Thursday, February 23, 2012

ကရင်ဘာသာ ရုပ်သံသတင်း (ဖေဖော်ဝါရီလ တတိယပတ်)

သြစတြေးလျတွင် ကလေးငယ်တစ်ဦး အစာအိမ်မပါပဲ မွေးဖွားလာ


သြစတြေးလျနိုင်ငံတွင် ကလေးငယ်တစ်ဦးသည် အစာအိမ်မပါပဲ မွေးဖွားလာခဲ့ကြောင်းသိရသည်။ ဘရန်နာ အာကင်စတော ဟုခေါ်သော ထိုကလေးငယ်အတွက် မည်သို့မည်ပုံဆောင်ရွက်ပေးရမည်ကို ဆေးရုံ (၃)ခုပြောင်းကာ ဆရာဝန်များ နည်းလမ်းရှာ တိုင်ပင်ခဲ့ရသည်။ မိန်းကလေးငယ် ဘရန်နာသည် နယူးဆောက်ဝေး တောင်ပိုင်းကမ်းခြေရှိ မီလ်တန် ဟိုတယ်တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ သူမသည် မွေးဖွားပြီး မိနစ်ပိုင်းအကြာတွင် အသားအရေ ပြာနှမ်းလာသဖြင့် ဆရာဝန်များက အလွန်စိုးရိမ်ကာ အရေးပေါ်ကုသမှုများ ပြုလုပ်ပေးခဲ့သော်လည်း သက်သာလာသည့် အရိပ်လက္ခဏာ မတွေ့ခဲ့ရချေ။
"ဘာမှားနေတယ်ဆိုတာ အဖြေမထုတ်နိုင်ဘူးဖြစ်နေတယ်" ဟု မိခင်ဖြစ်သူ ဂျက်စမင်းက ဆိုသည်။ ဒါနဲ့ နောက်တစ်နေ့ကျတော့ တခြားဆေးရုံကို ပို့လိုက်ရတယ်။ နော်ဝါဆေးရုံကို လူနာတင်ယာဉ်နဲ့ ပို့ပါတယ်။ ကျွန်မတို့လည်း သူနာပြုဆရာမတွေကုသပေးနေတာကို စောင့်နေခဲ့တယ် ဟု အသက် (၂၅) နှစ်အရွယ် ဂျက်စမင်က ပြောကြားခဲ့တယ်။
နောက်ထပ် (၂၄) နာရီမျှ မအိပ်ရ၊မစားရ ဖြတ်သန်းပြီးနောက် ဆရာဝန်များက ဂျက်စမင်းအား ကလေးကို ဝက်စ်မိဒ် ကလေးအထူးကု ဆေးရုံသို့ ခေါ်ဆောင်သွားရန် ညွှန်ကြားခဲ့သည်။ အဆိုပါဆေးရုံတွင် ရင်ဘတ် ဓါတ်မှန် ရိုက်ကြည့်ပြီးနောက် မိန်းကလေးတွင် အစာအိမ် မပါလာသည်ကို ဖော်ထုတ်နိုင်ခဲ့သည်။ ထို့ကြောင့် မိန်းကလေးအနေဖြင့် အစာမစားနိုင်ပဲ ဖြစ်နေပြီး ယင်းကို မည်သို့မည်ပုံ ကုသရမည်ကို မသိသေးကြောင်း မိခင်ဖြစ်သူ ဂျက်စမင်းမှ ဖွင့်ဟသွားခဲ့သည် ။

အစိုးရနှင့် ငြိမ်းချမ်းရေး ဆက်လက် ဆွေးနွေးရေးကိစ္စ KNU ရှင်းလင်းပွဲ ပြုလုပ်

ဖေဖော်ဝါရီ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)

မြန်မာအစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူလက်မှတ်ထိုးထားသော်လည်း ပစ်ခတ်ရပ်စဲရေးကိစ္စ လက်ရှိအခြေအနေ ထက် ပိုမို ခိုင်မာအောင် တည်ဆောက်သွားရန် ရည်ရွယ်၍ ကရင်အမျိုးသားအစည်းအရုံး-KNU က ယနေ့ နေ့လည်က သတင်းစာရှင်း လင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို KNU က ၎င်းတို့ထိန်းချုပ်နယ်မြေဖြစ်သည့် KNLA တပ်မဟာ(၇) တနေရာတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အစိုးရနှင့် စစ်မှန်၍ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိနိုင်ရန် အဆင့်(၄)ဆင့်ပါ လမ်းပြမြေပုံကိုလည်း KNU ဘက်က ထုတ်ပြန်ခဲ့ သည်။

၎င်းအဆင့်(၄)ဆင့်မှာ ပဏာမ အပစ်အခတ်ရပ်စဲရေး၊ ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေး၊ ကနဦး နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု၊ အခြေခံ နိုင်ငံရေးပြဿနာများကို အဖြေရှာရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းပါဝင်ခြင်းတို့ ဖြစ်သည်။

KNU သတင်းစာရှင်းလင်းပွဲတွင် အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်နှင့် တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေတို့မှ လက်ရှိ ပဏာမ ပစ်ခတ်ရပ်ဆိုင်းရေး အခြေအနေ၊ KNU ၏ ရပ်တည်ချက်နှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် KNU ၏ အနာဂတ် လိုလား ချက်များကို တက်ရောက်လာသည့် သတင်းထောက်များအား ရှင်းလင်းပြောဆိုခဲ့သည်။

ထို့အပြင် KNU သည် လာမည့်မတ်လ ပထမပတ်တွင် မြန်မာအစိုးရနှင့် ထပ်မံ တွေ့ဆုံသွားမည်ဖြစ်သလို အမျိုးသား ပြန်လည် စည်းလုံးညီညွှတ်မှုကိုလည်း တပြိုင်နက်တည်း လုပ်ဆောင်သွားမည်ဟု ထုတ်ဖော်ပြောဆိုခဲ့သေးသည်။

ယနေ့ ထုတ်ပြန်သည့် KNU ၏ သတင်းထုတ်ပြန်ချက်တွင် KNU နယ်မြေအတွင်းရှိ ကျေးရွာများအနီးမှ အစိုးရတပ်များကို ချက်ချင်း ရုပ် သိမ်းပေးရန်၊ တပ်အင်အား လျှော့ချပေးရန်နှင့် တိုင်းရင်းသားဒေသများသို့ တပ်သားများနှင့် ထောက်ပံ့ပစ္စည်းများ ထပ်မံ ပို့ဆောင်ခြင်းကို ချက်ချင်း ရပ်တန့်ရန်၊ နိုင်ငံရေးအကျဉ်းသားများအဖြစ် ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားသော KNU အဖွဲ့ဝင်များနှင့် ကရင်ပြည်သူများ အားလုံးကို ချက်ချင်း လွှတ်ပေးရန်နှင့် ကချင်ပြည်နယ် အပါအ၀င် တိုင်းရင်းသားဒေသများအားလုံးတွင် စစ်ဆင်မှုများကို ချက်ချင်းရပ်တန့် ရန် တောင်းဆိုထားသည်။

အပစ်အခတ် ရပ်စဲခြင်းသည် ငြိမ်းချမ်းရေးမဟုတ်။ ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိနိုင်ရန် အခြေခံ အကျဆုံးသော အဆင့်များကို ထုတ်ဖော် ကြေညာသည့် KNU ၏ ယနေ့ သတင်းစာရှင်းလင်းပွဲတွင် အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်၊ တွဲဖက်အတွင်းရေးမှူး-၁ လည်းဖြစ်၊ KNU စည်းရုံးရေးဌာနတာဝန်ခံလည်းဖြစ်သူ ဗိုလ်မှူးစောလှငွေနှင့် ၎င်းဌာန ဒုတာဝန်ခံ ပဒိုစောသမိန်ထွန်းတို့က အဓိက တာဝန်ယူ ရှင်းလင်းခဲ့ ကြသည်။

ကရင့်အမျိုးသားရေး လှုပ်ရှားမှု လမ်းဆုံလမ်းခွမှာ ရောက်နေပြီ - ယခုဆုံမှတ်မှ ရှေ့ သို့ ဘယ်ကိုသွားမလဲ (စောကပီ)

 Written by saw kapi



ကွယ်ကလူသတင်းမှ





esday, February 22, 2012 အပစ်အခတ်ရပ်စဲခြင်းသည် ငြိမ်းချမ်းရေးမဟုတ် - ခိုင်မြဲသောငြိမ်းချမ်းရေးရရှိနိုင်ရာ အခြေခံအကျဆုံးသော အဆင့်များကို ကရင်အမျိုးသားအစည်းအရုံး ထုတ်ဖေါ်ကြေငြာ

KNU_PR_Final__Burmese


KNU_Press_Rrleace_English

ကရင့်တော်လှန်ရေးအကြောင်း(ရုပ်သံ)


Author: ကိုးဒီသွေး | Posted at: 12:40 PM | Filed Under:
ဒီရုပ်သံမှာ ကရင့်တော်လှန်ရေးနဲ့ပတ်သက်ပြီး ကွက်ကွက်ကွင်းကွင်း သိရှိနားလည်သွားမှာဖြစ်ပြီး အဆက်ဆက် ကောက်ကျစ်ယုတ်မာတဲ့ ရန်သူရဲ့ လုပ်ရပ်တွေကိုလည်း သိရှိနိုင်မှာ ဖြစ်ပါတယ်။

ဒုက္ခသည်များ ဂျပန်သွားမလား


မြန်မာပြည်သားတွေ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပဂေးဆံအိုက်တိုး၊ သရီးဒီ စသဖြင့် လုပ်ငန်းအဖုံဖုံအတွက် ဂျပန်သွားရောက်ရေးဟာ အင်မတန့် အင်မတန် ခက်ခဲပါတယ်။ သိန်းပေါင်းများစွာ ပုံပေးပြီး ကျိုးစားရတာပါ။

သို့သော် - ထိုင်းနယ်စပ် ဒုက္ခသည်များအတွက်တော့ ပိုက်ဆံမကုန်ဘဲ သွားတဲ့နည်းတခု ရှိနေပါတယ်။ အင်တာဗျူးတခုတော့ အောင်ရမယ်လို့ ဆိုတယ်။

နို့ဖိုးဒုက္ခသည် စခန်းထဲက လာတဲ့ သတင်းက ဒီလိုပါ -

ဂျပန်နိုင်ငံ၏ ဒုက္ခသည်ခေါ်ယူရေး ရှေ့ပြေး ၃ နှစ် စီမံကိန်း နောက်ဆုံးအစီအစဉ် ( Japan Resettlement Program – 3 year Pilot Project )

ဂျပန်နိုင်ငံမှ ဒုက္ခသည်ခေါ်ယူရေး ဆိုင်ရာ တာဝန်ရှိသူများ၊ UNHCR ၀န်ထမ်းများ သ
ည် နို့ဖိုးဒုက္ခသည် စခန်း ကော်မတီနှင့် ယမန်နေ့က တွေ့ဆုံနွေးကြပါသည်။

 ထိုနောက် ဂျပန်နိုင်ငံ၏ ဒုက္ခသည် အစီအစဉ်ကို စိတ်ပါဝင်စားသောသူများအား နို့ဖိုး ဒုက္ခသည် စခန်း ခန်းမဆောင်တွင် တွေ့ဆုံပါသည်။

ရှေးဦးစွာ ဂျပန်နိုင်ငံသို့ရောက်ရှိနေပြီးသော ဒုက္ခသည်များအကြောင်း ရိုက်ကူးထားသော Video ပြသပါသည်။ ထို့နောက် ဒုက္ခသည် ခေါ်ယူရေးအစီအစဉ်ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများ၏ မေးခွန်းများကို ပြန်လည် ဖြေကြားခဲ့ပါသည်။

