Saturday, February 21, 2009

KRC။ထိုင်းနယ်စပ် ဒုက္ခသည်စခန်းတွေနိုင်ငံခြားပို့မည့် ပွဲစားခြေချင်းလိမ်

February 18, 2009


ရဲရင့်မြင့်မောင် / ၁၈ ဖေဖော်ဝါရီ ၂၀၀၉


တတိယနိုင်ငံ ထွက်ခွာခွင့်ရရေးအတွက် ဒုက္ခသည်စခန်းများသို့ ဝင်ရောက်လာသည့် လူသစ်များကို အခကြေးငွေယူပြီး နိုင်ငံခြားထွက်ခွာခွင့်ရရန် စီစဉ်ပေးသူများထဲတွင် ဒုက္ခသည်စခန်းမှ တာဝန်ရှိသူအချို့နှင့် ဝန်ထမ်းအချို့ ပါဝင်ပတ်သက်မှု ရှိသဖြင့် မကြာခင် ကရင်ဒုက္ခသည်ကော်မတီ KRC မှ ဝန်ထမ်းများလိုက်နာရန် စည်းမျဉ်းစည်းကမ်းချက်များ ထုတ်ပြီး အရေးယူမှုများ ပြုလုပ်သွားမည်ဟု မယ်လဒုက္ခသည်စခန်းမှ တာဝန်ရှိသူတဦးက ခေတ်ပြိုင်သို့ပြောသည်။
မယ်လဒုက္ခသည်စခန်း၏ ဒု-ဥက္ကဋ္ဌ “စောထွန်းထွန်း” ဒီပြဿနာတွေကိုကိုင်တွယ်ဖို့ ပြီးခဲ့တဲ့အပတ်က KRC အစည်းအဝေးမှာ ဆွေးနွေးခဲ့ပြီး ဝန်ထမ်းတွေလိုက်နာဖို့ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်ပြီး စည်းကမ်းမလိုက်နာတဲ့သူတွေကို အရေးယူသွားမှာ ဖြစ်တယ်။ အဓိက အလွဲသုံးစားမှုနဲ့ လာဘ်စားမှု တိုက်ဖျက်ရေးအတွက်ပဲ ဖြစ်တယ်။ ပြဿနာ အများဆုံးရှိတာက နို့ဖိုး၊ အုံးဖျန်နဲ့ မယ်လစခန်းပဲဖြစ်တယ်" ဟုပြောသည်။
လက်ရှိ မယ်လစခန်းတွင် တရားဝင်ဒုက္ခသည် (၂၈,၇၀၀) ခန့်ရှိပြီး စာရင်းမဝင်သေးသည့် လူသစ်ဦးရေမှာ (၂၁,၁၁၈) ဦး ရှိသည်။ ၂၀၀၆-၂၀၀၇ ခုနှစ်အတွင်း အသစ်ဝင်ရောက်လာသူ (၁၃,၀၀၀) ထဲမှ (၈,၀၀၀) ခန့်ကိုသာ ရိက္ခာပေးနိုင်မည့် အနေအထား ရှိသည့်အတွက် ဒုက္ခသည် တာဝန်ရှိသူများမှ စခန်းအတွင်း ကွင်းဆင်း၍ ရိက္ခာပေးရန် သင့်မသင့်စီိစစ်သွားမည် ဖြစ်သည်ဟု စောထွန်းထွန်းက ဆက်ပြောသည်။
တတိယနိုင်ငံ ထွက်ခွင့်ရရေးနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှု အများဆုံးစခန်း (၃) ခုတွင် ပြည်တွင်းမှ ငွေကြေးတတ်နိုင်သူများကြောင့် စခန်းတွင်း အကျင့်ပျက်ခြစားမှုများ တနေ့ထက် တနေ့ ပိုမိုဆိုးဝါးလာပြီး အဂတိလိုက်စားမှုနှင့် ပြဿနာရှုပ်ထွေးမှုများ ဖြစ်ပေါ်လျက်ရှိနေသည်။ သို့သော် ထိရောက်သည့် အရေးယူမှုများ လုံးဝမရှိသေးကြောင်း၊ ပြည်တွင်းမှလူများ အိုးအိမ်ခြံမြေ ရောင်းပြီး ငွေထုပ်ပိုက်ကာ ပွဲစားများအစီအစဉ်ဖြင့် တတိယနိုင်ငံ ထွက်ခွာခွင့်ရ ရေး ကြိုးပမ်းကြရာမှ ဒုက္ခသည်စခန်းသမိုင်းတွင် မဖြစ်ပေါ်ဖူးသည့် အရှုပ်အရှင်းများ ဖြစ်ခဲ့ရ သည်ဟု ဒုက္ခသည်စခန်းတခုမှ ဘာသာရေးဆရာတဦးကပြောသည်။
ဒုက္ခသည်စခန်း ဝင်ရန်အတွက် မယ်လနှင့် အုံးဖျန်ဒုက္ခသည်စခန်းများတွင် လူတဦးလျှင် အနည်းဆုံး ဘတ် (၁၀,၀၀၀) ပေးရသည်ဟု စုံစမ်းသိရသည်။ ငွေပေးပြီးစာရင်းမဝင်သူ တဦးက "ကျနော်တို့အဖွဲ့ တယောက်တသောင်းပေးတာ စာရင်းဝင်တဲ့လူ ရှိသလို၊ စာရင်းမဝင်ဘဲ ငွေကုန်ပြီး ဖွတ်မရ ဓားမဆုံးဖြစ်သူတွေ အများကြီးပဲ။ (၁၀,၀၀၀) ဆိုတာက စာရင်းဝင်ဖို့ပဲ။ စာရင်းဝင်ပြီး ရိက္ခာစကေး ရရှိဖို့ကျတော့ (၂၀,၀၀၀) ကနေ (၃၀,၀၀၀) အထိ ပေးရတာတွေရှိတယ်။ ကိုယ်ကလည်း ခိုးကြောင်ခိုးဝှက်လုပ်ထားတော့ ဘယ်သူ့ကိုတိုင်လို့ တိုင်ရမှန်းတောင် မသိဘူး" ဟုခေတ်ပြိုင်သို့ပြောသည်။
အထူးသဖြင့် တတိယနိုင်ငံ ထွက်ခွင့်ရရေးနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှု အများဆုံးစခန်းများမှာ အုံးဖျန်နှင့် မယ်လစခန်းများဖြစ်သည်။ မကြာမီ အမေရိကန်သို့ ထွက်ခွာတော့မည့် အုံးဖျန်စခန်းတွင် လူစားထိုး ဒုက္ခသည်စာရင်းဝင်ထားသူတဦးက "နိုင်ငံခြားထွက်တဲ့အဆင့်ထိ ရောက်ဖို့ဆိုရင်တော့ အနည်းဆုံး ဘတ်ငွေ (၅၀,၀၀၀) လောက်ရှိမယ်ဆိုရင် လုပ်ပေးတဲ့ပွဲစားတွေ စခန်းထဲမှာ အရန်သင့်ရှိတယ်။ ငွေရှိဖို့ပဲ လိုတယ်" ဟုပြောသည်။
လူစားထိုးခြင်း ဆိုသည်မှာ ဒုက္ခသည်စခန်းတွင် နှစ်ရှည်နေထိုင်သူအချို့မှာ တတိယနိုင်ငံသို့ ထွက်ခွာလိုခြင်း မရှိသည့်အတွက် ရပ်ကွက်မှူးများနှင့် ပွဲစားများကငွေပေးပြီး ဒုက္ခသည်အမည် ပေါက်စာရင်းကို မြန်မာနိုင်ငံမှလာရောက်သည့် ငွေရှင်များနှင့် နေရာအစားထိုးပေးခြင်းဖြစ် သည်။ တနည်းဆိုရလျင် ဒုက္ခသည်စခန်းတွင် အစောပိုင်းထဲက ရောက်နေသည့် ကရင်ဒုက္ခ သည် အစစ်တဦး၏ စခန်းတွင်းနေသည့် သက်တမ်းကာလကို အရောင်းအ၀ယ်လုပ်သည့် သဘော ဖြစ်သည်။
နှစ်ရှည်ဒုက္ခသည်တဦးဖြစ်သူ စောတကော်က "ငါတို့မိသားစု (၃) ဦး နာမည်ရောင်းဖို့ ရပ်ကွက်လူကြီးက ဘတ် (၁၅,၀၀၀) ပေးတယ်။ လူကြီးပြောတာက ငွေလည်းရမယ်၊ စခန်းကထွက်စရာမလိုဘူး၊ အရင်လို ရိက္ခာလည်း ဆက်ရမယ်ဆိုလို့ ရောင်းလိုက်တာ။ ရပ်ကွက်လူကြီး ကတိတည်တယ်၊ အားလုံးအဆင်ပြေတယ်။ ကိုယ်ကတော့ နာမည်အသစ်နဲ့ နေရတာတော့ ရှိတယ်" ဟုပြောသည်။
ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှတဆင့် အမေရိကန်သို့ ထွက်ခွာခွင့်ရရန် ကြိုးပမ်းနေကြသူများ ထဲတွင် မြန်မာနိုင်ငံ အနှံ့အပြားမှလာရောက်သူများသာမက စင်ကာပူ၊ မလေးရှား၊ ဂျပန်နိုင်ငံ တို့တွင် အလုပ်လုပ်နေသည့် မြန်မာတိုင်းရင်းသား အချို့လည်း ပါဝင်နေပြီး မြန်မာနိုင်ငံကူး ပတ်စ်ပို့ကိုင်ဆောင်နေသူများပါ စခန်းအတွင်းမှာ ဝင်ရောက်လှုပ်ရှားလျက်ရှိသည်ဟု ခေတ်ပြိုင်မှ စုံစမ်းသိရသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ထိုင်းအာဏာပိုင်များ၏ အစီအစဉ်ဖြင့် မြန်မာဒုက္ခသည်များကို တတိယနိုင်ငံသို့ ထွက်ခွာနိုင်ရေးအတွက် မြန်မာနိုင်ငံနေရာဒေသ အသီးသီးမှ လူများသည် ငွေထုပ်ပိုက်ကာ တတိယနိုင်ငံ ထွက်ခွာခွင့်ရရေးအတွက် ကြိုးပမ်းကြ ရာမှ စခန်းတာဝန်ရှိသူများနှင့် ဝန်ထမ်းများကြားတွင် အဂတိလိုက်စားမှုများ တိုးပွားလာခြင်း ဖြစ်သည်။
ဒုက္ခသည်အတုနည်းဖြင့် အမေရိကန်သို့ နောက်ဆုံးပေါ် လူကုန်ကူးခြင်း

