Friday, December 31, 2010

Supply 1: KNLA Colonel Nerdah organises supplies for the DKBA

Supply 1: KNLA Colonel Nerdah organises supplies for the DKBA

မျိုးချစ်ကရင်များ၏မျက်ရည်

မျိုးချစ်ကရင်များ၏မျက်ရည်
ဖြစ်ရပ်မှန်ကို မသိသေးသော ကရင်မျိုးချစ်များအားဘယ်သောအခါမှမမေ့စေချင်အကြောင်းကြောင့်ထပ်မှန်တင်ပေးလိုက်ပါသည်၊၊


တိုင်းမှူးသစ် ဗိုလ်မှူးချုပ်မြထွန်းဦးနဲ့ ဖူးထိန်မောင်အကြောင်း တစေ့တစောင်း

http://ehkhaungthaunt.blogspot.com/


စစ်အစိုးရက အရှေ့အလယ်ပိုင်း စစ်ဌာနချုပ်လို့ အမည်ရတဲ့ စစ်ဌာနချုပ်အသစ်တခုကို ထပ်မံဖွင့်လှစ်လိုက်တယ်လို့ ဧရာဝတီသတင်းဝက်ဆိုက်ဘ်မှာ ဖတ်ရှူရပါတယ်။ အဲဒီ စစ်ဌာနချုပ်ကို ရှမ်းပြည်တောင်ပိုင်းမှာ အခြေစိုက်မှာဖြစ်ပြီး တိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ် မြထွန်းဦးအား ခန့်အပ်လိုက်တယ်လို့လည်း ဖော်ပြထားပါတယ်။

(၀ဲမှယာ-ဗိုလ်မှူးထော့လေ့ (KNDO), ဖူးထိန်မောင်၊ ဒေါက်တာဖောဖော (ငြိမ်းချမ်းရေးပွဲစား)၊ ဗိုလ်မှူးချုပ်မြထွန်းဦးပုံ။


စစ်ဌာနချုပ်သစ်ရဲ့ တိုင်းမှူးမဖြစ်ခင်က ဗိုလ်မှူးချုပ်မြထွန်းဦးဟာ စစ်ဖက်ဆိုင်ရာ လုံခြုံရေး (စရဖ)မှာ တာဝန်ထမ်းဆောင်ခဲ့သူပါ။ သူ့ရဲ့ ဆရာကတော့ (စရဖ)က ဗိုလ်ချုပ်ရဲမြင့်ပဲ ဖြစ်ပါတယ်။ (စရဖ)မှာ တာဝန်ထမ်းဆောင်တဲ့အချိန်က မြထွန်းဦးဟာ ကေအဲန်ယူလက်အောက်က တပ်မဟာ တပ်ရင်းတွေကို အစိတ်စိတ်အမွာမွာ ဖြစ်အောင် ဖဲ့ထုတ်စည်းရုံးရာမှာ အဓိကနေရာကနေ ပါဝင်ဦးဆောင်ခဲ့သူပါ။

အဲဒီလိုလှုပ်ရှားရာမှာ ကေအဲန်ယူထဲက အင်အား အကြီးမားဆုံး တပ်မဟာတခုဖြစ်တဲ့ တပ်မဟာ၇ကို အရင်ဆုံး ချည်းကပ်ခဲ့ပါတယ်။ သူ့ရဲ့အနီးကပ်ဆုံး နောက်လိုက်ကတော့ တပ်မဟာ ၆လက်အောက် တပ်ရင်း ၁၈ကို စည်းရုံးဖဲ့ထုတ်ခဲ့တဲ့ ဗိုလ်မှူး မင်းချစ်ဦးပဲ ဖြစ်ပါတယ်။ အဲဒီစည်းရုံးဖဲ့ထုတ်မှုကတော့ မအောင်မမြင်ဖြစ်ပြီး နောက်ဆုံး ဗိုလ်ကြည်လင်း လုပ်ကြံခံခဲ့ရပါတယ်။

မြထွန်းဦးဟာ ဖူးထိန်မောင်ကို စည်းရုံးဖို့အတွက် ငြိမ်းချမ်းရေး ပွဲစားတွေလို့ အများက သမုတ်ကြတဲ့ ပြည်တွင်းက သြဇာရှိ ကရင်အမျိုးသားတွေနဲ့ နယ်စပ်မှာ အခြေချလှုပ်ရှားနေတဲ့ တချိန်က ကရင်တော်လှန်ရေးမှာ အုတ်ရောရော ကျောက်ရောရောနဲ့ ပါဝင်သော်လည်း ကိုယ်ကျိုးအတွက် အခွင့်အရေးသမား ဆိုတဲ့ လူတွေတချို့ကို အသုံးချခဲ့ပါတယ်။ နာမယ်တွေကိုတော့ မဖော်ပြတော့ပါဘူး။

တပ်မဟာ ၇ကို စည်းရုံးဖဲ့ထုတ်တဲ့ နေရာမှာ ကေအဲန်ယူဗဟိုနဲ့ ရန်စတိုက်ပေးပြီး အက်ကြောင်းတွေ ဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ နောက်ဆုံး ၄င်းရဲ့ စည်းရုံးရေးဟာ တော်တော်လေး အောင်မြင်မှုတွေ ရှိလာပြီးတော့ တပ်မဟာ ၇မှူး ဖူးထိန်မောင်ဆီကို မြထွန်းဦးနဲ့ အပေါင်းအပါတွေ တံခါးမရှိ ဓါးမရှိ ၀င်ထွက်လာနိုင်ခဲ့တဲ့ အပြင် ဗိုလ်ချုပ်မြရဲ့ ဈာပနာအခမ်းအနားကိုလည်း (စရဖ) လွမ်းသူ့ပန်းခွေကိုင်ပြီး တက်ရောက်နိုင်ခဲ့ပါတယ်။

အဲဒီအချိန်က မြထွန်းဦးကို ဘယ်သူတွေက လှိုက်လှိုက်လှဲလှဲနဲ့ ကြိုဆိုနေရာတွေ ပေးနေကြလဲဆိုတာ ဈာပန တက်ရောက်ခဲ့သူတိုင်း သိရှိနိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ တပ်မဟာရမှူး ဖူးထိန်မောင်နဲ့ အပေါင်းအပါတချို့ဟာ ကေအဲန်ယူကြီး တခုလုံးကို ကျောခိုင်းပြီး နအဖနဲ့ ပူးပေါင်းသွားတဲ့အထိ မြထွန်းဦး စည်းရုံးသွားနိုင်ခဲ့ပါတယ်။ ဖူးထိန်မောင်ကို စည်းရုံးနိုင်တော့ သူ့လက်အောက်ခံ တပ်တွေ အားလုံး လိုက်ပါလာမယ်လို့ မြထွန်းဦး တွက်ဆထားပါတယ်။

သို့ပေမယ့်လည်း မြထွန်းဦး မျှော်လင့်ထားသလို တပ်မဟာ ၇လက်အောက်ခံတပ် ရင်း ၇ရင်းစလုံးနဲ့ ဗဟိုအထူးတပ်ရင်းတွေ ဖူးထိန်မောင် လိုက်ပါမသွားပါဘူး။ အဲဒီအတွက် နအဖစစ်ခေါင်းဆောင်တွေရဲ့ ကြိမ်းမောင်းမှုကိုလည်း မြထွန်းဦးတယောက် ခံခဲ့ရတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အထင်ကရ ကရင့်တော်လှန်ရေး သမားကြီးတယောက်ကို စည်းရုံးသွားနိုင်ခဲ့တာကတော့ တော်ရုံတန်ရုံ အလုပ်တခုတော့ မဟုတ်ပါဘူး။

တဖက်မှာလည်း မြထွန်းဦးနဲ့ ဖူးထိန်မောင်ဟာ ပုဂ္ဂိုလ်ရေးအရ အလွန်ရင်းနှီးကြသလို ဖူးထိန်မောင် အားအထားရဆုံး သူ့သားမက် ဗိုလ်လယ်မှူး(လုပ်ကြံမှုကြောင့် သေဆုံး)နဲ့လည်း အလွန်ရင်းနှီးကြပါတယ်။ မြထွန်းဦးဟာ အစည်းအဝေးတိုင်း၊ တွေ့ဆုံကြတဲ့အချိန်တိုင်းမှာ ဖူးထိန်မောင်ရဲ့ မွေးစားသားဖြစ်ကြောင်း ဂုဏ်ယူစွာနဲ့ အမြဲတမ်းထုတ်ဖော် ပြောဆိုလေ့ရှိပါတယ်။ နောက်ဆုံး ဖူးထိန်မောင်ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဖိအားပေးတဲ့အချိန်တိုင်းမှာ မြထွန်းဦးဟာ ဗိုလ်ချုပ်ရဲမြင့်နဲ့အတူ အမြဲတမ်းပါဝင်လေ့ ရှိပါတယ်။ ဒါကတော့ မြထွန်းဦးနဲ့ ဖူးထိန်မောင်တို့ရဲ့ ပတ်သက်ဆက်နွယ်မှုတွေထဲက ကျနော်သိတာလေးကိုပဲ မျှဝေလိုက်တာ ဖြစ်ပါတယ်။

Address of KNU President Saw Tamlabaw on Karen New Year Day of 2750


Karen New Year Pr Address Eng-2011 -

Supply 3: Interview with DKBA commander

Supply 2: Supplies about to be delivered across Thai-Burma border

ON Patrol with DKBA

တိုက်ပွဲသတင်း

/ 12/30/2010 09:42:00 PM / Comments: (0)
ဆုံဆည်းရာ မှ......

ဖလူးဒေသ စူးကလိ အနီး ကွိတာအူးတွင် ယနေ့နေလည် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် နအဖ စစ်တပ်မှ ခမရ ၅၈၇ စစ်တပ်များကတဖက် ဒီကေဘီအေ နဲ့ အေဘီအက်ဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့တို့မှတဖက် တိုက်ပွဲဖြစ်ပွားနေပါတယ်။ ယခုအချိန်အထိ တဖက်နဲ့ တဖက် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေဆဲပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထိုင်းဘုရင့်သမီးတော် လာရောက်တဲ့အတွက် ဝေါလေဒေသမှာ တိုက်ပွဲ အနည်းငယ် ဆိတ်ငြိမ်ခဲ့ရာမှာ ယမန်နေ့ညမှစတင်ပြီး တိုက်ပွဲများ တဖန်ပြန်လည် ဖြစ်ပေါ်ခဲ့တာပါ။

ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်မှာ ကရင်ပြည်နယ်၊ ကျိုင်းဒုံ-ဝေါလေ ကားလမ်းရှိ ထီးတီမူထီးနေရာတွင် နအဖ စစ်တပ်မှ ရှေ့တန်းအထိုင်တပ်များအတွက် ရိက္ခာတင်ဆောင်လာသော ကားများကို ဒီကေဘီအေနဲ့ အေဘီအက်ဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရိက္ခာ ကားတစီးအား သိမ်းယူနိုင်ခဲ့သည်။ သိမ်းယူခဲ့သော ရိက္ခာကားမှ ရိက္ခာများကို ယူဆောင်ပြီး ကားအား ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဝါလေဒေသ ကနဲလေးတွင် ယမန်နေ့ညနေ ၃ နာရီတွင် နအဖ တပ်များနဲ့ ဒီကေဘီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

Wednesday, December 29, 2010

KNU APPEAL BY David Tharkabaw

KNU, SSA, KNPP joint military exercises

ဒုံးယိမ်းည, Done Yaine Nya

Soe Lwin Lwin - Done Yane Nya


ယူရိုပီယံ ကရင်နက်ဝပ် ညီလာခံ ကျင်းပအသံပါဖိုင်

ယူရိုပီယံ ကရင်နက်ဝပ် ညီလာခံ ကျင်းပ



Dawae Deep Seaport Project ထားဝယ် ပင်လယ်နက် စီမံကိန်းအသေးစိတ်များ

Monday, December 27, 2010

Dawae Deep Seaport Project ထားဝယ် ပင်လယ်နက် စီမံကိန်း
Dawae Deep Seaport Project ထားဝယ် ပင်လယ်နက် စီမံကိန်း

