Saturday, December 26, 2009

ကေအဲန်ယူ တပ်မဟာ(၅)တွင် နအဖနှင့် ဒီကေဘီအေ တပ်အင်အားအလုံးအရင်းဖြင့် ၀င်ရောက်နေရာယူ

ဒီဇင်ဘာလ ၂၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်မြောက်ပိုင်းရှိ ကေအဲန်ယူ တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင်၊ ဒွဲလိုးမြို့နယ်တွင် ပြီးခဲ့သည့် ရက်အနည်းငယ်တွင် နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်တို့ တပ်အင်အား အလုံးအရင်းဖြင့် ၀င်ရောက် နေရာယူနေသည်ဟု သတင်းရရှိသည်။

ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်၌ ယခင်က တပ်အင်အား ၆၀၀ရှိသော ဒီကေဘီအေ တပ်မ ဟာ(၃၃၃)နှင့် တပ်မဟာ (၉၉၉)တပ်ရင်းတချို့သည် ပြီးခဲ့သည့် ရက်အနည်းငယ်က တပ်အင်အား ၁၀၀ ကျော် ထပ်ဖြည့်ကာ နောက်ထပ်အင်အား ၄၀၀ ထပ်ဖြည့်ရန်ရှိပြီး လက်ရှိအချိန်တွင် နအဖ စစ်တပ် တပ် မ(၄၄)မှ တပ်ရင်း ၂ရင်းကို စစ်ကူတောင်းထားကြောင်းလည်း ကေအဲန်ယူ တပ်မဟာ(၅) ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးစောကလယ်ဒိုက ပြောသည်။


သူက “ပြီးခဲ့တဲ့ တရက်နှစ်ရက်တုန်းက ကျနော်တို့ သိရတဲ့အတိုင်းဆိုရင် ဒီကေဘီအေ တပ်အင်အား ၁၀၀ကျော် ထပ်ခေါ်ထားပြီးတော့ လှဂွန်းပြို့(ခိုသွီထာ့)မှာ နေရာယူတယ်။ နောက်ထပ် ထပ်ခေါ်ဖို့လည်း ရှိသေးတယ်။ နောက်ပြီးတော့ နအဖ တပ်ရင်း ၂ရင်းကို လည်း စစ်ကူခေါ်တယ်လို့ ကျနော်တို့သိရတယ်။ သူတို့လုပ်ငန်း(ရွှေနဲ့သစ် ထုတ်လုပ်ဖို့)နဲ့ ပတ်သက်ပြီးတော့ လုံခြုံရေး ထပ်တိုးတာလား။ အခုလိုဝင်လာ တာ စစ်ဘက်ဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ လှုပ်ရှားမှုတခုခု လုပ်ဖို့လားတော့ ကျနော် မပြောနိုင်သေးဘူး” ဟု ပြောသည်။

၎င်းတပ်ရင်းတို့ ရှေ့ဆက်လှုပ်ရှားမည့် အစီအစဉ်ကို မသိရှိရသေးသော်လည်း လတ်တလောအချိန်တွင် နအဖစစ်တပ်မှ စစ်ကွပ်ကဲရေးဌာနချုပ်(၂၁)နှင့် ဌာနချုပ်(၃)တို့ ပူးပေါင်း၍ ၎င်းတို့တပ်စခန်း တည်ရှိရာ ဖာ့ဝေါ်၊ လယ်မူပလော၊ ဆောမူပလော၊ ဆောထာ့ စသည့်နေရာများတွင် စစ်တပ်ရိက္ခာ ပို့ဆောင်မှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဗိုလ်မှူးစောကလယ်ဒိုက ဆက်ပြောသည်။

၎င်းအပြင် နအဖ စစ်ကွပ်ကဲရေးဌာနချုပ် အမှတ်(၇)နှင့် အမှတ်(၅)မှ တပ်ရင်း(၃)ရင်းကလည်း ကေအဲန် ယူ ထိန်းချုပ်ရာနယ်မြေဖြစ်သည့် ရှိုးကျိုးနှင့် ခေးပူတို့နယ်မြေတို့တွင် ယခုရက်ပိုင်းအတွင်း ရောက်ရှိနေပြီ ဖြစ်သည်ဟု သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြိုင်ကြီးငူအထူးဒေသ အခြေစိုက် ဒီကေဘီအေ ဗဟိုဌာချုပ်သို့ ကေအိုင်စီမှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း တာဝန်ယူ တုန့်ပြန်ဖြေကြားမည့်သူ မရှိပါ။

ဒီကေဘီအေတပ်ဖွဲ့သည် လွန်ခဲ့သည့် နိုဝင်ဘာလက ရွှေတူးဖော်ရေးနှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းအ တွက် အကြောင်းပြကာ တပ်အင်အား ၆၀၀ကျော်နှင့်အတူ ကေအဲန်ယူ တပ်မဟာ (၅)နယ်မြေ ဖာပွန်နှင့် သထုံခရိုင် နယ်စပ်ကြား ဘီးလင်းချောင်းနားတွင် ၀င်ရောက်နေရာယူခဲ့သော်လည်း လူထုအပေါ် ဖိအား ပေးမှု တစုံတရာ မရှိသေးပေ။

ကေအဲန်ယူ တပ်မဟာ ၅နယ်မြေတွင် ယခုနှစ် ပွင့်လင်းရာသီမှစ၍ ထိုဒေသတွင် လှုပ်ရှားနေသည့် နအဖ စစ်တပ်များနှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ဖွဲ့ တို့အကြား တရက် တကြိမ်၊ နှစ်ရက်တကြိမ် ပြောက်ကျားတိုက်ပွဲ ဖြစ်ပွားလျှက်ရှိသည်ဟု သိရသည်။

၎င်းအပြင် ယခုလ ၁၉ရက်နေ့ကလည်း ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေရှိ ကေအဲန်အယ်လ်အေ တပ် ရင်း(၂၀၁)မှ တပ်ခွဲတခွဲနှင့် နအဖ ခမရ(၅၄၇)တို့ တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ ၂ဦး ကျဆုံးကာ တပ်စု မှူးတဦး၊ တပ်ကြပ်ကြီးတဦး အပါအ၀င် လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူသတင်းအရ သိရ သည်။

ကေအဲန်ယူနှင့် စစ်အစိုးရတိုက်ပွဲ နှစ်ဦးကျ၊ အရာရှိအပါအ၀င် ၆ ဦးဒဏ်ရာရ

သတင်းနှင့်မီဒီယာကွန်ယက်။ ဇော်ကြီး။
ဒီဇင်ဘာလ ၂၃ ရက်၊ ၂၀၀၉ ခုနှစ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) လက်အောက်ခံတပ် နှင့် မြန်မာစစ်အစိုးရတပ်တို့ ဖြစ်ပွားသည့်တိုက်ပွဲ၌ စစ်အစိုးရတပ်မှ နှစ်ဦး ကျဆုံးပြီး အရာရှိတစ်ဦးအပါအ၀င် ခြောက်ဦးဒဏ်ရာရရှိခဲ့သည်။

ကေအဲန်ယူ တပ်မဟာ(၆) လက်အောက်ခံလှုပ်ရှားတပ်ဖွဲ့မှ အင်အား ၁၅ ဦးနှင့် စစ်အစိုးရ ခြေမြန်တပ်ရင်း ခမရ ၅၄၇ မှ အင်အား ၈၀ ခန့်တို့ ကနဲလေးကျေးရွာအနီးတွင် ယခုလ ၁၉ ရက်နေ့က ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု နယ်မြေခံတပ်မှူး ဗိုလ်ကြီး စောဘူးဖောက ယခုလိုပြောသည်။

“သူကတပ်ချိန်းလိုက်တာလေ။ စကခချိန်းတဲ့ အချိန်မှာ အဲလို ရင်ဆိုင်ဖြစ်ပွားခဲ့တာပေါ့။ နေ့လည် ၁၁ နာရီ လောက်မှာဖြစ်တာ။ အဲ့မှာ နှစ်ယောက်ပွဲချင်းပြီးသွားတယ်။ နောက်ထပ် သူတို့ ခြောက်ယောက် ဒဏ်ရာရတယ်။”


ဒဏ်ရာရသူထဲမှ ဒုတပ်ခွဲမှူး ဗိုလ်ရဲထွဋ်ဝေနှင့် တပ်ကြပ်ကြီးတစ်ဦးတို့ အခြေအနေစိုးရိမ်ရ သည်ဟု စစ်အစိုးရ တပ်နှင့် နီးစပ်သူများကပြောကြောင်း ၎င်းကဆက်ပြောသည်။

“နောက်ကျနော်တို့ သတင်းပြန်ရတာက တပ်ကြပ်ကြီးတစ်ယောက်နဲ့ ဒုခွဲမှူးတစ်ယောက်တော့ စိုးရိမ်ရ တယ်လို့ပြောတယ်။ မြ၀တီကိုရောက်တော့ သေသွားတယ်လို့ အဲလို ကျနော်တို့တော့ကြားတာပဲ။”