ဂျပန်သွားဖို့ အင်တာဗျူး
ဂျပန်၏ ဒုက္ခသည် ခေါ်ယူရေးအစီအစဉ်အရ ၂၀၁၂ မတ်လ အကုန် နို့ဖိုးဒုက္ခသည် စခန်းမှ လျှောက်ထား လိုသူများသည် UNHCR မှ တဆင့် လျှောက်ထားနိုင်ပြီး ဂျွန်လတွင် လူတွေ့စစ်ဆေးမှု ပြုလုပ်မည် ဖြစ်သည်။

ယခု အစီအစဉ် အရ နို့ဖိုးဒုက္ခသည် စခန်းမှ လူဦးရေ ၃၀ ကို ခေါ်ယူလက်ခံသွားမည်ဖြစ်ပါသည်။

ဂျပန် နိုင်ငံသည် ဒုက္ခသည်များကို ပထမဆုံး လက်ခံသော အာရှတိုက်မှ နိုင်ငံတနိုင်ငံဖြစ်ပြီး မဲလ နှင့် အုန်းပြန့် ဒုက္ခသည် စခန်းများ မှ လည်း ဒုက္ခသည်များကို လက်ခံ ခေါ်ယူခဲ့ပါသည်။

အင်တာဗျူးအောင်ရင် ဘာလုပ်မလဲ
ဖြေဆို အောင်မြင်သူများ သြဂုတ်လတွင် မဲဆောက်၌ ဂျပန်စာ၊ ဂျပန်စကားနှင့် ယဉ်ကျေးမှု သင်တန်း ၃ ပတ် တက်ရောက်ရပါမည်။

၂၀၁၂ စက်တင်ဘာလအကုန်တွင် ဂျပန်နိုင်ငံသို့ ထွက်ခွာရမည်၊
၂၀၁၃ မတ်လအထိ ၆ လကြာ ဂျပန်စာ၊ စကား သင်ကြားပေးမည်၊
နောက်ထပ် ၆ လ တွင် အလုပ်အကိုင်ရှာဖွေရေး သင်တန်း ထပ်မံသင်ကြား ပေးမည်ဟု သိရသည်။

ဂျပန်ရောက်ပြီး အစီအစဉ်များ
ဂျပန်အစိုးရက နေရေးထိုင်ရေး၊ အစားအသောက်၊ ကျန်းမာရေးအစီအစဉ်များကို ၁ နှစ် ထောက်ပံ့ပေးထားမည်၊ နောက်ပိုင်းတွင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင် စီစဉ်
ဆောင်ရွက်ပေးမည်၊ ကလေးများကို အထက်တန်းပညာအထိ အခမဲ့ ကျောင်းတက် ခွင့်ပြုလုပ်ပေးသွားမည်၊
ဂျပန် နိုင်ငံတွင် ၅ နှစ်ကြာနေထိုင်ပြီးနောက် နိုင်ငံသားအဖြစ် လျှောက်ထားနိုင်ကြပါသည် ဟု ဆိုသည်။

တကယ်ဟုတ်မဟုတ်ကို  အရင်လာခဲ့သောသူများမေးမြန်းပါ။
အခက်တွေကြုံတွေများစွာရှိသည်ဟုကြားသိရသည်။

ဒေါက်တာစင်သီယာမောင်ရဲ့ ပုံတူ

မြန်မာ့နိုင်ငံရေးမှာ ထင်ရှားသူတချို့ရဲ့ ရုပ်တုတွေ ထုလုပ်ခဲ့တဲ့ အမေရိကန် ပန်းပုဆရာ Jim McNalis လတ်တလော လက်စွမ်းပြထားတာကတော့ ဒေါက်တာစင်သီယာမောင်ရဲ့ ပုံတူ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တော်ဆေးခန်းမှာပဲ ကာယကံရှင်ဆီကို ရုပ်တု ပေးအပ်တဲ့ အစီအစဉ် မကြာသေးခင်က ပြုလုပ်ခဲ့ပါတယ်။
နယ်စပ်ဒေသမှာ နှစ်ပေါင်း ၂၀ ကျော် ကျန်းမာရေး ဆိုင်ရာ လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဒေါက်တာစင်သီယာမောင်ဟာ နိုင်ငံတကာဆုတွေ ရရှိထားသူပါ။
ပန်းပုဆရာက သူလေးစားတဲ့ ဆရာဝန်ရဲ့ ရုပ်တု ပေးအပ်တဲ့ အစီအစဉ်မှာ နယ်စပ်ဒေသက မိတ်ဆွေတွေ၊ အဖွဲ့အစည်းကိုယ်စားလှယ်တွေ တက်ရောက် ဂုဏ်ပြုကြတာကို သဘောကျနေပါတယ်။
မယ်တော်ဆေးခန်းမှာ သူတို့ စုဝေးပြီး ကရင်ဘာသာစကားနဲ့ ရယ်ရယ်မောမော ပြောဆိုနေကြတယ်လို့ ပန်းပုဆရာက ပြန်ပြောပြပါတယ်။

ကရင်ပြည်သူ့ပါတီ (K.P.P)အကြောင်း တစေ့တစောင်း

၂၀၁၀ပြည့်နှစ်၊ နိုဝင်ဘာလ ၇ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သော အထွေထွေရွေးကောက်ပွဲ၌ အောက်ပါ ကရင်တိုင်းရင်းသားပါတီများ ၀င် ရောက်ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ကြသည်။
၁။ ကရင်ပြည်သူ့ပါတီ (Kayin Peoples Party-KPP) (စောထွန်းအောင်မြင့် – ဥက္ကဌ)
၂။ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ (စောခင်မောင်မြင့် – ဥက္ကဌ)
၃။ ကယန်းအမျိုးသားပါတီ (ခူးယူဂျင်း – ဥက္ကဌ)

ကရင်ပြည်သူ့ပါတီ (K.P.P)သည် မဲဆန္ဒနယ်ပေါင်း ၄၁နေရာတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကိုယ်စားလှယ် ၆ဦး ရွေးချယ်ခံခဲ့ရပြီး အောက်ပါ အတိုင်း လွှတ်တော်အသီးသီးတွင် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။
(၁) စောထွန်အောင်မြင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ကရင့်ရေးရာကိုယ်စားလှယ်နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာအဖွဲ့ ဥက္ကဌ
(၂) စောဂျူဗလီစံလှ ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ ကရင့်ရေးရာ ကိုယ်စားလှယ်
(၃) စောခရစ္စတိုဖာ ကရင်ပြည်နယ် ပညာ/စီမံဝန်ကြီး
(၄) စောဂျေအေးဝင်းမြင့် ကရင်ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားရေးရာ အဖွဲ့ဝင်
(၅) စောတော်ပလဲ အမျိုးသားလွှတ်တော်၊ လွှတ်တော်အခွင့်အရေးရေးရာ အဖွဲ့ဝင်
(၆) စောနေကော်ကြီး ပြည်သူ့လွှတ်တော်၊ အစိုးရ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ

၂၀၁၀ပြည့်နှစ်၊ နိုဝင်ဘာလ ၇ရက် အထွေထွေရွေးကောက်ပွဲမှ ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီး ၅ဦးကို အောက်ပါအတိုင်း ရွေးချယ်ခံ ရလျက် ခန့်အပ်တာဝန်ပေးခဲ့သည်။
၁။ စောထွန်းအောင်မြင့် (ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်သူ့ပါတီ)
၂။ စောဂျူဗလီစံလှ (ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်သူ့ပါတီ)
၃။ မန်းသန်းရွှေ (ဧရာဝတီတိုင်းဒေသကြီး၊ ပြည်ခိုင်ဖြိုးပါတီ)
၎။ စောအောင်ကျော်သိန်း (မွန်ပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ)
၅။ စောဟာဗွီ (တနင်္သာရီတိုင်းဒေသကြီး၊ ပြည်ခိုင်ဖြိုးပါတီ)

၂၀၁၀ပြည့်နှစ်၊ နိုဝင်ဘာလ ၇ရက်နေ့ထိ စာရင်းအရ ကရင်ပြည်သူ့ပါတီတွင် ပါတီဝင် စုစုပေါင်း ၄,၆၀၂ဦးရှိပြီး မြို့နယ်စည်းရုံးရေးကော် မတီ ဖွဲ့စည်းထားနိုင်မှု အခြေအနေမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၆မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၁မြို့နယ်၊ ပဲခူးတိုင်းဒေသ ကြီးတွင် ၃မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁မြို့နယ်၊ မွန်ပြည်နယ်တွင် ၃မြို့နယ်၊ စုစုပေါင်း မြို့နယ်စည်းရုံး ကော်မတီ ၂၄ခု ဖွဲ့ စည်းထားနိုင်ပြီး ဖြစ်သည်ဟု သိရသည်။

ကရင်ပြည်သူ့ပါတီ၏ စီးပွားရေးလုပ်ငန်းကော်မတီအနေဖြင့် ရွှေနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် (၁)ရွှေကရင် ကုမ္ပဏီ၊ (၂)ပသီထူး ကုမ္ပဏီ (၃)ဓနေထူးစော ကုမ္ပဏီ (၄)Bright Morning Star ကုမ္ပဏီ၊ (၅)မိုးထောင် ကုမ္ပဏီများ တည်ထောင်ထားကြောင်း သိ ရှိရသည်။ ထို့အပြင် အခြားသော စီးပွားရေးလုပ်ငန်းအချို့အနေဖြင့် K.P.P ဥက္ကဌ စောထွန်းအောင်မြင့်၏ တစ်ဦးချင်း ရင်းနှီးမြှုပ်နှံမှုဖြင့် ပါတီဝင်များ အလုပ်အကိုင်ရရှိရန် ဗိုလ်မြတ်ထွန်းတံတားအနီးတွင် အောင်တံခွန် စားသောက်ဆိုင်ကို ၁၄.၁.၂၀၁၁ရက်နေ့တွင် စတင် ဖွင့် လှစ်လုပ်ကိုင်လျက်ရှိသည်။ တွံတေးခရိုင် စည်းရုံးရေးကော်မတီမှ ဦးစီး၍ ရွှေဖားစည် ဓါတ်မြေသြဇာနှင့် စက်သုံးဆီ အရောင်းဆိုင်ကို လည်း ၁၆.၃.၂၀၁၁ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ကျိုက်ထို၊ ဘီးလင်းဒေသတွင်လည်း ဒေသခံ ကရင်ပြည်သူ့ပါတီဝင်များ၏ ပူးပေါင်းပါဝင် မှုဖြင့် ရွှေကျင်လုပ်ငန်းကို လုပ်ဆောင်လျက်ရှိသည်။ တောင်ငူအရှေ့ဘက်ခြမ်းဒေသတွင် ရွှေတူးဖော်ခြင်းလုပ်ငန်း လုပ်ဆောင်ရန်အ တွက် ကရင်ပြည်သူ့ပါတီမှ ကမကထပြုလျက် ကရင်အမျိုးသားပိုင်ကုမ္ပဏီများ ပူးပေါင်း၍ ရွှေကရင် စုပေါင်းကုမ္ပဏီအဖွဲ့ကို ဆောင်ရွက် လျက်ရှိပါသည်။

