Friday, March 26, 2010

Who is Dr Simon Tha?

တပ်မတော်နေ့ အခမ်းအနား ပြည်ပသတင်းထောက်များခွင့်ပြု

ဖနိဒါ | ကြာသပတေးနေ့၊ မတ်လ ၂၅ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၅၃ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်တွင် ကျင်းပမည့် ယခုနှစ် တပ်မတော်နေ့ အခမ်းအနားသို့ ပြည်တွင်း သာမက ပြည်ပသတင်းထောက်များပါ တက်ရောက်ခွင့်ရမည်ဟု ပြည်တွင်းဂျာနယ်အသိုင်းအဝိုင်းမှ သိရသည်။

ယခုလ ၂၃ ရက်နေ့၌ စာပေစိစစ်ရေးဌာန ညွန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေက ပြည်တွင်းဂျာနယ်များမှ တာဝန်ရှိသူများကို စာပေစိစစ်ရေးရုံးသို့ ခေါ်ယူ၍ ပြောကြားခဲ့သည်ဟု အယ်ဒီတာတဦးက ပြောသည်။

“အစည်းအဝေးက တနေ့က နေ့လည်တနာရီမှာခေါ်တာ။ ကြိုတင်ပြီးတော့ မှတ်ပုံတင်၊ ကိုယ်ရေး ရာဇဝင်တွေ ကြိုတင်ယူထားတယ်။ တတိုက်တယောက်တက်ဖို့ ပြောပါတယ်။ ဒီနှစ်ထူးခြားတာက ဒီမှာရှိတဲ့ နိုင်ငံခြားသတင်းထောက်တွေရယ်၊ ဘန်ကောက်မှာရှိတဲ့ နိုင်ငံခြားသတင်းဌာန အေပီ၊ ရိုက်တာတို့ပေါ့” ဟု ပြည်တွင်း ဂျာနယ် အယ်ဒီတာက မဇ္ဈိမကို ပြောသည်။

ယခုလ ၂၇ ရက်နေ့ ကျရောက်မည့် ၆၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် တိုက်ပုံအဖြူနှင့် အဝါနုရောင်ကိုသာ ဝတ်ခွင့်ပြုထား ပြီး ညစာစားပွဲတွင် တိုက်ပုံအနက်ရောင်နှင့် ခေါင်းပေါင်းပေါင်းရန် မှာကြားခဲ့သည်ဟုလည်း ဆိုသည်။

ခရီးစားရိတ်၊ စားသောက်စားရိတ်နှင့် တည်းခိုခများအတွက် ယခင်နှစ်က စာပေစိစစ်ရေးကို ကျပ် ၇ သောင်းပေးရသော်လည်း ယခုနှစ်တွင်မူ ၈ သောင်းပေးရမှာဖြစ်သည်။ ယခင်နှစ် က စစ်အစိုးရနှင့် နီးစပ်သည့် ဂျာနယ်တိုက်များကိုသာ တက်ရောက်ခွင့်ပြုခြင်းလည်းဖြစ်သည်။

“၈ သောင်းက ၂၆ ရက်နေ့ည လမ်းမှာ စားတာသောက်တာတွေပါမယ်။ တည်းခိုခလည်းပါတယ်။ မနှစ်က ၇ သောင်း။ နိုင်ငံခြား သတင်းထောက်တွေ နေပြည်တော်စရောက်ခါစက တခါတက်ခွင့်ရ တယ်။ ၂ဝဝ၅ ခုနှစ်ကပေါ့။ အဲဒီနောက်မပေးတော့ဘူး။ ဒီနှစ်ပြန်ခေါ်တာ” ဟု သူကပြောသည်။

တပ်မတော်နေ့ သတင်းသွားယူမည့် သတင်းသမား ၆ဝ ဦးခန့်သည် မနက်ဖြန်တွင် Express ကားဖြင့် အတူသွားကြရန် စီစဉ်ထားပြီး Yangon Media Group မှ ယခုနှစ်အတွက် စားစရိတ်ကို တာဝန်ယူ စီစဉ်ပေးသည်ဟု သိရသည်။ ရန်ကုန်အခြေစိုက် သတင်းဂျာနယ်များသည် အနည်းဆုံး ၃ဝ ခန့် ရှိသည်။

တပ်မတော်နေ့ အခမ်းအနားသို့ စာပေစိစစ်ရေးတွင် မှတ်ပုံတင်ထားသည့် ဓါတ်ပုံကင်မရာ၊ ဗီဒီယို ကင်မရာများကိုသာ ယူဆောင်သွားခွင့် ရှိမည်ဟုလည်း ဆိုသည်။

အလားတူ အခမ်းအနားတွင်လည်း သတ်မှတ်ထားသည့် နေရာတွင်သာ သတင်းထောက်များအား ရိုက်ခွင့်ရှိကြောင်းနှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျွေးမည့် တပ်မတော်နေ့ အထိန်းအမှတ် ညစာစားပွဲသို့ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းများအဖွဲ့ဝင်များသာ တက်ရောက်ခွင့် ရမည်ဟု သိရသည်။

ဒေါက်တာတင်ထွန်းဦး၊ ဦးကိုကို၊ ဦးဟိန်းလတ်တို့ တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။ တပ်မတော်နေ့ အခမ်းအနား၌ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယခုနှစ် ရွေးကောက်ပွဲအကြောင်းသာ ပြောမည်ဟု အယ်ဒီတာ တဦးက ခန့်မှန်းပြောဆိုသည်။

ပြည်တွင်းဂျာနယ်သတင်းထောက်များအား ခေါ်ယူခြင်းသည် သတင်းလွတ်လပ်စွာ ရယူနိုင်ခြင်း မဟုတ်ဘဲ၊ ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေထွက်လာပြီးနောက် ပြည်တွင်းပြည်ပ ဝေဖန်မှုများကို တုံပြန် ရန်သာဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့သတင်းသမဂ္ဂ ဒုဥက္ကဌ ဦးဇင်လင်းက သုံးသပ်သည်။

“ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်းပြည်ပ ဆူညံနေတယ်။ ဒါကို တပ်မတော်နေ့ မိန့်ခွန်းမှာ တုံ့ပြန်တဲ့သဘောထားတွေကို ပြည်တွင်း မီဒီယာကို အသုံးချပြီးတော့ ဝါဒဖြန့်ဖို့ပဲ ခေါ်ယူ အသုံးချတယ်လို့ပဲ မြင်တယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

Over 300 villagers flee from MOMC.7 offensive in Pegu Division

March 25, 2010

.According a HURFOM field reporter in the area. MOMC No. 7’s military column No. 1 began a fresh offensive against Karen National Union (KNU) battalions in the region around Kyuakkyi’s Singa village, a Karen settlement comprised of 70 household. After the battalion began shooting villagers on sight on March 5th of this year, suspecting them of being KNU soldiers, a large portion of the village’s population fled to the safety of the surrounding jungle, where they report that they are living without sufficient food or medical care.

According to a Karen National Libration Army (KNLA) captain who asked that his name be withheld, “the SPDC’s [State Peace and Development Council] column No. 1, under the command of MOMC no. 7 which is based in Kyaukkyi, started actions in Singa village in early March. On March 5th, Column No.1 troops started shooting inside the village with heavy weapons at 2:00 PM. As a result, about 314 villagers have left their homes [by the third week of March] and are hiding in the jungle. “

KNU sources reported to HURFOM that the villagers are afraid to return to Singa village to access their food supplies, and currently are suffering from a dramatic lack of food supplies in their refuge in the jungle. Most Singa villagers own beetle nut farms and durian fruit orchards; the area contains roughly 117 farms. Fleeing to the safety of the jungle means that they have had to abandon their crops.

