Saturday, September 26, 2009

ဗမာ့တပ်မတော်အတွင်း လူမျိုးရေး ဘာသာရေးခွဲခြားမှုများ နှင့်စပ်လျဉ်း၍တပ်မတော်အရာရှိတစ်ဦး C-box နံမည်မောင်Cadet နှင့် ကရင်အမျိုးသားများ ဆွေးနွေးပွဲ

စာဖတ်ပုရိတ်သတ်များခင်ဗျား အောက်ပါဆောင်းပါးသည် သောသီခိုဘလော့ C-box တွင် လာရောက်ဆွေးနွေးသော ဗမာ့တပ်မတော်အရာရှိတစ်ဦး(DSA-ဆင်း ကိုယ့်ကိုယ်ကိုမိတ်ဆက်ထားသူ) C-box နံမည် မောင်Cadet နှင့်ကရင်အမျိုးသား C-box နံမည် sm တို့ ၏ ဗမာ့တပ်မတော်အတွင်း လူမျိုးရေးနှင့်ဘာသာရေး ခွဲခြားဆက်ဆံခံရမှုနဲ့ ပါတ်သက်၍ ဆွေးနွေးချက်များကို ကရင်အမျိုးသား တစ်ဦးဖြစ်သူ ဖူးဒို မှ ထပ်ဆင့် ပြန်လည်ဖြေရှင်း ထောက်ပြထား ခြင်းဖြစ်ပါသည်။ စိတ်ဝင်စားစရာ ကောင်းသော Article တစ်ခုဖြစ်ပါတယ်ခင်ဗျား။။။

“ဗမာပြည်မှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးခန့်ရှိမယ်ဆိုတာ မင်းလက်ခံမှာပါ၊ မင်းတို့ကျောင်းတက်တုန်းကလဲသင်ခဲ့ဘူးပါတယ် ဒါပေမယ့် မင်းတို့ စစ်တပ်ကို မေးရအုံးမယ် ၊ ဘာလို့ စစ်တပ်အရာရှိတွေထဲမှာ တိုင်ရင်းသားနဲ့ ဘာသာခြားတွေကို မတွေ့မြင်ရတာလဲ ၊ နေဝင်းလက်ထက်မှာထဲက စတင်အကောင်ထည်ဖော်နေတဲ့စီမံကိန်းပဲမဟုတ်လား ၊ အဲဒါ လူမျိုးကြီးဝါဒကိုသွားနေတဲ့လမ်းကွ ၊ ဗိုလ်သင်တန်းလျှောက်ရင် ဗမာ/ဗုဒ္ဒ ပဲဖြစ်ရမယ်၊လက်ခံတယ်မဟုတ်လား ။ ဒီလောက်များတဲ့ ပြည်ထောင်စုတိုင်းရင်းသားတွေထဲမှာ စစ်ဗိုလ်အရာရှိတွေကျန်တဲ့တိုင်းရင်းသားတွေမတွေ့ရတော့ဘူးလားကွာ ၊ဒါပေမယ့် ပေါ်တာနဲ့၊ အောက်စစ်သားနေရာတွေကတော့ ကျန်တဲ့တိုင်းရင်းသားတွေအတွက် ခွဲတမ်းဝေစုပေါ့ဟုတ်လား ဒီလိုမင်းတို့ရဲ့ ကောက်ကျစ်ယုတ်ညံ့တဲ့ စိတ်ဓါတ်အကျင့်စရိုက်ထားရှိနေသ၍ စိတ်ဓါတ်ခိုင်မာပြတ်သားတဲ့ K.N.U အဖွဲ့စည်းကြီးက ကရင်အမျိုးသားများအတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်သွားမှာဖြစ်တယ်” by - SM

“sm မှားနေပါတယ် တပ်မတော်ထဲမှာတိုင်းရင်းသားပေါင်းစုံပါပါတယ်, DSA မှာ ဗမာ/ဗုဒ္ဒပဲမဟုတ်ပါဘူး ကရင် ကချင်မွန်ရခိုင်ရှမ်း အားလုံးရပါတယ် တိုင်းရင်းသားအားလုံးဝင်ခွင့်ပြုထားတယ် ဒါပေမယ့် ဗုဒ္ဒဘာသာတော့ဖြစ်ရမယ် cadet တို့အပါတ်စဉ်မှာ ခွန်ထွန်းဝေ ဆိုတာရှိတယ် သူကတော့ ရှမ်းပေါ့ ဗမာစကားသိပ်မပီပါဘူး ဒါက ဥပမာပြောပြတာပါ တိုင်းရင်းသားမိုလို့မ၀င်ရဘူးဆိုတာမရှိပါဘူး cadet တို့တပ်ခွဲမှာ ချင်း နဲ့ရခိုင်သားပါတယ် ကရင်/ဗုဒ္ဒ ကချင်/ဗုဒ္ဒ..ဗုဒ္ဒဖြစ်ရင်အကုန်ရပါတယ် DSA မှာတိုင်းရင်းသားအများစုက ရှမ်းတိုင်းရင်းသားတွေပါပဲ ကို sm ကမရဘူးဆိုလို့ပြောပြတာပါ မင်း ရေကြောင်းသိပံမှာ ကရင်မိုလို့မရဘူးဆိုတာ တော့မဖြစ်နိုင်ပါဘူး မင်းက ဗုဒ္ဒလည်းဖြစ်မယ် မင်းရဲ့ biographyနောက်ကြောင်းရှင်းရင်တော့ရမှာပေါ့” by - Cadet

စာဖတ်ပုရိတ်သတ်များခင်ဗျား…
ဒီစာကတော့မောင်ကဒက်ပြောတဲ့ တိုင်းရင်းသားများဟာ မြန်မာ့တပ်မတော်အတွင်းခွဲခြားခံရမှုရှိဘူးဆို
တဲ့အချက်ကိုဆွေးနွေးချင်းဖြစ်ပါတယ်။ ဒီအချက်ဟာ မြန်မာပြည်တွင်းမှာထင်ရှားပြီးပြည်တွင်းပဋိပက္ခ
ဖြစ်ရတဲ့အဓိကအချက်ဖြစ်ပါတယ်။ တကယ်တန်းကျတော့တိုင်းရင်းသားတွေကိုခွဲခြားဆက်ဆံခံရတာ
နအဖခေတ်မှာတင်မဟုတ်ပါဘူး။ ဖဆပလ၊ မဆလ နှင့် န၀တ ခေတ်တလျှောက် တိုင်းရင်းသားလူမျိုး
စုတွေကို စနစ်တကျစီမံပြီးအညွန့်ချိုးတဲ့ပေါ်လစီရှိနေခဲ့ပါတယ်။

ဖဆပလ ခေတ်မှာ အကြောင်းပြ ချက်မရှိဘဲနဲ့ ကျောင်းတွေမှာ ကရင်စာ သင်ကြားခြင်းကို အမိန့်အာဏာသုံးပြီးရပ်ဆိုင်းခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ဘာသာစကားဖျောက်ပြီး လူမျိုးပျောက်အောင်လုပ်တဲ့စနစ်ပါ။ ခုဆိုရင် အဲဒီအသီးအပွင့်ကိုမြင်နေရပြီ။ ကရင်ဖြစ်ပြီး ကရင်စကားမပြောတတ်၊ ကရင်စာမတတ်တာ တစ်ဦးတစ်ယောက်စီမှာ တာဝန်ရှိသလို အဓိကတရားခံက ဗမာအစိုးရ ဖြစ်ပါတယ်။

(ယခုလက်ရှိ) ထိုင်းဘုရင်မင်းမြတ် နှင့် မြန်မာနိုင်ငံတော်သမ္မတဟောင်းမန်းဝင်းမောင်

ဖဆပလခေတ်မှာစခဲ့တဲ့ ဗမာ့နိုင်ငံရေးဟာလူမျိုးရေးခွဲခြားမှုသာမကဘူး ဘာသာရေးခွဲခြားမှုကိုပါ အသက်သွင်းခဲ့ပါတယ်။ မြန်မာနိုင်ငံသမ္မတ တစ်ဦးဖြစ်ခဲ့တဲ့ မန်းဝင်းမောင်ဟာ မူလက ခရစ်ယာန်ဘာသာဝင် ကိုးကွယ်တဲ့ ကရင်လူမျိုးတစ်ဦးဖြစ်ပါတယ်။
ယခုလက်ရှိသူ့ရဲ့သားသမီး မြေးအားလုံးလည်းခရစ်ယာန်တွေပါ။ အဲဒီတုန်းက “တိုင်းပြည်ရဲ့လိုအပ်ချက်”
ဆိုတဲ့စကားရပ်နဲ့ ဖိအားပေးပြီး သမ္မတတာဝန်အတွက် မန်းဝင်းမောင်ကို ဗုဒ္ဓဘာသာဝင်ခိုင်းတယ်။ ၀န်ကြီးဗိုလ်မှူးချုပ်အေဗယ်ဟာလည်း ခရစ်ဘာသာဝင်ဖြစ်ပြီးအထက်ကအမိန့်ကိုမလွန်ဆန်နိုင်လို့ နိုင်ငံတော်ရဲ့ ကထိန်ပွဲ၊ ၀ါဆိုသင်္ကန်းပွဲတွေမှာ ပါဝင်တာတွေကို မြန်မာ့ရုပ်မြင်သံကြား နဲ့ သတင်းစာတွေမှာ ထင်ထင် ရှားရှားတွေ့ရပါတယ်။ တကယ် တန်းကျတော့ ဒီဘာသာရေးပွဲမှာ ခရစ်ယာန်ဝန်ကြီးတစ်ဦးထဲ မပါလဲရပါတယ်။ ဒါဟာဗုဒ္ဓဘာသာဖြစ်မှ အစိုးရအဖွဲ့အစည်းတွေမှာ ပါဝင်ခွင့်ရတဲ့ မဟာလူမျိုးကြီးရဲ့ သက်သေ သာဓက ဖြစ်ပါတယ်။

မဆလခေတ်မှာတစ်ဆင့်တိုးပြီးလုပ်ခဲတဲ့စီမံချက်ကတော့ သွေးနှောစနစ် နဲ့ တိုင်းရင်းသားလူဦးရေကို
လျှော့ချ/ ပပျောက် အောင်ရည်ရွယ်တဲ့စီမံကိန်းအရ ရဲဘော်တစ်ဦးဦးဟာတိုင်းရင်းသူတစ်ဦးဦးကိုလက် ထပ်နိုင်ပါကတပ်တွင်းအပိုဆုကြေးပေးခြင်းဘဲ။ ယခု နအဖ ခေတ်မှာတဆင့်တိုးပြီးလုပ်နေတာကတိုင်းရင်း သူတွေကို အတင်းအဓမ္မအနိုင်ကျင့်ခွင့်ပေးတာဘဲ။ အဲဒီလို ( မကောင်းတဲ့) အခွင့်အရေး ရနေတာကိုပီတိ
ဖြစ်မနေသင့်ပါဘူး။ဘာသာတရားတိုင်းမှာ နိယာမ တစ်ခုရှိပါတယ်။ အဲဒါက ၀ဋ်လည်တဲ့ အမှန်တရားဘဲ။

မောင်ကဒက်ရဲ့အရင်ဗိုလ်ချုပ်တွေကိုကြည့်ပြီးသင်ခန်းစာယူသင့်ပါတယ်။ အချို့ဆိုရင် ၀ဋ်လည်တာ တောင် နောက်ဘ၀မကူးဘူး။ အာဏာရှင်ဦးနေ၀င်းတောင်ဘယ်လိုဘ၀နိဂုံးချုပ်လည်းဆိုတာ သတိရပါ။
ယခုလက်ရှိဗိုလ်သင်တန်းမှာ တိုင်းရင်းသားအပြင် ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ ဗမာလူမျိုးတောင် လက်မခံ
တာသိသာထင်ရှားပါတယ်။ တပ်ထဲရောက်နေပြီးသားလူတွေဆိုရင် ဗမာနံမည်ပြောင်းခိုင်းခြင်း၊ ကိုယ်ရေး
ရာဇ၀င်မှာ ဗုဒ္ဓဘာသာဟုပြောင်းရေးခိုင်းတာတွေ လုပ်နေတာတွေ မောင်ကဒက်ဘယ်လိုရှင်းနိုင်သလဲ။
ကျွန်တော်တို့ခေတ် ကျောင်းမှာတောင်ဗမာနံမည်သုံးတဲ့ကရင်တွေဆို အရှေ့က “စော” တွေ “နော်” တွေ
ဖြုတ်ဖို့ ကျောင်းဆရာ၊ ဆရာမတွေက သွယ် ၀ိုက်ပြီး ဖိအားပေးတယ်။ သှူတို့ရဲ့အကြောင်းပြချက် က
တပည့်တွေကိုကောင်းစားစေချင်တဲ့စေတနာတဲ့။ ကျွန်တော်ကိုယ်တိုင် နံမည်ရှေ့မှာ “ဦး” မတပ်ဖို့
Passport ရုံးက အရာရှိဝင်တွေ့ပြီးအချေအတင်ပြောခဲ့ရတယ်။ အခုဆိုရင် တစ်မျိုးပြန်လုပ်တယ်။ တိုင်း
ရင်းသားနံမည်ရှေ့ က မန်း၊ နန့်၊စော၊ နော်၊ စိုင်း၊ နန်း... အစရှိတဲ့ နံမည်တွေကို Passport ထဲမှာတပ်ခွင့်
မရှိတော့ဘူး။ ဒါတွေဟာ နိုင်ငံရေးနည်းနဲ့ အနိုင်ကျင့်ပြီး တိုင်းရင်းသားတွေကို အသိအမှတ်မပြုတဲ့ သက်သေဘဲ။ ပြီးရင် လူဦးရေစာရင်းကောက်တဲ့အခါ ဗမာ နံမည်တွေကို ဗမာလူမျိုးစာရင်းထဲထည့်ပြီး
တိုင်းရင်သားလူဦးရေစာရင်းကိန်းဂဏာန်းကိုမတရားသဖြင့်လျှော့ချတာဘဲ။ တိုင်းရင်းသားလူမျိုးတွေကို
ဘယ်တော့မှ ပပျောက်အောင်လုပ်လို့မရဘူးဆိုတာမောင်ကဒက် တို့ လက်ခံသင့်ပါပြီ။

မောင်ကဒက်ရဲ့ဗိုလ်သင်တန်းအပတ်စဉ်မှာ ရှမ်းလူမျိုးတစ်ဦးပါတယ်လို့ပြောတယ်။ ကြားရတာဝမ်းသာပါ
တယ်။ အားလုံးကို ကြည့်ရင် တိုင်းရင်းသားပါဝင်မှု ရာခိုင်နှုန်းဘယ်လောက်ရှိလဲ။ အရမ်းနည်းနေမှာသေ
ချာပါတယ်။ ယခုလက်ရှိ မြန်မာနိုင်ငံရဲဘော်ဟောင်းအသင်းရဲ့နာယက တစ်ဦးဖြစ်တဲ့ အငြိမ်းစားဗိုလ်မှူး
ကြီး ထွန်းအောင်မြင့် ဟာ ကရင်လူမျိုးတစ်ဦးပါ။ သူရဲ့မူလနံမည်နဲ့လက်ရှိကရင်အသိုင်းအ၀ိုင်းမှာသုံးတဲ့
နံမည်က စောဆာတူဂေါ ပါ။ သူလည်းအထက်အရာရှိ ရဲ့“စေတနာနဲ့မင်းရဲ့ရှေ့ရေးအတွက်အကြံပေးတာ”
ဆိုပြီး ဗမာနံမည် ပြောင်းခဲ့ရတယ်။ သူဟာ အမေရိကန်မှာရေတပ်စစ်ပညာသင်ယူတုန်းက အဆင့် (၂)
နဲ့ထူးချွန်တဲ့အရာရှိတစ်ဦးပါ။ သို့သော်လည်း မူ အရဗိုလ်မှူးကြီးနောက်ပိုင်း အရပ်ဖက်ဖြစ်တဲ့ ရေကြောင်း
ဦးစီးဌာနကိုအပြောင်းခံရပါတယ်။ ဘာဘဲပြောပြော သူ့ရဲ့အရည်အချင်း နဲ့စာရိတ္တ ဟာ နိုင်ငံခြားသားတွေ
နဲ့လုပ်တဲ့အစည်း အဝေးကို နောက်ကျပြီးရောက်လာတဲ့ ဗိုလ်ချုပ်က I am sorry လို့ပြောပြီး သူ့နောက်က
လူက I am sorry too လို့ပြောဝင်ပြီး နောက် I am sorry three လို့ပြော လိုက်တဲ့ ဒု ဗိုလ်ချုပ်ကြီး
မျိုးညွန့်ထက်အများကြီးသာပါတယ်။ ဒါတွေဟာ တိုင်းရင်းသားတွေကိုချိုးနှိမ်တဲ့ပေါ်လစီတွေဘဲ။

ဗိုလ်ချုပ်မှုးကြီးသန်းရွှေခေတ် ၂၀၀၄ ခုနှစ်တွင်း တပ်တွင်း “စီပိုး” ရှင်းလင်းရေးစီမံချက်ဖေါ်ဆောင်ခဲ့ တယ်။ အဲဒီတုန်းက ရာနဲ့ချီသော ခရစ်ယာန်ဘာသာဝင်တပ်မတော်အရာရှိတွေကို အရပ်ဖက်ကိုပို့ခဲ့တယ်။
အဲဒီအချိန်တွေကိုမောင်ကဒက် ကောင်းကောင်းမှတ်မိမယ်လို့ယုံပါတယ်။

ဘာသာရေးဖိနှိပ်မှုကို သက်သေအနေနဲ့ ခရစ်ယာန်ဘုရားကျောင်းဆောက်တာ နဲ့ ဘုန်းကြီးကျောင်း
ဆောက်တာယှဉ်ကြည့်ရင်ထင်ရှားစွာတွေ့ရပါတယ်။ အခုခရစ်ယာန်ဘုရားကျောင်းဆောက်တဲ့ပါမစ်ကို လုံးဝနီး ပါးပိတ်ထားပြီး လိုက်တတ်လို့ရတဲ့ပါမစ်တွေဆိုရင် ခက်ခဲတဲ့လုပ်ထုံးလုပ်နည်းတွေ၊ ကန့်သတ် ချက်တွေနဲ့ပေးဆောက်တယ်။ တိုးချဲ့စီမံကိန်းဆိုပြီး ဘုရားကျောင်း၊ မြေ သိမ်းတာတွေဟာ အများကြီးပါ။
ဘုန်ကြီးကျောင်းဆောက်မယ်ဆိုရင် ပါမစ်အလွယ်တကူပေးတဲ့အပြင် (အချို့ ဆိုပါမစ်တောင်မလို) သစ်၊
သံ၊ဘိလပ်မြေတောင် အစိုးရဈေးနဲ့ပေးသေးတယ်။ ဒီကိစ္စ နဲ့ပတ်သက်ပြီးမောင်ကဒက် ရှင်းပြနိုင်ပါသလား

ဒါတွေအားလုံးခြုံကြည့်ရင် လူမျိုးရေးခွဲခြားမှု၊ ဘာသာရေးခွဲခြားမှုတွေဟာ မြန်မာပြည်မှာရှိနေတဲ့သက် သေဘဲ။မြန်မာပြည်မှာနှစ်ရှည်လများဖြစ်နေတဲ့ပဋိပက္ခ်ဟာ ဗမာနိုင်ငံရေး ရေသာက်မြစ်ဖြစ်တဲ့
“ သခင်မျိုးဟေ့ဒို့ဗမာ” ဆိုတဲ့ မဟာလူမျိုးကြီးဝါဒကြောင့်ဘဲ။ ဒီအယူဝါဒ နှင့် တိုင်းရင်းသားတွေအပေါ်ခွဲ
ခြားရေးပေါ်လစီ ရှိနေသ ရွေ့ စစ်မှန်တဲ့ငြိမ်းချမ်းရေး မည်သည့်အခါမှမရနိုင်ပါ။

အားလုံးကိုလေးစားလျှက်....

ဖူးဒို (ကရင်တိုင်းရင်းသား)
စက်တင်ဘာ ၂၆ ရက်၊ ၂၀၀၉

အပြစ်လွတ်အောင် နေကြစို့ (သဘာဝက ပေးသောတာဝန်)

မန်းဆန် (ကွမ်းခြံကုန်း)

ကရင်လူမျိုးများသည် ရှေးနှစ်ပေါင်းများစွာကပင် ကိုပိုင်စကား၊ ကိုပိုင်စာပေ၊ ကိုပိုင်ယဉ်ကျေးမှုတို့ဖြင့် ရပ်တည်ခဲ့ကြသော လူမျိုးများ ဖြစ်ကြသည်။ ထိုဖေါ်ပြပါ စကား၊ စာပေ၊ ယဉ်ကျေးမှုများကို ရှေးကရင် လူကြီးသူမများ လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်လာ ခဲ့ကြ၍သာ ယခုအခါ ကရင်လူမျိုးဟု ၀င့်ဝင့်ထည်ထည် ခိုင်ခိုင်မာမာရပ်တည်နေနိုင်ကြခြင်းဖြစ်သည်။ ထိုကရင်လူကြီးသူမများ ထမ်း ဆာင်လာခဲ့ သောတာဝန်များသည်ယခုအခါ မျိုးဆက်သစ်ကရင်လူငယ်များ အပေါ်သို့ ကျရောက်နေပြီဖြစ်သည်။

ကရင်အမျိုးသားအလံတော်အောက်တွင် စုစုစည်းစည်းရှိနေသည့် နိုင်ငံတကာရောက် ကရင် အမျိုးသားများ။

ရှေးလူကြီးသူမများ တာဝန်ကျေခဲ့ကြသလို မျိုးဆက်သစ်ကရင်လူမယ်များအနေနှင့်လည်း မိမိတို့ထံသို့ ကရောက်လာသော တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်လည်း အင်မတန်အရေးကြီးလှ ပါပေ၏။ ဤ ”တာဝန်” နှင့် ”၀တ္တရား” ဟူသော စကားနှစ်မျိုးကိုကွဲကွဲပြားပြား သိရှိနားည်ရန်လိုအပ် ပေ၏။ ”တာဝန်” ဟူသည် မဖြစ်မနေလုပ်ဆောင်ရမည့်ကိစ္စဖြစ်သည်။
လုပ်ချင်သည်ဖြစ်စေ မလုပ်ခြင်သည်ဖြစ်စေ လုပ်ဆောင်ရမည်သာဖြစ်ပေသည်။ ရှောင်လွဲ၍မရ။ ”တာဝန်” ကျရောက်လာပါလျှက် မထမ်းဆောင်၊ မလုပ်ဆောင်လျှင် အပြစ်ရှိသည်သာဖြစ်သည်။


နိုင်ငံတကာရောက် ကရင်အမျိုးသားများ။
”၀တ္တရား” ဟူသည်ကား မဖြစ်မနေလုပ်ရမည့် ကိစ္စမဟုတ်ချေ။ မလုပ်နိုင်လျှင်၊ မလုပ်ချင်လျှင်
ရှောင်လွဲသွား၍ရသည်။ မလုပ်သော်လည်း အပြစ်မရှိ။

ရှေးလူကြီးသူမများ တာဝန်ကျေခဲ့ကြသလို မျိုးဆက်သစ်ကရင်လူမယ်များအနေနှင့်လည်း မိမိ
တို့ထံသို့ ကရောက်လာသောတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်လည်း အင်မတန်
အရေးကြီးလှ ပါပေ၏။ ဤ ”တာဝန်” နှင့် ”၀တ္တရား” ဟူသော စကားနှစ်မျိုးကိုကွဲကွဲပြားပြား
သိရှိနားည်ရန်လိုအပ် ပေ၏။ ”တာဝန်” ဟူသည် မဖြစ်မနေလုပ်ဆောင်ရမည့်ကိစ္စဖြစ်သည်။
လုပ်ချင်သည်ဖြစ်စေ မလုပ်ခြင်သည်ဖြစ်စေ လုပ်ဆောင်ရမည်သာဖြစ်ပေသည်။ ရှောင်လွဲ၍မရ။
”တာဝန်” ကျရောက်လာပါလျှက် မထမ်းဆောင်၊ မလုပ်ဆောင်လျှင် အပြစ်ရှိသည်သာဖြစ်သည်။

”၀တ္တရား” ဟူသည်ကား မဖြစ်မနေလုပ်ရမည့် ကိစ္စမဟုတ်ချေ။ မလုပ်နိုင်လျှင်၊ မလုပ်ချင်လျှင်
ရှောင်လွဲသွား၍ရသည်။ မလုပ်သော်လည်း အပြစ်မရှိ။

