Friday, December 9, 2011

လက်ဖက်စိမ်းလက်ဖက်ရည်၏ အံ့အားသင့်ဖွယ်ရာ အစွမ်းလေးရပ်

ရေဆာနေသလား၊ လက်ဖက်စိမ်းလက်ဖက်ရည် (Green Tea) တစ်ခွက်လောက် သောက်ကြည့်လိုက်ပါ။ ရေငတ်ပြေစေရုံသာမက အောက်ပါအကျိုးကျေးဇူးတွေပါ ရရှိနိုင်မှာဖြစ်ပါတယ်။

၁။ ကိုယ်အလေးချိန် လျော့ကျစေခြင်း

ပုံမှန်ထက် ကိုယ်အလေးချိန်များနေသူ ဒါမှမဟုတ် အဝလွန်နေသူတွေ အားကစားလုပ်ရင်း တခြားကယ်လိုရီတူ ဖျော်ရည်သောက်တာထက် လက်ဖက်စိမ်းလက်ဖက်ရည်ကို သောက်ပေးပါက ကိုယ်အလေးချိန် သုံးပေါင်၊ ဗိုက်အဆီ ခုနစ်ရာခိုင်နှုန်း ပိုမိုလောင်ကျွမ်းစေနိုင်ကြောင်း Multicentre လေ့လာမှုအသစ် တစ်ခုအရ သိရပါတယ်။

၂။ ကင်ဆာကို ကာကွယ်နိုင်ခြင်း

ပုံမှန်လက်ဖက်စိမ်း လက်ဖက်ရည် သောက်သူတွေဟာ ပုံမှန်မသောက်သူတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်း လျော့နည်းကြောင်း တရုတ်အမျိုးသမီး ၆၉၂၈ ဦးကို လေ့လာမှုအရ သိရပါတယ်။

၃။ လေဖြတ်နိုင်ခြေ လျော့နည်းခြင်း

တစ်နေ့မှာ လက်ဖက်စိမ်းလက်ဖက်ရည် သုံးခွက်သောက်တာဟာ လေဖြတ်နိုင်ခြေကို ၂၁ ရာခိုင်နှုန်း လျော့ကျစေပါတယ်လို့ UCLA လေ့လာမှုတွေက ဆိုပါတယ်။

၎။ သွားဖုံး ကျန်းမာစေခြင်း

အမျိုးသား ၉၄၀ ဦးကို လေ့လာမှုအရ လက်ဖက်စိမ်းလက်ဖက်ရည် ပိုသောက်ဖြစ်လေလေ၊ သွားဖုံးရောဂါ ဖြစ်နိုင်ခြေ ပိုလျော့နည်းလေလေဖြစ်ကြောင်း သိရပါတယ်။

ပဒိုမန်းရှာလားဖန်း၏ ခေါင်းဆောင်ဆု ရရှိမည့်သူအား စတင် ရွေးချယ်နေပြီ

အဲခေါင်သောင့်၊ ဒီဇင်ဘာလ ၈ရက်၊ ၂၀၁၁ခုနှစ်။
၂၀၁၁ခုနှစ်အတွက် ပဒိုမန်းရှာလားဖန်း လူငယ့်ခေါင်းဆောင်ဆု ရရှိမည့်သူအား စတင်ရွေးချယ်တော့ မည်ဖြစ်သဖြင့် အဆိုပါဆုကို လက်ခံရယူနိုင်မည့် ကရင်လူငယ်များကို စာရင်းစတင်ပေး သွင်းနိုင်ပြီ ဖြစ်ကြောင်း အဆိုပါဆုကို တာဝန်ယူ ပေးအပ်နေသည့် ဖန်းဖောင်ဒေးရှင်း အဖွဲ့မှ တိုက်တွန်း နိုးဆော် ထားသည်။

အဆိုပါဆုသည် မိမိကိုယ်ကျိုးအတွက် မကြည့်ဘဲ ကရင်အမျိုးသား တိုးတက်ရေးအတွက် ပညာရေး ဆိုင်ရာ၊ ရိုးရာ ယဉ်ကျေးမှု ဆိုင်ရာ စသည့် ကရင်လူမျိုးတို့၏ လိုအပ်ချက်များကို အထောက် အကူ ဖြစ်အောင် စွမ်းစွမ်းတမံ လုပ်ဆောင်ပေးသူ ကရင်လူ ငယ်များကို ပေးအပ် ချီးမြှင့်ခြင်း ဖြစ်သည်။


ဖန်းဖောင်ဒေးရှင်း တည်ထောင်သူများ( စောစေးစေး၊ နန့်ဘွားဘွားဖန်း၊ နန့်ဇိုယာဖန်း)
ဖန်းဖောင်ဒေးရှင်းကို လုပ်ကြံမှုကြောင့် ကျဆုံးသွားခဲ့သည့် ပဒိုမန်းရှာလားဖန်းနှင့် ကွယ်လွန်သွား ခဲ့ပြီးဖြစ်သည့် ၄င်း၏ဇနီးနန့်ကျင်ရွေတို့အား အမှတ်တရအနေဖြင့် ကျန်ရစ်သူ သားသမီး ၄ဦးမှ တည်ထောင် ထားခြင်းဖြစ်သည်။

အဆိုပါဆုပေးပွဲကို နှစ်စဉ် ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး  ယခုတကြိမ်ဆိုလျှင်  (၄)ကြိမ်မြောက်  ပေးအပ်မည့် အစီအစဉ်တရပ်လည်း ဖြစ်ပြီး အဆိုပါဆု လက်ခံရရှိသူကို လာမည့် ၂၀၁၂ မေလတွင် ထုတ်ဖော် ကြေညာသွားမည် ဖြစ်သည်ဟုလည်း ဖန်းဖောင်ဒေးရှင်း အဖွဲ့က ပြောဆိုထားသည်။

ဖန်းဖောင်ဒေးရှင်း(Phan Foundation)ကို ကေအဲန်ယူ အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်း လုပ်ကြံ သတ်ဖြတ်ခံရသည့် ၂၀၀၈ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် ကျန်ရစ်သူ သားသမီးလေးဦးဖြစ်သည့် စောစေးစေးဖန်း၊ နန့်ဇိုယာဖန်း၊ နန့် ဘွားဘွားဖန်းနှင့် စလုံ့ဖန်းတို့က စတင်တည်ထောင်ခဲ့သည်။

အဆိုပါဆုကို ကရင်လူငယ်တဦးအား ပေးအပ်မည့်ဖြစ်ကာ လူတဦးချင်းအနေဖြင့်သော်၎င်း အဖွဲ့အစည်း တခုခု ချင်းအနေဖြင့်သော်၎င်း ဆုရယူနိုင်မည့် သူတဦးကို ဇန်န၀ါရီလ ၃၁ရက်နေ့ နောက်ဆုံး ထားကာ bwabwa.phan@phanfoundation.org ထံ ပေးပို့နိုင်ပြီဖြစ်သည်၊
အသေးစိတ်သိလိုပါက ဖန်းဖောင်ဒေးရှင်း http://www.phanfoundation.org/ ၀က်ဆိုက်ဘ်တွင် ဆက် လက်ဖတ်ရှူနိုင်ပါသည်။

ပဒိုမန်းရှာလားဖန်း ခေါင်းဆောင်ဆု ရရှိခဲ့ပြီး သူများ။
(၁) နော်ဖောကဘလာဖူး (ညောင်လေးပင် ခရိုင်)
(၂) စောညွန့်ဝင်း (ဖာပွန်ခရိုင်)
(၃) နော်ဒီဇင်ဘာဖော (မြိတ်ထားဝယ် ခရိုင်) တို့ဖြစ်သည်။

ယခုနှစ် ဖန်းဖောင်ဒေးရှင်း ထုတ်ပြန်သည့် ကြေညာချက်။
 PDFOnline(1)

(၅၂)နှစ်မြောက်၊ ဒေါက်တာစင်သီယာမွေးနေ့ပွဲ

 


ဒီကနေ့မှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာနော်စင်သီယာရဲ့ (၅၂)နှစ်မြောက် မွေးနေ့ ဖြစ်ပါတယ်။

ဒီပွဲမှာ သူမအား ချစ်ခင်လေးစားကြတဲ့ နိုင်ငံတကာက မိတ်ဆွေများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်က ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ လူမှုရေးဌာနနဲ့ မယ်တော်ဆေးခန်း တည်ရှိရာ အရပ်က ဒေသခံ ထိုင်းလူမျိုးများ၊ မဲဆောက်မှာ အခြေစိုက်တဲ့ မြန်မာပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အလုပ်သမားရေးအဖွဲ့တွေနဲ့ အခြားမြန်မာ အဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေ တက်ရောက် အားပေးခဲ့ကြတာ တွေ့ရပါတယ်။



Thursday, December 8, 2011

KNU reopen key highway from to Thanphyuzayart

December 7, 2011

IMNA – The Karen National Union (KNU) has reopened the main highway from the Thai-Burma border township of Three Pagoda Pass (TPP) to Thanphyuzayart today, December 7th. The  highway leading from the township to Thanphyuzayart has been closed since the beginning of the rainy season. Each year the road becomes unusable as many sections are engulfed by floodwaters.
Of the three main routes that allow residents to travel from TPP to Thanphyuzayart, the direct highway is the safest and shortest route. The most commonly used alternate route, from TPP to Ye Township, is very hazardous and a lot of accidents occur along the windy and perilous road.
“(KNU) started to collect tax from car owners today, who will run the highway TPP to Thanphyuzayart” said one car driver hoping to depart from TPP.
The KNU have set the tax for 2012 to use the roadway at 11,300 baht per car for an annual pass. This has increased from the 10,300 baht price in 2010, which also required a parcel of rice.
“We have paid the tax today and we can travel tomorrow” said another driver waiting in TPP.
Along the highway to Thanphyuzayart, which comprises approximately 60 miles of the total 70-mile journey from TPP, there are a reported 33 checkpoints along the road. In addition to the initial taxes paid by residents in TPP, each checkpoint requires a payment of varying degrees. The checkpoints are controlled by the KNU, the Democratic Karen Buddhist Army (DKBA), by Burmese government troops and by the New Mon State Party (NMSP).
On January the 28th this year, the KNLA demanded that TPP residents pay approximately 2.5 million baht collectively. This is again an increase from the 700,000 baht estimated to have been collected in 2010.
The TPP Township Peace and Development Council (TPDC) have claimed that the KNLA threatened the TPDC with destruction in the local area if the taxes were not raised and handed over. The township has seen an increase in conflict since the KNLA moved into the area, and conflict has even occurred in the town centre, a new and disturbing phenomenon.
Last year the KNLA Brigade no. 6 blocked the highway so as to disrupt the movement of government troops and food supplies in the area. This year’s cool season is the first major opportunity for residents to utilize the road for trade since 2010, despite the trip being stalled continuously by checkpoints and taxes.

