Saturday, September 22, 2012

နံမည်ကြီး သတင်းသမား သောမတ်စ်ဖူလာ မုံရွာမှာ ယာယီ ထိမ်းသိမ်း တားမြစ်ခံရ

22 Sep, 2012 5:17 PM

 သတင်းဆောင်းပါးရှင် သောမတ်စ်ဖူလာ၊ ဓာတ်ပုံ-International Herald Tribune

International Herald Tribune ရဲ့ နံမည်ကြီး သတင်းသမား သောမတ်စ်ဖူလာနဲ့ သူ့ရဲ့ ဓာတ်ပုံသမား တဦးတို့ဟာ မုံရွာ မြို့က အပြန် မြို့အထွက် ဂိတ်မှာ ဒီကနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာ အာဏာပိုင်တွေက တားမြစ်ကာ ယာယီထိမ်းသိမ်းတာ ခံလိုက်တယ်လို့ မုံရွာ ပွင့်လင်း လူ့အဖွဲ့ အစည်းက ဧရာဝတီကို ပြောပါတယ်။

"သူတို့ကို မုံရွာ Toll Gate မှာ တားလိုက်တာ" လို့ မုံရွာမြို့ ပွင့်လင်းလူ့အဖွဲ့အစည်းက သူ တဦးက ပြောပါ တယ်။ 

သူ့ရဲ့ စကားပြန်ကိုလည်း အာဏာပိုင်တွေက ခြိမ်းခြောက်ခဲ့ပါတယ်တဲ့။  နောက် သူတို့ကို တားမြစ်ပြီး တဲ့နောက် သောမတ်စ်ဖူလာနဲ့ သူ့ရဲ့ ဓာတ်ပုံသမားတို့ဟာ မန္တလေးကို ပြန်လည် ထွက်ခွာသွားခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။ 

 မစ္စတာ သောမတ်စ် ဖူလာ ဟာ ဘယ်တုန်းက မြန်မာနိုင်ငံကို ပြည်ဝင်ခွင့် ဗီဇာ ရခဲ့ပြီးဘယ်နေ့က  ရောက် 
နေတယ် ဆိုတာ သေချာ မသိ ရသေးပေမယ့်  မနေ့က မုံရွာမြို့ကို ရောက်လာခဲ့ပြီး ၀က်မှေးရွာကိုလည်း သွားခဲ့တဲ့အကြောင်း၊ ဒေသခံ တချို့နဲ့လည်း အင်တာဗျူးတွေ လုပ်ခဲ့တဲ့အကြောင်း မုံရွာ ပွင့်လင်း လူ့အဖွဲ့ အစည်းက ဆိုပါတယ်။ 

သူတို့ဟာ မုံရွာမြို့က ကြေးနီစီမံကိန်းကြောင့် ဆန္ဒပြမှုတွေ ဖြစ်ခဲ့တာနဲ့ စီမံကိန်းနယ်မြေတွေမှာ သဘာဝ ပတ်ဝန်းကျင်ဆိုင် ရာ တွေကို မှတ်တမ်းဓာတ်ပုံ ရိုက်ရန်နဲ့ သတင်းဆောင်းပါး ရေးဖို့ လာတာလို့ သိရပါ တယ်။ ဧရာဝတီက သောမတ်စ်ဖူလာနဲ့ အဆက်အသွယ်ရဖို့ ကြိုးစားနေပေမယ့် မရသေးပါဘူး။ 

သောမတ်စ်ဖူလာဟာ အခုအခါမှာ အဆိုပါ သတင်းမီဒီယာကြီးအတွက် အရှေ့တောင်အာရှ ရေးရာ သတင်းထောက်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မှာ အခြေစိုက်ကာ တာဝန်ထမ်းဆောင်နေတယ်လို့ ဆိုပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ကမ္ဘာကျော် International Herald Tribune ရဲ့ Global edition of New York Time က သတင်း တပုဒ်မှာ ဦးတင့်ဆွေနဲ့ သတင်းဆောင်းပါးရှင် သောမတ်စ်ဖူလာ ဟာ အင်တာဗျူးလုပ်ပြီး ဓာတ်ပုံနဲ့ တကွ  စက်တင်ဘာလ ၂၁ ရက်နေ့က သတင်း ဆောင်းပါး တပုဒ် ရေးသားထားပါတယ်။ 


 မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၄၈ နှစ်ကျော် စာအုပ်၊ စာပေတွေကို ဆင်ဆာ ဖြတ်တောက်ခဲ့သည့် စာပေ ကင်ပေတိုင်လို့ လူသိ များတဲ့ စာပေစိစစ်ရေးဆိုတဲ့အဖွဲ့ကြီးကို ဖျက်သိမ်းလိုက်တာ မကြာသေးပါဘူး။ 

အခုတော့ ဆင်ဆာ ရုံး ဆိုတာ မရှိတော့လို့ ဦးတင့်ဆွေက ပိတ်နေတဲ့ အကြောင်း သောမတ်စ် ဖူလာ က ရေးထားတာပါ။ အခုအတိုင်းဆိုရင် သောမတ်စ်ဖူလာဟာ ဆင်ဆာဘုတ် အကြောင်းရေးသားတင်ပြခဲ့လို့ သူကိုယ်တိုင်ပါ ဆင်ဆာ ထိ သွားသလားဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။ 

စာပေစိစစ်ရေး အဖွဲ့ကြီး ဖျက်သိမ်း လိုက်ပြီး ဦးတင့်ဆွေကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဌာန ညွှန်ကြားရေးမှူးချုပ်   တာဝန် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ 

ဒီကိစ္စကိုလည်း  စက်တင်ဘာလ ၁၈ ရက် နေ့က နိုင်ငံပိုင် သတင်းစာတွေ မှာနိုင်ငံတော်ပြန်တမ်းထုတ် မှုမှာ ဖော်ပြထားပါတယ်။ 



ဘုရားသုံးဆူမြို့ ကျောင်းအုပ်ဆရာမကြီး တက္ကသိုလ်ဝင်တန်းလျှောက်လွှာကြေး အဆမတန် ကောက်ယူ

22 Sep, 2012 1:11 AM
စက်တင်ဘာလ ၂၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)

ကရင်ပြည်နယ်- ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဘုရားသုံးဆူမြို့တွင်တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်ကျောင်း သား/သူများ စာမေးပွဲ ဖြေဆို ရန် လျှောက်လွှာတင်ကြေးကို ကျောင်းအုပ်ဆရာမကြီးက အဆမတန် ကောက်ယူနေသည်ဟု ကျောင်းသား မိဘများက ပြောဆိုသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း လျှောက်လွှာတင်ကြေးအဖြစ် ကျောင်းသူ/သားတစ်ဦးလျှင် ၂၅၀၀ကျပ်သာ ကောက်ခံ နေသော်လည်း ဘုရားသုံးဆူမြို့ရှိ အထက(၁)ကျောင်းအုပ်ကြီး ဒေါ်ခင်လှဝေက တစ်ဦးလျှင် ဘတ် ၂၅၀ (မြန်မာကျပ် ၇၀၀၀)နှုန်းဖြင့် ကောက်ခံလျှက်ရှိသည်ဟု ကရင်ကျောင်းသားမိဘတစ်ဦးက ပြောသည်။
၎င်းက “ကျနော်တို့မြို့မှာ စီးပွားရေးလည်းကျတယ်။ လုပ်ကိုင်စားသောက်ရတာလည်း မလွယ်ဘူး။ တနေ့တနေ့ စားဖို့က မနည်း ရုန်းကန် နေရတဲ့အချိန်မှာ ပိုက်ဆံပိုကောက်တော့ ကျနော်တို့အတွက် ငွေရှာရတာလည်း မလွယ်ကူဘူး ဖြစ်နေတယ်”ဟု ပြောသည်။
အစိုးရပိုင်သတင်းစာများတွင် ယခုနှစ် စက်တင်ဘာလ ၆ရက်နေ့မှ စတင်ပြီး ၂၈ရက်နေ့အထိ လျှောက်လွှာတင်သွင်းနိုင်ကြောင်း ကြေညာ ခဲ့သော်လည်း ဘုရားသုံးဆူမြို့အထက်တန်းကျောင်းအုပ်ကြီး ဒေါ်ခင်လှဝေကမူ ယမန်နေ့ ၂၀ရက်မှ စတင်၍ ၂၃ရက်နေ့အပြီး ပေးဆောင် ရန် ငွေကောက်ခံနေခြင်းဖြစ်သည်။
ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်မသိန်းကလည်း “ကျမတို့အနေနဲ့က အဆင်မပြေတာတွေ ရှိပါတယ်။ အိမ်ငှားနေရတယ်။ ကျောင်းနေ တဲ့ ကလေးသုံးယောက်လည်း ရှိတယ်။ အဲဒါ ကလေးတွေရဲ့ လစဉ် ကျူရှင်စရိတ်၊ စားစရိတ်ကော နောက်ပြီး ဘာဖိုးညာဖိုးဆိုပြီး ကျောင်း ဖွင့်ကတည်းက ပိုက်ဆံတချိန်လုံး ကောက်ခံနေတယ်”ဟု ပြောသည်။
ဘုရားသုံးဆူမြို့ တက္ကသိုလ်ဝင်ကျောင်းသား/သူများ လျှောက်လွှာစာရင်းကို ၎င်းတို့မြို့တွင် မတင်ဘဲ ကျောင်းသားစာရင်း၊ အိမ်ထောင်စု စာရင်း၊ ဓါတ်ပုံများကို ယူဆောင်သွားပြီး ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အဆိုပါ ကျောင်းအုပ်ဆရာမကြီးက သွားရောက် တင်ပေးခြင်း ဖြစ် သည်။
ထို့ကြောင့် ဘတ် ၂၅၀ မပေးနိုင်သည့် ကျောင်းသားမိဘများ စုပေါင်းပြီး ကျောင်းအုပ်ဆရာမကြီးထံ ခရီးစရိတ် အပါအ၀င် လျှောက်လွှာ တင်ကြေးကို ဘတ် ၁၀၀ကျော်သာ ကောက်ယူပေးရန် ကျောင်းသားမိဘများက သွားရောက်ပြောကြားမည်ဟုလည်း သိရသည်။
ဘုရားသုံးဆူမြို့တွင် ရပ်ကွက်ပေါင်း ၄ခုရှိသည့်အနက် အထက်တန်းကျောင်းတစ်ကျောင်းသာရှိပြီး ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေ ဆိုမည့် ကျောင်းသား/သူပေါင်း ၇၀ဦးကျော် ရှိသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် အစိုးရပညာရေးဝန်ကြီးဌာနက ကျောင်းသားတစ်ဦးလျှင် လျှောက်လွှာတင်ကြေးမှာ ၂,၅၀၀ကျပ် သတ်မှတ်ထားခြင်းဖြစ်သော်လည်း တချို့ကျောင်းများတွင် အလှူငွေ အပါအ၀င် ကျပ်တစ်သောင်းဝန်းကျင် ပေးဆောင်ရသည်ဟုလည်း ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။
မြန်မာတစ်နိုင်ငံလုံးရှိ ပညာရေးစိစစ်ရေးဌာနအသီးသီး၌ ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအတွက် စာမေးပွဲဝင်ခွင့်ကတ်ပြားကို လာမည့် ဖေဖော်ဝါရီလ ၂၇ရက်နေ့မှစ၍ ထုတ်ပေးသွားမည်ဖြစ်ပြီး ၂၀၁၁-၁၂ တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၁၂ခုနှစ်၊ မတ်လ ၁၂ရက်မှ ၂၂ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်သည်။

ဖလုံ-စဝေါ်ပါတီ၏ ငြိမ်းချမ်းရေး တည်ဆောက်ရေး ရက်တိုသင်တန်း ပြီးစီး


22 Sep, 2012 1:46 AM

စက်တင်ဘာလ ၂၁ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)

ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ-PSDP မှ ငြိမ်းချမ်းရေးတည်ဆောက်ရေး (Peace Building) ရက်တိုသင်တန်းဆင်းပွဲကို ဘားအံမြို့ အမှတ်(၉)ရပ်ကွက်၊ ငုရွှေဝါလမ်းတောင့်နှင့် အင်ကြင်း(၂)လမ်းတောင့်ရှိ ဖလုံ-စဝေါ်ပါတီရုံး၌ ယနေ့ညနေ(၆)နာရီက ကျင်းပပြီးစီးသွားခဲ့ သည်။
ယခုကာလသည် ငြိမ်းချမ်းရေးကာလ ဆွေးနွေးနေချိန်ဖြစ်ပြီး ပြည်သူများအနေနှင့်လည်း မိမိတို့၏ အခန်းကဏ္ဍတွင် ပါဝင်နိုင်ရန် ရည်ရွယ် ချက်ဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရေး ရက်တိုသင်တန်းကို ပြုလုပ်ရခြင်းဖြစ်သည်ဟု ဖလုံ-စဝေါ်ပါတီ အထွေထွေအတွင်းရေးမှူး စဘီ ကျင်ဦးက ကေအိုင်စီသို့ ပြောသည်။
“ကရင်ပြည်နယ်မှာဆိုရင် ငြိမ်းချမ်းရေးကို တော်တော်လေး ခရီးသွားနေပြီးဆိုတော့ ပါတီဝင်တွေအနေနဲ့ နောက် ပြည်သူလူထုတွေပေါ့ နော် သိထားဖို့လိုတယ်။ လိုအပ်ရင် လိုအပ်သလို ၀ိုင်းဝန်းပြီးတော့ ကူညီဆောင်ရွက်ပေးလို့ရအောင်ပါ”ဟု သူက ဆိုသည်။
စက်တင်ဘာလ ၁၇ရက်နေ့တွင် စတင်ခဲ့သည့် ၎င်းသင်တန်းတွင် ရန်ကုန်မှ သင်တန်းဆရာ ၂ဦးက ကရင်ပြည်နယ်ရှိ မြို့နယ်များနှင့် မွန် ပြည်နယ် ကျိုက်မရောမြို့နယ်မှ သင်တန်းသူသင်တန်းသားပေါင်း ၂၅ဦးအား ငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက်သည့် ဘာသာရပ်ကို သင် ကြားပို့ချပေးခဲ့ခြင်း ဖြစ်သည်။
ယနေ့ပြုလုပ်သည့် ၎င်းတို့၏ သင်တန်းဆင်းပွဲကို ပြည်သူ့လွှတ်တော်အမတ်များဖြစ်သော PSDP ပါတီ ဥက္ကဌ စောသိန်းအောင်၊ နန်းစေး အွာ၊ အမျိုးသားလွှတ်တော်အမတ် စောအောင်ကျော်နိုင်နှင့် ကျန်ပါတီဝင် အလုပ်အမှုဆောင်များလည်း တက်ရောက်ခဲ့ကြသည်။
ဤသင်တန်းမှ သင်တန်းသူသင်တန်းသားများက တက်ရောက်သင်ကြားပြီး ရလာသော အကျိုးရလဒ်ကို မိမိတို့၏ နယ်မြေဒေသအတွင်း လူမှုရေးကိစ္စ၌သော်လည်းကောင်း ပြန်လည် ဆွေးနွေးရာတွင် ပြောရဲဆိုရဲ ရှိလာနိုင်မည်ဟု ယုံကြည်ကြောင်း စဘီကျင်ဦးက ပြောသည်။
ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီသည် ၂၀၁၀ခုနှစ်တွင် ခေါင်းဆောင်မှုသင်တန်းနှင့် အမျိုးသမီးစွမ်းရည်မြှင့်သင်တန်းများကို ဖွင့်လှစ် ပြုလုပ်ခဲ့သော်လည်း ယခုလို ငြိမ်းချမ်းရေးတည်ဆောက်ရေးသင်တန်းကို ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် KNU အတွင်းရေးမှူး နော်စီဖိုးရာစိန်ကို KWO ဂုဏ်ပြု

ယနေ့ ကျရောက်သည့် ၁၁ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ကရင်အမျိုးသမီးအစည်း အရုံး-KWO က အမျိုးသားရေး နှင့် ငြိမ်းချမ်းရေးလုပ်ငန်းကို ဦးဆောင်နေသည့် လက်ရှိ ကရင်အမျိုးသား အစည်းအရုံး-KNU ၏ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် အား ဂုဏ်ပြုလိုက်သည်။
IMG_0613
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ဆာသူးလေကျောင်းတွင် KWO မှ ပြုလုပ်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် KNU အတွင်း ရေးမှူး နော်စီဖိုးရာစိန်အား လုပ်ငန်းစွမ်းဆောင်ရည် ဂုဏ်ပြုလက်မှတ်၊ အမျိုးသမီးရုပ်ထုတစ်ခုနှင့်အတူ ပန်းစည်းလက်ဆောင်ကို ဂုဏ်ပြု ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

KWO ၏ တွဲဖက်အတွင်းရေးမှူး(၁) နော်ဘလူးမင်းနိုက်ဇန်က “ကရင့်တော်လှန်ရေး နှစ် ၆၀ကျော်သက်တမ်းမှာ ပထမဦးဆုံး အမျိုးသမီး တစ်ဦးအနေနဲ့ KNU မှာ အမြင့်ဆုံးအဆင့် အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်း ဆောင်တယ်။ နောက် မူပေါ်မှာ ရပ်တည်ပြီး အစိုးရနဲ့ ငြိမ်း ချမ်းရေးဖော်ဆောင်တဲ့နေရာမှာ ဦးဆောင်ဦး ရွက်ပြုပြီး ရဲရဲဝံ့ဝံ့ ပြောဆိုတဲ့ သူ့ရဲ့ စွမ်းဆောင်မှုတွေကို အသိအမှတ်ပြုလို့ ဂုဏ်ပြုတာ ဖြစ် တယ်”ဟု ပြောသည်။

ကရင့်တော်လှန်ရေး နှစ် ၆၀ကျော်သက်တမ်းတစ်လျှောက် အမျိုးသမီး၏ ဦးဆောင်မှု မရှိခဲ့ဖူးသလို ဦးဆောင်နိုင်သည့် အခြေအနေ မပေး ခဲ့ခြင်းအပေါ် နော်စီဖိုးရာစိန်သည် မှတ်တမ်းတင်လောက်သော အတွေ့အကြုံဖြတ်သန်းမှုဖြင့် စိန်ခေါ်မှုများကြား၌ အမျိုးသားများနှင့် ရင် ဘောင်တန်းကာ ယခုအချိန်ထိ ဦးဆောင်မှု ပြုလာနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း နော်ဘလူးမင်းနိုက်ဇန်က ဆက်ပြောသည်။

ဂုဏ်ပြုခံရသူ နော်စီဖိုးရာစိန်က “KWO ဟာ ကျမရဲ့ လုပ်ဆောင်ချက်အပေါ် ကြည့်ပြီး ဦးဆောင်မှုပေးတဲ့သူ တယောက်လို့ အသိအမှတ် ပြုတာ ကျမအတွက် ၀မ်းသာစရာပါ။ ရှေ့ဆက် လုပ်ရမဲ့အရာတွေ ကိုလည်း ကျမအနေနဲ့ လုပ်ဆောင်သွားမှာပါ”ဟု ပြောဆိုသည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ကမ္ဘာတ၀ှမ်း ငြိမ်းချမ်းမှုကို မြင်ချင်သကဲ့သို့ မြန်မာနိုင်ငံ၌ လည်း ငြိမ်းချမ်းရရှိမှုကို မြင် လိုကြောင်း၊ လက်ရှိ မြန်မာနိုင်ငံအတွင်း၌ အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အားလုံး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပြုလုပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲသို့တက်လှမ်းရန်လိုကြောင်း နော်စီဖိုးရာစိန်က ဆိုသည်။

အခမ်းအနားတွင် KWO ဥက္ကဌ နော်လားဖိုးက အဖွင့်မိန့်ခွန်း ပြောကြားရာ၌ နော်စီဖိုးရာစိန်၏ အမျိုးသားရေး ရှေ့ဆက်လုပ်ဆောင်ချက် များကို ၀ိုင်းဝန်း အားဖြည့်ပေးသွားမည်ဟု ပြောဆိုခဲ့သလို အခမ်းအနားတက် ရောက်လာသူ နော်ဆဲဆဲကလည်း နော်စီဖိုးရာစိန်ကဲ့သို့ ခေါင်းဆောင်အမျိုးသမီးအား အတုယူအားကျမိသည် ဟု ပြောသည်။

ယနေ့ KWO မှ ပြုလုပ်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားတွင် ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် အစိုးရမဟုတ် သောအဖွဲ့အစည်း-NGOs များ၊ ပညာရေး၊ ကျန်းမာရေး စသည့် လူထုအခြေပြုအဖွဲ့-CBOs များ၊ အတိုက်အခံ နိုင်ငံရေးအင်အားစုအချို့၊ KNU ခေါင်းဆောင်အချို့နှင့် ဆာသူးလေ ကျောင်းသူကျောင်းသားများ အပါအ၀င် ပရိဿတ် ၆၀ဦးကျော် တက်ရောက်ခဲ့သည်။

၁၉၈၅ခုနှစ်တွင် ကရင့်တော်လှန်ရေး၏ မာနယ်ပလောဌာနချုပ်၌ ဖွဲ့စည်းပုံနှင့်တကွ KWO ကိုပြန်လည်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး KNU ၏ အမျိုးသမီးခေါင်းဆောင်ကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်မှာ ယခုတကြိမ်သည် ပထမဦးဆုံး ဖြစ်သည်။

ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့နှင့် ပတ်သက်၍ KWO အပါအ၀င် KNU နှင့် အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာ နိုင်ငံ (WLB)တို့က ကြေညာချက် အသီးသီး ထုတ်ပြန်ပေးပို့ခဲ့ရာ WLB ၏ ထုတ်ပြန်ချက်၌ ဦးသိန်းစိန်အစိုးရအနေဖြင့် လက်ရှိ မြန်မာနိုင်ငံ အတွင်း ငြိမ်းချမ်းရေးပေါ်ထွန်ရေးအတွက် တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး အမြန်ဆုံး ဖော်ဆောင်ရေး၊ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေးနှင့် တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများ ပါဝင်သော လွှတ်တော်ပြင်ပ အမြန်ဆုံး စတင်ရေး အပါအ၀င် အချက် ၇ချက်ကို တိုက်တွန်း တောင်းဆိုထားသည်။

ပွဲလယ်သင့်ပေမယ့် ကရင်နီလူမျိုးများ၏ အသက်ကို ချမ်းသာမပေးသည့် အရက်ဖြူ

အနံ့ကခပ်စူးစူး၊ သောက်လိုက်ရင် ပူရှိန်းရှိန်းဖြစ်စေတဲ့ ကယား (ကရင်နီ) အရက်ဖြူဟာ လူ့စိတ်ကိုပျော်ရွှင် အောင်၊ စိတ်ကျေနပ်အောင် ထွက်ပေါက်ပေးတဲ့အတွက် ကြိုက်ကြတယ်လို့ ခူးလျားရယ်က ပြောပါတယ်။

“အမှတ်ရဆုံးအချိန်က အားလုံးမူးနေကြပြီမဟုတ်လား အတူတူ ဇတ်စင်ရှေ့မှာ ကတာရယ်၊ ရန်ဖြစ်ကြတာ ရယ်၊ မတော်တဆ ဖြစ်ကြတာတွေပေါ့”

ကရင်နီရိုးရာ နတ်ပူဇော်ပွဲတခုဖြစ်တဲ့ အောင်ပွဲခံ ဒီးကူပွဲကျင်းပတဲ့အချိန်မှာ သူငယ်ချင်းတွေနဲ့ ၀ိုင်းဖွဲ့ပြီးတော့ ခေါင်ရည်၊ အရက်သောက်ဖြစ်ကြတယ်လို့ ခူးလျားရယ်က ပြောပါတယ်။

“၀ယ်သောက်တာမလောက်ရင် ရိုးရာအိမ်ကဟာလေ ကျနော်တို့ ကရင်နီမှာဆို သိတဲ့အတိုင်းပဲလေ။ ပွဲလမ်း သဘင်ရှိပြီဆိုလို့ရှိရင် မိတ်ဆွေတွေလာကြရင် သူတို့တိုက်ကြတယ်။ ဥပမာ အရက်တို့၊ ခေါင်တို့တွေပေါ့”

ရိုးရာအိမ်ဆိုတာ ကရင်နီလူမျိုးတွေထဲက ဖိုးဖွားစဉ်ဆက် ရိုးရာနတ်ကို အယုံအကြည်ရှိပြီး ပူဇော်ပသတဲ့ အိမ်ကို ရိုးရာအိမ်လို့ ခေါ်ပါတယ်။

ကရင်နီလူမျိုးတွေဟာ အရင်က ခေါင်ရည်ကို ရိုးရာဓလေ့တခုအဖြစ် သောက်သုံးလာကြပြီး အခုနောက်ပိုင်း မှာတော့ အရက်ကို ထည့်သွင်းအသုံးပြုလာကြတာပါလို့ နယ်စပ်မှာ အခြေစိုက်နေတဲ့ ကရင်နီသာသနာရေးနှင့် ယဉ်ကျေးမှုဒု-၀န်ကြီး ဦးစိုးရယ်က ပြောပါတယ်။

“ကယားတွေက ခေါင်ရည်က မိတ်ဆွေတွေကို မနိုင်တော့ဘူး ဆိုပြီးတော့ အရက်ကိုပါ ထည့်ထား လိုက်တယ်။ အကုန်ပိုသက်သာတယ် ဆိုပြီးတော့ အရက်ကိုထည့်ကြတယ်။ အခုက ကယားတွေက တအားသောက်နိုင်တဲ့ အခါကြတော့ အရက်ကိုပါ ထည့်လာရခြင်းဖြစ်ပါတယ်”

ခူးလျားရယ်တို့ လူငယ်တစ်စုတင်မကပါဘူး ကရင်နီလူမျိုးတွေက ရိုးရာခေါင်ရည်ကို ရေသဖွယ် သတ်မှတ်ပြီး သောက်လေ့ရှိသလို ကလေးငယ်တွေ ရေသောက်တတ်ပြီဆိုရင် ခေါင်ရည် စတိုက်တဲ့ အလေ့အထ ရှိပါတယ်။