ယခုကာလသည် စစ်အစိုးရတပ်များ အပြောင်းအလဲပြုလုပ်နေချိန်ဖြစ်ပြီး စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ (၁၂) နေရာတွင် စကခ (၈) မှ အစားထိုးဝင်ရောက်လာရာ တိုက်ပွဲကြီးများဖြစ်ပွားမှုမရှိသော်လည်း ပြောက်ကျား နှင့် ရင်ဆိုင်တိုက်ပွဲများ မကြာခန ဖြစ်ပွားနေသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကေအဲန်ယူဗဟိုမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောလှငွေက “အဲ့ဒီဖက်မှာတော့ တိုက်ပွဲတွေကတော့တောက်လျှောက်ဖြစ်နေတယ်။ ကျနော်သိရသလောက်လေ။ အဲ့ဒီဖက်မှာတော့ ခန ခနပဲ သူတို့ဖြစ်တဲ့အခါမှာ သုံးလေးငါးယောက်ကျတာတို့ ဒဏ်ရာရတာတို့တော့ရှိတယ်။” ဟုပြောသည်။

ကေအဲန်ယူတပ်မဟာ ၂ နယ်မြေ၌လည်း ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှု ပိုများလာပြီး စစ်အစိုးရတပ်မှ ထိခိုက်ကျဆုံးသူများတွင် အရာရှိကြီးအဆင့်ထိ ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

“တောင်ငူခရိုင် ထန်းတပင်မြို့နယ်က တပ်မဟာ၂ မှာဆိုရင် ၁၆ ရက်နေ့က ကမူလိုနဲ့ ထီးမူးထာကြား မှာ တိုက်ပွဲတစ်ပွဲဖြစ်တယ်။ ပွဲကြီးတယ်လို့ပြောရမှာပေါ့။ စကခ ၅ လက်အောက်ခံတပ်ရင်းနဲ့ဖြစ်တယ်။ အဲဒီတိုက်ပွဲမှာ ရန်သူဖက်က ၁၄ ယောက်သေတယ်။ ၁၇ ယောက်ဒဏ်ရာရတယ်။ သေသွားတဲ့အထဲမှာ နည်းဗျူဟာမှူးတစ်ယောက် ပါသွားတယ်။ ၁၈ ရက်နေ့မှာပဲ တောင်ငူခရိုင်မှာပဲ ကျနော်တို့ ရေတံခွန်နဲ့ ပလက်ဝ ကြားမှာ စကခ ၅ ရဲ့ လက်အောက်ခံတပ်က ၅ ယောက်သေတယ်။ ၉ ယောက်ဒဏ်ရာရ တယ်။ သေဆုံးသွား တဲ့ထဲမှာ ဒုဗိုလ်တစ်ယောက်ပါသွားတယ်။”

လတ်တလောအခြေအနေအရ စစ်အစိုးတပ်နှင့် (ဒီကေဘီအေ) ပူးပေါင်းတပ်တို့ ကေအဲန်ယူ လက်အောက်ခံ တပ်မဟာ ၅၊ ၆၊ ၇ နယ်မြေများတွင် အင်အားပိုမို ဖြည့်တင်းလာပြီး စစ်ဆင်ရေးများပြန် လည်ပြုလုပ်လာ နိုင်သည်ဟု ဗိုလ်မှူးစောလှငွေကသုံးသပ် ပြောဆိုသည်။

ထို့အပြင် ယခုတစ်ပါတ်အတွင်း တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့ဝင် အင် အား ၁၀၀၀ ခန့် ကေအဲန်ယူတပ်မဟာ ၅ နယ်မြေအတွင်းသို့ ရောက်ရှိနေသည်ဟု ကေအဲန်ယူကပြောသည်။

ကေအဲန်ယူ တပ်မဟာ(၅)တွင် နအဖနှင့် ဒီကေဘီအေ တပ်အင်အားအလုံးအရင်းဖြင့် ၀င်ရောက်နေရာယူ

ဒီဇင်ဘာလ ၂၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်မြောက်ပိုင်းရှိ ကေအဲန်ယူ တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင်၊ ဒွဲလိုးမြို့နယ်တွင် ပြီးခဲ့သည့် ရက်အနည်းငယ်တွင် နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်တို့ တပ်အင်အား အလုံးအရင်းဖြင့် ၀င်ရောက် နေရာယူနေသည်ဟု သတင်းရရှိသည်။

ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်၌ ယခင်က တပ်အင်အား ၆၀၀ရှိသော ဒီကေဘီအေ တပ်မ ဟာ(၃၃၃)နှင့် တပ်မဟာ (၉၉၉)တပ်ရင်းတချို့သည် ပြီးခဲ့သည့် ရက်အနည်းငယ်က တပ်အင်အား ၁၀၀ ကျော် ထပ်ဖြည့်ကာ နောက်ထပ်အင်အား ၄၀၀ ထပ်ဖြည့်ရန်ရှိပြီး လက်ရှိအချိန်တွင် နအဖ စစ်တပ် တပ် မ(၄၄)မှ တပ်ရင်း ၂ရင်းကို စစ်ကူတောင်းထားကြောင်းလည်း ကေအဲန်ယူ တပ်မဟာ(၅) ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးစောကလယ်ဒိုက ပြောသည်။


သူက “ပြီးခဲ့တဲ့ တရက်နှစ်ရက်တုန်းက ကျနော်တို့ သိရတဲ့အတိုင်းဆိုရင် ဒီကေဘီအေ တပ်အင်အား ၁၀၀ကျော် ထပ်ခေါ်ထားပြီးတော့ လှဂွန်းပြို့(ခိုသွီထာ့)မှာ နေရာယူတယ်။ နောက်ထပ် ထပ်ခေါ်ဖို့လည်း ရှိသေးတယ်။ နောက်ပြီးတော့ နအဖ တပ်ရင်း ၂ရင်းကို လည်း စစ်ကူခေါ်တယ်လို့ ကျနော်တို့သိရတယ်။ သူတို့လုပ်ငန်း(ရွှေနဲ့သစ် ထုတ်လုပ်ဖို့)နဲ့ ပတ်သက်ပြီးတော့ လုံခြုံရေး ထပ်တိုးတာလား။ အခုလိုဝင်လာ တာ စစ်ဘက်ဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ လှုပ်ရှားမှုတခုခု လုပ်ဖို့လားတော့ ကျနော် မပြောနိုင်သေးဘူး” ဟု ပြောသည်။

၎င်းတပ်ရင်းတို့ ရှေ့ဆက်လှုပ်ရှားမည့် အစီအစဉ်ကို မသိရှိရသေးသော်လည်း လတ်တလောအချိန်တွင် နအဖစစ်တပ်မှ စစ်ကွပ်ကဲရေးဌာနချုပ်(၂၁)နှင့် ဌာနချုပ်(၃)တို့ ပူးပေါင်း၍ ၎င်းတို့တပ်စခန်း တည်ရှိရာ ဖာ့ဝေါ်၊ လယ်မူပလော၊ ဆောမူပလော၊ ဆောထာ့ စသည့်နေရာများတွင် စစ်တပ်ရိက္ခာ ပို့ဆောင်မှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဗိုလ်မှူးစောကလယ်ဒိုက ဆက်ပြောသည်။

၎င်းအပြင် နအဖ စစ်ကွပ်ကဲရေးဌာနချုပ် အမှတ်(၇)နှင့် အမှတ်(၅)မှ တပ်ရင်း(၃)ရင်းကလည်း ကေအဲန် ယူ ထိန်းချုပ်ရာနယ်မြေဖြစ်သည့် ရှိုးကျိုးနှင့် ခေးပူတို့နယ်မြေတို့တွင် ယခုရက်ပိုင်းအတွင်း ရောက်ရှိနေပြီ ဖြစ်သည်ဟု သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြိုင်ကြီးငူအထူးဒေသ အခြေစိုက် ဒီကေဘီအေ ဗဟိုဌာချုပ်သို့ ကေအိုင်စီမှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း တာဝန်ယူ တုန့်ပြန်ဖြေကြားမည့်သူ မရှိပါ။

ဒီကေဘီအေတပ်ဖွဲ့သည် လွန်ခဲ့သည့် နိုဝင်ဘာလက ရွှေတူးဖော်ရေးနှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းအ တွက် အကြောင်းပြကာ တပ်အင်အား ၆၀၀ကျော်နှင့်အတူ ကေအဲန်ယူ တပ်မဟာ (၅)နယ်မြေ ဖာပွန်နှင့် သထုံခရိုင် နယ်စပ်ကြား ဘီးလင်းချောင်းနားတွင် ၀င်ရောက်နေရာယူခဲ့သော်လည်း လူထုအပေါ် ဖိအား ပေးမှု တစုံတရာ မရှိသေးပေ။

ကေအဲန်ယူ တပ်မဟာ ၅နယ်မြေတွင် ယခုနှစ် ပွင့်လင်းရာသီမှစ၍ ထိုဒေသတွင် လှုပ်ရှားနေသည့် နအဖ စစ်တပ်များနှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ဖွဲ့ တို့အကြား တရက် တကြိမ်၊ နှစ်ရက်တကြိမ် ပြောက်ကျားတိုက်ပွဲ ဖြစ်ပွားလျှက်ရှိသည်ဟု သိရသည်။