UNA က ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံ

သောကြာနေ့၊ ဖေဖေါ်ဝါရီလ 20 2009 19:08 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာပြည်တွင်းရှိ စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ - UNA က မြန်မာ စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအား ကန့်ကွက်ကြောင်း ယနေ့ ထုတ်ဖော်ပြောဆိုသည်။ ဤသည်မှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအတွင်း မြန်မာပြည်ဆိုင်ရာ ကုလ အထွေထွေ အတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီက မြန်မာပြည်နှင့် ပတ်သက်၍ တံခါးပိတ် အစီရင်ခံစာ တင်သွင်းသည့် အချိန်နှင့် တိုက်ဆိုင်စွာ ယခုလို ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်။ "အဓိက ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ UNA ရဲ့ stand ကို ဖော်ပြတာပါ။ ဒီနေ့ ယူအန် လုံခြုံရေးကောင်စီမှာ တံခါးပိတ် စည်းဝေးပွဲ လုပ်မယ်လေ။ ရွေးကောက်ပွဲဖြစ်ရင် ကျနော်တို့က ဝင်ပြိုင်မှာ မဟုတ်ဘူးဆိုတာ ပြတ်ပြတ်သားသား၊ ဟိုတုန်းက လုပ်ထားတာ မရှိဘူး၊ ကန့်ကွက်တယ်လို့ပဲ ပြောထားတာ။ ရွေးကောက်ပွဲ ဆိုတာမျိုးက အားလုံး ပြေလည်ပြီးတော့မှလေ။ အခုဟာက ထောင်ကျနေတဲ့ လူတွေလည်း မလွှတ်ဘူး။ ဘာမှ ဆွေးနွေးတိုင်ပင်တာလည်း မလုပ်ဘူး" ဟု UNA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဇိုမီးအမျိုးသားကွန်ကရက် ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်က မဇ္ဈိမကို ပြောသည်။ UNA ကို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် တိုင်းရင်းသားလူမျိုးပါတီ ၁၂ ပါတီဖြင့် စတင်စုစည်းခဲ့သော်လည်း မြန်မာစစ်အစိုးရက ၁၀ ပါတီအား တရားမ၀င် ဖျက်သိမ်းပစ်ခဲ့ပြီး လက်ရှိအချိန်တွင် ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ် ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်တို့သာ အသိအမှတ် ပြုထားသည်။ ယနေ့ထုတ်ပြန်သည့် UNA ထုတ်ပြန်ချက်တွင်မူ ပြည်သူ့ဆန္ဒ အစစ်အမှန် မဟုတ်ဘဲ နအဖ က တဖက်သတ် အတည်ပြုထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြုလုပ်မည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကိုလည်း အသိအမှတ်ပြုမည် မဟုတ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် စစ်တပ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ စုပေါင်းဖြေရှင်းမှသာ မြန်မာနိုင်ငံ၏ ပြဿနာများ ပြေလည်မည်ဟုလည်း ဆိုထားသည်။ မြန်မာနိုင်ငံ၏ ပြဿနာများအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ကြိုတင် သတ်မှတ်ချက်များ မပါဘဲ အမြန်တွေ့ဆုံရန် မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် အန်အယ်ဒီ၏ အထူးကြေညာချက် အမှတ် ၂ ၏ တောင်းဆိုခဲ့မှုသည် UNA ၏ ထုတ်ပြန်ချက်နှင့် ကွဲလွဲမှု မရှိကြောင်းနှင့် အန်အယ်ဒီက ၂၀၀၈ ခု ဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်ရန် တောင်းဆိုထားမှုနှင့် ပတ်သက်၍လည်း ထောက်ခံကြောင်း UNA ထုတ်ပြန်ချက်ထဲတွင် ဆိုထားသည်။ ပူကျင့်ရှင်းထန်က "ကွဲလွဲမှု မဖြစ်ပါဘူး။ ဆွေးနွေးတယ်ဆိုတာက စုံစုံလင်လင်လည်း ဖြစ်တယ်။ ဒီမိုကရေစီ ဘက်တော်သား အားလုံးကို ဒေါ်စုလည်း ကိုယ်စားပြုနိုင်ပါတယ်။ ဒါက နိဂုံးချုပ်တာ မဟုတ်သေးဘူးပေါ့ဗျာ။ စစ်တပ်ကို ကိုယ်စားပြုဖို့လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်စားပြုနိုင်တယ်'' ဟု ဆိုသည်။ ဆက်လက်ပြီး ''ဒီနှစ်ယောက် ဆွေးနွေးပြီးရင် ရှေ့ဆက်ပြီး ဘာလုပ်မယ်ဆိုတာ လာဦးမယ်။ အဲဒီအခါကျ ကျနော်တို့ ပါရင် ပါဦးမယ်ဆိုတဲ့ အမြင်မျိုးနဲ့ ဒါကို ရပါတယ်ဆိုတဲ့ အမြင်မျိုး ပြောတာပါ။ သူတို့ နှစ်ယောက် ဆွေးနွေးရင်ဆိုတာ ကျနော်တို့ကို ပယ်ထားတာ မဟုတ်ပါဘူး။ အလုပ်ဖြစ်အောင် ပဏာမ အနေနဲ့ သူတို့ နှစ်ယောက် ဆွေးနွေးရင် တခါတည်း ဆုံးဖြတ်နိုင်အောင် ကျနော်တို့ ထောက်ခံတာပါ" ဟု သူက ပြောသည်။ ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီ၊ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့်လည်း နအဖ ၏ မူဝါဒလမ်းစဉ် ၇ ရပ်နှင့် ၂၀၁၀ ခု ရွေးကောက်ပွဲအား မထောက်ခံရန်နှင့် နအဖ အပေါ် ထိရောက်သည့် လုပ်ဆောင်မှုများ၊ ဖိအားပေးမှုများ ဆောင်ရွက်ပေးရန်လည်း ထည့်သွင်း တောင်းဆိုထားသည်။ တိုင်းရင်းသားအဖွဲ့များတွင် UNA၊ အပစ်ရပ်၊ တောတွင်း လက်နက်ကိုင် စသည်ဖြင့် ကွဲပြားလျက်ရှိရာ တိုင်းရင်းသားအားလုံးကို UNA တခုတည်းနှင့် ကိုယ်စားပြုနိုင်ခြင်း မရှိသဖြင့် တိုင်းရင်းသားအားလုံး စုစည်း ဆွေးနွေးရမည်ဟုလည်း ပူကျင့်ရှင်းထန်က ပြောဆိုသည်။

KHRG Photo Gallery 2008 presents a selection of 307 photos and 7 video clips received from KHRG field researchers since the final instalment of Photo

February 20, 2009


Displaced villagers from Saw Wa Der village, Toungoo District, in photos B-2 and B-3 rest under makeshift shelters on August 10th 2007 during the rainy season after having fled from Burma Army operations around their home village. In photo B-4, the displaced villagers from Saw Wa Der travel along a forest path as they continue their evasion of Burma Army forces on August 18th 2007. In photo B-1, a young mother carries her baby in a longyi slung over her shoulder while older children walk. Photo B-5 shows some of the displaced Saw Wa Der villagers using plastic sheets to protect themselves from the rain during flight. [Photo: KHRG]
http://www.khrg.org/photoreports/2008photos/gallery2008/index.html
http://www.khrg.org/

Burma has announced it will release 6313 prisoners on Saturday, from prisons across the country, state television and radio reported on Friday.

February 20, 2009 ·
first 6000,…The announcement, however, did not mention whether political prisoners would be included among those released. Burma’s ruling junta has persistently denied the presence of political prisoners in the country.
The announcement came a day after UN human rights expert Tomas Ojea Quintana wound up a six-day visit to Burma on Thursday.
A journalist in Rangoon told Mizzima, “It could be a move by the ruling junta to save face after Quintana visited the country.”
But he added that it was unlikely that political prisoners would be included among those freed. “Most of those released would probably be criminals and robbers,” he added.
But sadly, despite the announcement both on television and radio, people remain unaware of the overwhelming nature of the news as they could not tune in to their TV sets due to electricity failure.
“I heard it from a friend but I cannot watch TV, because there is no electricity,” a Rangoon-based correspondent said.
Meanwhile, a court in Rangoon on Thursday reduced 8 and half years of the imprisonment term of blogger Nay Phone Latt, leaving him to serve 12 years. Aye Aye Than, mother of Nay Phone Latt told Mizzima, “The Yangon [Rangoon] Divisional Court today announced that 8 and a half years have been reduced from my son’s imprisonment term.”
Nay Phone Latt, who was arrested on January 2008, was sentenced to a total of 20 and half years under various counts including the Electronic Act and Video Act.
Nay Phone Latt is the fourth political prisoner, whose sentence has been reduced since last week, just before the UN human rights expert paid a second visit to Burma.
Other political prisoners include, popular comedian Zargarnar, Kay Thi Aung and Wai Myo Htoo.
http://www.mizzima.com/news/inside-burma/1744-burma-announces-release-of-over-6000-prisoners.html
Possibly related posts: (automatically generated)

မွန်ပြည်သစ်ပါတီ ဥက္ကဌ၏ ဂျပန်နိုင်ငံ အလည်အပတ်ခရီးတွင် ပါလီမန်နှင့်တွေဆုံ

Thu 19 Feb 2009,

မွန်စွန်းမွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်၏ ဂျပန်နိုင်ငံသို့ ၁၁ ရက် ခရီးစဉ်တွင် ဂျပန်အစိုးရ ဘက်မှ အထက်လွှတ်တော်အမတ်၊ အောက်လွှတ်တော်အမတ်တို့နှင့် တွေဆုံခွင့် ရခဲ့ ကြောင်း သိရသည်။“လွှတ်တော်အမတ်တွေနဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံရေး အခြေအနေ၊ ဂျပန်အစိုးရကိုလည်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အချက် ၅ ချက် တောင်းဆိုခဲ့တယ်၊ ဂျပန်နိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံဒုက္ခသည်တွေကိုလည်း အကူအညီပေးဖို့အတွက် ဆွေးနွေးခဲ့တယ်” ဟု ဥက္ကဌ နိုင်ထောမွန်က ပြောသည်။ ဂျပန်လွှတ်တော်တို့နှင် တွေ့ဆုံသည့်အခါ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်မှ ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း (AUN) အဖွဲ့အနေနှင့် တောင်းဆိုခဲ့ သည့်အချက် ၅ ချက်မှာ-

(၁) သုံးပွင့်ဆိုင်ဆွေးနွေးရေး အမြန်ဆုံး ဖြစ်မြောက်ရန်အတွက် UN က မြန်မာအစိုးရကို ဖိအားပေးသည်အခါ ဂျပန်အစိုးရအနေနှင့် ပူးပေါင်းပါဝင် ဆောက်ရွက်ရန်၊

(၂) နိုင်ငံရေး ပြဿနာကို ဆွေးနွေးအဖြေရှာမှု မပြုလုပ်ခင် နိုင်ငံရေးအကျဉ်းသမား အာလုံးကို လွှတ်ပေးရန်၊ (၃) လက်ရှိ မြန်မာစစ်အစိုးအရ ရေးဆွဲထားသော ဖွဲ့စည်းအုပ် ချုပ်ပုံမှုကြမ်းကို ပြင်ဆင်ရေးဆွဲရန်၊ မပြင်နိုင်ပါက စစ်အစိုးရရေးဆွဲထားသော ဥပဒေကို လက်ခံမည်မဟုတ်ကြောင်း၊

(၄) လက်ရှိ ဥပဒေကို မပြင်ဆင်နိုင်ရန် နိုင်ငံရေးအခြေအနေ ပိုပြီးဆိုးဝါးနိုင်မည်ဖြစ်ကြောင်း၊

