Saturday, September 15, 2012

ကလေးမြို့နယ်ထဲမှာ ခိုးဝင်ဘင်္ဂလီ ဆယ်ယောက်ကို ဖမ်းဆီးရမိ

SATURDAY, SEPTEMBER 15, 2012



Saturday, 15 September 2012

-----------------------------------
စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ကလေးမြို့နယ်၊
 ပေါက်တောရွာမှာ ခိုးဝင်လာသူ ဘင်္ဂလီကုလား အယောက် သုံးဆယ် အနက်က ဆယ်ယောက်ကို
မနေ့က စက်တင်ဘာလ ၁၄-ရက်နေ ညခုနစ်နာရီခန့်မှာ ဖမ်းမိခဲ့တယ်။

အလောင်းတော် ကဿပသွား တောလမ်းမှာ ရွာသားတစ်ယောက်ကတွေ့လို့ သတင်းပို့တဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အရံမီးသတ်တပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြတာဖြစ်တယ်။ ပေါက်တောရွာ အုပ်ချုပ်ရေးမှူးအိမ်မှာ ခေတ္တ ထိန်းသိမ်းထားပြီးနောက် ကလေးမြို့ရဲစခန်းက စက်လှေနဲ့ လာခေါ်သွားခဲ့တယ်။

ဖမ်းမိတဲ့ ဆယ်ကျော်သက်အရွယ် ဘင်္ဂလီ ဆယ်ယောက်ကို လမ်းပြခေါ်လာခဲ့သူ ဗုဒ္ဓဘာသာဝင် ဗမာလူမျိုး ကိုစိန်ဝင်းဟာ မင်းကင်းနယ် တောင်တွင်းရွာကဖြစ်ပါတယ်။ တမူးမှ ကလေးကို ဆိုင်ကယ်ဖြင့် ပို့ဆောင်ခ ငါးသိန်းကျပ်ရပြီးတော့၊ တမူးကနှေ မန္တလေးတရောက် ပို့ပေးရင် တစ်ယောက်ကို (၁၅)သိန်းရတယ် လို့ဆိုပါတယ်။ ခါတိုင်းလိုပဲ အလွယ်တကူ ဖြတ်ကျော်လို့ရမယ်ထင်ပြီး အတင့်ရဲရဲ ဖြတ်ကျော်လာတဲ့အတွက် ဖမ်းမိသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

အခု ဖမ်းမိတဲ့ ဘင်္ဂလီတွေဟာ(၂၇)ယောက်အုပ်စုအနေနဲ့ ၀င်လာကြတာဖြစ်ပြီး၊ ကျန်(၁၇)ယောက်
ကတော့ လွတ်မြောက်နေသေးတယ်။

အနီးအနားက ဆင်ရွာမှာလည်း (၃၀)ယောက် အုပ်စုတစ်အုပ်စု ရှိနေသေးတယ်လို့ သတင်းထွက်တယ်။ အင်းစိန်တံငါရွာမှာလည်း ဘင်္ဂလီများ ရောက်ရှိနေကြောင်း ကြားရလို့ နေသာရွာ ဆရာတော် ဦးဓမ္မိက က လူလွှတ်ပြီး စုံစမ်းနေတယ်လို့ သိရပါတယ်။

အခု ဖမ်းမိတဲ့ ကိုစိန်ဝင်းဟာ လမ်းပြအဆင့်သာဖြစ်ပြီးတော့ ဘင်္ဂလီတွေကို ခိုးသွင်းပေးနေတဲ့ ဂိုဏ်းခေါင်းဆောင် ဒေသခံ တစ်ဦး ကလေးမြို့မှာ ရှိနေပြီလို့ တွက်ဆကြတယ်။ အဆိုပါ ဒေသခံခေါင်းဆောင်ဟာလည်း ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးတစ်ယောက်ပဲ ဖြစ်ပြီးတော့ စုံစမ်းရှာဖွေဆဲဖြစ်တယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၃)ရက်နေ့က ကလေးမြို့မှာ ပူပူနွေးနွေး ကျင်းပထားတဲ့ ဘင်္ဂါလီခိုးဝင်သူရှုတ်ချပွဲကြောင့် အခုလို ပြည်သူလူထုဘက်က ပူးပေါင်းဆောင်ရွက်ပေးတာကို ဒေသခံပြည်သူ့ရဲတွေကလည်း အားရကျေနပ်နေကြတယ်
လို့သိရတယ်။

လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးခင်ရီကတော့ ဘင်္ဂလီတွေ ခိုးဝင်လာတာကို
မတွေ့ရဘူး ဆိုတဲ့သဘာမျိုးကို မကြာသေးခင်က သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ
ပြောကြားသွားခဲ့တယ်

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ ကလေးမြို့ အာဏာပိုင်များက ပြန်လည်ရောင်း ချ

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ကာ ကုန်သည်များထံမှ ဖမ်းဆီးထားသည့် အိန္ဒိယ နိုင်ငံထုတ် ဆေးလုံးများကို စစ်ကိုင်းတိုင်း၊ ကလေးမြို့ အာဏာပိုင်များက ပြန်လည်ရောင်းချ ခဲ့ကြောင်း သိရသည်။

ကလေးမြို့  ရဲစခန်းမှူး ထွန်းငွေ ဦးဆောင်သည့်အဖွဲ့ က ဖမ်းဆီးရမိခဲ့သည့် ဆေးလုံးများကို မူးယစ်ဆေး ၀ါးရောင်းဝယ်သူများထံ ခိုးရောင်းနေကြောင်း ကလေးမြို့  ဒေသခံတဦး ထံမှ သိရှိ ရသည်။

“မကြာသေးဘူးပေါ့နော်၊ ည ၁၂း၀၀ လောက်မှာ ကားစိမ်းနဲ့  သူတို့ သိုလှောင်ထားတဲ့ ဂိုဒေါင်ကနေသယ် သွားတာ။ ၁၂ ခေါက်လောက် ထုတ်ယူပြီး သယ်သွားတယ်။ ရဲတွေက ရောင်းတာ။ သူတို့  ကဘဲ ဒီဆေးတွေ သိမ်းတယ်ဆိုတော့ ခိုးရောင်းတာပေါ့” ဟု အဆိုပါဒေသခံက ပြောသည်။

ကလေးမြို့  အာဏာပိုင်များသည် ၂၀၁၂ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ တွင် ချင်းပြည်နယ် ဖလမ်းမြို့  မှ Mai Siang Tin (37), ကလေးမြို့  တာဟန်းမှ Lal Than Thang(32) နှင့် Lawma (22) တို့ ထံ မှ ကီလိုဂရမ် ၁၀၀ ခန့် ရှိသည့် အိန္ဒိယနိုင်ငံထုတ် ဆေးလုံးများကို ဖမ်းဆီးခဲ့သည်။

ထို့ အပြင် ဇူလိုင်လ ၂၉ ရက်နေ့ တွင် တမူးမြို့ မှ သယ်ယူသည့် Pseudoephedrine ဓာတုပစ္စည်းများ ပါဝင်သည် ဟု ယူဆရသော ဆေး အလုံးရည် ၅၇၉၅၀၀၀လုံး၊ တန်ဖိုးအားဖြင့် ကျပ်ငွေ ၈၆၉၂၅၀၀၀၀ ခန့် ရှိသော မူးယစ်ဆေးများကိုလည်း ဖမ်းဆီးခဲ့သည်။

ယင်းမူးယစ်ဆေးဝါးများကို ကလေးမြို့  ရဲစခန်း ဂိုဒေါင်တခုတွင် သိုလှောင်ထားကြောင်း၊ ထိုသို့ သိုလှောင် ထားသည့် ဆေးလုံးများကို စခန်းမှူး ထွန်းငွေဦးဆောင်သည့်အဖွဲ့ က မူးယစ်ဆေးဝါး ကုန်သည်များထံ ခိုးရောင်းခဲ့ကြောင်း သိရသည်။