ရှေးကရင်လူကြီးသူမများသည် မိမိတို့၏ ကရင်လူမျိုး မတိမ်ကော၊ မပပျောက်ရေးအတွက်
ကရင်စ ကား၊ ကရင်စာပေ၊ ကရင်ယဉ်ကျေးမှုတည်းဟူသော မဖြစ်မနေလုပ်ဆောင်ရမည့်
တာဝန်များကို ကျေ ပွန်စွာထမ်းဆောင်ခဲ့ကြပါပေပြီး။ ထိုကဲ့သို့ တာဝန်ကျေပွန်မှုကြောင့်သာ
မိမိတို့သည် ကရင်လူမျိုးဖြစ် တင့်တင့်တယ်တယ် ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်ကြခြင်းဖြစ်
သည်။ မိမိတို့သည် မွေးဖွားလာကတည်း က ကရင်လူမျိုးအဖြစ် မွေးဖွားလာခဲ့ကြခြင်းဖြစ်
ရကား မိမိတို့ ကရင်လူမျိုး အဓွန့်ရှည်တည့်တံ့ပြန့်ပွား ရန် တာဝန်များကိုပါ တစ်ပါတည်း
ပါလာပြီးဖြစ်သည်။ သဘာဝတရားကြီးမှအပနှင်းလိုက်သော
တာဝန် များကို ဖြေစ်မနေ ထမ်းဆောင်ကြရပေတော့မည်။ ရှောင်လွဲ၍ မဖြစ်နိုင်တော့ပါ။
ထိုတာဝန်မှေ၇ှာင် လွဲ၍သွားမည်ဆိုပါက အပြစ်ရှိတော့မည်။ အပြစ်တင်ခံရပေတော့မည်။
မည်သူများက အပြစ်တင်ကြ မည်နည်း၊ ရှေးကရင်လူကြီးသူမများနှင့် နောင်လာနောင်သား
ကရင်မျိုးဆင်သစ်များမှ အပြစ်တင် ကြပေလိမ့်မည်။

ရှေးကရင်လူကြီးသူမများမှ ”ငါတို့ အဆက်ဆက်လက်ဆင့်ကမ်းသယ်ဆောင် ထိန်းသိမ်းလာ
ခဲ့ကြသော ကရင်စကား၊ ကရင်စာပေ၊ ကရင်ယဉ်ကျေးမှုများသည် သင်တို့လက်ထက်ရောက်
မှာသာလျှင် သင်တို့ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေမှု၊ မိမိထံကျရောက်လာသော ကရင်
မျိုးနွယ်မတိမ်ကောမပပျောက် ရေးတာဝန်များကို ထမ်းဆောင်ခြင်းမပြုဘဲ ရှောင်လွဲခဲ့မှုကြောင့်
ငါ့တို့ကရင်လူမျိုးများ၏ စကား၊ စာပေ၊ ယဉ်ကျေးမှုများသည် မှေးမှိန်ခဲ့ကြရပေပြီ” ဟု
အပြစ်တင်ကြပေလိမ့်မည်။

ထို့ပြင် နောင်လာနောက်သားများမှလည်း ”ငါတို့၏အရင်မျိုးဆက်များသည် ကရင်လူမျိုးများ၏
ကိုယ် ပိုင်ယဉ်ကျေးမှုတို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းပြေုခဲ့ကြ၍ ငါတို့သည် ကရင်စကားပြော
လျှင်နားမ လည်၊ စာပေဆိုလျှင်လည်း မတတ်၊ ယဉ်ကျေးမှုဟူသည်လည်း မသိဖြစ်နေကြရပေ
ပြီ။ ငါတို့အရင်မျိုး ဆက်များ ညံ့ဖျင်းမှုကြောင့်၊ တာဝန်မဲ့မှုကြောင့် ငါတို့သည် မိမိကိုယ်ကိုယ်
ကရင်လူမျိုးဟုထုတ်ဖေါ် ပြောဆိုရန် မ၀ံ့မရဲဖြစ်နေကြရပေပြီ။ ကရင်မျိုးနွယ်စုများအတွင်းသို့
မသွားရဲလောက်အောင် ဖြစ်နေကြ ရပေပြီ။ ငါ့တို့ ထိုကဲ့သို့ဖြစ်ရခြင်းသည်ကား ငါတို့အရင်
မျိုးဆက်များ၏တာဝန်မကျေပွန်မှု၊ တာဝန်ပျက် ကွက်မှုတို့ကြောင့်သာဖြစ်သည်” ဟု အပြစ်
တင်ကြပေလိမ့်မည်။

ထိုကြောင့် ယခုခေတ်မျိုးဆက်သစ်ကရင်လူငယ်များသည် မိမိတို့ကရင်လူမျိုးတို့၏ စကား၊
စာပေ၊ ယဉ်ကျေးမှု မတိမ်ကော၊ မပပျောက်ရေးတာဝန်များ မိမိတို့၏ထံမှောက်သို့ ကျရောက်
လာခဲ့ကြရပေ တော့မည်။ အပြစ်တင်ခံကြရပေတော့မည်။ ထိုသို့ အပြစ်ရှိသူများ အပြစ်တင်ခံ
ရသူများ မဖြစ်ကြရလေ အောင် ကျရောက်လာသောတာဝန်များကို ထမ်းဆောင်ကြရပေမည်။
ကမ္ဘာတည်သရွေ့ ကရင်လူမျိုး များသည် ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေး
မှုတို့ဖြင့် ရင်ကော့ခေါင်းမော့၍ ၀င့်ဝင့် ကြွားကြွား ရပ်တည်နိုင်ရန် ကြိုးပမ်းထမ်းဆောင်ကြပါဟု
အလေးအနက် တိုက်တွန်းလိုက်ရပေသည်။
စောလင်းနက်စ်ဘလော့မှ ကူးယူဖော်ပြသည်။

Kao wao News 26.september LPN ( Labour Rights Promotion Network)


2009 September 26


ကန်ချနပူရီ(စက်တင်ဘာ-၂၆) ။ ။ ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်ရန် မြန်မာစစ်အစိုးရမှထုတ်ပြန်ခဲသော့ စည်းကမ်းချက် အပြည့်အစုံကို မိမိသတင်းဌာနမှ လက်ခံရရှိခဲ့သည်။

ထိုင်း-မြန်မာနှစ်နိုင်ငံသဘောတူညီချက်အရ အခြေခံအလုပ်သမား အခွင့်အရေးများရရှိရန်နှင့် လူကုန်ကူးခြင်း၊ လူမှောင်ခိုခြင်းနှင့် တရားမဝင်နယ်စပ်ဖြတ်ေကျာ်ခြင်းတို့ကို ကာကွယ်ရန်ရည်ရွယ်သည်ဟု အဆိုပါကြေငြာစာရွက် တွင်ေဖါ်ပြထားပါသည်။

မြန်မာနိုင်ငံ၏ ကျွေးကျော်ချက်မှာ ဖမ်းဆီးခြင်းမရှိ၊ တားဆီးစစ်ေဆးခြင်းမရှိ၊ အခွန်ေကာက်ခြင်းမရှိဟု ရေးသား ထားပါသည်။ ယင်းယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန်အတွက် ဆက်သွယ်ေမးမြန်းစုံစမ်းနိုင်ရန် ဖုန်းနံပါတ်နှင့် အဖွဲ့အစည်း အမည်များကိုပါ ဖေါ်ပြထားသည်။

ထိုင်းနိုင်ငံဖုန်းများဖြင့် ဆက်သွယ်ေမးမြန်းနိုင်မည့် အဖွဲ့အစည်းများမှာ လူကုန်ကူးမှုတားဆီးရေး(အထူး) အဖွဲ့ ၀၈၇ ၅၂၅၉၇၈၃၊ ၀၈၁၂၈၇၃၀၁၆၊ ၀၈၁ ၀၉၀၁၅၄၅၊ UNIAP ထိုင်းရုံး ၀၈၀ ၄၅၆၅၅၆၀၊ LPN ( Labour Rights
Promotion Network) ၀၃၄ ၄၃၄၇၂၆ တို့ဖြစ်ကြသည်။

မြန်မာနိုင်ငံပြည်တွင်းဖုန်းများဖြင့် ဆက်သွယ်စုံစမ်းနိုင်မညေ့်နရာများမှာ နိုင်ငံဖြတ်ေကျာ်မှုခင်းဌာန ၀၆၇ ၄၁၂၁၃၉၊ မြဝတီလူကုန်ကူးမှု ၀၅၈ ၅၀၂၆၈၊ တာချီလိတ်လူကုန်ကူးမှု ၀၈၄ ၅၁၅၀၆၊ ကောသော့င်းလူကုန်ကူးမှု ၀၅၉ ၅၁၉ ၈၁၊ UNIAP မြန်မာရုံး ၀၁ ၂၅၄၈၅၂၊ ၀၁ ၂၅၄၈၅၃၊ World Vision သံဖြူဇရပ် ၀၅၇ ၇၉၂၉၀၊ World Vision ဘားအံ ၀၅၈ ၂၁၇၃၁၊ World Vision တာချီလိတ် ၀၈၄ ၅၁၆၅၇၊ World Vision ကျိုင်းတုံ ၀၈၄ ၂၂၁၆၀၊ World Vision ကောသော့င်း ၀၅၉ ၅၁၃၅၆၊ FXB ရန်ကုန် ၀၁ ၅၀၂၁၇၈၊ FXB မော်လမြိုင် ၀၅၇ ၂၆၈၉၆ တို့ဖြစ်ကြသည်။

အဆိုပါယာယီ မြန်မာနိုင်ငံကူးလက်မှတ်များကို ၁၅-၇-၀၉ ရက်ေန့မှစတင်ထုတ်ေပးခဲ့ပြီး တစ်ဦးလျှင် မြန်မာကျပ် ငွေ သုံးထောင် (၃၀၀၀ိ) ကုန်ကျကာ သက်တမ်း ၃ နှစ်ရှိပြီး နောင်တွင် ၂ နှစ်သက်တမ်းတိုး နိုင်သည်ဟု ဖေါ်ပြ ထားသည်။

လိုအပ်ေသာစာရွက်စာတမ်းများမှာ ထိုင်းအလုပ်သမားကတ်(သို့မဟုတ်) လျောက်ထားဆဲဖြစ်ေကြာင်း အထောက် အထားမူရင်းနှင့် မိတ္တူ ၄ စုံ၊ မြန်မာနိုင်ငံသားဖြစ်ေကြာင်း သက်ေသခံအထောက်အထားအဖြစ် နိုင်ငံသားစိစစ်ေရး ကတ် (သို့မဟုတ်) သနးေ်ခါင်စာရင်းမူရင်းနှင့် မိတ္တူ ၄ စုံတို့ပါရှိရမည်ဟုဖြစ်သည်။

ထိုယာယီနိုင်ငံကူး လက်မှတ်ရရှိပြီးလျှင် ထိုင်းနိုင်ငံမှ ၂ နှစ် အလုပ်လုပ်ကိုင်ခွင့် ဗီဇာကိုထုတ်ေပးမည်ဖြစ်သည်။
မြန်မာယာယီနိုင်ငံကူးလက်မှတ်ထုတ်ေပးရေးရုံးများမှာ ကောသော့င်းမြို့(ဖုန်း- ၀၅၉ ၅၁၉၅၈)၊ မြဝတီမြို့ (ဖုန်း-၀၅၈ ၅၀၀၃၈)၊ တာချီလိတ်မြို့(ဖုန်း- ၀၈၄ ၅၁၉၃၂)တို့ဖြစ်သည်။

အထက်ပါ စည်းကမ်းချက်များမှာ မြန်မာစစ်အစိုးရကြေငြာချက်များဖြစ်သည်။ မသမာသော မြန်မာအာဏာပိုင်အချို့ နည်းအမျိုးမျိုးဖြင့် ငွေညှစ်ခြင်း၊ လာဘ်စားခြင်းများ ဖြစ်ေပါ်နေသောကြောင့် မြန်မာအလုပ်သမားအများစုမှာ ယင်းယာယီနိုင်ငံကူးလက်မှတ်ရရှိနိုင်ေရးမှာ အခက်အခဲများစွာ ရင်ဆိုင်ေနကြရဆဲ ဖြစ်သည်။

ထိုသို့မသမာမှုများကို သိရှိ၊ တွေ့ကြုံခဲ့ပါက NGO အဖွဲ့များနှင့် သတင်းဌာနများသို့ ဆက်သွယ် သတငးေ်ပးကြရန် လိုအပ်ေကြာင်း ထိုင်းနိုင်ငံရှိ မွန်အလုပ်သမားအရေး ဆောင်ရွက်ေနသူများက နှိုးဆော်ထားပါသည်။

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်နိုင်ရန် မြန်မာစစ်အစိုးရတို့ဖြန့်ဝေထားသောကြေငြာစာရွက်

အောင်ဆန်းကွင်းတွင် မြက်ခင်းတုပြောင်းရေး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် FIFA က ခွင့်မပြု

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ စက်တင်ဘာလ 25 ရက် 2009 ခုနှစ် 16 နာရီ 48 မိနစ်


နယူးဒေလီ။ ။ ရန်ကုန် အောင်ဆန်းအားကစားကွင်းကို မြက်ခင်းတု ကွင်းအဖြစ် ပြောင်းလဲရန် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် FIFA က ခွင့်မပြုသဖြင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF က မြက်ခင်းအစစ်သာ ဆက်လက်အသုံးပြု
ရမှာဖြစ်သည်။

စင်္ကာပူမှ ATS Landscaping and Construction ကုမ္ပဏီနှင့် MFF တို့၏ သဘောတူချက်အရ မြက်ခင်းတု ကွင်းအဖြစ် ပြုလုပ်ရန် စီစဉ်နေသော်လည်း အဆိုပါ အောင်ဆန်းကွင်းသည် နိုင်ငံတကာ ပွဲစဉ်များ ကျင်းပသည့် အားကစားကွင်း များထဲတွင် တကွင်းအပါအဝင် ဖြစ်သဖြင့် FIFA က ခွင့်မပြုခြင်းဖြစ်ကြောင်း MFF မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

“ပြီးခဲ့တဲ့ အပတ်ထဲမှာ ဖီဖာ (FIFA) က MFF ကို အကြောင်းကြား လာတယ်။ ဒီကွင်းဟာ နိုင်ငံတကာပွဲစဉ်တွေ ကစားတဲ့ကွင်း ဖြစ်တဲ့အတွက် ခွင့်မပြုနိုင်ဘူးတဲ့။ တခြား လေ့ကျင့်ရေးကွင်းတွေကိုတော့ လုပ်ချင်လုပ်ပါတဲ့။ FIFA က မြက်ခင်းအစစ်က ကစားသမားတွေအတွက် အန္တရာယ် အကင်းဆုံးနဲ့ အကောင်းဆုံးပါ။ မြက်ခင်းတုက ကစားသမား တွေအတွက် အန္တရာယ်လည်း ရှိနိုင်သလို သဘာဝ ပတ်ဝန်းကျင် အတွက်လည်း မကောင်းပါဘူးတဲ့။ ဒါကြောင့် ခွင့်မပြုတာပါ” ဟု သူက ပြောသည်။

မြက်ခင်းတုကွင်း ဆိုသည်မှာ ဓာတုဗေဒနည်းဖြင့် မြက်အစစ်ပမာ တုပပြုလုပ်ထားသည့် အပင်ငယ်များ ပါသော ကော်ဇော အလွှာများကို ညီညာစွာ ပြုပြင်ထားသည့် ဘောလုံးကွင်း ပြုလုပ်မည့် မြေပေါ်တွင် တခုချင်း ဆက်စပ် ဖြန့်ခင်းထားခြင်း ဖြစ်သည်။

မြက်အစစ်အတွက် စုစုပေါင်း သိန်း ၄၀၀ ခန့် ကုန်ကျမည် ဖြစ်ပြီး တနှစ်လျှင် ထိန်းသိမ်းခ သိန်း ၂၀ ဝန်းကျင် ကုန်ကျမည် ဖြစ်ကြောင်း အောင်ဆန်းကွင်းမှ တာဝန်ရှိသူ တဦးက ရှင်းပြသည်။

အောင်ဆန်းကွင်းရှိ မြက်များ ပျက်စီးခဲ့ပါက အခြားတနေရာတွင် စနစ်တကျ မွေးမြူထားသော ဂျပန်မြက်များကို ကွင်းအတွင်း ပျက်စီးသွားသည့် နေရာတွင် အစိတ်အပိုင်း အလိုက် အစားထိုး ပြုပြင်သွားမည်သာ ဖြစ်သည်။

ယခုကဲ့သို့ ခွင့်မပြု ခဲ့ခြင်းကြောင့် စင်္ကာပူမှ ATS Landscaping and Construction ကုမ္ပဏီနှင့် သဘောတူ ညီချက်မှာ ခေတ္တ ဆိုင်းငံ့ထားရာမှ မကြာမီ ဖျက်သိမ်းဖွယ်ရှိကြောင်း သိရသည်။

အောင်ဆန်း အားကစားကွင်းအား MFF မှ ပြီးခဲ့သည့် ဇူလိုင်လက စတင် ပြုပြင်ခဲ့ခြင်းဖြစ်ပြီး ပြင်ဆင်စရိတ် သိန်း ၁၀၀ ကျော်ခန့် ကုန်ကျ ပြီးသော်လည်း ပြင်ဆင်စရာများ ကျန်ရှိ နေသေးကြောင်း တာဝန်ရှိသူ အင်ဂျင်နီယာ တဦးက မဇ္ဈိမကို ပြောသည်။

“ပြင်ဆင်စရာတွေ အများကြီး ကျန်သေးတယ်။ သက်တမ်း ကြာပြီဆိုတော့ ကွင်းတခုလုံး နီးပါး ယိုယွင်းနေတာ။ အထူးတန်း ပွဲကြည့်စင်ရယ်၊ နောက်ခုံတွေ ပြန်လဲဖို့ရယ်၊ တောင်နဲ့မြောက် ပွဲကြည့်စင်တွေကိုလည်း ဆေးသုတ်ဖို့ ကျန်သေးတယ်။ တဖြည်းဖြည်းနဲ့ ပြင်သွားရမှာပဲ။ အားလုံး ပြင်မယ် ဆိုရင်တော့ သိန်းထောင်နဲ့ချီ ကုန်မယ်” ဟု သူက ပြောသည်။

အောင်ဆန်းကွင်းတွင် ယခုလက်ရှိ သာမန် ပြည်တွင်းပွဲစဉ် တချို့ ကစားနေပြီး မြန်မာ နေရှင်နယ်လိဂ်နှင့် နိုင်ငံတကာ ပွဲစဉ်များကို လာမည့် နှစ်ဆန်းပိုင်းတွင် လက်ခံကျင်းပနိုင်မည်။

ပရိသတ် ၂၃၂၀၀ ဦး ဝင်ဆန့်သည့် အောင်ဆန်းကွင်းကို ကိုလိုနီနယ်ချဲ့ အင်္ဂလိပ် လက်ထက် ၁၉၂၈ ခုနှစ်တွင် တည်ဆောက် ခဲ့သည်။ မူလအမည်မှာ BCC ကွင်းဟု ခေါ်ဝေါ်ပြီး၊ တည်ဆောက်စဉ်က ဘောလုံးကွင်းမကြီး သာရှိပြီး ပွဲကြည့်စင် မပါရှိသေးချေ။

လွတ်လပ်ရေး ရခဲ့သည့် ၁၉၄၈ ခုနှစ်တွင် အောင်ဆန်း အားကစားကွင်းဟု အမည် ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပြီး၊ ၁၉၆၂ ခုနှစ်တွင် ပွဲကြည့်စင်များ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း အောင်ဆန်း အားကစားကွင်းမှ တာဝန်ရှိသူ တဦးက မဇ္ဈိမကို ရှင်းပြသည်။

သင်္ကန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏကွင်းနှင့် အောင်ဆန်းကွင်းသည် မြန်မာနိုင်ငံတွင် နိုင်ငံတကာပွဲများ အများဆုံးကစား သည့် ဘောလုံးကွင်းများ ဖြစ်သည်။

(ဆလိုင်းဟံသာစန်း သတင်းပေးပို့သည်။)

တပ်မတော်အရာရှိ C-box နံမည် Cadet နှင့် ကရင်တိုင်းရင်းသားဖူးဒို ၏ဆွေးနွေးပွဲ

Tuesday, September 22, 2009

စာဖတ်ပုရိတ်သတ်များခင်ဗျား အောက်ပါဆောင်းပါးသည် သောသီခိုဘလော့ C-box တွင် လာရောက်ဆွေးနွေးသော ဗမာ့တပ်မတော်အရာရှိတစ်ဦး(DSA-ဆင်း ကိုယ့်ကိုယ်ကိုမိတ်ဆက်ထားသူ) C-box နံမည် မောင်Cadet ၏ KNU ကရင်အမျိုးသားအစည်းအရုံး နှင့် ပါတ်သက်၍ သူ၏ ဝေဖန်ချက်များကို ကရင်အမျိုးသား တစ်ဦးဖြစ်သူ ဖူးဒို မှ ပြန်လည်ဖြေရှင်းထား ခြင်းဖြစ်ပါသည်။ စိတ်ဝင်စားစရာ ကောင်းသော Article တစ်ခုဖြစ်ပါတယ်ခင်ဗျား။။။။



တပ်မတော်အရာရှိ C-box နံမည် Cadet နှင့် ကရင်တိုင်းရင်းသားဖူးဒို ၏ဆွေးနွေးပွဲ


"မတူတာကိုဆွဲပြီးမနှိုင်းရဘူးလေ KNU ရှိနေသရွေ့ကရင်ပြည်သူများ ဘယ်တော့မှငြိမ်းချမ်းစွာနေရ လိမ့်မည်မဟုတ်ပေ အဘယ်ကြောင့်ဆိုသော် KNUသည် အကြမ်းဖက်သာဖြစ်သည်
KNUသည် ငြိမ်းချမ်းမှုကိုမလိုလားပဲ အကြမ်းဖက်မှုသာ လိုလားသောအဖွဲ့စည်းတစ်ခုဖြစ်တယ် KNUများDKBAကိုအတုယူသင့်သည်။ DKBAလိုငြိမ်းချမ်းစွာနဲ့ကရင်လူထုကို ကောင်းအောင်လုပ်နေလျှင် KNUများကို ကရင်လူထုကြီးများ က ချီးကျူးကြလိမ့်မည်။ KNUကိုထောက်ခံသောကရင်လူထုသည် KNUမိသားစုဝင်များနဲ့ဆွေမျိုး တွေလောက် သာရှိသည်။ လက်နက်ကိုင်ပြီးဗိုလ်ကျချင်သော KNUကို ကရင်လူထု ၈၀ရာနှုံးကမုန်း တီးလျှက်ရှိတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်ပြည်နယ်များမှာ လက်နက်ကိုင်ဆောင်ချင်းမရှိပါ လက်နက်ကိုင်လျှင်လည်း အစိုးရအောက်တွင်သာထားရှိကြသည် ရှိကြသည် နိုင်ငံတကာပုံစံအတိုင်း မြန်မာနိုင်ငံကလုပ်ဆောင်လျှက်ရှိသည်။ KNUများသည်ကိုယ်ပိုင်ပြဌန်းခွင့် တောင်းရာမှာ အစိုးရလက်အောက်ကွပ်ကဲမှုကိုလက်မခံချင်ပဲ ကိုယ်ပိုင်ပြည်နယ်ကိုယ်ပိုင် လက်နက်ကိုင် အဖွဲ့စည်းထားရှိစေချင်ကြသည်။ ထိုသို့လုပ်ဆောင်ခြင်းသည်ခွဲထွက် တာနဲ့အတူတူ ဖြစ်သည်။ ဘယ်နိုင်ငံမှမရှိသောပုံစံမျိုးကိုလက်ခံ လိမ့်မည်မဟုတ်ပေ။ အကြမ်းဖက်သောင်းကျန်းသူ KNUများစဉ်းစားရန် အချိန်ကျရောက်ပြီဖြစ်တယ်၊ စောဘဦးကြီးတို့အချိန်ကယခုချိန်နဲ့မတူပေ
ကရင့်လက်နက် ကရင်ကိုင်ခွှုင့်ရှိသည်ဆိုသည်မှာ စောဘဦးကြီးကဘယ်လိုမျိုးနဲ့ပြောခဲ့တာပါလိမ့်
သူလည်းအကြမ်းဖက်ခေါင်းဆောင်သာသာတစ်ယောက် အတွေးခေါ်ပဲရှိတဲ့သူပဲဖြစ်လိမ့်မယ်
ကရင်လက်နက်ကိုင်ချင်ရင်နိုင်ငံတကာစံနှုန်းအတိုင်းလုပ်ဆောင်ဖို့လိုမည်" - by Cadet


