Thursday, May 30, 2013

KNU GS message to the public (ရုပ်သံ)



Type the rest of your post here. 

ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီ ဖွဲ့စည်းခြင်း


Written by ဖြူဖြူကို


အစိုးရနှင့် အပစ်အခတ် ရပ်စဲ ထားသော ကရင် ငြိမ်းချမ်းရေး အဖွဲ့များသည် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ရည်စူးပြီး ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီ တရပ်ကို ယမာန်နေ့က ဖွဲ့စည်း ခဲ့သည်ဟု ယင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့သော ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) မှအရာရှိ တစ်ဦးက ဆိုပါသည်။ 

“ ကျင်းပတဲ့ နေရာကKNLA ရဲ့ကော့ကရိတ် မြို့နယ်မှာ ရှိတဲ့ ထို့ကော်ကိုး စခန်းမှာပေါ့နော်။ အဖွဲ့က (၆) ဖွဲ့ တက်ပါတယ်။ အဓိက ကတော့ ကရင် ငြိမ်းချမ်းရေး အဖွဲ့တွေ အားလုံးပါတယ်။ ကရင် ညီညွတ်ရေးနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကြား ပြသနာ ဖြေရှင်းဖို့ရယ် ပြီးတော့ တစ်ဖွဲ့ထဲ ပြန်လည် ပေါင်းစည်းရေး အထိ တဖြည်းဖြည်း ဆွေးနွေး သွားဖို့ ရည်ရွယ် ထားပါတယ်။” ဟုDKBA မှ ဗိုလ်မှူးကြီး ဆန်းအောင်က ဆိုပါသည်။

ဆွေးနွေးပွဲ ဆုံးဖြတ်ချက်များမှာ
- နိုင်ငံရေး ဆွေးနွေးသည့် အခါ ထိရောက်မှု ရှိလာစေရန်ကရင် လက်နက်ကိုင် အဖွဲ့များ အချင်းချင်း စုစည်း ညီညွတ်ကြရန်။
- တမျိုးသားလုံးကို ကိုယ်စားပြုသည့် နိုင်ငံရေး ဆွေးနွေးမှုကို KNU မှ ဦးဆောင်ရန်။ 

- မူးယစ်ဆေးဝါးပြသနာကို ကရင် လက်နက်ကိုင် အဖွဲ့အစည်း များမှ ဦးဆောင် နှိမ်နှင်းသွားရန်။
- ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီသည် (၃) လတကြိမ် တွေ့ဆုံဆွေးနွေးသွားရန်။
- ကရင် တပ်ဖွဲ့ဝင် အဖွဲ့အစည်းများ အားလုံး ပါဝင်သောလူထု ရှင်းလင်းပွဲများ ကျင်းပသွားရန်။
- ကရင် လက်နက်ကိုင် ညီညွတ်ရေး ကော်မီတီ ဖွဲ့စည်းပြီး ဖြစ်ကြောင်း အောက်ခြေ တပ်ဖွဲ့များနှင့် ပြည်သူများအား ထုတ်ပြန်ရန်နှင့်
- ကရင် လက်နက်ကိုင် ညီညွတ်ရေး ကော်မတီကို အဖွဲ့ဝင် (၁၇) ဦးဖြင့် ဖွဲ့စည်းခြင်းတို့ ဖြစ်ပါသည်။

ဆွေးနွေးပွဲမှ ဖွဲ့စည်း လိုက်သော ကရင် လက်နက်ကိုင် အဖွဲ့အစည်းများ ညီညွတ်ရေး ကော်မတီဝင်များမှာ ဗိုလ်မှူး ချစ်သူ(BGF)၊ ဗိုလ်မှူးစောကြာအဲ (BGF)ဲ၊ ဒေါက်တာစောဌေးမြင့် (BGF)၊ဖိုးရင်နု (KNU/KNLA-Peace council)၊ ဗိုလ်မှူးကြီး စောယိုရှူး၊ ဦးမြင့်သန်း၊ ဦးကျော်မြင့်(ဘုရားကုန်းအဖွဲ့၊ ပဒိုဖောဒို (KNU ) ပဒိုရွှေမောင်း (KNU)၊ ပဒိုအောင်မော်အေး (KNU)နှင့် ဗိုလ်ချုပ်ကြီး ဂျော်နီ (KNU)၊ ဗိုလ်ချုပ် မိုရှေး(DKBA) ၊ဗိုလ်မှူးကြီး စောကျော်သက် (DKBA)၊ဗိုလ်မှူး ကြီးစောသန်းအောင်၊ ဗိုလ်မှူး စတီဗာ (KPF)၊ စောနေ၀င်း (KPF)၊ စောအယ်မိုး (KPF) တို့ဖြစ်ပါသည်။

