Saturday, August 29, 2009

ကရင်စစ်ဘေး ဒုက္ခသည်များ ရတက်မအေးနိုင်သေး

ကျော်ခ
သောကြာနေ့၊ သြဂုတ်လ 28 ရက် 2009 ခုနှစ်

မြန်မာနိုင်ငံ ကိုးကန့်ဒေသမှ စစ်ဘေးရှောင်သူများ တရုတ်နိုင်ငံထဲသို့ ရောက်ရှိလာနေခိုက် ထိုင်းနိုင်ငံက ယာယီ ဒုက္ခသည်စခန်းများနေ ကရင်ဒုက္ခသည်များမှာ သုံးလနီးပါး ကြာပြီဖြစ်သော်လည်း အသက်အိုးအိမ်လုံခြုံရေးအတွက် ပူပန်နေရဆဲဖြစ်သည်။

တရုတ်နိုင်ငံနယ်စပ်မြို့ နမ့်ဆန်သို့ ဖုန်ကြားရှင်၏ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် အစိုးရစစ်တပ်အကြား တိုက်ပွဲများမှ လွတ်ကင်းရန် ထောင်ပေါင်းများစွာသော ကိုးကန့်များ ထွက်ပြေးနေကြသည်။

သြဂုတ်လဆန်းက စတင်သော လောက်ကိုင်ဒေသမှ ထွက်ပြေးမှုသည် ယမန်နေ့နှင့် ယနေ့တွင် ဖြစ်ပွားသော နှစ်ဖက်တိုက်ပွဲများကြောင့် ပိုများလာခဲ့သည်။

သို့သော် ဇူလိုင်လတွင်းက ထိုင်း-မြန်မာနယ်စပ်အနီး ကရင်အမျိုးသား အစည်းအရုံး (ကေအင်ယူ) အပေါ် စစ်အစိုးရတပ်များနှင့် ကရင်အဖွဲ့ကွဲ တို့ ထိုးစစ်ဆင်တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ တာခ်ခရိုင် ထာ့ဆောင်ယမ်းမြို့နယ်ရှိ ယာယီဒုက္ခသည်စခန်း ၄ ခု သို့ မြန်မာနိုင်ငံ ဘားအံခရိုင်မှ ကျေးရွာသူ၊ ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

မဲ့သရီ၊ သလေထာ့၊ အူသူးထနှင့် နို့ဘိုး ယာယီစခန်းများတွင် အနည်းဆုံး ဒုက္ခသည် ၃၀၀၀ ကျော်ရှိနေပြီး မြန်မာ့တပ်မတော်က အလစ်အငိုက်ဝင်ပစ်မှာကို စိုးရိမ်နေကြသည်။

“ထိုင်းကလည်း အကုန်လုံး လုံခြုံရေးမယူနိုင်ဘူး။ အဲဒါကြောင့်ကျနော်တို့က ရွှေ့ပြောင်းချင်ကြတာ” ဟု အူသူးထ ဒုက္ခသည်စခန်း ယာယီဥက္ကဌ စောတာဆူးညား က ပြောသည်။

''ဒီကေဘီအေ တို့ နအဖတို့က လာရင် ကျနော်တို့ ဘာမှမတက်နိုင်ဘူးလေ။ တကယ်လို့ ဗုံးတွေပေါက်ဘာတွေ ပေါက်များလာရင်လည်း သူတို့စိတ်တိုလာရင် တကယ့်တကယ် ကူးလာပြီးတော့ အရမ်းလျှောက်လုပ်ရင် ဒီနားရှိတဲ့ ဒုက္ခသည်တွေပဲ ဒုက္ခထပ်ရောက်ကြမယ်လေ” ဟု သူက စစ်အစိုးရနှင့် မဟာမိတ်အဖွဲ့ဖြစ်သော တိုးတက်သော ကရင် ဗုဒ္ဓဘာသာအစည်းအရုံး ခေါ် ဒီကေဘီအေကို ညွှန်းဆိုလိုက်သည်။

အများစုက နှစ်ရှည်လများကတည်းက တည်ရှိနေပြီးဖြစ်သော ဒုက္ခသည်စခန်းကြီး တခုဖြစ်သည့် မယ်လသို့ ပြောင်းရွှေ့လိုကြပြီး ယခုအခါ ဒီကေဘီအေ ထိန်းချုပ်ထားပြီးဖြစ်သော ဇာတိမြေသို့ ပြန်လိုကြခြင်းမရှိပေ။

ထိုင်းအာဏာပိုင်များနှင့် ဆွေးနွေးညှိနှိုင်းပြီးနောက် သြဂုတ်လ ၂၄ ရက်နေ့တွင် မယ်လသို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့သော်လည်း အထမမြောက်နိုင်သေးဘဲ ဖြစ်နေသည်။

ဒုက္ခသည်များသည် ယာယီစခန်းများတွင် အမိုးအကာအဖြစ် တဲထိုး၍ နေထိုင်ကြခြင်းဖြစ်ပြီး အစားအစာအတွက် TBBC (ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်များကို အကူအညီပေးနေသည့်အဖွဲ့) ဖြစ်သည့် Thailand Burma Border Consortium အဖွဲ့က စီစဉ်ပေးတာဖြစ်ပြီး ကျန်းမာရေးနှင့်ပတ်သက်ပြီး ခရစ်ယာန်ဘာသာရေးများက ကူညီပေးနေကြောင်းသိရသည်။

ကေအန်ယူ တပ်မဟာ (၆) ကို ထိုးစစ်ဆင်မည့်သတင်း ပေါက်ကြား

နအဖစစ်တပ်နှင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တို့က ကရင်ပြည်နယ်၊ ဘုရားသုံးဆူဒေသရှိ ကေအန်ယူ တပ်မဟာ (၆) နယ်မြေအား လာမည့်စက်တင်ဘာလဆန်းတွင် စတင်ထိုးစစ်ဆင်တော့မည် ဖြစ်ကြောင်း ဘုရားသုံးဆူနယ်စပ်ရှိ ကရင်ငြိမ်းချမ်းရေး ကေပီအက်ဖ်အဖွဲ့က ပြောသည်။

လာမည့် ထိုးစစ်ဆင်မှုတွင် ဒီကေဘီအေတပ်ဖွဲ့မှ စစ်ကြောင်း (၃) ကြောင်းအနက် လွန်ခဲ့သည့် (၄) လခန့်က ကေအန်ယူမှ ခွဲထွက်သွားပြီး ဒီကေဘီအေထံ ရောက်ရှိနေသည့် တပ်ခွဲမှူးအဆင့်ရှိ ဘိုဘိုထွန်းက စစ်ကြောင်းတကြောင်းကို ဦးဆောင်မည်ဟု ကေပီအက်ဖ် ထိပ်ပိုင်းအရာရှိတဦးက ပြောသည်။

၎င်းက “ဘိုဘိုထွန်းက ဒီတပ်မဟာ (၆) နယ်မြေကို ကျွမ်းကျင်တယ်လို့တော့ သိရတယ်။ အခု ဘုရားသုံးဆူကို ရောက်နေပြီ။ ဒီစစ်ဆင်ရေးမှာလည်း နအဖတပ်တွေက နောက်ကနေ လိုက်ဖြည့်တာလောက်ပဲ ပါမယ်။ ဒီစစ်ကြောင်း (၃) ကြောင်းစလုံးကို ဒီကေဘီအေက ဗိုလ်နှုတ်ခမ်းမွှေးက ဗျူဟာမှူးအနေနဲ့ ကိုင်တွယ်မယ်။ အရင်ဆုံး ဘုရားသုံးဆူနဲ့ (၂၄) မိုင်လောက်မှာရှိနေတဲ့ မဲကသာရွာကို ရဖို့ လုပ်ကြလိမ့်မယ်” ဟု ပြောကြားသည်။

ဘုရားသုံးဆူဒေသ တောတွင်းမှ သစ်များအား သြဂုတ်လကုန်ပိုင်းတွင် အပြီးထုတ်ယူထားကြရန် ဒီကေဘီအေက ညွှန်ကြားထားသည်ဟုလည်း ၎င်းအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နေသူ စီးပွားရေသမားများက ပြောသည်။

ယခုစစ်ဆင်ရေးတွင် ဒီကေဘီအေ၏ ရှေ့တန်းစစ်ကြောင်း (၁) တပ်ခွဲမှူး ဘိုဘိုထွန်းအဖွဲ့က ဘုရားသုံးဆူ၊ ကျောက်ဖလူး၊ မအူ၊ တောင်ပေါက်၊ ကြာအင်းဆိပ်ကြီးသို့ ထိုးဖောက်မည်ဖြစ်ပြီး ဒီကေဘီအေတပ်ရင်း (၉၀၇) အား ဦးဆောင်မည့် တပ်ရင်းမှူး နော်တရာ၏ စစ်ကြောင်း (၂) က ကျွန်းချောင်း၊ မဲကသာ၊ တောင်လပ၊ ကြိုက်ဒုန်လမ်းကြောင်းတွင် တာဝန်ယူမည်ဖြစ်ကာ ဘုရားသုံးဆူ၊ ဝဲကနိုင်၊ ဖားပြ၊ ကျုံခဝန်၊ တခွန်တိုင်လမ်းကြောင်းအား ဒီကေဘီအေတပ်ရင်း (၉၀၆) က ဗိုလ်ကျော်ကျော်က ဦးစီးမည်ဟု ကေအန်ယူ တပ်မဟာ (၆) တပ်ရင်း (၁၆) မှ အရာရှိတဦးက အတည်ပြုပြောဆိုသည်။

ယင်းအရာရှိက “နအဖတပ်ရင်းတွေကိုတော့ ကျနော်တို့မသိသေးဘူး။ ဒီကေဘီအေတွေကပဲ ရှေ့တန်းက ပါမယ်ဆိုရင်တော့ တိုက်ပွဲက အကြီးအကျယ် ဖြစ်ဖို့မရှိဘူး ခင်ဗျ။ ဒီနယ်မြေမှာ ကျနော်တို့က ခံစစ်အသေချထားတဲ့စခန်းတွေ မရှိဘူးလေ။ ကျနော်တို့ကတော့ အဓိကရန်သူ နအဖကိုပဲ ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်မှာပါ” ဟု ပြောသည်။

ထိုသို့ ထိုးစစ်ဆင်ချိန်တွင် ဘုရားသုံးဆူမြို့အား ကေအန်ယူမှ ဝင်ရောက်စီးနှင်းမည်ဟု သတင်းများထွက်ပေါ်နေပြီး ဘုရားသုံးဆူမြို့ပေါ် စခန်းများအား ကာကွယ်ရန် ဒု -ဗိုလ်မှူးကြီး မြတ်ထွန်းအေး ဦးစီးသည့် ခမရ (၂၈၃) အပြင် လှေဆိပ်ဂိတ် ကျွန်းချောင်းတွင် တပ်စွဲထားသည့် အင်အား (၄၀) ကျော်ရှိ ၎င်းလက်အောက်ခံတပ်ကိုလည်း ဘုရားသုံးဆူမြို့သို့ ပြောင်းရွှေ့ထားကြောင်း သိရသည်။

Friday, August 28, 2009

Japanese elections

Japanese election preview 2:11
Japan's recession may boot out the ruling political party. CNN's Kyung Lah reports.
• Disgruntled Japanese prepare to vote - CNN.com



Japan's ruling LDP trails in the polls ahead of the August 30th general election. CNN's Morgan Neill looks at one critical race.
• Disgruntled Japanese prepare to vote - CNN.com