စာဖတ်ပရိတ်သတ်များခင်ဗျား- ဒီစာကတော့ မြန်မာတပ်မတော်အရာရှိတစ်ဦး၏ရေးသားချက်ကို ကရင်တိုင်းရင်းသားဖူးဒိုမှပြန်လည်ဆွေးနွေးချက်ဖြစ်ပါတယ်။ သောသီခိုဘလော့ရဲ့ C-box ထဲမှာရေးထား
တဲ့နံမည်ကတော့ Cadet ဖြစ်ပါတယ်။

မောင်ကဒက်ခင်ဗျား- ကရင့်တော်လှန်ရေးခေါင်းဆောင် စောဘဦးကြီးကိုသိပုံထောက်တော့ စာနဲ့မဝေး ဘူးလို့ခန့်မှန်းရပါတယ်။ ဒါကြောင့်ဒီစာမှာ ကရင့်ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ စောဘဦးကြီး၊ လက်ရှိ
မောင်ကဒက်တို့ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၊ အကြမ်းဖက်အဖွဲ့တွေအကြောင်း ဆွေးနွေးချင် ပါတယ်။

မောင်ကဒက်အနေနဲ့ စောဘဦးကြီး ရဲ့အတွေးအခေါ်နဲ့စိတ်သဘောထားကိုဝေဖန်ထားတာတွေ့ရပါတယ်။
ဒါကြောင့်စောဘဦးကြီးအကြောင်းကိုအနည်းငယ်ပြောချင်ပါတယ်။

စောဘဦးကြီး ဟာအင်္ဂလန်မှ ၀တ်လုံတော်ရတစ်ဦးဖြစ်ပါတယ်။သို့သော်လည်းမောင်ကဒက်တို့ရဲ့တပ်ချုပ်
ကြီးလည်းခေသူမဟုတ်ပါ။ အညာကအလယ်တန်းကျောင်းထွက်ဖြစ်ပြီး စစ်သည်အင်အားလေးသိန်း
ကျော်ရှိတဲ့ တပ်မတော်ကို ငြိမ်ဝပ်ပိပြားအောင်ထိန်းထားနိုင်သူပါ။ သူဘဲတော်တာလား စစ်သည် လေး
သိန်းကဘဲညံ့တာလားဆိုတာ မောင်ကဒက် တို့အသိဆုံးပေါ့။ ဘာလို့လဲဆိုတော့ တပ်ချုပ်ကြီး မိသားစု
ရဲ့အနွမ်တာကို တပ်မတော်က်က အရာရှိတွေ နဲ့ အရာရှိ ကတော်တွေက သည်းခံနိုင်လို့ဘဲ။

စောဘဦးကြီးဟာ ချမ်းသာကြွယ်ဝသောမိဘများမှဆင်းသက်လာပြီး လိုအပ်တဲ့အခါ မိမိပိုင်ဥစ္စာပစ္စည်း
များကိုထုခွဲရောင်းချပြီး တိုင်းပြည်နဲ့လူမျိုးတွက်အနစ်နာခံအသုံးပြုသူပါ။ မောင်ကဒက် တို့ရဲ့တပ်ချုပ်ကြီး
ကတော့ တိုင်းပြည်ရဲ့သံယာဇာတအရင်းအမြစ်တွေကို ထုခွဲရောင်းချပြီး မိသားစုရဲ့ဘဏ္ဍာတော်ထဲ ထည့်
သွင်းနေသူပါ။ စောဘဦးကြီးဟာ မိသားစုအရေးကိုလုံးဝပစ်ပယ်ထားပြီး တိုင်းပြည်နဲ့လူမျိုးတွက်အနစ်နာ
ခံသူပါ။ မောင်ကဒက် တို့ရဲ့တပ်ချုပ်ကြီးကတော့ တိုင်းပြည်နဲ့လူမျိုးရေးကို ပစ်ပယ်ထားပြီး မိသားစုအရေး
ကိုဦးစားပေးဆောင်ရွက်နေသူပါ။ စောဘဦးကြီးဟာ မှန်ကန်တဲ့လမ်းစဉ်ချမှတ်ခဲ့လို့ ကရင့်တော်လှန်ရေး
အဆက်မပြတ်တာဖြစ်တယ်။ မောင်ကဒက်တို့ရဲ့တပ်ချုပ်ကြီးကတော့ ကိုယ်ရွေးတဲ့လမ်းစဉ်ပေါ် ကိုယ်တိုင်
မသွားတတ်ဘဲ လမ်းပျောက်နေသူပါ။ ဒါကိုတော့တပ်မတော်အရာရှိတစ်ဦးနေဖြစ် သိမြင်တတ်မည်လို့
ထင်ပါတယ်။

မောင်ကဒက်က KNU ကို အကြမ်းဖက်အဖွဲ့လို့စွပ်စွဲထားတာတွေ့ရပါတယ်။ “အကြမ်းဖက်ခြင်း” ဆိုတဲ့
ဝေါဟာရ အနက်ဓိပါယ်ကို နိုင်ငံတကာဥပဒေမှာ ဒီလိုဆိုထားပါတယ်။
"Terrorism: the calculated used of violence (or the threat of violence) against civilians
in order to attain goal that are political or religious or ideological in nature;
this is done through intimidation or coercion or instilling fear."

အကြမ်းဖက်ခြင်း = နိုင်ငံရေးရည်ရွယ်ချက်၊ ဘာသာရေး ရည်ရွယ်ချက်၊ အတွေးအခေါ်ဝါဒ ရည်ရွယ်ချက်
ဖြင့် ပြည်သူများကို ကိုယ်ထိလက်ရောက်ကြမ်းတမ်းစွာပြုလုပ်ခြင်း၊ အင်အားသုံးခြိမ်း
ခြောက်ခြင်း၊ အတင်းအဓမခိုင်းစေခြင်း၊

မြန်မာပြည်မှာ ပြည်သူတွေ ကိုကြမ်းတမ်းစွာပြုမူဆက်ဆံနေတာ ဘယ်အဖွဲ့အစည်းလဲ၊ “ ပြည်သူ” ဆိုတဲ့
အနက်ဓိပါယ် မှာ ဒေသတွင်းနေထိုင်ကြသော ရဟန်းသံဃာံ၊ လူကြီးလူရွယ် ခလေး အားလုံးကို ဆိုလိုပါ တယ်။ မြန်မာပြည်မှာ “အကြမ်းဖက်” လုပ်ငန်းကို လက်တွေ့ကျကျ ဆောင်ရွက်နေတာ နအဖ နဲ့ သူ့
နောက်လိုက်တွေဘဲ။ မောင်ကဒက်အနေနဲ့ မိမိတာဝန်ကျရာဒေသတွေမှာ အဲဒီလို အကြမ်းဖက် လုပ်ငန်း
တွေ လုံဝပြုလုပ်တာမရှိဘူးထား ပြည်သူလူထုတွေရဲ့ အိုးအိမ်စည်းစိမ်တွေ ကာကွယ်တဲ့အနေနဲ့ အကြမ်းဖက် လုပ်ငန်းလုပ်နေတဲ့ ကို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုတားဆီးရမည့်တာဝန်ရှိတယ်။

KNU အနေနဲ့ DKBA ကိုအတုယူဖို့ မောင်ကဒက်က တိုက်တွန်းထားတယ်။ ဘာကိုအတုယူရမှာလဲ။ နအဖ
ရဲ့အားပေးအားမြှောက်တဲ့အတိုင်း မူးယစ်ဆေးဝါးလုပ်ငန်း၊ လူမှောင်ခိုလုပ်ငန်း တွေ လုပ်ဖို့ တိုက်တွန်းနေ
တာလား။ စိတ်ဝင်စားစရာကောင်းတဲ့မောင်ကဒက်ရဲ့စကားတစ်ခွန်းရှိပါတယ်။
“DKBAလိုငြိမ်းချမ်းစွာနဲ့ကရင်လူထုကို ကောင်းအောင်လုပ်နေလျှင်KNUများကို ကရင်လူထုကြီးများ က ချီးကျူးကြလိမ့်မည်”
DKBAလိုငြိမ်းချမ်းစွာနဲ့ကရင်လူထုကို ကောင်းအောင်လုပ်နေတာတွေရှိရင်ပြောပြပါဗျာ။ Internet မှာ
အရမ်းတင်ချင်လို့ပါ။

KNU ကိုယ်ပိုင်ပြဌန်းခွင့် တောင်းတာနဲ့ပတ်သက်ပြီး မောင်ကဒက်ရဲ့လုပ်ဖေါ်ကိုင်ဖက် “ ဒါမြ” နဲ့ ဆွေးနွေး
တင်ပြ ပြီးဖြစ်ပါတယ်။ ပို့စ်အဟောင်းထပ်တင်ဖို့ စာဖတ်ပရိတ်သတ်တွေကိုအားနာပါတယ်။

ဒီလောက်ဆိုအကြမ်းဖက်လုပ်ငန်းနဲ့ပတ်သက်ပြီးမောင်ကဒက် ပိုပြီးနားလည်လာမယ်လို့မျှော်လင့်ပါတယ်။

အမှန်ကိုမြင်အမှားပြင်လျှက် ပြည်သူ့အကျိုးထမ်းပိုးနိုင်ပါစေ......

အားလုံးကိုလေးစားလျှက်

ဖူးဒို (ကရင်တိုင်းရင်းသား)
စက်တင်ဘာ ၂၃ ရက် ၂၀၀၉

လက်နက်ကိုင် အကြမ်းဖက်မှုကို လုပ်နိုင်တာ စစ်အုပ်စုပဲ ရှိပါတယ်

စက်တင်ဘာလ ၁၈ ရက်နေ့က ငြိမ်/ပိ အာဏာ သိမ်းခဲ့တဲ့နေ့။ အာဏာသိမ်း အထိမ်းအမှတ် အဖြစ်နဲ့ န.အ.ဖ စစ်ကောင်စီ က အကျဉ်းသားတွေ လွှတ်တယ်။ လွှတ်ပေးလိုက်တာ ၇၁၁၄ ယောက်ရှိတယ်။ NLD စာရင်းအရ ထောင်က လွတ်လာတဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသား ၁၁၉ ယောက်ပါတယ်။ ရာခိုင်နှုန်းအရ ၁.၇ ရာခိုင်နှုန်း။ ကွင်းလုံးကျွတ် လွှတ်ပေးလိုက်တာ မဟုတ်။ ၄၀၁ ခြေမန်းကွင်း တပ်ပြီး လွှတ်ပေးလိုက်တာ။
ရဲဘော်သည် သံ၊ တိုက်ပွဲသည် မီး၊ အကျဉ်းထောင် သည် တူ။ သံဟာ မီးနဲ့ တူနဲ့ ထိတွေ့ပြီးရင် ပိုပြီး ထက်မြက် လာတတ်တယ်။ ပိုပြီး တောက်ပ လာတတ်တယ်။ အကျဉ်းထောင်ဟာ ဖက်ဆစ်ငရဲခန်းပဲ။ ဖက်ဆစ် ငရဲခန်းထဲမှာ နေခဲ့ရတဲ့ ကျနော်တို့ရဲ့ နိုင်ငံ့သားကောင်း တွေဟာ ရုပ်ပိုင်းအရ ချိနဲ့ သွားခဲ့ကြရတယ်။ ဒါပေမယ့် စိတ်ဓါတ်ရေးရာမှာ အမြင့်မားဆုံး အဆင့်မှာ ရှိနေတယ်။ န.အ.ဖ စစ်ကောင်စီရဲ့ စိတ်ဓါတ်ရေးရာ အခြေအနေက အောက်ဆုံးအဆင့်မှာ ရောက်နေတယ်။ ၁၉၈၈ တုန်းကလို အခြေအနေမျိုး ပြန်ပြီး ဆိုက်ရောက်နေတယ်။ အမြင်အားလုံးကို စစ်ရေးအမြင်နဲ့ ကိုင်တွယ်နေတယ်။

၁၉၈၈ တုန်းကလိုပဲ နယ်မြေ တွေကို အရောင်တွေနဲ့ သတ်မှတ်နေရတယ်။ စက်တင်ဘာလ တလလုံး အရေးပေါ် အခြေအနေ အဆင့် သတ်မှတ်ထားတယ်။ မြို့ကြီး ပြကြီး မှန်သမျှ “အညိုရောင်နယ်မြေ”။ လုံခြုံရေးတွေ ထူထူထဲထဲ ချထားရတယ်။ အဖမ်းအဆီး များတယ်။ ရခိုင်ပြည်နယ် ဘက်မှာ အခု ဖမ်းထားတာ ၄၀ လောက် ရှိတယ်။ ပခုက္ကူ၊ မြင်းခြံ ဘက်မှာလည်း အဖမ်းအဆီး တွေရှိတယ်။ သေနတ် မပေါက်တော့ပြီ ငြိမ်းချမ်းပြီဆိုတဲ့ နယ်စပ်ဒေသတွေနဲ့ အပစ်အခတ် ရပ်ထားတဲ့ တိုင်းရင်းသား နယ်မြေဒေသ တွေကျတော့ “အမည်းရောင် နယ်မြေ” လို သတ်မှတ် ထားတယ်။ အဖြူရောင် နယ်မြေဆိုလို့ ကြပ်ပြေးက မြေအောက် လှိုင်ခေါင်းပဲ ရှိတယ်။
ပြည်သူလူထု နဲ့ န.အ.ဖ စစ်ကောင်စီ ဆက်ဆံရေး အခြေအနေက ချောမွေ့မှု မရှိဘူး။ အထူးသဖြင့် သံဃာတော်တွေနဲ့ န.အ.ဖ ဆက်ဆံရေး အခြေအနေက အတင်းမာဆုံး အခြေအနေမှာ ရှိနေတယ်။ စက်တင်ဘာလမှာ န.အ.ဖ အာဏာသိမ်းခဲ့တယ်။ အရင်ကတော့ စက်တင်ဘာလ က န.အ.ဖ အဖို့ အောင်ပွဲခံတဲ့လ ဖြစ်ခဲ့ကောင်း ဖြစ်ခဲ့မယ်။ အခုတော့ စက်တင်ဘာလဟာ န.အ.ဖ စစ်ကောင်စီ အဖို့ ခြောက်ခြားစရာ အကောင်းဆုံးလ ဖြစ်နေတယ်။ စက်တင်ဘာလ မှာ သံဃာတော်တွေ သွေးမြေ ကျခဲ့ရတယ်။ စက်တင်ဘာမှာ ဘုရားသား၊ ကျောင်းသား၊ ပြည်သူပြည်သား ပေါင်းစည်းမိခဲ့တယ်။ စစ်သားတွေ ပေါင်းစည်း လာဖို့ပဲ လိုတော့တယ်။ အခု လူထုကြားမှာ စစ်သားတွေ ရှိနေတယ်။
ကျောင်းသားတွေ လူငယ်တွေက စစ်သားတွေကို ရင်းနှီးစွာ ဆက်ဆံကြမယ်။ ပြည်သူပြည်သားတွေက တပ်မတော်သားတွေကို ကျွေးမွေး ပေးကမ်းကြမယ်။ သံဃာတော် တွေက မေတ္တာတရား လက်ကိုင်ထားဖို့ ဟောကြားကြမယ်။ စစ်သားနဲ့ လူထု ရင်းနှီးမှုရှိအောင် လုပ်ယူကြမယ်။ အဲသလို ဖြစ်မှာ န.အ.ဖ စစ်ကောင်စီ ကြောက်တယ်။ မကြာခင် တပ်တွေ ပြန်ရုပ်သိမ်း လိမ့်မယ်။ စစ်သားတွေနဲ့ ပြည်သူလူထု ရင်းနှီးသွားမှာ န.အ.ဖ စစ်ကောင်စီ မလိုလားဆုံး ဖြစ်တယ်။ “အမည်းရောင် နယ်မြေ” တွေမှာ အခြေအနေက မတည်ငြိမ်။ လက်နက်အသင့် ငြိမ်းချမ်းရေးခေတ်။ မနက်ဖန် ထတိုက်မလား - သန်ဘက်ခါ ထတိုက်မလား။ အခြေအနေက ပေါက်ကွဲတော့မယ့် ဗုံးတလုံးလို။ အဲဒီဗုံးက ရိုးရိုးဗုံး မဟုတ်ပဲ ချိန်ကိုက်ဗုံးဖြစ် သွားမှာ စစ်အုပ်စုကြောက်တယ်။ ဆိုလိုတာက…အချိန်ကိုက် တပြည်လုံး တပြိုင်နက် လက်နက်ကိုင်အုံကြွမှာ စစ်အုပ်စု ကြောက်တယ်။ တပြည်လုံးနဲ့ တယောက် ချရတော့မယ်လေ။ စစ်ရေး မျက်နှာစာမှာ အကြပ်အတည်း ရင်ဆိုင်ရရင် ပြည်တွင်းမြို့ပြ မျက်နှာစာမှာ အုံကြွ တော်လှန်မှုတွေ ဖြစ်လာနိုင်တယ်။ (နိုင်ငံတကာ ဖိအားပေးမှုတွေ ၀င်လာမယ်။) ဆိုတော့ ဒီလို တပြည်လုံးနဲ့ တယောက်ချမယ့် စစ်ဗျူဟာမျိုးကို န.အ.ဖ စစ်ကောင်စီ ကျင့်သုံးလိမ့်မယ်လို့ မထင်ရေးချ မထင်။
တကောင်ချင်း ဆွဲစားသည့် ဗျူဟာကိုသာ ကျင့်သုံးမှာ ဖြစ်တယ်။ ဟိုတုန်းက တယောက်ချင်း လာ၊ တဖွဲ့ချင်း ၀င်၊ နိုင်ငံရေး စကားနောက်မှ ပြော၊ ဒေသဖွံ့ ဖြိုးရေး အရင်လုပ် ဆိုတဲ့ အပစ်အခတ် ရပ်ဆိုင်းရေး မူအရ တဖွဲ့ချင်းနဲ့ အပစ်အခတ် ရပ်ဆိုင်းခဲ့တယ်။ အခုလည်း ဟိုတုန်းကလို အကြံမျိုးနဲ့ တဖွဲ့ချင်းကို ဖဲ့စားဖို့ ချောင်းနေတာ ဖြစ်တယ်။ ကြောင်ကိုခြောက်ဖို့ စာကလေးကို သတ်ပြခဲ့ပြီးပြီ။ မြောက်ပိုင်းက ကိုးကန့်အဖွဲ့ကို လုပ်သွားတာ ပူပူနွေးနွေး ရှိသေးတယ်။ အင်အား (လက်နက်၊ ရိက္ခာ၊ လူသူ၊ ငွေကြေး၊ နယ်မြေဒေသ၊ စစ်ရေးနိုင်ငံရေး မဟာမိတ်၊ လူထုကျောထောက် နောက်ခံ၊) နည်းတဲ့ အဖွဲ့တွေအဖို့ အထူး သတိဝိရိယ ရှိကြဖို့ လိုအပ်ပါတယ်။ ကိုယ့်အားနည်းချက် တွေကို စစ်ဆေးပြီး ပြင်ဆင်ထားနိုင်မှ တော်ကာကျမယ်။ ခြင်းထဲက ကြက်လိုဘ၀မျိုးက အခံရ ခက်ပါတယ်။ မြေခွေး ကတော့ တကောင်ချင်း လာစားနေမှာပဲ။ ကိုယ့်ဘက်က “တအုပ်လုံး ခုခံတဲ့နည်း” နဲ့ တုံ့ပြန်နိုင်ဖို့ ပြင်ဆင် ထားသင့်တယ်။
“၀” တွေကို တိုက်ဖို့ဆိုရင် လေယာဉ်တွေ သုံးမယ်တဲ့။ ကိုးကန့်ကို တိုက်အပြီးမှာ စစ်သွေးတွေကြွ စစ်မာန်တွေတက်ပြီး ရေရေလည်လည် လန်းနေတဲ့ န.အ.ဖ စစ်ကောင်စီဝင် တိုင်းမှူးတယောက် ပြောခဲ့တယ်။ ဆိုတော့…ဘယ်လို လေယာဉ်မျိုးလဲ၊ ဘယ် လောက်ကျွမ်းကျင်တဲ့ တိုက်လေယာဉ်မှူးတွေ ရှိနေလို့လဲ ကျနော်တို့မှာ စဉ်းစားစရာတွေ ဖြစ်လာပါတယ်။ တိုက်လေယာဉ်တွေ အကြောင်းကတော့ စစ်ရေး ကျွမ်းကျင်သူတွေ ပိုပြီး သိပါလိမ့်မယ်။ ကျနော်တို့ ကတော့ တိုက်လေယာဉ်မှူးတွေရဲ့ စိတ်ဓာတ်ရေးရာ အခြေအနေကို ဦးစားပေး လေ့လာပါတယ်။ တိုက်လေယာဉ်မှူး တယောက်ကို သာမန် ထရပ်ကား မောင်းတဲ့ စစ်သားတယောက်လို သဘောထားလို့ မရပါဘူး။ သူ့မှာ လိုအပ်တဲ့ ပညာအရည်အချင်း၊ လုံလောက်တဲ့ လေ့ကျင့်မှု ရှိဖို့ လိုပါတယ်။ န.အ.ဖ တပ်တွင်း အခြေအနေက ဒါမျိုးတွေကို ခွင့်ပြု မထားတဲ့အပြင် ကြီးနိုင်ငယ်ညှင်း ဆက်ဆံရေးကို တွင်တွင်ကျယ်ကျယ် ထူထောင်ထားတာ ဖြစ်ပါတယ်။ ဒါ လေတပ်တခုထဲမှာ ဖြစ်နေတာ မဟုတ်ဘူး။ ကြည်း၊ ရေ၊ လေ၊ အားလုံးမှာ ဖြစ်နေတာ ဖြစ်ပါတယ်။
မတတ်သာလို့ အမိန့် နာခံနေကြရမယ်။ မလွှဲသာလို့ ခိုင်းတာလုပ်နေရမယ်။ အခြေအနေ ပေးတာနဲ့ လူထုဖက်ကို ပူးပေါင်းကြမှာပဲ။ နယ်စပ်နဲ့ နီးတဲ့နေရာတွေမှာ ရောက်နေတဲ့ စစ်တပ်တွေက စစ်သားတွေဆို တော်လှန်ရေး တပ်တွေနဲ့ ပူးပေါင်းကြတယ်။ တဖက်နိုင်ငံတွေထဲ ၀င်ပြေးကြတယ်။ တတိယနိုင်ငံ ရောက်ကုန်တယ်။ ဒါမျိုးတွေ အများကြီး ဖြစ်နေတယ်။ ဖင်လန်နိုင်ငံ မှာတင်ပဲ တပ်က ပြေးလာတဲ့ တပ်ပြေး ရဲဘော်လေးတွေ တပုံကြီး ရှိတယ်။ န.အ.ဖ ထိုးစစ်ကြောင့် ဒေသခံလူထုတွေ ထွက်ပြေး နေရသလို၊ စစ်သားတွေ ကိုယ်တိုင်ပါ ထွက်ပြေး နေကြရတယ်။ ကိုယ့် ဘက်က လုပ်ရမှာက ထွက်ပြေးလာတဲ့ သူတွေကို အဖြူ၊ အမည်း ခွဲမနေပဲ နွေးထွေးစွာ ကြိုဆိုဖို့နဲ့ လုံခြုံမှုကို အာမခံပေးဖို့ လိုပါတယ်။ တပ်က ထွက်ပြေးတာဟာ စစ်အာဏာရှင် စံနစ်ကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ (ခေတ်မှီစွာ) တနိုင်တပိုင် ဆန့်ကျင်တာ ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။
န.အ.ဖ စိတ်ဝင်စားနေတဲ့ အကြောင်းအရာ အတော်များများ ရှိပါလိမ့်မယ်။ ဒါပေမယ့် လောလောဆယ် အကြောင်းအရာ ၄ခု အပေါ်မှာ အာရုံစိုက်ထားတာ တွေ့နေရတယ်။
• စက်တင်ဘာ ရွှေဝါရောင် တစ္ဆေ အခြောက် ခံနေရတယ်။ မြို့ပေါ် ဖိနှိပ်မှုတွေ နင်းကန်လုပ်နေတယ်။
• ဒေါ်အောင်ဆန်းစုကြည် အမှု တကျော့ပြန် ၀င်လာနေတယ်။ အောက်တိုဘာလ ဆန်းတာနဲ့ ဆုံးဖြတ် ရတော့မယ်။
• နယ်ခြားစောင့်တပ် အဖြစ်အသွင် ကူးပြောင်းရေးကို ၆လ အချိန်ပေးထားတယ်။ အောက်တိုဘာလ ထဲမှာ အချိန်စေ့မယ်။
• အမေရိကန် အစိုးရက မြန်မာနိုင်ငံ ဆိုင်ရာမူဝါဒ ရေးရာပြုပြင်မှုတွေ လုပ်မယ်။ အောက်တိုဘာ လထဲမှာပဲ။
ဒီအကြောင်းအရာ ၄ ခုကို ၂၀၀၉ ခုနှစ်မှာ အပြတ်ဖြတ် ထားနိုင်မှ ၂၀၁၀ ရွေးကောက်ပွဲကို စိတ်အေးလက်အေး လုပ်နိုင် မယ်လို့ န.အ.ဖ စစ်ကောင်စီက ယူဆနေပုံ ရပါတယ်။ ရွေးကောက်ပွဲက ၂၀၁၀ မှာလုပ်မယ်သာ ပြောတယ်။ ဘယ်တော့ ဆိုတာ မကြေညာ ရဲသေးဘူး။ ရွေးကောက်ပွဲ ဥပဒေမထုတ်ပြန်ပဲ လက်ဦးမှုယူတဲ့ အနေနဲ့ သူ့ဘက်က အရင်စပြီး အကြို စည်းရုံးမှုတွေ လုပ်နေတယ်။ ၀န်ကြီးတွေ ၀န်ကလေးတွေက အမတ်စာရင်း သွင်းနေကြတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ဗလာ ချည်း ထောက်ခံနေတဲ့ အေးလွင်တို့ နေမျိုးဝေတို့ ဦးသုဝေ တို့ကလည်း ဒါတွေကြည့်ပြီး လိုက်လုပ်ကြရော။ ကိုယ့်သဘောနဲ့ကိုယ် ဆိုင်းဘုတ်တွေထောင်၊ ဟောပြောမှုတွေ လုပ်ကြတော့ န.အ.ဖ စစ်ကောင်စီ ကျွဲမြီးတို သွားပုံရတယ်။ ခေါ်ပြီး ဆူပူ ကြိမ်းမောင်းတာ တွေ့ရတယ်။ စစ်အုပ်စု သွားနေတာက လက်ဦးမှု ယူပြီး သွားနေတာ။ ဒါကို နားမလည်ကြဘူး ဆိုတော့ အင်း .. အရိပ်၃ပါး နားမလည်တဲ့ ချေသူငယ်ဟာ နောက်ဆုံးမှာ ကျားစာဖြစ်တာပဲ လို့သာ ပြောရတော့မှာပဲ။
စစ်အုပ်စု သွားနေတာက သပိတ်ဝင် အိတ်ဝင်နည်း “အရင်ထောက်ခံကြ နောက်မှ ထုတ်ပြန်ကြေညာမယ်”။ အဲဒီလို။ ၂၀၀၈ ဆန္ဒခံယူပွဲ တုန်းကလည်း ဒီလိုပဲ လုပ်ခဲ့တယ် မဟုတ်လား။ ဆန္ဒမဲက ပေးရတော့မယ်။ ဖွဲ့စည်းပုံက လူထုလက်ထဲ မရောက်သေးဘူး။ ထွက်လာတော့လည်း ပိုက်ဆံပေး ၀ယ်ကြတဲ့။ တကဲ့ သပိတ်ဝင် အိတ်ဝင်နည်း။ ဆန္ဒမဲသာ ပေးရတယ် ဖွဲ့စည်းပုံ ဆိုတာကြီးက ငပြူးလား ငပြဲလား မသိခဲ့ကြရဘူး။ ငပြူးမှန်းမသိ ငပြဲမှန်းမသိ မဲပေးခဲ့ကြရတယ်။ အခုလည်း စစ်အုပ်စုက ၂၀၁၀ ရွေးကောက်ပွဲကို အရင် လက်ခံတယ်ပြော။ ကျန်တာ နောက်မှပေါ့။ ဒီလိုမျိုးလုပ်ချင်တယ်။ ကေအိုင်အို ကချင်နဲ့ ဆွေးနွေးတော့ ဒီလိုပဲပြောတာပဲ။ ကေအိုင်အိုက ရွေးကောက်ပွဲကို ကေအိုင်အို အနေနဲ့ မ၀င်ဘူး။ ပါတီသပ်သပ် ထောင်ပြီး ၀င်မယ်ဆိုတော့ န.အ.ဖ အောင့်သက်သက် ဖြစ်ရတယ်။ ပါးစပ်က မူအားဖြင့် သဘောတူညီမှု ရပြီလို့သာ တုံ့ပြန် လိုက်ရတယ်။ စိတ်ထဲက မပါဘူး။ အကြံထုတ် နေရတယ်။
မွန်အမျိုးသား တွေကလည်း စစ်အုပ်စုအထာကို ကောင်းကောင်း ပေါက်ကြပါတယ်။ လုပ်ငန်းကော်မတီ တခုဖွဲ့လိုက်တယ်။ လုပ်ငန်းကော်မတီက ရွေးကောက်ပွဲ ၀င်သင့် မ၀င်သင့် အရင်လေ့လာမယ်။ နောက်မှ ၀င်ချင်ဝင်မယ်။ ၀င်မယ်ဆိုတော့မှ လုပ်ငန်းကော်မတီ ကနေ နိုင်ငံရေးပါတီအဖြစ် အသွင်ကူးပြောင်း ကြလိမ့်မယ်။ စစ်အုပ်စုရဲ့ “အရင်ထောက်ခံကြ နောက်မှ ထုတ်ပြန်ကြေညာမယ်” ကို “အရင် ထုတ်ပြန်လိုက် နောက်မှ သဘောထားပေးမယ်” နဲ့ တုံ့ပြန်လိုက်တာ ဖြစ်တယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကလည်း ရွှေဂုံတိုင် ကြေညာချက်မှာ အလားတူ ပြောထားတာပဲ။ ၂၀၁၀ တွက်ကိန်းက မှန်းချက်နဲ့ နှမ်းထွက် မကိုက်တော့ န.အ.ဖ စစ်ကောင်စီ တခုခုကြံနေပုံ ရတယ်။ လောလောဆယ်တော့ ကနေဒါက သံတော်ဆင့် သတင်းစာကိုမြင့်ရွှေ ဆီက သတင်း ထွက်လာတာ တွေ့ရတယ်။ ရွေးကောက်ပွဲကို ၂၀၁၀ ဆယ်လပိုင်း ဆယ်ရက်နေ့ လုပ်မယ်တဲ့။ ၈ လေးလုံး ကို ဘူကြီးနဲ့ စားမှာတဲ့။ နိုင်ငံရေးကို ဖဲသမားဥာဏ်နဲ့ တွက်ကြတာ အံ့သြတယ်။ ကျနော်တို့ကတော့ လေလည် ပြတယ်လို့ပဲ အောက်မေ့ပါတယ်။ ၀မ်းသာချင်တဲ့ သူတွေ ၀မ်းသာကြပါ။
ဗုံးပေါက်တိုင်း စစ်အုပ်စုက အတိုက်အခံတွေကို လက်ညိုးထိုးတယ်။ NLD အဖွဲ့ဝင် သက်ကြီးရွယ်အိုကြီးကို ဖောက်ခွဲရေး အမှုနဲ့ ထောင်ချခဲ့ဘူးတယ်။ အခုလည်း ရန်ကုန်မှာ ဗုံးတွေပေါက်ပြန်ပြီ။ ဘယ်သူ့ လက်ညိုးထိုးဦးမလဲ။ လောလောဆယ်တော့ ကိုညီညီအောင် ခမျာ စွပ်စွဲ ခံထားရရှာတယ်။ အဖြစ်အပျက်က အမေရိကန်တွေ မူဝါဒကြားနာပွဲ လုပ်ဖို့ စီစဉ်နေတာ နဲ့ သွားပြီး တိုက်ဆိုင်နေတယ်။ အမေရိကန် နိုင်ငံသားချင်း အတူတူ ယက်တော မှဲ့တပေါက် မစွန်းခဲ့ဘူး။ ကိုညီညီအောင် မှာတော့ အညိုအမဲတွေ စွဲပြီး တကိုယ်လုံး ဖူးယောင်နေပြီ။ ယက်တောကို သေနတ်တချက် အမြောက်တချက် မဖောက်ရပဲ ကယ်ထုတ်နိုင်ခဲ့တဲ့ သူရဲကောင်းကြီး ဂျင်ဝက်ဘ် ဘာပြောမလဲ။ နားထောင် ချင်ပါတယ်။
အမေရိကန်တွေ ချမှတ်မယ့် မူဝါဒ အသစ်ဆိုတာ အများဖြစ်စေချင်တဲ့ ပြတ်သားမှု ရှိတဲ့ မူဝါဒ မဖြစ်နိုင်ပါဘူး။ ပိတ်ဆို့မှု ဆိုတာမှာလည်း အထည်ချုပ် စက်ရုံလောက်၊ ဆပ်ပြာစက်ရုံ လောက်ကိုပဲ စကားထဲ ထည့်ပြော နေကြတာပါ။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံပေါင်း ၂၀ လောက်ရှိပါတယ်။ အဲဒီထဲမှာ အမေရိကန် နဲ့ ဥရောပနိုင်ငံတွေက ရေနံ လုပ်ငန်းကြီးတွေ ပါပါတယ်။ အဓိက ၀င်ငွေကို အဲဒီကနေ ရနေတာပါ။ ဒို့တွေ ထွက်သွားလည်း သူတို့တွေ ၀င်လာမှာပဲ ဆိုတဲ့ အကြောင်းပြချက်ကလည်း မခိုင်လုံဘူးလို့ မြင်ပါတယ်။ မခိုင်လုံတဲ့ အကြောင်းပြချက်ကို မူဝါဒတခုလို လုပ်မယ်ဆိုရင်တော့ ထွက်လာ မည့်မူဝါဒက ဒို့တွေ မထောက်ခံလဲ သူတို့တွေ (အာရှနိုင်ငံ အစိုးရတွေ) ထောက်ခံနေတာပဲ ဒီတော့ ဒို့တွေလည်း ထောက်ခံ လိုက်ရအောင်ပါ ဆိုတဲ့ ထောက်ခံရေး မူသာ ဖြစ်ပါလိမ့်မယ်။
စက်တင်ဘာ လှုပ်ရှားမှုအပြီးမှာ ပေါ်လာတဲ့ မြို့ပြပျောက်ကြား တွေကတော့ မူဝါဒတွေ အပေါ်မှာ ယစ်မူး သာယာနေမည့် သူတွေ မဟုတ်ပါဘူး။ အတွေးအခေါ် ရှိတဲ့သူတွေ အခြေအနေကို နားလည်တတ်တဲ့ သူတွေဖြစ်တဲ့ အလျှောက် ရန်သူ-မိတ်ဆွေ ခွဲခြား တတ်ပါတယ်။ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်အာဏာရှင် စံနစ်နဲ့ တပ်မတော်သားကို ခွဲခြားတတ်တယ်။ စစ်နောက်ပိုင်း ဒေသတွေမှာ ရန်သူ့ပစ္စည်းတွေ၊ ဂိုဒေါင်တွေ ဖျက်ဆီးကောင်း ဖျက်ဆီးမယ်။ မော်တော်ယာဉ်တွေကို မီးရှို့ကောင်းရှို့မယ်၊ တံတားတွေကို ချိုးဖျက်ကောင်း ချိုးဖျက်မယ်။ ဆန္ဒမပါပဲ အမိန့်အရ လုံခြုံရေး ယူနေရတဲ့ သာမန် စစ်သားလေး တယောက်ကို ခဲ(ဂဲ)နဲ့ တောင် မပေါက်ပါ။ လက်နက်ကိုင် အကြမ်းဖက်မှုကို လုပ်နေတာ - လုပ်နိုင်တာ န.အ.ဖ စစ်ကောင်စီ ပဲရှိပါတယ်။
သားဆွေ
လူထုအသံမှကူးယူဖေါ်ပြသည်