တက်ရောက် ဆွေးနွေးကြသည့် ကရင် လက်နက်ကိုင် အဖွဲ့ ၆ ဖွဲ့မှာ၊ ဟောင်သရော အထူး ဒေသ ငြိမ်းချမ်းရေး တပ်ဖွဲ့၊ဘုရားကုန်းခေါ်ပဒိုအောင်ဆန်းအဖွဲ့၊ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA)၊ အစိုးရ နယ်ခြား စောင့်တပ် (BGF) အဖွဲ့မှ ဗိုလ်မှူး ချစ်သူ အဖွဲ့နှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNLA) တို့ဖြစ်ပါသည်။

တက်ရောက်သည့် ကိုယ်စားလှယ်များမှာ ကရင် အမျိုးသား အစည်းအရုံး (KNU) မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီ၊ တွဲဖက် အတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲ၊ ဖားအံ ခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေး၊ ဒူးပလာယာ ခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်း၊ တပ်မဟာ (၅) မှူး ဗိုလ်မှူးချုပ် ကျော်မူဟဲ၊ ပဒိုစောလေးလော်ဆော၊ တပ်မဟာ (၇) ဗျူဟာမှူး ဗိုလ်မှူးကြီး ဖောဒို၊ ဗိုလ်မှူး အယ်ဆဲဆဲ၊ ဗိုလ်မှူး တာမလာ၊ ဗိုလ်မှူး ဒိကွယ်၊ ဒုဗိုလ်မှူးကြီး ဘူးဖောအပါအ၀င် စုစုပေါင်း ၁၉ ဦးတို့ တက်ရောက် ခဲ့ပါသည်။

DKBA ဖက်မှ ဗိုလ်မှူးကြီး ကျော်သက် ဦးဆောင်ပြီး တက်ရောက် ခဲ့သလို BGF မှ ဗိုလ်မှူး ချစ်သူမှ ဦးဆောင်ပြီး တက်ရောက် ခဲ့ပါသည်။ ဟောင်သရော အထူးဒေသ ငြိမ်းချမ်းရေး တပ်ဖွဲ့ပဒိုဒေါဒေါ ဦးဆောင် သလို ဘုရားကုန်း အဖွဲ့မှ ပဒို အောင်ဆန်း ဦးဆောင် ခဲ့ပါသည်။ KNLA မှ ဖိုးရင်နုက ဦးဆောင် တက်ရောက်ခဲ့ သဖြင့် ဆွေးနွေးပွဲသို့ စစ်ဖက် ကိုယ်စားလှယ်ပေါင်း (၆၀) ကျော်နှင့် အရပ်ဖက် အပါဝင် စုစုပေါင်း တစ်ရာကျော် တက်ရောက် ခဲ့ပါသည်။

ကရင် လက်နက်ကိုင် ညီညွတ်ရေး ကော်မတီသည် ကရင် လက်နက်ကိုင် အဖွဲ့များကြား ဖြစ်ပေါ်လာသော ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်း သွားကြရန် သဘောတူ ထားကြပါသည်။ ဤသို့ကြောင့် လောလောဆယ် ဖြစ်ပွားနေသော DKBA နှင့် BGF အဖွဲ့တို့၏ လက်နက်ကိုင် ပဋိပက္ခကိုလည်း ကြားဝင်ဖြေရှင်း သွားရန် ရှိပါသည်။ 
http://www.phophtawnews.org/burmese/index.php/news/internal-news/item/331-2013-05-29-04-16-13.html

ပြန်ခေါက်ပါ...

မြစ်ကြီးနားက ငြိမ်းချမ်းရေးဆွေးနွေးပွဲ (ရုပ်သံ)


Wednesday, May 29, 2013

သရုပ်ဆောင် ရဲတိုက် ကို ယာယီဖမ်းဆီး ထိန်းသိမ်းထားတဲ့ ဗိုလ်တစ်ထောင်မြို့နယ် ရဲစခန်း ရဲ့ သတင်းထုတ်ပြန်မှု

 

 

Press Briefing of Botahtaung Police Force Video on Vimeo!

