Saturday, March 30, 2013

ကရင်ပြည်နယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဒေါ်လာ ၁၁ သန်း လှူဒါန်း



ဂျပန်အခြေစိုက်NGOအဖွဲ့တခုဖြစ်တဲ့
JAPAN PLOLTFORMအဖွဲ့သည်
ကရင်ပြည်ငြိမ်းချမ်းရေးနှင့်ပြန်လည်ထူထောင်ရေးပန်လည်ထူထောင်ရေး စီမံကိန်းတွေအတွက် အကူအညီ အမေရိကန် ဒေါ်လာ ၁၁ သန်းပေးအပ်ပွဲကို ပြုလုပ်ခဲ့ပေမဲ့ကရင်ပြည်သူပြည်သားအတွက်တော့ရင်လေးမိပါတယ်
တကယ့်ဒုက္ခရောက်နေတဲ့ကရင်ပြည်သူတွေစီ၁၀ပုံလို့တပုံရောက်ပါ့မလား
ဆိုတာကိုပါ

2013-03-25


japan-donate-karen-peace-305.jpg
ဂျပန်အခြေစိုက် NGO အဖွဲ့တစ်ခုဖြစ်တဲ့ Japan Platform အဖွဲ့က ကရင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေး စီမံကိန်းတွေအတွက် အလှူငွေပေးအပ်ပွဲကိုတွေ့ရစဉ်
photo: RFA/ Sai Tun Aung Lwin 
ဂျပန်နိုင်ငံအခြေစိုက် အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Japan Platform အဖွဲ့က ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေး နဲ့ ပြန်လည်ထူထောင်ရေး စီမံကိန်းတွေအတွက် အကူအညီ အမေရိကန် ဒေါ်လာ ၁၁ သန်းပေးအပ်ပွဲကို ရန်ကုန်မြို့ ဂျပန်သံရုံးမှာကျင်းပခဲ့ပါတယ်။
အဲဒီထောက်ပံ့ကြေးတွေကို သုံးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ် လို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနရဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။
“စာချုပ်မှာ ဒေါ်လာ ၁၁ သန်းဖိုးရှိတဲ့ ထောက်ပံ့ အကူအညီတွေကို ၃ နှစ်အတွင်းမှာ ကရင်ပြည်နယ် ကို ထောက်ပံ့ဖို့ အစီအစဉ်တွေလည်းပါ ပါတယ်၊ အစိုးရသစ်လက်ထက်မှာ အလှူရှင်တွေက ကာယကံရှင်တွေဆီကို သူတို့စိတ်တိုင်းကျ တိုက်ရိုက်လှူလို့ရတဲ့စနစ်မျိုးကို ဆောင်ရွက်နေပါတယ်၊ စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်းမှာ အသေးစိတ်အစီအစဉ်တွေကိုတော့ ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်”
ဒီအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအပါအ၀င် Japan Platform အဖွဲ့အစည်း ကိုယ်စားလှယ် Ms. Keiko Kiyama၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက သံအမတ်ကြီး  Mikio Numata နဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန အမှုဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးလှိုင်တို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
အခုလိုထောက်ပံ့မှုပြုတာဟာ လာမယ့် ဧပြီလကနေ ၂၀၁၆ခုနှစ် မတ်လအထိ ပြုလုပ်သွားမယ့် စီမံကိန်းတွေအတွက်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့ကလည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ Mikio Numata က အမေရိကန် ဒေါ်လာ ၆.၅ သန်းခန့်နဲ့ ညီမျှတဲ့ ဂျပန်ယန်းငွေ ၆၅၁ သန်းကို ကရင်ပြည်နယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပြည်လည်နေရာချထားရေးအတွက် ပေးအပ်ခဲ့တယ်လို့သိရပါတယ်။

အပစ်ခတ်ရပ်စဲခြင်းဖြစ်စဉ်အတွင်း ကရင်ပြည်သူလူထုများ၏မြေယာဆုံးရှုံးနစ်နာမှုနှင့် အာရှလမ်းမကြီး


ဒေသခံပြည်သူတစ်ဦး၏ ရေးသားပေးပို့ လာသောစာဖြစ်ပါသည်။ သက်ဆိုင်သူ အာဏာပိုင်(တော်လှန်ရေးအဖွဲ့ များအပါအ၀င်) အဖွဲ့ အစည်းများ သိမြင်နားလည် ဆင်ခြေနိုင်ကြပါစေ။



ကရင်ပြည်သူများ၏အသံ - ရေကာတာတည်ဆောက်မှုများကို ချက်ခြင်းရပ်ပါ။ (ရုပ်သံ - ကရင်+ဗမာ)





Type the rest of your post here.