A Singa villager named Saw Ru Bee (not his real name), 54 years old, told HURFOM’s reporter, “The military troops have already commanded to the villagers that if they see the villager in either the jungle or on their farms, they will shoot them immediately [on suspicion of being KNU soldiers]. In the past, they have already shot four of our villagers because they mistook them [for KNU soldiers]. The villagers do not dare to live in the village because the troops always make trouble for them, if they see the villagers in the village. I think, now they have already burned our home down.”

“In the last three months, our family has already fled [from Burmese military battalions into the jungle] three times, including this time. I feel very sad for my children. They don’t understand what is happening.” he added.

ကိုယ့်ထောင်ချောက်ထဲ ကိုယ်မိနေတဲ့ နအဖ

မောင်သြ - ၂၅/ မတ် ၂၀၁၀

အန်အယ်လ်ဒီ နိုင်ငံရေးလမ်းဆုံး ရောက်ပြီလား၊ ဒါမှမဟုတ် နအဖစစ်အစိုးရကော နိုင်ငံရေး ဆူးခင်းလမ်းပေါ် နင်းမိပြီလား၊ ယနေ့ အဲဒီအဖြေနှစ်ခုကို စဉ်းစားကြည့်ကြရအောင်။

အားလုံးက တမျှော်ထဲ မျှော်နေကြတဲ့ နအဖရဲ့ ရွေးကောက်ပွဲဆိုင်ရာ ကော်မရှင်ဥပဒေများ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေများနှင့် လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများကို မတ်လ (၈) ရက်နေ့စွဲနဲ့ အစိုးရသတင်းစာကြီးတွေမှာ အချပ်ပိုအနေနဲ့ ထည့်သွင်းထုတ်ပြန်လိုက်တာ တွေ့ရပါတယ်။

နိုင်ငံရေးစိတ်ဝင်စားသူတိုင်း (ပြည်သူတချို့) နှင့် နိုင်ငံရေးပါတီများမှ နိုင်ငံရေးသမားများ၊ ရဟန်းသံဃာများ၊ ကျောင်းသားများ ဖတ်မိကြပြီး တအံ့တသြဖြစ်ကုန်ကြရတာ တွေ့ရတယ်။

တူညီတဲ့အသံတခုကတော့ နအဖစစ်အစိုးရက အာဏာလက်ကိုင်ထား အပေါ်စီးအနေနဲ့ အန်အယ်လ်ဒီအဖွဲ့ကို စနစ်တကျ အကွက်ချပြီး နှစ်ခြမ်းကွဲအောင်နှင့် ပျက်စီးပြိုကွဲသွားအောင် ဥပဒေတွေနဲ့ ဖန်တီးလုပ်ကြံလိုက်တာပါပဲလို့ ကွင်းကွင်းကွက်ကွက် ရှင်းရှင်းလင်းလင်း အထင်းသား မြင်တွေ့နေကြ၊ ပြောဆိုနေကြတာတွေကို ကြားမြင်နေရတာပါပဲ။ အဓိက အကျပ်အတည်း တွေ့ရတာကတော့ အန်အယ်လ်ဒီပါပဲ။ အဲဒီလိုဖြစ်အောင်လည်း ဗိုလ်သန်းရွှေနဲ့အပေါင်းအပါ (လူမိုက်ကြီးများ) က ကောက်ကျစ်ယုတ်မာမှု သရဖူဆောင်းလောက်အောင် မီးကုန်ယမ်းကုန် ကြမ်းလိုက်တာပါပဲ။

အဲဒီမှာ အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းနှင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေများ၊ ပါတီများ မှတ်ပုံတင်ခြင်းဥပဒေများ တိုက်ရိုက်ထိတွေ့ ၀ိရောဓိဖြစ်လာတာတွေ့ရပြီး အန်အယ်လ်ဒီက မိမိရေးဆွဲထုတ်ပြန်ထားတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကို ပစ်ပယ်မှာလား၊ နအဖရဲ့ သံခြေကျင်းခတ် ဒရွတ်တိုက်ဆွဲခေါ်သွားမယ့် ရွေးကောက်ပွဲ တင်းကုပ်ထဲကို လိုက်ပါခံမလား၊ မိမိပါတီအဖွဲ့အစည်းရဲ့ အဓိက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီတိုက်ပွဲဝင် သူရဲကောင်း ရဲဘော်ရဲဘက် တွေကို အကျဉ်းခံဘ၀ထဲက မျက်နှာတွေကို မထောက်ဘဲ ပါတီဝင်အဖြစ်မှ ထုတ်ပယ်ပြီး နအဖရဲ့ ကြိုးဆွဲရာကရမယ့် ရုပ်သေးရုပ် ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲဝင် ပါတီမှတ်ပုံတင်ကြမှာလား။

အန်အယ်လ်ဒီသည် ၉၀ ပြည့်နှစ် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှ တရားဝင် အနိုင်ရရှိထားသော (ပြည်သူတို့ရဲ့ သဘောထားဆန္ဒအမှန်) Mandate ကို နအဖရဲ့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း (၁၆) အပိုဒ် (၉၁) အရ ဖျက်သိမ်းတာကို သဘောတူလက်ခံလိုက်ပြီလား။

အန်အယ်လ်ဒီဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းပါ ဒီမိုကရေစီ ကျင့်စဉ်နှင့် မညီညွတ်သော အချက်များကို Preview ညှိနှိုင်းပြင်ဆင်ပေးရန် တောင်းဆိုကမ်းလှမ်းထားသော ရွှေဂုံတိုင်ကြေညာစာတမ်းပါအချက်ကို မျက်ကွယ်ပြု သစ္စာဖောက်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း (၂) အပိုဒ် (၆) (ဂ) မှ အသက်မ၀င်သေးသော (တရားမ၀င်သေးသော) ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည်ဆိုသည့်အချက်ကို မျက်စိမှိတ် ခေါင်းညိတ်ဝန်ခံကတိပေး လက်မှတ်ထိုးကာ ပါတီမှတ်ပုံတင်တော့မှာလား။

နအဖထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပါအချက်များမှ တချို့မှာ အန်အယ်လ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အဓိက ပစ်မှတ်ထား ရေးဆွဲထားတဲ့အတွက် ရှေ့မတိုးသာ နောက်မဆုတ်သာ အခက်အခဲ အကျပ်အတည်းနှင့် တွေ့ရပြီး ရှေ့တိုးလျှင်လည်း ပါတီဖျက်သိမ်းခံရမယ်၊ နောက်ဆုတ်ပြန်ရင်လည်း မိမိတို့ရဲ့ ဆုပ်ကိုင်ထားတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းပါ အချက်များ၊ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဝင်ရဲဘော်ရဲဘက်များ အားလုံးအပေါ် သစ္စာဖောက်ရာကျမယ်၊ ဂုဏ်သိက္ခာကျဆင်းမယ်၊ ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုများရဲ့ ၀ိုင်းပယ်ခြင်းကို ခံရမယ်၊ ဖိအားပေးဝိုင်းဝန်းနေကြတဲ့ ကမ္ဘာ့နိုင်ငံကြီးများ၊ အဖွဲ့အစည်းများရဲ့ ဆောင်ရွက်ပေးမှုများလည်း လျော့ကျပျက်စီးသွားနိုင်မယ်။