 

Video of MyanmarCelebrity.Com

သရုပ်ဆောင်ရဲတိုက်၏ ဆန္ဒထုတ်ဖော်ခြင်းနှင့် ပတ်သက်သည့်ဖြစ်ရပ်မှန်

စိန်မေရီကာသီဒြယ် ဘုရားကျောင်း တော်ကြီးသည် ကက်သလစ် ခရစ်ယာန် ဘာသာဝင်များ၏ ၏အထွဋ်အမြတ် ထားရာ 

ဝတ်ပြုကိုးကွယ်သည့် နေရာဖြစ်သည်။

နံနက် ၈း၃၀နာရီမှ နေ့ လည်၁၂း၀၀နာရီ အထိတစ်ကြိမ်၊ မွန်းလွဲ ၂း၀၀နာရီမှ ညနေ ၆း၀၀ နာရီအထိတစ်ကြိမ်၊ ဘုရားဖူး 
ဘာသာတူများနှင့် လာရောက် လေ့လာသူများနှင့် ၀တ်ပြုဆုတောင်း သူများ အတွက် နေ့စဉ်ဖွင့်လှစ်ပေး ထားပါသည်။

မည်သည့်လာရောက်လေ့လာ၊ ၀တ်ပြုကိုးကွယ်သူ မည်သူမဆိုလူမျိုးဘာသာ မခွဲခြားဘဲ လွတ်လပ်စွာလာရောက်ခွင့်ပြုထားပါသည်။ ရှေးဟောင်းအဆောက်အဦ်းဖြစ်သည်နှင့်အညီ ထူးဆန်းသောဗိသုကာလက်ရာ
များတည်ရှိရာနေရာဖြစ်ရာ၊ ဗိသုကာပညာရပ်ကိုစိတ်ဝင်စား သောသူများနှင့် ပညာရှင်များလည်းလာရောက်လေ့လာလေ့ရှိပါသည်။

မည်သည့်ဘာသာရေးအဆောက်အဦးမဆို၊ တစ်သီးတစ်ခြားသတ်မှတ်ထား သည့် ဓါတ်တော် မွေတော်များထားရှိရာ 
သန့် ရှင်းသောနေရာများရှိတတ်ကြပါသည်။ ဤကဲ့သို့သောနေရာများသို့ ၀င်ရောက်ခြင်းကိုအထူးကြပ်မတ်
 စောင့်ရှောက်ထားပါသည်။

ထိုကဲ့သို့ သတ်မှတ်ထားသည့် နေရာများကို လာရောက်ကြသည့် ဧည့်သည် တိုင်းသည် သင့်တင့်လျောက်ပတ်သည့် 
ရိုသေလေးစားမှု ရှိကြရမည်ဖြစ်သည်။

ယနေ့ဖြစ်စဉ်မှာ သူတော်စင်များသာဝင်ရောက်ရသည့်၊ ဓါတ်တော် မွေတော်များထားရှိရာ သန့်ရှင်းသည့်နေရာ ၊
အထွဋ်အမြတ်ထားရာ (Sanctuary) အတွင်းသို့ ၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်နှင့်ဆန့်ကျင်သည့် မတင့်တယ်သော 
အ၀တ်အစား(စွပ်ကျယ်လက်ပြတ်) နှင့် ၀င်ရောက်ကာ အထွဋ်အမြတ်ထားရာ ဗိမာန်တော်ကိုကျောပေးလျက်၊ မသင့်တင့် မလျောက်ပတ်မလျော်ကန်သောအပြုအမူမျိုး ပြုလုပ်ခြင်း၊ ကိုတွေ့ရှိရလေရာ သက်ဆိုင်ရာ မှသတိပေးပြောကြားခဲ့ခြင်းမှစ၍ 
မကျေမနပ် ဖြစ်သွားပုံရသည်။ ထိုမှတစ်ဖန်၊ တတိယ အကြိမ် ပြန်လည်ရောက်ရှိလာရာတွင်၊ သတင်းထောက်များ၊ Media 
အဖွဲ့ဝင်များခေါ်လာပြီး အသင့်ရေးလာသော ဆိုင်းဘုတ်ကိုင်ဆောင်ကာ၊ ဘုရားကျောင်းသာသနာ့ ပုရ၀ဏ်အတွင်း ၀င်ရောက်ကာ၊ မည်သည့်အာဏာပိုင်အဖွဲ့အစည်း၏ခွင့်ပြုချက်မျှရယူခြင်းမရှိဘဲ တစ်ကိုယ် တော်ဆန္ဒပြခဲ့ပါသည်။ သာသနာ့အကျိုးဆောင်အဖွဲ့မှ 
အကြိမ်ကြိမ် မေတ္တာရပ်ခံ နေ သည့်ကြားမှပင် ကာယကံရှင်မှကိုယ်ထိလက်ရောက်စတင်ကျူးလွန်ခဲ့ပါသည်။

