Saturday, February 5, 2011

စစ်ခွေးနအဖတပ်၏ ကမ်းကုန်တဲ့ရက်စက်သတ်ဖြတ်မှုကြီး

/ 2/04/2011 10:31:00 PM /
မဟာဗမာနအဖစစ်ခွေးတွေသည် ကျွန်တော်တို့ကရင်လူမျိုးများအား ရက်ရက်စက် စက်သတ်ဖြတ်နေတဲ့သက်သေအထောက်အထားတွေကဘယ်အရာနဲ့ မှသင်ပုန်းကားချပြီး ဖျောက်ဖျက်လို့ရမှာမဟုတ်ပါဘူး.....
အခုလည်း ရက်ရက်စက်စက်သတ်ဖြတ်မှုထဲမှာ ဘာမှမသိနားမလည်တဲ့ လူမမယ်က လေးငယ်လေးဦးပါဝင်ပြီး စုစု ပေါင်း၃၂ဦး ကို ရက်စက်စွာသတ်သွားပြီး အခုချိန်မှာတော့ အသတ်ခံရတဲ့ရွာသူရွာသားများ၏ရုပ်အလောင်းကိုယောက်ျားမိန်းမခွဲခြားလို့မရအောင်ပုပ်ပွပျက်စီးသွားကြောင်းသိရှိရသည်။

ရက်စက်ယုတ်မာတဲ့နေရာမှာ ပြိုင်စံရှားစစ်ခွေးတွေရေ.........ထမင်းဝအောင်စားထား....တနေ့မင်းတို့အလှည့်ရောက် လာတဲ့နေ့ကျရင်....လာပြီးတော့တောင်းပန်ခယမနေနဲ့....အလှည့်ကျမနွဲ့စတမ်းပေါ့ကွာ......................

SPDF Burmese Army Kill Karen People

မယ်လဆေးရုံအုပ်အား တာဝန်မှ ယာယီရပ်ဆိုင်းမှုကို ဆေးဝန်ထမ်း များ ဆန္ဒပြ


4 February 2011

မယ်လဒုက္ခသည်စခန်းရှိ AMI ဆေးရုံကြီး

ဖေဖော်ဝါရီလ ၄ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)


မယ်လဒုက္ခသည်စခန်းရှိ Aide Medical International-AMI ဆေးရုံအုပ်ကို တာဝန်မှ ယာယီရပ်ဆိုင်းမှုအပေါ် လက်မခံနိုင် သည်ကို ဆန္ဒပြသည့်အနေဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ဆေးရုံဝန်ထမ်းများအားလုံး လုပ်ငန်းခွင်မှ နေအိမ်သို့ ပြန်သွားကြ ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူ ဒုက္ခသည်များက ပြောသည်။


ယနေ့မွန်းလွဲ ၁နာရီခန့်တွင် ဆေးရုံအတွင်း၌ AMI မှ တာဝန်ရှိသူများ၊ မယ်လဆေးရုံအုပ် ဆရာစောနေစဲန်တို့ ဆွေးနွေးပြောဆို ခဲ့ကြသည့်နောက် ဆေးဝန်ထမ်းများအားလုံး ဆေးရုံတွင်းရှိ လူနာများကို ထားခဲ့ကာ ယခုလို မိမိတို့နေအိမ်သို့ ပြန်သွားကြခြင်း ဖြစ်ကြောင်း မယ်လဒုက္ခသည်တစ်ဦးက ယခုလို ပြောသည်။


သူက “ဆေးဆရာ၊ ဆရာမတွေက နေ့လည်ကတည်းက ဆန္ဒပြတဲ့အနေနဲ့ အကုန်ပြန်ကုန်ကြပြီ။ ဆေးရုံမှာလည်း အချို့လူနာ တွေတောင် ကုသမဲ့ဆရာမရှိလို့ ပြန်သွားတာလည်းရှိတယ်။ ဒီညနေရောက်တော့ ဆေးရုံထဲမှာ လူနာတွေ တစ်ယောက်မှ မရှိ တော့ဘူး။”ဟု ကေအိုင်စီကို ပြောသည်။


ယင်းသို့ ဆရာစောနေစဲန်အား လုပ်ငန်းတာဝန်မှ ထုတ်ပစ်ရခြင်းမှာ ယခင်က သတိပေးချက်ကို မလိုက်နာမှုနှင့် ဆေးရုံတွင်း ကျန်းမာရေးကိစ္စများကို သတင်းဌာနထံ ပြောဆိုမှု စသည့်အကြောင်းပြချက်များဖြင့် ထုတ်ပစ်လိုက်ခြင်းဖြစ်ကြောင်း အမည်မ ဖော်လိုသူ ဆေးဝန်ထမ်းတစ်ဦးက ပြောသည်။

“စခန်းတွင်း ကျန်းမာရေးကိစ္စကို အရင်က သတင်းဌာနတွေနဲ့ ပြောခဲ့တာ အထက်က ခွင့်ပြုချက်မရဘဲ လုပ်ပိုင်ခွင့်မရှိဘူးဆိုပြီး သတိပေးခဲ့ဖူးတယ်။ အဲဒီတုန်းက ဘာမှမလုပ်ဘဲ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာကို အခုမှ နောက်ဆုံး သတိပေးချက်စာ ထုတ်ပြီး မနေ့က ကောက်ခါငင်ခါ လက်မှတ်လာထိုးခိုင်းတယ်လေ။ ဒါကို ဆရာနေစဲန်က ဒေါသထွက်သွားပြီး မထိုးပေးလိုက် ဘူး။ ဒီနေ့တော့ ၀န်ထမ်းတွေကို အသိပေးပြီးမှ သူ လက်မှတ်ထိုးလိုက်တယ်လေ။ ၀န်ထမ်းတွေက ဒါရိုက်တာကိုမေးတော့ ပုဂ္ဂိုလ်ရေးမို့ ၀န်ထမ်းတွေ ဘာမှဝင်ပြောစရာမလိုဘူးတဲ့။ ဒီလိုအကြောင်းပြချက် မရှင်းပြဘဲ ၀န်ထမ်းတယောက်ကို ထုတ်လိုက် ရင် နောက်လည်း အဲလိုထုတ်နေမှာပဲလေ။ ဒါကို လက်မခံနိုင်လို့ ဆေးရုံကနေ အကုန်လုံး ပြန်လာလိုက်တာပဲ။”ဟု ၎င်းဆေး ၀န်ထမ်းက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ယနေ့ညနေပိုင်းတွင် ကရင်ဒုက္ခသည်ကော်မတီ(KRC)၊ စခန်းကော်မတီ၊ စခန်းဆိုင်ရာ ထိုင်းလုံခြုံ ရေးအဖွဲ့နှင့် AMI တာဝန်ရှိသူများက မယ်လစခန်း ဆေးရုံအတွင်း ဆွေးနွေးခဲ့ကြသည်။

ကေအာရ်စီ အတွင်းရေးမှူး စောဂျော့ဂ်ျက “ဒီနေ့ဖြစ်သွားတဲ့ကိစ္စက AMI ရဲ့ အုပ်ချုပ်ရေးပြဿနာ မပြေလည်တာပါ။ ကျနော် တို့အနေနဲ့တော့ ၀င်စွက်ဖက်လို့ မရဘူးလေ။ ဒါပေမဲ့ လူထုတွေကို မထိခိုက်အောင်တော့ သက်ဆိုင်ရာ အဖွဲ့က အမြန်ဆုံး ဖြေ ရှင်းသွားဖို့ ဆွေးနွေးဖြစ်ကြပါတယ်။ တကယ်လို့ လူထုပါ ထိခိုက်လာမယ်ဆိုရင် ၀င်ရောက်ဖြေရှင်းရတော့မှာပေါ့။”ဟု ကေအိုင် စီကို ပြောသည်။

ဒုက္ခသည်စခန်းများတွင် သတင်းဌာနများ၏ မေးမြန်းမှုကို ပြောဆိုဖြေကြားခွင့် ပိတ်ပင်ထားခြင်းမရှိသော်လည်း လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းနှင့် ပတ်သက်၍ တိုက်ရိုက် ကိုင်တွယ်ဖြေရှင်းခွင့်မရှိဟုလည်း ကေအာရ်စီက ပြောသည်။

အခြားဆေးဝန်ထမ်းတဦးက “ဆရာနေစဲန်ကို နိုင်ငံရေးလုပ်တယ်။ စီးပွားရေးလုပ်တယ်ဆိုပြီး စွပ်စွဲခဲ့ဖူးတယ်။ အခုဖြစ်တာက တော့ မနှစ်က ကူးစက်ရောဂါဖြစ်ပွားတဲ့ကိစ္စ သတင်းဌာနတွေဆီ ပို့ပေးတယ်ဆိုပြီး အပြစ်ရှာတာလေ။ စိတ်တိုင်းမကျတာ တခု ရှိလာရင် စည်းကမ်းတွေ တခုပြီးတခုထုတ်နေတာနဲ့ လိုက်နာလို့တောင် မကုန်တော့ဘူး။ ဒုက္ခသည်စခန်းမှာလည်း လွတ်လပ် စွာ ပြောဆိုခွင့်ဆိုတာ မရှိတော့ဘူး ဖြစ်နေပြီ။”ဟု ဆိုသည်။