ဒုက္ခသည် စခန်း ကို မီးလောင်စေတဲ့ ပစ္စည်း တွေ ရဟတ်ယာဉ် နဲ့  ကြဲချမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဖေါ်ထုတ်ကြပြီ


မယ်ဟောင်ဆန် ခရိုင် မှာ ရှိ တဲ့ ကရင်နီ ဒုက္ခသည် စခန်း မီးလောင် မှု ဟာ
ရဟတ် ယာဉ် တွေ က မီးလောင် စေတဲ့ ပစ္စည်း တွေ ကို ကြဲ
ချ ခဲ့တာ ကြောင့် ဖြစ်တယ် လို့  မျက်မြင်တွေ့ ရှိတဲ့ ဒုက္ခသည် တွေ ရဲ့  ပြော
ကြား ချက် ကို ကိုး ကား ပြီး ဒီနေ့  ထုတ် ဘန်ကောက် ပို စ် သတင်း စာမှာ
ဖော်ပြထား ပါတယ်။

မီးလောင်မှုကြောင့် ကရင် ဒုက္ခသည် ၄၂ ဦးသေဆုံး ပြီး အများ အပြား ဒဏ်ရာ ရရှိခဲ့ ပါတယ်။
ဒုက္ခသည် စခန်း က ဆာမူ က တော့ ကောင်းကင် က နေ ရဟတ်ယာဉ် သံ တွေ ကြားရ ပြီး မီး
လောင်စေတဲ့ ပစ္စည်း တွေ ကျလာတာပဲ လို့  ဘန်ကောက် ပို့  စ် ကို ပြောပါတယ်။
မယ်ဟောင်ဆန် ခရိုင် ရဲမှုး Nitinart ကို လည်း မီးလောင် ချိန်မှာ သွားရောက် ကြည့် ရှု
စစ်ဆေးဖို့  ပျက်ကွက် ခဲ့ တဲ့ အတွက် တာဝန် က နေ ခေတ္တ ရပ်ဆိုင်းထားပြီး စုံစမ်း မှု တွေ
ပြု လုပ် နေပါတယ်။

ကရင် နီ ဒုက္ခသည် စခန်း ကို အကူအညီပေး နေတဲ့ အဖွဲ့  တွေ က ဒုက္ခသည် တွေ ပြန်
လည် တည် ထောင်နိုင် ရေးအတွက် အကူ အညီ ဒေါ်လာ သန်း နဲ့  ချီ ပြီး လို အပ် တယ်လို့  ဆိုပါတယ်။
လူ အခွင့် အရေး စောင့်ကြည့် ရေး အဖွဲ့  ရဲ့  ထိုင်းတာဝန်ခံ Sunai Phasu က ထိုင်း
အစိုးရ အနေနဲ့  ဒီ ကြေကွယ် ဖွယ်ရာ အဖြစ် ဆိုး ကြီး အတွက် တုံ့ပြန်မှု အမြန် ဆုံး
လုပ် သင့် ပြီး အဖြေ ပေး ဖို့  လို နေ ပြီ လို့  ပြောပါတယ်။

မီးလောင်မှု ကို စုံစမ်း စစ်ဆေး နေ တဲ့ အဖွဲ့  တွေ က လည်း မီးလောင်ထား တဲ့ အိမ်တွေ မှာ
ဖော့(စ)ဖော့ရပ်(စ) ဓာတု ပစ္စည်း တွေ ကို တွေ့ တယ် လို့  ထုတ် ဖော် ပြောပါတယ်။ မီး
လောင် သွား တဲ့ ကရင် နီ ဒုက္ခသည် စခန်း ဟာ ထိုင်း မြန်မာ နယ် စပ် မှာ ရှိတာ ဖြစ်ပါတယ်။


A police source who questioned Mae Surin camp refugees in the aftermath of the inferno said many witnesses told the officers they saw a helicopter flying above the camp minutes before the fire broke out. They also said they saw a burning object dropped from the helicopter on the roof of a house in Zone 1.