(၅) မြန်မာအစိုးရအနေနှင့် လက်ရှိအခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင် ပြည်သူတွေဟာ ဒုက္ခသည်ဘဝကို ပိုမိုရောက်ရှိသွားနိုင်မည်ဖြစ်ကြောင်း တို့ကို ဂျပန်အစိုးအရအနေနှင့် ကူညီဆောင်ရွက်ပေးရန် တို့ဖြစ်သည်။အထက်ပါ တောင်းဆိုချက်များကို မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်က တိုင်းရင်းသားများကိုယ်စား ဂျပန်အစိုးရ လွှတ်တော်ကို တောင်းဆိုသွားခြင်း ဖြစ်သည်။ဥက္ကဌ နိုင်ထောမွန်အနေနဲ့ မွန်သမိုင်းအကြောင်းအတိုချုပ်၊ မွန်ပြည်သူတို့ရဲ့ လက်ရှိအခြေ အနေ၊ မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲနှင့် ပတ်သက်ပြီး မပြီးမြောက်သေးသော နိုင်ငံရေးပြဿနာများကို စာနှင့်ရေးသားပြီး လွှတ်တော်အမတ်တွေကို ပေးခဲ့ကြောင်း ပြောသည်။ဂျပန်အခြေစိုက် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း AUN ( Association United Nationalities in Japan) တို့ကလည်း ဥက္ကဌ နိုင်ထောမွန်နှင့်အတူ ဂျပန်ပါလီမန် လက် အောက်ရှိ မြန်မာဒီမိုကရေစီအရေးအတွက် လှုပ်ရှားဆောင်ရွက်နေသော အထွေထွေ အတွင်းရင်းမှူး၊ LDP ( liberty Democracy of Party ) မှ လွှတ်တော်အမတ် Mister Naka Gawa၊ Deputy general of Japan’s Asia and Pceania Bureau နှင့် NGOs အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံခဲ့သည်ဟု နိုင်ထောမွန်က ပြောသည်။ဂျပန်ရောက် မြန်မာတိုင်းရင်သားများဖြစ်သည့် ကချင်၊ ချင်း၊ ကရင်၊ ရှမ်း၊ မွန်၊ ပအို့၊ ပလောင်း၊ ရခိုင် နှင့် နာဂ တိုင်းရင်းသားပေါင်းစုံ စုစည်းပြီး AUN အဖွဲ့ကို ဖွဲ့စည်းထားသည်။နိုင်ထောမွန်၏အဆိုအရ “ ဂျပန်မှာရောက်နေတဲ့ မွန်အပါအဝင် တိုင်းရင်သား အဖွဲ့အစည်း နဲ့ ဂျပန်လွှတ်တော်ရဲ့ ဖိတ်ကြားချက်အရ ဂျပန်ကိုသွားတာ” ဟု ပြောသည်။ လွှတ်တော် အမတ် Mister Naka Gawa က ဥက္ကဌ ရဲ့ခရီးစဉ် ဖြစ်မြောက်ရေးအတွက် လိုက်လံ ဆောင်ရွက်ပေးသူဖြစ်သည်။နိုင်ထောမွန်သည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျရောက်ခဲ့သည် ၆၂ ကြိမ်မြောက် ပြည်ထောင်စုနေ့နှင့် မွန်အမျိုးသားနေ့ အခမ်းအနားကို ဂျပန်နိုင်ငံ၌ တက်ရောက်ခဲ့သည်။်

ကရင့်အမျိုးသားခေါင်းဆောင် ပဒိုမန်းရှာလားဖန်း ကျဆုံးခြင်း တနှစ်ပြည့်အခမ်းအနားကျင်းပ

Saturday, 14 February 2009 21:58 ရိုးမ ၃

ကရင့်အမျိုးသားခေါင်းဆောင် ပဒိုမန်းရှာလားဖန်း ကျဆုံးခြင်းတနှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ထိုင်း-မြန်မာနယ်တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါအခမ်းအနားသို့ တိုင်းရင်းသားအဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ဒီမိုကရေစီ မဟာမိတ်အဖွဲ့အစည်းခေါင်းဆောင်များ၊ တိုင်းရင်းသား လူငယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ပဒိုမန်းရှာအား ရည်စူး၍ သံဃာတော်များကို ဆွမ်းဆက်ကပ်လှူဒါန်းနောက် တက်ရောက်လာသည့် အဖွဲ့အစည်းခေါင်းဆောင်များက အမှတ်တရစကား ပြောဆိုခဲ့ကြသည်။“ပဒိုမန်းရှာဟာ တမျိုးသားလုံးတော်လှန်ရေး ဖက်ဒရယ်တည်ထောင်ရေးအပေါ်မှာ တစိုက်မတ်မတ် ကြိုးစားခဲ့တဲ့ ခေါင်းဆောင်ဖြစ်တယ်၊ နိုင်ငံရေး ဆွေးနွေးတဲ့အခါမှာလဲ တဖက်လူလက်ခံလာအောင် အချက်အလက်စုံလင်စွာနဲ့ ရှင်းပြနိုင်တဲ့ စွမ်းရည်ရှိတယ်၊ အဲဒါကြောင့်လဲ သူ့ကို လူတိုင်းက လေးစားကြတာဖြစ်တယ်” ဟု ကရင်အမျိုးသားအစည်းအရုံးမှ မန်းငြိမ်းမောင်က ပြောသည်။ကရင်တော်လှန်ရေးအပေါ် ဆက်လက်တာဝန်ယူမည့် မျိုးဆက်သစ်လူငယ်များအနေဖြင့် ပဒိုမန်းရှားလားဖန်းကို အတုယူကာ ဆက်လက်တိုက်ပွဲဝင်သွားရန်နှင့် ဇူလိုင် (၁၉) သည် အာဇာနည်နေ့ဖြစ်သလို ဖေဖော်ဝါရီလ (၁၄) ရက်နေ့သည်လည်း အမျိုးသားလွတ်မြောက်ရေး၊ ဘဝလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရင်း လုပ်ကြံခြင်းခံလိုက်ရတဲ့ ကရင့်အာဇာနည်နေ့ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ပဒိုမန်းရှာလုပ်ကြံခံရခြင်းနှင့် ပတ်သက်၍ “လုပ်ကြံခံရတာက သေနတ်သမားတွေက (DKBA) ကပါ၊ ဒါပေမဲ့ စစ်အာဏာရှင် နအဖရဲ့ အစီအစဉ်ဆိုတာ သိရတယ်၊ မန်းရှာက ရန်ငါ ပြတ်ပြတ်သားသား မြင်တယ်၊ ဒီမိုကရေစီအင်အားစုနဲ့ တိုင်းရင်းသားအင်အားစုအကြား ခိုင်မာတဲ့ ပေါင်းကူးတံတားကြီး ဖြစ်တယ်၊ အဲဒါကြောင့် သူတို့က ငွေကြေးနဲ့ တခြားလိုအပ်တာတွေကို အနောက်က ထောက်ပံ့ပြီး လုပ်ကြံခြင်းဖြစ်ပါတယ်” ဟု (KNU) ဒုတိယဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါက ဆာသူးလေ အထက်တန်းကျောင်းတွင် ပြုလုပ်သည့် ပဒိုမန်းရှာအောက်မေ့ဖွယ် အခမ်းအနားတွင် ပြောသည်။မတရားသည့်ဝါဒများတိုက်ဖျက်ပြီး အမျိုးသားရေးအနေဖြင့် ကရင်အမျိုးသားများ အဖိနှိပ်ခံဘဝက လွတ်မြောက်ဖို့လိုအပ်ပြီး အခြားသော တိုင်းရင်းသားအားလုံး တော်လှန်ရေးကို ပြတ်ပြတ်သားသား တိုက်ပွဲဝင်သွားရန်တိုက်တွန်းလိုကြောင်း ၎င်းက ဆက်ပြောသည်။“ကျမပြောချင်တာက ကရင်အမျိုးသားအစည်းအရုံးရော၊ ကရင်အဖွဲ့အစည်းတွေအားလုံးက သူရဲ့ ယုံကြည်ချက်တွေကို လိုက်နာပြီး တော်လှန်ရေးကို ဆက်လက်တိုက်ပွဲဝင်သွားဖို့ ပြောချင်ပါတယ်၊ သူရဲ့ကြိုးစားမှု၊ နိုင်ငံရေးအရ လုပ်ဆောင်မှုတွေဟာ ဒီမိုကရေစီရရှိရေးနဲ့ ဖက်ဒရယ်တည်ဆောက်ရေး တော်လှန်ရေး ပြီးဆုံးအောင် သွားနိုင်ဖို့ မြင်ပါတယ်” ဟု (KNU) အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောသည်။ကရင့်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းသည် ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် ရန်သူ၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ပဒိုမန်းရှာလားဖန်းကို ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ တောကျောင်းရွာတွင် ၁၉၄၃ တွင် မွေးဖွားခဲ့ပြီး ၁၉၆၄ တွင် ရန်ကုန်တက္ကသိုလ်မှ သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီးနောက် ၁၉၆၄ တွင် ကရင့်အမျိုးသားအစည်းအရုံးသို့ ရောက်ရှိခဲ့ပြီး အမျိုးသားတန်းတူရေးနှင့် ဒီမိုကရေစီရေးအတွက် သေဆုံးချိန်အထိ တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။

မယ်တော်ဆေးခန်း နှစ် (၂၀) ပြည့် အခမ်းအနားကျင်းပ

Thursday, 19 February 2009 20:19 ရိုးမ ၃

မယ်တော်ဆေးခန်း နှစ် (၂၀) ပြည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး ထူးချွန်ဝန်ထမ်းများကို ရွေးချယ်၍ ဆုပေးခြင်းများ ပြုလုပ်ခဲ့သည်။အခမ်းအနားတွင် အနာဂတ် မြန်မာဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးအတွက် တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်းအားစုများနှင့်အတူ ပူးပေါင်းပြီး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု အနာဂတ်တွင် လုပ်ဆောင်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ဒေါက်တာ စင်သီယာမောင်က ပြောသည်။