ကရင်နှင့်ကရင့်ရိုးရာဝတ်စားဆင်ယင်မှုများ











ကရင်နှင့်ကရင့်ရိုးရာဝတ်စားဆင်ယင်မှုများ

ကရင်လူမျိုးများသည် မြန်မာနိုင်ငံတွင် လူဦးရေအားဖြင့် (၄) သန်းကျော်ရှိနေကြပြီး နေရာဒေသကြီး (၃) ခုတွင်နေထိုင်ကြသည်။ ၄င်းတို့မှာ (၁) ဧရာဝတီမြစ်ဝှမ်း၊ စစ်တောင်းမြစ်ဝှမ်း၊ သံလွင်မြစ်ဝှမ်းနှင့် တနင်္သသာရီကမ်းရိုးတန်းဒေသ (၂) ဧရာဝတီမြစ်ဝှမ်းနှင့် စစ်တောင်းမြစ်ကြားရှိ ပဲခူးရိုးမတောင်တန်းများနှင့် ချိုင့်ဝှမ်းဒေသများ (၃) ရှမ်းကုန်းပြင်မြင့်တောင်ပိုင်းမှ ကယားပြည်နယ်၊ ကရင်ပြည်နယ်၏ချိုင့်ဝှမ်းနှင့် လွင်ပြင်များအပါအ၀င် ကျယ်ပြန့်သော ရှမ်းကုန်းပြင်မြင့်ဒေသများပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင်နေထိုင်ကြသော ကရင်များသည် ဘာသာစကားအားဖြင့် (၁၆) မျိုးခန့်ကွဲပြားခြားနားကြပြီး ယင်းတို့ကိုအဓိကအားဖြင့် အုပ်စုကြီးနှစ်ခုဖြစ်သော စကော-ဘွဲအုပ်စု (Sgaw-Bghai) နှင့်ပိုးအုပ်စု (Pow) တို့ပင်ဖြစ်သည်။ စကောသည် စကော-ဘွဲအုပ်စုတွင် အကျယ်ပြန့်ဆုံး အသုံးပြုသောစကား ဖြစ်သကဲ့သို့ ပိုးစကားသည်လည်း ပိုးအုပ်စုတွင် အကျယ်ပြန့်ဆုံး ပြောသောစကားဖြစ်သည်။ တစ်ခါတစ်ရံ ကရင်များကိုနေရာဒေသလိုက်၍ မြောက်ပိုင်းကရင်၊ တောင်ပိုင်းကရင် ဟူ၍ခွဲထားပြန်သည်။ မြောက်ပိုင်းကရင်များတွင် ကယားများပါဝင်ပြီး တောင်ပိုင်းကရင်များတွင် စကောနှင့်ပိုးတို့ပါဝင်သည်။ ထိုသို့ ကွဲပြားနေခြင်းသည် ကွဲပြားခြားနားသော ပြင်ပရိုးရာယဉ်ကျေးမှုများ၏ လွှမ်းမိုးမှုကြောင့်ဖြစ်သည်ကို ဖော်ပြနေပါသည်။ မြောက်ပိုင်းကရင်များသည် ထိုင်းစကားကိုပြောသော ရှမ်းတို့နှင့်နီးစပ်မှု၊ လွှမ်းမိုးမှုကိုခံရသကဲ့သို့ တောင်ပိုင်းကရင်များတွင် မွန်၊ ဗမာတို့၏ လွှမ်းမိုးမှုရှိနေသည်။ မြေပြန့်တွင်နေသောကရင်များနှင့် တောင်ကုန်းတောင်တန်းတွင်နေထိုင်ကြသော ကရင်များဟူ၍ ကွဲပြားကြပြန်သည်။ အထူးသဖြင့် ပိုးကရင်များသည် မြေပြန့်တွင်နေထိုင်ကြသူများဖြစ်ကြသည်။ ထိုသို့ ပိုးကရင်များ မြေပြန့်သို့ရောက်ရှိသွားရသည်မှာ စကောကရင်များ၏ တွန်းပို့မှုကြောင့်ဖြစ်ရသည်ဟု ပိုးကရင်ဒဏ္ဍရီတွင်ဆိုထားသည်။ တစ်ဖန်မြေပြန့်တွင် နေထိုင်ကြသောပိုးကရင်များသည် လယ်ယာစိုက်ပျိုးကြသည်။ တောင်ပေါ်တွင်နေထိုင်ကြသောကရင်များမှာ အများအားဖြင့် တောင်ယာလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ရက်ကန်းလုပ်ငန်းလုပ်ဆောင်ရာတွင် တောင်ပေါ်သားများသည် သားရေတပ်ရက်ကန်းစင်များဖြင့် ပြုလုပ်ကြသော်လည်း မြေပြန့်သားများသည် ဗမာများကဲ့သို့ သစ်သားဘောင်တပ်ရက်ကန်းစင်များဖြင့် ပြုလုပ်ကြသည်။ တောင်ပေါ်သားများသည် ၀ါဂွမ်းများက်ုစိုက်ပျိုးကြသော အလေ့အထရှိပြီး ယင်းဝါဂွမ်းထည်များကို မြေပြန့်တွင်နေထိုင်ကြသော ဗမာ၊ မွန်တို့ထံရာင်းချကြသည်။
ဘာသာတရားနှင့် ယုံကြည်ကိုးကွယ်မှုအပေါ်အခြေခံလျက် ကရင်များသည် ကွဲပြားကြပြန်သည်။ ကရင်တို့၏မိရိုးဖလာယုံကြည်မှုမှာ နတ် သို့မဟုတ် နာမ်ဝိညာဉ်များပင်ဖြစ်သည်။ မိရိုးဖလာယုံကြည်မှုကို ဦးဆောင်ကြသူများသည် ကျေးရွာလူကြီးသူမများဖြစ်ကြသည်။ ဦးဆောင်သူရွာသူကြီးများသည် မိရိုးဖလာပွဲကျင်းပရာအခမ်းအနားများကို စီစဉ်ဦးဆောင်ကြပြီး ကျေးရွာရှိအမျိုးသမီးကြီးများမှာ ကွယ်လွန်သူဘိုးဘွားများအား ကန်တော့ခြငိး၊ ရောဂါဝေဒနာစွဲကပ်သူများအား ကုသပေးခြင်း စသည့်အလုပ်များကို လုပ်ဆောင်ရန်တာဝန်ယူကြသည်။ မွန်၊ ဗမာ၊ ရှမ်းတို့၏လွှမ်းမိုးမှုကြောင့် ကရင်အတော်များများသည် ဗုဒ္ဓဘာသာဝင်များဖြစ်လာကြသည်။ ဗုဒ္ဓဘာသာနှင့် မိရိုးဖလာယုံကြည်မှုတို့၏ ရောနှောယှက်နွယ်မှုပင်ဖြစ်သည်။ ၁၉ရာစုတွင် ခရစ်ယာန်သာသနာပြုများရောက်ရှိလာသာအခါ သူတို့၏ယုံကြည်မှုအစဉ်အလာသည် ပို၍ရှုပ်ထွေးသွားသည်။ ထိုခရစ်ယာန်သာသနာပြုများသည် ၁၈၂၅ ခုနှစ်လောက်တွင် တနင်္သာရီဒေသရှိ ကရင်များကြားတွင် သာသနာပြူလုပ်ငန်းစတင်ခဲ့ကြသည်။ ခရစ်ယာန်သာသနာ၏လွှမ်းမိုးမှုကြောင့် လူမူရေး။ ဘာသာရေးလှုပ်ရှားမှုများလည်း များစွာပေါ်ထွက်လာခဲ့ကြသည်။ ခရစ်ယာန်သာသနာပြုများသည် သာသနာ့စာသင်ကျောင်းများကို ဖွင့်လှစ်ခဲ့ကြသည်။ ကရင်စာများကိုလည်းတီထွင်ရေးသားဖြန့်ဝေလာကြသည်။ ကရင်များကိုလည်း သာသနာအမှုတော်ဆောင်များ၊ကျောင်းဆရာများ၊ ဆရာဝန်များ၊ အစိုးရ၀န်ထမ်းများ ဖြစ်လာရန် လေ့ကျင့်ပျိုးထောင်ပေးခဲ့ကြသည်။ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းစစ်တန်းအရ ကရင်မျိုးနွယ်စုများတွင် ဘာသာရေးယုံကြည်မှုကွဲပြားခြားနားမူကို အောက်ပါအတိုင်း ဖော်ပြထားသည်ကိုတွေ့ရသည်။ စကောမှာ ၆၇% ဗုဒ္ဓဘာသာ၊ ၂၅% ခရစ်ယာန်(နှစ်ခြင်း)၊ ၈% မိရိုးဖလာ၊ ပိုးမှာ ၉၃% ဗုဒ္ဓဘာသာ၊ ပအို့မှာ ၁၀၀% ဗုဒ္ဓဘာသာ၊ ကယားမှာ အများပိုင်းမိရိုးဖလာ၊ အခြားသောတောင်ပေါ်ကရင်အနည်းစုသည် နှစ်ခြင်း၊ ကက်သလစ်၊ အင်္ဂလီကန်များဖြစ်လာကြသည်။
တောင်ပိုင်းကရင်များသည် ရိုးရာအစဉ်အအလာအရ ကျေးရွာအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခဲ့ကြသည်။ ကျေးရွာသူကြီးသည် သြဇာအာဏာရှိသူဖြစ်ပြီး ရွာသူရွာသားများအား တရားမျှတစွာ အုပ်ချုပ်သူဖြစ်သည်။ ရှမ်းတို့လွှမ်းမိုးသော မြောက်ပိုင်းကရင်များတွင် ထက်အောက်ဆင့်ကဲအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးကြသော်လည်း ဒေသတစ်ခုနှင့်တစ်ခု မိမိတို့ကွန်ဖယ်ဒရေးရှင်း( confederation)အသွင်ကို ကရင်နီတို့ဒေသဖြစ်သော ကန္တာရ၀တီ၊ ဘောလခဲ၊ ကြက်ဖိုးကြီး၊ နမ့်မယ်ခုံတို့တွင်တွေ့ရသည်။
အမေရိကန်နှစ်ခြင်းသာသနာပြုဆရာ Rev. Harry Ignatius Marshall သည် ၁၉၂၂ ခုနှစ်တွင် The Karen စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ မြန်မာနိုင်ငံတွင်နေထိုင်ကြသော ကရင်များတို့၏ ၀တ်စားဆင်ယင်မှုများအကြောင်းကို သူ၏စာအုပ်ထဲတွင် အသေးစိပ်ဖော်ပြထားသည်။ ကရင်တို့၏ ၀တ်စားဆင်ယင်မှုနှင့်ပတ်သက်သော ရေးသားဖော်ပြချက်များသည် အခြားစာအုပ်များနှင့် နှိုင်းယှဉ်လျှင်ပိုမိုအသေးစိတ်ကျကာ ပိုမိုပြည့်စုံသည်ဆိုသော်လည်း အားလုံး ပြီးပြည့်စုံသည်ဟုမဆိုလိုပါ။ ကရင်တို့၏၀တ်စားဆင်ယင်မှုနှင့်ပတ်သက်၍ရေးသားထားသော အခန်း၏နိဒါန်းမှာပင် သူကဆိုထားသည်မှာ "ကရင်မျိုးနွယ်စုအားလုံး၏ ၀တ်စားဆင်ယင်မှုကို အသေးစိတ်ဖော်ပြရပါလျှင် စကော့တလန်ပြည်လုပ် သက္ကလပ်အ၀တ်စအမျှင်များကို ထုတ်ယူဖော်ပြသကဲ့သို့ စာအုပ်တစ်အုပ်လုံးမှာ ထိုအကြောင်းအရာများနှင့်သာ ပြည့်သွားပေလိမ့်မည် ဟုဆိုခဲ့သည်" မည်သို့ပင်ဖြစ်စေ Marshall ဖော်ပြခဲ့သော ကရင်တို့၏၀တ်စားဆင်ယင်မှုများမှာ အပြည့်စုံဆုံးသောအချက်အလက်များဟု မှတ်တမ်းတင်ရပေမည်။
ကရင်ရိုးရာဝတ်စုံများသည် အများအားဖြင့် ဆင်တူကြပါသည်။ ကရင်အများဝတ်ကြသည့် ရိုးရာဝတ်စုံမှာ ကရင်သင်တိုင်းပင်ဖြစ်သည်။ ထိုသင်တိုင်း၏အရှည်နှင့် အရောင်အသွေးချယ်သမူမှာမူ နေရာဒေသအလိုက် အလွန်ပင်ကွဲပြားကြပါသည်။ သင်တိုင်းများကို အမျိုးသားရော အမျိုးသမီးများပါ ၀တ်ဆင်ကြသည်။ အမျိုးသမီးများသည် ထမီကိုလည်း ၀တ်ဆင်ကြသည်။ ထမီတွင်လည်းအဆင်အမျိုးမျိုး ကွဲပြားကြသည်။ ရှေးယခင်ကဆိုရင် သွားလာမှုခက်ခဲသော အရပ်ဒေသတွင်နေထိုင်ကြသော ကရင်အမျိုးသားများသည် Loincloth ခေါ်ဘောင်းဘီတိုများကိုသာ ၀တ်ကြသည်။ သို့သော် ၂၀ ရာစုအစပိုင်းရောက်သောအခါ အမျိုးမျိုးသောဘောင်းဘီရှည်များကို ၀တ်ဆင်လာကြသည်ကိုတွေ့ရသည်။ Spearman (1880, II:228) ကဘောင်းဘီရှည်ဝတ်ခြင်းသည်မြောက်ပိုင်းဒေသတွင် နေထိုင်ကြသူများတွင် ပိုမိုတွေ့ရပြီး သင်တိုင်များကို တောင်ပိုင်းဒေသနေ ကရင်များတွင်ပိုမိုဝတ်ဆင်ကြသည်ကိုတွေ့ရကြောင်း ဖော်ပြခဲ့သည်။ အခြားဝတ်စားဆင်ယင်မှုတစ်ခုမှာ အများစုသုံးစွဲကြသည့် ကရင်လွယ်အိတ်များပင်ဖြစ်သည်။ အများပိုင်းမှာ အဆင်မပါ ပြောင်ချောကရင်လွယ်အိတ်များဖြစ်သည်။ ကရင်အများစုသည် ခြုံစောင်ကိုလည်းယက်လုပ်ကြသည်။