ပင်လယ်ရပ်ခြားဖွံ့ဖြိုးရေး -ODA မကူညီမီ ကွင်းဆင်းလေ့လာမှု ဂျပန် ကြိုလုပ်သင့်


ဒီဇင်ဘာလ ၇ရက်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ လောပိတ(ဘီလူးချောင်း) အမှတ်-၂ ရေအားလျှပ်စစ်စစ်ရုံ ပြန်လည်ပြုပြင် မွမ်းမံရေးအတွက် မြန်မာအစိုးရအား ပင်လယ်ရပ်ခြားဖွံ့ဖြိုးရေးအကူအညီ-ODA မပေးမီ ထိုဒေသကို ကွင်းဆင်းလေ့လာမှု ကြို လုပ်သင့်ကြောင်း ဂျပန်အစိုးရအား ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP က ယနေ့ တိုက်တွန်းလိုက်သည်။


အမှတ်-၂ လောပိတရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ပြီးကာလအတွင်း မြန်မာအစိုးရက လုံခြုံရေးအကြောင်းပြကာ ထိုဒေ သရှိ နယ်မြေများတွင် ထောင်ထားသည့် မြေမြှုပ်မိုင်းများကြောင့် လူတိရိစ္ဆာန်များ ထိခိုက်သေကြေရခြင်း၊ လျော်ကြေးမပေးဘဲ ကျေးရွာများကို အဓမ္မရွှေ့ပြောင်းခိုင်းခြင်းနှင့် စက်ရုံမှထွက်ရှိသည့် လျှပ်စစ်မီးများမှာ ဒေသခံများအတွက် အကျိုးခံစားမှုမရှိ ကြောင်း KNPP ၏ အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က ပြောသည်။

“မြန်မာအစိုးရဟာ အပေါ်ယံလောက်သာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တာကို နိုင်ငံတကာက အပြောင်းအလဲ တကယ် စလုပ် လာတယ်လို့ ထင်တယ်။ ဂျပန်ကလည်း အဲလိုယူဆပြီး (ODA)အကူအညီ ပေးတာလို့ နားလည်တယ်။ ခုချိန်မှာ လောပိတ ဒေသမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ဆက်ရှိနေတာကိုသိဖို့ ဂျပန်အစိုးရဟာ အကူအညီမပေးခင် ဒါတွေကို အရင် လာရောက်လေ့လာသင့်တယ်။ ဘာပဲလုပ်လုပ် ပြည်သူတွေဟာ အခရာကျတယ်။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

မြန်မာစစ်အစိုးရလက်ထက် လူ့အခွင့်အရေးချိုးမှုများ ကျူးလွန်ခဲ့သည့်အပေါ် လောပိတဒေသတွင် ၁၂နှစ်မျှ ODA အကူအညီ ပေးမှု ရပ်တန့်ထားပြီးနောက် ဦးသိန်းစိန်အစိုးရလက်ထက်တွင် နှုတ်အားဖြင့် အပြောင်းအလဲဆီသို့ ဦးတည်နေသည်ဟု ပြော သော်လည်း လက်တွေ့၌ မည်သည့်အပြောင်းအလဲမျှ မလုပ်ဆောင်သေးသည်ကို ဂျပန်အနေဖြင့် အမှန်တကယ်သိရန် ကွင်း ဆင်းလေ့လာမှု လုပ်သင့်ကြောင်း KNPP ၏ ကြေညာချက်၌ ထောက်ပြထားသည်။

ထို့အပြင် မြန်မာအစိုးရသည် အမှန်တကယ် နိုင်ငံရေးပြုပြင်ပြောင်းလဲလိုသည့် အာသီသရှိမည်ဆိုပါက နိုင်ငံရေးအကျဉ်းသား များကို ချွင်းချက်မရှိ လွှတ်ပေးရန်၊ တိုင်းရင်းသားဒေသအတွင်း လက်နက်ကိုင်ပဋိပက္ခနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ် တန့်ပေးရန်၊ တိုင်းရင်းသားများနှင့် နိုင်ငံရေးစားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးရန် ဂျပန်က တိုက်တွန်းသင့်ကြောင်းလည်း KNPP က ဆိုသည်။

ယခုနှစ် အောက်တိုဘာလ ၂၁ ရက်က မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်အဖွဲ့သည် ဂျပန်နိုင်ငံသို့ ၃ရက်တာ ခရီးအဖြစ် သွားရောက်လည်ပတ်ခဲ့စဉ် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခိုအိချီးရိုးဂင်းဘာ(Koichiro Gemba) က မြန်မာအစိုးရအား လောပိတ အမှတ်-၂ ရေအားလျှပ်စစ်စစ်ရုံ ပြန်လည်မွမ်းမံရန်အတွက် (OAD)အကူအညီပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းခရီးစဉ်အတွင်း ဂျပန်နိုင်ငံ အခြေစိုက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ ၂၀၀ခန့်က မြန်မာနိုင်ငံတွင် စစ်မှန်သည့် ပြုပြင် ပြောင်းလဲမှု မရှိသေးသည့်အတွက် OAD အကူအညီမပေးသေးရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့တွင် စုဝေးဆန္ဒပြခဲ့ကြ သေးသည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံအတွင်း ၂၀၀၃ခုနှစ် ဒီပဲယင်း အရေးအခင်း ဖြစ်ပွားသည့်နောက် OAD အကူအညီ ဖြတ်တောက် ခဲ့ခြင်းဖြစ်သည်။

ဒုတိယ ကမ္ဘာစစ်ပြီးနောက် စစ်ရှုံးသည့် ဂျပန်သည် မြန်မာနိုင်ငံအား စစ်လျော်ကြေးအဖြစ် လောပိတ ရေးအားလျှပ်စစ် အမှတ်-၂ စက်ရုံကို ODA အကူအညီဖြင့် ဘီလူးချောင်း၏ လောပိတရေတံခွန် အောက်ဘက်၌ အဆင့်နှစ်ဆင့်ခွဲ၍ ၁၉၅၀ခုနှစ်တွင် စတင် ဆောက်လုပ်ခဲ့ပြီး ၁၉၇၄ခုနှစ်တွင် တည်ဆောက်ပြီးစီးကာ လျှပ်စစ်ဓါတ်အား ၁၆၈ မီဂါဝပ် ထုတ်လုပ်ပေးလျက်ရှိသည်။

ဘီလူးချောင်းတွင် လက်ရှိ တည်ဆောက်ဆဲဖြစ်သည့် လောပိတ ရေအားလျှပ်စစ်စက်ရုံ အမှတ် ၃ အပါအ၀င် လောပိတ ရေအားလျှပ်စစ်စက်ရုံ အမှတ် ၁နှင့် အမှတ် ၂ဟူ၍ သုံးခုရှိပြီး ထွက်ရှိသော လျှပ်စစ်အားများကို မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်းသို့ ပို့ပေးလျှက်ရှိကြောင်း သိရသည်။

ဗမာ့တပ်မတော် ချစ်တီးကုလားလို လယ်သိမ်းပြီး သီးစားချမူ ရပ်တန့်ရန် ပြည်သူများ လိုလားနေ


ဗမာ့တပ်မတော်မှ တပ်မ၊ တပ်ရင်းများသည် ရခိုင်ပြည်နယ်တွင် ပြည်သူများ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင်လာသော လယ်များကို အကြောင်းအမျိုးမျိုးပြကာ သိမ်းယူပြီး လယ်သမားများကို သီးစားချနေမူ အပေါ် လယ်သမားများက ရပ်တန့်ရန် လိုလားနေကြကြောင်း သတင်း ရရှိသည်။

ထိုသို့ လိုလားနေရာတွင် ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဗလိပေါက်ကျေးရွာ အုပ်စုမှ တောင်သူ လယ်သမားများလည်း ပါဝင်သည်။

" ဟုတ်ပါတယ်။ သူတို့က ကျွန်တော် ကျေးရွာ အုပ်စုက လယ်ဧက ၄၃၂ ကို သိမ်းယူပြီး လယ်သမားတွေကို သီးစားပြန်ချပါတယ်။ တစ်ဧကကို တနှစ် အတွက် စပါးတောင်း (၃၀) ပေးရပါတယ်။ အုပ်စု တစ်ခုလုံးက တနှစ်ကို စပါးတောင်းပေါင်း ၁၂၀၀၀ ကျော် အလိုလို ကျောက်တော် အခြေစိုက် တပ်မ ၉ ကိုပေးနေရပါတယ်။ ဒါကို သနားသက်ညှာသောအားဖြင့် ကင်းလွှတ်ခွင့်ပေးဖို့ ကျွန်တော်တို့ သမ္မတကြီး ဦးသိန်းစိန်ဆီကို စာရေးပီး အသနားခံထားပါတယ်" ဟု ကျေးရွာ လူကြီး တစ်ဦးမှ ပြောသည်။

ယခုနှစ်အတွက် ကျောက်တော် အခြေစိုက် တပ်မ စကခ (၉) မှ စပါးကောက်ယူရန် မလာသေးမှီ အချိန်တွင် ထိုသို့ သမ္မတကြီးထံ စာရေး တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

" သူတို့က နှစ်စဉ် ဒီလို ဒီဇင်္ဘာလနဲ့ ဇန္န၀ါရီဆိုရင် စပါး ကောက်ဖို့ လာပါတယ်။ ဒီနှစ်မှာလည်း စပါးတွေ လာယူဖို့ အတွက် စပါးတွေကို စုထားဖို့ ရွာသားတွေဆီကို အကြောင်းကြားစာ ရောက်နေပါတယ်။ သူတို့ မကြာခင် ရောက်လာနိုင်ပါတယ်။ ကျွန်တော်တို့မှာ ဆင်းရဲလွန်းအားကြီးတဲ့ အတွက် စားဝတ်နေရေး အဆင်မပြေ၊ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရတာကြောင့် ဒီနှစ်က စပြီးတော့ စစ်တပ်က လာကောက်တဲ့ စပါးကို မပေးချင်တော့ပါဘူး" ဟု ပြောသည်။

ဗလိပေါက်တွင် ကျေးရွာသား အများစုမှာ တစ်နေ့ လုပ်မှ တစ်နေ့စားရသူ ဖြစ်ကြပြီး သားသမီးများကို မူလတန်း ပညာ အဆင့်ထိတောင် ပညာသင်ကြားနိုင်ခြင်း မရှိကြောင်း သိရသည်။

တခြား ကျေးရွာသားတစ်ဦးကလည်း မပေးဘဲနေရင် စစ်တပ်က ဖမ်းဆီးနိုင်ကြောင်း ယခုလို ပြောသည်။

" မပေးရင် ကျေးရွာသားတွေကို ဖမ်းဆီးနိုင်ပါတယ်။ အရင်နှစ်တွေကလည်း စပါး မပေးတဲ့သူတွေကို ခင်ဗျားတို့ကို ထောင်ချမယ်။ ဖမ်းမယ်။ ဆီးမယ်။ ဒီလို ခြိမ်းခြောက်ပါတယ်။ ဒီစပါးတွေက နိုင်ငံတော် အတွက် ကောက်တာ ဖြစ်တဲ့ အတွက် ခင်ဗျားတို့ ရွာသားတွေကို နိုင်ငံတော် ပုန်ကန်မူနဲ့ တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ ဒီနှစ်မှာတော့ ရွာသားတွေက မပေးဘူးလို့ သဘောတူထားကြပါတယ်။ ဒါပေမယ့် ဖမ်းဆီးခံရမှာကိုတော့ တစ်ရွာသားလုံးက စိုးရိမ်နေကြပါတယ်" ဟု ပြောသည်။

ဗလိပေါက် ကျေးရွာသားများ အနေဖြင့် အဆိုပါ လယ်မြေများကို မဆလ အစိုးရ လက်ထက်က သက်ဆိုင်ရာ၏ ခွင့်ပြုချက်ကို ယူကာ ကိုယ်ထူ ကိုယ်ထ စနစ်ဖြင့် ခုတ်ထွင် ရှင်းလင်း ဖေါ်ထုတ်ထားသော လယ်မြေများ ဖြစ်ကြပြီး မြေစာရင်းဌာနတွင် စာရင်းဖေါက်၍ မရှိသဖြင့် စစ်တပ်က မြို့နယ် မယကများနှင့် ပူးပေါင်းကာ ၂၀၀၄ ခုနှစ်က သိမ်းယူသွားသော လယ်မြေများ ဖြစ်ကြကြောင်း သိရသည်။

" ရခိုင်မှာ စစ်တပ်က သိမ်းထားတဲ့ လယ်တွေက အများကြီးရှိပါတယ်။ တချို့လယ်တွေက နယ်စွန် နယ်ဖျားတွေမှာဆိုတော့ ရွာသားတွေကလည်း ပညာ မတတ်တာနဲ့ မြေစာရင်း ဦးစီးဌာနမှ လပ ဖေါက်လို့ မရှိဘူး။ ဒါတွေကို စစ်တပ်က အကုန်သိမ်းတယ်။ နောက်လယ်တွေက စစ်တပ် တပ်ရင်း တည်ဆောက်ဖို့ အတွက် ဆိုပြီး တပ်ရင်း အနီးအနားက သိမ်းယူသွားတဲ့ လယ်တွေပါ။ ဒီသိမ်းယူသွားတဲ့ လယ်တွေကို စစ်တပ်ကနေပြီး အင်္ဂလိပ် ခေတ်က အိန္ဒိချစ်တီး ကုလားတွေလို လယ်သမားတွေကို ပြန်သီးစားချ ထားပါတယ်။ တနှစ် အတွက် တစ်ဧကကို တချို့ မြို့နယ်တွေမှာ ဆိုရင် ၂၅ တင်းယူတယ်။ တချို့ ဒေသတွေမှာဆိုရင် ၂၅ တောင်း ယူတယ်။ လယ်သမားတွေကလည်း ကြောက်တော့ တောင်းတာကို ပေးနေရပါတယ်" ဟု မင်းပြားမြို့နယ်မှ ကျောင်းဆရာ တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ ပါဒလိပ်ကျေးရွာ၊ ကြွီတဲကျေးရွာ၊ ချီလင်ပင်ရွာ၊ ငတောက်တက်ရွာ၊ ကျားမသောက်နှင့် ကြက်ကိုင်းတန်ကျေးရွာများမှ လယ်ဧက ၅၀၀၀ နီးပါးခန့်ကိုလည်း ပညာရေး (၁၀)၊ ခမရ ၂၃၂၊ ခမရ ၃၄၄ သိမ်းယူထားပြီး ရွာသားများကို ယခုလို သီးစားချကာ ဌားရမ်းထားကြောင်း သိရသည်။

