Thursday, June 23, 2011

ဂျပန်နိုင်ငံတွင်အနှစ် ၆၀ မြောက် ကမ္ဘာ့ဒုက္ခသည်များနေ့နှင့်အနှစ် ၃၀ မြောက် ဂျပန်နိုင်ငံဒုက္ခသည်များလက်ခံသောနေ့ကျင်းပ






ဂျပန်နိုင်ငံတွင်အနှစ် ၆၀ မြောက်ကမ္ဘာ့ဒုက္ခသည်များနေ့နှင့်အနှစ် ၃၀ မြောက်
ဂျပန်နိုင်ငံဒုက္ခသည်များလက်ခံသောနေ့ကိုဂျပန်နိုင်ငံ UN ရုံးတည်ရှိရာ Tokyo မြို့ Shibuya မြိုနယ်၌
၂၀-၆-၂၀၁၁ နေ့တွင်နေ့လည် ၁နာရီမှညနေ ၄း၃၀အထိအပိုင်း ၃ ပိုင်းခွဲ၍
ကျင်းပခဲ့ကြပါသည်၊၊
ပထမပိုင်း၌UNHR ANGELINA JOLIE ( GOOD WILL CMBASADOR ) Message
ဂျပန်နိုင်ငံ Regional Representative ဖြစ်သူ JOHAN CELL , Forum For Refugees Japan မှဥက္ကဌလည်းဖြစ်International Social Service Japan ၏ဒါရိုက်တာဖြစ်သူ Kuniko Omori နှင့်ဂျပန်နိုင်ငံUNHCR ဆိုင်ရာပြည်ထဲရေးဝန်ကြီးးဌာနမှ Parliamentare Secretary
ဖြစ်သူ Mr.Takahiro Kuroiwa တို့မှအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဒုတိယပိုင်းတွင် တရားရေးဝန်ကြီးဌာနမှဒုက္ခသည်အသိအမှတ်ပြုဌာနဆိုင်ရာဒါရိုက်တာ Mr. Akihiko Kitamura Hosei University ,Refugees Studies Forum ၏ဥက္ကဌဖြစ်သူ
Professor Mr.Hiroshima Honma ,ဂျပန်ရှေ့နေများအဖွဲ့ ကွန်ယက်၏တာဝန်ခံနှင့်
People Forum For Burma မှရှေ့နေ Ms.Masako Suzuki , Uganda နိုင်ငံ
Refugees Coordination Comittee- Japan ၏ကိုယ်စားလှယ် Uganda နိုင်ငံသား
Mr. Antonio တို့မှဒုက္ခသည်ဆိုင်ရာကိစ္စများ ၊ တရားရေးဝန်ကြီးဌာနမှဒုက္ခသည်
ဆိုင်ရာလက်ခံမှုအခြေအနေ၊ပိုမိုကောင်းမွန်အောင်မည့်သို့လုပ်ဆောင်မည်၊
ရှေ့ နေများဘက်မှဂျပန်နိုင်ငံ၏ဒုက္ခသည်ဆိုင်ရာကိစ္စများသည်ယ္ခင်ကထက်တိုးတက်
လာကြောင်းစသည့် Policy များကိုညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်၊၊
တတိယအစီအစဉ်၌နိုင်ငံခြားရေးဝန်ကြီးဌာနဒုက္ခသည်လက်ခံရေးဆို်င်ရာဌာန၏
ဒါရိုက်တာ Mr.Junya Matsuura မှဂျပန်နိုင်ငံ၏ရှိပြီးသားဒုက္ခသည်ဆိုင်ရာ
အခြေအနေများနှင့်ယမန်နှစ်တတိယနိုင်ငံအဖြစ်ဂျပန်နိုင်ငံမှပထမဦးဆုံး
လက်ခံရောက်ရှိလာသောကရင်ဒုက္ခသည်
၂၇ယောက်၏အခြေအနေများကိုဆွေးနွေးတင်ပြခဲ့ပါသည် ။
Karen National League.Japan-KNL , Karen Information Space.Japan-KIS ,
Karen Human Rights Committee Japan-KHRC ၏တာဝန်ခံ
နော်လေးဖောမင်းသိန်းမှလည်းဒုက္ခသည်ဆိုင်ရာအခြေအနေ ၊
မိမိဂျပန်နိုင်ငံသို့ရောက်ရှိလာစဉ်တွင် ၊ ဂျပန်နိုင်ငံ၏ စကား ၊ ယဉ်ကျေးမှု့အခက်အခဲများတွေ့ကြုံရပုံများကိုယခုရောက်လာသော
ကရင်ဒုက္ခသည်အခြေအနေများကိုနှိုင်းယဉ်စာနာဆက်လက်ကူညီကြရန် ၊
မိမိရပ်ရွာထဲတွင် စစ်တပ်၏ဖိနှိပ်သတ်ဖြတ်မှု့အမျိုးမျိုးခံရသော
ပထမစိုးရိမ်စိတ်ဖိစီးမှုများ ၊ကရင်ဒုက္ခသည်စခန်းတွင်နေထိုင်စဉ်
ထိုင်းနိုင်ငံ၏ကန့် သတ်တင်းကျပ်သောအခြေအနေနှင့်စခန်းအပြင်ထွက်မရသော
ဒုတိယဖိစီးမှုများနှင့်ဂျပန်နိုင်ငံသို့ရောက်လာချိန်တွင်လည်းတတိယအကြိမ်ဖြစ်မည့်
စိတ်ဖိစီးစိုးရိမ်မှု့များကြုံရမည်ကိုမလိုလားကြောင်းတင်ပြဆွေးနွေးခဲ့ပြီး
ထို့နောက်အမေးအဖြေများဖြေကြားပြီး အစည်းအဝေးကိုအောင်မြင်စွာကျင်းပခဲ့သည်၊၊
ဤအစည်းအဝေးကိုဂျပန်နိုင်ငံ၏ အစိုးရအဖွဲ့အစည်းများ ၊ လူမှု့အဖွဲ့အစည်းများ နှင့်
Karen National League.Japan-KNL , Karen Information Space.Japan-KIS ,
Karen Human Rights Committee Japan-KHRC တို့မှ နော်လေးဖောမင်းသိန်း ၊
စောဘလှသိန်း ၊ စောကစ်စင်ဂျာတို့တက်ရောက်
ပြီးဧည့်ပရိတ်သတ် ၁၅၀ ကျော်တက်ရောက်ခဲ့ပါသည်၊၊

သတင်း -----စောကစ်စင်ဂျာ


မယ်လဒုက္ခသည်စခန်းတွင် ယနေ့ ဇွန်လ ၂၀ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် နှစ် (၆၀)မြောက် ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနား ဓာတ်ပုံမှတ်တမ်း

ဗိုလ်မှူးကြီး စောချစ်သူကို ကွပ်ကဲရေးမှူးရာထူး ကမ်းလှမ်း

Thursday, June 23, 2011


ကရင်တွေ အချင်းချင်းပြန်သတ်ဖို့  ဗမာစစ်တပ်က စစ်တုရင် နောက်တကွက်ရွေ့ လိုက်ပါပြီ။ "အ" တဲ့လူတွေက ဗမာစစ်တပ်ရဲ့ ရှေးပြေးတိုက်ခွေးတွေအဖြစ် ခွေးလိုဝက်လို သေကြအုံးမည်။

ဗမာစစ်တပ်အတွက် ခွေးဘွဲ့ တံဆိပ်ခံယူပြီး သေကြမလား.. တာမှမဟုတ် ကရင့်သမိုင်းမှာ လူမျိုးနဲ့ တိုက်ပြည်အတွက် အသက်ပေးသွားတဲ့ ကရင့်မျိုးချစ်သူရဲကောင်းဘွဲ့ တွေ ခံယူမလား ဆိုတာ ကိုယ့်ဟာကိုယ် ရွေးချယ်ဆုံးဖြတ်ကြပါတော့ ညီကိုတို့ ...............
xxxxxxxxxxxxxxxx


June 23, 2011 by နော်နိုရင်း

ကရင်ပြည်နယ်ထဲက နယ်ခြားစောင့်တပ်ရင်း ၄ ခု ဒီကေဘီအေကို ပြန်လည် အသွင်ပြောင်းပြီးတဲ့နောက် လက်ကျန်တပ်တွေကို စုစည်းကွပ်ကဲဖို့ အစိုးရက တပ်နယ်မှူး ဗိုလ်မှူးကြီးစောချစ်သူကို တာဝန်ပေးပါတယ်။

ကရင်ပြည် မြိုင်ကြီးငူဒေသအခြေစိုက် နယ်ခြားစောင့်တပ်ရင်း ၄ ရင်းဟာ သူတို့ရဲ့ မူလအဖွဲ့အစည်း ဒီကေဘီအေတံဆိပ်တွေ ပြန်လည်တပ်ဆင် အသွင်ပြောင်းခဲ့ပြီးတဲ့နောက် လက်ကျန်တပ်တွေကို ကွပ်ကဲဖို့ ပြီးခဲ့ရက်ပိုင်းက အစိုးရအရာရှိတွေက ဗိုလ်မှူးကြီးစောချစ်သူကို ကမ်းလှမ်းခဲ့ပါတယ်။

ကရင်ပြည်နယ်ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းနဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့် ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် မောင်မောင်အုန်းတို့က ဗိုလ်မှူးကြီးစောချစ်သူကို ပြီးခဲ့ရက်ပိုင်းတွေတုန်းက ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီးစောချစ်သူနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဒီကေဘီအေတပ်ကနေ နယ်ခြားစောင့်တပ်အသွင်ပြောင်းတဲ့ တပ်ရင်း ၁၁ ရင်း အနက် ၄ ရင်း မရှိတော့တာကြောင့် လက်ကျန် ၇ ရင်းကို ကွပ်ကဲပေးဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ တပ်ရင်း ၄ ရင်းကို ကိုင်တွယ် တာဝန်ယူထားတဲ့ တပ်နယ်မှူးဗိုလ်မှူးကြီး စောချစ်သူဟာ မနေ့က လက်ကျန် နယ်ခြားစောင့်တပ်ရင်းမှူးတွေနဲ့ ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ အဲဒီနီးစပ်သူက ပြောပါတယ်။