Tuesday, December 28, 2010

ယူရိုပီယံ ကရင်နက်ဝပ် ညီလာခံ ကျင်းပ

Karen Dictionary

A GRAMMAR OF THE SGAW KAREN

Poe Karen Dictionary

Karen Dictionary

The-Karen-People-of-Burma

The Karen People of Burma

Karen Bronze Rain/Frog Drum

Karen Bronze Rain/Frog Drum

စောဘဦးကြီး၏အမျိုးသားရေးကြိုးပမ်းမှု

mahnsoekamaw.blogspot

ကရင်စာပေရှေ့ဆောင် ဖူ့ဒိုက်ကော်

Karen Literature

Burma and the Karens

Burma and the Karens

Monday, December 27, 2010

ပုံပြင်မဟုတ်ပါ

Posted by admin on December 25th, 2010

2007 sept“အရာရှိဖြစ်ရတာလည်းမနိပ်ပါဘူးဗျာ… ရဲဘော်ဘဝတုန်းကမှ အဆင်ပြေသေးတယ်။”
“ဘာဖြစ်လို့လဲဗိုလ်ကြီးရ …”
“ဘာဖြစ်ရမတုံး……ရဲဘော်ဘဝမှာတုန်းက ကျနော့်မိန်းမက တပ်ထဲမှာ အသုပ်စုံရောင်း တယ်။ ရတဲ့အမြတ်အစွန်းလေးနဲ့ အပိုမစုမိပေမဲ့ ဆွဲရေး (စားရေးသောက်ရေး) အဆင် ပြေတယ်။ ကလေးကျောင်းစရိတ်လည်း သိပ်မပူရဘူး။ ခုတော့ဗျာ… အရာရှိကတော် ဖြစ်နေတော့ အရင်ကလို အသုပ်ရောင်းလို့လည်း မသင်တော်ဘူး။ ရိပ်သာက အခြားအ ရာရှိကတော်တွေကြားမှာ မျက်နှာငယ်ရတယ်။ အဆင်မပြေတာကို ဒီအတိုင်းပဲ ကြိတ် မှိတ် နေရတယ်ဗျာ။”
ဒီလိုဒီလိုမျိုးမကြာခဏ ညည်းတွားပြောဆိုတတ်သူကတော့ တပ်မတော် (ရေ) အရာရှိ တဦး ဖြစ်တဲ့ ဗိုလ်ကြီးမျိုးသန်း (ရေ/ ၃၉၁၆) ဖြစ်ပါတယ်။ သူနဲ့ ကျနော် အရင်က မသိ ကျွမ်းဖူးခဲ့ပါ။ အမှတ် (၁) ဗျူဟာ စစ်ရေယာဉ်စုကို သူပြောင်းရွှေ့ရောက်ရှိလာတဲ့နောက် ပိုင်းမှာ သန်လျင်ဘက်ကိုသွားဖို့ ဘတ်စ်ကားစောင့်ရင်း မကြာခဏဆုံတွေ့ဖြစ်ရာက ရင်း နှီးလာတာပါ။ ရေတပ်မှာ ကြိုပို့ယာဉ်အလုံ အလောက်မရှိတာမို့ အောက်ခြေအရာရှိများ နဲ့ စစ်သည်အများစုဟာ လိုင်းကားစီးပြီး ရုံးတက်ရပါတယ်။
အဲဒီထဲမှာ ကိုယ်ပိုင်ကားမရှိတဲ့ ဗိုလ်မှူးအချို့လည်း ပါဝင်ပါတယ်။ တခါတရံ လိုင်းကား အဆက်ပြတ်တဲ့ အခါမျိုးမှာ ကျနော်တို့ နီးစပ်ရာလက်ဘက်ရည်ဆိုင် ထိုင်တတ်ကြပါ တယ်။ အဲဒီအခါမျိုးမှာ သူ့အကြောင်း ကိုယ့်အကြောင်း စပ်မိလို့ ပြောဖြစ်ကြတာတွေ ရှိ ပါတယ်။ လက်ဘက်ရည်သောက်တဲ့ အကြိမ်အများစုမှာ ကျသင့်ငွေကို ဗိုလ်ကြီး မျိုးသန်း က ဒိုင်ခံရှင်းပေး တတ်ပါတယ်။ အခြားသူကရှင်းပေးတာကို မလိုလားပါဘူး။
ကျနော်တို့ရေတပ်မှာ အချင်းချင်း understood ဖြစ်နေတဲ့ ထုံးစံတခု ရှိပါတယ်။ အဲဒါက လမ်းကြုံလို့ လက်ဘက်ရည်အတူသောက်ကြတဲ့အခါ ရာထူးကြီးသူက ကျသင့်ငွေ ကို ရှင်းပေးတတ်တဲ့ အလေ့အထပါ။ (သို့ပေမဲ့ ထုံးစံ မလိုက်နာသူ အချို့လည်း ရှိပါသေး တယ်)
ဗိုလ်ကြီးမျိုးသန်း ဟာ ရေငုပ်စစ်သည် ဘဝက အရာရှိဖြစ်လာသူပါ။ ၁၉၉၄-လောက်မှာ ခေတ်မီတပ်မတော်တရပ် ထူထောင်ဖို့ ရည်မှန်းချက်နှင့်အတူ (ကြည်း/ ရေ / လေ) တပ် ဖွဲ့စည်းပုံကို တိုးချဲ့လုပ်ဆောင်ပါတယ်။ အဲဒီအခါမှာ အရာရှိအင်အားပြည့်မီရေးအတွက် ရေတပ်ဗိုလ်လောင်း သင်တန်းဖြေဆိုခွင့် သတ်မှတ်ချက်ကို ယာယီလျှော့ချလိုက်ပါ တယ်။ ယခင်က သိပ္ပံဘွဲ့ (သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ) နဲ့ ဝိဇ္ဇာဘွဲ့(ဥပဒေ) ရရှိပြီး အ သက် (၃ဝ) နှစ်အောက် စစ်သည်များသာ ဗိုလ်လောင်းသင်တန်း လျှောက်ခွင့်ရခဲ့ ပေမဲ့ ယာယီပြင်ဆင်ချက် အရ အသက် (၃၅) နှစ် အောက်ဘွဲ့ရပြီးသူအားလုံး ဗိုလ်သင်တန်း လျှောက်ခွင့် ရလာပါတယ်။
အထက်ပါစီမံချက်နဲ့အတူ ရဲဘော်မျိုးသန်း လည်း ဗိုလ်ကြီးမျိုးသန်းဖြစ်လာပါတယ်။ သို့ သော် ဗိုလ်မှူးမျိုးသန်း တော့ ဖြစ်ခွင့်မရှိပါ။ နဝတအစိုးရ လက်ထပ်မှာ ရဲဘော်ဘဝမှ အ ရာရှိဖြစ်လာသူတွေကို စစ်ရေယာဉ်မှူးငယ်သင်တန်း တက်ခွင့်မပြုတော့လို့ အဲဒီအရာရှိ တွေဟာ ဗိုလ်ကြီးဘဝမှာပဲ ကျောက်ချရပ်နားလိုက်ကြရပါတယ်။
တနေ့မနက်မှာတော့ ကားစောင့်နေတုန်း အံ့သြစရာ သတင်းတခုကို ကျနော် ကြားလိုက် ရ ပါတယ်။ လက်နက်ရောင်းဝယ်မှုနဲ့ ဗိုလ်ကြီးမျိုးသန်း အဖမ်းခံလိုက်ရပြီတဲ့။ စိတ်လှုပ် ရှားအံ့အားသင့်သွားရတဲ့အပြင် ကြားရတဲ့သတင်း ဖြစ်နိုင်ချေရှိမရှိ ဆက်စပ်စဉ်းစားမိပါ တယ်။ ဗိုလ်ကြီးမျိုးသန်းဟာ အနေအထိုင်အေးဆေးတည်ငြိမ်ပြီး သူတပါးအပေါ် စာနာ စိတ်ထားရှိသူတဦး ဖြစ်ပါတယ်။ ပိုပြီးထူးဆန်းတာက သူ့မှာ သေနက်တလက် ပိုင်ဆိုင် တယ် ဆိုတဲ့ကိစ္စပါ။ နောက်တော့မှ ဟိုတစဒီတစနဲ့ အကြောင်းစုံကို သိရပါတော့တယ်။
ပစ္စတိုသေနက် တလက်ကို ငွေကျပ်သိန်း (၅ဝ) နဲ့ ရောင်းဖို့ရှိတယ်လို့ ဗိုလ်ကြီးမျိုးသန်း က အရပ်သားတဦးကို ကမ်းလှမ်းတဲ့အခါ အဲဒီအရပ်သားက စံပြဈေးအနီးမှာရှိတဲ့ စား သောက်ဆိုင်တခုမှာတွေ့ဆုံဖို့ ချိန်းပါတယ်။ ချိန်းဆို ထားတဲ့နေရာမှာ အရောင်းအဝယ် ကိစ္စပြောဆိုနေစဉ် ရဲတပ်ဖွဲ့က ရုတ်တရက် ဝင်ဖမ်းပါတယ်။
နောက်တော့ ထောက်လှမ်းရေး (၂၆) ကို လွှဲပေးလိုက်ပြီး ဗိုလ်ကြီးမျိုးသန်း က ဟုတ်မှန်း ကြောင်းဝန်ခံကာ သေနတ်ထည့်ထားတဲ့ သေတ္တာသော့ကို ထောက်လှမ်းရေး အရာရှိထံ အပ်နှံလိုက်ပါတယ်။ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်အချို့ အဏ္ဏဝါ အရာရှိရိပ်သာမှာရှိတဲ့ ဗိုလ်ကြီးမျိုးသန်း ရဲ့ အခန်းကို ရောက်ရှိသွားတဲ့အခါ ဗိုလ်ကြီးမျိုးသန်းရဲ့ ဇနီးက အခန်း တံခါးဝမှာရပ်နေတဲ့ သူစိမ်းတွေကို အတန်ကြာအောင် ငေးကြည့်နေပြီးမှသမီးဖြစ်သူကို ဖျာတချပ်ခင်းစေကာ ဧည့်သည်တွေကို ထိုင်ဖို့ ပြောရပါတယ်။
အထင်နဲ့အမြင် တက်တက်စင်လွဲ နေပြီဖြစ်တဲ့ အိမ်ခန်းအဆင်အပြင်ကို တွေ့ရတော့ ထောက်လှမ်းရေးတွေလည်း စိတ်မကောင်းနိုင်ကြတော့ပါ။
အခန်းထဲမှာ အရာရှိအဆောင် အယောင်ဆိုလို့ တန်းမှာချိတ်ထားတဲ့ ယူနီဖောင်းတစုံက လွဲပြီး ဆက်တီမရှိ၊ အပေါ်စက်အောက်စက်မရှိ၊ ရေခဲသေတ္တာမရှိ၊ အဝတ်အစား ကောင်း ကောင်းမရှိ ယုတ်စွအဆုံး ဆန်ပုံးထဲမှာ ဆန်အလုံအလောက် မရှိ။ ထောက်လှမ်းရေး အ ရာရှိက အိမ်ရှင်ထံခွင့်ပန်ပြီး “ဒုဗိုလ်မျိုးသန်း (ရေ-၃၈၁၆)” လို့ စာရေးထားတဲ့ ထင်းရှူး သေတ္တာကို ဖွင့်လိုက်တဲ့အခါ ယူနီဖောင်းအသစ်တစုံနှင့် အရပ်ဝတ်နှစ်စုံခေါက်ပြီး ထည့် ထားတာကို တွေ့လိုက်ရပါတယ်။ အဝတ်တွေရဲ့အောက်မှာတော့ ပလပ်စတနဲ့ အသေအ ချာထုပ်ထားတဲ့ ပစ္စတိုသေနတ်တလက်ကနေ ရာယူထားပါတယ်။
အဲဒီသေတ္တာရဲ့သော့ကို ဗိုလ်ကြီးမျိုးသန်း က အမြဲသိမ်းထားပြီး ဇနီးဖြစ်သူကိုလည်း သေတ္တာသန့်ရှင်းရေးလုပ်ခွင့် မပြုပါ။ ဇနီးသည်လည်း သူတလျှောက်လုံး သံသယဖြစ်နေ ခဲ့တဲ့ သေတ္တာရဲ့လျှို့ဝှက်ချက်နဲ့ ပတ်သတ်ပြီး ဇာတ်ရည်လည် သွားပါတော့တယ်။
အမှုကိစ္စဆက်လက်ဆောင်ရွက်ဖို့ ထောက်လှမ်းရေးတပ်မှူးနဲ့ ဗျူဟာ စစ်ရေယာဉ်စုမှူး ဗိုလ်မှူးကြီး သက်တင်လှိုင် တို့ ဆွေးနွေးပြီး ညတွင်းချင်း အစီရင်ခံစာ တင်ပါတယ်။ တပ် မတော်သားချင်း ကိုယ်ချင်းစာ၍ ထင်ပါရဲ့ထောက်လှမ်းရေး အစီရင်ခံစာထဲမှာ ဗိုလ်ကြီး မျိုးသန်း ထံမှ သိမ်းဆီးရမိသော သေနတ်အကြောင်းကို ချန်လှပ်ကာ လိမ်လည်ကြံစည် မှုအဖြစ်သာ တင်ပြထားပါတယ်။
အမှုပေါ့စေရန် ဖြစ်ပါတယ်။ သို့သော် အမှုဖြစ်စဉ်ကို သိရှိသွားတဲ့ စစ်ဦးစီးအရာရှိချုပ် (ရေ) ဗိုလ်ချုပ်စိုးသိန်းက အမှုဖြစ်စဉ်မှန်ကို ပြန်လည်တင်ပြရန် တောင်းဆိုခဲ့ပါတယ်။ ဗိုလ်ချုပ်စိုးသိန်း ကိုယ်တိုင်လည်း တပ်မှုးဘဝမှာတုန်းက တပ်ရင်းကင်းမှ သေနတ်တ လက် ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး တရားမဝင်အစားထိုး ဖြေရှင်းနိုင်ခဲ့လို့သာ ဗိုလ်ချုပ်အ ဆင့်ထိ ရာထူးမြဲခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ကြီးမျိုးသန်း သင်တန်းသား အရာရှိဘဝမှာ စစ်ရေယာဉ်- ၅၅၂ ၏ ပဲ့စင်အရာရှိငယ် အဖြစ်နဲ့ ပင်လယ်ပြင် လုံခြုံရေးတာဝန် ထမ်းဆောင်ရပါတယ်။ အဲဒီမှာ တရားမဝင် ထိုင်း ငါးဖမ်းလှေများကို ဖမ်းဆီးရင်း ငါးဖမ်းလှေတစီးပေါ်မှ ပစ္စတိုသေနတ်တလက်ကို အမှတ် မထင် ရရှိလိုက်ပါတယ်။
သူက သေနတ်ကို စစ်ရေယာဉ်မှူးထံ မအပ်ဘဲ သိမ်းထားလိုက်ပါတယ်။ နှစ်ပေါင်းများစွာ တယုတယ သိမ်းထားပြီးမှ မိသားစုဝမ်းရေး အခက်အခဲနဲ့ သားသမီး ပညာရေးအတွက် လုပ်မိလုပ်ရာ လုပ်လိုက်ပုံ ရပါတယ်။ အဲဒီအချိန်မှာ သူ့သမီးအကြီးဆုံးက အင်္ဂလိပ်စာ အဓိကနဲ့ တက္ကသိုလ် တက်နေပါတယ်။
နောက်ဆုံးမှာတော့ ဗိုလ်ကြီးမျိုးသန်း ထောင်တနှစ်ခွဲ ကျသွားပါတယ်။ မူလပြစ်ဒဏ်က ထောင် ငါးနှစ်ဖြစ်ပြီး ဗိုလ်ချုပ်ခင်ညွန့် အမိန့်နဲ့ တနှစ်ခွဲ ဖြစ်သွားတာလို့ သိရပါတယ်။
အမှုနဲ့ပတ်သတ်ပြီး မှန်တယ်မှားတယ် တရားတယ် မတရားဘူး စသည်ဖြင့် ပြောဆိုမှု တွေ သိပ်မကြားရပေမဲ့  မိသားစုချင်းကိုယ်ချင်းစာနာပြီး စိတ်မကောင်း ဖြစ်ကြရပါတယ်။
သူ့ရဲ့လုပ်ဖော် ကိုင်ဖက်များနဲ့ မိတ်ဆွေတချို့က သူ့မိသားစုကို တတ်နိုင်သမျှ ဝိုင်းဝန်း ကူညီ ထောက်ပံ့ကြပါတယ်။ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေကလည်း ထောက်ပံ့တယ် လို့ သိရပါတယ်။
အမှန်တကယ်တော့ တပ်မတော်သားဆိုတာ နိုင်ငံ့ဝန်ထမ်းတွေပါပဲ။ နောက်ခံအလွှာ အ သီးသီးကနေ အကြောင်းအမျိုးမျိုးနဲ့ တပ်ထဲကို ရောက်လာကြတာပါ အခြားအရပ်ဖက် ဝန်ထမ်းတွေနဲ့ မတူတာက တပ်ထဲကို အဝင်လွယ်ပြီး အထွက်ခက်တဲ့ ကိစ္စပါ။ တပ်မ တော်သား အများစုဟာ လူ့ဂုဏ်သိက္ခာတရားနှင့်အညီ နေထိုင်လိုကြပါတယ်။
ဒါပေမဲ့ ပြောမယုံကြုံဖူးမှသိဆိုသလို ဘဝတွေက ကြမ်းတမ်းခက်ထန်လှပါတယ်။ တပ် မိ သားစုတွေကို ထုတ်ပေးတဲ့ရိက္ခာဟာ ဒုက္ခသည်စခန်းမှာပေးတဲ့ ရိက္ခာရဲ့ ငါးပုံတပုံ လောက်ကောင်းမွန်မယ်ဆိုရင် စစ်သည်တွေ အတော်ဝမ်းသာရမှာပါ။ မိသားစု စားဝတ် နေရေး မပြေလည်ပေမဲ့ နှုတ်ထွက်ခွင့်လည်းမရ တပ်ကထွက်ပြေးရင်လည်း ရာဇဝတ်မှု ကျုးလွန်မိသလို ထောင်ဒဏ်ကျခံရမှာဖြစ်တာကြောင့် မိသားစုအသိုင်းအဝိုင်း မျက်နှာ ကိုထောက်ထားပြီး အခက်အခဲတွေကို ကျိတ်မှိတ်ခံနေသူတွေ အများစုရှိနေဆဲ ဖြစ်ပါ တယ်။
အဲဒီတော့ မိသားစုဝမ်းရေးအတွက် ဆိုက်ကားနင်း၊ ညစောင့်လုပ်၊ ချဲထီရောင်း၊ လူမှောင် ခိုလုပ် စတဲ့နည်းလမ်းမျိုးစုံနဲ့ ဖြေရှင်းနေကြရပါတယ်။
အတ္တကိုဗဟိုပြုလွန်းတဲ့ အာဏာရှင်စနစ်မှာ အကျိုးအမြတ်ခံစားခွင့်ဆိုတာ ဗိုလ်မှူးကြီး အဆင့်ကနေ အထက်မှာပဲ စုပြုံနေတာပါ။ အောက်ခြေက လူအများစုအတွက်တော့ လူ တန်းစေ့နေထိုင်ရေးနဲ့ လူ့ဂုဏ်သိက္ခာ တရားဆိုတာ ပြောင်းပြန်အချိုးကျနေပါတယ်။ ဒီ လိုဖြစ်အောင် အာဏာရှင်ကြီးတွေက တမင်ဖန်တီးထားတာပါ။ ရဲဘော်တွေရဲ့ဘဝဟာ တုံးအောက်က ဖား ဆိုတော့လည်း ပြားနေ အောင်ခံရတာပေါ့။
ဒါပေမဲ့ အထက်မှာ ဆိုခဲ့သလို တပ်မတော်သားအများစုဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ အမှောင်ထု အတွင်းကနေ တဦးချင်းလည်း ရုန်းမထွက်နိုင်။ အားလုံး လွတ်မြောက်ရေး အတွက် ထွက်ပေါက်ကိုလည်း မမြင်နိုင်ကြရှာသေးဘဲ အာဏာရှင် ဝန်ထုပ်ဝန်ပိုးကြီးကို မနိုင်မနင်းထမ်းကာ နေဝင်ရာအရပ်ဆီကို တရွေ့ရွေ့ လျှောက်လှမ်းနေကြတုန်း ဆိုလေ တော့ …။

တပ်ကြပ်ကြီး – နေမင်းသူ




သီးခြား လွတ်ထွက်ချင်နေတဲ့ စစ်တပ်
Posted by admin on December 25th, 2010

အများဆန္ဒနဲ့အညီ အုပ်ချုပ်ခြင်းဆိုတဲ့ ဒီမိုကရေစီစနစ်မှာ အုပ် ချုပ်ခံရမယ့်သူတွေက သူတို့ ဆန္ဒနဲ့အညီ သူ့တို့ကိုယ်စား ပြော ဆိုဆောင်ရွက်ပေးနိုင်မယ့် သူတို့ အကျိုးစီးပွား လုပ်ပေးနိုင်မယ် လို့ ထင်တဲ့သူတွေကို ကိုယ်စားလှယ်အဖြစ် ရွေးချယ်ကြတာပါ။

….