ထိုင်းနှင့် ကရင်နီ နယ်စပ်လမ်းကြောင်း တရားဝင်ဖွင့်လှစ်ဟုဆို

ကန္တာရ၀တီတိုင်း(မ်)/ စက်တင်ဘာ ၂၅၊ ၂၀၀၉

ထိုင်း-ကရင်နီနယ်စပ် လမ်းကြောင်းတခုဖြစ်သည့် ဟွေ့ပူလောင်းဂိတ်ကို ယမန်နေ့က နယ်စပ်ရှိ အပစ်ရပ် ခေါင်းဆောင်နှင့် ထိုင်းဒေသခံအာဏာပိုင်များက တရားဝင် ဖွင့်လှစ်လိုက်သည်ဟု ဆိုသည်။
နယ်စပ်အမှတ် ၁၀ ဟွေ့ပူလောင်း ဂိတ်အား ၂၀၀၅ ခုနှစ်မှစတင်၍ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး ကလလတ အဖွဲ့နှင့် မယ်ဟောင်ဆောင် ဒေသ အာဏာပိုင်အချို့က မှောင်ခိုလမ်းသဖွယ် ဖွင့်ထားကြရာမှ ယခုအကြိမ် တရားဝင်ပြန်လည် ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု မယ်ဟောင်ဆောင်ခရိုင်မှ ထိုင်းစစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြောပါသည်။
တရားဝင်ဖွင့်လှစ်နိုင်ရေးအတွက် ကရင်နီပြည် လွိုင်ကော် ဒကစမှအရာရှိများကို ဖိတ်ခေါ်ထားသော်လည်း တက်ရောက်မှုမရှိဘဲ ထိုင်းဘက်မှ မယ်ဟောင်ဆောင်ခရိုင် မြို့ဝန်နှင့်တကွ ဒေသခံ သစ်ကုမ္ပဏီမှ ကိုယ်စားလှယ် များက ဟွေ့ပူလောင်းသို့သွားရောက်၍ ကလလတ ကိုယ်စားလှယ်များဖြင့်သာ ဖွင့်လှစ်ကျင်းပခဲ့သည်။

ဟွေ့ပူလောင်းလမ်းဖြင့် ပြည်တွင်းသို့ အမြဲတမ်း သွားလာလေ့ရှိသည့်ကုန်သည်တဦးက “အရင်တုန်းက မှောင်ခိုနဲ့ သွားသွားလာလာနေရတယ်။ ဒီရက် ဂိတ်ကိုဖွင့်လိုက်ပြီ ဆိုတော့ စီးပွားရေး လုပ်တာလည်း ကောင်းလာမယ် အရင်က လူသွားလူလာ ရှိတယ် ဒါပေမဲ့ ခုတော့ဂိတ်ဖွင့်ပြီဆိုတော့ အများကြီး လူတွေသွားလာ ကြမှာပဲ” ဟု ပြော သည်။
ယခုအချိန်သည် စစ်အစိုးရမှ ကလလတအား နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ဖိအားပေးထားသည့် အချိန်ဖြစ်သလို ၂၀၁၀ရွေးကောက်ပွဲကိုလည်း ထောက်ခံမှုများပေးလာနိုင်ရန်အတွက် ထိုနယ်စပ်လမ်းကို အခွင့်အရေးတရပ်အနေဖြင့် ဖွင့်ခွင့်ပေးလိုက်ခြင်းဖြစ်သည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ကေအဲန်ပီပီမှ အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က ပြောသည်။
၎င်းက “တရားဝင်လို့ ဖွင့်ထားတာမဟုတ်ဘူး အရင်တုန်းက၊ ရွေးကောက်ပွဲနီးလာမှ တရားဝင်ဆိုမှ ဒါမက်လုံးပေး လိုက်တဲ့ သဘောပဲလေ ကလလတကို မက်လုံးပေးတာ၊ တကယ်တမ်းကျတော့ သူတို့ပေးထားတဲ့ မက်လုံးက ဒီရွေးကောက်ပွဲ မတိုင်ခင်အထိတော့ ကလလတ အနေနဲ့ စီးပွားရေးလုပ်ပြီးမှ အကျိုးအမြတ် တစုံတရာ ရရှိနိုင်တယ် ဒါပေမဲ့လည်း ရွေးကောက်ပွဲ ပြီးသွားတဲ့ နောက်ပိုင်းမှာတော့ တစုံတရာ ပြောင်းလဲမှု ရှိနိုင်တယ် ဒီလိုပဲ အမြဲလုပ်နေကျပဲလေ နအဖက” ဟုဆိုသည်။
အမှန်တကယ် တရားဝင်ဖွင့်လှစ်မှု ဖြစ်ပေါ်နိုင်မည်ဆိုပါက ကရင်နီပြည် သံလွင်အရှေ့ဘက်ကမ်းရှိ ရှားပါးသည့် ကျွန်းသစ်များကို ထိုင်းဘက်သို့ တင်ပို့ရောင်းချရမည် ဖြစ်သည်။ လမ်းဖွင့်လှစ်ခြင်းသည် ပြည်သူလူထု သွားလာရေး အတွက် အဆင်ပြေစေသော်လည်း ပြီးခဲ့သည့် ၁၉၉၅ခုနှစ်တွင် အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် သစ်ထုတ် လုပ်ငန်းကို စစ်ဗိုလ်တစုနှင့် လက်နက်ကိုင်လူနည်းစုများကသာ အဓိကထိန်းချုပ်လုပ်ကိုင်ခဲ့ကြရာ ကရင်နီပြည် သံလွင်အရှေ့ဘက်ခြမ်းတွင် သစ်တော ပြုန်းတီးမှုပြဿနာနှင့် ရင်ဆိုင်ခဲ့ကြရသည်။

KNU တပ်မဟာ ၆ ဧရိယာတွင်ပြောက်ကျားပစ်ခတ်မှုဆက်လက်ဖြစ်ပွား

Kaowao
စက်တင်ဘာ ၂၅၊၂၀၀၉။

စံခလပူရီ(စက်တင်ဘာ-၂၅)။ ။ ဘုရားသုံးဆူမြို့မှ အနန်းကွင်းရွာဖက်သို့အပြန် မဲဇလီရွာအနီး၌ ယမန်နေ့နံနက် တွင် ခမရ ၃၅၆စစ်ကြောင်း ၂ ကို KNU မှခြုံခိုတိုက်ခိုက်ခဲ့ရာ မြန်မာတပ်ကြပ်တစ်ဦး ပေါင်တွင်သေနတ်မှန် ဒဏ်ရာ ရရှိခဲ့သည်ဟု KNU တပ်မဟာ ၆ ပြောခွင့်ရ ဗဒိုစောထဲနေက ပြောပါသည်။

တိုက်ခိုက်မှုမှာ ခဏတာမျှကြာမြင့်ပြီး မြန်မာစစ်အစိုးရတပ်ဖွဲ့ဝင်မှ တပ်ကြပ်ကျော်သူနိုင် ဒဏ်ရာအပြင်းအထန်ရရှိ ခဲ့သည်ဟု သိရသည်။

KNLA တပ်ရင်း ၁၆၊ တပ်ခွဲ ၂၊ တပ်ကြပ်ကြီး စောထီးထော့ ဦးစီးပြီး အဆိုပါနအဖစစ်ကြောင်းကို တိုက်ခိုက်ခဲ့သည် ဟု KNU ပြောခွင့်ရက ဆိုသည်။

ထွက်ပြေးလွတ်မြောက်လာသော ပေါ်တာတစ်ဦးအဆိုအရ ယင်းမြန်မာနအဖစစ်ကြောင်းသည် သံဖြူဇရပ်- ဘုရားသုံးဆူ သေမင်းတမန်တောင်ကြား ကားလမ်းမအတိုင်း မသွားဝံ့၍ တောင်ထိပ်လမ်းများကို မြေပုံကြည့်ပြီး သွားကြရသည်ဟုဆိုပါသည်။

စက်တင်ဘာလ ၂၄ ရက်နေ့၌ ကရင်ပြည်နယ်၊ သင်ကန်းညီနောင်မှ အင်အား ၄၀ ခန့်ရှိ ခမရ ၃၅၅ စစ်ကြောင်း ဘုရားသုံးဆူမြို့ဒေသသို့ အစားထိုးရောက်ရှိလာပြီး ဤဒေသ၌သုံးလခန့်လှုပ်ရှားနေခဲ့သော ခမရ ၃၅၆ စစ်ကြောင်း မိခင်တပ်ရင်းသို့နောက်တန်းအပြန်ခရီးဖြစ်သည်ဟု စစ်ရေးအကဲခတ်များက ပြောဆိုနေကြသည်။

ယင်းခမရ ၃၅၆ စစ်ကြောင်းသည် ယခုလ ၁၃ ရက်နေ့၌ ချောင်းဆုံးရွာ လှေဂိတ်အနီး KNU ရှေ့ထွက်မိုင်းဒဏ် ကြောင့် နအဖစစ်သား ၅ ဦးပွဲချင်းပြီးကျဆုံးခဲ့သည်၊ ကျန်ထိခိုက်သူ စစ်သား ၈ ဦးအနက် ၃ ဦးမှာ ဒဏ်ရာပြင်းထန် ပြီးနောက်ပိုင်းတွင် သေဆုံးသွားသည်ဟု စစ်တပ်အသိုင်းအဝိုနှင့်နီးစပ်သော စီပွားရေးသမားအချို့က ပြောကြား ခဲ့သည်။

ထိုမတိုင်မီတစ်ရက်အလို စက်တင်ဘာ ၁၂ ရက်နေ့တွင်လည်း ယင်းခမရ ၃၅၆ စစ်ကြောင်းသည် အပလုံရွာအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်ကြပ်ကြီးတစ်ဦးသေ၊ ရဲဘော်တစ်ဦးဒဏ်ရာရခဲ့သည်။

ဒုရင်းမှူးဗိုလ်မှူး အောင်မိုးမြင့်ဦးစီးသော ယင်းခမရ ၃၅၆ သည် ဘုရားသုံးဆူဒေသသို့ စတင်လာရောက်စဉ် အင်အား ၅၀ ခန့်ရှိပြီး ယခုတွင် ၄၀ ခန့်သာကျန်ရှိသည်ဟု မျက်မြင်များရေတွက်မှုအရ သိရသည်။

စက်တင်ဘာလ ၁၃ က်နေ့တွင် KNU တို့ တိုက်ခိုက်လိုက်သောမိုင်းမှာ လုံးဝမထင်မှတ်နိုင်သောနေရာ၌ ဖြစ်ပေါ်ခဲ့၍ အရာရှိများပေါ့လျော့မှုကြောင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က ယူဆသဖြင့် ခမရ ၃၅၆ ဒုရင်းမှူး အရေးယူခံရဖွယ် ရှိသည်ဟု အကဲခတ်များပြောဆိုနေကြ၏။

သင်ကန်းညီနောင်အခြေစိုက် စကခ ၁၂ လက်အောက်ခံ ၄င်းနအဖခြေမြန်တပ်ဖွဲ့များသည် ဘုရားသုံးဆူဒေသရှိ DKBA တပ်ဖွဲ့ဝင်များ KNU တပ်မဟာ၆ ကို ဖြိုခွင်းနိုင်ရန် နောက်မှဝန်းရံပေးသော မြန်မာစစ်အစိုးရတပ်ဖွဲ့များ ဖြစ်ကြသည်။

monthly news 07 Kwekalu Karen

monthly news 07 Kwekalu Karen

KHRG:Security concerns for new refugees in Tha Song Yang: Update on increased landmine risks

KHRG:Security concerns for in Tha Song Yang: Update on increased landmine risks new refugees in Tha Song Yang: Update on increased landmine risks

Friday, September 25, 2009

ရပ်ကွက်တွင်း စစ်ဆေးမှု ပိုများလာ

Submitted by Karen Information Center on September 23, 2009 – 4:25 amNo Comment.စက်တင်ဘာ ၂၃ရက်။
ကေအိုင်စီ
ကရင်ပြည်နယ် မြ၀တီမြို့ရှိ ရပ်ကွက်တိုင်းတွင် ယခုလဆန်းပိုင်းမှစ၍ လက်ရှိအချိန်ထိ ညစဉ် ကင်းလှည့်လည်စစ်ဆေးမှုများ ပိုမိုများပြားလာသည်ဟု မြ၀တီမြို့ခံများက ပြောသည်။
အဆိုပါကင်းလှည့်စစ်ဆေးမှုကို ရပ်ကွက်မှူးများနှင့် ရပ်ကွက်လုံခြုံရေး တာဝန်ရှိသူများက ညဘက် (၉)နာရီအချိန်မှစ၍ အ လှည့်ကျစနစ်ဖြင့် ညစဉ် လုပ်ဆောင်သွားကြသည်ဟုလည်း သိရသည်။

