Friday, October 29, 2010

၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်သည့် ချီ တက်ဆန္ဒပြပွဲ(တိုကျို)













၂၀၁၀အောက်တိုဘာလ (၂၇)ရက်။ စစ်အာဏာရှင်စနစ်ကို တရားဝင် အသက်သွင်းမည့် ၂၀၁၀ ရွေးကောက်
ပွဲအား ဆန့်ကျင်သည့် ချီတက်ဆန္ဒပြပွဲကို ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)မှ ဦးစီး၍ ဂျပန်ရောက် မြန်မာနိုင်ငံသားများ နှင့် မြန်မာ့ဒီမိုကရေစီ အရေးကို ထောက်ခံ အားပေးနေသည့် ဂျပန် ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (RENGO) ၊ မြန်မာ့ရေးရာ ပြည်သူ့အဖွဲ့ (PFB) ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (ဂျပန်)နှင့် ၊ Human Rights Watch ၊ Human Rights Now ၊ NGO အဖွဲ့အစည်းများကလည်း ပူးပေါင်းပါဝင် ခဲ့ကြပါသည်။ တရားမျှတမူမရှိသည့် အတုအယောင်၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသားများ တို့မှ လက်မခံသည့်အကြောင်းကို ဂျပန်အစိုးရ တာဝန်ရှိသူများတို့မှ ပိုမိုသိရှိလာစေရန် ရည်ရွယ်၍ တိုကျိုမြို့ Roppongi ဘူတာအနီး၊ Mikawadai ပန်းခြံမှ ဂျပန်အစိုးရရုံးများ တည်ရှိရာ Kasumigaseki မြို့နယ်ဧရိယာကို ဖြတ်လျှောက်၍ Hibiya ပန်းခြံတွင် အဆုံးသတ်သည့် ချီတက်ဆန္ဒပြပွဲကို ကျင်းပပြုလုပ်ရကြောင်း သိရှိရပါသည်။ Roppongi ဘူတာအနီး၊ Mikawadai ပန်းခြံကနေ ၂း၃၀ တွင် စတင်ချီတက်ခဲ့ကြပြီး ချီတက်သွားရာ လမ်း တလျှောက်တွင်လည်း နအဖ စစ်အုပ်စု၏ တရားမျှတမူမရှိသည့် အတုအယောင်၂၀၁၀ ရွေးကောက်ပွဲ လက်မခံ ဆန်ကျင် ကန့်ကွက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံတို့ကို ချက်ခြင်း လွတ်ပေးရန်း ၊ ဂျပန်အစိုးရမှ မြန်မာ့ဒီမိုကရေစီ အရေးမှာ ထိရောက်သည့် အကူညီများ ကူညီပေးရန် တောင်းဆို ချီတက်လာခဲ့ကြပြီး Hibiya ပန်းခြံတွင် အဆုံးသတ်ခဲ့ပါသည်။

စောဘဦးကြီး မူလေးချက်ကို ကားပါမစ်နဲ့ လဲစားလိုက်ခြင်း

မောင်လှအေး နဲ့  နော်ဆိုင်းရေ ….

နအဖ ကတော့ ဒီကေဘီအေ ကို အစီအစဉ်ရှိရှိနဲ့  ဖျက်ဆီးနေ ပါတယ်။ ဒီလိုဖျက်ဆီးနိုင်အောင် မြိုင်ကြီးငူဘုန်းကြီးက အား တက်သရော ကူညီပေးနေပါတယ်။ ကျနော်ဟာ ဗုဒ္ဓဘာသာ ကရင်လူမျိုး တဦးပါ။ ဖိုးခွားလို့ ခေါ်ပါတယ်။

ကျနော်ဟာ ဟိုး… မယ်နယ်ပလော မြစ်ဆုံအရေးခင်းဖြစ်ပြီးနောက် ဆရာပန်းခက်ရဲ့ အ ဆွယ်ကောင်းမှုကြောင့် ဒီကေဘီအေထဲကို ပါသူဖြစ်ပါတယ်။ ဗိုလ်မြ က ခရစ်ယာန်တွေ ကိုပဲ အားပေးတယ် ဗုဒ္ဒဘာသာကရင်တွေကို နှိမ်ထားတယ်။ ဒီမခံခြင်စိတ်နဲ့  ဒီကေဘီ အေထဲကို ၀င်ခဲ့တယ်။
တကယ့် လက်တွေမှာတော့ ဒီကေဘီအေကလည်း ကျနော်တို့ ဗုဒ္ဓဘာသာကရင် အချင်း ချင်းကို နှိမ်လိုက်တာမှ မပြောပါနဲ့ တော့ဗျာ။ ငြိမ်းချမ်းရေးလုပ်ခဲ့ကြတဲ့ ဆယ်နှစ်ကျော်မှာ ဘယ်သူတွေ ကောင်းစားသလဲ။ အာဏာရလာတဲ့ သူတွေပဲ ကောင်းစားတော့ အားပါး.. လက်ကုန် စိတ်ဓါတ်ကျမိတယ်ဝေး။

ခုကြည့်လေ နအဖ က ဘာလုပ်လည်း။ ဒီကေဘီအေကို ကားပါမစ်တွေချပေးနေတယ်။ လက်နက်နဲ့ ပါမစ်နဲ့  လဲတယ်။ ဒီမိုကရေစီနဲ့  ကားပါမစ်နဲ့ လဲတယ်။ ဘောဒါဂတ် ပါမစ်နဲ့  လဲတာလို့ အောက်ခြေရဲဘော်တွေက ပြောနေကြပါတယ်။
အိုး ယောက်ဖရေ…

ကုန်ကုန်ပြောရရင်တော့ သူဂျီးဒေါ်ကြီးကိုပါ ကားပါမစ်နဲ့ လဲစားကြမယ့် ကောင်းတွေပဲ။

ဒီလိုဗျာ သန်းရွှေက ကား ၁၀ စင်း ပါမစ်ချပေးရင်။ နယ်မြေခံ စစ်တိုင်းမှုး၊ ဗျုးဟာမှုးတွေ က ၃ စီးဖိုးယူတယ်။ ဒီကေဘီအေကို ၇ စီးဖို။ဒီကေဘီအေက ၇၀ ရာခိုင်နှုန်း ၊ နယ်မြေခံ နအဖ တွေက ၃၀ ရာခိုင်နှုန်း စားကြတဲ့ သဘောပါ။ ကရင်လူထုကတော့ တစီးမှ မရဘူး ယောက်ဖရ။ မောင်ချစ်သူနဲ့ သူနောက်လိုက်တွေပဲ စားလိုက်ကြတာ။