“အခုလက်ရှိကျန်နေတဲ့ နယ်ခြားစောင့်တပ်တွေကို စောင့်ရှောက်ထားဖို့၊ ဗိုလ်ချုပ်ကျော်သန်းတို့က ပြဿနာတက်တာ။ အဲဒီမှာ ဒီကေဘီအေလည်း ရှိတာကို။ အခုသူ့ကို နိုင်ငံတော်ကနေ အားလုံးကို တာဝန်ခံအနေနဲ့ထားမယ်။ ကျန်တဲ့နယ်ခြားစောင့်တပ်တွေကို အကုန်လုံး သူကွပ်ကဲရမယ်။ အဲဒါတပ်ရင်းမှူးတွေ အကုန်လုံးခေါ်ပြီးတော့ ၉၉၉ ဂိတ်ထဲမှာ အစည်းအဝေးလုပ်တယ်။ သူ့ကိုအားလုံးတာဝန်ပေးတာ။ အဲဒီလူတွေကို သူကဘယ်လိုသဘောရလဲ၊ လုပ်ရင်ကောင်းမလား၊ မကောင်းဘူးလား တိုင်ပင်တာပေါ့။ ဆွေးနွေးပြီးတော့ ဟိုဘက်မှာ အဖြေပြန်ပေးရမယ်။ သူကတော့ သိပ်မလုပ်ချင်ဘူး။ အားလုံးတာဝန်မခံချင်ဘူး။ အခုရှိတဲ့ တပ်တွေအနေနဲ့ပဲ ဆက်နေချင်တာပေါ့။ ဒါပေမယ့် နိုင်ငံတော်က သူ့ကိုလုပ်ခိုင်းတာ။ ဗိုလ်ချုပ်ကျော်သန်းတို့ကို တာဝန်မပေးတော့ဘူး။ ဗိုလ်ဘိတို့လည်း သူ့ဟာသူ လာနေလည်းနေပေါ့။ နောက်တော့မှ ဖြည်းဖြည်း ပြန်စည်းရုံးမယ်ပေါ့။”

ဗိုလ်မှူးကြီးစောချစ်သူဟာ နယ်ခြားစောင့်တပ်အသွင်းပြောင်းချိန်ကစလို့ နယ်စပ်စီးပွားရေးနဲ့ ကုန်သွယ်ရေး တာဝန်ခံ ဖြစ်သလို တပ်ရင်း ၁၀၁၇ ကနေ ၁၀၂၀ အထိ တပ်ရင်း ၄ ရင်းကို ချုပ်ကိုင်တာဝန်ယူရတဲ့ တပ်နယ်မှူးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

အခုတော့ ကရင်ပြည်နယ်ဝန်ကြီးက ကရင်ပြည်နယ်အတွင်း ကျန်ရှိနေတဲ့ နယ်ခြားစောင့်တပ် အားလုံးကို ကွပ်ကဲဖို့ တာဝန်ပေးတာ ဖြစ်တဲ့အတွက် ကရင်ပြည်နယ်ထဲက နယ်ခြားစောင့်တပ်တွေမှာ အကြီးဆုံးအဆင့် ကွတ်ကဲရေးမှူး ဖြစ်လာမှာပါ။

ဒီကေဘီအေကနေ နယ်ခြားစောင့်တပ်အသွင်ပြောင်းချိန်မှာ ဖွဲ့တဲ့ တပ်ရင်း ၁၁ ရင်းကို နာယက အဖွဲ့ဝင် ၃ ဦးနဲ့ တပ်နယ်မှူးအဆင့် ၄ ဦးရှိပြီး ကွပ်ကဲခဲ့ပါတယ်။ နာယက ၃ ဦးကတော့ ဒီကေဘီအေ ခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ ဦးသာထူးကျော်၊ ဦးကျော်သန်း၊ ဦးလှဘတို့ဖြစ်ပြီး တပ်နယ်မှူးတွေကတော့ ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူး ဘသိန်း၊ ဗိုလ်မှူး ကြာအင်းနဲ့ နောက်တဦး ဖြစ်ပါတယ်။

အခုလလယ်ပိုင်းက မြိုင်ကြီးငူဒေသမှာ ပုန်ကုန်မှုဖြစ်လာပြီးနောက် နာယကနဲ့ တပ်နယ်မှူးတွေကို ဖြုတ်ပြီး ဗိုလ်မှူးကြီး စောချစ်သူကို ကွပ်ကဲရေးမှူး တာဝန်ယူပေးဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

ပရိုတင်း ဓါတ် အပြည့်အဝ ပါတဲ့ အသား

နောက်ဆို ဂျပန် ရောက် လို့ စားသောက်ဆိုင် မှာ အစားအစာတွေ မှာယူ သုံးဆောင်တော့မယ်ဆိုရင်တော့ ဘာကို အခြေခံပြီး ဘယ်က ရလာတဲ့ အစားအစာ တွေလဲဆိုတာကို မေးဖို့ မမေ့ပါနဲ့ ..... ဘာကြောင့်လဲဆိုတော့ ဂျပန်မှာ လူတွေစွန့်ထုတ်လိုက် တဲ့ မစင် ကဆင့် လူစားဖို့အတွက် ပရိုတင်း ဓါတ် အပြည့်အဝ ပါတဲ့ အသားတွေ ပြန်လည် ထုတ်လုပ်နေပြီးလို့ သိရပါတယ်။

The global food crisis is a very serious issue, but professor Ikeda thinks his latest invention, an artificial meat based on protein from human excrement, could be of great help.

The Japanese researcher from the Okayama laboratory says its country has more sewage mud than they can handle, so Tokyo Sewarage asked him to explore its possible use. Knowing the wacky nature of many Japanese scientists, it’s no surprise he came up with a turd burger. During his research, he discovered sewage mud contains a great deal of protein so he began developing a process of extracting that valuable protein and turning it into a viable meat substitute.

Sewage mud is high in protein, because it’s full of bacteria, most of which comes from human feces. However, these microorganisms are harmless, because they are killer by heat during the manufacturing process. According to initial tests, the artificial meat even tastes like beef, thanks to added soy protein, and Ikeda added some red food coloring to give it a more natural look. In terms of nutritive values, the turd burger doesn’t sound bad at all: it’s 63% protein, 25% carbohydrates, 3% lipids and 9% minerals.

However, Ikeda himself admits not many people would be keen to try meat, if they knew it was made from sewage mud and contains proteins from human excrement. But, if the food crisis gets out of control, I wouldn’t be surprised to see people fight over a piece of turd stake. In the meantime, Ikeda hopes to actually get his invention into mass production, by making it affordable. Right now, “shit meat” is actually 10 times more expensive than real meat, but once the price of the actual research is taken out of the equation, the Japanese scientist hopes his artificial meat will be able to compete with the natural one.

ကရင်ဘက်ကို ထိုးစစ်ဝင်နိုင်ဟုဆို


ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် တိုးတက်သော ဗုဒ္ဒဘာသာ ကရင်အမျိုးသား တပ်မတော် DKBA တို့ ပူးပေါင်း တပ်များ တည်ရှိရာသို့ အစိုးရတပ်မှ စစ်ကြောင်းများ ထိုးစစ်ဆင်နိုင်ဖွယ် ရှိသည်ဟု ကရင်ပူးပေါင်းတပ်များက ပြောသည်။

“ကျနော်တို့ သိထားရသလောက်တော့ သူတို့ဘက်က ထိုးစစ်လုပ်ဖို့ အဆင်သင့်ရှိနေပြီ။ ကျနော်တို့ဘက်ကလည်း အဆင်သင့် စောင့်နေတာပေါ့” ဟု DKBA ကလို့ထူးဘော ဗျူဟာမှူး ဗိုလ်မှူးကျော်သက်က မဇ္ဈိမကို ပြောသည်။

လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသတွင် အင်အား
dkbaandknu2
တိုးတက်သော ဗုဒ္ဒ ဘာသာ ကရင်အမျိုးသား တပ်မတော် DKBA ၉၀၉ တပ်ရင်းမှူး ဗိုလ်စတီး (ဘယ်)နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ တပ်မှူး ဗိုလ်မှူးကြီး နဒါးမြ (ညာ) တို့ကို အတူတွေ့မြင်ရစဉ် ... (ဓါတ်ပုံ မဇ္ဈိမ)
၁,၀၀၀ ကျော်ရှိသည့် ကရင်နယ်ခြားစောင့်တပ်ရင်း ၄ ရင်းက ဇွန်လ ၁၇ ရက်နေ့တွင် KNU နှင့် DKBA တပ်များနှင့် ပြန်လည် ပေါင်းစည်းမှု ဖြစ်ပေါ်ပြီးနောက်
အစိုးရဘက်မှ တပ်မ ၄၄ နှင့်တပ်မ ၁၁ တို့ကို
တိုက်ခိုက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ DKBA ၏ မြိုင်ကြီးငူ ဗဟိုဌာနချုပ် အနီးတွင်လည်း အစိုးရတပ်များ ချဉ်းကပ်
နေရာယူထားသလို ကမမောင်းမြို့နယ် အတွင်းသို့ ဝင်ရောက်လာနေကြသည်ဟုလည်း ဗိုလ်မှူးကျော်သက်က
ပြောသည်။