အခုလို ဥပဒေတွေ ထုတ်ပြန်လိုက်ခြင်းဟာ အန်အယ်လ်ဒီရဲ့ အနှစ် (၂၀) ကျော် နိုင်ငံရေးလှုပ်ရှားမှုသက်တမ်း အနားသပ်ဖို့အတွက် Do (or) Die ပါပဲ။ ပြတ်ပြတ်သားသား ဆောင်ရွက်ရမယ့် အချိန်ရောက်ပြီ။ ၂၉-၀၃-၂၀၁၀ နေ့မှာ အန်အယ်လ်ဒီအဖွဲ့ချုပ်ရုံးမှာ ဗဟိုဦးစီးအဖွဲ့ဝင်တွေနဲ့ ပါတီမှတ်ပုံတင်ရေး၊ မတင်ရေး မဲခွဲဆုံးဖြတ်မယ်လို့ ကြားရပါတယ်။ အဲဒီမှာ အများဆန္ဒကို အနည်းစုက လိုက်လျောရပါလိမ့်မယ်။ အန်အယ်လ်ဒီရဲ့ နောက်ဆုံး စွန့်စားမှုတခုလို့ ဆိုရပါတော့မယ်။

နအဖကတော့ အပေါ်စီးကနေ ငါလုပ်ချင်တာလုပ်လို့ရပြီ။ မင်းတို့ ဘာတတ်နိုင်သေးလဲ ဆိုတဲ့အတွေးနဲ့ မိန်းမောနေမယ်ဆိုရင် ခပ်ရိုင်းရိုင်းဥပမာနဲ့ပဲ ပြောလိုက်ပါရစေ။ ချောင်ပိတ်အရိုက်ခံရတဲ့ ခွေးဟာ မိမိထွက်ပေါက်အတွက် အသေခံပြီး ပြန်ကိုက်တတ်တယ်ဆိုတာ နအဖဗိုလ်ချုပ်ကြီးတွေ သိထားဖို့ကေင်းပါတယ်။

အဲဒီဥပမာအတိုင်းပါပဲ။ အန်အယ်လ်ဒီဟာ ချောင်ပိတ်ခံနေရပေမယ့် ဒု-ဥက္ကဋ္ဌကြီး ဦးတင်ဦးပြောသလို ကျနော်တို့မှာ ထွက်ပေါက်ရှိပါသေးတယ်ဆိုတဲ့အတိုင်း အန်အယ်လ်ဒီရဲ့ ထွက်ပေါက်က အချိန်တန်တော့ နပိန်ကန်လာတော့မှာပါ။ အန်အယ်လ်ဒီဟာ နိုင်ငံရေးလမ်းမဆုံးသေးပါဘူး။ ပါတီမရှိပေမယ့် ပြည်သူရှိရင် အန်အယ်လ်ဒီရှိတယ်။ အန်အယ်လ်ဒီနောက်မှာ ပြည်သူဟာ ထပ်ချပ်မကွာ တော်လှန်ရေးစိတ်ဓာတ်နဲ့ အမြဲပူးကပ်နေမှာပါ။

နိုင်ငံရေးဆူးခင်းလမ်းပေါ် နင်းမိနေတဲ့ နအဖကတော့ ကိုယ်သွားနေတဲ့လမ်းဟာ အဖြောင့်လား၊ အကောက်လား မသိသလို ကိုယ်စီးတဲ့ မြင်းဟာလည်း အထီးမှန်း အမမှန်း မသိဖြစ်နေတာ သနားစရာ ကောင်းလှပါတယ်။

ဟန်တလုံး ပန်တလုံးနဲ့ ကြေညာချက်တွေ (မှတ်ပုံတင်ဥပဒေ) ထုတ်ပြန်လိုက်တယ်။ ဟုတ်လှပြီမှတ်လို့ ပြည်တွင်းကရော၊ ပြည်ပအင်အားစုတွေ၊ အာဆီယံနိုင်ငံတွေ၊ အီးယူ၊ ဗြိတိန်၊ သြစတြေးလျ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကပါ ၀ိုင်းကန့်ကွက်ကြလို့ မကြာမီ ကုလသမဂ္ဂမှာ မြန်မာ့မိတ်ဆွေနိုင်ငံများ (၁၄) နိုင်ငံခေါ်ပြီး အစည်းအဝေးကျင်းပရတော့မယ်။ ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဂေါ်ဒွင်ဘရောင်းကလည်း မြန်မာ့အရေးဆွေးနွေးဖို့ ကုလသမဂ္ဂအရေးပေါ်အစည်းအဝေး အမြန်ဆုံးခေါ်ယူ ကျင်းပပေးဖို့ ကုလအတွင်းရေးမှူးဆီ တင်ပြထားတာ မကြာမီခေါ်ယူဖို့ စီစဉ်နေကြောင်း ကြားရပါတယ်။

အာဆီယံ နိုင်ငံများကလည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာအရေးဆွေးနွေးဖို့ အာဆီယံအရေးပေါ် အစည်းအဝေး ကြားဖြတ်ခေါ်ယူကျင်းပပေးရန် အာဆီယံအလှည့်ကျ အတွင်းရေးမှူး ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးကို တောင်းဆိုတင်ပြထားပါတယ်။

ဒါက နအဖရဲ့ ပြင်ပကမ္ဘာရဲ့ သဘောထားတွေပါ။ ဒါတောင် မကြာမီ (လကုန်ပိုင်း) လာမယ့် တရုတ်နိုင်ငံ ၀န်ကြီးချုပ် ၀မ်ကြမ်းပေါင်ကလည်း ဘာတွေ လာဆွေးနွေးဦးမယ်ဆိုတာ မသိနိုင်သေးဘူး။

ကောင်းပြီ။ ပြည်တွင်းက နယ်ခြားစောင့်တပ်ထားရှိရေးကိစ္စနဲ့ကော တိုင်းရင်းသားအဖွဲ့တွေနဲ့ အဆင်ပြေရဲ့လား။ နအဖစစ်တပ်အစိုးရဟာ ပြည်တွင်းက ငြိမ်းချမ်းရေးယူထားတဲ့ ၀၊ ကိုးကန့်၊ မိုင်းလား၊ ကချင် (ကေအိုင်အို)၊ ရှမ်း (အက်စ်အက်စ်အေ)၊ ကရင်၊ မွန် တိုင်းရင်းသားတွေနဲ့ အခုတော့ ပြဒါတလမ်း သံတလမ်းဖြစ်နေပြီ။ နအဖအဖို့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်။

နိုင်ငံရေးမှာလည်း အန်အယ်လ်ဒီက သူဖြစ်ချင်သလို ဖြစ်မလာ၊ နယ်ခြားစောင့်တပ် ပြည်တွင်းကိစ္စမှာလည်း သူလုပ်ချင်သလို လုပ်မရတာ၊ ကမ္ဘာ့နိုင်ငံကြီးတွေကလည်း သူ့လုပ်ရပ်အပေါ် မကျေနပ်မယုံကြည်။ တိုင်းရင်းသားအဖွဲ့တွေနဲ့ တိုက်လားခိုက်လား လုပ်လာရင် ပြည်တွင်းစစ်က မလွဲဧကန် ဖြစ်မှာ သေချာတယ်လို့ ပြောကုန်ကြပြီ။