A source from the police forensics team Monday said traces of phosphorus had been found in the grounds of the house where the blaze was believed to have started.

Soil samples from the house would be sent to a Bangkok laboratory for further examination, the source said.

Sunai Phasuk, the Human Rights Watch representative in Thailand, urged the government to quickly and clearly conclude the probe to end all the speculation as the tragedy and the high death toll were being closely watched by human rights organisations and had become a concern among activists.

"The government cannot sit on this issue and let it go with the hope that the public will soon forget about it," he said.

"The government has to come up with an answer."

Meanwhile, the bodies of 36 fire victims at Mae Surin refugee camp were buried Monday in a simple Christian ceremony.

The official death toll is 37. The last victim, a male refugee, succumbed to his injuries at Nakorn Ping Hospital in Chiang Mai on Sunday. His body has yet to be returned to the camp for religious ceremonies.

Sa Mu, 29, who lost his 20-year-old brother and 15-year-old nephew in the blaze, said the fire began in Zone 1 while he was at home in Zone 4.

He ran out to help others in Zone 4 put out the fire.

"In only about 15 minutes, the fire spread quickly to my house. So I had to rush back home," he said, adding that he shouted for his family members to escape before running to a stream next to the camp.

But his brother and nephew could not make it out to the stream.

Joa Pa Hu, 26, the owner of the house where the fire was believed to have started, told police he was not at home when the blaze began.

"I left my two-year-old son sleeping at the house and went out to eat with my mother at another house," he said. "No one was at the house except my son."

He insisted he did not leave a cooking fire burning when he went out.

Toe La Si, 32, said many people heard the sound of a helicopter's rotors and saw sparks and smoke trails falling from the sky.

"It was like someone setting fire to different corners of the camp. It spread quickly from section 1 to 4," she said.

Khun Yuam district chief Charnchai Srisathien Monday said identification of the victims had been finalised. Of the 37 killed, 21 were male and 16 female.

ကိုးဒီသွေး

ပထမအကြိမ်မြောက် ကရင်ရေးရာ အစည်းအဝေး စတင်ကျင်းပခြင်း


Submitted by admin on Saturday, 30 March 2013--
မတ်လ ၂၉ ရက်၊ ၂၀၁၃ ခုနှစ်။ (ကေအိုင်စီ)
ပထမအကြိမ်မြောက် ကရင်ရေးရာအစည်း အဝေးဖွင့်ပွဲ အခမ်းအနားကို ယနေ့မြန်မာစံတော်ချိန် မနက် ၈နာရီ အချိန်တွင် ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်(၃) ရပ်ကွက်ရှိ ဇွဲကပင်ခန်းမ၌ စတင်ပြုလုပ် ကျင်းပ ခဲ့သည်။

၎င်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာအစိုးရ သမ္မတရုံးရေးရာ ၀န်ကြီး ဦးအောင်မင်း အပါအ၀င် မြန်မာငြိမ်းချမ်း ရေးစင်တာ-MPC အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ဒေသများနှင့် ကရင်စာပေ အဖွဲ့အစည်း အသီး သီးမှကိုယ်စားလှယ်များ စုစုပေါင်း၅၀၀ နီးပါး တက်ရောက်ခဲ့ကြသလို တောင်ကလေး ဆရာတော်ဦး ပညာသာမိကလည်း သ၀ဏ်လွှာပေးပို့ခဲ့သည်။

ဖွင့်ပွဲအပြီးတွင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဇွဲကပင်ခန်းမ မှ ပြန်လည်ထွက်ခွားသွားခဲ့ကြပြီး ကရင်ရေးရာ အစည်းအဝေးကို စတင်ကျင်းပခဲ့ရာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မြန်မာပြည် အထက်ပိုင်းမှ ကရင်လူမှုရေး၊ နိုင်ငံရေး စာပေယဉ်ကျေးမှု အဖွဲ့များမှ ကိုယ်စား လှယ်များ၊ အနုသုခုမအဖွဲ့ဝင်များ၊ လွှတ်တော်အမတ်အဖွဲ့ ကရင်လူငယ်နှင့် အမျိုးသမီးအဖွဲ့ဝင်များ၊ ကေအဲန်ယူ အပါအ၀င် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော ကရင်လက်နက်ကိုင်အဖွဲ့များနှင့် နယ်ခြားစောင့်တပ် များ ပါဝင်ခဲ့ကြသည်။