ကရင်လူထုအကျိုး အားထုတ်ဆောင်ရွက်မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောထွန်းအောင်မြင့်မှ ဥက္ကံဒေသ လယ်မြေသိမ်းမှုကိစ္စကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ အသိမ်းခံရသော လယ်မြေများ ပြန်လည်ရရှိခဲ့သည်။ ထို့အပြင် မှော်ဘီနှင့် လှည်းကူးတို့တွင်လည်း မြေသိမ်းဆည်းမှုများ ဖြစ်ပေါ်ခဲ့ရာ ၀န်ကြီးစောထွန်းအောင်မြင့်က သက်ဆိုင်ရာ တာဝန်ရှိသူများအပြင် ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံသို့ တိုက်ရိုက် ကိုယ်တိုင်သွားရောက်တင်ပြခဲ့ရာ ၎င်းကိစ္စများကို ယခုအခါ ရပ်ဆိုင်းထားကြောင်း သိရှိရ သည်။

ကရင်ပြည်သူ့ပါတီအနေဖြင့် ပြည်သူလူထု၏ ယုံကြည်ထောက်ခံမှု အပြည့်အ၀ရရှိရန် သတိထား လုပ်ဆောင်ရမည့် အကြောင်းအရာနှစ်ခု လတ်တလောအားဖြင့် ရှိနေသည်။ ပထမတစ်ခုမှာ ကရင်လူမျိုးများသည် ကိုးကွယ်ယုံကြည်မှု အမျိုးမျိုးကို သက်ဝင်ယုံကြည်ကြသည့် လူ မျိုးတစ်ရပ် ဖြစ်သည်။ အဓိကအားဖြင့် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာဟူ၍ ကရင်လူမျိုးအများ ကိုးကွယ်ယုံကြည်ကြသော ဘာသာ ကြီး ၂ခုရှိရာ ကရင်အများစုက ကရင်ပြည်သူ့ပါတီသည် ခရစ်ယာန်ကရင်များ ဦးဆောင်သောပါတီဖြစ်ပြီး ဗုဒ္ဓဘာသာဝင် ကရင်အမျိုးသား များအတွက် ရပ်တည်ဆောင်ရွက်ပေးမည့်ပါတီ မဟုတ်ဟူ၍ နားလည်လက်ခံထားကြသောအချက် ဖြစ်သည်။

ဒုတိယအချက်မှာ ကရင်ပြည်သူ့ပါတီသည် ဘယ်မတိမ်း ညာမယိမ်းဘဲ အမှန်တရားဘက်မှ ပြတ်ပြတ်သားသား၊ ရဲရင့်တည်ကြည်စွာ ရပ် တည်မည့် ပါတီတစ်ရပ်ဖြစ်ကြောင်း ပြည်သူလူထုမှ ယုံကြည်လာစေရန် လက်တွေ့လုပ်ဆောင်ပြသရေး ဖြစ်သည်။ အကြောင်းမှာ ကြားသိ ရသော သတင်းများအရ ၂၀၁၂ခုနှစ်၊ ဧပြီလ ၁ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သော ကြားဖြတ်ရွေးကောက်ပွဲတွင် ကရင်တိုင်းရင်းသား အများစု နေထိုင်ကြသော ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (NLD) ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်အောင်ဆန်းစုကြည်၏ အဓိက ယှဉ်ပြိုင်ဘက်အဖြစ် အရွေး ချယ်ခံမည်ဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာစိုးမင်း၏ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ကော့မှူးမြို့နယ်အတွင်းရှိ ကရင်တိုင်းရင်းသားများ၏ မဲအားလုံးရရှိနိုင်စေရေး ကရင်ပြည်သူ့ပါတီမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား အကူအညီပေးရန် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောထွန်းအောင်မြင့်အား ပြည်ထောင်စု ကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါ တီ၏ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်သိန်းလင်း (ယခင် ရန်ကုန်မြို့တော်ဝန်ဟောင်း)က ချဉ်းကပ်ပြောဆိုမှုများရှိကြောင်း ကြားသိရသည်။

သို့ဖြစ်ပါသောကြောင့် ကရင်ပြည်သူ့ပါတီအနေဖြင့် ကရင်လူထုတစ်ရပ်လုံး၏ ယုံကြည်ထောက်ခံမှုများကို ရယူလိုလျှင် သဘောထားကြီး စွာ၊ သတိကြီးစွာဖြင့် ဆုံးဖြတ်ရပ်တည် လုပ်ဆောင်သင့်ကြောင်း ကရင်လူထုမှ ပြောဆိုဝေဖန် သုံးသပ်လျက်ရှိကြောင်း သိရှိရသည်။

Tuesday, February 21, 2012

DKBA စစ်ဦးစီးမှူးကို နယ်ခြားစောင့်တပ် စနိုက်ပါဖြင့် ချောင်းပစ်

မြ၀တီအခြေစိုက် BGF အရာရှိတစ်ဦးပြောတာက “ပြေလည်မှုက မရသေးဘူး။ သူတို့ဘက်ကလည်း ကျနော်တို့ဘက်က ဘာစလုပ်မလဲဆိုတာကို စောင့်ကြည့်နေတယ်။ ကျနော်တို့ဘက်ကလည်း အထက်လူကြီး အမိန့်ကို စောင့်နေတယ်"
BGF အထက်လူကြီးဆိုတာ ဘယ်သူတွေလည်း??? ဗမာစစ်တပ် ဖြစ်တယ်.. ရှင်းတယ်နော်... ဒီထဲရှင်းတာ ဘာမှ မရှိဘူး... အဲလောက်ဆိုသဘောပေါက်ကြတော့။ ဗမာစစ်တပ်အမိန့် ကို နာခံပြီး ကေအဲန်ယူကို တက်တိုက်ခဲ့တဲ့လူတွေ အခုတော့.. အချင်းချင်းပြန်ဆော်ပြန်ပြီ။ ဘယ်အဖွဲ့ စနိုက်ဖယ်သမားလက်ပိုဖြောင့်သလည်းပဲ စောင့်ကြည့်ရတော့မလိုဖြစ်နေပြီ။ သတ္တ၀ါအပေါင်း အသက်ရှည်ကြပါစေလို့  အားလုံးအတွက် ဆုတောင်းပေးလိုက်မယ်။ လူယုတ်မာအမျိုးတွေ လက်ခုပ်တီးနေပြီ သူငယ်ချင်း။ တကယ်တော့ တကယ်လက်ဖြောင့်ပြီး စနိုက်ဖယ်ပစ်တော်တာက ဗမာစစ်တပ်ပါ။ ရန်သူက ကြားဝင်ပြီး မင်းတို့ ကိုပစ်ပြီးရင် ဟိုအဖွဲ့ ဖြစ်တယ် ဒီအဖွဲ့ လက်ချက်ဆိုပြီး အကွက်တွေ ဆင်ပြီး ၀င်လာတော့မည်.. ဗိုလ်ဆန်ပြုတ်အဖြစ်ကို လည်းအမှတ်ရကြပါ....

ကျော်ခ | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၀ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၀ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူ အခြေစိုက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA စစ်ဦးစီးမှူး တဦးကို ကရင်နယ်ခြားစောင့်တပ် BGF မှ အဝေးပစ် စနိုက်ပါ ရိုင်ဖယ်ဖြင့်
ချောင်းမြောင်း ပစ်ခတ်မှု တနင်္လာနေ့က ဖြစ်ပွားခဲ့သည်။

မြိုင်ကြီးငူအခြေစိုက် BGF ၁၀၁၁ တပ်ရင်းက မျက်နှာချင်းဆိုင်တွင်ရှိနေသော DKBA ကလို့ထူးလား စစ်ကွပ်ကဲရေး စခန်းက စစ်ဦးစီးမှူး ဖြစ်သူ ဗိုလ်မှူး ဝင်းမောင်အား အဝေးမှ စနိုက်ပါ ရိုင်ဖယ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဘယ်ဘက် လက်ဝါး ကို ထိမှန်ကာ ဒဏ်ရာရရှိသွားကြောင်း မြဝတီအခြေစိုက် DKBA ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး မောင်လေး က ပြောသည်။

“ဘယ်ဖက် လက်ဝါးကို ခင်ဗျ။ အသက်အန္တရာယ်တော့ စိုးရိမ်စရာ မရှိဘူး။ သူတို့ လှမ်းပစ်တာ ကိုက် ၃၅၀၊ ၄၀၀
လောက် ရှိမယ်။ မြိုင်ကြီးငူ ဝန်းထဲမှာရှိတဲ့ နှစ်ထပ် ဘုန်းကြီးကျောင်းပေါ်ကနေ လှမ်းပစ်တာ” ဟု ဗိုလ်မှူး မောင်လေး ကမဇ္ဈိမ ကို ပြောသည်။ ဗိုလ်မှူး ဝင်းမောင် ကို ဆေးကုသားမှု ပေးထားသည်ဟု ဆိုသည်။

ယင်းဖြစ်ရပ် မတိုင်မီ တနင်္ဂနွေနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် DKBA အဖွဲ့က BGF ၁၀၁၁ အဖွဲ့များ စီးလာသော ယာဉ်အား အာပီဂျီဖြင့် လှမ်းပစ်ရာ ကားထဲတွင် လိုက်ပါလာသူ တပ်စုမှူး အေးမင်းဝင်း အပါအဝင် တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ကြောင်း ဗိုလ်မှူးမောင်လေး က ပြောသည်။

BGF ယာဉ်အား ပစ်ခတ်ရန် ကွပ်ကဲသည့်အထဲတွင် စစ်ဦးစီးမှူး ဗိုလ်မှူးဝင်းမောင် ပါဝင်သဖြင့် ၎င်းအား ပြန်လည် ပစ်ခတ်ခြင်းဟု မြဝတီအခြေစိုက် BGF အဖွဲ့ အရာရှိတဦးထံမှ မဇ္ဈိမက စုံစမ်းသိရှိရသည်။

အဆိုပါ ပစ်ခတ်မှုမတိုင်မီ တနင်္ဂနွေနေ့ မနက် ၉ နာရီခန့်က BGF ၁၀၁၁ နှင့် ၁၀၁၉ တပ်ရင်း နှစ်ခု ပေါင်း၍ DKBA ကလို့ထူးလား စစ်ကွပ်ကဲရေး စခန်း အစောင့်ဂိတ်တဲများထံ လက်နက် အလက် ၃၀ ကျော် အလစ်ငိုက် ဝင်သိမ်းမှု
ဖြစ်ပွားခဲ့သည်။

မကြာမီရက်ပိုင်းအတွင်းက ၁၀၁၁ တပ်ရင်းမှ တပ်စုမှူး တဦးနှင့် တပ်ဖွဲ့ဝင် ၈ ဦးတို့သည် DKBA ကလို့ထူးလား စစ်ကွပ်ကဲရေးဌာန အဖွဲ့များနှင့် ပူးပေါင်းလို၍ လာရောက် ဆက်သွယ်ကာ DKBA က လက်မခံခဲ့သော်လည်း လုံခြုံရေးအရ နောက်ကြောင်း ပြန်မလှည့်လိုတော့သဖြင့် DKBA နယ်မြေအတွင်းတွင် နေထိုင်နေခဲ့သည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး BGF အဖွဲ့များက DKBA အဖွဲ့ကို မကျေနပ်ဖြစ်ကာ အလစ်အငိုက်တွင် လက်နက်များ လာရောက် သိမ်းယူမှု ပြုလုပ်ခြင်း မှစ၍ ရန်စပွားလာခြင်းဖြစ်ကြောင်း ဗိုလ်မှူးမောင်လေး က ပြောသည်။ ယခုအခါ
နှစ်ဘက် တပ်ဖွဲ့များသည် မျက်နှာချင်းဆိုင် အနေအထားတွင်ရှိပြီး စစ်ရေးပြင်ဆင်မှုတရပ်ကို ပြုလုပ်ထားပြီး အထက် အမိန့်ကို စောင့်မျှော်နေကြောင်း နှစ်ဘက် လက်နက်ကိုင်တပ်များထံမှ စုံစမ်းသိရှိရသည်။