နယ်စပ်တံခါးပိတ်ခ အနေနဲ့  ဒီကေဘီအေကို ကားပါမစ်တွေပေးပြီး ပါးစပ်ပိက်ထားခိုင်း လိုက်တာပေါ့ကွာ ။ ဒီကေဘီအေ ငြိမ်နေတာက ကားပါမစ်လေးတွေ မျိုးမျိုးမြက်မြက်ရ နေလို့ ပါ။ ကစထမှုး၊ တိုင်းမှုး၊ ဗျူဟာမှုး၊ ဒီကေဘီအေ ခေါင်းဆောင်တွေ ပေါင်းစားကြ တဲ့ သဘောပါပဲ။ ဒီကေဘီအေဟာ တော်လှန်ရေးပြန်လုပ်မလားလို့ မေးရင်တော့ တသိ ညားဘာ (ဘာသိမလဲ) လို့ ပြောရမလိုဖြစ်နေပါပြီ။ ဘာဖြစ်လို့လည်းဆိုတော့ ခေါင်း ဆောင်တွေဟာ ဒေါ်လာသန်းနဲ့ ချီပြီး ချမ်းနေပြီလေ။

မောင်ချစ်သူဆိုရင် ကားပါမစ် အစီး ၂၀၀ ခန့်ရထားပါတယ်။ ဒေါ်လာနဲ့တွက်ရင် ဒေါ် လာ ၁၀ သန်းခန့် ရ ရှိနေပါတယ်။
ဒေါ်လာ ၁၀ ခန့်  ရခဲ့ပြီးဖြစ်တယ်။ကထစမှုး၊ တိုင်းမှုးတွေလည်း အလားတူ ဒေါ်လာ ၁၀ သန်းအထက်စီရခဲ့ကြပါတယ်။
အလားတူပဲ ကထစမှုး၊ တိုင်းမှုးတွေက ၃၀ ရာခိုင်နှုန်း စားကြတဲ့အတွက် ဒေါ်လာ ၃ သန်း စီလောက်တော့ ရပြီးဖြစ်ပါတယ်။

ဒါက ရွေးကောက်ပွဲမှာ လူတွေက အပြောင်းအလဲများဖြစ်မလားလို့ ထင်နေကြတာ။ ယောက်ဖ ၊ငါပြောမယ်။ ဒီကေဘီအေခေါင်းဆောင်တွေကို နအဖ က ငြိမ်ဆေးကျွေး လိုက်ပြီကွ၊ တနည်းအားဖြင့်ပြောရရင်တော့ လက်နက်နဲ့ ကားပါမစ်၊ စောဘဦးကြီးမူလေး ချက်ကို ကားပါမစ်နဲ့ လဲစားလိုက်ပြီလေ။ စောဘဦးကြီးမူလေးချက်က ကားပါမစ်ဖြစ်သွား ပြီကွ။

မြန်မာစစ်တပ်က ဗိုလ်ချုပ်တွေကတော့ ကရင်ဆိုရင် ဘယ်ကရင်မှ မကောင်းဘူး။ မယုံရ ဘူးလို့သူတို့ ပြောနေကြပါတယ်။ ငါတို့ မကြားတကြားပြောတာကွ။ မျောက်အမြီးနဲ့မျောက်ကို ပြန်ချီထားတာလို့ သူတို့ အချင်းအချင်းအရက်ဝိုင်းတွေမှာ စကားကျွံလာလေ့ရှိပါတယ်။ တို့ ပြောတဲ့အတိုင်းမလုပ်ရင် လင်းထင်လို့ ပဲ ဇတ်သိမ်းစေရမယ်လို့ လည်း အမူးလွန်လာရင် ကျွဲခိုးပေါ်သလိုပေါ်နေကြတယ်။

ဒီထဲမှာ ဗိုလ်နှုတ်ခန်းမွေး က တော့ ပြတ်ပြတ်သားသား ရပ်တည်နေဆဲ လို့ သိရပတယ်။ သူက ပေးတာယူကျွေးတာစား ၊ စောဘဦးကြီးမူ လေးချက်အတိုင်း ရပ်တည်နေဆဲဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင်တော့ စောဘဦးကြီးမူလေးချက်ကို ကားပါမစ်နဲ့ လဲမစား ဘူးပေါ့ဗျာ။
ကရင်အကွဲအပြဲမှာ ဘယ်သူတွေကောင်းစားလဲ လို့  ငါပြောမယ်။ မင်းမှတ်ထား။

၁- မြိုင်ကြီးငူဘုန်းကြီး – ဘုရားတည်ခွင့်ရ၊ ကျောင်းဆောက်ခွင့်ရ၊ သွပ်ပြားပါမစ်ရ၊ ဘိ လပ်မြေပါမစ်ရ။
၂- မောင်ချစ်သူ- တနှစ်ကို ကားအစီး ၂၀၀ ပါမစ်ရ
၃- ကစထမှုး – သက်နိုင်ဝင်း – ကား ၂၀ ပါမစ်ရ
၎- တိုင်းမှုး – ထွန်းနေလင်း – ကားပါမစ်ရ၊ ဂိတ်ကြေးတွေရ
၅- စစ်ဗျူဟာမှူး ကျော်နိုင်ဦး၊ နိုင်ဝင်း ဂိတ်ကြေးတွေရ

မြိုင်ကြီးငူ ဘုန်းကြီးက တို့  ဘုန်းကြီးပဲ။ ဒါပေမဲ့ကွာ ဖုန်းကြီးက တလွဲတွေရှောက်လုပ်ခဲ့ တာ။ ကရင်ကိုကွဲအောင်လုပ်တာ သူလာရှင်းပေးတော့ပဲ။ ခုတော့ သူက သန်းရွှေဘုန်း ကြီးဖြစ်သွားပြီ။ သာမညတောင်ဆရာတော်ကြီးဆို မြိုင်ကြီးငူဖုန်းကြီးကို သူဆီမလာနဲ့  တော့လို့ မောင်းထုတ်ခဲ့တယ်။ တို့  ကရင်လူထုကတော့ ဟိုတုံးကလည်း ညာဦးထီး၊ (ငပိ)၊ ဒီနေ့လည်း ညာဦးထီး၊ မနက်ဖြန်ကော ညာဦးထီး ပါပဲလို့ ပြောရင်းနဲ့ပဲ ငါ့စာကို ရပ် တော့မယ်ကွာ နိဂုံးချုပ်လိုက်ပါတယ်။ ငါ ဖိုးခွားပါ ယောက်ဖရေ။ မဲဆောက်က လောက်ခေါင်လေး တပုလင်းလောက် အဆင်ပြေရင် ပို့ လိုက်ပါဦး ယောက်ဖရေ။