ဆရာစောနေစဲန်မှာ မယ်လစခန်း ကျန်းမာရေးလုပ်ငန်းတွင် ယခင်က Medicines Sans Frontieres-MSF တွင် တာဝန်ယူခဲ့ပြီး နောက် ၂၀၀၅ခုနှစ်တွင် ပြောင်းလဲဝင်ရောက်လာသည့် AMI ၌ ယခုအချိန်ထိ ဆက်လက် လုပ်ကိုင်နေသူဖြစ်သည်။ ပြီးခဲ့သည့် နှစ်က မယ်လစခန်းတွင် ၀မ်းလျှော၊ တုပ်ကွေး ကူးစက်ရောဂါဖြစ်ပွားမှုအပေါ် သတင်းမီဒီယာများ၏ ဆက်သွယ်မေးမြန်းချက် ကို ဆရာနေစဲန်အနေဖြင့် ဖြေကြားပြောဆိုမှုများ ရှိခဲ့သည်။

ဝန်ထမ်းပေါင်း ၂၁၈ဦးရှိသည့် AMI သည် မယ်လစခန်းတွင် ဆေးရုံလုပ်ငန်းအပြင်၊ ပြင်ပလူနာဌာနနှင့် အဆုတ်ရောဂါ ကုသ ရေးဆေးရုံကိုလည်း တွဲဖက်လုပ်ဆောင်နေသည့် ကျန်းမာရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။ လက်ရှိအချိန်တွင် အဆိုပါဆေးရုံ တာဝန်ခံကို လုပ်ငန်းတစ်ပတ် ရပ်ဆိုင်းထားသည့်အတွက် စခန်းတစ်ခုလုံးရှိ အခြားဆေးဝန်ထမ်းများကလည်း အလားတူ လုပ် ငန်းခွင်မှ ရပ်နားထားကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၀၀၄ခုနှစ်ခန့်ကလည်း ထိုင်းနိုင်ငံ၊ မဲ့ဟောင်ဆောင်ခရိုင်ရှိ မယ်ရာမိုဒုက္ခသည်စခန်းတွင် ကျန်းမာရေး အဲန်ဂျီအို MHD အပေါ် စခန်းရှိ ဆေးဝန်ထမ်းများက ဆန္ဒပြမှုတစ်ခုလည်း ဖြစ်ပွားခဲ့သေးသည်။

စစ်ခွေးတွေ အမြစ်မဲ့ ရွာသားတွေကို အစုလိုက် အပြုံလိုက်သတ်ပြန်ပြီ

General Section
Written by ကွယ်ကလူ
Friday, 04 February 2011 08:19

ဖေဖေါ်ဝါရီ ၄ ရက်နေ့သတင်းစဉ်


Daily_News_on_February_04_-_2011 -

Friday, February 4, 2011

တိုက်ပွဲတွေကြောင့် ထောင်ပေါင်းများစွာ ထွက်ပြေး (ရုပ်သံ)

3 February 2011

Etiketter: တိုက်ပွဲတွေကြောင့် ထောင်ပေါင်းများစွာ ထွက်ပြေး (ရုပ်သံ)

KNLA 7

စစ်ခွေးလက်ချက်

ဗိုလ်မှူးချုပ်စောလားပွယ်၏ အမှာစကား

Thursday, February 3, 2011




ဒီမိုကရေစီစနစ်သာလျှင် ကျနော်တို့ တိုင်းရင်းသားတွေရဲ့ လွတ်လပ်မှုနဲ့ တန်းတူမှုကို အာမခံချက်ပေးနိုင်တယ်။ ဒီမိုကရေစီရဖို့ က ကျနော်တို့ တိုင်းရင်းသားအဖွဲ့အစည်းတွေက တက်ညီလက်ညီ တပြိုင်တည်း ဒီစစ်အာဏာရှင်စနစ်ကို တိုက်မှရမယ်။ ဟိုတပေါက် ဒီတပေါက် လုပ်လို့မဖြစ်ဘူး။ ညီညီညွတ်ညွတ် လုပ်မှရမယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ထောက်ခံတယ်။ ကျနော်တို့ ထောက်ခံတယ်ဆိုတာ တိုက်ပွဲနဲ့ အသက်နဲ့ရင်းပြီး ထောက် ခံတာဖြစ်တယ်။ တိုက်ပွဲပုံစံမတူပေမယ့် စိတ်တူကိုယ်တူ တထပ်တည်းပဲ။ ဒါကြောင့် ကျနော်တို့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းအင်အားစုတွေ ညီညီညွတ်ညွတ်နဲ့ ပြန်စုစည်းမှရမယ်။ ဘယ်နည်းနဲ့ဘဲတိုက်တိုက် ဒီစစ်အာဏာရှင်စနစ်က တိုက်မှရမယ်။ ဒါကြောင့် ကျနော်တို့တိုက်ပွဲဝင်တဲ့ အင်အားစုအားလုံးစုစည်းညီညွတ်ဖို့လိုတယ်။

ဒေါ်အောင်ဆန်းစုကြည် တယောက်ထဲကိုဘဲ တာဝန်ပေးလို့ မဖြစ်ဘူး။ ကျနော်တို့ တိုင်းရင်းသားတွေကလည်း အပြည့်အဝ ကိုယ်တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ဝိုင်းရံပံ့ပိုးပေးရမယ်။ နောက်ပြီး နိုင်ငံတကာမှရှိကြတဲ့ ကျနော်တို့ အင်အားစုတွေကလည်း အဲ့ဒီနိုင်ငံတွေမှာ ရှိနေတဲ့ နအဖ သံရုံးတွေကို ဝိုင်းဝန်း ပိတ်ဆို့ပြီး အပြင်းအထန် ဆန္ဒပြကြဖို့ လိုပါတယ်။

အဲဒီလို ဘက်ပေါင်းစုံက တက်ညီလက်ညီ လုပ်ရင် ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ တန်းတူမှုအခွင့်အရေးတွေ အမြန်ဆုံးရမှာ သေချာတယ်။ ကျနော်ယုံကြည်တယ်။

ဗိုလ်မှူးချုပ်စောလှဘွယ်
ဒီကေဘီအေ
၃ ဖေဖော်ဝါရီ ၂၀၁၁ ခုနှစ်

၆၂နှစ်မြောက် ကရင်တော်လှန်ရေးနေ့ KNU တပ်မဟာ (၅)တွင် ကျင်းပခဲ့

February 2, 2011
ဇန်န၀ါရီလ ၃၁ရက်။ စောခါးစူးညား (ကေအိုင်စီ)


ကရင်အမျိုးသားများ၏ ၆၂နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ ဂုဏ်ပြုပွဲအခမ်းအနားကို ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အ တွင်းရှိ KNU တပ်မဟာ(၅) နယ်မြေတနေရာတွင် ယနေ့မနက်တွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။



အဆိုပါ ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုအဆင့်ဖြင့် ပြုလုပ်ကျင်းပခဲ့ခြင်း ဖြစ်ပြီး KNU အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်ကိုယ်တိုင် တက်ရောက်ကာ ကရင်တမျိုးသားအနေဖြင့် မပြီးဆုံး သေးသည့် တော်လှန်ရေးကို တတ်နိုင်သည့်ဘက်မှ လုပ်ဆောင်ကြရန် ယခုလို မိန့်ခွန်းပြောဆို တိုက်တွန်းခဲ့သည်။
သူမက “ကျမတို့ ကိုယ့်ကရင်လူမျိုး အဖိနှိပ်ခံဘ၀ကနေ လွတ်မြောက်ဖို့အတွက် ကရင့်တော်လှန်ရေးကို ဆင်နွှဲလာခဲ့တာ အခုဆိုရင် နှစ် ၆၀ကျော်လာပြီဖြစ်ပေမဲ့ တော်လှန်ရေးဟာ မပြီးသေးပါဘူး။ ဒီမပြီးဆုံးသေးတဲ့ တော်လှန်ရေးကို ကျမတို့ တယောက်တည်းနဲ့ လုပ်လို့မရဘူး။ ဒါကြောင့် ကျမတိုက်တွန်းချင်တာက တော်လှန်ရေးအောင်မြင်ဖို့ဆိုရင် ကရင်လူမျိုး တိုင်း ကိုယ့်အသိစိတ်နဲ့ တထောင့်တနေရာကနေ တတ်နိုင်သမျှ ၀ိုင်းဝန်းလုပ်ဆောင်ကြပါ။”ဟု ပြောသည်။


ကရင့်တော်လှန်ရေးနေ့ကို တာဝန်ယူ ကျင်းပပေးခဲ့သည့် KNU တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဘောကျော်ဟဲ က “ကျနော်တို့တွေ ကိုယ့်တော်လှန်ရေးအောင်မြင်ဖို့ ၁၉၄၉ခုနှစ်တုန်းကလို အမျိုးသားစိတ်ဓါတ်ကို မွေးကြဖို့ ပြောချင် တယ်။ တော်လှန်ရေးဟာ အားနည်းချက်ရှိသေးလို့ မအောင်မြင်တာ။ ဒါကြောင့် လူတိုင်း ကိုယ့်အားနည်းချက်ကို ကိုယ်ပြင် ပြီး ကိုယ့်လူမျိုးအတွက် အကျိုးရှိမဲ့ဟာကိုပဲ လုပ်ကြပါ။”ဟု ပြောဆိုခဲ့သည်။


