Friday, September 7, 2012

KNU ကိုယ်စားလှယ်များမှ ငြိမ်းချမ်းရေးဖေါင်ဆောင်မှုဖြစ်စဉ်ကို ကရင်ပြည်သူလူထုနှင့်တွေ့ ဆုံရှင်းလင်းပွဲ- ဘောဂလိမြို့ ( ပြည်သူတို့ ၏ ရင်ဖွင့်သံ အပိုင်း-၁)

KNU ကိုယ်စားလှယ်များမှ ငြိမ်းချမ်းရေးဖေါင်ဆောင်မှုဖြစ်စဉ်ကို ကရင်ပြည်သူလူထုနှင့်တွေ့ ဆုံရှင်းလင်းပွဲ- ဘောဂလိမြို့ ( ပြည်သူတို့ ၏ ရင်ဖွင့်သံ အပိုင်း-၁)

 

KNU နှင့် အစိုးရတို့ ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကရင်ပြည်သူတို့  ရင်ဖွင့်သံ အပိုင်း-၂ ( ဘောဂလိမြို့  - တောင်ငူဒေသ)

 

အစိုးရတပ်တည်နေရာ သုံးပုံတပုံနီးပါး ရွှေ့ပေးရန် KNU တောင်းဆို


စံခလပူရီ (မဇ္ဈိမ) ။ ။ကရင် အမျိုးသား အစည်းအရုံးနှင့် အစိုးရတို့၏ ပြည်ထောင်စု အဆင့် တွေ့ဆုံပွဲ၌ အစိုးရ တပ်များ နေရာယူ တပ်စွဲထားသည့် တပ်တည် နေရာ သုံးရာနီးပါးရှိသည့်အနက် ကိုးဆယ်ခန့်ကို ရွှေ့ပြောင်း တပ်စိုက်
ပေးရန် တောင်းဆိုထားကြောင်း ကရင် အမျိုးသား အစည်းအရုံး ဒု-ဥက္ကဋ္ဌ ဒေးဗစ်သာကပေါ က ပြောသည်။

“တပ်မဟာ (၁) ကနေ (၇) အထိ အစိုးရ တပ်တွေ နေရာ (၃၀၀) နီးနီးလောက် တပ်စွဲ ထားတဲ့ အပေါ် နေရာ (၉၀) လောက် ရွှေ့ပေးဖို့ ကျွန်တော်တို့ တောင်းဆိုထားပါတယ်၊ သူတို့သဘောတူချင်ရင်လည်း တူမှာ ပေါ့လေ၊ တစ်ထိုင်တည်းနဲ့ ဆုံးဖြတ်လို့မရဘူး၊ သူတို့လည်း အထက်ကို တင်ပြရမယ်လေ” ကရင်မျိုးသား အစည်းအရုံး ဒု-ဥက္ကဋ္ဌ ဒေးဗစ် သာကပေါက မဇ္ဈိမကို ပြောသည်။

ယခု ရွှေ့ပေးရန် တောင်းဆိုထားသည့် အစိုးရတပ်များမှာ တောင်ငူ၊ ညောင်လေးပင်၊ ကော့ကရိတ်၊ ဘားအံ၊ ဘိတ်ထားဝယ် ခရိုင်များတွင် ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ် နယ်မြေတွင်း၌ တည်ရှိသည့် အစိုးရတပ်
တည်စခန်းများ ဖြစ်သည်ဟု သိရှိရသည်။

“အဲဒီလို ရွှေ့ပေးဖို့ တောင်းဆိုထားတဲ့ တပ်တွေက ရွာတွေနားမှာ ရှိတယ်၊ သို့မဟုတ် ပြည်သူတွေ သွားလာတဲ့ လမ်းကြောင်းတွေပေါ်မှာ ရှိတယ်၊ ရွာတွေနဲ့ နီးတဲ့အခါ လယ်တွေ ယာတွေသိမ်း၊ လူ့အခွင့်အရေးတွေ ချိုးဖောက် အဲဒါတွေကြောင့်ပါ” ဟု ဒေးဗစ် သာကပေါက မဇ္ဈိမကို ပြောသည်။