ထိုသို့ဖြစ်ရခြင်းမှာ ယခင်လမကုန်ခင်က “ပြည်သူများ ဆင်းရဲတွင်းက လွတ်ကင်းလိုရင် စစ်အစိုးရကို ဆန့်ကျင်ကြ”ဟူသော စာသားရေးသားထားသည့် စာရွက်များကို လူစည်ကားရာနေရာအချို့တွင် လာရောက်ကပ်သွားသည့်အပေါ် နောက်ထပ် လှုပ် ရှားမှု ထပ်မံ မဖြစ်ပေါ်စေရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြ၀တီမြို့ ရပ်ကွက်(၃)တွင် နေထိုင်သူတဦးက ပြောသည်။

၎င်းအပြင် ယခုလသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု၏ နှစ်ပတ်လည်အချိန် ဖြစ်သောကြောင့် ယခုလို လှည့်လည်မှုများ ပြုလုပ်ရခြင်းဖြစ်သည်ဟု မြို့ခံများက သုံးသပ်နေကြသည်။

ထိုလုပ်ဆောင်ချက်များအပြင် ၀ါတွင်းကာလ သံဃာ့တော်များ၏ အရေအတွက်ကို ကောက်ယူထားပြီး လစဉ် သံဃာ့ဦးရေ အ တိုးအလျှော့ကို သက်ဆိုင်ရာ အာဏာပိုင်များက စိစစ်စောင့်ကြည့်လျှက်ရှိသည်ဟုလည်း မြို့ခံကုန်သည်တဦးက ယခုလို ပြော သည်။

အမည်မဖော်လိုသူမြို့ခံတဦးက “ပြီးခဲ့တဲ့အပတ်က စအဖ ရုံးကို ဖုန်းဝင်လာတယ်။ ဒီလမှာ သံဃာစာရင်းတွေက များလှချည် လား။ ဘာကြောင့်များလာရတာလဲ မေးလာတယ်။ ၀ါတွင်းဆိုတာ သံဃာတော်တွေ အတိုး၊ အလျှော့ မရှိရဘူးလို့ သူတို့(အာ ဏာပိုင်)တွေက သတ်မှတ်ထားကြတာကိုး။ အခု ဒီလထဲမှာ သံဃာဦးရေက ၀ါမ၀င်ခင်က ကောက်ယူထားတဲ့ စာရင်းထက်ပို နေတာကို သူတို့က သံသယ ဖြစ်နေတယ်”ဟု ဆိုသည်။

မြ၀တီမြို့တွင် မေတ္တာလင်းမြိုင်၊ အောင်မြေရွှေဘုံသာ အပါအ၀င် ရပ်ကွက်ပေါင်း (၇)ခုရှိပြီး ယင်းသို့ကင်းလှည့်စစ်ဆေးမှုများ ကို ကော့ကရိတ်မြို့တွင်လည်း အလားတူ လုပ်ဆောင်လျှက်ရှိသည်ဟု ကော့ကရိတ်မြို့သူတဦးက ဆိုသည်။

တပ်မဟာ(၅)တွင် ထိုးစစ် စတင်နေပြီ

Submitted by Karen Information Center on September 24, 2009 – 4:59 amNo Comment.
စက်တင်ဘာလ (၂၄)ရက်။ နန်းထူးစံ (ကေအိုင်စီ)
ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ) တပ်မဟာ(၅)နယ်မြေတွင် နအဖနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့များက ယခုလ အစောပိုင်းမှစ၍ စစ်ရေးပိုမိုလှုပ်ရှားလာခြင်း သည် တပ်မဟာ(၅)နယ်မြေထိုးစစ်ကို စတင်နေခြင်းဖြစ်ကြောင်း တပ်မဟာ(၅) တပ်ရေးဗိုလ်က ကေအိုင်စီကို ပြောသည်။
အဆိုပါတပ်ရေးဗိုလ် ဗိုလ်မှူးစောကလယ်ဒို့က “ကျနော်တို့ တပ်မဟာမှာ အခု နအဖ တပ်မ(၁၁) လက်အောက်ခံ ခမရ(၂၁၆)နဲ့ ဒီကေဘီအေ တပ်(၆၆၆)၊ (၃၃၃)၊ (၇၇၇) တပ်ဖွဲ့တွေရဲ့ တပ်ဖွဲ့အချို့။ ပူးပေါင်းတပ်ဖွဲ့ပေါ့နော်။ ဘူးသို မြို့နယ်မှာ လှုပ်ရှားမှု ပိုများလာတယ်။ အဲဒီတော့ ကျနော်တို့ အဖွဲ့နဲ့ တိုက်ပွဲသေးသေးလေးတွေ ဖြစ်ပွားတာရှိပါ တယ်။ ကြီးကြီးတော့ မဟုတ်ဘူး။ သူတို့ ပူးပေါင်းတပ်ဖွဲ့တွေ အခုလို စစ်ရေးလှုပ်ရှားတာကို ကြည့်ခြင်းအားဖြင့် ကျနော်တို့နယ်မြေမှာ ထိုးစစ်ကို စတင် အကောင်အထည်ဖော်တာ ဖြစ်နိုင်တယ်”ဟု ပြောသည်။

နအဖနှင့် ဒီကေဘီအေပူးပေါင်းတပ်ဖွဲ့များက ၎င်းတို့ ထိုးစစ်လှုပ်ရှားသည့်ဒေသများတွင် ကျေးရွာများသို့ ၀င်ရောက်ကာ စစ်သားများကောက်ခံ ခြင်း၊ ရွာသူရွာသားများကို ရိုက်နှက်ခြင်း၊ ဒေသခံများ သွားလာနေသည့် လမ်းများနှင့် ခြံများတွင် မိုင်းထောင်ထားခြင်းများအပြင် စက်တင်ဘာလ (၁၈)ရက်နေ့က ဘူးသိုမြို့နယ်ရှိ မယ်ကူးထာ့ကျေးရွာသား အသက်(၁၇)အရွယ်ရှိ ကရင်လူငယ်တဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့သည်ဟု နယ်ခံ တဦးက ယခုလို ပြောသည်။

“သူတို့ရဲ့ လှုပ်ရှားမှုမှာ နယ်ခံလူထုတွေတော့ တော်တော်ခံရတယ်။ ဒီလ (၁၈)ရက်နေ့က မယ်ကူးထာ့ ကျေးရွာသား ကျော်ဖားတိုကို ပစ်သတ်ခဲ့ တယ်။ အဲဒီလူငယ်က စကားမပြောတတ်၊ နားမကြားတဲ့သူဆိုတော့ သူတို့ခေါ်တာ မကြားလို့ဆိုပြီး ပစ်သတ်လိုက်တာ။ အခု သူတို့(နအဖ၊ ဒီကေ ဘီအေ) လှုပ်ရှားမှုက ရွာတွေရဲ့ ပတ်ဝန်းကျင်၊ ခြံထဲ၊ လူတွေသွားလာနေတဲ့လမ်းနဲ့ ချောင်းကမ်းပါးတွေမှာ မိုင်းတွေ ထောင်ထားကြတယ်။ ရွာသား တွေကို မထိပေမယ့် ရွာသားတွေရဲ့ ကျွဲတွေ၊ ဝက်တွေ ထိတာများတယ်”ဟု သူက ဆိုသည်။

ထို့အပြင် စက်တင်ဘာ (၁၂)ရက်နေ့ကလည်း ဖါးနားဒိ ဦးစီးသည့် ဒီကေဘီအေတပ်က ထိုဒေသရှိ ထီးဒို့ထာ့ ကျေးရွာထဲသို့ ၀င်ရောက်ပြီး ရွာသား စောထို့ကိ ၃၅နှစ်ကို ရွာအပြင်ဘက်ရှိ ကွမ်းသီးခြံထဲတွင် ပစ်သတ်ခဲ့ကြောင်း ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


ဘူးသိုမြို့နယ်ရှိ နအဖ နယ်စပ်တပ်စခန်းတခု
ယင်းသို့ နအဖနှင့် ဒီကေဘီအေတပ်များ ပိုမိုလှုပ်ရှားလာခြင်းကြောင့် တပ်မဟာ(၅)နယ်မြေအတွင်း ကေအဲန်အယ်လ်အေ တပ်ရင်း(၁၀၂) တပ်ဖွဲ့ နှင့် မကြာခဏ ပြောက်ကျားတိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ထိုဒေသအတွင်းရှိ ၎င်းတို့ပူးပေါင်းတပ်ဖွဲ့များ သွားလာလှုပ်ရှားရန် အသုံးပြုသည့် တံတားများကို ကေအဲန်အယ်လ်အေက လိုက်လံဖျက်ဆီးထားသည်ဟုလည်း သိရသည်။

နအဖ နှင့် ဒီကေဘီအေတပ်များသည် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နယ်စပ်တလျှောက်ရှိ ကေအဲန်ယူနယ်မြေများ ကို စိုးမိုးနိုင်ရန်အတွက် လွန်ခဲ့ သည့် ဇွန်လမှစ၍ ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေကို တိုက်ခိုက်သိမ်းဆည်းခဲ့ပြီး တပ်မဟာ(၆)နှင့် တပ်မဟာ(၅) ထိန်းချုပ်သည့် နယ်မြေများ ကိုလည်း ယခုလအတွင်း ထိုးစစ်ဆင်နေသဖြင့် ဒေသတွင်းရှိ ကေအဲန်အယ်လ်အေတပ်ဖွဲ့နှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရ သည်။

KHRG:Livelihood consequences of SPDC restrictions and patrols in Nyaunglebin District

2009 September 23

Livelihood consequences of SPDC restrictions and patrols in Nyaunglebin District

ကေအဲန်ယူတပ်ဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကြောင့် နအဖစစ်တပ် တပ်အပြောင်းအလဲ မလုပ်နိုင်သေး

စက်တင်ဘာလ ၂၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

တပ်မဟာ (၆)နယ်မြေတွင် ကေအဲန်အယ်လ်အေတပ်ဖွဲ့ဝင်တို့၏ ချုံခိုတိုက်ခိုက်မှုကြောင့် နအဖ ခမရ (၃၅၆)တပ်ရင်းနှင့် ခမရ(၃၅၅)တပ်ရင်းတို့ တပ်ပြောင်းရန် မဖြစ်သေးကြောင်း ကေအဲန်ယူ တပ်မဟာ(၆) ပြန်ကြားရေးဌာနက ပြောသည်။

တပ်မဟာ(၆)၏ ပြန်ကြားရေးဌာန တာဝန်ခံ စောထဲနေက “အခုအချိန်မှာ သူတို့(နအဖ)က အခြေအနေကို စောင့်ကြည့် နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ လောလောဆယ် ကျနော်တို့လူတွေက သူတို့ပြန်နိုင်မယ့်လမ်းကို သွားပြီးတော့ ကြို စောင့်နေတာကိုး။ သွားစောင့်တဲ့အဖွဲ့ မရှိတော့တဲ့အချိန်၊ ဒါမှမဟုတ် သတိလစ်တဲ့အချိန်ကျမှ ပြန်မှာပေါ့။ အဲဒီ ၃၅၆တပ် ရင်းဟာ လာတုန်းကလည်း အပစ်ခတ်ခံရတယ်လေ”ဟု ပြောသည်။


ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ချောင်းဆုံကျေးရွာတွင် အခြေချနေသော နအဖ ခမရ(၃၅၆)တပ် ရင်းနှင့် တပ်အပြောင်းအလဲလုပ်ရန် ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ရက်နေ့က ၀င်ရောက်လာသည့် ဒုဗိုလ်မှူးကြီးမင်းနိုင် ဦး ဦးစီးသော အင်အား ၆၀ပါ ခမရ(၃၅၅)တပ်ဖွဲ့အား ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆) တပ်ခွဲ(၂)မှ တပ်ကြပ်ကြီး စော ထီးထော့ ဦးဆောင်သောတပ်ဖွဲ့က အဖလုံကျေးရွာနားတွင်တကြိမ်၊ မြိုင်သာယာအနီးတွင်တကြိမ် ချုံခိုတိုက်ခိုက်ခဲ့သည်။

အဆိုပါချုံခိုတိုက်ခိုက်မှုတွင် မြန်မာစစ်တပ်မှ တပ်ကြပ်ကြီးတဦး ကျဆုံးကာ တပ်သားတဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ သော်လည်း ကေအဲန်အယ်လ်အေဘက်က ထိခိုက်ကျဆုံးမှု မရှိကြောင်း သိရသည်။

ကေအဲန်ယူ ဒူးပလာယာခရိုင် အတွင်းရေးမှူး စောလစ္စတန်က “နအဖ တပ်က တပ်မချိန်းဖြစ်တာ အချက်နှစ်ချက် ကျနော် သုံးသပ်မိတယ်။ ပထမတချက်က ဟိုနေ့က တပ်ချိန်းဖို့ ရောက်လာတဲ့ ခမရ(၃၅၅)က ကျနော်တို့လူတွေနဲ့ တိုက် ပွဲဖြစ်ခဲ့ရာမှာ သူတို့ဘက်က တော်တော်လေး အထိနာသွားတယ်။ အဲဒါကြောင့် တပ်ချိန်းမယ့်ကိစ္စကို နားစွင့်ရင်းနဲ့ နှောင့် နှေးတာ ဖြစ်နိုင်တယ်။ ဒုတိယတချက်က သူတို့နှစ်ဖွဲ့လုံးပေါင်းပြီးတော့ အစီအစဉ်တခုလည်း လုပ်ကောင်းလုပ်နိုင်တယ်” ဟု ပြောသည်။

ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေတွင် မကြာခဏ ပြောက်ကျားစစ်ဖြစ်ရာ ထိုဒေသရှိ ရွာသားများသည် တိုက်ပွဲအကြီးအ ကျယ် ဆက်ဖြစ်လာမည်ကို စိုးရိမ်နေကြပြီး လက်ရှိအချိန်တွင် ကေအဲန်ယူတပ်ဖွဲ့အနေဖြင့်လည်း နအဖစစ်တပ် သွားနိုင် သည့်နေရာများကို ပြောက်ကျားစနစ်ဖြင့် လိုက်လံစောင့်ဆိုင်းနေသည်ဟု သိရသည်။

မြန်မာစစ်တပ်နှင့် ကရင်အမျိုးသား အစည်းအရုံးတိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေ

မြန်မာစစ်အစိုးရတပ် နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့သည် ထိုင်းမြန်မာ နယ်စပ် ဘုရားသုံးဆူမြို့အနီး တွင် ယခုရက်ပိုင်းအတွင်း ခြုံခိုတိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်။

ယနေ့နံနက် (၇) နာရီတွင် ကေအဲန်ယူ လက်အောက်ခံ တပ်မဟာ (၆) ဒေသတွင်းရှိ ဘုရားသုံးဆူ မြို့နယ် သာ သိမ်ချောင်းတွင်း ဖြစ်ပွားသည့် ၅ မိနစ်ကြာခြုံခိုတိုက်ပွဲ တွင် မြန်မာစစ်အစိုးရတပ် ခမရ (၃၅၅) မှ တစ်ဦးကျ ဆုံးပြီး ၃ဦး ဒဏ်ရာ ရရှိခဲ့သည်။


ဒဏ်ရရှိသူထဲတွင် မြန်မာစစ်အစိုးရ စစ်ကြောင်းမှုး မင်းနိုင်ဦး ပါဝင်သည်ဟုကေအဲန်ယူ တပ်မဟာ(၆)မှ ဗိုလ်ကြီး ထွဲနေက ပြောသည်။

ယနေ့နှင့် ယမန်နေ့ နံနက်တွင် မြန်မာစစ်တပ် ခမရ (၃၅၅) လူအင်အား (၆၀)အား ကေအဲန်ယူ တပ်မဟာ (၆) တပ်ရင်း(၁၆)မှ လူအင်အား (၅)ယောက်က ခြုံခို တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဗိုလ်ကြီးထွဲနေက ယခုလို ပြော သည်။

“မနေ့က မနက်(၆)နာရီ ဘုရားသုံးဆူနဲ့ သံဖြူဇရပ်ကားလမ်းပေါ် အဇုံကျေးရွာ အောက်ဘက်မှာ တိုက် ပွဲ တစ်ကြိမ်ဖြစ်ပွားတယ်။ အဲဒီတိုက်ပွဲမှာ နအဖ ဘက်က တပ်ကြပ်ကြီး ကျော်မင်းနိုင် ကျဆုံးတယ်”

ယခုရက်ပိုင်းအတွင်း မြန်မာစစ်တပ် ခမရ ၃၅၅ သည် ခမရ ၃၅၆ နေရာတွင် အစားထိုး ၀င်ရောက်ရန် အသစ် ရောက်ရှိလာခြင်းဖြစ်ပြီး မြန်မာစစ်တပ်နှင့်ဒီကေဘီအေတို့သည် စစ်ကြောင်းထွက်လျှင် သီးသန့်သွားကြသဖြင့် မြန်မာတပ်ကိုသုံးကြိမ် ခြုံခိုတိုက်ခိုက် ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

၂၀၀၆ ခုနှစ်မှစပြီး ၂၀၀၉ ခုနှစ် ဇန်န၀ါရီလထိ ယင်းဒေသတ၀ှိုက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု ကေအဲန်ယူ ဒု-ဥက္ကဌ ပဒိုဒေးဗစ်သာကပေါက ပြောသည်။

ယခု တစ်ကြိမ်တွင်လည်း မြန်မာစစ်တပ်သည် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို အမြစ်ဖြုတ်ရေး၊ နယ်ခြား စောင့်တပ်အသွင်ပြောင်းရေးအတွက် မြန်မာစစ်အစိုးရဘက်မှ တိုက်ခိုက်စေခြင်း ဖြစ်နိုင်သည်ဟု ပဒိုဒေးဗစ် သာကပေါက သုံးသပ်သည်။

ဒီကေဘီအေတပ်ဖွဲ့ စောင့်ကြည့်စစ်ဆေးမှုကြောင့် ရွာသားများ အနေကြပ်

စက်တင်ဘာလ ၂၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)တပ်ဖွဲ့တို့က ကရင်ပြည်နယ် ၀င်းရေးမြို့နယ်ရှိ မဲ့က သာရွာသားများ၏ သွားလာရေးကို အောက်တိုဘာလ ၂၀ရက်နေ့ နောက်ပိုင်းတွင် စောင့်ကြည့်စစ်ဆေးနေသည့်အတွက် ရွာ သားများ အနေကြပ်ကြရသည်ဟု သိရသည်။

ရွာသားတဦးက “ဒီကေဘီအေက ရွာသားတွေ ပျံ့ကျဲနေမှာကို စိုးရိမ်တဲ့အတွက် ရွာသားတွေ မဲ့ကသာကနေ ဘုရားသုံးဆူကို ဘုရားကျောင်းသွားတက်လို့ရှိရင် ဘယ်သွားဘယ်လာ စစ်ဆေးမေးမြန်းတယ်။
မဲ့ကသာကနေ မိုင်းဘက်ကိုသွားရင်လည်း အ ထုပ်အပိုးအကြီးကြီး သယ်မသွားရဘူး။ တောင်ယာသွားရင်လည်း မနက်ပိုင်းသွားပြီးတော့ နေ့ချင်းပြန်ပဲ။ အိမ်ကိုပဲ ပြန်လာ အိပ်ရမယ်။ အဲသလိုမျိုး ရွာသားတွေကို အကြပ်ကိုင်တယ်။ ကော်သူးလေ(ကေအဲန်ယူ)နေတုန်းကတော့ သားငါးတွေကို ရွာ သားတွေ လွတ်လွတ်လပ်လပ် ရှာစားလို့ရတယ်။ အခုတော့ ဘာမှလုပ်လို့ မရတော့ဘူး”ဟု ပြောသည်။

ဒီကေဘီအေတပ်ဖွဲ့၏ ရွာတွင်းပစ်ခတ်မှုကြောင့် မဲ့ကသာရွာသူရွာသား ၁၆ဦးပါ အိမ်ထောင်စု (၄)စုသည် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ထိုင်းနိုင်ငံတောင်ပိုင်း စံခရဘူရီမြို့နယ်ထဲသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး နောက်ထပ် ရွာသားများ ထွက်မပြေး နိုင်အောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းသို့ ရွာသားများထွက်ပြေးရခြင်းမှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ရက်နေ့က ဗိုလ်ကြီးအေ၀မ်း ဦးဆောင်သည့် ဒီကေဘီ အေ (၉၀၅)တပ်ရင်း တပ်ခွဲ(၅)တပ်ဖွဲ့တို့က ရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ရွာသားများက ရွာတွင် မနေရဲကြ တော့ဘဲ နယ်စပ်သို့ ထွက်ပြေးခဲ့ရခြင်းဖြစ်သည်ဟု အဆိုပါဒေသခံက ပြောသည်။

၎င်းက “စက်တင်ဘာ (၁၆)ရက်နေ့က ဒီကေဘီအေ တပ်ရင်း(၉၀၅) တပ်ခွဲ(၅)မှူး ဗိုလ်အေ၀မ်းက မဲ့ကသာရွာကိုသွားဖို့အ တွက် သဘာဝရွာကိုရောက်တော့ ချောင်းကိုဖြတ်ကူးမဲ့အချိန်မှာ (M-79)နဲ့ သုံးလုံး လှမ်းပစ်တယ်။ လက်နက်ငယ် အချက် ၃၀ပစ်တယ်။ ဒါပေမယ့် ရွာသားတွေကိုတော့ တယောက်မှ မထိဘူး။ အဲဒီနောက် မဲ့ကသာချောင်းအတိုင်း သူတို့တက်သွားပြီး တော့ ချောင်းဘေးနား တောင်ယာတဲ ၄လုံးကို သေနတ်နဲ့ နောက်ထပ် ၁၀ချက် ထပ်ပစ်တယ်။ လူတွေလည်းရှိတာပေါ့။ အဲသ လို လိုက်ပစ်တော့ ရွာသားတွေကြောက်ပြီး မဲ့ကသာရွာပြင်မှာရှိတဲ့ တဲတွေ၊ အိမ်တွေက အိမ်ထောင်စု (၄)စု ထိုင်းဘက်ခြမ်း ထီးပယ်ခီးရွာကို ထွက်ပြေးသွားတယ်”ဟု ဆိုသည်။

လက်ရှိအချိန်တွင် မဲ့ကသာရွာတွင် တပ်အင်အား (၅၀)ကျော်ရှိ ဒုဗိုလ်မှူးကြီး စောနော်တယာ ဦးဆောင် သည့် ဒီကေဘီအေ (၉၀၇)တပ်ရင်းက မျက်ခြေမပြတ် စောင့်ကြပ်ထားပြီး သဘာဝရွာဘက်တွင် လူအင်အား(၄၀)ရှိ ဗိုလ်ကြီးအေ၀မ်း ဦးဆောင် သည့် ဒီကေဘီအေ (၉၀၅) တပ်ခွဲ(၅)တပ်ဖွဲ့က စောင့်ကြပ်ထားကြောင်း သိရသည်။

မဲ့ကသာကျေးရွာသည် ဘုရားသုံးဆူမြို့၏မြောက်ဘက် ၁၀ကီလိုမီတာ အကွာအဝေးတွင်ရှိပြီး အိမ်ခြေ ၁၅၀ကျော်ရှိသည်။ လက်ရှိအခြေအနေအရ ရွာ၏အရှေ့ဘက်ခြမ်းတွင် ဒီကေဘီအေ (၉၀၇)တပ်ရင်းက အခြေချနေပြီး ရွာ၏ပတ်ပတ်လည်တွင် ကေအဲန်ယူ-ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆)တပ်ဖွဲ့ဝင်တို့က လှုပ်ရှားလျှက်ရှိသည်။

Burma and the Karens-

2009 September 22
Burma and the Karens-

60 civilians fallen ill by an unknown disease in a Karen National Union (KNU)-controlled area

2009 September 22
tags: Human Rights, world focus on Burma, Junta, Burma, Karen, Myanmar, Genocide, KNU, KNLA, unknown diseaseby peacerunningAt least 60 civilians, mostly schoolchildren, have fallen ill by an unknown disease in an epidemic that has broken out in a Karen National Union (KNU)-controlled area in Papun district in northern Karen State.

About 300 people have been infected in the last two weeks, and about 60 remain in serious condition, Karen sources said.