ဒေါက်တာစင်သီယာမောင်က ဝန်ထမ်းတဦးအား ဝန်ထမ်းထူးချွန်ဆု ပေးအပ်စဉ်
နှစ်ပေါင်း (၂၀) အတွင်း မယ်တော်ဆေးခန်းအနေဖြင့် လုပ်ဆောင်နိုင်ခဲ့မှုအခြေအနေများကို ဒေါက်တာ စင်သီယာမောင်က “ အခြေခံအကျဆုံးက မိခင်တွေ လုံခြုံစိတ်ချတဲ့နေရာမှာ မီးဖွားခွင့်ရခဲ့တယ်၊ ငှက်ဖျားတိုက်ဖျက်ရေးကို အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တယ်၊ တချိန်တည်းမှာ စစ်ဘေးဒဏ်ကြောင့် ကိုယ်လက်အင်္ဂါချို့ယွင်းသွားသူတွေအတွက် ခြေတုလက်တုတွေ၊ မျက်စိဝေဒနာသည်တွေကို အလင်းပြန်ရအောင် လုပ်ပေးနိုင်ခဲ့ပါတယ်၊ ကျန်းမာရေး ပညာရေးအတွက် စုပေါင်းလုပ်ဆောင်ခြင်းတွေကို အားလုံးက အသိမှတ်ပြုလာတဲ့အတွက် အောင်မြင်မှုရခဲ့ပါတယ်” ဟု ပြောသည်။မယ်တော်ဆေးခန်း စတင်တည်ထောင်စဉ်က တနှစ်လျှင် လူနာ (၁၈၀၀) ခန့်သာ ဆေးကုသပေးခဲ့ရာမှ ၂၀၀၈ ခုနှစ်အတွင်း လူနာတသိန်းခန့်ကို ကုသပေးနိုင်ခဲ့ပြီး ထက်ဝက်ခန့်သည့် မြန်မာနိုင်ငံအတွင်းပိုင်းမှ လာရောက်ကုသသည့် လူနာများဖြစ်သည်။ “လူနာတွေများလာတာက အရင်ထက်စာရင် ပိုဆိုးလာတယ်၊ ၂၀၀၅ နောက်ပိုင်းမှ ရွာတွေစွန့်ခွာလာတာတွေ၊ ပြန်ဖို့ မျှော်လင့်ချက်မထားနိုင်တာတွေ ရှိတယ်၊ ဒါ့အပြင် ပိုမိုဆိုးရွားတဲ့ ရောဂါတွေကြောင့် များလာခြင်းဖြစ်တယ်၊ အခြေခံကတော့ ကျန်းမာရေးစောင့်ရှောက်မှုအရ ပြည်တွင်းပြည်ပမှာဖြစ်စေ ပြည့်ဝတဲ့ စောင့်ရှောက်မှုမရှိတဲ့အတွက် အခုလို တိုးလာတာပါ၊ ကျမတို့နိုင်ငံရဲ့ ထောက်ပံ့မှုက လူထုအတွက် အကျိုးမပြုနိုင်လို့ပဲ ဖြစ်ပါတယ်” ဟု ဒေါက်တာစင်သီယာမောင်က ပြောသည်။မယ်တော်ဆေးခန်းအတွက် ပုံမှန်ရရှိသည့် အကူအညီအထောက်အပံ့များသည် လူနာ (၆၀) ရာခိုင်နှုန်းအတွက်သာ လုံလောက်မှုရှိပြီး အခြားလိုအပ်ချက်များကို နိုင်ငံတကာနှင့် ပုဂ္ဂလိကအလှူရှင်များက ထောက်ပံ့ပေးနေခြင်းဖြစ်သည်ဟု ဆက်လက်ပြောသည်။အခမ်းအနားသို့ လူမှုအခြေပြုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျောင်းသားလူငယ်များ စုစုပေါင်း (၂၀၀၀) နီးပါး တက်ရောက်ခဲ့ပြီး ကရင့်ရိုးရာ ဒုံးယိမ်အကနှင့် ကျဘမ်းစကားပြောပြိုင်ပွဲများအပါအ၀င် ဖျော်ဖြေရေးအစီအစဉ်များကို ညပိုင်းအထိ ကျင်းပခဲ့သည်။မယ်တော်ဆေးခန်းကို ၁၉၈၈ ခုနှစ် ဒီမိုကရေစီလူထုအုံကြွမှုကြီး ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၁၉၈၉ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်ရောက် ၈၈ မျိုးဆက်ကျောင်းသားများ ကူညီပံ့ပိုးမှုအပါအဝင် ဒေါက်တာ စင်သီယာမောင်၊ ဦးသိုက်စိုး၊ ဦးဝဏ္ဏ၊ ဦးချစ်ဝင်း၊ ဆရာမနော်ထူးနှင့် ဦးစိန်ဟန် စသည့်ပုဂ္ဂိုလ် (၆) ဦးက စတင်လုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။

လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့မှ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုတ်ရှားမှု့ ထပ်မံပြုလုပ်။

Thursday, February 19, 2009
လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ မှ နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးလှုပ်ရှားမှု ထပ်မံပြုလုပ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ကြေညာချက်ဖြစ်သော "ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးအတွက် တိုင်းသူပြည်သားများက ၀ိုင်းဝန်းထောက်ခံကြရန်" - ဟူသော တောင်းဆိုချက်ကို ထောက်ခံသောအားဖြင့်လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ မှ လှုပ်ရှားမှုများ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ၊ နအဖအာဏာရှင်များ၏ ခြိမ်းခြောက်စောင့်ကြည့်မှုအား အလေးမမှုဘဲ နောက်ထပ် လှုပ်ရှားမှုတစ်ရပ်အား ထပ်မံပြုလုပ်ခဲ့ပါသည်။လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ ၏ ထပ်မံလုပ်ဆောင်သောလှုပ်ရှားမှုမှာယမန့်နေ့ကမန္တလေးမြို့ ကျူံးပတ်ပတ်လည်လမ်းများတွင် နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေး တောင်းဆိုတိုက်ပွဲနှင့် ပတ်သက်သော ပို့ စကတ်များနှင့် စာရွက်စာတမ်းများ ထပ်မံဖြန့် ဝေခဲ့ခြင်း ဖြစ်ပါသည်။လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ မှ ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးထောက်ခံကြေညာချက်၊မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့မှထုတ်ပြန်ခဲ့သည့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးထောက်ခံကြေညာချက်နှင်လူထုတစ်ရပ်လုံးအတွက်စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ မှ ထုတ်ဝေသည့် "နိုင်ငံရေးအကျဉ်းသားများအားလုံးချက်ချင်းလွှတ်" ပို့ စကတ်များအား မန္တလေးမြို့  ကျူံးအရှေ့ ဘက်လမ်းများ (ဓါတ်ပုံ - ၁ နှင့်  ၂)၊ မန္တလေးမြို့  ကျူံးမြောက်ဘက်လမ်းများ (ဓါတ်ပုံ - ၃)၊ မန္တလေးမြို့  ကျူံးတောင်ဘက်လမ်းများ (ဓါတ်ပုံ - ၄) နှင့် မန္တလေးမြို့  ကျူံးအနောက်ဘက်လမ်းများ (ဓါတ်ပုံ - ၇) နေရာများတွင် ဖြန့် ဝေခဲ့ပါသည်။ ထို့ အပြင် မန္တလေး ဘူတာကြီးအနီးရှိ ပန်းခြံတစ်ဝိုက် (ဓါတ်ပုံ - ၆) တွင်လည်း အဆိုပါ ပို့ စကတ်များ စာရွက်စာတမ်းများအား အများပြည်သူများ သိရှိစေရန် ဖြန့် ဝေခဲ့ပါသည်။ထိုကဲ့သို့  လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ မှ ဖြန့် ဝေခဲ့သော ပို့ စကတ်များနှင့် စာရွက်စာတမ်းများအား ဈေးသည်များ၊ လမ်းသွားလမ်းလာပြည်သူများနှင့် ကျူံးပတ်လည်တစ်ဝိုက် စက်ဘီးစီးသူများမှ တွေ့ ရှိကာ ဖတ်ရှူကြပြီး ကျေနပ်အားရ ၀မ်းသာပီတိဖြစ်နေခြင်းအား တွေ့ ရှိရပါသည်။လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ မှ အဆိုပါ ပို့ စကတ်များနှင့် စာရွက်စာတမ်းများအား ဖြန့် ဝေခဲ့ရုံသာမက လူအများမြင်နိုင်သည့်နေရာများတွင်လည်း ကပ်ခဲ့ကြရာ နအဖလက်ပါးစေ နယ်ထိန်းရဲများနှင့် ရ၀တများမှ လိုက်လံဖြုတ်သိမ်းနေခြင်းအားလည်း တွေ့ ရှိရပါသည်။ လိုက်လံဖတ်ရှူနေသည့်သူများအားလည်း အဆိုပါ ရဲများ ကြံ့ဖွတ်အဖွဲ့ ဝင်များမှ လိုက်လံကြိမ်းမောင်းကာ မောင်းထုတ်လျက် ရှိပါသည်။ အချို့ သောပြည်သူများမှာ မိမိတို့ တွေ့ ရှိသော အဆိုပါ ပို့ စကတ်များနှင့် စာရွက်စာတမ်းများအား တိတ်တဆိတ်ပုန်းဝှက်ကာ သယ်ဆောင်သွားကြပါသည်။အဆိုပါ လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ နှင့် အခြားသော အာဏာရှင်ဆန့် ကျင်ရေးအင်အားစုများ၏ လှုပ်ရှားမှုများကြောင့် မန္တလေးမြို့  ခရိုင်ရဲမှူးတစ်ဦးမှာ နယ်ထိန်းရဲများအား ဒေါသဖြင့် ထိုးကြိတ်ကာ ဒေါသူပုန်ထနေကြောင်း သိရှိရပါသည်။လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ အနေဖြင့် နအဖအာဏာရှင်အား ဆက်လက်ဆန့် ကျင်တိုက်ပွဲဝင်သွားမည်ဖြစ်ပါသဖြင့် ပြည်သူလူထုအနေဖြင့် မိမိတို့  တတ်နိုင်သည့်အခန်းကဏ္ဍမှ ပူးပေါင်းပါဝင် လှုပ်ရှားပေးကြပါရန်ကိုလည်း အထူးတိုက်တွန်းနှိုးဆော်အပ်ပါသည်။လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ ။
Posted by အကောင်းဆုံးမြေသြဇာ at 6:37 PM
အကြောင်းအရာ...

Junta’s Spies Active among Ethnic, Exiled Groups

February 19, 2009
Burmese spies actively gather information on Burmese ethnic groups and the exiled community along the Thai border, opposition leaders have long contended.
Such claims appear to be substantiated by a confidential Burmese military intelligence report obtained by The Irrawaddy on Wednesday.
The 42-page report was compiled by the Burmese Southeast Regional Military Command based in Moulmein, the capital of Mon State, and sent to three key army departments: the Bureau of Special Operation (BSO 4); the operation department of the Burmese army; and the military security affairs department, also known as the War Office, in Naypyidaw.
The report outlines details of the KNU’s 14th Congress in October 2008, includes information on its new leaders and speculates about anticipated KNLA military activities, in addition to outlining information about exiled dissident groups in Mae Sot and along the Thai-Burmese border.
The report sketched activities of numerous groups, including the All Burma Students Democratic Front, the Womens’ League of Burma, the Democratic Party for a New Society, the Democratic Alliance for Burma, the Karen Youth Organization, the Mon National League for Democracy (Liberated Area) and other groups.
Several nongovernmental organizations are mentioned including the Burma Media Organization in Thailand, the Human Rights Education Institute of Burma, whose headquarters is in Chiang Mai and the Thailand Burma Border Consortium in Thailand
In addition, the report mentioned information about specific Thai military intelligence officers and also included accounts of the protests by the Peoples’ Alliance for Democracy in Bangkok in October 2008.
The report, while not containing any information of immediate strategic value, was judged to be a valuable overview of the reformed KNU and activities among exiled groups along the border.
Exiled dissident and ethnic groups have always maintained that the Burmese government uses spies, informers and police agents to keep track of what goes on inside exiled dissident groups and uses military intelligence communication units to intercept military radio transmissions and other communication of ethnic groups and exiled groups inside and outside the country.
“They [intelligence agents and spies] also get information from migrant workers and the DKBA,” said Maj Hla Ngwe, joint secretary (1) of the Karen National Union, referring to The Democratic Karen Buddhist Army, which operates in alliance with the Burmese military.
It’s believed that much of the information is of a low priority, he said, and has no real intelligence value. Much of the information is believed to be similar to published news reports.
“Mostly, they pass on made-up information to their bosses,” said Hla Ngwe.
One activist in Mae Sot said, “The information is often fabricated, but based true events.”
Of more significance, perhaps, are the disinformation and psychological warfare campaigns waged against ethnic groups inside the country and the exiled community, designed to create distrust and disunity.
Hla Ngwe said Burmese Military Security Affairs distributes disinformation among dissident alliance leaders. “Exiled dissidents need to be more aware of security issues,” he said.
Htay Aung, a member of the Thailand-based Network for Democracy and Development (NDD), said opposition groups are generally lax on security matters and not fully aware of the effects of disinformation campaigns.
“The government spies can get the exiled groups’ information because the exiled organizations don’t place a high priority on security,” he said. “They can easily penetrate the exiled groups, because spies have no horns.”The powerful Office of the Chief of Military Intelligence was abolished in October 2004, several months after a new military government took power. Military intelligence was weaken by the removal of hundreds of officers and renamed Military Security Affairs.
“After military intelligence was abolished, the new military security department was weak,” said Htay Aung. “But now it may have become more powerful and have more funding.”
There are those in the exiled community who believe that Mahn Sha, the late Karen National Union general-secretary, was assassinated on February 14 by junta-backed agents. The murder remains unsolved, and no arrests have been reported.
http://www.irrawaddy.org/article.php?art_id=15149
spies rot in hell…there,s no question WHO;S killing Pado Mahn Sha