 ပိတ်ပင် တားမြစ်ခြင်းခံရသည်ဟု ကာယကံရှင်ကအပြစ်တင်စွပ်စွဲ ပြောဆိုနေသော်လည်း သုံးကြိမ် သုံးခါတိုင်တိုင်ဝင်ရောက်
ခဲ့ခြင်းသည်၊ ကာယကံ ရှင်၏ စွပ်စွဲချက်နှင့် လုံးဝ ဆန့်ကျင် နေသည်မှာထင်ရှားပါသည်။

အထက်ပါအပြုအမူများသည် ၊ ရည်ရွယ်ချက်ရှိရှိနှင့် ကြိုတင်ကြံစည်ထား သည်ဟု ယူဆ နိုင်ပါသည်။
ကက်သလစ်သာသနာဘုရားကျောင်းတော်ဝင်းသည် ၀တ်ပြုကိုးကွယ်ခြင်းနှင့် ငြိမ်းအေး ရာနေရာဖြစ်ပြီး၊ 
မည်သည့်ဆန္ဒပြခြင်းမဆို၊ ထိုသဘောသဘာဝအကြောင်း တရား များ နှင့်ဖီလာဆန့်ကျင်နေပါသည်။

ယခုသတင်းMedia များတွင်ပါသောအကြောင်းအချက်များသည် ဖြစ်ရပ်မှန်နှင့် လွဲမှားစွာ ဖော်ပြထားခြင်းဖြစ်ရာ 
မလိုလားအပ်သော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်ကို စိုးရိမ် ရသည်ဖြစ်၍၊ ပြည်သူလူထုအနေနှင့် ဖြစ်ရပ်မှန်
ကိုသိရှိရန်တင်ပြအပ်ပါသည်။

သာသနာ့အကျိုးဆောင်အဖွဲ့
စိန်မေရီကာသီဒြယ်သာသနာ၊
ရန်ကုန်မြို့ 

ကက်သလစ်တို့ အထွဋ်အမြတ်ထားရာ သန့်ရှင်းသောဂူဗိမာန်တွင် ကျောခိုင်းထိုင်နေပုံ


ရဲတိုက်အားသာသနာ့ အကျိုးဆောင်အဖွဲ့ မှရေသန့် ဖြင့်ဧည့်ခံနေပုံ

ရုပ်ရှင်မင်းသား ရဲတိုက်သည် မွတ်ဆလင်မှသာကူးလုပ်၍တခြားဘာသာများအားကိုယ်ထိလက်ရောက်ဆော်ကားခြင်း



ရန်ကုန်၊ မေ ၂၈။

ရုပ်ရှင်မင်းသား ရဲတိုက်သည် ယနေ့ နံနက် ၁၀ နာရီခန့်က ရန်ကုန်မြို့
ဗိုလ်ချုပ်လမ်းမနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ စိန့်မေရီ ကာသီဒြယ်
ဘုရားကျောင်း ဘုရားဝင်ဖူးရာတွင် ယင်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက
မောင်းထုတ်လိုက်သည့်အတွက် “ဘာသာမတူလျှင် ဖူးမျှော်ခွင့်၊
လေ့လာခွင့် မရှိဘူးလား” ဟု ဆိုကာ နေ့လည် ၁ နာရီ ၁၀ မိနစ်မှ စ၍ 
ဆန္ဒပြနေခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီကို မနက် ၁၀ နာရီကတည်းက ရောက်နေတာ။ ပထမ
ကားရေဆေးနေတာ ပြီးတော့မှ ဘုရားကျောင်းထဲဝင်ပြီး ဘုရားဝင် ဖူးတာ။
ဒုတိယတစ်ခေါက် ဝင်ဖူးတဲ့အချိန်မှာ မောင်းထုတ်လိုက်တယ်လို့ သူက ပြန်
ထွက်လာတော့ ပြောတယ်။ ချာ့လ်ကျောင်းဆိုတာ ဘယ် သူမဆို ဖူးမျှော်ခွင့်၊
 ဝင်ရောက်လေ့လာခွင့် ရှိတယ်ဆိုပြီးနောက်တစ်ခါ ရဲတိုက် ဘုရားကျောင်းထဲ
ပြန်ဝင်သွားတဲ့အခါ ထိုးတာ ကြိတ်တာတွေလည်း ရှိတယ်” ဟု ရုပ်ရှင်မင်းသား
ရဲတိုက်၏ သူငယ်ချင်းဖြစ်သူ ကိုမောင်စိုးကပြောကြားသည်။