Marshall (1922:37) သည် ကရင်တို့၏ ၀တ်စားဆင်ယင်မှု ဖြစ်ပေါ်ပြောင်းလဲမှုများကို ၁၉၂၀ ခုနှစ်များ အစမှာကတည်းကပင် များစွာလေ့လာခဲ့သည်။ သူ၏လေ့လာချက်အရ မြန်မာနိုင်ငံအောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသနှင့် မြေပြန့်တွင်နေထိုင်ကြသော ကရင်များသည် ဗမာများကဲ့သို့ဝတ်စားဆင်ယင်ကြသည်။ ပွဲတော်အချိန်များတွင်သာ ကရင်ရိုးယာဝတ်စုံများကို ၀တ်ဆင်ကြသည်။ မြောက်ပိုင်းနှင့် အရှေ့ပိုင်းနေကရင်များမှာ ရှမ်းအ၀တ်အစားများကို ၀တ်ဆင်ကြတတ်သည်။ အမျိုးသမီးများမှာ အမျိုးသားများထက် ရိုးယာဝတ်စုံများကိုဝတ်ဆင်ကြသည်။ ကျေးရွာတွင် အမျိုးသားများသည် ဗမာအ၀တ်အစားများကို ၀တ်ဆင်ကြသောအခါသာလျှင် ကရင်အမျိုးသမီးကြီးများသည် မိမိတို့၏အနက်ရောင်သင်တိုင်းကို ဗမာအကျလုံချည်ဖုံးကာ ၀တ်ဆင်ကြသည်ဟု Marshall (1922:38) ကဆိုထားသည်။
လွန်ခဲ့သောနှစ်ကာလအတွင်း ကရင်ရိုးယာဝတ်စုံအကြောင်းကို မြန်မာနိုင်ငံတွင် လေ့လာရန်မလွယ်ကူသဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ စကောနှင့်ပိုးကရင်များထံမှ အချက်အလက်အချို့ကို ကောက်ယူနိုင်ခဲ့ပါသည်။ ပအို့၊ ကယားနှင့် ဘွဲများလည်း နယ်စပ်ဒေသတွင်ရှိကြပါသည်။ သို့သော်ထိုင်းနိုင်ငံရှိ ကရင်အကြောင်းရေးသားရာတွင် ထိုသူတို့အကြောင်းကို ထည့်သွင်းဖော်ပြထားခြင်းမရှိချေ။ ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် မြန်မာနိုင်ငံရှိတောင်ပေါ်ဒေသတွင် သာသနာပြုများအဖြစ် နှစ်များစွာနေထိုင်ခဲ့ကြသော Paul နှင့် Elaine တို့ရေးသားသော Peoples of the Golden Triangle (1984:68-99) ပါအခန်းတစ်ခန်းနှင့် E.M.Hinton (1974) ရေးသားခဲ့သော The Journal of the Siam ပါဆောင်းပါးတစ်ပုဒ် အခြေခံထားလျက်ဖော်ပြလိုပါသည်။ စကောနှင့် ပိုးကရင်ဝတ်စုံအကြောင်းကို ရေးသားထားသော Lewis တို့စာတွင် ''ကရင်" ဆိုသောစကားသည် "ရက်ကန်းယက်"သူများနှင့် ထပ်တူတွေ့မြင်နိုင်သည်ဟုဆိုထားသည်။ လို့ကြောင့် ကရင်တို့ယက်ကန်းမှထွက်ပေါ်လာသော ထုတ်ကုန်ပစ္စည်း များသည်နာမည်ကြီးလှပါသည်။ Hinton ၏သုတေသနလုပ်ငန်းမှာ ၁၉၆၈-၆၉ ခုနှစ်အတွင်း မြန်မာနယ်စပ်တစ်နေရာရှိ ပိုးကရင်ရွာတစ်ရွာတွင် တွေ့မြင်လေ့လာခဲ့သမျှကို တင်ပြထားခြင်းဖြစ်သည်။ ရှာဖွေတွေ့ရှိချက်နှစ်ရပ်စလုံးမှာ များစွာပုံဖော်မှုများကို ပြုလုပ်နိုင်သည်။
စကော-ဘွဲကရင်
(The Sgaw-Bghai Karen)
စကော-ဘွဲအုပ်စုကို တစ်ဖန် ဘာသာစကားအရ စကော၊ ဘွဲ၊ ကယား၊ ပရဲ့ စသည်ဖြင့် ခွဲနိုင်သေးသည်။ စကောစကားသည် စကောနှင့် ပကူးစကားနှစ်မျိုးစလုံး ပါဝင်သည်။ ဘွဲစကားတွင် ဘွဲ၊ ဂေဘား၊ ဂေခို၊ ပထါ၊ ပဒေါင်၊ ပါဝင်သည်။ ပရဲ့စကားတွင် ပရဲ့များသာပါဝင်သည်။
စကော (Sgaw)
မြန်မာနိုင်ငံတွင် စကောကရင် (၂) သန်းဝန်းကျင်နေထိုင်ကြပြီး ထိုင်းနိုင်ငံတွင် သုံးသိန်းခန့်ရှိသည်။ အများစုမှာ ဧရာဝတီမြစ်ဝှမ်းနှင့် စစ်တောင်းမြစ်ကြားရှိ ပဲခူးရိုးမတွင်လည်း နေထိုင်ကြသည်။ Spearman (1888,II:628) ကသူတို့ကို ''ငြိမ်းချမ်းခြင်းကိုအမြတ်နိုးဆုံးသောကရင်မျိုးနွယ်စု'' ဟူ၍ပင်တင်စားခေါ်ဝေါ်ခဲ့သည်။ ပိုးကရင်တို့နှင့် ပိုးကရင်တို့နှင့် ရန်ဘက်ဖြစ်ခဲ့ဖူးသည်ဟု ဖော်ပြခဲ့သည်။ သူကဆက်လက်၍ "မြိတ်ဒေသရှိပိုးကရင်များကို တစ်စိတ်တစ်ဒေသအားဖြင့် ချေမှုန်းခဲ့သည်ကိုလည်ကောင်း၊ အင်္ဂလိပ်တို့ တနင်္သာရီကိုသိမ်းပိုက်စဉ်က ပိုးကရင်တို့ကိုဝင်ရောက်တိုက်ခိုက်ရာတွင် ပါဝင်ခဲ့မှုများရှိကြောင်း" ကို ဖော်ပြခဲ့သည်။
Spearman (1888,II:628) က ကရင်ရိုးရာစတ်စုံအကြောင်းဖော်ပြရာတွင် "ကရင်ရိုးရာဝတ်စုံသည် အဖြူရောင်သင်တိုင်းတွင် အနီရောင်အစင်းလေးများဖြင့် ယက်က်ထားသည်"ဟုဖော်ပြသည်။ Marshall က ကရင်ဝတ်စုံအကြောင်းပိုမိုစုံလင်စွာ ဖော်ပြထားသည်။ တောင်ပေါ်နေသူများသည် ပခုံးမှခြေသလုံးသားအထိကျသောသင်တိုင်းကို ၀တ်ဆင်ကြသည်။ ပဲခိုးရိုးမတွင် စကောများသည်အပေါ်ပိုင်းတွင် အဖြူရောင်ရှိပြီး အနီရောင်စင်းကြောင်းပါလျက် အောက်ခြေ၌လည်းအနီရောင်ဖြင့်ရက်ထားသောသင်တိုင်းကို ၀တ်ကြသည်။ အရောင်နှစ်ခုကြားတွင် ဇာထိုးပန်းထိုးများရှိသေးသည်။ မော်လမြိုင်၊ ဖာပွန်ဒေသများနှင့် အရှေ့ဘက်ပိုင်းဒေသများတွင် သင်တိုင်းကို အဖြူရောင် အနီရောင်အစင်းနှစ်ကြောင်းကို ထက်အောက်ယှက်နွယ်ထားလျက် ယက်လုပ်ကြသည်။
အမျိုးသမီးငယ်များသည် ခြေကျင်းဝတ်အထိကျသော ကရင်သင်တိုင်းများကို ၀တ်ထားကြသည်ဟုလည်း ဖော်ပြထားသည်။ အပျိုဖော်ဝင်လာသော အမျိုးသမီးတိုင်းသည် သင်တိုင်းနှင့်စကပ်များကိုဝတ်ကြသည်။ ဆက်လက်၍ Marshall (1922:28) က အချို့ရွာများတွင် ကရင်အမျိုးသမီးများသည် အဖြူရောင်သင်တိုင်းများကိုဝတ်ဆင်ကြသည်။ အချို့ရွာများတွင် တစ်ဖန် ကရင်အမျိုးသမီးများသည် အနက်ရောင်သင်တိုင်းများကို ၀တ်ကြပြန်သည်။ ထိုသင်တိုင်းတွင် လည်ပင်းနှင့် လက်ဝလောက်တွင် အရောင်များကွန့်ထားသည်။ အချို့ဒေသများတွင် အိမ်ထောင်မကျမီအထိ အပျိုများသည်ခြေကျဉ်းဝတ်အထိကျသော အဖြူရောင်သင်တိုင်းများကို ၀တ်ဆင်ကြသည်။ သို့သော်ထမီစကပ်ကိုအများပိုင်း ၀တ်ဆင်ကြသည်။ အရွယ်ရောက်သည့်အချိန်အထိ သင်တိုင်းတိုများကိုလည်း ၀တ်ဆင်ကြသည်။
စကောကရင်အမျိုးသမီးများ၏ ၀တ်စားဆင်ယင်မှုပုံစံ၊ ဒီဇိုင်းနှင့် ပတ်သက်၍လည်း Marshall (1922:38) က ထိုအစဉ်အလာသည် စပါးကြီးမြွေဒဏ္ဍရီမှဆင်းသက်လာသည်ဟုဆိုသည်။ ဒဏ္ဍရီအရ နော်မူအိုင်ကို စပါးကြီးမြွေဖြူတစ်ကောင်က ခိုးယူသွားခဲ့ပြီ တွင်းထဲတွင်ဝှက်ထားသည်။ မြွေတွင်းထဲတွင် ရောက်နေသောနော်မူအိုင်ကို ယောက်ျားဖြစ်သူကအသက်ပေး၍ ကယ်ယူခဲ့သည်။ထိုသို့ဖြင့် အမျိုးသမီးမှာ လွတ်မြောက်သွားပြီး မြေပ်ါသို့ပြန်တက်လာနိုင်တော့သည်။
လိုဒဏ္ဍရီအပေါ်အခြေပြုလျက် အမျိုးမျိုးအဓိပ္ပာယ်ဖော်ခဲ့ကြသည့် အနက်တစ်ခုမှာ "စပါးကြီးမြွေသည် မိမိအရေခွံအတိုင်း အမျိုးသမီးအားသင်တိုင်းကို ယက်ရန်ခိုင်းစေသကဲ့သို့ အမျိုးသမီးဘက်မှလည်း စပါကြီးမြွေပါးစပ်မှ လွတ်မြောက်ခြင်းအတွက် ကျေးဇူးတုန့်ပြန်သောအားဖြင့် စပါကြီးအရေခွံအတိုင်း အ၀တ်ယက်လုပ်ခြင်းဖြစ်သည်။ " Gotegorg တွင် ဖွင့်လှစ်ပြထားသော Ethnographcam Museum ပြတိုက်တစ်ခုတွင် စကောကရင်လုံချည်သုံးမျိုးကို ဖော်ပြထားသည်ဟု Hansan (1960) က ဆိုခဲ့ဖူးသည်။ ထိုသုံးမျိုးမှာ (၁) တောက်ပသော အနီရောင်ချည်ထည် လက်လက်ပေါ်တွင် အထည်အောက်အစိမ်းရောင် အစင်းကြောင်းများပါရှိသည့် လူံချည် (AC#35.39.715)၊ (၂) အထက်ပိုင်းတွင် အနီရောင်ချည်ထည်ဖြင့် ယက်လုပ်ထားပြီး အောက်ပိုင်းတွင် အနီရောင်လက်နေသော ချည်ထည်ဖြင့် ယက်လုပ်သည့်လုံချည် (AC#35.39.801)၊ (၃) အနက်၊ အဖြူရောင်နှင့် အနီရောင်ပါရှိသော အမျိုးသားဝတ်လုံချည် (AC#35.39.710) ထိုပြတိုက်ထဲတွင် ကရင်ခေါင်းပေါင်းကိုလည်း တွေ့ရသည်။ ကရင်ခေါင်းပေါင်းသည် အဖြူရောင်ချည်ထည်ပေါ်တွင် အ၀ါ၊ အစိမ်းရောင် ကန့်လန့်ဖြတ်ပါဝင်ပြီး အနီရောင်မှာ အထက်အောက်အစင်းဖြစ်သည်။
ပကူး (Paku)
တောင်ငူအရှေ့တောင်တန်းရှိ ကယားပြည်နယ်တွင် ပကူးကရင် (၅၀၀၀) ခန့် နေထိုင်ကြသည်။ Spearman (1888,II:471) က ဖော်ပြသည်မှာ ပကူးကရင်များသည် ကရင်နီများ၏ ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခြင်းကို အကြီးအကျယ်ခံခဲ့ရသည်။ ပကူးကရင်ရွာများလည်း ပျက်စီးခဲ့ရသည်။ Spearman က ဤကြောင်းအရာများကို ရေးသားသောအချိန်တွင် ပကူးကရင် (၂၀၀၀) ခန့်သည် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းလျက်ရှိနေပြီ်ဟု သိရသည်။ ပကူးကရင်များ၏ အ၀တ်အစားနှင့်ပတ်သက်၍ Spearman (1888,II:167) က ဖော်ပြရာတွင် "အဖြူရောင်သင်တိုင်းတွင် အစင်းမရှိ ၊ဇာထိုးပန်းထိုးပါသော ကျဉ်းမြောင်းသောအောက်ခြေတွင် အနားသပ်ကို ယက်ထားသည် တစ်ရွာနှင့့််တစ်ရွာ ပုံစံမတူကြချေ။" Marshall(1922:35) ကလည်း အလားတူဆိုထားသည်မှာ "ပကူးအမျိုးသားများသည် အဖြူရောင်သင်တိုင်းကိုဝတ်ကြသည်။ ထိုသင်တိုင်း၏အောက်ခြေတွင် ကျဉ်းမြောင်းသော အနီရောင်အနားသပ်များရှိသည်။ ကျေးရွာတစ်ရွာနှင့်တစ်ရွာ သီးခြားအမှတ်အသားများ ရှိသည်။"
ဘွဲ (Bwe)
ဘွဲကို ဘဂဲ (Bghai) ကရင်များဟုလည်းခေါ်ကြသည်။ ဘွဲ (၁၆၀၀၀) ခန့်သည် တောင်ငူဝန်းကျင်ရှိ တောင်တန်းများနှင့် ကယားပြည်နယ် အနောက်တောင်ဘက် ကျေးဘော်ကြီးဒေသများတွင် နေထိုင်ကြသည်။ ထိုင်းနိုင်ငံတွင်လည်း အနည်းစုနေထိုင်ကြသည်။
၁၈၆၀ ခုနှစ်များအတွင်း တောင်ငူခရိုင်တွင် အုပ်ချုပ်ရေးမှူးအဖြစ် အမှုထမ်းဆောင်ခဲ့သော A.R.McMahon ဆိုသူသည်ဘွဲတို့၏ ၀တ်စုံနှင့်ပတ်သက်၍ ပထမဦးဆုံးဖော်ပြခဲ့သည်။ A.RMcMahon (1876:300-301) အဆိုအရ "ဘွဲတို့သည် စစ်တောင်းမြစ်ကမ်းတွင် နေထိုင်ကြသည်။ ကေခိုများကဲ့သို့ ၀တ်စုံများကိုဝတ်ကြသည် သူတို့အ၀တ်အောက်ခြေပိုင်းတွင် အနီရောင်အစင်းများယက်ထားသည်။ သူတို့နှင့်တောင်ဘက်ပိုင်းတွင် နေကြသူများသည် လက်မပါသော သင်တိုင်းများကိုဝတ်ကြသည်။" သူကဆက်လက်၍ ဆိုထားသည်မှာ "သာသနာပြုများသည် သူတို့၏အ၀တ်ပေါ်မူတည်၍ ဘောင်းဘီရှည်ဝတ် ဘွဲ "(Pant Bhai) နှင့် သင်တိုင်းဝတ် (Tunic Bghai) ဟူ၍ ခွဲခြားသိမြင်ကြသည်။" တစ်ဖန် Spearman (1888,I:167) က ခရစ်ယာန်သာသနာပြု ဒေါက်တာ Manson Mopgha ၏ဖော်ပြချက်ကိုအခြေပြုကာ မို့ပါ Mopha တို့၏ ၀တ်စားဆင်ယင်မှုနှင့်ပတ်သက်၍ ဖော်ပြပြန်သည်မှာ "မို့ပါတို့သည် ခရစ်ယာန်ညာသာသို့ အဦးဆုံးဝင်လာသောအဖွဲ့ဖြစ်ပ့သည်။ သူတို့သည် သင်တိုင်းဝတ် ဘွဲ (Tunic Bghai) အဖွဲ့ဖြစ်သည်။ အဖြူရောင်သင်တိုင်းတွင် အနီရောင်အစင်းကြောင်းrများပါဝင်သည်။"
Marshall (1922:35) မြန်မာနိုင်ငံတွင် သာသနာပြုခဲ့စဉ်က ဘွဲတို့သည်သင်တိုင်းများကိုဝတ်ဆင်ကြကြောင်း သူတို့၏သင်တိုင်းများသည် စကောနှင့် ပိုးတို့ဝတ်သောသင်တိုင်းများထက် ပိုမိုတိုပြီး တင်းကြပ်စွာဝတ်ဆင်ကြကြောင်း ဖော်ပြခဲ့သည်။ "ယခင်က ဘွဲတို့သည် ဘောင်းဘီတိုများကိုဝတ်ကြသော်လည်း ယခုအခါ ဘောင်းဘီရှည်များကို ၀တ်လာကြသည်။" အုပ်စုတစ်စုနှင့်တစ်စု မတူညီခြားနားကြောင်းကိုလည်း သူကဆက်လက်ဖော်ပြထားသည်။ "ဘွဲတို့သည် အထက်အောက် အစင်းလိုက်ပါသောသင်တိုင်းများကို ၀တ်ကြသည်။ သူတို့ထဲ တစ်ချို့ဖြစ်သော မို့ပါတို့သည် အနီရောင် အစင်းပါအ၀တ်များကိုဝတ်ကြသည်။ ဘောင်းဘီရှည်ဝတ်ဘွဲ (Pant Bghai) တို့မှာ သူတို့သင်တိုင်းများ၏ အောက်ခြေတွင် အရောင်တောက်သော အစင်းများကိုဖောထားကြသည်။ Marshall (1922:38-39) က မို့ပါတို့၏ ၀တ်စုံများတွင် အမည်းရောင် အောက်ခံပေါ်တွင် အ၀ါရောင်၊ အစိမ်းရောင်တို့ကို ရောယှက်ထားသည်ကို မိမိစာရေးသည့်အချိန်အထိ တွေ့ရသေးသည်။ သို့သော် နောက်ပိုင်းတွင် အမျိုးသမီးငယ်များမှာ ထိုသို့ယက်လုပ်ဝတ်ဆင်ခြင်း မပြုကြတော့ပေ။ ထိုသို့အခြား ဘွဲအမျိုးသမီးများသည် အမဲရောင်ထမီ သို့မဟုတ် စကပ်များကိုသာ ၀တ်ဆင်လာကြသည်။ ထိုစကပ်များတွင် အနီရောင်ကန့်လန့်စင်းကြောင်းများကိုနှင့် အနီရောင်အစင်းကြောင်းကို အလယ်တွင်ယက်ထားသည်။
Spearman (1888,II:114) သည် ၀တ်စားဆင်ယင်မှုအကြောင်းပြောရာတွင် အသုဘ အခမ်းအနားများနှင့်ဆက်စပ်လျက် ကွဲပြားခြားနားကြပုံ အကြောင်းများကိုဖော်ပြခဲ့သည်။ သေလွန်သူများအတွက် သတိရပြုလုပ်ကျင်းပသော နှစ်ပတ်လည်ပွဲတော်များအကြောင်းကို ဖော်ပြရာတွင် သေလွန်သူတို့အတွက် အောက်မေ့ဖွယ်အခမ်းအနားကို ထိုသူသေလွန်ပြီးသုံးနှစ်အကြာတွင် ပြုလုပ်ကြသည်။ သြဂုတ် သို့မဟုတ် စက်တင်ဘာလဆန်းတွင် ကျင်းပကြသည်။ ၀ါးကိုင်းတစ်ချောင်းကို အိမ်ထောင့်တစ်နေရာတွင် ကန့်လန့်ဖြတ်တန်းထားလိုက်သည်။ ထိုဝါးတန်းပေါ်သို့ အ၀တ်သင်တိုင်းသစ်များ၊ ပုတီးကုံးများကို...ချိတ်ဆွဲထားကြသည်။ သေလွန်သူအားရည်စူးပူဇော်ခြင်းဖြစ်သည်။ ထိုအခမ်းအနားကို ဦးဆောင်သူဘုန်းတော်ကြီးအားလည်း ဇာထိုးပန်းထိုးသင်တိုင်းကို ပေးလှူကြသည်။တစ်ခါတစ်ရံ ထိုသင်တိုင်းများသည် ပိုးထည်များဖြင့်ယက်လုပ်ထားသည်။ အများအားဖြင့် အနီရောင်ပိုးထည်များဖြင့် ရက်လုပ်ထားကြပြီး သာမာန်သင်တိုင်းများထက် ပိုရှည်သည်။ Spearman (1888,II:120)ုံ
ဂေဘား (Geba)
ဂေဘားများကို မယ်ပူ သို့မဟုတ် ကရင်ဖြူဟုလည်းခေါ်ကြသည်။ လူဦးရေအားဖြင့် (၄၀၀၀၀) ခန့်ရှိပြီး ကယားပြည်နယ်မြောက်ဘက်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲဒေသတွင်တွေ့ရသည်။ သူတို့အများပိုင်းသည် ခရစ်ယာန်များဖြစ်ကြသည်။
ဂေခို(Geku)
လူဦးရေအားဖြင့် (၁၀၀၀၀) ခန့်ရှိသော ဂေခိုများသည် ရမည်းသင်းနှင့် တောင်ငူခရိုင်၊ မိုးဗြဲဒေသရှမ်းပြည်တောင်ပိုင်းတွင် နေထိုင်ကြသည်။ Spearmen (1888,II149) သည် ၄င်းတို့အား လူရိုင်းလုကြမ်းအမျိုးဟုခေါ်ထားသည်။ နှစ်ခြင်းခရစ်ယာန်သာသနာများ၏လွမ်းမိုးမှု အများဆုံးခံကြရပြီး ခရစ်ယာန်အများဆုံးဖြစ်လာကြသူများဖြစ်သည်။ ၁၉ ရာစုနောက်ပိုင်းတွင် အင်္ဂလိပ်နစိုးရအုပ်ချုပ်မှုအောက် ရောက်လာကြသည်။
McMahon (1876:306) ၄င်းတို့ကို ဂေခိုဟုခေါ်ကြသည်။ ဂေခိုအမျိုးသားများသည် လက်တိုအင်္ကျီများကိုဝတ်ကြသည်။ ထိုအင်္ကျီအောက်ခြေတွင် အနီရောင်ဇာထိုးပန်းထိုးများရှိသည်။ ဘွဲတို့ဝတ်ဆင်သကဲ့သို့ဖြစ်သည်။ အမျိုးသမီးများမှာ သာမာန်ကုတ်အင်္ကျီများကိုသာဝတ်ဆင်ကြပြီး အနီရောင်၊ အဖြူရောင် အပေါ်ဝတ်ရုံဂျက်ကက်များဖြင့် ထပ်ဝတ်ကြသည်။ Spearman (1888,II:149) က ဂေခိုတို့၏ အ၀တ်အစားနှင့်ပတ်သက်၍ ဖော်ပြရာတွင် ပိုးထည်ဘောင်းဘီရှည်များကို တစ်ခါတစ်ရံ ဇာထိုးပန်းထိုးပြုလုပ်ထားသည်။ အောက်ခြေတွင် အနီရောင်လိုင်းများဖော်ထားသည်။ တက်လာသောနေ ၀န်းနီအသွင်ဆောင်သည်။ ဘွဲတို့သည် ပိုးကောင်များကိုမွေးမြူကြပြီး ပိုးထည်များကို ကိုယ်တိုင်ထုတ်လုပ်ကြသည်။ Marshall (1922:35) ကလည်း ဂေခိုအမျိုးသားများသည် တက်နေ၀န်းအသွင်ရှိတောက်ပသော အစင်းကြောင်းပါ ဇာထိုးပန်းထိုးလုပ်သင်တိုင်းကို ၀တ်ဆင်ကြသည်ဟုဆိုထားသည်။
လထ(Lahta)
မြန်မာနိုင်ငံရှိ ပိုး(Pho) အုပ်စုတွင ပအို့်(Pao)နှင့်ပိုး(Pwo) များပါဝင်သည်။ ထိုင်းနိုင်ငံတွင်အခြား စကားကွဲများစွာများစွာရှိသည်။ ပအို့နှင့် ပိုးနှစ်မျိုးစလုံးသည် တောင်ပိုင်းကရင်များ ပါဝင်ကြသည်။
ပိုး (Pwo)
ပိုးများသည် တစ်ခါတစ်ရံ ပို၊ မနူ သို့မဟုတ် ကရင်ဖြူများဟုခေါ်ကြသည်။ ဧရာဝတီမြစ်ဝကွန်းပေါ်ဒေသတွင် ပိုးကရင် ၁.၂ သန်းကျော်နေထိုင်ကြသည်။ ယခင် အထက်မြန်မာနိုင်ငံ လွိုင်လုံဒေသတောင်တန်းများတွင်လည်း အချို့နေထိုင်ကြသောကြောင့် သူတို့ကို ဗမာများက တလိုင်းကရင်ဟုခေါ်ကြသည်။