ပြည်တွင်းမှ မိတ်ဆွေများ သတိရှိကြပါရန်

Tuesday, 17 February 2009
(GW မှ ပေးပို့သော သတင်းအချက်အလက် ဖြစ်ပါသည်။)2009 ခုနှစ် ဇန်န၀ါရီ ၊ ဖေဖော်ဝါရီလများအတွင်း Campaign များပြုလုပ်ခြင်း၊ ပိုစတာများချိတ်ဆွဲခြင်း၊ မှူုတ်ဆေးများဖြင့်ရေးဆွဲခြင်း၊ စာဖြန့် ခြင်း၊ စာကပ်ခြင်းများ၊ ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်း အတွင်းရှိ မြို့ နယ် မယက၊ရယကများ၊ အရံမီးသတ်များ၊ ကြံ့ ခိုင်ရေးနှင့် စွမ်းအားရှင်များထံသို့  ၁၃၊ ၂၊ ၂၀၀၉ နေ့ တွင်
ညွန်ကြားချက်ပေးပို့ မူ့ များရှိကြောင်း၊ ညွှန်ကြားချက်တွင်
၁၊ မိမိတို့ မြို့ နယ်၊ ရပ်ကွက်၊လမ်းများတွင် စာဖြန့် ၊စာဝေ၊ စာကပ်ခြင်း၊မှုတ်ဆေးမှုတ်ခြင်း၊
ပိုစတာချိတ်ဆွဲခြင်း တို့ ဖြင့် အစိုးရဆန့်  ကျင်ရေးများမဖြစ်ပေါ်စေရန် နေ့ ညစောင့်ကြည့်ရန်၊
၂၊ ၄င်းဆန့် ကျင်ရေးပြုလုပ်သူကိုဖမ်းမိပါက တယောက်ဖမ်းမိပါက ၅၀၀၀၀ ပေးမည်။
၃၊ ဆိုက်ကားဂိတ်များ၊ ဈေးသည်များအနီးတွင် ဆန့် ကျင်စာဖြန့် ဝေကပ်ခြင်း၊ မမိပါက ဆိုက်ကားဂိတ်သိမ်းမည်၊၊ ဈေးမရောင်းရသတ်မှတ်မည်၊ ဆိုက်ကားသမားများ၊ ဈေးသည်များမှ ဖမ်းပေးရမည်၊
၎၊ အသစ်ဖွဲ့ စည်းထားသော အရံရဲအဖွဲ့ ဝင်များကို ပိုမိုတာဝန်ချထားရမည်၊
၅၊ မြို့ နယ်ရဲစခန်းများမှလည်း လှည့်ကင်း၊၀ပ်ကင်း၊ ရပ်ကင်းများ၊ နေ့ ညပိုမိုချထားရမည်၊
၆၊ အဓိကအားဖြင့် ကြံ့ ခိုင်ရေး၊ စွမ်းအားရှင်၊ အရံရဲတို့ ကို ပိုမိုတာဝန်ပေးချထားရမည်ဖြစ်ကြောင်း ညွန်ကြားထားသည်ဟုသိရှိရပြီး ၂၀၀၉ ခုနှစ်အတွင်း ဆန့် ကျင်လှုပ်ရှားမူ့ များမဖြစ်ပေါ်စေရေးကို
မြို နယ်အလိုက် တာဝန်ယူရမည်ဖြစ်ပြီး ဖြစ်ပွားပါက အရေးယူခံရမည်ဖြစ်ကြောင်းသိရှိရပါသည်၊
● မိမိတို့ ၏ရဲဘော် ရဲဘက်များအနေဖြင့် အစိုးရဆန့် ကျင်ရေးလှုပ်ရှားမူ များကို သတိထားလုပ်ဆောင်ရန် လိုပြီး၊ နည်းလမ်းအသစ်များသုံးပြီး၊ ၀ါဒဖြန့် ဆန့် ကျင်မူ့ များပြုလုပ်ရန်လိုအပ်ပါသည်၊
● မြို့ နယ် တခုချင်းအလိုက် အရံရဲ ထောင်ဂဏန်းရှိပြီး ၄င်းတို့ အား သတိထားရန် လိုအပ်ပါသည်၊
Posted by ကိုထိုက်