Most of the victims are children from a middle school, which has closed due the outbreak, said Eh Na, the editor of Kwekalu, a Karen news organization.

Eh Na said a field medic speaking via satellite phone from Taw Auu Den, one of the affected villages, reported that he was unable to identify the disease.

The medic said the infected children suffered from sore throats, coughs and fevers up to 40 degrees Celsius.

“When children suffer such high fevers, there is a great risk that they can go into shock and fall unconscious,” Eh Na said.

The current epidemic has spread to four villages in Papun District, which Rangoon-based nongovernmental and international nongovernmental organizations cannot reach, he said. He said infected villagers faced higher risks because only limited amounts of medicine from relief groups such as the Free Burma Rangers and the Back Pack Health Workers Team could reach the villages due to their remote location.

The medic said several children died from a similar kind of disease in September, 2008. Malaria and seasonal influenza commonly infect people living in remote areas in Karen State.

Mahn Mahn, the director of the Back Pack Health Workers Team, said the symptoms of the disease are similar to those of seasonal flu, but it was more contagious and spread faster than anything they had experienced.

Mahn Mahn said he has sent a group of health workers to the affected areas to provide medicines and monitor the outbreak.
http://www.irrawaddy.org/article.php?art_id=16836

Wednesday, September 23, 2009

ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းနေကြသူများ ခင်ဗျား

မြန်မာ့ဒီမိုကရေစီအရေးအတွက် အာဏာရှင်စနစ်ကို စွန့်စွန့်စားစား တိုက်ဖျက်ခဲ့ကြသည့် သမိုင်းဝင် ရွှေဝါရောင် တော်လှန်ရေးကြီး (၂)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားနှင့် ရွှေဝါရောင် တော်လှန်ရေး၏ ကမ္ဘာကျော်ပြယုဂ်တခုဖြစ်သော ဂျပန်သတင်းထောက် နာဂါးအိ ခန်းဂျိ သတ်ဖြတ်ခံရမှု အောက်မေ့ဘွယ် အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါ၍ တခဲနက် ပါဝင်လှုပ်ရှားကြပါရန် လေးစားစွာ နှိုးဆော်အပ်ပါသည်။

နေရာ - တိုကျိုမြို့ ရှီဘူယ UN အဆောက်အဦရှေ့
နေ့ရက် - ၂၇-၉-၂ဝဝ၉ (တနင်္ဂနွေနေ့)
အချိန် - ညနေ (၃) နာရီမှ (၅) နာရီထိ
မှတ်ချက် - အဖွဲ့အစည်းပေါင်းစုံတို့၏ တာဝန်ခံ ကိုယ်စားလှယ်များ၊ ခေါင်းဆောင်များမှ အမှာစကား ပြောကြားခြင်း၊ ဘာသာပေါင်းစုံဖြင့် ဆုတောင်းမေတ္တာပို့သခြင်းနှင့် သရုပ်ပြပွဲ အစီအစဉ်များ ပါရှိပါမည်။


JAC – Information
Joint Action Committee of Burmese Community in Japan
在日ビルマー人共同行動実行委員会 JAC)参加団体

Tuesday, September 22, 2009

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်ချီတက်ပွဲ ပြုလုပ်

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်ချီတက်ပွဲ ပြုလုပ်
Monday, 21 September 2009 14:20 ဖြိုးကြီး .ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိန်းအမှတ် လမ်းလျှောက်ချီတက်ပွဲကို ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့ပြီး အင်အား ၁၀၀ ကျော် ပါဝင်ခဲ့သည်။

ယင်းကဲ့သို့ ချီတက်လမ်းလျှောက်ရခြင်းနှင့်ပတ်သက်၍ ဦးဆောင်ဆရာတော်တပါးဖြစ်သူ အရှင်သောပါက က “ဒီနေ့ကတော့ ကမ္ဘာငြိမ်းချမ်းရေးနေ့ ဖြစ်တဲ့အခါကြတော့ အားလုံး ငြိမ်းချမ်းဖို့ပါပဲ။ မငြိမ်းချမ်းသေးတဲ့ နိုင်ငံတွေ ငြိမ်းချမ်းဖို့နဲ့ အထူးသဖြင့် ဦးဇင်းတို့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးတွေ ရဖို့အတွက် လုပ်တာ” ဟု မိန့်ကြားသည်။


ယနေ့ပြုလုပ်သည့် လမ်းလျှောက်ချီတက်ပွဲ (ဓာတ်ပုံ - ရိုးမ ၃)
ထို့အပြင် ပြည်တွင်းပြည်ပတွင်ရှိသည့် သံဃာတော်များအနေဖြင့်လည်း ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းညီညွတ်စွာ လုပ်ဆောင်သွားရန် လျှောက်ထားလိုကြောင်း အရှင်သောပါက က ဆက်လက်မိန့်သည်။

မြန်မာပြည် ငြိမ်းချမ်းရေးအခြေအနေနှင့်ပတ်သက်၍ “ဦးဇင်းတို့ မြန်မာပြည်မှာက နျူကလီးယားလက်နက်တွေ ဘာတွေ တည်ဆောက်နေတယ်ကြားရတော့ ဦးဇင်းတို့အနေနဲ့ အတော် စိတ်မကောင်းဖြစ်တယ်။ တကယ်တမ်း မြန်မာပြည်မှာက လိုချင်နေတာ လက်နက်မဟုတ်ဘူး။ အစားအသောက်နဲ့ ငြိမ်းချမ်းရေးဖြစ်တယ်” ဟု ၎င်းက မိန့်သည်။

အဆိုပါ လမ်းလျှောက်ချီတက်ပွဲကို မဲဆောက်မြို့ ပန်းခြံမှ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားထိပ်အထိ ချီတက်သွားမည်ဖြစ်ကာ ဝတ်ပြုဆုတောင်းပွဲကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်မိန့်သည်။

ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ချီတက်ပွဲကို ထိုင်း-မြန်မာလှုပ်ရှားမှုကော်မတီ (TACTB)၊ နိုင်ငံတကာ ဗုဒ္ဓဘာသာအဖွဲ့၊ အမျိုးသမီးအဖွဲ့ချုပ်၊ မြန်မာရဟန်းတော်များအဖွဲ့နှင့် မြန်မာ့မိတ်ဆွေများအဖွဲ့ (Burma Partnership) အဖွဲ့တို့က ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မကြာသေးခင် ရက်ပိုင်းအတွင်း သံဃာ့အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က အောက်တိုဘာ (၃) ရက်နေ့မှ စတင်ကာ တတိယအကြိမ်မြောက် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ရန် တိုက်တွန်းကြေညာချက်များ ထွက်ပေါ်ပြီးနောက် ယခုကဲ့သို့ သံဃာများဦးဆောင်ပါဝင်သည့် လှုပ်ရှားမှုများ စတင်လာခြင်းဖြစ်သည်။

ကြွေလွင့်သွားတဲ့ကြယ်တပွင့်


တိုင်းပြည်နဲ့ လူမျိုးအတွက် အာဏာရှင်စနစ် လက်အောက်မှလွတ်မြောက်ဖို့  မင်းရဲ့နောက်ဆုံး ထွက်သက်အထိ ပေးဆပ်ခဲ့ပြီမို့  knl (japan) မှ အထူးဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။ ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူဝမ်းနည်းပါကြောင်း အထူးပြောကြားလိုပါသည်။ ကောင်းရာသုကတိလားပါစေ..ရဲဘော် ဒီးဂေထူးရေ......

နိုင်ငံမဲ့ဖြစ်နေသည့် လူငယ်လေး မောင်သောင်ဒီ နိုင်ငံတကာ စက္ကူလေယာဉ်ပြိုင်ပွဲတွင် တတိယဆုရရှိ


ထိုင်းနိုင်ငံက ဗမာပြည်မင်းလုပ်အုပ်ချူပ်နေတဲ့ကောင်တွေ ကို ယဉ်ယဉ်လေးနဲ့  ပညာပေးလိုက်ပါပြီ. ဗမာပြည်သား ရှမ်းတိုင်းရင်းသားလေးက ထိုင်းနိုင်ငံဂုဏ်ဆောင်ပြီး ထိုင်းဘုရင်မင်းမြတ် ပုံကို ကိုင်၍ ဆုဆူးခွတ်နေတဲ့ ပုံကို ကြည့်ပြီး ဗမာ့တပ်မတော်မှ စစ်ခေါင်းဆောင်ကြီးများ မိမိတို့  တိုင်းသူပြည်သားတွေအပေါ် ကျူးလွန်ခဲ့ပြီးသော လုပ်ရပ်တွေကို သေသေချာချာ စဉ်းစားဖို့ သင့်ပြီဆိုဒါ ပြောကြားလိုပါသည်။

ဗမာပြည်သားတွေကို နည်းမျိုးစုံငြင်းပါးနိုပ်ဆဲ၊ တိုင်းရင်းသားတွေကို မျိုးဖြုတ်သုတ်သင်..ခုတော့ထိုင်းနိုင်ငံ ဒါတွေကို အသုံးချပြီ..ငါတို့ တိုင်းရင်းသားတွေကို များများသတ်ဖြတ်ကြ ဟုတ်လါး. ရွာတွေမီးရှို့ ၊ တိုင်းရင်းသူတွေကို များများမုဒိန်းကျင့်ကြ ဟုတ်လါး...တနေ့ မင်းတို့ ဒါတွေကို ပြန်ပေးဆပ်ကြရမယ်.. ခေတ်အဆက်ဆက်ခံလာခဲ့ရတဲ့ တိုင်းရင်းသားတွေ မင်းတို့ ရဲ့ယုတ်မာမှူတွေ အပေါ် နာကြည်းမှူတွေကို ထိုင်းက စနစ်တကျ ဒါတွေကိုပြန်ပြီးအသုံးချရင်..နောင်တချိန်မှာ..ထိုင်းတွေ မင်းတို့ ကို ကောင်းကောင်းပြန်ပြီး ရာဇ၀င်ကျွေးဆပ်မည် ဆိုဒါ စေတနာထားပြီး အသိပေးလိုပါသည်။


NEJ / ၂၁ စက်တင်ဘာ ၂၀၀၉

နိုင်ငံမဲ့ဖြစ်နေသည့် အသက် (၁၂) နှစ်အရွယ် လူငယ်လေး မောင်သောင်ဒီသည် ထိုင်းငံကိုယ်စားပြုပါဝင်သော ဂျပန်နိုင်ငံ၌ ပြုလုပ်သည့် နိုင်ငံတကာစက္ကူအရုပ်ချိုး လေယာဉ်ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့ပြီး ယနေ့ ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

မောင်သောင်ဒီ၏ စက္ကူလေယာဉ်သည် လေထဲတွင် (၁၀.၅၃) စက္ကန့် ၀ဲပျံနိုင်ပြီး နိုင်ငံတကာမှ အသက် (၁၂) နှစ်အရွယ် လူငယ်လေးများပါဝင် သည့် တဦးချင်း စက္ကူလေယာဉ်လွှတ်ပြိုင်ပွဲတွင် တတိယဆု ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။

တဦးချင်း ပြိုင်ပွဲမတိုင်ခင် ပြီးခဲ့သည့်စနေနေ့က ပြုလုပ်သည့် ယှဉ်ပြိုင်သူ (၃) ဦးပါ အသင်းလိုက်ပြိုင်ပွဲတွင်လည်း မောင်သောင်ဒီ ပါဝင်သည့် အသင်းက ပထမဆုရရှိခဲ့ပြီး မောင်သောင်ဒီ၏ စက္ကူလေယာဉ်ပျံက (၁၁) စက္ကန့် ၀ဲပျံနိုင်ခဲ့သည်ဟု TNA သတင်းတွင် ဖော်ပြပါရှိသည်။

မောင်သောင်ဒီ၏ မိဘများသည် ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်းအလုပ်သမား မြန်မာနိုင်ငံမှ ရှမ်းတိုင်းရင်းသားများဖြစ်ပြီး မောင်သောင်ဒီအား ချင်းမိုင်မြို့တွင် မွေးဖွားခဲ့သည်။

ချင်းမိုင်မြို့ ဘန့်ဝှေစိုင်တွင် ကျောင်းတက်နေသည့် (၄) တန်းကျောင်းသား မောင်သောင်ဒီသည် စက္ကူဖြင့် လေယာဉ်အရုပ်ချိုး ခေါက်ရာတွင် ကျွမ်းကျင်သူဖြစ်ပြီး ဂျပန်တွင်ပြုလုပ်မည့် နိုင်ငံတကာ စက္ကူအရုပ်ချိုး လေယာဉ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် အရွေးခံရကာ ဘန်ကောက်မြို့သို့ရောက်ရှိခဲ့ပြီး ပြိုင်ပွဲသို့ တရားဝင်ယှဉ်ပြိုင်ခွင့်ရရှိရန် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနသို့ တောင်းခံခဲ့ရာမှ ပြီးခဲ့သည့်စက်တင်ဘာ (၄) ရက်တွင် ထိုင်းအစိုးရက ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

မောင်သောင်ဒီသည် ထိုင်းနိုင်ငံ၌မွေးဖွားသော်လည်း မြန်မာနိုင်ငံသား ဖြစ်သည့်အတွက် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက တရားဝင်ခရီးသွားခွင့်လက်မှတ် ထုတ်ပေးရန် လက်မခံဘဲ ငြင်းပယ်ခဲ့သည့်အတွက် ထိုင်းဝန်ကြီးချုပ် မစ္စတာအဖိဆစ်က ၀င်ရောက်ကူညီပြီးနောက် ထိုင်းအစိုးရက သဘောတူလိုက်ခြင်းဖြစ်သည်။

မိဘများသည် ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်ကိုင်ဆောင်ထားသူများ ဖြစ်နေသည့်အတွက် မောင်သောင်ဒီအနေဖြင့် ထိုင်းနိုင်ငံ၌ မွေးဖွားသော်လည်း ထိုင်းနိုင်ငံသားအဖြစ် အကျုံးမ၀င်သကဲ့သို့ မြန်မာနိုင်ငံသားအဖြစ်လည်း အကျုံးမ၀င်သည့်အတွက် နိုင်ငံမဲ့အခြေအနေအဖြစ် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက မောင်သောင်ဒီအား တရားဝင်ခရီးသွားခွင့်လက်မှတ် ထုတ်ပေးရန် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

ယမန်နှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် National Mental and Material Tenology Centre က ကျင်းပသည့် စက္ကူလေယာဉ်ပြိုင်ပွဲတွင် မောင်သောင်ဒီ ပထမဆုရရှိခဲ့ပြီး ဂျပန်နိုင်ငံတွင်ပြုလုပ်မည့် နိုင်ငံတကာ စက္ကူအရုပ်ချိုးလေယာဉ် ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

နအဖစစ်ကြောင်းအပစ်ခတ်ခံရပြီး တစ်ဦးသေ၊ တစ်ဦးဒဏ်ရာ

ကျဆုံးသွားသော တပ်ကြပ်ကြီး ကျော်မင်းနိုင် အတွက် စိတ်မကောင်းပါ။ KNLA သည် ကရင့်အမျိုးသားတို့ ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ခုခံကာကွယ်သော တပ်ဖွဲ့ ဖြစ်သည်။ တကယ်တော့မင်း အသက်ပေးလှူသွားဒါ ဟာ ဗမာပြည်ကြီး အတွက်မဟုတ်ပဲ အာဏာရှင်လူတစု အတွက်သာ ဖြစ်သည် ဆိုဒါ ကိုမင်းမသိလိုက်ရှာ ခဲ့ပါ။ လူမျိုးတမျိုးကို လက်နက် အားကိုး အနိုင်ပိုင်း၍ ဘယ်တော့မှ မရဘူးဆို ဒါ ဗမာ့တပ်မတော်သားတွေကို အသိပေးလိုပါသည်။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းပဲ အနိုင်ကျင့်ဗိုလ်ကျလိုစိတ်နဲ့  လူမျိုးစု တွေကို ထိုးစစ်ဆင်နေသ၍ တော့ ဒီလို အကျိုးဆက်တွေ ကြုံတွေ့ ကြရအုံးမှာပဲ.. တစ်ခုတော့ရှိတယ်...မိန်းမကျင့် မိန်းမကြံနဲ့  ဘာမှမဆီမဆိုင်တဲ့ ရွာသားတွေကို ဒုက္ခပေးရင် ဖြင့် ဒီထဲပိုဆိုးတဲ့ တုန့် ပြန်မှူတွေနဲ့  သံသာရာ ဘယ်တော့မှ ဆုံးနိုင်မှာ မဟုတ်တော့ပါ။

Kaowao
စံခလပူရီ(စက်တင်ဘာ-၂၁)

ဘုရားသုံးဆူမြို့ဘက်သို့ ဦးတည်လာသော နအဖ စစ်ကြောင်းကို KNLA ကရင်ပြောက်ကျား များက ယနေ့နံနက်တွင် အပလုံရွာနှင့် မြိုင်သာယာရွာ အကြား သက်ကယ်ရွာ အနီး၌ ပစ်ခတ်ခဲ့ရာ နအဖ တပ်ကြပ်ကြီးတစ်ဦး ကျဆုံးသွားပြီးအခြားတစ်ဦး ဒဏ်ရာရရှိသွားကြောင်း တပ်မဟာ ၆ မှအရာရှိ တစ်ဦးက အတည်ပြု ပြောကြားခဲ့ပါသည်။

တိုက်ပွဲမှာ အချိန်တိုအတွင်း ခဏမျှသာဖြစ်ပွား သည်ဟုသိရပြီး အဆိုပါကျဆုံးသွားသူမှာ ခမရ ၃၅၅ တပ်ရင်း၊ တပ်ခွဲ ၂ မှ တပ်ကြပ်ကြီး ကျော်မင်းနိုင် ဖြစ်သည်ဟု ဘုရားသုံးဆူမြို့ရှိ မြန်မာထောက်လှန်းရေး အသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောဆိုနေကြသည်။

ခမရ ၃၅၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမင်းနိုင်ဦး၊ ဒုရင်းမှူး ဗိုလ်မှူးကျော်ဘလာ(ကရင်) တို့က ဤစစ်ကြောင်းကို ဦးစီးပြီး စစ်သည်အင်အား ၁၂၀ ထက်မပိုဟု နယ်စပ်သတင်းစောင့်ကြည့်လေ့လာသူများက ဆိုကြသည်။

အဆိုပါ ခမရ ၃၅၅ စစ်ကြောင်းသည် ခမရ ၃၅၆ နှင့်တပ်အပြောင်းအလဲ ပြုလုပ်မည်ဟု သိရသည်။ ဤစစ်ကြောင်း သည် ဘုရားသုံးဆူဒေသ၌ KNU တပ်များကို ထိုးစစ်ဆင်ရန်ဖြစ်သည်။

ခမရ ၃၅၆ သည်လည်း လွန်ခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့က ဘုရားသုံးဆူမြို့သို့ လာရောက်စဉ် ချောင်းဆုံရွာ အနီး၌ KNU ပျောက်ကျားများ မိုင်းဒဏ်ကြောင့် အများအပြားကျဆုံး၊ ဒဏ်ရာရရှိခဲ့သည်ကို သတင်းများတွင် ဖေါ်ပြ ခဲ့ပြီးဖြစ်သည်။

ယခုအနေအထားတွင် KNU အဓိကစခန်းဖြစ်သည့် မဲ့ကသာဧရိယာနယ်မြေသို့ DKBA တပ်ဖွဲ့ဝင်များ ဝင်ရောက်လာ သည်ကို KNU မှဆုတ်ခွာပေးခဲ့သည်။ သို့သော်KNU နှင့် DKBA အကြားတိုက်ပွဲများ မဖြစ်ပေါ်ခဲ့သေးပေ။

KNU ပြောက်ကျားများပစ်ခတ်မှုကြောင့် နအဖစစ်ကြောင်းများ မကြာခဏအကျအဆုံးခံနေရသည်။ ကရင်အမျိုးသား အချင်းချင်းဖြစ်သည့်အတွက် DKBA တပ်ဖွဲ့တို့အား KNU တပ်မဟာ ၆ မှ ပစ်ခတ်မည်မဟုတ်ဟု သတင်းများတွင် ထုတ်ဖေါ်ပြောကြားခဲ့သည်။

Karen Refugees in Thai Border Camp

မြန်မာစစ်တပ်နဲ့ ဒီကေဘီအေ (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့) တို့ ပူးပေါင်းပြီး ကေအင်ယူ ကရင်အမျိုးသား အစည်းအရုံးအပေါ် ဇွန်လဆန်းပိုင်းက စတင်ခဲ့တဲ့ ပြင်းထန်တဲ့ ထိုးစစ်တွေကြောင့် ထိုင်းမြန်မာနယ်စပ်ကို ထောင်နဲ့ချီပြီး ထွက်ပြေးလာတဲ့ ကရင် ရွာသူရွာသားတွေရဲ့ လက်တွေ့ဘဝ အခြေအနေကို ဗီဒီယိုသတင်း ရိုက်ကူးတင်ပြထားပါတယ်။

Monday, September 21, 2009

ဒုက္ခ သုက္ခတွေကြားက ဆက်လှမ်းမယ့် ခြေလှမ်း



အသက် ၁၉နှစ်အရွယ် ကေအဲန်အယ်လ်အေ ရဲဘော်လေး စောမူစေးဟာ ခြေတဖက် ဖြတ်လိုက်ရပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒုက္ခိတ ဖြစ်သွားရတဲ့ သူ့ဘ၀ အတွက် စိတ်ဓာတ် မကျဘဲ ဖြစ်ပျက်ပုံကို ပြန်ပြောရင်း ကျေနပ်နေခဲ့တယ်။

“ဒီကေဘီအေက စစ်သားသစ် ကောက်လို့ ထွက်ပြေးလာတဲ့ ရွာသားတွေကို ကျနော်တို့တတွေ လမ်းရှင်းပေးရတာ သုံးလေးခါလောက် ရှိပြီ၊ ဒါပေမဲ့ ဒီတခေါက်မှာ ဒီကေဘီအေ ထောင်ထားတဲ့ ဗုံးကို ကျနော် နင်းမိတော့တာပဲ။ တော်သေးတယ်နော်၊ ကျနော်သာ မနင်းမိဘဲ ရွာသားတွေထဲက အများစုဖြစ်တဲ့ ကလေးငယ်နဲ့ မိခင်တွေသာ နင်းမိရင်တော့ ဒုက္ခပဲ” လို့ သူက ဖြေသိမ့်တွေးနဲ့ ပြောပြနေတယ်။

၂၀၀၉ ခုနှစ် မေလလယ်လောက် ကတည်းက လှိုင်းဘွဲ မြို့နယ် ထီးပယ်ရွာသားတွေ နယ်စပ်ဘက်ကို ထွက်လာတာ လမ်းမှာ မိုင်းဗုံးတွေ နင်းမိမှာစိုးလို့ ဒုရင်းမှူးနဲ့အတူ စောမူစေးတို့ တပ်ရင်း (၂၂) က ရဲဘော်တွေ လမ်းရှင်းပေးပြီး ရာနဲ့ချီတဲ့ ရွာသားတွေကို တသုတ်ပြီးတသုတ် ခေါ်ထုတ် လာခဲ့ရတယ်။ ထီးပယ် ရွာသားတွေဟာ ရွာလုံးကျွတ် နေအိမ်ကို စွန့်ခွာလာခဲ့ပြီး သောင်ရင်းချောင်း ကမ်းနံဘေးက လယ့်ဘော်ဟဲ ပြည်တွင်းဒုက္ခသည် စခန်းကို မေလ (၂၀) ရက်နေ့ကစလို့ ဘေးအန္တရာယ် ကင်းစွာနဲ့ ရောက်ရှိ လာခဲ့ကြတယ်၊ သူတို့အတွက် ကယ်ဆယ်ပေးခဲ့ရတဲ့ ကေအဲန်အယ်လ်အေ တပ်ဖွဲ့ဝင်တွေဟာလည်း မိုးထဲလေထဲမှာ အတော်ပင်ပန်း ဆင်းရဲခဲ့ရတယ်။