အဲဒီကိုယ်စားလှယ်တွေ စုဝေးတွေ့ဆုံဆွေးနွေးတဲ့ နေရာဟာ လွှတ်တော်ပါ၊ အဲဒီ လွှတ် တော်ကမှ ကိုယ့်နိုင်ငံသားတွေရဲ့ဆန္ဒနဲ့အညီ၊ နိုင်ငံတကာကလက်ခံနိုင်တဲ့ စံနှုန်းနဲ့လည်း မဆန့်ကျင်တဲ့ အများလက်ခံနိုင်တဲ့ ဥပဒေတွေ နည်းဥပဒေတွေရေး ဆွဲပြဋ္ဌာန်းးတာ အ တည်ပြုဆုံးဖြတ်တာတွေလုပ်ပါတယ်၊ ပြီးမှ အုပ်ချုပ်ရေး တရား စီရင်ရေး ကဏ္ဍတွေမှာ အကျိုးသက်ရောက်စေတာ ဖြစ်ပါတယ်၊ နိုင်ငံတကာမှာ လက်ခံကျင်သုံးနေတာလဲ ဒီအ တိုင်းပဲများပါတယ်၊ အနည်းစုနိုင်ငံတွေ အထူးသ ဖြင့်လက်နက်အားကိုးနဲ့ အာဏာရှင် နိုင်ငံတွေကတော့ အများစုသဘောကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ပြီးတော့ ဖိနှိပ် အုပ်ချုပ်ကြပါတယ်။ ဒီကနေ့ ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အဓိကရုဏ်း တော်တော်များများ ဟာ လူကိုလူလိုသဘောမထား တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ အများနဲ့ဆန့်ကျင်ပြီး အ တင်းအကျပ်အုပ်ချုပ်နေတဲ့ အာဏာရှင်စနစ်တွေကြောင့်ဖြစ်နေတာ များပါတယ်။ လူမျိုး ရေး၊ ဘာသာရေး၊ စီး ပွားရေး၊ နိုင်ငံရေးကို အခြေခံအကျဆုံးဖြစ်တဲ့ ဘယ်ပြဿနာမဆို ဒီမိုကရေစီရဲ့ အခြေခံအကျဆုံးအချက်ဖြစ်တဲ့ အများဆန္ဒကိုဆန့်ကျင်လို့ပဲ ဖြစ်ကြပါ တယ်။

နိုင်ငံတနိုင်ငံမှာရှိတဲ့ အရပ်သားအဖွဲ့အစည်းဖြစ်စေ၊ ကာကွယ်ရေးအတွက်ဖွဲ့စည်း ထား တဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်စေ လိုအပ်တာချည်းဘဲ ဖြစ်ပါတယ်၊ စစ်တပ်ကသာ တယ်၊ အရပ်သား ပညာရှင်တွေကသာတယ်၊ သူတို့တွေထက် အခြေခံလူထုလူတန်းစား ကသာ အရေးအပါဆုံးဆိုပြီး ငြင်းခုံနေကြရင် နိုင်ငံလဲ မတိုးတက်တဲ့အပြင် လက်နက်ရှိ တဲ့သူက ရှိသလိုအနိုင်ကျင့်၊ လူထုအင်အားရှိတဲ့ သူကလဲရှိသလို အာခံတုံ့ပြန်နဲ့ အားလုံး ပျက်စီးကိန်းဆိုက်သွားမှာ ဖြစ်ပါတယ်၊ ဒါကြောင့် အများဆန္ဒနဲ့အုပ်ချုပ်တာသာ အသင့် တော်ဆုံးဆိုပြီး လက်ခံလာကြတာပါ။

မြန်မာနိုင်ငံမှာ အခုဖြစ်နေတဲ့ ပြဿနာက လက်နက်နဲ့ ဖိနှိပ်အုပ်ချုပ်လို့ လူထုအုံ ကြွမှု တွေပေါ်ပေါက်လာ၊ အဲဒီကနေဖြစ်ပေါ်လာတဲ့ပါတီစုံ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်မှာ တောင် အာဏာလက်မလွတ်ချင်တဲ့ ဗိုလ်ချူပ်ကြီးတွေက ဖွဲ့စည်းပုံအခြေ ခံဥပဒေထဲအ ထိ စစ်တပ်နဲ့အရပ်ဘက်ကို ခွဲခြားထားတာ၊ တိုင်းရင်းသား လူနည်းစုတွေအပေါ်မှာလဲ ဖိ နှိပ်ကန့်သတ်ထားတာတွေ အတင်းအကျပ် ထည့်သွင်းပြဋ္ဌာန်းထားတဲ့ ကိစ္စပါပဲ၊ ဒီမိုက ရေစီစံနှုန်းနဲ့ ဘယ်လိုမှမကိုက်ညီတဲ့အပြင် အာဏာရှင်ဗိုလ်ချုပ်ကြီးတွေရဲ့ အကျိုးစီးပွား ကို ပြောင်ပြောင်တင်းတင်းပဲ ကာကွယ်ဖို့ လုပ်ထားတာတွေ့ရမှာပါ၊ နိုင်ငံတော် ပြိုကွဲမှာ စိုးလို့ဆိုတာထက် သူတို့ကိုယ်ကျိုးစီးပွားကာကွယ်ဖို့ ထည့်သွင်းပြဋ္ဌာန်းထားတာက ပိုပြီး ပေါ်လွင်နေပါတယ်။

အခုလဲအခြေခံဥပဒေမှာတပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ် လပ်စွာ စီရင်ဆောင်ရွက်ပိုခွင့်ရှိခြင်းဆိုတာ ထည့်သွင်းပြဋ္ဌာန်ထားပါတယ်၊ အမြင့်ဆုံးအာဏာ ဟာ ပြည်တောင်စုလွှတ်တော်မှာပဲရှိတဲ့ ဒီမိုကရေစီစနစ်မှာဆိုရင် တပ်မတော်ဟာ ပြည် တောင်စုလွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေများနည်းဥပဒေများ၊ ဆုံးဖြတ်ချက်များနဲ့ အညီ ဆောင်ရွက်ရမည်ဖြစ်သည်လို့ ထည်သွင်းပြဋ္ဌာန်းရမှာ ဖြစ်ပါတယ်။

စစ်တပ်ဟာ လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်တယ်၊ အသုံးကျရင် နိုင်ငံတော် အတွက်အ ကျိုးရှိတယ်၊ အသုံးမကျရင် နိုင်ငံတော်အတွက် ၀န်ထုတ်ဝန်ပိုးဖြစ်စေတယ်လို့ ရိုးရိုးဘဲ ပြောလို့ရပါတယ်၊ လက်ရှိစစ်တပ်မှာသုံးနေတဲ့ (၁၉၅၉) ခုနှစ် တပ်မတော် အက်ဥပဒေ တွေ ကျင့်ဝတ်စည်းကမ်းတွေအရ၊ စစ်သားဟာ အရပ်ဘက်ရော စစ်ဘက်ဥပဒေနှစ်မျိုး စလုံးကို လိုက်နာဖို့တာဝန်ရှိပါတယ်၊ စစ်သားက ပြစ်မှုကျူးလွန်ရင် စစ်ဘက်အရပ်ဘက် ဥပဒေတွေနဲ့ လိုအပ်သလို အရေးယူဆောင်ရွက်ရမှာဖြစ်သလို မိသားစုဝင်တွေ ကျူးလွန် ရင်လည်း အာဏာသုံး ကာကွယ်ပေးလို့မရတဲ့ ဥပဒေအရ အရေးယူရမှာဖြစ်ပါတယ်။ အ ခုလဲ ဒီလိုလုပ်နေတာပဲလို့ စောဒကတက်လာခဲ့ရင်၊ အရေးမယူဘဲ လျစ်လျူရှုထားတဲ့ ဖြစ်ရပ်တချို့  ထောက်ပြချင်ပါတယ်။

အရင်တပ်မ (၆၆) တပ်မမှူး ဗိုလ်ချုပ်ညွန့်တင် လက်ထက်မှာ သူ့သားကားမောင်း ရမ်း ကားလို့ ယာဉ်တိုက်မှုဖြစ်ပြီး ကားပေါ်ပါတဲ့ တပ်မဆေးမှူး ဆရာဝန်ဗိုလ်မှူးနဲ့ ကိုယ်ရေး အရာရှိသေတဲ့ဖြစ်စဉ်မှာ တပ်မမှူးသား ဘာမှအရေးယူမခံဘဲ သေတဲ့ အရာရှိတွေ နစ်နာ ခဲ့ရတာ၊ စွမ်းရည်ဘွဲ့ရ ဗိုလ်ချုပ်ကြီးနှစ်ဦးရဲ့ သားအရာရှိငယ် (၂) ယောက် ဗထူးတိုက် ခိုက်ရေးကျောင်းမှာ ကားအပြိုင်မောင်းရင်းတိုက်ကြတော့ ကားပေါ်ပါ အရာရှိငယ် (၂) ယောက် သေရတဲ့ကိစ္စမှာ ဘာမှာအရေးမယူခဲ့တာ၊ အာဏာပိုင်တွေ ပါဝင်ပါတ်သက် တယ်လို့ နာမည်ထွက်နေတဲ့ တက္ကသိုလ်ရိပ်သာလမ်း (၅) လောင်းပြိုင် လူသတ်မှုလဲ ခု ထိ တရားခံမပေါ်ပဲမှေးမှိန်အောင် လုပ်ပစ်တာတွေဟာ၊ တပ်ပိုင်းဆိုင်ရာကိစ္စတွေကို လွတ်လပ်စွာစီမံခန့်ခွဲတာလား၊ ရဲအရေးပိုင်တဲ့ကိစ္စတွေကို ရဲက ဥပဒေအတိုင်း ဘာမှမ လုပ်နိုင်ဘူးလားဆိုတာ မေးစရာဖြစ်နေတာပါ။

နောက်တချက်က တပ်မတော်နှင့်စပ်လျဉ်း၍ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် အား လုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်လို့ ထည့်သွင်းထားတာဟာ ဟုတ် သလိုလိုရှိပေမဲ့၊ တကယ်ဆိုရင် နိုင်ငံတော်ရဲ့အချုပ်အချာအာဏာကို ခံယူကျင့်သုံးတဲ့ အ မြင့်ဆုံးအာဏာပိုင်အဖွဲ့ဟာ ပြည်ထောင်စုလွှတ်တော်ဖြစ်တာမို့ လက်နက်ကိုင်အဖွဲ့အ စည်းတွေအပါအ၀င် ၀န်ထမ်းအဖွဲ့အစည်းတွေ ဖွဲ့စည်းရေးကို ပြည်ထောင်စုလွှတ်တော် ရဲ့ ဥပဒေပြဋ္ဌာန်းးချက်အရသာ ဆောင်ရွက်ရမှာပါ။

အခုလို နိုင်ငံရေးမပြေလည်ချိန်မှာ ရှိသမျှလက်နက်ကိုင်အားလုံး စစ်တပ်အောက်ဝင်ရ မယ်လို့ ဖွဲ့စည်းပုံထဲ ထည့်ရေးပြီး အတင်းအကြပ်လုပ်နေတာဟာ ပြည်တွင်းစစ်ဖြစ်ဖို့ လမ်းများပြီး တိုင်းပြည်နစ်နာဖို့ရှိပါတယ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေကလဲ လက် နက်မချဘူး။ နောက်တက်လာမယ့် အစိုးရနဲ့ကျမှ ဆွေးနွေးပြီးမှ အားလုံးရဲ့ သဘောဆန္ဒ ခံယူပြီး လုပ်သင့်တာပါ။

လက်နက်အားကိုးတဲ့ စစ်အစိုးရကတော့ အများဆန္ဒဆိုတာ ထည့်မစဉ်းစားပါဘူး သူတို့ ကို ကာကွယ်ပေးနိုင်ဖို့အတွက် သူတို့လိုချင်တဲ့ပုံစံပဲ ဇွတ်အတင်သွတ်သွင်းနေတာထင် ရှားပါတယ်။ တိုင်းပြည်လည်းနာလှပြီ ပြည်သူတွေလည်း ကျပ်တည်း နေပါပြီ၊ စစ်သည် တွေလဲအတူတူပါပဲ၊ ဒါကြောင့် အာဏာရှင်စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ မတရားအမိန့်တွေကို ဆန့်ကျင်၊ ပြည်သူတွေရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးမယ်ဆိုရင်၊ တိုင်းပြည်အနာဂါတ် လဲ သာယာဖြောင့်ဖြူးမှာမို့ အာဏာရှင်တွေကို ပြည်သူနဲ့အတူ လက်တွဲပူးပေါင်းဆန့်ကျင် ကြဖို့ အချိန်တန်ပြီလို့ တိုက်တွန်း နိုးဆော်လိုက်ရပါတယ်။

မြတ်နိုး

ABMA ဂျာနယ် မှ ကူးယူဖေါ်ပြပါသည်။

Volume 1, No 22

21 st Dec 2010

http://www.naytthit.net/


Posted in ဆောင်းပါး by ရဲရင့်(ကနေဒါ)

Sunday, December 26, 2010

ကေအဲန်ယူ၏ စောင့်ကြိုတိုက်ခိုက်မှုကြောင့် ရက်ပိုင်းအတွင်း နအဖနှင့် BGF ကျဆုံးထိခိုက်မှုရှိ

ဒီဇင်ဘာလ ၂၅ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)

လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပလောဒေသတွင် ယခု ရက်ပိုင်းအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ KNLA ၏ စောင့် ကြိုတိုက်ခိုက်မှုကြောင့် နအဖ ခလရ(၁၀၆)တပ်ဖွဲ့မှ ကျဆုံးပြီး နယ်ခြားစောင့်တပ် BGF မှ ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း ကေအဲန်ယူ တပ်မဟာ(၇)က ပြောသည်။
နအဖ ခလရ(၁၀၆)တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၂၃ရက်နေ့မနက်ပိုင်းမှစ၍ ၎င်းတို့လက်နက်ကြီးတပ်ဆင်ထားရာ ကဆော ၀ါးလေး၊ ကြယ်ပြောင်ကုန်းနေရာများမှ မာနယ်ပလောရှိ ကေအဲန်ယူတပ်များ ရှိနိုင်မည့်နေရာများသို့ လက်နက်ကြီးများဖြင့် ပစ် ခတ်ခဲ့ပြီးနောက် စစ်ကြောင်းတက်လာရာ မွန်းလွဲပိုင်း၌ မောကွီးနေရာအရောက်တွင် ကေအဲန်ယူ တပ်မဟာ(၇) လုံခြုံရေးတပ်ခွဲ ၏ စောင့်ကြိုတိုက်ခိုက်ခြင်းခံရပြီး ခလရ(၁၀၆) တပ်ဖွဲ့ဝင် ၅ဦး ကျဆုံးခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ(၇)မှူးက ကေအိုင်စီ ကို ပြောသည်။


ကေအဲန်ယူ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက “အဲဒီနေ့ မနက်ပိုင်းကတည်းက နအဖ ခလရ(၁၀၆)က မာနယ်ပလော ဂွင်မှာ လက်နက်ကြီးတွေ အလုံး ၅၀ကျော် ပစ်ချတယ်လေ။ သဘောက သူတို့တက်လာဖို့အတွက် အဲဒီမှာလှုပ်ရှားနေတဲ့ ကျနော်တို့တပ်တွေ ရှိနိုင်တဲ့နေရာကို လှမ်းပစ်တာ။ မွန်းလွဲ ၂း၅၅နာရီမှာ သူတို့တက်လာတော့ ကျနော်တို့တပ်တွေက စောင့် ပြီးပစ်တယ်။ အဲဒီမှာ တခါတည်းပဲ နအဖ ၅ယောက် ကျသွားတယ်။”ဟု ဆိုသည်။


အဆိုပါမွန်းလွဲပိုင်း တိုက်ပွဲမှာ ၈မိနစ်သာ ကြာမြင့်သော်လည်း နအဖတပ်များက ၁၂၀-မမ စိန်ပြောင်း၊ ၆၀-မမ၊ ၈၁-မမနှင့် RPG-7 စသည့် လက်နက်ကြီး အမျိုးအစားများကိုသုံးပြီး မာနယ်ပလောဂွင်တစ်ဝိုက်တွင် နယ်မြေရှင်းလင်းသည့်အနေဖြင့် ပစ် ခတ်နေခြင်း ဖြစ်သည်။


ထိုနေ့မနက် ၇နာရီကျော်၊ ညနေ ၅နာရီနှင့် ည ၁၁နာရီအချိန်တို့တွင် နယ်ခြားစောင့်တပ်(၁၀၁၂)တပ်ဖွဲ့နှင့် ကေအဲန်ယူ တပ်ဖွဲ့ ၀င်များ ပလီတခေါ်ကျိုးနေရာ၌ ပစ်ခတ်မှုဖြစ်ပွားရာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ဦး ဒဏ်ရာရရှိခဲ့သည်။