နယ်ခြားစောင့်တပ်အဖြစ် ၉ လကျော်အကြာ တာဝန် ထမ်းဆောင်ပြီးနောက် DKBA များက ပြန်လည် ပုန်ကန်မှုကို ပြသသည့် အနေဖြင့် DKBA တံဆိပ်များ ဇွန် ၁၇ ရက်နေ့မှစ၍ ပြန်လည် တပ်ဆင်လာခဲ့ကြသည်။

ကရင်လူမျိုးများ အတွက်လည်း ပြောင်းလဲတိုးတက်မှုကို မတွေ့ရသဖြင့် ယခုကဲ့သို့ ပြန်လည် ဘက်ပြောင်းလာခြင်း
ဖြစ်သည်ဟု DKBA တပ်မှူးဗိုလ်မှူး ချစ်စရာက မဇ္ဈိမကို ပြောသည်။

စိုးရိမ်မှု ရှိလာသူ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန နယ်ခြားစောင့်တပ်များ ဆိုင်ရာ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မောင်မောင်အုန်းတို့က မြိုင်ကြီးငူတွင် DKBA မှ ဆရာတော် ဦးဉာဏိကနှင့် ဇွန် ၁၇ ရက်နေ့တွင် သွားရောက် ဆွေးနွေးခဲ့ကြသည်။ အစိုးရ ကိုယ်စားလှယ်များ လာရောက်ချိန်တွင် DKBA တပ်များအပေါ် သြဇာညောင်းသည့် မြိုင်ကြီးငူဆရာတော် ဦးသုဇန ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆေးကုသမှု ခံယူနေချိန် ဖြစ်သည်။

dkbaandknu
ကရင်အမျိုးသား အစည်းအရုံး KNU နှင့် တိုးတက်သော ဗုဒ္ဒဘာသာ ကရင်အမျိုးသား တပ်မတော် DKBA တို့ ပူးပေါင်း တပ်များ တွေ့မြင်ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)
ဗိုလ်ချုပ်မောင်မောင်အုန်းက နယ်ခြားစောင့်တပ်အဖြစ် မနေလျှင် တိုက်ခိုက်ယုံမှတပါး ရွေးချယ်စရာလမ်းမရှိဟု ခြိမ်းခြောက်သည်ဟုလည်း DKBA ဘက်က ပြောသည်။ ထို့နောက် စစ်တပ်များ တိုးချလာခြင်း ဖြစ်လာခဲ့သည်။

“ဒီနေရာကို သူတို့ လက်နက်အင်အားသုံးပြီးတော့ ယူသွားနိုင်ပေမယ့် ကျနော်တို့ ကျွမ်းကျင်နယ်မြေဖြစ်တဲ့ အတွက်ကြောင့် သူတို့တွေရဲ့ အသက်တွေ အများကြီး စတေးပြီးမှ ဒီနေရာကို ရပါလိမ့်မယ်။ ကျနော်တို့ကတော့
ပြောက်ကျား စနစ်အပါအဝင် နည်းမျိုးစုံ ပြင်ထားတယ်” ဟု ဗိုလ်မှူးချစ်စရာက မဇ္ဈိမကို ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး၏ တပ်ဖြစ်သော ကရင်လွတ်မြောက်ရေး တပ်မတော်မှ ဗိုလ်မှူးကြီး ဖောဒိုက
“ ကျနော်တို့ တကယ်လိုချင်တာက စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဗျ။ အခုတက်လာတဲ့ အစိုးရသစ်ကလည်း ဒီကိစ္စကို လုပ်ဖို့ အစီအစဉ် ရှိပုံ မပေါ်ဘူး။ နိုင်ငံရေးအရ
တွေ့ဆုံဆွေးနွေးဖို့ သူတို့မှာ ရှိဟန်လည်း မပြဘူး။ ဒါကြောင့်မို့ သူလက်အောက်မှာ သွားနေခဲ့တဲ့ နယ်ခြားစောင့်တပ်တွေက အခုလို မြိုင်ကြီးငူဒေသကို အာဏာပြန်သိမ်းတာနဲ့ ကြုံနေရတာပဲ” ဟုပြောသည်

နယ်ခြားစောင့်တပ် လေးခုစလုံး ဒီကေဘီအေ အဖြစ်ပြန်ပြောင်း

KIA တပ်ဖွဲ့မှ ပြန်လွှတ်ပေးပြီးသော သုံးပန်းများ




Myen_bong_bai_dat_ai

Reported rape incidents by Burma Army during offensive in Kachin area မုဒိမ်းကျင့်တော်တဲ့ ဗမာ့တပ်မတော်ပါ

Reported_rape_incidents_by_Burma_Army

BGF News

BGF_News

Tuesday, June 21, 2011

နန့်ဇိုယာဖန်းနှင့်ဆက်သွယ်မေးမြန်းချက် အပိုင်း(၁၊ ၂)


ဇိုယာဖန်းဟာ အင်မတန်မှ နိုင်ငံရေးမှာ တက်ကြွတဲ့ ကရင်အမျိုးသမီးတယောက်ဖြစ်

နန့်ဇိုယာဖန်း

ဇိုယာဖန်းဟာ အင်မတန်မှ နိုင်ငံရေးမှာ တက်ကြွတဲ့ ကရင်အမျိုးသမီးတယောက်ဖြစ် ပါတယ်။ မွေးရကျိုးနပ်တယ်လို့ ကရင်ခေါင်းဆောင်များက ပြောကြပါတယ်။ သူဟာ ခေတ်ပညာတတ်ဆိုပေမယ့် ဘ၀မြင့်ခြင်း၊ ကိုယ်ကျိုးအတွက် မလုပ်ဆောင်ဘဲ ကရင်အမျိုးသားလွတ်မြောက်ရေးအတွက်နှင့် ဗမာပြည်၏ဒီမိုကရေစီနိုင်ငံရေးလောကတွင် စတင်ခြေချနေသူဖြစ်ပါတယ်။ ၎င်းအား မချီးကျုးဘဲ မနေနိုင်ကြပါ။



United Nationalities Federal Council (Union Of Burma) ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNCF)ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းအပေါ် သဘောထားထုတ်

United Nationalities Federal Council (Union Of Burma) ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNCF)အဖွဲ့ဝင် ကချင်(KIO/KIA) နှင့်ရှမ်း(SSPP/SSA)တို့အားထိုးစစ်ဆင်တိုက်ခိုက်နေခြင်းအပေါ် သဘောထားထုတ်ပြန်ချက်

၁။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖံြွ့ဖိုးရေးပါတီ (ကြံ့ / ဖံွ့ပါတီ) အစိုးရသစ်၏ သမ္မတဦးသိန်းစိန် ကျမ်းသစ္စာ ကျိမ်

ဆိုသည့်နေ့ကအစိုးရသစ်၏ပေါ်လစီကိုပြောကြားသွားရာတွင် အမျိုးသားပြန်လည်ပေါင်းစည်းရေးကိုပါ ထည့်

သွင်းပြောကြားခဲ့ပါသည်။ သို့သော် မိမိတို့ (UNFC) အဖွဲ့ဝင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရှမ်းပြည်

တပ်မတော် (SSA) အား၂၀၁၁ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ သည်။

ယခုတဖန် ၂၀၁၁ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့တွင် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကချင်ပြည်

လွတ်လပ်ရေးတပ်မတော် (KIA) အားထိုးစစ်ဆင်တိုက်ခိုက်လာပြန်သည်။



၂။ စစ်ယူနီဖောင်းချွတ် အစိုးရသစ်သည် ပေါ်လစီစကားကိုချိုသာစွာရွေးချယ်ပြောဆိုနေသော်လည်း လက်တွေ့

တွင် တိုင်းရင်းသားလူမျိုးစုအချင်းချင်းအကြား ဖြစ်ရှိနေသည့်နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ မ

ဖြေရှင်းပဲစစ်ရေးနည်းဖြင့်သာ အကြမ်းဖက်ဖြေရှင်းသွားမည်ကို လက်တွေ့ပြသနေပြီဖြစ်သည်။



၃။ မိမိတို့ (UNFC) အဖွဲ့ဝင် ရှမ်းပြည်တိုးတက်ရေးပါတီသည် လည်းကောင်း၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့သည်

လည်းကောင်း စစ်ရေးနည်းဖြင့်မဖြေရှင်းလို၍ သဘောထားကြီးကြီးဖြင့်သီးခံကာ ပြေလည်ရာပြေလည်

ကြောင်းနည်းလမ်းရှာခ့သဲ ည်။ သို့သော် ကြံ့ / ဖံွ့ စစ်အစိုးရဘက်မှလုံးဝ အလေးထားခြင်းမရှိပဲ စစ်ရေးနည်း

ဖြင့်သာ တိုး၍တိုက်ခိုက်လာခ့သဲ ည်။



၎။ (၃-၆-၂၀၁၁) ရက်နေ့က တန့်ယန်း မြို့နယ်အတွင်းရှိရှမ်းပြည်တပ်မတော်၏ စခန်းတခုကိုထိုးစစ်ဆင်

တိုက်ခိုက်ရာတွင် ဓါတုဗေဒကျည်များကိုပါအသုံးပြုပြီး မရ ရအောင်တိုက်ယူခဲ့သည်။



၅။ (၉-၆-၂၀၁၁) ရက်နေ့တွင် မိုးမောက်မြို့နယ်အတွင်းရှိ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ ဘွမ်ဆန် (ထုံးဖို) စခန်း

ကို လက်နက်ကြီးငယ်များဖြင့် စတင်တိုက်ခိုက်လာသည်။ ထိုနေ့ နေ့လည် (၁၁:၄၅) နာရီတွင်

အပစ်အခတ်ရပ် တံ့ရန် စစ်အစိုးရတပ်ကကမ်းလှမ်းလာပြီး သုံ့ပန်းလဲလှယ်ရေးကိုပါပြောကြားလာသည်။