မနက် ၇နာရီမှ နေ့လည် ၁၂နာရီအထိ ကျင်းပသည့် ထိုအခမ်းအနားတွင် ကရင့်အမျိုးသားအလံကို အလေးပြုခြင်း၊ ကေ အဲန်အယ်လ်အေ တပ်ဖွဲ့ဝင်များ၏ စစ်ရေးပြ ချီတက်ခြင်းနှင့် တော်လှန်ရေးအကြောင်း ဟောပြောခြင်းများ ပြုလုပ်ခဲ့ကြပြီး ခရိုင်၊ တပ်မဟာအသီးသီးမှ ကိုယ်စားလှယ်များ၊ စစ်သည်များ၊ ကျောင်းဆရာ/မနှင့် ကျောင်းသူကျောင်းသားများ အပါအ ၀င် လူထုပရိဿတ် ၁၅၀၀ကျော် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။


၎င်းတော်လှန်ရေးနေ့ အခမ်းအနားတွင် ကရင်လူငယ်အစည်းအရုံး(KYO) ဥက္ကဌ စောရော့ကီခုက လူငယ်သည် နောင်ဝယ် တွင် တိုင်းပြည်၏ အနာဂတ်ဖြစ်သည့်အတွက် တော်လှန်ရေးနှင့် ပတ်သက်၍ မိမိကျရာကဏ္ဍ၌ တာဝန်ယူ လုပ်ဆောင်ကြ ရန်နှင့် ကရင်အမျိုးသမီးအစည်းအရုံး(KWO)အဖွဲ့ဝင်တဦးဖြစ်သူ နော်မြိုင်ဖိုးကလည်း တော်လှန်ရေးအကျိုးပြုရေး အမျိုးသ မီးများပါ လုပ်ဆောင်ရန် တိုက်တွန်းပြောဆိုခဲ့သည်။


တော်လှန်ရေးနေ့အတွက် ပေးပို့သည့် KNU ဥက္ကဌ စောတာမလာဘော၏ မိန့်ခွန်းတွင် ၆၂နှစ်ကာလအတွင်း ကြမ်းတမ်း သော ထိုးစစ်များနှင့် ထိုးခွဲမှုများကို ခါးသီးစွာ ခံခဲ့ရသော်လည်း ယနေ့တိုင် တော်လှန်ရေးတည်ရှိနေသည်မှာ ရဲဘော်ရဲဘက် များအားလုံး ခိုင်မာသောစိတ်ဓါတ်၊ စစ်မှန်သော ယုံကြည်ခြင်းနှင့် မလျှော့သောဇွဲ၊ လုံ့လတို့ဖြစ်သလို မကြာမီ ထွက်ပေါ်လာ တော့မည့် ရုပ်သေအစိုးရအား လက်မခံဘဲ စစ်မှန်သောတော်လှန်ရေး၏ ရည်မှန်ချက်ပန်းတိုင်ဖြစ်သည့် ဖက်ဒရယ် ပြည် ထောင်စုစနစ် တည်ဆောက်နိုင်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုလည်း ပြောဆိုခဲ့သည်။


အလားတူ တပ်မဟာ(၆) နယ်မြေတွင် ပါဝင်သည့် အူးကလေးထာ့နေရာတွင် ပြုလုပ်သည့် တော်လှန်ရေးနေ့အခမ်းအနား ကို ကေအဲန်အယ်လ်အေ တပ်ရင်း(၁၀၃)နှင့် ဗျူဟာတပ်ဖွဲ့ဝင်များ၊ ဒီကေဘီအေတပ်ဖွဲ့ဝင်အချို့ အပါအ၀င် လူထု ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။


ကရင်တမျိုးသား တန်းတူအခွင့်အရေးရရှိရေးအတွက် ကရင်အမျိုးသားခေါင်းဆောင်ကြီးများက ဖဆပလအစိုးရထံ နိုင်ငံ ရေးအရ တောင်းဆိုသည်ကို လက်မခံဘဲ အကြမ်းဖက်နှိမ်နင်းခဲ့သည့်အတွက် ၁၉၄၉ခုနှစ် ဇန်န၀ါရီလ ၃၁ရက်တွင် ကရင့် တော်လှန်ရေးကြီး စတင်လာခဲ့ပြီး ထိုနေ့ကို အစွဲပြု၍ ကရင်လူထုတရပ်လုံးက ကရင့်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် ဂုဏ်ပြုလာခဲ့ခြင်း ဖြစ်သည်။

Thursday, February 3, 2011

လေးဒေးတိုက်ပွဲရုပ်သံ

ကရင်နီတော်လှန်ရေးခါင်းဆောင်ကြီးထဲဘူးဖဲခရစ်တော်၌အိမ်ပျော်ခြင်းအတွက်KAREN NATIONAL LEAGUE (JAPAN)မှမိသားစုနှင့်ထပ်တူထပ်မျှဝမ်နည်းခြင်း

ကရင်နီတော်လှန်ရေးခါင်းဆောင်ကြီးထဲဘူးဖဲခရစ်တော်၌အိမ်ပျော်ခြင်းအတွက်KAREN NATIONAL LEAGUE (JAPAN)မှမိသားစုနှင့်ထပ်တူထပ်မျှဝမ်နည်းခြင်းကရင်နီတော်လှန်ရေးခါင်းဆောင်ကြီးထဲဘူးဖဲသည်ကရင်နီစာပေပြုစုရင်း၊ကရင်နီလူမျိုးအတွက်၊တိုင်းရင်းသားများအတွက၊်မြန်မာနိုင်ငံအတွက် တန်းတူညီတူအခွင့်အရေးရရန်လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်နေချိန်တခရစ်တော်၌အိမ်ပျော်ခြင်းအတွက်KAREN NATIONAL LEAGUE (JAPAN)မှမိသားစုနှင့်သော်လည်းကောင်းကရင်နီမောင်နှမများနှင့်သော်လည်းကောင်းထပ်တူထပ်မျှဝမ်နည်းခြင်းကြေကွဲ
မိပါသည်၊၊

Chairman Hteh Bue Peh 2011-Hteh Bue Peh 1-3 video




Wednesday, February 2, 2011

ရှေ့တန်းတနေရာမှကျင်းပသော ( ၆၂ )မြောက်ကရင်တော်လှန်ရေးနေ့(ဗီဒီယိုမှတ်တမ်း)

ကေအန်ယူ ဆက်လက် တိုက်ပွဲဝင်မည် (ရုပ်သံ)KNU continuesits armed struggle

ကရင်မောင်နှမများနိုးကြားပြီးစည်းလုံးပြီးဘုံရန်သူကိုတော်လှန်နိုင်ကြပါစေ

3 htaw tha sar thay htaw.flv

ကော်သူးလေအတွက်အသက်ကိုပေးလှူမည်

5 nautaubar akyar lauli.flv


6 aukaydo susar.flv


လွတ်လပ်တဲ့ကရင်ပြည်ကိုရယူစို့
9 atarau ploneshau.flv

10 never surrender.flv


12 hupo kawthablay.flv


14 dont afarid kawthoolei with you.flv


19 haythar tathablay.flv

ကော့ကရိတ်မြို့ရှိ မိုက်ခရိုဝေ့ဗ် ကို ကရင်တပ်ဖွဲ့ဝင်များ ပစ်ခတ် ဖျက်ဆီး

ဖေဖော်ဝါရီလ ၁ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့အရှေ့နားရှိ တောင်သုံးလုံးစခန်းကို ကရင်တပ်ဖွဲ့ဝင်များက ယမန်နေ့ညက လက်နက်ကြီး ငယ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ပြီး မိုက်ခရိုဝေ့ဗ်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
မြို့ခံတစ်ဦးက “မနေ့ည ၁၁နာရီမှာ ချက်ပွိုင့်ဘက်မှာ လက်နက်ကြီးတွေနဲ့ လာပစ်တာ အလုံးတွေက အများကြီး တရစပ်ပဲ။ တနာရီ၊ နှစ်နာရီလောက် ကြာတယ်။ မိုးရွာသလိုပဲ။ ပစ်ခတ်ပြီးတော့ ၀င်လာပြီး မိုက်ခရိုဝေ့ဗ်ကို မီးရှို့လိုက်တယ်။ အဲဒီချက်ပွိုင့် နားမှာ ဈေးရောင်းနေတဲ့သူတွေ ပြောတာက ၀င်လာတဲ့လူတွေဟာ ကရင်လိုပဲ ပြောနေကြတယ်တဲ့။ ညက ကော့ကရိတ်ထဲမှာ ရဲတွေဆို လျှောက်ပုန်းအိပ်ရတယ်။”ဟု ပြောသည်။


ကော့ကရိတ်မြို့ ချက်ပွိုင့်နှင့် အောက်ဘိုတဲကြားရှိ တောင်သုံးလုံးစခန်းကို ဒီကေဘီအေနှင့် ကေအဲန်ယူတပ်ဖွဲ့ဝင်များက လက် နက်ကြီးများဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် အနီးကပ် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒီကေဘီအေ တပ်မဟာ(၅)မှ ကလို့ထူးဘောဗျူဟာ အခြေစိုက် စစ်ဆင်ရေးမှူး G2 ဗိုလ်မှူးစောဆန်းအောင်က ယခုလို အတည်ပြု ပြောဆိုခဲ့ သည်။



(ကေအဲန်အယ်လ်အေ တပ်ဖွဲ့ဝင်များ)