Scott and Hardiman (1900,I/II:554) တို့က F.H Gilles ၏ဖော်ပြချက်ကို အဖြေပြုလျက် လွိုင်လုံ၊ ပေါင်းလောင်းဒေသရှိ မနူခေါ်ကရင်ဖြူများတို့၏ ရိုးရာဝတ်စုံများအကြောင်း ဖော်ပြခဲ့ကြသည်။ သူတို့သည် သင်တိုင်းများကိုဝတ်ဆင်ကြသည်။ သင်တိုင်းတစ်မျိုးဖြစ်သည်။ လက်တိုဖြစ်သည်။ ပေါင်းလောင်းဒေသတွင် ပိုးထည်များဖြင့်ယက်ကြသည်။ တစ်ဝက်ဖြူ တစ်ဝက်နီသည်။ ဖြူသောအပိုင်းမှာ အပေါ်ပိုင်းဖြစ်သည်။ ထိုသင်တိုင်းအောက်တွင် စကပ် သို့မဟုတ် အမျိုးသမီးအတွင်းအင်္ကျီကိုလည်း ၀တ်ထားကြသည်။ ခြောက်လက်မအရှည် သို့မဟုတ် ဒူးဆစ်အထိကျသည်။ ချည်ထည်ဖြင့်ပြုလုပ်ထားပြီး အရောင်မှာ အများပိုင်း အနီရောင် အပြာနက်ရောင်ဖြစ်သည်။ တဘက်ဟုခေါ်သောခေါင်းပေါင်းကို ပေါင်းထားသည်။ တောင်ရိုးများပေါင်းသောခေါင်းပေါင်းနှင့် အလွန်တူသည်။ သစ်စေးဖြင့်အရောင်ဆိုးထားသော အ၀တ်ကိုလည်း လက်မပါသောသင်တိုင်းနေရာတွင် ထားကြသည်။ ပွဲလမ်းသဘင်များတွင် အမျိုးသမီးများသည် မိမိတို့ သဘက်ဖူးစောင်များကို ကြက်ငှက်အမွေးအတောင် ရောင်စုံမှန်စများဆင်ယင်လျက် ခေါင်းပေါင်းကြသည်။
အမျိုးသားများလည်း ခါးလောက်ရောက်သည့်သင်တိုင်းများကို ၀တ်ကြသည်။ ဘောင်းဘီရှည်များလည်းဝတ်ကြသည်။ ပလောင်အမျိုးသမီးများကဲ့သို့ ခါးတွင်ချည်သောအရာများကို ပတ်ထားကြသည်။ အနည်းစုသာ ထိုသို့ပြုလုပ်ကြသည်။ ခေါင်းပေါင်းကိုချည်ထည်ဖြင့်ယက်လုပ်သည်။ နဖူးအုပ်လျက် ခေါင်းကိုပတ်ထားကြသည်။
Hinton (1974:27) သည်ထိုင်းနိုင်ငံရှိ ပိုးကရင်များအကြောင်းရေးသားရာတွင်
အိမ်ထောင်သည်နှင့်လူလွတ်အကြား ကွဲပြားခြားနားသောအမျိုးသမီးအ၀တ်များအကြောင်းကို ဖော်ပြထားသည်။ အိမ်ထောင်မရှိသော အမျိုးသမီးငယ်များသည် အနီရောင်အစင်းပါသော ဘလောက်အင်္ကျီများကိုဝတ်ဆင်ကြသည်။ သူနေထိုင်သောနေရာရှိ အမျိုးသမီးများ၏ အ၀တ်အစားများနှင့် ပတ်သက်၍ ပြောရာတွင် အရောင်များမှာ တောက်ပသည့်အနီရောင် အစိမ်းသို့မဟုတ် အနက်ရောင်ကို ပိုမိုဦးစားပေးကြသည်။ အဆင်အယင်များမှာ သူတို့စိန်ကြိုက်ပြုလုပ်ကြသည်။
အခြားကရင်များ (Other Karens)
အထက်ဖော်ပြပါအုပ်စုခွဲများတွင်မပါသော ကရင်မျိုးနွယ်စုလေးမျိုးလည်း တွေ့ရသေးသည်။ ၄င်းတို့မှာ မနူးမနော၊ ဝေေ၀ါ်၊ ယင်းတလဲ နှင့် ဇာယိန်းဖြစ်သည်။
မနူးမနော (Manumanaw)
ကယားပြည်နယ် ကြက်ဖိုးကြီးအနောက်တွင် မနူးမနောခရစ်ယာန်များ ခန့်မှန်းချေ (၃၀၀၀) ခန့်နေထိုင်ကြသည်။ သူတို့အ၀တ်အစားများအကြောင်းကို မှတ်တမ်းတင်ထားခြင်းမတွေ့ရပေ။
ဝေေ၀ါ် (Wewaw)
ဝေေ၀ါ်အကြောင်းအကျဉ်းမျှကို Spearman (1880,I:166) ၏မှတ်တမ်းများတွင် တွေ့ရသည်။ သူကဝေေ၀ါ်များသည် ယဉ်ကျေးမူအဆင့်နိမ့်သေးသည့်လူများဟု ယူဆသည်။ သူတို့သည် အ၀တ်အစားမျိုးစုံဝတ်သူများ ဖြစ်သည်။ အမျိုးသမီးများမှာ ရက်ကန်းယက်ခြင်း မလုပ်ကြသောကြောင့် အသွင်သဏ္ဍန်ခွဲခြား၍မရသော အ၀တ်အစားများကိုဝတဆင်ကြသည်။
ယင်းတလဲ (Yinale)
ကယားပြည်နယ် ဘောလခဲဒေသ တောင်ဘက်တွင် ဗုဒ္ဓဘာသာဝင် ယင်းတလဲကရင်အနည်းစု နေထိုင်ကြသည်။ သူတို့အ၀တ်အစားများအကြောင်းကို မှတ်တမ်းတင်ထားခြင်း မတွေ့ရပေ။
ဇာယိန်း(Zayein)
ဇာယိန်းကို စွမ်းတောင် သို့မဟုတ် ခေါင်းတိုကရင်များဟုလည်းခေါ်ကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် နေထိုင်ကြသည်။ အမျိုးသားများသည် နားအပေါ်ဘက်တွင် ဆံပင်တစ်ချို့သာချန်ထားပြီး ခေါင်းတုံးရိတ်ကြသည်ကိုအစွဲပြုလျက် ခေါင်းတိုဟုခေါ်ကြခြင်းဖြစ်သည်။ Scott and Hardiman (1900,I/II:539) က F.H Gilles အဆိုဖြစ်သောဇာယိန်းများသည် မြန်မာနိုင်ငံအောက်ပိုင်း ကျိုက္ခမီဒေသမှ မြန်မာနိုင်ငံအထက်ပိုင်း လွိုင်လောင်နှင့် မိုင်ပိုင်ဒေသသို့ရွေ့သွားကြသည်ကို ထပ်မံဖော်ပြထားသည်။ F.H Gilles က ဇာယိန်းတို့၏၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍ရေးသားသည်မှာ အမျိုးသားများသည် ၁၅ လက်မအရှည်ရှိသော ဘောင်းဘီရှည်များကိုဝတ်ကြသည်။ ခါးတွင်ကြိုးးနှင့်ချည်ထားသည်။ ကုတ်အင်္ကျီရှည်မှာလည်း ဒူးဆစ်အထိရောက်သည်။ လည်ပင်းတွင်ချည်ထားသည် သို့မဟုတ် ဖွင့်ဟထားသည်။ ဘောင်းဘီရှည်ရော ကုတ်အင်္ကျီပါ အဖြူရောင်ဖြစ်သည်။ အမျိုးသမီးများလည်း သင်တိုင်းတိုများကိုဝတ်ကြသည်။ အနက်ရောင်အစင်းသည် လည်ပင်းကိုပတ်လျက် ကျောဘက် ရင်ဘက်ခြမ်းအတိုင်း အောက်သို့သွယ်တန်းသည်။ လက်မောင်းစကိုလည်း ပတ်ထားသည်။ အောက်ဆုံးအနားသတ်မှာ သုံးလက်မခန့် အကျယ်ထားသည်။ ထိုသင်တိုင်းမျိုးသည် ဒူးဆစ်နှင့်ပေါင်ကြားလောက်တွင်ရောက်သည်။ အချို့ကို ခရုခွံများနှင့်ဆင်ယင်ထားသည်။ အတွင်းခံအဖြစ် စကပ်များကိုဝတ်သည်။ စကပ်များသည် ဒူးဆစ်လောက်အထိမရောက်ပါ။ အဖြူရောင်ပေါ်တွင် အနက်ရောင်တင်သည်။ အနီရောင်နှင့် အနက်ရောင်ကိုလည်း အနားသတ်လိုင်းဆွဲထားသည်။ ပထမလိုင်းမှာ လက်မခန့်ကျယ်၍ ဒုတ်ယလိုင်းမှာ လက်မ၀က်ခန့်ကျယ်သည်။ တတိယလိုင်းမှာ သုံးလက်မခန့်ရှိသည်။ အနက်ရောင်ထိုးထားသောချည်ထည်ကို ဒူးဆစ်အောက်ခြေထောက်တွင် ပတ်ထားသည်။ အပြာ သို့မဟုတ် အနီရောင်အ၀တ်စကို ခြေသလုံးတွင်ပတ်ထားသည်။ ကြေးကွင်းများကိုလည်း ခြေထောက်နှစ်ဖက်ရှိ ခြေကျင်းဝတ်တွင် လေးလက်မခန့်အထိ ၀တ်ထားသည်။ ခေါင်းကိုလည်း လိပ်ခုံးပုံမို့မောက်အောင်ဖြီးထားသည်။ မို့မောက်နေသောဆံပင်ပေါ်အောင် ခေါင်းပေါင်းလည်းပေါင်းထားသည်။ ခေါင်းပေါင်းကို အမျိုးမျိုးတန်ဆာဆင်ထားသည်။ အဖြူစနှင့် အနီစရှစ်မျိုးပါရှိသည်။ (၂၀) လက်မရှည်လျားပြီး (၆) လက်မကျယ်သည်။
Lowis (1919:45) ဇာယိန်းတို့၏ အ၀တ်အစားတို့နှင့်ပတ်သက်၍ အတိုချုပ်ဖော်ပြခဲ့သည်။ သင်တိုင်းနှင့်ခြေကျင်းဝတ်ကြေးကွင်းများမှာ မျိုးနွယ်စုတိုင်းရှိ အမျိုးသမီးများ၏ သာမာန်အ၀တ်အစားများဖြစ်သည်။ ဘောင်းဘီတိုမှာ အမျိုးသားများအတွက် ၀တ်ဆင်သောအ၀တ်ဖြစ်သည်။ အချို့နေရာများတွင် အမျိုးသမီးများ၏ ဆံပင်ပုံစံများမှာ ထူးဆန်းသည်။ Goteborg Ethnographical Museum တွင် ဇာယိန်းတို့၏ အ၀တ်အထည်သုံးမျိုးကို ခင်းကျင်းပြသထားသည်။ ပထမတစ်မျိုးမှာ အမျိုးသမီးဝတ်လက်တို ဘလောက်အင်္ကျီ၊ ဆေးဆိုးထားခြင်းမရှိ၊ အဖြူရောင်တန်ဆာဆင်ထားခြင်းမရှိ။ (AC#35.39.740)၊ ဒုတိယတစ်မျိုးမှာ အမျိုးသားဝတ်အင်္ကျီ လက်ပါဂျက်ကက်ဖြစ်သည်။ (AC#35.39.738) တတိယတစ်မျိုးမှာ အမျိုးသားဝတ်ဘောင်းဘီတို ဆေးမဆိုးထားသောချည်ထည်၊ အဖြူရောင်၊ အညိုရောင် အစင်းများရှိသည်။ (AC#35.39.739) ၄င်းအားလုံးကို "၀ါသာ" (Watha) တွင်စုဆောင်းခဲ့သည်။ အမျိုးသားအင်္ကျီပုံများကိုလည်း တွေ့ရသည်။ ဓါတ်ပုံရိုက်ကူးထားခြင်းမတွေ့ရ။
Scott and Hardiman (1900,I/II:544) တို့ကလည်း စင်းစင်း (Sin Sin) ဟုခေါ်သော ကရင်မျိုးနွယ်စုအကြောင်းကို ဖော်ပြထားသည်။ ဇာယိန်းနှင့်တစ်မျိုးတည်းဖြစ်သည်။ သို့သော် တောင်သူနှင့်ရှမ်းရွာများတွင် အတူယှဉ်တွဲနေထိုင်ကြသည်။ သူတို့ဘာသာစကားကို ထိန်းသိမ်းကြရန် လိုအပ်လာသည်။ အကြောင်းမှာတောင်သူတို့၏ လွမ်းမိုးမှုကို များစွာခံနေရသည်။ Scott and Hardiman (1900,I/II:545) တို့အဆိုအရ အမျိုးသားများသည် တောင်သူ ဓနုများကဲ့သို့ ၀တ်စားဆင်ယင်လာကြသော်လည်း အမျိုးသမီးများမှာ မိမိတို့ကိုယ်ပိုင်ရိုးရာဝတ်စုံများကို ၀တ်ကြသေးသည်။ အမျိုးသမီးများသည် ဒူးဆစ်အထိရောက်သော သင်တိုင်းများကိုဝတ်ဆင်ကြသည်။ အဖြူရောင်သင်တိုင်းဖြစ်သည်။ အပြာရောင်လိုင်းကိုလည်း လည်ပင်းပတ်လည် နံဘေးပတ်လည် ရင်ဘတ်ကျောဘက်ထက်အောက် ဖော်ထားသည်။ အင်္ကျီလက်များမှာ အပြာ အနီကြိုးများဖြင့် ဖော်ထားပြန်သည်။ အနက်ရောင်ဆိုးထားသောချည်ကိုလည်း ခါးတွင်ပတ်ထားသည်။ အတွင်းဂါဝန်ကိုမ၀တ်ကြ။ တောင်သူအမျိုးသမီးများကဲ့သို့ ခေါင်းပေါင်းကြသည်။ ဆံပင်ပုံမှာလည်း အတူတူပင်ဖြစ်သည်။
အခြားသောကရင်များ၏ အမည်များကို အခြားမှတ်တမ်းစာပေများတွင် တွေ့ရသေးသည်။ ၄င်းတို့သည် အထက်ဖော်ပြပါ ကရင်အုပ်စုခွဲများတွင် အချို့ပါဝင်ကြပြီး အချို့မှာလည်း အခြားအုပ်စုခွဲများ၌ ပါဝင်ကြသည်။
(Michale C.Howard ၏ Texitles of the Hill Tribes မှ "The Karen" ကိုပြန်ဆိုခြင်းဖြစ်သည်။