ယခုကဲ့သို့ ဆန္ဒပြခြင်းသည် ဆူပူလိုစိတ်ဖြင့် ဆန္ဒပြခြင်း မဟုတ်ဘဲ ဘာသာမတူ
သော်လည်း အများပြည်သူ ဝင်ရောက်လေ့လာနိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း
သိရသည်။

ရည်မွန်
The Myanma Age

Tuesday, May 28, 2013

မြန်မာ-ဂျပန် ပူးတွဲကြေညာချက်

MONDAY, MAY 27, 201

ဂျပန်အစိုးရသည် မြန်မာနိုင်ငံအား ယန်းချေးငွေသစ်နှင့် ထောက်ပံ့ငွေများ ပေးအပ်သွားရန် ဆုံးဖြတ်ခဲ့

Mon, 05/27/2013 - 14:40 

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးနှင့် ဇနီးတို့၏ မြန်မာနိုင်ငံခရီးစဉ် အပြီးတွင် မြန်မာ-ဂျပန် ပူးတွဲကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါပူးတွဲကြေညာချက်မှာ အောက်ပါအတိုင်း ဖြစ်သည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ ပူးတွဲကြေညာချက်

နှစ်နိုင်ငံအပြန်အလှန် ချစ်ကြည်ရင်းနှီးမှုအတွက် အခြေခံသစ်များ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးသည် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်၊ မေလ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ တရားဝင်ခရီး လာရောက် လည်ပတ်ခဲ့သည်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး တို့သည် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံ ခေါင်းဆောင်ကြီးများသည် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ အကြား နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ရေးနှင့် တည်ရှိပြီးဖြစ်သော ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို တည်တံ့ခိုင်မြဲရေး တို့အတွက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ တို့သည် အတူတကွ လက်တွဲ၍ အောက်ဖော်ပြပါ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်သွားရန် သဘောတူညီမှု ရရှိခဲ့ကြသည်။

(၁) မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် ထောက်ခံမှု

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အကောင်အထည်ဖော်  ဆောင်ရွက်လျက် ရှိသည့် ဒီမိုကရေစီစနစ် တည်ဆောက်ခြင်း၊ တရားဥပဒေစိုးမိုးရေးတည်ဆောက်ခြင်း၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အကောင်အထည်ဖော်ခြင်းနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တို့ အပါအဝင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အစွမ်းကုန် ဆက်လက် လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။ ဂျပန်နိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးမှလည်း ပြည်သူနှင့် ပုဂ္ဂလိကကဏ္ဍများ၏ အင်အားကိုပူးပေါင်းလျက် မြန်မာနိုင်ငံအစိုးရမှ ဆောင်ရွက်လျက်ရှိသည့် ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်များအပေါ် ဂျပန်နိုင်ငံမှ ဆက်လက်ထောက်ခံသွားရန် ရည်ရွယ်ကြောင်း ထပ်လောင်း ပြောကြားသည်။

(၂) နှစ်နိုင်ငံ ကြီးပွားချမ်းသာရေးဆီသို့မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ 