တချို့ကလေးငယ်တွေဆို မိခင်နို့ချိုတိုက်ကျွေးဖို့ မအားလပ်တာက တကြောင်း၊ တချို့ကတော့ နို့ရည် မထွက် တဲ့အတွက် ကလေးငယ်တွေကို ခေါင်ရည်ကိုပဲ အစားထိုး တိုက်ကြလို့ ခေါင်ရည်သောက်ပြီး ကြီးလာ တဲ့လူ တွေလည်း အများကြီးပဲလို့ အသက် ၄၆ နှစ်အရွယ် ခူးဖဲရယ်က ပြောပါတယ်။

“ရွာမှာနေတုန်းကဆိုရင် မနက်အစောကြီး ခေါင်ရည်ကို ပထမဦးဆုံး ငှဲ့သောက်တယ်။ ရေသောက်ချင်လို့ ရေကျက်အေးသောက်သလို ပထမဦးဆုံး သောက်တယ်လေ။ သောက်ပြီးမှ ထမင်းနောက်မှစားတယ်”

အရက်၊ ခေါင်ရည် သောက်ခြင်းဆိုတာဟာ ကရင်နီရိုးရာဓလေ့ တစ်ခုဖြစ်ပေမယ့် ကရင်နီလူမျိုး တွေရဲ့ အသက်ကိုတော့ ချမ်းသာမပေးပါဘူး။

လူလတ်ပိုင်းအရွယ်က စတင်ပြီး အရက်ကို စတင်သောက်ခဲ့တဲ့ ဦးကျော်စိန်ဟာ အသက် ၃၀ ကျော်မှာတော့ အရက်ကြောင့် ဆုံးသွားတယ်လို့ တူလေးဖြစ်တဲ့ ခူးကူးရယ်က ပြန်လည်ပြီး ပြောပြပါတယ်။

“ကုလို့မရတော့ဘူး သူ့အသည်းက ခြောက်ကုန်တယ်လို့ ဆရာဝန်တွေက ပြောတယ်။ နောက် သူသိပ်အစာ မစားနိုင်တော့ သူဖောလာပြီး သေသွားတယ်”

အိမ်ထောင်ဦးစီး အနေနဲ့ သားသမီး ၃ ယောက်နဲ့ ဇနီးသည်ကို ရှာမကျွေးနိုင်တဲ့အပြင် ဇနီးနဲ့ သားသမီးတွေက အရက်အကြွေးတွေကို ဆပ်ပေးနေရတယ်လို့လည်း ပြောပါတယ်။

အရက်သောက်နေခြင်းအားဖြင့် ကိုယ့်မှာရှိတဲ့ ကိုယ်ပိုင်အချိန်တွေ တခါတလေမှာ အသုံးမ၀င်ပဲ ကုန်ဆုံးသွား တဲ့အပြင် သွေးတိုးရောဂါ ဖြစ်လာတဲ့အတွက် အရက်ဖြတ်ထားရတဲ့ ဦးငြိမ်းအောင်က ပြောပါတယ်။

“အရက်တအားသောက်ရင် ကျောက်ကပ်တို့၊ အသဲတို့ကို သွားထိတယ်။ နောက်ရေဓါတ်တွေ ခမ်းခြောက်မယ်။ သွေးလည်ပတ်မှုက ပုံမှန်မဖြစ်တော့ဘူး အဲဒီမှာ သွေးတိုးစဖြစ်တာပဲ”

အရက်နဲ့ ခေါင်ရည်ဟာ ကရင်နီ လူမျိုးတွေ အတွက် ရိုးရာ ဓလေ့ဖြစ်ပေမယ့် ကျန်းမာရေးနဲ့ လူမှုရေးတွေ ထိခိုက်လောက်အောင် သောက်သင့်မသင့်ဆိုတာကိုတော့ မျိုးဆက်သစ်လူငယ်တွေ ချင့်ချိန်သင့်တယ်လို့ ကရင်နီ သာသနာရေးနဲ့ ယဉ်ကျေးမှု ဒု-၀န်ကြီး ခူးစိုးရယ်က ပြောသွားပါတယ်။

Wednesday, September 19, 2012

"aခါင်းဖြတ်သတ်ပါ" ဆိုတဲ့ သဘောထားဆိုင်းဘုတ်အပေါ် ဖြေရှင်းချက်တောင်းဆိုပြီ"



Lwin Aung Soe

‎"သြစတြေးလျနိုင်ငံ New South Wales ပြည်နယ်ဝန်ကြီးချုပ်က ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဆန္ဒပြမှုမှာ ကိုင်ဆောင်ခဲ့တဲ့ "aခါင်းဖြတ်သတ်ပါ" ဆိုတဲ့ သဘောထားဆိုင်းဘုတ်အပေါ် ဖြေရှင်းချက်တောင်းဆိုပြီ"......
"ရဲတပ်ဖွဲ့ အကြီးအကဲ Andrew Scipione ကလဲ ဒီလူတွေ ဒီလိုမျိုး အကြမ်းဖက်မှုတွေ ထပ်လုပ်လာမယ်ဆိုရင်တော့ သူတို့ကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ပြီး တုန့်ပြန်သွားတော့မယ်လို့ ပြောဆိုလိုက်ပါပြီ"......

ပြည်နယ်ဝန်ကြီးချုပ် Barry O'Farrell က ၁၆ စက်တင်ဘာ မနေ့က သူ့ရဲ့ သက်ဆိုင်ရာဝန်ကြီးတဦးကို အဲလို ဖြေရှင်းချက် တောင်းဆိုလိုက်တာဖြစ်ပြီး ဒီနေ့ ၁၇ စက်တင်ဘာမှာ ပြန်လည်တင်ပြရမှာဖြစ်ပါတယ်......

မူဆလင်မိခင်တဦးက အဲဒီ ဆိုင်းဘုတ်ကို သူ့ရဲ့ခလေးငယ်လေးကို ကိုင်ခိုင်းပြီး ဓါတ်ပုံရိုက်နေတာကို မြင်ရတဲ့ သြစတြေးလျနိုင်ငံသားတွေသာမက တချို့မူဆလင်ဘာသာဝင်တွေပါ ဒေါသထွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဲဒီအမျိုးသမီးကို ရှာဖွေဖေါ်ထုတ်ဘို့လဲ အမိန့်ပေးလိုက်ပါပြီ.....

ရဲတပ်ဖွဲ့ အကြီးအကဲ Andrew Scipione ကလဲ ဒီလူတွေ ဒီလိုမျိုး အကြမ်းဖက်မှုတွေ ထပ်လုပ်လာမယ်ဆိုရင်တော့ သူတို့ကို "အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ပြီး လိုက်ဖက်ညီစွာ တုန့်ပြန်သွားတော့မယ်"လို့ ပြောဆိုလိုက်ပါတယ်.... အကြမ်းဖက်ဆန္ဒပြချိန်မှာ ရဲအရာရှိတွေနဲ့ ပြည်သူတွေကို ထိခိုက်အောင် လုပ်ဆောင်ခဲ့သူတွေကိုလဲ လာရောက်အဖမ်းခံဘို့ သတိပေးလိုက်ပါတယ်....

တချိန်တည်းမှာပဲ ဒီလိုဆူပူမှုဖြစ်အောင် မက်ဆေ့တွေနဲ့ အဓိက လှုံ့ဆော်ပေးခဲ့သူတွေကို ဖေါ်ထုတ်ဘို့ ကြိုးစားနေပြီး အကြမ်းဖက်မှုဆိုင်ရာ ကျွမ်းကျင်သူများ၊ တန်ပြန်ရေး အရာရှိများကို အသင့်အနေထားရှိနေကြဘို့ တပ်လှန့်လိုက်ပါပြီ....

သြစတြေးလျနိုင်ငံရဲ့ အမေရိကန်သံအမတ်ကြီး Jeffrey Bleich ကတော့ သူ့ရဲ့လုံခြုံရေးအတွက် အမေရိကကို ပြန်မှာမဟုတ်ဘူး.... ဒီနိုင်ငံမှာ လုံခြုံမှုအပြည့်အဝရှိတယ်လို့ ငါယုံကြည်တယ်လို့ ပြောဆိုလိုက်ပါတယ်....

လွတ်မြောက်လာသည့် အကျဉ်းသားများထဲတွင် ကရင် ၁၉ဦး ပါဝင်

Submitted by on Tuesday, 18 September 2012--
စက်တင်ဘာလ ၁၈ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ-၄၀၁(၁)အရ ယမန်နေ့က လွတ်မြောက်လာသည့် အကျဉ်းသား ၅၁၄ဦးအနက် ကရင်အကျဉ်းသား ၁၉ဦး ပါဝင်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ(AAPP) ၏ ၀က်ဘ်ဆိုက်တွင် ယနေ့ ဖော်ပြထားသည်။
၎င်း၁၉ဦးမှာဦးမြင့်လှိုင်၊ နော်တဲဟဲ(ခ)နော်ခဲဟဲ၊ စောအောင်နိုင်ဦး(ခ)စောပလီး၊ စောချစ်လှ၊ စောလှစိန်၊ စောက လယ်စေးဒို့၊ စောခုဝါး၊ စောကိုကိုအောင်၊ စောကျော်ထူး၊ စောလာလထူး၊ စောလေးဒို့၊ စောလို၊ စောမဲဒို့၊ စောမုရီထူး၊ စောမျိုးမြင့်၊ စောထွန်းနိုင်ဦး၊ စောရင်လှ (ခ) စောအေးလှ၊ တင်ဦး (ခ) စိုးသီး (ခ) ဖိုးသီးနှင့် ဝင်းလှိုင်တို့ ဖြစ်ကြသည်။
AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က “ကရင်တိုင်းရင်းသားတွေ မြန်မာ့နိုင်ငံရေးမှာ ၀င်ရောက်လှုပ်ရှားနေပြီးတော့ အဖမ်းခံရတဲ့ လူတွေပေါ့ နော်။ အဲ့လိုမျိုးလူတွေကို ကျနော်တို့ စာရင်းထဲမှာ ထည့်ထားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ဆက်လက်၍ AAPP အနေဖြင့် ကရင်အကျဉ်းသားများဖြစ်ကြောင်းကို ၎င်းအကျဉ်းသားတို့၏ မိသားစုထံမှ အဓိက ဆက်သွယ်သည့်ကွန် ယက်မှတဆင့် သိရသည်ဟု ၎င်းက ဆက်ပြောသည်။
ပြန်လည်လွတ်မြောက်လာသည့် ကရင်အကျဉ်းသားများသည် မတရားအသင်းနှင့် ဆက်သွယ်သည့် ပုဒ်မဖြစ်သော ပုဒ်မ-၁၇/၁ ဖြင့် ဖမ်းဆီးအကျဉ်းကျခံရသူများဖြစ်ကြပြီး အနည်းဆုံး ၂နှစ်မှ အများဆုံး ၅၆နှစ်အထိ မြန်မာအစိုးရ၏ အကျဉ်းချခြင်းခံရသူများလည်းဖြစ် ကြောင်း AAPP ၀က်ဘ်ဆိုက်တွင် ဖော်ပြပါရှိသည်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ရာတွင် အကျဉ်းသားများကို အကြိမ် ကြိမ် လွှတ်ပေးပြီးဖြစ်သော်လည်း လက်ရှိ နိုင်ငံရေးအကျဉ်းသား ၈၀၀ဦးကျော် ကျန်နေသေးသည့်အတွက် ၎င်းတို့ကို အမြန်ဆုံးလွှတ်ပေး ရန်လည်း AAPP မှ မြန်မာအစိုးရအား တိုက်တွန်းကြောင်း ကိုတိတ်နိုင်က ပြောသည်။

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ဖနုံရွာက နန်းချို ဈာပနကျင်းပပြီးစီး


အမည်   - နန်းချို
အသက် - ၃၂ နှစ်
မိဘ -    စောသိန်းကျော် + နန်းနု
နေရပ် - မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ဖနုံရွာ
ကွယ်လွန်သည့်ရက် - ၁၆-၀၉-၂၀၁၂
အသုဘချသည့်ရက်- ၁၈-၀၉-၂၀၁၂

နန်းချိုအကြောင်းကို အနည်းငယ်တင်ပြချင်ပါတယ်။ သူမဟာ ပီနန်းနဲ့နီးတဲ့ ကြက်ခြံမှာ ကရင်တိုင်းရင်းသားမဟုတ်သော သူ့အမျိုးသားနဲ့အတူ အလုပ်လုပ်ကိုင်နေပါတယ်။
ရွာမှာလည်း သမီးတယောက် ကျန်ရှိပါတယ်။

သူမဟာ ပီနန်းကနေ ကွာလာလမ်ပူမှာရှိတဲ့ ကရင်ရုံးနဲ့ဆက်သွယ်ပြီး  ရုံးကကျန်းမာရေးလုပ်သား အကူအညီနဲ့ သူ့ရောဂါကို ဆေးခန်းပြပါတယ်။
သူ့ရောဂါနဲ့ပတ်သက်ပြီး သီးသန့်ဆေးရုံမှာ ရေရှည်ဆေးကုဖို့ ဆရာဝန်တွေက ညွန်ကြားထားပေမဲ့
သူမဟာ ပီနန်းကိုပဲ ပြန်သွားပါတယ်။

နောက်တခေါက် ပြန်တက်လာတဲ့အချိန်မှာ ဆရာဝန်တွေက အမျိုးသားပါခေါ်လာဖို့ ပြောပေမဲ့ အလုပ်များ
တာကို ဘမ်းပြပြီး တခါမှ သူ့အမျိုးသားက မလိုက်လာဖြစ်ပါဘူး။ သူ့အမျိုးသားလည်း ဆေးစစ်ဖို့လိုအပ်နေတာပါ။

ဒါနဲ့ ယခုတခေါက် သူပြန်တက်လာတဲ့အချိန်မှာ တက္ကဆီကို ရင်းဂစ် ၆၀၀ ငှားပြီးပေးရပါတယ်။
တက္ကဆီသမားက ကရင်ရုံးကိုမသိပဲ UN ရုံးကိုပဲ သွားပို့ထားပါတယ်။
ကရင်ရုံးက ကျန်းမားရေးအဖွဲ့လည်းချက်ချင်း သွားခေါ်ပါတယ်။ အဲဒီအချိန်မှာ လမ်းတောင်လျှောက်လို့
မရတော့တဲ့အပြင် အသက်ရှူကြပ်နေပါပြီ။

အခြေအနေမကောင်းတော့တဲ့အတွက် ဆေးရုံကြီးကို ချက်ချင်းပို့ဆောင်ပြီး အရေးပေါ်အထူးခန်းမှာပဲ
ထားရပါတယ်။ တပတ်လောက်မှာပဲ ကိုယ်ခံအားကျဆင်းတဲ့ရောဂါနဲ့ ဆေးရုံမှာပဲ ဆုံးသွားပါတယ်။

ဆုံးသွားပြီဖြစ်ကြောင်း ဆေးရုံက အကြောင်းကြားလာတဲ့အချိန်မှာ သူမအမျိုးသားကို အကြောင်းကြားပါတယ်။ သင့်ဇနီးရဲ့ အလောင်းကိုဆေးရုံကနေထုတ်ဖို့ လက်မှတ်ထိုးဖို့လိုကြောင်း၊
သင့်ဇနီးရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်သင့်ကြောင်း၊ ကားခမရှိရင်လည်း ရုံးကထုတ်ပေးမဲ့အကြောင်း ဘယ်လိုပဲပြောပြော လုံးဝ ရောက်မလာပါဘူး။

နန်းချိုဟာ သူ့ရဲ့ ဆွေမျိုးများ ရွာသားများ မရှိတဲ့အတွက် သူ့ရဲ့ ဈာပနကို ရုံးကပဲ အကောင်းဆုံးစီစဉ်
ပေးလိုက်ပြီဖြစ်ပါတယ်။




ဖားအံတက္ကသိုလ်မှ မောင်မယ်သစ်လွင် ကြိုဆိုပွဲ


(2012) ဖားအံတက္ကသိုလ်မှ 
(Fresher Welcome) 
ကရင်မောင်မယ်သစ်လွင် ကြိုဆိုပွဲ








စောလင်းနက်စ်
ကရင်အမျိုးသားယဉ်ကျေးမှုနဲ့ သက်ဆိုင်တဲ့ ဗွီဒီယိုပို့စ်တင်လိုက်မယ်ဗျာ။ ဒီဗွီဒီယိုကတော့ (2012) ဖားအံတက္ကသိုလ်မှ (Fresh Welcome) ကရင်မောင်မယ်သစ်လွင် ကြိုဆိုပွဲဖြစ်ပါတယ်။ ကရင်လူများအတွက်ဂုဏ်ယူရမယ့်လုပ်ဆောင်ချက် ဖြစ်သလို နောင်လာ generation မျိုးဆက်သစ်အတွက်တွေလဲ ကရင့်ရိုးရာဝတ်စားဆင်ယဉ်မှုများကို လက်ဝယ်မြင် တွေ့ခံစားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်း၊ ပြည်ပမှာရှိကြတဲ့ ကရင်အမျိုးသားအားလုံး မိမိလူမျိုးရေရှည်ရှင် သန် ရပ်တည်နိုင်ရေးမှာ ... (၁) စကား၊ စာပေတွေကို မမေ့ပျောက်ခြင်း (၂) ရိုးရားဝတ်ဆင်မှုများ ထိန်းသိမ်းခြင်း (၃) မိမိရင်ထဲမှာ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ခြင်း ...တို့ဖြစ်ပါတယ်။

အထက်ပါအချက်များကို ယခုမြင်တွေ့နေရတဲ့ ´(2012) ဖားအံတက္ကသိုလ်မှ (Fresh Welcome) ကရင်မောင်မယ် သစ်လွင် ကြိုဆိုပွဲ´ ဗွီဒီယိုဖိုင်များမှာ ဘားအံတက္ကသိုလ်မှာ လက်ရှိတာဝန်ရှိတဲ့ကရင်လူငယ်များ ကရင်အမျိုးသား ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ပုံများကို တာဝန်ကျေပွန်စွာ နောင်လာ generation မျိုးဆက်သစ်အတွက် တင်ပြပေး ရင်သပ်ရှုမောဖွယ် တွေ့မြင်ခံစားရမှာဖြစ်ပါတယ်။

ထိုတွင် လိုအပ်ချက်တစ်ခုထောက်ပြရလျှင် ကရင်လူမျိုးမှာ main အဓိကအားဖြင့် (၂)မျိုးကွဲပြားတယ်လို့ဆိုနိုင်ပါ တယ်။ ၁။ စဂေါကရင် ၂။ ပိုးကရင် တို့ဖြစ်ပါတယ်။
ထိုပြကွက်များ၊ တင်ဆက်မှုများတွင် ပိုးကရင်(စကားပြော) ပြ ကွက်သာများပြီး စဂေါကရင်အတွက် တင်ဆက်ပြသ
မှုတွေနည်းပါးတာကိုတွေ့ရပါတယ်။
ကျနော်ဆိုတာလိုတာက နှစ်ဦးနှစ်ဖက်တင်ဆက်ပြသမှုရှိစေချင်ပါတယ်။

ကျနော်ဒီလိုထောက်ပြရခြင်းသည် ကျနော်တို့မိခင်အဖွဲ့အစည်း KNU ကေအန်ယူမှာလဲ စဂေါစာဦးစားပေးသုံးတဲ့
စနစ်များတွေ့ရပါတယ်။
ဒါဆို ကျနော်ကရင်လူမျိုးတွင် မိန်းရှိတဲ့ စဂေါနဲ့ပိုးတို့ရဲ့ စကား၊ စာပေ၊ ယဉ်ကျေးမှုများကို balance နှစ်ဦးနှစ်ဖက်
ဖြစ်အောင် တာဝန်ရှိသူများနောက်ပိုင်း စီစဉ်ပေးသင့်တယ်လို့ ထောက်ပြခြင်းဖြစ်ပါတယ်။

DVD နှစ်ခွေစာဆိုတော့ တော်တော်လေးတင်ရမယ်။ အပိုင်းအပိုင်းတင်ပေးလိုက်မယ်။
Copyright မူပိုင်ယူထားတဲ့ ပိုင်ရှင် အားလုံးကို ဒီနေရာကနေ အွန်လိုင်းပေါ်မှာတင်ဖို့ တောင်းခံပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။
စောလင်းနက်စ်

သင်ဒါတွေဖတ်အပြီးမှာ မြန်မာပြည်က အစားအသောက်တွေကို သင်ဆက်စားသင့်ပါသလား?



သင်ဒါတွေဖတ်ပြီးမှာမြန်မာပြည်က 

အစားအသောက်တွေကို သင်ဆက်စားသင့်ပါသလား?


ရွှေလို့ခေါ်သောရွှေဗမာများ သင်သိဒါတွေသိပြီးကျပါပြီလား? ဘယ်လောက်အန္တရယ်များတယ် မြန်မာပြည်က စားသောက်ကုန်တွေ ထုတ်လုပ်နေကျတယ်ဆိုတာ ကို voaburmese မှာဖတ်လိုက် ရသောအခါမှာတော့.....

ကျွှန်တော်မြင်တာက ဒီလိုစားသောက်ကုန်တွေကိုက "စားသုံးသူတွေကို နှစ်ရှည်အဆိပ်ခတ် အသေသတ်နေကျတဲ့ အဖြစ်မျိုး အခြေနေနှင့်မတူဘူးလား ကြည့်လိုက်စမ်းပါ!"

အဲ ! ပြောစရာဖြစ်နေတာက တခြားသောနိုင်ငံထုတ်ကုန်တွေကောဘယ်လိုနေလဲ? စားသုံးသူအတွက် အန္တရယ်
ကင်းရဲ့လားလို့ မေးစရာဖြစ်နေပါတယ်? ဒါက သူနိုင်ငံနှင့်သူ သေချာစီစစ် လေ့ရှိတဲ့ စားသောက်ကုန်စီစစ်ရေးဌာ
နဖြစ်ကျသော စကာင်္ပူဆိုရင်
 AVA or Agri-food & veteringry Avthority of Singapore (http://www.ava.gov.sg/) ဆိုတာတွေရှိတော့ အန္တရယ်ရှိသော စားသောက်ကုန်တွေရဲ့ပညာပေးသတင်းတွေနှင့် ပိတ်ပင်လေ့ရှိတာကို တွေ့ရပါတယ်၊ အမိမြန်
မာပြည်မှာတော့ ပညာပေးမှုနှင့်ပိတ်ပင်စီစစ်မှုတွေ အားနည်းနေသေးတာကိုတွေ့ရပါတယ်၊ ဒါတွေကြောင့် မိမိရဲ့
ကျန်းမာရေးကို မိမိကိုယ်ကိုကိုယ်ဆင်ခြင် ထိန်းသိမ်းနိုင်မှ တော်ရုံကျပါလိမ့်မယ်၊ ဒီမှာဆေးရုံကုသစရိတ်က ဂဏန်း
ငါးလုံးလောက် အနည်ဆုံးရှိတာကြောင့် တော်ရုံတန်ရုံလူဆိုရင် ဒီကုန်ကျစရိတ်တွေကို ဘယ်လိုကျခံနိုင်မလဲ?

အခုတလော မြန်မာပြည်ကအသိတွေ ဒီမှာ ဆေးလာကုနေတာတွေတောက်လျှောက် ဆိုသလိုတွေ့မြင်ကြားသိနေ
ရတာကြောင့် ရောဂါတွေကတော့အစုံပါဘဲ၊ ကုလို့ရတဲ့လူတွေရှိသလို ကုလို့မရလို့ ငွေကုန်လူပင်ပန်းပြီးပြန်သွားတဲ့
လူတွေလဲရှိနေတာကြောင့် voaburmese က ဒီပညာပေးလေးကိုကူးယူပြီး ပြန်အသိပညာပေးလေးအဖြစ်ဆက်ရေး
သွားတာပါ၊

အမိမြန်မာပြည်က အစားအသောက်တွေကိုမှာ အာတွေရှာတွေသော ရွှေဗမာများ ဒီစာပိုဒ်တွေကို သေသေချာဖတ်
ပြီးမှ သင်တို့ရဲ့ အာသာပြေ ဗမာပြည်ကထုတ်လုပ်သော အစားအစာများနှင့် ထွက်ရှိသောအစာများကို ဆက်လက်
စားသင့်ပါသလား? တားဆီးပိတ်ပင်သင့်ပါကြောင်း အသိပေး ပါရစေ!

ဘယ်လိုဆက်လုပ်သင့်ပါသလဲ? အကြံဥာဏ်တွေပေးကျပါအုံး! အပေါင်းအသင်း သူငယ်ချင်းများ အသိပညာပေး ဆက်လက်ဖြန့် လက်ဆင့်ကမ်းဖြန့်ဝေသင့်ပါကြောင်း အသိပေးပါရစေ....

ခင်မျိုးသက်(voa burmese) 17.07.2012 09:00

မြန်မာနိုင်ငံသားတွေအတွက် အစားအသောက်တွေကနေ တဆင့်ကြုံတွေ့ရနိုင်တဲ့ ဓာတုအဆိပ်သင့်နိုင်ချေတွေ
အကြောင်း ဒီတပတ်မှာ ပြောပြပါရစေ။ အလွန်အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကို လူတွေအတွက်အဆိပ်သင့်စေ
မှန်းမသိ
ကြဘဲ မြန်မာနိုင်ငံထဲက စားသောက်ကုန်လုပ်ငန်း တွေမှာ တွင်တွင်ကျယ်ကျယ် သုံးနေတာတွေ့ရပါတယ်။ ဒီအထဲမှာ အဓိက သုံးနေတာက အစားအသောက်ကို တာရှည်ခံအောင် လုပ်တဲ့ နေရာမှာ သုံးနေတာလို့ ဓာတုဗေဒ ပညာရှင် ဒေါက်တာခင်မောင်ညိုက ပြောပါတယ်။

အဓိက ဒီမှာ သုံးနေကြတာက အစားအသောက်ကို တာရှည်ခံအောင်လုပ်တဲ့ ပစ္စည်းတွေပေါ့။

ဥပမာ ၀က်အူချောင်းမှာ ဆိုရင် ယမ်းစိမ်း ထည့်မယ်၊ မုန့်ဟင်းခါးမှာ ဆိုရင် ဘိုရက်စ် လို့ခေါ်တဲ့ လက်ချားတွေထည့်
မယ်ပေါ့။ မုန့်ဟင်းခါးမှာ ၂ မျိုး ရှိတယ်။ ရှယ်နဲ့ရိုးရိုးနဲ့ပေါ့။
 ရှယ်ဆိုရင်တော့ သူက ဘိုရက်စ်မထည့်ထား ဘူးပေါ့။ ဈေးနဲနဲ ပိုကြီးတယ်။ ဘိုရက်စ် ထည့်ထားတော့ သူက ရေ
လည်း နဲနဲ စုပ်တယ်။ ပွလည်း ပွတယ်။ အဲဒီလိုမျိုးတွေ ရှိတယ်။

နောက် တာရှည်ခံအောင်ထည့်တာ အဓိကကတော့ ဖေါ်မလင် ပဲပေါ့။ ဖော်မာ ဒီဟိုက်လေ။ လူတွေသေတဲ့ အခါမှာ တာရှည်ခံအောင် ဆေးထိုးတာဖြစ်တယ်။ အမေရိကန်တို့ အင်္ဂလန်တို့၊ ဥရောပတို့မှာ အကုန်လုံးပဲ ဒီဆေးအတွက် ပိတ်ပင်ထားတယ်။ ဒါပေမယ့် မြန်မာပြည်မှာတော့ အဓိက နွားနို့ပို့တဲ့ သူတွေကတော့ အမြဲသုံးတယ်။
 ဘာလို့လည်း ဆိုတော့ တကယ်လို့ ကျောက်တံခါးလိုနေရာကနေ ရန်ကုန်ရောက်ဖို့ ရထားနဲ့ ပို့တဲ့ အခါကျတော့ အချိန်ကြာတဲ့အတွက် အဲဒီ အချိန်အကြာကြီးကို တာရှည်ခံအောင် ဆိုပြီးတော့ ကျောက် တံခါးက နွားနို့တွေမှာ ဖေါ်
မလင်ထည့်လေ့ ရှိတယ်။
 နို့ဆီချက်ကြရင်လည်းပဲ ဖေါ်မလင်တွေ ထည့်ချက်လေ့ ရှိကြတယ်။

ပြဿနာ နောက်တခုကတော့ အသားတွေ၊ ငါးတွေမှာထည့်ကြတာ။ နေရာတနေရာကနေ တနေရာ ပို့ကြရင် ကျနော်တို့ အအေးခန်းတွေ မလုံလောက်လို့ပဲ။

အဲဒါက ဘယ်လို ပုံစံနဲ့ အန္တရာယ် ပေးတာပါလဲ?

ရန်ကုန်မှာ မီးပျက်လေ့ရှိတာမို့ အအေးခန်းတွေမှာ ငါးတွေ လှောင်ပြီ ဆိုရင် ငါးတွေကို တာရှည်ခံအောင် သူတို
့က ဖေါ်မလင်တွေ ထိုးကြတယ်။
ကျွန်တော်တို့ မနှစ်တုန်းကဆို မုံရွာကို ပို့လာတဲ့ငါးတွေမှာ တော်တော့် ကို ပြဿနာတက်တယ်။
အဲဒီငါးတွေဟာ ပုပ်တာလည်း ပါတယ်။ ဖေါ်မလင် ထိုးတာလည်း ပါတယ်။

ဒါတွေကိုဘာလို့ ရေခဲ အအေးနဲ့ မပို့လည်းဆိုတော့ ရေခဲတွေက အလေးချိန်စီးတော့ ကားပေါ်တင်လို့ ကားက အိုဗာဝိတ်ဖြစ်သွားရင် ဒဏ်ငွေတွေ အများကြီးဆောင်ရတယ်။
ဒါ့ကြောင့် ကားသမားတွေက ငါးတွေ တင်လာလို့ ရေခဲရိုက်ထားရင် ရေခဲတွေကို ဖယ်ပစ်တတ်ကြသလို ငါးတွေ
လည်း ပုပ်ကုန်ကြတာပါ။
အဲဒီလို မဖြစ်အောင် ရေခဲနဲနဲထည့်ပြီး ဖေါ်မလင်ထိုး ပို့ကြတာမို့ စားသုံးသူလက်ထဲကို ဖေါ်မလင်ပါတဲ့ ငါးတွေ ရောက်ကုန်တာဖြစ်ပါတယ်။ ဖေါ်မလင်ဟာ ကာစီနိုဂျင်းနစ်လို့ ခေါ်တဲ့ ကင်ဆာဖြစ်စေတဲ့ အရာမို့ တော်တော်အန္တရာယ်ရှိတဲ့ ပစ္စည်းပါ။ ပဲပြားတွေမှာလည်း အလားတူ တွေ့ရတတ်ပါတယ်။ ပဲပြားတိုင်းလိုလိုမှာ တွေ့ရတတ်ပြီး တောင်ငူလို နယ်ကနေရန်ကုန်ပို့တဲ့အခါ တာရှည်ခံအောင် ဖေါ်မလင် ထည့်ကြ
တယ်လို့ သိရတယ်။

အဲဒီတော့ ဖေါ်မလင်ကို တကယ့်ကို ပေါပေါများများ သုံးနေတာက ကျွန်တော်တို့ မြန်မာပြည် တ၀ိုက် ပေါ့လေ၊

မြန်မာပြည်နဲ့ တရုတ်ပြည် တ၀ိုက်မှာတော့ ဖေါ်မလင်ကို သုံးတာတွေ့ရပါတယ်။

ဖေါ်မလင်က လူကို ဘယ်လိုပုံစံနဲ့ အန္တရာယ်ပေးပါသလဲ။

ဖေါ်မလင်က HCHO ပေါ့။ သူက အလွယ်တကူ အငွေ့လည်း ပျံနိုင်တယ်။ ရေထဲမှာလည်း ပျော်ဝင်နိုင် တယ်။ ဒါ့ကြောင့် သူက ကာဗွန်ဒြဗ်ပေါင်း တွေ ဖြစ်တဲ့အတွက် သွေးလည်ပါတ်မှုတွေထဲမှာ သူက၀င်ရောက် သွားပြီးတော့ အန္တရာယ် ရှိနိုင်တယ်လို့ ပြောပါတယ်။

မုန့်ဟင်းခါးမှာ သုံးတဲ့ ဘိုရက်စ်ကျတော့ရော-

ဘိုရက်စ် ဆိုတာ လက်ချားပေါ့။ လက်ချားရဲ့ အန္တရာယ်ကတော့ အများကြီးတော့ မသိဘူးပေါ့။ ဒါပေမယ့် အခုလောလောဆယ် သူတို့ ၀မ်းပျက်တာ ဘာညာ ရှိတယ်။ ဘိုရစ်အက်စစ်ဆိုတာက အနာတွေမှာ ထည့်လို့ရတာပေါ့။ ဒါပေမယ့် သူက ဘာမှန်းမသိသေးတဲ့ အရာတခုဖြစ်တယ်။ ဒါကို တကယ့်တကယ်မှာ သုံးခွင့် ပေးမထားဘူး။ FDA အဖွဲ့တွေဘာတွေက သုံးခွင့်မပေးဘူး။ ဒါပေမယ့် စစ်ဆေးမယ့်သူမရှိတော့လည်း ဆက်ပြီးတော့ သုံးနေကြတာ ပေါ့။ လက်ချားကို ပုံမှန် ထည့်ကြတယ်။

နောက် မုန့်ဟင်းခါး သမားတွေက အကျော်မှာလည်း နံမယ်ပျက်နေတယ်။ ပဲကျော်ဆို ဘာနဲ့ကျော်လည်း ဆိုရင် ဆီထဲမှာ ပလပ်စတိတ် ပစ္စည်းတွေ ထည့်ပြီးကျော်တော့ ပိုပြီးတော့ ကျွတ်ရွတယ်လို့ ပြောတာပဲ။ အခုထက်ထိလည်း အဲဒါကို အရေးယူတာ ဖမ်းတာမျိုး ကျွန်တော်တော့ မတွေ့ရသေးဘူး။ ဒါပေမယ့် ပလပ်စတစ်အိတ် ရှိမရှိက ကျန်တဲ့ စစ်ဆေးရေးနည်းလမ်းတွေလည်း ဘယ်သူမှ မသိကြဘူးပေါ့။

ကျွန်တော်တို့ နွားနို့မှာ ဖေါ်မလင် အပြင်ကို ဟိုတခါ တရုတ်ကထည့်တဲ့ မယ်လမင်းတွေလည်း ထည့်တာ ရှိတယ်။ မယ်လမင်းက နိုက်ထရိုဂျင်ပေါ့။ သူက နိုက်ထရိုဂျင် ကွန်ပေါင်းတွေ ဖြစ်တော့ မယ်လမင်းကို နို့မှုန့်လိုပဲ နွားနို့တွေကို စစ်မယ် ဆိုရင်၊ တကယ်လို့ မယ်လမင်းရောထားရင် သူ့ရဲ့ နိုက်ထရိုဂျင် ပါဝင်မှုက များတော့ သူ့ထဲမှာ လိုအပ်တဲ့ ပရိုတိန်း ပါတယ် ဆိုပြီးတော့ မယ်လမင်းကို လက်ခံကြတာ များတယ်။ အဲဒီတော့ မယ်လမင်းကို မသိတော့ လက်ခံတာပေါ့။ မယ်လမင်းကလည်း ဒီလိုပဲ။ ဒီ နိုက်ထရိုဂျင် ကွန်ပေါင်းတွေ အားလုံးက ကာစီနို ဂျင်းနစ် တွေပဲ လေ။ အန္တရာယ် အများကြီး ရှိတယ်။ ကင်ဆာဖြစ်နိုင်တဲ့ဟာ။

လက်ချားတို့ ဖေါ်မလင်တို့ နောက် ပလပ်စတိတ် တို့ မယ်လမင်းတို့ လိုပစ္စည်းတွေအပြင် နောက် အစားအစာနဲ့ ပါတ်သက်ပြီးတော့ သိဖို့လိုအပ်တဲ့ တခြားဓါတုပစ္စည်း ဘာရှိပါသေးလဲဆရာ

ဓါတုပစ္စည်း သက်သက် အနေနဲ့ကတော့ ဒီ အရက်တွေ ဘာတွေ သောက်ရင်တော့ အရက်က တော်တော် မူးအောင် လုပ်တယ် ဆိုပြီးတော့သူတို့ ပိုးသတ်ဆေးတွေ ဘာတွေထည့်တယ်။ ဒီ အင်ဒရင်းတို့ ဘာတို့ပေါ့လေ။ အဲဒါနှီးဖျားလေး တခုစာလောက် ရင် အရမ်းမူးတယ် ဆိုပြီးတော့ ဒီအရက်တွေမှာ ထည့်လေ့ ရှိတယ်။ အရက်ချက်တဲ့နေရာမှာ နောက်သူတို့ထည့်တတ်တာကတော့ ယူးရီးယား သုံးတယ်။ ပုလဲ ဓါတ်မြေသြဇာလိုပေါ့။ ယူးရီးယားနဲ့ အရက်ချက်လိုက်ရင် အင်ဇိုင်းတွေက အင်မတန် မြန်မြန် ဆန်ဆန် ပေါက်ပွါးတယ် ဆိုပြီးတော့ အရက် မြန်မြန် ဖြစ်တာပေါ့လေ။ သို့သော် ဒါကို Distilled လုပ်တဲ့အခါမှာ ပေါင်းခံတဲ့အခါ ထွက်လာတဲ့ အငွေ့တွေထဲမှာ အရက်ဆီထဲမှာ သူတို့က တခါတလေကျတော့ ဓါတ်ပြောင်းပြီးတော့ ဆိုင်ယာနိုက် ဖြစ်လာတဲ့ အထိကို ပါလာပြီးတော့ လူတွေကို အန္တရာယ်ဖြစ်စေတာရှိတယ်။ ဒါပေမယ့် ဒါဟာ အမြဲတမ်း မဖြစ်ဘူး။ ဒါပေမယ့် နိုက်ထရိုဂျင်ကွန်ပေါင်း ဖြစ်သွားတယ်။ အဲဒီကွန်ပေါင်း တွေကတော့ ကျွန်တော်တို့ကို တော်တော် ဒုက္ခ
ပေးတာ တွေ့ရတယ်။ နောက် ၀က်အူချောင်းမှာလည်း အခုပြောတဲ့ နိုက်ထရိုဂျင်ကွန်ပေါင်းတွေ၊ ဆိုဒီယမ် နိုက်ထ
ရိတ်တို့ ပိုတက်ဆီယမ် နိုက်ထရိတ်တို့ ပါလာတယ်။

အဲဒါတွေက ၀က်အူချောင်းမှာ သုံးကြတာ။ ၀က်အူချောင်း ကြိုက်တဲ့လူတွေ၊ အရက်ကြိုက်တဲ့လူတွေအတွက် သတိထားစရာပါ၊ ဟုတ်ပါတယ်။ ဒီအရက်ကတော့ အခုမှ လုပ်လာကြတာပါ။ ၀က်အူချောင်းကတော့ ရှေးနှစ်ပေါင်း များစွာကတည်းက လုပ်နေကြတာ။

အသီးအရွက်တွေ လန်းဆန်းအောင် ရောင်းကောင်းအောင် ဆေးသုံးတာမျိုး ရှိပါသလား?

တချို့သုံးတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အသီးအရွက်တွေက ဈေးပေါနေတော့ ဆေးသုံးရင် သိပ်မကာမိ ဘူးပေါ့။ သို့သော်လည်း ငှက်ပျောသီးတို့ ဘာတို့ ဆိုမှည့်အောင် သူတို့ ဆေးသုံးကြ တယ်လို့ ပြောပါတယ်။ တရုတ်ပြည်ကလာတဲ့ ဆေးအမှုန့်ပါ အဖြူရောင် အမှုန့်တွေပဲ ထည့်ကြတာ၊ အဲဒါကို ရေနဲ့ စိမ်လိုက်ပြီးတော့ အပေါ်မှာ ဆွဲထားလိုက်ရင် ငှက်ပျောသီးတို့ သရက်သီးတို့ က လုံးဝ မှည့်သွားတာပေါ့။ အထဲမှာ စိမ်းရင်စိမ်း မယ်။ အပြင်မှာတော့ အ၀ါရောင် သန်းသွားတယ်။ အဲဒီတော့ ရောင်းလို့ ကောင်းသွားတာပေါ့။ သင်္ဘောသီး တို့ ငှက်ပျောသီးတို့ ကို ဆေးစိမ်လေ့ရှိပါတယ်။ သူက နှစ်လိုက်ရုံပဲ နှစ်ပြီး ပြန်ဆွဲထုတ်လိုက်ရုံပဲ။

ဘာဆေးမှန်းတော့ သေသေချာချာ မသိဘူး။ ပထမတော့ ယူရီးယားလို အမှုန့်ပဲ၊ ဓါတ်မြေသြဇာက ရတဲ့ ပုံစံမျိုးပဲ ပြောကြတယ်။

အစားအသောက်တွေထဲ ထည့်လေ့ရှိတဲ့ ဒီ ဓါတုပစ္စည်းတွေ ပြည်ပက ၀င်တာကို ကန့်သတ်မှုတွေ စစ်ဆေးတာ မျိုးတွေ ဖိဖိစီးစီး မလုပ်နိုင်သေးပါဘူး။

အစိုးရက မသုံးရဘူးလို့ ပြောတာကြားပေမယ့် မြန်မာပြည်မှာက မသုံးရဘူးလို့ ပြောတာတွေကို ဆက်သုံးနေကြတာပါ ပဲ

ဓါတုပညာရှင် ဒေါက်တာ ခင်မောင်ညိုပါ။ နောက်တပါတ်မှာတော့ အစားအစာတွေထဲမှာ ဆိုးဆေးတွေ တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြတာနဲ့ ပလပ်စတစ်မှာပါတဲ့ လူကို အန္တရာယ် ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေ အကြောင်းကို ဆက်ပြီးပြောပြပေးမှာပါ။

ဒေါ်အောင်ဆန်းစုကြည်အား ဆုချီးမြှင့်မည့်အခမ်းအနားသို့ ကချင်အမျိုးသားများတက်ရောက်မည်မဟုတ်

ပြီးခဲ့သော ဧပြီလကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ကချင်ပြည်နယ် မြိ့တော်မြစ်ကြီးနားတွင် မဲဆွယ်နေသော ဒေါ်အောင်ဆန်းစုကြည်


ဒေါ်အောင်ဆန်းစုကြည်အား 
ဆုချီးမြှင့်မည့်အခမ်းအနားတွင် 
ကချင်အမျိုးသားများတက်ရောက်မည်မဟုတ်

18 September 2012

 By KNG

အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်မှ အမြင့်ဆုံးရွှေတံဆိပ်ဆုချီးမြှင့်ခြင်းကို လက်ခံရယူရန် အမေရိကန်
နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကချင်မဟာ
မိတ်(Kachin Alliance) မှ လှိုက်လှဲစွာကြိုဆိုသော်လည်း ဂုဏ်ပြုအခမ်းအနားတွင်မူ စစ်မက်ပြဿနာရင်ဆိုင်နေရ
သော ကချင်တိုင်းရင်းသားများအနေဖြင့်တက်ရောက်မည်မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

လက်ရှိအနေအထားအရ ကချင်ပြည်နယ်တွင်း မငြိမ်မသက်စစ်ဘေးဒဏ်ကြောင့် ရင်ဆိုင်နေရသောအခက်ခဲများနှင့်
ဆုံးရှုံးနေသောတိုင်းရင်းသားအခွင့် အရေးများအတွက် ဒီမိုကရေစီအဖွဲ့ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တက်ကြွစွာလှုပ်ရှားဆောင်ရွက်ပေးပါရန်သာ မေတ္တာရပ်ခံသော အိတ်ဖွင့်ပေးစာတစ်စောင်ကို စက်တင်ဘာလ ၁၆ ရက်စွဲဖြင့် ကချင်မဟာမိတ် (Kachin Alliance) မှ ရေးသားပေးပို့ခဲ့သည်။

ချီးမြှင့်သောဆုတံဆိပ်အားလက်ခံရယူရန်ရောက်ရှိလာခြင်းကို ဂုဏ်ယူမိသော်လည်း ထိုဝမ်းမြောက်ဂုဏ်ယူဖွယ်
အခမ်းအနားတွင် ကချင်တိုင်းရင်းသားအနေဖြင့်ပါဝင်နိုင်ခြင်းမရှိကြောင်း အမေရိကန်နိုင်ငံ ကချင်မဟာမိတ် (Kachin Alliance) K.A. တာဝန်ခံ အင်ဆန်ဂွမ်ဆန် (Nsang Gum San) ပြောသည်။

လွှတ်တော်ကနေဖိတ်ခေါ်တဲ့စာ ကျနော်တို့ဆီရောက်လာတယ်။ 
ဂုဏ်ပြုပွဲတက်ရောက်ဖို့ ဖိတ်ခေါ်တဲ့စာနဲ့ ညစာစားဖို့ဖိတ်ခေါ်တဲ့စာ လက်ခံရရှိတယ်။ 
ကျနော်တို့ဘက်ကတော့ ဒီလိုပျော်ပွဲမှာ မပါဝင်နိုင်တဲ့အကြောင်း ပြောတယ်။ 
ဘာကြောင့်လဲဆိုတော့ ခုဒေါ်အောင်ဆန်းစုကြည်က လွန်ခဲတဲ့ ချိန် အမျိုးသားခေါင်းဆောင်ဖြစ်ခဲ့ပေမယ့် အခုအ
ချိန် မြန်မာအစိုးရပါတီခေါင်းဆောင်တစ်ယောက်ဖြစ်နေတယ် အဲ့ဒီပါတီကလည်း အစိုးရထဲပါတဲ့ပါတီဖြစ်တယ်။ လွှတ်တော်ကလည်း စစ်အစိုးရကိုထောက်ခံနေတာလေ။

လက်ရှိကာလ ကချင်ပြည်နယ်တွင် နေ့စဉ်ရက်ဆက်ဖြစ်ပွားနေသော စစ်မက်ဘေးဒဏ်ကြောင့်မိမိတို့၏ဆွေမျိုးသား
ချင်းများ၏ လျစ်လျူရှုခံနေရသောဆင်းရဲဒုက္ခများနှင့် ၀မ်းနည်းပူဆွေးသောကများဖိစီးမှုဖြင့် ကြေကွဲလျက်ရှိနေချိန်၊ ကချင်လူမျိုးများသောင်းနှင့်ချီ၍ နေရပ်စွန့်ခွာပြောင်းရွှေ့နေရသည့်ကာလ စသည့်အခြေအနေများတွင် မိမိတို့အနေ
ဖြင့် ၀မ်းမြောက်ပျော်ရွှင်ရန်မှာ မည်သို့မျှဆီလျော် အပ်စပ်ခြင်းမရှိကြောင်း ရေးသားပေးပို့ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အိတ်ဖွင့်ပေးစာတွင် အချက် (၅) ချက်ဖြစ်သော ‘စစ်မှန်ပီပြင်သောငြိမ်းချမ်းရေးရရှိစေရန် နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေးကို ၀ိုင်းဝန်းကြိုးပမ်းဆောင်
ရွက်ရန်၊
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ပြေးဒုက္ခသည်များအတွက် လိုအပ်သောပြည်တွင်းပြည်ပ အ
ထောက်အပံ့များလွှပ်လပ်စွာပံ့ပိုးကူညီနိုင်ရန်၊
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ အင်အားကိုရယူကာ ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းအတွက် အသုံးပြုနေသောစစ်အသုံးစရိတ်များကို တားဆီးပေးရန်၊
တောင်းဆိုထားသည်။

ဆက်လက်၍
လူ့အခွင့်အရေးချိုးဖောက်မှုများကိုကာကွယ်တားဆီးနိုင်ရန် ကမ္ဘာ့ကုလသမဂ္ဂလေ့လာစောင့်ကြည့်ရေးအဖွဲ့(သို့မ
ဟုတ်)စေ့စပ်ညှိနှိုင်းရေးအဖွဲ့များအနေဖြင့် စစ်မက်ဖြစ်ပွားနေသောဒေသများနှင့် စစ်ပြေးဒုက္ခသည်စခန်းများတွင် အချိန်မရွေးသွားရောက်ကြီးကြပ်ကွပ်ကဲနိုင်ရန်။
မြစ်ဆုံဆည်နှင့်အတူ ချီဖွေဆည်ကဲ့သို့သော ဧရာဝတီမြစ်ဖျားတွင်တည်ဆောက်ရန်ရှိသော အခြားဆည်(၆)ခုအား
ယာယီရပ်ဆိုင်းရုံသာမကပဲ လုံးဝဆောက်လုပ်ခြင်းမပြုတော့ရန်
စသည့်အချက်များဖြင့် ကြိုးပမ်းဆောင်ရွက်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ထံ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းကွန်လွန်သွားသဖြင့် တိုင်းရင်းသားများအတွက်ပေးအပ်ထားသောကတိစကားကို အကောင်အ
ထည်ဖော်နိုင်ခြင်းမရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမီးပီသစွာတိုင်းရင်းသားများ၏ ရပိုင်ခွင့်များ
အတွက် မားမားမတ်မတ်ရပ်တည်ကြိုးပမ်းဆောင်ရွက်ပေးသွားပါရန် မေရိကန်ပြည်ထောင်စု Kachin Alliance အဖွဲ့မှ အလေးအနက်မေတ္တာရပ်ခံထားခြင်းဖြစ်သည်။

Tuesday, September 18, 2012

ဗိုလ်ချုပ်မြအဖွဲ့နှင့် န၀တ ငြိမ်းချမ်းဆွေးနွေးပွဲအပြီး ၂၀၀၄ ခုဇန္န၀ါရီလကုန်ပိုင်းက KNU နယ်မြေထဲတွင် တိုင်းရင်းသားကိုယ်စားလှယ်များ တွေ့ဆုံပွဲတစ်ခု

ဟစ်တိုင်သတင်းမှ



ဗွီဒီယို၏နောက်ခံအကြောင်းမှာ...
၂၀၀၄ ခုဇန္န၀ါရီလကုန်ပိုင်းက KNU နယ်မြေထဲတွင် တိုင်းရင်းသားကိုယ်စားလှယ်များ တွေ့ဆုံပွဲတစ်ခု ဖြစ်ခဲ့သည်။
တိုက်ဆိုင်စွာပင် ထိုအချိန်က ဗိုလ်ချုပ်မြနှင့်အဖွဲ့သည် န၀တ နှင့် ရန်ကုန်တွင် ငြိမ်းချမ်းရေးဆွေး နွေးပြီး ပြန်ရောက်သည်မှာတစ်ပတ်ခန့်သာရှိသေးသည် ။

KNU အပေါ်အမြင်အမျိုးမျိုး သတင်းအမျိုးမျိုး ထွက်ပေါ်နေခဲ့သည်။
BBC မှ….ဗိုလ်ချုပ်မြသည် အချက် ၆ ချက်ပါသော ငြိမ်းချမ်းရေးစာချုပ်ကို န၀တ နှင့် လက်မှတ်ထိုးချုပ်ဆိုခဲ့သည်ဟု ကြေငြာခဲ့ သဖြင့် ဘာတွေပါလိမ့်ဟု အားလုံးသိချင်နေကြသည်။

တကယ်က ဘာလက်မှတ်မျှမထိုးဖြစ်ခဲ့။
သို့ရာတွင်အစည်းအဝေးရှိ ကိုယ်စားလှယ်အားလုံး သိချင်နေကြသည်မှာ အဓိက တစ်ခုတည်းသာဖြစ်သည် ။

ဘာအခွင့်အရေးတွေများရခဲ့၍ ဘာကြောင့် လွယ်လွယ်သဘောတူခဲ့ကြောင်း ” သာဖြစ်သည် ။
သို့သော် မည်သူမျှ ထိုသို့ပွင့်ပွင့်လင်းလင်းမမေးကြ ကိုယ်တိုင်နားမလည်သော diplomacy တွေများနေကြသည် ။

ပြန်ရှင်းကြသည့် ပဒိုမန်းရှာ နှင့် ဒေးဗစ်ထောတို့ကလဲ ထိုအတိုင်းဖြစ်နေကြသည်။
မရေမရာသံသယများနှင့် အစည်းအဝေး ခေတ္တရပ်နားချိန်ရောက်သွားခဲ့သည်။ KNU အပေါ်သံသယ ရှိသလိုလို ပြစ်တင်ဝေဖန် ချင်သလိုလို ရှိလာသောထိုအနေအထားကို ထိုစဉ်က စတင်၍ကောင်းစွာမကျန်းမမာ ဖြစ်နေသော ဗိုလ်ချုပ်ကြီးမြ လဲ ခံစားမိပုံရသည်။

အစည်းအဝေးခန်းအပြင်အနီးတွင် တစ်ယောက်ထဲထွက်ထိုင် နေသည်။
ကျွန်တော်လဲစိတ်မသက်မသာဖြစ်မိသည်။ ယခု KNU ငြိမ်းချမ်းရေးလက်မှတ်ထိုးသည်ဆိုသည့် သတင်းအရ KNU အပေါ်သံသယရှိသလို မေးမြန်းနေသည့် ကိုယ်စားလှယ်အတော်များများ မှာ န၀တ နှင့် ငြိမ်းချမ်းရေးလုပ်ပြီးသား ကိုယ်စားလှယ်များဖြစ်နေကြသည်။

ထို့ကြောင့် ကျွန်တော်အရဲစွန့်၍ ဗိုလ်ချုပ်မြနား သွားပြီး “ ဗိုလ်ချုပ် ကိုယ်တိုင် တစ်ခုခုပြောမှ ကောင်းတော့မယ်ထင်တယ် ” ဟု လိုရင်း အကြံပြုလိုက်သည်။

သူကဘာမျှပြန်မပြောဘဲ မိမိအားတစ်ချက်ပြန်ကြည့်၍ ခေါင်းညိမ့်ပြီး မျက်နှာလွှဲသွားသည်။
အစည်းအဝေးပြန် စသည်နှင့် သူ့ထုံးစံအတိုင်း ကျွန်တော်ပြောစရာရှိတယ်ဟုဆို၍ ပြောပါလေ တော့သည်။
မြန်မာစကားမရည်လည်သော်လဲ သူ၏ရိုးသားမှုကြောင့် တိုင်းရင်းသားများ၏ အရေးပေါ်လာလျှင် မညီညွတ်ဖြစ်တတ်မှု အခြေအနေ။
န၀တ နှင့်တွေ့ဆုံခဲ့သည့် အနေအထား။ ငြိမ်းချမ်းရေးအပေါ် ဗိုလ်ချုပ်ကြီးမြ၏ ရှင်းလင်းပြတ်သားသော သဘောထားနှင့် စေတနာတို့ကို ကြားရသူများ ရှင်းလင်းစွာ နားလည်နိုင်ကြပါသည် ။

မိမိ၏ နည်းပညာကျွမ်းကျင်မှု အခက်အခဲကြောင့် ဗွီဒီယိုနှစ်ပိုင်းဖြစ်နေပါသည် ။
ဒုတိယပိုင်းဆက်လက်တင်ပြပါမည်။

ပင်လုံလို ညီလာခံခေါ်ယူဖို့ တိုင်းရင်းသားတွေ တိုက်တွန်း

ကိုမိုးဇော်
တိုင်းရင်းသား လူမျိုးများ ညီလာခံကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပနေစဉ်။ (စက်တင်ဘာလ ၁၅ ရက်၊ ၂၀၁၂)
        
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ပင်လုံလို ညီလာခံကြီးတရပ် ကျင်းပပြီး ဆွေးနွေးအဖြေရှာမယ် ဆိုရင် ညီလာခံ ဖြစ်မြောက်ရေး အတွက် ညှိနှိုင်းစဉ်ကာလတည်းက တိုင်းရင်းသား လူမျိုးစုတွေ ပါဝင်ခွင့်ရဖို့ လိုအပ်ကြောင်း တိုင်းရင်းသားလူမျိုးများ ညီလာခံအပြီးမှာ ထုတ်ပြန် လိုက်ပါတယ်။ တနင်္ဂနွေနေ့ ညနေပိုင်းက ပြီးဆုံးသွားတဲ့ တိုင်းရင်းသားလူမျိုးများ ညီလာခံက နိုင်ငံရေးဆိုင်ရာ လုပ်ငန်းစဉ် ၆ ချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံတော်သမ္မတ က ထုတ်ပြန်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး လုပ်ငန်းစဉ် ၈ ချက်မှာ သဘောမတူညီတဲ့ အချက်တွေ ပါဝင်တာကြောင့်လို့ ဆိုပါတယ်။ ဒီသတင်းအပြည့် အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လူမျိုးများ ညီလာခံကို ပြည်တွင်းက တိုင်းရင်းသားပါတီ တချို့နဲ့ နယ်စပ်ဒေသ အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၉ ဖွဲ့က ကိုယ်စားလှယ် စုစုပေါင်း ၁၃၀ လောက် တက်ရောက်ခဲ့ပြီးတဲ့နောက် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ထဲမှာ မြန်မာပြည်က နိုင်ငံရေးပြဿနာကို ဆွေးနွေးအဖြေရှာမယ့် ပင်လုံလို ညီလာခံကြီးတရပ် ကျင်းပမယ်ဆိုရင် သူတို့လိုလားတဲ့ အချက်တွေကို ညီလာခံရဲ့ ပြောရေးဆိုခွင့်ရှိသူ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲချုပ် ဥက္ကဋ္ဌ ဦးခွန်ဥက္ကာက အခုလို ပြောပါတယ်။ “ပင်လုံကဲ့သို့ ညီလာခံမျိုး လုပ်ဖို့ ကျနော်တို့ဘက်မှာလည်း မူအားဖြင့်တော့ ပြင်ဆင်မှု ရှိတယ်။ အထူးသဖြင့်တော့ အဲလို ညီလာခံမျိုး စလုပ်မယ်ဆိုပြီးတော့ အကြို ညှိနှိုင်းပွဲ စလုပ်ကတည်းက ကျနော်တို့ ပါဝင်ဖို့ လိုတယ်။ အစိုးရဘက်က၊ နောက် ငြိမ်းချမ်းရေး ကော်မတီဘက်က လူနဲ့ပဲ လုပ်ထားပြီးတော့မှ မင်းတို့လာလို့ ခေါ်တာကတော့ မကောင်းဘူး။ မလုပ်သင့်ဘူး။ ဒါကြောင့် အကြိုညှိနှိုင်းပွဲ အဆင့်ဆင့် လုပ်သွားပြီးတော့မှ နောက်ဆုံး အဲဒီလို ညီလာခံမျိုး ကျင်းပရေး ကော်မတီအထိ ပါဝင်ချင်တယ်။ သူတို့က လူတွေ ရွေးထားပြီးတော့ ထိုင်၊ မင်းတို့လာထိုင် ဆိုရင် ဟိုအရင် လုပ်ခဲ့တဲ့ ညောင်နှစ်ပင်ညီလာခံ ပုံစံမျိုးကိုတော့ လက်ခံမှာ မဟုတ်ဘူး။” ဒီလိုညီလာခံ ကျင်းပမယ်ဆိုရင် အစိုးရ၊ စစ်တပ်၊ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသား အင်အားစုတွေ အားလုံး ပါဝင်ပြီး ပြည်ထောင်စု တရပ်လုံးက သဘောတူညီမှုရတဲ့အထိ ဆွေးနွေးဖို့ကို လိုလားတယ်လို့ ပြောပါတယ်။ ဆွေးနွေးတဲ့အခါမှာ နိုင်ငံရေး လုပ်ငန်းစဉ် ၆ ချက်ကိုလည်း ထည့်သွင်း ဆွေးနွေးဖို့အတွက် တိုင်းရင်းသား လူမျိုးများ ညီလာခံက ချမှတ်ခဲ့ပါတယ်။ ဒီအချက်တွေကို ချမှတ်တာကတော့ နိုင်ငံတော် သမ္မတက ထုတ်ပြန် ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး လုပ်ငန်းစဉ် ၈ ချက်မှာ သဘောမတူညီတဲ့ အချက်တွေ ပါဝင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ “အခုမြန်မာပြည်မှာ ငြိမ်းချမ်းရေး လိုတယ်။ တိုင်းရင်းသားတွေ ကလည်း အဓိက လိုချင်တယ်။ ငြိမ်းချမ်းရေးကို ချဉ်းကပ်တဲ့ အခါကျတော့ သမ္မတကြီး ဦးသိန်းစိန်က ပြည်နယ်အဆင့်မှာ အချက် ၄ ချက်၊ ၅ ချက် သတ်မှတ်ပေးတယ်။ ပြည်ထောင်စုအဆင့်နဲ့ နိုင်ငံရေး ဆွေးနွေးမယ်ဆိုရင် ၈ ချက် သတ်မှတ်ပေးတယ်။ ဒီအချက် ၈ ချက်က ကျနော်တို့ဘက်က ကြည့်ရင် ကျနော်တို့နဲ့ တိုင်ပင် ဆွေးနွေးတာလည်း မပါဘူး။ နောက် အထက်ကနေ အောက်ကို ချပေးတဲ့ ကိစ္စဖြစ်နေတော့ ကျနော်တို့ လိုလားချက်နဲ့ တူညီမှုမရှိတာ တွေ့ရတယ်။ အဲဒီ ၈ ချက်အတိုင်း ကျနော်တို့က လိုက်နာလုပ်ဆောင်လို့ မဖြစ်ဘူး။ ညှိနှိုင်းဖို့လိုတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ လမ်းပြမြေပုံပဲ ခေါ်ခေါ်ပေါ့။ အစီအစဉ် agenda ပဲခေါ်ခေါ်ပေါ့။ ၆ ချက်။ အဲဒါကို ပြန်ပြင်ဆင်ပြီးတော့ ကျနော်တို့မှာလည်း ၆ ချက်ရှိပါတယ် ခင်ဗျား။ သမ္မတကြီး ၈ ချက်ကိုလည်း ကျနော်တို့ ဆွေးနွေးမယ်။ ကျနော်တို့ ၆ ချက်ကိုလည်း သမ္မတကြီး ဆွေးနွေးပါ။ အပြန်အလှန် ဒီအစီအစဉ် ၂ ခုကို ညှိတာနဲ့၊ agenda ညှိတာနဲ့ ကျနော်တို့က နိုင်ငံရေးဆွေးနွေးပွဲရဲ့ အစပျိုးတဲ့ ခြေလှမ်းဖြစ်သွားမယ် ဆိုပြီးတော့ ဒီညီလာခံကနေပြီးတော့ ညွှန်ကြားတာပေါ့ဗျာ။ အဲဒါကို ကျနော်တို့က ဆက်လုပ်ဖို့ ရှိပါတယ်။” နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမယ့် အချက် ၈ ချက်မှာ လက်နက်ကိုင်အဖွဲ့တွေက ပါတီထူထောင်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံရေးနဲ့ ဖွဲ့စည်းပုံကို ပြင်ဆင် လိုပါက လွှတ်တော်ထဲကို ၀င်ရောက်ပြီး အများဆန္ဒနဲ့ ဆောင်ရွက်ရေး ဆိုတာနဲ့ ဖွဲ့စည်းပုံနဲ့အညီ တခုတည်းသော လက်နက်ကိုင်အဖွဲ့အဖြစ် အသွင်ကူးပြောင်းရေး ဆိုတဲ့ အချက်တွေဟာ သဘောမတူနိုင်တဲ့ အချက်တွေဖြစ်တယ် လို့ ဆိုပါတယ်။ တိုင်းရင်းသားညီလာခံက ချမှတ်တဲ့ အချက် ၆ ချက်မှာတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ နိုင်ငံရေး ပါတီတွေ၊ အမျိုးသမီးနဲ့ လူငယ်စတဲ့ လူမှုအခြေပြု အဖွဲ့အစည်းတွေ ပါဝင်ဆွေးနွေးပြီး နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ ချမှတ်ဖို့၊ ချမှတ်တဲ့ အချက်တွေကို အစိုးရကိုယ်စားလှယ်များနဲ့ ဆွေးနွေးဖို့၊ ဒီမူဘောင် သဘောထားတွေကို ပြည်နယ်နဲ့ တိုင်းဒေသအလိုက် ရှင်းလင်း ညှိနှိုင်း သဘောထား ရယူသွားဖို့နဲ့ နောက်မှာ ပင်လုံလို ညီလာခံကြီးတရပ် ခေါ်ယူသွားဖို့ ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ တိုင်းရင်းသားလူမျိုးညီလာခံရဲ့ ပြောရေးဆိုခွင့်ရှိသူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်း ကတော့ ညီလာခံရဲ့ လုပ်ငန်းစဉ် ၆ ချက်ကို ပြည်တွင်းမှာ ရှင်းလင်းတင်ပြနိုင်ဖို့အတွက် အစိုးရနဲ့ နားလည်မှုရဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ “အခု ကျမတို့ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေအပေါ်မှာ အစိုးရနဲ့ တစုံတရာ နားလည်မှုရအောင်လို့ ကြိုတင်ပြီးတော့ လုပ်ရမယ်။ ဒီနားလည်မှု ရလာတဲ့အခါမှာ ကျမတို့တတွေကို ပြည်တွင်းထဲမှာ လွတ်လွတ်လပ်လပ် သွားလာခွင့်ရအောင်လည်း ခွင့်ပြုရမှာပေါ့။ အဲလို ခွင့်ပြုချက်တွေ ရလာလို့ရှိရင် တရားမ၀င်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်စပ်ဆောင်ရွက်တယ် ဆိုတဲ့ အပေါ်မှာ ပြည်သူလူထုတွေ အနှောက်အယှက် ဖြစ်စေတာမျိုး မဖြစ်ရအောင် ဆိုတဲ့အချက်တွေလည်း ကျမတို့တွေက ဆွေးနွေးတဲ့အခါမှာ ဆွေးနွေးရမယ့် အချက်တွေ ရှိပါတယ်။ ပြီးပြီးမှပဲ ကျမတို့တွေက ပြည်တွင်းထဲမှာ လွတ်လွတ်လပ်လပ် ဆွေးနွေးရလိမ့်မယ်လို့ လုပ်နိုင်လိမ့်မယ်လို့ ကျမအနေနဲ့ မျှော်လင့်ပါတယ်။ ဒီညီလာခံကလည်း အဲလိုပဲ သုံးသပ်ပါတယ်။” ပင်လုံလို တိုင်းရင်းသားအင်အားစုတွေ နိုင်ငံရေး အင်အားစုတွေ ပါဝင်တဲ့ ညီလာခံကြီးကိုတော့ ၃ နှစ်လောက် အချိန်ယူ ပြင်ဆင်ဖို့ လိုကောင်းလိုမယ် လို့လည်း ဦးခွန်ဥက္ကာက ခန့်မှန်းထားပါတယ်။ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ၊ လက်ရှိသမ္မတရုံး ၀န်ကြီး ဦးအောင်မင်း ကလည်း မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းဖို့အတွက် ပင်လုံလို ညီလာခံကြီးတရပ် ကျင်းပဖို့ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေးစဉ်မှာ ပြောဆို ထားတာ ဖြစ်ပါတယ်။

KNUနှင့် ဦးပညာသာမိ တွေဆုံသော ရုပ်သံ



16 September 2012 Islam film protest in Sydney CBD


မြန်မာ့ မော်တော်ပီကယ် ဒီနေ့အချိန်မှာ မြန်မာပြည်က မော်တော်ပီကယ်တွေရဲ့ ဒီလိုအကျင့်ကို ဖျောက်သင့်ပါပြီ။



အေးရှားဟိုင်းဝေးလမ်းမကြီးနှင့် ထားဝယ်ပင်လယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ဒေသခံ ကရင်လူမျိုးများကို ဘာတွေယူဆောင်လာပေးမည်နည်း အီးမေးမှတဆင့်လက်ခံရရှိပါသည်။ ...... ......ဖတ်ကြည့်ကြပါလား....

Article Asia high way and Tavoy Deep sea port

အကျဉ်းသား ၅၁၄ ဦး လွတ်ပေးမှု သမ္မတဦးသိန်းစိန်၏ နိုင်ငံခြားခရီးစဉ် ချီးမွမ်းခံရန်ဟု AAPP ရှုမြင်

စက်တင်ဘာလ ၁၇ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)


မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၅၁၄ဦးကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ-၄၀၁(၁) အရ ယနေ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးမှုတွင် သမ္မတဦးသိန်းစိန် နိုင်ငံခြားခရီးစဉ် ချီးမွမ်းခြင်းခံရရန် ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ(AAPP)က ပြောသည်။


သမ္မတ ဦးသိန်းစိန် နိုင်ငံခြားခရီးစဉ်အဖြစ် မနက်ဖြန် စက်တင်ဘာလ ၁၈ရက်နေ့တွင် တရုတ်နိုင်ငံသို့ စတင် သွားရောက် မည်ဖြစ်ပြီး ထိုမှတဆင့် အမေရိကန်ပြည်ထောင်စုသို့ ခရီးဆက်မည်ဖြစ်သည်။

AAPP တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က “သမ္မတ ဦးသိန်းစိန်ဟာ နိုင်ငံခြားမှာ စကားပြောရမယ်လေ။ သူချီးမွမ်းခံရဖို့ လွတ်ပေးတဲ့ပုံစံမျိုး။ တကယ်တမ်း ရိုးသားတယ်ဆိုလို့ရှိရင် နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိ လွှတ်ပေးရင် အမျိုး သားပြန်လည်သင့်မြရေးအတွက် တကယ့်ကို ခြေလှမ်းကောင်းပါ”ဟု ပြောသည်။

ကိုဘိုကြည်က ဆက်လက်၍ မြန်မာအစိုးရသည် နိုင်ငံရေးကို အမြတ်ထုတ်၍ အကျဉ်းသားများအား ဓါးစားခံအဖြစ် အသုံးချ ကာ မလိုအပ်ပါက လွှတ်ပေးပြီး လိုအပ်ပါက ပြန်လည်ဖမ်းဆီးမှုများ ပြုလုပ်လျှက်ရှိသည်ဟု ပြောဆိုသည်။

၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၁၇ရက်(ယနေ့)တွင် နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံခြားသားအပါအဝင် အကျဉ်းသားများ ၅၁၄ဦးကို လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်ပေးလိုက်သည်ဟု အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။

သို့သော် လွှတ်ပေးလိုက်သည့် အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသားနှင့် နိုင်ငံခြားသားအကျဉ်းသား အရေအ တွက် မည်မျှပါသည်ကို မသိရသေးပေ။

၂၀၁၀ ရွေးကောက်ပွဲအလွန် ဦးသိန်းစိန်အစိုးရတက်လာပြီးနောက် အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်အ ဖြစ်၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလ ၃ရက်နေ့တွင် အကျဉ်းသား ၆,၆၅၆ဦး။ ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီ ၁၃ရက်နေ့တွင် အကျဉ်းသား ၆၅၁ဦးနှင့် ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ၃ရက်နေ့တွင် အကျဉ်းသား ၈၃ ဦးတို့ကို လွတ်ပေးခဲ့ပြီး ဖြစ်သည်။

ရန်ကုန်တွင် ကရင်စာပေအခမဲ့ သင်ကြားပေး

စက်တင်ဘာလ ၁၇ရက်၊ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)


ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ အာဇာနည်လမ်း၌ တည်ရှိသော သမ္မာသမ် ဗုဒ္ဒဘာသာ ကရင်လူမျိုးစာကြည့်တိုက်တွင် ကရင်စာပေများကို ယခုအချိန်တွင် အခမဲ့ စတင် သင်ကြားလျက်ရှိရာ စိတ်ပါဝင်စား သည့် မည်သူမဆို လာရောက်သင်ကြားနိုင်သည်ဟု သိရသည်။


ထိုကရင်စာပေသင်တန်းကို ပြီးခဲ့သည့် ဇူလိုင်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဗုဒ္ဒဘာသာဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေ ကရင်စာပေ တတ်မြောက်လိုသူ ကလေးများကို လက်ခံသင်ကြားပေးလျှက်ရှိသည်ဟု အဆိုပါသင်တန်းတွင် စကောကရင်ဘာသာ သင်ကြားပေးသူ ဆရာမ နော်သရာနော်က ကေအိုင်စီသို့ ပြောသည်။

“စာသင်ချင်တဲ့ အားလုံးကို လက်ခံတယ်။ အပတ်စဉ် စနေနဲ့ တနင်္ဂနွေ နေ့တိုင်း မွန်းလွဲ (၁)နာရီကနေ စသင်နေတာ ပါ။ လောလောဆယ် ကျောင်းသူ ကျောင်းသား ၁၅ ဦးရှိပါတယ်။ စကောကရင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင် ၃ဘာသာကို သင်နေတာပါ”ဟု နော်သရာနော်က ဆိုသည်။

ထို့အပြင် စာပေသင်တန်းတွင် လူအခွင့်အရေးဆိုင်ရာ ဟောပြောပွဲများ၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးဆိုင်ရာ ဟောပြောပွဲများကိုလည်း အလျဉ်းသင့်သလို စီစဉ်ပေးသည်ဟု သိရသည်။

အမ္မာသမ်ဗုဒ္ဒဘာသာ ကရင်အမျိုးသားအဖွဲ့မှ အတွင်းရေးမှုး မန်းအောင်မြိုင်က “ကိုယ့်လူမျိုးရဲ့ စာပေဘာသာ စကား မပျောက်မပျက် ထိန်းသိမ်းစေချင်တဲ့ စေတနာနဲ့ ဒီသင်တန်းလေးကို စတင်ဖြစ်ကြတာပါ။ စာပေတင်မက အခြားသိ သင့်သိထိုက်တဲ့ ဗဟုသုတတွေကိုလည်း စီစဉ်ပေးပါတယ်။ လူငယ်တွေကို တိုးတက်စေချင်သလို ဘာသာစာပေကို လည်း မြှင့်တင်ချင်တယ်”ဟု ပြောဆိုသည်။

၎င်းသင်တန်းကို တက်ရောက်နေသော ကျောင်းသူတစ်ဦးကလည်း “ကရင်စာပေဆိုတာ ကျမတို့ခေတ်မှာ တော်တော် ပျောက်နေပါပြီ။ အမိုးနဲ့ အပါးကလည်း စကားပဲ ပြောတတ်တာပါ။ စာကိုလည်း အဖတ်ပဲ ရတယ်လေ။ အရေးမရပါ ဘူး။ ဒါကြောင့် အရေး၊ အဖတ်၊ အပြောရချင်လို့ တက်ဖြစ်တာပါ”ဟု ဆိုသည်။

စာပေသင်ကြားနေသော ကရင်လူမျိုးစာကြည့်ပိဋကတ်တိုက်သည် ဧရာဝတီတိုင်း မအူပင်မြို့နယ် တရုတ်လပ်ကျေးရွာ မှ လယ်ပိုင်ရှင်ဇနီးမောင်နှံ စောကျော်ထွန်းနှင့် နော်ကြာနွယ်တို့မှ ၁၉၃၅ခုနှစ်တွင် ကမကထပြု ဆောက်လုပ်လှူဒါန်းခဲ့ ခြင်းဖြစ်သည်။

Monday, September 17, 2012

ကရင်၏ မူလ ဇာစ်မြစ်

September 15, 2012

karen
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏
နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို
ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။
              ကရင်လူမျိုး၏ မူလဇစ်မြစ် သုတေသနစာတမ်း

နိဒါန်း
ကမ္ဘာပေါ်တွင် လူမျိုးတိုင်း၏ မူလဇစ်မြစ်တိုင်းသည် ၀တ္ထုဆန်ဆန်၊ စိတ်ကူးယဉ်ဆန်ဆန်သာ ဖြစ်ကြပြီး မည်သူမျှ အတိအကျ ဖော်ပြခြင်း
မပြုနိုင်ကြပေ။
ဥပမာအားဖြင့် ဂျပန်လူမျိုးတို့သည် မိမိတို့ ဘုရင်ကို “နေနတ်” မှ ဆင်းသက်လာသည်ဟု ယုံကြည်ကြပြီး မိမိတို့လူမျိုးကိုလည်း “နေနတ်အနွယ်” များဟု ယူဆကြသည်။
ထိုနည်းတူ ကရင်လူမျိုးများ၏ မူလဇစ်မြစ်နှင့် ပတ်သက်၍ အမျိုးမျိုး ယူဆ ပြောဆိုကြပေသည်။ အချို့က ကရင်လူမျိုးများသည် တိဘက်လူမျိုး ဖြစ်သည်ဟု ဆိုကြသည်။ အချို့က ကရင်လူမျိုးများသည် တရုတ်ပြည် အနောက်မြောက်ပိုင်းမှ ဆင်းသက်လာကြသော လူမျိုးတမျိုးဖြစ်သည်ဟု ဆို၏။ အချို့ကလည်း ကရင်လူမျိုး သည် ယနေ့ မြန်မာနိုင်ငံဟုခေါ်သော ဤနိုင်ငံ၏ မူလ တိုင်းရင်းသား (aborigine) ဟု
ဆိုကြ၏။ (Judson of Burma, by professor B.R. Pearn, page 79)။ တဖန် အချို့ကလည်း ကရင်လူမျိုးများသည် ဆီးမိုက် မျိုးနွယ်ကြီးမှဟီဘရူးခေါ် ဟေဗြဲ အနွယ်ဝင် ၁၂ မျိုးထဲမှ ပျောက်ဆုံးသွားသော လေ၀ိ အနွယ်ဖြစ်သည်ဟု အထောက်အထားနှင့် အခိုင်အမာ ဆိုကြသည်။
မည်သို့ပင်ဖြစ်စေ ကရင်လူမျိုးများ၏ မူလဗီဇနှင့် မူလဇစ်မြစ် ကို အရှိကို အရှိအတိုင်း ဖော်ထုတ်ရမည်မှာ သမိုင်းပေး တာဝန် တရပ်သာဖြစ်ပေသည်။
ကရင်ဟူသော အမည်
ကရင်ဟူသော အမည်ကို အမျိုးမျိုး ယူဆ ပြောဆိုကြသည်။ အများအားဖြင့် သိရသည်မှာ အမည်တခုကို ခေါ်တွင်ရာ၌ အကြောင်းတခုခုကိုအစွဲပြု၍ ခေါ်လေ့ရှိကြသည်ကို တွေ့ရှိရသည်။
ဥပမာအားဖြင့် ဆူးမား (Sumer) လွင်ပြင်တွင် အခြေချ နေထိုင်သည့် လူမျိုးများကို ဆူမားရီးယန်း ဟု ခေါ်ကြသည်။ အက္ကမြို့ကိုထူထောင်ကြသော လူမျိုးကို အကားဒီးယန်း ဟု ခေါ်ကြသည်။ အမေရိကတိုက် တွင် နေထိုင်ကြသော လူမျိုးကို အမေရိကန် ဟု ခေါ်ကြသည်။
ထိုနည်းတူစွာ ကရင်လူမျိုးများသည်လည်း မိမိတို့နှင့် သက်ဆိုင်သည့် ထူးခြားသော အကြောင်းအရာ တခုခုအပေါ် မူတည်၍ ခေါ်တွင်သည်လားဟု ယူဆစရာ ရှိပါသည်။ ယခင်က ရေးသားခဲ့သော ကရင်၏ မူလဇစ်မြစ် ပထမပိုင်းတွင် မွန်ဂိုလူမျိုးများ အစောဆုံး အခြေချနေထိုင်သည်ဟူ၍ သမိုင်းသုတေသီများ သိရှိလာသည့် မက်ဆိုပိုတေးမီးယား ဒေသမှ ပါရှန် ပင်လယ်ကွေ့ထဲသို့ စီးဝင်သော “ကရန်မြစ်”ကိုအစွဲပြုခေါ်ခြင်း ဖြစ်နိုင်စရာ အကြောင်းရှိကြောင်း ထင်မြင်ယူဆချက်ကို တင်ပြခဲ့ပါသည်။
ကမ္ဘာ့သမိုင်းတွင် ဟစ်ဆော့ ခေါ် လူမျိုးတမျိုးသည် ၎င်းတို့ကိုယ်ကို ဟစ်ဆော့ဟု ခေါ်ကြခြင်း မဟုတ်ဘဲ အီဂျစ်လူမျိုးများက ၎င်းတို့အားခေါ်သော အမည်ဖြစ်သည်။ အီဂျစ်ဘာသာစကားဖြင့် ဟစ်ဆော့၏ အဓိပ္ပါယ်မှာ နိုင်ငံခြားသား အုပ်ချုပ်သူများ ဟု အဓိပ္ပါယ် ရသည်။
အီဂျစ်လူမျိုးများက ထိုသို့ ခေါ်ရခြင်းမှာ ဟစ်ဆော့တို့သည် ၎င်းတို့ အီဂျစ်ပြည်ကို နှစ်အတန်ကြာ လာရောက် အုပ်ချုပ်သော နိုင်ငံခြားသားများဖြစ်သောကြောင့်ပင်တည်း။
ကာလကတ္တား တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သော သိက္ခာတော်ရ ဆရာကြီး မန်းဘရင်က ၎င်း၏ လေ့လာသိရှိမှုကို ကျနော့်အားပြောပြရာတွင် ရှေးတရုတ်များသည် ကရင်လူမျိုးကို “ခဲ့ရင်” ဟု ခေါ်ကြသည်။ “ဧည့်သည်” များဟူ၍ အဓိပ္ပါယ် ရသည်ဟု ဆိုသည်။
ထိုအဆိုသည်လည်း ဖြစ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ကရင်လူမျိုးများသည် အခြားသော အရပ်ဒေသ တခုခုမှ တရုတ်ပြည်အနောက်ဘက် နယ်စပ်သို့ ရောက်ရှိလာသဖြင့် ဧည့်သည်များ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ဟစ်ဆော့ အမည် ပေါ်လာပုံနှင့်လည်းဆင်တူနေပါသည်။ မာကိုပိုလို၏ မှတ်တမ်းတွင် ကရင်လူမျိုးကို “ကရယင်” “ကရယင်နယ်” ဟု ဖော်ပြထားပါသည်။
မည်သို့ပင်ဖြစ်စေ ကရင်၏ အမည် စတင်၍ ခေါ်တွင်လာပုံကို ခရေစေ့တွင်းကျ တိတိကျကျ မဖော်ထုတ်နိုင်သော်လည်း ကရင် ဟူသောအမည်ကိုကား ကမ္ဘာ့သမိုင်းတွင် မှတ်တမ်းတင်ထားသည်ကို လေ့လာ တွေ့ရှိရပေသည်။
တဖန် မြန်မာနိုင်ငံ၌ ကရင်ကို စကောကရင်၊ ပိုးကရင်၊ မြန်မာကရင်၊ တလိုင်းကရင်၊ ကော်သူးလေ ဟူ၍ ခေါ်နေပါသဖြင့် အချို့မသိသောသူများ အနေဖြင့် နားလည်ရန် ခက်ခဲရတော့သည်။ ကရင်လူမျိုးတွင် ဖခင်အနွယ်၊ မိခင်အနွယ် ဟူ၍ နှစ်နွယ်ရှိသည်။ ယင်းကဲ့သို့အနွယ်များ ကွဲရသည်ကိုမူ ပြောရန် ခက်ခဲပါသည်။ ဒဏ္ဍာရီ အဆိုအရ ရှေးယခင်က ဖခင်နှင့် မိခင် နှစ်ဦး ရှိခဲ့ရာ အကြောင်း တစုံတရာကြောင့်မသင့်မြတ်ကြရာမှ ဖခင်နှင့် မိခင် ကွဲသွားရာ ဖခင်နောက် လိုက်သွားသော သားသမီးများသည် ဖခင်အနွယ် ဖြစ်သွားပြီး မိခင်နောက်လိုက်သွားသော သားသမီးများသည် မိခင်အနွယ် ဖြစ်သွားကြသည်ဟု ပြောဆိုလေ့ ရှိကြပါသည်။ ယနေ့ ကရင်များသည် ဖခင်အနွယ်ဝင်ကရင်ဖြစ်စေ၊ မိခင်အနွယ်ဝင် ကရင်ဖြစ်စေ ကရင်လူမျိုး အချင်းချင်း ချစ်ချစ်ခင်ခင် ရှိကြပါသည်။ ပို၍ သိလာလေ ပို၍ပင် ချစ်လာကြသည်ဟုယူဆရပါသည်။
ဖခင်အနွယ်ဝင် ကရင်ကို စဝှော် ဟု ခေါ်သည်။ စာလုံး ၂ လုံးကို တလုံးတည်း အသံထွက် ပုံစံဖြင့် ပူး၍ ထွက်သည်။ မပီသူများ၊မခေါ်တတ်သူများက စကော ဟု ခေါ်ကြသည်။ ဒါကိုပင် ပျူနိုင်ငံ သရေခေတ္တရာ ပျက်စဉ်က စကော တချပ် လေတိုက်၍ လွင့်လာသည်ကိုစကောတပ်ကြီး ချီတက်လာပြီဟု ယူဆကာ တိုင်းသူပြည်သားများ လန့်ပြေးရာမှ သရေခေတ္တရာ ပျက်စီးရသည်ဟု မှတ်သားရဘူးပါသည်။
ဤ စကောတပ်ကြီး ဟု သမိုင်းတွင် ဖော်ပြမှုသည်ပင် သရေခေတ္တရာ ခေတ်ကတည်းက ဤဒေသများတွင် စကောကရင် ရှိနေပြီဟုသွယ်ဝိုက်၍ ထောက်ခံပြီးသား ဖြစ်နေပေသည်။
မိခင်အနွယ်ဝင် ကရင်များကို ပ၀ိုး ဟု ခေါ်သည်။ စဝေါ် ကဲ့သို့ပင် စာလုံး ၂ လုံးကို တလုံးတည်း တွဲခေါ်ပါသည်။ မခေါ်တတ်သူများက ပိုး ဟု ခေါ်ကြသည်။ မြန်မာကရင်ဟူသော အခေါ်မှာ မြန်မာများနှင့် ပိုမိုနီးကပ်စွာ နေထိုင်ခဲ့သည့် ကရင်များကို ခေါ်ခြင်းဖြစ်ပြီးတလိုင်းကရင်ဆိုသည်မှာ တလိုင်းလူမျိုးများနှင့် ပိုမိုနီးကပ်စွာ နေထိုင်သော ကရင်လူမျိုးများကို ခေါ်ခြင်းဖြစ်သည်။
ကော်သူးလေ ဟူသော အခေါ်မှာ ကရင်လူမျိုးများက မိမိတို့ နေထိုင်ရာ နိုင်ငံကို အလွန်ချစ်မြတ်နိုးစွာဖြင့် ခေါ်သော အမည်ဖြစ်သည်။
ကော် ၏ အဓိပ္ပါယ်မှာ နိုင်ငံ၊ ဒေသ၊ အရပ် ဖြစ်ပြီး သူး မှာ အမဲ (မဖြူစင်ခြင်း) ဖြစ်သည်။ လေး မှာ မရှိ (ကင်းစင်ခြင်း) ဟု အဓိပ္ပါယ် ရသည်။
သို့ဖြစ်၍ ကော်သူးလေ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဖြူစင်သန့်ရှင်းပြီး အပြစ်ဆိုစရာ မရှိသော ကရင်အမျိုးသား နိုင်ငံ ဟူ၍ ဖြစ်ပါသည်။
အချို့ကလည်း ပန်းများ ဝေဆာ ပွင့်ဖူးသော နိုင်ငံ (Flowering country) ဟု ခေါ်ကြသည်။
အဓိကအားဖြင့် ကရင်တွင် မိခင်အနွယ် ပ၀ိုးကရင်နှင့် ဖခင်အနွယ် စဝှော်ကရင် ဟူ၍ရှိရာ အခြားသော ကရင်မျိုးနွယ်များသည် မိခင် ဖခင် အနွယ် နှစ်ခုမှ ဆင်းသက်လာကြခြင်း ဖြစ်ကြောင်း လေ့လာ မှတ်သားရပေသည်။ ဥပမာ ပအိုဝ့် သည် ပ၀ိုးကရင် မိခင်နွယ်ဝင် ဖြစ်ပြီး ကယား၊ ကယ်ခို၊ ကယ်ဘား၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ ကရင်ဖြူ၊ ကရင်နီ တို့သည် ဖခင်နွယ်ဝင် စကောကရင်များ ဖြစ်ကြသည်။
(Grandfather Longlegs by Ian Morrison, page 16, the Red Karen (So called from their red tunis) the Korenbyus or striped
Karens, and the Taungthus of the southern Shan States, The Padaung, … are a small Karen Tribe.)
တဖန် အခြားသော ကရင်အမည်များလည်း ရှိပါသေးသည်။ မြောင် (မျို)၊ ယောင်၊ လားဟူ (မူဆိုး)၊ အခါ (ကော်)၊ နှင့် လီစူး (လီရှော) ဟူ၍လည်း ခေါ်ကြပေသေးသည်။
(People of the Golden Triangle by Paul and Elaine Lewis, published in Great Britain by Thames and Hudson Ltd. 1984,
page 7, column 1, Karen, Hmong, Mien (Yao)
Lahu, Akha, and Lisu (page 7, line 13, column 1)
Even so, the members of each tribe have an ethnic – consciosness which leads them to recognize one another as belonging to the same ethnic group.)
တဖန် မွန်လူမျိုးသည်လည်း မိခင်အနွယ်ဝင်ဟု နာမည်ကျော် သမိုင်းသုတေသီ သီအိုဒိုစတင်း က ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။
(Pwo Karen by James W. Hamilton, published in 1976, by West Publishing Co. “Foreward” page VII, 34th line. The other
major branch, the Pwo – Baker’s Peguan (i.e., Mon) Karen many of whom, as Buddhists, … )
ဤ ဖော်ပြမှုသည် ကျွန်ုပ်အနေဖြင့် မငြင်းလိုပေ။ အဘယ်ကြောင့်ဆိုသော် မွန်သည် မိုဟူသော စကောကရင်အခေါ် မိုး ဟူသော ပိုးကရင်အခေါ်နှင့် အလွန်တူပြီး အဓိပ္ပါယ်မှာ အမေ မိခင် ဖြစ်ပါသည်။ ၎င်းပြင် မွန်လူမျိုးသည် စကောကရင်၊ ပိုးကရင်တို့နှင့် အတူနေထိုင်ကြသည်ကို သမိုင်းတလျှောက် တွေ့ရသည်။ တလိုင်း (Talaing) ဟူသော အမည်မှာ အိန္ဒိယ တောင်ပိုင်း၊ ယခု မဒရပ်စ်နယ် အနောက်ရှိ ရှေးအခေါ် တလင်္ဂန နယ်မှ လာသော အိန္ဒိယ တောင်ပိုင်းသားများကို ခေါ်သော အမည် ဖြစ်သည်။ မွန်လူမျိုး အမည်မဟုတ်ပါ။
ထို့ပြင် မြန်မာနိုင်ငံမှ ရှမ်းလူမျိုးများနှင့် ထိုင်းနိုင်ငံမှ ထိုင်းလူမျိုးများက ကရင်လူမျိုးများကို ယန်း (Yang) ဟု ခေါ်ကြသည်။ ယန်းလျှံ(ကရင်နီ)၊ ယန်းဖုတ် (ကရင်ဖြူ)၊ ယန်းလိုင်း (ကရင်ကြား) စသဖြင့် ၀တ်စားဆင်ယင်သော အ၀တ်အစားများအပေါ် မူတည်ပြီး အမည်အမျိုးမျိုး ခေါ်တွင်ကြပါသည်။ အမှန်အားဖြင့် လူမျိုးတမျိုးကို လေ့လာပါက ၎င်းမျိုးနွယ်ကြီး (Race) နှင့် ၎င်းမျိုးနွယ်ကြီးမှ ရေမြေတောတောင် လျှိုမြောင်များ ခွဲခြားထားမှုကြောင့် ပေါ်ပေါက်လာသော မျိုးနွယ်ခွဲ (Clans) များကို ခွဲခြား လေ့လာပါက ပို၍ ပေါ်လွင်မည်ဖြစ်ပါသည်။
ကရင်မျိုးနွယ် အကြောင်းကို အသားဝါအနွယ် မွန်ဂိုလွိုက် (Mongoloid) အကြောင်းနှင့် ဆက်စပ်၍ အောက်ပါအတိုင်း လေ့လာနိုင်ပေသည်။
ကမ္ဘာ့လူမျိုးနွယ်များ
ကမ္ဘာ့သမိုင်း စတင်ဖြစ်ပေါ်မှု The Beginning of History ကို ပြန်၍ လေ့လာမည် ဆိုပါက လူမျိုးကြီး ၃ မျိုးကို တွေ့ရပေမည်။ ၎င်းတို့မှာ
၁။ အသားမည်း အနွယ် Negaroid နီဂရွိုက်
၂။ အသားဖြူ အနွယ် Europoid ယူရိုပွိုက်
၃။ အသားဝါ အနွယ် Mongoloid မွန်ဂိုလွိုက် တို့ ဖြစ်ပါသည်။
နီဂရွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက်ဖက်သို့ ပျံ့နှံ့ပြီး ကင်းယန်း၊ နိုင်ဂျီးရီးယန်း၊ ဇင်ဘာဘွေးယန်း စသဖြင့် အာဖရိက လူမျိုး၊ နိုင်ငံများဖြစ်ပေါ်လာသည်။ အချို့မှာ ပင်လယ် သမုဒ္ဒရာကို ဖြတ်၍ အရှေ့အိန္ဒိယ ကျွန်းစုဘက် တောင်ကျွန်းများ အထိပင် ပျံ့လွင့် ရောက်ရှိကြပေသည်။
ယူရိုပွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက် မြောက်ပိုင်းနှင့် ဥရောပတိုက်သို့ ရောက်ရှိသွားကြသည်။ ထင်ရှားသည့် ရှေးဦးမျိုးနွယ်များမှာ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည်တို့ ဖြစ်ကြသည်။ အာရိယန်များသည် အိန္ဒိယပြည်သို့ပင် ရောက်ရှိကြသည်။ ၎င်းယူရိုပွိုက်များကို Compton’s Encyclopedia စွယ်စုံကျမ်း အတွဲ S.(K.L) စာမျက်နှာ 98-A တွင် ပါရှိသော Language Family Tree ခေါ် ဘာသာစကားမိသားစုတွင် ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။
မွန်ဂိုလွိုက် ခေါ် အသားဝါ အနွယ်များသည် ကြီးမားကျယ်ပြန့်သော အာရှတိုက်ဘက်သို့ ပျံ့နှံ့လာကြသည်။ ကရင်လူမျိုးများသည် အသားဝါအနွယ်ဝင်ဖြစ်ကြောင်း သမိုင်းသုတေသီများနှင့် ပညာရှင်များက လက်ခံထားကြသည်။
ထို့ကြောင့် အသားဝါ အနွယ် မွန်ဂိုလွိုက်ကို သီးခြား လေ့လာရန် လိုပါသည်။
မွန်ဂိုလွိုက် ခေါ် အသားဝါ အနွယ်
အသားဝါ အနွယ်ဝင် မွန်ဂိုလူမျိုးများကို လေ့လာရာတွင် ရနိုင်သော အခြေအနေအရ လိုရင်းအချက်ကိုသာ တင်ပြပါမည်။ ကမ္ဘာကြီးကိုဘူမိဗေဒ ပညာရှင်များက သက်ဦးကပ် (Palaeozoic or Primary Era)၊ သက်လယ်ကပ် (Mesozoic)၊ သက်နှောင်းကပ် (Cenozoic Era)၊
စတုတ္ထကပ် (သို့) နှင်းခဲခေတ် (Quarternary Era or Glacial Age) ဟူ၍ ခေတ် ၄ ခေတ် ခွဲ၍ လေ့လာကြပါသည် (အခြေပြုမြန်မာနိုင်ငံရေးသမိုင်း ပ-တွဲ၊ စာ ၃၇-၅၅)။
သက်ဦးကပ်ကို လွန်ခဲ့သော နှစ်ပေါင်း သန်းခြောက်ရာ (၆၀၀ သန်း) ခန့်က စတင်ခဲ့ပြီး စတုတ္ထကပ် ခေါ် နှင်းခဲခေတ်သည် လွန်ခဲ့သောနှစ်တသန်း (၁ သန်း) က စတင်ခဲ့သည်ဟု ယူဆကြသည်။ (ဤခေတ်များ အကြောင်းကို အကြမ်းဖျင်း လေ့လာလိုပါက ရန်ကုန်တိရိစ္ဆာန်
ဥယျာဉ် သဘာဝ သမိုင်း ပြတိုက်တွင် လေ့လာ နိုင်ပါသည်။)
လွန်ခဲ့သော နှစ်တသန်း (၁ သန်း) က စပြီး လူသားများ စတင်ပေါ်ထွန်းခဲ့သည်ဟု သမိုင်း သုတေသီများက ယူဆကြသည်။ ဤနှင်းခဲခေတ်တွင် မွန်ဂိုလွိုက် အသားဝါ အနွယ်ဝင်များသည် အာရှတိုက် အလယ်ပိုင်း၌ သွားလာ ကျက်စား နေထိုင်ခဲ့ကြသည်။ သတိပြုရမည်မှာ ထိုအချိန်၌ မည်သည့်လူမျိုးမှ မယဉ်ကျေးကြသေးသော အချက်ပင် ဖြစ်သည်။
ဤခေတ်အတွင်းမှာပင် မွန်ဂိုလွိုက် အသားဝါ အနွယ်ဝင်များသည် နှင်းခဲများ၊ ရေခဲများ ဖုံးလွှမ်းမှုကြောင့် ဥရောပတိုက်နှင့် လည်းကောင်း၊အာရှတိုက် တောင်ပိုင်းနှင့် လည်းကောင်း အဆက်ပြတ်သွား ခဲ့ရသည် (History of the world by Weech, page 24, 25)။
ထို မွန်ဂိုလူမျိုး အချို့တို့သည် အာရှတိုက် အလယ်ပိုင်း မှတဆင့် အာရှတိုက် အရှေ့မြောက်ဘက် အစွန်းရှိ ချူကော့စကီး ကျွန်းဆွယ် Chucotsky pennisula နှင့် အမေရိကတိုက် အနောက်မြောက် အစွန်ရှိ အလာစကား ကို ခွဲခြားထားသည့် မိုင် ၆၀ သာကျယ်သော ဘယ်ရင်ရေလက်ကြားကို ဖြတ်ပြီး အမေရိကတိုက် တခွင်တပြင်တွင် သွားရောက် အခြေချ နေထိုင်ခဲ့ကြသည်။ အချို့မှာ ဂရင်းလန်ကျွန်း တိုင်အောင်ပျံ့နှံ့သွားကြသည်။
အမေရိကတိုက်သို့ ရောက်သွားကြသော အသားဝါ မွန်ဂိုများသည် ရာသီဥတုနှင့် သဘာဝ ရေမြေ အခြေအနေအရ အသားရောင် နီကျင့်ကျင့် ဖြစ်လာကြသည် (Their yellow skin depened till it become copper-red)။ ထို့ကြောင့် ၎င်းတို့ကို လူနီ အင်ဒီးယန်းများ Red Indian ဟု အမည်တမျိုးနှင့် ခေါ်တွင်လာကြသည်။ အမေရိက အလယ်ပိုင်း (ယခု မက္ကစီကို၊ ဟွန်ဒူးရပ်စ်၊ နီကာရာဂွာ စသောဒေသများ) သို့ ရောက်သောအခါ အဆင့်မြင့်မားသော အက်စတက် Aztecs၊ အင်းကားစ် Incas ကဲ့သို့သော ယဉ်ကျေးမှုများကို ပေါ်ထွန်းစေခဲ့သည်။ သို့သော် ၎င်းယဉ်ကျေးမှုများသည် အလွန်နောက်ကျပြီးမှသာ ပေါ်ထွန်းခြင်း ဖြစ်ပါသည်။
ဤမျှ ရှင်းပြခြင်းဖြင့် အစောဆုံးသော နှင်းခဲခေတ် (ရေခဲခေတ်) မှ မွန်ဂိုများကို အကြမ်းဖျင်း သိလောက်ပြီဟု ယူဆပါသည်။ အစောပိုင်း မွန်ဂိုများသည် မယဉ်ကျေးကြသေးသော မွန်ဂိုများ ဖြစ်ကြပါသည်။ ကျောက်ခေတ်ဦး Paleolithic ထက်ပင် စောသဖြင့် လူရိုင်း အဆင့်မှာသာ ရှိကြပေသေးသည်။
ယခု ကျွန်ုပ်တို့ လေ့လာသော မွန်ဂိုအနွယ်ဝင်များမှာ ရေခဲခေတ် ပြီးဆုံးပြီး လူယဉ်ကျေးမှု (ယဉ်ကျေးသောလူများ) စတင်သော အချိန်မှစ၍ လေ့လာမည် ဖြစ်ပါသည်။
ဤအချက်သည်ပင် ကျွန်ုပ်၏ ယူဆချက်နှင့် အချို့သော ကရင်အမျိုးသား ပညာရှင်များ၏ ယူဆချက်မှာ ကွဲလွဲမည် ဖြစ်ပါသည်။ ယဉ်ကျေးသော သူများဟု ဆိုရာ၌ အတည်တကျ နေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကို စတင်လုပ်ကိုင်သော အချိန်ကာလကို ဆိုလိုပါသည်။