“ကျတော်ခန့် မှန်းတာပေါ့၊ ကျပ်ငွေ သိန်းပေါင်း ၃၀၀၀ မှ ၅၀၀၀ အကြားရှိတဲ့ ဆေးတွေရောင်းမယ် လို့  ယူဆတယ်။ သူတို့ ဖမ်းထားတာလဲ များတယ်ဆိုတော့လေ၊ အတိအကျတော့ သိဖို့ ခက် တယ်” ဟုဒေခံကဆိုသည်။

၂၀၁၀ခုနှစ် ဇွန်လတွင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ မူးယစ်ဆေးဝါးတားဆီးရေး တွေ့ ဆုံပွဲတွင် မြန်မာ ဘက်မှ မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်သည့် SOLKUF, BROKUF, BROXID, COLD GO, NAM COLD-L, ACTIPIN, ACTIPHATE, ALPRAZOLAM, LORFAST-D နှင့် PEPTICA စသည့် ဆေး စာရင်းများကို ပေးအပ်ခဲ့သည်။

Friday, September 14, 2012

FEC အားရုပ်သိမ်းမည်ဆိုပါက အများပြည်သူသို့ တရားဝင် အသိပေးသွားမည်ဖြစ်ပြီး လဲလှယ်ရန်အချိန်ကာလ သတ်မှတ်ပေးမည်ဖြစ်ကာ သတ်မှတ်ကာလ ကျော်လွန်ပါက ဆက်လက်သုံးစွဲခွင့်ပြုမည် မဟုတ်ကြောင်း သိရ


29 Aug, 2012 4:20 PM

ပြည်တွင်းသုံးငွေနှင့် အမေရိကန်ဒေါ်လာအကြား တန်ဖိုးညှိ သုံးစွဲခဲ့သည့်ကြားခံငွေကြေး FEC (Foreign Exchange Certificate )အား ရုပ်သိမ်းမည်ဆိုပါက ပြည်သူလူထု သိရှိလဲလှယ်နိုင်ရန် အချိန်ကာလတစ်ခု တရားဝင်ထုတ် ပြန်ပေးသွားမည်ဖြစ်ပြီး သတ်မှတ် ကာလကျော်လွန်သွားပါက FEC အား ဆက်လက်သုံးစွဲခွင့်ပြုမည် မဟုတ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ပြောကြားသည်။ ''FEC ကို ရုပ်သိမ်းတော့မယ်ဆိုရင် အများပြည်သူသိအောင် တရားဝင် ထုတ်ပြန်ပေးသွားမှာပါ။

နိုင်ငံခြားရေးဌာနကို မိုးကျရွှေကိုယ်တွေ ၀င်စီးပြီ


သမ္မတဦးသိန်းစိန်က နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် ညွှန်ချုပ်သစ်တွေ ခန့်အပ်ရာမှာ မိုးကျရွှေကိုယ်တွေ ပါဝင်နေကြောင်း ဒီကနေ့ သတင်းစာများမှာ တွေ့ရပါတယ်။

ဗိုလ်မှူးကြီးဝင်းလှိုင်၊ ဗိုလ်မှူးကြီး သူရိန်သန့်စင် တို့ကို ညွှန်ချုပ်များအဖြစ် ခန့်လိုက်တာပါ။

ဝန်ကြီးဌာန အဆင့်မြင့်ရာထူးကြီးတွေမှာ စစ်တပ်အရာရှိများကို ခန့်ထားတဲ့ ယဉ်ကျေးမှုက
နှစ်ပေါင်း ၅၀ ကြာခဲ့ပါပြီ။ "အရပ်သား"အစိုးရလက်ထက်မှာ ဒီယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းထားတာဟာ မြန်မာပြည်အတွက် ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။

ဒီလို ယဉ်ကျေးမှု ထိန်းသိမ်းရမယ်လို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားခြင်းတော့ မရှိပါဘူး။

ပြဋ္ဌာန်းထားခြင်း မရှိသော်လည်း စစ်ဗိုလ်တွေက အရပ်ဘက်ဝန်ထမ်းတွေထက် ပိုပြီး ထူးချွန်လို့ သမ္မတကြီးဦးသိန်းစိန်က ရွေးချယ်ခန့်အပ်လိုက်တာ ဖြစ်နိုင်ပါတယ်။





