
ပန်းချီ ဂေါ်မူရာ
(သူလောက်မိုက်တဲ့သူမည်သူမျှမရှိဘူး)ပလာထူး၏ကရင်အမျိုးသားများအတွက်စွမ်းစွမ်းတမံကြိုးပန်းဆာင်ရွက်မှု့သမိုင်းပုံရိပ်တချို့(ဆက်လက်ဖေါ်ပြပါအုံးမည်)
)
ကရင်ပြည်နယ် တောင်ငူခရိုင် သံတောင်မြို့နယ်တွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်မှ တပ်ရင်း ၂ရင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ရေသိုးကြီးဂွင်ရှိ ဒေသခံရွာသားများ၏ တောင်ယာစပါးမျိုးစေ့များနှင့် လူနေတဲအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
၂၀၀၇ခုနှစ်က သံတောင်မြို့နယ်၊ ရေသိုးကြီးဂွင်တွင် နအဖစစ်တပ်၏ မီးရှို့ဖျက်ဆီးခံရသည့် စပါးမျိုးစေ့များ (ဓါတ် - CIDKP)
၎င်းက “စကခ(၉)၊ ခမရ(၃၇၆)နဲ့ ခမရ(၅၄၁) တပ်ရင်း ၂ရင်းကနေပြီး ရေသိုးကြီးအထက်က မောင်းတိုင်ကြီး၊ ခူလောင်အဲမှာရှိတဲ့ ရွာသားတွေရဲ့ တောင်ယာခင်းထဲကိုဝင်ပြီးတာနဲ့ စပါးမျိုးစေ့ ၃၃တင်းခွဲ ဖျက်ဆီးပစ်လိုက်တယ်။ လူနေအိမ်တဲထဲမှာ အိုးတွေ၊ ခွက် တွေ၊ အသုံးအဆောင်တွေ ယူလို့နိုင်သလောက် ယူတယ်။ တဲခြောက်လုံးကိုလည်း မီးရှို့ပစ်လိုက်တယ်။”ဟု ပြောသည်။
ယခု စပါးမျိုးစေ့များနှင့် လူနေတဲအိမ်များ မီးရှို့ဖျက်ဆီးခံရသည့်နေရာသည် ပဲခူးတိုင်း၊ တောင်ငူမြို့၏ အရှေ့ဘက်ခြမ်း မိုင် ၄၀အ ကွာအဝေးတွင်ရှိပြီး ၎င်းဒေသတွင် အစိုးရစစ်တပ်ကို အတွေ့မခံသည့် ရွာပုန်းရွာရှောင်ဖြင့် နေထိုင်သော ဒေသခံ ကရင်ပြည်သူ ၃၀၀ကျော်ရှိသည်။
ထိုကဲ့သို့ စပါးမျိုးစေ့များ ဖျက်ဆီးခံခဲ့ရသည့်အတွက် ဒေသခံတောင်သူများသည် ယခုနှစ် တောင်ယာစပါး စိုက်ပျိုး၍မရသော ကြောင့် လာမည့်နှစ်တွင် စားနပ်ရိက္ခာပြတ်လပ်မှု နှင့် ကြုံရနိုင်သည်ဟု အဆိုပါဒေသခံက ပြောသည်။
“တကယ်လို့ ရိုးရိုးဆန်ကို ဖျက်ဆီးသွားလို့ရှိရင် ပြန်ဝယ်ယူပြီးတော့ စားလို့ရသေးတယ်။ မျိုးစေ့ကျတော့ လာမယ့်တနှစ်စာအတွက် ရည်ရွယ်ထားတဲ့ မျိုးစေ့တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ အနည်းဆုံး တနှစ်တာကာလကတော့ ဘာမှလုပ်စားလို့မရတော့ဘူး။ နောက်နှစ်အတွက် တော်တော် ဒုက္ခရောက်မယ်။”ဟု ၎င်းက ဆက်ပြောသည်။
A 5-year-old Shan child, Nang Sap, was abducted by Burmese soldiers in October 1999. Her body was later found bricked up in a pagoda. Photo: FBR
Nang Sap's mother, 43-year-old Nang Khi at the Wan Mai refugee camp in Shan State. She still struggles to speak the name of her murdered daughter. Photo: Nic Dunlop/Panos Pictures