ထို့ပြင် အဆိုပါ အစိုးရ တပ်စခန်းများ အနီး၌ ထောင်ထားသည့် မိုင်းများလည်း ရှင်းလင်းပေးရန်လည်း တောင်းဆို ထားသည်ဟု သိရသည်။

အဆိုပါ တပ်များမှာ အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံးသို့ တိုက်ခိုက်နေကြသည့် ကာလအတွင်း ပြောက်ကျား နည်းဖြင့် တိုက်ခိုက်နိုင်ရန် မိမိတို့ထိန်းချုပ် နယ်မြေသို့ အဝင်ခံခဲ့ပြီး ထိုမှ တဆင့် အစိုးရ တပ်များက တပ်စခန်းများ
ဆောက်လုပ်ကာ နေရာယူ တပ်စွဲထားခြင်း ဖြစ်သည်ဟု ဆိုပါသည်။

အဆိုပါ ကရင်အမျိုးသား အစည်းအရုံးနှင့် အစိုးရတို့၏ ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်များ ဆွေးနွေးပွဲကို စက်တင်ဘာ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ ဘားအံမြို့ရှိ ဇွဲကပင် ဟိုတယ်၌ ပြုလုပ်ခဲ့သည်။

၎င်းဆွေးနွေးပွဲသို့ သမ္မတရုံး ဝန်ကြီးသစ်များ ဖြစ်ကြသော ဦးအောင်မင်းနှင့် ဦးစိုးသိန်း၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ၊ သစ်တော ဝန်ကြီး တင်အောင်၊ အရှေ့တောင်တိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ် ခင်မောင်ဝင်းနှင့် ပြည်နယ်အစိုးရ အဖွဲ့များလည်း တက်ရောက်ခဲ့ကြသည်။ KNU ဘက်မှ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ တက်ရောက် ခဲ့ကြသည်။

ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး ခိုင်မာရန် အတွက် နှစ်ဘက်တပ်များ၏ တပ်နေရာ ချထားရေးမှာ အဓိက ကျသည့် အကြောင်းရင်း တစ်ရပ် ဖြစ်သည် ဟုလည်း ဒေးဗစ် သာကပေါက ပြောပါသည်။

“တပ်ရွှေ့ဖို့ကို သူတို့သဘောတူရင် နေ့ချင်းညချင်း ပြီးတာပဲ၊ ဟိုတပ်ရွှေ့ ဒီတပ်ရွှေ့ ဘယ်လောက်ကြာမှာလဲ၊ တစ်ပတ် နှစ်ပတ်ပေါ့။ မလုပ်ချင်ရင်တော့ ကြာနေမှာပေါ့၊ အဲဒီလို ဖြစ်လာရင် ထပ်ဆွေးနွေးရမှာပေါ့၊ ဘာလို့မလုပ် ချင်တာလဲလို့” ဟု ဒေးဗစ် သာကပေါက ပြောသည်။

ယခု စက်တင်ဘာလ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ ဘားအံမြို့ ဇွဲကပင် ဟိုတယ်၌ ပြုလုပ်သည့် ပြည်ထောင်စု အဆင့် ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲတွင်မူ နှစ်ဖက် တပ်များ လိုက်နာသင့်သော ကျင့်ဝတ် များအပေါ် အစိုးရနှင့် သဘောတူ လက်မှတ်ရေးထိုး နိုင်ခဲ့သည်ဟု သိရပါသည်။

KNU သည် အချက် ၄ ချက် အခြေခံဖြင့် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့က ဘားအံမြို့ ဇွဲကပင်ဟိုတယ်
ဆွေးနွေးပွဲ ၌ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်ကို ပြည်နယ် အစိုးရနှင့် ချုပ်ဆိုခဲ့ပြီး ဖြစ်သည်။