(KIA) ဘက်ကသ ဘောတူလက်ခံပြီး ညနေပိုင်းတွင် ၎င်းတို့ဖမ်းထားသော ဗမာ့တပ်မတော်မှ

ဗိုလ်ကြီးမြတ်ကိုကိုနှင့် ဗိုလ်ကိုကို ၀င်းတို့ကို လွှဲအပ်ပေးခဲ့သည်။ စစ်အစိုးရဘက်မှ ၎င်းတို့ဖမ်းထားသော

(KIA) ရဲဘော်သည် တိုက်ပွဲတွင် ထိ ခိုက်သေဆုံးသွားပြီဖြစ်ကြောင်း ပြန်ကြားလာပြီး ၎င်းရဲဘော်၏

လက်နက်နှင့် ကျည်ဆံများကိုသာပေးအပ်ခဲ့ သည်။ (KIA) ဘက်မှ အလောင်းကိုပေးရန်တောင်းဆိုသဖြင့်

(၁၀-၆-၂၀၁၁) ရက်နေ့တွင်ပေးအပ်လာ သည်။ အလောင်းကိုစီစစ်ကြည့်သောအခါ ကျည်ဆံဒဏ်ရာဖြင့်

သေဆုံးရခြင်းမဟုတ်ပဲ ထိုးနှက်ထုထောင်း၊ ညှင်းပမ်းမှုကြောင့် သေဆုံးရကြောင်းတေ့ရွှိခဲ့သည်။

၎င်းတို့လူကိုရပြီးနောက်စစ်အစိုးရသည် ၈၀ မမ၊ ၁၂၀ မမ အမြောက်များဖြင့် ထိုစခန်းကို ဆက်လက်တိုက်

ယူခဲ့သည်။



၆။ ဤအခြေအနေအထိ (KIO / KIA) ဘက်မှ တိုက်ခိုက်ဖြေရှင်းခြင်းကို မလိုလား၍ စစ်အစိုးရအား နှစ်ဦးနှစ်

ဖက်အကြားစစ်မဖြစ်လိုပါက (၁၃-၆-၂၀၁၁) ရက်နေ့နေ့လည် (၁၂) နာရီအချိန်တွင် တိုက်ခိုက်နေမှုကို

ရပ်တံ့ပေးရန်သက်ဆိုင်ရာအာဏာပိုင်များသို့ ကမ်းလှမ်းခဲ့သည်။ သို့သော် စစ်အစိုးရဘက်မှ ရပ်နားခြင်းမရှိ

ယုံမက တပ်အင်အားတိုးပို့လာပြီး ဆက်၍သာပစ်ခတ်တိုက်ခိုက်နေပါသည်။



၇။ အထက်ပါအဖြစ်အပျက်အခြေအနေများအပေါ်သုံးသပ်ကြည့်ပါက သမ္မတဦးသိန်းစိန်ဦးဆောင်သောအစိုးရ

သည် မိမိတို့တိုင်းရင်းသားများနှင့် ဖြစ်ရှိနေသော ပြဿနာကို နိုင်ငံရေးနည်းအရပြေလည်သင့်မြတ်ရန် နည်း

လမ်းရှာလိုစိတ်မရှိ၊ စစ်ရေးနည်းဖြင့်သာဖြေရှင်းလိုကြောင်းသိသာပေါ်လွင်နေပါသည်။



၈။ မိမိတို့တိုင်းရင်းသားတော်လှန်ရေးအင်အားစုများသည် ပြည်ထောင်စုမှခွဲထက်ွရန်မဟုတ်။ မိမိတို့၏မွေးရာပါ

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌါန်းခွင့် ရရှိရေးအတွက် အခြားနည်းလမ်းမရှိသဖြင့်လက်နက်ကိုင်တိုက်

ပွဲဝင်နေရခြင်းဖြစ်သည်။ ၁၉၄၇ ခုနှစ်တွင် သဘောတူချုပ်ဆိုခဲ့သော ပင်လုံသဘောတူညီချက်အတိုင်း စစ်မှန်

သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားများသည် ပင်လုံသဘော

တူညီချက်နှင့်လွှဲချော်နေသော ၁၉၄၇၊ ၁၉၇၄ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို ပြင်ဆင်ပေးရန် အကြိမ်ကြိမ်

အဖန်ဖန် တင်ပြတောင်းဆိုခြဲ့ကသည်။ ရေရှည်အပစ်ရပ်ပြီးလည်းကြိုးပမ်းခဲ့ကြသည်။ သို့သော် အာဏာရ

အစိုးရများက ဂရုမစိုက်ခ့။ဲ ယခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း မိမိတို့တိုင်းရင်းလူမျိုးများကို

ဝါးမျိုဖျောက်ဖျက်ရန်စီမံဖန်တီးထားသည်ကို တွေ့ရသည်။ စစ်ယူနီဖောင်းချွတ် ကြံ့ / ဖွံ့ အစိုးရသည် မိမိတို့၏

အခွင့်အရေး များကိုနိုင်ငံရေးအရပိတ်ဆို့ထားပြီး စစ်ရေးနည်းဖြင့် ချေမှုန်းနေပါသည်။



၉။ မိမိတို့တိုင်းရင်းသားလူမျိုးများသည် စိတ်ရှည်စွာသီးခံပြီး နိုင်ငံရေးအရဖြေရှင်းနိုင်ရန် ကြိုးပမ်းနေပါသော်

လည်းမိမိတို့အားစစ်ရေးအရတိုက်ခိုက်လာနေသဖြင့် မလွှဲမရှောင်သာခုခံကာကွယ်ရတော့မည်။ ထို့ကြောင့်

နောင်ဖြစ်ထွန်းလာမည့် ပြည်တွင်းစစ်အကျိုးဆက်များသည် မိမိတို့တာဝန်မဟုတ်၊ အုပ်ချုပ်သူအာဏာရ

အစိုးရ၏ တာဝန်သာဖြစ်လိမ့်မည်။



၁၀။အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအားပန်ကြားလိုသည်မှာ အိုးအိမ်စွန့်၍ ထွက်ပြေးနေကြရ

သောစစ်ပြေးဒုက္ခသည်များအပေါ် စာနာပြီးကူညီစောင့်ရှောက်ပေးစေလိုကြောင်း ထုတ်ပြန်ကြေငြာအပ်ပါ

သည်။



နေ့စွဲ ။ ။ ၂၀၁၁ခုနှစ်၊ ဇွန်လ (၁၆ ) ရက်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ။

နိုင်ငံတကာဒုက္ခသည်များနေ့ မြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းတွင်ကျင်းပ

ယနေ့ ကျရောက်သည့် နိုင်ငံတကာ ဒုက္ခသည်များနေ့ အခမ်းအနားကို ထိုင်း - မြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းတွင် ကျင်းပရာ တက်ရောက်လာသည့် မြန်မာဒုက္ခသည် ၂၅၀၀ ခန့်က ထိုင်းအစိုးရ အနေဖြင့် ဒုက္ခသည်များကို နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ စံနှုန်းများနှင့်အညီ ထားရှိပေးရန် တောင်းဆိုခဲ့ကြသည်။

World-Refugees-Day-2011

မယ်လ ဒုက္ခသည်စခန်းအတွင်း နိုင်ငံတကာ ဒုက္ခသည်များနေ့ အခမ်းအနား ကျင်းပစဉ် (ဓာတ်ပုံ - ဧရာဝတီ)

“ကျနော်တို့ မြန်မာနိုင်ငံမှာ အမှန်တကယ် ဖိနှိပ်ခံခဲ့ရလို့ ဒီဒုက္ခသည်စခန်းကို ရောက်လာတာပါ။ ထိုင်း အစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ ညှိနှိုင်းပြီး ဒုက္ခသည်တွေကို အတင်းအဓမ္မ ပြန်ပို့ခဲ့မယ်ဆိုရင် ကျနော်တို့ကို သေတွင်းပို့တာနဲ့ အတူတူပဲ။ ထိုင်းအစိုးရအနေနဲ့ မြန်မာဒုက္ခသည်တွေကို သက်ညှာစဉ်းစားပေးဖို့ ပြောချင် ပါတယ်” ဟု အခမ်းအနား တက်ရောက်လာသည့် နာဂတိုင်းရင်းသား တဦးဖြစ်သူ ကိုဖိလစ်ကဆိုသည်။

မယ်လ ဒုက္ခသည်စခန်းရှိ ကချင်တိုင်းရင်းသား များကလည်း ကချင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွား နေသည့် တိုက်ပွဲများကြောင့် ဒေသခံလူထု ဒုက္ခရောက်နေကြသည့် ကိစ္စနှင့် ပတ်သက်၍ ၎င်းတို့၏ ဆန္ဒများကို ပြောဆိုသည်။

ကချင် ဒုက္ခသည်တဦးက “ကချင်အပါအ၀င် တိုင်းရင်းသားတွေကို မတရားထိုးစစ်ဆင် တာတွေ ရပ်တန့်ဖို့ တောင်းဆိုပါတယ်။ ကချင်ပြည်နယ်တွင်းမှာ မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဒီစခန်းကနေ တဆင့် နိုင်ငံ တကာက သိရှိအောင် ကျနော်တို့ နှိုးဆော်တာ ဖြစ်တယ်။ နိုင်ငံတကာကလည်း ကချင်မှာ ဖြစ်နေတဲ့ အနေအထားတွေကို ၀ိုင်းဝန်းပြီးတော့ ကန့်ကွက်နိုင်ဖို့အတွက် ကျနော်တို့က ဆန္ဒ ထုတ်ဖော်တာပါ” ဟု ပြောသည်။

မယ်လစခန်းတွင် မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ထွက်ပြေး ရောက်ရှိလာသည့် ကချင်တိုင်းရင်းသား ၃၀၀ နီးပါးရှိကြောင်း ၎င်းက ဆိုသည်။