“မနေ့ည ၁၁နာရီကနေ မနက် ၁နာရီကျော်အထိ တောင်သုံးလုံးစခန်းကို ကျနော်တို့ ကရင်တပ်ဖွဲ့တွေ အနီးကပ် သွားပစ်ခဲ့ တယ်။ တဆက်တည်း မိုက်ခရိုဝေ့ဗ်ကိုလည်း ဖျက်ဆီးခဲ့တယ်။ ထိခိုက်မှုတွေက ဘယ်လိုရှိလဲတော့ ကျနော်လည်း အသေအ ချာ မသိရဘူး။ နေရာကလည်း ကျနော်တို့နဲ့ အလှမ်းဝေးတယ်လေနော်။”ဟု ကေအိုင်စီကို ပြောသည်။
ယခုတိုက်ခိုက်မှု ဖြစ်ပွားသည့်နေရာသည် ကေအဲန်အယ်လ်အေ တပ်ရင်း(၁၈)၏ နယ်မြေဖြစ်ပြီး ၎င်းတောင်သုံးလုံးစခန်းတွင် ရဲတပ်ဖွဲ့ဝင်အချို့သာ စခန်းထိုင်တာဝန်ယူထားကြောင်း ကေအဲန်အယ်လ်အေ တပ်မှူးကြီးတစ်ဦးက ပြောသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယနေ့တွင် ပြည်တွင်းလက်ကိုင်ဖုန်းနှင့် လိုင်းဖုန်းများကို ဆက်သွယ်ရာ ဖုန်းလိုင်းများ ပြတ် တောက်မှုရှိသည့်အကြောင်း မြ၀တီမှ ကုန်သည်တစ်ဦးက ယခုလို ပြောသည်။
“ကော့ကရိတ်မှာ အပစ်ခံရတယ်ကြားတော့ အခြေအနေသိချင်လို့ ဖုန်းလှမ်းဆက်တာ မနက်ကတော့ တချက်ရတယ်။ ဒီနေ့ မွန်းလွဲ ၂နာရီလောက်ကျတော့ မရတော့ပြန်ဘူး။ မနက်က ပြောတာကတော့ အဲဒီပစ်တဲ့အဖွဲ့တွေက မိုက်ခရိုဝေ့ဗ်ကို မီးရှို့ပြီး အဲဒီဂိတ်က ကွန်ပြူတာတွေကိုလည်း အကုန်ဖျက်ဆီးလိုက်တယ်တဲ့။ နောက်ပြီး ရဲတယောက်ကိုလည်း ဖမ်းခေါ်သွားတယ် ပြောတယ်။”ဟု ဆိုသည်။
ယမန်နေ့ညက ပစ်ခတ်ခဲ့သည့် လက်နက်ကြီးအချို့ ချက်ပွိုင့်ကားဝင်းထဲ ကျရောက်ခဲ့ပြီး လူထိခိုက်မှုများမရှိသော်လည်း မြို့ တော်ဦးဘက်သို့ ကျရောက်ခဲ့သည့် လက်နက်ကြီးတလုံးကြောင့် အရပ်သားတစ်ဦး ထိခိုက်ကြောင်း အတည်မပြုနိုင်သေးသည့် သတင်းများအရ သိရသည်။

Tony Stonor^s Last adventure


TonysLast090608LR -

KCBO_Summery_Report_Nov_10_-_Jan_11 -

ကော့ကရိတ်အနီးက တောင်သုံးလုံးစခန်းကို ဒီကေဘီအေ ဝင်ရောက်တိုက်ခိုက်

ယမန်နေ့ည ၁၂ နာရီလောက်က ဒီကေဘီအေ တပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေဟာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အနီးက တောင်သုံးလုံး နအဖ တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ တောင်သုံးလုံးနေရာ မှာ နအဖ တပ်ရင်း ခလရ ၃၂၀ နဲ့ နယ်ခြားစောင့်တပ် ၉၀၇ တပ်ရင်းတွေ ရှိပါတယ်။


တိုက်ပွဲက ပစ်ခတ်သံတွေကို ကြားနေရတဲ့ မြဝတီမြို့ခံတဦး ပြောပြတာက…

“ညကတည်းဖြစ်နေတာ ပစ်သံခတ်သံတွေကတော့ ခု နေ့လည် ၁ နာရီထိုးနေပြီး ကြားနေရတုန်းပဲ” လို့ ပြောပြပါတယ်။

တိုက်ပွဲ အခြေအနေကို ဒီကေဘီအေ တပ်မဟာ ၅ မှ ဗိုလ်ဆန်းအောင် ကို မေးကြည့်ရာမှာ…

“ဟုတ်တယ် ကျနော်တို့ဘက်က ကော့ကရိတ်အဝင် တောင်သုံးလုံးစခန်းကို မနေ့ညက ဝင်တိုက်တယ်။ တိုက်ပွဲအခြေအနေ အသေစိတ်ကိုတော့ အတိအကျ မသိရသေးဘူး။ အခုတိုက်ပွဲဖြစ်တဲ့ နေရာဟာ ကျနော်တို့နဲ့ ဝေါ်လေတို့ ချောင့်ခက်တို့မှာ လာပြီး ရင်ဆိုင်တိုက်ပွဲလုပ်နေကြတဲ့ နအဖတပ်တွေရဲ့ နောက်ကျောဖြစ်တယ်။ ကျနော်တို့ တော်လှန်ရေးတပ်တွေဟာ ဝေါ်လေတို့ ချောင့်ခက်တို့မှာပဲ ရှိတာမဟုတ်ဘူး နေရာအနှံ့ရှိပြီး ရန်သူကို အချိန်အရွေး ထိုးနှက်တိုက်ခိုက်လို့ ရတယ်ဆိုတာ ဒီလို တိုက်ပွဲမျိုးတွေနဲ့ သက်သေပြလိုက်တာဖြစ်တယ်” လို့ ရှင်းပြပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် မြဝတီ ဘားအံကားလမ်း ခရီးသွားလာမှုတွေ ရပ်နားထားရပြီး ဘားအံဆင်းမယ့်ကားတွေကို အလယ်ဘိုတဲနေရာမှာ ရပ်ခိုင်းထားတယ်လို့ ဒေသခံ ကုန်သည်တွေက ပြောပြပါတယ်။

တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ ဆက်လက်စုံးစမ်းနေတုန်းဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ၏လစာတစ်လလျှင်ကျပ်ငွေသိန်း ၅၀

အော်မနေဘူးတာမမြင်ဘူးတာတွေရတော့
တခုတသိရမိတယ်
ခွေးဝဲစားတွေအစာတွေ့လို့လျှာထွကက်ပြီး
သရည်တွေကျခွေးရူးတွေလိုပါလား၊၊
ပြည်သူတွေသတိထားခွေးရူးတွေများများလာပြီ
ခွေးဝဲစားတွေ ခွေးရူးတွေကိုမမွေးမိပါစေနှင့်
မွေးမိလျှင်ပြန်ကိုက်ပြီးအသက်အန္တရာယ်စိးရိမ်ရသည်၊၊
General Section
Written by Administrator
Tuesday, 01 February 2011 03:32
နိုင်ငံတော်သမ္မတ၏လစာကို တစ်လလျှင်ကျပ်ငွေသိန်း ၅၀၊ ကား (၆)စင်း နှင့် အဆောင်အယောင်တွေ ပါဝင်ပြီး နိုင်ငံခြားဆေးကုသစရိတ်ပါဝင်ကြောင်း သတ်မှတ်ထားပါတယ်။ ဒုသမ္မတ၏ လစာမှာ ကျပ်ငွေသိန်း (၄၀) ၊ လွှတ်တော်ဥက္ကဌ၏ လစာမှာ ကျပ်သိန်း ၃၅ သိန်း ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏လစာ မှာ ကျပ် (၃)သိန်း ဖြစ်ပါသည်။



ကျားကြီးလျှင်ခြေရာကြီး၏ ဆိုသည့်အတိုင်း လစာ နှင့် ကား (၆)စင်း ကိုသတ်မှတ်ထားသော်လည်း “အဆောင်အယာင်” ဆိုသည့်စကားရပ်ကို အသေးစိတ်မကြေညာထားပါက တိုင်းပြည်ကို တရားဝင်ဆင်းရဲစေ ပြီး နိုင်ငံတော်သမ္မတ နှင့် မိသားစု ကို တရားဝင် ချမ်းသာစေမည့်အန္တာရယ်ကြီးသော ဥပဒေပြဌာန်းချက်ဖြစ်သည်။

နအဖ လက်နက်ကြီးကျရောက်၍ ယာယီစခန်းမှ ဒုက္ခသည်များ ကစဥ့်ကလျားထွက်ပြေး



(စစ်ဒဏ်ကြောင့် ရွာသားများ သစ်ပင်အောက်တွင် ယခုလို တိမ်းရှောင်နေထိုင်ရသည်)

ဖေဖော်ဝါရီလ ၁ရက်။ နန်းထူးစံ (ကေအိုင်စီ)


မြ၀တီမြို့နယ်၊ ဝေါ်လေဒေသအတွင်းရှိ နအဖတပ်ဖွဲ့များက ယနေ့မနက်တွင် ပစ်ခတ်ခဲ့သည့် လက်နက်ကြီးများ ထိုင်းနိုင်ငံ ဘက်ခြမ်းရှိ စစ်ပြေးဒုက္ခသည်များ ရောက်ရှိခိုလှုံသည့်နေရာအနီး ကျရောက်ပေါက်ကွဲသဖြင့် စစ်ပြေးဒုက္ခသည်များ အပါအဝင် ထိုဒေသခံ ထိုင်းရွာသူရွာသားများပါ ထွက်ပြေးတိမ်းရှောင်ရကြောင်း သိရသည်။


ယနေ့မနက် ၈နာရီခွဲခန့်တွင် ထိုင်းနိုင်ငံ၊ ဖုတ်ဖရမြို့နယ်၊ မောကဲထိုင်းကျေးရွာတွင် လက်နက်ကြီး ၅လုံး ကျရောက်လာသည့် အတွက် ထိုကျေးရွာအတွင်း ရောက်ရှိခိုလှုံနေကြသည့် ဝါ့မီထာ့နှင့် ဆုံဆည်းမြိုင်ကျေးရွာမှ ရွာသူရွာသား ၁,၀၀၀ကျော်နှင့် ထိုင်းရွာသားများ ဘေးလွှတ်ရာနေရာများသို့ ထွက်ပြေးခဲ့ကြရကြောင်း ၀ါ့မီထာ့ရွာသားတစ်ဦးက ပြောသည်။


၎င်းရွာသားက “မနက်က လက်နက်ကြီးတွေ ကျလာတာ ရွာသူအမျိုးသမီးတယောက်ဆိုရင် လန့်ပြီး သွေးတိုးတက်၊ သတိလစ် သွားတယ်။ ဒီလိုတိုက်ပွဲဖြစ်ပြီဆိုရင် ကျနော်တို့ ရွာသူရွာသားတွေပဲ ပိုဒုက္ခရောက်တယ်။ တိုက်ပွဲတွေကြောင့် ကျနော်တို့ ရွာမှာ မနေရဲလို့ တနေရာပြီးတနေရာ ပြေးပြီးမှ ထိုင်းဘက်ကိုရောက်လာတာ။ ထိုင်းဘက်မှာ ရောက်တာတောင်မှ ပြေးရသေးတယ်။” ဟု ကေအိုင်စီကို ပြောသည်။

သတိလစ်သွားသည့် ရွာသူအမျိုးသမီးကို ဖုတ်ဖရမြို့နယ် ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသပေးလျှက်ရှိသည်ဟု သိရသည်။

၎င်းစစ်ပြေးရွာသူရွာသားများသည် မောကဲထိုင်းကျေးရွာတွင် တချို့နေထိုင်လျှက်ရှိပြီး တချို့က ရွာ၏အရှေ့ဘက်ခြမ်းရှိ ထိုင်း စစ်တပ်၏ တပ်စခန်းဝင်းတွင် ထိုင်းအာဏာပိုင်များက ယာယီခိုလှုံခွင့်ပေးထားသလို တောင်ယာခင်းများတွင်လည်း သွားရှောင် နေထိုင်ကြသူများလည်းရှိသည်ဟု ၎င်းရွာသားက ပြောသည်။

(စစ်ဒဏ်ကြောင့် ရွာသားများ သစ်ပင်အောက်တွင် ယခုလို တိမ်းရှောင်နေထိုင်ရသည်)

လက်ရှိအချိန်တွင် ထိုင်းအာဏာပိုင်များသည် ၎င်းတို့ခိုလှုံခွင့်ပေးထားသည့်နေရာရှိ စစ်ပြေးဒုက္ခသည်များကို သောက်ရေနှင့် ထမင်းများ ကျွေးမွေးကူညီပေးခဲ့သည့်အပြင် ထိုစစ်ရေးအခြေအနေများကြောင့် နယ်စပ်ဒေသများတွင်လည်း လုံခြုံရေးကို ပိုမို ချထားလျှက်ရှိသည်။

ဒေသတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် ယမန်နေ့က ထိုင်းနိုင်ငံ၊ မော်လီချိုင်းကျေးရွာသို့ ရောက်ရှိလာသည့် တာအူထာ့ရွာသူ တဦးက “အခက်အခဲတွေကတော့ အမျိုးမျိုးပဲ။ ကျမ ယောက်ျားကလည်း နေမကောင်းဘူး။ ပိုက်ဆံကလည်းမရှိ။ ကလေးတွေ ကလည်း တဖက်နဲ့။ အခု မော်လီချိုင်းရွာက သူများအိမ်နားမှာ ခိုကပ်နေရတယ်။”ဟု ပြောသည်။

အဆိုပါ တာအူထာ့ကျေးရွာ အနီးအနားတွင် ကရင်တပ်ဖွဲ့နှင့် နအဖ တပ်များအကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားလျှက်ရှိပြီး နအဖတပ်ဘက်က ပြီးခဲ့သည့် ၃ရက်ခန့်ကတည်းက လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်ခဲ့သည့်အတွက် တာအူထာ့ကျေး ရွာမှ ရွာသူရွာသားအားလုံး ထိုင်းနယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့သလို ထိုဒေသအတွင်းရှိ အချို့ရွာများမှ ရွာသူရွာ သားများလည်း လွတ်မြောက်ရာသို့ ပြောင်းရွှေ့ခိုလှုံကြသည်ဟု သိရသည်။

စစ်ရေးကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ရွာသူရွာသားများအတွက် လိုအပ်သည့် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ဆေး
ဝါးကုသမှုများကို နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားများအဖွဲ့(BPHWT)နှင့် ကရင်လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ ကူ ညီပေးလျှက်ရှိသည်။

Tuesday, February 1, 2011

Japan volcano eruption heard four miles away

Caught on camera: huge explosion at Shinmoedake peak on the southern Japanese island of Kyushu.

8:44AM GMT 01 Feb 2011
Shinmoedake peak erupted again this morning sending shockwaves that shattered windows in homes and buildings in southern Japan and leaving one person injured.

Debris from the volcano shot at least 6500 feet up into the air and the explosion could be heard over four miles away, according to local news reports.

Hot rocks from the volcano triggered small forest fires but these were soon extinguished by local officials.

The volcano has been spewing hot ash and rocks across several cities and towns of the southern Japanese island of Kyushu since January 27.

It is the first major activity at Shinmoedake in 52 years and vulcanologists have warned of more large explosive eruptions and even the possibility of lava flow down the mountain to come.

( ၆၂ )နှစ် မြောက်ကရင်တော်လှန်ရေးနေ့ ဂုဏ်ပြုသီချင်း

/ 1/30/2011 09:28:00 PM /
( ၆၂ )နှစ် မြောက်ကရင်တော်လှန်ရေးနေ့ နှင့် ကရင်သူရဲကောင်းများအားလုံး ကို ကညောဖိုး မှလှိုက်လှိုက်လှဲလှဲဂုဏ်ပြု ပြီး ကရင်အမျိုးသားများအားလုံး ၏တော်လှန်ရေးစိတ်ဓာတ်ကို ဒီသီချင်းလေးနှင့်ထပ်မံနိုးဆော်လိုက်ပါတယ် ခင်ဗျား........... "Long Live Kaw Thoo Lei

ပဒိုမန်းငြိမ်းမောင်နှင့်တွေ့ဆုံမေးမြန်းချက်

Inter view with flee porters(KIC)-video

Interview with BGF 1015 Saw Ashar(KIC) -video

Monday, January 31, 2011

အီး မေး မှ စာ စု များ ( ၂၀၁၁ မြန် မာ)

ကျွန် တော် အီး မေး မှာ ၀င် လာ တဲ့ ဖေါ ၀ပ် မေး ထဲ က တစ် ခု ကို တင် လိုက် ပါ တယ်။ ကျွန် တော် ဆီ ဒီ လို ၀င် လာ တဲ့ စာ တွေ ထဲ မှာ ခွန် အား ရ စေ တဲ့ စာ အ များ ကြီး ပါ ပါ တယ်။ ဒါ ပေ မဲ့ ကျွန် တော် ယူ ဆ တာ က ဒီ စာ တွေ ကို ဘ လော့ တွေ အွန် လိုင်း စာ မျက် နှာ က နေ ကူး ယူ ပြီး ပြန် မျှ ဝေ ကြ တာ လို့ ထင် ပါ တယ်။ ဒါ ကြောင့် ကျွန် တော် တင် ချင် လွန်း အား ကြီး တဲ့ စာ အ နည်း ငယ် လောက် ပဲ ဘ လော့ မှာ တင် ပါ တယ်။ အ ခု ဒီ စာ ကို ကျွန် တော် သွား ကြည့် နေ ကျ ဘ လော့ နည်း နည်း လေး ထဲ မှာ မ တွေ့ လို့ တင် လိုက် ပါ တယ်။ မူ ရင်း စာ ရေး တဲ့ သူ မ သိ လို့ ထည့် မ ထား ပါ ဘူး။ တ ကယ် လို့ ခွင့် မ ပြု နိုင်း ဘူး ဆို ရင် ကျွန် တော့ ကို အီး မေး ပို့ လိုက် ပါ။ ချက် ခြင်း ဖြုတ် လိုက် ပါ့ မယ်။ ကျေး ဇူး တင် လျှက်---