ယခုအစည်းအဝေး၏ ဆောင်ပုဒ်မှာ ‘ကရင့်ဘ၀လှပဖို့ ညီညီညွတ်ညွတ် လက်တွဲစို့’ ဟူ၍ဖြစ်ပြီး ရည်ရွယ်ချက်မှာ စစ်မှန်တည်တံ့သော ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ကရင့်အနာဂတ်ရေးတို့အပေါ် အခြေခံကာ ဆွေး နွေးသွားသည့် အစည်းအဝေးဖြစ်သည်။

အစည်းအဝေးသဘာပတိ ဘဒ္ဒန္တ အရှင်စန္ဒာဝရက “ကရင်ရေးရာ အစည်းအဝေးပွဲမှာ အပြုသဘောဆောင်တဲ့ ဆွေးနွေး ချက်တွေကို ဒီရရှိလာတဲ့အချိန်လေးမှာ တန်ဖိုးရှိရှိ အကျိုးရှိရှိ ထိထိမိမိ လိုရင်တိုရှင်း ဆွေးနွေးတင်ပြ စေချင်ပါတယ်။

ဒါမှသာ အားလုံးကို လေးစားရာရောက်ပြီး ကရင်လူမျိုးရဲ့ စည်းလုံးရေး၊ ငြိမ်းချမ်းရေးနဲ့ လှပတဲ့ အနာဂတ်ကို ဖော်ဆောင်ပေးမယ့် သမိုင်းတွင်မယ့် ပွဲတစ်ပွဲ ဖြစ်လာနိုင်ပါတယ်”ဟု မြွက်ကြားပြောဆိုသည်။

အစီအစဉ်အရ သက်ဆိုင်ရာ အဖွဲ့ကိုယ်စားလှယ်များက ယခုအစည်းအဝေးပွဲနှင့် ပတ်သက်၍ ၎င်းတို့၏ သဘော ထားများကို တင်ပြခြင်း၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များက သဘောထားစာတမ်းများပေးပို့ခဲ့ကြရာ လက်ရှိ အချိန်သည် အပစ်အခတ်ရပ်စဲနေသော်လည်း ကရင်လူမျိုးများအတွက် ဥပဒေအရ လုံခြုံမှု မရှိသေးကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခြေခံရပိုင်ခွင့်ပြည့်ဝသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လိုအပ်ကြောင်း၊ လူ့အခွင့် အရေးချိုးဖောက်မှုများကို ကရင်လူမျိုးများက စည်းလုံးညီညွတ်စွာ တွန်းလှန်ကာကွယ်သွားရန်၊ ကရင်ဒေသရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်များ ထိန်းသိမ်းစောင့်ရှောက်ရန် စသည်တို့ ပါဝင်သည်။

မွန်းလွဲပိုင်းတွင် အစည်းအဝေး၏ ရည်ရွယ်ချက်ပါ အချက်သုံးချက်အတိုင်း အုပ်စုလိုက်ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ ကြပြီး ရရှိလာသည့် အချက်အလက် များကို မှတ်တမ်းအဖွဲ့မှ စုဆောင်းထားကာ ဒုတိယနေ့တွင် ဆက်လက် ဆွေးနွေးသွားမည်ဖြစ်သည်။

အလားတူ ညပိုင်းဆွေးနွေးပွဲကို ဖားအံမြို့ အမှတ်(၃) ရပ်ကွက်ရှိ သုမေဓါရာမ ကြားတောရ ဘုန်းကြီးကျောင်း တွင် ဆက်လက်ပြုလုပ်ခဲ့ကြပြီး အစည်းအဝေး ဒုတိယနေ့(နောက်ဆုံးနေ့)တွင် နှစ်ရက်တာ ကရင်ရေးရာ အစည်းအဝေးနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ် သွားမည်ဖြစ်သည်။

Sunday, March 24, 2013

တန်ဖိုးကို မပြောင်း . . .စကားလုံး ပြောင်း

နာမည်တွေ ပြောင်းကုန်ပြီ

တန်ဖိုးနည်း အိမ်ယာ ဆိုပြီးတော့ သိန်း၁၈၀ - သိန်း ၂၀၀ တန်တွေ လူတွေကို ရောင်းမယ် ဆိုတော့ ပြည်သူတွေက သိန်း ၂၀၀ ဝန်းကျင် ဆိုတော့ တန်ဖိုးနည်း မဟုတ်ဘူး ဘာညာပေါ့လေ။ ပြောကြတယ် မဟုတ်လား။ ဒါကြောင့်မို့ တန်ဖိုးနည်း အိမ်ယာ ဆိုတာကနေ နာမည်ပြောင်ပြီးတော့ တန်ဖိုးမျှတ အိမ်ယာ ဖြစ်သွားပါပြီ . . . တိန် . .