ယနေ့ ကျင်းပသည့် အခမ်းအနားကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အပါ အ၀င် မြန်မာဒုက္ခသည်အရေး ဆောင်ရွက်နေကြသည့် NGO အဖွဲ့ ၁၃ ဖွဲ့တို့ ပူးပေါင်း ကျင်းပခြင်း ဖြစ်သည်။

မြန်မာဒုက္ခသည်များကို နေရပ်ပြန်ပို့မည်ဆိုသည့် မကြာသေးခင်က ထိုင်းအစိုးရ၏ ပြောကြားချက်ကြောင့် ဒုက္ခသည်များအားလုံး စိုးရိမ်ကြောက်လန့် နေကြသည်ဟု လားဟူ ဒုက္ခသည် တဦးက ပြောသည်။

လီဆူး ဒုက္ခသည် တဦးကလည်း “ကျမတို့ရဲ့ အနာဂတ်ဟာ လက်ရှိ အခြေအနေအရ ထိုင်းအစိုးရရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ ဒါကြောင့် ထိုင်းအစိုးရအနေနဲ့ ကျမတို့ မြန်မာဒုက္ခသည် အားလုံးကို လူသားချင်း စာနာစေချင်ပါတယ်” ဟု ဆိုသည်။

မဲဆောက်အခြေစိုက် UNHCR ရုံး၏ လက်ထောက်တာဝန်ခံ Mr. KUL THONG LIM က ဒုက္ခသည် များအား မြန်မာပြည် ပြန်ပို့မည့် အစီအစဉ်သည် ထိုင်းအစိုးရ၏ မူဝါဒ ဖြစ်သော်လည်း ချက်ချင်း အကောင်အထည် ဖော်ရန် မဖြစ်နိုင်သေးကြောင်း၊ အချိန် ယူရဦးမည် ဖြစ်ကြောင်း ပြောသည်။

သူက “သုံး၊ လေးနှစ်အတွင်းမှာ ဖြစ်နိုင်တဲ့ အနေအထားမျိုး မဟုတ်ပါဘူး” ဟု ဆိုသည်။

ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ မြောက်ဘက် ကီလိုမီတာ ၆၀ အကွာတွင် တည်ရှိသည့် မယ်လ ဒုက္ခသည် စခန်းတွင် ကရင်၊ ကချင်၊ ချင်း၊ ကယန်း၊ မွန်၊ ပအိုဝ်း၊ နာဂ၊ ရှမ်း၊ လီဆူး၊ လားဟူ၊ ဗမာ၊ ရခိုင် အပါအ၀င် မြန်မာတိုင်းရင်းသား ၅၀၀၀၀ ခန့် နေထိုင်လျှက်ရှိသည်။

ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာဒုက္ခသည်စခန်း ၉ ခုရှိပြီး မြန်မာဒုက္ခသည် ၁၄၀၀၀၀ ခန့် ရှိသည်ဟု ဒုက္ခသည်များကိစ္စ ဆောင်ရွက်ပေးနေသည့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအသင်း (TBBC) ၏ မှတ်တမ်းများအရ သိရသည်။

နယ်စပ်အရေး ဆွေးနွေးအဖြေရှာဘို့ NLD တိုက်တွန်း

2011-06-20

ပြည်တွင်းစစ်မီး တောက်လောင်နေတဲ့ ကချင် ပြည်နယ်၊ ရှမ်း ပြည်နယ်နဲ့ ကရင် ပြည်နယ်မှာ သက်ဆိုင်သူ အားလုံး ပါဝင် ဆွေးနွေးပြီး ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ဖို့  အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်က ဒီကနေ့  ကြေညာချက် ထုတ်ပြီး တိုက်တွန်းလိုက် ပါတယ်။

KIO

ကချင်ပြည်နယ်အတွင်း အစိုးရတပ်ရဲ့ ထိုးစစ်ကြောင့် တရုတ်-မြန်မာနယ်စပ်မြို့ ဖြစ်တဲ့ လိုင်ဇာကို ထွက်ပြေးခိုလုံလာတဲ့ ကချင် တိုင်းရင်းသားဒေသခံတွေကို ကချင်လူမှုရေးအဖွဲ့က စီစဉ်ပေးထားတဲ့ ခိုလုံရေး စခန်းတွေမှာ ဇွန်လလယ်ပိုင်းမှာ တွေ့ရပုံ။

ဒါ့အပြင် ဒီနယ်မြေတွေမှာ အကျိုး စီးပွါး ဖြစ်နေကြသူတွေလည်း ဒေသ ငြိမ်းချမ်းရေး အတွက် ဝိုင်းဝန်း ကူညီကြဖို့  NLD က မေတ္တာ ရပ်ခံ လိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပါတယ်။ "ကျနော်တို့ရဲ့ အခြေခံမူကတော့ မတူကွဲပြားမှုတွေကို တယောက်နဲ့ တယောက် အပြန်အလှန် လေးစားခြင်း၊ တန်းတူ ရည်တူ အခွင့်အရေးတွေ ရှိတယ်ဆိုတာကို အသိအမှတ်ပြုပြီးတော့ စိတ်စေတနာ မှန်ကန်စွာနဲ့သာ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်း ဖြေရှင်းမယ်ဆိုရင် ပြေလည်မယ်လို့ ယုံကြည်ပါတယ်။ ဒါ အဖွဲ့ချုပ်ရဲ့ အခြေခံမူ စတည်ထားကထဲက ဒီအပေါ်မှာ ကျနော်တို့က ရပ်တည်ထားတာပါ။ အခု ပြဿနာတွေကိုလည်း တဦးနဲ့တဦး တဖက်နဲ့ တဖက် မတူကွဲပြားတဲ့ သဘောထားတွေ ရှိနိုင်တာပေါ့။ အဲလို ရှိတာကို တယောက်နဲ့ တယောက် အပြန်အလှန် လေးစားရေး၊ အပြန်အလှန် နားလည်မှုရှိရေးမူကို အခြေခံပြီးတော့ အကုန်လုံး ပြေလည်ဖို့အတွက် စိတ်ရှည် လက်ရှည်နဲ့ ကာယာကံရှင်တွေကိုယ်တိုင်ကလည်း စေ့စပ် ဆွေးနွေးကြပါလို့ တိုက်တွန်းပါတယ်။ နောကပြီးတော့ အကျိုးစီးပွါး ထပ်တူရှိနေတယ်လို့ ယူဆရတဲ့ သက်ဆိုင်သူ အားလုံးကလည်း ၀ိုင်းဝန်း ကူညီကြပါလို့ မေတ္တာ ရပ်ခံထားတာ ဖြစ်ပါတယ်။" မနေ့က ဇွန်လ ၁၉ ရက်နေ့ ညနေမှာ ကျင်းပခဲ့တဲ့ NLD ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်နဲ့ ဒီကြေညာချက်ကို ထုတ်ပြန်လိုက်တာပါ။ ဒီထဲမှာ ကရင် ပြည်နယ်မှာ ဆယ်စုနှစ် များစွာ တောက်လျှောက် ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို ထွက်ပြေး ခိုလှုံနေရတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ ဒုက္ခ၊ အခု တခါ ကချင် ပြည်နယ်က စစ်ပွဲတွေကြောင့် အိမ်နီးချင်း တရုတ်နိုင်ငံကို ထွက်ပြေး နေရတဲ့ ပြည်သူတွေရဲ့ ဒုက္ခတွေကို ကြားသိ နေရတဲ့ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အနေနဲ့  အလွန် စိတ်မကောင်း ဖြစ်ရတယ်လို့လည်း ဖေါ်ပြထား ပါတယ်။ ဒါကြောင့် ပြည်တွင်းစစ်ဒဏ်ခံနေရတဲ့ပြည်သူတွေရဲ့ဒုက္ခတွေ အမြန်ငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ တိုက်တွန်း မေတ္တာရပ်ခံရတာလို့ ဖေါ်ပြထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD ဒုဥက္ကဌ ဦးတင်ဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့







သင်္ဃန်းကျွန်းတွင် ရက်ဆက် မီးလောင်


ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ယမန်နေ့က အနှိပ်ခန်း အဆောက်အအုံတလုံး မီးလောင်ခဲ့ပြီး ယနေ့နံနက်တွင်လည်း စက်ရုံတလုံး မီးလောင်ကျွမ်းသွားသည်။

IMG_0868

စက်ရုံ နောက်ကျောဘက်ကို မီးငြှိမ်းသတ်နေပုံ (ဓာတ်ပုံ - ဧရာဝတီ)

ယနေ့ နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့သည့် ၁၆ ရပ်ကွက်၊ သုမင်္ဂလာလမ်းရှိ မော်တာ အထည်ချုပ် စက်ရုံမီးလောင်မှုတွင် စက်ရုံအနီး နေထိုင်သူတို့က ၀ိုင်းဝန်းကူညီ ငြှိမ်းသတ်ကြသည်ဟု ဒေသခံတဦးက ပြောသည်။

“မီးခိုးတွေက လုံးပြီး ထွက်လာတယ်။ စက်ရုံက အကာအရံတွေနဲ့ ဆိုတော့ ၀င်လို့မရ ဖြစ်နေတယ်။ မီးသတ်ယာဉ်တွေ မရောက်သေးတော့ ရပ်ကွက်က စက်ရုံဘေးကပဲ ၀ိုင်း ပက်နေရတယ်” ဟု စက်ရုံ နောက်ဘက်တွင် နေထိုင်သူ တဦးက ရှင်းပြသည်။

မီးသတ်ကားများ ရောက်ရှိသွားပြီး နံနက် ၉ နာရီခွဲခန့်တွင် မီးညွန့် ကျိုးသွားကြောင်း၊ စက်ရုံအတွင်း လောင်စာများကို လှိုက်၍ လောင်ကျွမ်းခဲ့ပုံရပြီး ၁၀ နာရီ ခွဲခန့်တွင် မီး လုံးဝ ငြိမ်းသွားကြောင်း ဒေသခံတို့က ပြောသည်။