Armed Forces Day in the new Burmese capital of Naypyitaw. The army is modeled on the lines of the Japanese Imperial Army of World War II. Photo: Nic Dunlop/Panos Pictures
A Burmese army outpost on the frontline in Shan State. Soldiers are often young, uneducated and subjected to a brutal discipline based on unquestioned obedience. Photo: Nic Dunlop/Panos Pictures
The generals of Burma's military regime on Armed Forces Day in Naypyitaw in March 2007. Lieutenant General Aung Htwe, center, was the commander of the Bureau of Special Operations in Karenni and Shan State. Photo: Nic Dunlop
The enemy - Shan fighter at Loi Tai Leng, Shan State. Photo: Jai Wan Mai
Filmmaker Nic Dunlop working on Burma Soldier. Photo: Nic Dunlop
မိခင်ဖြစ်သူဒေါ်ခင်လေးမွန်(56)နှစ်မှာ နေအိမ်ခန်းကြမ်းပြင်ပေါ်၌ထိုးသွင်းဒဏ်ရာ
(၁၁)ချက်ဖြင့်လှဲကြသေဆုံးနေသည်ကို တွေ့ရ၍ သက်ဆိုင်ရာသို့တိုင်ကြားခဲ့သည်။အမှုကို ရန်ကုန်တိုင်းအနောက်ပိုင်းခရိုင်အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှူးရဲအုပ်မျိုးညွှန့်လူနှင့်အဖွဲ့၊ဗဟန်းရဲစခန်းမှုးနှင့်အဖွဲ့တို့က
စုံစမ်းခဲ့ရာ အလောင်းအနီး၌ တွေ့ရှိခဲ့သည် ဖန်စီကြိုးအနက်ရောင်နှင့်ဂစ်တာပုံဆွဲသီးတို့ကိုသိမ်းဆည်းပြီး မသင်္ကာသူအရှေ့ရွှေဂုံတိုင်ရပ်ကွက်နေ ဇာနည်ဦးကို စုံစမ်းခဲ့သည်။
ဇာနည်ဦးအား၎င်းနေထိုင်ရာအနီးမှဖမ်းဆီးစစ်ဆေးခဲ့ရာအခင်းဖြစ်သည့်နေ့ကအဒေါ်ဖြစ်သူတိုက်ခန်းတို့ နံနက်(၉)နာရီတွင်ရောက်ရှိခဲ့ပြီး နံနက်(၁၀)နာရီခွဲလောက်တွင်အစ်မဖြစ်သူနှင့်တိုက်ခန်းမှ
ဆင်းလာကြောင်း၊ တိုက်အောက်တွင်လမ်းခွဲခဲ့ကြောင်း၊ ထို့နောက် တိုက်ခန်းပေါ်သို့ပြန်တက်သွားပြီး အဒေါ်ဖြစ်သူအားအင်တာနက်မှတွေ့ရှိသူ ချစ်သူနှင့်တွေ့ဆုံရန်ငွေမရှိသဖြင့် အဒေါ်ဖြစ်သူထံမုန်ဖိုးကျပ်တစ်သောင်းခွဲတောင်းရာမှမပေးနိုင်ကြောင်းပြော၍တွန်းလိုက်ရာ အဒေါ်ဖြစ်သူ စက်တီခုံပေါ်သို့ ထိုင်လျှက်ကျသွားကြောင်း။
ပါးရိုက်ဆုံးမ
အဒေါ်ဖြစ်သူက ပြောဆိုဆုံးမ၍ပါးတစ်ချက်ရိုက်ခဲ့ကြောင်း၊ မီးဖိုချောင်မှ စတီးဓားတစ်ချောင်းကိုဝှက်၍ယူခဲ့ပြီး အဒေါ်ဖြစ်သူကိုအိပ်ချင်ကြောင်းပြော၍အဒေါ်အိပ်ရာခင်းပေးနေစဉ်အနောက်မှဓားဖြင့်ဆက်တိုက်ထိုးခဲ့ကြောင်း၊ အဒေါ်ဖြစ်သူကလှမ်းဆွဲသဖြင့်လည်ပင်း၌ဆွဲထားသည့်ဂစ်တာပုံဆွဲသီးပါလည်ဆွဲပြုတ်ကျခဲ့ြော့င်းထွက်ဆိုခဲ့သည်။
ထို့နောက်အဒေါ်၏လက်ကိုင်အိပ်အတွင်းမှ ငွေကျပ်သုံးသောင်းကျော်ခန့်ကိုယူ၍အ၀င်ထွက်တံခါးကိုကတ်ထူစက္ကူကိုညှပ်၍