Friday, February 20, 2009

လွတ်လပ်စွာ စိစစ်ရန်လိုဟု ကင်ပိန်း လှုပ်ရှားသူများက ကုလကို ပြော

Wednesday, February 18, 2009
မြန်မာပြည်အရှေ့ပိုင်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်သူများဟု အများက သိရှိနေသည့် ကရင်ခွဲထွက် အဖွဲ့များအား ကမ္ဘာ့လူ့အခွင့်အရေး ကျွမ်းကျင်သူက သွားတွေ့သည့်အပေါ် အလွန် တုန်လှုပ်မိကြောင်းဖြင့် ဗြိတိန်အခြေစိုက် ကင်ပိန်း လှုပ်ရှားသူတဦးက ပြောသည်။ မစ္စတာကင်တားနား (Quintana) က KNU/KNLA ငြိမ်းချမ်းရေး ကောင်စီနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ဒီမိုကရက်တစ် ကရင်တပ်မတော် (DKBA) တို့ကို သွားတွေ့ခဲ့သည်ကို အလွန် အံ့သြတုန်လှုပ်မိကြောင်း ကမ္ဘာတလွှား ခရစ်ယာန်များ သွေးစည်းညီညွတ်ရေးအဖွဲ့ 'Christian Solidarity Worldwide' (CSW) မှ ပြောဆိုခြင်းဖြစ်သည်။"ကျနော်တော့ ဒီသတင်းကို မကြားသေးပါဘူး။ ဒါပေမဲ့ ဒီသတင်းသာ မှန်ခဲ့မယ်ဆိုရင် ကျနော် အလွန် တုန်လှုပ်မိပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အပြစ်ရှိသူတွေနဲ့တော့ သူ တွေ့ပြီး၊ ကရင်ပြည်သူတွေရဲ့ တကယ်စစ်မှန်တဲ့ တခုတည်းသော ကိုယ်စားလှယ်တွေဖြစ်တဲ့ KNU နဲ့တော့ အခုထိ မတွေ့သေးပါဘူး" ဟု CSU မှ ဘင်နီဒစ်ရော်ဂျာ (Benedict Rogers) က ပြောသည်။ကင်တားနားသည် ကရင် အမျိုးသားအစည်းအရုံး (KNU) ကိုမူ ယခုထိ သွားရောက်တွေ့ဆုံခြင်း မရှိသေးကြောင်း သူက ဆိုသည်။ ရန်ကုန်ရှိ ကုလသမဂ္ဂရုံးမှ ပေးပို့သော အီးမေးလ်သတင်းအရ ကင်တားနားသည် တနင်္ဂနွေနေ့က မြန်မာပြည်အရှေ့ပိုင်း ကရင်ပြည်နယ်သို့ သွားရောက်ပြီး KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် တွေ့ဆုံခဲ့ပြီး၊ တနင်္လာနေ့တွင် DKBA အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။ DKBA, KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ၂ ဖွဲ့စလုံးသည် KNU မှ ခွဲထွက်လာသည့် ခွဲထွက်အဖွဲ့များ ဖြစ်သည်။ KNU သည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် တိုက်ပွဲကို နှစ်ပေါင်း ၆ဝ ကျော် ဆင်နွှဲနေသည့် အဖွဲ့ဖြစ်သည်။ ခွဲထွက်အဖွဲ့ နှစ်ဖွဲ့စလုံးသည် မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေး ယူထားပြီး စစ်အစိုးရ၏ KNU ကို ထိုးစစ်ဆင်ရာတွင် ပူးပေါင်း ပါဝင်ကြသည်ဟု သိရသည်။ မစ္စတာ ကင်တားနားက ကရင်ခွဲထွက် အဖွဲ့များနှင့် တွေ့ဆုံခဲ့သည့် အကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးသော်လည်း မြန်မာပြည်အရှေ့ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးသည်ဆိုလျှင် ကုလသံတမန်အနေဖြင့် KNU အဖွဲ့ဝင်များကိုလည်း တွေ့ဆုံသင့်ကြောင်း ရော်ဂျာက ဆိုသည်။ CSW အဖွဲ့ဝင်များနှင့်အတူ မကြာသေးခင်က မြန်မာပြည် အရှေ့ပိုင်းသို့ သွားရောက်ပြီး ၃ ပတ်ကြာ ကွင်းဆင်း သုတေသန လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် မစ္စတာရော်ဂျာက ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် မြန်မာပြည် အရှေ့ပိုင်းဒေသများတွင် စစ်အစိုးရ၏ စစ်တပ်များက DKBA, KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အပါအဝင် သူတို့၏ မဟာမိတ် အဖွဲ့ဝင်များနှင့်အတူ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ကျူးလွန်နေသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရကြောင်း ပြောသည်။ CSW က တနင်္လာနေ့က ကျေညာချက် ထုတ်ပြန်ကာ မြန်မာပြည်အရှေ့ပိုင်းတွင် စနစ်တကျ ကျူးလွန်နေသော မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်သွားစေရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ဖိအားများ ပိုမိုပေးပါရန် ထပ်မံတောင်းဆိုလိုက်သည်။ "ရွာသားတွေဟာ အသက်အန္တရာယ်က လွတ်ဖို့ အမြဲပဲ ရှောင်ပုန်းပြေးလွှားနေရတယ်။ ဒါပေမဲ့ ကျနော်တို့ တွေ့သလောက်တော့ သူတို့ဟာ ထိုင်းဘက်ကို ကူးမလာကြသေးဘဲ ပြည်တွင်းမှာပဲ ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည် စခန်းတွေမှာပဲ ဆက်နေကြတာ တွေ့ရတယ်" ဟု ရော်ဂျာက မဇ္ဈိမကို ပြောသည်။ အဖြစ်အပျက်တခုတွင် အဘိုးအိုတဦးသည် DKBA ၏ ရန်ကို ကြောက်၍ မိမိအိမ်မှ ထွက်ပြေးရာတွင် သူ့အိမ်ရှေ့တွင် ထောင်ထားသော မြေမြှုပ်မိုင်းကြောင့် ခြေပြတ်သွားခဲ့ရသည်ဟု သူက ဆိုသည်။ မစ္စတာ ကင်တားနားအနေဖြင့် DKBA, KNU/KNLA ငြိမ်းချမ်းရေးအဖွဲ့တို့နှင့်သာ တွေ့ဆုံမည်ဆိုပါက ဤအဖွဲ့များ ကိုယ်တိုင်က လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်နေသူများ ဖြစ်သည့်အတွက် သူ့အနေဖြင့် 'မှားယွင်း ပုံပျက်နေသော သတင်း အချက်အလက်များ' ကိုသာ ရရှိလိမ့်မည်ဟု ရော်ဂျာက ပြောသည်။ "သူ (မစ္စတာကင်တားနား) က လူ့အခွင့်အရေး ချိုးဖောက်တဲ့သူတွေနဲ့တော့ တွေ့တယ်။ ချိုးဖောက်ခံရတဲ့ ပြည်သူတွေနဲ့တော့ မတွေ့ဘူးဆိုတာ ကျနော့်အတွက်တော့ တမျိုးကြီးဖြစ်နေပါတယ်။ ဒီပြည်သူတွေဟာ သူ တကယ်တွေ့ရမယ့်သူတွေပါ" ဟု ရော်ဂျာက ဆိုသည်။ ဤအတောအတွင်း မြန်မာအစိုးရ ထုတ်ဝေသည့် မြန်မာ့အလင်း သတင်းစာကလည်း KNU တို့သည် ထိုင်းမြန်မာ နယ်စပ်မြို့ မြဝတီကို လက်နက်ကြီးများဖြင့် ပစ်ခတ်သည်ဟု တနင်္ဂနွေနေ့က စွပ်စွဲရေးသားဖော်ပြခဲ့သည်။ "ကရင် သောင်းကျန်းသူများသည် ယနေ့ (ဖေဖော်ဝါရီလ ၁၄ ရက်နေ့) တွင် ကရင်ပြည်နယ် မြဝတီမြို့ကို အဝေးမှ လက်နက်ကြီးများဖြင့် ၄ ကြိမ် ပစ်ခတ်ခဲ့သည်" ဟု သတင်းစာက ရေးသားခဲ့သည်။ ထို့ပြင် KNU သည် တိုင်းပြည်တွင်းတွင် အကြမ်းဖက်လုပ်ရပ်များနှင့် အဖျက်အမှောက် လုပ်ရပ်များကို ကျူးလွန်နေကြောင်းနှင့် လက်နက်အားကိုးဖြင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ မိုင်းထောင်ခြင်း၊ ပြည်သူပိုင် ပစ္စည်းများကို လုယက် ဓားပြတိုက်ခြင်း၊ ခြောက်လှန့်၍ ငွေတောင်းယူခြင်း၊ အိမ်များကို မီးရှို့ခြင်းအပြင် ယခုကဲ့သို့ အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းလည်း ကျူးလွန်နေကြောင်း သတင်းစာက စွပ်စွဲရေးသားထားသည်။ သို့သော် KNU ကမူ မြဝတီမြို့ကို လက်နက်ကြီးဖြင့် ပစ်ရာတွင် သူတို့ မပါဝင်ကြောင်း တနင်္လာနေ့က ငြင်းဆိုသွားခဲ့ပြီး၊ သူတို့အဖွဲ့၏ ဂုဏ်သိက္ခာ ကျဆင်းစေရန် စစ်အစိုးရ ကိုယ်တိုင်ကသာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြန်လည် စွပ်စွဲခဲ့သည်။ ယခု ပစ်ခတ် တိုက်ခိုက်မှုတွင် KNU နှင့်သော်၎င်း၊ ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့ ကရင်အမျိုးသား တပ်မတော် (KNLA) နှင့် သော်၎င်း လုံးဝ မပတ်သက်ကြောင်း တနင်္လာနေ့က ကျေညာချက်တရပ် ထုတ်ပြန်ကာ KNU က ငြင်းဆိုထားသည်။ "KNU တွင် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း မပြုရန် မူဝါဒ ချမှတ်ထားကြောင်း" ကျေညာချက်တွင် ဖော်ပြထားသည်။ "ဤလုပ်ရပ်သည် နအဖ (SPDC) ၏ KNU နှင့် ကရင်ပြည်သူများ၏ တော်လှန်ရေးခုခံစစ်ကို နာမည်ဖျက်ရန် စက်ပုန်းခုတ် လုပ်ကြံခြင်းမျှသာ ဖြစ်ကြောင်း" စစ်အစိုးရ၏ တရားဝင်အမည်ဖြစ်သော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) ကို ရည်ညွှန်းသုံးစွဲကာ KNU က ရေးသားခဲ့သည်။ ကရင်ပြည်နယ်အတွင်း ယင်း၏တပ်ဖွဲ့ဝင်များ ကျယ်ပြန့်စွာ ကျူးလွန်ထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖုံးဖိရန်အတွက် ထိုသို့ စစ်အစိုးရတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်သည်ဟု ယုံကြည်ယူဆရန် အကြောင်းအချက်များ ရှိကြောင်းနှင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း လာရောက် စစ်ဆေးနေသော ကုလသံတမန် မစ္စတာကင်တားနား၏ ခရီးစဉ် ဦးတည်ချက်ကို လမ်းလွှဲရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း KNU က ပြောသည်။ KNU က ကုလသံတမန်ကို KNU အဖွဲ့၊ ကရင်လူထုအခြေပြု အဖွဲ့အစည်းများ၊ ထိုင်း-မြန်မာနယ်စပ် တလျှောက်ရှိ ဒုက္ခသည်စခန်းများရှိ ကရင်ပြည်သူများ၊ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်များကို အခြေအနေမှန်များ သိရှိနားလည်ရေးအတွက် တွေ့ဆုံသင့်ကြောင်း တောင်းဆိုထားသည်။ အလားတူပင် တွေ့ဆုံရမည့် လူစာရင်းတွင် KNU ကို ဖယ်ထားခြင်းသည် မစ္စတာကင်တားနား အနေဖြင့် အခြေအနေမှန်များ သိရှိရေးတွင် အထောက်အကူပြုမည် မဟုတ်ဘဲ 'မှားယွင်း ပုံပျက်နေသော သတင်းများ' ကိုသာ သူ့အနေဖြင့် ရရှိလိမ့်မည်ဟု ရော်ဂျာက ပြောသည်။ မြန်မာပြည်အရှေ့ပိုင်းနှင့် အခြားနေရာ အနှံ့အပြားတွင် ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်တန့်စေရေးအတွက် ကုလ အထွေထွေ အတွင်းရေးမှူးချုပ် အပါအဝင် နိုင်ငံတကာအနေဖြင့် နိုင်ငံရေးနှင့် သံတမန်ရေးဖိအားများ တိုးမြှင့်လုပ်ဆောင်ရန် တာဝန်ရှိကြောင်းလည်း ရော်ဂျာက ဆက်ပြောသည်။ "အပြောင်းအလဲတွေ အကောင်အထည်ဖော် လုပ်ဆောင်အောင် စစ်အစိုးရကို နိုင်ငံရေးနဲ့ သံတမန်ရေး ဖိအားတွေ အတူတကွ ပူးတွဲပေးတာကို ကျနော်တို့ မြင်တွေ့လိုပါတယ်" ဟု ရော်ဂျာက ဆိုသည်။
မုံပီး၊ ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 18 နယူးဒေလီ (မဇ္ဈိမ)

Thursday, February 19, 2009

Troops from battalion 999 of the Democratic Karen Buddhist Army raided and burnt down a Karen village near Myawaddy township last week, according to v

February 17, 2009
DKBA=KILLERS
DKBA troops burn down Karen villageFeb 17, 2009 (DVB)–Troops from battalion 999 of the Democratic Karen Buddhist Army raided and burnt down a Karen village near Myawaddy township last week, according to villagers.
One villager said DKBA soldiers had raided Koe Hta village on 11 February.“I am saddened because it was done to Karen people by Karen people,” a villager said.“I don’t know why they did it. It is impossible to think of what they wanted to achieve by burning down a Karen village.”Another villager said it was the second time the DKBA had carried out this kind of raid in the past two months.“I hope they will realise their sins one day,” the villager said.The DKBA was formed in 1994 as a splinter group of the Karen National Union but now many locals believe the group just follows orders from the ruling State Peace and Development Council, according to a third villager.“Whatever it is, it can’t do anything without the SPDC’s instructions,” the villager said.“They are also being coerced into doing things. According to the reports we have received they are being pressured to give up arms and stick to business, as subordinate troops to the SPDC.”Another villager condemned the suffering inflicted on people in Karen state, and said some had gone into hiding in the jungles.“It is the worst atrocity. It is the people who suffer whatever they do,” the villager said.There have also been widespread reports of attacks on villages by State Peace and Development Council troops, who have been accused of raping and killing villagers.
http://english.dvb.no/news.php?id=2215

KNU Denies Shelling Border Town

February 16, 2009 ·

File photo shows Karen National Union soldiers near the Thailand-Burmese border. (Photo: AFP)The Karen National Union (KNU) has rejected claims by Burma’s state-run media that it shelled a number of sites near a town on the country’s border with Thailand, suggesting the attacks were staged by the Burmese army to portray its enemies as terrorists.
According to The New Light of Myanmar, a Burmese junta mouthpiece, the incident took place early Saturday morning near Myawaddy, a town in Karen State located opposite Thailand’s Tak Province.The newspaper reported that two shells landed about 10 km southwest of the town, one near a lodging house and another in the compound of a Buddhist monastery. No casualties were reported.The attacks occurred on the same day that the UN’s special rapporteur on human rights in Burma, Tomas Ojea Quintana, arrived in the country for a six-day visit, and a day before he was scheduled to traveled to Pa-an, the capital of Karen State.
The KNU, Burma’s oldest ethnic insurgent group, immediately denied any involvement in the incident, and suggested that it was carried out by the Burmese military to coincide with the UN envoy’s visit.
“They want to accuse the KNU of being a terrorist group while Quintana is visiting Burma,” said David Takapaw, vice chairman of the KNU, speaking to The Irrawaddy on Monday.
Indeed, The New Light of Myanmar report seemed to suggest that the purpose of the attacks was to terrorize the local population. It said that the KNU was guilty of “firing from the distance into the towns and villages in a cowardly way with heavy weapons.”
However, Takapaw denied the charges, saying that since the KNU doesn’t possess the kind of heavy artillery allegedly used in the attacks, they could only have been carried out by the better-armed Burmese military.
The Burmese newspaper also accused the KNU of “bullying the innocent people with the use of arms, murdering, planting mines, looting, robbing people of their possessions, demanding extortion money [and] burning down the houses of people.”
Similar charges have been leveled against the Burmese army by human rights groups, which have extensively documented the targeting of civilians by government forces during the regime’s decades-old war with ethnic insurgents.