၎င်းအပြင် ယခုလ ၁၉ရက်နေ့ကလည်း ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေရှိ ကေအဲန်အယ်လ်အေ တပ် ရင်း(၂၀၁)မှ တပ်ခွဲတခွဲနှင့် နအဖ ခမရ(၅၄၇)တို့ တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ ၂ဦး ကျဆုံးကာ တပ်စု မှူးတဦး၊ တပ်ကြပ်ကြီးတဦး အပါအ၀င် လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူသတင်းအရ သိရ သည်။

လူ့ အခွင့်အရေးချိုးဖေါက်မှုနှင့် တိုက်ပွဲသတင်း December , 25, 09

လူ့ အခွင့်အရေးချိုးဖေါက်မှုနှင့် တိုက်ပွဲသတင်း
December , 25, 09
December , 25, 09

-Phar-Phon

-Phar-Phon

Informaiton Written by KNU Office 23.12


.
2009 December 24

တောင်ငူခရိုင် – တပ်မဟာ(၂) ဒေသ သတင်း

ဖလေးဆာလို အခြေစိုက် ရန်သူ စကခ(၅)တပ် ဗျူဟာမှူးတစ်ဦး ပါဝင်သည့် ၄င်းတပ်ဖွဲ့  သည်ဖလေးဆာလိုမှ သပြေညွန့် သို့ ၁၆၊ ၁၂၊ ၂၀၀၉ ဆင်းသွားရန် ညနေ ၁၆း၁၆ နာရီအချိန်၌ ကျနော်တို့ အထူးပျောက်ကြားတပ်ဖွဲ့ မှ ရန်သူအား ကမူလို နှင့် ထီးမူထာ ကြားတွင် တစ်ကြိမ်တိုက်ပွဲ ဖြစ်ပွားရန် ရန်သူ တပ်မှ (၁၄)ဦးသေ၊ (၁၇)ဦး ဒဏ်ရာရ။ သေဆုံးသူများထဲတွင် ဗျူဟာမှူးတစ်ဦးပါဝင်။

၁၇၊ ၁၂၊ ၀၉ ရက်နေ့  ၁၄း၃၀ နာရီ၌ ရန်သူအား ထီးညာပယ်လို စခန်းအနီး၌ တကြိမ်ပျောက်ကြားပစ် ခတ်ရန် နအဖ တပ် (၁)ဦးဒဏ်ရာရ။

၁၈၊ ၁၂၊၀၉ နေ့ ၁၂း၃၀ အချိန်ကျနော်တို့ အထူးပျောက်ကြားတပ်ဖွဲ့ မှ ဒဏ်ရာရသောသူများအား ပြန်ပို့ သော ရန်သူတပ်အား ကလော်မီဒါးနှင့် ပလဲဝ ကြားတွင်ပစ်ခတ်ရန် နအဖ တပ် (၅)ဦးသေ၊ (၉)ဦး ဒဏ်ရာရ။ သေဆုံးသူများထဲထွင် ဗိုလ်လေး (၁)ဦးပါဝင်။

ထန်းတပင်မြို့ နယ်ရှိ ရန်သူ စကခ(၇) ဖလေးဆာလို အခြေစိုက် တပ်များသည် ၂၀၊ ၁၂၊ ၀၉ ရက်နေ့  ၌ ရွာသူရွာသားများအာ နအဖတပ် ထီးမူထါစခန်းမှ ဖလေးဆာလိုစခန်းသို့  ပေါ်တာ အဖြစ် အတင်းအကျပ်ရိတ္ခာပို့  ခိုင်းစေသည်။ အခိုင်းခံရသူများမှာ ဖလေးဆာလိုရွာ ကျား(၂၅)ဦး မ(၂၄)ဦး၊ ယာလိုရွာ ကျား(၁၅)ဦး မ(၁၄)ဦး၊ လေ့အိုလိုပေါပါ ရွာ ကျား(၇)ဦး မ(၅)ဦး၊ ပလောမူဒါးရွာ ကျား(၆)ဦး မ(၈)ဦး။

၂၀၊ ၁၂၊ ၀၉ ရက်နေ့ မှစ၍ နအဖ တပ် စကခ(၇) ဘောဂလိကြီး အခြေစိုက် တပ်များသည် ကော်သဲဒါးရွာ၊ ကလေစိုးခီးရွာ၊ ၀ါသောခိုရွာ၊ လိုကိုရွာ သားတို့ အား တအိမ်တစ်ယောက်စီ မူဒေးဖွီးဒေးမှ ကိုးဒေး၊ သအေးထ ရှိ နအဖ တပ်စခန်းများဆီသို့ ယနေ့ အထိ ပေါ်တာအဖြစ် ရိတ္ခာများ ကို နေ့ တိုင်းပို့ ခိုင်း အတင်းအကျပ်စေခိုင်းနေပါသည်။

( စကခ (၅) မှုး ခင်မောင်ဆင့်ရေ… မင်းအလှည့်တော့နီးလာပြီ၊ မိန်းမနောင် ရေး၊ သမီးနောင်ရေးတွက်ဘာမှမပူနဲ့။

သွားစရာရှိတာ ရဲရဲသွားပါ။)

ဖာပွန်ခရိုင် – တပ်မဟာ(၅) ဒေသ ရန်သူ လှုပ်ရှားမှုများ

၁၈၊ ၁၂၊ ၀၉ ရက်နေ့  ကျနော်တို့ စစ်ကြောင်းမှ တပ်ခွဲတစ်ခုက ရန်သူ အား ထိုဝါးထာ ၌ တကြိမ်သွားပစ်ခတ်ရန် ထိခိုက်ဒဏ်ရာရမှူသတင်း မသိရသေး။ ၁၈၊ ၁၂၊ ၀၉ ရက်နေ့  ၀၂း၄၀ နာရီ၌ ကျနော်တို့ အထူးပျောက်ကြားတပ်ဖွဲ့ မှ ရန်သူအား နေးစီလိုမူပလောဒေသ၌ ပစ်ခတ်ရန် ရန်သူ (၆)ဦး ဒဏ်ရာရ။ ထိုနေ့  ၁၁း၁၂ နာရီအချိန် ရန်သူနေရာ ဆ၀ယ်ကျိုး ဆေးဒေး နယ်မြေ၌ ပျောက်ကျားပစ်ခတ်ရာ ရန်သူ (၁)ဦးသေဆုံး မြင်တွေ့ ရ၊ ထို နေ့  ၁၃း၁၆ နာရီ၌ ရန်သူအား ဆ၀ယ်ကျိုး၌ ချောင်းမြောင်းပစ်ခတ်ရန် ရန်သူ အသေအပျောက်မသိရ၊ ဆက်လက်ပြီး ၁၄း၃၆ နာရီ အချိန်၌ ကျနော်တို့ နှင့် ရန်သူတပ် လိုဘွေထာ အရပ်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ရာ ရန်သူတစ်ဦးသေသည်ကို မြင်တွေ့ ရ။

၁၉၊ ၁၂၊ ၂၀၀၉ ရက်နေ့ ကျနော်တို့ ရန်သူတပ်နှင့် ဒါးသယ်ထာနှင့်သီရိုးထာ ကြားတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ရာ ရန်သူ တစ်ဦးခြေထောက်တွင်ဒဏ်ရာရ။

DKBA ဘူလိုး နယ် အခြေစိုက် အင်အား(၆၀၀) ကျော် သည်ယခုအခါ နောက်တပ်အင်အား (၁၀၀) ထပ်ဖြည့် လာပြီး ခိုသွီထာ အရပ်သို့ နယ်မြေတိုးချဲ့ ၊ နောက်ထပ်အင်အား (၄၀၀) ထပ်လာမည် သတင်းရရှိ၊ ယခုဒီကေဘီအေ မှ နအဖ တပ်မ (၄၄) အား အကူအညီတောင်း၊ ခမရ ၃၁၈ တပ်ရင်း ၂ ရင်း၊ ရှေ့လုပ်ငန်းစဉ် မသိရသေး၊

ယခု နအဖတပ် စကခ (၂၁) တပ်များ ဖလါးဂေါ်၊ လိုမူပလေါ၊ စော်မူပလေါ၊ စော်ထ ဒေသ၌ နအဖတပ် စကခ(၃) တပ်များနှင့်လာရောက်ပူးပေါင်းပြီး လမ်းပြင် ရိက္ခာပို့  မပြီးသေး၊ နအဖ တပ် စကခ (၇) နှင့် စကခ (၅) တပ်ရင်းသုံးရင်း စိုးကျိုး နှင့် စီဒေး အထိရောက်ရှိလာ ကားဝါ(မြေထိုးစက်-ဖြစ်နိုင်)ပါယူလာပြီး ခေးပူ အထိရောက်လာ၇န်ရှိ။ ယခု ကျနော်တို့ (တပ်မဟာ-၅) နယ်မြေ၊ နယ်မြေခွဲ ၁၊၃၊၄ နယ်မြေတွင် ရန်သူတပ်
ဝင်ရောက်မှု အင်အားများလာ။

မှတ်ချက်၊ KNU ရုံးမှသတင်းထုတ်ပြန်ချက်ကိုဘာသာပြန်ထားပြီး အနီရောငရောင်စာလုံးသည် ဘာသာပြန်သူ၏အာဘော်ဖြစ်ပါသည်။