ပိတ်ခဲ့ကြောင်း၊သူငယ်ချင်းနှစ်ဦးကိုခေါ်၍အင်တာနက်မှချစ်သူအားလက်ဆောင်ပေးရန်ကုန်တိုက်၌ကျပ်(၃၀၀၀)ကျော်ဖိုး
ခန့်လက်ဆောင်ပစ္စည်းဝယ်ယူခဲ့ကြောင်းချိန်းဆိုထားသည့် နေရာသို့သွားရောက်ရှာဖွေသော်လည်းချစ်သူရောက်မလာခဲ့
ကြောင်း၊ မြိုးထဲသို့သွားရောက်ကာ ဖန်စီပစ္စည်းအရောင်းဆိုင်မှ ဖန်စီပစ္စည်း ကျပ်(၂၀၀၀)ဖိုးခန့်ဝယ်ယူခဲ့ကြောင်း၊ထို့နောက် နေအိမ်သို့ပြန်လာစဉ် ဖမ်းဆီးခံရကြောင်းထွက်ဆိုသည်။
သက်ဆိုင်ရာက ဇာနည်ဦး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အရိုးအသွား(၈)လက်မခန့်ရှိ ဓားဦးချွန်တစ်ချောင်းကိုလွှင့်ပစ်ခဲ့သည့်နေရာမှ သိမ်းဆည်းရမိခဲ့ပြီး ဗဟန်းရဲစခန်း က(ပ) 226/11 ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။ ။္ကဤ ပြစ်မှုဆိုင်ရာသတင်းဆောင်းပါကို (Favourite News)အပတ်စဉ်သတင်းစာ၏ (16.05.2011)ရက်နေ့ သတင်းများတွင်ဖော်ပြပါရှိပါကြောင်း တင်ပြလိုက်ရပါသည်။
//www.narinjara.com/
အိန္ဒိယ နိုင်ငံ ကာလကတ္တားရှိ Presidential အကျဉ်းထောင်တွင် နှစ်ရှည် လများ ထိန်းသိမ်းခံနေရသူ ရခိုင်နှင့် ကရင် တော်လှန်ရေး သမား ၃၁ ဦး မနက်ဖြန် (မေလ ၁၉ ရက်နေ့) တွင် လွှတ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။
12.05. Narinjara news
Kyauk Pru: Aquatic creatures have been killed and the environment damaged for the gas pipeline construction off the coast of Arakan after the construction company dynamited rock masses in the water along the path of the future pipeline, said witnesses.
Throughout the path of the gas pipeline, there are rocks and rock masses in the water that have impeded laying pipe, so the company has been blasting the rock with dynamite to remove it.
“We saw a ship that had dynamited the rock every day. But we can not provide details because the authorities did not allow local people to approach near the ship during the work,” a witness said on the condition of anonymity.
The sea life hit hardest in the dynamite blasts are fish and shrimp. “We sometimes found fish dying in the water when we went to the area for fishing. We believe the fish died from the dynamite that was used to blast space for the gas pipeline through the sea,” he added.