အတိုက်အခံအင်အားစု၊ ပြည်တွင်းအင်အားစု၊ အဝေးရောက်ဒီမိုကရေစီအင်အားစု၊ ကမ္ဘာ့နိုင်ငံကြီးများအင်အားစု …. ရန်သူပတ်ခြာဝိုင်းရံလျက်ရှိတဲ့ နအဖစစ်အစိုးရ ဆူးခင်းလမ်းပေါ်မှာ နင်းရင်း နင်းရင်း ကိုယ့်ရှူးကိုယ့်ပတ်၊ ကိုယ့်အတတ်နဲ့ ကိုယ်စူး၊ အရူးမီးဝိုင်းဘ၀နဲ့ ကိုယ်ထောင်လိုက်တဲ့ ထောင်ချောက်ထဲ ကိုယ်ပြန်နင်းမိနေလို့ သနားတယ်…သနားတယ် သွပ်…သွပ်…သွပ်။ (အီကြာကွေး စကားလုံး ယူသုံးမိလို့ တမလွန်က ခွင့်လွှတ်ပါ ဆရာကွေးရေ…)
ခေတ်ပြိုင်သတင်းမှ

February 2010

February 2010

စောဘဦးကြီးရဲ့မူလေးချက်ကဗျာ

ကရင်တို့ရဲ့ဖခင်ဟာ

စောဘဦးကြီးပါ

နောင်လာနောင်သား မြေးမြစ်များ

မူလေးချက်ကို အမွေထား

တရားမျှတ ကရင်ပြည်

မုချ ပြည့်ရမည်

အညံ့ခံသည့် ဆိုစကား

ဒို့များအလျဉ်း မပြောကြား


ကရင်ကိုင်တဲ့ လက်နက်ဟာ

ကရင့်လက်ထဲမှာ

ကိုယ့်ကံကြမ္မာ တိုးတက်ရေး

ကိုယ့်ခွန်အားဖြင့် ဖန်တီးပေး

ဘဦးကြီးရဲ့ ထိုအမွေ

စွဲမြဲပါစို့လေ

ဒို့ကျောင်းသားတွေ လက်ကိုင်စွဲ

ထိန်းသိမ်းစောင့်ရှောက်စဉ်အမြဲ။

BEHIND JAPANESE LINES IN BURMAby Christine Bassett

You are browsing in:
Archive List > British Army

Contributed by Christine Bassett
People in story: MAJOR ROY W. WILSON M.C.
Location of story: Burma
Background to story: Army
Article ID: A8059782
Contributed on: 27 December 2005
Major Roy W. Wilson, Burma

My father, Roy Wilfred Wilson, was born
16.09.1913 Hemel Hempstead, Herts. He died 13.03.2001 Bexleyheath, Kent. His civilian life and his lifetime hobby was as an Artist and during the war he made a number of sketches of his men and his friends. I have his sketches of the following: Lt. RJQ Ambrose, Dusty Miller 163 OCTU, Jack Obee, Ernie Sirett, Sgt Rose.

In 1939 he became a Fireman. Then later was in the ‘holding’ Battalion of the Royal Irish Fusiliers. In 1941 he was a 2/Lieut 6th Battalion Royal Irish Fusiliers. Spent six weeks in Northern Ireland. In 1941 he became Captain and Instructor of 166 OCTU, Douglas, Isle of Man, but was keen to join battle.

He volunteered to go to Burma with S.O.E., and subsequently, having parachuted into the Karen hills some 200 miles behind the Japanese lines, he carried out many dangerous missions. He operated with Major Turrall in the foothills east of Sittang. I have been given to understand that at one time my father was also parachuted into the jungle to to find and assist an injured Officer.

He was with Force 136 — BOMYA. WO373 and gained the M.C., awarded 07.11.1946 for Gallantry and Distinguished services with SACSEA Force.

He is mentioned a number of times in the book ‘Undercover in the Jungle’ by John Bowen, according to whom he was involved in several spectacular ambushes, but later his entire area was overrun and he had to go into hiding in the jungle, where he existed on shoots and roots, at one time watching whilst the Japanese looted his old camp.

In the book 'Jungle Diary' by Duncan Guthrie, Guthrie says that Captain Wilson, having jumped sometime in March 1945, approached him from the West, with some eighty mobile levies. Father told him that at first he had been with Turrall, but soon had a force of his own mobile levies. Guthrie says that Wilson had been doing a great job, moving around and attacking by surprise. He also mentions elephants loaded with ammunition and supplies for Wilson, who at that time was to the East.

Father spoke of the hills, the jungle, the monsoon, but mostly of his love and respect for the loyal Karen people in Burma. During his time there he had ministered to their needs from his own medical supplies and they built a medical hut next to his headquarters.

Saw Digay, an important Head Man, Thugi, of the Patado Village, about three miles from his H.Q. was a good friend to my father. His house was built of teak as opposed to most which were built of Bamboo. All houses were on stilts against wild animals and enemies. Digay and his sons owned eight elephants. His daughter, Naw Besay, a devout Christian, gave father a bible, which had been buried to hide it from the Japanese. The bible is inscribed: 'Given to Salweem Karen School, Papun, 7th Standard', and stamped with her name. At the back of the bible is inscribed 'Remember' Inside there is a photo of her husband who died from snake bite, 'Gone to Heaven'.

Their help was invaluable to the British and especially to my father during this terrible time. He himself suffered from malaria, and a perforated ear drum as a result of having to fly with an ear infection, for which he was treated at a hospital in Rangoon. Years later he suffered skin 'cancers' which he believed was as a result of living under the intense heat of sun at that time.

I believe, some time later, he accepted the surrender of the Japanese locally at a p.o.w. camp.

When he was leaving, the Karens gave a three day feast, music and dancing, in his honour as a fairwell.

Roy Wilson is also mentioned in the following books: Burma and the Karens, Campaign in Burma, in addition to Undercover in the Jungle by John Bowen and Jungle Diary by Duncan Guthrie,.

After the war he brought back a letter for the British Prime Minister, from the Karens, seeking help for their situation and begging to remain within the British Empire, despite the intention to give independence to Burma, however, unfortunately this was not forthcoming and father, feeling anger, guilt and embarrassment, ceased contact with his old friends, the Karens. In 1946 Father received the presentation of a book, 'Burma and the Karens', by Dr. San C. Po, CBE., with the following words: "Presented to Major Roy W. Wilson, M.C., of the Historical Force 136, by The Karen Good-Will Mission to U.K., in Remembrance of Burma's Salvation, worked out by Force 136 in conjunction with the Flower of Karen Manhood. London 26th October 1946" Three sigatures.

Names my father mentioned: Alexander Boal, Col. Chromaty Tullie, Neville Hogan, Alex Campbelle, Vicount Slim, Tamla Baw, Saw Digay, Jim Murray, Ian Abbey, Duncan Guthrie, Bob Barron, Hugh Howell, Major Seagrim (Grandfather Longlegs), Dr. Dewanji, Mike Henry (mentioned in The Rear Gunner), Spencer Chapman (The Jungle is Neutral). Major Turral.

Because he was with S.O.E., it is difficult to find any further information about his activities or the reason for his M.C. award.