ဝန်ထမ်း ၃၀ ကျော် လုပ်ငန်းခွင် ၀င်နေစဉ် လောင်ကျွမ်းခြင်း ဖြစ်ပြီး အထည်ချုပ်လုပ်ငန်း တည်ရှိရာ အဆောက်အအုံ ၂ လုံးတွဲအနက် လက်ယာဘက် အဆောက်အအုံ လုံးဝ ပျက်စီးသွားသည်ဟု သိရသည်။

ယမန်နေ့ည ည ၇ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည့် ၁၆ ရပ်ကွက်၊ ရတနာလမ်းမကြီးပေါ်ရှိ New Dream အနှိပ်ခန်း မီးလောင်ကျွမ်းမှုသည် အနှိပ်ခန်း အပေါ်ထပ်မှ စတင်ခဲ့ခြင်း ဖြစ်သည်ဟု အိမ်နီးချင်းများက ပြောပြသည်။
IMG_0852

New Dream အနှိပ်ခန်း မီးလောင်ပြီးမြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)



“၇ နာရီ ၄၅ မိနစ်မှာ မီးညွန့်က အိမ်လုံးကို ကျော်နေပြီ။ မီးညွန့် အတော်ကြီးတယ်။ မီးသတ် နီးနေတာရယ်၊ ရပ်ကွက်လူထု ညီတာရယ်ကြောင့် ခုလောက်အချိန်နဲ့ ငြိမ်းတာ” ဟု ဒေသခံ တဦးက ပြောသည်။

တနာရီခန့်ကြာသော ထိုလောင်ကျွမ်းမှုကြောင့် အနှိပ်ခန်း အဆောက်အအုံ ပျက်စီးသွားပြီး အနီးရှိ ဓာတ်ပုံဆိုင်၊ KMK မိတ္တူကူးဆိုင်တို့ အနည်းငယ် မီးဟပ်ခံရသည်။

အနီးဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းမှ သံဃာများလည်း မီးငြှိမ်းသတ်ရေးတွင် ကူညီ ဆောင်ရွက်ကြသည်။

မီးလောင်မှု နှစ်ခုလုံးသည် ၀ါယာရှော့ခ်ဖြစ်ရာမှ စတင်ခြင်း ဖြစ်ဖွယ်ရှိသည်ဟု ဒေသခံတို့က သုံးသပ်ကြသည်။

ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ရောက်

ဥရောပသမဂ္ဂ ဝါရင့်သံတမန်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်သို့ ယမန်နေ့က ရောက်ရှိပြီး နိုင်ငံခြားရေးဝန်ကြီး အပါအဝင် မြန်မာအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။ မြန်မာအစိုးရသစ်၏ သဘောထားကို တီးခေါက်ရန် ပထမအဆင့် ခြေလှမ်းဖြစ်သည်ဟု ကိုယ်စားလှယ်အဖွဲ့မှ သံတမန်တဦးက ဆိုသည်။ လာမည့် အင်္ဂါနေ့ သို့မဟုတ် ဗုဒ္ဓဟူးနေ့တွင် ယင်းကိုယ်စားလှယ်အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု သိရသည်။

မြိုင်ကြီးငူမှာ တိုက်ပွဲဖြစ်ရန်ရှိ




နေပြည်တော်အစိုးရသည် ဒီကေဘီအေ၀တ်စုံကို ပြန်လည် ၀တ်ဆင်ခဲ့သော BGF တပ်ရင်း(၄)ရင်း
အား ဇွန်လ(၁၈) ရက် နောက်ဆုံးထားပြီး ပုံမှန်အတိုင်းပြန်နေရမည်ဟု ရာဇသံပေးခဲ့ပြီး ထိုးစစ်
ဆင်ရန် တပ်မ(၄၄)လက်အောက်ခံတပ်ဖွဲ့တွေကို စေလွှတ်လာပြီဖြစ်ကြောင်းလည်း သိရပါသည်။

ဒီကေဘီအေ ဘက်ကတော့ KNLA နှင့် ပူးပေါင်းလျှက်ရှိပြီး အင်အားတစ်ထောင်ကျော်ဖြင့် ကျူးကျော်
လာပါက ခုခံရန် အသင့်အနေအထားတွင် ရှိနေပါသည်။

ကချင်ပြည်နယ်ကို ထိုးစစ်ဆင်ရာတွင် ရခိုင်ပြည်နယ်က တပ်ဖွဲ့အား စစ်ကူတောင်းခံရသော နေပြည်
တော်ဗမာစစ်အစိုးရ၏ တပ်ဖွဲ့အခြေအနေကို သိနင့်နေပြီးသော ကရင်ပူးပေါင်းတပ်ဖွဲ့မှ ဗိုလ်အဆင့်ရှိ သူတစ်ဦး၏ အဆိုအရ အောင်ပွဲသည် မိမိတို့ဘက်တွင် ရှိနေသော်လည်း ရန်သူကိုတော့ အထင်သေး
၍ မရကြောင်း၊ မိမိတို့၏ အင်အားသည် စိတ်ဓါတ်နှင့် လက်နက်ခဲယမ်းတွင်သာမကပဲ ကရင်လူထုတို့
၏ အားပေးမှုသည်လည်း အင်အားဖြစ်စေကြောင်း ပြောသွားပါသည်။

မြို့ပြတိုက်ပွဲ ချေမှုန်ရေးအတွက် မြန်မာအစိုးရတပ် စစ်သင်တန်းပေးမည်

20 June 2011


ဇွန်လ ၂၀ရက်။ စောခါးစူးညား (ကေအိုင်စီ)

တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ်အတွင်းရှိ ပြည်ချာစစ်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် မြို့ပြတိုက်ပွဲ အနီးကပ်ချေ မှုန်းရေးအတွက် မြန်မာစစ်တပ်က အရာခံနှင့် ဒု-အရာခံဗိုလ် ၈၅ဦးကို ယခုဇွန်လ ၂၅ရက်နေ့မှ သြဂုတ်လ ၃၀ရက်နေ့အထိ စစ် သင်တန်းတစ်ခု ပို့ချပေးသွားရန်ရှိသည်ဟု နီးစပ်သူများထံမှ သတင်းရရှိသည်။

မြို့ပြတိုက်ပွဲဆင်နွှဲရန် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA)သည် ပြီးခဲ့သည့် မတ်လက တရားဝင် စာထုတ်ပြန်ပြီးသည့်နောက် မြန်မာစစ်တပ်သည် ဒု-အရာခံဗိုလ် ၇၀ဦးနှင့် အရာခံ ၂၅ဦးကို ယခုလို စစ်သင်တန်း ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းအတွင်းရှိ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၈)၊ (၁၃)၊ (၂၀)တို့၏ လက်အောက်ခံ တပ်ရင်းများနှင့် စစ်ဗျူဟာ-စဗဟ(၁)၊ (၂)၊ (၃)တို့၏ လက်အောက်ခံတပ်ရင်းများမှာ စစ်သင်တန်းတက်ရန်အတွက် ၎င်းတို့၏ တပ်ရင်းတစ်ရင်းလျှင် ၂ဦး နှုန်းဖြင့် ပို့ဆောင်ရမည်ဟု ညွှန်ကြားထားကြောင်း စစ်တပ်နှင့်နီးစပ်သူတစ်ဦးက ကေအိုင်စီကို ပြောသည်။

သူက “စစ်တပ်ကတော့ အကျိုးရှိမယ်လို့ ထင်တဲ့အတွက် အခုလို သင်တန်းပေးတာပဲ။ တပ်ရင်းတစ်ရင်းကို ၂ယောက်ပဲ။ သင် တန်းကတော့ ၂လကျော်ပေါ့နော်။ သင်တန်းပြီးရင်တော့ မြို့ပြတိုက်ပွဲချေမှုန်းရေးကို ဘယ်လို အကောင်အထည်ဖော်မလဲဆို တာတော့ စောင့်ကြည့်ရအုံးမှာပေါ့။”ဟု ပြောသည်။

ပြည်ချာစစ်လေ့ကျင့်ရေးကျောင်းသည် ကဒဲနှင့် ပုလောရွာ(ပုလောမြို့နယ်ခွဲ)အနီးမှ အိမ်ခြေ ၃၀၀ခန့်ရှိ ပြည်ချာရွာတွင် တည်ရှိ ပြီး မြန်မာစစ်တပ်၏ သင်တန်းမှူး ဒုဗိုလ်မှူးကြီးတင်မြင့်က ဦးစီးကွပ်ကဲလျှက်ရှိသည်ဟု သိရသည်။

ယခုလို အရာခံနှင့် ဒု-အရာခံဗိုလ်တို့ကို သင်တန်းပေးရန် ခေါ်ယူခြင်းသည် စစ်တပ်နှင့်သာ ပတ်သက်သည့်အတွက် ဒေသခံ များအနေဖြင့် တစုံတရာ ကြားသိရခြင်း မရှိသေးကြောင်း ပြောဆိုနေကြသည်။