-

iPhone 5 ကို ပထမဆုံး သုံးရမယ့်သူတွေထဲ စင်ကာပူ ပါဝင်

ဓာတ်ပုံ- AFP 

အခု Apple iPhone 5 ကို သောကြာနေ့ ရောင်းချတဲ့ အချိန်မှာတော့ စင်ကာပူက လူတွေလည်း iPhone 5 အသစ် သူတို့ လက်ထဲ ပထမဆုံး ရောက်မယ့်သူတွေထဲ ပါဝင်မှာဖြစ်ပါတယ်။ ဒီသတင်းကို Channel News Asia အွန်လိုင်း သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။

လာမယ့် စက်တင်ဘာလ ၂၁ ရက်နေ့မှာ iPhone 5 ရမယ့် နိုင်ငံ ၉ နိုင်ငံ စာရင်းထဲမှာ စင်ကာပူဟာ ပါဝင်ပါတယ်။ အခြား နိုင်ငံတွေကတော့ သြစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ ဟောင်ကောင်၊ ဂျပန်၊ ဗြိတိန်နဲ့ အမေရိကန် ဆိုတဲ့ နိုင်ငံတွေ က iPhone 5 ကို ပထမဆုံး သုံးနိုင်မယ့် နိုင်ငံတွေဖြစ်ပါတယ်။

နောက်တပတ်ကြာပြီးရင်တော့ iPhone 5 ကို အီတလီ၊ ပိုလန်၊ စပိန်အပါအ၀င် နောက်ထပ် နိုင်ငံပေါင်း ၂၂ နိုင်ငံကို ဆက် လက်ရောင်းချသွားသွားမှာဖြစ်ပါတယ်။

ထွက်ခဲ့သမျှ iPhone တွေထဲမှာ iPhone 5 ဟာ အပါးဆုံး၊ အပေါ့ဆုံးဖြစ်ပါတယ်။ ဒီအပြင် အရင် iPhone တွေက Screen က ၃.၅ လက္မဘဲ ရှိပြီး အခု iPhone 5 ဟာ ၄ လက္မ Touch Screen ရှိတာပါ။

အထူကလည်း 7.6 mm ရှိပြီး iPhone 4S ထက် ၁၈ ရာခိုင်နှုန်းပိုပါးပြီး Apple ရဲ့ senior vice president ဖြစ်တဲ့ Phil Schiller က ပြောတာကတော့ iPhone 5 ဟာ ကမ္ဘာ့ အပါးဆုံး စမတ်ဖုန်းဖြစ်ပါသတဲ့။

Thursday, September 13, 2012

E.N.C ထုတ်ပြန်ချက်

ENC Statement on September 12_ 2012 _Burmese_

ကလိုထူးဘော​ကရင်အစည်းအ​ရုံး(KKO) နှင့်ပတ်သက်​၍ နာယကကြီး ဗိုလ်ချုပ်ေ​စာလားပွယ်၏ သဘောထားထုတ်ြ​ပန်ချက် အကွဲအပြဲ ဇာတ်လမ်းတပုဒ်လားတော့မသိပါ။ အီးမေးမှ လက်ခံရရှိခြင်းဖြစ်ပါသည်။

DKBA Statement 11-09-2012

KNLA အခြေခံစစ်သင်တန်းဆင်းပွဲ (101)


KNU နှင့် အစိုးရတို့ ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကရင်ပြည်သူတို့  ရင်ဖွင့်သံ အပိုင်း - ၄ ( ဘောဂလိမြို့  - တောင်ငူဒေသ)


ကေကေအိုဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးကို တာဝန်ကနေ ယာယီရပ်ဆိုင်း