ကျောက်တော်မြို့နယ်တွင်လည်း လယ်သမားများပိုင် လယ်ဧက သောင်းချီပြီး သိမ်းယူထားပြီး တဖန်ပြန်၍ လယ်သမားများကို သီးစားချ ဌားရမ်ထားကြောင်း ဒေသအတွင်းက လာသော သတင်များ အရ သိရသည်။

" ကျွန်တော်တို့ အပေါက်ဝ ကျေးရွာမှာ ဆိုရင် လယ်ဧက ၃၀၀ နီးပါးခန့်ကို ကျောက်တော် အခြေစိုက် ခမရ ၃၇၉ က သိမ်းယူပြီး တနှစ်အတွက် တဧကကို စပါးတင်း (၂၅) တင်းနုန်းနဲ့ လယ်သမားများကို ပြန်ဌားစားထားပါတယ်။ ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဍားကျွန်း မြို့နယ် တလျောက်လုံးမှာ အသိမ်းခံထားရတဲ့ လယ်တွေက အများကြီးပါ" ဟု အပေါက်ဝ ကျေးရွာမှ လယ်သမား တစ်ဦးက ပြောသည်။

ဗြိတိသျှနယ်ချဲ့ခေတ်တွင် အိန္ဒိယ ချစ်တီးကုလားများက မြန်မာ လယ်သမားများကို ငွေထုတ်ချေးပြီး ပြန်လည် မပေးဆပ်နိုင်သောအခါ လယ်များကို သိမ်းယူပြီး လယ်သမားများကို သီးစား ပြန်ချခဲ့သော စနစ်မျိုးကို ဗမာ့ တပ်မတော်ကလည်း ရခိုင်ပြည်နယ်တွင် ပြန်လည် ကျင့်သုံးနေသဖြင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်နေပါသည်ဆိုသော မျိုးချစ် ဗမာ့ တပ်မတော် အပေါ် ရခိုင်ပြည်သူများက မေးခွန်းများ ထုတ်လျှက် ရှိကြောင်း သတင်းများ ရရှိသည်။

ငြိမ်း​ချမ်း​ရေး​ လိုချင်ရင်​တော့​ အစိုး​ရဘက်က စိတ်ရင်း​ ​စေတနာရင်း​ရှိတယ်ဆိုတာ ပြရမယ်

by မောင်တူး

တိုင်း​ရင်း​သား​ လက်နက်ကိုင် အဖွဲ့​အစည်း​တွေနဲ့​ တိုက်ပွဲ​တွေ ဖြစ်​နေ​သေး​ပေမယ့်​ အပစ်အခတ် ရပ်စဲ​ရေး​တွေလည်း​ ရှိ​နေပါတယ်။ ပြီး​ခဲ့​တဲ့​ နိုဝင်ဘာလကုန်ပိုင်း​က မီး​ရထား​ဝန်ကြီး​ ဦး​အောင်မင်း​ကိုယ်တိုင် ထိုင်း​-မြန်မာ နယ်စပ်ကိုလာပြီး​တော့​ တိုင်း​ရင်း​သား​အဖွဲ့​တွေ ​ကေအန်ယူ၊​ အက်စ်အက်စ်​အေ၊​ ​ကေအန်ပီပီ စတဲ့​ အဖွဲ့​ ၄၊​ ၅ ဖွဲ့​နဲ့​ ​တွေ့​ပါတယ်။

အပစ်အခတ်ရပ်စဲ​ရေး​အတွက် ​တွေ့​ဆုံ​ဆွေး​နွေး​ရာမှာ လိုက်ပါ ကူညီ​ဆောင်ရွက်​ပေး​ခဲ့​သူ ဦး​ဟန်​ညောင်​ရွှေကို ​မေး​မြန်း​ထား​ပါတယ်။

နိုဝင်ဘာလ ၁၉ ရက်​နေ့​က ထိုင်း​မြန်မာ နယ်စပ်မှာ ​တွေ့​ကြတဲ့​အဖွဲ့​တွေ​ပေါ့​၊​ အက်စ်အက်စ်​အေ၊​ ​ကေအိုင်​အေ လည်း​ပါမယ်။ ဒီလိုမျိုး​ ​တွေ့​ဆုံပွဲကို ဝင်​ရောက်ပြီး​ ကြား​ဝင်​ပြော​ပေး​ဖို့​က အစိုး​ရဘက်က ​ခေါ်တာလား​၊​ ဦး​ဟန်​ညောင်​ရွှေအ​နေနဲ့​ သွား​တာလား​။

“ပထမဆုံး ​က​တော့​ ကျ​နော်နဲ့​ ဦး​အောင်မင်း​(မီး​ရထား​ဝန်ကြီး​) နဲ့​တွေ့​ကြရာမှာ သူက ကျ​နော့်​ကို အကြံဉာဏ်​တောင်း​တယ်။ တိုင်း​ရင်း​သား​ အပစ်အခတ် ရပ်စဲဖို့​ကိစ္စကို ဘယ်လိုလုပ်သင့်​တယ်ဆိုတာ သူက​မေး​တာ​ပေါ့​။ ကျ​နော်က​တော့​ ဒီပြဿနာ​တွေက ဖြစ်လာတာကြာပြီ၊​ ယုံကြည်မှုတည်​ဆောက်ရမယ်၊​ တဖြည်း​ဖြည်း​နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ​တွေ လုပ်ရမယ်။ အဲလိုမျိုး​ ဖြစ်လာမှဖြစ်မယ်လို့​ ကျ​နော်က အကြံ​ပေး​လိုက်တယ်။ ​နောက်ပိုင်း​ သူနဲ့​ရန်ကုန်မှာ ပြန်​တွေ့​တော့​ သူက အက်စ်အက်စ်​အေ (​တောင်ပိုင်း​) ဗိုလ်မှူး​ရွက်ဆစ်တို့​အဖွဲ့​နဲ့​ ညှိ​ပေး​လို့​ရမလား​လို့​ ​မေး​တယ်။ ကျ​နော်က ဘယ်လို​ဖြေလည်း​ဆို​တော့​ ညှိ​ပေး​လို့​ ရတယ်။ ဒါ​ပေမယ့်​ ကျ​နော်လုပ်လာတဲ့​ တကာလလုံး​မှာ နိုင်ငံ​ရေး​ပါလာတဲ့​ ​နေရာမှာ ရှမ်း​အတွက်ပဲလုပ်​နေတာ မဟုတ်ဘူး​။ တိုင်း​ပြည်အတွက် လုပ်​နေတယ်။ ပြီး​တော့​မှ တိုင်း​ရင်း​သား​အကုန်လုံး​အတွက် ကူထား​တာရှိတယ်။ ဆို​တော့​ ဝန်ကြီး​က​နေ ရှမ်း​အဖွဲ့​နဲ့​တွေ့​မယ်ဆိုရင် တခြား​အဖွဲ့​တွေနဲ့​လည်း​ ​တွေ့​သင့်​တယ်လို့​ အကြံ​ပေး​လိုက်တယ်။ အစတုန်း​က​တော့​ သူလက်ခံတယ်။ ​နောက်ပိုင်း​မှာ သူက အဲဒါဆိုရင် လုပ်​ပေး​ပါဆိုပြီး​တော့​ ​ပြောလာတယ်။”
ဦး ​ဟန်​ညောင်​ရွှေအ​နေနဲ့​ ရှမ်း​အက်စ်အက်စ်​အေ တဖွဲ့​တည်း​နဲ့​ ​စေ့​စပ်ညှိနှိုင်း​ပေး​တာထက် ကျန်တဲ့​ အဖွဲ့​တွေကိုလည်း​ ဝင်ညှိနှိုင်း​ပေး​ချင်တယ်ဆိုပြီး​ ဖြစ်တာ​ပေါ့​။ အခု​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ကြပြီ။ သတင်း​လည်း​ သုံး​ပတ်​လောက်ရှိပြီဆို​တော့​ ဒီတိုက်ပွဲ​တွေ ရပ်စဲမှုမှာ၊​ ငြိမ်း​ချမ်း​ရေး​ရလဒ်​တွေမှာ ဘယ်လိုရခဲ့​လဲ။

“ဒီဇင်ဘာ ၂ ရက်​နေ့​က ​တောင်ကြီး​မြို့​မှာ အက်စ်အက်စ်​အေ (​တောင်ပိုင်း​) အဖွဲ့​က​တော့​ အပစ်အခတ် ရပ်စဲ​ရေး​ လက်မှတ်ထိုး​လိုက်ပါပြီ။ ​နောက်တဖွဲ့​က​တော့​ ချင်း​ (စီအန်အက်ဖ်) အဖွဲ့​က​တော့​ ဇန်နဝါရီထဲမှာ သူတို့​က ချင်း​ပြည်ကို သွား​ပြီး​တော့​မှ လက်မှတ်သွား​ထိုး​ပါမယ်။ ​ကေအန်ယူနဲ့​ ​ကေအန်ပီပီ ကရင်နီအဖွဲ့​က​တော့​ သူတို့​ရဲ့​ ဗဟိုကို ပြန်တင်ပြပြီး​တော့​မှ ဆုံး​ဖြတ်ချက်ယူမယ်။ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲလုပ်ဖို့​ အပစ်အခတ် ရပ်စဲဖို့​က​တော့​ မူအရလက်ခံတယ်​ပေါ့​။”

ကေအန်ယူတို့​ ​ကေအန်ပီပီတို့​ အက်စ်အက်စ်​အေတို့​ ​ကေအိုင်အိုတို့​ ပါဝင်တဲ့​ ယူအန်အက်ဖ်စီ (ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ) အဖွဲ့​က​နေ တစ်ရက်၊​ နှစ်ရက်အတွင်း​မှာ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​တာကို ပြန်သုံး​သပ်တဲ့​ အစည်း​အ​ဝေး​လုပ်တယ်။ ​တွေ့​ဆုံမှုကို ဦး​အောင်မင်း​လည်း​ လာတယ်။ ဦး​ဟန်​ညောင်​ရွှေ ကြား​ဝင်​ဆောင်ရွက်​ပေး​တဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​က မမှန်ကန်တဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​မှုလို့​ သုံး​သပ်ထား​တာရှိတယ်။ အဲဒီအ​ပေါ်မှာ​ကော ဘာ​ပြောချင်လဲ။

“ဒါက​တော့​ သူတို့​ဘယ်လိုသုံး​သပ်လည်း​ ကျ​နော်တို့​မသိဘူး​။ အချက်အလက်​တွေ သူတို့​ပြည့်​ပြည့်​စုံစုံ ရှိသလား​ဆိုတာ ကျ​နော်တို့​မသိဘူး​။ ဒါ​ပေမယ့်​ ကျ​နော့်​အ​နေနဲ့​ မြင်တာက သူတို့​သုံး​သပ်​နေတာက မှား​နေလား​လို့​ မြင်တယ်။ ဘာ​ကြောင့်​လဲဆိုရင် ယူအန်အက်ဖ်စီ မူအရက အပစ်အခတ်ရပ်စဲ​ရေး​အဆင့်​က တဖွဲ့​ချင်း​တွေ့​လို့​ရတယ်။ အခု တဖွဲ့​ချင်း​ ​တွေ့​နေတာက အပစ်အခတ် ရပ်စဲလုပ်ဖို့​ပဲ ​တွေ့​နေကြတယ်။ ​နောက်တဆင့်​ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲ ဖြစ်လာရင် အကုန်ပါရမယ်​လေ။ ဝန်ကြီး​ဦး​အောင်မင်း​လည်း​ ​ပြောတယ်။ သူတို့​တင်ပြတဲ့​ အချက်အလက်​တွေကလည်း​ အဲဒီအတိုင်း​ပြောတယ်။ ဆို​တော့​ ဒီဟာက ယူအန်အက်ဖ်စီက ချထား​တဲ့​မူနဲ့​လည်း​ မလွဲဘူး​လို့​မြင်တယ်။ ပြီး​တော့​မှ ဒီအပစ်အခတ် ရပ်စဲလုပ်သွား​တဲ့​အဖွဲ့​ အက်စ်အက်စ်​အေ ​တောင်ပိုင်း​ကလည်း​ ​ပြောတာက​တော့​ အပစ်အခတ် ရပ်စဲတာနဲ့​မလုံ​လောက်ဘူး​။ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲ ဖြစ်ရမယ်။ တပြည်လုံး​ဆွေး​နွေး​ပွဲ ဖြစ်ရမယ်။ သူတို့​က​ပြောတယ်။ ဆို​တော့​ အမှန်ကလည်း​ ယူအန်အက်ဖ်စီ မူနဲ့​ ကိုက်တယ်လို့​ ကျ​နော်မြင်တယ်​လေ။”