Thursday, December 24, 2009

နိုးထကြလော့

ကရင်လူငယ်မောင်မယ်များ ဖတ်သင့်သော ကဗျာ တပုဒ် တင်ဆက်ပေးလိုက်ပါတယ်။ ကေအိုင်စီမှတဆင့် ကူးယူဖေါ်ပြသည်။

မျိုးဆက်သစ် ကရင်လူငယ်များ

အချိန်ကာလ
ရွေးနှုတ်တတ်လော့
အစသမိုင်း
ပြန်လည်ပိုင်းရင်
မျက်ရည်ဝိုင်းတယ်လူငယ်တို့။

နိုင်ငံရေးမှာထိပ်ထိပ်ကျဲ
ကမ္ဘာ့အရေးမှာချိမ့်ချိမ့်သဲ
ကမ္ဘာ့ကုလသမဂ္ဂမှာ ကျိတ်ကျိတ်နွဲ
နိုင်ငံတော်သမ္မတနဲ့
အာဇာနည်ဖြစ်ကြတာ ဘယ်သူတွေလဲ
အဲ့ဒါမင်းတို့ အဘိုးတွေပဲ။

စစ်ရေးမှာသတ္တိခဲ
ပထမ၊ ဒုတိယ ကမ္ဘာစစ်မှာပါဝင်နွဲ
လွတ်လပ်ရေးရပြီးနောက် တပ်မတော်ကို ကွပ်ကဲ
စစ်ရေးသေနာပတိနဲ့ သတိုးမဟာသရေစည်သူဘွဲ့ရ
ကာကွယ်ရေးဦးစီးချုပ်တပ်မင်းဟာ ဘယ်သူလဲ
အဲ့ဒါမင်းတို့အဘိုးတွေပဲ။

ကမ္ဘာမှာ ပထမ
နိုင်ငံတကာလူရည်ချွန်တွေ တက်ကြ
အိန္ဒြိယနိုင်ငံက“ဒေရာဒွန်း”စစ်တက္ကသိုလ်အလှ
ပထမဆုံးအပတ်စဉ်(၁)မှာ
လှံစွပ်ထိုးသင်ခန်းစာမှာ ဘက်နက်ကျိုးပါသတဲ့
စံပြဗိုလ်လောင်းပထမဆုရ
ရွှေစလွယ်နဲ့ငွေဓါးဆု ဂုဏ်ပြုခံရတာဘယ်သူလဲ
အဲ့ဒါမင်းတို့အဘိုးတွေပဲ။

ပညာရေးမှာ ၀င့်ဝင့်ကြွား
ဆာဘွဲ့ရ၊ ဒေါက်တာဘွဲ့ရ ၀တ်လုံတော်ဘွဲ့ရများမှများ
အာရှတလွှားမှာ အင်္ဂလိပ်စကားကို အင်္ဂလိပ်အလား
ပီပီသသ ကြည်ကြည်မြမြ
ပြောဆိုရေးသားနိုင်ကြတာ ဘယ်သူတွေလဲ
အဲ့ဒါ မင်းတို့အဘိုးအဘွားတွေပဲ။

အားကစားမှာ အာရှစတား
ဘောလုံးလောကမှာ ပြိုင်စံရှား
အောင်ဆန်းအားကစားကွင်းကိုသွားပြီး
လေ့လာကြည့်လိုက်စမ်းပါလား
ပထမဆုံးမြန်မာ့လက်ရွှေးစင်အသင်း
နံပါတ်(၁)ထိပ်ဆုံးမှာ မှတ်တမ်းတင်သွင်း
သမိုင်းဝင်စာရင်းထဲမှာ ဘယ်သူတွေပါလဲ
အဲ့ဒါ မင်းတို့အဘိုးတွေပဲ။

သတင်းမီဒီယာလောကမှာ
မြန်မာပြည်မှာ ပထမဆုံးစတာ
မင်းတုန်းမင်းထုတ်တဲ့“ရတနာပုံသတင်းစာ”ထက်
စီနီယာကျတာ“ဆာထူဝေါ”သတင်းစာ
ထူထောင်ခဲ့တာဘယ်သူတွေလဲ
အဲ့ဒါ မင်းတို့အဘိုးတွေပဲ။

မြန်မာစာပေမှာ
ပထမဆုံး အကောင်းဆုံး “စကားပြေ”အရေးအသားမှာ
မှတ်တမ်းတင်ထားပါတယ်
နန်းတွင်းသုံးဝေါဟာရအထွေထွေ
ဂုဏ်အလင်္ကာ ရသတဝေေ၀
မြန်မာစာပေသတ်ပုံ အမှားအမှန်မသိရင်
“သမ္မာကျမ်းစာ”မှာရှာကြည့်ပါ
ဘကြီးတော်မင်းတြားကြီးလက်ထက်
ဆရာ“ယုဒသန်”နဲ့ အတူဘာသပြန်ထုတ်ဝေခဲ့တာ
ဘယ်သူတွေပါလဲ
အဲ့ဒါ မင်းတို့အဘိုးဘွားတွေပဲ။

ကမ္ဘာပေါ်မှာ ဆန်းဆန်းပြားပြား
လှပထူးခြားတဲ့ ဂုတ်ထိပ်တံတား
ပထမဆုံးဖွင့်ပွဲအခမ်းအနားမှာ
မီးရထားနဲ့ဖြတ်မောင်းသွားတဲ့
မီးရထားစက်ဗိုလ်ဟာဘယ်သူလဲ
အဲ့ဒါမင်းတို့အဘိုးပဲ။

တော်လှန်ရေးကိုဆင်နွဲစဉ်
လေကြောင်းတိုက်ပွဲနဲ့ ဝေဟင်ကဗုံးကြဲဖို့
ကမ္ဘာမှာ ပထမဆုံး လေယာဉ်ပြန်ပြေးဆွဲ
ဧရာဝတီမြစ်ဝကျွန်းပေါ်ဘက်က
တပ်မဟာမှူနဲ့အဖွဲ့ဟာ ဘယ်သူတွေလဲ
အဲ့ဒါမင်းတို့အဘိုးတွေပဲ။

ကရင့်နိုင်ငံ၊ အမျိုးသားသီချင်းနဲ့ ကရင့်အလံ
ဘိလပ်ကိုအသွားအပြန်နဲ့
နေမ၀င်အင်ဘာယာက၊ ဘုရင်မင်းမြတ်ကို
ရွှေနားတော်သွင်းတောင်းဆိုရာမှာ
နိုင်ငံမှအပ အမျိုးသားသီချင်းနဲ့ အလံတရားဝင်ရခဲ့တယ်
ဗြိတိသျှအစိုးရပေးက၊ တကမ္ဘာလုံးအသိအမှတ်ပြုရတယ်။
ဂန္တ၀င်မြောက် သမိုင်းအထောက်အထားနဲ့
မြောက်စားခြင်းခံရတာဘယ်သူတွေလဲ
အဲ့ဒါမင်းတို့အဘိုးတွေပဲ။

၁၉ရာစုနှစ်က ကမ္ဘာအစိုးရတွေဟာ
မြန်မာအစိုးရကို လာတွေ့တဲ့အခါ
ကရင်ကိုလာတွေ့တာနဲ့အတူတူပဲ
ကမ္ဘာ့အဆင့်အတန်းမှီ လူမျိုးတမျိုး
နိုင်ငံတကာကချစ်မြနိုးအောင်
ကြိုးစားခဲ့တာ ဘယ်သူတွေလဲ
အဲ့ဒါမင်းတို့အဘိုးတွေပဲ။

အဲ့ဒါတွေချစ်သားတို့သိထားဖို့ လိုလိမ့်မယ်၊
သမိုင်းကိုမသိရင် အရိုင်းစိုင်းလိုဖိမယ်
အဲ့ဒါကြောင့်—-
ချောင်မှာလဲကုတ်မနေနဲ့
အမှောင်မှာလဲ မြှုတ်မနေနဲ့
ယောင်ချာချာလဲ လုပ်မနေနဲ့
၂၁ရာစုသစ်ဟာ မင်းတို့ရဲ့ခေတ်ပဲ
မျိုးဆက်သစ်ရင်နစ်ရတနာများ
“ပပွားကလူ”ဆိုတာ“ယွား”ဘုရားရဲ့သားတွေမို့
ရွှေနိုင်ငံကို အပိုင်းစမဲ့၊ ရွှေကလပ်ပေါ်က ပတ္တားမြား
နိုးးထကြလော့ မျိုးဆက်သစ်ကရင်လူငယ်များ။

မန်းမုမေ့ဖန်း (ဧရာဝတီ)

ကရင်မျိုးဆက်သစ်များသိရန်မျိုးချစ်ကရင်များ၏မျက်ရည်

ကရင်မျိုးဆက်သစ်များသိရန်မျိုးချစ်ကရင်များ၏မျက်ရည်ကိုပြန်လည်တင်ထားပါသည်၊၊





General Tamala Baw’s 90th Birthday










Tuesday, December 22, 2009

တောင်ကိုရီးယားနိုင်ငံတွင် ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပ









တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော် ဂါဆန် KM အလုပ်သမားစင်တာ ခန်းမ၌ ကရင် အမျိုးသားမိတ်သဟာယအဖွဲ့နှင့် ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)မှ ကြီးမှူး၍ ၂၇၄၉ ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ. ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနား တခုကို ၂၀၀၉ ခုနှစ်၊ဒီဇင်ဘာလ (၂၀) ရက်နေ့၊ နံနက် ၁၁နာရီမှ နေ့လည် ၂ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ တောင်ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေကြသော ကရင်အမျိုးသားများ မြန်မာနိုင်ငံမှ တိုင်းရင်းသားညီအကိုမောင်နှမများနှင့် မြန်မာအရေး လှုပ်ရှားမူ.အဖွဲ.အစည်းများနှင့်အတူ တောင်ကိုရီးယားလူမျိုးများ အပါအ၀င်တက်ရောက်ခဲ့ပါသည်။

အခမ်းအနားမှူးအဖြစ် ဦးဇော်မိုးအောင်ကဆောင်ရွက်ခဲ.ပါသည်။ အခမ်းအနား အစီစဉ်ကို ကရင်အမျိုးသားအလံတော် အားသယ်ဆောင်ခြင်း၊ကရင်အမျိုးသားအလံအားအလေးပြုခြင်း၊ ကျဆုံးသွားတဲ့ ကရင်အာဇာနည်ဆောင်ဆောင်များအား အလေးပြုခြင်းဖြင့် အခမ်းအနားမှူး ဦးဇော်မိုးအောင်က စတင်ဖွင့်လှစ်ပြီး ပထမဦးစွာ ကရင်အမျိုးသားမိတ်သဟာယအဖွဲ. ဥက္ကဌ ဒေါ်နော်အက်စတာဖောမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဖွင့်အမှာစကား ပြောကြားရာ၌ ဒေါ်နော်အက်စတာဖောက ကရင်လူမျိုးများ၏ မြန်မာနိုင်တွင် ပြန့်နှံ့နေထိုင်ပုံနှင့် မိမိတို့ ကရင်အမျိုးသားများ အနေဖြင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ မတိမ်ကော၊မပပျောက်စေရန် ရောက်ရာအရပ်၌ မိမိလူမျိုးများ၏ ထိန်းသိမ်းသင့်သော ယဉ်ကျေးမှုများနှင့် သမိုင်းပေးတာဝန်ကို ထိန်းသိမ်းစောက်ရှောက်သွားရန် လိုအပ်ကြောင်း ပြောကြားသွားခဲ့ပါသည်။ထို့နောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ. တရားဝင်ဖြစ်ပေါ်လာသည့် နောက်ခံသမိုင်းကြောင်းကို ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ) ဥက္ကဌ ဦးစောလှိုင်မျိုးသိမ်းက ပြောကြားရှင်းပြခဲ့ပါသည်။

ဖိတ်ကြားထားသော ဗုဒ္မသာသနာပြုကျောင်းတော်(ကိုရီးယား) ဆရာတော်ဦးသုဝဏ္ဏမှ ဂုဏ်ပြုအမှာ စကားပြော ကြားပြီး ၊အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်လွတ်မြောက်နယ်မြေ(ကိုရီးယားဌာနခွဲ) ဥက္ကဌ ဦးအောင်မြင့်ဆွေ၊မြန်မာအရေးလှုပ်ရှားမူ.(ကိုရီးယား)ဥက္ကဌ ဦးသူရ၊ အမျိုးသားမြင့်တင်ရေးလှုပ်ရှားမူ.ကော်မတီ ဦးဘိုဘို၊မြန်မာအသင်း(ကိုးရီးယား) ဦးစောထွန်းထွန်း၊
ချင်းလူမူ.ရေးအသင်း ဥက္ကဌ ဦးစလိုင်းကျော်ကျော်၊ရှမ်းလူမူ.ရေးအသင်းဥက္ကဌ ဦးစိုင်းမောင်ဝိုင်း၊ရခိုင်လူမူ.ရေးအသင်း ဦးကျော်စွာ စသည့် အဖွဲ.၊အသင်းအသီးသီးမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ.အား ဂုဏ်ပြုသ၀ဏ်လွှာဖတ်ကြား ပေးအပ်ခဲ့ကြပါသည်။

ထိုနောက် ဂျပန်နိုင်ငံမှ ရောက်ရှိလာသော ကရင်အမျိုးသားအဖွဲချုပ်(ဂျပန်)
ဒုဥက္ကဌ (U Saw ANDREW MYO AUNG)မှဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။
ကရင်လူငယ်အစည်းအရုံး(ဗဟို)မှ ပေးပို.လာသော ကရင်နှစ်သစ်ကူးနေ.ဂုဏ်ပြုသ၀ဏ်လွှာကို ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)စည်းရုံးရေးမှုး မန်းတင်ယဉ်ဖတ်ကြားပြီး ကိုရီးယားကဗျာဆရာ မွန်းချန်းဂီလ်မှသူ၏ ကဗျာဖြင့်ကရင်နှစ်သစ်ကူးနေ. အားဂုဏ်ပြုလက် ဆောင်ရွက်ဆိုပေးခဲ့ပါသည်။

အခမ်းအနားတွင်တက်ရောက်လာသော ပရိတ်သတ်များအား မငြီးငွေ့စေရန်အတွက် ကရင် ရိုးရာယဉ်ကျေးမှု အကများ ဖြစ်သည့် ကရင်ဒုံးယိမ်းအက ကပြခြင်း ကရင်ရိုးရာ သီချင်းများကို အုပ်စုအလိုက်နှင့် တယောက်ချင်း သီဆိုဖြေဖျော်ခြင်း၊ ကရင်ရိုးရာ အ၀တ်အစားများဖြင့် လူငယ်များမှ သရုပ်ပြခြင်း စသည်တို့ကို ကြားအစီစဉ်များတွင် ထည့်သွင်း ဧည့်ခံဖြေဖျော်ခဲ့ပါသည်။ထို့နောက် ကရင်အမျိုးသားနှစ်သစ်ကူး ပွဲတော် အစီစဉ်ကို စတင်ခဲ့ရာ ဖိတ်ကြားတက်ရောက်လာကြသော ဧည့်သည်တော် ပရိတ်သတ်များထဲမှ စတော့ခရက်ဒေါင်း တေးဂီတအဖွဲ.မှ ကိုစိုးမိုးသူကလဲ တေးသီချင်းနှစ်ပုဒ်ဖြင့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဂုဏ်ပြုဖျော်ဖြေတင်ဆက်ခဲ့ပါသည်။

အခမ်းအနားနောက်ဆုံးပိုင်းတွင် ကရင်အမျိုးသား မိတ်သဟာယ အဖွဲ. အတွင်းရေးမှူး ကိုစကျော်ကျော်ဝင်းက တက်ရောက်လာသော ဧည့်ပရိတ်သတ်များအား ကျေးဇူးတင်စကားနှင့် အပိတ်အမှာစကား ပြောကြားပြီး အခမ်းအနားကို အဆုံးသတ်ခဲ့ပါသည်။ပြီးနောက် တက်ရောက်လာသော ပရိတ်သတ်များအား ကံစမ်းမဲများဖောက်ပေးခြင်း အမှတ်တရလက်ဆောင် အဖြစ် ကရင်မျိုးသားနှစ်သစ်ကူးပွဲတော် မဟာရန်ကုနှ်ဗဟိုမှထုတ်သော ကရင်ပြက္ခဒိန့် များလက်ဆောင်ပေးခြင်း၊အေးမြသောလ ဖြစ်သောဆောင်းရာသီဖြစ်၍ အသားကပ်အင်္ကျီနှင့်မျက်နှာသုပ်ပ၀ါများကို တက်ရောက်လာသောဧည့်ပရိတ်သတ် တဦးခြင်းစီကို ကရင်အမျိုးသားနှစ်သစ်ကူးနေ လက်ဆောင်အဖြစ် ပေးဝေခဲ့ပြီး ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များနှင့် ကရင်ညီအကို၊မောင်နှမများက ချစ်ခင်ရင်နှီးစွာ ကရင်လူမျိုးများ၏ အသဲစွဲဟင်းဖြစ်သော တာလပေါဟင်းများနှင့်အတူ အရသာရှိသော တခြားဟင်းလျှာများနှင့် ပျော်ရွှင်စွာစားသောက်သုံးဆောင်ပြီး ၂၇၄၉ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို စည်ကားစွာကျင်းပခဲ့ပါသည်။

သတင်း ပေးပို့ သူ ဆုတောင်း အားအထူးကျေးဇူးတင်းပါသည်။

လူ့ အခွင့်အရေးချိုးဖေါက်မှု နှင့် တိုက်ပွဲသတင်း

သထုံခရိုင် - တပ်မဟာ(၁)

၁၀၊ ၁၂၊ ၂၀၀၉ ရက်နေ့ တွင် ဒီကေဘီအေ ၃၃၃ မှ ဖါးကဲရဲ သည် ဘီးလင်းမြို့ နယ် ပဒါတော်ရွာသားများအား တရက်လျှင် (၅)ဦးစီ ဒီကေဘီအေအတွက် အလုပ်လာလုပ်ခိုင်းသည်။ သွားမလုပ်ပေးရင် နေ၍ မရပါ။

ဖားအံ့မြို့ နယ်ရှိ နိုလော်ပလောရွာ၌ ကရင်နှစ်သစ်ကူးကျင်းပသောအခါ ဒီကေဘီအေ သောမန မှ ငွေ ၂၀၀၀၀ ကျပ် တောင်းယူပါသည်။