လပုပ်ပုပ် ဘာသာပြန်ရေးသားသည်။

Wednesday, August 26, 2009

Indian police brutality



Human Rights Watch says there is gross abuse by police in India. CNN's Sara Sidner reports.
• Indian police accused of torture
ANY HUMAN CAN'T Access This.....PLease Takecare for Human and Child....
Heal the WORLD...

ကရင်တိုင်းရင်းသားတို့၏ ကျွန်းသာယာ

ကရင်တိုင်းရင်းသားတို့၏ အေးချမ်းသာယာတဲ့နေရာ....


Monday, 24 August 2009 18:22
အီဒစ် မီရန်တီ .ကရင်တိုင်းရင်းသား ကလေးငယ်များ ငြိမ်းချမ်း၊ လုံခြုံစွာ ဖွံ့ဖြိုး ရှင်သန်နိုင်သည့် ကျေးရွာလေးတခု ရှိနေသည်။ ကလေးများ ပုံမှန် ကျောင်းတက်နိုင်ကြသည်။ မိဘများနှင့်အတူ ဘုရားကျောင်း ပုံမှန် သွားနိုင်သည်။ စစ်သားများကိုလည်း ကြောက်လန့်နေစရာမလို။ မိဘများလည်း ရွေးကောက်ပွဲတွင် မဲပေးကြသည်၊ လွတ်လွတ် လပ်လပ် သွားလာနေကြသည်။


ကျောင်းသွားမည့် ကရင် တိုင်းရင်းသား ကလေးငယ်များ
သူတို့ရွာလေးတွင် လျှပ်စစ်မီး ရှိသည်။ ရေပေးစနစ်များ၊ ဈေးဆိုင်များလည်း ရှိသည်။ ဤနေရာလေးမှာ လက်နက်ကိုင် ပုန်ကန် တိုက်ခိုက်မှု ဖြစ်ပွားနေသည့် ကော်သူးလေ ဒေသအတွင်း တည်ရှိနေခြင်း မဟုတ်ပါ။ ရန်သူများ ပတ်လည် ဝိုင်းနေသည့် ကရင်ပြည်နယ် ဖာပွန်မြို့ ဝန်းကျင်မှ ကျေးရွာလေးလည်း မဟုတ်ပါ။ လေဘေးသင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်တွင်လည်း မဟုတ်သည့် အပြင် ထိုင်းနိုင်ငံ အတွင်းမှ တည်ငြိမ်မှု မရှိသည့် ဒုက္ခသည် စခန်း တခုလည်း မဟုတ်ပါ။

ဤရွာကလေး၏အမည်က ဝီဘီဟု ခေါ်သည်။ အက်ဒမန် ပင်လယ် (ကပ္ပလီပင်လယ်) အတွင်းရှိ အိန္ဒိယ နိုင်ငံက ပိုင်ဆိုင်သည့် ကျွန်းလေး တခုပေါ်တွင် တည်ရှိသည်။ ဤကျွန်းလေးကို ဗြိတိသျှအစိုးရက ၁၈၅ဝ ပြည့်လွန်နှစ်များ ကတည်းက သိမ်းပိုက်ခဲ့ပြီး သူတို့၏ ကိုလိုနီ ဒေသများမှ ပုန်ကန်သူများ၊ လူဆိုးများကို တကျွန်းပို့သည့် နေရာ ဖြစ်သည်။ အက်ဒမန် ပင်လယ် အတွင်းရှိ ကျွန်းများက မြန်မာပြည် အလယ်ပိုင်း ပဲခူး ရိုးမ တောင်တန်းကြီး ရေထဲ ငုပ်လျှိုးသွားရာမှ ပြန်ပေါ်လာသော ကျွန်းများ ဖြစ်ပြီး၊ နောက်ဆုံး ရေခဲခေတ် ကာလ ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာချိန်မှစ၍ ပင်မ ကုန်းမြေကြီးနှင့် ပြတ်တောက် ကွဲကွာ သွားခဲ့ရခြင်း ဖြစ်သည်။

ဂျာရာဝါ (Jarawa)၊ အွန်ဂျီ (Onge)၊ ဂရိတ် အက်ဒမန်နိစ် (Great Andamanese)၊ စင်တီနီလိစ် (Sentinelese) စသည့် ဌာနေ တိုင်းရင်းသား လူမျိုးများက လွန်ခဲ့သည့် နှစ်တသောင်းကျော်ကတည်းက ဤကျွန်းများပေါ်တွင် နေထိုင်လာခဲ့ကြသည်။ သူတို့ အရေအတွက်က ၅ဝဝ ခန့် ရှိနိုင်သည်။

ဤကျွန်းငယ်လေးသည် ကိုလိုနီခေတ်က အိန္ဒိယနှင့် မြန်မာပြည်မှ အကျဉ်းသားများကို ထားသည့်နေရာ ဖြစ်ခဲ့ဖူးသည်။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရပြီးသည့် နောက်ပိုင်းတွင် ဘင်္ဂါလီ၊ ရန်ချီ (Ranchi) အပါအဝင် အိန္ဒိယနိုင်ငံမှ ပြောင်းရွှေ့ အခြေချ နေထိုင်လာသူ တိုင်းရင်းသားများနှင့် စည်ကားလာသည်။

၁၉၂ဝ ပြည့်နှစ်လွန် ဝန်းကျင်တွင် ကျွန်းပေါ်ရှိ သစ်မာတောများကို စီးပွားဖြစ် ခုတ်လှဲရောင်းချခဲ့သည်။ ထိုအချိန်က ဗြိတိသျှ သစ်ကုန်သည်များက မြန်မာနိုင်ငံမှ ကရင်တိုင်းရင်းသားများကို သစ်ခုတ်လုပ်သားအဖြစ်၊ ဆင်ထိန်းအဖြစ် ခိုင်းစေရန် ခေါ်ဆောင်လာကြသည်။

ပထမဦးဆုံးအသုတ် ခရစ်ယာန် ဘာသာဝင် ကရင်များက ဤကျွန်းပေါ်သို့ ၁၉၂၅ ခုနှစ်တွင် ရောက်ရှိလာသည်။ သူတို့နှင့် အတူ သင်းအုပ်ဆရာ ဦးလူကြီးလည်း အတူပါလာခဲ့သည်။ နောက်ဆုံး ကရင်လူမျိုး အရေအတွက် ရာဂဏန်း အနည်းငယ် ရောက်ရှိလာကြပြီး သူတို့ နေထိုင် အခြေချရန် မြေကွက်များကိုလည်း အက်ဒမန်ကျွန်း အလယ်မြို့ ဖြစ်သည့် မာယာဘန်ဒါ အနီးရှိ ယခု ဝီဘီကျေးရွာ၌ ရရှိခဲ့ကြသည်။ ၎င်းတို့မှ သက်ဆင်းလာကြသူများကို ယခုအခါ ကျွန်းများပေါ်ရှိ ဒေသခံများ အဖြစ် တရားဝင် သတ်မှတ်ထားလေသည်။

မကြာသေးမီနှစ်များအတွင်း သဘာဝ ပတ်ဝန်းကျင် ပျက်စီးလာမှုကြောင့် အက်ဒမန် ကျွန်းရှိ သစ်ထုတ်လုပ်ရေး လုပ်ငန်းများလည်း ရပ်ဆိုင်းခဲ့ရသည်။ မာယာဘန်ဒါမြို့ အနီးတွင် လက်ကျန်ဆင်များနှင့် ဆင်ဦးစီးများကို တွေ့နိုင်သည်။ ဆင်ဦးစီးများက တခြားသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ရှာနေသည်။


မြေပုံတွင် အနီရောင် ခြယ်ထားသည့် အလယ် အက်ဒမန် ကျွန်း သည် အိန္ဒိယနိုင်ငံ၏ အကြီးဆုံးကျွန်း ဖြစ်ပြီး စတုရန်း ကီလိုမီတာ ၁၅ဝဝ ကျော် ကျယ်ဝန်းသည်
ဝီဘီကျေးရွာမှ ကရင်လူမျိုးများနှင့် တခြားရွာသားများက ဟင်းသီးဟင်းရွက်များ စိုက်ပျိုး စားသောက်ကြသကဲ့သို့၊ ဈေးတွင်လည်း ရောင်းချကြသည်။ ကမ်းရိုးတန်းတွင် ငါး၊ ခရု၊ ကမာများကို ရှာဖွေ စားသောက်ကြသည်။ တချို့က ခရီးသွား ကုမ္ပဏီများတွင် ရေငုပ်သမားများ ဖြစ်နေကြသည်။

ခေတ်ပညာတတ် ကရင်လူငယ်တချို့က အစိုးရအလုပ်များ လုပ်ကိုင်ကြသည်။ မာယာဘန်ဒါ၊ ပို့ဘလဲယား မြို့များရှိ သဘာဝ ပတ်ဝန်းကျင် အရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများတွင်လည်း ဝင်ရောက် လုပ်ကိုင်နေကြသည်။ ကရင်လူမျိုးများက ကိုယ်ခန္ဓာ တည်ဆောက်ပုံအရ သော်လည်းကောင်း၊ (ခရစ်ယာန်ဘာသာ ကိုးကွယ်ယုံကြည်မှု အပါအဝင်) ယဉ်ကျေးမှု အရ သော်လည်းကောင်း အက်ဒမန်ပင်လယ် တောင်ပိုင်း၊ အိန္ဒိယ နီကိုဘာကျွန်းစုများပေါ်ရှိ ဌာနေ တိုင်းရင်းသားများနှင့်လည်း တူညီကြသည်။ တခါတရံ ပို့ဘလဲယားမြို့ပေါ်တွင် ကရင်များနှင့် နီကိုဘာကျွန်းသားများက သူတို့ အချင်းချင်း ရောထွေး မှားယွင်းတတ်ကြသေးသည်။

အလယ်အက်ဒမန်ကျွန်းသည် နတ်ကိုးကွယ်သူ ဂျာဝါရာလူမျိုးများ နေထိုင်ရာ ဒေသ ဖြစ်သည်။ ၎င်းတို့က ပို၍ ညိုမှောင်သည့် အသားအရောင် ရှိကြပြီး အမဲလိုက်ခြင်း၊ သစ်သီးသစ်ဥများ ရှာဖွေ စားသောက်ခြင်းဖြင့် အသက်မွေးကြသည်။ ဌာနေတိုင်းရင်းသားများအတွက်မူ ဤ ကျွန်းကလေးက သူတို့ပိုင်ဆိုင်သည့် သီးခြား နေရာလေး ဖြစ်နေသည်။ ကျွန်း၏အလယ်ကို အက်ဒမန်လမ်းမကြီး (Adman Trunk Road) ဟုခေါ်သည့် လမ်းမကြီးတခု ဖောက်ထားရာ သူတို့ဒေသကို ကန့်လတ်ဖြတ် ဖြတ်သန်းသွားသည်။

၁၉၉ဝ ပြည့်လွန် နောက်ပိုင်းနှစ်များတွင် ဌာနေတိုင်းရင်းသား ဂျာဝါရာလူမျိုးများနှင့် လမ်းမကြီး ဘေးတဖက်တချက်တွင် နေထိုင်ကြသည့် အခြေချလာသူများအကြား အကြမ်းဖက် ထိပ်တိုက်တွေ့မှုများ အကြိမ်ကြိမ်ရှိခဲ့သည်။ နောက်ပိုင်းတွင် ဂျာဝါရာလူမျိုးများ အပေါ် ကူးစက်ရောဂါများ ကျရောက်စေမှုနှင့် တခြားသော ဆိုးကျိုး အန္တရာယ် သက်ရောက်စေမှုများကြောင့် အခြေချလာသူများကို နေရာ ရွှေ့ပြောင်းလိုက်သည်။ လမ်းမကြီးက ပွင့်လျက် ဆက်လက် ရှိနေပြီး၊ ယာဉ်အသွားအလာ အနည်းငယ်မျှသာ ရှိသည်။

ဂျာဝါရာတို့ကို အကာအကွယ် ပေးရေးအတွက် ထိုလမ်းမကြီးကို ပိတ်ပစ်ရန် အိန္ဒိယနိုင်ငံ ဗဟို တရားရုံးချုပ်က ၂ဝဝ၂ ခုနှစ်တွင် အမိန့် ချမှတ်ခဲ့သော်လည်း လက်တွေ့ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပါ။ အကယ်၍ လမ်းပိတ်လိုက်လျှင် ကရင်လူမျိုးများ ကဲ့သို့သော မာယာဘန်ဒါဒေသတွင်း နေထိုင်သူများအတွက် အခက်ကြုံရဖွယ် ရှိသည်။ ထို့ပြင် ပို့ဘလဲယားဆိပ်ကမ်းမြို့မှ တဆင့် သင်္ဘောများကို အားထား၍သာ သွားလာကြရဖွယ် ရှိနေသည်။

ကရင်လူမျိုးများက အကြမ်းဖက် လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားခဲ့ရာတွင် ပါဝင်ပတ်သက်ခဲ့ခြင်း မရှိပါ။ သို့သော်လည်း ကရင် ဧဝံဂေလိ ခရစ်ယာန် ဘာသာဝင်များက ဂျာဝါရာတို့ကို လက်ဝါးကပ်တိုင်များ ပေးအပ်ခဲ့သည် ဟူသော သတင်းများ ရှိခဲ့သည်။ ဂျာဝါရာတို့က ၎င်းတို့ ပိုင်နက်ရှိ ငါးများ၊ သီးနှံများကို လာရောက် လုယက် ခိုးယူကြသူများအား ၎င်းတို့ ဘာသာစကား အရ "ဘီမာ" (ဗမာ) ဟုခေါ်ကြသည်။ မြန်မာနိုင်ငံဘက်မှ လှေများဖြင့် လာရောက်ကြသူများကို ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်။ ထိုအထဲတွင် အလယ် အက်ဒမန်ကျွန်းမှ လာရောက်သူများနှင့် ကရင်တံငါ တချို့လည်း ပါဝင်ကောင်း ပါဝင်မည် ဖြစ်သည်။

မည်သို့ဆိုစေ ဝီဘီကျေးရွာလေးက တည်ငြိမ် အေးဆေးလှသော ရွာလေးတခု ဖြစ်သည်။ ကွန်ကရစ် ခင်းထားသည့် လမ်းများ ရှိသည်။ မြင့်မားသည့် အုန်းပင်များ၊ အရိပ်ကောင်းလှသည့် သစ်ပင်ကြီးများလည်း ရှိသည်။ အိမ် အနည်းငယ်ခန့်မှာ ဝါးထရံကာ၊ သက်ငယ်မိုး ဖြစ်သော်လည်း အများစုမှာ ကွန်ကရစ်ခင်း သွပ်မိုးအိမ်များ ဖြစ်သည်။ မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် ကရင် တိုင်းရင်းသားများနှင့် နှိုင်းယှဉ်လျှင် သူတို့ဘဝက အေးဆေး တည်ငြိမ်လှသည်။ ရှုပ်ထွေး ပွေလီ ပြဿနာများ မရှိ။ အေးချမ်းသည့် နိဗ္ဗာန်ဘုံကလေးသဖွယ် ဖြစ်နေသည်။

ဝီဘီရွာရှိ ကရင်အမျိုးသမီးများက အိမ်ထောင် ထိန်းကျောင်းကြသည့် မိခင်များ ဖြစ်ပြီး ဈေးဆိုင်များ ပိုင်ဆိုင် ရောင်းချကြသူများလည်း ဖြစ်နေသည်။ သူတို့က ဧရာဝတီတိုင်း အတွင်း နေထိုင်ကြသည့် ကရင်လူမျိုးများကဲ့သို့ ထဘီနှင့် ဘေးတွင် ကြယ်သီးတပ်ရသည့် ရင်ဖုံးအင်္ကျီကို ဆက်လက် ဝတ်ဆင်နေကြသည်။ ဤကျေးရွာသား အများစုက ကရင် စကား ဆက်လက်ပြောဆိုနေကြဆဲ ဖြစ်သည်။ အများစုက စကောကရင် ဘာသာစကားကို အသုံးပြုပြီး တချို့က ပိုးကရင်ဘာသာကို ပြောဆိုကြသည်။ ကျောင်းသားလေးများအတွက် ကရင်ဘာသာဖြင့် ပြုစုထားသည့် ကျောင်းစာအုပ်များ ရှိသည်။

(ဝဲမှ ယာသို့) ဝီဘီ ကျေးရွာရှိ ဇီယွန် နှစ်ချင်း ခရစ်ယာန် ဘုရားကျောင်း၊ သင်းအုပ်ဆရာ ဦးလူကြီး အထိမ်းအမှတ် ဘုရားကျောင်း၏ အတွင်းပိုင်း မြင်ကွင်း၊ ပစ္စည်းများ စုံလင်လှသည့် ကျေးလက် ဈေးဆိုင်ငယ် (ဓာတ်ပုံများ- Edith Mirante)
အက်ဒမန်ကျွန်းပေါ်ရှိ ကရင်လူမျိုးများက ဟင်ဒီဘာသာ၊ မြန်မာဘာသာ စကား တို့ဖြင့် ပြောဆိုကြသည်။ အင်္ဂလိပ်စကားကိုလည်း မကြာခဏ အသုံးပြုကြသည်။ ကျမ အလည်ရောက်သွားသည့်နေ့သည် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားနေသည့် ထိုကျောင်းလေး၏ စာသင်နှစ် နောက်ဆုံးရက် ဖြစ်နေသည်။ ကြက်သွေးရောင် တူညီဝတ်စုံဝတ် ကျောင်းသားလေးများက လိမ္မော်ရည်၊ စမူဆာများ စားသောက်ပြီး စာသင်နှစ် နောက်ဆုံးနေ့ အထိမ်းအမှတ်ကို ကျင်းပနေကြသည်။ မိသားစုတစုက ကျမကို ဖိတ်ခေါ်သဖြင့် သူတို့အိမ်သို့ လိုက်သွားသည်။ ၎င်းတို့၏ သမီးတဦးဖြစ်သူ တက္ကသိုလ်ကျောင်းသူက ရှိတ်စပီးယား ပြဇာတ်များအကြောင်းကို ကျမနှင့် ဆွေးနွေးပြောဆိုသည်။

မူစလင် နှင့် ဟိန္ဒူဘာသာဝင်များ အကြား အိမ်ထောင်ပြုမှု ရှိသော်လည်း ခရစ်ယာန် ဘာသာဝင် ကရင် လူမျိုး အရေအတွက်က ခိုင်ခိုင်မာမာ ကျန်ရှိနေဆဲ ဖြစ်သည်။ ဝီဘီကျေးရွာတွင် ဘုရားကျောင်း ၂ ကျောင်း ရှိသည်။ ဇီယွန် (Zion) နှစ်ချင်း ခရစ်ယာန်ကျောင်းနှင့် သင်းအုပ်ဆရာ ဦးလူကြီး အထိမ်းအမှတ် ဘုရားကျောင်းတို့ ဖြစ်သည်။ ဇီယွန် နှစ်ချင်း ခရစ်ယာန် ဘုရားကျောင်းက အခိုင်အခန့် တည်ဆောက်ထားသည့် အနီရောင် မျက်နှာစာတွင် အကွက် အပြောက်များဖြင့် မွမ်းမံ ချယ်သထားသည်။ ဘုရားအဝင်မုခ်ဦးနှင့် ဆင်တူသည့်၊ သင်းအုပ်ဆရာ ဦးလူကြီး အထိမ်းအမှတ် ဘုရားကျောင်း၏ အပြာရောင် ဂိတ်တံခါးကို စက္ကူ အလံများဖြင့် ချယ်သထားသည်။

အက်ဒမန်ကျွန်းနေ ကရင်များက မြန်မာနိုင်ငံရှိ အခြေအနေကို ဆွေမျိုးသားချင်းများမှတဆင့် လည်းကောင်း၊ ရေဒီယိုသတင်းများမှ လည်းကောင်း သိရှိနေကြသည်။ ပင်လယ်၏ ဟိုမှာဘက်ရှိ ကရင်လူမျိုးများ၏ အခြေအနေက သူတို့နှင့် လုံးဝ ကွာခြားလှသည်ကိုလည်း သိရှိနေကြသည်။ ဝီဘီကျေးရွာ အတွင်း ကျမ လည်ပတ် ကြည့်ရှုနေစဉ် "ဒေါ်အောင်ဆန်းစုကြည် အခြေအနေ ဘယ်လိုရှိသလဲ" ဟု မေးမြန်းသည်ကိုလည်း ကြုံခဲ့ရပါသေးသည်။

၂ဝဝ၉ ခုနှစ်၊ သြဂုတ်လထုတ် Irrawaddy မဂ္ဂဇင်းတွင် ဖော်ပြထားသော EDITH MIRANTE ၏ Island of Peace ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။

Tuesday, August 25, 2009

စီအိုင်အေ လျှို့ဝှက်ထိန်းသိမ်းရေးစခန်းက ညှင်းပမ်းနှိပ်စက်ပုံများ ထုတ်ပြန်မည်

လတ်တလောနှစ်တွေအတွင်း အမေရိကန်ထောက်လှမ်းရေးရဲ့  လျှိ့ဝှက် အကျဉ်းထောင်တွေထဲမှာ အကျဉ်းသားတွေ ညှင်းပမ်း နှိပ်စက်ခံရတာနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်သစ်တွေကို CIA ထောက်လှမ်းရေးဌာနက ထုတ်ပြန်ဖို့ ရှိနေပါတယ်။

တနင်္လာနေ့မှာ CIA အကြီးအကဲ လူသိရှင်ကြားထုတ်ပြန်မယ့် အစီရင်ခံစာထဲမှာ အကျဉ်းသားတွေကို ရေနစ်နေတဲ့ ခံစားမှုမျိုး ဖြစ်အောင်လုပ်တာ၊ ကွပ်မျက်မယ်ဆိုတာမျိုး ဟန်ပြလုပ်တာ စတဲ့ အကြီးအကျယ် ဝေဖန်ခံနေရတဲ့ နည်းတွေကို သုံးထားတယ်လို့ ဆိုပါတယ်။

ဒီအစီရင်ခံစာကို ၂၀၀၄ခုနှစ်ထဲက အပြီးသတ်ခဲ့ပေမဲ့ အခုချိန်ထိ လျှို့ဝှက်ထားတာဖြစ်ပါတယ်။ CIA အရာရှိတွေဟာ အကျဉ်းသား တယောက်ကို သေနတ်နဲ့ ဟန်ပြ ပြစ်ခတ်လိုက်ပြီး နောက်တခေါက်ဆိုရင် သူ့အလှည့်ပဲလို့ နောက်အကျဉ်းသား အထင်ရောက်အောင် လုပ်ခဲ့တာမျိုးတွေကို အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

သက္ကရာဇ် ၂၀၀၀တုန်းက Yemen မှာအမေရိကန် စစ်သင်္ဘော USS Cole ကိုဗုံးခွဲသူလို့ မသင်္ကာတဲ့ Al Qaeda တပ်မှူးကြီး Abdal Rahim Al Nashiri အပေါ် CIA ထောက်လှမ်းရေးတွေက သေနတ်၊ လျှပ်စစ် လွန်ပူတွေသုံးပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့တာနဲ့ ပတ်သက်ပြီးလဲ အစီရင်ခံစာထဲမှာ ရေးသားထားပါတယ်။

Monday, August 24, 2009

လေတပ်မှ ခွက်ပျောက်စစ်ဗိုလ်များနဲ့ အနာဂါတ်တပ်မတော်

ဗမာ့တပ်မတော်၏ အတွင်းရေးများကို လေ့လာသူများအတွက် စိတ်ဝင်စားစရာကောင်းတဲ့ ဆောင်းပါးတပုဒ်ပါ။ ကိုဖိုးတရုတ် သတင်းစာမျက်နှာမှ ကူးယူဖေါ်ပြသည်။

ဆောင်းပါးရှင် - ဝေဟင် ( ပြည်တွင်း တပ်မတော် လေမှ အရာရှိတစ်ဦး)

ယခင်ဆောင်းပါးများတွင် လေတပ်အတွင်းတွင် အရာရှိအချင်းချင်း ခွဲခြားဆက်ဆံ ခံရမှုနှင့် လမ်းစ ပျောက်နေသော လေတပ်မှ ဘ၀များအကြောင်းကို တင်ပြခဲ့ပါသည်။
၂၉-၅-၂၀၀၉ ရက်နေ့က ထပ်မံထုတ်ပြန်လိုက်သော ကက (လေ)နှင့် ကက(ထူး)တို့ ရဲ့ရာထူးတိုးမြှင့်မှု အမိန့်ပြန်တမ်းတွင် လေတပ်သို့ အမြောက်အမြားခေါ်ယူထားခဲ့သော ၂၀၀၀ ခုနှစ် စစ်တက္ကသိုလ် ကျောင်းဆင်း DSA - 41 နှင့် DSA – 42 မှ လေသူရဲအရာရှိ (၂၀၀) ခန့်ကို ဗိုလ်မှူးအဆင့်သို့ တိုးမြှင့် ပေးလိုက်ပြန်ရာ လေတပ်အတွင်းမှ ဗိုလ်ကြီး အဆင့်မှာပင် အဆင့်တိုးပေး မခံရပဲ ကျိတ်မှိတ် နေကြရသောသူများ၊ ဗိုလ်မှူး အဆင့်မှာပင် ရပ်တန့်နေသောသူများနှင့် အဆင့်တိုးပေးရန် ထည့်သွင်း စဉ်းစားခြင်း မခံရသောသူများ၏ မကျေနပ်သော အသံများ ဆူညံစွာ ထွက်ပေါ်လာခဲ့ပါသည်။

လေတပ်မှာ ပိုင်းလော့အုပ်စု၊ မြေပြင်အုပ်စုဆိုပြီးရှိရာ ပိုင်းလော့အုပ်စုကိုသာ နေရာပေးရာ မကျေနပ်ချက် များလည်း ရှိနေကြပါသည်။ ပိုင်းလော့အုပ်စုမှာပင် MI - 2နှင့် MI – 17 ရုရှားရဟတ်ယာဉ်များ အတွက် ရဟတ်ယာဉ်မောင်း ပိုင်းလော့အုပ်စု ၊ G – 4 ၊ PC 6-7 လေယာဉ်မောင်း ပိုင်းလော့အုပ်စု၊ F – 7 တိုက်လေယာဉ်မောင်း ပိုင်းလော့အုပ်စုတို့ အချင်းချင်းပင် အခွင့်အရေးရပုံချင်း မညီမမျှရှိနေရာမှ နောက်ဆုံး ရုရှားမှ MIG- 29 ခေတ်မှီဂျက်တိုက်လေယာဉ်များ ပေါ်ပေါက်လာပြန်သောကြောင့် အဆိုပါ ဂျက်တိုက် လေယာဉ်များသို့ တက်ခွင့်ရတဲ့ ပိုင်းလော့များအတွက် အထူးအခွင့်အရေး ရရှိခဲ့ပြန်သဖြင့် မကျေနပ်မှုများ ပိုမိုကြီးထွားလျက်ရှိပါသည်။ မည်သို့ပင်ဖြစ်စေ ဗိုလ်ချုပ် မြတ်ဟိန်းကတော့ တင်ပြချက် မှန်သမျှအား မျက်ကွယ်ပြုကာ သူလုပ်ချင်ရာ လုပ်နေဆဲသာ ဖြစ်ပါသည်။

အထူးသဖြင့် လေတပ်ထဲတွင် အရာရှိ အဆင့်တိုးပေးမှုနှင့် ပတ်သက်၍ မမျှတမှု များရှိနေသည့် ဖြစ်ရပ်များစွာ ရှိနေသော်လည်း တိုင်ကြားရန် ခက်ခဲလှပါသည်။ တပ်မတော် ထုံးစံအရ အဆင့်ဆင့် တိုင်ကြားမှု လုပ်ရန် ညွန်ကြားထားသော်လည်း ထိထိရောက်ရောက် ဖြေရှင်းပေးခြင်း မရှိဘဲ အမုန်းသာ အဖတ်တင်ကာ နှိပ်ကွပ်ခံရပါသည်။ ဒါမှမဟုတ် အဆင့်ကျော်ကာ ထိပ်ဆုံးက အကြီးအကဲထံ တိုက်ရိုက် တိုင်ကြားခဲ့ပါကလည်း အရေးယူ ခံရမည့်အပြင် လူကြီးငြိုငြင်ကာ အာဃာတတရားနှင့် ထုထောင်းခံရမည် စိုးသည်က တကြောင်းတို့ကြောင့် သာမန်အရာရှိများအတွက် မကျေနပ်ချက်ကို ဖေါ်ထုတ်ရန် ခက်ခဲ လှပါသည်။

လေတပ်တွင် စက်မှုလက်မှုဌာနခွဲ၌ အရာရှိ ၄၀၀ ခန့်ရှိပြီး ၃၀၀ ခန့်မှာ တပ်မတော်နည်းပညာတက္ကသိုလ် DSTA ကျောင်းဆင်း အရာရှိများပင် ဖြစ်ပါသည်။ ကျန် ၁၀၀ ခန့်အနက် အရာရှိ ၃၀ ခန့်မှာ ခွက်ပျောက်နေသော Senior အရာရှိများ ဖြစ်ကြပါသည်။ ရေတပ်တွင်လည်း ထိုသို့သော ပြဿနာများရှိပါသည်။ ရေတပ်မှာ သင်္ဘောတက်အုပ်စုနှင့် မြေပြင်အုပ်စု အခွင့်အရေးရမှု ကွဲပြားခြားနားမှု ရှိရာ ထုထည်ကြီးမားသော ယာဉ်ဖြစ်သည့် အားလျော်စွာ သဘောင်္နှင့်ဆက်စပ်သော ပညာ သည်အုပ်စု မြောက်မြားစွာ ရှိသဖြင့် ပိုမိုရှုပ်ထွေးကာ ခွဲခြားဆက်ဆံခံနေရပါသည်။

သာမန် အရာရှိများသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲပြီးက ဖြစ်ပေါ်လာမည့် အပြောင်းအလဲ၌ တပ်မတော်အတွက် ကောင်းမွန်သော ခေါင်းဆောင်မှုနှင့် မျှော်လင့်ချက်များအတွက် အကောင်းမြင်စွာ စောင့်မျှော်နေကြပါသည်။ ကိုယ်တိုင် စစ်ဗိုလ်ချုပ်များ၏ ဖိနှိပ်မှု၊ ထင်ရာစိုင်းမှုများကို ခံစား နေကြရသူများဖြစ်ရာ ယနေ့ပြည်သူတို့၏ ဘ၀ကို နားလည် စာနာနိုင်သူများအဖြစ်လည်း တွေ့ခဲ့ရပါသည်။ မူဝါဒအမျိုးမျိုး ပြောင်းလဲမှု၏ သားကောင်ဖြစ်ခဲ့ရသော ခွက်ပျောက် စစ်ဗိုလ်များကလည်း အသက်ကန့်သတ်ဖြင့် အရပ်ဘက်သို့ အပြောင်းခံရသည်ထက် တပ်မတော်သားပီသစွာ အဆင့်ဆင့်သော တပ်တွင်းရာထူးကိုသာ လက်ခံထမ်းဆောင်ချင် ကြပါသည်။

နိုင်ငံတကာရှိ တပ်မတော်များသည် ဂျက်တိုက်လေယာဉ်တစ်စင်း စက်ချို့ယွင်း၍ လေထဲတွင် ပြဿနာ ဖြစ်နေချိန်၌ ငွေကြေးနှင့်အချိန် ကြီးမားစွာ မြုပ်နှံလေ့ကျင့် ထားရသည့် လူကိုသာ တန်ဖိုးထားကာ ပိုင်းလော့အား အရေးပေါ်ထိုင်ခုံ ခလုပ်ကို နှိပ်ခိုင်းပြီး အဆိုပါလေယာဉ်ပေါ်မှ လေထီးနှင့် ခုန်ထွက်ခိုင်းစေပါသည်။ မြန်မာ့ တပ်မတော်မှာမူ လူထက် လေယာဉ်ကို တန်ဖိုးထားသဖြင့် အသက်စွန့်သွားရသည့် ပိုင်းလော့များစွာရှိရာ အရာရှိတိုင်းလိုလို နှမြောတသ ဖြစ်လျက်ရှိနေကြပါသည်။

ပို၍ ဆိုးဝါးသည်မှာ ဗိုလ်ချုပ်ချင်းအတူတူ ကြည်းတပ်က ဗိုလ်ချုပ်များသာ ထိပ်ပိုင်း နေရာများ၌ တန်းစီပိတ်ကာ နေရာယူကြထားပြီး သမိုင်းကြောင်းတလျှောက် ကြည်းတပ် ဗိုလ်ချုပ်များက လေတပ် ဗိုလ်ချုပ်များကို သီးခြားလူတန်းစားနှင့် ပညာသည် လူတန်းစား အမြင်မျိုးသာ သဘောထားကြပါသည်။ လေတပ် ဗိုလ်ချုပ်ကို ဖွဲ့စည်းပုံအရသာ ထားရှိပြီး လုပ်ပိုင်ခွင့် ဘာမျှမပေးသည့် သဘော တွေ့နေရပါသည်။

ထိုသို့ဆိုလျှင် တပ်မတော်အတွင်းရှိ ထိုထိုသော ညီနောင်များအတွက် တခုခုတော့ လုပ်ပေးသင့်ပါသည်။ လက်ရှိအချိန်တွင်တော့ ပြည်သူများ သိစေရန် စာမျက်နှာပေါ် တင် ပေးရုံမျှသာ တတ်နိုင်ပါသေးသည်။ ထိုထက်ပို၍ တတ်နိုင်သော ညီနောင်များကလည်း နည်းလမ်းပြသ ကူညီပေးလိုက်ကြပါ။ ညီညွတ်ခြင်းသည် အင်အားဖြစ်ပါသည်။

RFA အသံလွင့်ဌာနမှ DKBA နှင့် KNU ပြန်လည်ပူးပေါင်းရန် အလားအလာရှိသတင်းအား ရန်ကုန်မြို့ခံလူထု အထူးစိတ်ဝင်စား

ယနေ့ ထုတ်လွှင့်  ခဲ့သော ( RFA ) အသံလွှင့် ဌာန မှ ဆက်သွယ် မေးမြန်းချက် တခု ဖြစ်သည့်  KNU နှင့်  DKBA ပြန်လည်ပူးပေါင်းနိုင်ဖွယ်အလားအလာရှိ သည်ဟူသော သတင်းအားရန်ကုန် မြို့ နေ လူထုမှ အထူး စိတ်ဝင်စား လျှက်ရှိပြီး ကရင်အမျိုးသားအချင်းချင်း ပြန်လည်သွေးစည်းညီညွှတ်သွားကြစေရန်လည်းမျှော်လင့်  နေကြသည်ဟု ရန်ကုန်မြို့  နေလူထုများ ထံမှ ယနေ့  ကြားသိရပါသည် ။
ကရင် အမျိုးသားအချင်းချင်း စိတ်ဝမ်းကွဲအောင်လုပ်ကာ တဖက်နှင့် တဖက်ပြန်လည်ပြီး ကရင်အမျိုးသားတို့  ၏ အသက်သွေး များကို လေးမထားပဲ တိုက်ခိုက်နေကြစေရန် သွေးထိုးလှုံ့ ဆော် နေခြင်းသည် စစ်အုပ်စု ၏ ယုတ်မာသောလုပ်ရပ်တခု အဖြစ် ပြည်သူများက နားလည်သဘောပေါက်နေကြပါသည် ။

ယခုကဲ့သို့  ကရင်အမျိုးသားအချင်းချင်း ပြန်လည် တိုက်ခိုက်နေခြင်းသည် မြည်မာပြည်၏ ဆိုးရွားလှသည့် စိတ်ဝမ်းကွဲမှု့  တခု ဟု ထင် မှတ်နေကြပြီး ကရင်အမျိုးသားအချင်းချင်း ပြန်လည်သွေးစည်းညီညွှတ်ရေးမှ အစပြုကာ မြန်မာတပြည်လုံးရှိ တိုင်းရင်းသားများ ပြည်လည်သွေးစီးညီညွှတ်ရေးကို ကရင်အမျိုးသားများမှ စတင် အကောင် အထည်ဖော်နိုင်ပါက မြန်မာပြည် ၏ တိုင်းရင်သားသွေးစည်းညီညွှတ်ရေး အစစ်အမှန်၏ လမ်းသစ် ကို စတင်ဖောက်နိုင် ခြင်းဖြစ်မည်ဟု ရန်ကုန်မြို့ ရှိ နိုင်ငံရေးစိတ်ဝင်စားသူများနှင့် စစ်မှန်သောမျိုးချစ်စိတ်ရှိသည့် ပြည်သူများထံမှ ယနေ့  သုံးသပ် ချက်များကို ကြားသိနေရပါသည် ။
RFA အသံလွှင့်ဌာန ၏ ဆက်သွယ်မေးမြန်း ချက်ကိုနားဆင်လိုပါ က
http://www.rfa.org/burmese/news/Interview_with_KNU_and_DKBA_leader_over_possibility_of_reunion-08222009195236.html

Sunday, August 23, 2009

ယနေ့  KNL JAPAN 2009 ငွေစာရင်းရှင်း ...ကရင်စာပေ သင်ကြား

၂၃.၈.၂၀၀၉ KNL JAPANသတင်းစဉ်
ယနေ့ KNL JAPAN 2009 ငွေစာရင်း ကို စာမျက်နှာ ၆ ဖြင့် ရေးသားရှင်း လင်းသည်..
ငွေစာရင်းရှင်းတန်းတွင်
ကရင်လူမျိုးများအား ကူညီမှု...
လူမှုရေးထောက်ပံမှု...
ကရင်လူမျိုးများအားစည်းလုံးညီညွှတ်ရန်တက်အားသရွှေ့  ကြိုးပမ်းမှု..
နိုင်ငံတကာနှင့် ဆက်ဆံမှုတစ်ချို့ အားရေးသားထားပါသည်။ ။
.
..ကရင်စာပေ ကို စောဘလှသိန်း သင်ကြားပေးသည်။
Kameido တွင်ပြုလုပ်ပါသည်...
KNL JAPAN အဖွဲ့ ဝင်များသာ အပန်းဖြေခရီးထွက် ရန်ကြိုတင်စီစဉ်ကြသည်...

မုဒိသာပွားနိုင်ရန်တင်ပြပါသည်။

KNL (japan) မှ ကြိုဆိုလျှက်ပါ...

ကောင်းသော message ရန်ရှာသော message ...KNL japan wedpage ကိုဖျက်ဆီးလိုသူများ မည်သူမဆို လှိုက်လှဲစွာ ကြိုဆိုလျှက်ပါ.......KNL japan တွင်ဟုမ်းဆာဗာ ပြုလုပ်တပ်ဆင်ထားပါသည်...wedpageတစ်ခု ကိုတည်ဆောက်ရန် ၂ နာရီ သာကြာပါသည်။
မည်သူမဆိုတည်ဆောက်လိုလျှင် ပြုလုပ်ပေးပါမည်...
KNL japan wedpage အတွက်အတွေ့ အကြုံသစ်များ အလိုရှိပါသည်။ ကြာပြီဖြစ်အသစ်လုပ်ရန်အသင့်ဖြစ်လျှက်...
message ဘောက်တွင်ရေးထားသည်ကို ပြန်လည်ရေးသားခြင်းသာ ......မည်သူမဆို လှိုက်လှဲစွာ ကြိုဆိုလျှက်ပါ......
တစ် ခုပျက် တော့
နှစ် ခု လာ
သုံး ခုလုပ် ရန် အသင့်....စောင့် လျှက်...