ဖိုးခွား

ဒီကေဘီအေ

ကရင်ပြည်နယ်တွင်း မဲပေးပိုင်ခွင့်မရှိသော ဒေသများ (မြေပုံ) - ကြာအင်းဆိပ်ကြီးမြို့ နယ်

အနီရောင် စတုရန်းပုံ အညွန်းသည် မဲပေးပိုင်ခွင့်မရှိသောဒေသများဖြစ်သည်။



Kya_In_Seikkyi_Township -

Pinpet Mining Update Broucher eng.+bur

Pinpet Mining Updated Broucher English

ကံဆိုးမိုးမှောင်နေ့ အဖြစ် နိုဝင်ဘာလ ရ -ရက်- ဖြစ်လာနိုင်ပါသလား

Thursday, October 28, 2010
နိုင်ငံတနိုင်မှာ နေ့ ထူးနေ့ မြတ်တွေ ရှိတတ်ပါသည်။ အုပ်ချုပ်သူအစိုးရများက သတ်မှတ်နိုင်ရန် ပြည်သူတရပ်က ကြိုက်နှစ်သက်ပါက ယင်းနေ့ ကို နိုငငံတော်နေ့ အဖြစ် သတ်မှတ်ကြတတ်ခြင်းဖြစ်ပါသည်။ အချို့ သောနိုင်ငံများမှာ နိုင်ငံရေးခေါင်းဆောင်များကို ကိုယ်စားပြုကာ နေ့ ရက်များအဖြစ် အစိုးရရုံးပိတ်ကာ သတ်မှတ်ပေးကြပါသည်။ ယခုလည်း မြန်မာနိုင်ငံတွင် နိုင်ငံရေးအခမ်းအနားနေ့ အဖြစ် သတ်မှတ်ရန် နေ့ ရက်ရှိလာနေပါပြီ။ အောက်တိုဘာလ ၂၆ ရက်နေ့ က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ရက်နေ့ တွင် ပြုလုပ်လျှင် ရွေးကောက်ပွဲကို သပိတ်မှောက်သည်ဟု ကြေညာလိုက်ပါသည်။ ယင်းသို့ ကြေညာခြင်းသည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ခြင်းမှစပြီး မဲမပေးရေးလှုံ့ ဆော်မူများကို နိုင်ငံအ၀ှမ်းပြုလုပ်ပြီးနောက် ယခုကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်ပါသည်။ တနိုင်ငံလုံးတွင် မဲမပေးရေး ရှင်းလင်းပြောဆိုချက်များသည် နအဖစစ်အစိုးရ၏ ရွေးကောက်ပွဲကော်မရှင်မှ
ထုတ်ပြန်ထားသော ဥပဒေအချက်အလက်သာဖြစ်ပါသည်။ ထို့ ကြောင့် ယင်းလှုပ်ရှားမူမျိုးကို နအဖစစ်အစိုးရမှ မည်သို့ မျှ အရေးယူ၍မရ။ ထူးခြားမူတခုမှာ ၂၂ နှစ်မြောက် ဇိုမီးအမျိုးသားကွန်ဂရက် ထူထောင်ခြင်းနှစ်ပါတ်လည်နေ့ တွင်
ဒုတိယပင်လုံညီလာခံခေါ်ယူမည့်အကြေင်းကို ကလေးမြို့ကြေညာချက်အဖြစ် ထုတ်ပြန်လိုက်ခြင်းပင်ဖြစ်ပါသည်။ တိုင်းရင်သားခေါင်းဆောင်များက ယင်းသို့  ဒုတိယပင်လုံညီလာခံခေါ်ယူရေး ကြေညာချက်ထုတ်ပြန်သောအခါ သဘောတူလက်မှတ်ထိုးသူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဦးဝင်းတင်နှင့် ဦးတင်ဦးတို့ က ရှေ့တန်းကပါလာပါသည်။
ဒုတိယပင်လုံညီလာခံခေါ်ယူရန် ဆိုသည်မှာ ပထမပင်လုံညီလာခံ၏အကျိုးဆက်ပင်ဖြစ်ပါသည်။ ပထမပင်လုံညီလာခံသည် တိုင်းရင်းသားလူမျိုးများက မြန်မာနိုင်ငံလွပ်ရေးတောင်းဆိုတိုက်ပွဲဝင်သောအခါ အတူတကွပါဝင်ကြခြင်းကို သဘောတူဆုံးဖြတ်ချခဲ့ ကြသောစာချုပ်ဖြစ်ပါသည်။ တကယ်တမ်းလက်တွေ့ တွင် မြန်မာနိုင်ငံလွပ်လွပ်ရေးရရှိသောအခါ တိုင်းရင်းသားလူမျိုးများပါမက တနိုင်ငံလုံးလွပ်လွပ်ရေးအရသာ မခံစားရကြ။ နှစ်ပေါင်း ခြောက်ဆယ့်နှစ်နှစ်ကာလအထိ စစ်ကျွန်ဘ၀အောက်မှာ နေထိုင်ရသော မြန်မာနိုင်ငံသားတို့ အဖို့ မှာ ယခုအချိန်တွင် ဒုတိယပင်လုံညီလာခံကို တပါတ်ကြော့၍ ကျင်းပချင်လာကြပြီ။ ဤသည်မှာသမိုင်း၏တောင်းဆိုချက်ပင်ဖြစ်သည်။ အခြားတဖက်မှာ နအဖစစ်အစိုးရသည် ၁၉၉၀ ခုနှစ်တွင် မဲအပြတ်အသတ်အနိုင်ရရှိခဲ့ သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို အာဏာလွှဲပြောင်းမပေးခဲ့ ။ထို့ ကြောင့် ပြည်သူတွေက ရွေးကောက်ပွဲရလဒ်ကို ရရှိလိုကြသည်။ စစ်အစိုးရသည် ယခုအချိန်ထိ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့ ။ သည်တော့ ပြည်သူတွေက ကြားဖြတ်အစိုးရ သို့ မဟုတ် လူထုအစိုးရဖွဲ့ စည်းကြရန် တိုက်တွန်းနိုးဆော်နေကြသည်။ ယင်းတိုက်တွန်းချက်များမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချို့ကိုချည်း