၁- ယခုနှစ်တွင်မြန်မာ့နိုင်ငံရေးလောက၌ထူးခြားသောပြောင်းလဲမှုတရပ်ဖြစ်ပေါ်လာမည်။ ၄င်းမှာ စစ်အစိုးရ၏ လမ်းညွှန်မြေပုံတွင်ပါရှိသဖြင့် ခေါ်ဆိုအပ်သော လွှတ်တော်တွင် ဆွံ့ အနားမကြား၊ လူစဉ်မမှီသော အရပ်သား အမတ်မင်းများတချို့  နေရာရလာလိမ့်မည်။ ၄င်းလွှတ်တော် တွင် အာဏာရှုးကြီး၏ နောက်လိုက်နောက်ပါ အခြွအရံများ၊ အရပ်ဝတ်လဲ စစ်သားလူထွက် ဘုမသိဘမသိ နိုင်ငံ့ အရေးအား နကန်းတလုံးမှ နားမလည်သော သနပ် ခါးဖွက် လွှတ်တော်တက် မည့်အမတ်မင်းများ လုပ်ချင်သလိုလုပ်ပိုင်ခွင့် အပြည့်အ၀ ရရှိကြမည် ဖြစ်သည်။

၂- သမ္မတရာထူးအနေဖြင့် အာဏာရူး စစ်ဘီလူးကြီး ဦးသန်းရွှေသမ္မတဖြစ်လာနိုင်လိမ့်မည်။ ၄င်းမှ တိုက်ရိုက်သမ္မတအဖြစ် ရုပ်မပြချင်ပါကလည်း ၄င်း၏ ငယ်မွေးခြံ ပေါက် ကပ်ပါးကောင်တကောင်မှာ သေနပ်အားခါးကြားမှ ပုဆိုးကြားသို့ ပြောင်းလဲကာ သမ္မဖြစ်လာလိမ့်မည်။

၃- ပြည်သူတို့၏ ကန့်ကွက်မဲမှ ထောက်ခံမဲအဖြစ်ပြောင်းလဲပြီး အတည်ပြုထားပြီးသော အခြေခံဥပဒေပါ အချက်များအား ပြောင်းလဲချင်သည့် လွှတ်တော်အမတ်နှင့် ဆန့်ကျင်သူများအားဖမ်းဆီးမည့်ပွဲမှာ အလွန်စည်ကားစွာဖြစ်ပေါ်လာလိမ့်မည်။ လွှတ်တော်တွင် စစ်တပ်မှ နေရာ ၂၅ ရာခိုင်နှုန်းမှ ၁၀၀ ရာနှုန်း အထိ ပြောင်းလဲ ပြင်ဆင်ဖွယ်ရှိသည်။

၎- ဦးတေဇဦးဆောင်သည့် မြန်မာ့ သူခိုးကြီးများအဖွဲ့ သည့် စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံအနှံ့ ကျယ်ပြန့် လွတ်လပ်စွာ လုပ်ဆောင်လာနိုင်မည့် နှစ်တနှစ်ဖြစ်သည်။ ရေနံတွင်းများ၊ သဘာဝဓါတ်ငွေ့ တွင်းများ၊ လျှပ်စစ်ဓါတ်အားများ၊ သစ်တောထွက်ပစ္စည်း ၊ ရေထွက်ပစ္စည်းနှင့် ကျောက်မျက် ရတနာများအား ပြည်သူတို့ မသုံးတက်မည်ဆိုးသဖြင့် တရုတ်၊ အိန္ဒိယနှင့် ယိုးဒယား နိုင်ငံတို့အား ပေါများချိုသာစွာေ၇ာင်းဝယ်ဖောက်ကားလာကြမည်ဖြစ်ပြီး ၊ နိုင်ငံတကာမှအသုံးမပြုတော့သည့်ပစ္စည်းအဟောင်းများအား ပြည်သူတို့အတွက် တင်သွင်းရောင်းချလာလိမ့်မည်ဖြစ်သည်။

၅- ၁၀၀၀၀ တစ်သောင်းတန်ငွေစက္ကူများ အသစ်ထက်မန်ထုတ်လုပ်လာနိုင်မည်။ ငွေစက္ကူအဟောင်းများ အားကပ်ရန် စက္ကူကပ်တိပ်များ ပိုမိုအရောင်းသွက်လာလိမ့်မည်။ ငွေကြေးဈေးကွက်တွင် အများထင်မှတ်ထားသလို အကျဘက်သို့ ဦးတည်လာလိမ့်မည်။ ကျပ် ဟု ခေါ်ဆိုထားသည့်အတိုင်း ပြည်သူများ ကျပ်ကျပ်တည်းတည်းငွေရှာဖွေရလိမ့်မည်။ တိုင်းတပါးသို့ ကျွန်ခံရန် သွားလိုသူများတနေ့တခြားတိုးပွားလာလိမ့်မည်။ ၄င်းတို့ထံမှ ဆက်ကြေး ၁၀ရာခိုင်နှုန်းကို သံရုံးအမည်ခံကာ ကောက်ခံခြင်း၊ မည်သည့် အကျိုးခံစားခွင့်ကိုမှပြုလုပ်ဆောင်ရွက်မပေးခြင်း ဖြင့် ပြည်သူလူထုအား ပိုမိုဆင်းရဲအောင်လုပ်ဆောင်လာလိမ့်မည်။

၆- တိုင်းပြည်တွင် စစ်မှုမထမ်းမနေရဥပဒေကြောင့် တပ်မတော် အင်အားရှိလာလိမ့်မည်။ အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာ နိုင်ငံတော် ဘဏ္ဍာအားစိတ်ကြိုက်သုံးစွဲ ပိုင်ခွင့်ရှိထားသည်ဖြစ်သဖြင့် ဥမင်ဖောက်ပြီး ခေတ်မှီစစ်လက်နက်များအား ဈေးကြီးပေး ၀ယ်ယူဆုဆောင်းကာ ရှေ့ တန်းစစ်မျက်နှာ၌ ပြည်သူများထံဓါးပြတိုက်ကြလိမ့်မည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများပေါ်တွင် ယခင်ထက် ပိုမို ရိုင်းပြစွာဆက်ဆံကာ ပြည်တွင်းစစ်အားဖမ်တီးလာလိမ့်မည်။ ၄င်းနောက် အရပ်သားစစ်မှုထမ်းများအား စစ်ပွဲတွင်ရှေ့ ၌ထားကာမိုင်းရှင်းခိုင်းကြမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တပ်မတော်တွင် တပ်သားမရှိသောကြောင့်ဖြစ်သည်။ နှစ်စဉ် တပ်မတော် မှ စစ်ဗိုလ်များကိုသာမွေးထုတ်နိုင်ပြီး တပ်သားသစ်များ မှာ ၀င်ရောက်လာဖြင်းမရှိသဖြင့် စစ်မှုမထမ်းမနေရဥပဒေအား မလွှဲမရှောင်သာသဖြင့် ပြဒါန်း ခဲ့ ရခြင်းဖြစ်သည်။

၇- နိုင်ငံရေးသမားများနှင့်ပါတီများမှာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်တိုးတက်လာစေမှုအား အာရုံထားနေရသဖြင့် စီးပွားရေးလုပ်ငန်း မလုပ်ဖြစ်ပဲ အကြွေးများပတ်လည် ၀ိုင်းလာလိမ့်မည်။ ပြည်သူလူထုမှာ ပါတီများ ရပ်တည်လာနိုင်မှုအား အားပေးထောက်ခံ မှု နှင့် ငွေကြေး မထောက်ပံ့ နိုင်သဖြင့် နိုင်ငံရေးပါတီတချို့  စီးပွားရေးလုပ်ငန်းများလုပ်ဆောင်လာလိမ့်မည်။ သို့ သော် ပြည်သူတချို့ မှာ ၄င်းတို့ စီးပွားရေး လုပ်ငန်းလုပ်ကိုင်ခြင်းအား ရှုံချပြီး မည်သို့မှ အကူအညီမပေးပဲနေလိမ့်မည်။ ပြည်ပမှ ကြက်တူရွေး၊ သာလိကာ ၀င်စားသော အပြောသမား များမှာ အရာအားလုံးအပေါ်ဝေဖန်တိုက်ခိုက် ဆန့် ကျင်လိမ့်မည်။ ပြည်တွင်းတွင် ထင်ရှားသော နိုင်ငံရေးခေါင်းဆောင် ကြီး များအား အကြောင်းပြချက်အမျိုးမျိုး ပြပြီး ပြန်လည် အကျဉ်းချထား ခံရပေလိမ့်မည်။

၈- ပညာရေးတွင်မူ ဆင်းရဲသားများ သင်ကြားခြင်းငှာမတက်နိုင်သော အရင်းရှင် ဘူဇွာပညာသင် ကျောင်းများပေါ်ပေါက်လာလိမ့်မည်။ သို့ သော် အစိုးရ ခေါင်းဆောင်လူကြီးများနှင့် သူဌေးသူကြွယ်များ၏ သားသမီးများ ပြည်ပတွင်ပိုမိုသွားရောက် ပညာသင်ကြလိမ့်မည်။ဘွဲ့ ရလူငယ်များ စာမတက်သောကြောင့် လူရာမ၀င်ဖြစ်လာလိမ့်မည်။ ဘွဲ့ ရဆိုက်ကားနင်းများလဲ ရှားပါးလာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဆိုင်ကား များအစား လူများက ဆိုင်ကယ်များအား ပိုမို အသုံးပြုလာသောကြောင့်ဖြစ်သည်။ အခမဲ့ပညာသင်ခွင့်မှာ ဘုန်းကြီးကျောင်းများတွင်သာ မြင်ရမည်ဖြစ်ပြီး အခကြေးငွေမပေးနိုင်သောကလေးများနှင့် အချိန်မပေးနိုင်သော ကလေးများမှာ လမ်းပေါ်အမှိုက်ကောက် ၊ တောင်းစား ၊ဖာတမ်းရောက် ၊ အလုပ်ကြမ်းလုပ်ကာ စောစောစီးစီး အိမ်ထောင်ကျကြလိမ့်မည်။