စောမူစေးဟာ အသက် (၉)နှစ် အရွယ်ကတည်းက စစ်သား လုပ်ချင်လွန်းလို့ ကေအဲန်ယူ တပ်ရင်း (၂၂) ကို ရောက်လာခဲ့တယ်၊ တပ်ရင်းမှူးက အရမ်းငယ် သေးလို့ သူ့ကို ကျောင်းထားခဲ့ပေမယ့် ကျောင်းမပျော်တဲ့ သူ့ကို အသက်မပြည့်သေးတော့ တပ်ရင်းမှူးက အသက် ၁၈နှစ် ပြည့်မှပဲ စစ်သား လုပ်ခွင့်ပေးတော့ တယ်လေ၊ နှုတ်လျှာသွက်လက်ပြီး လူချစ်ခင်အောင် နေတတ်တဲ့ စောမူစေး အခုလို ရွာသားတွေကို ကူညီပေးရင်း ညာဖက် ခြေထောက်ကို ဖြတ်ထုတ် လိုက်ရတော့ သူ့ကို အရမ်းချစ်တဲ့ တပ်ရင်းမှူးက “မင်းကို အသက်ပြည့်လို့ အလုပ်မှာ ခိုင်းမယ်ဆိုကာမှ အခုတော့ မင်း ခြေတဖက် ဖြတ်လိုက်ရတာကို စိတ်မကောင်း ဖြစ်မိတယ်” လို့ ပြောကြောင်း သူက ပြန်ပြောပြပါတယ်။

မီးတွင်းထဲမှာ မိခင်ဆုံးပြီးတော့ ဖခင်က နောက်အိမ်ထောင်နဲ့ ညီမလုပ်တဲ့သူက ပုသိမ်မှာ ကျောင်းနေတဲ့အချိန်၊ သူက တော်လှန်ရေးမှာ စစ်သားဘ၀နဲ့ ပျော်မွေ့နေခဲ့တယ်။ “ကျနော်သာ ကျောင်းနေပျော်ရင် အခုလောက်ဆို ညီမလေးလိုပဲ ပညာတတ် တယောက် ဖြစ်နေလောက်ပြီ၊ ဒါပေမဲ့ ကျနော်က စစ်သားဘ၀ကိုပဲ ခုံမင်တယ်”၊ ငယ်ငယ်က တပ်ရင်းကနေ ရွာကိုပြန်လည်တော့ သူ့တကိုယ်လုံး ထိုးထားတဲ့ ထိုးကွင်းမှင်ကြောင်တွေကို မြင်ပြီး အဖွားဟာ သွေးတက်ခဲ့ဖူးတာကို ပြန်ပြော ရယ်မော နေသေးတယ်၊ ဘ၀ကို စိတ်ပျက် အားငယ်မှု ကင်းစွာနဲ့ ကျေနပ် ရောင့်ရဲတတ်တဲ့ စောမူစေးမှာ စိုးရိမ်တာ တခုက ဖြတ်ထားတဲ့ ခြေထောက်အနာ သက်သာလာရင် ပြန်နေစရာ တပ်ရင်းနေရာမှ ရှိပါ့တော့မလားပေါ့။

ကိုယ်တိုင်က ဆေးကုသမှုသာ ခံယူနေရပေမဲ့ မိခင်တပ်ရင်း (၂၂) နဲ့အတူ တပ်ရင်း(၁၀၁)၊ တပ်ရင်း (၂၁) ကို ဒီကေဘီအေတွေ နေရာဝင်ယူ လိုက်ပြီ ဆိုတာကို ကြားသိလိုက်ရတယ်၊ ဇွန်လ ၃ ရက်နေ့ ကတည်းက ကေအဲန်ယူ တပ်မဟာ (၇) လက်အောက်ခံ တပ်ရင်း ဒေသတွေကို ဒီကေဘီအေနဲ့ နအဖ တပ်တွေက ထိုးစစ် ဆင်လာလိုက်တာ နေ့စဉ် ရက်ဆက်ပါပဲ၊ နအဖ တပ်မ (၂၂) လက်အောက်ခံ တပ်ရင်းတွေ ဖြစ်တဲ့ ခလရ (၈၁)၊ ခမရ (၂၀၁)၊ (၂၀၂)၊ (၂၀၃)၊ (၂၀၅) နဲ့ (၂၁၀) တပ်ရင်းတွေက အနောက်ကနေ ၈၁-မမ၊ ၆၀-မမ၊ အာရ်ပီဂျီ-၇ စတဲ့ လက်နက်ကြီးတွေနဲ့ ကူပစ်ပေးပြီး ဒီကေဘီအေ (၉၉၉)၊ (၅၅၅)၊ (၃၃၃) တပ်မဟာနဲ့ ဗဟို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ကေအဲန်အယ်လ်အေ တပ်မဟာ (၇) နယ်မြေကို လက်နက်ကြီးငယ်တွေနဲ့ အပြုတ် တိုက်ခိုက်နေတယ်။

အဲဒီအတွက် ဖားအံခရိုင်၊ လှိုင်းဘွဲနဲ့ ပိုင်ကျုံ မြို့နယ်ထဲမှာရှိတဲ့ စေဖိုးခီး၊ ပနွယ့်ပူ၊ မဲ့လာအား၊ ပိုပေါ့လေး၊ ခလဲ့ခို့၊ ခလယ့်ဒေး၊ ၀ါးမီကလား၊ ထီးကဟော၊ တာကလယ်ခီး၊ မောပယ်ခို့၊ မောသူးခီး၊ ၀ါးရှို့ခို့၊ ခလယ့်ကာ့၊ ထီးဘော်ဒေး၊ မဲ့ကဲ့၊ မဲ့တပူးထာ့၊ ကွီးလေး၊ ဟောသူးခီး၊ ထီးပယ် စတဲ့ ရွာပေါင်း နှစ်ဆယ် နီးပါးက ရွာသူရွာသား ၄၀၀၀ လောက်ဟာ ထိုင်းဘက်ကမ်းအထိ ထွက်ပြေး လာရတယ်။ အတော်များများကတော့ အသက် ၁၃ နှစ်အောက် ကလေးသူငယ်တွေနဲ့ သားသည်မိခင် အမျိုးသမီးတွေပါပဲ။ ဒါ့အပြင် ကျောင်းဖွင့်စမှာ စာလေးတောင် မသင်ရသေးတဲ့ ကျောင်းသား လူငယ်လေးတွေလည်း ကျောင်း မတက်ရ။ ရွာမပြန်ရနဲ့ ပျင်းရိငြီးငွေ့ နေကြရတယ်၊ လောလောဆယ်တော့ ဘယ်သောင် ဘယ်ကမ်း နားရမှန်း မသိသေးတဲ့ အနာဂတ်လမ်းစ ပျောက်နေ သူတွေလိုပါပဲ။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်း မြို့နယ်က အူးသူးထာ့၊ နိုဘိုး၊ မဲ့တရီနဲ့ ကလေ့ထာ့ နေရာတွေမှာ ထိုးစစ်ကြောင့် ထွက်ပြေးလာရတဲ့ ကရင်ရွာသူ ရွာသားတွေကို ယာယီအဖြစ် အရေးပေါ် နေရာချ ထားပေးတယ်၊ အဲဒီ ဒုက္ခသည် ရွာသားတွေကို ထိုင်း-မြန်မာ နယ်စပ် ကူညီ စောင့်ရှောက်ရေး အဖွဲ့ (တီဘီဘီစီ) က ဆန်၊ ဆား၊ အိုးခွက် ပန်းကန်၊ စောင်၊ ခြင်ထောင် စတာတွေ ပေးပြီး ကရင်ဒုက္ခသည် ကော်မတီ (ကေအာရ်စီ) နဲ့ အခြား ကရင်လူမှု အဖွဲ့အစည်းတွေ ကလည်း အ၀တ်အစားတွေ၊ နို့စို့ ကလေးတွေအတွက် အနှီးတွေ ပေးနေတဲ့အပြင် ဆေးဝါးတွေကိုလည်း ကရင်ကျန်းမာရေး အဖွဲ့တွေနဲ့ ဒေသဆိုင်ရာ ထိုင်း ကျန်းမာရေးဌာနကလည်း တတ်နိုင်သမျှ ကြည့်ရှု ပေးကြတယ်၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကလည်း ဒုက္ခသည်တွေ ယာယီနေထိုင်ရေးအတွက် တာလပတ်မိုးတွေကို လာရောက် ကူညီပေးတာလည်း ရှိတယ်။

ဒါ့အပြင် နယ်စပ်တိုက်ပွဲကြောင့် ဒေသခံရွာသားတွေကလည်း ပေါ်တာတွေအဖြစ် ဒီကေဘီအေ စစ်ကြောင်းတွေနဲ့ ရှေ့တန်းကို လိုက်ပါရပြီး ထွက်ပြေးသူ ပြေး၊ မိုင်း ထိသူထိနဲ့ အတိဒုက္ခရောက် ကြရပြန်တယ်၊ စစ်အစိုးရကတော့ ကရင်ပြည်နယ်မှာ အခုဖြစ်တဲ့ နယ်စပ်တိုက်ပွဲဟာ နအဖစစ်တပ်နဲ့ မဆိုင်ဘဲ ကရင်တွေ အချင်းချင်း တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ဆိုတယ်၊ နိုင်ငံတကာက သတင်းထောက်တွေနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေတောင်မှ လူ သားချင်းစာနာစိတ်နဲ့ တတ်နိုင်သမျှ လာရောက် ကူညီပေး နေတဲ့ကြားက နအဖနဲ့ ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့ရဲ့ ထိုးစစ်ကြောင့် နေအိမ်စွန့်၊ ရွာစွန့်၊ ကျောင်းစွန့်ပြီး အ၀တ်တထည် ကိုယ်တခုနဲ့ ထွက်ပြေး လာတဲ့သူတွေဟာ သာမန်အရပ်သားတွေ မဟုတ်ဘဲ ကေအဲန်ယူတွေရဲ့ မိသားစုတွေလို့ စစ်အုပ်စုက မျက်နှာလွဲ ခဲပစ် ပြောနေပြန်တယ်။

၎င်းတို့ စစ်အုပ်စုတွေကသာ မြန်မာပြည်ရဲ့ ရာစုနှစ်ဝက်ကျော်ကြာတဲ့ ပြည်တွင်းစစ်နဲ့ နယ်စပ်တိုက်ပွဲတွေကို ဖန်တီး လုပ်ဆောင်နေပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေး တရားဝင် အတည်ပြုဖို့ ကြိုတင်ပြင်ဆင်နေတဲ့ တကယ့်သမိုင်း တရားခံ အစစ်အမှန်ပါပဲ။

အခုထိုးစစ်မှာ စစ်အစိုးရကို ခုခံတော်လှန်နေတဲ့ ကေအဲန်ယူ တပ်မဟာ (၇)ရဲ့ နယ်မြေတွေကို နယ်ခြားစောင့်တပ်ရဲ့ တပ်ရင်းနေရာတွေ ဖြစ်အောင် မရအရ သဲကြီးမဲကြီး ဇွတ်တိုး တိုက်ခိုက်နေတဲ့ ဒီကေဘီအေ တပ်ထဲက အရာရှိကအစ အောက်ခြေရဲဘော်အဆုံး ရက်သတ္တ နှစ်ပတ်အတွင်းမှာ ရာနဲ့ချီပြီး ထိခိုက် သေကြေ နေကြရတယ်။

ကရင့်တော်လှန်ရေး တပ်ဖွဲ့တွေဖြစ်တဲ့ ကေအဲန်ယူ တပ်မဟာ (၇)ဘက်ကလည်း နောက်မဆုတ်တမ်း ရှေ့ဆက်တိုးလာနေတဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေကို ဘယ်လိုမှ တားဆီးလို့ မရတော့တဲ့အဆုံး ပြောက်ကျားစစ်ကို ဆင်နွဲသွားတော့မယ်လို့လည်း ဆိုပါတယ်။

ဘယ်လိုပဲဖြစ်စေ တကယ်ထိခိုက်ကျဆုံးတာလည်း ကရင်ရဲဘော်တွေပဲ ဖြစ်သလို၊ တကယ်ဒုက္ခ ရောက်နေရတာကလည်း ကရင် ပြည်သူလူထုပဲမို့ နိုင်ငံရေးအရ အမြတ်ထွက် နေတာကတော့ တိုင်းပြည်ကို မတရား အုပ်ချုပ်ထားတဲ့ အစိုးရ အမည်ခံ စစ်အာဏာရှင် အုပ်စုတွေပါပဲ။

ဒီ စစ်အာဏာရှင်တွေ မပြုတ်ကျ သရွေ့တော့ ရှမ်း၊ ချင်း၊ ကချင်၊ ကယား စတဲ့ အခြား လက်နက်ကိုင် တိုင်းရင်းသား တွေနဲ့အတူ ကရင့်တော်လှန်ရေးဟာလည်း အမှန်တရားအတွက် ဆက်လက် တိုက်ပွဲဝင် နေမယ်လို့ စောမူစေးက ယုံကြည်ထားတယ်။

လှိုင်းဘွဲ မြို့နယ်၊ ပီတူးထာ့ ရွာသားတဦးဖြစ်တဲ့ စောမူစေးကတော့ ဘယ်လိုပဲဖြစ်ဖြစ် တော်လှန်ရေး စစ်သားပဲ ဆက်လက်လုပ်သွားဖို့ ဆုံးဖြတ်ချက်ကိုတော့ ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ပါဘူးလို့ အခုလို ပြောပါတယ်၊ “ကျနော့်လို ခြေထောက်ပြတ်ဖူးတဲ့ တော်လှန်ရေး ရဲဘော်ဦးလေးကြီးတွေ အများကြီး ရှိခဲ့ဖူးတာပဲ၊ သူတို့တွေဆို တောင်တက်တာ လူကောင်းတွေထက်တောင် ပိုမြန်သေးတယ်၊ ကျနော်လည်း ပြန်လေ့ကျင့်ရင် အဲလိုမြန်နိုင်မှာပါ၊ ကျနော် အသက်ရှင် နေသရွေ့တော့ ကရင်ပြည်သူတွေအတွက်၊ ကရင့်တော်လှန်ရေးအတွက် တရားတဲ့စစ်ကို ဆက်တိုက်နေအုံးမယ်” ဟု စောမူစေးက စိတ်အားတက်ကြွစွာ ပြောနေပါတော့တယ်။
ကေအိုင်စီဝက်ဆိုက်ဘ်မှ ကူးယူဖော်ပြသည်။

တိုင်းပြည်သို့

ရေဆန်(မန်းရှာလားဖန်း)


-တိုင်းပြည်သို့
ဖက်ဆစ်တို့ခြေရင်း
ကြွေဆင်းပေးလည်း
ပွင့်လန်းမလာဘဲ
ပန်းဘ၀ကြိုးကြေ ပန်းတို့ကြွေဆဲ

-တိုင်းပြည်သို့
နှင်းဆက်ခန္တာ
ပုံအပ်ပါလည်း
တုန့်လည်ချစ်ပန်း
ပွင့်လန်းမလာဘဲ
ပန်းဘ၀ကြိုးကြေ ပန်းတို့ကြွေဆဲ

-တိုင်းပြည်သို့
သင့်မြတ်ဘို့ရေး
ပြေးသူနောက်လိုက်
လိုက်လေဝေးလေ
ခန္တာကြွေ၍
ပန်းဘ၀ကြိုးကြေ ပန်းတို့ကြွေဆဲ

-တိုင်းပြည်ရေ
လူသတ်ကွင်းမှာ
လည်စင်းခံရင်း
ဖြေရှင်းမလား
သင်ဘဲပိုင်းဖြတ် ခရီးစလော့

-တိုင်းပြည်ရေ
စစ်ဘီလူးကို
တိုင်းပြည်ကြမ္မာ
စီရင်မလား
သင်ဘဲပိုင်းဖြတ် ခရီးစလော့

-တိုင်းပြည်ရေ
သမိုင်း၏အရှင်
သင်သာလျင်ဖြစ်
ဘ၀သစ်တွက် တက်စုံဖွင့်လော့
စစ်ကျွန်ဘ၀ ရုန်းထွက်ကြလော့။
သနူးထူးဂျာနယ်မှ ကူးယူသည်။

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

မှတ်ချက်။ ။ တပ်မဟာ(၆)မှာ လှုပ်ရှားနေတဲ့ ဒီကေဘီအေ တပ်ဟာ ၆၀၀ ရှိတယ်ဆိုဒါမဟုတ်ပါ. သူတို့  တပ်ရင်းတွေ ခုချိန်မှာ တရင်းကို လူ ၅၀ ထက်မပိုပါ.. အလွန်ဆုံးရှိရင် ၂၅၀ ထက်မပိုပါ.. စစ်ထဲမ၀င်ချင်သော်လည်း ရွာသားတွေက ဒီကေဘီအေ တွေရဲ့ အတင်းဆွဲသွင်းခံကြရဒါမို့  စိတ်ဓါတ်ကျတဲ့ကောင်တွေနဲ့  ဘယ်လိုထွက်ပြေးရမလဲဆိုတဲ့ကောင်တွေနဲ့ ပြည့်နေပါတယ်..သူတို့  ထွက်ပြေးရင် ကျန်ရစ်တဲ့မိသားစုတွေကို နအဖက သင်ပေးတဲ့အတိုင်း ဒီကေဘီကေ ထိပ်ပိုင်းကောင်တွေက မိသားစု ကို အမျိုးမျိုးဒုက္ခပေးနေဒါမို့ ...မထွက်ပြေးတတ်အောင်ဖြစ်နေပြီး ရွာလည်နေပါတယ်..သူတို့  ဒီကေဘီအေ ကောင်းဆောင်တွေက တစ်သက်စာ စားလို့ မကုန်တဲ့ အခွင့်ရေးတွေကို နအဖ က ယာယီ ထိုးကျွေးထား ဒါကို အဟုတ်ထင်မိကြပြီမို့ ...အမျိုးသားသစ္စာဖေါက် သမိုင်းတရားခံဘွဲ့ ကို ခံယူဘို့ သူတို့  ၀န်မလေးတော့ပါ...

လေးငယ်
စက်တင်ဘာ၂၀၊၂၀၀၉။

- ကေအန်ယူတပ်မဟာ(၆)၏ ဧရိယာအနေအထားကတော့ ကရင်ပြည်နယ်ကော့ကရိတ် မြို့နယ်ကျုံဒိုးကား လမ်းကနေ ကော့ကရိတ်မြို့၊ နောက်မြဝတီမြို့ကားလမ်း တောင်ဖက်ပိုင်းဖြစ်ပြီး၊ အဲဒီကနေ ထိုင်းမြန်မာနယ်စပ်တလျှောက်ကဘုရား သုံးဆူမြို့အထိဖြစ်ပါတယ်၊၊ အနောက်ဖက်ပိုင်းမှာတော့ ဘုရားသုံးဆူမြို့ကနေ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တခုလုံးဖြစ်ပါ တယ်၊၊ အဲဒီဒေသကို ကေအန်ယူတပ်မဟာ(၆) ဧရိယာအဖြစ် ကေအန်ယူ(ကရင်အမျိုးသားအစည်းအရုံး)ကသတ်မှတ် ထားပါတယ်၊၊

- ဒီကေအန်ယူတပ်မဟာ(၆)ရဲ့ ဧရိယာအထဲမှာ လှုပ်ရှားနေတဲ့ တပ်ရင်းတပ်ဖွဲ့တွေကတော့၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဇမိချောင်းအနောက်ဖက်ခြမ်းမှာ လှုပ်ရှားနေတဲ့ ဒုတိယဗိုလ်မှုးကြီး တင်လှိုင်ဦးစီးတဲ့ တပ်ရင်း(၁၆)၊ ဇမိချောင်းအရှေ့ ခြမ်းမှာ လှုပ်ရှားနေတဲ့ ဒုတိယဗိုလ်မှုးကြီး ဖါးခေါ့ဦးစီးတဲ့ တပ်ရင်း(၁၇)၊ ကော့ကရိတ်မြို့နယ် တောင်ဖက်ပိုင်းမှာလှုပ်ရှား နေတဲ့ ဒုတိယဗိုလ်မှုးကြီး ကို့ထူးဦးစီးတဲ့ တပ်ရင်း(၁၈)တို့ လှုပ်ရှားနေပါတယ်၊၊ တခါ ဒေါနတောင်အရှေ့ခြမ်း၊သင့်ပေါဖိုး (ဖလူး)မှာ လှုပ်ရှားနေတဲ့ ဗိုလ်မှုးလှမင်း ဦးစီးတဲ့ တပ်မဟာ(၆) အထူးတပ်ရင်းနဲ့ ဗိုလ်မှုးစောဗူးဖေါ် ဦးစီးတဲ့ကေအန်ယူ ဗဟိုအထူးတပ်ရင်းရှိနေပြီး၊ ဒုတိယဗိုလ်မှုးကြီး ဖါးနင့်ဦးစီးတဲ့ ကေအန်ဒီအို တပ်ရင်း(၆)လည်း လှုရှားနေကြောင်းသိရ ပါတယ်၊၊ စုစုပေါင်းအင်အားကတော့ တပ်ရင်း(၆)ရင်းဖြစ်ပြီး လူအင်အားအနေနဲ့ ပြောရရင်တော့ လူအင်အား(၁ဝဝဝ) တထောင် လောက်ရှိမယ်လို့ခန့်မှန်းကြပါတယ်၊၊ ကေအန်ယူ တပ်မဟာ(၆)မှုးကတော့ ဗိုလ်ချုပ်ဆာမိဖြစ်ပြီး၊ တပ်မဟာ ဗျူဟာမှုးကတော့ ဗိုလ်မှုးကြီးစောဂျိုးစွာဖြစ်ပါတယ်၊၊

- ကေအန်ယူတပ်မဟာ(၆) ဧရိယာကို စစ်ဆင်ဖို့အတွက် နအဖအရှေ့တောင်တိုင်းကနေ ဒီကေဘီအေ(တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့) တပ်မဟာ(၅)ကို တာဝန်ပေးထားပါတယ်၊၊ အဲဒီတပ်မဟာ(၅)မှာပါတဲ့ တပ်ရင်းတွေကတော့၊ ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်မှာရှိတဲ့ ဒုတိယဗိုလ်မှုးကြီးဥာဏ်မင်း ဦးစီးတဲ့ တပ်ရင်း (၉ဝ၆)၊ ဘုရားသုံးဆူမြို့နားက မဲကသကျေးရွာမှာအခြေစိုက်တဲ့၊ ဒုတိယဗိုလ်မှုးကြီးနိုင်လွင်(ခေါ်) စောနယ်လယ်ဟေး၊ ဦးစီးတဲ့တပ်ရင်း(၉ဝ၅)၊ ထီးဖိုးသံရွာမှာ အခြေစိုက်တဲ့ ဗိုလ်မှုးကြီးစောဘလူး၊ ဦးစီးတဲ့တပ်ရင်း(၉ဝ၁)၊ အစွန်းရွာမှာ အခြေစိုက်တဲ့ ဒုတိယဗိုလ်မှုးကြီးစောကျော်ကျော် ဦးစီးတဲ့တပ်ရင်း(၉ဝ၄)၊ မြဝတီမြို့မှာအခြေစိုက်တဲ့ စောနော်တရာ ဦးစီးတဲ့ တပ်ရင်း(၉ဝ၇)၊ တွေကလှုပ်ရှားနေပါတယ်၊၊ ကေအန်ယူတပ်မဟာ(၆)မှာ ရှိတဲ့ဒီကေဘီအေ တပ်မဟာ(၅) အင်အားကတော့ တပ်ရင်း(၅)ရင်းမှာ လူအင်အားစုစုပေါင်း (၆ဝဝ)လောက်ရှိပါတယ်၊၊ ဒီကေဘီအေတပ်မဟာ(၅)မှုး ကတော့ ဗိုလ်ချုပ်စောလာဖွယ်(ခေါ်) နှုတ်ခမ်းမွှေးဖြစ်ပြီး၊ ဒုတိယတပ်မဟာမှုးကတော့ ဗိုလ်မှုးကြီးစိန်မြင့်ဖြစ်ပါတယ်၊၊ ဒီကေဘီအေ တပ်မဟာ(၅)တွင် စစ်ဗျူဟာနှစ်ခုရှိပြီး၊ ဗိုလ်မှုးကြီးမော်သိုးနဲ့ ဗိုလ်မှုးကြီးစောဘလူးတို့က ဦးဆောင်နေ ပါတယ်၊၊