Thursday, March 25, 2010

ဘိတ်ထားဝယ်ခရိုင်မှ စစ်ပြေးဒုက္ခသည်များ ကျန်းမာရေးချို့တဲ့နေ

Submitted by Karen Information Center on Monday, 22 March 2010No Comment.မတ်လ ၂၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်တောင်ပိုင်း ဘိတ်ထားဝယ်ခရိုင်ဘက်တွင် နအဖထိုးစစ်ကြောင့် တောထဲတောင်ထဲ ထွက်ပြေးပုန်းအောင်းနေ သော ပြည်တွင်းစစ်ပြေးဒုက္ခသည်များကို နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားများအဖွဲ့မှ သွားရောက်ဆေးကုသမှု ရပ်တန့်သွားသောကြောင့် လက်ရှိအချိန်တွင် ကျန်းမာရေးချို့တဲ့ကာ ရောဂါအမျိုးမျိုး ခံစားနေရသည်ဟု သိရသည်။
ဘိတ်ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်(ကစယ်ဒိုမြို့နယ်)၊ မယ်ငေါခီးဂွင်ရှိ အဆိုပါ စစ်ပြေးဒုက္ခသည်များအတွင်း ငှက်ဖျား နှင့် ၀မ်းလျှောရောဂါအပြင် တခြားရောဂါများ ဖြစ်ပွားနေသည်ဟု နယ်မြေခံတဦးက ပြောသည်။

၎င်းက “အဲဒီဒေသတွေမှာ ရောဂါတွေကတော့ အမြဲတမ်းဖြစ်နေတယ်။ ဒါပေမယ့် နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေး လုပ် သားတွေ မသွားဖြစ်တဲ့နောက်ပိုင်းမှာ တော်တော်အခြေအနေ ဆိုးလာတယ်။ တောထဲတောင်ထဲဖြစ်နေတော့ ငှက်ဖျားရောဂါ အဖြစ်များတယ်။ နောက် ၀မ်းလျှောနဲ့ တခြားရောဂါတွေလည်း ဖြစ်တယ်။ ကလေးသေဆုံးမှုတွေလည်းရှိတယ်”ဟု ပြောသည်။

အဆိုပါရောဂါများကြောင့် သေဆုံးသူအရေအတွက် အသေအချာ မသိရှိရသေးသော်လည်း ထိုဒေသတွင် အိမ်ခြေ ၃၀ကျော်မှ လူဦးရေ ၁၀၀ကျော်ရှိပြီး လတ်တလောအချိန်တွင် လူဦးရေ ၇၅ရာခိုင်နှုန်းခန့် ယင်းရောဂါများ ကူးစက်ခံစားလျှက်ရှိရာ အများ စုက ကလေးငယ်များဖြစ်ကြသည်ဟု သိရသည်။

ထိုဒေသတွင် နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့(BPHWT)က သတ်မှတ်ထားသည့် လူဦးရေစံနှုန်း မပြည့်မီ သည့်အတွက်ကြောင့် ဆေးပေးခန်းမဖွင့်သည့်အပြင် ကျန်းမာရေးဆိုင်ရာ သွားရောက်ဆေးကုသမှုကို လွန်ခဲ့သည့် ၂၀၀၈ခုနှစ် က ရပ်တန့်လိုက်ပြီဖြစ်ကြောင်း ဘိတ်ထားဝယ်ခရိုင် BPHWT မှ တာဝန်ရှိသူတဦးက ပြောသည်။

သူက “အရင်တုန်းကတော့ ကျနော်တို့ Mobile Clinic တခု သွားဖွင့်ထားတာရှိပါတယ်။ ဆေးပစ္စည်း သယ်ယူပို့ဆောင်ရေး အ ခက်အခဲကြောင့်ရယ်။ နောက်တခုက လူဦးရေအရမ်းနည်းနေတော့ ကျနော်တို့(Back Pack)က သတ်မှတ်ထားတဲ့ လူဦးရေနဲ့ မကိုက်ညီတဲ့အခါမှာ လွန်ခဲ့တဲ့ ၂၀၀၈ခုနှစ်က ကျနော်တို့ ကျန်းမာလုပ်သားအဖွဲ့တွေ မသွားဖြစ်တော့ဘူး”ဟု ကေအိုင်စီကို ပြောသည်။

နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ (BPHWT)အဖွဲ့၏ ပေါ်လစီအရ နယ်မြေဒေသတခုတွင် လူဦးရေ ၂,၀၀၀ အထက်ရှိမှာသာ ဆေးပေးခန်း ဖွင့်လှစ်ရမည်ဖြစ်ပြီး Mobile Clinic ဆိုလျှင် လူဦးရေ ၃၀၀မှ ၅၀၀အထက်ရှိရမည်ဖြစ်သည်ဟု သိရသည်။

ယခုလက်ရှိအချိန်တွင် အဆိုပါ စစ်ပြေးဒုက္ခသည်များအတွက် ကျန်းမာရေး ဆေးကုသမှု၊ စားနပ်ရိက္ခာနှင့် လုံခြုံရေးတို့ အဓိက လိုအပ်ပြီး ဆေးကုသမှုများနှင့် ပတ်သက်၍ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ (FBR)မှ ရံဖန်ရံခါ သွားရောက်လုပ်ဆောင်ပေး လျှက်ရှိသည် ဟု သိရသည်။

အဆိုပါ စစ်ပြေးဒုက္ခသည်များသည် သရက်ချောင်း(ကစယ်ဒို)မြို့နယ် အရှေ့ဘက်ခြမ်းရှိ ပလောက်ရွာသားများဖြစ်ကြပြီး လွန် ခဲ့သည့် ၁၉၉၇ခုနှစ်က နအဖစစ်တပ်များက ကေအဲန်ယူ တပ်မဟာ(၄)အား တပ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှု ကြောင့် ယခုအချိန်ထိ တောတောင်ထဲ ထွက်ပြေးပုန်းရှောင်ခဲ့ကြသူများဖြစ်သည်။

ဝ'နယ်မှ ဝန်ထမ်းနှင့် NGO များ နေရပ်ပြန်ရန် နေပြည်တော် အမိန့်ထုတ်

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ မတ်လ ၂၄ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၅ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲရန် ငြင်းဆိုနေသည့် ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ UWSA ဌာနချုပ် ပန်ဆန်းမြို့ရှိ အစိုးရဝန်ထမ်းများနှင့် NGO များအား နေရပ်သို့ ယနေ့နောက်ဆုံးထား ပြန်ကြရန် နေပြည်တော်မှ အမိန့်ကျလာကြောင်း တရုတ်နယ်စပ် သတင်းများအရ သိရသည်။

ပန်ဆန်းမြို့မှ စစ်အစိုးရ ဌာနဆိုင်ရာ ဝန်ထမ်းများကို ယခုလ ၂၂ ရက်နေ့မှ စတင်၍ ၂ ရက်အတွင်း လစာပြည့်နှင့် ခွင့်ရက်ရှည်ယူပြီး ပြန်ကြရန် အမိန့်ချခဲ့ကြောင်း ရှမ်းပြည်နယ် သတင်းများကို စောင့်ကြည့်ထုတ်ပြန်နေသော ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးခွန်စိုင်းက ပြောဆိုသည်။

“ပန်ဆန်းမှာရှိနေတဲ့ နအဖ ဌာနပေါင်းစုံဝန်ထမ်းတွေ၊ NGO (အစိုးရမဟုတ်သော အဖွဲ့အစည်း) တွေ အပါအဝင်ပေါ့နော်။ လားရှိုး နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဝန်ကြီးဌာန (နတလ)ရုံးကလည်း ပြောတယ်။ နေပြည်တော်က ဆိုင်ရာဝန်ကြီးတွေကလည်း ပြောလာတယ်လို့ သိရတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ပန်ဆန်းမြို့ရှိ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ သစ်တောနှင့် ကြေးနန်းဌာနတို့မှ ဝန်ထမ်းအများစု ယမန်နေ့ကတည်းက “အထက်လူကြီး” က ပြန်ခိုင်းသဖြင့် ပြန်သွားကြပြီဖြစ်ကြောင်း ပန်ဆန်းမြို့ခံ တဦးကလည်း မဇ္ဈိမကို ပြောသည်။