ဒါကြောင့် ပြောတာ မြန်မာ ဘာသာစကားက တယ်ကြွယ်ဝပါတယ် ဆိုနေမှ . . . တန်ဖိုးကို မပြောင်း . . .စကားလုံးကို ပြောင်းလိုက်လေပြီ :P

( အခုတော့ စပြီးတော့ ဆောက်လုပ်ဖို့ ပြင်ဆင်ကာ ဖောင်ဒေးရှင်းတွေ ဘာတွေ တူးနေပါပြီ။ ဒါပေမယ့် အခန်းတွေ ရောင်းဖို့ မကျန်တော့ပါဘူးလို့ အရပ်စကား အရ ကြားသိရတာပါပဲ။ ကောင်းလေစွ )


ကရင်နီအမှတ်-၂ ဒုက္ခသည်စခန်း မီးလောင်မှုဓါတ်ပုံမှတ်တမ်းနှင့်သတင်း





ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မြန်မာဒုက္ခသည်များ နေထိုင်ရာ စခန်းတစ်ခုတွင် မတ် ၂၂ ရက်နေ့က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာလူ ၄၂  ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိများက ပြောကြားခဲ့သည်။



မဲဟောင်ဆန်ပြည်နယ်ရှိ မဲဆိုင်စခန်း၌ မတ် ၂၂ ရက်နေ့ ညနေလေးနာရီအချိန်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နှစ်နာရီအကြာတွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး ယာယီတဲအိမ် ၁၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။


ချက်ပြုတ်ရာမှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ရသည်ဟု ထင်မြင်ယူဆလျက်ရှိပြီး မီးလောင်မှုကြောင့် သေဆုံးသူအများစုမှာ မိန်းမ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများဖြစ်ကြကြောင်း သိရသည်။ ဒဏ်ရာရသူ ၂၀၀ ခန့်ရှိပြီး ဆေးရုံသို့ တင်ထားခဲ့ကြောင်း အကြီးတန်း အရာရှိတစ်ဦးက ပြောကြားခဲ့သည်။


အိမ်ခြေ ၃၇၀၀ ခန့်ရှိသော အဆိုပါစခန်းတွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှု၏ အကြောင်းရင်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးမည်ဟု ထိုင်းအစိုးရက ကတိပေး ပြောကြားခဲ့သည်။


ယင်းကဲ့သို့ လူအများအပြား သေဆုံးခဲ့ရခြင်းနှင့် ပတ်သက်ပြီး ၀မ်းနည်းရကြောင်းနှင့် သေဆုံးသူဦးရေသည် ယခုလောက်အထိ မများပြားသင့်ကာ မီးလောင်ကျွမ်းရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဂျရူပေါင်ရာအန်ဆူဝန်က အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။


ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် ဒုက္ခသည်စခန်း ၁၀ ခုရှိပြီး လူပေါင်း ၁၃၆၀၀၀ ခန့်နေထိုင်လျက်ရှိကြကာ ယင်းဒုက္ခသည်များသည် ၁၉၈၀ အစောပိုင်းကတည်းက စတင်ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။


ဒုက္ခသည်စခန်းရှိ အိမ်ခြေများသည် ပူးကပ်စွာတည်ရှိပြီး သက်ငယ်အမိုး၊ ၀ါးတို့ဖြင့် တည်ဆောက်ထားကြသည်။


ဒုက္ခသည်စခန်းတွင် နေထိုင်ကြသော လူအများစုသည် ကုလသမဂ္ဂ၏ ဒုက္ခသည်စာရင်းတွင် ပါဝင်ကြပြီး ပြန်လည်နေရာချထားရေး အစီအစဉ်အရ ဒုက္ခသည် ထောင်ပေါင်းများစွာအား အခြားနိုင်ငံများသို့ ရွှေ့ပြောင်းရန် ခွင့်ပြုပေးထားကြောင်း သိရသည်။