၉- နည်းပညာအပိုင်းတွင်မူ တယ်လီဖုန်းလိုင်းများအား နိုင်ငံတကာ ဈေးနှုန်း ထက်မြင့်မားစွာဈေးတင်ရောင်းချပြီး လိုင်းမမိခြင်း၊ ခေါ်ဆိုခကြီးမြင့်ခြင်းနှင့် ကြားဖြတ်နားထောင်ခြင်းများ ပိုမိုလုပ်ဆောင်ဖြစ်ပေါ်လာလိမ့်မည်။ အင်တာနက်ဆိုင်များတွင် ထောက်လှမ်းရေးကင်မရာများ တက်ဆင်လာလိမ့်မည်။ အင်တာနက်လိုင်းများလိုင်းမမိခြင်း၊ အသုံးပြုမရခြင်း တို့ ပုံမန်ထက်တိုးတက်ဖြစ်ပေါ်လာလိမ့်မည်။ ကလေးငယ်များ အင်တာနက်တွင် ပညာရသော အသုံးဝင်သော ချက်တင်ကိုသာ တွင်တွင်သုံးကာ ကြူခြင်း ၊ ကြောင်ခြင်း၊ ရည်းစားထားခြင်း၊ ဆင်းရဲသားကားကြည့်ုခြင်း၊ မိန်းကလေးများ ကင်မရာချက်တင်ရှေ့ ၌ မိမိ၏ မမြင်အပ်သော ခန္ဒာကိုယ်အား ကိုင်ပြခြင်း၊ ပွတ်ပြခြင်း၊ မဖွယ်မရာပြုပြခြင်း၊ ဂိမ်းကစားခြင်း စသည့် အမှုကိစ္စများအား ပိုမို တွင်ကြယ်စွာ အသုံးပြုလာလိမ့်မည်။

၁၀- လူမှုရေးနှင့်စာရိတ္တအပိုင်းတွင်မူ ငယ်၇ွယ်စွာ ရည်းစားထားခြင်း ၊ အတူနေခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်း၊ ခုယူခုကွဲ လင်မယားများပေါများလာခြင်း၊ အဖော်အချွတ် ပိုမို အလုပ်များလာခြင်း၊ စကပ်တို မလုံ့ တလုံအ၀တ်များဝတ်ကာ မိဘဆွေမျိုးလူမျိုး တို့
၏ဂုဏ်သိက္ခာအား လုံးဝ သုံးမရအောင်ပြုလုပ်နေထိုင်လာခြင်း၊ မိန်းမယောက်ျား အတူနေ၊အတူအိပ်နေခြင်းတို့အား ကိုယ်ဘာသာ ဗွီဒီယိုရိုက် မှတ်တမ်းတင်ပြီး အများပြည်သူသိအောင် ရှောက်ပြခြင်း၊ တွေ့ မရှောင်လူမရွေး ငွေပေါပေါတက်နိုင်သည့် ဖြုန်းနိုင်သည့် ယောက်ျားများနှင့် အတူနေခြင်း၊ နိုက် ကလပ်နှင့် ကာရာအိုကေဆိုင်များ တွင်လူများလာခြင်း ၊တရုတ် ကုလားလူမျိုးများ ကာရာအိုကေ၊ မာဆက် နှင့် လိင် နှင့်ဆက်ဆိုင်သောလုပ်ငန်းများလုပ်ကိုင်ပြီး မြန်မာအမျိုးသမီးများအား လုပ်ကိုင်စေခြင်း၊ လူကြီးသူမအား ပိုမိုရိုင်းပြစွာ ပြုမူဆက်ဆံလာခြင်း၊ ဘီယာဆိုင်များ၌ လူစည်ကားလာပြီး အရက်သမားပိုမိုပေါများလာခြင်း၊ မူးယစ်ဆေးဝါး ပိုမိုသုံးစွဲလာကာ လူမျိုးပြုန်းတီးလာခြင်း များဖြစ်ပေါ်လာလိမ့်မည်။

၁၁- ဘာသာရေးအပိုင်းတွင်မူ နိုင်ငံအတွင်း လွပ်လပ်စွာကိုးကွယ်ပိုင်ခွင့်အား ပုံမှန် တင်းကြပ်စွချုပ်ကိုင် ထားမည်ဖြစ်သည်။ ဆရာတော်များ ဆက်လက် အဖမ်းအစီး အထိန်းအသိမ်းခံရမည်။ တရားပွဲပြုလုပ်ခွင့်အားလိုင်စင်ပြုလုပ်ကာလုပ်ကိုင်ခွင့် ပြုလုပ်တော့မည်ဖြစ်ပြီး ၊ သံဃာတုများအား အားပေးခြင်း ၊ အများအကျိုး သာသနာ့အကျိုး အမှန်အကန် ဆောင်ရွက်သော သံဃာတော်များအား ဘွဲ့ ထူး ဂုဏ်ထူးများ ပေးအပ်ခြင်းအား ရပ်နားခြင်း ၊ တားမြစ်ခြင်း နှင့် မည်သည့် ခေတ်တွင်မှမပေါ်ပေါက်ဘူးသေးသည့် ဘုန်းကြီးကျောင်းအားချိပ်ပိတ်ခြင်း သိမ်းယူခြင်း၊ အိပ်မက်ထဲတွင်တောက် ခေါက် မျက်စောင်းထိုး စိတ်ဆိုးပြသည့် နတ်များ၊ ထွက်ရပ်ပေါက်များ၏ ရုပ်ထုများအား လက်ထိပ်ခပ်ခြင်း ထောင်ချခြင်းများ ပြုလုပ်လာလိမ့်မည်။ အလားတူသံဃာများထဲတွင်လဲ ပြည်ပသာသနာပြူ အမည်ခံကာနိုင်ငံတကာ၌ အနေအစားချောင် ရေသာခို ဇိမ်ခံပြီး ဘုရားစကား တရားစကားနားမထောင်ပဲ အကြည်ညိုပျက်အောင်လုပ်လိုသူ ရဟန်းများ ပေါများလာခြင်း၊ အစိုးရအလိုကျ ဖွဲ့ စည်းထားသော သံဃာ့မဟာနာယက အဖွဲ့ ကြီး မှာ သာသနာရေးဝန်ကြီးဌာနနှင့် အစိုးရလူကြီးမင်းများအလိုကျနေနေရသောကြောင့် ပျက်ဆီးချင်နေသော (၀ါ) ပျက်စီးနေသော သာသနာ့အကျိုးအား တာဝန်အား ထမ်းဆောင်ရန်တာဝန်ပျက်ကွက်လာခြင်း၊ ထေရ၀ါဒအမည်ခံ နတ်ယုံကြည်သူများ ၊ ဗေဒင်ဘုန်းကြီးများ၊ ချဲဘုန်းကြီးများ၊ ထေရ၀ါဒအမည်ခံ အရည်းကြီးသာသာဘုန်းကြီးများ၊ ဘိုးတော်များ ပေါသည်ထက်ပေါများကာ ဗုဒ္ဒသာသနာအားမြန်မာပြည်မှ အမြစ်ပြုတ်အောင်ပြုလုပ်လာခြင်းများ တိုးတက်ဖြစ်ပေါ်လာလိမ့်မည်။

ကမ္ဘာသိဓါတ်ပုံတွေကိုရိုက်ခဲ့တဲ့ ကရင်တစ်ယောက်ရဲ့အကြောင်း

ဘား မား ဗီ ဂျေ ဆို တဲ့ မှတ် တမ်း ရုပ် ရှင် ဟာ က မ္ဘာ ကျော် လူ သိ များ ခဲ့ ပါ တယ်။ ဒါ ပေ မဲ့ က ရင် လူ မျိုး ဓါတ် ပုံ သ မား ရဲ့ အ ကြောက်း ကို တော့ လူ သိပ် မ သိ လိုက် လို့ တင် ပေး လိုက် ပါ တယ်။
ကမ္ဘာသိ ဓါတ်ပုံရိုက်ကူးခဲ့သူ ကရင်တယောက်ရဲ့ အကြောင်း

ကရင်ပြည်နယ်ဇာတိ စောလောအယ်စိုးဟာ ရန်ကုန်မှာ ဥပဒေနဲ့ ဘွဲ့ရအပြီး သူဝါသနာပါတဲ့ ဓါတ်ပုံသတင်းထောက် လောကထဲကို ခြေစုံပစ် ၀င်ရောက်ခဲ့သူ ဖြစ်ပါတယ်။ သူရိုက်ခဲ့တဲ့ ဓါတ်ပုံတွေအနက် မြန်မာပြည်မှာ ဖြစ်ပွားခဲ့တဲ့ ၂၀၀၇ခုနှစ် စက်တင်ဘာအရေးအခင်း ဓါတ်ပုံတွေကတော့ ကမ္ဘာကျော် ဓါတ်ပုံတွေ ဖြစ်လာခဲ့ပါတယ်။ သူစွန့်စား ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံတွေ အကြောင်း တစေ့တစောင်းကိုတော့ အောက်မှာ ဆက်လက်လေ့လာနိုင်ပါတယ်။