အလားတူ ထိုနေ့ညနေ၌လည်း ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံရွာအထက်ဘက် တောင်ခြေတနေရာတွင် နအဖ ခမရ (၅၈၈)တပ်နှင့် ကရင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ ၄ဦး ကျဆုံး၊ ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ဒီဇင်ဘာလ ၂၂ရက်နေ့ကလည်း အင်အား ၆၀ကျော်ရှိ အဆိုပါ ခလရ(၁၀၆)မှ စစ်ကြောင်းတကြောင်းကို ကေအဲန်ယူ တပ်ဖွဲ့ ၀င်များက ကြယ်ပြောင်ကုန်းတ၀ိုက်တွင် စောင့်ပစ်ရာ တပ်သားတဦး၊ ဒုတပ်ကြပ်၊ တပ်ကြပ်ကြီးနှင့် ဗိုလ်တစ်ဦး စုစုပေါင်း ၄ဦး ကျဆုံးသွားခဲ့သည်။


၎င်းအပြင် ကလူးထောအခြေစိုက် ဗိုလ်မှူးစောပိ ဦးစီးသည့် နယ်ခြားစောင့်တပ်(၁၀၁၂)တပ်ဖွဲ့ဝင်များနှင် ကေအဲန်ယူ တပ်ရင်း (၂၀၂)တပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားရာ မနက် ၆နာရီဝန်းကျင်တွင် ဟောထီးပယ်နေရာ၌ ၂ဦး ထိခိုက်မှုရှိပြီး မွန်းလွဲ ၂နာရီခွဲတွင် သေ့ဝါ့လော်ကျိုးနေရာ၌ ၁ဦး ထိခိုက်မှုရှိကြောင်း ကေအဲန်ယူ တပ်မဟာ(၇) ဒုရုံးထိုင်မှူး ဗိုလ်ကြီးစောမျိုးမင်းသူက ပြောသည်။


ယင်းတိုက်ပွဲများတွင် ကေအဲန်ယူဘက်မှ ထိခိုက်ကျဆုံးမှုမရှိသည့်အတွက် ထိုကိစ္စနှင့်ပတ်သက်၍ ဗိုလ်မှူးချုပ်စောဂျော်နီကို ကေအိုင်စီက မေးမြန်းရာ “ကျနော်တို့က ကိုယ့်လူကို အထိခိုက်၊ အကျဆုံးမခံနိုင်အောင် ပြောက်ကျားနည်းနဲ့ပဲ တိုက်ခိုက်စေ တယ်။ ဒီနည်းက ကိုယ့်တပ်ဖွဲ့ဝင်တွေကို ဆုံးရှုံးမှုနည်းစေတယ်လေ။”ဟု ရှင်းလင်းပြောဆိုသည်။


နအဖ တပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်များသည် လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြ၀တီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် ကေအဲန်ယူ၊ ဒီကေဘီအေတပ်များနှင့် တိုက်ပွဲများ နေ့စဉ်လို ဖြစ်ပွားနေသော်လည်း ၎င်းတို့ဘက်မှ ထိခိုက်ကျဆုံးမှုကို ထုတ် ဖော်ပြောဆိုခြင်း မရှိပေ။

Saturday, December 25, 2010

ဒီကနေ့ ဖလူးဒေသက တိုက်ပွဲ ၇ နာရီခန့် အချိန်ကြာခဲ့

dkbaမြ၀တီမြို့တောင်ဘက် ဖလူးဒေသမှာ ဒီကနေ့မနက်စောစောက နအဖ တပ်ရင်းသုံးရင်း နေရာယူထားတဲ့ နေရာတွေကို ဒီကေဘီ အေ တပ်ဖွဲ့ဘက်မှ တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေ အပြင်း အထန်ဖြစ်ပွားခဲ့ပါတယ်။
ဒီမနက်တိုက်ပွဲဟာ ဖလူးလေးဒေသမှာ ဖြစ်ပွားနေခဲ့တာဖြစ် တယ်။ တိုက်ပွဲစဖြစ်တာ ၆ နာရီလောက်က စလိုက်တာ နေ့ခင်း ၁ နာရီခန့်လောက်အထိ ကြာခဲ့ပြီး။ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ အချိန်တော်တော်ကြာ ဖြစ်ခဲ့ ပါတယ်။

ဒီကနေ့ ဖလူးလေးနေရာမှာဖြစ်သွားတဲ့ တိုက်ပွဲနဲ့ပတ်သက်လို့ ဒီကေဘီအေ ကလိုထူး ဘောဗျူဟာမှ တာဝန်ရှိသူ ဗိုလ်မှူးတဦး ပြောပြတာက …
“ဒီနေ့တိုက်ပွဲက ၇ နာရီလောက်ကြာသွားတယ် နအဖ ဘက်က ခလရ ၂၃၀၊ ခမရ ၅၄၇၊ ၃၅၆ အဲဒီတပ်တွေပါတယ်။ နအဖ စစ်တပ်ဘက်က ၆ ယောက်ကျဆုံးပြီး ၁၁ ဒါဏ်ရာရ တယ်လို့ သိရတယ်။ မင်းလက်ပံရွာက ပစ်ခတ်နေတဲ့ကြားထဲ ပဲလာသိမ်းတဲ့ ရွားသားတ ဦးလည်း ဒါဏ်ရာရသွားတယ်။”
တိုက်ပွဲဖြစ်ပွားခဲ့တာကြောင်း အနီးအနားရွားတွေဖြစ်တဲ့ ဖလူးကြီး ဖလူးလေးနဲ့ မင်းလက် ပံ စတဲ့ ရွားတွေက ရွာသားတွေ အထူးစိုးရိမ်နေကြပြီး ဘေးလွတ်ရာနေရာတွေကို ရှောင် ပြေးပုန်းအောင်းဖို့ အသင့်အနေအထားနဲ့ ရှိနေကြပါတယ်။

ဂျပန်နိုင်ငံတိုကျိုမြို့တွင် ၁၂ကြိမ်မြောက်ကရင်နှစ်သစ်ကူးပွဲတော်

ဒီကေဘီအေ ကလို့ထူးဘော ဗျူဟာမှူး ဗိုလ်မှူးကြီး စောကျော်သက် အင်တာဗျူး(ရုပ်သံ)

ယနေ့ သတင်း (၂၅ ရက် ဒီဇင်ဘာလ ၂၀၁၀)

Saturday, December 25, 2010

ဆုံဆည်းရာ၊ ၂၅ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
နံနက် (၉ နာရီ ၅၀ မိနစ်) ဖလူးဒေသမှာ ရက်အနည်းငယ်ကြာ တိတ်ဆိတ်နေတဲ့ တိုက်ပွဲတွေ ယမန်နေ့က ပြန်လည် ဖြစ်ပွားနေပါတယ်။ နအဖ ဘက်က ထိုးစစ်အင်အားတိုးမြင့်လိုက်တဲ့အတွက် တိုက်ပွဲတွေ ရေရှည်ကြာဖို့ရှိတယ်လို့ ဒေသခံတဦးမှပြောဆိုပါတယ်။

နံနက် (၉ နာရီ ၃၀ မိနစ်) နအဖ စစ်တပ်က အင်အား ပြင်းထန်တဲ့ ထိုးစစ်ကြီးတခု ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ ဘက်က ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်မယ်ဆိုရင် ဒုက္ခသည်တွေကို ကူညီဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။

နံနက် (၉ နာရီ ၂၀ မိနစ်) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း နအဖ စစ်တပ်တွေက ဒီကေဘီအေ ခွဲထွက် အဖွဲ့တွေအနေနဲ့ နီးစပ်ရာ နယ်ခြားစောင့်တပ်တွေဆီကို ပြန်သွားကြဖို့ ရွာတွေမှာ စာလိုက်ကပ်တယ်လို့သိရပါတယ်။ ၂၇ ရက်နေ့ နောက်ဆုံးသွားရမှာဖြစ်ပြီး ၂၇ ရက်ကျော်လွန်ပါက နအဖ စစ်တပ်မှ သူပုန်အဖြစ် သတ်မှတ်မယ်လို့ ကြေငြာထားပါတယ်။

Silent Night, Holy Night

Wednesday, December 22, 2010

(၁၄)ကြိမ်မြောက်ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကွန်ဂရက်အပြီး တတိယအကြိမ်မြောက်ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေးထုတ်ပြန်ကြေညာချက်


14_congress_3rd_CSC_meeting_statement_Burmese_Lan -

ယနေ့ သတင်း (၂၁ ရက် ဒီဇင်ဘာလ ၂၀၁၀)

December 21, 2010

ဆုံဆည်းရာ၊ ၂၁ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
နံနက် (၁၂ နာရီ ၂၀ မိနစ်) ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ရှိ ကနဲလေးနဲ့ ဝေါလေဒေသကြားရှိ ဖောမုဘောထာ့ မှာ ယမန်နေ့(တနင်္လာနေ့)က တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ နအဖ ရိက္ခာတင်ဆောင်လာတဲ့ ကားနဲ့ ဒီကေဘီအေ စစ်တပ်တွေ ထိပ်တိုက် ရင်ဆိုင်တိုးမိပြီး တိုက်ပွဲဖြစ်ပွားတာ ဖြစ်ပါတယ်။ ဒီကေဘီအေနဲ့ နအဖ စစ်တပ်များ တလကျော်ဖြစ်ခဲ့သည် တိုက်ပွဲတွေမှာ အပြင်းထန်ဆုံးဖြစ်ပြီး နအဖ စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နံနက် (၁၂ နာရီ ၁၀ မိနစ်) ကရင်ပြည်နယ်၊ ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေ ဝေါ်လေဒေသ၊ ဖောမုဘောထာ့နေရာ၌ ယမန်နေ့နံနက် ၁၀နာရီအချိန်တွင် နအဖ စစ်ကွပ်ကဲ ရေးဌာနချုပ်-စကခ(၈) လက်အောက်ခံ ခမရ(၄၀၉)တပ်ရင်းနှင့် ဒီကေဘီအေ တပ်မဟာ(၅)တို့ကြား မိနစ် ၂၀ခန့် ချုံခိုတိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖဘက်က ထိခိုက်ကျဆုံးမှုရှိသည်ကြောင်း သိရှိရသည်။

ဝေါ်လေဒေသ ဖလူးကျေးရွာတွင် နအဖစစ်တပ်မှ အရှေ့တောင်တိုင်းစစ်ဌာနချုပ်-ရတခ လက်အောက်ခံ ခမရ(၄၅၇) တပ်ရင်းနှင့် ဒီကေဘီအေ တပ်မဟာ(၅)တပ်ဖွဲ့ဝင်တို့ကြား ယမန်နေ့က ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၇ဦး ပွဲချင်းပြီး သေဆုံးကာ ၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို ဒီကေဘီအေဘက်က ၁ဦးသေဆုံးပြီး တပ်မှူးတဦး အပါအ၀င် ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒီကေဘီအေဘက်က အတည်ပြု ပြောကြားသည်။ (ကိုးကား - ကေအိုင်စီ)

နံနက် (၁၂ နာရီ) ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ မာနယ်ပလောဒေသဘက်တွင်လည်း ဒီဇင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တွင် နအဖနှင့် ကေအဲန် အယ်လ်အေ တပ်ရင်း(၂၀၂)တပ်ဖွဲ့ဝင်တို့ကြား နှစ်ရက်ဆက်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ နအဖဘက်က ထိခိုက်မှုရှိသည်ဟု ခန့်မှန်းရသော်လည်း ကေအဲန်အယ်လ်အေဘက်က ထိခိုက်မှုမရှိဟု ကေအဲန်ယူ တပ်မဟာ(၇) ဒုရုံးထိုင်မှူး ဗိုလ်ကြီးစောမျိုး မင်းသူက ပြောသည်။

“ဒီနေ့ ၁၂နာရီအချိန်မှာ ကျနော်တို့ရဲ့ KNLA (၂၀၂)တပ်ရင်းနဲ့ ဗဟိုတပ်ဖွဲ့တို့ပေါင်းထားတဲ့အဖွဲ့က နအဖ ခလရ(၁၀၆)တပ်ဖွဲ့ နဲ့ ကဆောဝါးလေးမှာ ၅မိနစ်လောက် ပစ်ခတ်မှုဖြစ်တယ်။ မနေ့မနက် ၆နာရီအချိန်မှာလည်း ကဆောဝါးလေးမှာပဲ ခမရ(၃၃၈) နဲ့ ကျနော်တို့ KNLA (၂၀၂)တပ်ဖွဲ့နဲ့ ၁၀မိနစ်ကျော် ရင်ဆိုင်ခဲ့တယ်။ အဲဒီနေ့ ညနေ ၅နာရီဝန်းကျင်လောက်မှာလည်း မိုးပျံတံ တားမှာ ကျနော်တို့တပ်ရင်း(၂၀၂)တပ်ဖွဲ့နဲ့ နအဖ ခမရ(၃၄၃)တို့ ၁၅မိနစ် ရင်ဆိုင်ခဲ့တယ်။”ဟု ၎င်းက ပြောသည်။ (ကိုးကား - ကေအိုင်စီ

သတင်းပေး လုပ်မလား ၊ ဗီဒီယို ဖြန့် လိုက်ရမလား

Tuesday, December 21, 2010

အမေရိကန်နှင့် နိုင်ငံတကာရှိ နိုင်ငံရေး လှုပ်ရှား တက်ကြွသူများ ၏ သားသမီး များ နှင့် မိသားစုဝင်များ မြန်မာ နိုင်ငံ သို့ တိတ်တဆိတ် ၀င်ရောက် လာလျှင် လှို့ ဝှက် ဖမ်းဆီး ၍ ထုတ်ဖော်ပြောမပြနိုင်လောက် သည့် ကာမဆက်ဆံ မှု စသော စိတ်ပိုင်း ၊ ရုပ် ပိုင်း နာကျင်စေမှု များ လုပ်ပြီး ထို ဖြစ်ရပ် ကို ဗီဒီယို မှတ် တမ်း တင် ထားက ထောက်လှမ်းရေး နှင့်သတင်း တပ်ဖွဲ့ ၏ ခိုင်းစေချက် များ ကို သဘောမတူ ပါက ထို အခွေ ကို အင်တာ နက် တွင် ဖြန့်မည့် အစီအစဉ် မျိုး ရေးဆွဲ ချမှတ် ထား သည် ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင် တစ်ဦး၏ မြန်မာ ၀ီကီလိခ် သို့ ပေးစာတွင် ဖော်ပြထားသည်။

လွန်ခဲ့သည့်တစ်နှစ် ကျော်က အမေရိကန် နိုင်ငံ နယူးယောက် အခြေစိုက် ဒီမိုကရေစီ လှုပ်ရှား သူ တစ်ဦး၏ အမျိုးသမီး မိတ်ဆွေ တစ်ဦး မြန်မာနိုင်ငံသို့ ပြန်လာ ရာ ဗိုလ်ချုပ်ဈေး တွင် ရဲသတင်းတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး နောက် မည်သို့ အပေး အယူ ပြုခဲ့သည် ကိုမူ မသိရဟု ထိုစာထဲ တွင် ပေး ပို့ သူ ရဲကဖော်ပြထားသည်။ ထိုစာထဲ တွင် ပေးပို့ သူ ဒုရဲအုပ် က ထပ်မံ ရေးသား ထားသည်မှာ အမျိုးသမီး များ အနေဖြင့် သတိထား ဖို့ လိုကြောင်း ငါ့ အဖေ နိုင်ငံရေး လုပ်တာ ၊ ငါလုပ်တာ မဟုတ်ဘူး၊ ငါ့..ယောင်္ကျား နိုင်ငံရေးလုပ်တာ ငါလုပ်တာ မဟုတ်ဘူး ဆိုသည့် စိတ်ကူး မျိုး ဖြင့် လာလျှင် ဖော်ပြ လို့ မရနိုင်လောက် သည့် အရှက်တစ်ကွဲ အကျိုး နည်းမှု မျိုး နှင့် ကြုံမှ ဖြစ်ပြီး ၊ နေရင်း နိုင်ငံ ပြန်ရောက် သွားလာ လျှင် လည်း သတင်းပေး ဘ၀ ဖြင့် အသက် ဆက်ရမည် ဖြစ်သလို သတင်း မပေး ပါကလည်း အရှက် ခွဲခံ ရမည် ဖြစ်သည် ဟု သတိပေးရေး သားထားသည်။

ပြည်ပ ရောက်အတိုက်အခံ နိုင်ငံရေး အသိုင်းအ၀ိုင်း မှ မိန်းကလေးငယ်များ မြန်မာနိုင်ငံပြန်လျှင်သတိထားရန် လိုပြီး စစ်တပ် ဒေါက် တိုင်များက လိင်ပိုင်းဆိုင်ရာ စော်ကားကာ ၎င်း တို့ အတွက်အသုံးချမည်ဖြစ်ကြောင်း သတိပေးထားသည်။ ရဲသတင်း တပ် ဖွဲ့ သည် ထိုကိစ္စ ကို စီစဉ်ရန် အတွက် အမျိုးသားရဲ နှင့် အမျိုးသမီး ရဲ လေးဆယ်ထက် မနည်း ပါသော အဖွဲ့ ကို ဖွဲ့ စည်း ပြီး ချက်ခြင်းဖမ်းဆီးပြီး မည်သူမှ မသိသေးခင်မှာပင် နာရီ ပိုင်း အတွင်း ခြိမ်းခြောက် အကြပ်ကိုင်ရန် စီစဉ် ထားပြီး ဖြစ်သည် ဟု ရေးသားထားသည်။
Posted by မြန်မာ ၀ီကီလိခ် at 2:52 PM
http://www.myanmarwikileaks.org/2010/12/blog-post_9550.html#more