မြဝတီမြို့က မြေလုပွဲ ပေးစာ

ကျွန်တော်ဟာ မြဝတီမြို့ မြေနီကုန်းကျေးရွာ အမှတ် (၄) ရပ်ကွက်မှာ နေပါတယ်။ ကျွန်တော်တို့ နေလာ တာ (၁၀) နှစ်တောင် ကျော်နေပါပြီ။ အဲဒီ ရပ်ကွက် မှာ ကိုယ်အင်္ဂါထိခိုက်ထားတဲ့ စစ်မှုထမ်းဟောင်း အများစု နေကြတယ်။ ကျွန်တော်တို့ မိသားစုကလဲ စစ်မှုထမ်းဟောင်း မိသားစု တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ စနေတုန်းက ဒီနေရာတွေ ဟာ ဘယ်သူမှ မရှိတဲ့ မြေလွတ်မြေရိုင်းတွေပါ။ အဲဒါကို ခုတ်ထွင်ရှင်းလင်း၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး လုပ်ပြီး အသက်မွေး လာခဲ့ကြတယ်။ ခုဆိုရင် အိမ်ခြေ ၃၀ လောက်တောင် ရှိနေပါပြီ။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလောက် မှာတော့ ဟော်တယ် အဆောက်အဦနဲ့ အပန်းဖြေစခန်းဆောက်ဖို့ ဆိုပြီး စာရွက်စာ တမ်းတွေ လာပြကာ၊ ကျွန်တော်တို့ နေထိုင်နေတဲ့ အိမ်ခြေ ၃၀ မြေဧကအားဖြင့် ၁၀ ဧက လောက်ကို ကျောက်တိုင်း တွေစိုက်၊ လက်ရှိနေထိုင်နေတဲ့ အိမ်တွေကို ဖယ်ပေးဖို့ အမိန့်ပေး လာပါတယ်။ အမှတ် (၄) ရယက ရုံးက လမ်းမျက်နှာ စာက အိမ်ပိုင်ရှင် ၇ ဦးကို ခေါ်တွေ့ပြီး တစ်သိန်းစီ ပေးခဲ့ပေမဲ့ အိမ်ရှင် ၇ ဦးက လက်မခံဘဲ ပြန်လာခဲ့ကြတယ်။

မိသားစု ၃၀ နေထိုင်နေတဲ့ မြေနေရာကို မြဝတီမြို့က သူဋ္ဌေး ဦးကျော်ဟိန်နဲ့ ဒေါ်ခင်နှင်းနှင်းဦး တို့ကို ပြည်နယ်အာ ဏာပိုင်တွေက ဟော်တယ်နဲ့ အပန်ဖြေစခန်းဆောက်ဖို့ ပေးအပ်လိုက်တာလို့ သိရပါတယ်။

အရင်တုန်းက ပိုင်ရှင်မရှိတဲ့ တောရိုင်းမြေကို ခုတ်ထွင်းရှင်းလင်းပြီး နေလာခဲ့တာ ၁၀ နှစ်လောက် နေထိုင်းလာခဲ့တဲ့ မိသားစု ၃၀ ရဲ့ ဘဝတွေကို ဥပေက္ခာပြုပြီး ချမ်းသာတဲ့ သူဋ္ဌေးတစ်ဦးလက်ထဲ အပ်နှံလိုက်တာဟာ အလွန်ရက်စက် လွန်းရာကျ ပါတယ်။ အခုလို ဖြစ်ပျက်နေတဲ့ အခြေအနေတွေကိုလည်း နေပြည်တော်က သက်ဆိုင်ရာ လူကြီးများသိ အောင်လဲ အကြောင်းကြားစာ ပေးပို့ပေမယ့်လဲ အကြောင်မထူးခဲ့ပါ။

၂၀၁၁ ဇန်နဝါရလ မှာတော့ မတရားသိမ်းပိုက်ထားတဲ့ မြေ ၁၀ ဧက ကိစ္စ ထူးခြားမှု ရှိလာပါတယ်။ အဲဒါကတော့ မြဝတီ သူဋ္ဌေး ဦးကျော်ဟိန်း ဟာ ရယက အဖွဲ့တွေ၊ နယ်ခြားစောင်တပ်က စစ်သား ၄ ယောက် အားလုံးပေါင်း ၁၅ ယောက်နဲ့ ကျွန်တော်တို့ ရပ်ကွက်ဆီရောက်လာပြီး၊ လန (၃၉) ကျပြီ အမြန်ဖယ်ပေးဖို့ ပြောပါတယ်။ ဦးကျော်ဟိန်း ကလည်း ငါ ပရက ကို သိန် (၂၅၀၀) တာ၊ မင်းလားကွ အထက်ကို တိုင်တဲ့ကောင် ဆိုပြီး ပါးရိုက်ပါတယ်၊ နယ်ခြားစောင့် စစ်သားတွေက လည်း သေနတ်နဲ့ ဝိုင်းချိန်ထားကြပါတယ်။ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကို မြဝတီ ရဲစခန်းမှူးဆီ တိုင် ကြားပေမဲ့ ခယက ဥက္ကဋ္ဌ ကို တိုင်ပါလို့ ပြောတယ်။ ခယက ဥက္ကဋ္ဌ ကို တိုင်တော့ နောက်မဖြစ်စေရဘူးလို့ ပြောလိုက် ပါတယ်။

ဒါပေမယ့် ကျော်ဟိန်းကတော့ ကျော်ဟိန်း ပါပဲ။ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ လူအင်အား ၃၀ လောက်နဲ့ ကျွန်တော်တို့ အိမ်ခြံစည်းရိုး တိုင်တွေကို ဖျက်ပြီး ကားပေါ်တင်ပါတယ်။ “ကြိုက်တဲ့ကောင်ကို သွားတိုင် ဂရုမစိုက်ဘူး။ မကျေနပ်ရင် နှုတ်ခမ်းမွှေးပါ သွားခေါ်” လို့ ဥပဒေမဲ့စကားတွေ ပြောတဲ့အထိ ဖြစ်လာပါတယ်။

နိုင်ငံတော်အလံ စိုက်ထူထားကာ “ကူညီပါရစေ” စာတန်းအောက် တာဝန်ထမ်းနေတဲ့ မြဝတီ ရဲစခန်းမှာ အမှုဖွင့်မရ ဘဲ၊ ဟိုလွှဲချ ဒီလွှဲချ နေခြင်းမှာ အလွန် အံ့သြဖွယ်၊ စိတ်ပျက်ဖွယ်ကောင်းပါတယ်။ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အုပ်ချုပ်နေတဲ့ ကာလမှာ ဘယ်သူပဲဖြစ်ဖြစ် အမှုဖွင့် ပေးရမည်လို့ သိရပါတယ်။ ဒီ “ကူညီပါရစေ” ဆိုတဲ့ စာတန်းဟာ ဘယ်လူတန်းစားအတွက် ဖြစ်နေပြီလဲ ဆိုတာကို ကျွန်တော်တို့ စဉ်းစားမရပါ။ ရဲတပ်ဖွဲ့ ရဲဝန် ထမ်းတွေဟာ အစိုးရက ဖွဲစည်းထားတဲ့ ဥပဒေ ဘက်တော်သားတွေ ဖြစ်ပါတယ်။ “ဥပဒေရဲ အထက်မှာ ဘယ်သူမှ မရှိစေရ” ဆောင်ပုဒ်ကို အထက်အာဏာပိုင်အပါအဝင် ရဲဝန်ထမ်းတွေ အသေအချာ အကောင်အထည်ဖေါ်ဖို့ လိုအပ် နေပါတယ်။ ကျွန်တော့် အနေဖြင့်လည်း တရားဥဒေဘောင်အတွင် နေထိုင်နေရပေမယ့်လဲ မကြာခဏ တယ်လီဖုန်း တွေနဲ့ ခြိမ်ခြောက် ပြောဆိုတာတွေ ခံနေရပြီး လုံခြုံမှုမရှိတော့သလို့ ခံစားနေရပါတယ်။ ကျွန်တော် နောက်ဆုံးပြော ချင်တာကတော့ ကျွန်တော်တို့ မျက်နှာမွဲ ဆင်းရဲသား ပြည်သူတွေကို ပစ်မထားကြပါနဲ့လို့ ပြောချင်ပါတယ်။

မြဝတီမြို့သားတဦး

Monday, June 20, 2011

celebrate Refugee day -video June 18, 2011

ကရင်ဘာသာစကားသင်ကြားမှုကျောင်းဆင်းပွဲနှင့်ဂုဏ်ပြုပွဲအခမ်းအနား (ဆွီဒင်နိုင်ငံ)

အီးမေးဖြင့်ပေးပို့ လာသော NDHtoo အားအထူးကျေးဇူးတင်ပါသည်။

modelsmål..

နယ်ခြားစောင့်တပ်တွေ DKBA အဖြစ် ပြန်ခံယူ

ဘီဘီစီ သတင်းဌာန
ဇွန် ၁၈၊ ၂၀၁၁

ကရင်ပြည်နယ်၊ မြိုင်ကြီးငူ ဒေသမှာ ကရင် နယ်ခြားစောင့်တပ် အဖြစ် လက်ခံခဲ့တဲ့ DKBA တပ်ရင်း ၄ ရင်းဟာ၊ DKBA တပ်ဖွဲ့တွေ အဖြစ် ပြည်လည် ခံယူပြီး၊ မြိုင်ကြီးငူဒေသကို ထိန်းချုပ် လိုက်ပြီ ဖြစ်ပါတယ်။ ဒီတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းက နယ်ခြားစောင့်တပ် အသွင်ပြောင်းခဲ့ကြတဲ့ DKBAတွေ ဖြစ်ကြပါတယ်။
အဲဒီ အတွက်ကြောင့် အစိုးရရဲ့ တပ်မ ၄၄ လက်အောက်ခံ တပ်တွေက အဲဒီဒေသကို ပြန်သိမ်းယူဖို့ မြိုင်ကြီးငူ ဘက်ကို သွားနေကြပြီ ဖြစ်လို့ တိုက်ပွဲတွေ ဖြစ်မယ့် အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။

အခုဆိုရင် အစိုးရတပ်ဖွဲ့တွေဟာ လှိုင်းဘွဲ့ဒေသအထိ ရောက်ရှိလာနေကြပြီလို့ အဲဒီက ဒေသခံတွေက ဘီဘီစီကို ပြောပြပါတယ်။