ဒီကေဘီအေရဲ့ နိုင်ငံရေးအဖွဲ့ဖြစ်တဲ့ ကလိုထူးဘော ကရင်အစည်းအရုံး (ကေကေအို)ရဲ့ ဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူး ၂ ဦးကို နာယကဖြစ်သူက တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်ပါတယ်။
ကလိုထူးဘောကရင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌ မန်းရောဘတ်ဇံနဲ့ အထွေထွေအတွင်းရေးမှူး ဦးသောမတ် (ခေါ်) စောဂုဏ်အောင်တို့ကို တခြားနိုင်ငံသားခံယူမှုနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ အစည်းအဝေးကို ခွင့်ပြုချက်မရဘဲ တက်ရောက်မှုတို့နဲ့ တာဝန်ကနေ ယာယီ ရပ်ဆိုင်းလိုက်တာလို့  မနေ့က ထုတ်ပြန်လိုက်ပါတယ်။
မန်းရောဘတ်ဇံ
ကလိုထူးဘောကရင်အစည်းအရုံး နာယကလည်းဖြစ် ဒီကေဘီအေ စစ်ဦးစီးချုပ်လည်းဖြစ်တဲ့ ဗိုလ်ချုပ်စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွှေး) ရဲ့ ထုတ်ပြန်ကြေညာချက်မှာ သူတို့ ၂ ဦးဟာ အဖွဲ့အစည်းရဲ့ မူဘောင်ကို ကျော်လွန် လုပ်ဆောင်နေကြသလို  ပြည်ပ နိုင်ငံသား ခံယူထားကြတဲ့အတွက်  အဖွဲ့အစည်းအနေနဲ့ တရားဝင်ရှေ့ဆက်နိုင်ရန် အဟန့်အတားဖြစ်နေလို့ တာဝန်က ရပ်ဆိုင်းလိုက်တာလို့ ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်ပြီး အထွေအထွေအတွင်းရေးမှူး စောဂုဏ်အောင် ကို မေးမြန်းရာမှာတော့ ချင်းမိုင်မှာ မကြာခင်လုပ်မယ့် တိုင်းရင်းသားပေါင်းစုံ ညီလာခံတက်ဖို့ အစိုးရဘက်က မလိုလားလို့ ဒီကေဘီအေက ခေါင်းဆောင်ကို ဖိအားပေးတာလို့ ပြောပါတယ်။
စောဂုဏ်အောင်
“ချင်းမိုင်အစည်းအဝေးကိုတက်တဲ့ အနေအထားပေါ်မှာ ပြောမယ် ဆိုရင်တော့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ကျနော်တို့နဲ့ အဓိကတွေ့ဆုံမယ့် ပွဲဖြစ်တယ်။ အဲလို တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ကျနော်တို့တွေ တွေ့သွားရင် စည်းလုံးညီညွတ်မှုရသွားမှာကို ရန်သူကကြောက်တယ်။ အဲလိုကြောက်တဲ့အပေါ်မှာ ဒီကဘေီအေက ခေါင်းဆောင်တွေကို ဖိအားပေးတဲ့ပုံစံမျိုးရှိမယ်လို့ သုံးသပ်မိတယ်။”
သူတို့ကို အခုလို တာဝန်ရပ်ဆိုင်းလိုက်တဲ့အတွက် လာမယ့် ၁၄ ကနေ ၁၆ ရက်နေ့အထိ ချင်းမိုင်မြို့မှာ ကျင်းပမယ့် တိုင်းရင်းသားပေါင်းစုံညီလာခံကို တက်မှာမဟုတ်တော့ဘူး လို့ စောဂုဏ်အောင်က ပြောပါတယ်။
ပြည်ပနိုင်ငံသားခံယူခြင်းအကြောင်းနဲ့ပတ်သက်ပြီး အရင်က သူ့အနေနဲ့ ဂျပန်နိုင်ငံမှာ သွားနေခဲ့ဖူးပေမယ့် နိုင်ငံသားမဖြစ်ခဲ့ကြောင်းနဲ့ ဥက္ကဋ္ဌဖြစ်သူ မန်းရောဘတ်ဇံကတော့ အမေရိကန် နိုင်ငံသား ဖြစ်ကြောင်း ပြောပါတယ်။
ကလိုထူးဘောကရင်အစည်းအရုံးဟာ ကလိုထူးဘောတပ်ဖွဲ့ကို  အခြေခံ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်စောလားပွယ်မှာ တပ်နှင့်ပါတီအကြား သဘောထားမျှတစေရန် ထိန်းသိမ်းလာခဲ့ကြောင်း၊ သို့သော် ကလို့ထူးဘောကရင်အစည်းအရုံးရဲ့ အချို့ကိစ္စရပ်တွေကို  မိမိအား တိုင်ပင်ခြင်း မရှိဘဲ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာတွေကို တာဝန်မခံနိုင်တော့တဲ့ အခြေအနေကြောင့် သူတို့ ၂ ဦးကို တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်တာလို့ ဗိုလ်ချုပ်စောလားပွယ် ကိုယ်တိုင် လက်မှတ်ရေးထိုး ကြေညာခဲ့တာဖြစ်ပါတယ်။
ဒီကေဘီအေတပ်ဖွဲ့အများစုဟာ နယ်ခြားစောင့်တပ်အသွင်ပြောင်းထားပေမယ့် ဗိုလ်ချုပ် စောလားပွယ်ဦးဆောင်တဲ့ ကလိုထူးဘောတပ်ကတော့ အသွင်ပြောင်းခြင်းမရှိခဲ့ဘဲ ၂၀၁၀ ရွေးကောက်ပွဲမှာ အစိုးရနဲ့ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။ ၂၀၁၁ နှစ်ကုန်ပိုင်းမှာတော့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ပြန်လုပ်ပြီးနောက် နိုင်ငံရေးအဖွဲ့ဖြစ်တဲ့ (ကေကေအို) ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ 