ဗိုလ်ချုပ်မှုးကြီး နေအိမ်သစ် အတွက် စာရေးဆရာ ဟိန်းလတ် က ဖုန်းရွှေ နည်းဖြင့် စီရင်ပေးခဲ့
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ ကြပ်ပြေးနေပြည်တော် မှ နေအိမ်သစ် အတွက် စာရေးဆရာ ဟိန်းလတ်က ဖုန်းရွှေ နည်း လမ်း ဖြင့် စီရင် ပေးခဲ့သည် ဟု မြန်မာ ၀ီကီလိခ် မှ ယနေ့ လက်ခံရရှိထားသော အီးမေးခြောက် ခု အနက် တစ်ခု တွင် ဖော်ပြထား သည်။


အင်္ဂလိပ် နှစ် သစ်ကူးနေ့ ညတိုင်း နိုင်ငံခြားသံတမန် များ ကို ပါ ဗေဒင် ဟောကြားပေးလေ့ရှိ သည်။ စာရေးဆရာ ဟိန်းလတ် သည် ၂၀၀၅ ခုနှစ် နိုဝင်ဘာ လ အတွင်းနေပြည်တော် ရှိ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ အိမ်သစ် အတွက် ဖုန်းရွှေ နည်းပညာ ဖြင့် စီရင် ပေးခဲ့ သည် ဟု ဖော်ပြထားသည်။ စာရေးဆရာ ဟိန်းလတ် သည် ဗိုလ်ချုပ်ကြီးသူရရွှေ မန်း အတွင်းရေး မှုး၃ဟောင်း ဗိုလ်ချုပ် ၀င်းမြင့် ၊ သီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ် သာအေး ၊ ရန်ကုန်မြို့ တော်ဝန် ဗိုလ်မှုးချုပ် အောင်သိန်းလင်းနှင့် မန္တလေးမြို့တော်ဝန် ဗိုလ်မှုး ချုပ် ဖုန်းဇော်ဟန်၊ ပြန်ကြားရေး ၀န်ကြီး ၊ ရန်ကုန် တိုင်းမှုးအဆက်ဆက် တို့ ၏ နေအိမ် များကိုဖုန်းရွှေ နည်းပညာဖြင့် စီရင် ပေးခြင်း၊ စစ်ဗိုလ်ချုပ်များ ၏ ကတော် များ အား အဆောင် လက်ဖွဲ့ ယတြာ များ စီရင် ပေးခြင်း၊ ဗေဒင် ဟောကြားပေးခြင်း များ ပြုလုပ် ပေး သည် ဟု ဖော်ပြထားသည်။
Posted by မြန်မာ ၀ီကီလိခ် at 2:32 PM
Posted in myanmar news by ရဲရင့်(ကနေဒါ)

20 Dec 2010 ဒိုင်ယာရီ

20 Dec 2010 Yeyintnge's Diary

ဒေါက်တာစင်သီယာမောင်နှင့် တွေ့ဆုံမေးမြန်းခန်း (ရုပ်သံ)

မန်းရောဘတ်ဇန်၏နှစ်သစ်ကူး သဝဏ်လွှာ

Rbazan

သမိုင်း စာမျက်နှာသစ် ဖွင့်ချိန်တန်ပြီ

အဲခေါင်သောင့် (ဒီဇင်ဘာလ ၂၁ရက်၊ ၂၀၁၀)



နအဖစစ်အစိုးရဟာ ၎င်းတို့ စိတ်ကြိုက်အစိုးရတခု ပေါ်ထွက်လာဖို့အတွက် အတုအယောင် ရွေးကောက်ပွဲကြီးကို အတိုက်အခံ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာတွေ ဝေဖန်နေတဲ့ကြားထဲ နိုဝင်ဘာလ ၇ရက်နေ့ မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာပြည် နိုင်ငံရေးပြဿနာ တိုင်းရင်းသားအရေး ပြဿနာတွေကို ပြေလည်အောင် မဖြေရှင်း နိုင်ဘဲနဲ့ ရွေးကောက်ပွဲကြီး ဇွတ်အတင်း ကျင်းပလိုက်တာဟာ ပြဿနာကို ပိုပြီး ကြီးထွားလာအောင်နဲ့ ပြည်တွင်းစစ်မီး နောက် ထပ်တဖန် ပိုကြီးထွားလာအောင် တွန်းပို့မယ့် သွေးမြေကျမယ့် ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ နိုဝင်ဘာလ ၇ရက်နေ့မှာပဲ နအဖကို အာခံတဲ့ တိုက်ပွဲကြီးတွေ မြ၀တီ၊ ဘုရားသုံးဆူ စတဲ့ မြို့တွင်းတွေအထိပင် ဖြစ်ပေါ်လာခဲ့ရတယ် မဟုတ်ပါလား။



ဗိုလ်မှူးချုပ်စောလားပွယ်(ခေါ်) ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်တဲ့ ဒီကေဘီအေရဲ့ မြို့တွင်းကနေတဆင့် စတင်လာခဲ့တဲ့ တိုက်ပွဲတွေဟာ တိုင်းရင်းသားတပ်တွေနဲ့ နယ်မြေတွေကို မလိမ့်တပတ်နဲ့ မောင်ပိုင်စီးမယ့် နအဖရဲ့ နယ်ခြားစောင့်အသွင် ပြောင်းဖို့ ဖိအားပေးနေတာတွေ၊ တရားမျှတမှုမရှိတဲ့ အတုအယောင် ရွေးကောက်ပွဲကြီး ကျင်းပနေတာတွေနဲ့ အပစ်ရပ်ထားတဲ့ ၁၅နှစ်အတွင်း ဖြစ်တည်လာတဲ့ မကျေနပ်ချက်တွေကနေ စုပြုံအံထွက်ကျလာတဲ့ လွတ်မြောက်မှုတိုက်ပွဲတွေပဲ ဖြစ်ပါတယ်။


မြ၀တီမြို့နဲ့ ဘုရားသုံးဆူမြို့မှာ စတင်လာခဲ့တဲ့ ဒီကေဘီအေနဲ့ နအဖစစ်တပ်တို့ရဲ့ တိုက်ပွဲတွေဟာ ကြာအင်းဆိပ်ကြီး ကော့ကရိတ်စတဲ့ ကရင်ဒေသ တော်တော်များများမှာ ဂယက်ရိုက်ခတ်သွားပြီး တနေ့ထက်တနေ့ အရှိန်ပြင်းစွာ ဖြစ်ပွားလာခဲ့ တာ ယခုချိန်ထိပဲ ဖြစ်ပါတယ်။ အနှစ် ၂၀ကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲနေ့မှာပင် နအဖစစ်တပ်ကို ပြည်သူတွေဘက်ကနေ ရပ်တည်ပြီး ရဲရဲဝံ့ဝံ့ တော်လှန်တိုက်ပွဲဝင်ခဲ့သူ ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်တဲ့ ဒီကေဘီအေအဖွဲ့ကို အဖိ နှိပ်ခံပြည်သူများ၊ အတိုက်အခံ အင်အားစုများနဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုများမှ လှိုက်လှဲစွာ ကြိုဆို ထောက်ခံခဲ့ ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။


ဒီတိုက်ပွဲတွေကြောင့် ရွေးကောက်ပွဲကြီး ဗန်းပြကျင်းပပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီတရပ် ဖော်ဆောင်နေပါ ကြောင်း ကမ္ဘာကြီးကို လိမ်ညာဖို့ ကြံစည်နေတဲ့ နအဖစစ် ခေါင်းဆောင်တွေရဲ့ အကြံအစည်ကို ဖွင့်ချလိုက်သလို ဖြစ်သွားစေ ပြီး စစ်ခေါင်းဆောင်တွေကို အရှိုက်ထိသွားစေတဲ့ ထိုးနှက်ချက်တွေလို့လည်း ဆိုလို့ရနိုင်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ မှာပင် ယခုလို မြို့တွင်း လက်နက်ကိုင်တိုက်ပွဲမျိုး ဖြစ်လာခဲ့မယ်ဆိုတာ နအဖတွေ တွေးထင်ထားခဲ့မိပုံ မရပါဘူး။


ဒါကြောင့်လည်း အရူးချီးပန်းဖြစ်လာတဲ့ စစ်ခေါင်းဆောင်တွေဟာ အခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာပြီး ကေအဲန်ယူ က တိုက်ခိုက်နေတာဖြစ်ကြောင်း ၎င်းတို့မီဒီယာကနေတဆင့် ထုတ်ဖော်ရေးသား ဖော်ပြလာကာ ၎င်းတို့နဲ့ အပစ်ရပ်လက်နက် ကိုင်တွေအကြား ပဋိပက္ခမရှိကြောင်း ဖုံးကွယ်ဖို့ ကြိုးစားလာခဲ့ပါတယ်။ တဖက်မှလည်း ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့ကို အမြစ်ပြတ် ချေမှုန်းပြီး နယ်မြေပြန်လည် ထိန်းချုပ်သွားနိုင်ဖို့ အင်အား အလုံးအရင်းနဲ့ ထုတ်သုံးလာခဲ့တာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါ တယ်။ ဒါပေမယ့် နအဖအတွက် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါဘူး။


နယ်မြေကျွမ်းကျင်မှုနဲ့ စိတ်ဓါတ်ရေးရာအရ အပေါ်စီးကနေ ရှိနေတဲ့ ဒီကေဘီအေတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုတွေက တိုက်စွမ်းရည်နဲ့ စိတ်ဓါတ်ရေးရာ ဘာမှမရှိတော့တဲ့ နအဖစစ်သားတွေကို ပြင်းပြင်းထန်ထန် ထိခိုက်စေပြီး အတုံးအရုံးနဲ့ ကျဆုံး ဒဏ်ရာတွေ ရနေတာကို နေ့စဉ်တိုက်ပွဲသတင်း ကြည့်ခြင်းအားဖြင့် ခန့်မှန်းသိရှိနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ နအဖ ခေါင်း ဆောင်တွေနဲ့ ရှေ့တန်းတပ်မှူးတွေဟာ ရှုံးမဲ မဲလာပြီး ၀ါးလုံးရှည်ကြီးနဲ့ ရမ်းဖို့ ကြိုးစားလာတာကို တွေ့ရပါတယ်။ ဒါကလည်း ခေတ်အဆက်ဆက် ဖဆပလ၊ မဆလ၊ န၀တ၊ နအဖစတဲ့ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးနေတဲ့ စစ်တပ်တွေရဲ့ လုပ်ရိုးလုပ်စဉ် တစ်ခုလို ဖြစ်နေခဲ့ပါတယ်။


နအဖတပ်ဖွဲ့ဝင်တိုင်းလိုလို ကြွက်မနိုင် ကျီမီးရှို့တတ်တာကြောင့် ၎င်းတို့ရဲ့ စစ်သင်တန်း ပို့ချချက်တွေမှာ သင်ရိုးညွှန်း တန်းတခုအနေနဲ့ ပို့ချနေသလားလို့ပင် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရပါတယ်။ ပထမဆုံး ၀ါးလုံးရှည်နဲ့ ရမ်းသွားတာကတော့ ဒီကေဘီအေနဲ့ နအဖတိုက်ပွဲ ပြင်းထန်ရာ ဒေသတခုဖြစ်တဲ့ ဝေါလေမှာပဲ ဖြစ်ပါတယ်။ အဲဒါကတော့ နအဖစစ်တပ်နဲ့ ဘာပြဿ နာမှမရှိတဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ဗိုလ်ချုပ်ထင်မောင်ဦးဆောင်တဲ့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့ရဲ့ဂိတ်တခုကို သွားရောက်ပစ်ခတ်ခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ ပစ်ခတ်မှုတွေကြောင့် ငြိမ်းအဖွဲ့ဝင်တဦး ပွဲချင်းပြီး ကျဆုံးသွားတဲ့အပြင် နောက်တပ်ဖွဲ့ဝင် ၆ဦးကိုလည်း ဖမ်းဆီးကာ ပြောင်းဖူးခင်းတနေရာတွင် ရက်ရက်စက်စက် ကြိုးတုတ်ပစ်သတ်ခဲ့တဲ့ ဖြစ်ရပ်ပဲ ဖြစ် ပါတယ်။


ဒီဖြစ်စဉ်ကို လေ့လာကြည့်ရင် မှားပြီး ပစ်ခတ်မိတဲ့အရာတခု မဟုတ်သလို ရှေ့တန်းတပ်တွေရဲ့ လက်လွတ်စပယ် လုပ်သွားတဲ့ ဖြစ်ရပ်တခုလည်း မဟုတ်ဘူးဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှား တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် နအဖစစ်တပ်ဟာ ၎င်းကို အာခံနေသူ ဒါမှမဟုတ် နယ်ခြားစောင့်တပ် အသွင်ပြောင်းမှု လက်မခံ သူတွေကို တချိန်မဟုတ်တချိန်မှာ နှိမ်နှင်းသွားမယ်ဆိုတာ အကြမ်းဖျင်း ခန့်မှန်းလို့ရပါတယ်။ ဘာဖြစ်လဲဆိုတော့ ဗိုလ်ချုပ်ထိန် မောင်က နယ်ခြားစောင့်တပ် အသွင်ပြောင်းမယ့် ကိစ္စကို ခါးခါးသီးသီးနဲ့ ငြင်းဆန်ခဲ့တယ် မဟုတ်ပါလား။


တဖက်ပြန်ကြည့်ရင်လည်း လက်နက်ကိုင်ဆောင်ထားတဲ့ ကရင်အဖွဲ့အစည်းတိုင်းလိုလိုကို သံသယစိတ်တွေထားပြီး တနေ့မဟုတ် တနေ့ ပြန်တိုက်ရမယ်လို့ တထစ်ချ ယုံကြည်မှုတွေ ရှိနေတာကြောင့် လက်ဦးမှုယူလိုက်တယ်လို့လည်း ယူဆလို့ ရနိုင်ပါတယ်။ ဒါကြောင့်လည်း ဒီကရင်တွေဟာ အတူတူပဲ အားလုံးရှင်း(သတ်ပစ်)လိုက်လို့ ဗိုလ်ချုပ်ထင်မောင်အဖွဲ့ကို သွားပစ် တဲ့အချိန်က နအဖတပ်မှူးတဦး ပြောသွားခဲ့တာက သက်သေပြနေပါတယ်။ တကယ်တော့ နအဖ စစ်ခေါင်းဆောင်တွေဟာ မြန်မာပြည်တွင်းမှာ ၎င်းရဲ့တပ်မတော်တခုကလွဲပြီး ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုမှ ရပ်တည်ခွင့် အသက်ရှူခွင့်ပေး ချင်နေတာ မဟုတ်ပါဘူး။


မတတ်သာလို့သာ ခဏတဖြုပ်လေး ထိန်းထားနိုင်ဖို့ ချော့မော့ကာ လက်နက်ကိုင်ဆောင်ခွင့် ပေးထားရသော်လည်း အခွင့်အခါသင့်ရင် သင့်သလို အပြီးအပြတ် ဖြုတ်သိမ်းသွားမယ်ဆိုတာ ယုံမှားသံသယရှိစရာပင် မလိုပါဘူး။ ဒီအချိန်မှာ နအဖရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းသွားခဲ့တဲ့ ဒီကေဘီအေတပ်ဖွဲ့ဝင်အချို့နဲ့ အခြား ကရင်ငြိမ်းချမ်းရေးအဖွဲ့ဝင်တွေ ဟာလည်း ကိုယ့်အခြေအနေ ကိုယ်ပြန်ဆန်းစစ်ဖို့ လိုပါပြီး။ ကိုယ်ပိုင်အဖွဲ့နဲ့ ရပ်တည်ခဲ့ရာကနေ ၎င်းတို့တပ်ဖွဲ့အောက်ကို လုံး လုံး သွပ်သွင်းလိုက်ပြီးမှ အခြေအနေတခုပေါ်မှာသာ လက်နက်ကိုင်ဆောင်ခွင့်လေး ပေးထားတာကို ကိုယ့်ကိုယ်ကို ဟုတ်နေ လောက်ပြီလို့ မထင်ထားကြပါနဲ့အုံး။