သက်သက်ရည်ညွှန်းပြီးပြောဆိုနေကြခြင်းမဟုတ်ချေ။ ၁၉၉၀ ခုနှစ်တွင် မဲအပြတ်အသတ်အနိုင်ရရှိခဲ့ သော တိုင်းရင်းသားနိုင်ငံရေးပါတီများအပါအ၀င် အခြားပြည်တွင်းမှ ထင်ရှားသော လူပုဂ္ဂိုလ်များကိုပါ ရည်ညွှန်းပြောဆိုကြခြင်းဖြစ်ပါသည်။ တခုရှိနေသည်မှာ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ခွန်ထွန်းဦးနှင့် စိုင်းညွှန့် လွင်၊ ဗိုလ်ချုပ်ဆေထင်တို့ အဖမ်းဆီးခံနေရပြီးနောက် တိုင်းရင်းသားနိုင်ငံရေးပါတီများကလည်း မလှုပ်သာချေ။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှာ ဆံဖြူသွားကျိုး အဘိုးအိုများကသာ ပါတီ၏ရှေ့တန်းမှာ ရှိနေကြရာ စစ်အစိုးရအား အံတုပြီးကြားဖြတ်အစိုးရဖွဲ့ စည်းရန် စိတ်ဓါတ်အရ မည်သည့်နည်းနှင့်မျှ မတက်ကြွနိုင်ကြပေ။ လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ စိတ်ဓါတ်တက်ကြွခဲ့ သော လွှတ်တော်ကိုယ်စားလှယ်များမှာ စင်ပြိုင်အစိုးရဖွဲ့ စည်းရန် ပြုလုပ်ခဲ့ ရာ တချို့ ထောင်နန်း စံခဲ့ ကြပြီးပြီ။ တချို့ မှာပြည်ပနိုငငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ ရသည်။
ယခုအချိန်တွင် နအဖစစ်အစိုးရက အရပ်သားအစိုးရအဖြစ် လိမ်လည်ပြီး ပြုလုပ်ရန် ပြင်ဆင်ထားနေသည်။ ၀န်ကြီးချုပ်ရာထူးကစ ၀န်ကြီးများရာထူးကိုပါ တိုင်းနှင့်ပြည်နယ်အလိုက် ရွေးချယ်ခန့် အပ်ထားပြီးဖြစ်သည်။ မည်သို့ ပင်ဆိုစေ ရွေးကောက်ပွဲဝင်မည့်သူများက ဇွဲမလျှော့ဘဲ လွှတ်တော်တွင် ပြည်သူများအတွက် တင်ပြပြောဆိုနိုင်မည်ဆိုကာ အံခဲပြီး ပြောနေကြတုံးဘဲ ကြားနေရသည်။ မဆလလွှတ်တော်အကြောင်းကို သူတို့ မှာ လုံးဝမေ့လျှော့နေသည်ဟု ပြောရပါတော့မည်။ ယင်းအချိန်က ပြည်သူ့ လွှတ်တော်ကို ကျင်းပသည့်အခါ ပြည်သူ့ လွှတ်တော် သဘာပတိက မိန့် ခွန်းရှည်ကြီးကို ဟောပြောပါသည်။ ယင်းမိန့်ခွန်းရှည်ကြီးကို တက်ရောက်လာသော တိုင်းနှင့်ပြည်နယ် ၁၄ ခုမှ လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးကြရပါသည်။ ယင်းသို့ ထောက်ခံဆွေးနွေးရသည်မှာ တရက်တွင်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တယာက်စီသာဆွေးနွေးဖြစ်သည်။ ယခုလည်း လွှတ်တော်သဘာပတိဥက္ကဌမိန့် ခွန်းကို ၁၄ ရက်တိတိ ထောက်ခံဆွေးနွေးပြီး ၁၅ ရက်နေ့ တွင် ၂၀၀၈ ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုကြောင်း ကြေညာပါတော့မည်။ ယင်းမှာ ပြည်သူ့ လွှတ်တော်ကျင်းပသည့် ၁၅ ရက်အတွင်း ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုရမည်ဟု ကြေညထားခြင်းကြေင့်ဖြစ်ပါသည်။ ထို့ ကြောင့် ရွေးကောက်ပွဲဝင်မည့် ပုဂ္ဂိုလ်တို့ သည် မည်သည့်နည်းနှင့်မျှ သူတို့ အနေဖြင့် လွှတ်တော်တွင် ပြောဆိုဆွေးနွေးနိုင်ပါမည်ဟု ထင်မှတ်ထားသောအရာများ ဖြစ်လာနိုင်စရာအကြောင်းမရှိ။ အဘယ့်ကြောင့်ဆိုသော် လွှတ်တော်ခေါ်ယူပြီး ၁၅ ရက်နေ့ တွင် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုပြီးနောက် ပြည်သူ့ လွှတ်တော်ကျင်းပခြင်းကို ရပ်နားလိုက်တော့မည်ဖြစ်ပါသည်။့ နအဖစစ်အစိုးရမှာ ၀န်ကြီးချုပ်သိန်းစိန်လည်း အဆင်သင့်ရှိနေပြီးဖြစ်ရာ အစိုးရအဖွဲ့ လည်း ရှိနေပြီးဖြစ်ပါသည် ။ သမတအနေဖြင့် ဦးသန်းရွှေက ရှိနေမည်ဖြစ်ပါသောကြောင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ခဲ့ ကြသော လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ ကံကောင်း၍နိုင်သွားသည့်တိုင်အောင် အာဏာပိုင်အဖွဲ့ အစည်းများမှာ ခန့်အပ်နေရာချထားပေးခြင်းခံရနိုင်စရ အကြောင်းရှိမည်မဟုတ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကမူ ဤရွေးကောက်ပွဲသည် ဒီမိုကရေစီအခွင့်အရေးကို တာဝန်ခံနိုင်သည်ဟု မယုံကြည် ။ ပစ္စုပန်နှင့်အနာဂါတ်ကာလတွင်မှာပါ မြန်မာနိုင်ငံ၏အကျိုးစီးပွါးကို ပြုလုပ်နိုင်စွမ်းရှိမည်ဟုမထင်၊ ထို့ကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်သည်ဟု ကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ သည်တော့ ဤနေရာမှာရှင်းနေပါပြီ။ သပိတ်မှောက်ခြင်းသည် အသိအမှတ်မပြုခြင်းဖြစ်သည်။ အမေရိကန်အစိုးရနှင့် ဗြိတိန်နိုင်ငံတို့ မှ တာဝန်ရှိပုဂ္ဂိုလ်များကလည်း သပိတ်မှောက်ခြင်းနှင့် ပါတ်သက်၍ တွေ့ ဆုံမေးမြန်းလာပြီးပြီ။ သပိတ်မှောက်သောအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်ကို ယင်းနိုင်ငံတို့ သည် ယုံကြည်ကြပါသည်။ လေးစားကြပါသည်။ လုံးဝဥသုံသပိတ်မှောက်သည်ဟု ကြေညာထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ယခုအချိန်တွင် ပြည်သူတို့ ၏ ဆန္ဒနှင့် နီးစပ်လာနေပါပြီ။ ပြည်သူတို့ ၏ဆန္ဒမှာ သပိတ်မှောက်ခြင်း ၊ ရွေးကောက်ပွဲဖျက်သိမ်းစေခြင်း၊ ကြားဖြတ်အစိုးရဖွဲ့ စည်းပြီး နိုင်ငံတော်အာဏာရယူစေခြင်းတို့ အာသီသဖြစ်ပေါ်နေကြပါသည်။ ယခုအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် သပိတ်မှောက်ခြင်းကို စတင်ကြေညာလိုက်ပြီဖြစ်ရာ ဤကြေညာချက်ကို မြန်မာနိုင်ငံသူနိုင်ငံသားတိုင်းက လိုက်နာထောက်ခံကြရုံသာရှိတော့သည်။ မဲမပေးရေးဆိုသော အသံမှာ ယခုအချိန်တွင် မလိုအပ်တော့ချေ။ အဘယ့်ကြောင့်ဆိုသော် မဲမပေးဆိုသော ဘောင်ထက် စည်းကျော်ခဲ့ ပြီဖြစ်သည်။ စီးချင်းထိုးပွဲကို ပြုလုပ်လိုက်ထားပြီဖြစ်ပါသည်။ ဤစီးချင်းထိုးပွဲသည် ဒေါ်အောင်ဆန်းစုကြည်၏ လွပ်မြောက်ရေးပြသနာများကိုလည်း ထိခိုက်သွားစေနိုင်ပါသည်။ ထို့ ကြောင့် အထူးအာရုံစိုက်ကာ ဆောင်ရွက်ရန်လိုပါသည်။
၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းသည် နအဖစစ်အစိုးရကို စိန်ခေါ်လိုက်ခြင်းဖြစ်သည်။ ဤစကားမှာ ရာဇါသံဖြစ်သည်။ မဲမပေးရေးဆိုသောစကားမှာ မည်သူပင်တိုက်တွန်းတိုက်တွန်း စာရွက်စာတမ်းကမ်းကမ်း ဥပဒေနှင့် မည်သို့ မျှ မငြိစွန်း။ လုံးဝဥသုံသပိတ်မှောက်ပြီဟု ကြေညာခြင်းမှာ ဥပဒေနှင့် ငြိစွန်းနေပြီ။ ထို့ ကြောင့် ဤတိုက်ပွဲမှာ ဒီမိုကရေစီကိုလိုလားသော မြန်မာနိုင်ငံသားများက ငြိမ်၍မနေသင့်ဟုမြင်သည်။ သပိတ်မှောက်ခြင်းဆိုသည်မှာ စစ်အစိုးရကို မယုံကြည်၍ဖြစ်သည်။ တနည်းအားဖြင့် နအဖစစ်အစိုးရ၏ အရပ်သားအစိုးရအနေဖြင့် ဒီမိုကရေစီစနစ်ကို ဖန်တီးနိုင်စွမ်းရှိမည်မဟုတ်ဟု ယူဆ၍ဖြစ်သည်။ သည်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က အစိုးရဖြစ်အောင် ပြုလုပ်နိုင်စွမ်း ရှိသလားဆိုသောမေးခွန်းကို မေးရန်ဖြစ်လာသည်။ စောစောကပြောခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဥက္ကဌကအစ အသက်အရွယ်ကြီးမြင့်နေမူများကြောင့် ဤကြားဖြတ်အစိုးရဖွဲ့ စည်းရေးဆိုသည်မှာ မဖြစ်နိုင်ဟု သုံးသပ်မိပါသည်။ တချိန်တည်းမှာပင် ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မီတီကလည်း လွှတ်တော်ခေါ်ယူရန် ကြိုးပမ်းရန် တာဝန်ရှိသော်လည်း သူလည်းယင်းတာဝန်ကို မထမ်းဆောင်နိုင်ခဲ့ ။ ကလေးမြို့ ကြေညာစာတမ်းကို ကြေညာသောအခါတွင်မူ ဒုတိယပင်လုံညီလာခံကို ခေါ်ယူကြနိုင်ရန် နိုင်ငံရေးဗျူဟာတခုကို တွေ့ ကြပါတော့သည်။