ဒုက္ခသည် အများစုသည် မြန်မာနိုင်ငံအရှေ့ဘက်ရှိ ကရင်ပြည်နယ်မှ ဖြစ်ကြကြောင်း သိရသည်။ ယမန်နှစ် ဖေဖော်ဝါရီလကလည်း အခြားနယ်စပ် ဒုက္ခသည်စခန်းတစ်ခုတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သောကြောင့် လူနေအိမ်ခြေ ရာပေါင်းများစွာ ပျက်စီးခဲ့ရပြီး အာဏာပိုင်များကလည်း ချက်ပြုတ်ရာမှတစ်ဆင့် မီးလောင်ခဲ့သည်ဟုပင် ပြောကြားခဲ့ကြသည်။
 Eleven Media Group

ကရင်နီဒုက္ခသည်စခန်း မီးလောင်၍ သေဆုံးသူ ၃၀ ထဲမှ ကလေးများပါဝင်

Written by ကန္တာရဝတီတိုင်း(မ်)
၂၃ ရက် မတ်လ ၂၀၁၃ ခုနှစ်
ဓါတ်ပုံ - ဖေ့ဘွတ်


ယမန်နေ့ညနေက ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ကရင်နီအမှတ်-၂ ဒုက္ခသည်စခန်း မီးလောင်ကျွမ်းခဲ့လို့ ဒုက္ခသည် ၃၂ ဦးသေဆုံးခဲ့ရပြီး သေဆုံးသူထဲမှ ကလေးငယ် ၁၀ ဦးပါတယ်လို့ ကန္တာရ၀တီတိုင်း(မ်) သတင်းထောက်မှ သတင်းပေးပို့ပါတယ်။

ဒဏ်ရာရရှိသူ ၅ ဦးထဲမှ သုံးဦးကို မယ်ဆောင်ဆောင်ဆေးရုံသို့ အရေးပေါ် ပို့ပေးခဲ့ရပါတယ်။ မွန်းလွဲပိုင်း ၃ နာရီခန့်က စတင်လောင်ကျွမ်းပြီး ညနေ ၅နာရီလောက်မှာ ငြိမ်းသွားတယ်လို့သိရပါတယ်။ ရပ်ကွက် ၁နဲ့ ရပ်ကွက် ၄က အိမ်ခြေ ၄၂၀ ကျော်ကို ပြာကျသွားစေခဲ့ပါတယ်။

ရပ်ကွက်၂ ခုစလုံးထဲက အိမ်ခြေအားလုံးနီးပါး မီးလောင်ကျွမ်းသွားခဲ့တဲ့အတွက် လက်ရှိ ရပ်ကွက် ၁ မှ လူဦးရေ ၁၁၂၃ ဦးနဲ့ ရပ်ကွက်၎မှ လူဦးရေ ၁၂၀၇ဦးအတွက် NGO အဖွဲ့အစည်းများဖြစ်တဲ့ IRC, TBBC, IOM နဲ့ ဒေသခံ ထိုင်းအာဏာပိုင်တို့ကနေ အရေးပေါ် ကယ်ဆယ်ရေးတွေ လုပ်ပေးနေပါတယ်။

ထိုင်း - မြန်မာနယ်စပ် ကယ်ဆယ်ရေးညွန့်ပေါင်းအသင်း TBBC ရဲ့ ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီ လူဦးရေစာရင်းပြုစုထားချက်အရ အမှတ် ၂ ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဦးရေ ၃၄၅၈ ဦးဖြစ်ပါတယ်။

ဒုက္ခရောက်နေတဲ့ ရပ်ကွက် ၁ အိမ်ခြေ ၂၀၇အိမ်ထောင်၊ လူဦးရေ ၁၁၂၃ဦး နဲ့ ရပ်ကွက် ၄ အိမ်ခြေ ၂၁၃အိမ်ထောင်၊ လူဦးရေ ၁၂၀၇ဦး ဖြစ်ပါတယ်။ တချို့က ချောင်းနံဘေးမှာမီးဖိုပြီး အိပ်တယ်။ တချို့က မိမိဆွေမျိုးအိမ်မှာ သွားအိပ်နေကြပါတယ်။