Wednesday, September 5, 2012

Code of Conduct နှင့် တပ်အရွေ့ အပြောင်းကိစ္စနှင့်စပ်လျဉ်း၍ ကေအဲန်ယူနှင့်မြန်မာအစိုးရ ယာယီ သဘောတူညီမှုရရှိ ကေအဲန်ယူ ထိန်းချူပ်ရာ တပ်မဟာ(၇)ခုအတွင်း မြန်မာအစိုးရစစ်တပ် တပ်ရင်းပေါင်း (၃၁၀)ရင်းရှိပါသည်။ ယခုဆွေးနွေးပွဲတွင် ကေအဲန်ယူဘက်မှ မြန်မာစစ်တပ် တပ်ရင်း (၁၂၅)ရင်း ဆုတ်ပေးရန်တောင်းဆိုကြောင်း ကွယ်ကလူ သတင်းမှာ ဖေါ်ပြထားပါသည်။

KNU and Burmese Government reach a provisional agreement 4 - 9 - 2012

ဖားအံ့မြို့ တွင် ဆွေးနွေးနေဆဲဖြစ်သော KNU ကရင်အမျိုးသားအစည်းအရုံးနှင့်အစိုးရတို့ ၏ တတိယအကြိမ်မြောက်ဆွေးနွေးပွဲ (ရုပ်သံ) ကွယ်ကလူသတင်းမှ







စက်တင်ဘာလ ၄ရက်နေ့တွင် ပြီးစီးခဲ့သည့် တတိယအကြိမ်မြောက် မြန်မာအစိုးရနှင့် ကေအဲန်ယူ တွေ့ဆုံဆွေးနွေးမှု ဓာတ်ပုံမှတ်တမ်း။


Tuesday, September 4, 2012

အညံ့စားအမတ်



တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့၏လွတ်တော်အမတ်ဦးတင်ရှန်သည်ယခုတခေါက်လွတ်တော်တွင်အောက်ပါအချက်နှစ်ခုကိုတင်
ပြတောင်းဆိုခဲ့ကြောင်း15.8.2012 ရက်စွဲပါမြန်မာ့အလင်းသတင်းစာတွေ့နိုင်သည်။
ပထမတစ်ချက်မှာ မြိတ်မြို့ကမ်းနားလမ်းတလျှောက်ပလက်ဖောင်းပေါ်တွင်အားကစားပစ္စည်းများထားရှိရေးနှင့်ဒုတိယအချက်မှာ
ဆိုကရေးတီးကိစ္စရပ်များကိုပိုမိုအားပေးရေးတို့ဖြစ်သည်။
ဦးတင်ရှန်သည်သီတာရေလုပ်ငန်းကုမ္ပဏီမှမန်နေဂျာတစ်ဦးဖြစ်သည်။၎င်း၏ဖခင်ဦးကြင်မောင်မှာယခင်မစလပါတီမှတင်းပြည့်
ကျပ်ပြည့်ပါတီဝင်တစ်ဦးဖြစ်သည်။အရည်ချင်းရှိမျိုးရိုးမှဆင်းသက်လာသူဖြစ်ပြီး၎င်းကိုယ်တိုင်ကြံဖွံပါတီဝင်ဖြစ်သည်။
မြိတ်မြို့လွတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်လျှက်နှင့်မြို့၏အကျိုးကိစ္စ၊လူထုအကျိုးရှိမည့်ကိစ္စရပ်များကိုတင်ပြရမည့်အစား၊ရှုး
ကြောင်ကြောင်ကိစ္စများကိုသာတင်ပြခဲ့သည့်အတွက်မြိတ်မြို့သားတစ်ဦးအနေနှင့်အလွန်ပင်ရှက်မိဒေါသဖြစ်မိသည်။
ဦးလှသန်းကိုကြောက်၍အောက်ပါအချက်များကိုမတင်ပြပါ ။
ရေလုပ်ငန်းကိစ္စရပ်များကိုမဆွေးနွေးမတင်ပြခဲ့ပါ။ငါးမှုန့်စက်ရုံအနံအသက်ဆိုးရွားစွာထွက်ရှိနေခြင်းကိစ္စများကိုမတင်ပြခဲ့ပါ။သစ်
တောများမတရားခိုးထုတ်နေခြင်း၊သစ်တောပြုန်းတီခြင်းကိစ္စအကြောင်းများကိုလည်းမတင်ပြမဆွေးနွေးခဲ့ပါ။
ဦးဋ္ဌေးမြင့်ကိုကြောက်၍အောက်ပါအချက်များကိုမတင်ပြခဲ့ပါ။
 လမ်းများအလွန်ပျက်စီးနေခြင်းကိုသိလျှက်ပင်မတင်ပြခဲ့ပါ။လျှပ်စစ်မီတာခများဈေးကြီးပေးဆောင်နေရခြင်းကိစ္စများကိုလည်းမ
ဆွေးနွေးခဲ့ပါ။ငါးဦးစီးဌာနနှင့်ငါးလုပ်ငန်းအဖွဲ့ချုပ်ကိုကြောက်၍ဒေသဖွံဖြိုးရေးကြေးများနှင့်VIP ကြေးများကောက်ခံနေခြင်းကိစ္စ
များကိုလည်းမတင်ပြခဲ့ပါ။တရားဝင်အခွန်ဆောင်၍Export ထွက်ခွါနေသောငါးသယ်လှေ(လိုင်းဖြူ)များထိုင်းနိုင်ငံသို့တိုက်ရိုက်
ထွက်ခွါခွင့်မရရှိဘဲ့ ကြားစခန်းဖြစ်သောဝါးကျွှန်းစစ်ဆေးရေးစခန်းများတွင်တဖန်အစစ်ဆေးခံပြီးမှထွက်ခွါနေရခြင်းကိုလည်းမ
တင်ပြခဲ့ပါ။မြန်မာ့ရေတပ်မတော်ကိုကြောက်၍ရေတပ်မတော်မှစစ်သင်္ဘောများတိုင်းရင်းသားပိုင်လှေအသီးသီးမှနည်းမျိုးစုံဖြင့်
ခြိမ်းခြောက်ကာငွေတောင်းခံခြင်း၊ဒီဇယ်ဆီများကိုတောင်းခံခြင်းကိစ္စရပ်များကိုလည်းမတင်ပြခဲ့ပါ။
အမှန်တကယ်လိုအပ်နေသောအရာများကိုတင်ပြမည့်အစားခပ်ညံ့ညံ့အကြောင်းအရာများကိုတင်ပြခဲ့သောအညံ့စားအမတ်ကို
အမြန်ဆုံးဖယ်ရှားပေးနိုင်ရန်မြိုသားတစ်ဦးအနေဖြင့်တင်ပြအပ်ပါသည်။