လက်နက်ကိုင်ဆောင်ခွင့်လေး ပေးထားတာဟာ တကယ်တော့ ချက်ချင်းကြီး ဖြုတ်သိမ်းမရနိုင်သေးလို့ ကြိုးရှည်ရှည် နဲ့ လှမ်းထားပြီးတော့ တနေ့တချိန်မှာ အခွင့်သင့်သလို ဖြုတ်သိမ်းသွားဖို့အတွက်ပါ။ တဖက်မှာလည်း ငါးကြင်းဆီနဲ့ ငါးကြင်း ပြန်ကြော်လို့ ရလိုရငြား ခါးပိုက်ဆောင် မွေးထားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လက်နက်ကိုင် ကရင်တပ်ဖွဲ့ဝင်တွေအား လုံး အရေးကြီးရင် သွေးနီးရပါတော့မယ်။ လတ်တလော နအဖကို ပြန်လည်တိုက်ပွဲဝင်နေတဲ့ ဗိုလ်နှုတ်ခမ်းမွှေးကို ၀န်းရံသွားဖို့ နဲ့ ကရင်တမျိုးသားလုံး လွတ်မြောက်ရေးကို ဖော်ဆောင်နေတဲ့ ကေအဲန်ယူအဖွဲ့ကိုလည်း ၀န်းရံသွားဖို့သာ ရှိပါတယ်။


သမိုင်းရဲ့ တောင်းဆိုချက်အရ လုပ်ဆောင်ရတော့မယ့် အချိန်ကောင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် နအဖရဲ့ အခိုင်းစေခံ ကရင်လက် နက်ကိုင်အချို့အနေနဲ့ ကိုယ့်အမျိုးသားအချင်းချင်း သေနတ်ပြောင်းဝ ပြန်ချိန်ထိုးတာတွေကို ပြန်လည်ရုပ်သိမ်းပြီး အလွန်ယုတ် မာ ကောက်ကျစ်လှတဲ့ နအဖစစ်ခေါင်းဆောင်တွေရဲ့ ခေါင်းတည့်တည့်ကို ပြန်ချိန်ထိုးဖို့ ၀န်မလေးသင့်တော့ပါဘူး။


နောက်ဆုံးအနေနဲ့ ကရင်ထုတရပ်လုံး အလိုလားဆုံးနဲ့ အမြင်ချင်ဆုံးသော စည်းလုံးညီညွတ်စွာ အတူတကွ ဥမကွဲ သိုက်မပျက် ပူးပေါင်းဆောင်ရွက်မှုတွေကို အမြန်ဆုံး ဖော်ဆောင်ပြီး သမိုင်းစာမျက်နှာသစ်တရပ်ဖွင့်ဖို့ အချိန်တန်ပါပြီး။ မိမိတို့ အချင်းချင်း အနှစ်သာရ ပြည့်ဝတဲ့ စည်းလုံးညီညွှတ်မှုကို ပြန်လည် တည်ဆောက်ပြီး တဖက်မှာလည်း အခြားဘ၀တူ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးအဖွဲ့များ၊ ဒီမိုကရေစီအင်အားစုများနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်ဖြင့် မဝေးသော လက်တကမ်းမှာပဲ ကမ္ဘာသူ ကမ္ဘာသားတရပ်လုံး လိုလားတောင့်တ မြင်ချင်လွန်းလှတဲ့ နအဖ စစ်အာဏာရှင်စနစ် ဆိုးကြီး ပြိုကွဲပျက်စီးသွားမှုကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

မန်းရောဘတ်ဘဇံ (ခ) ဖူးကီးဒိုမှ ကရင်အမျိုးသားများထံသို့

User Rating: / 0
PoorBest
Written by ဖူးကီးဒို
Tuesday, 21 December 2010 05:23


KNU Calls on Burma Army to Withdraw

User Rating: / 0
PoorBest
Written by Irrawaddy
Tuesday, 21 December 2010 01:15
စစ်ခွေးတွေ ငါတို့ ထိန်းချူပ်မှု့နယ်မြေမှာလာပြီး အကြမ်းဖက်မှု့တွေပြုလုပ်နေတာ နောက်ဆုတ်ပေးတော့လို့ တောင်းဆိုလိုက်ပြီ။ မင်းတို့ ထိုးစစ်ကြောင့် အေးချမ်းတဲ့ ပြည်သူတွေ သူများနိုင်ငံထဲ ဝင်ပြေးရတယ်။ မဆုတ်ပေးရင်း ဘာဖြစ်မလဲသိတယ်နော် စစ်ခွေးသတ်လို့ ဗိုလ်ရှုပ်တွေ ရင်မခုန်ဘူး ဆိုတာ သိပြီးသား။ ဖင်တှုန်အောင် ပိုက်လိုင်းတွေးခွဲပစ်မှာ။

The vice chairman of the Karen National Union (KNU), David Takapaw, has called on the Burmese army to withdraw its forces from KNU-controlled areas and to halt the fighting that has prompted hundreds of Karen refugees to flee to Thailand in recent weeks.

Speaking to The Irrawaddy on Wednesday, David Takapaw said, “The regime troops should pull back to Kawkareik and Myawaddy townships and stay away from rebel-held areas in order to stop this bloodshed.”

The KNU is one of the oldest surviving rebel groups in Southeast Asia, and has been fighting the Burmese government for autonomy since 1948.



“We will not stop fighting if they insist on trying to deploy in our area,” he added.

The most recent hostilities broke out on Friday evening when Brigade 5, a renegade faction of the Democratic Karen Buddhist Army (DKBA) led by Lt-Col Kyaw Thet, ambushed government troops on a supply route to Waw Lay, which is the site of the former Brigade 5 headquarters that was captured by Burmese government forces on Nov. 10.

The Burmese government troops have since been forced to retreat to Phaluu village in Kawkareik Township, and sources say they are unable to complete a move to Waw Lay.

The retreating government troops are reported to be short of supplies and food rations after a series of attacks by Brigade 5 and a unit from the Karen National Liberation Army (KNLA), which is the military arm of the KNU.

Phaluu is about one hour's march from Waw Lay, and is located some 40 km south of the Mae Sot-Myawaddy border crossing on the Thai-Burmese border.

With regard to the joint attack on government troops in Phaluu, David Takapaw said, “The KNLA did not join forces with Brigade 5 to launch this assault. They took up different positions, but coordinated the ambush with them.”

One officer from the Burmese army was reportedly killed in the four days of fighting in and around Phaluu. Karen military sources were, however, unable to estimate other casualties.

A unit of Burmese soldiers from the Light Infantry Battalion No 230 reportedly opened fire on another Karen cease-fire group, the KNU/ KNLA Peace Council, which is also based in Phaluu, and which, like DKBA Brigade 5, has rejected the Burmese military government's proposal of incorporating their units into border guard forces (BGFs) under Burmese army command.

The skirmish with the KNU/ KNLA Peace Council was the first time the group has been attacked since it signed a government cease-fire agreement in 2007. One of its soldiers was killed and six were taken prisoner, according to Saw Timothy, a spokesperson for the group.

“The Burmese army told our commanders last week that they had no problem with us,” he said. “Then, they suddenly attacked our troops when their backs were turned.”

Karen sources said that hostilities resumed in Phaluu sporadically on Tuesday and Wednesday between government forces and coordinated units of the DKBA Brigade 5 and the KNLA.

About 50 villagers crossed into Thailand on Wednesday reporting that they had fled the fighting, said Blooming Night Zan, the joint secretary 1 of the Karen Women's Organization (KWO), which is working with the refugees.

More than 800 Karen refugees have taken shelter at a Buddhist temple and Thai school in Pop Phra-District in Thailand's Tak Province in the past week.

“I think the regime should sit down with the armed ethnic groups and discuss ways to stop this civil war,” said Blooming Night Zan. “Otherwise, the refugees' suffering will go on and on.”

Sources at the border said the refugees want to go back to their villages as soon as possible as it is currently harvest time and they are worried they will lose their rice harvest.

Adding to their fears, news has come through that Burmese troops are recruiting villagers in the area to work as porters and in other forms of forced labor, Blooming Night Zan said.

The recent flurry of more than 20,000 villagers to Thailand is the highest influx of refugees at the Thai-Burmese border in 21 years, according to refugee agencies. Hostilities broke out the day after Burma's Nov. 7 general election when Col Saw Lah Pwe's Brigade 5 attacked Burmese army posts in Myawaddy and Three Pagodas Pass townships.

A combined total of about 500 government troops from Military Operations Command 8, Infantry Battalion 97 and Light Infantry Battalions 404, 230 and 409 are currently deployed in the Myawaddy area.

More than 1,000 Burmese army troops from seven battalions under the Southeast Military Regional Command based in Moulmein in Mon State and the Military Operations Command in Tavoy are currently deployed in the KNLA's Brigade 6 area, near Three Pagodas Pass.

Tuesday, December 21, 2010

အာရှတွင်ပထမဦးဆုံးဂျပန်နိုင်ငံမှ လက်ခံသောကရင်ဒုက္ခသည်များအားကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးမှလာရောက်တွေ့ဆုံ

အာရှတွင်ပထမဦးဆုံးဂျပန်နိုင်ငံမှ လက်ခံသောကရင်ဒုက္ခသည်များအား ၊ ကုလသမဂ္ဂ ဒုက္ခသည်
များဆိုင်ရာမဟာမင်းကြီး မှတိုကျိုမြို့ရှင်းဂျူးကုကူးမြို့နယ်တွင်နေထိုင်သောကရင်ဒုက္ခများအား
18-11-010နေ့တွင်လာရောက်တွေ့ဆုံသည်၊၊
်ရှင်ဂျူးကုမြို့တော်ဝန်ရုံးတွင်တွေ့ဆုံကြရာဂျပန်ပြည်မှတာဝန်ရှိသူများဖြစ်သောနိုင်ငံခြားရေးဝန်ကြီးဌာန
မှလက်ထောက်ညွှန်ကြားရေးမှူးMR.OBA,UNHCRမဂျပနှ်ဌာနေကိုယ်စားလှယ်MR.JOHANCELL,
MR.MIYAZAWA,MR.DANIEL,ရှင်ဂျူးကု မြို့တော်ဝန်၊ဂျပန်ရောက်ဒုက္ခသည်များကိုစောင့်ရှောက်ရေးအဖွဲ့
Refugee. Assistance. Head Quarter မှတာဝန်ရှိသူများ၊ KNL-Japan မှစောဘလှသိန်းနှင့်နော်လးဖေါမင်းနှင့်
သတင်းသမားများတက်ရောက်ကြသည်။ ထို့ နောက်Press conferenceတွင်ကုလသမဂ္ဂဒုက္ခသည်များ
ဆိုင်ရာမဟာမင်းကြီးMR.GUTTERES ကဂျပန်ငံတွင် ၃ နှစ်အတွင်း ကရင်ဒုက္ခသည်အယောက် ၉၀ ခေါ်ယူမည့်
အစီအစဉ်မှပထမဆုံးအကြိမ်၌ ၂၇ ယောက်ရောက်လာပြီးဖြစ်သော်လည်းရှေ့လျှောက်ပိုမိုခေါ်ယူရန်ဂျပန် အစိုးရအားတိုက်တွန်းလိုက်ပါသည်၊၊ယင်းတိုက်တွန်းချက်ကိုလည်းဂျပန်MAINICH NEWSPAPER မှဖေါ်ပြထားပါသည်၊၊






Saturday, December 18, 2010

မျိုးချစ်ကရင်များ၏မျက်ရည်

ကရင်လူမျိုးများသိသင့်သိထိုက်သောအကြောင်းရင်းမှန်များ
မသိသေးသောကရင်လူမျိုးများသိစေရန်
အသားထဲမှလောက်ကောင်များအားသတိထားကြပါ
မိမိကရင်လူမျိုးများအား မိမိတို့လူတစုကောင်းစားရေးအတွက်အသားထဲကလောက်ကောင်များ




အဖူး စာရေးလိုက်တယ် ဗိုလ်မှူးချူပ်ဒေါက်တာ တိမသေ



User Rating: / 0
PoorBest
Written by မန်းရောဘတ်ဇံ
Saturday, 18 December 2010 05:24
(မန်းရောဘတ် ဘဇန် မှ ဆရာတီးမသေ သို့)

ဒီဇင်ဘာလ (၁၅) ရက်-၂၀၁၀၊

ဆရာ-

စာရေးလိုက်ပါတယ်။ ရေးဘို့ လိုအပ်လာပြီးဖြစ်လို့ပါ၊ မြန်မာ နဲ့ ကရင်

သတင်းမီဒီယာ-(Website နဲ့ Blog) တွေကနေ နိုဝင်ဘာလ(၃၀) ရက်နေ့က ဆရာ နဲ့ ဗိုလ်မှူးချုပ် စောထင်မောင်တို့ ဦးစီးတဲ့ (KNU-KNLA) အဖွဲ့က ရဲဘော် (၆)ယောက်ကို လူမဆန်စွာ ရက်ရက်စက်စက် ဒါးနဲ့ခုတ်သတ်၊ မီးရှို့ခံလိုက်ရတဲ့ သတင်းနဲ့ဓါတ်ပုံတွေ ဘတ်ရှု တွေ့မြင်လိုက်ရတဲ့အတွက် စိတ်မကောင်းခြင်း ဖြစ်ရသလို ဒေါသလည်းထွက်ရပါတယ်။ ကျနော့ သွေးသားထဲက တူသားတွေ လူမဆန်စွာအသတ်ခံလိုက်ရတယ်လို့ခံစားရပါတယ်၊ ကျနော့လိုဘဲ ပြည်တွင်းနဲ့ နိုင်ငံတကာရောက် ကရင်တမျိုးသားလုံးလည်း ကြေကွဲစွာခံစားရသလို လူစိတ်ရှိ တဲ့ လူပီသတဲ့ ဗမာညီကိုမောင်နှမများ နဲ့လူမျိုးစုံပြည်သူတွေလည်း ခံစားရမယ် လို့ ယူဆပါတယ်။

ကျနော့အတွေးအခေါ်ထဲမှာ (ဗမာ့တပ်မတော်စစ်စည်းကမ်းဥပဒေထဲမှာ စစ်သုံ့ပန်းတွေကိုဘယ်လိုပြုမူဆက်ဆံရမယ်၊ စစ်နဲ့မသက်ဆိုင်တဲ့မှီခိုသူအမျိုး သမီး၊ခလေး၊ သက်ကြီးရွယ်အို) တွေကိုဘယ်လိုဆက်ဆံပြုမူရမယ်ဆိုတာ မပါ
လို့၊ မသိလို့၊စစ်တက္ကသိုလ်တွေမှာ မသင်ရလို့ ဒီလို လူမဆန်တဲ့လူသတ်မှုမျိုး ကိုကျူးလွန်လိုက်တာလား--လို့ တွေးခေါ်မိတယ်၊
ခုဖြစ်စဉ်က စစ်မြေပြင်မှာ ဘမ်းမိတာမဟုတ်ဘူး။စစ်သုံ့ပန်းတွေမဟုတ် ဘူး၊(နအဖ)နဲ့ငြိမ်းချမ်းရေးယူထားတဲ့၊ အပစ်အခတ်ရပ်ထားတဲ့၊အေးအေးဆေး ဆေးနေတဲ့ တပ်ကိုတမင်သက်သက်လာရောက်အနိုင်ကျင့်၊ဗိုလ်ကျ စော်ကား

ဘမ်းဆီးပြီး ဒါးနဲ့ထိုး၊ မီးရှို့ အစဖျောက်လိုက်တဲ့ လူသတ်မှုသက်သက်ဖြစ်တယ်--လူမဆန်တဲ့၊ တပ်မတော်မပီသတဲ့ ဓါးပြလုပ်ရပ်ဖြစ်တယ်။ဒီလိုလူမဆန်တဲ့လုပ်