“ပြေလည်မှုက မရသေးဘူး။ သူတို့ဘက်ကလည်း ကျနော်တို့ဘက်က ဘာစလုပ်မလဲဆိုတာကို စောင့်ကြည့်နေတယ်။ ကျနော်တို့ဘက်ကလည်း အထက်လူကြီး အမိန့်ကို စောင့်နေတယ်။ ဒီအနေအထားမှာပဲ ရှိသေးတယ်။ ဒါပေမယ့် သူတို့ရော ကျနော်တို့ရော အသင့်အနေအထားမှာပဲ ရှိနေတယ်” ဟု မြဝတီအခြေစိုက် BGF အဖွဲ့ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

အင်အား တထောင်ကျော်ရှိမည်ဟု ခန့်မှန်းထားသည့် နယ်ခြားစောင့်တပ် လုပ်ရန် ငြင်းဆန်ခဲ့သူ ဗိုလ်ချုပ်
စောလားဘွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေး ဦးစီးသော DKBA အဖွဲ့နှင့် မြန်မာအစိုးရတို့သည် ဖေဖေါ်ဝါရီ လဆန်းပိုင်းက
နှစ်ဘက်အပစ်ခတ်ရပ်စဲရန် သဘောတူညီခဲ့ကြသည်။

ထို့ကြောင့် DKBA နှင့် BGF တို့အကြား အစပျိုးနေသည့် ပြဿနာကို မြန်မာအစိုးရအနေဖြင့် အချိန်မီ အရေးတကြီး ကိုင်တွယ် ဖြေရှင်းပေးရန် လိုအပ်ကြောင်း DKBA နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူး စောလုံလုံ က ပြောသည်။

“ဒါကတော့ နိုင်ငံတော် အစိုးရအပေါ်မှာ မူတည်တာပေါ့။ သူတို့အောက်မှာ BGF ရှိတယ်။ နိုင်အောင် ထိန်းဖို့တာဝန် သူတို့ တာဝန်၊ သူတို့နဲ့ ကျနော်တို့နဲ့ ငြိမ်းချမ်းရေး လုပ်ထားပေမယ့်လည်း BGF က သူတို့အောက်မှာပါတော့ နဂိုကတည်းက ဆွေးနွေး ထားတာက အခု အပစ်ခတ်ရပ်စဲရေးသည် အားလုံးနဲ့ အကျုံးဝင်တယ်။ အခုဖြစ်တဲ့ကိစ္စမှာ အစိုးရအနေနဲ့ အရးတကြီးရှင်းဖို့ လိုတယ်။ မီးစလေး ထွက်တဲ့အချိန်မှာ အမြန်ဆုံး ငြှိမ်းသတ်ဖို့ လိုတယ်။ မီးစကို မငြှိမ်းသတ်နိုင်ရင် မီးတောက်ကြီး ဖြစ်နိုင်တယ်” ဟု ဗိုလ်မှူး စောလုံလုံ က မဇ္ဈိမကို ပြောသည်။

၂၀၁၀ သြဂုတ်လ ၁၈ ရက်နေ့က DKBA ဥက္ကဋ္ဌ စောသာထူးကျော်၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကျော်သန်း၊ ဗိုလ်မှူးကြီး
စောချစ်သူ တို့ လက်အောက်ခံတပ်ရင်းများ မြိုင်ကြီးငူတွင် နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲလိုက်ကြပြီး ကာကွယ်ရေး ဝန်ကြီးဌာန အောက်တွင် အမှုထမ်းခဲ့ကြသည်။

DKBA ပစ်ခတ်မှုကြောင့် BGF တပ်ဖွဲ့ဝင်၅ဦး ထိခိုက်သေဆုံး မှုများရှိ

ဖေဖော်ဝါရီလ ၂၀ရက်၊ ၂၀၁၂။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)မှ နယ်ခြား စောင့်တပ် (BGF)တပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ကားတစ်စီးအား ယမန်နေ့က ပစ်ခတ်ခဲ့ရာ ၅ဦး ထိခိုက်သေဆုံး ခဲ့သည်ဟု ဒီကေဘီအေ ဘက်က ပြောသည်။
ယမန်နေ့ မွန်းလွဲ ၂နာရီခွဲအချိန်၌ မြိုင်ကြီးငူလမ်းခွဲတွင် နယ်ခြားစောင့်တပ် (၁၀၁၁)တပ်ရင်း စီးနင်းလာသည့် ကားကို ဗိုလ်ဘိ ဦးဆောင် သည့် ဒီကေဘီအေတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကားထဲရှိ နယ်ခြားစောင့်တပ် ဗိုလ်ကြီးအေးဝင်းမင်းနှင့် တပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရပြီး တပ်သား ၃ဦးမှာ ကျဆုံးသွားခဲ့ခြင်းဖြစ်သည်။
အမည်မဖော်လိုသည့် ဒီကေဘီအေ တပ်မှူးတစ်ဦးက “မြိုင်ကြီးငူလမ်းခွဲ မြို့လယ်မှာပဲ ဖြစ်တယ်။ ကျနော်တို့လူတွေပစ်တာ။ ကားစီးလာ တဲ့ ဗိုလ်အေးဝင်းမင်းနဲ့အတူ ပါလာတဲ့ သူ့လူ ၁ယောက်။ ကားထဲမှာရှိတဲ့ လူတွေလည်း အကုန်လုံး ဒဏ်ရာရရှိခဲ့တယ်။”ဟု ကရင်သတင်း ဌာနသို့ ပြောသည်။
အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့သည် ရင်းပိုင်းချောင်းမှ မြိုင်ကြီးငူတစ်လျှောက် အနီးအနားရှိ ဒီကေဘီအေ တပ်ဖွဲ့ဝင်များ၏ စခန်းများတွင် လက်နက် ၂၃လက်ကို ၀င်ရောက်သိမ်းဆည်းမှုကြောင့် ဒီကေဘီအေဘက်မှ ယခုလို ပစ်ခတ်ရခြင်းဖြစ်သည်ဟု ၎င်းတပ်မှူးက ပြော သည်။
ဗိုလ်မှူးစိုးနိုင် ဦးစီးသည့် နယ်ခြားစောင့်တပ်ရင်း(၁၀၁၁)သည် မြိုင်ကြီးငူဒေသ ရင်းပိုင်းနေရာရှိ ဗိုလ်ကြီးရဲချစ် ဦးစီးသော DKBA တပ်ဖွဲ့ကို မိနစ် ၂၀ကြာ ၀င်ရောက်ပစ်ခတ်ခဲ့ပြီး လက်နက်များကို သိမ်းယူသွားခြင်းဖြစ်ကြောင်းလည်း KNLA တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်ဂျော်နီက အတည်ပြုပြောဆိုခဲ့သည်။
မြိုင်ကြီးငူအနီးတ၀ိုက်တွင် လှုပ်ရှားနေသည့် KNLA တပ်ဖွဲ့ဝင်တစ်ဦးက “ဒီကိစ္စဟာ အပြန်အလှန် လက်နက်သိမ်းတဲ့ ပြဿနာကနေ စပြီး ဖြစ်တာပါ။ သူတို့တွေ အချင်းချင်း မပြေလည်မှုတွေ စတင်ဖြစ်ပွားတဲ့ ပြဿနာရဲ့ နောက်ဆက်တွဲတွေပါပဲ။”ဟု ပြောသည်။

ယခုလို နှစ်ဖက် စစ်ရေးအခြေအနေ တင်းမာမှုကြောင့် ဒီကေဘီအေ အခြေစိုက်ရာ မြိုင်ကြီးငူဒေသနှင့် မဲ့သဝေါဒေသဘက်တွင် စစ်ရေး ပြင်ဆင်မှုများ လုပ်ဆောင်ထားသကဲ့သို့ နယ်ခြာစောင့်တပ်ဘက်တွင်လည်း စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်လျှက်ရှိသည်ဟု သိရသည်။
ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် BGF နှင့် DKBA တို့ နှစ်ဖက်အခြေအနေ တင်းမာနေချိန်တွင် အင်အားရာနှင့်ချီသည့် မြန်မာအစိုးရ ၏ တပ်များလည်း ထိုဒေသသို့ ရောက်ရှိလာနေသည်ဟု နယ်စပ်သတင်းများအရ သိရသည်။
ယခင်လ ၁၈ရက်နေ့က ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မဲ့သဝေါကျေးရွာ အခြေစိုက် နယ်ခြားစောင့်တပ် BGF တပ်ရင်း(၁၀၁၁) တပ်ဖွဲ့ ၀င်များ၏ လက်နက်များကို ဗိုလ်မှူးစောဘိ ဦးဆောင်သည့် DKBA တပ်ဖွဲ့မှသိမ်းဆည်းမှု ဖြစ်ပွားခဲ့သော်လည်း ထိုသိမ်းဆည်းရမိသည့် လက်နက်များကို ပြန်လည်အပ်နှံခဲ့သည်။

ကေအန်ယူ၏ အရေးပေါ် ဗဟိုကော်မီတီနှင့် တပ်မှူးများ အစည်းအဝေး


အပစ်အခတ် ရပ်စဲရေးကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးရန် အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေးနှင့် အရေးပေါ် တပ်မှူးများ အစည်းဝေးကို KNU ဗဟိုနှင့် စစ်ဦးစီးမှူးရုံးမှ (ဖေဖေါ်ဝါရီလ ၁၆) ရက်နေ့က ဖိတ်ကြားခဲ့သည်ဟု ဖိတ်ကြားခံရသည့် KNU ဗဟိုကော်မီတီဝင် တဦးကပြောပါသည်။

အလားတူ ယင်းအစည်းအဝေးသို့ တက်ရောက်ရန်KNU တပ်မဟာ (၁)၊ တပ်မဟာ (၂)၊ တပ်မဟာ (၄)၊ တပ်မဟာ (၅)၊ တပ်မ ဟာ (၆)နှင့် တပ်မဟာ (၇) မှ တပ်ရင်းမှူးများအပြင် အထူးတပ်ဖွဲ့မှ တပ်ရင်းမှူးများလည်း ဖိတ်ကြားထားပါသည်။

“ ကျနော်တို့ တပ်မဟာ (၄) ကတော့ ဘိတ်ထားဝယ် ခရိုင်ဥက္ကဌ ပဒိုကွယ်ထူးနဲ့ ရုံးအဖွဲ့ဘဲ သွားတက်ကြတယ်လေ။ တပ်မဟာမှူး ဗိုလ်မှူးချုပ် ဒါးကျော်တောင် မသွားဘူး။ သူတို့အကြောင်းပြထားတာက အပစ်အခတ် ရပ်စဲရေးလုပ်ရမဲ့ ကာလမို့ရှေ့တန်းမှာ အလုပ်များနေလို့ အဲဒီတပ်မှူးများ အစည်းအဝေးကို မတက်ရောက်နိုင်ဘူးလို့ အကြောင်းပြထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က အပစ်အခတ်ရပ်စဲရေးကို လိုလားသူတွေပါ။ အခုခေါ်တဲ့တပ်မှူးများ အစည်းအဝေး ကတော့ လက်မခံဖို့အတွက် ဖိအားပေးပြီး ခေါ်တဲ့အစည်းအဝေးဖြစ်လို့ မတက်ချင်တာပါ” ဟု တပ်မဟာ(၄) အရာရှိတဦး က ပြောခဲ့ပါသည်။