မျှဝေ တင်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ ဒါပါပဲ။




ကျနော်က သတင်းဌာနက မဟုတ်ပါ။ ဒါပေမဲ့ အားလုံးပဲ သိသင့် သိထိုက်တာမို့ ပြန်လည် မျှဝေတာပါ။ ပေးပို့သူကတော့ အမည်
 မဖော်လိုသူ တစ်ယောက် ပေးပို့လာခြင်းပဲ ဖြစ်ပါတယ်။
အပေါ်ပုံကို မိုးသီးဇွန် ဂျာမနီကို သွားပြီးတော့ မွတ်စလင် အဖွဲ့နဲ့ ပေါင်းစည်းကာ တောင်းစားရေးနဲ့ ပေါင်းစားရေး အစည်းအဝေး
မှာ အမှတ်တရ ရိုက်ထားတာပါ။ ပေးပို့သူက အဲဒီပုံကို ဒီလို မှတ်ချက် ပေးထားပါတယ်။

((( မိုးသီးဇွန်နဲ့  ဂျာမဏီက ရိုဟင်ဂျာ ဥက္ကဌ George Khan တွဲရိုက်ထားတဲ့ ဓါတ်ပုံရှိတယ်..သူတို့ တွေက အမြဲဆက်သွယ်ပြီး
 မူစလင်တိုင်းပြည်တွေကငွေတွေ ယူပြီး တွဲလုပ်နေကြတယ် )))