ကလို့ထူးဘောကရင်အစည်းအရုံး(KKO)၏ နာယက ဗိုလ်ချုပ်စောလားပွယ်က အနာဂတ် နိုင်ငံရေးလုပ်ငန်းစဉ်များကို တရားဥပဒေနှင့်အ ညီ ရှေ့ဆက်လုပ်ဆောင်သွားရန် KKO ဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူးတို့အား စက်တင်ဘာလ ၁၁ရက်မှစတင်၍ တာဝန်မှ ယာယီ ရပ်ဆိုင်းလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။


KKO ကို နိုင်ငံတော်မှ အသိအမှတ်ပြုပြီး တရားဝင်မှုရှိစေရေး ပါတီမှတ်ပုံတင်ရန် လိုအပ်ရာတွင် ဗဟိုကော်မတီဝင် နှစ်ဦး ဖြစ်သည့် ဥက္ကဌ မန်းရောဘတ်ဘဇန်နှင့် ဦးသောမတ်(ခေါ်)စောဂုဏ်အောင်တို့သည် ပြည်ပနိုင်ငံသား ခံယူထားခြင်း၊ အဖွဲ့အစည်း၏ မူဘောင်များကို ကျော်လွန်၍ လုပ်ဆောင်မှု ပြုနေခြင်းတို့ကြောင့် အဖွဲ့၏ဥပဒေအရ ရပ်ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း KKO နာယက ဗိုလ်ချုပ်စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွှေး)က ပြောသည်။