အဖွဲ့အစည်း ဌာနဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်နိုင်မှု စွမ်းရည် တည်ဆောက်ရေးနှင့် ကျေးလက်ဒေသနှင့် တိုင်းရင်းသား လူနည်းစုဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး အစရှိသည်တို့သည် မြန်မာနိုင်ငံ အား ကြွယ်ဝချမ်းသာပြီး ပြည်သူများ၏ လူနေမှုဘဝ အဆင့်မြှင့်တင်ရေး အတွက် အရေးကြီးသည်။မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ခံသောအားဖြင့် ကျန်ရှိသည့် ကြွေးမြီများ ရှင်းလင်းရေးကို အကောင်အထည်ဖော်ခဲ့ပြီး ဂျပန်အစိုးရသည် မြန်မာနိုင်ငံအား ယန်းချေးငွေသစ်နှင့် ထောက်ပံ့ငွေများ ပေးအပ်သွားရန် ဆုံးဖြတ်ခဲ့ကာ ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ယန်းချေးငွေသစ်နှင့် ထောက်ပံ့ ငွေများ ပေးအပ်ရေး သဘောတူညီမှု စာချုပ်များကို လဲလှယ်ခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံခေါင်းဆောင် နှစ်ဦးတို့သည် မြန်မာအစိုးရ၏ စွမ်းဆောင်နိုင်မှုစွမ်းရည် တည်ဆောက်ရေးနှင့် အဖွဲ့အစည်းဌာနဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဂျပန်နိုင်ငံနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုသည် အရေးကြီးကြောင်း သဘောတူကြပြီး နည်းပညာပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန် သန္နိဋ္ဌဌာန် ချခဲ့ကြသည်။ ထို့အပြင် နှစ်နိုင်ငံခေါင်းဆောင် နှစ်ဦးတို့သည် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ပိုမိုခိုင်မာစေရန် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် ဆောလျင်စွာ လက်မှတ်ရေးထိုးနိုင်ရေး၊ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် အကောင်အထည်ဖော်မှုကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ရေး၊ သီလဝါစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားရေးအတွက် ကဏ္ဍဍစုံပူးပေါင်း ဆောင်ရွက်ရေးများကို လက်တွဲလုပ်ဆောင်သွားရန် သဘောတူခဲ့ကြသည်။ မကြာသေးမီက စတင်ခဲ့သော 'ဂျပန်-မြန်မာပူးတွဲ ပဏာမခြေလှမ်း' ခေါင်းစဉ်အောက်မှ ဆွေးနွေးမှုများဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများအတွက် ကောင်းမွန်သည့်ဝန်းကျင်တစ်ခု ထူထောင်ပေးရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူ့အဖွဲ့အစည်းတို့ကို မထိခိုက်စေရန် လုပ်ဆောင်သွားရေး စသည့် အချက်များကို ထည့်သွင်းစဉ်းစားကာ ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံ၏ ကတိကဝတ်ပြုမှုအပေါ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ သမ္မတဦးသိန်းစိန်မှ ထပ်လောင်းကတိပြုခဲ့သည်။

(၃) နှစ်နိုင်ငံပြည်သူအချင်းချင်းနှင့် ယဉ်ကျေးမှုဖလှယ်မှု တိုးမြှင့်ရေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် ရှည်လျားသည့်သမိုင်းကြောင်းနှင့်အတူ ယဉ်ကျေးမှု အမွေအနှစ်များလည်း ရှိကြသည့်အပြင် အစားအစာနှင့် ဘာသာရေးတွင်လည်း တူညီမှုများစွာရှိကြသည်။ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြားသံတမန်ထူထောင်မှု အနှစ် (၆၀)ပြည့်မြောက်မည် ဖြစ်ပါသည်။ နှစ်နိုင်ငံအကြားတည်ရှိသည့် ချစ်ကြည်ရင်းနှီးမှုသည် နှစ်နိုင်ငံပြည်သူများ အကြား နှစ်ပေါင်းများစွာ ကူးလူးဆက်ဆံမှုများမှတစ်ဆင့် ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုကို ဖြစ်ထွန်းစေခဲ့ပြီး ကဏ္ဍဍအားလုံးတွင် ဆက်လက်တိုးမြှင့် ဆက်ဆံသွားမည်ဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် နှစ်နှိင်ငံ JENESYS 2.0 လူငယ်များ အပြန်အလှန် လည်ပတ်မှု အစီအစဉ်ကို ပိုမိုတိုးမြှင့်သွားရေးကို မြင်တွေ့ရန် မျှော်လင့်ကြောင်း ပြောကြားသည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ သမ္မတ ဦးသိန်းစိန်မှ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်ရန်အတွက် ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် အတွက် ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ခရီးသွားများ လွယ်ကူစွာလာရောက်နိုင်ရေး ကူညီပေးရန် ရည်ရွယ်ကြောင်း ကတိပြုပြောကြားသည်။နှစ်နိုင်ငံအကြား သမိုင်းကြောင်းအရ ရှည်လျားသည့် ယဉ်ကျေးမှုနှင့်အားကစား အပြန်အလှန်ဖလှယ်မှုများ ပြုလုပ်ရန်နှင့် ယဉ်ကျေးမှုနှင့် အားကစားဖလှယ်မှုများကို ပိုမိုမြှင့်တင်ရန် နှစ်နိုင်ငံခေါင်းဆောင်များမှ သဘောတူညီခဲ့သည်။ အထူးသဖြင့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကျင်းပရေး၌ ကူညီပံ့ပိုးပေးရန် ဝန်ကြီးချုပ် မစ္စတာ အာဘေးမှ ထပ်လောင်း ပြောကြားခဲ့သည်။