အခု ကျနော်က မိုးသီးဇွန်ကို မုန်းလို့လည်း မဟုတ်ပါဘူး။ သူနဲ့လည်း ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမဲ့ သူ ဘာကြောင့် ပြန်ဝင်
လာရသလဲ။ သူပြန်ဝင်လာတော့ အောက်က အဖွဲ့အစည်းတွေက ဘာလို့ ကြိုဆိုကြတာလဲ ဆိုတာကို ယှဉ်ပြီးတော့ နှိုင်းပြချင်လို့
သာ တွဲတင်လိုက်တာပါ။ ပုံမှာ ပါတဲ့ သူကိုလည်း ယှဉ်ကြည့်ကြပါ။

ကျနော် ဒီပုံကို မျှဝေ တင်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ ဒါပါပဲ။ ပေးပို့ပေးတဲ့ သူကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်။

အပေါ်ပုံမှ လူနာမည်တွေကတော့ ဘယ်မှညာသို့ ကိုအောင်မိုးဇော် ၊ George Khan ၊ မိုးသီးဇွန် ၊ ကိုမင်းဇင် တို့ပါပဲ။
( ကိုညီညီသန်းက ပြောပြပေးတာပါ။ )

လေးစားစွာဖြင့်
ကိုဇော်

ရခိုင်-ဘင်္ဂလီအရေးကိုမိုးသီးဇွန်အမြင်သဘောထား

Monday, September 3, 2012


face book မှာ ရခိုင်ကသတင်းဓါတ်ပုံတွေရတော့သူငယ်ချင်းတွေမျှဝေတော့ကိုမိုးသီးဆီလဲမျှဝေမိပါတယ်၊
ဒီပုံတွေဖြုတ်လိုက်ကြောင်းပြန်ပြီးအကြောင်းကြားအသိပေးလာတာပါ။

အပေါ်ပုံကရခိုင်တိုင်းရင်းသားတယောက်လဲနေတဲ့ပုံပါ
ထူးခြားစွာခေါင်းဆောင်တယောက်အနေနဲ့ဒီကိစ္စအပေါ်စကားလုံးလဲမရှိခဲ့ပါဖူး။

အခုအထဲမှာဒီကိစ္စအပေါ်သူဘာပြောမလဲ။စိတ်ဝင်စားစရာပါ။

ကျွန်တော်သာပြည်တွင်းသတင်းထောက်တဦးဆိုရင်မေးခွန်းတခုတော့မေးမိမှာပါ။

" ပြည်ပမှာဘင်္ဂလီခေါင်းဆောင်တွေနဲ့တွေ့တော့ဘာတွေဆွေးနွေးခဲ့ကြပါသလဲ"
ဆိုတာပါပဲ။

ရဲရင့်ငယ်



ကားခေါင်မိုးပေါ်ရောက်ရတဲ့အကြောင်းရင်း

Monday, September 3, 2012


မလေးကတင်တဲ့အခွေမှာကိုမိုးသီးကအကုန်ပေါင်းတိုက်ကြရမယ်..အဲဒီနေရာလေး
နဲ့ဘင်္ဂလီတယောက်ပြောတဲ့သူတို့မြေရအောင်တိုက်ပွဲဝင်ရမယ်နဲ့ရောလိုက်တော့ကိုမိုးသီးကပါ
သူတို့အတွက်တိုက်ပွဲဝင်သလိုဖြစ်သွားတာပါ။ဒီလုပ်င်္ကြမှုအတွက်တော့ကိုမိုးသီးလဲအခုလိုပြည်
တော်ပြန်ခါနီးမှာအတော်ပဲအီစိမ့်အောင်ခံလိုက်ရပါတယ်။
Public ရှေ့ မှာပြောတာခေါင်းဆောင်လုပ်မယ့်သူတယောက်ဒီလောက်မညံ့ပါဖူး။နောက်ကွယ်
မှာပဲရိုးသားစေချင်တာပါ။နမိတ်ပြစကားတွေနဲ့တခုခုပတ်သက်ခဲ့မယ်ဆိုရင်တော့ဒီရခိုင်အရေး
ဒီအချိန်မှာဖြစ်လိုက်တာသူအတွက်တော်တော်နေရခက်စေမှာပါ။ကိုမြအေးပြောတာရဲ့၅ရာခိုင်
နုန်းလောက်တောင်ဝင်မပါရဲသလိုဖြစ်သွားခဲ့တာတော့အမှန်ပဲ...
ကိုမြအေးလိုလွတ်ခါစသဲလဲစင်လေးသာဆိုကိုမိုးသီးလား...သူပြောတာကိုအနောက်ကနေပိ
ရိတ်သတ်တောင်လိုက်ရွတ်ခိုင်းလိမ့်အုန်းမယ်။

တကယ်တော့ဒီအချိန်ကပြည်တွင်းပြည်ပကြီးကြီးသေးသေးဘယ်လောက်လျှာပေါ်မြက်
ပေါက်ခံခဲ့သလဲဆိုတဲ့မှတ်ကျောက်ငရဲမီးအပွတ်ခံရတဲ့အချိန်ပါ။

ပြည်တော်အ၀င်လူစည်စေချင်လို့အစကောင်းသလိုနဲ့အဆုံးဂျောင်းသွားတဲ့ကိုအေးလွင်တို့
နဲ့လေဆိပ်မှာရောလိုက်တာကလည်းအင်အားစုအသစ်တခုပေါ်တော့မယ်လို့အရိပ်ပြလိုက်သ
လိုပါ။ဒီမိုကရေစီခေါင်းဆောင်ကြီးလုပ်လိုက်တာကလဲဆိုင်းဘုတ်ရေးတဲ့သူတွေစဉ်းစားသင့်ပါ
တယ်...ကျောင်းသားခေါင်းဆောင်ပဲဖြစ်ခဲ့ဖူးတာပါ။ဒီစကားဘာလို့ပြောလည်းဆိုတော့ကိုနိုင်
အောင်ကိုပြည်ပမှာကိုမင်းကိုနိုင်တို့လိုကျောင်းသားခေါင်းဆောင်လုပ်ဖို့ကျွန်တော်ပြောတော့
အစုအဖွဲ့အလိုက်ပဲလုပ်ဖို့ပြောပါတယ်။ကျွန်တော်ကလည်းအတင်းပြော၊သူကလည်းငြင်း
ဘေးကလူတွေစကားလွှဲမှပဲရပ်သွားတယ်။

ဆိုတော့လက်ရှိမှာကျောင်းသားခေါင်းဆောင်လည်းမဟုတ်ပါဖူး။လူသစ်စိတ်သစ်အထာ
လေးနဲ့ပြန်စရမှာကို..ကိုမင်းကိုနိုင်တို့တောင်မရယူရဲသေးတဲ့ဘွဲ့သူကိုပေးလိုက်တဲ့သူတွေအ
ထဲမှာနေပြီးနိုင်ငံရေးရေစီးကြောမှာကြွက်တက်နေတဲ့သူတွေလို့သုံးသပ်လို့ရပါတယ်။
အဲဒီစာတမ်းတွေကြည့်ပြီးကိုမိုးသီးလဲဖင်တွန့်သွားမှာတော့အသေအချာပါပဲ..
(ဒီလူတွေငါကိုလာကြိုတာလား..
လေဆိပ်ကနေမြောင်းထဲအရောက်ပို့နေတာလား..တွေးပြီးဂုဏ်ယူရမှာလား၊လာခဲ့တဲ့လေ
ယာဉ်ပေါ်ပြန်တင်ရင်ကောင်းမလားတွေးနေတုံးမထူးပါဖူးဆိုပြီးကားခေါင်းမိုးပေါ်တက်
သွားတာလည်းဖြစ်နိုင်ပါတယ်။)

ကျွန်တော်သာဆိုဖြေးဖြေးချင်းတင်ပေးတယ်။
ဒီမိုကရေစီခေါင်းဆောင်ဆိုတာသမ္မတထက်မြင့်မယ်ထင်တယ်...
အဲဒါကြောင့်ကျွန်တော်ဆုတောင်းပေးတာ..
ပြုတ်မကျပါစေနဲ့လို့......