ယူအန်အက်ဖ်စီ ဒီလို​ဆွေး​နွေး​တဲ့​အ​ပေါ်မှာ​တော့​ ဦး​ဟန်သ​ဘောထား​ကို ကျ​နော်တို့​ သိရပြီ။ ဘာပဲ​ပြော​ပြော နိုဝင်ဘာလ ၁၉ ရက်​နေ့​ထဲက ​ဆွေး​နွေး​လာခဲ့​ကြပြီး​တော့​ အချို့​လည်း​ လက်မှတ်ထိုး​တာ​တွေ ရှိတယ်။ ဒီ​ကေဘီ​အေတို့​နဲ့​ သီး​သန့်​လက်မှတ်ထိုး​တာ​တော့​ ဦး​အောင်​သောင်း​တို့​နဲ့​။ ဆို​တော့​ အစိုး​ရဘက်က ဦး​အောင်​သောင်း​တို့​ လွှတ်တာလည်း​ ရှိတယ်။ ဦး​မောင်​မောင်သိန်း​တို့​ လွှတ်တာလည်း​ ရှိတယ်။ ဒီဘက်မှာလည်း​ ဦး​ထွန်း​ရီနဲ့​လည်း​ ​တွေ့​တယ်။ သူတို့​က တိုင်း​ရင်း​သား​အား​လုံး​ကို တဖွဲ့​တည်း​နဲ့​ မလုပ်ဘဲနဲ့​ ဟိုလူနဲ့​ ဒီဘက်မှာလုပ်။ ဒီလူနဲ့​ဒီဘက်မှာလုပ်။ သူတို့​မှာ​ကော တိတိကျကျ မရှိဘဲနဲ့​ ကြုံသလို လုပ်​နေတာမျိုး​ အစိုး​ရဘက်က​ကော ဖြစ်နိုင်လား​။

“အဲဒီဟာလည်း ​ တချို့​နေရာမှာ ဖြစ်​တော့​ဖြစ်တယ်။ အခု​တွေ့​တဲ့​ အဖွဲ့​တွေလည်း​ သူတို့​ အစိုး​ရကို ​တောင်း​ဆိုတယ်။ အဲဒါမျိုး​ မလုပ်ပါနဲ့​၊​ တကယ် မှန်ကန်တဲ့​ နည်း​လမ်း​နဲ့​ပဲ လုပ်ပါ၊​ ဥပမာ ပြည်နယ်က လာမယ်ဆိုရင်လည်း​ ပြည်နယ်က တဖွဲ့​လာ၊​ ပြဿနာမရှိဘူး​။ ပြည်​ထောင်စုအ​နေနဲ့​ လာမယ်ဆိုရင်လည်း​ ပြည်​ထောင်စုအ​နေနဲ့​လာ၊​ ပြဿနာမရှိဘူး​။ ဒါ​ပေမယ့်​ ဒီလူလာလိုက်၊​ ​နောက်တဖွဲ့​လာလိုက် တမျိုး​ပြောလိုက်၊​ အဲလိုမျိုး​တော့​ မလုပ်ပါနဲ့​ဆို​တော့​ ဒီအဖွဲ့​တွေက ​ပြောတာဖြစ်တယ်။”

တချိန်တည်း​ မှာပဲ တိုက်ပွဲ​တွေလည်း​ ပြန်ဖြစ်​နေတယ်ဆို​တော့​ ​ကေအန်ယူနဲ့​ဖြစ်​နေတာ။ ကချင်မှာဆိုလည်း​ မ​နေ့​ကဆို တိုက်ပွဲ​တော်​တော် ကြီး​ကြီး​မား​မား​ ဖြစ်​နေတယ်။ ဒီအ​ပေါ်​တွေ​ကော ဘာ​ပြောချင်လဲ။

“ဥပမာ ကရင်မှာ တိုက်ပွဲဖြစ်တယ် ဆိုတာ​တော့​ သဘာဝကျတယ်။ ဘာဖြစ်လို့​လည်း​ဆို​တော့​ အပစ်အခတ် ရပ်စဲမှု မရမချင်း​တော့​ တိုက်ရမှာပဲ။ ရှမ်း​ပြည်မှာလည်း​ အက်စ်အက်စ်​အေ ​တောင်ပိုင်း​ကလည်း​ တိုက်တာပဲ။ ဒီဇင်ဘာ ၂ ရက်​နေ့​မှာ သူတို့​က အပစ်အခတ် ရပ်စဲ​ရေး​ လက်မှတ်ထိုး​ကြတယ်။ အဲဒီ​နောက်ပိုင်း​မှာ တိုက်ပွဲ​တွေ ဆက်ဖြစ်ရင်​တော့​ ပြဿနာရှိမယ်။ အဲဒီလက်မှတ်မထိုး​ခင်မှာ တိုက်ပွဲဖြစ်တာ သဘာဝကျတယ်။ ကချင်မှာ​တော့​ သူ့​ပြဿနာက ​တော်​တော်ကြီး​တယ်။ ဒီ​နေရာမှာ ကျ​နော်ထင်တာက​တော့​ တမျိုး​မှား​နေတယ်လို့​ မြင်တယ်။ ဘာ​ကြောင့်​လဲဆိုရင် ကချင်​လောက် အစိုး​ရကို ကူထား​တဲ့​အဖွဲ့​မရှိဘူး​။ အမျိုး​သား​ညီလာခံလည်း​ သူကပါခဲ့​တယ်။ ​ရွေး​ကောက်ပွဲဝင်ဖို့​လည်း​ သူတို့​က ကြိုး​စား​ခဲ့​တယ်။ သူတို့​က အစိုး​ရသစ်တက်လာတာကိုလည်း​ ကြိုဆိုတယ်။ သမ္မတကြီး​ လုပ်​နေတဲ့​ အ​ပြောင်း​အလဲကိုလည်း​ ​ထောက်ခံတယ်။ ဒါ​ပေမယ့်​ ဘာ​ကြောင့်​ တိုက်ပွဲ​တွေ ပြင်း​ထန်လာသလဲ။ ဘာ​ကြောင့်​ ဒီထက်ဆိုး​လာသလဲ။ အဲဒါက​တော့​ ကျ​နော့်​အမြင်ဆိုရင် တမျိုး​တော့​မှား​နေပြီ။ အဲဒါကို ပြင်ဖို့​လိုမယ်။”

မှား​နေတယ်ဆိုတာ ဘယ်အရာမှာမှား​နေလဲ။ ကချင်မှာ​တော့​ တိုက်ပွဲ​တွေများ​နေတယ်။ ကရင်မှာလည်း​ ရှိ​နေ​သေး​တယ်။ တိုင်း​ရင်း​သား​တွေဘက်က ​ပြော​နေကြတာ အစိုး​ရတပ်​တွေက ထိုး​စစ်​တွေလုပ်​နေလို့​ပြောတယ်။ အစိုး​ရဘက်က ထိုး​စစ်မလုပ်ဘဲနဲ့​ ​လျှော့​ပေး​လိုက်ရင်​ကော အပစ်အခတ် ရပ်စဲ​ရေး​က အလိုလို ဖြစ်မသွား​နိုင်ဘူး​လား​။

“အဲဒါပါပဲ။ ကျ​နော်​ပြော​နေတဲ့​ မှား​နေတယ်ဆိုတာ တကယ်​တော့​ သွား​ညှိနှိုင်း​တယ်ဆိုရင် သူက အဆင်​ပြေသင့်​တယ်။ ဘာ​ကြောင့်​လဲဆို​တော့​ ကချင်ဘက်ကလည်း​ ကျ​နော်သိတာက သူတို့​မတိုက်ချင်ဘူး​။ ဇူလိုင်လကုန် အထိ​တောင်မှ ကျ​နော်သူတို့​နဲ့​ဆွေး​နွေး​တယ်။ သူတို့​က လက်မှတ်ထိုး​ဖို့​ အဆင်သင့်​ပဲ။ ဒါ​ပေမယ့်​ ဘာ​ကြောင့်​ ဒီထက်ဆိုး​သွား​တာလဲ။ စစ်တပ်ဘက်က ပိုပြီး​တော့​ ဝင်တိုက်လို့​ဖြစ်မယ်။ အ​ခြေအ​နေကြည့်​လိုက်ရင် အခုတိုက်ပွဲ​တွေ ကချင်ပြည်နယ်မှာ ဖြစ်​နေတာက အရင်တုန်း​က အစိုး​ရသတ်မှတ်ထား​တဲ့​ ​ကေအိုင်အို နယ်​မြေထဲမှာဖြစ်​နေတယ်။ ​ပြောချင်တာက​တော့​ အစိုး​ရတပ်​တွေက ကျူး​ကျော်​နေတယ်။ သူတို့​နယ်​မြေထဲ​ရောက်​နေတယ်။ အဲဒါသူတို့​က တိုက်ရမှာပဲ။ သဘာဝကျတယ်။ အစိုး​ရတပ်က ဆုတ်​ပေး​တယ်ဆိုရင် အလိုလို အပစ်အခတ် ရပ်စဲ​ရေး​ ဖြစ်သွား​နိုင်တယ်။”

ဦး​ဟန်​ညောင်​ရွှေအ​နေနဲ့​က​​ အစိုး​ရဝန်ကြီး​ ဦး​အောင်မင်း​က ​ခေါ်ယူတယ်။ ငြိမ်း​ချမ်း​ရေး​ဖြစ်​စေချင်တယ်။ တိုက်ပွဲ​တွေ ဖြစ်​နေတယ်ဆိုတာ မ​ကောင်း​ဘူး​ဆိုပြီး​ ကြား​ဝင်​ဆောင်ရွက်​ပေး​တယ်။ တချို့​ပြော​နေတာက ဦး​ဟန်​ညောင်​ရွှေက အစိုး​ရနဲ့​ ​ပေါင်း​တယ်၊​ အစိုး​ရခိုင်း​တာ လုပ်​နေတယ်ဆိုပြီး​ ​ပြော​နေတာ​တွေ ရှိတယ်။ ဒီ​ပေါ်မှာ​ကော ကိုယ်က ကြား​ဝင်​ဆောင်ရွက်​ပေး​ထား​တဲ့​ ကိစ္စ​တွေမှာ ဘယ်လိုခံစား​ရလဲ။

“ကျ​ နော် ဒီမိုက​ရေစီ တိုက်ပွဲထဲဝင်လာတဲ့​ ကာလပတ်လုံး​က ကျ​နော်က တိုင်း​ပြည်​ကောင်း​ဖို့​ လုပ်ခဲ့​တယ်။ ဘာမှ ဒီဘက် ဟိုဘက် မဝင်ဘဲနဲ့​ တတ်နိုင်သမျှ အကုန်လုံး​ကောင်း​အောင် ကြိုး​စား​ခဲ့​တယ်။ ကျ​နော်နဲ့​တွဲပြီး​ လုပ်လာတဲ့​လူတိုင်း​က သိပါတယ်။ ဆို​တော့​ ကျ​နော်က ​ပြောစရာမလိုဘူး​။ ကျ​နော်က ဘာရချင်လို့​၊​ အစိုး​ရနဲ့​ သွား​ပေါင်း​တယ်။ သူတို့​ခိုင်း​လို့​ လုပ်တယ်။ ဒါ​တွေက​တော့​ ကျ​နော့်​ကို မသိတဲ့​လူ​တွေဖြစ်မယ်။ မဟုတ်ဘဲနဲ့​ တမင်တကာ ​ပြောချင်တဲ့​လူ​တွေဖြစ်မယ်။ ဘာ​ကြောင့်​လဲဆို​တော့​ ကျ​နော်နဲ့​သိလာတဲ့​ လူတိုင်း​က​တော့​ ဘယ်သူလာခိုင်း​ခိုင်း​ အမှန်မဟုတ်ရင် ကျ​နော်မလုပ်ပါဘူး​။ အမှန်တရား​ထဲမပါရင် ကျ​နော်မလုပ်ပါဘူး​။ အခုန​ပြောတဲ့​အတိုင်း​ပဲ ဒီ​နေရာမှာက အပစ်အခတ် ရပ်စဲမလုပ်ဘူး​။ ငြိမ်း​ချမ်း​ရေး​ နည်း​လမ်း​မရှာဘူး​ဆိုရင် ကျ​နော်တို့​က ဆက်တိုက်သွား​ဖို့​ပဲ ရှိတယ်။ နှစ်​ပေါင်း​ ငါး​ဆယ်၊​ ​ခြောက်ဆယ် တိုက်သွား​မယ်။ ဒီဟာက အကျိုး​မဖြစ်ဘူး​။ ဆို​တော့​ ကျ​နော့်​အ​နေနဲ့​က အခုအ​နေနဲ့​ အစိုး​ရကလည်း​ ကမ်း​လှမ်း​လာတယ်။ အစိုး​ရကလည်း​ တကယ်လုပ်ပါမယ်လို့​ ​ပြော​တော့​ ကျ​နော်က​တော့​ ဖြစ်​စေချင်တယ်။”

စော​စောက​ပြောသလို အစိုး​ရတပ်​တွေက ထိုး​စစ်​တွေလုပ်​နေတယ်။ သူတို့​ နည်း​နည်း​ဖြစ်ဖြစ် ဆုတ်ပြီး​တော့​မှ ဆက်လက် ထိုး​စစ်မလုပ်ဘဲနဲ့​ စကား​ပြောရင် ပို​ကောင်း​မယ်လို့​။ တကယ်တမ်း​တော့​ အခုရက်ပိုင်း​မှာကို ရှမ်း​ပြည်နယ်ထဲမှာ ရှိတဲ့​ ကချင်စခန်း​တွေကို အစိုး​ရက ထပ်သိမ်း​တာတို့​၊​ ဒါမျိုး​တွေလည်း​ ဖြစ်​နေတာ။ တကယ်လို့​ စကား​ပြောတယ်ဆိုရင်​တော့​ သူတို့​အ​နေနဲ့​ ထိုး​စစ်​တွေ မလုပ်သင့်​ဘူး​ပေါ့​။ ဆို​တော့​ ​နောက်ဆုံး​ ဦး​ဟန်​ညောင်​ရွှေကိုယ်တိုင် ကြား​ဝင်​ဆောင်ရွက်​ပေး​တာရယ်။ ​ရှေ့​အလား​အလာကို ငြိမ်း​ချမ်း​ရေး​ တကယ်ဖြစ်သွား​မယ်လို့​ ထင်သလား​။ အဟန့်​အတား​တွေက ရှိ​နေ​တော့​။ အဲဒါ​နောက်ဆုံး​ အ​နေနဲ့​ရှင်း​ပြပါလား​။

“ကျ ​နော်ထင်တာ ဖြစ်နိုင်တယ်။ ဒါ​ပေမယ့်​ အစိုး​ရအ​နေနဲ့​ သူတို့​ယုံကြည်မှု တည်​ဆောက်တဲ့​သ​ဘောနဲ့​ ဒီစစ်တပ်ကို ဆုတ်​ပေး​ဖို့​ လိုမယ်လို့​ ကျ​နော်မြင်တယ်။ ဘာလို့​လဲဆို​တော့​ အခုက မယုံကြဘူး​။ တကယ်လုပ်ချင်တယ်ဆိုတာ။ ဘာ​ကြောင့်​လဲဆိုရင် အရင်က အ​တွေ့​အကြုံအရ ကချင်က အပစ်အခတ်ရပ်စဲလုပ်တယ်။ နှစ်​ပေါင်း​ ၁၇ နှစ်​စောင့်​ခဲ့​တယ်။ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ မဖြစ်ဘဲနဲ့​ တိုက်ပွဲ​တွေဖြစ်လာတယ်။ ဆို​တော့​ သူတို့​အ​နေနဲ့​ စိုး​ရိမ်မှုရှိတယ်။ တကယ်ပဲ ငြိမ်း​ချမ်း​ရေး​ လိုချင်ရင်​တော့​ အစိုး​ရဘက်က စိတ်ရင်း​ ​စေတနာရင်း​ရှိတယ်ဆိုတာ ပြရမယ်။ အ​ကောင်း​ဆုံး​က တပ်ရုပ်သိမ်း​တာ အ​ကောင်း​ဆုံး​ပဲလို့​ အဲဒီလိုပဲ ကျ​နော်မြင်ပါတယ်။”

ဦး သိ န်း စိ န်အ စိုး ရ အ ဖွဲ့ လ စာ နဲ့ အဆောင် အယောင်

ကချင်ပြည်နယ်သို့ တတိယခြေလှမ်း
0 Comments - 08 Dec 2011
၆.၁၂.၂၀၁၁ ရက်နေ့ နံနက် (၈း၂၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား များနှင့်အတူ “ဘ၀အလင်း” ပရဟိတအသင်း လူမှုရေးသမားများတို့သည် အေးစေတီဘုန်းတော်ကြီး ကျောင်းမှ ၀ိုင်းမော်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြရာ မြစ်ကြီးနားမြို့ “အံတော်ရှင်” နာရေးကူညီမှုအသင်း ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များမှ မော်တော်ယာဉ်တစ်စီးဖြင့် အင်အားဖြည့်တင်း ကူညီခဲ့ကြပြီး မြစ်ကြီးနားတစ်ဖက်ကမ်းသို့ နံနက် (၆း၀၀) နာရီမှ ညနေ (၆း၀၀) နာရီအတွင်းသာ ဖြတ်သန်းခွင့်ပြုထား သည့် ဗလမင်း...

More Link
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၇၊ ၂၀၁၁
(ကျောက်ဖြူ) ဒီဇင်ဘာ ၆၊ ၂၀၁၁

မေး။ ။ သမ္မတ ဦးသိန်းစိန်ရဲ့ လစာ ဘယ်လောက်ရပါသလဲ။

ဖြေ။ ။ သမ္မတ ဦးသိန်းစိန်က တလကို ကျပ်ငွေ သိန်း ၅၀ ရပါတယ်။

မေး။ ။ သမ္မတ ဦးသိန်းစိန်လစာက တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် နည်းနေပါသလား

ဖြေ။ ။ ကျပ် သိန်း၅၀ ဆိုတာ တရားဝင်ငွေလဲနှုန်း တဒေါ်လာ ၆ကျပ်နဲ့တွက်ရင် သမ္မတ ကြီး ဦးသိန်းစိန်ရမဲ့ လစာဟာ တလကို အမေရိကန်ဒေါ်လာ ၈သိန်း ၃သောင်း ကျော်ပါတယ်။ ဒါကြောင့် တရားဝင်ငွေလဲနှုန်ူနဲ့ တွက်ရင် သမ္မတ ကြီး ဦးသိန်းစိန်ရဲ့လစာက အမေရိကန်သမ္မတ ကြီး အိုဘားမားရဲ့ တလ ၀င်ငွေထက် ၂၅ ဆ များနေသလို တလ ဒေါ်လာ ၂သောင်းခွဲရတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထက်လဲ ၄ ဆနီးပါး များနေပါတယ်။ တွက်ရလွယ်အောင် တဒေါ်လာကို မှောင်ခိုဈေး ကျပ်တထောင်ထားတွက်ရင်တောာင် သမ္မတ ကြီး ဦးသိန်းစိန်ရဲ့လစာက တလကို အမေရိကန်ဒေါ်လာ ၅ ထောင် ရမှာဖြစ်ပါတယ်။



မေး။ ။ အာရှတိုက်က နိုင်ငံအကြီးအကဲတွေလစာနဲ့စာရင် ဘယ်လိုနေပါသလဲ။

ဖြေ။ ။ မှောင်ခိုငွေလဲနှုန်းနဲ့ဆိုရင်တောင် သမ္မတ ကြီး ဦးသိန်းစိန်ရဲ့လစာက မြန်မာကို အကူအညီပေးနေတဲ့ အိန္ဒိယနိုင်ငံရဲ့ အမျိုးသမီးသမ္မတ ကြီး ပရာဒိဗ္ဗ ဒေ၀ီဆင်းပတ္တေးလ် ထက် ဒေါ်လာ ၂ ထောင်များနေသလို အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန်ဆင်း လစာထက် ဒေါ်လာ တထောင်များနေပါသေးတယ်။ အာဆီယံအဖွဲ့ဝင် ဗီယက်နမ် သမ္မတ ရဲ့ လစာက ဒေါ်လာ ၂၄၀ သာရှိတာမို့ မှောင်ခိုငွေလဲနှုန်းနဲ့ဆိုရင်တောင် သမ္မတ ကြီး ဦးသိန်းစိန်ရဲ့လစာက ဗီယက်နမ်သမ္မတ လစာထက် အဆ ၂၀ များနေပါတယ်။

မေး။ ။ မြန်မာပြည်သူတွေ ဆင်းရဲတွန်းနက်လို့ စီးပွားကျပ်နေချိန်မှာ သမ္မတလစာကို ခုလောက်အများကြီးပေးထားတာ သင့်တော်ပါသလား။
ဖြေ။ ။ ဘယ်လိုမှ မသင့်တော်ပါ။ တနေ့ တဒေါ်လာအောက် ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူတွေက တိုင်းပြည်လူဦးရေရဲ့ ၃၂% ရှိနေတဲ့ မြန်မာနိုင်ငံမျိုးမှာ၊ တဦးချင်း GDP 469 ဒေါ်လာသာရှိတဲ့ မြန်မာလို နိုင်ငံမျိုးမှာ သမ္မတဦးသိန်းစိန်ရဲ့လစာက ပြည်သူတဦးချင်း ဂျီဒီပီထက် ဆယ်ဆကျော် များနေတာမို့ နိုင်ငံတကာကကြည့်ရင် အမြင်မတော် ဆင်တော်နဲ့ခလောက်ဆိုတဲ့ကိန်း ဖြစ်နေပါတယ်။

မေး။ ။ သမ္မတ ဦးသိန်းစိန်ကို လစာတွေ ခုလောက်အများကြီးပေးဖို့ ဘယ်သူက ဆုံးဖြတ်ခဲ့ပါသလဲ။ တခြား ဘာခံစားခွင့်တွေ ပေးထားပါသေးလဲ။

ဖြေ။ ။ သမ္မတ ဦးသိန်းစိန်ကို လစာတွေ ခုလောက်အများကြီးပေးဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တဦးတည်းက စစ်အစိုးရလက်ထက်မှာ လျို့ဝှက် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ စစ်အစိုးရလက်ထက်မှာ သူထုတ်ချင်တဲ့ ဥပဒေကို ထုတ်ခွင့်ရဖို့ ၂၀၀၈ အခြေခံဥပဒေက ခွင့်ပြုထားပါတယ်။ အရပ်သားအစိုးရ ခေါင်းဆောင်မဲ့သူတွေရဲ့ လစာကို ချီးမြှင့်ငွေ စရိတ်နဲ့ အဆောင်ယောင်များဆိုင်ရာ ဥပဒေ ၅ မျိုးနဲ့ ထုတ်ပြန် သတ်မှတ်ခဲ့တာပါ။ သမ္မတ ကြီး ဦးသိန်းစိန်အတွက် ကား ၆ စီးနဲ့ ယာဉ်မောင်း ၆ ဦး ဆိုပီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဥပဒေနဲ့ ပြဌာန်း ပေးထားပါတယ်။

မေး။ ။ တခြားဆောင်အယောင်တွေ ဦးသိန်းစိန်အတွက် ဘာပေးထားပါသလဲ

ဖြေ။ ။

၁။အိမ်တော်ဝန်နဲ့ အိမ်တော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (ပစ္စည်းထိန်း၊ စားဖိုမှူး၊ စားပွဲထိုး၊ ခ၀ါ၊ အိမ်အကူ၊ သန့်ရှင်းရေး စသည်များ)

၂။ အိမ်တော်နဲ့ အိမ်တော်ဝန်း ထိန်းသိမ်းစောင့်ရှောက်ရေး အခမဲ့ ခံစားခွင့်၊

၃။ အိမ်တော်ဆိုင်ရာ လိုအပ်တဲ့ ပရိဘောဂနဲ့ ထိန်းသိမ်းစောင့်ရှောက်မှု စရိတ်

၎။ လုံခြုံရေးအစောင့်အရှောက်၊

၅။ ကိုယ်ရံတော် အရာရှိနှစ်ဦးနဲ့ ကိုယ်ရေးအရာရှိ ၂ ဦး

၆။ ရေအခမဲ့ သုံးစွဲခွင့်၊

၇။ လျှပ်စစ်ဓါတ်အား အခမဲ့ သုံးစွဲခွင့်

၈။ ပြည်တွင်း ပြည်ပ ဖုန်းအခမဲ့ပြောဆိုခွင့်

၉။ မော်တော်ယာဉ် ၆ စီး။

၁၀။ ယာဉ်မောင်း ၆ ဦး။

၁၁။ မော်တော်ယာဉ် ၆ စီးအတွက် အမှန်ကုန်ကျသည့် စက်သုံးဆီ၊

၁၂။ မော်တော်ယာဉ် ၆ စီးအတွက် အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ။

မေး။ ။ သမ္မတ ကြီး ဦးသိန်းစိန်မှာ နိုင်ငံတာဝန်ထမ်းဘို့အတွက် ကား ၆ စီးတောင် လိုပါသလား

ဖြေ။ ။ ဘယ်လိုကားမျိုးတွေ ဘယ်လောက်တန်တဲ့ကားတွေလို့ သတ်မှတ်မထားတဲ့အတွက် ကမ္ဘာမှာဈေးအကြီးဆုံးကားမျိုးကိုတောင် နိုင်ငံဘဏ္ဍာငွေနဲ့ ၀ယ်စီးခွင့်ရှိတယ်ဆိုတဲ့သဘော ဖြစ်နေပါတယ်။

ဒီနေရာမှာ သမ္မတဦးသိန်းစိန်လို တခြားနိုင်ငံခေါင်းဆောင်တွေရော ကား ၆ စီးတောင်သုံးသလားဆိုတာ ပြန်ကြည့်ဘို့လိုပါတယ်။ မြန်မာနိုင်ငံထက် စီးပွားရေးကောင်းတဲ့ အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှား သမ္မတဆိုရင် Mercedes Benze S600L W221 အမျိုးအစား ကျည်ကာကား ၂ စီးကိုသာ သုံးပါတယ်။ တစီးကိုသာ သမ္မတ စီးပီး ကျန်တစီးကို လုံခြုံရေးအတွက် တည်ကြက်ကားအဖြစ်သုံးပါတယ်။ဒါကြောင် သမ္မတဦးသိန်းစိန်က အင်ဒိုနီးရှားသမ္မတ ထက် ကားအစီးရေ ၃ ဆ ပိုသုံးထားပါတယ်။

မလေးရှားဝန်ကြီးချုပ်ဆိုရင်လဲ ကား ၃ စီးဘဲ သုံးပါတယ်။ မြန်မာထက် စီးပွားရေးတိုးတက်တဲ့ ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ်ဆိုရင် Mercedes Benze S600L- W220 ကျည်ကာကား တစီး BMW 730LI (E66) တစီးနဲ့ Range Rover ကျည်ကာကား တစီး ပေါင်း ၃ စီးသာသုံးပါတယ်။ တောင်ကိုရီးယားသမ္မတ ဆိုရင် ၂၀၀၅ ခုနှစ်ထဲက၀ယ်ထားတဲ့ BMW7 Series ကားတစီးဘဲသုံးပါတယ်။ မကြာခင်ကမှ သမ္မတ အတွက် ပြည်တွင်းဖြစ် ဟွန်ဒိုင်း ကျည်ကာကား ၃ စီး ထပ်ဝယ်ပေးထားပါတယ်။

မေး။ ။ ဒုသမ္မတ ဦးတင်အောင်မြင်ဦးနဲ့ စိုင်းမောက်ခမ်းတို့ရော လစာနဲ့ အဆောင်အယောင် ဘယ်လိုရပါသလဲ။

ဖြေ။ ။ ဒုသမ္မတ လစာကို တလ ကျပ်ငွေ သိန်း၄၀ ပေးထားပါတယ်။ အဆောင်အယောင်တွေကတော့

၁။အိမ်တော်ဝန်နဲ့ အိမ်တော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (ပစ္စည်းထိန်း၊ စားဖိုမှူး၊ စားပွဲထိုး၊ ခ၀ါ၊ အိမ်အကူ၊ သန့်ရှင်းရေး စသည်များ)

၂။ အိမ်တော်နဲ့ အိမ်တော်ဝန်း ထိန်းသိမ်းစောင့်ရှောက်ရေး အခမဲ့ ခံစားခွင့်၊

၃။ အိမ်တော်ဆိုင်ရာ လိုအပ်တဲ့ ပရိဘောဂနဲ့ ထိန်းသိမ်းစောင့်ရှောက်မှု စရိတ်

၎။ လုံခြုံရေးအစောင့်အရှောက်၊

၅။ ကိုယ်ရံတော် အရာရှိတဦးနဲ့ ကိုယ်ရေးအရာရှိ ၂ ဦး

၆။ ရေအခမဲ့ သုံးစွဲခွင့်၊

၇။ လျှပ်စစ်ဓါတ်အား အခမဲ့ သုံးစွဲခွင့်

၈။ ပြည်တွင်း ပြည်ပ ဖုန်းအခမဲ့ပြောဆိုခွင့်

၉။ မော်တော်ယာဉ် ၅ စီး။

၁၀။ ယာဉ်မောင်း ၅ ဦး။

၁၁။ မော်တော်ယာဉ် ၅ စီးအတွက် အမှန်ကုန်ကျသည့် စက်သုံးဆီ၊

၁၂။ မော်တော်ယာဉ် ၅ စီးအတွက် အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ။

မေး။ ။ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် နဲ့ ပြည်ထောင်စု တရားသူကြီးချုပ် ၃ ဦးလစာက ဘယ်လောက်ရပါသလဲ

ဖြေ။ ။ ချီးမြှင့်ငွေ စရိတ်နဲ့ အဆောင်ယောင်များဆိုင်ရာ ဥပဒေအရ တဦးကို တလ ကျပ်ငွေ ၃၅ သိန်း ပေးထားပါတယ်။ အဆောင်အယောင်တွေကတော့-

-အစိုးရအိမ်တွင် အခမဲ့ နေထိုင်ရမည်

-နေအိမ် ပရိဘောဂစရိတ် အခမဲ့

-လုံခြုံရေးအစောင့်အရှောက်

-ပြည်တွင်း ပြည်ပ အခမဲ့ ဆေးကုသခွင့် (ဒီအချက်ကို သမ္မတနဲ့ ဒုသမ္မတမှာ ထဲ့မထားပါ)

-ရေအခမဲ့သုံးခွင့်

-လျှပ်စစ်ဓါတ်အား အခမဲ့သုံးခွင့်

-ပြည်တွင်းခေါ်ဆိုမှုအတွက် တယ်လီဖုန်းအခမဲ့သုံးခွင့် (ပြည်ပအတွက် ဘယ်သူက ကျခံရမယ်ဆိုတာ ရေးမထားပါ)

-ကိုယ်ရေးအရာရှိတဦး

-အိမ်အကူနှစ်ဦး

-ထမင်းချက်နှစ်ဦး

-ဥယျာဉ်ထိန်းသိမ်းစရိတ် အခမဲ့

-မော်တော်ယာဉ် ၄ စီး

-ယာဉ်မောင်း ၄ ဦး

-မော်တော်ယာဉ်၎ စီးအတွက် တစီးကို တလ စက်သုံးဆီ ဂါလံ ၆၀ နှုန်း

-မော်တော်ယာဉ် ၄ စီးအတွက် တလ အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ

မေး။ ။ ပြည်ထောင်စုဝန်ကြီးတဦးကို လစာနဲ့ အဆောင်အယောင် ဘယ်လိုပေးထားပါသလဲ

ဖြေ။ ။ ပြည်ထောင်စုဝန်ကြီးတဦးကို တလကျပ် သိန်း၃၀ ပေးပါတယ်။ ပြည်သူ့လွှတ်တော် ဒု ဥက္ကဌ အမျိုးသားလွှတ်တော် ဒု ဥက္ကဌတွေရဲ့လစာနဲ့ အတူတူ ဖြစ်ပါတယ်။ အဆောင်အယောင်တွေကတော့

-အစိုးရအိမ်တွင် အခမဲ့ နေထိုင်ရမည်

-နေအိမ် ပရိဘောဂစရိတ် အခမဲ့ (မပေးပါ)

-လုံခြုံရေးအစောင့်အရှောက်

-ပြည်တွင်း အခမဲ့ ဆေးကုသခွင့်

-ရေအခမဲ့သုံးခွင့်

-လျှပ်စစ်ဓါတ်အား အခမဲ့သုံးခွင့်

-ပြည်တွင်းခေါ်ဆိုမှုအတွက် တယ်လီဖုန်းအခမဲ့သုံးခွင့် (ပြည်ပအတွက် ဘယ်သူက ကျခံရမယ်ဆိုတာ ရေးမထားပါ)

-ကိုယ်ရေးအရာရှိတဦး

-အိမ်အကူနှစ်ဦး

-ဥယျာဉ်လုပ်သားနှစ်ဦး

-ဥယျာဉ်ထိန်းသိမ်းစရိတ် အခမဲ့

-မော်တော်ယာဉ် ၃ စီး

-ယာဉ်မောင်း ၃ ဦး

-မော်တော်ယာဉ် ၃ စီးအတွက် တစီးကို တလ စက်သုံးဆီ ဂါလံ ၆၀ နှုန်း

-မော်တော်ယာဉ် ၃ စီးအတွက် တလ အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ

မေး။ ။ ပြည်ထောင်စု ဒုဝန်ကြီးတဦးကိုတော့ တလ ကျပ်ငွေ သိန်း ၂၀ ပေးပါတယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ ဒု ရှေ့နေချုပ်၊ ဒု စာရင်းစစ်ချုပ်နဲ့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင်တွေနဲ့ လစာ အဆောင်ယောင်တူပါတယ်။ အဆောင်အယောင်တွေကတော့-

-အစိုးရအိမ်တွင် အခမဲ့ နေထိုင်ရမည်

-နေအိမ် ပရိဘောဂစရိတ် အခမဲ့

-လုံခြုံရေးအစောင့်အရှောက်

-ပြည်တွင်း အခမဲ့ ဆေးကုသခွင့်

-ရေအခမဲ့သုံးခွင့်

-လျှပ်စစ်ဓါတ်အား အခမဲ့သုံးခွင့်

-ပြည်တွင်းခေါ်ဆိုမှုအတွက် တယ်လီဖုန်းအခမဲ့သုံးခွင့် (ပြည်ပအတွက် ဘယ်သူက ကျခံရမယ်ဆိုတာ ရေးမထားပါ)

-ကိုယ်ရေးအရာရှိတဦး

-အိမ်အကူတဦး

-ဥယျာဉ်လုပ်သားတဦး

-ဥယျာဉ်ထိန်းသိမ်းစရိတ် အခမဲ့

-မော်တော်ယာဉ် ၃ စီး

-ယာဉ်မောင်း ၃ ဦး

-မော်တော်ယာဉ် ၃ စီးအတွက် တစီးကို တလ စက်သုံးဆီ ဂါလံ ၆၀ နှုန်း

-မော်တော်ယာဉ် ၃ စီးအတွက် တလ အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ



မေး။ ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ခုလို ဥပဒေမျိုးကို သူ့သဘောနဲ့သူ ဘာကြောင့်ထုတ်ခွင့်ရခဲ့ပါသလဲ

ဖြေ။ ။ အဲသလိုလုပ်ခွင့်ရှိတယ်ဆိုတဲ့အကြောင်းကို အခြေခံဥပဒေ ၂၀၀၈ ပုဒ်မ ၄၄၃ မှာထဲက ပြဌာန်းထားလို့ဖြစ်ပါတယ် ဒီဥပဒေ ၅ မျိုးကို နအဖက ထုတ်တယ်လို့ဆိုတဲ့အတွက် နအဖအဖွဲ့ဆိုတာ အဲဒီဥပဒေထုတ်တဲ့အချိန်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး ၂ ဦးသာကျန်တော့တဲ့ အဖွဲ့ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ ဦးသိန်းစိန်အစိုးရတဖွဲ့လုံးရဲ့ လစာ စရိတ်နဲ့ အဆောင်အယောင်တွေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေတဦးတည်းက ဆုံးဖြတ်ပီး ဥပဒေထုတ် ပြဌာန်းခဲ့တာပါ။



မေး။ ။ ဒီ ဥပဒေကို ပြင်နိုင်မဲ့အလားအလာ ရှိပါသလား

ဖြေ။ ။ ဒီဥပဒေတွေကို မတရားဘူးဆိုပီး လွှတ်တော်မှာ အတိုက်အခံက ပြင်နိုင်သလားဆိုရင် အတိုက်အခံ အားနည်းနေတဲ့အတွက် လွှတ်တော် ပထမ ၅နှစ်သက်တမ်းအတွင်း ပြန်ပြင်ဘို့ မဖြစ်နိုင်တာ သေချာနေပါတယ်။ သဘောကတော့ လွှတ်တော် ဥက္ကဌတွေဖြစ်တဲ့ သူရဦးရွှေမန်း ဦးခင်အောင်မြင့်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဌ ဦးသိန်းစိုးတို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးတို့ ၅ နှစ်အတွင်း ရထားတဲ့ ကား ၄ စီးကို စိတ်ချလက်ချသုံးနို်င်သလို နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌလို ပုဂ္ဂိုလ်မျိုးကလဲ လေရှီး လဟယ် နန်းယွန်းဘက်တွေမှာ ကား ၃ စီးနဲ့ ၅ နှစ်ထိ (မောင်းစရာနေရာ ရှိရှိ မရှိရှိ) စိတ်အေးလက်အေး မောင်းနှင်နိုင်မှာ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