ယင်းဒုတိယပင်လုံညီလာခံခေါ်ယူရေးမှာ နိုဝင်ဘာလ - ရ - ရက်နေ့ မတိုင်ခင် မဖြစ်နိုင်ဟု လက်မှတ်ထိုးသူများက ပြောဆိုသံကြားရပါတော့သည်။ ယင်းထက်ဆိုးသည်မှာ ၂၀၁၀ ရွေးကောက်ပွဲဝင်သည့်သူများက သူတို့ ၏စိတ်ထဲတွင် ဖြစ်စေချင်သောဆန္ဒများနှင့် မကိုက်ညီသောအခါ ဒုတိယပင်လုံညီလာခံကို သူတို့ လည်း တက်ရောက်ရန် သဘောတူလာကြမည်ဟု နိမိတ်ဖတ်ပြောဆိုကြပါသေးသည်။ ဦးဝင်းတင်နှင့် ဦးဖြိုးမင်းသိန်းအင်တာဗျူးတွင် တွေ့ နိုင်ပါသည်။ ယင်းမှာလုံးဝလက်မခံနိုင်စရာဖြစ်သည်။ အကြောင်းမှာ ဒုတိယပင်လုံညီလာခံခေါ်ယူရန် ကလေးကြေညာချက်ကို လက်ခံသူတဦးအနေနှင့် ဤစကားကိုမူ လက်မခံနိုင်စရာဖြစ်ပါသည်။ စိတ်လည်းမကောင်းစရာ ခံစားရဖြစ်ပါသည်။ သို့ သော် ဦးဝင်းတင်နှင့် ဦဖြိုးမင်းသိန်းမှာ ဒုတိယပင်လုံညီလာခံခေါ်ယူရေးတွက် ဦးဆောင်ကြသူများမဟုတ်ဘဲ လက်မှတ်ထိုးသူ အဆင့်ရှိသူများဖြစ်ရာ နိုဝင်ဘာလ - ရ - ရက်နေ့ မတိုင်မှီ ညီလာခံခေါ်ယူမည် သို့ မဟုတ်မခေါ်ယူသေးဆိုခြင်းမှာ သူတို့ နှင့် မည်သို့ မျှ မပါတ်သက်ချေ။ ရှင်းရှင်းလင်း ပြောရလျှင် ပြည်သူတရပ်လုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ဦးးဆောင်ပြီး ကြားဖြတ်အစိုးရကို ဖွဲ့ စည်းစေချင်ကြပါသည်။ သို့ သော် မဖွဲ့ စည်းနိုင်၍ ဤအခြေအနေအတိုင်းထားလိုက်ပါတော့။ ထားတော့ ။ ဒုတိယပင်လုံညီလာခံဆိုသည်မှာ ကြားဖြတ်အစိုးရဖွဲ့ စည်းရန် အလားအလာရှိပါနိုင်သလား တွက်ချက်ကြည့်မိပါသည်။ ထို့ ကြောင့် ပထမပင်လုံညီလာခံကို လေ့လာကြည့်ရန်လိုလာပါသည်။ ပထမပင်လုံညီလာခံသည် တောင်တန်းဒေသတိုင်းရင်းသားများက လွပ်လွပ်ရေးလိုချင်၍ သဘောတူလက်မှတ်ထိုးစာချုပ် ချုပ်ဆိုခဲ့ကြခြင်းဖြစ်သည်။ ယခုလည်း ဒီမိုကရေစီလိုချင်သော တိုင်းရင်းသားလူမျိုးများက ဒုတိယပင်လုံညီလာခံကို ခေါ်လိုသည်ဆိုလျှင် ဒီမိုကရေစီအစိုးရဖွဲ့ စည်းရန် ပြုလုပ်လိုခြင်းပေလား။ သည်လိုဆိုလျှင် မည်သည့်အခါ ဒီမိုကရေစီအရပ်သားအစိုးရကို ဖွဲ့ စည်းကြပါမည်လဲ။ ၂၀၁၀ နိုဝင်ဘာလ - ရ -ရက်- နေ့ လွန်လျှင် နအဖစစ်အစိုးရသည် စစ်ယူနီဖေါင်းချွတ် အရပ်သားအစိုးရကို ပြည်ထောင်စုမြန်မာနိုင်ငံတွင် တရားဝင်အရပ်သားအစိုးရအဖြစ် ကမ္ဘာကို ကြေညာပါတော့မည်။ ကမ္ဘာကလက်ခံသည် မခံသည် မှာ သူတို့  ပြသနာမဟုတ်။ ယင်းအရပ်သားအစိုးရမျက်နှာကို ၁၉၉၀ ခုနှစ်တွင် အနိုင်ရရှိခဲ့ သော ပါတီများမှ မည်သည့်အမြင်မျိုးဖြင့် တွေ့ ဆုံဆွေးနွေးရန် တောင်းဆိုနေပါမည်နည်း။ မည်သည့်အတွက်ကြောင့် ယင်းပုဂ္ဂိုလ်များအား ဒုတိယပင်လုံညီလာခံကို တက်ရောက်ရန်အတွက် တောင်းဆိုသင့်ပါသနည်း ။ မစဉ်းစားတတ်အောင်ဖြစ်မိပါသည်။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ သပိတ်မှောက်ခြင်းကို ပြင်းပြင်းထန်ထန် ဆောင်ရွက်ထောက်ခံရပါတော့မည်။ ရွှေးကောက်ပွဲမှာ မဲမပေးရေးဆိုသောအသံမှာ သပိတ်မှောက်လိုက်ပြီဆိုသော အမျိုးသာဒီမိုကရေစီအဖွဲ့ ချုပ်၏ ရာဇါသံနောက်မှာ အဝေးမှ ကျန်ရစ်ခဲ့ ကြပြီ။ တချိန်တည်းမှာပင် တိုင်းရင်းသားလူမျိုးများက ကလေးမြို့ ကြေညာချက်ဖြင့် ဒုတိယပင်လုံညီလာခံကို အမြန်ဆုံးခေါ်ယူနိုင်ရန်လည်း ဆောင်ရွက်သင့်သည်။ ယင်းသို့  ဟန်ချက်ညီညီ ဆောင်ရွက်မှသာ နအဖစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲမှာ ပျက်စီးကိန်းသို့ ရောက်ရှိပြီး မြန်မာနိုင်ငံသည်လည်း ဒီမိုကရေစီနိုင်ငံအဖြစ်သို့  ရောက်ရှိလာနိုင်မည်ဖြစ်သည်။ သို့ မဟုတ်က မြန်မာနိုင်ငံတွင် သမိုင်းဝင် နေ့ ဆို့း  နေ့ ယုတ် တခုကတော့ ပေါ်ပေါက်လာနိုင်ပါလိမ့်မည်။ မှန်ပါသည် ။ မြန်မာနိုင်ငံတွင် ကံဆိုးမိုးမှောင်ကျသောနေ့ ( UNFORTUNATE DAY ) အဖြစ် နိုဝင်ဘာလ - ရ - ရက်နေ့ ကို သတ်မှတ်ရန်သာ ရှိပါကြောင်း။