khitpyaing news KNU 16.02



February 16, 2009 ·

စနေနေ့ နံနက် ၂ နာရီခန့်က ကရင်ပြည်နယ် မြဝတီမြို့တွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့မှုသည် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၏ အကြမ်းဖက်လုပ်ရပ်များ ဖြစ်သည်ဟု နအဖ၏စွပ်စွဲမှုသည် အခြေအမြစ်မရှိသည့် စွပ်စွဲမှုသာဖြစ်သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) က ငြင်းဆိုလိုက်သည်။ continue

Pics 20 Years Mae Tao Clinic




20.th Anniversary Mae Tao Clinic


Myanmar rebels attack town

democracy for burma
Front Page
this page is dedicated to the 88 Generation Student Group and all the monks they sent to prisons
February 15, 2009
(Junta online lies says KNU..)
YANGON - AN ETHNIC rebel group in Myanmar has attacked a town bordering Thailand, state media reported on Sunday, hours before a key visit to the area by a United Nations human rights expert.
The New Light of Myanmar, a mouthpiece for the junta, said insurgents from the Karen National Union (KNU) had fired heavy weapons at the town of Myawady in Kayin State early on Saturday, but caused no casualties.
‘Two shells landed about seven miles south west of the town,’ the paper said. Myawaddy is on Myanmar’s border with Thailand where many ethnic Karen live. The KNU is the oldest of several Myanmar rebel groups, and has been battling the government for six decades.
Myanmar has suffered decades of armed rebellion along its borders, and no government has controlled all of the nation’s territory. The military has ruled Myanmar since 1962, justifying its grip on power by claiming the need to fend off the rebels. The latest KNU fighting was reported as UN Human Rights expert Tomas Ojea Quintana arrived Saturday in Myanmar for a six-day visit to assess the development of human rights following his visit last summer.
Mr Quintana left for Karen State by helicopter early Sunday to meet with members of the Democratic Karen Buddhist Army (DKBA), a group of former Karen insurgents who switched sides in the early 1990s to fight the KNU.
His visit comes amid criticism by rights groups of the regime’s treatment of minorities, in particular the Rohingya Muslims, who have been fleeing the repressive country by boat in large numbers. The UN confirmed that Mr Quintana would also visit the notorious Insein prison in Yangon that holds hundreds of political activists, as well as the remote capital, Naypyidaw, during his stay, but was unlikely to meet senior generals.
Mr Quintana’s visit is expected to pave the way for a possible visit later in the year by UN Secretary General Ban Ki-Moon after another visit by the UN’s Special Envoy to Myanmar, Ibrahim Gambari, last month. Mr Gambari met detained democracy leader Aung San Suu Kyi but failed to secure a meeting with Myanmar’s head of state Senior General Than Shwe.
The military regime has promised to hold elections in 2010, but critics have dismissed the polls as a sham as they do not allow for the participation of Aung San Suu Kyi. — AFP
http://www.straitstimes.com/Breaking%2BNews/SE%2BAsia/Story/STIStory_338712.html

Pado Mahn Sha Kwekalu News


Wednesday, February 18, 2009

Mon National Day...They can't read it...


ပြည်တွင်းမှ မိတ်ဆွေများ သတိရှိကြပါရန်

(GW မှ ပေးပို့သော သတင်းအချက်အလက် ဖြစ်ပါသည်။)
2009 ခုနှစ် ဇန်န၀ါရီ ၊ ဖေဖော်ဝါရီလများအတွင်း Campaign များပြုလုပ်ခြင်း၊ ပိုစတာများချိတ်ဆွဲခြင်း၊ မှူုတ်ဆေးများဖြင့်ရေးဆွဲခြင်း၊ စာဖြန့် ခြင်း၊ စာကပ်ခြင်းများ၊ ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်း အတွင်းရှိ မြို့ နယ် မယက၊ရယကများ၊ အရံမီးသတ်များ၊ ကြံ့ ခိုင်ရေးနှင့် စွမ်းအားရှင်များထံသို့  ၁၃၊ ၂၊ ၂၀၀၉ နေ့ တွင်
ညွန်ကြားချက်ပေးပို့ မူ့ များရှိကြောင်း၊ ညွှန်ကြားချက်တွင်
၁၊ မိမိတို့ မြို့ နယ်၊ ရပ်ကွက်၊လမ်းများတွင် စာဖြန့် ၊စာဝေ၊ စာကပ်ခြင်း၊မှုတ်ဆေးမှုတ်ခြင်း၊
ပိုစတာချိတ်ဆွဲခြင်း တို့ ဖြင့် အစိုးရဆန့်  ကျင်ရေးများမဖြစ်ပေါ်စေရန် နေ့ ညစောင့်ကြည့်ရန်၊
၂၊ ၄င်းဆန့် ကျင်ရေးပြုလုပ်သူကိုဖမ်းမိပါက တယောက်ဖမ်းမိပါက ၅၀၀၀၀ ပေးမည်။
၃၊ ဆိုက်ကားဂိတ်များ၊ ဈေးသည်များအနီးတွင် ဆန့် ကျင်စာဖြန့် ဝေကပ်ခြင်း၊ မမိပါက ဆိုက်ကားဂိတ်သိမ်းမည်၊၊ ဈေးမရောင်းရသတ်မှတ်မည်၊ ဆိုက်ကားသမားများ၊ ဈေးသည်များမှ ဖမ်းပေးရမည်၊
၎၊ အသစ်ဖွဲ့ စည်းထားသော အရံရဲအဖွဲ့ ဝင်များကို ပိုမိုတာဝန်ချထားရမည်၊
၅၊ မြို့ နယ်ရဲစခန်းများမှလည်း လှည့်ကင်း၊၀ပ်ကင်း၊ ရပ်ကင်းများ၊ နေ့ ညပိုမိုချထားရမည်၊
၆၊ အဓိကအားဖြင့် ကြံ့ ခိုင်ရေး၊ စွမ်းအားရှင်၊ အရံရဲတို့ ကို ပိုမိုတာဝန်ပေးချထားရမည်ဖြစ်ကြောင်း ညွန်ကြားထားသည်ဟုသိရှိရပြီး ၂၀၀၉ ခုနှစ်အတွင်း ဆန့် ကျင်လှုပ်ရှားမူ့ များမဖြစ်ပေါ်စေရေးကို
မြို နယ်အလိုက် တာဝန်ယူရမည်ဖြစ်ပြီး ဖြစ်ပွားပါက အရေးယူခံရမည်ဖြစ်ကြောင်းသိရှိရပါသည်၊
● မိမိတို့ ၏ရဲဘော် ရဲဘက်များအနေဖြင့် အစိုးရဆန့် ကျင်ရေးလှုပ်ရှားမူ များကို သတိထားလုပ်ဆောင်ရန် လိုပြီး၊ နည်းလမ်းအသစ်များသုံးပြီး၊ ၀ါဒဖြန့် ဆန့် ကျင်မူ့ များပြုလုပ်ရန်လိုအပ်ပါသည်၊
● မြို့ နယ် တခုချင်းအလိုက် အရံရဲ ထောင်ဂဏန်းရှိပြီး ၄င်းတို့ အား သတိထားရန် လိုအပ်ပါသည်၊