အစောပိုင်း လူသားမျိုးနွယ်များသည် လူရိုင်းဘ၀ဖြင့် အသားငါး အစိမ်း၊ သစ်သီး သစ်ဖု သစ်ဥများကိုသာ ရှာဖွေစားသောက်၍ တနေရာမှတနေရာသို့ လှည့်လည်သွားလာ နေထိုင်ကြသူများ (Nomads) သာ ဖြစ်ပါသည်။ ရေခဲခေတ်ကို ကျော်လွန်ပြီး တဖန် ကျောက်ခေတ်ဦး (ကျောက်ကြမ်းခေတ်) Paleolithic age, ကျောက်ခေတ်လယ် Mesclithic age, ကျောက်ချောခေတ် (ကျောက်ခေတ်သစ် /ကျောက်ခေတ်နှောင်း) Meolthic age ဟူ၍ ကျောက်ခေတ်များကို ကျော်လွန်ခဲ့ပြီးနောက် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ကာ အတည်တကျနေထိုင်သော ယဉ်ကျေးသည့် ခေတ်သို့ ရောက်ရှိလာခဲ့ပေသည်။
စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ပြီး အတည်တကျ နေထိုင်ခြင်းဖြင့် လူသားတို့ ယဉ်ကျေးမှု မြင့်မားလာခဲ့သည်ကို သမိုင်းဖြစ်ပေါ်တိုးတက်မှုအစဉ်တွင် တွေ့ရပါသည်။ သို့ဖြစ်၍ အခြားလူမျိုးများနည်းတူ ယဉ်ကျေး၍ လာပြီဟု ယူဆရသော ကရင်လူမျိုးများသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို ရှာဖွေရပေမည်။
ကမ္ဘာ့သမိုင်းတွင် လူ့ယဉ်ကျေးမှု တိုးတက်ထွန်းကာရာ အရပ်ဒေသများကို စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နိုင်သည့် ရေရရှိသောမြစ်ဝှမ်းအရပ်များတွင် တွေ့ရှိရသည်။
ထိုမြစ်ဝှမ်းအရပ်များမှာ …
၁။ နိုင်းလ် မြစ်ဝှမ်းဒေသ (အီဂျစ်ပြည်)
၂။ မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (မက်ဆိုပိုတေးမီးယား Mesopotamia (သို့) ရှိနားလွင်ပြင် Shinar plain)
၃။ အိန္ဒု – ဂင်္ဂါ မြစ်ဝှမ်းဒေသ (အိန္ဒိယပြည်) (Indus, Ganges)
၃။ မြစ်ဝါ (သို့) ဟွမ်ဟို မြစ်ဝှမ်းဒေသ (တရုတ်ပြည်) (Yellow river or Hwang-Ho)
အထက်ပါ လူယဉ်ကျေးမှု ထွန်းကားရာ ဒေသကြီးများအနက် အေဂျင် ပင်လယ်ဒေသနှင့် နိုင်းလ် မြစ်ဝှမ်း အထက်ပိုင်း ဒေသများတွင် ဆီးမိုက်၊ ဟန်းမိုက် အနွယ်ဝင်များ နေထိုင်ကြပြီး မွန်ဂို အနွယ်ဝင်များ နေထိုင်ကြောင်း မသိရှိရပေ။ သို့ဖြစ်၍ မွန်ဂို အနွယ်ဝင် ကရင်လူမျိုးများ စတင်ပေါ်ပေါက်လာမှုတွင် ထည့်သွင်း စဉ်းစားရန် လိုမည် မဟုတ်ပေ။ မြေထဲ ပင်လယ် မြောက်ဘက်နှင့် အေဂျင် ပင်လယ် မြောက်ဘက်ဥရောပတိုက်ဘက်တွင် အာရိယန်အနွယ်ဝင်များ ပျံ့နှံ့နေထိုင်ကြသည်ကို တွေ့ရသည်။ ထို့ကြောင့် ကျန်ရှိသော လူ့ယဉ်ကျေးမှု စတင်ထွန်းကားရာ ဒေသများအနက် အိန္ဒု – ဂင်္ဂါ မြစ်ဝှမ်း ဒေသသည် အိန္ဒိယပြည်တွင်ရှိပြီး အသားမည်း ဒရာဗီးဒီးယန်း Dravedian များသာ စတင် အခြေချရာ ဒေသ ဖြစ်သဖြင့် အသားဝါ မွန်ဂို အနွယ်ဝင် ကရင်လူမျိုးများသည် ထိုဒေသမှ စတင်မည် မဟုတ်ကြောင်း သေချာပေသည်။ သို့ဖြစ်၍ မြစ်ဝါ မြစ်ဝှမ်း ဒေသနှင့် မက်ဆိုပိုတေးမီးယား မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသကို ဆက်လက် လေ့လာရပေမည်။
မြစ်ဝါမြစ်ဝှမ်း ခေါ် ဟွမ်ဟိုမြစ်ဝှမ်း ယဉ်ကျေးမှု ထွန်းကားရာ ဒေသကို လေ့လာသောအခါ ထိုဒေသတွင် ရှေးဟောင်း တရုတ် ယဉ်ကျေးမှု ပေါ်ထွန်းခဲ့ကြောင်းနှင့် တရုတ်လူမျိုးများသည် လှည့်လည်သွားလာသူများ မဟုတ်ဘဲ အိမ်နှင့် အတည်တကျ နေထိုင်ကြောင်း သိရှိရသည်။
(History of the world by Weech, second edition, page 333, Acient China ” The Chinese grew up as dwetters in houses,
not as nomads in tents.”)။
တဖန် တရုတ်တို့သည် အသားဝါ အမျိုးတူ ဖြစ်ကြသော်လည်း မွန်ဂိုများ မဟုတ်ဟု သိရှိရသည်။ (Pratical
knowledge for all, vol 2 by Sir John Hammertal, page 132, “Early history of China and Japan”, The Chinese people, like
most of the Fore EAstern Asiaties, are Mongols, skin to but not indentical with the Mongols proper or Hun of Central
Asia, – )
သို့ဖြစ်၍ ကရင်လူမျိုးသည် မြစ်ဝါမြစ်ဝှမ်း၌ ယဉ်ကျေးသော လူမျိုးတမျိုးအဖြစ်နှင့် မပေါ်ခဲ့ဟု ယူဆရပေသည်။ အချို့ ပုဂ္ဂိုလ်များက ကရင်သည် တရုတ်မျိုးနွယ်တခု (Off shoot of Chinese) ဟု ထင်မြင်ကြပေသည်။ ဤယူဆချက်သည်လည်း မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ခရစ် မမွေးဖွားမီ ကတည်းက မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှသို့ ရောက်နှင့်သော ကရင်လူမျိုးနှင့် အတူ ပါလာသည့် ဗိသုကာ ပညာ လက်ရာများနှင့် ယဉ်ကျေးလှသော ပြောဆိုဆက်ဆံပုံများသည် ဘယ်နည်းနှင့်မျှ ထို ရှေးရှေးအခါက တရုတ်လူမျိုးများထံမှ အမွေ မရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် တရုတ်သည်ပင်လျှင် ခရစ် မမွေးဖွားမီ အချိန်က ယဉ်ကျေးလာရန်ကြိုးစားကြလျှက်ပင် ရှိသေးသည်ဟု ယူဆရသည်။
အချို့ကလည်း ကရင်များသည် တိဘက်က လည်းကောင်း၊ တရုတ်ပြည် အနောက်တောင်ပိုင်းက လည်းကောင်း တရွေ့ရွေ့ ပြောင်းရွှေ့ပြီး အရှေ့တောင်အာရှသို့ ရောက်ရှိလာသည်ဟု ဆိုသည်။ ထို အဆိုကို မငြင်းပယ်လိုပါ။ သို့ရာတွင် မယဉ်ကျေးသော တိဘက်များ နေထိုင်ရာဒေသနှင့် သွားလာရန်ပင် အလွန် ခက်ခဲသော တရုတ်ပြည် အနောက်တောင်ပိုင်းမှ ကရင်လူမျိုးများ စတင် မပေါက်ဖွားလာသည်ကိုတော့လေ့လာသူတိုင်း သဘောပေါက်ကြမည်သာ ဖြစ်ပါသည်။
ရေခဲခေတ် (စတုတ္ထကပ်) ၌ ရေခဲ နှင်းခဲ ပိတ်၍ အာရှတိုက် အလယ်ပိုင်း၌ သောင်တင်နေခဲ့သော မွန်ဂိုလွိုက် အကြွင်းအကျန်များလားဟုစဉ်းစားကြည့်လျှင်လည်း ထို နှင်းခဲခေတ် မွန်ဂို အသားဝါများသည် ကျောက်ခေတ်ဦးထက်စောပြီး လူဟူ၍ ပေါ်လာခဲ့သော လူသားများဖြစ်ကြရာ လူရိုင်းများသာ ဖြစ်ကြသည်။ ကရင်လူမျိုးများသည် ထို မွန်ဂို အကြွင်းအကျန်မှ သော်လည်းကောင်း၊ တနေရာရာတွင်ရောက်ရှိနေသော အသားဝါ အနွယ်စု တစုစုမှ သော်လည်းကောင်း ပွားလာရမည်ဟု ယူဆစရာ ရှိပါသည်။ ထိုသို့ မဟုတ်ပါကလည်းနှစ်ကြာညောင်း၍ အာရှအလယ်ပိုင်းတွင် တနေရာမှ တနေရာသို့ ရွေ့လျားသွားလာသော မွန်ဂိုများသည် ယဉ်ကျေးလာကြသည်ဟုပြောရန်မှာလည်း အတည်တကျ နေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကာ အခြားယဉ်ကျေးသော သူများနှင့် ထိတွေ့ဆက်ဆံမှု မရှိဘဲနှင့်တောင်ထိပ်တွင် လည်းကောင်း၊ မြက်ခင်းပြင်တွင် လည်းကောင်း ယဉ်ကျေးလာရန်မှာ ခက်ခဲလှပါသည်။
ယဉ်ကျေးမှု တိုးတက်လာခြင်း၏ အကြောင်းရင်းမှာ လူတို့သည် အတည်တကျ နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ကာ ပတ်ဝန်းကျင်လူမျိုးပေါင်းစုံနှင့် တွေ့ထိဆက်ဆံပြီးနောက်ပိုင်း တဖြည်းဖြည်းမှသာ ယဉ်ကျေးလာကြသည်သာ ဖြစ်ရပေသည်။
သို့ဖြစ်၍ ကျန်ရှိသော မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (၀ါ) ရှိနားလွင်ပြင် (၀ါ) မက်ဆိုပိုတေးမီးယားဒေသ ကိုသာ လေ့လာရန် ရှိပါသည်။မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ၏ ထူးခြားချက်မှာ သမိုင်းသုတေသီနှင့် ပညာရှင်အများက လူမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှု စတင်ရာဒေသ Cradle of Civilization နှင့် လူမျိုးပေါင်းစုံတို့၏ မြေပုံ Dust heap of the nations ဟု အသိအမှတ်ပြု ထားသောကြောင့် ဖြစ်သည်။ (Lands and peoples vol III, The grower society) page 217, In the garden of Eden, Mesopotamia, … has been called the Cradle of cilivation “because here the humen race is thought to have had its beginning and it has also been formed the dust heap of the nations” because the ruins of mighty empires or ancient times are buried under its sunbaked soil.)
ကမ္ဘာဦးကျမ်းတွင်လည်း လူကိုစတင်ရာ “ဧဒင်ဥယျာဉ်” ဆိုသည်မှာလည်း ဤဒေသကို ဖော်ညွှန်းလျှက် ရှိသည်။
အထက်တနေရာတွင် ဖော်ပြထားသကဲ့သို့ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည့် အသားဖြူ လူမျိုးတို့သည် ဤဒေသနှင့် ဤပတ်ဝန်းကျင်တွင်ပင် ပေါ်ပေါက်လာခဲ့သည်။ ထိုနည်းတူ အတည်တကျ နေထိုင်ပြီး စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်ကြသောယဉ်ကျေးသည့် မွန်ဂို အသားဝါ လူမျိုးနွယ်များကိုလည်း ဤဒေသတွင်ပင် တွေ့ရသည်။ (Pratical knowledge for all by Sir John Hammerton, page 67, The begeinning of history, 1st column, While on the lower Euphreates there are another group
doscribed as Mongolian.)
ထူးခြားသည်မှာ ဤမွန်ဂို လူမျိုးများသည် ယူဖရေးတီးမြစ်၏ အောက်မြစ်ဝပိုင်း (Lower euperates) တွင် အခြေချခြင်း ဖြစ်သည်။မြစ်ညှာပိုင်းနှင့် မြစ်ဝပိုင်းကို နှိုင်းယှဉ်ကြည့်ပါက မြစ်ဝပိုင်းသည် နှုန်းမြေများရှိ၍ မြေသြဇာ ကောင်းသဖြင့် စိုက်ပျိုးမွေးမြူရေး ပို၍အောင်မြင်မည်သာ ဖြစ်သည်။ မြေသြဇာ ကောင်းသော နေရာကို နေရာယူထားခြင်းသည် အခြားသူများထက် စောစွာရောက်ရှိခြင်း (သို့) အခြားသူများထက် အင်အားကောင်းခြင်းဟု အဓိပ္ပါယ် ယူရန်ရှိသည်။ ထိုနေရာတွင် အခြေချသော မွန်ဂို အသားဝါများသည် မလွဲမသွေယဉ်ကျေးလာရမည်သာ ဖြစ်သည်။
ရှေးရှေးအခါက အာရှအလယ်ပိုင်း စတက် (Steppeg) မြက်ခင်းကျယ် တပြင်တခွင်တွင် သွားလာနေထိုင်သော မွန်ဂိုအနွယ်သည် မြစ်နှစ်မွှာမြစ်ဝှမ်းဒေသသို့ ယဉ်ကျေးလာ၍ ရောက်လာခြင်း မဟုတ်ဘဲ ရောက်လာပြီးမှ ယဉ်ကျေးသူများ ဖြစ်နိုင်ပါသည်။ တိရိစ္ဆာန်များကို အာရှတိုက်အလယ်ပိုင်းတွင် မွေးမြူခဲ့ကြမည် ဖြစ်သော်လည်း အတည်တကျ မနေခဲ့သဖြင့် စိုက်ပျိုးရေးလည်း လုပ်နိုင်ခဲ့မည် မဟုတ်ပေ။ ယခုမူယူဖရေးတီး၏ မြစ်ဝပိုင်း မြေသြဇာ အကောင်းဆုံး နေရာသို့ ရောက်ရှိလာပြီးဖြစ်၍ ယဉ်ကျေးမှုသည်လည်း တိုးတက်လာရမည်မှာ ဓမ္မတာပင်ဖြစ်သည်။
မွန်ဂို လူမျိုးတွင် မျိုးနွယ်စုများကို လေ့လာသောအခါ …
၁။ တာတာ (Tartar)
၂။ နေမဲန် (Naimans)
၃။ ခါဂစ် (Kirghiz)
၎။ ၀ီဂူးဝါး (Uighurs)
၅။ ဟန်း (Huns)
၆။ ကစ်ပ်ကက် (Kipchaks)
၇။ ကရေ (Karaits) စသဖြင့် သိရသည်။
ဤမွန်ဂိုအနွယ်များထဲတွင် ကရင်၏ အမည်နှင့်တူသော ကရေ (Karaits) ဖြစ်ပါသည်။ ကရင်သည် မွန်ဂို အနွယ်ဝင် ဖြစ်သည်။ ထို့ပြင် ကရင်သည် မျိုးနွယ်စုကြီး တစု ဖြစ်ကြောင်းကို အရှေ့တောင် အာရှတွင်ရှိသော နိုင်ငံများ၌ ပျံ့နေသော ကရင်လူမျိုးများနှင့် လူဦးရေကိုကြည့်ခြင်းဖြင့် သိနိုင်သည်။ ကရင်လူမျိုးသည် လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း စသော နိုင်ငံများ၌ အများအပြား ရှိကြသည်။
ကရင်သည် မြန်မာနိုင်ငံ အတွင်း၌လည်း လူနည်းစု မဟုတ်ဘဲ လူများစု ဖြစ်ပါသည်။ လူနည်းစုဟု သတ်မှတ်ခံရခြင်းမှာ ကရင်မျိုးနွယ်ခွဲများ
ဥပမာ – ပဒေါင်၊ ကရင်နီ၊ ပအိုဝ့်၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ လားဟူ စသည့် ကရင်မျိုးနွယ်ခွဲများကို ထည့်မပေါင်းဘဲ ခွဲထားသောကြောင့် နည်းနေရခြင်း ဖြစ်ပါသည်။
မွန်ဂို အနွယ်များကို တနွယ်စီ လေ့လာပါက …
၁။ တာတာ သည် ဂျင်ဂစ်ခန်၊ ကူဗလိုင်ခန်နှင့် နောက်လိုက်နောက်ပါများ ဖြစ်ကြပြီး ယခု တရုတ်ပြည်မတွင် တရုတ်လူမျိုးများနှင့်ရောနှောသွားသည်။
၂။ နေမဲန် သည် အာရှ အလယ်ပိုင်း၌ ရှိသည်။ (History of the world by Weech, 2nd edition, page 285)
၃။ ခါဂစ် သည် ဆိုဗီယက် ပြည်ထောင်စု တာကစ်စတန်နယ်တွင် ရှိသည်။ (Lands and peoples, vol 3, page 169)
၎။ ၀ီဂူးဝါး သည် တရုတ်ပြည် တိအန်ရှန် တောင်တန်း ၀န်းကျင်တွင် ရှိသည်။ (China pictorial 4/1985, page 12)
၅။ ဟန်း သည် ယခု ဟန်ဂေရီ နိုင်ငံ၌ နေထိုင်လျှက် ရှိသည်။ (မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၄၊ က ၄၉ – ၅၁ – ၆၅)
၆။ ကစ်ပ်ကက် သည် ဆိုဗီယက် ပြည်ထောင်စု ကော့ကေးရှ တောင်တန်းနှင့် ကပ်စပီယံ ပင်လယ်ဝန်းကျင်တွင် ပျံ့နှံ့နေသည်ဟုယူဆရသည်။ (History of the world by Weech, 2nd edition, page 286)
၇။ ကရေ။ မာကိုပိုလို ခရီးသွားမှတ်တမ်း (The travels of Marcopolo, edited by Thomas Wright, MA. FRS.) (ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်) အခန်း ၃၉ – တ – ၂၃၄ တွင် ကရင်လူမျိုးများသည် ယူနန်နယ်၌ နေထိုင်ကြောင်း၊ နယ်ကြီး ၇ နယ်ခွဲ၍ အုပ်ချုပ်ရကြောင်း၊မြို့တော်မှာ ယာချိ (Yachi) ဖြစ်ကြောင်း၊ ကရင်၏ အမည်ကိုလည်း ကရေရင် (Karaian – Karaianer) ဟု ရေးသားထားသည်ကို
တွေ့ရသည်။ Judson of Burma by Professor B.R. Fearn စာ ၇၉ တွင်လည်း ကရင်၏ အမည်ကို ကရေရင် ဟု ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။ ၎င်းပြင် Professor Fearn ကဲ့သို့ လည်းကောင်း၊ မာကိုပိုလို မှတ်တမ်းကဲ့သို့ လည်းကောင်း၊ မြန်မာနိုင်ငံနှင့်ယိုးဒယားနိုင်ငံများရှိ ကရင်များကို သီအိုဒို စတင်း (Theodore Stern) က ကရေရန်နယ် (Carianners) ဟု ဖော်ပြထားသည် (Pwo Karen by James W. Hamilton, VII)။
ထို့ကြောင့် မွန်ဂို အနွယ်မှ ကရေ သည် အာရှ အရှေ့ တောင်ပိုင်းသို့ ပျံ့နှံ့ဝင်ရောက်လာသော ကရင် Karen များသာ ဖြစ်နိုင်သည်။ ၎င်းပြင် ကရေ မှ ကရင် သို့ အသံလှယ်သွားခြင်းသည် မထူးဆန်းသော ကိစ္စသာ ဖြစ်သည်။ ဥပမာအားဖြင့် ပျူဂါမ ခေါ် ပျူရွာသည် ယခုအခါ ပုဂံသို့ ပြောင်းလဲသွားခဲ့သည် (အခြေပြု မြန်မာ့ နိုင်ငံရေးသမိုင်း၊ တွဲ (၁)၊ စာ ၁၈၄၊ ဒို့ကျောင်းသား (အထူး) ၁၉၈၃ ခု၊ ဇန်န၀ါရီလ၊ စာ ၂၃၊ Jers
– Vol VIII, part 1, Oct, 1975, p 59)။
ကရင်သည် အာရှအရှေ့တောင်သို့ ရောက်ရှိမလာမီ မည်သည့်အရပ်က လာခဲ့သည့် နောက်ကြောင်းကို ပြန်လေ့လာရမည် ဖြစ်သည်။
အာရှ အလယ်ပိုင်း၊ တရုတ်ပြည် အနောက်ဘက်နှင့် အနောက်တောင်ဘက်မှ လူရေစီးကြောင်းသဖွယ် တရွေ့ရွေ့ ပြောင်းလာသည်မှာထင်ရှားပါသည်။ ယနေ့တိုင် ယူနန်နယ်နှင့် တရုတ်ပြည် အနောက်တောင်ပိုင်း၌ မြောင်၊ လားဟူ စသော ကရင်မျိုးနွယ်စု အများအပြားရှိကြသေးသည်။
အာရှတိုက် အလယ်ပိုင်း၌ ကရင်အခေါ်အဝေါ်နှင့် တွေ့ရသော အင်းအိုင်များလည်း ရှိသည်။ ၎င်းတို့မှာ -
၁။ အီစီနို (Issyk Nor) E.Long 77˚ N.Lat 43˚
၂။ လော့ပ်နို (Lop Nor) E.Long 90˚ N.Lat 41˚
၃။ ဒါလေနို (Dalai Nor) E.Long 117˚30 N.Lat 47˚15
၎။ ကိုကိုနို (Koko Nor) E.Long 100˚ N.Lat 37˚
၅။ ခါရင်နို (Charing Nor) E.Long 97˚ N.Lat 34˚45
၆။ အိုရင်းနို (Oring Nor) E.Long 97˚30 N.Lat 34˚45
၇။ ဇေလင်းနို (Zilling Nor) E.Long 89˚ N.Lat 31˚45
၈။ တန်ကရဲနို (Tengri Nor) E.Long 90˚30 N.Lat 30˚45
စသည် စသည်ဖြင့် အများအပြား ရှိပါသည်။ သို့သော် ယခုအခါ ထိုအမည် အများအပြားသည် ပြောင်းလဲ သွားကြပြီး ဖြစ်ပါသည်။
ထူးခြားသည့် အချက် တခုမှာ ကရင်များ၌ မိဘဘိုးဘွား အစဉ်အဆက် ပြောကြသော “ထီးဆဲ့မဲ့ယွာ” (River of punning sand) ဖြစ်သည်။ ထီးဆဲ့မဲ့ယွာ ဆိုသည်မှာ ရေစီးဆင်းရာတွင် သဲများပါ ရော၍ စီးနေသော နေရာဒေသကို ရည်ရွယ်ပြောခြင်း ဖြစ်သည်။ ဤစကားအရ ကရင် ဘိုးဘေးများသည် အာရှ အရှေ့တောင်သို့ တရွေ့ရွေ့ ပြောင်းရွှေ့လာရာ၌ သဲနှင့် ရေ ရော၍ စီးဆင်းသော ထူးထူးခြားခြားရှိသည့် နေရာကိုဖြတ်ကျော်လာရကြောင်း ဖော်ညွှန်းလျှက်ရှိသည်။
သို့ဖြစ်၍ အာရှတိုက် ကုန်းတွင်းပိုင်း ထိုနေရာကို အမျိုးမျိုး ရှာဖွေကြည့်ရာ ယခု အီရန်နှင့် အာဖဂန်နစ္စတန် နိုင်ငံ၏ မြောက်ဘက်၊ ဆိုဗီယက်ပြည်ထောင်စုတွင် ပါဝင်သော တာကစ္စတန် (Turkestan) နယ် (ယခု သီးခြားနိုင်ငံ) တွင် ၎င်း ထီးဆဲ့မဲ့ယွာ အမည်နှင့် ကိုက်ညီသော နေရာထင်ထင်ရှားရှားရှိကြောင်း သိရပါသည်။ (See. Lands and Peoples. Vol III, p163- “A Glimpse of Turkestan” In this strange land of Turkeston, The surface of the earth is constanl changing, rivers are shifting their courses or wandering off to beswallowed up by the desert courses or wandering off to be swallowed up by the desert sands.)