မေး။ ။ သမ္မတ အပါအ၀င် အရပ်သား အစိုးရသစ်တဖွဲ့လုံး လစာသစ်ကို အပြည့်အ၀ မခံစားသေးဘဲ နအဖလက်ထက် အစိုးရအဖွဲ့ဝင်တွေ ခံစားတဲ့လစာကိုသာ ခံစားသွားမယ်လို့ သမ္မတ ဦးသိန်းစိန်ပြောတဲ့အကြောင်း မြန်မာသတင်းစာတွေမှာ ဖော်ပြထားပါတယ်။ အစိုးရသစ်က ဘာကြောင့် လစာလျှော့ယူပါသလဲ

ဖြေ။ ။ အဓိကအချက်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအမိန့်နဲ့ ပေးထားတဲ့ သူတို့လစာတွေက ပြည်သူတွေရဲ့ဝင်ငွေနဲ့ အရမ်းကွာနေတော့ ပြည်သူတွေ အုံကြွမှာ စိုးရိမ်ပီး ချွေးသိပ်တဲ့အနေနဲ့ လုပ်ပြတာပါ။ ရာသက်ပန် လျှော့ယူမယ်လို့ မပြောသလို ဘယ်လောက်ကြာအောင် လျှော့ယူမယ်လဲ ကတိပေးမထားပါ။

မေး။ ။ သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းအရဆိုရင် နိုင်ငံတော်ရဲ့ လက်ရှိအခြေနေ နိုင်ငံတော်ရဲ့ ငွေကြေးအခြေအနေနဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို ရှေ့ရှုတဲ့အနေနဲ့ လစာသစ်ကို မခံစားသေးဘဲ နအဖလက်ထက်က လစာဟောင်းကိုသာ အစိုးရတဖွဲ့လုံး ခံစားမယ်လို့ ပြောပါတယ်။ ဟုတ်ပါသလား။

ဖြေ။ ။ မဟုတ်ပါ။ နိုင်ငံတော်ရဲ့ လက်ရှိအခြေနေ နိုင်ငံတော်ရဲ့ ငွေကြေးအခြေအနေနဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို ရှေ့ရှုတယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအမိန့်နဲ့ ထုတ်ထားတဲ့ ဥပဒေကို ဖျက်သိမ်းမှသာ ပြည်သူက ယုံမှာဖြစ်ပါတယ်။

နအဖလက်ထက်က လစာဟောင်းဆိုတာလဲ သိသူနည်းပါတယ်။ စစ်အစိုးရအာဘော်လို့ လူသိများတဲ့ ပိတောက်မြေ ဘလော့ဆိုက်အာဘော်အရဆိုရင် တလ ကျပ်ငွေ သိန်း၅၀ ရမဲ့ သမ္မတ ဦးသိန်းစိန်က ယခင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ယူခဲ့တဲ့ လစာ တလ ကျပ်ငွေ ၁၂သိန်းသာယူမှာဖြစ်ပီး တလကျပ်ငွေ သိန်း ၃၀ ရမဲ့ ၀န်ကြီးတွေက နအဖ၀န်ကြီးလစာ တလကို ၆သိန်း သိန်း၂၀ ရမဲ့ ဒုဝန်ကြီးတွေက ယခင် နအဖဒုဝန်ကြီးလစာ ၄ သိန်းသာ ယူမယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့က နိုင်ငံခြားသတင်းစာဆရာတဦးကတော့ နအဖ၀န်ကြီးတဦးလစာက ပိတောက်မြေ ဘလော့ဆိုက်ပြောသလိုမဟုတ်ဘဲ တလကျပ်ငွေ ၄ သိန်းဖြစ်ပီး ဒုဝန်ကြီးလစာက ၃ သိန်းသာဖြစ်တယ်လို့ ပြောတဲ့အတွက် ဘယ်လစာကို အမှန်ထားပီး အစိုးရသစ်က ခံစားမယ်ဆိုတာ မသဲမကွဲ ဖြစ်နေပါတယ်။

နအဖအစိုးရလက်ထက် စစ်အစိုးရခေါင်းဆောင်တွေရဲ့လစာကို နအဖက မထုတ်ပြန်ခဲ့လို့ အတိအကျ မသိရတဲ့လစာမျိုးကို သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရသစ်က ခံစားမယ်လို့သာပြောပီး လစာကိန်းဂဏန်းကို သမ္မတ က ထဲ့မပြောလို့ ဘယ်လောက်လျှော့ယူမလဲဆိုတာ တိုင်းပြည်ကို မထုတ်ပြန်ဘဲ ရသလားဆိုတာလဲ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ နောက်ဆုံးတိုးတဲ့လစာဆိုရင် ၁၂ သိန်းဖြစ်ပီး ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့လစာက ၁ဝ သိန်းဖြစ်ပါတယ်။ ၂ဝဝဝ ခုနှစ် ဧပြီ တရက်နေ့မှာတိုးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခြေခံလစာက တသိန်း၅သောင်းဖြစ်ပါတယ်။ ၂ဝဝ၆ ခုနှစ်မှာ ထပ်တိုးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့လစာက တလကို ၁၂ သိန်းဖြစ်တာမို့ ၆နှစ်အတွင်း ၇ဝဝ ရာခိုင်နှုန်းတိုးလိုက်တဲ့ သဘောဖြစ်ပါတယ်။

၂ဝဝဝ ခုနှစ် ဧပြီ တရက်နေ့မှာတိုးတဲ့ ဗိုလ်ချုပ်ကြီးတဦးရဲ့လစာက တလကို တသိန်းဘဲရှိပါတယ်။ ၂ဝဝ၆ ခုနှစ်မှာ ထပ်တိုးတဲ့ ဗိုလ်ချုပ်ကြီးတဦးရဲ့လစာသစ်က ရှစ်သိန်းဖြစ်ပါတယ်။ ဒါကြောင့် ၆နှစ်အတွင်း မြန်မာ ဗိုလ်ချုပ်ကြီးတဦးရဲ့လစာလဲ ၇ဝဝ ရာနှုန်းတက်လာပါတယ်။

ဗိုလ်မှူးချုပ်တဦးရဲ့လစာက ၃သိန်းရှိပီး ဗိုလ်ချုပ်တဦးရဲ့လစာက ၄သိန်းရှိပါတယ်၊ စစ်အစိုးရ ဝန်ကြီးတဦးရဲ့လစာကိုလဲ ၄ သိန်းပေးထားတဲ့အတွက် ဝန်ကြီးတဦးနဲ့ ဗိုလ်ချုပ်တဦး တန်းတူ ဖြစ်နေပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီးတဦးရဲ့လစာကို ၆သိန်းပေးထားပီး ဗိုလ်ချုပ်ကြီးတဦးရဲ့လစာကို ၈သိန်းပေးထားပါတယ်။

ဆိုလိုတဲ့သဘောက တိုင်းပြည်အုပ်ချုပ်ရေးတာဝန်ယူထားရတဲ့ နအဖခေတ် ဝန်ကြီးတဦးက ဒု ဗိုလ်ချူပ်ကြီးတဦးလောက် အရေးမပါတဲ့သဘော ဖြစ်ပါတယ်။ နအဖခေတ် ဒုဝန်ကြီး တဦးရဲ့လစာကိုလဲ ၃ သိန်းပေးထားတာမို့ ဗိုလ်မှူးချုပ်တဦးနဲ့ တန်းတူ ဖြစ်နေပါတယ်။ တဘက်ကြည့်တော့လဲ လစာ ၄သိန်းသာရတဲ့ တချိုံဝန်ကြီးတွေ ကား ၂ဒါဇင်ကျော် ထည်လဲ စီးနေတာ ဘယ်ကရတဲ့ငွေနဲ့ဝယ်တာလဲလို့ မေးစရာရှိပါတယ်။

အပေါ်ယံကြည့်ရင် လူထုက ဆင်းရဲနေချိန်မှာ အစိုးရခေါင်းဆောင်တွေက လစာသစ်ကို အပြည့်မခံစားထိုက်ဘူးလို့ သမ္မတ ဦးသိန်းစိန်ပြောတာ ကြိုဆိုထိုက်တယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ လစာသစ်ကို လုံးဝမခံစားတော့ဘူးလို့ ဦးသိန်းစိန်ပြောတာမဟုတ်သလို အချိန်ဘယ်လောက်ကြာကြာ နအဖအစိုးရအဖွဲ့ လစာဟောင်းနဲ့နေမယ်ဆိုတာလဲ သမ္မတ သစ်က ကတိပေးထားတာ မရှိပါဘူး။ ဒါကြောင့် လပိုင်းအတွင်းမှာဘဲ လစာသစ်ကို ပြန်လည်ခံစားတယ်ဆိုပီး လုပ်ခွင့်ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်နေပါတယ်။

KIA ကို တိုက်နေတာ ကချင်ပြည်နယ်မှာတင် မဟုတ်ပါ။မီဒီယာမှာလည်း အဆက်မပြတ်ပါပဲ။ဒီနေ့သတင်းစာမှာတော့ KIA အကြောင်း ဟောဒီလို ရေးထားပါတယ်။

Wednesday, December 7, 2011

ဆံပင်ချည်ပြီးဆွဲတဲ့ အားကစားဟာ တရုတ်နိုင်ငံမှာ အမျိုးသားအများစုက လွမ်းမိုးနေတဲ့ အားကစားတခု ဖြစ်ပါတယ်...ဒါပေမဲ့ ဒီတကြိမ်မှာတော့ အမျိုးသမီးတစ်ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်...တန်းစီထားတဲ့ ကား (၆)စီးကို သူမရဲ့ ဆံပင်နဲ့ချည်ပြီး မီတာ (၅)ကျော်ထိ အောင်မြင်စွာ ဆွဲပြနိုင်ခဲ့ပြီး ကမ္ဘာ့ပထမဆုံးအမျိုးသမီးအဖြစ် မှတ်တမ်းတင်ခံခဲ့ရပါတယ်...


Woman pulls six cars with her hair 

Woman pulls six cars with her hair 

Woman pulls six cars with her hair 

Woman pulls six cars with her hair 

Woman pulls six cars with her hair 

Woman pulls six cars with her hair

ရွှေနဲ့လုပ်ထားတဲ့ Ferrari 599 GTB ကားတစီး...


Golden Ferrari 599 GTB from Hamann 

Golden Ferrari 599 GTB from Hamann 

Golden Ferrari 599 GTB from Hamann 

Golden Ferrari 599 GTB from Hamann 

Golden Ferrari 599 GTB from Hamann 

Golden Ferrari 599 GTB from Hamann 

Golden Ferrari 599 GTB from Hamann 

Golden Ferrari 599 GTB from Hamann 

Golden Ferrari 599 GTB from Hamann 

Golden Ferrari 599 GTB from Hamann

လုပ်ငန်းခွင်မှာ မတော်တဆဖြစ်မှုကြောင့် ညာဖက်လက်မ ဆုံးရှုံးသွားတဲ့နေရာမှာ ညာဖက်ခြေမကိုဖြတ်ပြီး အစားထိုးကုသခဲ့သူ....


thumb-toe-tm.jpg

မိမိကိုယ်တိုင် မတရားပြုကျင့်ခံရ၊ မိခင်ကအသတ်ခံရ၊ ဖခင်က မတရားဖမ်းခံရပြီး ငွေများတရားနိုင် အဖြစ်နဲ့ကြုံတွေ့နေရတဲ့ ဟင်္သာတမြို့နယ် လိပ်ချောင်းကျေးရွာအုပ်စုမှ မစုမေသော်ရဲ့ အမှုဖြစ်စဉ်...


မိမိကိုယ်တိုင် အသက်မပြည့်သေးခင် မတရားပြုကျင့်ခံရ၊ မိခင်ကအသတ်ခံရ၊ ဖခင်က မတရားဖမ်းခံရပြီး ငွေများတရားနိုင် အဖြစ်နဲ့ကြုံတွေ့နေရတဲ့ ဟင်္သာတမြို့နယ် လိပ်ချောင်းကျေးရွာအုပ်စုမှ မစုမေသော်ရဲ့ အမှုဖြစ်စဉ် အပြည့်အစုံနှင့် တိုင်ကြားစာနဲ့ ရုပ်သံဖိုင်ပါ...။ အလွန်မှ မတရားတဲ့ အဖြစ်အပျက်ပါ... အမှန်တရား ပေါ်ပေါက်ရေးဟာ အင်မတန်အရေးကြီးပါတယ်။  မျက်နှာမွဲ ပြည်သူတွေရဲ့ အဖြစ်အပျက် အသံတွေပါ။ 

ပြည်သူတွေရဲ့ အသံကိုနားထောင်မယ် ဆိုထားတဲ့ Good Government၊  Clean Government ဖြစ်ကြောင်း သက်သေပြဖို့နဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ယခုလို ငွေများတရားနိုင် အဖြစ်နဲ့ ကြုံတွေ့နေရတဲ့  ပြည်သူတွေရဲ့ တိုင်ကြားစာကို ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်..။ 

သက်ဆိုင်ရာမှ  အမှုမှန်ပေါ်ပေါက်ဖို့ အတွက် အဆိုပါမတရားမှုအား အသေအချာ စုံစမ်း ဖြေရှင်းပေးဖို့ နစ်နာသူ ရိုးသားတဲ့ သနားစဖွယ် မောင်နှမ၂ဦးကိုယ်စား မေတ္တာရပ်ခံ တောင်းဆိုအပ်ပါတယ်..။ငွေများတရားနိုင် အဖြစ်နဲ့ကြုံတွေ့နေရတဲ့ ဟင်္သာတမြို့နယ် လိပ်ချောင်းကျေးရွာအုပ်စုမှ မစုမေသော်ရဲ့ အမှုဖြစ်စဉ်...
 ငွေများတရားနိုင် အဖြစ်နဲ့ကြုံတွေ့နေရတဲ့ ဟင်္သာတမြို့နယ် လိပ်ချောင်းကျေးရွာအုပ်စုမှ မစုမေသော်ရဲ့ အမှုဖြစ်စဉ်...

