဉ်အလာတော့ရှိပါသည်။

အခုတော့ ကရင်အမျိုးသားအလံ မီးရှို့ ပြာချ ခံရလေပြီ။။။။ တရားခံဘယ်သူလဲ…….ကရင်အမျိုးသားအပေါင်းတို့ ……စုံစမ်းဖေါ်ထုတ်ကြပါ……

ဗွီဒီယို အပိုင်း(၁၁) ကို သေသေခြာခြာကြည့်ကြပါ။။။။။
youtube Video ရဲ့  5:49 / 9:48 နေရာကိုကြည့်ပါ
သောသီခို ဘလောက်မှ ကူးယူထားပါသည်

Help needed:Subject: Request Assistance in the Arrest/Detention of Ko Kyaw Zaw Lwin at Rangoon Mingaladon International Airport (US Burma Citizen)

September 7, 2009 in Burma’s News World News
Hi There,
Any other questions please send e-mail to Ma Wa (wawamaw@gmail.com). We have to stand for our brotherhood —real and pure 88’s blood. More updated will send to you again.
keeps on eyes for him.
with respect,

September 3, 2009 Mr. Colin P. Furst
Consul
U.S. Embassy
Rangoon, Burma
Fax: 95-1-650480
ConsularRangoon@state.gov

URGENT

Subject: Request Assistance in the Arrest/Detention of Ko Kyaw Zaw Lwin at Rangoon Mingaladon International Airport

Dear Mr. Furst,
I write to request your urgent assistance in obtaining the release of Ko Kyaw Zaw Lwin (aka) Nyi Nyi Aung upon entry at Rangoon Mingaladon International Airport on Thursday, Sep 3, 2009. He is a United States citizen and entered Rangoon with a valid Burmese visa (social visit) issued at the Burmese Embassy, Bangkok, Thailand. His detention came as a surprise and I believe he was taken by the Military Security personnel.
Below is info as it appears on his U.S. Passport No 711851465:
Name- LWIN, KYAW ZAW
Nationality- United States of America
Date of Birth- 28 Oct, 1969
Place of Birth- Burma
Date of Issue- 14 Dec, 2006
Date of Expiration- 13 Dec, 2016
He departed Bangkok on TG 305 to Rangoon at 17:50 Sep 3, 2009.

We thank you in anticipation for your kind help. We are friends of Kyaw Zaw Lwin and we are requesting to assist in locating Ko Kyaw Zaw Lwin’s whereabouts and in obtaining his immediate release

Sincerely,

Names, SSN, and address
http://saffronburma.wordpress.com/2009/09/07/request-assistance-in-the-arrestdetention-of-ko-kyaw-zaw-lwin/

A US citizen Nyi Nyi Aung (aka) Kyaw Zaw Lwin, brother of Burmese activist Thet Thet Aung, went missing after he landed in Burma on Thursday, September 3, 2009. His sister Thet Thet Anug, 35, mother of 3 boys, was sentenced 65 years in prison for her pro-democracy activities. Her activist husband Chit Ko Lay was also sentenced 11 years. Kyaw Zaw Lwin’s mother is serving a 5-year imprisonment. His aunt & cousin are also severing at least 6-year in prison.


--------------------------------------------------------------------------------

Tuesday, September 8, 2009

Landmine explosion maims Karen splinter group soldier

2009 September 7

After a Karen splinter group advanced into territory controlled by the Karen army, a soldier from the splinter group lost his leg after stepping on a landmine in the Maketa forest, Karen State.

The Democratic Karen Buddhist Army (DKBA) unit, commanded by captain Saw Aye One, advance into the Karen National Union (KNU) controlled area in Maketa old village, after having taken control of Maketa last week. On September 5th at 3 pm, as the DKBA pushed forward, a soldier was injured in a landmine detonation.