ဝန်ထမ်းများအနေဖြင့် ခွင့်ရက်ရှည် မည်မျှကြာမည်ကိုမူ အတိအကျ မသိကြရသော်လည်း နှစ်ပေါင်း ၂ဝ အတွင်း ယခုကဲ့သို့ ခွင့်ရက်ရှည်ပေးခြင်းမျိုး မရှိခဲ့သဖြင့် ထူးခြားမှုတခုဖြစ်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

သို့သော် ပန်ဆန်းမြို့ရှိ စစ်အစိုးရတပ်ဖွဲ့အင်အား ၃ဝ-၄ဝ ခန့်ကိုမူ ရုပ်သိမ်း၊ မရုပ်သိမ်းကို မသိရသေးကြောင်းနှင့် ဒေသခံများနှင့် ကုန်သည်များ စိုးရိမ်နေသကဲ့သို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဖြစ်ပွားမည်ဟု မထင်ကြောင်း သူက ဆက်ပြောသည်။

ယခုလအတွင်း ဝ' အဖွဲ့နှင့် စစ်အစိုးရကြားတွင် တင်းမာမှုများ ရှိနေပြီး နှစ်ဖက် စစ်ရေးပြင်ဆင်မှုများ ပိုမိုပြုလုပ်လာကြသည်ဟုလည်း သိရသည်။

ယခုလလည်မှစ၍ ဝ' တပ်ဖွဲ့၏ နယ်မြေဖြစ်သည့် သံလွင်မြစ် အရှေ့ဘက် ပန်လုံ (Pang Long)၊ ဝုန်ပန် (Hopang) ကားလမ်း၏ တဖက် အနောက်ဘက်ကမ်းတလျှောက်တွင် စစ်အစိုးရ တပ်မ ၅၅၊ ၇၇၊ ၉၉ တပ်များ တိုးချထားကြောင်း ဦးခွန်စိုင်းက ပြောသည်။

ထို့ပြင် သံလွင်မြစ် အနောက်ဘက်ကမ်းရှိ လားဟူဌာနေ ပြည်သူ့စစ်များကို စစ်အစိုးရက ကင်းစောင့်ခိုင်းခြင်း၊ တပ်စခန်းအသစ်များ တိုးချဲ့ဆောက်လုပ်ခိုင်းခြင်းများလည်း ရှိလာနေကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း ဝ' တပ်မှ တောင်းဆိုထားသည့် အချက် ၉ ချက်မှ အလျော့အတင်းပြုလုပ်ရန် တရုတ်အစိုးရက ကြားဝင်တိုက်တွန်းချက်ကို ဝ' တပ်ဖွဲ့က လက်မခံနိုင်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်ဟု တရုတ်-မြန်မာ နယ်စပ်အခြေစိုက် ဦးအောင်ကျော်ဇောက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ဘက် ကျိုင်းတုံမြို့ အရှေ့ပိုင်းရှိ မိုင်းပေါက်နှင့် မိုင်းဖျဲန်နယ်မြေရှိ ဝ' တပ်ကို ရုပ်သိမ်းပေးရန် တောင်းဆိုမှုကိုလည်း ဝ' တပ်ဖွဲ့မှ ဗဟိုကော်မတီ ဆုံးဖြတ်ချက်အရ လက်မခံဘဲ ငြင်းဆိုထားသည်ဟုလည်း ဆိုသည်။

UWSA ကို တရုတ်အစိုးရအနေဖြင့် ကြားဝင်ရောက်ပြောဆိုပေးရန် စစ်ဖက်ဆိုင်ရာ လုံခြုံရေး (စရဖ) အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က ယူနန်ပြည်နယ်အစိုးရထံ ယခုလ ၃ ရက်နေ့က စာတစောင်ပေးပို့ခဲ့ရာ၊ စာထဲတွင် ယခုလ ၁ဝ ရက်မတိုင်မီ ဝ' ခေါင်းဆောင်များက နယ်ခြားစောင့်တပ်အဖြစ် လက်မခံလျှင် (၁) မတရားအသင်း ကြော်ငြာမည် (၂) လက်နက်ချခိုင်းမည် (၃) တိုက်မည် ဆိုသည့် အချက်များ ပါဝင်သည်ဟုလည်း ဦးအောင်ကျော်ဇောက ပြောသည်။

၂ဝဝ၂ ခုနှစ်က လားဟူ အမျိုးသားဖွံ့ဖြိုးရေးအဖွဲ့ (Lahu National Development Organisation) မှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဝ' ပြည်သူ ၁၂ဝ,ဝဝဝ တောင်ဘက်ပိုင်း (သံလွင်အရှေ့ခြမ်း မိုင်းဆတ်နှင့် မိုင်းတုံမြို့နယ်) သို့ ပြောင်းရွှေ့ခဲ့ကြသည်ဟု ထုတ်ပြန်ခဲ့သော်လည်း ဝ' အာဏာပိုင်များကမူ လူဦးရေ ၈ သောင်းခန့်သာ ပြောင်းရွှေ့ခဲ့သည်ဟု ဆိုသည်။

ယခုလ ၁၃-၁၈ ရက်နေ့များတွင် ကျိုင်းတုံနှင့် လားရှိုးမြို့များတွင် ရုရှနိုင်ငံမှ ဝယ်ယူခဲ့သည့် MIG 29 တိုက်လေယာဉ်များ ဆင်းတက်ပြနေခြင်းသည် အပစ်ရပ်အဖွဲ့များအား ခြိမ်းခြောက်နေခြင်း ဖြစ်သည်ဟု မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောဆိုလိုက်သည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

ပစ်ခတ်မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ် သေဆုံး by KIC

March 24, 2010

.မတ်လ ၂၃ရက်။ ကေအိုင်စီ
ညောင်လေးပင်ခရိုင်တွင် ယမန်နေ့ညနေက နအဖ စစ်တပ်၏ ရွာတွင်းဝင်ရောက်ပစ်ခတ်မှုကြောင့် အပြစ်မဲ့ အမျိုးသမီးနှင့် ကလေးငယ် သုံးဦး သေဆုံးသွားခဲ့သည်ဟု ဒေသခံတဦးက ကေအိုင်စီကို ပြောသည်။
မီးလောင်ကျွမ်းနေသည့် ညောင်လေးပင်ခရိုင်မှ လူနေအိမ်နေရာ (ဓါတ်ပုံ – ကေအိုင်စီ)

၎း၃၀နာရီအချိန်တွင် နအဖ အမှတ်(၈) စစ်ကွပ်ကဲရေး လက်အောက်ခံတပ်ရင်းဖြစ်သည့် ခမရ(၃၆၉)သည် ရွှေ ကျင်မြို့နယ်၊ ဟောထာ့ကျေးရွာသို့ ၀င်ရောက်လာပြီး ရွာသူရွာသားများကို ပစ်ခတ်ရာ ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးတဦး မှာ သေဆုံးသွားခဲ့ပြီး အမျိုးသမီးတဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါဒေသခံက ယခုလို ပြောသည်။
“နအဖ စကခ(၈) လက်အောက်ခံ ခမရ(၃၆၉)တပ်ရင်းက ဟောထာ့ရွာကို မနေ့ညနေပိုင်းက ၀င်ပစ်တယ်လေ။ အဲလိုပစ်တော့ နော်လားပွယ် ၃၇နှစ်၊ နော်ဖောဘို ၅နှစ်နဲ့ ငါးလသားအရွယ် စောထီးပလာထူးတို့ သေဆုံးသွားခဲ့တယ်။ ဒီသေဆုံးသွားတဲ့ ကလေးတွေရဲ့အမေ နော်ဖာလာ ၂၇နှစ်ကတော့ ၀မ်းဗိုက်မှာ ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်လေ”ဟု ဆိုသည်။