ရပ်မျိုးကိုတစိုက်မှတ်မှတ်လုပ်လာတဲ့ ရန်သူရဲ့လူတန်းစား(လက္ခဏာ)ကိုသိထား

သင့်တယ်။ ဒီရန်သူဟာ-

(၁)။ မဟာဗမာလူမျိုးကြီးဝါဒီတွေဖြစ်တယ်။

(၂)။ ဖက်ဆစ်တွေဖြစ်တယ်။

(၃)။နိုင်ငံတော်လက်ဝါးကြီးအုပ်ဓနရှင်တွေဖြစ်တယ်--လို့ သတ်မှတ်တယ်၊

(၁)။ နအဖ ဟာ မဟာဗမာလူမျိုးကြီးဝါဒီတွေဖြစ်တယ်။

နအဖတွေဦးဆောင်ဖွဲ့စည်းထားတဲ့ ဗမာ့တပ်မတော်ဟာ ဗမာ (၉၉)ရာခိုင်

နှုံးနဲ့ ဖွဲ့စည်းထားတဲ့ စစ်အုပ်စုဖြစ်တယ်။ ကျန်တဲ့လူမျိုးတွေကိုလူတွေလို့သဘော

မထားတဲ့၊ သူတို့သာလျှင် ကြီးမြတ်တယ်။ အုပ်ချုပ်သူတွေဖြစ်တယ်။ မင်းမျိုးတွေ

ဖြစ်တယ်၊ ကျန်လူမျိုးတွေဟာ ကျွန်မျိုး။အရိုင်းအစိုင်းတွေလို့ သဘောထားတယ်၊

ငါတို့သာလျှင်တိုင်းပြည်ရဲ့ကယ်တင်ရှင်တွေ၊နိုင်ငံတော်ရဲ့လေထု၊ရေပြင်နဲ့ကုန်းပိုင်း

ကိုငါတို့ပိုင်တယ်။ငါတို့မှာ ခေတ်မှီလက်နက်တွေတပ်ဆင်ထားတဲ့တပ်မတော်ကြီး

ရှိတယ်။ငါတို့ဟာစတုတ္တဗမာနိုင်ငံတော်ကို တည်ထောင်နေတဲ့သန်းရွှေမင်းဆက်

ဖြစ်တယ်လို့ ခံယူနေသူ။ဘ၀င်မြင့် စိတ်ကြီးဝင်နေသူဖြစ်တယ်၊

ဒါကြောင့်ဒီအုပ်စုဟာလက်နက်အားကိုးတဲ့၊တဗိုလ်တမင်း၊ငါ့မင်းငါ့ချင်း စစ်

အာဏာရှင်မဟာဗမာဖက်ဆစ်တွေဖြစ်တယ်-လို့သတ်မှတ်တယ်၊ ဒီအုပ်စုကို အမိ

မြေကအပြတ်ဖယ်ရှားဖြစ်ရမဲ့၊နောက်ဆုံးစစ်ခုံရုံးတင်ပြီး ကြိုးပေးသတ်ပစ်ရမဲ့ အုပ်

စုဖြစ်တယ်၊ ဒီလိုအုပ်စုကိုမှ (ရွှေသမင်) ထင်ပြီး ကိုးကွယ်မိတော့ အပစ်မဲ့ ရဲဘော်

(၆)ယောက် လူစိတ်ကင်းမဲ့စွာ အချောင်အသတ်ခံလိုက်ရ တာဟာဆရာတို့မှာလုံး

ဝ တာဝန်ရှိတယ်။

ဒီလုပ်ရပ်ဟာ နအဖ နဲ့ဆရာတို့ ငြိမ်းချမ်းရေးရယူမိခဲ့တဲ့ငြိမ်းချမ်း(ဆုလာဒ်)

နဲ့ နအဖက ပေးတဲ့ ကောင်းကြီးမင်္ဂလာ တပါးပေါ့--ဒါဟာ ပဌမ အဆင့်ဘဲရှိသေး

တယ်။ နောင်ဆက်တိုက် လာမဲ့ နအဖရဲ့ ငြိမ်းချမ်းရေးဆုလာဒ် တသီကြီးရှိပါသေး

တယ်။ ကျနော်တို့စောင့်ကြည့်နေပါတယ်။

(၂)။ နအဖဟာ ဖက်ဆစ်တွေဖြစ်တယ်၊

နအဖဟာ ဖက်ဆစ်တွေဖြစ်တယ် ဆိုတာ မတရားစွပ်စွဲတာမဟုတ်

ဘူး၊ နှစ်ပေါင်း(၆၀)ကျော်ပြည်တွင်းစစ်က သက်သေပြနေပါတယ်၊ ကရင်ပြည်ထဲ

ကျူးကျော်ဝင်ရောက်လာပြီးဆိုရင် (ဖက်ဆစ်ဂျပန်)တွေထက်ဆိုးတဲ့ လူမဆန်တဲ့

လုပ်ရပ်တွေကို လုပ်တယ်၊ ရွာတွေမီးရှို့တယ်၊ ရွာပေါင်း (၅)ထောင်ကျော်မီးရှို့ခံ

လိုက်ရပြီးဖြစ်တယ်။ကရင့်သမီးပျိုးတွေကို(မုဒိန်း)ကျင့်တယ်။အများစုအုပ်စုလိုက်

(မုဒိန်း) ကျင့်ပြီးသတ်ပစ်တယ်၊ စာသင်ကျောင်း၊ ဘုရားကျောင်းတွေ မီးရှို့တယ်၊

လမ်းမှာတွေ့တဲ့ဘယ်သူ့ကိုမဆိုပစ်သတ်တယ်။လူတွေကိုပေါ်တာဆွဲတယ်၊ မနိုင်

ဝန်တွေထမ်းခိုင်တယ်၊ ကရင်ပြည်သူတွေ ပိုင်ဆိုင်တဲ့ ကြက်၊ဘဲ၊၀က်၊ကျွဲ၊ နွားအိမ်

မွေးတိရိစ္ဆာန်တွေကိုခိုးဝက်စားသောက်ကြတယ်။လူထုတောင်ယာ၊ဥယာဉ်၊ခြံတွေ

ကိုဖျက်ဆီးတယ်၊ မိုက်ကြေးခွဲ (ဓါးပြ)တိုက်တယ်။

ဒါတွေဟာ ဖက်ဆစ်တွေရဲ့ လုပ်နည်းကိုင်နည်းတွေဖြစ်တယ်။

ဖက်ဆစ်(ဂျပန်)တွေဆီက စစ်ပညာအပြည့်အ၀သင်ကြားခဲ့တာဖြစ်တယ်။

ဒါကြောင့် နအဖတွေကို ဖက်ဆစ်တွေလို့ သတ်မှတ်ရတာဖြစ်တယ်။ ဒီနအဖဖက်

ဆစ်တွေဟာ ပြည်သူလူထုအတွက်ကောင်းတာဘာတခုလုပ်ခဲ့လို့လဲ-- ဆရာ၊ ဒါ

တွေကို ဆရာနဲ့တပ်မဟာ(ရ)က တပ်မှူးဟောင်းတွေသိကြပါတယ်၊ သိရက်နဲ

ဘာကြောင့် ဒီလိုစစ်အုပ်စုဖက်ဆစ်တွေနဲ့နားလည်မှုယူကြရတာလဲဗျား-

ဆရာတို့ ခုထိ ခေါင်းဆောင်ကြီးစောဘဦးကြီးရဲ့ တော်လှန်တဲ့ သစ္စာတရား

(၄)ပါး-သို့မဟုတ် မူ(၄)ချက်ကို ဆက်လက်ကိုင်စွဲထားတုန်းဘဲလား

ဒီဖက်ဆစ်တွေဆီက ကျနော်တို့လိုလားတဲ့ ကရင်ပြည်တောင်းလို့ရမယ်လို့ ဆရာတို့ထင်ထားသလား၊ လုံးဝ မရနိုင်ဘူးဆရာ။ ကရင်ပြည်မပြောနဲ့ (တခရိုင်)။ (တမြို့နယ်)တောင်အုပ်ချုပ်ခွင့်မရနိုင်ဘူး၊ (ထိုကော့ကိုး)လို နေရာကွက်ကွက်က

လေးမှာ နေခွင့်ပေးမယ်၊ မသေရုံတမယ် (ကားပါမစ်)လေးချပေးမယ်၊ နောက်ဆုံး ဖက်ဆစ်တွေရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဆရာတို့အဖွဲ့ကိုလက်နက်ဖြုတ်ဘို့ (နယ်ခြား

စောင့်တပ်)ခေါင်းစဉ်အောက်မှာလက်နက်တွေသိမ်းယူလိုက်မှာဖြစ်တယ်၊ မယုံမ

ရှိနဲ့ဆရာ။ ကြာကြာမစောင့်ရပါဘူး။ လပိုင်းလောက်စောင့်ကြည့်ပါ။

ဖက်ဆစ်တွေနဲ့ဆရာတို့ရေရှည်ပေါင်းလို့မရနိုင်ဘူးဆရာ၊သူတို့ခိုင်းတဲ့ နယ်

ခြားစောင့်တပ်မလုပ်ဘူးဆိုရင် ဆရာတို့ဘာဆက်လုပ်မှာလဲ၊ လက်နက်ချမလား၊

အညံ့ခံမလား၊ နအဖဆက်ဆစ်တွေကို ဦီးညွတ်အလေးပြုမလား။ တပ်မင်းဗိုလ်မှူး

ချုပ်လင်းထင်လို အသတ်ခံမလား၊ (KRC)(Karen Revolutionary Council)က

ဖါးတီ မူးဆိုးကော်ကစာ စောဟန်တာသာမွှေးလို ပညာရေးအထူးအရာရှိအဆင့်နဲ့

ဘဲ ဘ၀နိဂုံးချုပ်ခဲ့ရတာ ဆရာမှတ်မိပါလိမ့်မယ်ထင်ပါတယ်၊ သူမဆုံးမှီ ကျနော့်အ

ဖေကို အမှာစကားပါးခဲ့သေးတယ်၊ မန်းဘဇန်ကိုပြောလိုက်ပါတဲ့-ကျနော်မှားသွား

ပြီး--တဲ့၊ ဆရာနဲ့ တပ်မဟာ(ရ)က တပ်မှူးဟောင်းတွေ ခုလက်ရှိတပ်မဟာ(ရ)မှူး

ဗိုလ်မှူးချပ် သူရစောဂျော်နီကိုပြောလိုက်ပါ-(ကျနော်တို့မှာသွားပြီး)လို့ ပြောလာမဲ့

စကားကို ကျနော်မကြားချင်ဘူးဆရာ- ကျနော်အကြားချင်ဆုံးစကားကတော့-အ

တွင်းစည်းရောက်နေတဲ့ ငါတို့ တပ်တွေက နအဖ ဖက်ဆစ်တွေရဲ့ စခန်းကြီးတခု

ကိုသိမ်းလိုက်ပြီး--ဆိုတဲ့ (Message) ဘဲ-ဆရာ၊ ဆရာတို့ ရွေးစရာလမ်းကတော့ ဒေါ်စုဖေဖေမိန့်ကြားခဲ့သလို(လွတ်လပ်ရေးကို တောင်းလို့ ရရင်ရ မရရင်ချ)-ဆိုတဲ့

စကားကို လက်တွေ့ အကောင်အထည်ဖေါ်ပါ-ဆရာ၊ ဒီနအဖ ဖက်ဆစ်တွေ ကျ

နော်တို့လိုချင်တဲ့ (ကရင်ပြည်) ဘယ်တော့မှ မပေးဘူး။ ဒီကောင်တွေကရင်ပြည်

ပေးလာမယ်လို့ ဘယ်တော့မှစိတ်ကူးမယဉ်နဲ့ ဆိုတာ လက်နက်အဖြုပ်မခံရခင်သ

တိပေးလိုက်တာပါ၊

(၃)၊ နအဖတွေဟာ နိုင်ငံတော်လက်ဝါးကြီးအုပ် ဓနရှင်တွေဖြစ်တယ်။

နအဖတွေကို (နိုင်ငံတော်လက်ဝါးကြီးအုပ်ဓနရှင်) လို့သတ်မှတ်ရတာက- နိုင်ငံတော်အာဏာကို သေနတ်တေ့ ရယူထားပြီး နိုင်ငံတော်ရဲ့ သယံဇာတ အားလုံးကို လက်ဝါးကြီးအုပ်ပြီး စစ်အုပ်စုရဲ့ မျိုးနွယ်စုတွေအတွက်လုပ်ကိုင်နေလို့

သတ်မှတ်ရတာဖြစ်တယ်၊

နိုင်ငံတော်မှာ ဒီမိုကရေစီမရှိဘူး၊ တရားမျှတမှုမရှိဘူး၊ တန်းတူမှုမရှိဘူး၊ ဥပဒေ စိုးမိုးမှု မရှိဘူး၊ လူမျိုးတွေရဲ့ ရပိုင်ခွင့်မရှိသလို ပြည်သူတွေရဲ့ ရပိုင်ခွင့် အားလုံးဆုံးရှုံ နေပြီးဖြစ်တယ်။ အထက်ပါအချက်(၃)ချက်နဲ့ အနည်းဆုံးပြည့်

နေလို့ (နအဖ)ကို--(မဟာဗမာ လူမျိုးကြီးဝါဒီ၊ ဖက်ဆစ် စစ်အာဏာရှင် နိုင်ငံ

တော်လက်ဝါးကြီးအုပ် ဓနရှင်)ုလို့ သတ်မှတ်လိုက်တာဖြစ်တယ၊်



ဆရာ-

နောက်ဆုံး ပြောလိုတာက- ကျဆုံးသွားတဲ့ ရဲဘော် (၆)ယောက်အတွက်

ကျနော်တို့ ၀မ်းနည်း ယူကြုံးမရဖြစ်ရပါတယ်၊ သေနတ်ကိုင်ထားတာ ကရင်ပြည်

သူ့အကျိုးစီးပွားကို ကာကွာယုံမကဘူး၊ တိုင်းပြည်တ၀ှန်းလုံးရှိ လူမျိုးစုံပြည်သူ

တရပ်လုံးရဲ့ အသက် အိုးအိမ်စည်းစိမ်ကိုကာကွယ်ဘို့ ပါ တာဝန်ရှိတယ်။တပြည်

လုံးကို မကာကွယ်သေးမှီ မိမိတို့အဖွဲု့၏အသက်လုံခြုံမှုကိုအရင်ဆုံးလုပ်ဆောင်

ပါ၊ ရှိပီးသားလက်နက်တွေကို ကျစ်ကျစ်ဆုတ်ထားပါ၊ ကရင်အချင်းချင်းသွေးမြေ

ကျ မဖြစ်အောင် စောင့်ထိမ်းပါ၊ ခေါင်းဆောင်ကြီးစောဘဦးကြီးရဲ့ သြ၀ါဒကိုမြေ၀ယ်မကျ စွဲကိုင်ပါလို့ မှာကြားရင်း နိဂုံးချုပ်ခွင့်ပြုပါ၊

17 Dec 2010 ဒိုင်ယာရီ

17 Dec 2010 Yeyintnge's Diary

Thursday, December 16, 2010

နယ်ခြားစောင့်တပ် ၁၀၂၂ တပ်ရင်းမှ ဗိုလ်ကြီး စောဒိုစိုး (စောဃော်သကူး) အပါအဝင် တပ်ဖွဲ့ဝင် ၉ ဦးနဲ့အတူ ဒီကေဘီ အေထလာရောက်ပူးပေါင်းံ





BGF ၁၀၂၂ တပ်ရင်းမှ ဗိုလ်ကြီး စောဒိုစိုး(စောဃော်သကူး) အပါအဝင် တပ်ဖွဲ့ဝင် ၉ ဦးနဲ့အတူ ဒီကေဘီအေ ဗိုလ်ကျော် သက် ထံသို့ လက်နက် အပြည့်အစုံနဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့က လာ ရောက်ပူးပေါင်းခဲ့ပါတယ်။
အရှေ့တောင်တိုင်းလက်အောက်ခံ မြဝတီအခြေစိုက် BGF ၁၀၂၂ တပ်ရင်းမှူး ဗိုလ်မုတ်သုန် ဦးစီးတဲ့ တပ်ဖွဲ့က ဖားချောင်းစခန်းမှာ တာဝန်ယူထား တဲ့ ဗိုလ်ကြီး စောဒိုစိုး ဦးဆောင်ကာ ဒီဇင်ဘာ ၁၄ ရက်နေ့က ဒီကေဘီအေနဲ့ ပူးပေါင်းဖို့ ရောက်ရှိလာခဲ့ပါတယ်။
ဒီကေဘီအေအဖွဲ့ကို ကူးပြောင်းလာတဲ့ BGF မှ ရဲဘော်များကတော့



၁၊ စောဒိုးစိုး (စောဃော်သကူး) (ဗိုလ်ကြီး)
၂၊ စောကဒူး (တပ်ကြပ်)
၃၊ စောဒိုးခို့သ (ရဲဘော်)
၎၊ စောစိုးလေး(ရဲဘော်)
၅၊ စောယော့ကူး (ရဲဘော်)
၆၊ စောထူးလင်း (ရဲဘော်)
၇၊ စောဇော်ထိုက် (ရဲဘော်)
၈၊ စောနိုင်ဦး (ရဲဘော်)
၉၊ စောကြူ (ရဲဘော်)
၁၀၊ စောကြာကူး (ရဲဘော်) တို့ ဖြစ်ပါတယ်။


သူတို့နဲ့အတူ အာပီဂျီ၇ တလက်၊ အသီး ငါးလုံး၊ အမ် ၁၆ နှစ်လက်၊ အေကေ သုံးလက်၊ ကာဘိုင် သုံးလက် ၊ ၄၀ မမ တလက်၊ ခြောက်လုံးပြူး တလက်၊ စကားပြောစက်တလုံး၊ ရှေ့ထွက်မိုင်း ငါးလုံး၊ လက်ပစ်ဗုံး ဆယ်လုံး စတဲ့ လက်နက်ငယ် လက်နက်ကြီးများနဲ့ ဒီ ကေဘီအေထံ လာရောက်ပူးပေါင်းကြခြင်း ဖြစ်ပါတယ်။