သင့်ရိုးရာ သင့်ယဉ်ကျေးမှု သင့်လူမျိုးကို ထိန်းသိမ်း မြင့်တင်ပါ။


knu leave for 3rd peace talk smaller


ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်လူမှုအဖွဲ့ အစည်းခေါင်းဆောင်များတွေ့ ဆုံပွဲ (၂/၉/၂၀၁၂)


နှစ်ဖက်လိုက်နာရမည့် ကျင့်ဝတ်ကို မြန်မာ အစိုးရနှင့် ကေအဲန်ယူတို့ စတင် ဆွေးနွေး


စက်တင်ဘာလ ၃ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ၏ သတင်းပေးပို့ချက် (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူနှင့် မြန်မာအစိုးရတို့ တတိယအကြိမ် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ ဖားအံမြို့ ဇွဲကပင်ဟိုတယ်လ်၌ ယနေ့မနက်မှ ညဦးပိုင်းအထိ ကျင်းပပြုလုပ်ခဲ့ရာ နှစ်ဦးနှစ်ဘက် လိုက်နာရမည့် ကျင့်ဝတ်များ (Code of Conduct-CoC)ကို ဦးစွာ ဆွေးနွေးခဲ့ကြသည်။
ယင်းသို့ဆွေးနွေးရာတွင် ကေအဲန်ယူမှ ရေးသားတင်ပြထားသည့် CoC မူကြမ်းကို နှစ်ဖက်စလုံးမှ နယ်နိမိတ်ခေါ်ဝေါ်မှု၊ IDP အဓိပ္ပါယ်ဖွင့် ဆိုချက် အပါအ၀င် မူကြမ်းပါ အသုံးအနှုံးများအပြင် လူထုမှ လိုက်နာရမည့်ကျင့်ဝတ်နှင့် နှစ်ဖက်တပ်များမှ လိုက်နာရမည့်ကျင့်ဝတ်များကို တစ်ချက်ချင်း၊ တစ်ပိုဒ်ချင်း အကျေအလည် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ယနေ့ဆွေးနွေးပွဲတွင် အဓိကအားဖြင့် အစိုးရဘက်မှ သမ္မတ၀န်ကြီး ဦးစိုးသိန်း၊ ပြည်ထောင်စု ဒု-ဥပဒေချုပ် ဦးထွန်းထွန်းဦး၊ အရှေ့ တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်း၊ ပြည်ထောင်စု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်းတို့က ဦးဆောင်ဆွေးနွေးခဲ့ကြ သည်။
အထူးသဖြင့် CoC တွင် ပါဝင်သည့် တပ်စခန်းတည်ဆောက်ရေးကိစ္စ၊ နယ်မြေစိုးမိုးရေးနှင့် စစ်သည်တော်ကျင့်ဝတ်များကို နှစ်ဖက်ကိုယ် စားလှယ်များက အသေးစိတ် ညှိနှိုင်းပြောဆို လက်ခံခဲ့ကြသလို ကေအဲန်ယူဘက်မှ တွဲဖက် စစ်ရေးချုပ် ဗိုလ်မှူးချုပ်စ’ရှာထုဝေါ်နှင့်အတူ ဗိုလ်မှူးစောဂလယ်ဒို့၊ ဗိုလ်မှူးစောတာမလာသောတို့က ဦးဆောင်တင်ပြဆွေးနွေးဖြစ်ခဲ့သည်။
“စစ်ရေးအရဆို နှစ်ဖက်တပ်တွေရဲ့ သွားလာမှုတွေ၊ လက်နက် ရိက္ခာသယ်ယူမှုကို လိုအပ်တာထက် ပိုမသယ်ဆောင်ဖို့၊ လူထုရှင်းလင်းပွဲ လို လုပ်ဆောင်ချက်တွေဆိုလည်း အပြန်အလှန် ယုံကြည်မှုရှိအောင် တစ်ဖက်နဲ့တစ်ဖက် အသိပေးသွားဖို့တွေ ဆွေးနွေးဖြစ်ကြတယ်။ ဆွေးနွေးပွဲ တက်ရောက်တဲ့ လွှတ်တော်ကိုယ်စားလှယ် နန်းစေးအွာက လူထုလိုလားတဲ့ ၁၇/၁ ပုဒ်မကို ဖြုတ်ပေးဖို့ကို တောင်းဆိုတော့ ၀န်ကြီးဦးအောင်မင်းက ကရင်ဒေသမှာ မရှိတော့ကြောင်း ပြောခဲ့ပါတယ်”ဟု ကိုယ်တိုင်သတင်း စုဆောင်းသူ နန်းဖော့ဂေက ပြောသည်။