Tuesday, December 6, 2011

မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတား ပြန်လည် ဖွင့်လှစ်

Submitted by on Monday, 5 December 2011--
ဒီဇင်ဘာလ ၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်းနှင့် မြန်မာနှစ်နိုင်ငံကြား ဆက်သွယ်ထားသည့် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတားကို ယနေ့နံနက်(၇)နာရီခွဲတွင် နှစ် ဘက်အာဏာပိုင် များက ပြန်လည် ဖွင့်လှစ်လိုက်ပြီး ဖြစ်သည်။
အဆိုပါ တံတားကို မြန်မာအစိုးရဘက်မှ ၁နှစ်ကျော်ကြာ ပိတ်ထားခဲ့ပြီး ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး အရေးကြီးသည့်အ တွက် ထိုင်းအာဏာပိုင်များက မြန်မာဘက်ကို သွားရောက်ညှိနှိုင်းရာမှ ယခုလို ပြန်လည်ဖွင့်လှစ်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။
တံတား ပြန်လည်ဖွင့်လှစ်သည့် အခမ်းအနားကို နှစ်ဘက်အာဏာပိုင်များက တံတား၏အလယ်တွင် ယနေ့ ဖဲကြိုးဖြတ်ကာ ဖွင့်လှစ် ပေးခဲ့ပြီး တံတားဖွင့်ပွဲသို့ မြန်မာဘက်က မြို့နယ်အဆင့် နယ်ခြားကော်မတီ ဥက္ကဌ ဗိုလ်မှူးကြီး သက်ခိုင်ဦးနှင့် ထိုင်းဘက်ခြမ်းက ဗိုလ်မှူးကြီးအူကရစ်နို့ကန်ဖဲ ဦးဆောင်ဖွင့်လှစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီး ဦးဝင်းမြင့်တို့ အပါအ၀င် ပရိဿတ် ၂၀၀ခန့် လာရောက်ခဲ့သည်ဟု ကိုယ်တိုင်သွားခဲ့သူတစ်ဦးက ပြောသည်။
ယခုလို နှစ်နိုင်ငံအတွက် ကုန်သွယ်ရေးတွင် အရေးကြီးသည့် တံတားအား ပြန်လည်ဖွင့်လှစ်လိုက်သည့်အပေါ် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ကုန်သည်များက ကြိုဆိုလိုက်ကြသည်။
မြ၀တီမြို့ရှိ ကုန်သည်အမျိုးသမီးတစ်ဦးက “တံတားဖွင့်တော့ သွားရတာအဆင်ပြေတယ်လေ။ လှေနဲ့ကျတော့ အဆင်းအတက်နဲ့ စရိတ်ကုန်များတယ် မဟုတ်လား။ တံတားဘက်က ဆိုလို့ရှိရင် တောမောခ မပေးရတော့ဘူး။ လှေနဲ့ကျတော့ အသွားအပြန် ၁,၅၀၀ ကုန်ပြီ။ တောမောခ ၂၀လည်း ပေးရသေးတယ်။”ဟု ပြောသည်။
ချစ်ကြည်ရေးတံတားဖွင့်လှစ်ပြီးသည်နှင့် တဆက်တည်း မြန်မာစံတော်ချိန် ၈နာရီခွဲကျော်တွင် မြ၀တီမြို့နယ်တွင်းရှိ နယ်စပ်ကုန် သွယ်ရေးဇုံကိုလည်း အထူးစီးပွားရေးဇုံအဖြစ် အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ရာ ထိုင်းအာဏာပိုင်များလည်း သွားရောက်အားပေး ကြည့်ရှုခဲ့သည်ဟု မြ၀တီမြို့ခံများက ပြောဆိုသည်။

မြို့ခံတစ်ဦးက “တံတားဖွင့်ပြီးတာနဲ့ ကုန်သွယ်ရေးဇုံဘက်ကို လူကြီးတွေ သွားကြတာပဲ။ ထိုင်းဘက်ကတော့ ကား ၅စီးလောက် ၀င်လာတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
မဲဆောက်-မြ၀တီတံတားကို ထိုင်းဘက်ခြမ်းမှ သောင်ရင်းမြစ်ကမ်းထိန်းနံရံ တည်ဆောက်မှုကြောင့် ဟူသော အကြောင်းပြချက်ဖြင့် ၂၀၁၀ခုနှစ် ဇူလိုင်လ ၁၈ရက်နေ့တွင် မြန်မာအာဏာပိုင်များက တစ်ဖက်သတ် ပိတ်ပစ်ခဲ့ခြင်းဖြစ်သည်။
၎င်းတံတားမပိတ်ခင်က တလအတွင်း နှစ်နိုင်ငံ တရားဝင်ကုန်သွယ်မှုမှာ ထိုင်းကုန်ပစ္စည်းတင်သွင်းမှု ဘတ်သန်း ၃,၀၀၀ဖိုးအထိ ရှိ ပြီး ကုန်သွယ်ရေးတံတား ပိတ်လိုက်သည့်နောက်ပိုင်း ထိုင်းမှ မြန်မာပြည်သို့ ကုန်ပစ္စည်းတင်သွင်းမှု ဘတ်သန်း ၇၀၀ခန့်သာရှိတော့ သည်ဟု ထိုင်းကုန်သည်ကြီးများအသင်း၏ မှတ်တမ်းများအရ သိရသည်။
တံတားပိတ်ထားသည့် ကာလအတွင်း မြန်မာကုန်သည်များက တရားမ၀င် လမ်းကြောင်းမှ အဓိကထား သယ်ယူပို့ဆောင်နေရသ လို မြန်မာအာဏာပိုင်များက ထိုင်းကုန်ပစ္စည်းတင်သွင်းခြင်းကို တားမြစ်ပိတ်ပင်မှုများလည်း ရှိခဲ့ကြောင်း ကုန်သည်များက ပြောဆို သည်။
ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေး ကုန်သွယ်မှုတံတားကို ၁၉၉၇ခုနှစ်၊ သြဂုတ်လ ၁၅ရက်နေ့က စတင် ဖွင့်လှစ်ခဲ့ပြီး ထိုင်းနိုင်ငံ ဘက်မှ အကုန်ကျခံ တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။

 

မဲဆောက်မြ၀တီတံတား ပြန်ဖွင့်ပြီ

~

ဓာတ်ပုံများ - ဧရာဝတီ။
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြ၀တီ တံတားကို ယနေ့နံနက် ၇ နာရီခွဲခန့်က မြန်မာဘက်က ပြန်ဖွင့်ပေးလိုက်သဖြင့် တနှစ်ခွဲခန့် ရပ်နားထားရသည့် ဤဒေသ၏ တရားဝင် ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည် စတင်ခဲ့သည်။
ဖွင့်ပွဲကို တံတားအလယ်တွင် ပြုလုပ်ခဲ့ပြီး မြန်မာနှင့်ထိုင်း ဘက်မှ မြို့နယ်အဆင့် နယ်ခြားကော်မတီ ဥက္ကဌ ဗိုလ်မှူးကြီး သက်ခိုင်ဦး၊ ထိုင်းဘက်မှ ဗိုလ် မှူးကြီးအူကရစ်နို့ကန်ဖဲတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။

ဖွင့်ပွဲ တက်ရောက်သည့် မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဒုဝန်ကြီး ဦးဝင်းမြင့်က "အခုလို တံတား ပြန်ဖွင့်ပေးလိုက်တဲ့ အတွက် ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးကို ပြန်လည် ပြုလုပ်နိုင်တော့မှာ ဖြစ်တယ်။ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးဟာ မြန် မာနိုင်ငံရဲ့ ဒုတိယ အကြီးဆုံး ကုန်သွယ်ရေးဇုံ ဖြစ်တယ်" ဟု ပြောသည်။
တံတားပြန်ဖွင့်သည့်အတွက် နှစ်ဖက်အစိုးရ တာဝန်ရှိသူများကို အထူး ကျေးဇူးတင်ရှိသည်ဟု ထိုင်းကုန်သည်ကြီး နိုင်ဆူချိုင်းက ပြောသည်။
"မြန်ဘက်က တံတားကိုပိတ်ထားတာ တနှစ်ခွဲ ရှိတော့မယ်။ တံတားတလပိတ်ရင်ထိုင်းဘက် ကဘတ်သန်း ၃ ထောင်လောက် ကုန်သွယ်မှု ဆုံးရှုံးတယ်။ တနှစ်ခွဲနီးပါး ဆိုတော့ ဘီလီယံနဲ့ ချီးပြီးဆုံးရှုံးတယ်။ လုပ်ငန်းရှင်တွေနဲ့ ဆက်စပ် မှီခိုသူတွေလည်း အခက်အခဲ ဖြစ်ကြရတယ်။ ဒီနေ့ကစပြီး ကုန်စည်တွေ မြန်မာဘက် စပို့ပြီ ဖြစ်လို့ ပုံမှန် ကုန်သွယ်ရေး အနေအထားကို ပြန်ရောက်လာတဲ့အတွက် အားလုံး ပျော်ရွှင်နေကြတယ်" ဟု ၎င်းက ပြောသည်။
ယနေ့နံနက်ကစ၍ နှစ်ဖက် ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ်များ အပြန်အလှန် ပြေးဆွဲနေသည်ကို တွေ့ရသည်။
မြ၀တီရှိ ရွှေမြန်မာ ခရီးသည် ပို့ဆောင်ရေး မှန်လုံ ကားငယ်များလည်း မြ၀တီမဲ ဆောက်ခရီးစဉ်ကို ပြေးဆွဲနေသည်။
မြ၀တီမြို့မှကုန်သည်တဦးဖြစ်သည့် မရီက "တံတား ဖွင့်လိုက်တော့ပြဿနာတွေ နည်းသွား တယ်လို့ ပြောရမယ်။ မြ၀တီကနေ မဲဆောက် ကားစီးရုံပဲ။ အရင်လို ကားတတန် လှေတတန် အလုပ် မရှုပ်တော့ဘူး။ တရားဝင်ကုန်သွယ်ရေး ပြန်ဖွင့်လိုက်တဲ့အတွက် ထိုင်းကုန်နဲ့မြန်မာ ကုန်တွေကို အရင်လို အောက်လမ်းကနေ ခိုးသယ်စရာ မလိုတော့ဘူး။ ထိုင်းနဲ့ကုန်သွယ်ရာ မှာလည်း မြန်မာကုန်သည်တွေ နစ်နာမှုမရှိတော့ဘူး" ဟု ပြောသည်။
တံတားဖွင့်ပွဲ အပြီးတွင် မြန်မာဘက်ခြမ်းမြ၀တီတွင် ပြုလုပ်သည့် အထူးစီးပွားရေးဇုံ ဖွင့်ပွဲသို့ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း၊ ထိုင်းနိုင်ငံခြားရေး ၀န်ကြီး၏ အကြံပေးပုဂ္ဂိုလ် Mr Phronphong Nopphalit ဦးဆောင်သည့် နှစ်ဘက် ခေါင်းဆောင်များ သွားရောက်ခဲ့ကြသည်။

မဲဆောက်မြ၀တီ တံတားကို နယ်စပ်လုံခြုံရေး အကြောင်းပြချက်ဖြင့် မြန်မာအာဏာပိုင်များက ယမန်နှစ် ဇူလိုင်လ ၁၈ ရက်နေ့က စတင်ပိတ်ခဲ့သည်။

အရှည်မီတာ ၄၂၀ ရှိသည့်ချစ်ကြည်ရေးတံတားကို ၁၉၉၇ ခုနှစ်သြဂုတ်လ ၁၅ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး တံတားတည်ဆောက်မှုနှင့် ကုန်ကျစရိတ်ကို ထိုင်းနိုင်ငံဘက်က
တာဝန်ယူခဲ့သည်။