ဗိုလ်ချုပ်စောလားပွယ်က “တရားဥပဒေအပေါ်မှာပဲ အခြေခံပြီး လုပ်လိုက်တာပါ။ ဘယ်သူကမှလည်း ဥပဒေကို လွန်ဆန်လို့ မရပါဘူး။ ဒါကြောင့် လုပ်သင့်တဲ့အတွက် ဒီလိုထုတ်ပြန်လိုက်တာပါ။ အများပြည်သူရဲ့ လိုအင်ဆန္ဒနဲ့ သဘောထားတွေအရလည်း လုပ်ဆောင်ရ တာပဲ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဗိုလ်ချုပ်စောလားပွယ်၏ ထုတ်ပြန်ကြေညာချက်ထဲတွင် ယခုနှစ် စက်တင်ဘာလ ၈ရက်နေ့ ဆုံဆည်းမြိုင်ကျေးရွာ၌ မန်းရောဘတ်ဘဇန် နှင့် ဦးဂုဏ်အောင်တို့ တာဝန်ခံပြုလုပ်သည့် ကျေးနယ်အဆင့် လူထုရွေးချယ်တင်မြှောက်ပွဲတွင် သဘောမမျှမှုကြောင့် ခိုက်ရန်ဖြစ်ပွားခြင်း၊ သေနတ်ပစ်ဖောက်ခြင်းများ ဖြစ်ခဲ့၍ နဂိုရှိပြီးသား တည်ငြိမ်မှု ပျက်ပြားခဲ့ရကြောင်းလည်း ဖော်ပြထားသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ အမည်မဖော်လိုသူ KKO ဗဟိုကော်မတီဝင်တဦးက “ကျေးနယ်အဆင့် အုပ်ချုပ်မယ့် လူကြီးရွေးကောက်ပွဲမှာ ဒေသခံတွေက ရွေးချယ်လိုက်တဲ့ လူကြီးအသစ်ကို အရင်အုပ်ချုပ်တဲ့ လူကြီးအဟောင်းက နေရာမပေးချင်ဘူးလေ။ ဖြစ်ချင်တော့လည်း ကျေးရွာကာကွယ်ရေးအတွက်ဆိုပြီး သူ့ကို လက်နက်အနည်းငယ် ပေးထားတာ ရှိတယ်။ အဲဒါ သူက နေရာမဖယ်ပေးချင်လို့ ပစ်ခတ်မှု အနည်းငယ် ဖြစ်သွားတာပါ”ဟု ပြောဆိုသည်။

တစ်ဆက်တည်း၌ပင် မန်းရောဘတ်ဘဇန်နှင့် စောဂုဏ်အောင်တို့သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်မည့် အစည်းအဝေးပွဲ တစ်ခုသို့ တက်ရောက်ရန် ၎င်းတို့နှစ်ဦးသဘောဖြင့် စက်တင်ဘာလ ၉ရက်နေ့က ထွက်ခွာသွားခဲ့ခြင်းမှာ တရားဥပဒေကို မလိုက်နာခြင်း ဖြစ်သောကြောင့် တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်းလည်း KKO ကြေညာချက်တွင် ပါရှိသည်။

၎င်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ တာဝန်မှ ယာယီ ရပ်ဆိုင်းခံရသူ KKO ဥက္ကဌ မန်းရောဘတ်ဘဇန်က “အသက်လည်း ကြီးပြီဆိုတော့ နားသင့်ပြီလို့ ထင်တဲ့အတွက် ကျေးဇူးတင်တယ်။ ဒါပေမဲ့ ယာယီ ရပ်ဆိုင်းတာ မလုပ်ပါနဲ့။ ထာဝရရပ်လိုက်ပါလို့ ဗိုလ်မှူးမိုရှေးကို ကျနော် ပြောလိုက်ပါတယ်။ ကျနော်လည်း လုပ်ချင်လွန်းလို့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ၂နှစ်အတွင်း ၀ိုင်းကူပါလို့ ဗိုလ်ချုပ်နှုတ် ခမ်းမွှေးက တောင်းဆိုလို့ လက်ခံခဲ့တာပါ”ဟု ပြောသည်။

ယင်းကဲ့သို့ ယာယီရပ်ဆိုင်းခြင်းအပေါ် ဗိုလ်ချုပ်စောလားပွယ်မှ ၎င်းအား တိုက်ရိုက် အကြောင်းကြားလာခြင်း မရှိသေးသလို ရှေ့ဆက် လုပ်ဆောင်သွားရမည့်ကိစ္စများကို ရဲဘော်များ၊ ဗဟိုကော်မတီဝင်များနှင့် နာယက အဖွဲ့ဝင်များမှ စဉ်းစားဆုံးဖြတ်လိမ့်မည်ဟု ယုံကြည် ကြောင်း မန်းရောဘတ်ဘဇန်က ဆက်ပြောသည်။

DKBA လက်အောက်ခံ ကလို့ထူးဘော ကရင်အစည်းအရုံး-KKO သည် အများအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ၂၀၁၂ခုနှစ်၊ ဧပြီလ ၂ရက်နေ့က စတင် ဖွဲ့စည်းခဲ့သည်။