ဒီကေဘီအေထံ လာရောက်ပူးပေါင်းတဲ့ ဗိုလ်ကြီး စောဒိုစိုး ပြောပြတာက


“ကျနော်တို့ နယ်ခြားစောင့်တပ်က စထွက်ခွာတာ နိုဝင်ဘာ ၈ ရက်ကတည်းက ပါ။ ရန် သူ နအဖ တပ်တွေကို ရှောင်ကွင်းလာနေရတဲ့အတွက် ခုမှရောက်လာတာပါ။ ကျနော် တို့ BGF ဖွဲ့ကြတော့ ကျနော်တို့ ရဲဘော်ဟောင်းတွေ ခေါင်းဆောင်ဟောင်းတွေကို တပ် ထဲကအနားပေးပြီး ဖယ်ထုတ်နေတယ်။ ခုဆို ကျနော်တို့ တပ်တွေထဲမှာ သူတို့ လူတွေနဲ့ တကယ့်အရေးကြီးတဲ့ နေရာတွေကို ပေးထားတယ်။ ကျနော်တို့ ဒီကေဘီအေ အ ဟောင်းတွေက BGF တပ်ထဲမှာ အရာမရောက်ဖြစ် ကုန်ပြီလေ။ တဖြည်းဖြည်း ကျနော် တို့တွေဟာ ညှပ်တဲ့လက်မ မရှိတဲ့ ကဏန်းလိုလို၊ အဆိပ်မရှိတဲ့ မြွေလိုလိုဖြစ်ကုန်တယ်။ ကျနော်တို့ တော်လှန်ရေးစလုပ်တုန်း ကရော၊ ဒီကေဘီအေ စလုပ်တုန်းကရော ကျနော် တို့ ပြည်သူလူထုအတွက် အမျိုးသားထုအတွက် တခုခု အကျိုးရှိတာ လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ခဲ့တာ ခု ဘာတခုမှဖြစ်မလာဘဲ ကျနော်တို့ကိုပါ လည်ပင်းညှစ်ဖို့ လုပ်လာ တယ်။ ဆက်ပြီး နအဖ အောက်မှာဆက်နေ နေရင် တဖြည်းဖြည်း ကျနော်တို့ ပြောက် သွားမှာပဲ”လို့ ပြောသွားပါတယ်။


ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်က တငေါရွာအနီးမှာ နယ်ခြားစောင့်တပ်ရင်း (၁၀၁၅) တပ်ဖွဲ့ကို နအဖ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရတခ လက်အောက်ခံ ခမရ (၃၃၉) တပ်ရင်းက တိုက်ခိုက်ခဲ့ရာ နယ်ခြားစောင့်တပ်မှ ၇ ဦး ကျ ဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရှိရပါတယ်။
နေ့သစ်မှ ကူးယူသည်

တိုက်ပွဲကြောင့် မာနယ်ပလောဒေသမှ ရွာသားများ ထိုင်းဘက်ခြမ်း ထွက်ပြေးရောက်ရှိ

ဒီဇင်ဘာလ ၁၆ရက်။ စောခါးစူးညား (ကေအိုင်စီ)


ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ မာနယ်ပလောနယ်မြေအနီးတ၀ိုက်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ရက်နေ့က နအဖ စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA) ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင်ရှိ မူယူထာ့(မိုင်းလုံးကြီးချောင်း)ချောင်းကမ်းနံဘေးတွင် ဒေသခံရွာသား ၆၅ဦး ထွက်ပြေးလာသည်ဟု ယမန်နေ့က သိရသည်။
ယင်းသို့ထွက်ပြေးလာသည့် ရွာသားများမှာ လှိုင်းဘွဲမြို့နယ်၊ မာနယ်ပလောဒေသအတွင်းရှိ နိုဒေးကျေးရွာမှ လူကြီး ၃၄ဦးနှင့် ကလေး ၃၁ဦးတို့ ဖြစ်ကြပြီး ၎င်းတို့ရွာအတွင်း နအဖတပ်မှ လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ထွက်ပြေးလာရခြင်း ဖြစ် ကြောင်း အဆိုပါရွာသားများကို ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့သည့် မယ်လအူးဒုက္ခသည်စခန်း ဥက္ကဌ စောကော်ဝါးက ကေ အိုင်စီကို ယခုလို ပြောသည်။


သူက “အခု သူတို့လာတာက အိမ်ထောင်စု ၁၃စု၊ လူကတော့ ၆၅ယောက်ပေါ့နော်။ အမျိုးသမီးနဲ့ ကလေးက အများစုပဲ။ တကယ်ဆိုရင် သူတို့ရွာမှာ အိမ်ထောင်စု ၃၈စု ရှိတယ်။ ကျနော် သူတို့(ရွာသားတွေ)ကိုမေးတော့ သူတို့ရွာအနီးအနားမှာ တိုက်ပွဲက ပြင်းထန်တာပေါ့နော်။ နောက် နအဖ တပ်ဖွဲ့ကလည်း သူတို့ရွာထဲကို လက်နက်ကြီးနဲ့ ပစ်တော့ ထွက်ပြေးရတာပဲလို့ ပြောတယ်။”ဟု ပြောသည်။


မာနယ်ပလောဒေသရှိ ပြောက်ကျားတိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်းသို့ ရောက်ရှိလာသည့် စစ်ပြေးဒုက္ခသည်များမှာ နယ် မြေကွာခြားမှုနှင့် ရာသီဥတုဒဏ်ကြောင့် အချို့မှာ ကျန်းမာရေး ချို့တဲ့နေကြောင်းလည်း စောကော်ဝါးက ဆက်လက် ပြောဆို သည်။


“အခုဒီမှာ ရောက်နေကြတဲ့သူတွေ တချို့ ဖျားတာ၊ ၀မ်းသွားတာ ဆယ်ယောက်လောက်ရှိတယ်။ နောက် သူတို့ ရောက်လာတဲ့ ရက်ကဆိုရင် ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက် မူယူထာ့မှာပဲ ကလေးမွေးဖွားခဲ့တယ်။ အခု သူတို့ မယ်လအူးဆေးရုံမှာ ပို့ထားတယ်။”ဟု ဆိုသည်။


၎င်းစစ်ပြေးဒုက္ခသည် ရွာသားများအတွက် လိုအပ်သည့် အစားအစာ၊ ဆေးဝါးနှင့် အ၀တ်အထည်များကို ဒုက္ခသည်ရိက္ခာများ ကူညီပေးနေသည့် (Thai Burma Border Consortium-TBBC)၊ ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၊ ဆေးဝါးနှင့် ဆေးကုသရေး ဆောင်ရွက်သည့်အဖွဲ့(MI) စသည့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ(NGOs)က ကူညီထောက်ပံ့ပေးနေ ကြောင်း ကရင်ဒုက္ခသည်ကော်မတီ(KRC)က ပြောသည်။


လက်ရှိအချိန်တွင် ထိုင်းအာဏာပိုင်များက ထွက်ပြေးလာသည့် ရွာသူရွာသားများကို ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်ခရိုင်၊ မယ်လ အူးဒုက္ခစခန်းမှ မိနစ် ၃၀ခန့်အကြာ စက်လှေစီးသွားရသည့် မူယူထာ့နေရာ၌ပင် ခိုလှုံနေထိုင်ခွင့်ပေးထားသည်ဟု သိရသည်။


နအဖနှင့် ကေအဲန်ယူတပ်များ ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးလာသူများရှိသလို ဒီဇင်ဘာလ ၁၃ရက်နေ့အထိလည်း အဆိုပါဒေသမှ ရွာသားများမှာ ၎င်းတို့ရွာနှင့် မနီးမဝေး တောတောင်ထဲတွင် ထွက်ပြေးပုန်းရှောင်လျှက် ရှိသော်လည်း လူဦးရေ အတိအကျကို မသိရှိသေးရသေးပေ။


ဒီဇင်ဘာလ ၁၁ရက်နေ့ နိုဒေးကျေးရွာပတ်ဝန်းကျင် အနီးတ၀ိုက်တွင် နအဖ အရှေ့တောင်တိုင်းစစ်ဌာနချုပ်-ရတခ လက် အောက်ခံ ခမရ(၃၃၈)၊ ခမရ(၅၈၇)၊ ခလရ(၂၈)နှင့် ဗိုလ်မှူးစောတာမလာ ဦးစီးသည့် KNLA တပ်ရင်း(၂၀၂)တို့ ၃ကြိမ်ဆက် တိုက် ပြောက်ကျားတိုက်ပွဲဖြစ်ပွားခဲ့ပြီး နအဖဘက်မှ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်။


၁၉၉၄ခုနှစ်ကုန်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ မာနယ်ပလော ဗဟိုဌာနချုပ် ကျခဲ့သည့်နောက်ပိုင်း တိုက်ပွဲ များ ပြန်လည်ဖြစ်ပွားခဲ့ပြီး ၎င်းနယ်မြေအတွင်းရှိ နိုဒေးရွာသူရွာသားများမှာ စစ်ပြေးဒုက္ခသည်အဖြစ် ယခုလို ပထမဦးဆုံးအ ကြိမ် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးလာခြင်း ဖြစ်သည်။

15 Dec 2010 Yeyintnge's Diary

15 Dec 2010 Yeyintnge's Diary

စစ်အစိုးရ တပ်ခေါ်ကျိုးခြေကုပ် စခန်းကို ဒီကေဘီအေက သိမ်းပိုက်

Tuesday, December 14, 2010ကောင်းဝါ သတင်းမှ.....

စစ်အစိုးရတပ်များ ခြေကုပ်ယူထားရာ မြ၀တီခရိုင်၊ ဖလူးလေးတောင်ဘက် တပ်ခေါ်ကျိုး တောင်တန်းကို ဒီဇင်ဘာလ(၉)ရက် မနက်(၁၀)နာရီအချိန်မှာ ဒီကေဘီအေတပ်မှ ၀င်ရောက် သိမ်းပိုက်ခဲ့သည်ဟု ဒီကေဘီအေ ဗျူဟာ(၁)စစ်ဆင်ရေးမှူး ဂျီထူး ဗိုလ်မှူး စောဆန်းအောင်မှ ပြောပါသည်။“နအဖ တပ်ရင်း(၅၄၇) ၊ (၂၃၀) ဆုတ်ကုန်ပြီးနော်၊ တိုက်ပွဲ ကြီးကြီး (၂) ရက် ဆက်တိုက် ဖြစ်တယ်နော်။ (၂)ရက်ဆက်တိုက် အကြိတ်အနယ် ဖြစ်ကြတယ်နော်။ ဒီနေ့ကျနော်တို့ (၁၀) နာရီလောက်မှာ ၀င်ရှင်းတယ်၊ ကျနော်တို့ တက်ရှင်းတာ အလောင်းတစ်ခုရတယ်။ မြေပုံရတယ်၊ မှတ်တမ်းမှတ်ရာရတယ်၊ နောက်သူတို့ ဆက်သွယ်ရေးစက်ပြောတဲ့ လက်လှည့် လျှပ်စစ်ဓါတ်အားပေးစက်ရတယ်။ သူတို့ကျန်နေတဲ့ ရိက္ခာတွေကိုတော့ ကျနော်တို့ မီးရှို့လိုက်ပြီး။”

ဒီဇင်ဘာလ(၆)ရက်နေ့ ညနေကတည်းကစပြီး ဒီကေဘီအေဘက်မှစတင်ထိုးစစ်ဆင်ခဲ့သည်ဟုဆိုသည်။

ယခုဆုတ်ခွာသွားသည့် စစ်အစိုးရတပ်ရင်းစစ်ကြောင်းများသည် မြ၀တီမြို့တောင်ဘက် ဖလူးကြီးရွာကို ရောက် ရှိနေသည့် တပ်မ(၄၄)လက်အောက်ခံ စစ်ကြောင်းများနှင့်ပေါင်းပြီး ဒီကေဘီအေတပ်များကို ပြန်လာ တိုက်ဖို့ရှိကြောင်း ဒီကေဘီအေဘက်မှဆိုပါသည်။
ဒီဇင်ဘာ(၈)ရက်နေ့တွင်လည်း မြ၀တီခရိုင်၊ ဝေါ်လေကျေးရွာ အနားတွင်ရှိသော စစ်အစိုးရတပ်ခြေကုပ် ယူထားရာ ဗျူဟာကုန်း၊ သံမဏိကုန်း နှင့် ကွန်မန်ဒိုကုန်းကို ဒီကေဘီအေတပ်ရင်း (၉၀၉) ဒုတပ်ရင်းမှူး ဗိုလ်မှူးစောချမုစေး ဦးဆောင်သောအဖွဲ့က ည ၈ နာရီ မိနစ် ၂၀ ကနေ ၉ နာရီအထိ မိနစ် (၄၀) ကြာ (၃) နေရာစလုံး တပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့သည်ဟု အဆိုပါတိုက်ပွဲကို ဦးဆောင်ခဲ့သူ ဗိုလ်မှူးချမုစေးက ပြောပါသည်။

“တပ်ခွဲမှူး စောသန်းထွန်း အဖွဲ့က သံမဏိကုန်းက နအဖ စကခ (၈) လက်အောက်ခံ တပ်ရင်း (၄၀၄)ကိုသွားဝင်ပစ်တယ်၊ တပ်ခွဲမှူး တာအိုမူး ဦးဆောင်တဲ့အဖွဲ့က ကွန်မန်ဒိုကုန်း နအဖတပ်ရင်း (၄၀၄) ၊ ဒုတပ်ခွဲမှူး ဖားဒိ အဖွဲ့က ဗျူဟာကုန်းက နအဖတပ်ရင်း (၄၀၁) ကို တချိန်တည်းမှာ သူတို့သွားပစ်တယ်”

သို့သော် ၄င်းဝေါ်လေစခန်းများကို မသိမ်းပိုက်နိုင်ခဲ့ပေ၊၊ နအဖတပ်များသည်၊ နိုဝင်ဘာ (၉)ရက် နေ့ ကတည်းကသိမ်းပိုက်ထားသည့် ဝေါ်လေစခန်းရောက်တပ်များအတွက် လိုအပ်နေသည့် စားနပ်ရိက္ခာဆေးဝါး များကိုလည်း ကနေ့အထိ မပို့ပေးနိုင်သေးကြောင်းဒေသခံများမှပြောပါသည်။ အကြောင်းမှာ စစ်ကူလာသည့် တပ်များကို ဒီကေဘီအေက ဖြတ်တိုက်နေသည့်အတွက် အထိအခိုက်အကျအဆုံးများနေသောကြောင့် သွားရောက် မပို့ပေးနိုင်တာဖြစ်သည်ဟု ဒီကေဘီအေဖက်ကပြောပါသည်။

Monday, December 13, 2010

ငြိမ်းကောင်စီမှ မီးရှို့သတ်ခံရသော သူများ

ကေအဲန်ယူ/ ကေအဲန်အယ်အေ ငြိမ်းချမ်းရေးကောင်စီ ရဲဘော် ၆ ယောက်ကို နအဖ စစ်တပ်မှ သတ်ဖြတ်ထားသည့် ဗွီဒီယိုကလစ်

http://karenlazyboy.blogspot.com/2010/12/blog-post.html သွားကြည့်ပါ။

Last Updated ( Saturday, 11 December 2010 11:28 )

ယနေ့ သတင်း (၁၂ ရက် ဒီဇင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၁၂ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
ည (၉ နာရီ ၃၀ မိနစ်) ကရင်ပြည်နယ် ဘုရားသုံးဆူမြို့အနီး မဲ့ကသာရွာတွင် ယမန်နေ့ညနေပိုင်းတွင် ဖြစ်ပွားခဲ့သော နအဖ စစ်တပ်နဲ့ ကေအန်ယူ တိုက်ပွဲကြောင့် နအဖ စစ်တပ်၊ စကခ ၈ လက်အောက်ခံ ခမရ ၄၀၂ စစ်ကြောင်း ၂၊ ဒု-ရင်းမှူးအာကာ ဒဏ်ရာရှိခဲ့ကြောင်း သိရှိရသည်။

"ကရင်တွေအားလုံးအတူတူဘဲ အကုန်ရှင်း(သတ်ပစ်)လိုက်

အင်မတန်မှ ရက်စက်လှပြီး စစ်ဥပဒေကို ချိုးဖောက်တဲ့လုပ်ရပ်တခုဖြစ်တယ်။ ထို့အတူ စစ်သုံ့ပန်းတွေကို ပြုမူကျင့်ကြံလိုက်တဲ့ နအဖတွေရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတခုပါဘဲ။ ဘာတဲ့ "ကရင်တွေအားလုံးအတူတူဘဲ အကုန်ရှင်း(သတ်ပစ်)လိုက်" တဲ့လား။