DKBA တွေကို ဦးဆောင်မှုပေးနေတယ်လို့ လူသိများတဲ့ ဆရာတော်ဦးသုဇနရဲ့ အမိန့်နဲ့ အဲဒီ နယ်ခြားစောင့်တပ်တွေက DKBA ပြန်လုပ်လိုက်တာလို့ DKBA နဲ့ နီးစပ်တဲ့ သူတွေက ပြောပါတယ်။

အခုကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်က တခြား DKBA ခေါင်ဆောင်ဟောင်း တဦးဖြစ်သူ ဗိုလ်ချစ်သူကို မြိုင်ကြီးငူ လွှတ်ပြီး ဆရာတော်ကို ဖျောင်းဖျခိုင်းတာလည်း မအောင်မမြင် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့က မြိုင်ကြီးငူ ဆရာတော် ဦးသုဇန ကိုယ်တိုင် ဘားအံက ကရင်ပြည်နယ် ဝန်ကြီးချုပ် ဆီသွားပြီး၊ နယ်ခြားစောင့် တပ်တွေ အားလုံးကို DKBA အဖြစ် ပြန်လည် ရပ်တည်ခွင့်ပေးဖို့နဲ့ နယ်ခြားစောင့်တပ် အသွင် ပြောင်းဖို့ လက်မခံတဲ့ DKBA တွေကို အစိုးရက လိုက်လံ တိုက်ခိုက် နေတာတွေ ရပ်ဆိုင်းပေးဖို့ တောင်းဆိုခဲ့ရာ အစိုးရဘက်က လက်မခံဘူးလို့ သိရပါတယ်။

အာဏာပိုင်တွေဘက်က ဆရာတော်ကို ပြန်လျှောက်ထားတာ ကတော့ ဒီနေ့ ဇွန်လ ၁၈ ရက် နေ့ နောက်ဆုံးထားပြီး၊ DKBA စစ်ဝတ်စုံ ဝတ်ထားတဲ့ နယ်ခြားစောင့် တပ်ရင်း ၄ ရင်း ဟာ ပုံမှန်အတိုင်း ပြန်နေရမယ် ဆိုတာပဲ ဖြစ်ပါတယ်။

For donation of meals and volunteer service of Burmese community to victims Japanese earthquake on Dassk’s birthday 2011-06-19 in Miyagi prefecture,

For donation of meals and volunteer service of Burmese community to victims Japanese earthquake on Dassk’s birthday 2011-06-19 in Miyagi prefecture, Japan.

တိုင်းရင်းသားအရေးနှင့်စပ်လျဉ်း၍......

"လက်ရှိအခြေအနေမှာ ဒေါ်စုဟာ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုရရှိဖို့ အချိန်ယူရဦးမှာပါ"

(တိုင်းရင်းသား (သို့မဟုတ်) ကရင်လူမျိုးတစ်ဦးဖြစ်ပါလျှက်နဲ့ ကရင်လူမျိုး ဖြစ်ရတဲ့ ကိုယ်ခံအားနည်းနေသူတွေအတွက် ဖတ်သင့်ဖတ်ထိုက်တဲ့ အင်တာဗျူးကောင်းပါပဲ)


"မြန်မာပြည် ရင်ဆိုင်နေရတဲ့ အဓိကပြဿနာဟာ ဒီမိုကရေစီ ပြဿနာ မဟုတ်ပါဘူး။ တိုင်းရင်းသား ပြဿနာ ပြေလည်ရေးသာ ဖြစ်ပါတယ်။ လူများစု၊ လူနည်းစု ပြဿနာကို သဟဇာတ ဖြစ် အောင် ဘယ်လို စီမံခန့်ခွဲကြမလဲ ဆိုတာ ဖြစ်ပါတယ်။ ဒါဟာ လွတ်လပ်ရေး ရပြီးချိန်ကစလို့ တခုတည်းသော အရေးကြီးဆုံး ပြဿနာဖြစ်ပါတယ်"

Interview A

တောင်ပေါ်ဒေသသို့ သွားရောက်ဆေးကုသခြင်း ရုပ်သံသတင်း


si phit met nan ta seet (ဆီဖြစ်မဲ့ နှမ်းတစ်စေ့) ကရင်နီလူငယ်အစည်းအရုံးမှထုတ်လွင့်သည်။

ya pa pa by Hser Paw Shee Heh

Kim Aris arrived Rangoon for his mother, Daw Aung San Suu Kyi's 66th birthday, in time.

DVB TV 19.06.2011 - Kim Aris arrived Rangoon for his mother, Daw Aung San Suu Kyi's 66th birthday, in time.

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ မိုးသောက်ကြယ်နှင့်အတူ ကောင်းမှုကုသိုလ်ပြုသူ ယခင်နှစ်ထက်များပြား

ယနေ့(ဇွန်လ၁၉)ရက်နေ့တွင်ကျရောက်သည့်မြန်မာဒီမိုကရေစီမီးရှုးတိုင်၊ ငြိမ်းချမ်းရေးနိုလ်ဘယ်လ်ဆုရှင်၊ပြည်သူအပေါင်းလေးစားချစ်ခင်ကြသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံရှိ မြန်မာပြည်သူ/သားများမှ ဇီဝိတဒါနငါးလွှတ်ခြင်း၊ စုပေါင်းသွေးလှူခြင်းနှင့် အခြားသော ကောင်းမှုကုသိုလ်ပြုပွဲများကို သိုက်သိုက်ဝန်းဝန်းကျင်းပသွားခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါကောင်းမှုကုသိုလ်ပြုပွဲများကို မိုးသောက်ကြယ်စာကြည့်တိုက်မှကမကထ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၁၁ ကြိမ်မြောက်ရှိသွားပြီဟု တာဝန်ခံတစ်ဦးဖြစ်သူ မတင်တင်ဝင်းမှ ရှင်းပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အရှေ့ဂျပန်ငလျင်နှင့် ဆူနာမိ ဘေးဒဏ်သင့်ဒေသသို့ သွားရောက်၍ ကုသိုလ်ကောင်းမှု ဒါနပြု..

Monday, June 20, 2011


၂၀၁၁ ခုနှစ် ဇွန်လ(၁၉)ရက်။

အမျိုးသားခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အဖြစ် ဂျပန်ရောက် မြန်မာနိုင်ငံသားများတို့မှ စုစည်း၍ မြန်မာ့ ယဉ်ကျေးမှု ထုံတမ်း စဉ်လာနှင့်အညီ ဂျပန်ငလျင်နှင့် ဆူနာမိ ဘေးဒဏ်သင့် ဒေသသို့ သွားရောက် ကုသိုလ်ကောင်းမှု ဒါန ပြုခဲ့ကြပါသည်။

66th Happy Birthday to Daw Aung San Suu Kyi !!!!




World Refugee Day Event in India

အိန္ဒိယနိုင်ငံတွင် ကျင်းပတဲ့ ကမ္ဘာ့ ဒုက္ခသည်များနေ့
1
2
3
4
5
6
7
8
08

ဒေါ်အောင်ဆန်းစုကြည် သားငယ် မွေးနေ့ အမီ အရောက်လာ

Sunday, June 19, 2011

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ် ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းဟာ သူ့အမေ မွေးနေ့အမီ ဒီနေ့မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာပါတယ်။ ကင်မ်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လေဆိပ်မှာ သွားကြိုပါတယ်။ (ဓာတ်ပုံများ - Reuters)








Happy Birthday Daw Aung San Suu Kyi We love you, You are our Leader KAREN NATIONAL LEAGUE (JAPAN) -Japan

WORLD REFUGEES DAY 2011 Symposium- 30 years of Asylum in Japan: Reflections and Perspectives

011 marks the 60th Anniversary of the 1951 Convention relating to the Status of Refugees (hereinafter, the
Convention), as well as the 30th Anniversary of Japan's accession to the Convention. World Refugee Day 20
June 2011 provides a good opportunity for stakeholders to reflect on these occasions, assess the current state
of the asylum system in Japan and discuss the future of asylum in Japan. By co-organizing this symposium, the
Forum for Refugees Japan (FRJ) and UNHCR aim to bring together national and local government officials and
representatives from the academic, legal and civil societies. It will serve as a podium for forward-looking
discussions.

Keynote speeches by a Japanese government official and the Representative of UNHCR will consider the
developments in Japan and elsewhere. The symposium will demonstrate a new role for refugees in Japan. A
short video and a refugee's personal account will chronicle the recent support that refugees have shown the
victims of the March 2011 Tohoku natural disasters. The symposium will also have two discussion panels. The
first panel will address the system from the legal angle, especially status determination procedures, detention
and other protection related matters. The second panel will host stakeholders that look at the framework of
assistance in Japan with a focus on local integration and the ongoing resettlement project. Both panels are
expected to offer perspectives as to the future of asylum in Japan. The audience will have an opportunity to
weigh in on the discussion through the Q & A session that will follow each panel discussion.

FRJ and UNHCR invite you to attend this symposium and participate in what promises to be an informative, open
and interesting dialogue among several stakeholders of the asylum process in Japan.

UNHCR also takes the opportunity to invite you to attend the commemorative ceremony of lighting the world
renowned landmark, Tokyo Tower. On 20 June, the Tokyo Tower will light up in blue for 3 hours between 7:00 -
10:00 pm to show solidarity with refugees around the world and the people affected by the crisis in Japan. More
details about the ceremony and the lighting of the Tokyo Tower will soon appear on UNHCR's public website in
Japan:
Date&Time: 20 June 2011, 13:00-16:15 (Registration opens at 12:30)
Place: Elizabeth Rose Hall, United Nations University
Jingumae, Shibuya-ku, Tokyo 150-8925
Free
Organiser -------------- Forum for Refugees Japan (FRJ)
Co-organiser -------------- United Nations High Commissioner for Refugees (UNHCR)