Monday, October 25, 2010

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မယ်လဒုက္ခသည်စခန်း လာရောက်

KIC သတင်းမှ.....

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာဆစ်ပီရွန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းသို့ လာရောက်ပြီး သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များနှင့် စခန်းတာဝန်ရှိသူအား လက်ခံတွေ့ဆုံခဲ့သည်ဟု သိရသည်။

နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာဆစ်ပီရွန်းနှင့် ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့်အဖွဲ့သည် ယနေ့ မွန်းလွဲ ၂နာရီကျော်အ ချိန်တွင် မယ်လဒုက္ခသည်စခန်းသို့ ရောက်ရှိလာပြီး တာ့ခ်ခရိုင်ဥက္ကဌ အပါအ၀င် စခန်းအာဏာပိုင်များနှင့် စခန်းတာဝန်ရှိသူ များကို လက်ခံတွေ့ဆုံခဲ့ကြောင်း မယ်လစခန်းဥက္ကဌ စောထွန်းထွန်းက ပြောသည်။

“သူတို့လာတာက ပထမအဆင့်အနေနဲ့ကတော့ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေဖြစ်ကြတဲ့ ခရိုင်ဥက္ကဌနဲ့ စခန်းအာဏာပိုင် တွေနဲ့ တွေ့ဆုံပြီးတော့ နောက်ဆုံး ကျနော်တို့ စခန်းတာဝန်ရှိသူ (၁၄)ယောက်ကို MOI ရုံးမှာ လက်ခံတွေ့ဆုံတယ်။ လာတဲ့ ခရီးစဉ်ကတော့ ဒုက္ခသည်တွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေမရှိအောင် ထိုင်းအစိုးရရဲ့ သဘောထားအမှန်ကို လာရောက်ပြောပြ သွားတာ ဖြစ်ပါတယ်။”ဟု စောထွန်းထွန်းက ပြောသည်။
ဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ညနေ (၄)နာရီအချိန်မှစ၍ စခန်းတာဝန်ရှိသူများနှင့် မိနစ် (၂၀)ကြာ လက်ခံတွေ့ဆုံရာတွင် မြန်မာဒုက္ခသည်များကို ပြန်ပို့မည့် ကိစ္စနှင့်ပတ်သက်ပြီးဝန်ကြီး၏ပြောကြားချက်ကို စောထွန်းထွန်းက “၀န်ကြီးက ပြောတာပေါ့။ ဒုက္ခ သည်တွေကို ပြန်ပို့မယ့်ကိစ္စရပ်တွေကတော့ လောလောဆယ် ထိုင်းအစိုးရမှာ သဘောထားမရှိပါဘူးပေါ့။ ဒုက္ခသည်တွေရဲ့ လုံ ခြုံမှု၊ ဒုက္ခသည်တွေရဲ့ အဆင်သင့်ဖြစ်မှု မရှိဘဲနဲ့တော့ ထိုင်းအစိုးရအနေနဲ့ အတင်းအကြပ်ပြန်ပို့မှာ မဟုတ်ပါဘူးပေါ့။ ဒုက္ခ သည်တွေ လုံခြုံမှုရှိမှ၊ အဆင်သင့်ရှိမှ ပြန်ပို့မယ်။”ဟု ပြောသည်။

ထို့အပြင် နအဖ စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ မဟုတ် ကြောင်း တကမ္ဘာလုံးက ရှုမြင်ကြသော်လည်း ရွေးကောက်ပွဲကနေတဆင့် ဒီမိုကရေစီအသွင်ကူးပြောင်းရန်အတွက် ပထမ ခြေ လှမ်းဖြစ်နိုင်သည်ဟု ၀န်ကြီးက ထိုင်းနိုင်ငံရေးအခြေအနေနှင့် နှိုင်းယှဉ်ပြောဆိုသွားခဲ့ကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် တာ့ခ်ခရိုင်ဥက္ကဌနှင့် စခန်းဆိုင်ရာ ထိုင်းအာဏာပိုင်များနှင့် တွေ့ဆုံရာတွင် မည်သည့်အကြောင်း များ ဆွေးနွေးသွားသည်ကို မသိရသော်လည်း ယခုလို နိုင်ငံခြားရေးဝန်ကြီးလာရောက်သည့်အပေါ် ဒုက္ခသည်များ၏ လိုအပ် ချက်များ သိရှိနားလည်သွားသည့်အပြင် ဒုက္ခသည်များကို ကူညီထောက်ပံ့ပေးနေသည့် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း အကူအညီများ မဖြတ်တောက်သင့်သည်များကို ပို၍နားလည်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း စခန်းဥက္ကဌက ပြောသည်။

အဖွဲ့ဝင် ၂၀ကျော်ပါရှိသည့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့်အဖွဲ့သည် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များနှင့် စခန်းတာ ၀န်ရှိသူများအား တွေ့ဆုံခဲ့ပြီးနောက် ညနေ ၅း၃၀အချိန်တွင် ပြန်လည် ထွက်ခွာသွားခဲ့သည်ဟု သိရသည်။
လူဦးရေ (၅)သောင်းကျော်နေထိုင်လျှက်ရှိသည့် မယ်လဒုက္ခသည်စခန်းတွင် နိုင်ငံခြားရေးဝန်ကြီး၏ ယခု ခရီးစဉ်သည် ဒုတိယ အကြိမ်မြောက်ဖြစ်ပြီး လွန်ခဲ့သည့် (၃)နှစ်က အတိုက်အခံ ခေါင်းဆောင်တဦးအဖြစ် လာရောက်ခဲ့ဖူးသည်ဟု သိရသည်။

မစ္စတာကာဆစ်သည် ယခုလ ၃ရက်နေ့က အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့တွင် ပြုလုပ်သည့် Asia Society Forum တွင် မြန်မာဒုက္ခသည်များကို ပြန်လည် ပို့ဆောင်မည်ဟု ပြောဆိုသွားခဲ့ကြောင်း သတင်းဌာနများက ဖော်ပြခဲ့ကြသည်။

ဗမာ့တပ်မတော်အတွင်းရေး - နျူကလီးယားမြေအောက်လှိုင်ခေါင်းပြို - 23 Oct 2010


2010_October_23___SPDC_nuclear_ambition_tunnel_collapses -

Villagers injured by landmines, assisted by neighbours in southern Toungoo

Villagers injured by landmines, assisted by neighbours in southern Toungoo

Ten village-tracts to pay 40 lakh Kyat for barrack by KIC

October 23, 2010
.22.october 2010

Ten village-tracts have been ordered to pay 40 lakh Kyat for constructing a military barrack in Kyauk Gyi Township, northern Nyaung Lay Bin district, Karen State. The order was issued by Zaw Myo Nyunt, Chairman of Kyauk Gyi Township on October 17. The barrack is meant for injured soldiers.

The village-tracts were to pay the money by October 20, according to the village headman.

“According to the chairman there will be four buildings constructed for injured soldiers. He wanted 40 lakhs Kyat from 10 village-tracts including our village. We had to pay this money by October 20. We have already sent some money and are still collecting from some villages,” he said.

The amount demanded is quite high. Some villagers who have farms and gardens can pay by the due date but daily wage earners cannot pay on time. Those unable to pay on time are facing many problems and have been threatened, the village headman said.

“We have past experience. If villagers cannot pay the demanded money on time they are restricted from travelling and threatened. Sometimes, the authorities accuse the villagers of having connection with the KNU and are fined. So, villagers are afraid and are trying to arrange the money as soon as possible,” he added.

There are 45 villages, including Pattalar, Innet, Lel Welgyi, Wel Ladaw, Kywetalin, Mamayar, Natthakwin, Htowaseik, Daungmo, and Kyauk Zayit village, which have to pay.

“Locals have faced a lot of problems in arranging for the money. Some families who have no money had to sell their gold and silver jewellery, farms and gardens making them daily wage earners,” he said.