သူ့ရဲ့ ကျွမ်းကျင်တဲ့ ဓါတ်ပုံဆရာတယောက် ဖြစ်လာရတာကလည်း သူ့ရဲ့ ငယ်ငယ်ကတည်းက ၀ါသနာအရင်းခံ ပြင်းပြင်းထန်ထန် ရှိနေခဲ့တာနဲ့ တစိုက်မတ်မတ် ကြိုးစားမှုလာခဲ့တာတွေကြောင့် ဆိုတာ နယ်စပ်မှာ ထွက်လာအပြီး သူနဲ့ရင်းနှီးတဲ့ အချိန်က သိလာရတာပါ။ သူပြောနေကျ စကားတခွန်းတော့ ရှိပါတယ်။ အဲဒါကတော့ သူ့ရဲ့ ကင်မရာရှေ့မှာ မတရားမှုတွေ ဥပဒေမဲ့ အလုပ်ခံရတာ တွေကြောင့် ရလာတဲ့ ဓါတ်ပုံတွေဟာ တနေ့တချိန်မှာ လူတွေရဲ့ အခွင့်အရေးတွေအတွက် ပြနိုင်တဲ့ဟာတခုခု ဖြစ်ခဲ့မယ်ဆိုရင် ထိုလူတွေအတွက် သူတိုက်ပွဲဝင်တာ တခုဖြစ်တယ်ဆိုတဲ့ သူ့ရဲ့ ခံယူထားတဲ့ အချက်ပါပဲ။

The62nd Anniversary of Karen Revolution Day and the64nd Anniversary of Karen K-N-U Day






















(၆၂)နှစ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား တိုကျိုတွင် ကျင်းပြုလုပ်။
၂၀၁၁ ခုနှစ် ဇန္န၀ါရီလ(၃၀)ရက်။


ဂျပန်နိုင်ငံ တိုကျိုမြို့တွင် (၆၂)နှစ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား နှင့် ကရင်အမျိုးသား အစည်းအရုံးကြီး (၆၄)နှစ်ပြည့် တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားကို Takadanobaba ရှိ Recycle 4F မှာ ညနေ ၆း၃၀ နာရီ မှ ၉း၀၀ နာရီအထိ KNU-Japan ဦးစီးကျင်းပပြုလုပ်ခဲ့ပါသည်။


အခမ်းအနားတွင် ကေအဲန်ယူ(ဗဟို)မှ ပေးပို့လာသည့် သ၀ဏ်လွှာ ၊ ကို ကရင်၊မြန်မာ၊အင်္ဂလိပ် သုံးဘာသာဖြစ် ဖတ်ကြားပြီးသည်နောက် ကရင်အမျိးသား တော်လှန်ရေးနေ့ ဖြစ်ပေါ်လာပုံ နောက်ခံ သမိုင်းကြောင်းကို ရှင်းလင်း တင်ပြသွားပါသည်။ ကေအဲန်ယူ နယ်မြေသို့ သွားရောက်ခဲ့သော ကေအဲန်ယူ(ဂျပန်) တာဝန်ခံ စောမျိုးခိုင်ရှင်းမှ အတွေ့အကြုံနှင့် တော်လှန်ရေးဒေသမှ လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများကို ဂုဏ်ပြု ဗီဒီယို မှတ်တမ်းဖြစ် ရှင်းလင်း တင်ပြသွားပြီး O-K-O-JAPAN, K-N-L-JAPANမှကရင်အမျိုးသားများတက်ရောက်ခဲ့ကြပြီး ဂျပန်ရှိအဖွဲ့အစည်းအသီးတို့မှ ကရင်အမျိုးသား တော်လှန်ရေး ဂုဏ်ပြု အထိမ်းအမှတ် အမှာစကား ပြောကြား ပြီးသည့်နောက် အခမ်းအနားကို ည၉း၀၀ နာရီတွင် ပြီးဆုံးခဲ့ပါသည်။

AUN-Japan နှင့် JAR တို့မှကျင်းပပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနား(တိုကျို)။

၂၀၁၁ ခုနှစ် ဇန္န၀ါရီလ(၃၀)ရက်။








Japan Association for Refugees နှင့် Association of United Nationalitirs in Japan တို့၏ ၂၀၁၁ ခုနှစ် အတွက် ပူးပေါင်းဆောင်ရွက်မှု အစီစဉ်တခုဖြစ်သော Leadership Workshop on Business Manner နှင့်Leadership Workshop on the Mass Media တို့အတွက် အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ ဇန္န၀ါရီ(၃၀)ရက်နေ့ တိုကျို Shinjuku-ku, Okubo,Okubo Chiiki Center 3F တွင် နံနက် ၉း၃၀ နာရီမှ ညနေ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။


ှယင်းအလုပ်ရုံ ဆွေးနွေးပွဲသို့ ဂျပန်နိုင်ငံရှိ တိုင်းရင်းသားအဖွဲ့အစည်းပေါင်းစုံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး စိတ်ပါဝင်စားစွာ တက်ရောက်ဆွေးနွေး ခဲ့ကြပါသည်။ သင်းတန်းဆရာများအဖြစ် အဆိုပါ နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်ပြီး အတွေ့အကြုံရှိသော ပညာရှင်များမှ ဦးဆောင်သင်တန်း ပို့ချပြီး အနာဂတ် ခေါင်းဆောင်များ လက်တွေ့ကျင့်သုံးရမည့် နည်းနာများနှင့် သတင်းမီဒီယာအတွက် လိုအပ်ချက်များတို့ကိုပါ လက်တွေ့ သင်တန်းပို့ချခဲ့ပါသည်။


ဆက်လက်ပြီး AUN-Japan နှင့် JAR တို့မှ မြန်မာနိုင်ငံသားများအတွက် လက်တွေ့အကျိုးပြုမည့် သင်တန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၇၅၀ ခုနှစ် ၁၂ ကြိမ်မြောက်ကရင် အမျိုးသားနှစ်သစ်ကူး နိုငံတကာမှာကျင်းပပြုလုပ်

ကရင် အမျိုးသားနှစ်သစ်ကူး အခမ်းအနားကို ဂျပန် နိုင်ငံ (တိုကျို) တွင် စည်ကားစွာ ကျင်းပ













၂၇၅၀ ခုနှစ် ၁၂ ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးအခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုရှင်းဂျူးခုမြို့ တွင် နေ့ လည် ၁၂ နာရီ မှ ညနေ ၅ နာရီ ထိ ကရင်အလံကိုအလေးပြုခြင်းနှင့်ကရင်နှစ်သစ်ကူးအခမ်းအနားပထမပိုင်း၊
နှင့်ဖြေဖျော်ရေးအစီအစဉ်ကိုဒုတိယပိုင်းနှစ်ပိုင်းကိုစည်ကားစွာ ကျင်ပပြီးစီးခဲ့သည်။
ကရင်အမျိုးသား နှစ်သစ်ကူးအခမ်းအနား ကို ဂျပန်ရောက် ကရင် အမျိုးသားများ များ အပြင် ရင်းနှီးသော မိတ်ဆွေ တိုင်းရင်းသား မြန်မာ လူမျိုးများ အပြင် ဂျပန်လူမျိုးများပါ ပျော်ရွှင်စွာပါဝင် ဆင်နွဲခဲ့ ကြသည်။ ကရင်နှစ်သစ်ကူးရိုးရာကောက်ညှင်းပေါင်း နှင့် ကရင်ရိုးရာ အစားအစာ များစွာ ကို စားသုံးပြီး ကရင် ရိုးရာ အက နှ င့် ဖျော်ဖြေးရေး အစီအစဉ်များစွာ ဖြင့် နှစ်သစ်ကူးအခမ်းအနားကို ပျော်ရွှင်စွာ ဖြင့် ကျင်ပပြီးစည်းခဲ့ပါသည်။
Karen New Year festival in Yangon


၂၇၅၀ခုနှစ်မြောက် ကရင်နှစ်သစ်ကူးပွဲတော် သြစတြေးလျားမှ ဗွီဒီယို အချို့
ကရင့်ရိုးရာ ဆုတောင်းခြင်းနှင့် နော်ဂရေ့ရဲ့အက(Part-2 Culture)အစီအစဉ်မှဖြစ်ပါသည်။




Karen new year celebration Thailand
ပထမအကြိမ် ကရင့်ရိုးရာနှစ်သစ်ကူးပွဲတော်(ချင်းမိုင်)

karen new year 2011 bc

Karen New Year 2011



ဗစ်တိုးရီးယားပြည်နယ် Nhill ဒေသတွင် ပထမဆုံးအကြိမ် ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပ ဇန်နဝါရီလ ၁၅။ စောကျော်ခွီး (ကေအိုင်စီ)



ကရင်မိသားစု (၈)စုသာ ရောက်ရှိနေထိုင်သည့် သြစတြေးလျားနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်ရှိ Nhill ဒေသတွင် ၂၇၅၀နှစ် မြောက် ကရင်နှစ်သစ်ကူးနေ့ ပွဲတော်အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် ယနေ့နံနက် (၁၁)နာရီခွဲမှ ညနေ(၄)နာရီ အထိ ကျင်းပပြုလုပ်ခဲ့သည်။
Karen new year 2750 Singapore