ဆွေးနွေးပွဲတွင် မိုင်းရှင်းလင်းရေးနှင့် ပတ်သက်၍ နှစ်ဘက် လက်ခံဆွေးနွေးခဲ့သည်မှာ အပစ်ရပ်ဒေသများတွင် မိုင်းအသစ် ထပ်မံ ထောင် ထားခြင်းကို မပြုလုပ်တော့ဘဲ ထောင်ထားပြီးသော မိုင်းများကို ရှင်းလင်းရေးကိစ္စတွင် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ ကြသည်။
၎င်းအပြင် အစိုးရနှင့် ကေအဲန်ယူ နှစ်ဖက် သက်ဆိုင်သော ကိစ္စဟူသမျှကို တိုက်ရိုက်ရန်မူသော လုပ်ရပ်နှင့် ရန်မူသည့်သဘောကိုဆောင် သော လုပ်ရပ်အားလုံးကို ရပ်စဲပြီး အပစ်အခတ်ရပ်စဲခြင်း အကျိုးသက်ရောက်ရာ အရပ်ဒေသနေ အရပ်သားများကို ဥပဒေမဲ့ ပြုကျင့်မှုများ မဖြစ်ပွားစေရေး လိုက်နာဆောင်ရွက်ရေးကိုလည်း လက်ခံခဲ့ကြသည်။
ယနေ့ ဆွေးနွေးပြီးခဲ့သည့် လူထုနှင့် လက်နက်ကိုင်တပ်များ လိုက်နာရမည့်ကျင့်ဝတ် မူကြမ်းကို နှုတ်အားဖြင့် သဘောတူညီခဲ့ကြကာ မနက်ဖြန် ဒုတိယနေ့ ဆွေးနွေးပွဲတွင် နှစ်ဘက်တပ်များ အရွှေ့အပြောင်းကိစ္စကို မြန်မာအစိုးရနှင့် ကေအဲန်ယူ ငြိမ်းချမ်းရေးကိုယ်စားလှယ် များက ဆက်လက် ဆွေးနွေးသွားမည်ဖြစ်သည်။
ကရင်ဒေသရှိ လူထုဘ၀ လုံခြုံမှုအတွက် လိုက်နာရမည့်ကျင့်ဝတ်နှင့် တပ်အရွှေ့အပြောင်းကိစ္စကို ကေအဲန်ယူမှ အဓိကထား၍ မြန်မာ အစိုးရကိုယ်စားလှယ်များနှင့် တတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ရာ ကေအဲန်ယူဘက်မှ အဖွဲ့ခေါင်းဆောင် နော်စီဖိုးရာစိန်၊ ဒုအဖွဲ့ခေါင်း ဆောင် ဗိုလ်မှူးချုပ်စ’ရှာထုဝေါ် အပါအ၀င် ငြိမ်းချမ်းရေးကိုယ်စားလှယ် ၉ဦး တက်ရောက်ခဲ့သည်။
အလားတူ အစိုးရဘက်မှ သမ္မတရုံးဝန်ကြီးများဖြစ်ကြသည့် ဦးစိုးသိန်း၊ ဦးအောင်မင်းနှင့် ပြည်ထောင်စုဝန်ကြီးအချို့၊ ကရင်လွှတ်တော် ကိုယ်စားလှယ်များအပြင် ရန်ကုန်တိုင်း ကရင်ရေးရာဝန်ကြီး စောထွန်းအောင်မြင့်လည်း တက်ရောက်ခဲ့ကြသလို နိုင်ငံတကာ လေ့လာသူ ၃ဦးနှင့် ပြည်တွင်းလေ့လာသူ ၃ဦး ပါဝင်ခဲ့သည်။