- ကေအန်ယူတပ်မဟာ(၆)ကို စစ်ဆင်ဖို့အတွက် နအဖကလည်း စစ်ဗျူဟာ(၄)ခု ခင်းကျင်းထားတာရှိပါတယ်၊၊ကျိုက်ဒုံ မှာအခြေချနေတဲ့ စကခ(၁၂)က နည်းဗျူဟာ(၁)ရှိပါတယ်၊၊ သူ့လက်အောက်မှာ တပ်ရင်း(၃)ရင်းရှိပါတယ်၊၊ တခါကြာ အင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းမှာအခြေစိုက်တဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့ စစ်ဗျူဟာ(၂)လည်းရှိနေပါတယ်၊၊ သူ့လက်အောက်မှာလည်း တပ်ရင်း(၃)ရင်းရှိပါတယ်၊ နောက်ပြီး၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်မှာက အရှေ့တောင်တိုင်းစစ် ဌာနချုပ်ရဲ့ စစ်ဗျူဟာ(၁)ရှိနေပါတယ်၊၊ အလားတူဘဲ ကော့ကရိတ်မြို့မှာလည်း စကခ(၁၂)ရဲ့ နည်းဗျူဟာက ရှိနေပါ တယ်၊၊ စုပေါင်းလိုက်ရင် ကေအန်ယူတပ်မဟာ(၆) ဧရိယာထဲမှာ စစ်အစိုးရတပ်ဖွဲ့က လေးဗျူဟာတောင်ရှိနေတဲ့အတွက် တပ်ရင်းအားဖြင့် (၁၂)ရင်းရှိနေပါတယ်၊၊ လူအင်အားနဲ့ပြောရရင် လူအင်အားက (၁၅ဝဝ)လောက်ကိုရှိနေတာပါ၊၊ ဒါ တောင်ဧည့်တပ်တွေမပါ သေးပါဘူး၊၊ အထူးသဖြင့် တပ်မ(၂၂)နဲ့ တပ်မ(၄၄)က တပ်ဖွဲ့တွေကလည်း လိုရင်လိုအပ်သလို စစ်ကူတွေ ပေးနေတာရှိပါတယ်၊၊

- စစ်အစိုးရရဲ့ ဒီကေအန်ယူတပ်မဟာ(၆)စစ်ဆင်ရေးကို သုံးသပ်ရမယ်ဆိုရင်၊ လူအင်အားကိုက နအဖတပ်နဲ့ဒီကေဘီ အေနှစ်တပ် ပေါင်းလိုက်ရင် (၂ဝဝဝ)ကျော်နေပါပြီး၊ ဒါတောင်ဧည့်တပ်တွေမပါသေးပါဘူး၊၊ ကေအန်ယူတပ်မဟာ(၆) မှာက အများဆုံးနှုန်းနဲ့ တွက်ရင်တောင်မှ လူအင်အား(၁ဝဝဝ)သာရှိနေတာပါ၊၊ လက်နက်အင်အားချိန်ခွင်လျှာကိုကြည့် ရင်လည်း၊ တချိန်ကလက်နက်ကြီးအင်အား သုံးနိုင်ခဲ့တဲ့ကေအန်ယူဟာ အခုဆိုရင် မတွေ့ရသလောက်ကိုဖြစ်နေပါပြီး၊၊

- စစ်ဗျူဟာအရကြည့်ရင်လည်း၊ နအဖဟာ ကေအန်ယူတပ်တွေကို ဒီကေဘီအေတပ်နဲ့ဘဲ ထိပ်တိုက်တိုးစေပါတယ်၊၊ နအဖတပ်ကတော့ အရံသဘောလောက်သာ လှုပ်ရှားနေပါတယ်၊၊ ပြီးတော့အချက်အချာကျတဲ့ ကရင်ရွာတွေကို စခန်း ချတဲ့နည်းနဲ့ နေရာယူပြီး ကေအန်ယူတပ်ဖွဲ့တွေ လှုပ်ရှားနယ်မြေဂွင် ကျင်းလာအောင် ဆောင်ရွက်နေပါတယ်၊ ကရင်ရွာ တွေကိုလည်း ကရင်လူမျိုးတမျိုးတည်းသာ နေထိုင်ဖို့နအဖတပ်တွေက ကျေးရွာရယက တွေကိုညွှန်ကြားနေပါပြီး၊၊ မွန် လူမျိုးတွေရောတဲ့ရွာတွေကိုတော့ နေခွင့်ပြုပေမဲ့ အခြားလူမျိုး တွေရောနေရင်တော့ မြို့ပေါ်ပြောင်းခိုင်းနေတယ်လို့ကြား သိရပါတယ်၊၊ အဲဒါကကြာအင်းဆိပ်ကြီးမြို့နယ် ထဲကတောပိုင်းကျတဲ့ရွာ တွေကိုအဲဒီလိုလုပ်နေခဲ့တာပါ၊၊ လိုအပ်ရင်ကျေး ရွာတွေကို စုစည်းလိုက်ပြီး၊ ရွာသားတွေကို ကေအန်ယူတွေနဲ့ အဆက်ပြတ်နေအောင် လုပ်ထားနေပါတယ်၊၊

- ကေအန်ယူတပ်ဖွဲ့တွေကတော့၊ စစ်ရေးအရ ဒီကေဘီအေတပ်ဖွဲ့ကို ရှောင်နိုင်သမျှရှောင်ပြီး၊ နအဖတပ်ဖွဲ့တွေကိုတော့ ပျောက်ကြားနည်းနဲ့ ထိပ်တိုက်တိုးစေပြီး အထူးသဖြင့် မိုင်းနဲ့စစ်ဆင် တိုက်ခိုက်နေခဲ့ပါတယ်၊၊ အကယ်၍နအဖကထိုးစစ် ဆင်လာခဲ့ရင်လည်း ကေအန်ယူက မိမိတို့ရဲ့တပ်ဖွဲ့တွေကို အပျောက်ဖျောက်ပြီး၊ နအဖတပ်ပြန်အဆုတ်မှာပြန်လည် တိုက်ခိုက်တဲ့နည်းကို ကျင့်သုံးမယ်လို့ကြားသိရပါတယ်၊၊ ဒါပေမဲ့လို့နအဖက ဒီကေဘီအေကိုသာ ရှေ့တန်းတင်ပြီး လှုပ်ရှားနေတဲ့အတွက် ကေအန်ယူတွေခင်ဗျာ၊ အခက်တွေ့နေရတယ်လို့ စစ်ရေးအကဲခတ်တွေက ဆိုနေကြပါတယ်၊၊
kaowao သတင်းမှ

ဒီကေဘီအေတို့ပစ်ခတ်မှုကြောင့် ကရင်ရွာသားများထိုင်းနယ်စပ်တွင်တိမ်းရှောင်ထွက်ပြေးနေရ

Kaowao
စက်တင်ဘာ၂၀၊၂၀၀၉။
ဘုရားသုံးဆူ(စက်တင်ဘာ၂ဝ)။ ။ကေအဲန်ယူခေါ် ကရင်အမျိုးသားအစည်းအရုံး၏ တပ်မဟာ(၆)ဒေသကို ဒီကေဘီအေ တပ်ရင်း(၉ဝ၆)မှ ဗိုလ်ကြီးအေဝမ်းဦးစီးတပ်ဖွဲ့ဝင်(၄ဝ)ကျော်တို့သည် စက်တင်ဘာ(၁၈) ရက်နေ့တွင်ဝင် ရောက်ထိုးစစ်ဆင်ခဲ့သည်။
နယ်စပ် ကရင်ဒုက္ခသည်များကို ကာကွယ်စောင့်ရှောက်နေသည့် KNLAကရင်စစ်သည်တချို့ပုံ။

အဆိုပါဒေသကို ဝင်ရောက်ရှင်းလင်းရာတွင် ဒီကေဘီအေတပ်များအနေနဲ့ ကျည်ဆံနဲ့အရင်ပစ်ခတ်ရှင်းလင်း ပြီးမှ ဝင်ရောက်လာတာကြောင့် အပစ်မဲ့တဲ့ သဘာဝကျေးရွာနေ ရွာသူရွာသား(၁၆) ယောက်ခန့် နေရပ်ကို စွန့်ခွါပြီး ထိုင်းနယ်စပ်ဘက်ကို ထွက်ပြေးရှောင်တိမ်းလာခဲ့သည်။

ထိုကဲ့သို့နေရပ်ကိုစွန့်ခွါပြေးလာခဲ့ရသည့် ကရင်ဒုက္ခသည်တွင် အသက်(၆ဝ)ကျော်သက်ကြီးပိုင်းနှင့် အရွယ်မရောက်သေးသူခလေးသူငယ်အများအပြားပါ ဝင်သည်ဟုသိရပါသည်။ ၄င်းအပြင်ဘုရားသုံးဆူမြို့နှင့် မဲကသာကျေးရွာအတွင်းဝင်ထွက်သူများကိုလည်း ဒီကေဘီ အေတပ်များမှ ပိုပြီးစစ်ဆေးလာခဲ့သလို မဲကသရွာအနီးတွင်ရှိသည့် သတ္တုမိုင်းနယ်မြေ၌ အလုပ်လုပ်နေသူများ ကိုလည်း မဲကသရွာနှင့် အဝင်အထွက် ပိတ်ပင်ခဲ့ပါသည်။ ရွာထဲမှာလည်း စည်းကမ်းချက်အသစ်ဖြစ်သည့်ညဖက် ရွာပြင်မထွက်ရအမိန့် ထုတ်ထားသည်ဟု ထွက်ပြေးလာသောရွာသားများက ပြောပါသည်။

စစ်ဘေးထွက်ပြေးလာတဲ့ရွာသားကဒီကေဘီအေစစ်သားတွေကိုတွေ ကျွန်တော်တို့သဘာဝရွာထဲဝင် လာတော့ အိမ်ကြားထဲကိုသေနတ်နဲ့ အရမ်းပစ်တယ်။ ကျွန်တော်တို့ ဒီကေဘီအေစစ်သားတွေကို ကြောက်တယ်။ ညဘက်ဆိုသူတို့ဓါတ်မီးတောင် ပေးမထိုးဘူး။ ကြောက်လို့ထွက်ပြေးလာတာပျော်လို့ ထွက်ပြေးလာတာမဟုတ်ဘူး။ နယ်မြေအေးချမ်းသွားယင်အိမ်ပြန်ချင်တယ်ဟု သဘာဝကျေးရွာသား တဦးမှပြောဆိုခဲ့ပါသည်။

စစ်ဘေးဒါဏ်ကြောင့် နေရပ်ကိုစွန့်ခွါပြေးလာခဲ့ရတဲ့ ကရင်ဒုက္ခသည်တွေကို ကြည့်ရှုစောင့်ရှောက်မဲ့သူမရှိသေး၍ နယ်စပ်ရှိဆွေမျိုးသားချင်းများကသာ မရှိမဲ့ရှိမဲ့ဖြင့် စားစရာများကိုဝေငှစားသောက်နေကြရကြောင်း ကေအာန်ယူ တပ်မဟာ(၆)က ပြောရေးဆိုခွင့်ရှိသူ စစ်ဘက်အရာရှိပဒိုစောထဲနေကို ဆက်သွယ်မေးမြန်းခဲ့ရာ မှာ-

ထွက်ပြေးလာတဲ့အိမ်ထောင်စုမှာ လူဦးရေက(၁၆)ဦး အသက်အကြီးဆုံးကတော့ အဖွါးကြီးတဦးကျ တော့ (၆၉)နှစ် အသက်အငယ်ဆုံးကတော့ သုံးနှစ်သမီးတယောက်ပါတယ်။ ဆယ့်သုံးနှစ်တို့ (ရ)နှစ်တို့ (၆)နှစ်တို့လေး ငါးဦးပါတယ်။ လောလောဆယ်ကျတော့ ကြည့်ရှူစောင့်ရှောက်ထားတဲ့အဖွဲ့တော့မရှိ သေးဘူးဟု တရားဝင် ပြောဆိုခဲ့ပါသည်။

- ယခုလိုတပ်မဟာ(၆) အပေါ် ထိုးစစ်ဆင်လာသောကြောင့် ဒေသအတွင်း မတည်ငြိမ်မှုနှင့် စစ်ပြေးဒုက္ခသည်တွေ စတင်ဖြစ်ပွားလာခြင်းဖြစ်ပါသည်၊၊ လက်ရှိတွင် ဘုရားသုံးဆူနယ်စပ်၌ လူမှုကယ်ဆယ်ရေး အဖွဲ့များမရှိသေးသဖြင့် ထွက်ပြေးတိမ်းရှောင်သူများအနေဖြင့် စားဝတ်နေရေးအခက်အခဲများ နှင့်ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်၊၊

20 September 2009 16:00 Thailand Standard Time-At least 115 political prisoners released

2009 September 20
tags: 2010 Election, AAPPB, Asean, At least 115 political prisoners released, Burma, Daw Aung San Suu Kyi, Human Rights, Junta, Myanmar, NLD, world focus on Burmaby peacerunningThe Assistance Association for Political Prisoners (Burma) (AAPP) can confirm that so far 115 political prisoners have been released from 23 different prisons in Burma.

The 115 released include 41 members of the National League for Democracy, including 3 MPs; 21 women; 12 former political prisoners; 4 monks; 4 journalists; 10 members of the Human Rights Defenders and Promoters Network; 6 members of the 88 Generation Students; and 1 lawyer.

On the evening of September 17, 2009 in Rangoon, state-run MRTV carried a news bulletin announcing that 7,114 prisoners were to be released “on humanitarian grounds.”

The list of political prisoners released will be continually updated at our web site www.aappb.org as AAPP receives more information. In alphabetical order:

Angaelay (Mandalay prison) – student
Aung Gyi (Insein prison) – student
Aung Gyi @ Aung Thwin (Shwebo prison) – journalist, former political prisoner, 88 Generation Students
Aung Ko Oo (Tharawaddy prison) – student
Aung Lwin (Thandwe prison)
Aung Myint (Myaungmya prison) – NLD member; Human Rights Defenders and Promoters member
Aung Myo (Shwebo prison) – NLD Township Organiser
Aung Naing (Insein prison) – NLD member
Aung Swe (Shwebo prison) – NLD member
Aung Tun (Tharawaddy prison) – student; member of the All Burma Federation of Student Unions
Aye Min (a) Aye Min Min (Tharawaddy prison) – private tutor
Aye Myint Mar (female) (Monywa prison) – All Burma Students Democratic Front (Western)
Ba Chit (Tharawaddy prison) – Ex-captain in the army
Ba Min (Kale prison) – NLD member
Bo Bo (Myingyan prison)
Bo Gyi (Pegu prison)
Chan Aung (Monywa prison) – NLD township organiser
Chit Thein Tun (Monywa prison) – All Burma Students Democratic Front (Western)
Cho Mar Htwe, (Female) (Moulmein prison) – NLD member
Ei (female) (Paungde prison)
Eimt Khaing Oo, Female (Insein prison) – journalist; Cyclone Nargis volunteer
Hla Shein, (Hinzada prison) , Human Rights Defenders and Promoters
Hlaing Aye (Kale prison) – NLD MP, Former Political Prisoner
Hnin Hnin (female) (Monywa prison) – All Burma Students Democratic Front (Western)
Htay (a) San San Myint, (Female) (Insein prison)
Htay Naing Lin (Monywa prison) – Human Rights Defenders and Promoters Network
Htay Win (Thayet prison) – NLD Township Organizer
Khaing Kaung Zan, (Thayet prison) – Arakan League for Democracy in exile member
Khin Khin Lay (a) Khin Lay, (Female) (Pegu prison) – NLD member
Khin Maung Chit (Meiktila prison) – NLD Local Secretary
Khin Maung Thein (Shwebo prison) – NLD member
Khin Moe Aye (a) Moe Moe (Female), (Myingyan prison) – 88 Generation Students member; former political prisoner
Kyaw Kyaw Thant (Insein prison) – journalist; Cyclone Nargis volunteer
Kyaw Lwin, (Hinzada prison) , Human Rights Defenders and Promoters
Kyaw Maung (Myitkyina prison) – NLD MP
Kyaw Thu Htike (Taunggyi prison)
Kyaw Win (Tharawaddy prison) – All Burma Students Democratic Front
Kyi Kyi Min, (Female) (Insein prison) – NLD member
Kyi Lin (Myintkyina prison) – NLD member
Maung Maung Htwe (Shwebo prison)
Maw Si (Shwebo prison) – NLD Youth member
Mi Mi Sein, (Female) (Insein prison) – NLD Township Joint-Secretary
Mi Mi Swe (female) (Henzada prison)
Michael Win Kyaw (Kale prison) – 88 Generation Students member; former political prisoner
Min Min (a) La Min Tun, (Hinzada prison) , Human Rights Defenders and Promoters
Min Min Soe (Myingyan prison) – 88 Generation Students member
Moe Hlaing (Moulmein prison)
Moe Kyaw Thu (a) Bo Bo (Mandalay prison)
Moe Lwin (Moulmein prison) – individual activist
Monywar Aung Shin (a) U Aye Kyu (Insein prison) – Member of NLD and poet
Mya Sein, (Hinzada prison) , Human Rights Defenders and Promoters
Myint Oo (a) Ni Ni (Mandalay prison) – NLD Township organizer; former political prisoner
Myint Oo (Thayet prison) – NLD Township Joint Secretary
Myint, (Hinzada prison) , Human Rights Defenders and Promoters
Myo Min Lwin (Moulmein prison)
Myo Yan Naung Thein (Thandwe prison) – 88 Generation Students member, former political prisoner
Nay Win (Myintkyina prison) – NLD Township Organizer
Ni Ni May Myint (Buthidaung prison) – NLD Youth
Nine Nine (Insein prison) – NLD MP, Former Political Prisoner
Nu Nu Swe @ Pauk Pauk (female) (Myaungmya prison)
Nyi Nyi Min (Buthidaung prison) – NLD member
Nyo Mya (Kale prison) – NLD member
Pe Tin (Pegu prison) – NLD member
Peter (Loikaw prison)
Pyae Phyo Aung (a) Hnan Mue (Pa-An prison)
San Pwint (Kale prison) – NLD member; teacher
San Ya (Tharawaddy prison) – NLD member
Sandar Min (a) Shwee, (Myaungmya prison) – 88 Generation Students, Former Political Prisoner
Sandar, (Female) (Myingyan prison) – NLD member
Saw Myo Min Hlaing @ James (Thaton prison) – Private Tutor
Saw Taw Kyi (Thayet prison) – Karen National Union member
Shin Sandaw Batha, Monk (Insein prison) – All Burma Monks’ Alliance
Shwe Thar (a) Tin Win (Tharawaddy prison) – Karen National Union member
Soe Han (Lashio prison) – lawyer; Chair of the National League for Democracy’s (NLD) legal advisory body
Soe Wai (a) Than Zaw (Myitkyina prison)
Than Min (a) Tin Tun Aung, (Taungoo prison) – NLD member
Than Than Htay, (Female) (Insein prison) – student
Than Than Sint, (Female) (Insein prison)
Than Tun (Shwebo prison)
Than Tun Lay (Myingyan prison) – Individual activist
Than Zaw Oo (Tharawaddy prison) – NLD member
Thar Cho, (Thayet prison) – NLD Township Organizer
Thein Zaw (Tharawaddy prison)
Thet Oo (Taungoo prison) – Human Rights Defenders and Promoters member
Thet Zin (a) Maung Zin (Kale prison) – journalist; former political prisoner; member of the All Burma Federation of Student Unions and the Democratic Party for a New Society
Thin Min Soe, (Female) (Insein prison) – labour activist
Thura Win @ Thura Lin (Buthidaung) – Student
Tin Mar Swe (female) (Mandalay prison)
Tin Maung Nyunt (Shwebo prison) – NLD Township Organiser
Tin Mya (Insein prison) – National League for Democracy Township chairperson, Former Political Prisoner
Tin Myint (Insein prison) – NLD member
Tin Myint (Tharawaddy prison)
Tin Myo Htut (a) Kyaw Oo (Insein prison) – Generation Wave; former political prisoner
Tin Tin Myint, (Female) (Insein prison) – third year chemistry student
Tin Tun (a) Kyaw Swa (Tharawaddy prison) – UN Development Program staff (New Era journal distributor)
Tint San, (Monywa prison) – former political prisoner
Tun Hla (Tharawaddy prison)
Tun Oo (a) Ngar Kalar (Taungoo prison)
Tun Tun Nyein, (Thayet prison) – NLD Youth member
Tun Tun Oo (a) Nanda Malar (Taungoo prison) – monk
Tun Tun Oo (Thandwe prison)
U Han Sein (Tharawaddy prison) – NLD member
U Pannita (a) Myint Aye (Taungoo prison) – monk; Human Rights Defenders and Promoters member
U Zawana (a) Soe Myint (Taungoo prison) – monk
Win, (Hinzada prison) , Human Rights Defenders and Promoters
Win Myint (Insein prison)
Wunna Soe (Pa-An prison) – Democratic Party for a New Society member
Yan Aung Shwe (Thayet prison) – All Burma Students Democratic Front member
Yan Kyaw Soe @ Shwe Thway (Monywa prison) – NLD member
Yan Naing Min (a) Nan Wai (Mandalay prison) – student
Yar Zar @ Tun Lin Oo (Monywa prison) – NLD member
Zaw Htet Aung (Kale prison) – student
Zaw Lin Tun (a) Phu Zaw (Monywa prison) – All Burma Students Democratic Front (Western)
Zaw Tun (Taungoo prison)
Zin Mar Aung (female) (Mandalay prison) – student; NLD member
-ENDS-

For media interviews please contact:

Tate Naing, AAPP Secretary +66(0)81-287-8751
Bo Kyi, AAPP Joint-Secretary +66(0)81-324-8935

The Loss of a Free Burma Ranger:Di Gay Htoo

2009 September 20
Ranger:Di Gay Htoo, Myanmar, world focus on Burmaby peacerunningFBR REPORT: The Loss of a Ranger: Di Gay Htoo
Karen State, Burma
18 September, 2009
Dear friends,

A Ranger died last week and this is a great loss for us, the Karen people, and the people of Burma. Di Gay Htoo was a humble, brave, dedicated and selfless young Karen leader. He died of a sudden fever while on a mission with the Karen resistance. After serving as a Free Burma Ranger relief team leader, Di Gay Htoo was called by the pro-democracy resistance to serve as an officer in the Karen National Liberation Army (KNLA).

His honesty, rapport with villagers, compassion, and sense of duty made him the outstanding young officer of the KNLA. On his last mission he was safeguarding families in the line of a threatened Burma Army attack.

Di Gay Htoo was the first Free Burma Ranger team leader from the northern Karen State. He was the honor graduate of the first FBR training in 2001, and his team was the best team of that class. He set a standard of excellence both in training and on relief missions that has not been surpassed.

I first met Di Gay Htoo in 1996 at a leadership training for emergent leaders in central Karen State. I met him next in 1998 on a relief mission to the northern Karen State at the end of the 1997-1998 offensive. Arriving in the Karen State, a Karen soldier told me, “The way you will go tomorrow is very dangerous and the enemy is close.” Then a young Karen man approached me and said, “Hello, my name is Di Gay Htoo, you and your wife taught me in 1996 and now I am your guide and will be with you on this mission. Tomorrow is very dangerous and anything can happen in one minute. Maybe tomorrow we will be dead, but if so, we will die together- I will be with you.” I was blessed to realize that this man with me was the grandson of the Di Gay who led the Karen resistance against Japan alongside a British officer named Hugh Seagrim (called ‘Grandfather Longlegs’ by the Karen). These two men organized the Karen who fought with the Allies and helped to defeat the Japanese in Burma. Di Gay and Grandfather Longlegs have always been heroes to me. To have Di Gay’s grandson as my guide was an honor and blessing. As we climbed the mountains between Burma Army lines the next day, he told me words I will never forget. “Thank you for coming here to help us and to tell our story. But when you tell the story of my people, please do not just talk about all the bad things that happen to us and our suffering by the Burma Army. Please tell the world about the good things about my people, their faith in God and their love. Of course we need help. We are too weak to make the change in Burma by ourselves. But do tell about what my people do, how they are strong, still free and working together to make our nation better.”

This week Di Gay Htoo died as he helped to prepare his people for the threat of renewed attacks. He died doing his duty and inspires all of us to do ours.

To Di Gay Htoo I say, “Thank you Di Gay Htoo, for your love, example, humility and singleness of purpose. The God you served loves you and we are sorry for ourselves for our loss but happy for you that you lived well and that you are now in a new life. We will join you one day. Until that day, we will cherish your memory, and love and comfort your family. We will be strong like you and tell the world about how wonderful your people are.”

Our family and all the FBR loves you, misses you and thanks God for you,

With love and gratitude, The Free Burma Rangers

The Free Burma Ranger’s (FBR) mission is to provide hope, help and love to internally displaced people inside Burma, regardless of ethnicity or religion. Using a network of indigenous field teams, FBR reports on human rights abuses, casualties and the humanitarian needs of people who are under the oppression of the Burma Army. FBR provides medical, spiritual and educational resources for IDP communities as they struggle to survive Burmese military attacks.
For more information, please visit www.freeburmarangers.org