တပ်မှူးများ အရေးပေါ် အစည်းအဝေးကို KNU စစ်ဦးစီးမှူး ဗိုလ်မှူးချုပ် မဲ့အင်စိန်က ဖိတ်ကြားခြင်းဖြစ်ပါသည်။ သူသည် KNU ဥက္ကဌ စောတာမလာဘော၏သားဖြစ်ပါသည်။ သူသည် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမူတူးဆေးဖိုး မသိဘဲယခုလို ဖိတ်ကြားခြင်းဖြစ်သည်ဟု တပ်မဟာ (၆) အရာရှိတဦးက ပြောပါသည်။

“တပ်မဟာ (၆)က ဗဟိုကော်မီတီနဲ့ တပ်မှူးတွေကျတော့ ဒူးပလာယာ (မော်လမြိုင်) ခရိုင်ဥက္ကဌ ပဒိုရွှေမောင်း ကိုယ်တိုင်ကတောင် အဲဒီဗဟိုရဲ့ ဖိတ်ကြားမှုကို သိပ်လက်မခံချင်လို့ ဖုန်းနဲ့ကြေးနန်းအဆက်အသွယ်တွေ ဖြတ်ထားခဲ့တယ် လေ။ အခု တော့ အဲဒီကြေးနန်းကို ခရိုင်တွင်းမှာ ဆွေးနွေးနေကြတယ်။ အများစုက အပစ်အခတ် ရပ်စဲရေးကို လက်ခံနေကြ တော့ အခု KNU ဗဟိုရဲ့ အပစ်အခတ်ရပ်စဲရေး လက်မခံတဲ့အကြံကို မလိုချင်ကြဘူး။ ဒါကြောင့် ပုံစံအမျိုးမျိုးနဲ့ ရှောင်နေကြ တယ်လေ။”ဟု တပ်မဟာ(၆) အရာရှိတဦးက ပြောသွားခဲ့ပါသည်။

ပြီးခဲ့သည့် ဇန္နာဝါရီလ (၁၂)ရက်နေ့က ဗိုလ်ချုပ်ကြီးစောမူတူးဆေးဖိုး ဦးဆောင်သည့် ကိုယ်စားလှယ် (၁၉) ဦး အဖွဲ့သည်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေးကိစ္စကို (၄၅) ရက်အတွင်း ဆက်လက်ဆွေးနွေးသွားရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ပါသည်။ ဤ (၄၅) ရက်သည်၊ ဖေဖေါ်ဝါရီ လကုန်ပိုင်းဖြစ်သည့်အတွက် ဆက်လက်ဆွေးနွေးရေးကို လက်ခံသည့် ဗိုလ်ချုပ်ကြီးစောမူတူးဆေးဖိုးအဖွဲ့နှင့် လက်မခံသည့် KNU ဥက္ကဌ စောတာမလာဘောတို့ အဖွဲ့တို့ အားပြိုင် နေကြသည့်အခြေအနေတွင် ရှိနေပါသည်။

ဤပြသနာကို ထင်ရှားစေလိုသည်မှာ ပြီးခဲ့သည့် ရက်ပိုင်းက ပစ်ခတ်မှုကို ထောက်ပြကြပါသည်။ ကေအန်ယူတပ်မဟာ (၅)ဧရိယာရှိ ဘီလင်းမြို့နယ်တွင် ကေအန်ယူ ကန့်သတ်ထားသည့် နေရာသို့ အကြောင်းမကြားဘဲ ထိုးဖေါက်ဝင်လာသည့် အစိုးရတပ်ဖွဲ့ကို အပြန်တွင် ကေအန်ယူဖက်က တိုက်ခိုက်လိုက်ရာ (၂) ဦးသေပြီး (၉)ဦးပြင်း ထန်စွာ ဒါဏ်ရာရရှိခဲ့ပါသည်။ ဤသည် အစိုးရ၏မူရင်းသဘောထားဟု ထောက်ပြကြပြီး ယခုလိုဆွေးနွေးပွဲ အချိန်အခါမျိုးတွင် မဖြစ်သင့်ဟု ထောက် ပြချင်ကြပါသည်။

ကေအန်ယူ ဗဟိုသည်၊ အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးကို လက်ခံသော်လည်း၊ အပစ်အခတ် ရပ်စဲရေးကိစ္စတွင် အစိုးရ ဖက်က တပြည်လုံး အပစ်အခတ်ရပ်စဲရေးကို လက်ခံမှ အပစ်အခတ် ရပ်စဲချင်ကြပါသည်။ ဤသည်၊ ကေအန်ယူပါ ၀င်သည့် သွေးစည်းညီ ညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု၏ မူဖြစ်ပါသည်။

အပစ်အခတ် ရပ်စဲရေးနှင့် ပါတ်သက်ပြီး KNU ဗဟိုသည်၊ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကရင်လူ့ထုလူတန်းစား အဖွဲ့အစည်း အားလုံးကိုဖိတ်ခေါ်ပြီး မဲဖေါ်ဂေ ဒေသမှာရှိသည့် မဲသရစ်မှ သေ့ဘေ့ဗွာထ စခန်း (ပဒိုမန်းရှာအား သင်းဂြိုဟ်သည့်နေရာ)၌ အမြင်ချင်းနှီးနှောဖလှယ်ကြပါသည်။ ယင်းဆွေးနွေးပွဲ၌လည်း၊ ဗိုလ်ချုပ်ကြီးစောမူတူးဆေးဖိုး၊ ကေအန်ယူ ဗဟိုကော်မီတီဝင်၊ ပဒိုရောဂျာတို့က အစိုးရထံတောင်းဆိုထားသည့် ကေအန်ယူ၏ တောင်းဆိုချက် (၁၁)ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

KNU_02လက်ရှိပြသနာ၌ လာမည့်အစိုးရနှင့် ဆွေးနွေးပွဲတွင် ကေအန်ယူအနေနှင့် အပစ်အခတ် ရပ်စဲရေးကို မည်သို့သဘောထား မည်နည်း ဆိုသည့်ပြသနာဖြစ်နေပါသည်။ မည်သို့ပင်ဆိုစေ ကေအန်ယူသည်၊ ဘ၀တူ တိုင်းရင်းသားများနှင့် လက်တွဲပြီး၊ ငြိမ်းချမ်းရေး တည်ဆောက်သွားမည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

အသက် 15 နှစ်နဲ့ အဖေကို သတ်သူ ( သေဒဏ်ချမှတ် ခံရ )

http://i.dailymail.co.uk/i/pix/2010/09/07/article-1309831-0B1300CF000005DC-666_228x374.jpg
ဗြိတိန်၏ အသက်အငယ်ဆုံး အမျိုးသမီး လူသတ်သမားအဖြစ် သတ်မှတ်ခံရသူ အသက် ၁၆ နှစ်အရွယ် တရားခံအား ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ကြောင်း သိရသည်။
အစ်ဆွစ်မြို့၊ ကလပ်ဂိတ်လမ်းတွင် နေထိုင်သော လော်ရိန်းသော့သည် သူမအသက် ၁၅ နှစ်အရွယ်တွင် အရက်သမား ဖခင်နှင့် အမျိုးသမီး အဖော်တို့အား သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ သူမသည် အသက် ၄၁ နှစ်အရွယ် ပေါကလက်နှင့် ပူးပေါင်းကာ ဖခင်ဖြစ်သူ ဒက်စမွန်သော့၊ ယင်း၏အဖော် ရိုစလင်ဟန့်တို့အား ပြီးခဲ့သည့်နှစ်၊ ဩဂုတ်လက သတ်ဖြတ်ခဲ့သည်။ ရိုစလီအား လော်ရိန်းက ရိုက်နှက်ကန်ကျောက်ကာ သေသည်အထိ တိုက်ခိုက်ခဲ့သည်။ လော်ရိန်း၏ ဖခင်ဖြစ်သူ အသက် ၄၃ နှစ်ရှိ ဒက်စမွန်မှာ ကလက်၏ သူငယ်ချင်း တစ်ဦးလည်းဖြစ်ပြီး ရဲများအား ပြန်လည်တိုင်ကြားမည်ကို စိုးရိမ်သောကြောင့် ကလက်နှင့် လော်ရိန်းတို့က နှုတ်ပိတ်လိုက်ခြင်းဖြစ်သည်။
ကလက်သည် ယင်းပြစ်မှုအတွက် အနည်းဆုံး ထောင်ဒဏ် ၂၇ နှစ ( သေဒဏ် )် ချမှတ်ခံရပြီးဖြစ်သည်။ လော်ရိန်းမှာလည်း ယခုအခါ လန်ဒန်ရှိ အိုးဘယ်လီ အကျဉ်းထောင်တွင် ပြစ်ဒဏ်ခံရမည်ဖြစ်သည်။ လော်ရိန်း၏ မိဘနှစ်ပါးသည် သူမ ၁၂ နှစ်သမီးက ကွာရှင်းခဲ့ပြီးနောက် လော်ရိန်းသည် မိခင်နှင့် တစ်နှစ်ကြာ အတူနေပြီး ဖခင်ထံ ရောက်ရှိလာခဲ့သည်

DKBA နှင့် BGF စစ်ရေးတင်းမာ မှုကြောင့် ဒေသခံ ၅၀ကျော် ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်နေ

ဖေဖော်ဝါရီလ ၂၀ရက်၊ ၂၀၁၂ခုနှစ်။ စောသိန်းမြင့် (ကေအိုင်စီ)



တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)နှင့် နယ်ခြားစောင့်တပ် (BGF) တို့ ယမန်နေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဖက် စစ်ရေးပြင်ဆင်မှု များကြောင့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မဲ့သဝေါရွာ သူရွာသား ၅၀ဦးကျော်မှာ ယခု အချိန်တွင် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေး တိမ်းရှောင်နေရသည်။
မဲ့သဝေါရွာသားတစ်ဦးက “သူများပြောတာ အခြေအနေမကောင်းဘူးဆိုပြီး ထိုင်းဘက်ခြမ်းကို ခဏရှောင်ထားလို့ ပြောတဲ့အတွက် ကျနော်တို့ ဟိုး-မနေ့ညကတည်းက ထွက်ပြေးလာတာပါ။ ဒီမနက်လည်း အများကြီး ထပ်ကူးသေးတယ်။ စာသင်ကျောင်းလည်း အကုန် ပိတ်လိုက်ရပြီ။”ဟု ကေအိုင်စီသို့ ပြောသည်။
ယနေ့ နေ့လယ် ၁၁နာရီကျော်အချိန်တွင်လည်း မြိုင်ကြီးငူဒေသရှိ BGF မှ DKBA စခန်းကို စနိုက်ပါသေနတ်ဖြင့် လာရောက် ချောင်း မြောင်း ပစ်ခတ်မှုကြောင့် DKBAဘက်က ဗိုလ်တစ်ဦးမှာ လက်တွင် ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်ဟု DKBA ဘက်က ပြောသည်။
မဲ့သဝေါကျေးရွာရှိ DKBA တပ်မှူးတစ်ဦးက “ကျနော်တို့ သတ်မှတ်ထားတဲ့ နယ်မြေအတွင်းမှာ BGF တပ်ဖွဲ့တွေ ၀င်လာလို့ရှိရင် ပစ်ဖို့ အ မိန့်ရပြီးသားဖြစ်တယ်။ မဲ့သဝေါအောက်က ရေတံခွန်ဆိုတဲ့နေရာကို ကျော်လာရင်တော့ ပစ်ရမှာပဲ။”ဟု ပြောသည်။
ထို့အပြင် ကေအဲန်ယူတပ်မဟာ(၁)နယ်မြေရှိ DKBAတပ်ဖွဲ့ဝင်အင်အား ၆၀၀န်းကျင်ခန့်သည် ယနေ့မွန်းလွဲပိုင်းတွင် မြိုင်ကြီးငူသို့ ပြန်လည်ခြေကုပ်နေရာသကဲ့သို့ မဲ့သဝေါဒေသရှိ DKBA တပ်ဖွဲ့များသည်လည်း စစ်ရေးအရံသင့်ပြင်ဆင်ထားသည်ဟု DKBA ဘက်က ပြောသည်။
DKBA တပ်မှူးက“ ကျနော်တို့တွေ စစ်ရေး အဆင်သင့်ပြင်ထားသလို BGFလည်း အဆင်သင့်ပြင်ထားတယ်ဆိုတော့ အချိန်မရွေး ပစ်ခတ် ဖြစ်ပွားနိုင်တယ်။ သူတို့ သိမ်းထားတဲ့ လက်နက်တွေ ကျနော်တို့ ပြန်တောင်းယူလို့ မရလို့ကတော့ BGF တွေ အလုပ်များပြီးသာ မှတ် တော့။”ဟု ပြောသည်။
အဆိုပါ ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်လာသည့် ရွာသားများသည် နီးစပ်ရာ အသိမိတ်ဆွေအိမ်များတွင် ခေတ္တခိုလှုံလျှက်ရှိပြီး လက်ရှိအ ချိန်ထိ မည်သည့်လူမှုအဖွဲ့အစည်းမှ လာရောက်ကူညီထောက်ပံ့ပေးခြင်း မရှိသေးပေ။
ယမန်နေ့ မွန်းလွဲပိုင်းက နယ်ခြားစောင့်တပ်- BGF (၁၀၁၁)သည် DKBA တပ်ဖွဲ့ဝင်များ၏ လက်နက် ၂၃လက်ကို သိမ်းဆည်းပြီး ပြန်လာ ရာ မြိုင် ကြီးငူလမ်းခွဲတွင် ၎င်းတို့စီးနင်းလာသည့်ကားကို DKBA တပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အတွက် BGF တပ်ဖွဲ့ဝင် ၅ဦး ထိခိုက်သေဆုံးခဲ့သည်။
DKBA နှင့် BGF တို့၏ စစ်ရေးတင်းမာမှုနှင့် ပတ်သက်၍ KNU တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်ဂျော်နီက “ဒီကိစ္စဟာ ကျနော်တို့နဲ့ မဆိုင်ပါ ဘူး။ ဘုန်းကြီး(မြိုင်ကြီးငူဆရာတော်)ရဲ့လူတွေ အချင်းချင်းဖြစ်တဲ့ ပြဿနာဆိုတော့ ကျနော်တို့လည်း ဘာမှ မတတ်နိုင်ဘူး။”ဟု ပြော သည်။
ဗိုလ်ဘိဦးဆောင်သည့် DKBA အဖွဲ့သည် ယခင်နှစ် ၂၀၁၀ခုနှစ် သြဂုတ်လက အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်ခံခဲ့ပြီး ၈လအကြာတွင် အစိုးရတပ်နှင့် ပစ်ခတ်မှု ဖြစ်ပွားကာ DKBA အဖွဲ့အဖြစ် ပြန်လည်ရပ်တည်ခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်စော လားပွယ်(နှုတ်ခမ်းမွှေး) ဦးဆောင်သည့် ကလို့ထူးဘောအဖွဲ့နှင့် ပြန်လည်ပူးပေါင်းကာ ကလို့ထူးဝါး၊ ကလို့ထူးလားဗျူဟာဟူ၍ ပြန်လည် ဖွဲ့စည်းခဲ့ပြီး ဗိုလ်ဘိတို့အဖွဲ့ကို ကလို့ထူးလားဗျူဟာအဖြစ် သတ်မှတ်ခဲ့သည်။
ဗိုလ်ချုပ်စောလားပွယ် ဦးဆောင်သည့် DKBA ကလို့ထူးဘောတပ်ဖွဲ့သည် ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလ ၈ရက်နေ့မှစ၍ နယ်ခြားစောင့်တပ်အ သွင်ပြောင်းရန် ငြင်းဆန်ကာ အစိုးရတပ်ကို တနှစ်နီးပါး တိုက်ခိုက်ခဲ့ပြီး ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ ၃ရက်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ နယ်၌ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့သည်

Monday, February 20, 2012

ဘိတ်ထားဝယ်ခရိုင် ဒေသခံတွေက ထိုင်း-အီတလီ ကုမ္မဏီကို မကျေနပ်

Dawei (Tavoy) Development or Destruction by Kwe Ka Lu

ကရင်အင်္ကျီဝတ်ပြီး ဒေါ်စုနဲ့တောင် ဓါတ်ပုံရိုက်ယူနိုင်ခဲ့တဲ့ ဂျပန်က“အာ”စီးပွားရေးသမား

ငြိမ်းကောင်စီမှ ဗိုလ်ချူပ် ထိန်မောင်နဲ့ ဆရာတိမသေတို့ လုပ်နေတဲ့အလုပ် နောက်ဆက်တွဲ အရှုပ်ဇယားများ သိရှိနိုင်ရန်အတွက် ဒီသတင်းကို ဟစ်တိုင် သတင်းစာမျက်နှာမှ ပြန်လည်ကူးယူ ဖေါ်ပြပေးလိုက်ပါတယ်။ ကရင်တွေ သိခွင့်ရတဲ့အတွက် ဒီသတင်းကိုရေးသားတဲ့ စိုးဝင်းရှိန် (မိုးသောက်ကြယ်ဂျာနယ်တာဝန်ခံအယ်ဒီတာတစ်ဦး)ကိုလည်း ကျေးဇူးအထူးတင်ပါတယ်။




"ကရင်အင်္ကျီအပြာရောင်ဝတ်ထားတဲ့ သန်းထိုက်ဦး(နာမည်ရင်း သန်းထိုက်)ဆိုတာ လှည့်ပတ်လိမ်စားနေတဲ့ လူတယောက်ပါ"

စိုးဝင်းရှိန်--၁၉-၂ -၂၀၁၂

သူငယ်ချင်းတစ်ယောက်က အရေးတကြီးဖုန်းဆက်လာပါတယ်။

“ဟေ့လူ (ကို)သန်းထိုက်ဦးတစ်ယောက် ဒေါ်စုခြံထဲကို ကရင်အင်္ကျီဝတ်ပြီး ၀င်သွားတဲ့ပုံတွေ တွေ့ပြီးပြီလား။ ဒေါ်စုနဲ့တောင် စားပွဲဝိုင်းတစ်ခုထဲမှာ အတူထိုင်ပြီး ဓါတ်ပုံတွဲရိုက်ထားတဲ့ပုံတွေတောင် နက်ပေါ်တက်နေပြီ။ ဘယ်လိုလုပ်ကြမလဲ။ တားကြ ဆီးကြ သတိပေးကြပါဦး...”တဲ့။

သူပြောလို့ ကျနော်လည်း နက်ပေါ်မှာရှာကြည့်လိုက်တော့(ဓါတ်ပုံပါတဲ့လင့်ကို မိုးသောက်ကြယ်အဖွဲ့သားတစ်ဦးမှ ရှာဖွေပေးခြင်း ဖြစ်ပါတယ်) ကိုယ်မျက်စိတောင် ကိုယ်မယုံနိုင်အောင်ဖြစ်သွားတယ်။ လား- လား- လား- တယ်ဟုတ်ပါလား။
ဒီလူ သူ့ရည်ရွယ်ချက်ပြည့်အောင်တော့ လုပ်နိုင်သားပဲ။ ရည်ရွယ်ချက်ပြည့်ပြီးရင် ရည်မှန်းချက်နဲ့ သူရဲ့ရှေ့လုပ်ငန်းစဉ်တွေကို “ဂွင်”သမားပီပီ အကောင်အထည်ဖော်တော့မှာပဲ။ ဒီလိုပဲ ကျနော်သဘောပေါက်လိုက်ပါတယ်။

ပထမဦးဆုံး ဒီလူ ဘယ်လိုပုံစံနဲ့ ဒေါ်အောင်ဆန်းစုကြည်ခြံထဲဝင်သွားသလဲဆိုတာကို ထိုင်းမှာရှိတဲ့လူတွေဆီ ဆက်သွယ်တီးခေါက်ကြည့်လိုက်တော့ အဖြစ်မှန်အားလုံးကို သိရပါတယ်။ ဒါကြောင့် ဒီလူအကြောင်းကိုပါ တပါတည်းရေးလိုက်ပါတယ်။ ဒီလူလိုမျိုး အလားတူခြေလှမ်းပြင်နေတဲ့ လူတစ်ယောက်အကြောင်းကိုပါ အတိအကျရေးပေးလိုက်ပါတယ်။

ဒီလိုရေးလို့ မိုးသောက်ကြယ်ဂျာနယ်တာဝန်ခံအယ်ဒီတာဆိုတဲ့လူဟာ သူများကို အပုပ်ချဖို့၊ တိုက်ခိုက်ဖို့ပဲလုပ်နေသလား။ မနာလို ၀န်တိုစိတ်(ဣဿာ၊ မစ္ဆရိယစိတ်)တွေပဲ ကိန်းကောင်းနေသလား။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ဖို့ပဲ အာသီသရှိနေသလားလို့ ထင်ကောင်းထင်နိုင်ပါတယ်။

ကျနော့်ခံယူချက်ကတော့ တော်လှန်ရေးဗန်းပြ၊ နိုင်ငံရေးကိုခုတုံးလုပ်ပြီး စီးပွားရှာလုပ်စားနေတဲ့လူတွေ၊ လိမ်နေ ညာနေ ဖြီးနေ ဖြန်းနေတာတွေကို မုန်းပါတယ်။ ရွံ့လည်းရွံ့ပါတယ်။ ပုဂ္ဂိုလ်ခင်လို့ တရားမင်တယ်ဆိုတာမျိုးလည်း မရှိပါဘူး။ ဂျာနယ်မှာဖော်ပြရင် ပုဂ္ဂိုလ်ရေးဆန်ဆန် တိုက်ခိုက်မှုမျိုး မိုးသောက်ကြယ်ဂျာနယ်စာမျက်နှာပေါ်မှာမတင်မိအောင်နဲ့ အများသူငှာ သတိထားဆင်ခြင်မိအောင် ပါးပါးလေးပဲ ရေးတင်ပါတယ်။

မိုးသောက်ကြယ်ဂျာနယ်ရဲ့ အဓိကဖော်ပြနေတဲ့အကြောင်းအရာတွေကတော့ အတူယူစရာကောင်းတဲ့ ဂျပန်နိုင်ငံရေးအကြောင်း၊ လူမှုရေးအကြောင်းနဲ့၊ ဂျပန်ရောက် နိုင်ငံခြားသားတွေ သိသင့်သိထိုက်တဲ့ ဥပဒေရေးရာအကြောင်းကိုပဲ ဇောင်းပေးပြီးဖော်ပြတာပါ။

“ရိုးသားမှုဟာချစ်စရာ”တဲ့။ ဆရာတင်မိုးရဲ့ လက်သုံးစကားပါ။ ရိုးသားတဲ့လူမှန်သမျှကို ကျနော်ချစ်ပါတယ်။ ပုခုံးပေါ်သာမက ခေါင်းပေါ်မှာပါ ဦးထိပ်တင်မှာပါ။