Sunday, February 15, 2009

အမျိုးသား ပြန်လည် သင့်မြတ်ရေး သူရဲကောင်းဆု ချီးမြှင့်

Saturday, February 14, 2009
မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စွန့်လွှတ်စွန့်စားပြီး ဆောင်ရွက်ကြသူတွေအတွက် ဆုချီးမြင့်ပြီး ဂုဏ်ပြုတဲ့ အခမ်းအနားတခုကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ ကျင်းပခဲ့ပါတယ်။ ဒီဆုကို နော်ဝေနိုင်ငံရောက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ နဲ့ တိုင်းရင်းသားအဖွဲ့ တချို့က ဦးစီးပြီး စီစဉ်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ နိုင်ငံရေး တိုးတက်ပြောင်းလဲဖို့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ ပဓာန ကျတာမို့ ဒီ အမျိုးသား ပြန်လည် သင့်မြတ်ရေး သူရဲကောင်း ဆုကို ချီးမြှင့်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ နော်ရှိုး က မေးမြန်းစုံစမ်းထားပါတယ်။အခုလို အမျိုးသားပြန်လည် သင့်မြတ်ရေး သူရဲကောင်းဆု ကို ချီးမြှင့်ခြင်း ခံခဲ့ရသူ ၅ ဦးကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဌ လက်ရှိထောင်တွင်း အကျဉ်းကျနေတဲ့ ဦးခွန်ထွန်းဦး၊ ဇိုမီးအမျိုးသားကွန်ဂရက် က ဦးပူကျင်ရှင်းထန်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တဦး ဖြစ်ပြီး လက်ရှိထောင်တွင်း ရောက်နေတဲ့ နိုင်ငွေသိန်း၊ ရခိုင်ဒီမိုကရေးအဖွဲ့ချုပ်က ဦးအေးသာအောင်၊ အရင်နှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ ကရင်အမျိုးသား အစည်းအရုံးက ပဒိုမန်းရှာ တို့ ဖြစ်ပါတယ်။ ဒီဆုကို နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ တိုင်းရင်းသား အဖွဲ့တွေက ကော်မတီဖွဲ့ပြီး ပေးအပ်ချီးမြင့်ဖို့ စီစဉ်ခဲ့တာပါ။ဒီဆုဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး သိရအောင် အဲဒီကော်မတီမှာ အဓိကပါဝင်သူထဲက တဦးဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုသူရိန် ကို မေးကြည့်တော့ သူက အခုလို ဖြေပါတယ်။“ကျနော်တို့ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးက အဓိက လိုအပ်ချက်ပါပဲခင်ဗျ။ အဲဒီ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရင်ကြားမစေ့နိုင်ဘဲ မည်သည့်အဖွဲ့ မည်သည့်သူကမှ ဘယ်လုပ်ငန်းစဉ်ပဲ လုပ်လုပ် တိုင်းပြည်အတွက်ရော မြန်မာနိုင်ငံသားတွေအတွက်ရော ဘာတခုမှ ဖြစ်ထွန်းတိုးတက်မှာ မဟုတ်ဘူးလို့ ကျနော်တို့တော့ ဒီလိုပဲ ခံယူတယ်ခင်ဗျ။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ နိုင်ငံမှာ အမျိုးသားသွေးစည်းမှုကြီးက ရာစုနှစ်ဝက်ကျော်နေပြီခင်ဗျ။ အဲတော့ ကျနော်တို့က အမျိုးသားပြန်လည် သင့်မြတ်ရေးကို အမျိုးသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ဖို့ လိုလာတယ်ခင်ဗျ။ အဲဒီအခါမှာ ကျနော်တို့က အပေးအယူ အလျော့အတင်းတွေ ရှိဖို့ လိုလာတယ်ခင်ဗျ။”ဟုတ်ကဲ့။ ဒီပုဂ္ဂိုလ်တွေကို ဘယ်လို အချက်တွေကြည့်ပြီးတော့ ကော်မတီက ရွေးချယ်ခဲ့တာလဲရှင့်။ -“ဒီခေါင်းဆောင် ၅ ဦးကို ပေးရတာကတော့ သူတို့ရဲ့ ဖြတ်သန်းမှု သူတို့ရဲ့ လုပ်ဆောင်ချက်တွေပေါ့၊ သူတို့ရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေဟာ ကျနော်တို့အနေနဲ့ စံနမူနာ ယူသင့်တယ်။ အမျိုးသား သွေးစည်းညီညွတ်ရေးအတွက် သူတို့က တောင်းဆို တိုက်ပွဲဝင်ခဲ့တယ်။ အဲဒီအတွက်လည်း ဖိနှိပ်သတ်ဖြတ် ခံရတယ်။ လုပ်ကြံသတ်ဖြတ်ခံရတယ်။ ညှင်းပမ်းနှိပ်စက် ခံရတယ်။ ထောင်တွင်းအကျဉ်းကျ ခံရတယ်။ ဒီလို ကြားကနေပြီးတော့ သူတို့ တစိုက်မတ်မတ် နဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး လုပ်ဆောင်ခဲ့တဲ့အပေါ်မှာ ကျနော်တို့အနေနဲ့က အသိအမှတ်ပြုတယ်။ ဂုဏ်ပြုတဲ့အနေနဲ့ ပေးတာခင်ဗျ။ နောက်ပြီးတော့ ကျနော်တို့ ဒီနေ့ လှုပ်ရှားမှုကြီးတခုလုံးမှာပဲဖြစ်ဖြစ်၊ အတိုက်အခံ အချင်းချင်းကြားမှာပဲ ဖြစ်ဖြစ်၊ အတိုက်အခံနဲ့ နအဖ စစ်အစိုးရနဲ့ကြားမှာပဲဖြစ်ဖြစ် ကျနော်တို့ဟာ အပြန်အလှန် တန်ဖိုထားတတ်မှုတွေ၊ အပြန်အလှန် အသိအမှတ်ပြုမှုတွေ ရှိဖို့ စိတ်ဓါတ်တွေ မွေးဖို့ ကျနော်တို့ လိုအပ်တယ်ခင်ဗျ။ ဒီအခြေခံက ကျနော်တို့ ဘယ်လုပ်ငန်းစဉ်ပဲလုပ်လုပ် ကျနော်တို့ အောင်မြင်မှာမဟုတ်ဘူးခင်ဗျ။ ဒါကြောင့်မိုလို့ ကျနော်တို့က ပြယုဒ် အဖြစ်နဲ့ ကျနော်တို့ ၈၈ မျိုးဆက်တွေကနေပြီးတော့ ဒီခေါင်းဆောင်တွေကို ညီညွတ်မှုရဲ့ ပြယုဒ်အဖြစ် ကျနော်တို့ ဒုတိယ လွတ်မြောက်ရေးတိုက်ပွဲရဲ့ ဒုတိယပင်လုံ ခေါင်းဆောင်တွေအဖြစ် သတ်မှတ်ပြီး ကျနော်တို့ ပေးရခြင်းဖြစ်ပါတယ်ခင်ဗျ။”ဟုတ်ကဲ့။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးလို့ ဆိုတဲ့နေရာမှာ ပဋိပက္ခ ဖြစ်နေသူတွေအကြား ပြန်လည်ရင်ကြား စေ့တာကို ဆိုလိုတာလို့ နားလည်းထားကြတယ် ဆိုတော့ အခု ကိုသူရိန်တို့ ရွေးချယ်တဲ့ အထဲမှာ ဒီမိုကရေစီအင်အားစုတွေ ဘက်ကပဲဖြစ်နေတာကို တွေ့ရပါတယ်။စစ်အစိုးရဘက်ကိုရော ဒီလိုဆုမျိုးနဲ့ အသိအမှတ်ပြုဖို့ အစီအစဉ်ရော ရှိနိုင်မလားရှင့်။ -“ကျနော်တို့ အချင်းချင်းတင်မဟုတ်ဘဲနဲ့ နအဖ နဲ့ပါ ကျနော်တို့က အပြန်အလှန် နားလည်မှုရှိအောင် လုပ်နိုင်တာ၊ သူတို့ဘက်က တကယ် စစ်စစ်မှန်မှန်နဲ့ လုပ်ဆောင်လာတယ် ဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ ဒါကို စစ်စစ်မှန်မှန်နဲ့ တကယ်လုပ်ဆောင်လာတယ် ဆိုရင်တော့ သူ့ကိုလည်း ကျနော်တို့ ဂုဏ်ပြုရမှာပဲခင်ဗျ။ ဒီဆု ချီးမြှင့်ဖို့ ကျနော်တို့က ၀န်မလေးဘူးခင်ဗျ။”ဆက်လက်ပြီး ကိုသူရိန် က ဒီလိုဆုမျိုးကို နောင်လာမယ့် နှစ်တွေမှာလည်း ချီးမြှင့်နိုင်ဖို့ အစီအစဉ် ရှိတယ်လို့ ပြောခဲ့ပါတယ်။ မနေ့က အခမ်းအနားမှာ ဆုချီးမြှင့်ခြင်းခံသူရသူ တဦးမှ တက်ရောက်နိုင်ခြင်းတော့ မရှိပါဘူး။ မနှစ်ကကျဆုံးသွားတဲ့ ပဒိုမန်းရှာ ကိုယ်စား ဆုလာရောက် လက်ခံခဲ့သူ သမီးဖြစ်သူ နန့် ဇိုရာဖန် ကလည်း ဒီအခမ်းအနာမှာ သူရဲ့ခံစားချက်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။“ကျမ ပဒိုမန်းရှာ ရဲ့သမီး တယောက်အနေနဲ့ ပြီးတော့ ကရင်တမျိုးသားလုံး အတွက် ကျမ ဂုဏ်ယူမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့အဖေ လုပ်ဆောင်ခဲ့တဲ့ အလုပ်အကိုင်တွေပေါ့နော်။ ဒီမိုကရေစီ ရရှိရေးအတွက်ရော၊ တိုင်းရင်းသားအားလုံး ညီညွတ်ရေးနဲ့ တိုင်းရင်းသား အားလုံး တန်းတူရေးပေါ့နော်။ ပျော်ပျော်ရွှင်ရွှင် အတူတကွ နေထိုင်နိုင်ကြဖို့ ဒီ ဖယ်ဒရယ် ပြည်ထောင်စု စနစ်ကို သူ ယုံကြည်ခဲ့ပါတယ်။”မနေ့က ဒီအခမ်းအနား ကျင်းပတဲ့နေ့ဟာ ပဒိုမန်းရှာ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတာ တနှစ်တိတိ ဖြစ်တာမို့ ၀ါရှင်တန်ဒီစီ မြို့တော်မှာရော ထိုင်းမြန်မာနယ်စပ်က နိုင်ငံရေး အင်အားစုတွေအကြားမှာပါ အောက်မေ့ဖွယ် အခမ်းအနားတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ပဒိုမန်းရှာကို ဘယ်သူက လုပ်ကြံ သတ်ဖြတ်ခဲ့သလဲ ဆိုတာကတော့ အခုထိ လက်သည် မပေါ်သေးပါဘူး။ Type your summary here.

ကေအန်ယူခွဲထွက် ဗိုလ်ချုပ်စောဌေးမောင်အဖွဲ့ ကေအန်ယူ ဒီကေဘီအေနှင့် ပေါင်းစည်းရေးမျှော်လင့်

Thursday, February 12, 2009


NEJ / ၁၂ ဖေဖော်ဝါရီ ၂၀၀၉ကေအန်ယူမှ ခွဲထွက်ခဲ့သော်လည်း ကေအန်ယူ၊ ဒီကေဘီအေအဖွဲ့များနှင့် မိမိတို့ ပူးပေါင်းပြီး ကရင်အမျိုးသား များ စည်းစည်းလုံးလုံးဖြစ်ရန် မျှော်လင့်ကြောင်း စစ်အစိုးရနှင့်ပူးပေါင်းသွားသည့် ကေအန်ယူ-ကေအန်အယ်လ် အေ ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်ချုပ်ယဉ်နုက ခေတ်ပြိုင်သို့ ပြောသည်။ဗိုလ်ချုပ်စောဌေးမောင် (ဗိုလ်ထိန်မောင်) ဦးစီးပြီး ခွဲထွက်သွားသည့် ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်ချုပ်ယဉ်နုကို ခေတ်ပြိုင်က သီးခြားတွေ့ဆုံမေးမြန်းရာတွင် ယခုကဲ့သို့ ပြောကြား လိုက်ခြင်းဖြစ်သည်။ ၂၀၀၇ ခု ဗိုလ်ချုပ် စောဌေးမောင် ဦးစီးသည့် ခွဲထွက်အဖွဲ့ မြန်မာစစ်အစိုးရနှင့် ပူးပေါင်း သွားပြီးနောက်ပိုင်း အဆိုပါအဖွဲ့မှ ဗိုလ်ချုပ်ယဉ်နုက ပြင်ပမီဒီယာသို့ ပထမဆုံးအကြိမ် ယနေ့ ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။၂၀၁၀ ရွေးကောက်ပွဲတွင် ပူးပေါင်းရန် စစ်အစိုးရဘက်က ကမ်းလှမ်းခြင်းရှိမရှိ မေးမြန်းရာ ယခုထိ မရှိသေး ကြောင်း ဗိုလ်ချုပ်ယဉ်နုက ပြောသည်။ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအနေဖြင့် ကေအန်ယူနှင့် စကားပြောလိုစိတ်ရှိသော်လည်း ကေအန်ယူ၏ သဘောထားပေါ် မူတည်သည်ဟု ဆက်ပြောသည်။ သို့သော် ကေအန်ယူ ဒီကေဘီအေ အဖွဲ့များနှင့် မိမိတို့ ပူးပေါင်းပြီး ကရင်အမျိုးသားများ စည်းစည်းလုံးလုံးဖြစ်ရန် မျှော်လင့်ကြောင်းကိုလည်း ဗိုလ်ချုပ်ယဉ်နုက ပြောကြားသည်။မြန်မာစစ်အစိုးရနှင့် ပူးပေါင်းပြီးနောက်ပိုင်း စစ်အစိုးရဘက်က တပ်ရိက္ခာကိုသာ ထောက်ပံ့ပေးပြီး ငွေကြေးအကူအညီမပေးကြောင်း ဗိုလ်ချုပ်ယဉ်နုက ပြောသည်။ ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအား စစ်အစိုးရက စီးပွားရေး လုပ်ပိုင်ခွင့်ပေးမပေး ခေတ်ပြိုင်က မေးမြန်းရာ စီးပွားကျနေချိန်ဖြစ်၍ ကြီးကြီးကျယ်ကျယ် လုပ်ငန်းများ မလုပ်ဖြစ်သော်လည်း ကျောက်မျက်ရတနာ တူးခွင့်ပေးထားသည်ဟု ဖြေကြားသည်။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) တပ်မဟာမှူးဟောင်း ဗိုလ်ချုပ် စောဌေးမောင်နှင့် အဖွဲ့သည် ကေအန်ယူမှ ခွဲထွက်ကာ နအဖနှင့်ပူးပေါင်းသွားပြီး ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကော့ကရိတ်မြို့နယ် ထော့ကိုကိုးကျေးရွာတွင် အခြေစိုက်သည်။