အချို့က ထီးဆဲ့မဲ့ယွာကို မြစ်ဝါမြစ်ဟု ယူဆကြသည်။ မြစ်ဝါမြစ်သည် ‘လိုးအက်စ်’ ဒေသများကို ဖြတ်ကျော်လာရသဖြင့် ရေ၏အရောင်မှာ အ၀ါရောင် ပေါက်လာခြင်းဖြစ်သည်။ ယခု ကရင် ဘိုးဘေးများ ပြောသော “သဲစီးဆင်းသောမြစ်” “သဲစီးဆင်းသောချောင်း” ဆိုသည်မှာ ၎င်းတို့ ဖြတ်သန်း ကျော်လွှားရာ၌ အလွန်အန္တရာယ် ရှိပုံရပြီး အလွန်ခက်ခဲပုံ ရပါသည်။ သို့ဖြစ်၍လည်း ၎င်းဒေသကို မမေ့နိုင်ဘဲ သားစဉ်မြေးဆက် ပြောဆိုလာကြခြင်း ဖြစ်နိုင်ပါသည်။
မြစ်ဝါမြစ် ခေါ် ဟွမ်ဟိုမြစ်သည် လှေ၊ သမ္ဗာန်ဖြင့် ကူး၍ လွယ်ကူသော နေရာ ဖြစ်သဖြင့် ထိုဒေသဖြစ်ရန် ခဲယဉ်းပါသည်။ ဖြစ်နိုင်သည်ကမြစ်ဖျားခံရာအရပ် ဖြစ်သည်။ သို့သော် မှတ်တမ်းမှတ်ရာအရ တာကစ္စတန် နိုင်ငံတွင် အချို့နေရာ၌ မြစ်ထဲတွင် သဲများ စီးဆင်းရုံမျှသာမက သဲကန္တာရထဲပင် မြစ်များမြုပ်ဝင်သွားကြသည်ဟု သိရပါသည်။ ထိုမြုပ်ဝင်သွားသော မြစ်များ၊ ချောင်းများသည် တနေရာရာတွင် ပြန်၍ပေါ်လာမည်ဖြစ်ပြီး ထိုပေါ်လာသော မြစ်ချောင်းသည် သဲနှင့်ရေ ရောလျှက် သဲစီးသော မြစ်ချောင်းသဏ္ဌာန် ဖြစ်လာပေလိမ့်မည်။
ဤအချက်အရ ကရင် ရှေးရှေးဘိုးဘေးများသည် တာကစ္စတန် ဒေသကို ဖြတ်ကျော်လာရမည်ဟု ယူဆရန် ရှိပါသည်။တဖန် ဆက်လက်၍ လေ့လာပါက စိုက်မရ ပျိုးမရနိုင်သော သဲစီးသော မြစ်ဝှမ်းတွင် ယဉ်ကျေးမှု စတင်နိုင်စရာလည်း မဖြစ်နိုင်ပါ။ကရင်လူမျိုးသည် ယခုလက်ရှိ အခြေချရာ ဒေသသို့ ရောက်ရှိစအခါက စိုက်ပျိုးရေး မွေးမြူရေးကို လုပ်ကိုင်နေထိုင်ကြသည်သာမက အုပ်ချုပ်သူ မင်းနှင့် စော်ဘွား (စကော) နှင့် ရှိနေသည်ကို ထောက်ရှုခြင်းဖြင့် အုပ်ချုပ်ပုံစနစ်နှင့် စိုက်ပျိုးမွေးမြူသည့် အတတ်တို့ကို တနေရာရာမှ တတ်သိနားလည်လာသည်ဟု ယူဆရပေသည်။ ထိုပညာရပ်များအား ကရင်များ နည်းယူရရှိခဲ့သော နေရာကို ဆက်၍စူးစမ်းရပေမည်။
အထက်တွင် ဖော်ပြထားသည့်အတိုင်း ကရင်တို့သည် တာကစ္စတန်နယ်၏ အနောက်တောင်ဘက် အီရန်နိုင်ငံ (ယခင်အခေါ် ပါရှားနိုင်ငံ)အနောက်မြောက်ဘက်ကို ဖြတ်ကျော်လိုက်ပါက မြစ်ဝှမ်းယဉ်ကျေးမှု ထွန်းကားသော “မြစ်နှစ်မွှာ” မြစ်ဝှမ်းဒေသကို ရောက်ပေမည်။
လမ်းပန်း ဆက်သွယ်ရေးအရ လွယ်ကူသော နေရာ ဖြစ်စရာ ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ပိုးကုန်သည် လမ်းကြောင်း (Silk road)နှင့် မာကိုပိုလို တရုတ်ပြည်သို့ သွားရာလမ်းသည် ဤဒေသများမှ ဖြတ်သန်းသွားသည်ကို ထောက်ရှုခြင်းဖြင့် သိနိုင်ပေသည်။
သို့ဖြစ်၍ ကရင်လူမျိုးများ ထိုမြစ်ဝှမ်းဒေသတွင် အခြေချ နေထိုင်စရာ ရှိသည်ဟု ယူဆစရာ ရှိသည်။ ကရင်လူမျိုးများ၏ အစဉ်အလာယဉ်ကျေးမှု အသုံးအနှုန်းများနှင့် အသုံးအဆောင် အချို့သည် မြစ်နှစ်မွှာ မြစ်ဝှမ်းတွင် အင်ပါယာ ထူထောင် အုပ်ချုပ်ခဲ့သော ဆီးမိုက်များနှင့်
သော်လည်းကောင်း၊ ဆီးမိုက်အနွယ် ဟီဘရူး ခေါ် ဟေဗြဲ တို့၏ အစဉ်အလာ အသုံးအဆောင်များနှင့် တူကြသည်ကို တွေ့ရသည်။
ဥပမာအားဖြင့် ‘စကော’ (မြန်မာအခေါ် ‘စော်ကဲ’) သည် အကြီးအကဲ ခေါင်းဆောင် စော်ဘွားဟု အဓိပ္ပါယ်ရသည်။ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု “ကရင်” စာအုပ်တွင် စော်ကဲသည် ၁၁၅၀ ခန့်ကို အုပ်ချုပ်ရသည်ဟု ဆို၏။ ကရင်များက မိမိ အကြီးအကဲကိုခေါ်သော’စကော’ သည် မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသတွင် အင်ပါယာနိုင်ငံ ထူထောင်၍ အုပ်ချုပ်ခဲ့သော ဆီးမိုက်ခေါင်းဆောင် ‘ဆာဂွန်’ နှင့် အခေါ်အဝေါ်တူပါသည်။ မြန်မာ့ သမိုင်းမှာ “မင်းကြီးစွာစော်ကဲ ဘယ်သူလဲ” သိလိုသော ကရင်လူငယ်များ “မှန်နန်းရာဇ၀င်” ကို အခေါက်ခေါက် အခါခါ
ဖတ်၍ လေ့လာနိုင်ပါသည်။ (History of the World by Leech, p56 “Sargon Empire” Propably about 275089, a Semitie chieftain called Sargon ruled in Akkad, and he was a truly great soldier.)
ကရင်လူမျိုးတို့ အမြတ်တနိုး ၀တ်ဆင်ကြသော ကရင်အင်္ကျီ (သင်တိုင်း) သည် ရှေးရှေးအခါက ဆီးမိုက်အနွယ်ဝင် ယုဒလူမျိုး၊ ဣသရေလလူမျိုးတို့၏ သင်တိုင်းနှင့် တူသည်။
ကရင်လူမျိုးတို့၏ ယဉ်ကျေးမှု အသုံးအဆောင် တခုဖြစ်သော ကျွဲချိုသည် ဣသရေလ၊ ယုဒတို့၏ ကျွဲချိုနှင့် တူသည်။ကရင်လူမျိုးတို့က မိမိတို့ ကိုးကွယ်သော တန်ခိုးရှင်၊ ဘုရားကို ယွာ (Ywah) ဟု ခေါ်သည်။ ဆီးမိုက်အနွယ်ဝင် ဣသရေလ ဟီဘရူးတို့က ဘုရားကို ယာဝယ် (Yahweh) ဟု ခေါ်သဖြင့် အလွန် ဆင်တူသည်။ (A star in the east by Rev. Edward Norman Haris p.30, The Karen name for God, Y’wah is very like Yahweh … Ancient Hebrew pronunciation of the scored name Jehovah.)
ကရင်များ အော်ဘွာ (နတ်စားခြင်း) သည် ဆီးမိုက်အနွယ်ဝင် ဣသရေလ၊ ယုဒနှင့် ဟီဘရူးတို့၏ ပဿခါပွဲတော် (Passover) နှင့် ဆင်တူသည်။ (A star in the east by Rev. Edward Norman Haris p.31, The Karen know nothing of circumcisin, but they have certain customs which remind one of some of the mosaic Institution, notably the Passover.)
ကရင်များသည် ရှေးအခါက ယေရှုခရစ် ဆိုသည်ကို ကြားလည်း မကြားဘူးပါ။ ကိုးလည်း မကိုးကွယ်ပါ။ ယွာ (Y’wah) ကိုသာ ကိုးကွယ်သည်။အော်ဘွာ ပြုလုပ်ခြင်းသည် ဘုရားကို ယဇ်ပူဇော်ခြင်းသာ ဖြစ်သည်။ ဂေါတမ ဗုဒ္ဓကိုလည်း မကိုးကွယ်ခဲ့ပါ။ မြန်မာနိုင်ငံသို့ ရောက်လာပြီးမှသာ ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန် ဘာသာဝင်များ ဟူ၍ ဖြစ်လာခြင်းသာ ဖြစ်သည်။ ကရင်ကိုးကွယ်သော ရှေးဘုရားမှာ ယွာ (Y’wah) သာလျှင်ဖြစ်သည်။ ယခု ဗုဒ္ဓဘာသာဝင် ကရင်များ အော်ဘွာ နတ်စားခြင်းသည် ရှေးအစဉ်အလာအတိုင်း ပြုလုပ်ခြင်း ဖြစ်သည်။
ကာလကြာလာခြင်းကြောင့် အနည်းငယ် ပြောင်းလဲမှု ရှိခြင်းသည် ဓမ္မတာပင် ဖြစ်သည်။ အတိုချုပ် ပြောရမည်ဆိုပါက ယဉ်ကျေးလာပြီဟု ယူဆရမည်ဖြစ်သော မွန်ဂိုအနွယ်ဝင် ကရင်ဘိုးဘေးများသည် ဤလူမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှု စတင်ရာ (Cradle of civilization) မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသတွင် အခြေချ နေထိုင်ခဲ့သည်ဟု ယူဆနိုင်ပေသည်။
ယနေ့ အရှေ့တောင်အာရှတွင် အနှံ့နေထိုင်ကြသော ကရင်များသည် အလွန်ဝေးလံလှသော မက်ဆိုပိုတေးမီးယား ဒေသမှ လူမျိုးများနှင့်အရေးကြီးသော အကြောင်းအရာများ တူညီနေခြင်းသည် ထူးခြားချက်ပင် ဖြစ်သည်။ အတူတကွ သော်လည်းကောင်း၊ နီးနီးကပ်ကပ်သော်လည်းကောင်း နေထိုင်ခဲ့ကြရမည်ဟု ယူဆရပေသည်။ ၎င်းပြင် မက်ဆိုပိုတေးမီးယား ဒေသ၌ ဆူးမားရီးယန်းတို့၏ အုတ်ဖုတ်ခြင်း၊မြို့တည်ခြင်းကိုလည်း ကရင်များ နားလည် နည်းယူခဲ့သည်ဟု ယူဆနိုင်သေးသည်။မက်ဆိုပိုတေးမီးယား ဒေသသည် မြေသြဇာ အလွန်ကောင်းသော ဒေသ ဖြစ်သည်။ စပါးတတင်း မျိုးချလျှင် တင်း ၁၀၀ ထွက်သည်ဟုအဆိုရှိပါသည်။ (ဦးတင်မောင် ရေးသည့် ရှေးခေတ်ဟောင်း ကမ္ဘာ့သမိုင်း ပထမတွဲ၊ စာ- ၈၇၊ စာကြောင်းရေ ၁၁)
ဤမျှ မြေသြဇာကောင်းသော ဒေသကို မွန်ဂိုအနွယ်ဝင် ကရင်များသည် အဘယ်ကြောင့် စွန့်ပစ်၍ တောအထပ်ထပ်၊ တောင်အထပ်ထပ်၊ သဲစီးဆင်သော အန္တရာယ်ရှိသည့် မြစ်များကို ကျော်ဖြတ်လျှက် အရှေ့တောင် အာရှ ဒေသသို့ ပြောင်းရွှေ့လာကြရပါသနည်း။ စိတ်ဝင်စားဖွယ်ရာ အချက်တခုပင် ဖြစ်သည်။
မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (သို့) မက်ဆိုပိုတေးမီးယား ဒေသ (သို့) ရှိနလွင်ပြင် ဒေသသည် မြေသြဇာ အလွန်ကောင်းသော ဒေသ ဖြစ်သည်(Pertile cresent)။ ထိုသို့ မြေသြဇာ ကောင်းသော ဒေသကို လူမျိုးများ တမျိုးပြီး တမျိုး၊ တသုတ်ပြီး တသုတ် ၀င်ရောက်လာကြပြီး ရှိနှင့်သော လူမျိုးများကို တိုက်ခိုက် အနိုင်ယူကာ အခြေချ နေထိုင်ခဲ့ကြသည်။ ရှုံးနိမ့်သော သူများအနက် အချို့မှာ ရှောင်ခွာသွားကြပြီး အချို့မှာ လက်အောက်ခံ ဘ၀ဖြင့် ရောနှော နေထိုင်သွားကြသည်။
ဥပမာ ဘီစီ ၅၀၀၀ ခန့်က မက်ဆိုပိုတေးမီးယား အောက်ပိုင်းတွင် ဆူးမားရီးယန်း လူမျိုးများ အခြေချ နေထိုင်ကြသည်။ အထက်ပိုင်း၌အကားဒီးယန်းများ နေထိုင်ကြသည်။ အတန်ကြာသော် အာရေးဘီးယား သဲကန္တာရဘက်မှ ဆီးမိုက်များ ၀င်ရောက်တိုက်ခိုက်ပြီး အကာဒီးယန်းဒေသကို သိမ်းပိုက်လိုက်သည်။ နောက်တဖန် အောက်ပိုင်းဒေသတွင်ရှိသော ဆူးမားရီးယန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်ပြီး ဆူးမားအက္က နိုင်ငံ နှစ်ခုပေါင်း အုပ်ချုပ်ခဲ့သည်။ ၎င်းတို့၏ ဘုရင် ဆာဂွန်သည် အလွန်တန်ခိုးကြီးသည့် အင်ပါယာနိုင်ငံကိုထူထောင်ခဲ့သည်။
တခါတရံ ဆီးမိုက်ဘုရင်ငယ်များ အချင်းချင်းလည်း တိုက်ခိုက်ကြသည်။ အာမိုရိုက် လူမျိုး၊ ဟစ်တိုက်ဟူရယန်၊ ကဆိုကများ၊ ပါရှန်းများ၊ မိဒိများ၊ အီလာမိုက်၊ ဟစ်ဆော့၊ အဆီးရီးယန်း၊ အာရိယန် စသည့် လူမျိုးများသည် တဦးနှင့်တဦး တိုက်ခိုက်ကြသောကြောင့် မက်ဆိုပိုတေးမီးယား ဒေသသည် စစ်တလင်းဖြစ်လိုက်၊ အေးဆေးသောအခါ တိုးတက်လိုက်နှင့် လူမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှုထွန်းကားရာ ဒေသ ဖြစ်လာတော့သည်။ ထိုသို့ မကြာခဏ ဆိုသလို စစ်ပွဲ ဖြစ်နေ၍ ငြိမ်းချမ်းစွာ နေလိုသော ကရင်များသည် ထိုဒေသမှ ထွက်ခွာကြခြင်း ဖြစ်ဟန်တူပေသည်။
ကရင်လူမျိုးများ ထွက်ခွာလာခြင်း
ကရင်လူမျိုးများ မက်ဆိုပိုတေးမီးယား ဒေသမှ ထွက်ခွာလာကြခြင်းနှင့် ပတ်သက်၍ မည်သည့် အချိန်က ထွက်ခွာလာသည်ကို အတိအကျ ပြောရန် ခဲယဉ်းပေသည်။ သို့သော် ဆာဂွန်ဘုရင်သည် ဘီစီ ၂၇၅၀ ခန့်တွင် မက်ဆိုပိုတေးမီးယားတွင် အုပ်ချုပ်မင်းလုပ်နေပြီ ဖြစ်၍ဆာဂွန်ဘုရင် လက်ထက်အထိ ကရင်များ ရှိခဲ့မည်ဟု ခန့်မှန်းရသည်။ အဘယ်ကြောင့်ဆိုသော် စကော ဟူသော အကြီးအကဲ ခေါင်းဆောင် အခေါ်အဝေါ်ကို ဆာဂွန် အမည်မှတဆင့် ကရင်များ ရခဲ့ပုံပေါ်သည်။ ဖြစ်နိုင်သည်မှာ ဘီစီ ၂၅၀၀ ခန့်လောက်တွင် ထွက်ခွာလာကြသည်ဟု ခန့်မှန်းယူဆလျှင် သင့်တော်ပေလိမ့်မည်။
တဖန် မည်သည့်လမ်းကလာ၍ မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှ ဒေသသို့ မည်သည့်အချိန်က ၀င်ရောက်လာကြသနည်းဟူသောအမေးကို စဉ်းစားကြပါစို့။ ရှေ့ပိုင်းတွင် ဖော်ပြထားသကဲ့သို့ အာရှအလယ်ပိုင်း တပြင်တခွင်တွင် ကရင်အမည်နှင့် မှည့်ခေါ်ခဲ့သော
အင်းအိုင်များကို ကြည့်ခြင်းဖြင့် ကရင်လူမျိုးများသည် မြစ်နှစ်မွှာ ဒေသမှ အရှေ့ဘက်သို့ ထွက်ခွာလာကြသည်ဟု ယူဆရသည်။အများအားဖြင့် ရှေးလူမျိုးများ ရွေ့ရှားပုံကို လေ့လာပါက သွားလာရေး လွယ်ကူသော မြစ်ကြောင်းဖြင့်သာ စုန်လိုက် ဆန်လိုက်ပြောင်းရွှေ့ကြသည်ဟု ယူဆနိုင်ပါသည်။
ထို့ကြောင့် ရှိနလွင်ပြင် အောက်ပိုင်းမှ ယူဖရေးတီး၊ တိုက်ဂရစ် မြစ်ကို ဆန်ပြီး ကော့ကေးဆပ် (Caucasus) တောင်တန်းဘက်သို့ ရွေ့သွားပုံရသည်။ ကရင်လူမျိုးများ ကော့ကေးဆပ် တောင်တန်းတွင် နေထိုင်ခဲ့ကြောင်းနှင့် ကော့ကေးဆပ် တောင်တန်းသားဟု အဆိုပြုမှု ရှိခဲ့ပါသည်။ (The loyal Karen of Burma by D.M. Smeton. M.A. 1920, p77, The Karen are small in Nature … and the features of those of pure blood are caucasian intype.)
၎င်းပြင် မြစ်ကြောင်းသည်လည်း ကော့ကေးဆပ် တောင်တန်းမှ မြစ်ဖျားခံသောကြောင့် ဖြစ်သည်။ သတိပြုရမည်မှာ ကရင်လူမျိုးများ ပြောင်းရွှေ့သွားခြင်းသည် တရွေ့ရွေ့နှင့် ပြောင်းရွှေ့သွားခြင်းမျိုး ဖြစ်မည်။ မြစ်ဖျားခံရာ ကော့ကေးဆပ် တောင်တန်းသို့ ရောက်သောအခါ ၎င်းတောင်တန်း၌ ရေခဲမြစ်များ၊ ကျောက်နံရံများ စသည့် အခက်အခဲများ ရှိသဖြင့်ရှေ့သို့ ဆက်မသွားနိုင်တော့ပုံရသည်။
မြန်မာ့စွယ်စုံကျမ်း (အတွဲ ၁၊ စာ ၂၄၈) ၌ ကော့ကေးရှားနယ်ရှိ တောင်တန်းများသည် အချို့နေရာ၌ မိုင်ဝက်ခန့်သာ မြင့်သည်။ ကျောက်နံရံကြီးသဖွယ် ဖြစ်နေပြီးသော် အချို့တောင်ထိပ်များမှာ ပေ ၁၆၀၀၀ ကျော်မြင့်သည်။ အမြင့်ဆုံး တောင်ထိပ်မှာ ပေ ၁၈၄၈၁ မြင့်သော အဲလ်ဗရူး တောင်ထိပ်ဖြစ်သည်။ ယင်းမှာ ဥရောပ တောင်များအနက် အမြင့်ဆုံးဖြစ်သည်။ တောင်ကြားများတွင် ရေခဲမြစ်ပေါင်း ၉၀၀ ကျော်ရှိသည်ဟု ဖော်ပြထားသည်။ ၎င်းအခက်အခဲများကြောင့် ကရင်များသည် ကော့ကေးဆပ်တောင်တန်းကို မကျော်နိုင်တော့ဘဲ အရှေ့ဘက်သို့ ထွက်ခွာလာသည်ဟု ယူဆရသည်။ ထိုမှတဆင့် ထီးဆဲ့မဲ့ယွာ ရှိသည်ဟု ယူဆရသော တာကစ္စတန်နယ်ကို ဖြတ်ပြီး ကမ္ဘာ့အမိုး “ပါမီယာ” (Pamirs)တောင်၏ မြောက်ဘက်ဝန်းကျင်မှ ဖြတ်ကာ တရုတ်ပြည် အနောက်ဘက်နှင့် တောင်ဘက်သို့ ရောက်ရှိပြီး တိဘက်ဒေသမှ မဲခေါင်၊ သံလွင်၊ ယန်စီကျန်မြစ်ကြောင်းများအတိုင်း အရှေ့တောင် အာရှသို့ ပြောင်းရွှေ့လာကြသည်ဟု ယူဆရသည်။ ပြောင်းရွှေ့လာပုံမှာ တရွေ့ရွေ့နှင့် တသုတ်ပြီးတသုတ် လူရေစီးကြောင်းသဖွယ် ပြောင်းလာသည်ဟု ယူဆရပေမည်။
အင်းများ အိုင်များ ပတ်ဝန်းကျင် ရောက်သောအခါ နှစ်အတန်ကြာ နေကြပုံရသည်။ ထိုသို့ နေခဲံ၍သာ အင်းအိုင်များသည် ၎င်းတို့ခေါ်သောအမည်နှင့် တွင်ရစ်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။
စိုက်ပျိုးမွေးမြူရေး ကောင်းသောနေရာ ဒေသများ၌ နှစ်အတန်ကြာ နေထိုင်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင် အာရှသို့ရောက်သောအခါ ဤဒေသ၌ ကြေးခတ် ထွန်းကားသော အချိန်နှင့် တိုက်ဆိုင်မည်ဟု ခန့်မှန်းရသည်။ အဘယ်ကြောင့်ဆိုသော ကရင်လူမျိုးများ အမြတ်တနိုး တန်ဘိုးထားသော ဖားစည် (Frog drum) မှာ ကြေး၊ သတ္တုနှင့် ပြုလုပ်ထားသဖြင့် ဖားစည်သုံးသောခေတ်သည် အရှေ့တောင် အာရှ၌ ကြေးခေတ် ထွန်းကားနေပြီဟု ယူဆရသည် (ဗိုလ်မှူး ဘရှင် ရေးသည့် အနော်ရထာဘုရင်နှင့်မြန်မာနိုင်ငံ၊ ပထမနှိပ်ခြင်း၊ စာ ၆၇၊ စာကြောင်း ၉)။ ထို့ပြင် တိဘက် မြန်မာ ရှေ့ပြေးလူများ မ၀င်ရောက်မီ ကတည်းကပင် အရှေ့တောင်အာရှ၌
ကြေးသွန်းအတတ် ရှိနေပြီဟုလည်း ဆိုနိုင်ပါသည်။
အရှေ့တောင်အာရှသို့ ၀င်ရောက်လာပုံ
အထက်ဖော်ပြပါအတိုင်း မွန်ဂိုအနွယ်ဝင် ကရင်များသည် အာရှအရှေ့တောင်သို့ ကျောက်ခေတ်နှောင်း ကုန်ဆုံးပြီး ကြေးခေတ် ထွန်းကာချိန်၌ ၀င်ရောက်လာခဲ့သည်ဟု ယူဆရသည်။ ကြေးလက်နက် ပစ္စည်းများကို မြောက်ဗီယက်နမ် မြစ်နီမြစ်ဝှမ်းရှိ “ဒုံးစောင်းယဉ်ကျေးမှု” (Donsonnian culture) ၌ တွေ့ရှိသည့်အပြင် မြန်မာပြည်နှင့် ကမ်ပူးခြား (ကမ္ဘောဒီးယား) ၌လည်း တွေ့ရသည်။
မာကိုပိုလိုသည် မွန်ဂိုတာတာ စစ်တပ်နှင့် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်က ယူနန်ရှိ ကရင်များ နေထိုင်ရာ ပြည်နယ်ကြီးကို ဖြတ်ခဲ့ပြီး နယ်က ကျယ်လွန်းသဖြင့် (၇) ပိုင်းခွဲကာ အုပ်ချုပ်ရကြောင်း၊ မြို့တော်မှာ ယာချီ (Yachi) ဖြစ်ပြီး တာလီဖူ ဟုလည်း ခေါ်ကြောင်းမှတ်တမ်းတင်ခဲ့သည်။
ကရင်လူမျိုးများ မြစ်နှစ်မွှာဒေသ၊ မြေထဲပင်လယ် ဘက်မှ အရှေ့တောင်အာရှဘက်သို့ ပျံ့နှံ့လာသော အယူအဆကို အက်စ်ကေချာတာဂျီ(S.K. Chatterji) က ထောက်ခံ တင်ပြထားသည် (The history and culture of the Indian meoiib. vol. 1, p148 – 149)။
မြောက်ဘက်မှ တောင်ဘက်သို့ ရွှေ့ပြောင်းလာကြရာတွင် တရုတ်ပြည် အနောက်တောင်ဘက်ရှိ သံလွင်မြစ်၊ မဲခေါင်မြစ်၊ ယန်စီကျန်မြစ်ကြောင်းများအတိုင်း ပြောင်းရွှေ့လာပုံရသည်။ သံလွင်နှင့် မဲခေါင် မြစ်နှစ်ခု အနီးကပ်ဆုံးနေရာသည် (၁၀) မိုင်သာ ဝေးပြီး မဲခေါင်နှင့်ယန်စီကျန်မြစ် အနီးဆုံးနေရာသည် မိုင် (၅၀) ခန့်သာ ရှိသဖြင့် မနီးမဝေးရှိသော မြစ်ကြောင်း (၃) ကြောင်းမှ အာရှအရှေ့တောင်သို့ ပြောင်းရွှေ့လာပုံရပါသည်။ ယန်စီကျန် မြစ်ဝပိုင်းနှင့် မြစ်ဝှမ်းအောက်ပိုင်းသည် ရေလွှမ်းမိုးသဖြင့် ထိုဒေသသို့ ပျံ့နှံ့ရောက်ရှိသွားသော