ရိုးသားမှုအားလုံးကိုလေးစားလျက်-
စိုးဝင်းရှိန်
(မိုးသောက်ကြယ်ဂျာနယ်တာဝန်ခံအယ်ဒီတာတစ်ဦး)

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကရင်အင်္ကျီဝတ်ပြီး ဒေါ်စုနဲ့တောင် ဓါတ်ပုံရိုက်ယူနိုင်ခဲ့တဲ့ ဂျပန်က“အာ”စီးပွားရေးသမား
(သို့မဟုတ်)
“ကိုတင်ဝင်း”ထက်သာသွားတဲ့ “ကိုသန်းထိုက်ဦး”

ကရင်အင်္ကျီအပြာရောင်ဝတ်ထားတဲ့ သန်းထိုက်ဦး(နာမည်ရင်း သန်းထိုက်)ဆိုတာ လှည့်ပတ်လိမ်စားနေတဲ့ လူတယောက်ပါ။
ဂျပန်ကို (၂၀၀၀)မတိုင်မီကရောက်ပြီး စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ရင်း ဂျပန်တယောက်နဲ့ ရန်ဖြစ်လို့ ဖမ်းဆီးပြန် ပို့ခံရပါတယ်။

ဂျပန်ကိုပြန်လာချင်တော့ ပထမဦးဆုံး နာမည်ပြောင်းပါတယ်။
အမည်ရင်းသန်းထိုက်ကနေ သန်းထိုက်ဦးဆိုပြီး ပတ်စပို့စာအုပ်အသစ်နဲ့ ပြန်ဝင်လာပါတယ်။
ဂျပန်ဥပဒေအရ အိုဗာစတေးမှုနဲ့ ရာဇ၀တ်မှုကြောင့် မိခင်နိုင်ငံပြန်ပို့ခံရတဲ့လူတွေကို ၅ နှစ်အတွင်း ပြန်ဝင်လို့မရဘူးလို့ ထုတ်ပြန်ထား ပါတယ်။

ဒါကြောင့် နာမည်အသစ်၊ ပတ်စပို့အသစ်နဲ့ ပြန်ဝင်လာတာပါ။
ဂျပန်ပြန်မလာခင် ပြင်ဆင်စရာရှိတာတွေ အားလုံးကို ပြင်ဆင်ပါတယ်။
ဂျပန်အစိုးရထံမှာ ရဖြူဂျီ(ဂျပန်ရောက် မြန်မာများအခေါ် “အာ”ဗီဇာ)လျှောက်ချင်တော့ (NLD) ဟောပြောပွဲတွေသွား၊ ဓါတ်ပုံတွေရိုက်၊ အထောက်အထားအတုတွေ ရယူခဲ့ပါတယ်။

သူ့ဒါမျိုးလုပ်တဲ့အကြောင်းကို စာရေးဆရာ သူရိန်ထက်က “ခြံစည်းရိုးလေးကို ကျေးဇူးပါတယ်”ဆိုပြီး ဂျပန်မှာထုတ်တဲ့ အာဟာရ စာစောင်မှာလည်း ဖော်ပြခဲ့ဖူးသလို၊ မိုးမခ နဲ့ ရွှေဒေါင်းတောင် စာမျက်နှာမှာလည်း တင်ထားပါတယ်။

ဖတ်ချင်တယ်ဆိုရင်တော့-
http://moemaka.com/2011/06/suu-66-article-thuyein-htet-2/
http://www.shwedaungtaung.com/index.php?option=com_content&view=article&id=176:2011-08-25-18-51-55&catid=1:education-guide&Itemid=50
မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဒီလိုနဲ့ ဂျပန်ကို ပြန်ဝင်ရောက်လာပြီး ပြည်တွင်းမှာ နိုင်ငံရေးလုပ်ခဲ့လို့ အသက်လုပြီး ထွက်ပြေးလာရပါတယ်လို့ပြောပြီး ဂျပန်လ၀ကဆီမှာ ရဖြူဂျီလျှောက် နောက် “အာ”ဗီဇာရသွားပါတယ်။ “အာ”ဗီဇာရတော့ ပထမအိမ်ထောင်နဲ့ ရခဲ့တဲ့ သားသမီး(၃)ယောက်ကို ဂျပန် ခေါ်ပါတယ်။

ရောက်လာတဲ့နောက်ပိုင်း ဂျပန်လာချင်တဲ့လူတွေကို ယန်း သောင်း ၁၅၀ (ကျပ်သိန်း တစ်ရာ့ခြောက်ဆယ်ကျော်)ယူပြီး လက်ထပ်ဗီဇာနဲ့ ခေါ်ပါတယ်။

ဒါကို မိုးသောက်ကြယ်ဂျာနယ်ရဲ့ “ကြားလိုက်ရသောအသံများ”ခေါင်းစဉ်အောက်မှာ “အာ”ပုံပြော၍ “အာ”ကုန်ကူးခြင်းဆိုပြီး သရော်စာပုံစံမျိုးရေးခဲ့ဖူးပါတယ်။
မကျေနပ်လို့ဆိုပြီး ရှေ့နေငှားပြီး တိုင်ပါတယ်။ နောက်ဆုံးတော့ သူ့ဖာသာသူပြန်လျောချ သွားပါတယ်။

ဒီလိုနဲ့ ဂျပန်မှာ အနှစ်(၂၀)ကျော်နေထိုင်နေတဲ့ ရေလှံတဲ့ မြန်မာပြည်ပေါက် ကုလားမတစ်ဦးကို(မလိုအပ်သေးသဖြင့် နာမည်မရေးသေးခြင်းဖြစ်ပါတယ်) ချစ်ကြိုက်ချင်အောင် လိမ်ညာပေါင်းသင်းပြီး နှစ်ပေါင်း(၂၀)ကျော် နေ့ မအိပ်ည မအိပ်ရှာထားတဲ့ ငွေများကို ကားဟောင်းရောင်းဝယ်ရေးကုမ္ပဏီထောင်မယ်ပြောပြီး ယန်း သိန်း(၅,၀၀၀)ကျော် ရယူပြီး ထိုင်းနိုင်ငံ မဲဆောက်မှ လိုင်စင်မဲ့ကားများကို ခိုးသွင်းနေသူဖြစ်ပါတယ်။

သားသမီး(၃)ယောက်ကလည်း 'ဘမျိုး ဘိုးတူ'ဆိုတဲ့အတိုင်း ဂျပန်မှာဆိုးသွမ်းရှုပ်ပွေလွန်းလို့ တယောက်သိန်း(၅၀၀)စီပေးပြီး မြန်မာပြည်ပြန်ခိုင်းလိုက်တယ်လို့ သိရပါတယ်။
မပြန်လို့လည်း မရတော့တဲ့အခြေအနေတွေကို ဂျပန်လ၀က က သိသွားလို့ပါ။

သူကလည်း ဂျပန်လာချင်တဲ့ မြန်မာပြည်ထဲက မိန်းကလေးတစ်ယောက်ကို ကျပ် သိန်း ၁၂၀ တောင်း။ လူလည်းယူ ငွေလည်းယူပြီး လက်ထပ်ဗီဇာနဲ့ခေါ်လိုက်ပါသေးတယ်။
မကုလားမကြီးက ဒေါသူပုန်ထပြီး ဒီမိန်းမကို မြန်မာပြည်ပြန်မပို့ရင် ရှင့်ကို ကားကုမ္ပဏီထောင်ဖို့ ငွေထုတ် မပေးတော့ဘူးလို့ ရာဇသံပေးလို့ ချော့မော့ပြီး ပြန်ပို့လိုက်ပါတယ်။

အခု သူက မဲဆောက်မှာ နောက်မိန်းမခပ်ငယ်ငယ် တယောက်နဲ့ နေသလို ကြားနေရသလို ကုလားမကြီးကို ငွေမပြားမှ မပို့တော့လို့ တငိုငို တရီရီဖြစ်နေတယ်လို့လည်း ကြားရပါတယ်။

ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့က ဗိုလ်ချုပ်ထိန်မောင်တို့နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ ဓါတ်ပုံအတူရိုက်နေတာမြင့်တွေရတော့ လူလိမ်တယောက်ကို မဖြစ်မနေဖေါ်ထုတ်ရခြင်းဖြစ်ပါတယ်။

သူ့ ပါစင်နယ်ကို ဖေါ်ထုတ်ရေးနေခြင်းမှာ ပါစင်နယ်ကောင်းမှ ယုံကြည်ရမှာဖြစ်လို့ မဖြစ်နေ ရေးပြရခြင်းဖြစ်ပါတယ်။

ယနေ့အချိန်ကာလဟာ ကားများကို တရားဝင်တင်သွင်းခွင့်ပြုနေပြီဖြစ်တဲ့အတွက် လိုင်စင်မဲ့ကားများ ခိုးသွင်းမှုမှာ အရောင်းအ၀ယ် မဖြစ်တော့ပါ။
ဒါကြောင့် ကားအရောင်းအ၀ယ် ကားခိုးပို့မှုကိုကူညီသော လူများနှင့်ဆက်သွယ်ကာ ဗိုယ်ချုပ်ထိန်မောင်တို့ထံ ချည်းကပ်ပြီး “ဂွင်”ဖန်ဖို့နည်းမျိုးစုံကြံနေခြင်းဖြစ်ပါတယ်၊ ဗိုလ်ချုပ်ထိန်မောင်တို့အဖွဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးပွဲ သွားရောက်သည်ကို နောက်တနေ့မှာ သိသိချင်း ဇွတ်လိုက်သွားတာလို့ မဲဆောက်ကလူတွေပြောပြလို့ သိရပါတယ်။
အကြောင်းကတော့ ကရင်ပြည်နယ်မှာ အကြီးမားဆုံး ရွှေကြောကြီးတွေ့ရှိနေသည့်သတင်းကို ကြားသိနေသဖြင့် “ဂွင်”အကြီးကြီးဖန်ခြင်းဖြစ်ပါတယ်။

ဗိုလ်ချုပ်ထိန်မောင်တို့အဖွဲ့ ငြိမ်းချမ်းရေး ရယူပြီးလျှင် ရွှေတူးဖေါ်ရေးလိုင်စင်ကို အစိုးရထံမှ တောင်းပြီးလုပ်ရန် ရည်ရွယ်ထားပုံ ရပါတယ်။
(ငြိမ်းချမ်းရေးယူပြီးသော ဖဒိုအောင်ဆန်းတို့ ဦးအောင်ခန်းထီးတို့ အဖွဲ့များအား မြေအောက်သယံဇာတတူးဖေါ်ရေးလိုင်စင် ထုတ်ပေးခဲ့ သည်ကို သိကြမှာပါ)။

ထိုအတွက်ကြောင့် ရိုးသားသော တိုင်းရင်းသားများအပေါ် နိုင်ငံရေးအရအလွဲသုံးစားလုပ် အခွင့်ကောင်းယူရန် “ဂွင်”ဖန်နေသောလူတယောက်သာဖြစ်ပါတယ်။
ဘာနိုင်ငံရေးမှ လုပ်ခဲ့တဲ့သူမဟုတ်သလို ဘာနိုင်ငံရေးခံယူချက်မှလည်း ရှိတဲ့သူမဟုတ်ပါ။
နိုင်ငံရေးလုပ်နေသူများကို အသုံးချပြီး လူမွေးကာ ငွေအနည်းငယ်ပို့ပြခဲ့ဘူးသည်ဟု သိရပါသည်။
ဂွင်အကြီးကြီးမှ ကိုင်တဲ့သူဖြစ်ပါတယ်၊ ဂွင်သေးရင် လှည့်တောင်မကြည့်ပါ။ ။