“We heard about one of Captain Saw Aye One’s soldiers getting injured by a landmine explosion,” said a Three Pagoda Pass (TPP) resident who is close to members of the DKBA. “Then they sent the soldier to Kanchanaburi hospital in Thailand, where they amputated his leg.”

DKBA Battalion No. 907 entered into KNU controlled Maketa area on August 30th. Afterwards 30 solders from the Burmese army LIB No. 283 combined with the DKBA group in Maketa.

“We don’t hear about landmine explosions in the KNU controlled area – this time is the first time,” a TPP resident commented. “But in the DKBA control area this has happened before.”

The resident added that in 2005 a Karen villager was injured by a landmine in DKBA controlled Tong Wai area, based near Three Pagoda Pass Town. “The DKBA combined with the SPDC soldiers in Maketa on September 3rd. The LIB No. 283 soldiers went to Papai Gone, north form Maketa village, and that [landmine explosion] didn’t happen with their group,” a Maketa villager explained. “After the SPDC soldiers came back, the DKBA soldiers went to this area on September 5th, and one of soldiers had an accident with a landmine.”

Area residents stated a landmine explosion has never happen in the KNU control area. Residents also told IMNA they didn’t know which group had set landmines in the area.

According to the landmine watchdog group, Landmine Monitor, its 2008 report found that deaths from land mines in Burma have more then double in one year. The rate increase seems to condemn the wide spread use of the weapon by the military regime, its allies, and insurgent groups. The report detailed the increase, that mines killed 47 people in Burma in 2007, compared to 20 in 2006. The report also showed that 338 people were injured by blasts as opposed to 115 a year earlier.

Karen state, which has seen sever fighting as the KNU never signed a ceasefire agreement with the SPDC, h is littered with mines laid both by the Burmese army and the opposition Karen National Union. As a result a large number of victims are from Karen state and often cross the border into Thailand to receive treatment.

Sunday, September 6, 2009

တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်း KNU ပြောဆို

မဇ္ဈိမ (ချင်းမိုင်)။ ။ DKBA တပ်နှင့် နအဖ စစ်အစိုးရတပ်များနေရာချဲ့ထွင်လာပြီး KNU တပ်မဟာ ၆ နယ်မြေ၌ အခိုင်အမာနေရာချရန် စီစဉ်နေခြင်းကြောင့် တိုက်ပွဲများဖြစ်လာနိုင်ကြောင်း KNU အဆိုအရ သိရသည်။
စခန်းသိမ်းတိုက်ပွဲတခုတွင် တွေ့မြင်ရသည့် ကေအဲန်ယူကရင်ရဲဘော်တချို့ပုံ။
ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းရှိ မဲ့ကသာရွာတွင် ယခုလ ၂ ရက်နေ့က ဗိုလ်အေဝမ်းနှင့် ဗိုလ်စိုးမိုး ခေါင်းဆောင်သည့် အင်အား ၄ဝ ကျော်ရှိ DKBAတပ်များ ဝင်ရောက်နေရာယူခဲ့ကြပြီး ၎င်းတို့ကို ထောက်ကူရန် ဗိုလ်မှူးမြတ်ထွန်းအေး ဦးဆောင်သည့် အင်အား ၅ဝ ခန့်ရှိ ခလရ ၂၈၃ လည်း လိုက်ပါလာကြောင်း သိရခြင်း ဖြစ်သည်။ ဗိုလ်အေဝမ်း ခေါင်းဆောင်သည့် DKBA တပ်ဖွဲ့ဝင်များသည် မဲ့ကသာရွာသို့ ရောက်ရှိလာပြီး ရွာသားများအား လုပ်အားပေး ခေါ်ဆောင်၍ စစ်တိုက်ရာတွင် အသုံးပြုသည့် ခံတုတ်ကျင်းများ တူးခိုင်းနေသည်။