ဖာပွန်ခရိုင် - တပ်မဟာ(၅)

KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် နအဖ + ဒီကေဘီအေ တပ်တို့ တိုက်ပွဲများ ဖြစ်ပွားရာတွင်

၎၊ ၁၂၊ ၀၉ ရက်နေ့  ဖလားခို တွင်တကြိမ် နအဖ တပ်မှ (၁)ဦး ဒဏ်ရာရ၊ ထို့ နေ့ မှာပင် ဆောဆေးဒေး၌ တကြိမ် ထပ်ပစ်ရန် နအဖ တပ်မှ (၁)ဦး ဒဏ်ရာရ။

၅၊ ၁၂၊ ၀၉ ရက်နေ့  ပနာလိုးခို တွင်တိုက်ပွဲဖြစ်ရာ ဒီကေဘီအေ တဦး ခြေပြတ်၊ တဆက်တည်း တဘူးကျိုး နဲ့ တိုက်ပွဲဖြစ်ရန် နအဖ တပ်မှ (၁)ဦး ဒဏ်ရာရ၊ ထိုနေ့ မှာပင် ထီးထော်ပယ်စေးဒေး အရပ်၌ ၀၇း၀၀ နာရီးအချိန် ရင်ဆိုင်တိုက်ပွဲဖြစ်ရာ နအဖ တပ်မှ (၁)ဦးသေ။

၇၊ ၁၂၊ ၀၉ ရက်နေ့ မူဒွယ်ဒေး၌ တိုက်ပွဲဖြစ်ရန် ရန်သူ မြင်းတကောင်ထိ၊

၁၀၊ ၁၂၊ ၀၉ ရက်နေ့ တွင် နအဖ တပ်များအား ဆိုကျိုး ဒေသ၌ ဆွဲ ပစ် တိုက်ခိုက်ရန်တွင် နအဖ တပ်မှ (၄)ဦးသေ (၂)ဦး ဒဏ်ရာရ။

၁၁၊ ၁၂၊ ၀၉ ရက်နေ့  ဆိုကျိုး အရပ်၌ ပျောက်ကြားပစ်ခတ်ရန် နအဖ တပ်မှ(၁)ဦး ဒဏ်ရာရ။

၁၂၊ ၁၂၊ ၀၉ ရက်နေ့  အထူးပျောက်ကြား တပ်ဖွဲ့ တစ်စုမှ ရန်သူအား တခေါ်ဒိုဘောကျိုး၌ ပစ်ခတ်ရန် နအဖ တပ်မှ (၂)ဦး ဒဏ်ရာရ။ ထိုနေ့ မှာပင် ဒီကေဘီအေ တပ်နှင့် ကျိုးဒေး ရွာနံဘေး တွင်ရင်ဆိုင်တိုက်ပွဲ ဖြစ်ရာ ဒီကေဘီအေ တပ်မှ (၂)ဦး သေ။

၁၄၊ ၁၂၊ ၀၉ ရက်နေ လိုထောကျိုး ၌တိုက်ပွဲ ဖြစ်ရာ နအဖ တပ်မှ (၁) ဒဏ်ရာရ။

၁၆၊ ၁၂၊ ၀၉ ရက်နေ့  မိပယ်တူ အရပ်၌ ပျောက်ကြားပစ်ခတ်ရာ နအဖ တပ်မှ (၁)ဦးသေ။

၁၇၊ ၁၂၊ ၀၉ ရက်နေ့ ၀၇း၄၀ အချိန်တွင် ဟော်ဒေးစော်ပေခီး နယ်မြေ၌ ရန်သူအားပစ်ခတ်ရန် နအဖတပ်မှ (၆)ဦးသေ။

ဒူးပလာယာခရိုင် - တပ်မဟာ(၆)

၁၇၊ ၁၂၊ ၀၉ ရက်နေ့  ဒီကေဘီအေ တပ်ရင်း ၉၀၆ မှ (၆)ယောက်သည် KNLA တပ်ရင်း ၁၇ သို့  လက်နက်ချ ၀င်ရောက်လာ။ ၄င်းတို့ နှင့်အတူ ပါလာသော လက်နက်များမှာ M 79 တလက် အသီး ၃၀ လုံး၊ M 16 (၃)လက် ကျည်ထောင့် ၃၀၀၊ MA 3 တလက် ကျည်တောင့် ၁၀၀၊ AK တလက် ကျည်တောင့် ၁၀၀၊ ၄င်းတို့ မှာ (၁)စောဘီဘေး (၂၃ နှစ် - တပ်စုမှူး)၊ (၂) စောစိုးမိုး (၂၈နှစ် - တပ်ကြပ်ကြီး)၊ (၃) စောသားလေး(၁၉နှစ် - တပ်သား)၊ (၄)စောမျိုးထွန်း (၁၄နှစ် - တပ်သား)၊ (၅)စောသဲရွှေသိန်း(၁၉နှစ် - တပ်သား)၊ (၆) စောအေးမင်းထွန်း (၁၉နှစ် - တပ်သား)

ဖားအံ့ခရိုင် - တပ်မဟာ(၇)

၁၇၊ ၁၂၊ ၀၉ ရက်နေ့ ၁၇း၀၀ အချိန်၌ ဒီကေဘီအေ တပ်ရင်း(၇) တပ်ခွဲ(၃)မှ တပ်သား နေအောင်(၂၀နှစ်) သည် တပ်မဟာ(၇)သို့ ပြန်လည်ဝင်ရောက်ပူးပေါင်း

မှတ်ချက်။ ။ ကေအဲန်ယူ ကြေးနန်းသတင်းမှ တိုက်ရိုက် ဘာသာပြန်ဆိုသည်။

Nightingale Journal Nov 2009

Nightingale Journal Nov 2009
Nightingale Journal Nov 2009

FBR REPORT: The Darkness Spreads but Hope is Alive

FBR REPORT: The Darkness Spreads but Hope is Alive
„Free Burma Rangers -- Reports- The Darkness Spreads but Hope is Alive“

Sunday, December 20, 2009

KNU Statement regarding Bomb Blast in Papun, Karen State,ENG

KNU Statement regarding Bomb Blast in Papun, Karen State,ENG

KNU Statement regarding Bomb Blast in Papun, Karen State,ENG

Kawthoolei Media Service_KNU Statemenကရင်နှစ်သစ်ကူးနေ့  ဖာပွန်မြို့ ပေါ်တွင် ဗုံးပေါက်မှုနှင့် ပါတ်သက်၍ KNU ကရင်အမျိုးသားအစည်းအရုံး၏ ထုတ်ပြန်ကြေငြာချက်

Kawthoolei Media Service_KNU Statement bur. 19 December 2009
2009 December 19
Saturday, December 19, 2009
ကရင်နှစ်သစ်ကူးနေ့  ဖာပွန်မြို့ ပေါ်တွင် ဗုံးပေါက်မှုနှင့် ပါတ်သက်၍ KNU ကရင်အမျိုးသားအစည်းအရုံး၏ ထုတ်ပြန်ကြေငြာချက်

ဖာပွန်မြို့ဗုံးပေါက်ကွဲမှု ကေအဲန်ယူလက်ချက်ဟု နအဖ ထုတ်ပြန်

ဒီဇင်ဘာလ ၁၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် ဖာပွန်မြို့၌ ဒီဇင်ဘာလ ၁၆ရက်နေ့က ကျင်းပပြုလုပ်သည့် ကရင့်နှစ်သစ်ကူးနေ့ပွဲတော်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ ၎င်းသည် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ လက်ချက်ဖြစ်သည်ဟု နအဖမှ ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။

ဖာပွန်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းရှေ့ ကွင်းပြင်၌ ကျင်းပပြုလုပ်သည့် ၂၇၄၉ခုနှစ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်တွင် အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၇ဦးသေဆုံးပြီး အမျိုးသား ၁၀ဦး၊ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အဆိုပါမိုင်းထောင်သူမှာ ဖာပွန်နှင့် နယ်စပ်ဒေသကြားတွင် လှုပ်ရှားလျှက်ရှိသည့် ကေအဲန်ယူအဖွဲ့မှ ဖြစ်ကြောင်း နအဖ စစ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

သို့သော် ဗုံးပေါက်ကွဲမှုသည် ၎င်းတို့နှင့် ပါဝင်ပတ်သက်မှုမရှိသည့်အပြင် ယင်းသို့လုပ်ဆောင်ရန်လည်း မည်သည့်ညွှန်ကြားမှု တစုံတရာမှမရှိကြောင်း ထိုဒေသတွင် လှုပ်ရှားနေသည့် ကေအဲန်ယူ တပ်မဟာ (၅)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောကလယ် ဒိုက ပြောသည်။

သူက “ဗုံးပေါက်ကွဲတယ်လို့တော့ ကျနော်တို့ ကြားပါတယ်။ ဘယ်လိုပုံစံနဲ့ စတင်ပေါက်ကွဲခဲ့သလဲဆိုတာ ကျနော်တို့မသိဘူး။ အဲဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီးတော့ အောက်ခြေတပ်ရင်း၊ တပ်ခွဲတွေကို လှမ်းမေးကြည့်တော့ ဘယ်သူမှလည်း သွားလုပ်တာ မရှိသလို ကျနော်တို့ဘက်က သွားပြီးလုပ်ပါလို့လည်း ဘာညွန်ကြားမှုမျိုးမှ ကျနော်တို့မှာ မရှိပါဘူး။ အခုဖြစ်တာက နအဖရဲ့ အုပ်ချုပ်မှုဂွင်မှာဆိုတော့ စဉ်းစားစရာတခုတော့ ဖြစ်တာပေါ့နော်”ဟု ကေအိုင်စီကို ပြောသည်။