နောက်တစ်ဦးက ကိုတင်ဝင်းဆိုတဲ့လူအကြောင်းပါ။ ဆက်ရေးပါမယ်။ အတိအကျကိုရေးမှာပါ။
ဒီလူ လူလည်ကျတာ၊ နှစ်ပေါက်တစ်ယောက်ရိုက်ပြီး အာရွီး၊ ညာဖြီးတာကို သောက်မြင်ကပ်လို့ ကျနော်ကိုယ်တိုင် သံမှူးဦးကောင်းစံလွင်နဲ့ဗျူးထားတဲ့ အသံဖိုင်ပါ ပူးတွဲတင်ပေးမှာပါ။

ဒီလိုရေးလို့ ပုဂ္ဂိုလ်ရေးအမြင်မကြည်ဘူး၊ ပုဂ္ဂိုလ်ရေးမသင့်မြတ်ဘူးလို့ထင်လည်း မတတ်နိုင်ပါ။
ပုဂ္ဂိုလ်ရေးက ပုဂ္ဂိုလ်ရေးပါ။

အစပထမပြောခဲ့သလို ကျနော့်ခံယူချက်ကတော့ တော်လှန်ရေးဗန်းပြ၊ နိုင်ငံရေးကိုခုတုံးလုပ်ပြီး စီးပွားရှာလုပ်စားနေတဲ့လူတွေ၊ လိမ်နေ ညာနေ ဖြီးနေ ဖြန်းနေတာတွေကို မုန်းပါတယ်။
ရွံ့လည်းရွံ့ပါတယ်။

ပုဂ္ဂိုလ်ခင်လို့ တရားမင်တယ်ဆိုတာမျိုးလည်း မရှိပါဘူး။
မိုးသောက်ကြယ်ဂျာနယ်တာဝန်ခံအယ်ဒီတာတွေ၊ အဖွဲ့သားတွေ မရိုးသားတာ၊ မဟုတ်တာ မမှန်တာလုပ်တာ၊ ပြောတာ ဆိုတာ၊ အာရွှီး ညာဖြီးနေတာ ရှိရင်လည်း ဝေဖန်ပေးကြပါ။
ပြုပြင်ပါမယ်။

http://www.facebook.com/media/set/?set=a.1531540252592.2071549.1357340814&type=3#!/maungshin1

စိုးဝင်းရှိန်
(မိုးသောက်ကြယ်ဂျာနယ်တာဝန်ခံအယ်ဒီတာတစ်ဦး)

ဓါတ်ပုံများကို ယာဟိုး ဆာခ်ျ မှ ကူးယူ ဖော်ပြပါသည်။(ဟစ်တိုင်)

မောင်ချစ်သူ၊ ဖားနွီး လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ ဝင်များ မြိုင်ကြီးငူဒေသ တခေါ်ဖိုး ဒီကေဘီအေ စခန်းကို တက်သိမ်း (HOT News)


ယနေ့ နေ့ လည်မွန်းလွဲ တစ်နာရီအချိန်တွင် မောင်ချစ်သူနှင့်ဖားနွီးလက်အောက်ခံ BGF နယ်ခြားစောင့်တပ်ဖွဲ့ ဝင်များက မြိုင်ကြီးငူဒေသ ဗိုလ်ဘိ လက်အောက်ခံ တခေါ်ဖိုး ဒီကေဘီအေ စခန်းအား ၀င်ရောက်ပစ်ခတ် သိမ်းပိုက်လိုက်ကြောင်း သတင်းရရှိပါသည်။

အဆိုပါတိုက်ပွဲတွင် နှစ်ဖက် ကျဆုံးမှု အတိအကျ မသိရသေးသော်လည်း BGF နယ်ခြားစောင့်တပ်ဖွဲ့ ဝင်မှ ဒီကေဘီအေ သေနတ် အလက်(၂၀) သိမ်းဆည်းယူသွားကြောင်း သတင်းရရှိပါသည်။

ယခုဖြစ်ပွားသည့်တိုက်ပွဲနှင့်ပါတ်သက်၍ သမ္မတ ဦးသိန်းစိန်အစိုးရမှ ဒီကေဘီအေ ကိုသော်လည်းကောင်း ကေအဲန်ယူကို သော်လည်းကောင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး ပဏာမ လက်မှတ်ထိုးမှုများအဆင့်အထိတိုးတက်မှု များရှိခဲ့သော်လည်း ဗမာ့တပ်မတော်မှ ကရင်နယ်ခြားစောင့်တပ်တွေကို ဒီကေဘီအေ စခန်းအားသွားရောက်တိုက်ခိုက်အမိန့် ပေးခြင်းသည်က ကရင်လူမျိုးတွေ ကို စနစ်တကျ သွေးခွဲပြီး ရာသက်ပန်ကျွန်အဖြစ်သွတ်သွင်းရာ လုပ်ဆောင်နေတဲ့ လုပ်ရပ်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်ပါသည်။

ဒီကိစ္စနှင့်ပါတ်သက်၍ ဗိုလ်မှူးစောလားဘွယ်ဦးဆောင်တဲ့ ဒီကေဘီအေနှင့် KNU ကရင်အမျိုးသားအစည်းအရုံးတို့ ဗမာအစိုးရနှင့် ငြိမ်းချမ်းရေးကိစ္စများ အခြေနေမှန်ကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါသည်။ တဖက်တွင် ငြိမ်းချမ်းရေးစကား ကမ်းလှမ်းပြီး တဖက်မှာ ကရင်အချင်းချင်းကို သွေးခွဲ တိုက်ခိုက်ရန် စေခိုင်းချင်းသည် လူယုတ်မာ တို့ ၏ လုပ်ရဖြစ်ကြောင်းပေါ်လွင်လှပါသည်။ ဒီအတိုင်းဆိုရင် ဒီကေဘီအေရော ကေအဲန်ယူပါ ဗမာအစိုးရကို ပြန်ထထိုက်ဖို့ အလားအလာတွေက များနေတယ်လို့ စစ်ရေးလေ့လာသူတစ်ဦးက ဆိုပါသည်။

အပစ်ရပ်ထားစဉ် အစိုးရတပ်များ တိုးချဲ့ထားဟု ကေအန်ယူဆို

Published on February 18, 2012 by နေသွင် ·

အစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူတို့ အကြားမှာ အပစ်ရပ်ထားတဲ့ ကာလအတွင်းမှာ အစိုးရတပ်ဘက်က ကေအန်ယူနယ်မြေထဲကို တပ်တွေ တိုးချဲ့တာမျိုးတွေပဲ ဖြစ်နေတယ်လို့ ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူက ပြောပါတယ်။

လောလောဆယ် ကေအန်ယူနယ်မြေထဲမှာ အစိုးရတပ်စခန်းပေါင်း ရာနဲ့ချီပြီး ချထားပြီး ဒေသခံတွေကိုလည်း ကန့်သတ်မှုတွေ လုပ်နေတယ်လို့ ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုစောဒေးဗစ်သာကပေါက ဒီဗွီဘီကို ပြောပါတယ်။

“အခုဆိုရင် ကျနော်တို့နယ်မှာ အပစ်ရပ်တယ်။ သူတို့တွေကို ရိက္ခာပို့ဖို့ ခွင့်ပြုတယ်။ အခုဟာက ကျနော်တို့နယ်မြေထဲလည်း လာနေသေးတယ် စခန်းပေါင်းက ၂၀၀ လောက်ရှိတယ်။ စခန်းပတ်ဝန်းကျင်း ကိုက် ၂၀၀၀ လောက်ကို မ၀င်ရဘူးတို့၊ လမ်းဘေး ကိုက် ၅၀၀ မ၀င်ရဘူးတို့၊ ဒီလိုလုပ်ရင် ကျနော်တို့နယ်ခံတွေလည်း မနေတတ်တော့ဘူးလေ။ ကျနော်တို့ကပဲ လက်နက်ချသွားတဲ့ ပုံစံမျိုးလို ဖြစ်နေတယ်။”

အစိုးရနဲ့ ကေအန်ယူတို့ ဇန်န၀ါရီလ ၁၂ ရက်နေ့က ကရင်ပြည်နယ် ဖားအံမြို့မှာ တွေ့ဆုံပြီး အပစ်ရပ်ရေး ပဏာမ သဘောတူညီချက် လက်မှတ်ထိုးခဲ့စဉ်က ကေအန်ယူဘက်က တပြည်လုံး အပစ်အခတ်ရပ်စဲရေး၊ အဓမ္မခိုင်းစေမှုနဲ့ ငွေကြေးကောက်ခံမှု ရပ်ဆိုင်းရေး၊ ပြည်သူ့ဘဝ ပြန်လည် ထူထောင်ရေး စတဲ့ အချက် ၁၁ ချက်ကို တင်ပြခဲ့ပါတယ်။

ဖေဖော်ဝါရီ လကုန်လောက်မှာ နှစ်ဘက်ပြန်တွေ့ဖြစ်ရင် တိတိကျကျ စည်းကမ်းသတ်မှတ် ရမှာတွေ ရှိနေတယ်လို့ ဒိုစောဒေးဗစ်သာကပေါက ဒီဗွီဘီကို ပြောပါတယ်။

“ဘာလုပ်ရမလဲဆိုတော့ ကျနော်တို့ ပြန်ဆွေးနွေးရမှာပေါ့။ အပစ်အခတ် ရပ်စဲရေးက ဘာမှ သတ်မှတ်ချက် မရှိဘူး။ ခင်ဗျားတို့ အပစ်ရပ် ကျနော်တို့ ရိက္ခာပို့မယ်ဆိုတဲ့သဘောပဲ ရှိတယ်။ ကျနော်တင်ပြချက် အချက်တချက်က မူအားဖြင့် လက်ခံတယ်။ အဲဒါက နောက်မှ စဉ်းစားမယ်ဆိုတဲ့သဘောပေါ့။ မူအဖြစ် လက်ခံတယ် မဟုတ်ဘူးနော်။ မူအဖြစ် လက်ခံတယ်ဆိုရင် မဖြစ်မနေလုပ်မယ်ဆိုတဲ့ သဘော။ မူအားဖြင့် လက်ခံတယ်ဆိုတာကို ဒါက နှစ်ပေါက်တပေါက် ရိုက်တယ် ခေါ်တယ်။ အပစ်အခပ် ရပ်စဲရင် ခင်ဗျားတို့ ဘာလုပ်ပါ။ ကျုပ်တို့ ဘာလုပ်မယ်ပေါ့။ ပြီးမှ ကချင်ပြည်မှာ တိုက်နေတဲ့ ကိစ္စကိုလည်း ရပ်ရမှာ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်မှ ဖြစ်မယ်။ အဲဒါတွေမရပ်ရင် ကျနော်တို့ကလည်း စိတ်အေးအေးနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်လို့ မရဘူး။ အပစ်အခတ် ရပ်စဲရေးကလည်း သေချာ စည်းမျဉ်းစည်းကမ်းတွေနဲ့ နှစ်ဖက် လေ့လာတာ။ နိုင်ငံတကာက၀င်ပြီး စောင့်ကြည့်တာ အဲဒီအထိကို ကျနော်က ဆန္ဒရှိတာပါ။”

လတ်တလော အပစ်ခတ်ရပ်စဲထားတဲ့ ကာလမှာ အောက်ခြေ တပ်မဟာတွေဖြစ်တဲ့ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတယ်လို့လည်း ကေအန်ယူက ပြောပါတယ်။