တောထဲတွင် ထွက်ပြေးနေရသည့် ညောင်လေးပင်ခရိုင်မှ ကလေးငယ်များ (ဓါတ်ပုံ – ကေအိုင်စီ)
တပ်ဖွဲ့ဝင်များသည် ထိုပစ်ခတ်မှုနှင့် တဆက်တည်း ဟောထာ့ရွာရှိ အိမ်ခြေ ၉လုံးကိုပါ မီးရှို့ဖျက်ဆီးပစ်ခဲ့သော်လည်း ၎င်းတပ်ရင်းအား မည်သူဦးဆောင်သည်ကို လက်ရှိအချိန်တွင် သတင်းအတိအကျ မစုံစမ်းနိုင်သေးပေ။
နအဖ တပ်ဖွဲ့ဝင်များသည် ညောင်လေးပင်ခရိုင်အပြင် ယခုလအတွင်း တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင်လည်း လူနေအိမ် များအပြင် ဥယျာဉ်ခြံပေါင်း ၁၀၀ကျော်ကို မီးရှို့ခဲ့သေးသည်။
ကရင်ပြည်နယ်၊ တောင်ငူခရိုင်တွင် စစ်ကွပ်ကဲရေးဌာနချုပ်(၇) လက်အောက်ခံတပ်များ လှုပ်ရှားနေသလို ညောင်လေးပင်ခရိုင် တွင် စစ်ကွပ်ကဲရေးဌာနချုပ်(၈) လက်အောက်ခံ တပ်ရင်းများက လှုပ်ရှားလျှက်ရှိပြီး ထိုဒေသများရှိ ကျေးရွာများကို လက်နက် ငယ်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်၊ ဥယျာဉ်ခြံများ မီးရှို့ခြင်းများကို ယခုနှစ်ဆန်းပိုင်းမှစ၍ ပိုမိုလုပ်ဆောင်လာခဲ့သည်။

http://www.kicnews.org/?p=2350

Tuesday, March 23, 2010

မျိုးချစ်ကရင်များ၏မျက်ရည်

နအဖ စစ်အစိုးရမှ ချီးမြင့်သော တပ်မဟာ(၇) တိုက်ခိုက်သိမ်းပိုက်မှု ဆုလက်ဆောင် “ချစ်သူမြိုင်စံအိမ်”ဒီကေဘီအေတပ်မှူး၏ နေအိမ်သစ်ဖွင့်ပွဲ ကြော်ငြာကပ် ဖိတ်ကြား


ကိုယ့်အမျိုးချစ်သူတို့ မည်သည်မှာ
“ချစ်သူမြိုင်စံအိမ်” ဟု အမည်ပေးထားသည့် ဗိုလ်မှူးချစ်သူ၏ အိမ်ပုံ “ချစ်သူမြိုင်စံအိမ်” အိမ်ကို အဝေးမှ တွေ့ မြင်ရသောမြင်ကွင်း



ဇွန်လ ၂၀၀၉ ဒီကေဘီအေ နှင့် နအဖ တပ်များ ထိုင်းမြန်မာ နယ်စပ် ကရင်ရွာများကို မတိုက်ခိုက်သေးခင်က မြင်တွေ့ ရတဲ့ ခလယ်ကာ ရွာ
ဓါတ်ပုံ-ဘွဲ့ သွေးနီ ခလယ်ကာ ရွာရှိ မုဆိုးမတစ်ဦး နှင့် သူ၏ တဦးတည်းကျန်သော သမီးငယ်ပုံ - ၂၀၀၉ မတိုင်မီကာလတွင် ထိုအမျိုးသမီး၏ယောကျားကို နအဖ တပ်မှ ပေါ်တာခေါ်သွားရင်း ပစ်သတ်သွားခဲ့သလို နောက်ပိုင်းတွင် အားကိုးရသော သားဖြစ်သူ တစ်ဦးကို လည်း ဒီကေဘီအေမှ သတ်ပစ်သည်။ ထိုအမျိုးသမီးမှာ ယခုအချိန်မှာ စိတ်မမှန်တော့ပဲ ဘာမှ နားမလည်သေးတဲ့ သမီးငယ်နှင့်အတူ လောကဓံကို မျော်လင့်ချက်မဲ့စွာ ရင်ဆိုင်နေရပါသည်။
ဓါတ်ပုံ - ဘွဲ့ သွေးနီ
နအဖ နှင့် ဒီကေဘီအေတို့ ၏ ထိုးစစ်ကြောင့် ထိုင်းနိုင်ငံတွင်းသို့ ထွက်ပြေးခိုလှူံနေရ သော ကရင်ရွာသားတို့  ၏ နောင်ဘိုး ယာယီဒုက္ခသည်စခန်း
နအဖ စစ်တပ်၏ ခိုင်းစေချက်ဖြင့် ထိုင်းဖက်ခြမ်းအထိ ကရင်ရွာသားတစ်ဦး စောဖါးအယ်ခလိန်း ကို ဒီကေဘီအေ မှ သတ်သွားသည့်ပုံ - ဓါတ်ပုံ - ကေ၀ိုင်အို


နအဖ စစ်တပ်၏ခိုင်းစေချက်ဖြင့် ထိုင်းဖက်ခြမ်းအထိ ကရင်ရွာသားတစ်ဦး စောဖါးမော်ကလိုး ကို ဒီကေဘီအေ မှ သတ်သွားသည့်ပုံ - ဓါတ်ပုံ - ကေ၀ိုင်အို

နအဖ နှင့် ဒီကေဘီအေ ထိုးစစ်ကြောင့် အနာဂတ်မဲ့နေတဲ့  ရင်သွေးငယ်များ - ဓါတ်ပုံ - ဘွဲ့ သွေးနီ

စာဖတ်ပုရိတ်သတ်များ…ကရင်အမျိုးသားများခင်ဗျား….ဒီဓါတ်ပုံတွေကို ကြည့်ပြီး ကိုယ့်အမျိုးချစ်သူတို့ ၏ အနေအထား နှင့် လုပ်ဆောင်မှုတွေကို တွေ့ မြင်နိုင်ကြမည်ဟု ယုံကြည်မျှော်လင့်ပါသည်။

"ချစ်သူမြိုင်စံအိမ်" ဓါတ်ပုံအား ပေးပို့ လာသော ရဲဘော် မောင်တူး အား အထူးကျေးဇူးတင်ပါသည်။

Monday, March 22, 2010

နအဖ စစ်အစိုးရမှ ချီးမြင့်သော တပ်မဟာ(၇) တိုက်ခိုက်သိမ်းပိုက်မှု ဆုလက်ဆောင် “ချစ်သူမြိုင်စံအိမ်”
“ချစ်သူမြိုင်စံအိမ်” အနီးကပ်မြင်ကွင်း