Not only the township chairman but also the Burmese Army often asks for money from villagers. They also take porters from villages and force villagers to work in the military camp, according to locals

Burmese Video (2): “Ar-Yone-Oo-Mar SHOCK Shi-Tae”

Sunday, October 24, 2010

ကညီကလု၁် - ကရင်လူမျိုး (သီချင်း)

Online ပေါ်လျှောက်သွားရင်း "ကရင်လူမျိုး" လို့ အမည်ရတဲ့ သီချင်းကောင်း လေးတပုဒ်တွေ့ ၍ ထပ်ဆင့် ဝေမျှပေးလိုက်ပါတယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးကို အခြေခံပြီး စပ်ဆိုထားတဲ့ သီချင်းလေးပါ။


နအဖ ဒုက္ခိတစစ်သည်များ အဆောင်အတွက် ကျေးရွာအုပ်စု ၁၀စုမှ ကျပ်ငွေသိန်း(၄၀)ပေး ဆောင်ရ

ကရင်ပြည်နယ် မြောက်ပိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်တွင် နအဖ ဒုက္ခိတစစ်သည်များအဆောင် ဆောက်လုပ် ပေးရန်အတွက် ကျေးရွာအုပ်စု (၁၀)စုမှ ကျပ်ငွေ(၄၀)သိန်း ပေးဆောင်ရန် ကျောက်ကြီးမြို့နယ်ဥက္ကဌက ညွှန်ကြားခဲ့သည်ဟု သိရသည်။

ယခုလ အောက်တိုဘာလ ၁၇ရက်နေ့တွင် ကျောက်ကြီးမြို့နယ် ဥက္ကဌ ဦးဇော်မျိုးညွန့်က ကျောက်ကြီးမြို့၌ ဆောက်လုပ်မည့် ဒုက္ခိတစစ်သည်များအဆောင်အတွက်ဟုဆိုကာ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာအုပ်စု ၁၀စုမှ ကျပ်ငွေ(၄၀)သိန်းကို အောက် တိုဘာလ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ရမည်ဟု အဆိုပါ ကျေးရွာအုပ်စုများထဲမှ ရွာသူကြီးတဦးက ပြောသည်။

၎င်းက “မြို့နယ်ဥက္ကဌ ပြောတာကတော့ ဒုက္ခိတစစ်သည်အတွက် အဆောင် (၄)ဆောင် ဆောက်လုပ်ပေးမယ်လို့ပြောတယ်။ ကျနော်တို့ရွာ အပါအ၀င် ကျေးရွာအုပ်စု (၁၀)စုက ကျပ်ငွေသိန်း(၄၀) တောင်းတယ်။ ရွာသူကြီးက တဆင့်တောင်းတာပေါ့ နော်။ ဒီလ ၂၀ရက်နေ့မှာ နောက်ဆုံးထားပြီး အရောက်ပို့ရမယ်လို့ပြောတယ်။ ရတဲ့ငွေ တချို့ကိုတော့ ပို့ပြီးပြီ။ တချို့ရွာတွေက တော့ လိုက်စုနေတုန်းပဲ မပို့ရသေးဘူး။”ဟု ပြောသည်။
အဆိုပါ ပေးဆောင်ရမည့် ငွေကြေးပမာဏ များလွန်းသောကြောင့် လယ်ယာမြေ၊ ဥယျာဉ်ခြံပိုင်ဆိုင်ကြသော ရွာသားတချို့မှာ ပိုင်ဆိုင်မှုတချို့ကို ရောင်းချပြီး ပေးနိုင်ကြသော်လည်း တနေ့လုပ် တနေ့စားရသည့် ရွာသူရွာသူတချို့မှာမူ အလွန် ဒုက္ခရောက် ကြပြီး တောင်းသည့်အတိုင်း ရွာသားများ မပေးဆောင်နိုင်ပါက အမျိုးမျိုးသော ခြိမ်းခြောက်အကြပ်ကိုင်မှုများ လုပ်ဆောင်လျှက် ရှိသည်ဟု ၎င်းရွာသူကြီးက ဆက်ပြောသည်။

၎င်းက “အရင်က ကြုံခဲ့ရဖူးပါတယ်။ သူတို့ တောင်းတဲ့အတိုင်း ကျနော်တို့ ရွာသားတွေ မပေးနိုင်လို့ရှိရင် သွားရေးလာရေး ပိတ် ပင်တားဆီးတာတို့၊ ခြိမ်းခြောက်အကြပ်ကိုင်တာတို့၊ တောထဲအလုပ်ထွက်လုပ်ရင်လည်း အခန့်မသင့်ရင် ကေအဲန်ယူနဲ့ သွား ဆက်သွယ်တယ်လို့ စွပ်စွဲပြီး ဒဏ်ငွေရိုက်တာတို့ကြုံခဲ့ရတော့ ရွာသားတွေလည်း ရတဲ့နည်းနဲ့ ကြံဖန်ပြီး တောင်းတိုင်း ပေးရတာ ပေါ့။”ဟု ပြောသည်။

အဆိုပါ ငွေပေးဆောင်ရသည့် ကျေးရွာအုပ်စုများမှာ ပတ္တလား၊ အင်းနက်၊ လယ်ဝဲကြီး၊ ၀ယ်လာဒေါ၊ ကျွဲတလင်း၊ မမယား၊ နတ် သာကွင်း၊ ထိုးဝါးစိုက်၊ ဒေါင်းမို့၊ ကျောက်စရိတ် စသည့်ကျေးရွာအုပ်စုများဖြစ်ကြပြီး ၎င်းကျေးရွာအုပ်စု (၁၀)စုမှ ကျေးရွာပေါင်း ၄၅ရွာရှိသည်ဟု သိရသည်။

ဌာနေမဲ့ ကရင်ပြည်သူများ ကူညီစောင့်ရှောက်ရေးကော်မတီ (စီအိုင်ဒီကေပီ)၏ ညောင်လေးပင်ခရိုင်တာဝန်ခံ စောဘယ်ထူးက “နအဖစစ်တပ် အုပ်ချုပ်မှုအောက်မှာနေတဲ့ ပြည်သူတွေဟာ အဲဒီငွေကြေးကောက်ခံမှုနဲ့ပတ်သက်ပြီး တော်တော်ဒုက္ခရောက် ကြတယ်။ တချို့အိမ်ထောင်စုတွေဟာ ပေးရမယ့်ငွေ မရှိတဲ့အတွက် လက်ဝတ်ရတနာပစ္စည်းတွေ၊ လယ်မြေ၊ ခြံတွေ ရောင်း ထုတ်ပြီး ပေးရတဲ့အခါကျတော့ ဘာမှ မကျန်တော့ဘူး။ နောက်ဆုံး နေ့စားအလုပ်နဲ့ပဲ လုပ်ကိုင်စားသောက်နေကြရတယ်။”ဟု ပြောသည်။

ကျောက်ကြီးမြို့နယ်တွင် မြို့နယ်ဥက္ကဌအပြင် ထိုဒေသတွင် လှုပ်ရှားလျှက်ရှိသော နအဖ စစ်တပ်များသည်လည်း အကြောင်း အမျိုးမျိုးပြကာ ဒေသခံရွာသားများထံ အဓမ္မငွေကြေးတောင်းယူမှု၊ အတင်းအဓမ္မ ပေါ်တာဆွဲမှုနှင့် အဓမ္မလုပ်အားပေး ခိုင်းစေမှု များ အဆက်မပြတ် လုပ်ဆောင်လျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။

New Flag Flying in Myanmar