ထိုနေ့ည ၉နာရီ ၁၀မိနစ်ခန့်တွင် ပွဲတော်အတွင်းရှိ အ၀တ်အထည်များနှင့် ကလေးကစားစရာ ပစ္စည်းများ ရောင်းချသည့် ဈေး ဆိုင်တန်းမှ ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ပြီး ထိုနေရာတွင် အနက် ၁လက်မ၊ အချင်း ၉လက်မခန့်ရှိ မြေကျင်းတကျင်း ဖြစ်ပေါ်ခဲ့ ကြောင်း ဈေးဆိုင်တန်း ၀ါးလုံးများ၌ အချင်း ၅မီလီမီတာခန့်ရှိ သံမဏိဘောစေ့များကို တွေ့ရှိရကြောင်း၊ မိုင်းထောင်သူအား ဖမ်းဆီးရမိရေးကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ကရင်လူငယ်တဦးဖြစ်သူ စောဆာထီးကော်က “အမှန်ဆိုရင် ဒီလို နေ့ထူးနေ့မြတ်မျိုးမှာ ဘယ်ကရင်အဖွဲ့အစည်းကမှလည်း ကိုယ့်နှစ်သစ်ကူးကို ပျက်လိုပျက်စီး လုပ်ချင်မှာမဟုတ်ဘူး။ ဒီအလုပ်မျိုးက နအဖတွေပဲ လုပ်လေ့ရှိတာပါ။ အရင်ကလည်း ရန် ကုန်လိုမြို့ကြီးတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖန်တီးနေပြီး တခါမှ တရားခံ ဖမ်းမမိခဲ့ဘူး။ နအဖဟာ ကိုယ်ကိုးကွယ်တဲ့ ဘုန်းကြီးကို တောင် သတ်ဝံ့သေးတာပဲ။ သူ့အတိုက်အခံဖြစ်တဲ့ ကေအဲန်ယူကို အခုလို ရွေးကောက်ပွဲ နီးလာတော့ နာမည်ဖျက်တဲ့သဘော လည်း ပါနိုင်တယ်”ဟု ဆက်ပြောသည်။

ကရင်၊ ပအိုဝ်း၊ ဗမာ၊ ရှမ်း၊ တရုတ်နှင့် မွတ်ဆလင်မ်ဘာသာဝင်များ နေထိုင်လျှက်ရှိသည့် အဆိုပါဖာပွန်မြို့ပေါ်တွင် နအဖ စစ် တပ်မှ ခမရ ၃၄၀၊ ၃၄၁၊ ၄၃၄နှင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ) (၇၇၇)မှ ကဆော ၀ါးတပ်ရင်းတို့ အခြေချလှုပ်ရှားလျှက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ရက်နေ့ကလည်း ဖားအံ-ရွှေဂွန်းသွားလာသည့် ခရီးသည်တင်သင်္ဘောတစင်းအား ကေအဲန်ယူတပ် ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ခရီးသည် သုံးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု စစ်အစိုးရပိုင်သတင်း များက ဖော်ပြခဲ့သည်။

ဖာပွန်မြို့ဗုံးကွဲမှု အများအပြားသေဆုံး

Friday, 18 December 2009 14:19 ဧရာဝတီ

ဖာပွန်မြို့ နယ်အတွင်း လူအများအပြားသေဆုံးခဲ့ရသည့် ဗုံးပေါက်ကွဲမှုသည် နအဖ စစ်အစိုးရ၏ လုပ်ရပ်ဖြစ်၍ မကြာမီ ထိုဒေသ(ကေအဲန်ယူ- တပ်မဟာ(၅) ) ကို ထိုးစစ်စတင်တော့မည့် လက္ခဏာတရပ်ဖြစ်ပါသည်။ ကရင်လူမျိုး အချင်းချင်းကြားမှာ နားလည်မှုလွဲအောင် တမင် နအဖ စစ်အုပ်စုက ရည်ရွယ်ဖန်တီးထားခြင်းဖြစ်ပါသည်။ သည့်ပြင် ထိုဒေသကို ယခုပွင့်လင်းရာသီတွင် ထိုးစစ် စတင်ရန်၌ ပြည်တွင်းပြည်ပ နိုင်ငံတကာ၏ ဝေဖန်မှုများကို ကာကွယ်ရန်အတွက် တမင်ရည်ရွယ်ဖန်ထီးထားခြင်းဖြစ်ပါသည်။ သဓာက တွေ အများကြီးရှိပြီးဖြစ်ပါသည်။ မြန်မာပြည်တွင်း၌ ဒီမိုကရေစီ လုပ်ရှားသူများကို စတင်နိုပ်ကွပ်တော့မည်ဆိုလျှင် မြို့ တွင်မိုင်းဖေါက် သို့ မဟုတ် ဟိုအကြောင်းပြ ဒီအကြောင်းပြပြီး မကြာမီ ထိုဒီမိုကရေစီလှုပ်ရှားသူများကို ဖမ်းဆီး ထောင်ချပါတော့သည်။ ယခုလည်း ထိုနည်းလည်းကောင်းပဲ..ကေအဲန်ယူ တပ်မဟာ (၅)ကို စတင်ထိုးစစ်ဆင်ရန် အတွက် တချက်ခုတ် နှစ်ချက်ပြတ် နည်းဖြင့်..ကရင်လူမျိုးများအကြား အချင်းချင်းစိတ်ဝမ်းကွဲရန် နှင့် နိုင်ငံတကာကို ဒီလူတွေ လှူပ်ရပ် ကြောင့် ကျနော်တို့ ထိုးစစ်ဆင်ရပါသည်ဟု နအဖ စစ်အုပ်စုက သံကောင်းဟစ်ပြီး ကရင်လူမျိုးများကို စိတ်ကြိုက် ညှင်းပမ်းနိုပ်ဆက်ရန်အတွက် ဖန်တီးသောလုပ်ရပ်ဖြစ် ပြီး မကြာမီ ထိုးစစ်ကြီးစတင်တော့မည် ဟုသုံးသပ်မိပါသည်။ ကရင်အမျိုးသားအပေါင်းတို့  သတိဝရိယ ထားရှိပြီး မိမိကိုယ်ကို အဆုံးစွန်ကာကွယ် ရန်အတွက် ပြင်ဆင်ထားကြပါ။
မှတ်ချက်။ ။ အစိမ်းရောင်စာသားများသည် ပို့ စ်တင်သူ၏ အမြင်ဖြစ်သည်။

ဗုဒ္ဓဟူးနေ့ညက လူအများအပြား သေဆုံးခဲ့ရသည့် ကရင်ပြည်နယ် ဖာပွန်မြို့နယ် အတွင်း ဗုံးပေါက်ကွဲမှုမှာ ၎င်းတို့၏လက်ချက် မဟုတ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) က ယနေ့ ပြောကြား လိုက်သည်။


ကရင်ပြည်နယ် တောတွင်း တနေရာတွင် တွေ့ရသော ဒုက္ခသည်တချို့။ ကရင်ပြည်နယ်ရှိ ဒေသခံအများအပြား၏ ဘဝမှာလက်နက်ကိုင် ပဋိပက္ခများကြောင့် တည်ငြိမ် အေးချမ်းမှု မရှိပေ။

ဖာပွန်မြို့ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ပွဲတော်ရှိ ဈေးဆိုင်တန်းတွင် KNU က ဖောက်ခွဲမှုတခု ပြုလုပ်သဖြင့် အရပ်သား ၇ ဦး သေဆုံးကာ၊ ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း အစိုးရ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး ထိုသို့ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

“ကရင် တိုင်းရင်းသား အချင်းချင်း နားလည်မှုလွဲအောင် ဒီပေါက်ကွဲမှုကို စစ်အစိုးရက ဖန်တီးတာ ဖြစ်နိုင်တယ်” ဟု KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ဧရာဝတီကို ပြောသည်။

ကရင်နှစ်သစ်ကူးနေ့တွင် ကရင်တိုင်းရင်းသားများ ထိခိုက်မည့် လုပ်ငန်းများ ဆောင်ရွက်ရန် ဆန္ဒမရှိဟု နော်စီဖိုးရာစိန်က ပြောသည်။

ထိုပေါက်ကွဲမှုသည် “ချိန်ကိုက်စနစ်ဖြင့် ဆက်စပ်ဖောက်ခွဲသည့် ရှေ့ထွက်မိုင်း” ဖြစ်သည်ဟု အစိုးရ ချုပ်ကိုင်ထားသည့် သတင်းစာများတွင် ယနေ့ ရေးသားထားသည်။

ပြီးခဲ့သည့်လ ၁၁ ရက်နေ့ကလည်း ကရင်ပြည်နယ်ရှိ ခရီးသည်တင် သင်္ဘောတစင်းကို သေနတ်သမား တချို့က ပစ်ခတ်သဖြင့် ခရီးသည် ၃ ဦးသေဆုံးသွားကြောင်း၊ KNU က ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။