ကရင်များသည် တောင်ဘက် ဗီယက်နမ်ရှိ မြစ်နီမြစ်ကြောင်းဖြင့်လည်း တောင်ဘက်သို့ ရွှေ့လာပုံရပါသည်။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က M.A.B သတင်းဌာနမှ မိတ်ဆွေတဦးသည် မြောက်ဗီယက်နမ်၊ ဟနွိုင်မြို့တော်သို့ ရောက်ရှိပြီး ဗီယက်နမ် အမျိုးသားပြတိုက်ကို ၀င်ရောက်လေ့လာရာ ၎င်းတို့၏ ယဉ်ကျေးမှု ပစ္စည်းများသည် ကရင်လူမျိုးတို့၏ ယဉ်ကျေးမှု ပစ္စည်းများနှင် အတူတူပင်ဖြစ်သည်ဟု ပြောပြ သိရှိ ခဲ့ရပါသည်။ သို့ဖြစ်ရာ ကရင်ရှေးလူကြီးများ၏ မှတ်တမ်းမှတ်ရာများသည် ခိုင်မာသော အထောက်အထားများ ဖြစ်သည်မှာ ပေါ်လွင်နေပါသည်။
မြန်မာနိုင်ငံသို့ ကရင်လူမျိုးများ ၀င်ရောက်လာပုံမှာ လေ့လာရသမျှ ကြေးခေတ်ထွန်းကားချိန်တွင် တရုတ်ပြည် အနောက်တောင်ဘက်မှတဆင့် တရွေ့ရွေ့ ပြောင်းရွှေ့လာကြပြီး သံလွင်မြစ်၊ ရွှေလီမြစ် (မအိုက္လိုး) မှတဆင့် တကောင်းအရပ်သို့ ရောက်လာကြသည်ဟု ရှေးကရင် မှတ်တမ်းများအရ သိရှိရပါသည်။ တကောင်းအရပ်တွင် မြေပြန့်၍ စိုက်ပျိုးမွေးမြူရေး ကောင်းပုံရသဖြင့် အခြေချ နေထိုင်ကြလေသည်။
တကောင်း ဟူသော အမည်မှာ ကရင်ဘာသာဖြင့် တူကော ဟုခေါ်သည်။ ရှမ်းဘာသာဖြင့် တာကော ဟု ခေါ်ပြီး ဖားစည်ဆိပ်ကမ်း ဟုအဓိပ္ပါယ်ရသည်။ (တာ- ဆိပ်ကမ်း၊ ကော- စည်)။ ကရင်များ နတ်စည် ကဲ့သို့ တန်ခိုး ရှိသည်ဟု ယူဆကြသည်။ ရှမ်းများက မြစ်ကမ်းနားတွင် လာရောက်ရောင်းချကြသဖြင့် တာကော ဟု အမည်တွင်ရာမှ တကောင်းဟု ခေါ်တွင်လာခဲ့သည်ဟု အဆိုရှိလေသည်။ ပုသိမ်မြို့နှင့် ဆင်တူပါသည်။ ကရင်များက ပုသိမ် ဟုမခေါ်ဘဲ ပသိ ဟု ခေါ်ကြသည်။ ရှေးအခါက ကရင်များ နေထိုင်ရာ ဒေသသို့
ကုန်ရောင်းကုန်ဝယ်ရန် ပင်လယ်ရေကြောင်းမှ ရောက်လာသော ပသိ လူမျိုးများကို အစွဲပြုပြီး ၎င်းတို့ ဈေးလာရောင်းဝယ်သော ကရင်တို့ နေထိုင်ရာ နေရာကို ပသိ ဟုခေါ်လာကြရာမှ ပုသိမ်ဟု တွင်လာခြင်း ဖြစ်သည်။
ကရင်လူမျိုးများ မြန်မာနိုင်ငံသို့ ရောက်စက မြစ်အမည်များ မရှိကြသေးပါ။ ကရင်များက ယခု ဧရာဝတီမြစ်ကို ယဲ့ဝါးက္လိုး၊ စစ်တောင်းမြစ်ကို ပရဲလိုက္လိုး၊ သံလွင်မြစ်ကို ဃိုလိုက္လိုး၊ မဲခေါင်မြစ်ကို ကောလို ဟူ၍ အမည်ပေးခဲ့သည်။
ကရင်လူမျိုးများ မြန်မာနိုင်ငံ အနှံ့သို့ တသုတ်ပြီးတသုတ် ကြေးခေတ်ကတည်းက ၀င်ရောက်လာခဲ့ ကြသော်လည်း မြန်မာနိုင်ငံ သမိုင်းတွင် ကရင် ဟူသော အမည်သည် ထူးဆန်းစွာ ပျောက်ကွယ်နေပါသည်။ သဏ္ဍာန်အားဖြင့် အဝေး၌ စိမ်းလန်း မဲမှောင်နေသော သစ်တောကြီးတတောကို မြင်တွေ့ရ၏။ တဖြည်းဖြည်းနှင့် သစ်တောကြီးရှိရာသို့ ရောက်လာပြီး သစ်တောအတွင်း ၀င်သွားသောအခါ ကျွန်း၊ ပျဉ်းကတိုး၊ အင်ကြင်း၊ သစ်ယာ၊ ပိတောက်၊ ပျဉ်းမ စသည်ဖြင့် သစ်ပင်အမျိုးမျိုးကို တွေ့ရသဖြင့် အဝေးက မြင်တွေ့ခဲ့သော သစ်တောကြီး ဘယ်ရောက်သွားသည်ကို မသိတော့ဘဲ ပျောက်ကွယ်သကဲ့သို့ ဖြစ်ရပါသည်။ အမှန်အားဖြင့် ကရင်သည် မြန်မာနိုင်ငံ အနှံ့အပြားတွင် ယေရှုခရစ် မမွေးမီ ကြေးခေတ်ကတည်းက ပျံ့နှံ့လျက် ရှိနေကြပြီး ဖြစ်သည်။
အမည်အားဖြင့် စကော၊ ပိုး၊ ပအို (တောင်သူ)၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ ပဒေါင်၊ ယင်းဘော်၊ ယင်းတလဲ၊ ဘွဲ၊ ပရဲ့၊ ဂယ်ခို၊ ဂယ်ဘား စသဖြင့် လူအမျိုးပေါင်းများစွာ အမည်ကွဲသွား သောကြောင့် ဖြစ်သည်။
အစောပိုင်း မြန်မာ့သမိုင်းတွင် ပျူလူမျိုးရှိကြောင်း၊ အလွန်ယဉ်ကျေးကြောင်း၊ အဆင့်အတန်း မြင့်မားစွာ မြို့ပြနိုင်ငံများကို အေဒီ (၁) ရာစုတွင် တည်ထောင်ခဲ့ကြောင်း မှတ်တမ်းတင်ထားကြသည်။ သို့ဖြစ်၍ ပျူ ခေါ်သော လူမျိုး ဘယ်ကလာသလဲ စဉ်းစားစရာ ဖြစ်လာသည်။
အခြေအမြစ် မသိသူအဖို့ မျက်စိလည်ရပါသည်။ မြန်မာပြည်တွင် ကျောက်ခေတ်က အညာသား ယဉ်ကျေးမှု (Anyathian culture) ခေါ် ဧရာဝတီ ယဉ်ကျေးမှုသည် အညာအရပ်တွင် ပေါ်ခဲ့သည်။ ထိုကျောက်ခေတ်က လူသားများသည် သြစတြစ်အနွယ်ဝင်များအဖြစ် အဆင့်ဆင့် ရွေ့လျားသွားပြီး လက်ကျန်များအဖြစ် ဆလုံ၊ မလေး (နီဂရစ်တို) အဖြစ် တွေ့ရသည်။ ကရင်လူမျိုးများ ၀င်ရောက်စဉ်နိုင်ငံသည် အသစ်စက်စက်ကဲ့သို့ ဖြစ်နေသည်။ ဤသည်ပင်လျှင် မြန်မာ့သမိုင်း ဖြစ်ပေါ်တိုးတက်မှု၌ ကွင်းဆက်ပြတ်နေသကဲ့သို့ ဖြစ်နေပေသည်။
ပျူသည် ဘာလူမျိုးလဲ။ ဘယ်က လာသလဲ။ အဖြေရှာကြည့် ကြပါစို့။ ပျူများသည် အသားမမဲသဖြင့် ကုလား မဖြစ်နိုင်။ ကပ္ပလီလည်း မဖြစ်နိုင်ပါ။ ပျူသည် အသားဝါသဖြင့် အသားဝါ အနွယ်ဝင် မွန်ဂိုလွိုက်များ ဖြစ်ကြသည်။ မွန်ဂိုအနွယ်ကြီးထဲမှာ ပျူအမည်ကို ရှာကြည့်ရာ၌လည်း ပျူဟူသော နာမည် မပါဝင်ပါ။ ဤသို့ဖြစ်လျှင် ပျူ ဘယ်က လာသလဲ။ အဖြေမှာ ရှင်းရှင်းကလေးပင် ဖြစ်ပါသည်။ ကရင်များ မြန်မာနိုင်ငံသို့ ခရစ်တော် မမွေးဖွားမီ ကြေးခေတ်ကတည်းက နေရာအနှံ့ ပြန့်ခဲ့ပြီးဖြစ်သည်။ ကရင်အမည်ကို လေ့လာစဉ်က ဖခင်အနွယ် (စကော) ကရင်၊ မိခင်အနွယ် (ပ၀ိုး) ကရင်ဟု ခေါ်ခဲ့ရာ နိုင်ငံခြားသားများက ပ၀ိုး ကို ခေါ်၍ မပီသဖြင့် လည်းကောင်း၊ ခေါ်မတတ်၍ လည်းကောင်း ပ၀ိုးမှ ပျူသို့ အသံလှယ်သွားခြင်းသာ ဖြစ်ပါသည်။ ဆိုလိုသည်မှာ ပျူသည် ကရင်ဖြစ်ပါသည်။ (တောင်ကြီးမြို့၊ သမိုင်းမွမ်းမံသင်တန်း တက်စဉ်က မန္တလေး တက္ကသိုလ် သမိုင်းဌာနမှ သင်တန်းပို့ချသော တာဝန်ရှိ သမိုင်းဆရာတဦးအား မေးကြည့်ရာ ၎င်းက ပျူသည် ကရင်ဖြစ်သည် ဟု ပြောပါသည်။ ၎င်းသမိုင်းဆရာသည် ရှေးဟောင်းကျောက်စာပညာရှင်တဦးလည်း ဖြစ်ပါသည်။
ပျူတို့၏ ကိုယ်ခန္ဓာ တည်ဆောက်ပုံ၊ အရပ်အမောင်း၊ ဆံပင်၊ မျက်စိ၊ စိတ်နေစိတ်ထား၊ အသားအရောင်သည် ကရင်ဖြစ်သည်ဟုဖော်ပြသည်။ ထင်ရှားသော ပျူမင်းတပါး၏ အမည်သည် ပျူစောထီး ဟုခေါ်သည်။ ကရင် မှတ်တမ်းမှတ်ရာအရ စောဒီ ဟု ခေါ်ကြောင်း သိရသည်။
မှန်နန်းရာဇ၀င်တော်ကြီး၌ ပျူနှင့်ပတ်သက်၍ အောက်ပါအတိုင်း ကောက်နုတ်တင်ပြပါသည်။
ကိ။
သို့ဖြစ်လျှင် ဟံသာဝတီ ပျူ (ဟန်လင်း) မင်း ၈၀၀။ တမ္ပဒီပ ပျူမင်း ၁၉၀။ မကရာ ပျူမင်း ၁၆၀။ ပင်လယ် ပျူမင်း ၆၇။ ကောင်းစင် ပျူမင်း
၃၀။ အလ္လကပ္ပ ပျူမင်း ၂၆။ ရွာပုကြီး ပျူမင်း ၅၀။ လယ်ကိုင်း ပျူမင်း ၄၀။ မင်းပေါင်း ၁၃၉၃ ပါး။
တူ။ ဟံသာဝတီပျူလက်နိုင် စောရန်နစ် လက်ထက် ရတနာမိုး နှစ်ကြိမ်ရွာ၏။
ကူ။
မတရာပျူအဆုံးကား “စောဦးစွာ” မင်းပြု၏။
ကော။
ရှေးဟောင်းစာဆိုအတိုင်း ယူရသော် ပျူမင်းဆက်များလည်း ရှားရှားပါးပါး မဟုတ်။ ဘုန်းဘောလအော ပင် ဖြစ်တော့သည်။ ပျူများသည်နေရာမလပ် အနှံ့ပင် ဖြစ်တော့သည်။
ကိ။
ဤသဘောကို မြန်မာ ပူရာဏ်စာဟောင်း များက ဆိုကြ၏။
ကော်။
သို့သော် ရှေးဟောင်းစာဟောင်းကို အရူးခြင်းတောင်း သဖွယ်ထား၍ လစ်လျူရှုရမည်မှာလည်း အခက်ပင်ဖြစ်သည်။ စာဟောင်း၌ပါသော ဘုရင်အမည်များ၊ မြို့အမည်များ ယနေ့ထင်ရှားသော မြို့များ၏ စကားလုံးရင်းမြစ် ဖော်ပြချက်များ “ဥပမာ- မက္ခရာ၊ ပင်လယ်”၊မင်းအရေအတွက် အသေအချာ ဖော်ပြချက်များကို ကြည့်ရခြင်းအားဖြင့် မဟုတ်ခါမှ လွဲရော၊ ရာဇ၀င်တန်ဘိုး မရှိသည့်တိုင်အောင် ရာဇပုံ(Tales of Kings) တန်ဘိုးအားဖြင့် မုချရှိသည်ဟု ဆိုရပေမည်။ (မောင်ကန် ပျူ မြန်မာစွယ်စုံတွဲ ၂၊ စာ ၂၄၅)။ ဤမှန်နန်းရာဇ၀င် အထောက်အထားအရ ပျူများ မြန်မာပြည်အနှံ့ ရှိနေသည်မှာ ထင်ရှားပါသည်။ ဆိုလိုသည်မှာ ယေရှုခရစ်မမွေးမီကတည်းက ကရင်များသည် မြန်မာနိုင်ငံတွင် အများအပြား ရှိနှင့်ပြီး ဖြစ်သည်။
တဖန် မြန်မာ့သမိုင်း၌ မှတ်တမ်းတင်ထားသော ပျူ၊ ကမ်းယံ၊ သက် ကို ဖော်ပြရမည်ဆိုပါက ပျူသည် မိခင်အနွယ် ကရင်ဖြစ်ပြီး ကမ်းယံသည် ကရင်ကို ခေါ်ခြင်းဖြစ်သည်။ သက်မှာ အသံထွက် လှယ်သွားခြင်း ဖြစ်သည်။ မြန်မာများက ဂ ကို သ သံ ထွက်လေ့ရှိသည်။ Samdoway ကို သံတွဲ၊ Salween ကို သံလွင်၊ Sarskrit ကို သံကရိုက် စသည်ဖြင့် အသံထွက်ကြသည်။ သက်မှာ စက်ကို ခေါ်ခြင်းဖြစ်သည်။
(မြန်မာ့စွယ်စုံတွဲ ၁၊ စာ ၄၈၂၊ ဒုကော်လံ စာကြောင်း ၃၅၊ သက် Sak)။
မိခင်အနွယ်ဝင်ကရင်များ၏ အမည်ရှေ့၌ စက် (စဲ့) ရေးကြသည်။ ဆိုလိုသည်က မောင် ဟု အဓိပ္ပါယ်ရသည်။ ဥပမာ မောင်သန်းကျော် အစား စသန်းကျော် ဟု ရေးကြသည်။ ဖတ်လျှင် စက်သန်းကျော် ဟု ဖတ်ရသည်။ စသန်းကျော် ဟု ဖတ်လျှင် မှားပါသည်။ ဆိုလိုသည်မှာ ပျူ၊ ကမ်းယံ၊ သက်မှ သက်အမျိုးအနွယ်သည် မိခင်အနွယ်ဝင် ပ၀ိုးကရင်ဖြစ်သည်။ မြန်မာ့သမိုင်းတွင် သက်သည် ရခိုင်လူမျိုးဖြစ်သွား သည်ဟု ပါရှိသည်။ ရှေးအခါက ရခိုင်ရိုးမတလျှောက်တွင် ကရင်လူမျိုးများသည် သံတွဲမှစ၍ တောင်စဉ်ခွန်နှစ်ခရိုင်၌ပင် နေထိုင်ခဲ့ကြောင်း မှန်နန်းရာဇ၀င်တွင် ဖော်ပြထားသည်။ (မှန်နန်းရာဇ၀င်၊ စာ ၁၆၈၊ စာကြောင်း ၁၀)
ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့နိုင်ငံများ၌ မြို့တည်ထောင်ပုံ၊ အဆောက်အဦး တည်ဆောက်ပုံနှင့် အုပ်ချုပ်ပုံစနစ်များသည်
မက်စိုပိုတေးမိုတေးမီးယားဒေသမှလာသောအသိပညာများဖြစ်နိုင်သည်ဟုယူဆရပါသည် စိတ်ဝင်စားဖွယ်ကောင်းသော သမိုင်းကွင်းဆက် ဖြစ်ပါသည် ဆူးမားရီးယန်း (Sumerians) များသည် အုတ်ဖုတ်သော အတတ်ကို သိရှိလာကြပြီးဖြစ်သည်။ ဆူးမားရီးယန်းမှ တဆင့်ရခဲ့သောအတတ်ပညာ ဖြစ်နိုင်ပါသည်။
ဤနိုင်ငံကို ရှေးအခါက နိုင်ငံခြားသားများသည် ပျူနိုင်ငံဟုသာ ခေါ်ကြသည်။ မြန်မာနိုင်ငံဟု မခေါ်ကြချေ။ တရုတ်မှတ်တမ်းများအရ ခရစ်သက္ကရာဇ် ၁၂၇၁ ခု တိုင်အောင် မြန်မာနိုင်ငံကို ပျူနိုင်ငံဟုသာ ခေါ်ကြသည်။
အင်ဒိုချိုင်းနားတွင် ရှိသော ကရင်များ
လော Laos
၁၉၆၅ ခုနှစ်က နှစ်သစ်ကူးပွဲနှင့် ပတ်သက်၍ လာအိုသံအမတ်ကြီးနှင့် တွေ့ဆုံစကားပြောဖူးရာ ၎င်းတို့နိုင်ငံ၌ ကရင်များရှိကြောင်း ပြောဖူးပါသည်။ ကရင်မျိုးနွယ်ခွဲများဖြစ်သော မြောင် (Meo) များလည်း ရှိကြပါသည်။
ထိုင်း Thai
ထိုင်းနိုင်ငံ၌ ကရင်အများအပြား ရှိသည်။ စကောကရင်၊ ပိုးရင်များ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်က သာသနာပြု ဆရာလူးရွှေ၏ မှတ်တမ်းအရ ဇင်းမယ်မြို့မှ မြန်မာနယ်စပ်အထိ ကရင်ရွာပေါင်း ထောင်ချီ၍ ရှိသည်ဟု ဖော်ပြထားသည်။ ဇင်းမယ်သည် ပြည်၊ တောင်ငူမြို့တို့နှင့် အရှေ့အနောက် တတန်းတည်း၌ ရှိသည်။ မဲပီ၊ မဲနန်မှ သူးမွဲကလိုး၊ ကန်သူရိ အထိ ကရင်ရွာပေါင်းများစွာနှင့် ကရင်လူဦးရေ ၃၀၀၀၀၀ (သုံးသိန်း) ခန့်ရှိသည်။ မဲနန်နှင့် မဲခေါင်မြစ် ကြားတလျှောက်မှာလည်း ကရင်ရွာပေါင်း များစွာရှိ၍ တောခေါင်းအလုပ်ကို
လုပ်ကိုင်ကြသော ကရင်များပိုင် ဆင်အစီးပေါင်း ၅၀၀ မှ ၁၁၀၀ ကြားမှာ ရှိသည်ဟု ဆိုသည်။ လူအချို့သည် တဦးတည်းပင် ဆင်အစီးပေါင်း ၄၀ မှ ၅၀ အထိ ပိုင်ဆိုင်ကြသည်။ ဘန်ကောက်မြို့ အနီး ပတ်ဝန်းကျင်တွင်လည်း ဆင်အစီး ၅၀ ပိုင်သော ကရင်လူမျိုးများ ရှိကြသည်။ စကောအနွယ်၊ ပိုးအနွယ်၊ တောင်ငူအရှေ့တွင် ဘွဲကရင်များ အများဆုံးနေထိုင်ကြသည်။
ဤမှတ်တမ်းသည် လွန်ခဲ့သော အနှစ် ၄၀ က မှတ်တမ်းဖြစ်သည်။ နှစ်ပေါင်း ၁၀ နှစ်ကျော် ထိုင်းနိုင်ငံရှိ ကရင်လူမျိုးများအကြောင်းလေ့လာခဲ့သော ဂျိမ်းစ် ဒဗလျူ ဟာမီတန် (James W. Hamilton) က ထိုင်းတွင် ကရင်လူမျိုးသည် ဒုတိယ လူဦးရေ အများဆုံးဟု ဖော်ပြထားသည်။ (Pwo Karen by James W. Hamilton, 1976. page 5 … Which makes the Karen the largest non. Thai group
in Thailand)
ကမ်ပူးခြား (ကမ္ဘောဒီးယား)
ကရင်လူမျိုးများ ကမ္ဘောဒီးယားတွင် ရှိနိုင်ကြောင်းကို မဲခေါင်မြစ်ကြောင်းအတိုင်း လိုက်လာသော ကရင်များကို ပြန်လေ့လာကြည့်က သိနိုင်ပါသည်။ ထို့ပြင် ထိုင်းနိုင်ငံမှ ကရင်များလည်း ရောက်မည်မှာ အမှန်ဖြစ်သည်။ အစောပိုင်းက အင်ဒိုချိုင်းနား၏ ပင်လယ်ကမ်းစပ်တွင် အိန္ဒိယပြည်မှ အခေါ်အဝေါ်မျိုးဖြစ်သော စမ္ပါပြည်၊ ကမ္ဗောဇပြည် ဟူ၍ရှိရာ ၎င်းကမ္ဗောဇပြည်သည် ကမ်ပူးခြားပြည်ကို ဆိုလိုခြင်း ဖြစ်ပြီး ထိုစဉ်အခါက ထိုင်း (ယိုးဒယား) နိုင်ငံဟူ၍ မရှိသေးဘဲ ကမ္ဗောဇနိုင်ငံထဲတွင် ယိုးဒယားလည်း ပါဝင်သည် (Marcopolo by Horris Collis,ဦးလှဒင် မြန်မာပြန်၊ စာ ၂၁၆)။ ထိုကဲ့သို့ ကမ်ပူးခြားနှင့် ထိုင်း နှစ်နိုင်ငံ တပေါင်းတည်းဖြစ်၍ ကရင်များလည်း ကမ်ပူးခြား နိုင်ငံထဲသို့သွားလာ ၀င်ထွက်ကာ အိုးအိမ်ထူထောင်နေကြမည်သာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒေါက်တာဗင်တန် သာသနာပြုစဉ်က ကမ္ဘောဒီးယားမှ ကရင်လူမျိုးများသည် ဒေါက်တာဗင်တန်နှင့် လာရောက်တွေ့ဆုံခဲ့သည်။ (The Loyal Karens of Burma by D.M. Smeaton, 1920,
page 137, A party of Karens once came to Dr. Vinton in Rangoon from the Cambodia.)
ဗီယက်နမ်
ဗီယက်နမ် နိုင်ငံတွင် ကရင်အမျိုးအနွယ်များ ရှိကြောင်း၊ ၎င်းတို့မှာ ယောင်၊ မြောင် တို့ဖြစ်ကြပြီး ကရင်ယဉ်ကျေးမှု အသုံးအဆောင်များကိုလည်းဟနွိုင်မြို့ ယဉ်ကျေးမှုပြတိုက်တွင် မြင်တွေ့နိုင်သည်။ (The New Encyclopedia Britannica, vol 19, 15th edition 1974, Victman,
North. page 133, 1st col. … The Nuong – Ya’o and the Meo, whose villages are found above the 3000 foot level.)
ဘော်နီယို
ဤကျွန်းတွင် အင်ဒီးယန်းသွေးပါသော ဒယက် (Dyaks) များ တွေ့ရသကဲ့သို့ ကရင်အမျိုးအနွယ် ကယမ် (Kayans, Kenyahs) များကိုလည်းတွေ့ရသည်။ ၎င်း ကယမ်များကို ဗိုလ်မှူးဘရှင်က ဒယက်နှင့် လွဲမှားဖော်ပြခဲ့သည်။ ကယမ်သည် အသားဝါအနွယ်ဖြစ်ပြီး ၎င်းတို့၏ ဓာတ်ပုံကိုလည်း Compton’s Picture Encyclopedia, vol 2, 1956, page 256 တွင် တွေ့နိုင်ပါသည်။ ဤစွယ်စုံကျမ်း စာမျက်နှာ ၂၅၄
တွင် (Borneo – The vast and savage island of Dyaks … Other tribes are Kayans, Konyahs.) ဟု ဖော်ပြထားသည်။
ဤအဆိုကိုလည်း ဟို့စ် (Mr. Hose) နှင့် မက်ဒေါဂယ် (Mr. Mc Dougall) တို့က ထောက်ခံတင်ပြထားပါသည်။ (The open mind, vol 3,
No. 10 August, 1963. The Karens. Their origin and early movement, by Saw Hanson Tadaw, M.A. London … Mr. Hose
and Mr. Cc Dongall went further a field to trace their origins of the Karens. They maintained that the Kayans of Borneo
and the tribes of Karen in Burma are related)
နိဂုံး
ကရင်လူမျိုးများသည် အသားဝါ မွန်ဂိုနွယ်ဝင်များ ဖြစ်သည်။ မြစ်ဝှမ်းယဉ်ကျေးမှု ထွန်းကားသောအခါ အာရှတိုက် အလယ်ပိုင်းမှမြေသြဇာကောင်းသော မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (သို့မဟုတ်) ရှိနလွင်ပြင်သို့ ရောက်ရှိပြီး မြစ်ဝှမ်းအောက်ပိုင်းလောက်တွင် နေထိုင်၍ စိုက်ပျိုးမွေးမြူရေး လုပ်ခဲ့ကြသည်။ ထိုမှ ယဉ်ကျေးမှုအဆင့် မြင့်မားလာသည်ဟု ယူဆရပါသည်။ သို့သော် ထိုဒေသတွင် ငြိမ်သက်မှုမရှိသဖြင့် ငြိမ်းချမ်းစွာ နေလိုသော ကရင်တို့သည် ယူဖရေးတီးမြစ်မှ တဆင့် ကော့ကေးဆပ် တောင်တန်း၊ ထီးဆဲ့မဲ့ယွာ၊ တိဘက်ကုန်းပြင်မြင့်၊ အာရှတိုက် အလယ်ပိုင်းသို့ အဆင့်ဆင့် ရောက်ရှိလာကြသည်။တဖန် သံလွင်၊ မဲခေါင်၊ ယန်စီကျန် မြစ်များမှတဆင့် အင်ဒိုချိုင်းနား ကျွန်းဆွယ်ရှိ မြန်မာ၊ လော၊ ဗီယက်နမ်၊ ကမ်ပူးခြား၊ ယိုးဒယားနှင့်
မလေးကျွန်းဆွယ်ကို သော်လည်းကောင်း၊ တောင်တရုတ်ပင်လယ်ကို သော်လည်းကောင်း ဖြစ်ကျော်၍ ဘော်နီယိုကျွန်းသို့တိုင်
ပျံ့နှံ့ရောက်ရှိသည်ဟု ယူဆရပါသည်။ ယခုအခါတွင် ကရင်လူမျိုးများကို မြန်မာနှင့် ယိုးဒယားနိုင်ငံတို့တွင် အများဆုံး တွေ့ရှိရပါသည်။
ကရင်၏ မူလဇစ်မြစ် သုတေသနလုပ်ငန်း တိုးတက်အောင်မြင်ရေးသို့ ရည်မှန်းလျှက်။
စောဖော (ရန်ကုန်)
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏
နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။