“ဒီတခါတော့ သူတို့ ခံတုတ်ကျင်းတွေ တူးပြီးတော့ အခိုင်အမာတည်မယ့်ပုံ ရှိတယ်။ တကယ်လို့ သူတို့ အဲဒီမှာ အခိုင်အမာယူမယ်။ ရန်သူတပ်ကလည်း နောက်က ပါလာမယ်ဆိုရင်တော့ သူတို့ ထိုးစစ်လုပ်လာတဲ့အပေါ်မှာ ကျနော်တို့ဘက်ကတော့ တန်ပြန်ပြီးတော့ ပြောက်ကျားနဲ့ ခုခံပစ်မယ်။ အခွင့်သာရင် သာသလိုပေါ့ဗျာ။ ချေမှုန်းစစ်လုပ်မှာပေါ့” ဟု KNU အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက မဇ္ဈိမကို ပြောသည်။

မဲ့ကသာဒေသ တဝိုက်တွင် တန်းဖိုးကြီး သဘာဝဘေးမဲ့ သစ်တောများရှိပြီး စစ်အစိုးရက DKBA တပ်မှူး ဗိုလ်နှုတ်ခမ်းမွှေးအား သစ်တန်ချိန် ၅ဝဝဝ ထုတ်လုပ်ခွင့် ပေးသည့်သတင်း ကြားရကြောင်း သူက ပြောသည်။

KNU တပ်မဟာ ၆ အတွင်း၌ ယင်းကဲ့သို့ စစ်ပြင်နေမှုများ မပြုလုပ်မီ ပြီးခဲ့သည့်လ ၃၁ ရက်နေ့တွင် ဘားအံခရိုင် တပ်မဟာ ၇ နယ်မြေအတွင်း၌ KNU နှင့် DKBA တပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ DKBA ဘက်မှ ၁ ဦးကျဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း DKBA တပ်ရင်းမှူး တဦးက ဆိုသည်။

DKBA အနေဖြင့်မူ ထိုးစစ်ဆင်ရန် အထက်အမိန့် မရသေးသော်လည်း KNU ဘက်က စစ်ရေးသိက္ခာ ပြန်ဆယ်လိုသည့်အနေဖြင့် နယ်မြေစိုးမိုးရေး တိုက်ပွဲများ ပြန်ဆင်လာနိုင်ကြောင်းနှင့် လက်ရှိအနေအထားတွင် စစ်ရေးအရ တင်းမာမှုများ ရှိနေကြောင်း သူက ဆက်ပြောသည်။

“သူတို့ ပိုပြီးလှုပ်ရှားနိုင်တယ်လို့ ယူဆတယ်။ သူတို့ကလည်း နယ်မြေ လက်လွှတ်ဆုံးရှုံးရတယ်လေ။ အဲဒီ ဆုံးရှုံးရတဲ့ နယ်မြေကို တနည်းနည်းနဲ့ ပြန်တိုက်ချင်တဲ့သဘော ရှိတာပေါ့။ ဒါပေမဲ့ ကျနော်တို့ အရင် စပြီးတော့ ပြန်ပြီးလုပ်ဖို့တော့ အထက်ကအမိန့် ဘာမှမလာသေးဘူး” ဟု DKBA တပ်ရင်းမှူးက မဇ္ဈိမကို ပြောသည်။

KNU တပ်မဟာအမှတ် ၇ နှင့် ၆ အား စစ်အစိုးရတပ်က DKBA နှင့် ပူးပေါင်း၍ တိုက်ခိုက်နှိမ်နှင်းနိုင်ရန် ကြိုးစားနေခြင်းသည် နိုင်ငံရေးရည်ရွယ်ချက်လည်း ပါဝင်ကြောင်း ဗိုလ်မှူးစောလှငွေက ပြောသည်။