ထိုပစ်ခတ်မှုမှာ KNU ၏ လက်ချက် မဟုတ်ကြောင်း နော်စီဖိုးရာစိန်က ဧရာဝတီကို ယနေ့ ပြောကြားသည်။

ဖာပွန်မြို့တွင် လက်နက်ကိုင်အဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများစွာရှိသဖြင့် ဒေသခံ ပြည်သူများ အကြီးအကျယ် အခက်အခဲတွေ့နေကြသည်။

ဖာပွန်သည် KNU ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ တပ်မဟာ ၅ နယ်မြေတွင် တည်ရှိသည်။

မြန်မာ့တပ်မတော်ကလည်း တပ်ရင်း ၅ ခုကို ဖာပွန်မြို့တွင် အခြေစိုက်ထားသည်ဟု သိရသည်။

အစိုးရနှင့် မဟာမိတ်ပြုထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်ဖွဲ့ (DKBA) သည်လည်း ထိုဒေသတွင် လှုပ်ရှားလျက်ရှိသည်။

B-9-09 – summary report on military engagements in KNLA areas (Sept.1-30)

B-9-09 – summary report on military engagements in KNLA areas (Sept.1-30)
B-9-09 - summary report on military engagements in KNLA areas (Sept.1-30)

Informaition- Written by KNU Offic- Friday, 18 December 2009 01:10


ဒီတစ်ခါ သတငးေ်လးက တိုတိုလေးဘဲဆိုပေမဲ့ ရန်သူတွေ တောေ်တ်ာအထိနာ ဘဝပြောင်းသွားကြတယ်ဗျို့…..။

၁၇/၁၂/ဝ၉

တပ်မဟာ (၂) တောင်ငူ

၁၄/၁၂/ဝ၉ နေ့ နံနက် ၈းဝဝ အချိန်မှာ ကိုးဒေး နားမှာ တိုက်ပွဲဖြစ်ကာ နအဖ စစ်သား တစ်ေယာက် ဒါဏ်ရာရရှိသွားပါတယ်။

၁၅/၁၂/ဝ၉ နေ့ နံနက် ၁ဝး၁၅ အချိန် သအေးထာ စခန်းနဲ့ သအေးထာ တံတားတို့မှာ တိုက်ပွဲဖြစ် ကာ နအဖ စစ်သား ၂ ယောက်ေသ ၅ ယောက် ဒါဏ်ရာရရှိသွားပါတယ်။

တပ်မဟာ (၆) ဒူးပလာယာ

၁၄/၁၂/ဝ၉ နေ့ ည ၇ နာရီ အချိန် တပ်ခွဲ (၁၇) မှ နအဖ စစ်တပ် ခမရ (၅၄၅) ကို ယားသတာ မှာ ပျောက်ကျား ဝင်ေရာက် တိုက်ခိုက် ရာတွင် ၅ ယောက် ဘဝ ပြောင်းသွား ပါတယ်လို့ သတင်းရရှိပါတယ်။

http://karenunited.com/

Three Pagodas Pass residents anticipate economic boost after border reopens- was closed by Thailand in 2006 afterthe Democratic Karen Buddhist Army

Three Pagodas Pass residents anticipate economic boost after border reopens- was closed by Thailand in 2006 after the Democratic Karen Buddhist Army (DKBA) kidnapped three Thai soldiers.
2009 December 18

FRIDAY, 18 DECEMBER 2009 06:15

According to the December 15th edition of the Thai news publication The Nation, Thailand plans to open up four new trade checkpoints along the Thailand-Burma border.

The checkpoints will reportedly be located at Three Pagodas Pass Town in Karen State, at Huay Ton Nun Town in Shan State, at Ban Nam Khao in Tavoy and Tenasserim Divisions, and at Dan Singkhon in Mergui The news has proved to be especially exciting to the residents of Three Pagoda Pass (TPP) Town, who watched their city slid into an economic depression, after the closing of original checkpoint at TPP crippled the region’s furniture industry. The border was closed by Thailand in 2006 after the Democratic Karen Buddhist Army (DKBA) kidnapped three Thai soldiers.

“Before closing the border, Thai people would come and visit inside Three Pagoda Pass town [Burma side] and bought furniture materials. We were very ok [economically] at that time. Since the border closed, there are no Thai people coming and buying the furniture materials in the shops. If we export our furniture to farther inside Thailand, we have to export it illegally, and have to make understandings with both the Thai local authorities and Burmese authorities. So, we have to pay a lot taxes for their permission [to export furniture illegally]. There is no more profit for us. I had to close my furniture business. Some other furniture shop owners are like me, ” a Mon former furniture ship owner from TPP told IMNA.

IMNA’s June 1st 2009 article covered the May 21st seizure of 31 truckloads Burmese timber at TPP. Over 200 tons of logs were seized by the Thai authorities, after the trucks were caught crossing the Burmese border illegally. According to a Mon Three Pagoda Pass resident, before closing the border, there were between 30 and 40 furniture shops in Three Pagodas Town. Now there are only 3 or 4 shops left in the town’s limits.

According a second TPP resident, there were over 200 furniture factories in the TPP border area in the years of 2003 and 2004; only an estimated 100 factories are still functioning. As a result, large numbers of day-laborers employed at the factories lost their means of income.

The TPP former furniture shop owner IMNA interviewed claimed that a few factories have resorted to selling their wares to furniture shops further inside Burma, despite the fact that checkpoint taxes and Burma’s competitive furniture prices cut into profits dramatically.

A third TPP resident interviewed by IMNA was optimistic about the reopening of the border, opining that that move will result in furniture factories reopening, day laborers regaining their jobs, and that without the fees attached to illegal furniture shipments, trade with Thailand will boost TPP’s ailing economy.

State media blames KNU for bombings -The claim was flatly rejected by KNU spokesperson David Thackabaw.

2009 December 18
Dec 18, 2009 (DVB)–Burma’s ruling junta has laid the blame for Wednesday’s fatal bombings in Karen state on its longtime foe, the Karen National Union, state media reported today.

The explosion near to Papun, close to the border with Thailand, killed seven people and left 11 injured, according to the junta mouthpiece New Light of Myanmar newspaper.
“It is exposed that the offender is from the KNU terrorists insurgent group that is active in the area between Papun and the border,” the article said. “Insurgents plant and detonate bombs on roads and bridges and in busy places and festivities in towns and villages to create public panic.”
The claim was flatly rejected by KNU spokesperson David Thackabaw. The armed wing of the KNU, the Karen National Liberation Army (KNLA), has been fighting the Burmese government for more than 60 years.
“It is the work of the [government]; they have an extremely racist policy and they are going to destroy all the traditions and customs of the Karen people,” David Thakabaw said. “They will destroy the traditions and customs and culture of all the ethnic people in Burma.”
“We never use bombs against civilian targets,” he added, acknowledging however that they are used in active warfare against the Burmese army. Burmese political analyst Aung Naing Oo said that the KNU had been involved in bombings in the past, but that it was rarely clear who is responsible.
“It could be the military, it could be anti-military groups, and it could well be the KNU. I think they are often implicated given their proximity to the area of the bombings,” he said.
“What’s clear is that with the bombings, especially for opposition groups, no one gets anywhere in terms of politics; just the opposite,” he added. “But the military uses the bombings, no matter who does it, to crack down on this and that.
The New Light of Myanmar said that authorities were urging people to “remain vigilant against terrorists in disguise”. The bombings had occurred at a celebration for Karen New Year.
The newspaper last month the pointed the finger at the KNU for the killing of three men who were shot whilst on board a passenger ferry on the Salween river, which runs through Karen state.
At the time the KNU said they could not confirm any details surrounding the incident., but said that the Burmese army the allied Democratic Karen Buddhist Army (DKBA), a KNU splinter group, were also active in that area.
While the majority of Burma’s armed ethnic groups have agreed to somewhat tenuous truces with the government, the KNU has consistently refused. Its conflict with the Burmese government is one of the world’s longest running.
—————–
Bomb kills six on restive Burma border
Dec 18, 2009 (AFP)–Six people have been killed and 12 injured when a time bomb exploded in Burma’s restive Karen state on Wednesday night, an official told AFP Thursday.

He said the bomb was detonated at 9pm (1430 GMT) on Wednesday as the ethnic Karen celebrated their New Year in the southeastern state bordering Thailand.
“Altogether six people were killed and another 12 were injured when a timed-bomb exploded,” said the official, speaking on condition of anonymity.
“One injured person is in a critical condition. It happened as they celebrated their New Year’s Day party,” he said.
The bomb exploded in Phapun town in northeastern Karen State, about 120 miles (192 kilometres) from the economic hub, Rangoon, he said.
Chinese state news agency Xinhua reported that the bomb went off in the middle of market stalls where a new year festival was being held.
It was not immediately clear who was responsible for the bomb, but the town is close to the area where separatists have been fighting a decades-long insurgency.
The Karen National Union has been fighting the Burmese government for autonomy for more than five decades. Burma has been ruled by the military since 1962.
Altogether 17 armed groups and some 40 small ethnic groups have signed ceasefire agreements with the current military junta since it took power in 1988.