The gas pipeline is now being laid down off the Arakan coast near Kyaukpru Township, where it will be connected to the pipeline on land. The gas pipeline is being constructed in Arakan and Burma proper to send gas from Arakan to China beginning in 2013.
မောင်ဦးဆိုတဲ့ကောင် ချင်းလူမျိုးကို တိုက်ခိုက်ပြောဆိုလိုက်တဲ့စကားဟာ မဟာဝါဒီ တို့ ရဲ့ ဇာတိသွေးကို ထုတ်ပြလိုက်တာပါပဲ။
ကိုပေါက် | အင်္ဂါနေ့၊ မေလ ၁၇ ရက် ၂၀၁၁ ခုနှစ်နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံတော် အာဏာအား လွှတ်တော်သို့ လွှဲခြင်းမဟုတ်ဘဲ ကြံ့ခိုင်ရေးပါတီသို့ လွှဲအပ်ခြင်းသာ ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီထိပ်တန်းခေါင်းဆောင် ဦးမောင်ဦးက ရခိုင်ပြည်နယ် ပေါက်တော မြို့မိမြို့ဖများနှင့် ဝန်ထမ်းများကို စနေနေ့တွင် တွေ့ဆုံပြောဆိုခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ပေါက်တောမြို့ ဘိုတဲနေရာ၌ မြို့မိမြို့ဖများနှင့် ဝန်ထမ်း ၅ဝ ခန့်ကို ခေါ်ယူတွေ့ဆုံကာ၊ မနက် ၁ဝ နာရီမှစ၍ ၁၁ နာရီခွဲခန့်အထိ ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦး တဦးတည်းသာ မိန့်ခွန်းပြောဆိုခဲ့သည်။
“ဘယ်လိုပြောလဲဆိုရင်… ကျနော်တို့ ကြံ့ခိုင်ရေးပါတီဟာ အစိုးရလည်းဖြစ်တယ်၊ ပါတီလည်းဖြစ်တယ်ဆိုတော့ တနည်းအားဖြင့် အာဏာလွှဲပေးတယ်ဆိုတာ လွှတ်တော်ကို လွှဲပေးတာ မဟုတ်ဘူး။ ကြံ့ခိုင်ရေးကို လွှဲပေးတာတဲ့။ ရခိုင်ပါတီကို မဲပေးလိုက်လို့ ဒီပြည်ထောင်စု အစိုးရထဲမှာ ဘယ်ဝန်ကြီးကို ခင်ဗျားတို့ တွေ့ရလို့လဲလို့ ပြောသေးတယ်” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ပြည်နယ်လွှတ်တော်အမတ် ဦးတက်ထွန်းအောင်က မဇ္ဈိမကို ပြောသည်။
“ ဖိတ်တာက လွှတ်တော်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ usda-usdpလာမယ်ဆိုပြီး ခေါင်းစဉ်နဲ့ ဖိတ်စာနဲ့ဖိတ်တာ။ အစည်းအဝေးမှာ ပြောတဲ့အခါကျတော့ သူကကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင်ပါ၊ ကြံ့ခိုင်ရေးကို ကိုယ်စားပြုပြီး လာတာပါတဲ့” ဟု သူက ဆိုသည်။
ဗိုလ်ချုပ်ဟောင်း ဦးမောင်ဦးမှာ ယခင် နအဖ အစိုးရလက်ထက်က ပြည်ထဲရေးဝန်ကြီး ဖြစ်ခဲ့ဖူးပြီး၊ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ကြံ့ဖွံ့ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ပါတီစည်းကမ်းထိန်းသိမ်းရေးမှူး ဖြစ်သည်။