“ဒါက ၂ဝဝ၈ ဖွဲ့စည်းပုံကို အတည်ဖြစ်စေမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ သူတို့ အပိုင်အနိုင်ရဖို့ဆိုရင် သူတို့ ဖွဲ့စည်းပုံထဲမှာ ရေးထားတဲ့အတိုင်းပေါ့ဗျာ။ သူတို့ကို မနှောင့်ယှက်နဲ့ပေါ့ဗျာ။ အဓိက အင်အားစုတွေကိုတော့ ဆိုက်ဝါး Psy*-*War အရရော၊ လက်တွေ့အရရော ပိုပြီးတော့ မလှုပ်နိုင်အောင် သူတို့က လုပ်မှာပဲ။ ဒါကတော့ နိုင်ငံရေး ရည်ရွယ်ချက်လို့ ပြောရမှာပဲ” ဟု သူက ပြောဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး KNU မှ ဦးသာထူးကျော် ခေါင်းဆောင်သည့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော် DKBA သည် ၁၉၉၄ ခုတွင် ခွဲထွက်ခဲ့ပြီး လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာတွင် အခြေစိုက်ထားသည်။

KNU အတွင်းသို့ လာရောက်ပူးပေါင်းမည့် DKBA တပ်ဖွဲ့ဝင်များအား ၎င်းတို့၏ ရာထူးတာဝန်များအတိုင်း တာဝန်ထမ်းဆောင်ခွင့် ပေးနိုင်ရေးအတွက် တပ်မဟာ ၆ နယ်မြေဖြစ်သည့် ကရင်ပြည်နယ် ဒူပလာယာ ခရိုင်အတွင်းရှိ KNU ၏ တပ်မတော် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း ၁၆ နှင့် ၁၇ ရှိ တပ်မှူးအချို့အကြား ဆက်သွယ်ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ပြီးခဲ့သည့်လ ၁၈ ရက်နေ့တွင် KNLA အရာရှိတဦးက မဇ္ဈိမကို ပြောဆိုခဲ့သည်။

စစ်ပြေးဒုက္ခသည်များအား နေရပ်ပြန်ပို့ပါက အသက်အန္တရာယ် စိုးရိမ်ရ

ရဲရင့် / ၄ စက်တင်ဘာ ၂၀၀၉၊ ခေတ်ပြိုင်။
ထိုင်းနိုင်ငံဘက်သို့ ရောက်ရှိနေသည့် ကရင်စစ်ပြေးဒုက္ခသည်များအား မြန်မာနိုင်ငံဘက်သို့ ပြန်လည် ပို့ဆောင်မည်ဆိုပါက ယခုလက်ရှိအနေအထားတွင် လုံခြုံမှုမရှိကြောင်း မြန်မာဘက်မှ ဒေသခံများက ပြောသည်။ ဒီကေဘီအေ (၉၉၉)အမှတ် ၇တပ်ရင်းမှူး စောလိုက်သိန့်နှင့် တပ်ခွဲမှူး ဗိုလ်ဇော်ဝမ်း။

ဇွန်လဆန်းကဖြစ်ပွားခဲ့သည့် တပ်မဟာ (၇) ထိုးစစ်ကြောင့် ထိုင်းနိုင်ငံဘက်သို့ထွက်ပြေးကာ ထာ့ဆောင် ရမ်းမြို့နယ်တွင် ခိုလှုံနေကြသည့် ကရင်စစ်ပြေးဒုက္ခသည် (၄,၀၀၀) ခန့်အား မြန်မာဘက်သို့ ပြန်လွှတ် ရန် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ၉၉၉က ထိုင်းစစ်တပ်နှင့် လာ ရောက်ဆွေးနွေးခဲ့သည်။