ဗိုလ်မှူးမောင်ချစ်သူ မိသားစုဓါတ်ပုံ

“ချစ်သူမြိုင်စံအိမ်” ဘုရားအနေကဇာတင် နှင့် အိမ်သစ်တက် မင်္ဂလာ အစီအစဉ်
“ချစ်သူမြိုင်စံအိမ်” ဘုရားအနေကဇာတင်နှင့် အိမ်သစ်တက် မင်္ဂလာ ဖိတ်ကြားလွှာ

“ချစ်သူမြိုင်စံအိမ်”

ဒီကေဘီအေ တပ်သားပုံ

တပ်မဟာ(၇) တိုက်ပွဲတွင် ဒီကေဘီအေမှသတ်သွားသော ရွာသား ဖါးမော်ကလိုး၏ ကျန်ရစ်သူ ဇနီးမယားနှင့် ကလေးငယ်များ



တပ်မဟာ(၇)တိုက်ပွဲတွင် ဒီကေဘီအေမှသတ်သွားသော ရွာသား ဖါးအယ်ကလိန်း၏ ကျန်ရစ်သူ ဇနီးမယားနှင့်မွေးကင်းစကလေးငယ်


"ချစ်သူမြိုင်စံအိမ်" နှင့်ပါတ်သက်သော ဓါတ်ပုံများကို ပေးပို့ လာသော ဒီကေဘီအေ ၉၉၉ တပ်နှင့် အထူးနီးစပ်သော လူကြီးမင်းအား အထူးကျေးဇူး တင်ရှိပါသည်။



ရဲရင့်/ ၁၉ မတ် ၂ဝ၁ဝ


တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) (၉၉၉) အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူ၏ အိမ်သစ်တက် အခမ်းအနားတက်ရောက်ရန် ဖိတ်ကြားထားသည့် ကြော်ငြာပိုစတာများကို မဲဆောက်မြို့အနှံ့တွင် လိုက်လံကပ်ထားသည်။

မြ၀တီခရိုင် အခြေချဗျူဟာ တည်ရှိရာ ရွှေကုက္ကိုမြိုင်ကျေးရွာတွင် ဗိုလ်မှူးကြီး စောချစ်သူနှင့် နန်းခင်လှသူတို့၏ သန်းရာကျော်တန် “ချစ်သူမြိုင်စံအိမ်” ဟု အမည်ပေးထားသည့် အိမ်သစ်တက်ပွဲတွင် နာမည်ကြီး မြန်မာအဆိုတော်များ၊ ကရင်အဆိုတော်များဖြင့် (၃) ရက်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပမည့် အခမဲ့ဖျော်ဖြေပွဲများကို လာရောက်ကြည့်ရှုအားပေးရန် ကြော်ငြာထားခြင်း ဖြစ်သည်။

အဆိုပါ အိမ်သစ်ဖွင့်ပွဲနှင့် ပတ်သက်၍ ကုက္ကိုမြိုင်တွင် နေထိုင်သူတဦးက “ဗိုလ်မှူးချစ်သူက ဒီအိမ်ကို စင်ကာပူက အင်ဂျင်နီယာကို ပုံဆွဲခိုင်းပြီး ဆောက်တာဖြစ်တယ်။ အိမ်ကတော့ နန်းတော်လိုပဲ။ အိမ်ရဲ့ လုံခြုံရေးစနစ်အားလုံးကို နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ဆောက်လုပ်ထားတာဖြစ်တယ်။ သူတို့ရဲ့ အိပ်ခန်းတွေကို ကျည်ကာမှန်တွေနဲ့ တပ်ထားပြီး အခန်းတိုင်းကို သူတို့လက်ဗွေနှိပ်မှ တံခါးဖွင့်တဲ့ နည်းပညာနဲ့လုပ်ထားတယ်။ ရေကူးကန်ပါ ပါတဲ့ ဒီအိမ်မျိုး မြ၀တီမြို့မှာတောင် မရှိဘူး” ဟု ပြောသည်။

(၅) ဧကခန့် ကျယ်ဝန်းသည့် ခြံဝင်းထဲတွင် ဆောက်လုပ်ထားသည့် အိမ်သစ်နှင့် ပတ်သက်၍ မြ၀တီမြို့ခံတဦးက “ကရင်အမျိုးသားတွေ တိုးတက်ကြီးပွားဖို့ လုပ်မယ်ဆိုတဲ့ လူတွေက ကရင်လူမျိုးတွေရဲ့ ဘ၀အနေအထား တိုးတက်အောင် ဘာမှ မလုပ်ပေးနိုင်ဘူး။ ဒါပေမယ့် သူတို့တွေကျတော့ တိုက်နဲ့ ကားနဲ့ လိုလေသေးမရှိ ကြီးပွားချမ်းသာကြကုန်ပြီ။ ဒီပုံအတိုင်းဆိုရင် သူတို့အတွက်ကော ကရင်လူမျိုးတွေအတွက်ကော ရင်လေးဖို့ကောင်းတယ်” ဟု ပြောသည်။

အဆိုပါ အိမ်သစ်တက်ပွဲ တက်ရောက်ရန် ထိုင်းနိုင်ငံရောက် မြန်မာများအပြင် ထိုင်းလုပ်ငန်းရှင်ကြီးများကိုလည်း ဖိတ်ကြားထားသည်ဟု သိရသည်။

ဒီကေဘီအေ (၉၉၉) တပ်မဟာ၏ အခြေချဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူသည် ဒီကေဘီအေအဖွဲ့ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့် နအဖ၏အစီအမံကို လက်ခံကြောင်း ပထမဆုံး တရားဝင် ပြောကြားသည့် ဒီကေဘီအေ တပ်မှူးတဦးဖြစ်သည်။

အိမ်သစ်ဖွင့်ပွဲကို ထိုင်းဘက်ခြမ်းတွင် လာရောက်ကြော်ငြာသဖြင့် ဒီကေဘီအေအဖွဲ့၏ လုပ်ရပ်ကို နားမလည်နိုင်အောင် ဖြစ်ရသည်ဟု ထိုင်းနိုင်ငံသားအချို့နှင့် မဲဆောက်ရောက် မြန်မာနိုင်ငံသားအချို့က ပြောဆိုသည်။

မဲဆောက်ရောက် မြန်မာနိုင်ငံသားတဦးက “ထင်ပေါ်ကျော်ကြားချင်တယ်။ အများရဲ့ ဂရုစိုက်မှုခံချင်တယ်။ လူထုတွေရဲ့ မေတ္တာကို လိုချင်တယ်ဆိုရင် ဒီလိုနည်းမျိုးကိုမသုံးဘဲ လူထုအကျိုးပြုလုပ်ငန်းတွေလုပ်ပြမှ လူထုလက်ခံမှာဖြစ်တယ်” ဟု ပြောသည်။

ဒီကေဘီအဖွဲ့သည် ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ခွဲထွက်ပြီး မြန်မာစစ်အစိုးရနှင့် သွားရောက်ပူးပေါင်းခဲ့ကာ အဖွဲ့၏ နာယက ဆရာတော်မှာ ဦးသုဇနဖြစ်သည်။

အိမ်သစ်တက်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ယခုလ (၂၄၊ ၂၅၊ ၂၆) ရက်နေ့တို့တွင် စည်ကားသိုက်မြိုက်စွာ အခမဲ့ကျင်းပမည်ဟု မဲဆောက်မြို့တွင် ကြော်ငြာထားသည်။

19[1].3.2010 Information

19[1].3.2010 Information