ပြည်ထဲရေးဌာနဝန်ထမ်းများ အသိုင်းအဝိုင်းအတွင်း ဦးမောင်ဦးမှာ ဒေါသကြီးသူ၊ အလုပ်ကိုဇွဲနှင့် လုပ်တတ်သူဖြစ်ကာ ဂေါက်သီးရိုက် ဝါသနာထုံသူ၊၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကြည်ညိုသူဖြစ်ပြီး လက်အောက်ဝန်ထမ်းများ ကြောက်ရွံ့လေ့ရှိသူဟု ကျော်ကြားသည်။
မြို့မိမြို့ဖ တဦးဖြစ်သူ ဦးစောထွန်းစိန်၊ ပြည်နယ်အမတ် ဦးတက်ထွန်းအောင်၊ မြို့နယ်ကော်မရှင်အဖွဲ့ဝင် အငြိမ်းစား ကျောင်းဆရာကြီး ဦးမောင်မြလှနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်လည်း စည်းဝေးတက်ခဲ့သည်။ ဦးမောင်ဦးနှင့်အတူ ပြည်နယ် ကျန်းမာ/ပညာဝန်ကြီး ဒေါက်တာအောင်ကျော်မင်းနှင့် ချင်းရေးရာဝန်ကြီး ဦးကိုနိုင်လည်း လိုက်ပါလာခဲ့သည်။
အစည်းအဝေးတွင် ဦးမောင်ဦးက ချင်းလူမျိုးများကိုပါ ပုတ်ခတ်ပြောဆိုခဲ့သေးသည်။
“ပြည်ထောင်စု ဝန်ကြီးအဖွဲ့မှာပါဖို့ ချင်းပြည်နယ်က ချင်းကိုယ်စားလှယ်တွေက တင်ပါတယ်တဲ့။ ချင်းတွေက စာတလုံးမှ မတတ်ဘဲ ဒီဝန်ကြီးအဖွဲ့ထဲ ထည့်သုံးလို့ ရမလားဆိုပြီး သူက ပြောပါတယ်။ သူကိုယ်တိုင်က ဒီစကား ပြောတာပါ” ဟု ကိုယ်တိုင်နားထောင်ခဲ့ရသူ ဦးတက်ထွန်းအောင်က ပြန်ပြောပြသည်။
ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများကိုမူ ထည့်သွင်းပြောဆိုသွားခြင်း မရှိခဲ့ဟု ဆိုသည်။
သူက ဆက်ပြီး “အစည်းအဝေးထဲမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ခင်မောင်လွင်လည်း ရှိနေသေးတယ်။ သူက အရင် မယက။ သူတို့ ကြံ့ခိုင်ရေးပါတီ မဲရှုံးရတာဟာ မယကနဲ့ ဝန်ထမ်းတွေက ကူညီမပေးလို့ မဲရှုံးရတာဆိုပြီး မင်း … ထွက်သွား၊ မင်း … ဆင်းသွားဆိုပြီး မောင်းထုတ်တာလည်း ကျနော်ကိုယ်တိုင် မျက်စိနဲ့ မြင်လိုက်ရပါတယ်” ဟု ဆိုသည်။
ဤကဲ့သို့ ဦးမောင်ဦး၏ ပြောဆိုချက်များမှာ ဖွဲ့စည်းအုပ်ချုပ်ပုံပါ မူများနှင့် ဆန့်ကျင်နေသဖြင့် RNDP အနေဖြင့်
ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရထံ တိုင်ကြားသွားမည်ဟု သိရသည်။
ရခိုင်ပြည်နယ် အစိုးရတွင် ကြံ့ဖွံ့ပါတီက ဝန်ကြီးချုပ်အပြင် ဝန်ကြီးအများစု ပါဝင်ကာ ဗဟိုအစိုးရတွင်လည်း အရပ်သား ဝန်ကြီးများမှာ ကြံ့ဖွံ့ပါတီမှချည်း ဖြစ်သည်။
ပေါက်တောမြို့မှနေ၍ RNDP က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်အတွက် ကိုယ်စားလှယ် ၄ ဦး ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ရာ အားလုံး အရွေးခံခဲ့ရသည်။
-WFWW-