၉၉၉ တပ်မဟာတပ်ရင်း (၇) မှ တပ်ရင်းမှူး ဗိုလ်လိုက်သိမ့်နှင့် အဖွဲ့ဝင်များက လွန်ခဲ့သည့်တပတ်ကျော်တွင် ဒေသခံထိုင်း စစ်တပ်နှင့် လာရောက်ဆွေးနွေးခဲ့သော်လည်း ဒုက္ခသည်များက ပြန်ရန်ငြင်းဆိုခဲ့သဖြင့် ဆွေးနွေးပွဲ သောင်မတင်ရေမကျဖြစ်ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကေအန်ယူတပ်မဟာ (၇) ဘားအံခရိုင်အတွင်း တပ်စွဲထားသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင်တဦးက ဒုက္ခသည်များအား ပြန်ပို့လျှင် အသက်အန္တရာယ် ရှိနိုင်ကြောင်း ပြောကြားသည်။

မြေမြှုပ်မိုင်းနင်းမိ၍ ခြေတဖက်ဖြတ်လိုက်ရသည့် အဆိုပါ ဒီကေဘီအေ တပ်ဖွဲ့ဝင်ဖြစ်သူက “ဘားအံခရိုင်အတွင်းမှာ ကျနော်တို့ မိုင်းနင်းမိတာ နေ့တိုင်းနီးပါးပဲ။ အခုဆိုရင် မိုင်းထိလို့ ခြေလက်ဖြတ်ထားတဲ့လူ၊ မဲဆောက်ဆေးရုံမှာ ဒီနေ့လာတဲ့ လူပါဆိုရင် (၁၁) ယောက်ရှိတယ်။ ဒီကေဘီအေကလူတွေ မဲဆောက်ဆေးရုံမှာ တက်လိုက်ဆင်းလိုက်နဲ့ (၃) လကျော်ပြီး မကုန်နိုင် သေးဘူး” ဟု ပြောသည်။

ဒီကေဘီအေတပ်ဖွဲ့ဝင်များပင် မိုင်းရှင်းကိရိယာများကို အသုံးပြု၍ သွားလာလှုပ်ရှားသည့်တိုင် မကြာခဏ မြေမြှုပ်မိုင်းနင်းမိသဖြင့် သေကျေဒဏ်ရာရသူများရှိသောကြောင့် အန္တရာယ်ကင်းမည့် ကြိုတင်ပြင်ဆင်မှုများမရှိဘဲ ထိုင်းဘက်သို့ ရောက်ရှိနေသည့် စစ်ပြေးဒုက္ခသည်များကို ပြန်ပို့မည်ဆိုပါက သေတွင်းပို့သကဲ့သို့ဖြစ်မည်ဟု ၎င်းက ပြောသည်။

ကေအန်ယူတပ်မဟာ (၇) ဒေသအတွင်း ကေအန်ယူဘက်မှ စခန်းဆုတ်ခွာစဉ် မြေမြှုပ်မိုင်းအလုံး (၃,၀၀၀) ခန့် ထောင်ထားခဲ့သဖြင့် မိုင်းပြဿနာနှင့် နေ့စဉ်ရင်ဆိုင်နေရကြောင်း၊ လာမည့်ပွင့်လင်းရာသီတွင် မြေတူးစက်များဖြင့် မိုင်းရှင်းပြီးလျှင် မြို့သစ်တည်ဆောက်ပြီး ကုန်သွယ်ရေးဂိတ်နှင့် နယ်ခြားစောင့်တပ်စခန်း ဆောက်လုပ်မည်ဖြစ်ကြောင်း ဒီကေဘီအေအရာရှိတဦးက ပြောသည်။

ဒေသခံထိုင်းအာဏာပိုင်များက ဒုက္ခသည်များကို နေရပ်ပြန်စေလိုသော်လည်း ၎င်းတို့ဆန္ဒမပါဘဲ အတင်းအကျပ် ပြန်ပို့မည်မဟုတ်ဟု ပြောဆိုသော်လည်း ထိုင်းဘက်မှ အတင်းအကျပ်ပြန်ပို့မည်ကို ဒုက္ခသည်များက စိုးရိမ်နေကြကြောင်း ဒုက္ခသည်အရေးကူညီနေသူတဦးက ပြောသည်။