(၄) နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုခိုင်မာလာစေရေး

နှစ်နိုင်ငံခေါင်းဆောင်များမှ အာရှ-ပစိဖိတ်ဒေသနှင့် အိန္ဒိယသမုဒ္ဒရာ ဒေသအသီးသီး၌ ဒေသတွင်း ကိစ္စရပ် များနှင့် လုံခြုံရေးကိစ္စရပ်များ ဆွေးနွေးမှုများ ပိုမိုတိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ နှစ်နိုင်ငံ ခေါင်းဆောင် များမှ နှစ်နိုင်ငံကာကွယ်ရေး အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရန်လည်း ဆုံးဖြတ် ခဲ့ကြသည်။မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် အထက်ဖော်ပြပါ ပူးပေါင်းဆောင်ရွက်မှုများကို တိုးတက်ခိုင်မာစေရန် အတွက် ဂျပန်နိုင်ငံမှ ကြေညာထားသည့် အဆိုပါ စီမံကိန်းများသည် မြန်မာနိုင်ငံ၌ဆောင်ရွက်လျက်ရှိသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို အကျိုးပြုမည်ဖြစ်ကြောင်း အသိအမှတ်ပြုခဲ့သည်။ 
ဂျပန်အစိုးရ အပါအဝင် အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ  အထောက်အကူ ပေးလျက်ရှိသည့် (သို့မဟုတ်) အထောက်အကူပေးရန် ဆောင်ရွက်ဆဲဖြစ်သည့်  ဘက်စုံအထောက်အကူ ပေးရေး စီမံကိန်းများအတွက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရန် အတည်ပြုခဲ့ကြရာနှစ်နိုင်ငံ ခေါင်းဆောင် များမှ ကြိုဆိုခဲ့ကြသည်။
ယခုနှစ်သည် အာဆီယံ- ဂျပန် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးနှစ် (၄၀)ပြည့်မြောက်သည့် အခါသမယဖြစ်ရာ ဂျပန်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ရည်ရွယ်ကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်များမှ သဘောတူညီခဲ့ကြသည်။ အဆိုပါ သဘောတူညီမှုအရ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ ယခုနှစ် ဒီဇင်ဘာတွင် ပြုလုပ်မည့် ဂျပန်- အာဆီယံ အထူးထိပ်သီးဆွေးနွေးပွဲသို့ ပါဝင် တက်ရောက်မည်ဟု ကတိကဝတ်ပြုခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌဌအဖြစ် လက်ခံကျင်းပရာတွင် လိုအပ်သည်များကို ဂျပန်နိုင်ငံမျ အထောက်အပံ့များ ဆက်လက်ပေးအပ်ခြင်းကို ကြိုဆိုသည်။

နေပြည်တော်ရက်စွဲ၊ ၂၀၁၃ ခုနှစ်၊ မေလ ၂၆ ရ

အလံပြောင်းပြန်ထောင်ပြန်ပြီ


Minn Ye Tar

Sunday, May 26, 2013

သန်လျင် မူလတန်းကျောင်းမှာလွန်ဆွဲတဲ့ဦးလေးအာဘေး

SUNDAY, MAY 26, 2013


 

25.5.2013 ညနေ ၄း၃၀ တွင် ၇န်ကုန်မြို ကန်တော်ကြီးပတ်လမ်းနှင်.ဘိုးစိန်လမ်းဒေါင်.ရှိ chattin hotel တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ်

 

အာဘေးနှင့် ဇနီး ဂျပန်စစ်သင်္ချိုင်းသို့ သွားရောက် ဂါရ၀ပြု ကန်တော့စဉ် 

အာဇာနည်ကုန်းမှာ
  

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး စံ အားလက်ခံတွေ.ဆုံ 

0 အကြံပြုခြင်း: