Friday, January 15, 2010

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၄)

Thursday, January 14, 2010

စိတ်ဝင်စားစရာကောင်းသော စိန်လွင်၏ ဆောင်ပါးရှည် အခန်းဆက်ပါခင်ဗျား။

စိန်လွင်
ဇန်နဝါရီ ၁၃ ၊၂၀၁၀။

ထိုင်းဂြိုလ်တုမှ KNU စခန်းများ၊ (ကော့မူးရာ၊ ဝါခသစ်၊ မယ်ထော်တို့အပါအဝင်၊ ကရင်ပြည်နယ်၊ ထိုင်းနယ်စပ် တလျှောက် အသေးစိတ်ဝင်၊ ထွက်လမ်းကြောင်းတို့) ကိုသက်ဆင်၏ Shin Thaicom ဂြိုလ်တုများမှတဆင့်၊ ကကလှမ်း သို့ပေးရန်၊ သက်ဆင်မှ သဘောတူခဲ့သည်၊

ခင်ညွှန့်မှ ထိုင်းငါးဖမ်းစက်လှေများ၊ တနသာင်္ရီဘက်တွင် ငါးဖမ်းခွင့်၊း ဖမ်းဆီးထားသော ထိုင်းအကျဉ်းသားများ (ရေလုပ်သား) ကိုပြန်လွှတ်ပေးရန်၊ “ဝ” တပ်များကိုဘိန်းနှင့်မူးယစ်ဆေးများထိုင်းဘက်သို့ တင်ပို့မှုရပ်ဆိုင်းရန် ဖိအား ပေးရန်တူခဲ့သည်၊
ထို့နောက်ပိုင်းတွင် ဘန်ကောက်မှ စစ်သံမှူး ဗခက ကျော်ဟန်ကို ကကလှမ်းသို့ ဗမခ အဆင့်ဖြင့် ခင်ညွှန့်မှ ပြန်ခေါ်ခဲ့ သည်၊

မြန်မာသံရုံးစင်ကာပူ ၊ကလည်း ခေတ်အဆက်ဆက် ဘယ်တုန်းကမှ ဘန်ကောက်မြန်မာ သံရုံးကိုအားကျမခံ၊ အကြောမပေးပါ၊

ယခုကောင်စစ်ဝင်ငွေခွန်ကိစ္စများကို လက်ရှိဖြောင်နေသူမှာ ၁၉၉၈ တွင် နယူဇီလန် Univesiy တွင် ELTO program လာတက်ခဲ့သော မန်ဟောက်ထန် (ပထမ အတွင်းဝန်) ဖြစ်ပါသည်၊ သူ့မှာအပါတ်စဉ် စနေနေ့ ညတိုင်းစာရင်းသွင်းပေး ရသူက ဆိုင်ရှင်သံအမတ်ကြီး ဦးဝင်းမြင့်သို့ ရောင်းအားကောင်းရင်ကောင်းသလို။ စင်ကာပူတွင် ချန်ဂီ ထောင်တွင် မြန်မာနိုင်ငံသားများ၊ အကြောင်းမျိုးမျိုးဖြင့် ကျခံလျှက်ရှိသည်၊ အကြောင်း မျိုးမျိုးဖြင့် ခက်ခဲဒုက္ခတွေ့သော မြန်မာတို့ အပေါ် စာနာကူညီမှုမရှိသလောက်နည်းပါးကာ၊ သံရုံးရှေ့သို့ ဆန္ဒပြသူများကို မည်သူမည်ဝါ ခွဲခြားနိုင်ရန်သာ အားတက် သရော လုပ်လေ့ရှိသည်မှာ၊ အသဲနာစရာပါ၊

မြန်မာသံရုံး၊ စင်ကာပူတွင် ဗြဟ္မာ ဦးခေါင်း ၂ ခုလည်းရှိပါသေးသည်၊ ဒေါ်ကြိုင်ကြိုင်၏ သမီးတော် (၂) ပါးဖြစ်သော အေးအေးသစ်ရွှေနှင့် ကြည်ကြည်ရွှေတို့မှာ အလုပ်မဆင်းသော်လည်း၊ လစာကိုသံရုံးခံစားခွင့်ဖြင့် နေပြည်တော် နခဌ မှ အိမ်တော်သို့ မှန်မှန်ပို့ပေးနေရသည်၊ ၄င်းတို့ (၂) ဦးအတွက် ဌားရန်းထားသောအိမ်မှာ သံအမတ်တစ်ဦးကဲ့သို့၊ သို့သော် နေရာမှာ ထိပ်တန်းလျှို့ဝှက်၊ သံအမတ်ကြီးသာလျှင်သိသည်၊ သူတို့စင်ကာပူတွင် ဈေးလာဝယ်လျှင်၊ သံအမတ်ကတော် က အထုတ်လိုက်ဆွဲပေးရသည် အခြေအနေ၊ နောက်တစ်ခု၊ စင်ကာပူသည် ဒီမိုကရေစီ တစ်ခုဖြစ်ပေမည် သန်းရွှေတို့ နယကနှင့် အလွမ်းသင့်တာအမှန်။ ကြည်ကြည်ရွှေ နှင့် အေးအေးသစ်ရွှေတို့ စာရင်းဖွင့်ထားသော ဘဏ်မှာ၊ United Overseas Bank ဖြစ်ပါသည်၊

စင်ကာပူမှာ ST Engineering Ltd သည်၊ အမေရိကန်နိုင်ငံမှ လက်နက်ကုမ္မဏီများထံမှ လက်နက် (အမြောက်၊ ဒုံးစင် များ၊ ပခုံးထမ်းပစ် စတင်ကဒုံး၊ မြေမြှပ်မိုင်း) တို့ကိုမြန်မာစစ်တပ်အတွက် လျှို့ဝှက် ဝယ်/ရောင်း ပြုလုပ်ပေးလျှက်ရှိ သည်၊ ဒါကသန်းရွှေနှင့် လီကွမ်ယူ၊ lee Hsien Loong အတွင်းသိထားသည်ကိစ္စ၊ ၄င်းလက်နက်များကို အမေရိကန် ကုမ္မဏီများမှ မြန်မာနိုင်ငံမှ ဝယ်ယူသည်ကို သိရှိသော်လည်း၊ ၄င်းတို့၏ လက်နက်စွမ်းရည်များ အမှန်တကယ်သိရှိလို သဖြင့်၊ ဆက်လုပ်နေကြခြင်းဖြစ်သည်၊ ၄င်းလက်နက်အသစ်များကို တပ်မ ၂၂။၄၄နှင့် ရတခတို့တွင်တပ်ဆင်ပြီး၊ ကရင် ပြည်နယ်နှင့် ကယားဒေသအချို့ စစ်ဆင်ရေးများတွင် သုံးစွဲသည်၊

Feedback ကို ST Engineering Ltd သို့ ရန်ကုန်ရှိ စင်င်္ကာပူစစ်သံမှူးမှ အသေးစိတ်ရယူ၍၊ Research ပြုလုပ်သည်၊
၎င်းကိစ္စတွင် မြန်မာလက်နက်ကုန်သည်ကြီးတေဇ DSA ၂၇ မှ ပွဲစားပြုလုပ်သည်၊ ၄င်းမှ ST Engineering Ltd မှပေး သော ၁၂% ကော်မရှင်ခအပြင်၊ ST Engineering Ltd အားအပိုစရိတ်များ ပေါင်းထည့်ကာ၊ မြန်မာနိုင်ငံ သို့ရောင်းချ စေသည်၊ သို့သော်တေဇသည် တစ်ယောက်ထဲတော့မဟုတ်၊ နယက ဗိုလ်ချုပ်များကို အားလုံးပြန်လည်ဖြည့်ဆည်းပေး သည်၊

စင်ကာပူရှိ OCBC Bank (Overseas Chinese Banking Cooperation ) တွင်ရှိသော ၄င်းတို့၏ စားရင်းများထဲသို့၊ အား လုံးကို ထည့်ပေးလိုက်ခြင်းဖြစ်သည်၊ ထိုနောက်၊ ရန်ကုန် Sukura Tower ရှိ ဘဏ်ခွဲသို့၊ သက်ဆိုင်သူတို့၏ဇနီး၊ သား သမီးတို့က လာရောက်ထုတ်ယူသွားကြခြင်းပင်ဖြစ်သည်၊ စင်ကာပူတွင် ဗခကများ၏ ဘဏ်စာရင်းများရှိနေသည်၊ ထို့ အပြင် စင်ကာပူစစ်သင်တန်းကျောင်းများတွင် ယခု စစ်ထောက်လှမ်းရေး အရာရှိများကို ၄င်းကုမ္မဏီမှပင် အင်တာနက်မှ သတင်းကန့်သတ်ခြင်း၊ Hack နည်းမျိုးစုံ တို့ပါဝင်သော IT ဘာသာရပ်ကို လေ့ကျင့်ပေးလျှက်ရှိသည်မှာ ၂ဝဝ၅ မှ စတင် ခဲ့သည်မှာ ယခုတိုင်၊

၂ဝဝ၈ မေထဲတွင်၊ မောင်ဝိတ်ကို မူးယစ်ဆေးမှုဖြင့် ဖမ်းသောအခါ၊ မောင်ဝိတ်ဇနီး ယမင်းခင် (ဗခက မြင့်ဆွေ လှမ်းညွှန့် မှူး ယခင်၏တူမ)သည် စင်ကာပူသို့ သွားရောက်ကာ၊ သံအမတ်တော်နှင့် ဈေးဝယ်ထွက်လျှက်ရှိသည်၊

တရားမဝင် မူးယစ်ဆေးဝါး နှင့် တရားဝင် ပြည်ပို့ကုန်
၂ဝဝ၄ အထိ မြန်မာနိုင်ငံ မူးယစ်တိုက်ဖျက်ရေး ကော်မတီဥက္ကဌ ဗမခကျော်သိန်း ဖြစ်ခဲ့ပြီး။ ဝါရှင်တန်ရှိ အောင်လင်းထွဋ် သည်လည်း၊ ထိုရှမ်းပြည်နယ်ဘက်ရှိ ဘိန်းဖျက်ပွဲများတွင် ပါဝင်ပါသည်၊

မြန်မာနိုင်ငံ မူးယစ်ဥပဒေအရ၊ ရောင်း/ဝယ်၊ သုံးစွဲခြင်းမှာ တရားမဝင်ပါ၊
သို့သော်၊ လောစစ်ဟန်သည် မြန်မာနိုင်ငံတွင် အကြီးဆုံးတစ်ခုကုမ္မဏီဖြစ်သော Asia World Yangon Airwayss, Golden aeron ကို ရွှေတြိဂံမှ ဘိန်းဖြင့် ကျောကန်ထားခြင်းဖြစ်သည်၊
ထိုငွေ US Dolloar 2 billions a year သည်သန်းရွှေ၊ မောင်အေး၊ (ယခုရွှေမန်း) တို့ကို Hong Kong မှ F.W.I.F.T တဆင့်၊ Bank Of China (အစိုးရပိုင်) သို့ Euro ဖြင့် စာရင်းလွှဲပြောင်းပေးလျှက်ရှိသည်၊

ကမ္ဘောဒီးယား မြန်မာသံရုံး
၂ဝဝ၃ မေလတွင် ဖနောင်ပင်ရှိ မြန်မာသံရုံးသို့၊ ဒုတိယအတွင်းဝန်အဖြစ်၊ ရောက်ရှိခဲ့ပါသည်၊ ထိုစဉ်က သံအမတ်မှာ ဗမခ စောလှမင်း (ယခုပြင်သစ်နိုင်ငံ) ၊ သံမှူးကြီး ကျော်ညွှန့်မှန် (ယခုငြိမ်) ဒုဝန်ကိုမြင့်ထွန်း (ယခုစင်ကာပူ ၂ဝဝ၉) တို့ဖြစ်ကြသည်၊

ကျွန်တော့်နေရပ်မှာ- #194,63st , Bang Keng Kang 1,Khan Chamcarmon,Phnom Penh ထိုစဉ်က တွဲမိသည်မှာ ၈၈ တုန်းက RIT မှ ကိုအောင်မျိုးမြင့် (စက်မှူး) တို့ဖြစ်ကြသည်၊ ပုံမှန်ရုံးပိုင်းကတော့၊ ကောင်စစ်လုပ်ငန်း (မနလ၊ ဗီဇာ) တို့ဖြစ်သည်၊ နိုင်ငံအတွင်းရှိ၊ ဒီမိုကရေစီ ရေးလှုပ်ရှားသူများသတင်း။

ကျွန်တော့်အား ထိုစဉ်က ဖနောင်ပင်ရှိ Journalism School နောက်သို့လိုက်ပါ စုံစမ်းရန်၊ သံအမတ်ကတာဝန်ပေးသည်၊ လှမ်း၏အဆိုအရ အဆိုပါသင်တန်းကျောင်းသည်၊ UG Cell များမွေးထုတ်သည့် မြေပေါ်မှသင်တန်းကျောင်းဖြစ်ကြောင်း၊ မည်သူများ တက်ရောက်နေသည်နှင့်၊ ထိုင်းနိုင်ငံဘက်မှ နယ်မြေ ပြောင်းလာသည့် ဒီမိုကရေစီလှုပ်ရှားသူများကို စုံစမ်း ရန်နှင့်၊ ဓါတ်ပုံရိုက်ပေးရန် တို့ဖြစ်သည်၊ ကျွန်တော်သည်ကျောင်းဆောာက်ဦကို ဓါတ်ပုံရိုက်ပေးပြီး၊ လောလောဆယ် ကျောင်းပိတ်ထားကြောင်း၊ အတိုချူံး၍ report လုပ်လိုက်သည်၊ သံအမတ်လည်း၊ မယုံတဝက်နှင့်၊ စိတ်လေသွားသည်၊ ပြဿနာက လှမ်းက သူတို့လိုချင်သည့်သတင်းမရကာ၊ ဘန်ကောက်ရှိ၊ စစ်သံရုံးသို့၊ အကြောင်းကြားကာ၊ လှမ်းမှ စစ်သံ တပ်ကြပ်တစ်ဦးကိုဖနောင်ပင်ထဲသို့၊ လျှို့ဝှက်ရောက်ရှိ စုံစမ်းကာ၊ တက်ရောက်နေသော မြန်မာများကိုဓါတ်ပုံနှင့်သတင်း အရ ယူသွားသဖြင့်၊ ကျွန်တော့်အား၊ ထောက်လှမ်းရေးပိုင်းမှ နောက်ကြောင်းအခြေအနေအရ၊ စိတ်မချရဟု ဦးဝင်း အောင်ထံသို့၊ လျှို့ဝှက်ဖုံးဖြင့်ပြန်ခေါ်ရန် အကြောင်းကြား၍ ကျွန်တော့်အား၊ စက်တင်ဘာ ၂ဝဝ၃ ထဲတွင်၊ ရန်ကုန်နိုင်ငံ ခြား ရေးရုံးသို့ ပြောင်းရွှေ့ခံရပြန်သည်၊
၂ဝဝ၄ မတ်လ ကုန်ဝန်းကျင်တွင် ဒေါ်စုအိမ်အား ဖမ်းဆီးပိတ်ဆို့သည် Duty ကို ဌာနအစည်းအဝေးတွင်၊ ဆန့်ကျင် တင်ပြခဲ့ရာမှ ဧပြီလဆန်းပိုင်းတွင် ဂ ရက်ကြား၊ ရေကြည်အိုင်တွင် နှိပ်စက်စစ်ဆေးခြင်းခံရပြီး၊ ရာထူးတာဝန်မှခေတ္တ ရပ်နားခံရပြီး၊ ဌာန၏ ထောက်လှမ်းရေး အထူးအရာရှိနှင့် ဝန်ကြီးဝင်းအောင်တို့အမိန့်အရ၊ ၂ဝဝ၄ ဇွန်တွင်ထွက်ခဲ့ရပါ သည်၊

ကျွန်တော့်အား နေထိုင်ရာ၊ လင်ခ်လမ်း (ဓမ္မစေတီလမ်း) နေအိမ်မှည ၁ နာရီခန့် အချိန်တွင်၊ လူ (၃) ယောက်အရပ် ဝတ်နှင့် ရောက်ရှိလာကာ၊ လှမ်းမှဖြစ်ကာ၊ ခေတ္တလိုက်ပါရန်၊ ခုခံလျှင်၊ ပစ်မိန့်ပေးထားကြောင်း၊ လက်ထိက်ခတ်မလား လို့မေးရာ၊ ကျွန်တော်ကမလိုကြောင်း။ ဆိုကာ၎င်းတို့၏ မာဇဒါဂျစ် နောက်ခန်းတွင် ကြမ်းပြင်ထိုင်ကာလိုက်ပါရသည်၊ ကားပေါ်ရောက်တာနှင့် ခေါင်းစွတ်တပ်ခံရသည်၊

ခင်ဗျားကို ရေကြည်အိုင်မှာ ပြုစုချင်လို့ပါဟု---- တစ်ယောက်ကပြောပါသည်၊
၎င်းတို့၏စစ်ကြောရေး အချုပ်သည်၊ အေးစက်နေသော အမှောင် တိုက်ခန်းဖြစ်ကား ထိုရက်များသည် ကျွန်တော့်ဘဝမှာ သရဲခန်းပါ၊ မီးလုံးဝထွန်းမထားဘဲ၊ အမှောင်အတိတွင်နေရကာ၊ ကြွက်များနှင့် ညစ်ပတ်သည်၊ အိမ်သာလည်းပေးမထား ဘဲ၊ ထိုအခန်းထဲတွင်အညစ်အကြေးစွန့်ခံရသည်၊ သောက်ရေတစ်နေ့တစ်ခွက်၊ ထမင်းချမ်းအသိုး၊ ပြန်စဉ်းစားမိတိုင်းခါး သီးနာကျင်နေတဆဲ “ဆဲ” မိ ချင်သည်။ ထို့နောက်၊ ကျွန်တော့်ကို ၄င်းတို့စစ်သည်အခန်းထဲသို့ ခေါ်သွားသည်၊ ချူပ်ထား ရာ အခန်းကျဉ်းမှစစ်မေးရာ အခန်းသို့သွားသော်အခါ၊ မျက်နှာဖုံးစွတ်နှင့်၊ ဘေး၂ ယောက်၊ နောက် ၁ ယောက်၊ မစစ် ခင်ကိုယ်လုံးတီးချွတ်ကာ တစ်ကိုယ်လုံးကို Metal detector ဖြင့်၊ လျှိုဝှက်လက်နက် ရှိမရှိ၊ သွားများ၊ အံဖုံးများကို အား လုံး အသေးစိတ်၊ နားပါမကျန်း၊ ခြေဖဝါးအောက်၊ အသေးစိတ်၊ မီးရောင်နှင့်စစ်ဆေးကြည့်ရှူသည်၊ စစ်သောအခန်းတွင်၊ မီးရောင် ဆလိုက်ထိုးထားရာ၊ သူတို့ကို မမြင်နိုင်ပါ၊ ထို့အပြင်၊ အမှောင်ထဲမှ အလင်းသို့ရုတ်တရက်ကြည့်ရ၍၊ မျက်စိနာ ကာ မျက်ရည်တွေကျကုန်သည်။ ငယ်စဉ်မွေးချိန်မှစကာ နောက်ဆုံးအချိန်ထိ ပထမဆုံး ကိုယ်ရေးစစ်ချက်ထွက်ရသည်၊
ကျွန်တော့်အား၊ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်တွင် အကျယ်ချူပ်ချ ဖမ်းဆီးထိန်းသိမ်းသည့်လုံခြုံရေး၊ ထောက် လှမ်းရေးတာဝန်ကို ဌာနအစည်းအဝေးတွင် ဆန့်ကျင်တင်ပြခြင်းသည်၊ အထက်အမိန့် ဖီဆန်ခြင်းဖြစ်ပြီး၊ ဥပဒေအရ ဆိုလျှင် နိုင်ငံတော်ကို ပုန်ကန်ရန်ကြံစည်မှု၊ တောတွင်း လက်နက်ကိုင်အဖွဲ့များ နှင့်ဆက်သွယ်မှုတို့ဖြင့် ခုံရုံးတင်နိုင် ကြောင်း၊ ထိုစစ်မေးသူမှ ခြိမ်းခြောက်ပါသည်။ ကျွန်တော်ကိုင်ဆောင်သော Cell Phone မှဖုံးအဝင်အထွက်နံပါတ်များကို ဆက်သွယ်ရေးရုံးမှရယူကာ၊ တစ်ခုချင်းစီစစ်ကာ ထိုပြောသော အကြောင်းများကို အသေးစိတ်ပြန်ပြောခိုင်းပါသည်၊ မောလိုက်တာ…

ဖုံးနံပါတ်များထဲမှပြည်ပခေါ်သည့် နံပါတ်များအား၊ ပို၍ အသေးစိတ်ဖိစစ်ပါသည်၊ Email များကိုလည်း ဖွင့်ပြခိုင်းကာ Inbox, out box တစ်ခုချင်းအသေးစိတ်၊ တစ်ခုချင်းလှန်ကာ၊ စစ်ပါသည်၊ ထိုရက်ပိုင်းထဲတွင် ၄င်းတို့သည်၊ ကျွန်တော် နေထိုင်ရာ အိမ်ခန်းကိုလည်း မွှေနောက်ရှာကာ၊ ကျွန်တော် ရေးသားထားသော ဒိုင်ယာရီစာအုပ်များ၊ ရုံးဖိုင်တွဲများ၊ ကိုယူလာကာ၊ အသေးစိတ် ပါးရိုက်၍ မေးပါတော့သည်၊ ပိုဆိုးသွားသည်မှာ၊ ကျောင်းသားဘဝကထဲက သမီးရည်စား ကိစ္စကအစ၊ နိုင်ငံရေးအပါအဝင်၊ ရုံးတွင်းရေးခံစား ချက်များကို ထည့်ရေးမိသောကျွန်တော်မှာ၊ စစ်အစိုးရ၏ သံတမန် အရာရှိဖြစ်သော်ငြားလည်း၊ အာခံဆန့်ကျင် သည့် သူပုန်စိတ်ဓါတ်ရှိသူ တစ်ဦးသဖွယ် စစ်ကြောရေးတွင်ပေါ်ပေါက်လာ သည်၊

သူတို့စစ်လိုသည်မှာကျွန်တော် CIA အား၊ သတင်းပေးပို့ခြင်း၊ တခြားပြည်ပနိုင်ငံရေး အဖွဲ့အစည်းများနှင့်ဆက်သွယ်ခြင်း ဟု စွပ်စွဲချက်ဖြစ်သည်၊

အဆိုးဆုံးခံစားရသည်မှာ ကိုယ်လုံးတီးချွတ်ဖြင့် နေ့တိုင်း ဆိုင်ကယ်စီးစေခြင်းဖြစ်ပြီး၊ ခွေကျသွားသောအခါ၊ အစောင့် စစ်သား ၂ ဦး မှ စစ်ဖိနပ်ဖြင့် ပစ်ကန်သည်၊ ညို့သကျည်းပေါ်သို့၊ နံပတ်တုံးဖြင့် လိမ့်ခံရခြင်း၊ ခြေသလုံးပေါ်သို့၊ ထန်း ညက်ရေများ လောင်းချပြီး၊ အယ်လဇေးရှင်း ခွေးများကို လျှက်စေပါသည်၊ ဤသို့၊ ၈ ရက်ခန့်မျှ နှိပ်စက်စစ်ဆေးပြီး၊ ကျွန်တော့်ကိုညနက် အချိန်တစ်ရက်တွင်အိမ်ပြန်ပို့ပါသည်၊ အိမ်ပြန်ရောက်ပြီး၊ မောပန်းခံစားရ၍ ၁ ပါတ်ခန့်အိမ်ထဲမှာ လဲနေသည်၊ ထိုရက်ပိုင်းမျှ နှိပ်စက်မှုသည်ပင် လူအားရှုကြောင်ကြောင်ဖြစ်ခဲ့ရသည်၊

ထို့နောက် ရုံးသို့ရောက်သောအခါ၊ ကျွန်တော့်အား၊ အလုပ်တာဝန်များမှ၊ ရပ်စဲထားပြီးဖြစ်ကြောင်း ရုံးသို့ ၂ ပါတ်ခန့်ပုံမှန် လာပြီး၊ ထွက်မပြေးကြောင်း၊ နေအိမ်မှာနေထိုင်ကြောင်း၊ ကတိပြုရသည်၊ ထိုနောက်ဦးဝင်းအောင်မှ အလုပ်ထွက်စာ တင်ခိုင်းပါသည်၊ နောက်ပိုင်းတွင် အိမ်မှာပင်နေရကာ၊ ဇွန် ၂ဝဝ၄ တွင်ထွက်ခဲ့ရပါသည်၊ ထို့နောက်ပိုင်းတွင် အန္တရာယ်ရှိ သဖြင့်၊ မြန်မာနိုင်ငံမှ ထွက်ခွာနိုင်ရန်၊ မနလ ရရန်၊ အိမ်ထောင်စုစာရင်းအတု ပြုလုပ်လာဘ်ထိုးကာ၊ ခဲရာခဲဆစ်ရအောင် ကြိုးစားခဲ့ရသည်၊ လေဆိပ်အထွက်ကို ဌာနမှ ဝင်းကိုစိုး (ကရင်တိုင်းရင်းသား) မှ ရုံးစာရွက်စာတမ်းအတုများဖြင့်၊ သံအ မတ်ကြီးတစ်ဦး၏သားဟု ပုံမှန်းရိုက်ကာ၊ စွန့်စားခဲ့ရသည်၊ နောက်ပိုင်းတွင်၊ ဝင်းကိုစိုးအား အရေးယူရန်ရှိသောအခါ၊ သူသည် ကရင်ပြည်နယ် နယ်စပ်ဘက် သို့ရှောင်တိမ်း ခဲ့သည်မှာ ယနေ့တိုင်၊
ထိုနောက် ဖီလစ်ပိုင်း နိုင်ငံသို့သြဂုတ် ၂ဝဝ၄ တွင် ရောက်ရှိသည်၊ ဖီလစ်ပိုင်းသို့ ကျွန်တော့်ဖခင်သည် ၂ဝဝ၃ တွင် အလုပ်မှပင်စင်ယူကာ၊ ဖီလစ်ပိုင်းရှိ ဘဏ္ဍာရေးကုမ္မဏီတစ်ခုတွင် အလုပ်လုပ်နေခြင်းဖြစ်သည်၊ ထိုနိုင်ငံတွင် မိမိ ကျန်း မာရေးကောင်းမွန်အောင်၊ ဆေးဝါးကုသမှု ခံယူရသည်
Counselling Psychiatric အပါအဝင်၊

စိန်လွင်

ကောင်းဝါသတင်းစာမျက်နှာမှ

နှလုံးသွေး မရပ်သ၍

• ကော်သူးလေ အမေရေ…
သောင်ရင်းနဲ့ သံလွင်လို
အမေ့ရဲ့ ပါးပြင်မှာ
စီးခဲ့တဲ့ မျက်ရည်မြစ်နှစ်စင်းဟာ
ပါးကွက်သနပ်ခါးအလှပျက်ခဲ့တာ
ခြောက်ဆယ်တနှစ်တောင် ပြည့်နေပြီနော်….၊

• ကော်သူးလေ အမေရေ…
“တိုင်းရင်းသား စည်းလုံးညီညွတ်ရေး”တို့အရေးတဲ့
ကရင်ပြည်နယ် သံတောင်မြို့ အထက်တန်းက
မူလတန်းပြ ဆရာမ နော်မူးဂေကို မုဒိမ်းကျင့်သတ်ခဲ့တာ
သံတောင် ခလရ ၁၂၄က စစ်သားတွေပါ
ဘောဂလိကြီးမြို့နယ် ပြည်သူ့ဆေးရုံက
သူနာပြုဆရာမ နော်အုံးကြည်ကို
သေနတ်တေ့ အဝတ်အစားချွတ်ခိုင်းပြီး
ကာရာအိုကေ သီချင်းဆိုကခိုင်းတာ
စကခ(၅)မှူး ဗိုလ်မှူးကြီး ခင်မောင်ဆင့်ပါ
ဒါတွေဟာ
လှပတဲ့ အိမ်မက်ကဗျာမဟုတ်ဘူး ကောသူးလေအမေရေ
တကယ့်ဖြစ်ရပ်မှန်တွေပါ…၊

• ရှိသေးတယ် အမေကော်သူးလေရေ
“နယ်စပ်ဒေသဖွံ့ဖြိုးရေးနဲ့ ဈေးကွက်စီးပွားရေး”တဲ့
၃၈မိုင်သာ ရှည်တဲ့ တောင်ငူ ဘောဂလိကြီးကားလမ်းပေါ်မှာ
လုံခြုံရေးစစ်တပ်ဂိတ် ဆယ်ဂိတ်မက ချထားပြီး
ပြည်သူလူထုဆီက ငွေညစ် ဓါးပြတိုက်နေတာ
နအဖ စစ်တပ်ပါ
ဒါတွေဟာ သံတောင်မြို့နယ်က ဖြစ်ရပ်တချို့တွေပါ
အမေ့ရဲ့ကော်သူးလေတခုလုံးမှာဆို
ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်နေမှာပါ…၊

• ကော်သူးလေ အမေရေ
ရဲဘော်မန်းရှာက ပြောခဲ့တယ်နော်
ဒီပဋိပက္ခဟာ မဟာဗမာစစ်အုပ်စုက
ကရင်တမျိုးသားလုံးကို ရာသက်ပန်ဖိနှိပ်၊ ကျွန်ပြုချင်လို့ ဖြစ်လာတဲ့ ပဋိပက္ခပါ၊
ဒါကြောင့် သားတို့စစ်ကို မုန်းပေမဲ့
ခုခံစစ်ကို ဆင်နွဲနေရတာပါ၊
ရှိပါစေတော့ ကော်သူးလေ အမေရေ
အမေ့ရဲ့ ကျမျက်ရည်တွေကို မကြေညာတော့ဘူး
ယုံကြည်ရာလမ်းကိုဘဲ သားတို့ဆက်လျှောက်မယ်၊
ကော်ခိုစောဘဦးကြီး မိန့်မှာချက်အတိုင်း
တစ်ခါသာရှိတဲ့ ကရင့်လက်နက်ကိုင်တော်လှန်ရေးကို
ဆုံးခမ်းတိုင်အထိ
စစ်အာဏာရှင် မပြုတ်သေးသ၍
နှလုံးသွေးမရပ်သ၍
သားစဉ်မြေးဆက် ဆက်တိုက်မယ်….။

၆၁နှစ်မြောက် ကရင့်တော်လှန်ရေးနေ့၊
ရဲဘော်မန်းရှာလားဖန်းနှင့် အာဇာနည်များကို ဦးညွတ်ဂုဏ်ပြုလျှက်

ရဲဘော် ကလိုကဆောရိုမဲ
အမှတ် (၂) တောင်ငူခရိုင်

ကေအိုင်စီမှကူးယူဖေါ်ပြသည်။

SPDC send more ration by Kwekal Karen News

SPDC send more ration by Kwekal Karen News
2010 January 14

Than Ooh Too Jan 10

Than Ooh Too Jan 10
Than Ooh Too Jan 10

Thursday, January 14, 2010

တိုက်ပွဲသတင်း

ကေအဲန်အယ်လ်အေနှင့် နအဖ တပ်တို့  အကြားတိုက်ပွဲ အဆက်မပြတ်ဖြစ်ပွားရာ
တောင်ငူခရိုင် တပ်မဟာ(၂) နယ်မြေတွင်
၅၊ ၁၊ ၂၀၁၀ ရက်နေ့ ၀၉း၃၀ နာရီအချိန်၌ ဘောလေးဒါး နှင့် ဒါခယ်ဒါး နယ်မြေကြား တကြိမ် နအဖ စစ်တပ်(၃)ဦးသေ (၂)ဦးဒဏ်ရာရ။ ၈၊ ၁၊ ၂၀၁၀ ရက်နေ့ ၁၉း၀၀ နာရီ အချိန် ခူလယ်ဒါးနယ်မြေ ထီးပေါ်ကူးထာ၌ တကြိမ် နအဖ စစ်သား(၁)ဦး ဒဏ်ရာရ၊ ၉၊ ၁၊ ၂၀၁၀ ရက်နေ့  ၆း၃၀ အချိန် ထီးပယ်ညာလိုနှင့်လိုထူဘိုး နယ်မြေ၌ တကြိမ် နအဖ စစ်သား (၁)ဦးဒဏ်ရာရ၊ ၁၀၊ ၁၊ ၂၀၁၀ ရက်နေ့  ၇း၃၀ နာရီ ကိုးဒေးနယ်မြေ လူဒေး၌ တကြိမ် နအဖ တပ် (၁)ဦးဒဏ်ရာရ၊ ၁၉း၀၀ နာရီ လာခလာဒေး ၌ တကြိမ် နအဖ တပ်(၁)ဦးဒဏ်ရာရ ကြောင်းသိရိရ။


ဖာပွန်ခရိုင် တပ်မဟာ(၅) ဒေသ၌ ၁၊ ၁၊ ၂၀၁၀ ရက်နေ့ ပါမှာလေးခို၌ တကြိမ် နအဖ တပ် (၁)ဦးဒဏ်ရာရ၊ ၅၊ ၁၊ ၂၀၁၀ ရက်နေ့ တာလူခို တာခယ်ဒါး၌ တကြိမ်၊ တဖန် တာခယ်ဒါး၌ နောက်တကြိမ်တိုက်ပွဲဖြစ်ရာ နအဖ တပ်မှ (၁)ဦးသေ (၁)ဦးဒဏ်ရာရ။
၆၊ ၁၊ ၂၀၁၀ ရက်နေ့ ၀၅း၄၅ အချိန်နာရီ၌ KNLA တပ်မဟာ(၅)ဗဟိုတပ် ခိုဖယ်သူး ကွန်မန်ဒိုတပ်ရင်း နှင့် ဂေါ်ကော်တပ်ရင်း(၁) ပူးပေါင်းတပ်ဖွဲ့ ဝင်များသည် နအဖ တပ်စခန်းတခုဖြစ်သော ဒါးကြူခို (နအဖ စစ်တပ် အဆင့်မြင့်ဆက်သွယ်ရေး အမျိုးမျိုးနှင့် ကြေးနန်း ဆက်သွယ်ရေး စစ်စခန်းအား
ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုစခန်းသိမ်းတိုက်ပွဲအပြီး နယ်မြေရှင်းလင်းရန်၌ နအဖ စစ်သား အလောင်း (၁၁)လောင်းကျန်ခဲ့ပြီး ၆၀ မမတစ်လက် အသီး အလုံး ၄၀၊ လက်နက်ငယ်ကျဉ်တောင့် ၂၀၀၀ ထောင့်၊ ဆက်သွယ်ရေးစက် အကြီးတလုံး၊ အသေးတလုံး ကို KNLA မှ သိမ်းဆည်းရရှိ၊ ဆက်သွယ်ရေး တိုင်လည်းပြိုလှဲ ပျက်စီး၊ ဆက်လက်ပြီး စခန်း၌ ရှိသော ဆီ ၃၀၀ ဂါလံ၊ ဘိလပ်မြေအိတ် ၂၀၀၊ ထုံး ၁၀ အိတ် အပါအ၀င် နအဖ စစ်စခန်းအားဖျက်စီးပစ်ကြောင်း သတင်းတွင် ဖေါ်ပြ။

၇၊ ၁ ၂၀၁၀ ရက်နေ့ ၌ ဆဲဒါးခိုနှင့်ဒါခယ်ဒါး ကြားတွင် ရင်ဆိုင်တိုက်ပွဲဖြစ် နအဖ စစ်တပ် (၁)ဦးဒဏ်ရာရ၊

ဒူးပလာယာ ခရိုင် တပ်မဟာ(၆) ဒေသ တွင် ၈၊ ၁၊ ၂၀၁၀ ရက်နေ့ ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆)နှင့် နအဖတပ် ခလရ ၄၀၂ စစ်ကြောင်း (၂) မောင်မောင်မျိုးဦးစီးသော တပ် တို့  ထီးလိုဆော နှင့် ခေါ်ကလား ဒေသကြားတွင် တိုက်ပွဲဖြစ်ရာ နအဖတပ်မှ တပ်ကြပ်ကြီး (၁)ဦးသေ။

ဖားအံ့ခရိုင် တပ်မဟာ(၇) ဒေသ တွင် ၅၊ ၁၊ ၂၀၁၀ ရက်နေ့ ၌ ထီးတောထာ ဒေသတွင်တိုက်ပွဲဖြစ်ရာ နအဖ ခလရ ၆၂ တပ်မှ (၃)ဦးသေ (၂)ဦးဒဏ်ရာရ။
၇၊ ၁၊ ၂၀၁၀ ရက်နေ့ တွင် ဒီကေဘီအေ နှင့် ထီးဘော်သိုကလိုး၌ တိုက်ပွဲဖြစ်ရာ ဒီကေဘီအေ (၂)ဦးဒဏ်ရာရ၊ စသည်ဖြင့် သိရှိရပါသည်။

မှတ်ချက်။ ။ ကေအဲန်ယူ သတင်းထုတ်ပြန်ချက်မှ အကျည်းချူပ် ကောက်နှုတ်ဘာသာပြန်ဖေါ်ပြပေးလိုက်ပါသည်။

ကရင်အမျိုးသမီး တဦးအား နအဖ စစ်သားက မုဒိမ်းကျင့်ပြီး သတ်ဖြတ်


Tuesday, January 12, 2010

ဗမာ့တပ်မတော်လား....ဒါမှမဟုတ် မုဒိန်းတပ်မတော်လား...ဆိုဒါ..နအဖ စစ်တပ်ရဲ့ လုပ်ရပ်တွေက သက်သေ အမြဲပြနေပါသည်။ အောက်ပါသတင်းကို ဖတ်ကြည့်လိုက်ပါ။ မှတ်ချက်။ ။ အမျိုးသမီး၏ ဓါတ်ပုံကို မူရင်းသတင်း http://www.karenswedishcommunity.org/ မှာကူးယူဖေါ်ပြပြီး သတင်းကို ကညောဖိုးဘလော့ http://kanyawpo.blogspot.com/2010/01/blog-post_13.html မှကူးယူဖေါ်ပြသည်။

ဒီဇင်ဘာလ ၃၁ ရက် ၂၀၀၉ ခုနှစ် အချိန်ညနေ ၂နာရီ တွင် ကရင်အမျိုးသမီး နော်ဒီဇင်ဘာ ၏ မိခင် နော်……… (၃၀)နှစ် သည် နအဖ စစ်သား စိုးမင်း ၏ မုဒိမ်း ကျင့်ခြင်း နှင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရပါသည်။ ဖြစ်ပွားပုံ အသေးစိတ်မှာ… သေဆုံးသူအမျိုးသမီး၏ လင်ယောက်ျား မရှိခိုက်တွင် နအဖ စစ်သား စိုးမင်း သည် သူမ၏နေအိမ်တွင်း သို့အတင်းဝင်ရောက်ကာ အဓမ္မပြုကျင့်ပါသည်။ သေဆုံးသူအ မျိုးသမီးအော်ဟစ်အကူအညီ တောင်းသောအခါ ယင်းစစ်သားသည် ထိုအမျိုးသမီး ၏ ရင်ညွန့်အောက် နှင့် ဆီးအိမ် တို့ကို ဓားဖြင့် ၂ ချက်ဆီ စုစုပေါင်း ၄ ချက် ထိုးသတ်ခဲ့ရာ နေရာတွင်ပွဲခြင်းပြီးသေဆုံးသွားပါသည်။ ထိုသို့ကျူးလွန်ပြီးတာနဲ့ထွက်ပြေးသွားပါသည်။


၃၁ ရက်နေ့ ဒီဇင်ဘာလ တွင် မုဒိန်းကျင့်အသတ်ခံရသော ကရင်အမျိုးသမီးပုံ

ဒါတင်မကသေးပါထိုကျေးရွာမှရွာသူရွာသားများသည်သူမ၏လင်ယောက်ျားကသတ်သည်ဟုထင်မြင်ယူဆကာရိုက်နှက်ညင်းဆဲတာမျက်လုံး၂လုံးပျက်စီးသွားတဲ့အထိပါပဲ…..သူ၏မိန်းမ အားသဂြိုလ် သောအခါ သူငိုတာ မျက်ရည်အစားသွေးတွေ ပဲကျလာတယ်…..
အခင်းဖြစ်တဲ့အချိန်တွင် ထိုဖြစ်စဉ်အားလုံးကို မြင်တွေ့လိုက်တဲ့သက်သေ ကြောင့် ထိုအယုတ်တမာကောင်စစ်သားကို မကြာခင်ဖမ်းဆီးရမိလိုက်ပါတယ်။ ဒါပေမဲ့လည်း ထိုစစ်သား၏ စစ်ဗိုလ်က အချိန်တိုတွင်းမှာပဲ လာရောက်ပြန်ခေါ်သွား ပါတယ်။ ခိုင်လုံတဲ့သတင်းအရ ထိုစစ်သားအား မည်သူမည်ဝါ မှ အရေးမယူပါ……

ယင်းသေဆုံးသူ အမျိုးသမီးတွင် အသက် ၁၆ နှစ် အရွယ်သမီးလေးကျန်ခဲ့ပါ တယ်ဗျာ…..ဒီကလေးမ သည် သူ၏မိခင်အား အဓမ္မပြုကျင့် ပြီးသတ်ဖြတ်ခံရတာမ ကဘဲ ဖခင်အားမျက်လုံး ၂ ဖက်ပျက်စီးတဲ့အထိ နှိပ်စက်တာကိုမြင်လိုက်ရတဲ့အ တွက် ဘယ်လိုမှမခံနိုင်တော့တဲ့အတွက် ဇန်နဝါရီလ ၁ရက်နေ့ ၂၀၁၀ တွင် သူ့ကိုယ် သူအဆုံးစီရင်သွားခဲ့ပါတယ်။ ဒီလို အဆုံးမစီရင်ခင်မှာ သူမ၏အဖွားအား ရင်ဖွင့်ခဲ့ပါ သေးတယ်။။။။။။ ဒါတွေဟာ တိုင်းဆိုးပြည်ဆိုး ကြောင့် ဒီလိုဖြစ်ရတာ…အင်မတန် ရှက်ဖို့ကောင်းတဲ့အတွက် သူအသက်ဆက်မရှင်ချင်တော့တဲ့အကြောင်း ဖွားအေ အားရင်ဖွင့်ခဲ့ပါတယ်။။။။။။။။။
ထိုအဖြစ်ဆိုးနဲ့ရင်ဆိုင်ခဲ့ရတဲ့ မိသားစုသည် ဝေါလေ ဟုခေါ်သောကျေးရွာ တွင်နေထိုင်ကြပါတယ်။။။။။။။ဒါတင်မကသေးပါ ထိုကျေးရွာမှ ရွာသားများခဏခဏ ပေါ်တာ ထမ်းရပါတယ်။မည်သူမှထိုဒေသတွင်မနေထိုင်ချင်ကြတော့ပါ။ဆင်းရဲတဲ့မိသားစုများဆိုအိမ်နီးနားချင်းဆီမှဆန်များချေးငှားစားသောက်ရတဲ့အပြင်နီးစပ်ရာရွာတွင်အလုပ်အကိုင်ရှိခဲ့ရင်စရင်းငှားလိုက်လုပ်စားရတဲ့ဘဝတွေပါ။။။။။။ဒါ့အပြင် နအဖ စစ်ခွေးများ၏ မိုင်းကြောင့်လည်း ရွာသူရွာသားစုစုပေါင်း ၉၀ ကျော်ထိခိုက် ဒဏ်ရာရကြသေးတယ်ဗျာ။။။။။။။။။

အင်မတန်ကြေကွဲစရာကောင်းတဲ့ ဒီဖြစ်ရပ်ကို ဆွီဒင် ရောက်ညီမငယ်တဦးဆီမှ ကြားသိရပါတယ်။
ကဲဘယ်လိုလဲ....ညီကို DKBA တို့ရေ လူမျိုးကိုချစ်တယ်ဆို....အခုဖြစ်နေတာ နအဖ စစ်ခွေးတွေ ခင်ဗျား ချစ်တဲ့ကရင်လူမျိုးကို စော်ကားရက်စက် နှိပ်ကွပ်နေတာ.....ဒီလိုဘဲ လက်ပိုက်ကြည့်နေမှာလား....တခုခု တော့လုပ်သင့်ပြီနော်.....။။။။

KNU က ရဲဘော်တို့ရေ ဒီ စိုးမင်း ဆိုတဲ့ကောင် နဲ့ သူ့ကိုဘာမှအရေးမယူတဲ့အရာရှိတွေ ခေါင်းတလုံးရရင် ဆုတော်ငွေကောင်းကောင်း မြောက်စားမယ်ဟေ့....။။။။။

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၃)

စိတ်ဝင်စားစရာကောင်းသော ဆောင်းပါး အခန်းဆက်ပါခင်ဗျား။။။။

စိန်လွင်
ဇန်နဝါရီ ၁၂ ၊၂၀၁၀။

ရင်ထဲက အမှတ်တရ ဂျိမ်းမောစ်လီ

ကျွန်တော်ကောင်စစ်ဌာနတွင် ရှိနေစဉ် ပထမ ဆုံးအကြိမ်အဖြစ် ၁၉၉၈ မေလထဲတွင် သူ့ကိုအင်းစိန်ထောင်သို့ သွား ရောက်သတင်းယူစဉ် တွေ့ဆုံခဲ့ခြင်းဖြစ်သည်၊ ထိုစဉ် ကလထ-ညွန်မှူးဒေါ်ယဉ်ယဉ်ဦး(၁၉၈၈ သမ္မတ ဒေါက်တာမောင် မောင်၏သမီး၊ ယခုရီယဒ်မြို့၊ မြန်မာသံရုံး၊သံမှူးကြီး)၊ နိုင်ငံခြားရေးသို့ အထူးအရာရှိအဖြစ် တွဲပေးသောဗိုလ်မှူးမင်း သိန်း (ကကလှမ်း) တို့ဖြင့် အင်းစိန်လမ်းမဘက် အကျဉ်းဦးစီးရုံးချူပ်ဘက်ရှိ ထောင်ရိပ်သာတွင် ဂျိမ်းကိုတွေ့ဆုံခဲ့ရသည် ထိုအချိန်ကသူ့ကိုထောင် (၅) နှစ်ကျရန် ချခဲ့ပြီးဖြစ်သည်။ ထို့နောက်ပိုင်းတွင် ရန်ကုန်ရှိသြစတြေးလျနှင့် အင်္ဂလန်သံရုံး တို့မှ မကြာဏ consular Access တောင်းခံကာ ပြန်လွှတ်ပေးရန်တောင်းဆိုနေခြင်းကြောင့်၊ နခဌ အနေဖြင့်လည်း၊ သူထံသို့သွားရောက်ကာ ဤခြေအနေ မေးမြန်းခြင်းဖြစ်သည်၊ သူသည်ထိုအချိန်က ၂၅ နှစ်ဝန်းကျင်အရွယ်သဘောထား ပြတ်သားပြီး၊ စစ်အစိုးရ ကိုအကြမ်းဖက်သမားတွေ Junda တွေဟုပင် သုံးနှုန်းသည်၊ နိုင်ငံရေးမလုပ်ကြောင်း၊ ခံဝန် လည်း မထိုးနိုင်ကြောင်း၊ အကြမ်းဖက်သမားတွေ ပြည်သူကို မတရားဖိနှိပ်လို့ အာဏာရနေတာကလွှဲရင် တရားတဲ့ရွေး ကောက်လို့ရတဲ့ အစိုးရမဟုတ်လို့ အသိအမှတ်မပြုနိုင်ကြောင်း၊ လက်မှတ်မှမထိုးနိုင်ကြောင်း၊ ထောင်ချမယ်မှန်း သိပြီး ဖြစ်လို့ ကြောက်နေမှာမဟုတ်ကြောင်း၊ ပြင်းထန်စွာပြောပါသည်။

ထိုအနားတွင် ကကလှမ်း၊ တို့လည်းအရပ်ဝတ်တိုက်ပုံလည်ကတုံးတို့ဖြင့်ရှိနေရာ၊ ကျွန်တော်မှသူ့ကို မျက်စိမှိတ်ပြလိုက် ၏ သူအနေနှင့် ကျွန်တော့်ကိုနားလည်နိုင်လောက်ပါသည်၊ ဘာဖြစ်လို့လဲဆိုတော့၊ ကျွန်တော်သူ့ကို ဤနေရာမျိုးမှအမြန် ဆုံး ပြန်လွှတ်စေလို၍ဖြစ်သည်၊ သူ့ကိုယ်မှချူန်းချူမ်းကျနေသည်၊ မျက်နှာပေါ်တွင်အနီနီ အဖုဖု အပိတ်ပိတ် တို့ကိုသူ့ လိုအဖြူ European တစ်ယောက်တွင် ထင်သာစွာမြင်ခဲ့ရသည်ကို ရင်ထဲမှာဆို့နင် မိပါသည်၊

ထို့ကိစ္စအတွက်မှတ်တမ်းများရေးရခြင်း၊ ကကလှမ်းသို့ စီရင်ခံစားများပို့ရခြင်း၊ အထူးသဖြင့် UK သံရုံးသို့ ၄င်းနှင့်ထောင် တွင်တွေ့ဆုံနိုင်ရန် စီစဉ်ပေးရပါသည်၊ မှတ်မှတ်ရရ ဌာနတွင် သူနှင့်ပါတ်သက်သော Britanica Encyclopedia ကဲ့သို့ ထူထဲသောဖိုင်တွဲ အထူကြီး(၇) ဖိုင်မျှ ဖြစ်ပေါ်လာပါသည်၊ သူ့ကိစ္စအားလုံး ပြန်လွှတ်ချိန်အထိသည် ကကလှမ်း အဆုံး အဖြတ်၊ အတိအကျဆိုပါလျှင် မင်းသားကြီးသာ ခရာသာ ဖြစ်ပါသည်၊ ကကလှမ်းဘက်မှ တန်ပြန်နှင့် ပြည်ပထောက် လှမ်းရေးဌာနတို့မှ သူ့ကိစ္စကိုကိုင်ခဲ့သည်၊ သူသည်ကရင်ပြည်နယ်မှ နယ်စပ်ဘက်မှ ဝင်လာခဲ့ခြင်းဖြစ်၍၊ သူ့ကို KNU ABSDF စခန်းတို့၏ အခြေအနေများ၊ သူ့ကိုမည်သည့် အဖွဲ့အစည်းက တာဝန်ပေးစေလွှတ်ခဲ့သည့် (MI 5) ၊ကို ရည်ညွန်း ပါသည်၊ လန်ဒန်မြန်မာသံရုံးမှ Conservative Party ပါတီဝင်တစ်ဦးဖြစ်ကြောင်းမှ လွှဲ၍၄င်းသည်ဗြိတိသျှထောက်လှမ်း ရေးတစ်ဦး၊ ဟုတ်-မဟုတ် စုံစမ်းမပေးနိုင်၍ မင်းသားကြီးမှ ထိုစဉ်က သံအမတ်ဒေါက်တာကျော်ဝင်းကို မျက်မှန်တော်ရှ ခဲ့ပါသည်၊

(သံအမတ်ဒေါက်တာကျော်ဝင်းဆိုသည်မှာ ကက(ဆေး) ညွှန်ကြားရေးမှူးဖြစ်စဉ်၊ သားတော်မောင်စက်မှု တက္ကသိုလ် ကျောင်းသား၏ ကားတိုက်မှုကြောင့် သံအမတ်ဘဝသို့ မမျှော်လင့်ဘဲ၊ ဦးဝင်းအောင် (သံအမတ်မှ ဝန်ကြီးဖြစ်စဉ်) နေရာ သို့ရောက်ရှိခဲ့သည်မှလွှဲ၍၊ ဆေးကုတတ်ခြင်းမှလွှဲလျှင်၊ ထောက်လှမ်းရေးလုပ်ငန်းကို စိတ်ဝင်စားသူလည်းမဟုတ်၊ လုပ် လည်းမလုပ်တတ်ပါ၊) တပ်မှ ရောက်လာသူအများစုမှာ ကိုယ်စီ Case တွေ ဖြစ်ပြီးမှ နိုင်ငံခြားရေးဘက်သို့၊ သံအမတ်နှင့် သော်လည်းကောင်း၊ စစ်သံမှူးသော်လည်းကောင်း၊ အရှင်လတ်လတ်ဘဝပြောင်းလာသူများပါ၊ နိုင်ငံခြားရေးဝန်ထမ်း များအတွက်ကတော့၊ ထောက်လှမ်းရေးမှလာသည့် သံအမတ်တွေလို မဟုတ်၍ သူနှင့်လုပ်ခဲ့သူများ စိတ်ချမ်းသာခဲ့ရ သည်။

မော်လမြိုင်တွင် SB မှ စတင်ဖမ်းမိကာ၊ နှိပ်စက်စစ်ဆေးခံရကာ တရားရုံးတွင်အမိန့်ချခြင်း၊ အင်းစိန်ထောင်တွင် ကြိုး တုတ်ထဲထားခြင်း၊ သီးသန့်ထားခြင်း၊ စကားပြောဖော်မရှိအောင် ပြုလုပ်ခြင်း၊ ၄င်းအစားအသောက်ပျက်အောင် ကန်စွန်း ရွက်အပုပ်နှင့် ဆားခဲများထဲ့ပေးခြင်း၊ ညစ်ပတ်စွားထားရှိခြင်း စသောစိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှုများကို လှမ်း၏ ထိပ်တန်းလျှို့ဝှက် မိန့်ချက်အရ ပြုလုပ်ရကြောင်း၊ ထောင်အရာရှိတစ်ဦးက ပြောပြလို့ သိခဲ့ရပါသည်၊

(၉ လေးလုံး) ကိုဆင်နွဲလိုသည့် ဂျိမ်းစ်၏တတိယအကြိမ် စွန့်စားခန်း

ဤအကြိမ်တွင် လူစွန့်စာဂျိမ်းစ်သည် ကျိုင်းတုံရှိ ထမင်းဆိုင်တစ်ဆိုင်တွင် ထမင်းစားနေစဉ်၊ ၄င်းနောက်သို့ နောက် ယောင်ခံလိုက်လာသည့် ထလရ(၂၂)မှ မသင်္ကာ၍၊ စစ်ဆေးရာမှဖမ်းမိခဲ့ခြင်း ဖြစ်ပါသည်၊ ၄င်းတို့၏ စစ်ကြောရေးစခန်း တွင်ထားရှိပြီး၊ မင်းသားကြီးမှ ကျိုင်းတုံတွင်သာ ထားရှိရန်၊ နေ့တွင်းချင်း အမိန့်ပေးခဲ့ပြီး ဖြစ်သည်၊ ၁၉၉၉ သြဂုတ်၊ စက်တင်ဘာကာလသည် လုံခြုံရေးတိုးမြင့်ထားသည့် အချိန်ဖြစ်ပါသည်၊ ထို့နောက် နိုင်ငံခြားရေးသို့၊ ရုံးစာဖြင့် လှမ်းမှ အကြောင်းကြားလာ၍၊ သြစတြေးလျနှင့် အင်္ဂလန်သံရုံးသို့၊ အကြောင်းကြားရခြင်း၊ ၄င်းတို့မှ ရုံးသို့လာရောက်ကာ၊လွတ် ပေးရန် ထပ်မံတောင်းဆိုပါသည်၊ ဤအကြိမ်တွင်မူ ဦးဝင်းအောင်ကပါ တင်းမာစွာဖြင့် သံအမတ်များကိုတုံ့ပြန်ခဲ့သည်၊ မကြာမှီ၊ သြစတြေးလျအစိုးရဘက်မှ မြန်မာ နအဖဘက်မှ စေလွှတ်မည့်၊ ဗိုလ်မှူးချုပ်ကို သံအမတ်အဖြစ် ငြင်းပယ်ခဲ့ပြီး၊ အရပ်သားဝန်ထမ်းကိုသာ လက်ခံလိုကြောင်း တုံ့ ပြန်ခဲ့ရာ၊ ဂျနီဗာရှိသံအမတ်ဦးအေး(နိုင်ငံခြားရေး)က သံအမတ်အဖြစ်၊ ကင်ဘာရာသို့ရောက်ခဲ့ရ ပြန်သည်၊

(မရှေးမနှောင်း အောက်တိုဘာလထဲတွင် ဘန်ကောက်၊ မသရသို့၊ ABSDF မှ ဝင်သိမ်းခဲ့ပြန်သည်၊ ထိုအချန်က ကျွန် တော် မနလမှာ ဘန်ကောက်သို့ နယူဇီလန် ဗီဇာယူရန် ရောက်ရှိနေချိန်ဖြစ်သည်၊) ကျွန်တော်နယူဇီလန်မှ ပြန်ရောက် ချိန် ဇူလိုင် ၂ဝဝဝ ထိ၊ ဂျိမ်းစ်သည် ကျိုင်းတုံတွင်ရှိနေဆဲ၊ စက်တင်ဘာတွင် ဂျိမ်းစ်ကို ထောင်တွင်းဆန္ဒပြမဖြင့်၊ ထောင် အတွင်း၊ အကစ ဝန်ထမ်းများက ဝိုင်းရိုက်ခဲ့ကြသည်၊ ထိုကိစ္စအတွက် John Battle , UK နိုင်ငံခြားရေးဝန်ကြီးမှ သံအ မတ်ဒေါက်တာကျော်ဝင်းကို လန်ဒန်တွင်ခေါ်ယူ သတိပေးခဲ့သည်၊ ဦးဝင်းအောင်ကဖုံးဖြင့် “စောကက်ဂရုစိုက်မနေနှင့် ၄င်းစိတ် သိတ်မမှန်တော့ကြောင်း ပြန်ပြောရန်” သံအမတ်ကိုညွှန်ကြားခဲ့သည်၊

၂ဝဝဝအောင်တိုဘာထဲတွင် အန်တီစုနှင့် ဗခကျော်ဝင်း(လှမ်း၊ဒုညွှန်မှူး) ဦးဝင်အောင်တို့သည်၊ အစိုးရဧည့်ဂေဟာတွင် စတင်တွေ့ဆုံဆွေးနွေးသည်၊ ထိုလတွင် Razili မလေးရှား သံတမန်ရောက်ရှိလာပြီး၊ တွေ့ဆုံသည်၊ ထိုအချန်က နိုင်ငံ ခြားရေး၊ သံတမန်ရေးရာဌာနမှ ၄င်းခရီးစဉ်ကို အသေးစိတ်စီစဉ်ပေးရပြီး၊ စတင်ရောက်ရှိချိန်မှ မြန်မာပြည်မှထွက်ခွာ မည့် နောက်ဆုံးအချိန်အထိ ခရီးစဉ်ဇယားကို ကကလှမ်းသို့ ပို့ရသည်၊ အပါယ်လေက်၊ ယုတ်မာသနည်း ဆိုလျှင်၊ ၄င်း အားပုဂံဘုရားများပို့ခြင်း၊ ပဲခူးသို့နေ့လယ်စာစားခြင်း၊ ကားဖြင့်နေ့ခရီးစဉ်များထွက်ခြင်း၊ ၄င်းခရီးစဉ်၏ အချိန်များကို တမင်တကာ၊ ကုန်အောင်၊ လူပင်ပန်းအောင် ရည်ရွယ်ချက်ရှိရှိဖြင့်၊ ပြုလုပ်ကာ၊ ဒေါ်စုအိမ်သို့ ညနေ ၅း၃ဝ - ၆းဝဝ၊ ညစာစားခါနီးအချိန်တွင် မကောင်းသောအချိန်(လူပန်း၊ ဗိုက်ဆာ) ဖြစ်အောင်ပြုလုပ်ခဲ့ကြသည်၊

ဤကဲ့သို့၊ ပြည်ပဖိအားများပြားလာချိန်တွင် ဂျိမ်းစ်ကို ပြန်လွှတ်ရန်၊ ကကလှမ်းမှ နခဌသို့အကြောင်းကြားလာသည်ကို ကျွန်တော်တို့မှ အင်္ဂလန်သံရုံး၊ သြစတြေးလျသံရုံးတို့ကို ဆက်လက်အကြောင်းကြားပေးခဲ့ရသည်၊ ဤသည်မှာ သူ၏ ၃ကြိမ်မြောက်လွှတ်မြောက်ခြင်းနှင့် နောက်ဆုံးဖြစ်ပါစေဟု ဆုတောင်းမိပါသည်၊
စိတ်မှာနာကျင်ခံရသည်၊ မတရားသောဥပဒေများကို။
ကောင်စစ်ဌာနတွင်ရှိစဉ်က ကကလှမ်း၏ သတင်းပေးများအတွက် နိုတြီအတုများ၊ လှမ်းမှတပ်ကြပ်ကြီးတစ်ချို့ဘုန်းကြီး ဝတ်ဖြင့် အိန္ဒိယ၊ ထိုင်း၊ တစ်ချို့ အမေရိကန်ဘက်သို့သွားကြရာ မနလ ထူးများဖြင့်သွားကြသည်ကို ရင်နာစွာမှတ်မိနေ ပါသေးသည်၊

မလေးရှာနိုင်ငံရှိမြန်မာများ

၂ဝဝဝ ခုနှစ် (ဝ၁၊ ဝ၂) ဝန်းကျင်ကာလများတွင် မလေးရှားမှ အထူးသဖြင့် ကော်လာပြာလုပ်သားများ ဌားရန်းရန် ကမ်း လှမ်းလာသည်၊ ထိုကိစ္စတွင် ရွှေအင်းဝအေဂျင်စီကို ရွေးချယ်ကြောင်း၊ ၄င်းသည်လည်း၊ S2 ဗိုလ်ချုပ်တင်ဦး၊ မိသားစု ဝင်များ ပိုင်ဆိုင်သော ကုမ္မဏီမှန်းသိရသည်၊ မြန်မာအလုပ်သမားများ၏လစာကို ဖြတ်တောက်ခြင်း၊ မလေးအလုပ်ရှင် များအား ၄င်းတို့၏ နိုင်ငံကူးလက်မှတ်များကို သိမ်းဆည်းထားစေခြင်းတို့ဖြင့် မြန်မာလူမျိုးခြင်းများစွာ ဂုတ်သွေးစုတ်နေ သည်ကို ရင်နာဖွယ်မြင်တွေ့ခံရသည်၊

ထို့ပြင်၊ မလေးရှားနှင့်ထိုင်းရှိ မြန်မာသံရုံးတို့သည် မြန်မာတို့အပေါ်ကောင်းကျိုးမပေးသော ရုံးများဖြစ်သည်ကိုလည်း တွေ့ရှိရသည်၊ သံရုံးရှေ့သို့ လာရောက်ဆန္ဒပြသူများ၏ ဓာတ်ပုံများကို အသွင်သွင်ရိုက်ကာ၊ သတင်းပေးများက မည်သူ မည်ဝါ ခွဲခြားပေးသည်ကို နခဌသို့ ပဏာစားကာ စီရင်ခံပေးပို့လာသည်၊

အခွန်တွေကို ဘုံးကာ၊ ဗီဇာခတွေကိုဖြောင်ကာ၊ ကိုယ့်ရုံးကို မီးတင်ရှို့ကာ စာရင်းဖျောက်သည်မှာ မကြာခဏ၊ အချင်း ချင်းလည်း စားကွက်လုကာ ဆော်နေကြသည်၊

ဤသို့ အဝေးမတေ့သည့်ကြားမှ စစ်သံရုံးများက စစ်သံမှူးနှင့် စစ်ထောက်လှမ်းရေးတို့ကဝင်လာပြီး ကတုံးပေါထိပ်ကွက် နေသည်မှာ သချိုင်းကုန်းရှိ ခွေးသေကောင်ပုပ်ကိုဋင်ဒတစ်အုပ်နှင့် မြေခွေးတစ်စုတို့ ဖုန်းတထောင်းထောင်းထအောင် ဆော်နေသည်နှယ် ယနေ့ထိတိုင်ပါ၊
စခဲ့သည်ကို ထိုအချိန် မလေးရှားရှိ သံတမန်လောကတွင် ပြောစမှတ်သွင်ကာ အောချခဲ့ရပါသည်၊ ထိုင်းမှာ အစားဆုံး ထဲက တစ်ယောက်သော သံအမတ်မှာ လှမ်းဒဗမက လှမောင်၊ သူကမြန်မာပြည်လယ်ပိုင်းတွင် သိန်း ၃ဝဝတန် စာသင် ကျောင်းတစ်ကျောင်းကို လှူရာ၊ သူ၏ဆရာ ဖိုးကံကောင်း (၁၉၉၇ တွင် လာဘ်စားသော နဝတ ဝန်ကြီးများကို ဖြုတ်ခဲ့ သော၊ TV မင်းသားကြီး ခင်ညွန့်) က ပြုံးပြုံးကြီးနှင့် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပုံကို မြန်မာ့ရုပ်သံမှ ထုတ်လွှတ်ခဲ့ပုံမှာ ထိုင်းရောက်မြန်မာနိုင်ငံသားတို့မှ သာဓုသာဓု (ဒို့ဟာတွေ)ခေါ်နိုင်ပါ ပေသည်၊

၁၉၉၉၊ ၂ဝဝဝ ဝန်းကျင်ကာလတွင် ကက(လှမ်း)သို့သတင်းများပို့ပြီး၊ မြန်မာနိုင်ငံသားများထံမှ အစားခဲ့ဆုံးသော ဖျံများ မှာ - စိန်ညွှန့် (သံရုံးအုပ်)၊ လှိုင်ဘုန်းမြင့် (ပထမ အတွင်းဝန်၊ ယခုဒုညွှန့် မှူး၊ နခဌ၊ နေပြည်တော် ဝန်ကြီးရုံး) ၊ တို့သည် ၄င်းတို့၏ စွမ်းဆောင်ချက်များကို ဖော်ပြ၍ ကားသွင်းခွင့် ပါမစ်များရရှိကာ၊ သိန်း ၈ဝဝ ဝန်းကျင်စီရရှိခဲ့ကြသည်၊ လက်ရှိ ၂ဝဝ၈၊ ၂ဝဝ၉ ဝန်းကျင်ကာလများတွင် ထိုကဲ့သို့ ခြေရာနှင်းနေသူက သက်ထွန်း၊ (ပထမအတွင်းဝန်) ဖခင် လဝကဝန် ကြီး ဗိုလ်မှူးစောထွန်းဖြစ်ကာ၊ အောက်ခြေသိမ်း ငွေရှာပေးသော စာရေးအောင်ကြီးကတော့ အထုတ်ပိုက်ကာ ပြန် ရောက်နေပြီးဖြစ်သည်၊ ၂ဝဝ၉ထဲမှာ ဤခွင်ကိုသိ၍ ဘန်ကောက်မြန်မာသံရုံးသို့ ဒုတိယအကြိမ် တာဝန်ပြန်ကျအောင် လုပ်ယူလာသူက ဒုတိယအတွင်းဝန် (ခင်မောင်ဌေး) နှင့် သက်ထွန်းတို့ စားကွက်လုသည်မှာ ယခုအခါ ပွဲကြီးပွဲကောင်း။

ထိုင်း- မြန်မာဆက်ဆံရေး၊
နိုင်ငံခြားရေးဌာန၊ နိုင်ငံရေးဦးစီးဌာန၊ အရှေ့တောင်အာရှဌာနမှ နှစ်နိုင်ငံခရီးစဉ်များရှိလျှင်၊ ဘာစာချုပ်တွေရှိသည်၊ ဘာတွေလုပ်ရန် ကျန်သည်စသည်တို့ကို ဝန်ကြီးထံတင်ပြပေးရသည်၊ သို့သော် တကယ့်အရေးကြီး ကိစ္စများဖြစ်သော KNU စခန်းများကိစ္စ၊ ဝ ကိစ္စစတာတွေက ခင်ညွှန့်ပင်၊

၂ဝဝဝ ခုနှစ်ဝန်းကျင်တွင် ထိုင်းနိုင်ငံမှ လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲမှုများပြားလာမှုနှင့် ဆန္ဒပြပွဲများဖြစ်ပေါ်လာရာ၊ ထိုင်းဘက်မှ “ဝ” တပ်များကို ၂ဝဝ၁ထဲတွင် စတင်ထိုးစစ်ဆင်ရာမှ၊ ထိုင်း -မြန်မာနယ်စပ် တင်းမာမှုများ ဖြစ်ပေးလာ သည်၊

ဤအခြေအနေကြောင့် သက်ဆင်ရန်ကုန်သို့ ၂ဝဝ၁ စက်တင်ဘာတွင်လာခဲ့ပြီး၊ ခင်ညွှန့် ဦးဝင်းအောင်တို့ ထိုင်းသို့ စက်တင်ဘာတွင်သွားခဲ့သည်၊

ထိုင်း Huahin ရှိ Swan San Guest house တွင် ထိုစဉ်က ဒုဝန်ကြီးချုပ် တဖြစ်လဲ၊ ချာဗလစ်ယောင်ချိုင်ယုတ်နှင့် ခင်ညွှန့်တွေ့ဆုံခဲ့ပြီး၊ KNUN ကို ထိုင်းနယ်မြေထဲတွင် လက်မခံရန် ဆွေးနွေးသော်လည်း မအောင်မြင်ပါ၊ သို့သော်၊ ထိုင်း ထဲရှိမနီးလျိုင် ( Refugee camp)ကိုပိတ်ရန် သဘောတူခဲ့သည်၊

သက်ဆင်မှလည်း Thaicom Teleport အနေဖြင့် Cybertech Myanmar ကိုနည်းပညာပေးကူညီရန်၊ အသေးစိတ် Project ကိုမူ ရဲနိုင်ဝင်းနှင့် ဆောင်ရွက်ရန်၊

စိန်လွင်
ကောင်းဝါသတင်းမှရယူတင်ဆက်သည်

knu destory spdc communication” by Kwekalu Karen News

2010 January 13

spdc prepare 2 eliminate by Kwekalu Karen News

2010 January 13

karenni villagers flee by Kwekalu Karen News

Informaition Written by KNU Office- Wednesday, 13 January 2010

၂၀၀၉ခုနှစ်အတွင်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေများ၌ တိုက်ပွဲပေါင်း တစ်ထောင်ကျော် ဖြစ်ပွားခဲ့

ဇန်န၀ါရီလ ၈ရက်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ထိန်းချုပ်ရာ နယ်မြေများဖြစ်သည့် တပ်မဟာ(၇)ခု တွင် ၂၀၀၉ခုနှစ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (ကေအဲန်အယ်လ်အေ)နှင့် နအဖ၊ ဒီကေဘီအေတပ်ဖွဲ့ များ တိုက်ပွဲပေါင်း တစ်ထောင်ကျော် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကေအဲန်ယူ၏ ၂၀၀၉ခုနှစ် နှစ်ချုပ်တိုက်ပွဲမှတ်တမ်းတွင် ပြီးခဲ့သည့် တနှစ်တာလုံးအတွင်း ပြောက်ကျားနှင့် ရင်ဆိုင်တိုက်ပွဲ အပါအ၀င် ကေအဲန်အယ်လ်အေမှ နအဖ စစ်တပ်နှင့် တိုက်ပွဲပေါင်း ၉၁၅ကြိမ်၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(ဒီကေဘီအေ)နှင့် ၂၆၈ကြိမ် စုစုပေါင်း ၁,၁၈၃ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “ဒီနှစ်မှာ တိုက်ပွဲတွေ အဖြစ်များတာတော့ ဖာပွန်ခရိုင်၊ တပ်မ ဟာ(၅)မှာပါ။ တိုက်ပွဲအပြင်းထန်ဆုံးနဲ့ အကျအဆုံး မြှင့်လာတဲ့လကတော့ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလမှာပဲ”ဟု ကေအိုင်စီကို ပြောသည်။

၂၀၀၉ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နအဖတပ်ဘက်မှ ကျဆုံးမှုဦးရေမှာ ၅၄၀ဦးနှင့် ဒီကေဘီအေဘက်မှ ကျဆုံးမှုဦးရေ ၁၈၃ဦးရှိပြီး ၂၀၀၈ခုနှစ်ထက် ကျဆုံးမှု ပိုများကြောင်း ကေအဲန်ယူ၏ နှစ်ချုပ်စာရင်းတွင် ဖော်ပြထားသည်။ ထိုကာလအတွင်း နအဖတပ်မှ ကျဆုံးသူများထဲတွင် နအဖ အမှတ်(၅) စစ်ကွပ်ကဲရေးဌာနချုပ်မှူး ဗိုလ်မှူးချုပ်ကောင်းမြတ် နှင့် ဗျူဟာမှူးတဦး ပါဝင်ပြီး ကေအဲန်အယ်လ်အေဘက်မှ ကျဆုံးမှုမှာ ၉ဦးရှိသည်ဟု သိရသည်။

ယမန်နှစ် တိုက်ပွဲများအတွင်း နအဖဘက်မှ ထိခိုက်ဒဏ်ရာရရှိသူပေါင်း ၁,၁၄၁ဦးရှိပြီး ဒီကေဘီအေဘက်မှ ၄၁၁ဦး ထိခိုက် ခဲ့သည်ဟု ကေအဲန်ယူ၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

ယခု ၂၀၁၀ ခုနှစ်တွင်မူ ရွေးကောက်ပွဲပြုလုပ်ချိန်နှင့် တိုက်ဆိုင်သဖြင့် ကရင်ပြည်နယ်အတွင်း နအဖသည် ၎င်းတို့၏ စိုးမိုး နယ်မြေနေရာများတွင် စစ်တပ်များ အများအပြား ချထားလာနိုင်ပြီး တိုက်ပွဲများမှာ ပြီးခဲ့သည့်နှစ်ထက် အရှိန်အဟုန် ပြင်း ထန်လာနိုင်သည်ဟု ခန့်မှန်းထားသော်လည်း ကေအဲန်ယူအနေဖြင့် မှန်ကန်သည့်လမ်းကြောင်းပေါ် ရှင်သန်ရပ်တည်ကာ နအဖ စစ်တပ်များကို တတ်နိုင်သမျှ ဆက်လက်တိုက်ထုတ်သွားမည်ဟု ဗိုလ်မှူးစောလှငွေက ဆိုသည်။

၂၀၀၉ခုနှစ် ဇွန်လအတွင်း အကြီးမားဆုံး ထိုးစစ်ဖြစ်သည့် ဖားအံခရိုင်ရှိ ကေအဲန်ယူ တပ်မဟာ(၇) နယ်မြေကို ဒီကေဘီ အေမှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတွင် ၎င်းတို့ဘက်မှ ကျဆုံးမှုများရှိခဲ့သည့်အပြင် နောက်ပိုင်းတွင် နယ်ခြားစောင့်တပ် အ သွင်ပြောင်းရန် နအဖ၏ ဖိအားပေးမှု များလာသည့်အပေါ် စီးပွားရေးလုပ်ပိုင်ခွင့်နှင့် နယ်မြေစိုးမိုးမှု အခွင့်အရေးများ လျော့ နည်းလာသည့်အတွက်ကြောင့် အချို့ဒီကေဘီအေတပ်ဖွဲ့ဝင်များမှာ ကေအဲန်ယူဘက်သို့ ကူးပြောင်းမှုများ ပိုမိုများပြားလာခဲ့ သည်။

လွန်ခဲ့သည့် ၂၀၀၈ခုနှစ်က ကေအဲန်ယူဘက်သို့ ကူးပြောင်းလာသည့် ဒီကေဘီအေတပ်ဖွဲ့ဝင် ၃ဦးသာ ရှိခဲ့ပြီး ၂၀၀၉ ခုနှစ် တွင်မူ ၁၄၇ဦးရှိသည်ဟု သိရသည်။

၂၀၀၈ခုနှစ်တွင် အလားတူ တိုက်ပွဲပေါင်း ၁,၀၀၀ကျော် ဖြစ်ပွားခဲ့သော်လည်း တိုက်ပွဲအရှိန်မှာ ၂၀၀၉ခုနှစ်လောက် ပြင်း ထန်မှုနည်းပါးကြောင်း ကေအဲန်ယူ၏ တိုက်ပွဲနှစ်ချုပ်စာရင်းအရ သိရသည်။

ယခုနှစ်သည် နအဖ စစ်အစိုးရ၏ ရွေးကောက်ပွဲလုပ်မည့်နှစ်ဖြစ်သဖြင့် ၎င်းတို့၏ လုံခြုံရေးအတွက် တိုင်းရင်းသားလက်နက် ကိုင်နယ်မြေများကို ဆက်လက်၍ ထိုးစစ်များ ပိုမိုပြုလုပ်လာနိုင်ပြီး အထူးသဖြင့် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်သည်ဟု စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုအောင်သူငြိမ်းက ယခုလို ပြောသည်။

“နအဖကတော့ သူ့လမ်းပြမြေပုံအတိုင်း ဆက်လုပ်သွားမှာပဲဆိုတော့ သူ့ကို ဆန့်ကျင်နေတဲ့ ဘယ်သူ့ကိုမဆို နှိပ်ကွပ်သွား မှာပဲ။ အခု လာမယ့် ပွင့်လင်းရာသီ သုံးလေးလအတွင်းမှာ ကေအဲန်ယူနယ်မြေတွေကို ထိုးစစ်တွေ လုပ်လာနိုင်တယ်။ လုပ် မယ်ဆိုရင် ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ ရွာတွေ မီးရှို့ခံရမယ်။ ဖျက်ဆီးခံရမယ်။ ဒါကြောင့် အိုင်ဒီပီ ပြည်တွင်းဒုက္ခသည် လည်း များလာမှာတော့ သေချာတယ်”ဟု ဆိုသည်။

နအဖ စစ်အစိုးရအနေဖြင့် ဒီကေဘီအေအား အသုံးချနိုင်သေးသမျှ ကေအဲန်ယူကို တိုက်ခိုက်ရန် ဆက်လက်ခိုင်းဦးမည် ဖြစ်ပြီး ဗိုလ်ချုပ်စောထင်မောင် ဦးဆောင်သည့် ကရင်ငြိမ်းချမ်းရေးအဖွဲ့ကိုမူ ရွေးကောက်ပွဲသို့ ပါအောင် တိုက်တွန်းသွားနိုင် သည်ဟုလည်း သူက သုံးသပ်သည်။

မြန်မာစစ်အစိုးရကို နှစ် ၆၀ကျော်ကြာ ဆန့်ကျင်တော်လှန်နေသည့် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)ကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်နေ့က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စစ်ရေးအရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (ကေ အဲန်အယ်လ်အေ)အနေဖြင့် ယနေ့အချိန်ထိ မြန်မာစစ်အစိုးရကို တွန်းလှန်တိုက်ခိုက်လျှက်ရှိသည်။

Tuesday, January 12, 2010

ဒုက္ခသည်များ ဂျပန်ရောက်လျှင် ၆ လသင်တန်း တက်ရမည်

ကျော်ခ | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၄၃ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဂျပန်နိုင်ငံက ပထမဆုံး လက်ခံမည့် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည် ဦးရေ ၃၀ သည် ဂျပန်နိုင်ငံ ရောက်လျှင် နိုင်ငံတကာ ရွှေ့ပြောင်း အခြေချ နေထိုင်သူများရုံး IOM ၏ ၆ လကြာ သင်တန်းကို တက်ရမည်ဟု သိရသည်။

အာရှတိုက် နိုင်ငံတခု၏ ဒုက္ခသည်လက်ခံမှု ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံက ထိုင်း-မြန်မာနယ်စပ်မှ ဒုက္ခသည်များကို ၃ နှစ် စီမံကိန်းဖြင့် တနှစ်လျှင် ၃၀ ဦး နှုန်းဖြင့် ခေါ်ယူသွားရန် သတ်မှတ်ထားရာတွင် ပထမ အသုတ်အနေဖြင့် မယ်လစခန်းမှ ခေါ်ယူရန် စီစဉ်နေစဉ် ဂျပန်ရှိ မြန်မာ လုပ်သားများအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းတခုက ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။

“ဒီရောက်လာပြီဆိုရင်တော့ ပထမဆုံး သူတို့ကို ဘာသာစကားနဲ့ လူနေမှု စနစ်အကြောင်းပေါ့နော်။ နောက်တခါ လုပ်ငန်းခွင်နဲ့ ပတ်သက်တာတွေရယ်၊ နောက်တခါ အလုပ်သမားတယောက်ရဲ့ ရပိုင်ခွင့်၊ စုစုပေါင်း ၆ လသင်တန်းပေးမယ်” ဟု Federation of Workers' Union of the Burmese Citizens (Japan) ဥက္ကဋ္ဌ ဦးတင်ဝင်းက မဇ္ဈိမကို ပြောသည်။

ဤအဖွဲ့သည် ဂျပန်နိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၊ ဂျပန်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့နှင့် ဆက်စပ် လုပ်ကိုင်နေသော အဖွဲ့ဖြစ်သည်။

သင်တန်းများ ပြီးဆုံးပါက အလုပ်သမား ဝန်ကြီးဌာနက အလုပ် ရှာဖွေပေးပြီး အလုပ်ရမည့် နေရာတွင် အိမ်ငှားပေးမည်ဟု ဦးတင်ဝင်းက ဆိုသည်။

၁၉၈၂ ခုနှစ်တွင် ဂျပန်နိုင်ငံမှ ကုလ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ပြီးနောက် နိုင်ငံခြားသား ဒုက္ခသည်များကို တရားဥပဒေနှင့်အညီ လက်ခံခဲ့ကြောင်းသိရ သည်။

ဂျပန်အစိုးရ အဆက်ဆက်သည် မြန်မာအစိုးရနှင့် ပတ်သက်၍ အနောက်နိုင်ငံများနှင့် မတူဘဲ ပိတ်ဆို့ရေးအစား ညှိနှိုင်း ဆွေးနွေးရေးမူကိုသာ ကျင့်သုံးခဲ့သည်။ နိုင်ငံတကာ ဖွံ့ဖြိုးရေး အကူအညီ ODA များလည်း နှစ်စဉ် ပေးနေခဲ့သည်။

လာမည့်လထဲတွင် စခန်းတွင်း၌ ဂျပန်အစိုးရ တာဝန်ရှိသူများနှင့် ဒုက္ခသည် မဟာမင်းကြီးရုံး UNHCR တို့က လျှောက်လွှာ တင်ထားကြသည့် ဒုက္ခသည်များကို လူတွေ့စစ်ဆေးကာ ရွေးချယ်သွားမည်ဟု မယ်လဒုက္ခသည် စခန်း ဒုဥက္ကဋ္ဌ စောထွန်းထွန်းက ပြောသည်။ ဒုက္ခသည် ခေါ်ယူမှုတွင် ကန့်သတ်မှုများ ရှိသည်ဟု သူက ဆိုသည်။

“ကန့်သတ်ချက်တွေ ကျတော့ UNHCR ကို မှတ်ပုံတင်ထားပြီးသူ ဖြစ်ရမယ်။ တခြားနိုင်ငံကို လျှောက်လွှာ တင်ထားသူ မဖြစ်ရဘူး။ အဲဒါတွေက အဓိက ကန့်သတ်ချက်တွေပေါ့။ တခြား ကန့်သတ်ချက်တွေကတော့ မိသားစုရှိရမယ်၊ လူပျိုလူလွတ်တွေ မဖြစ်စေရဘူး။ မိဘတွေက အသက် ၂၀ ကျော်နဲ့ ၄၀ ကြားပေါ့။ အလုပ် လုပ်ကိုင်နိုင်တဲ့လူတွေ ဖြစ်ရမယ်” ဟု စောထွန်းထွန်းက မဇ္ဈိမကို ပြောသည်။

အင်တာဗျူးအောင်မြင်သူများကို ဆေးစစ်ခြင်း၊ ဂျပန် ယဉ်ကျေးမှု သင်တန်းပေးခြင်း၊ ဂျပန် ဘာသာစကား သင်ပေးခြင်းများကို International Organization of Migration (IOM) က ဂျပန်နိုင်ငံသို့ မထွက်ခွာမီ ၃ လ တာဝန်ယူ သင်ကြားပေးမည်ဖြစ်ပြီး ယခုနှစ် စက်တင်ဘာလပိုင်းတွင် ထွက်ခွာကြရမည် ဖြစ်သည်။

ပြည်တွင်းစစ်နှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုသို့ ရောက်ရှိနေသော ဒုက္ခသည်ပေါင်းမှာ ၂၀၀၉ အောက်တိုဘာလအထိ ၁၄၀၀၀၀ ဦးခန့်ရှိကြောင်း ဒုက္ခသည်များကို ကူညီနေသည့် TBBC အဖွဲ့က ထုတ်ပြန်ထားသည်။

အမေရိကန်၊ သြစတြေးလျ၊ နော်ဝေး၊ ဆွီဒင်၊ ဖင်လန်၊ ကနေဒါ၊ နယူးဇီလန်၊ ဒိန်းမတ်၊ နယ်သာလန်၊ ဗြိတိန် အပါအဝင် အခြားနိုင်ငံများသို့ အခြေချရန် ထွက်ခွာသွားသူပေါင်းမှာ ၂၀၀၉ ခု အောက်တိုဘာအထိ ၁၅၀၀၀ ကျော်သွားပြီ ဖြစ်ကြောင်း သိရသည်။

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၂)

ဒီအပိုင်း(၂)မှာ ဒီကေဘီအေ ပေါ်ပေါက်လာရခြင်းဇစ်မြစ်ကို လည်းဖွင့်ဟထားပါသည်။ မြိုင်ကြီးငူဆရာတော် ဦးသုဇန နှင့် ဗမာ့ထောက်လှမ်းရေးတွေ ဆက်စပ်ဆက်နွယ်တဲ့ အခြေအနေများကို မီးမောင်းထိုးပြထားပါသည်။
ကရင်အမျိုးသားများ အခြေအနေမှန်ကို သိရှိနိုင်ရန်အတွက် ဖတ်သင့်သော ဆောင်းပါးတပုဒ်ဖြစ်ပါသည်။

စိန်လွင်
ဇန်နဝါရီ ၁၁ ၊၂၀၁၀။

၁၉၉၇ ဧပြီလ တရုတ်နိုင်ငံမှ စွယ်တော်ကမ္ဘာအေးတွင် စံပါယ်စဉ်၊ ဒု ဗခက တင်ဦးလာရောက်ခါနီးတွင် ဗုံးပေါက်ကွဲခဲ့ သည်၊ ထိုဖြစ်စဉ်တွင် ကက ကြည်းအမိန့်နှင့် လုံခြုံရေးယူသည့် ခြေလျင်တပ်များနှင့် ခင်ညွှန့်အမိန့်အရ ပိတ်ဆို့လမ်း ကြောင်းကို ထလရ တပ်များက ဖွင့်ပေးလိုက်သည်ကို အခြေအတင် အချင်းချင်းပစ်ခတ်လုနီးပါး ဖြစ်ခဲ့ရသည်ကို……

ရှာဖွေရာတွင် တွေ့ရှိသော ဗုံးအစအနများမှာ ကပစ ထုတ်များဖြစ်သော်လည်း၊ အမေရိကန် နိုင်ငံထုတ်များဖြစ်ကြောင်း၊ သတင်းစာများတွင် “ပါပီမ” ၏ ဇာတ်ညွှန်းဆရာ၊ မင်းသားကြီးက… သတင်းဖော်ထုတ်ခဲ့သည်ကို…

၁၉၉၇ တွင် နဝတ ဝန်ကြီးများဖြစ်သော ထွန်းကြည်၊ ကျော်ဘ၊ မောင်လှ၊ မျိုးညွှန့် စသည့် သူထက် စီနီယာ ကျနေသူ များကို လာဘ်စားပြီး “လာမပေးပါ” ဟု ဦးသန်းရွှေကို တင်ပြပြီး ဖြုတ်ချကာ နယက သို့ပြောင်းလဲကာ သူ၏အာဏာကို ပို၍တည်ဆောက်လာသည်၊ ထို့အပြင်လည်း ထွန်းကြည်နှင့် နာန္ဒာလှိုင်တို့၏ တတိယ အရွယ်၏ ဒုတိယ ဝေဒနာ ဇာတ် လမ်းကိုလည်း၊ ထလရ(၁၄)မှ ရိုက်ကူးကာ၊ ကက လှမ်းတွင် တည်းဖြတ်ကာ၊ ဒဂုံမြို့နယ်ရှိ ကက ကြည်းစစ်ဆင်ရေး ခန်းမတွင် ရုံတင်ခဲ့ပါသည်။

၂၀၀၁ တွင် ပခုံးချင်းယှဉ်နေသည့် ကြည်တပ် အနောက်ခံရှိနေသော ဒုဗခကတင်ဦး၊ နောက်တက်မည့် ကျန်စစ်သား ဖြစ်သော ဗိုလ်ချုပ်သူရ သီဟသူရ စစ်မောင်တို့ရုရှလုပ် MI 17 ဖြစ် မော်လမြိုင်ဘက် ခရီထွက်စဉ် Helicopter Pilot က သောက်တာများ၍ ပျက်ကျသည့်သဖွယ် ဒဏ္ဍရီနှယ်၊ တရားသူကြီး ပေါင်ချိန်သို့ မင်းသားကျန်ချောင်း ဖော်ထုတ်ခဲ့ပါ သည်၊

၂၀၀၀ ခုနှစ် ခေါ်စု နှင့် လျို့ဝှက်ဆွေးနွေးပွဲများတွင် သူမကို ဒုဝကခ နေရာ၊ ထိုအချိန်က တမင်လှစ်လပ်ထားသော လဝက လူမှုဝန်ထမ်း၊ ဝန်ကြီးနေရာများကို NLD မှ ယူနိုင်ကြောင်း၊ ကမ်းလှမ်းခဲ့သူမှာ ခင်ညွှန့်ပင်၊ (ဒေါ်စု လုပ်နေခြင်း မှာ ဖခင်ကဲ့သို့ပင်၊ စစ်အာဏာရှင်စနစ်အောက်မှ မြန်မာနိုင်ငံ လွတ်မြောက်ရန်၊ ဤလိုရာထူးနေရာဖြင့် လုပ်စားဖို့မဟုတ်၊ သံလွင်ခွေကိုနားထောင်မိလျှင် သူမကိုပို၍ လေးစားမိလာမည်၊ မြဲတမ်းဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများအားလုံး ပြန် လွှတ်ပေးရန်၊ ၉၀ ရွေးကောက်ပွဲသည် ပြည်သူတို့ ဆန္ဒအမှန်၊ စစ်မှန်သည့်နိုင်ငံရေး ဆွေးနွေးပွဲများပြုလုပ်ရန်၊ တကယ် ပင်ကျွန်တော်တို့ မြန်မာပြည်သူအားလုံးအတွက် သူမသည် ဒုတိယ ဗိုလ်ချုပ်အောင်ဆန်းပင်)

၂၀၀၂ မတ်လ၊ တပ်မတော်နေ့အနီးတွင် ဦးနေဝင်း မြေများ၏ မောင်အေးတို့ကို ဖြုတ်ချလိုသော မအောင်မြင်သော အာဏာသိမ်းပွဲ ဖြစ်လာခဲ့ပြီး၊ ထိုကိစ္စသတင်းစာရှင်းလင်းပွဲကို ကျော်ဝင်းမှ ပြုလုပ်ခဲ့သည်၊ အမြဲတမ်းသတင်းစာရှင်းလင်း သော ယခုကိစ္စတွင် ခင်ညွှန့်အနေဖြင့် များစွာစိတ်မကောင်းဖြစ်ခဲ့ကြောင်း ဦးဝင်းအောင်ကို ပြောပြခဲ့သည်၊ ၂၀၀၂ ဝန်း ကျင်ကာလများတွင် မောင်အေးကိုပင် ပြည်ပခရီးစဉ်များ လိုက်ပို့သည့်အခါ အလေးမပြုခြင်းတို့ကို မြန်မာ့ရုပ်သံတို့တွင် ထုတ်လွှင့်လာပါသည်၊ (မြန်မာ့ရုပ်သံ ထုတ်လွှင့်မှုကို လှမ်းမှအမြဲတည်းဖြတ် ထိန်းကွပ်ထားသည်)၊တကယ်တော့တပ်မ တော်ထောက်လှမ်းရေးတပ်သည်၊ ထောက်ပို့၊ အင်ဂျင်နီယာ၊ ဆေးတပ်များကဲ့သို့၊ ကြည်းတပ်၏ လက်ရုံးတပ်တစ်ခုသာ ဖြစ်ပြီး၊ ညွှန်မှူးသည် ဗိုလ်ချုပ်အဆင့်သာဖြစ်ကာ (၆၅)တွင် ပင်စင်ယူရမည် ဖြစ်သည်၊ သို့သော်လည်း မင်းသားကြီး ခင်ညွန့်သည် က လှမ်းကို ကက ကြည်းကဲ့သို့ ဌာနအဆင့် (တနည်းဆိုသော်) သူနှင့်ကာကွယ်ရေး ဦးစီးချုပ်ကြည်း၊ the same role ဖြစ်အောင်၊ လှမ်း၊ ဌာနချုပ်အဖြစ် ၂၀၀၂ ထဲတွင် ဖွဲ့စည်းပုံတိုးချဲ့ခဲ့ပြီး ဌာနကြီးမှုးများကို ဗိုလ်ချုပ်အဆင့် ထားရှိကာ၊ ဤကဲ့သို့ နိုင်ငံရေးအရ လက်တွေ့ပိုင်းတွင် ပုံဖော်အားပြိုင်လာပါသည်။






ဤအခြေအနေတွင် မင်းသားကြီးခင်ညွန့်က အရွယ်တင်နုပျိုနေသေးရာ၊ ဗိုလ်တထောင်ဘုရားမှ အင်္ဂါဒေါင့်အနီး၊ လိပ် ကန်တွင် စံပါယ်တော်မူသော .. .. ကမ္ဘာစောင့်နတ်မင်းကြီးများဖြစ်သော.. .. အဲလေ.. ဦးသန်းရွှေနှင့် မောင်အေးကို စောမောင်တုန်းကလို သူကဆေးပင်စင်ပေးလိုခြင်းဖြစ်သည်။ ဦးသန်းရွှေနှင့် မောင်အေးတို့ကလည်း သူ့ကိုဝန်ကြီးချုပ် အဖြစ် သြဂုတ် ၂၀၀၃ တွင်ခန့်ကာ၊ တပ်မှဖယ်ထုတ်ပြီး ဦးသန်းရွှေတပည့် ကျော်ဝင်းကို ကက လှမ်းညွှန်းမှူးခန့်ရန်လုပ် သောအခါ၊ ခင်ညွန့်မှ ကျော်ဝင်းကို သက်ပြည့် ပင်စင်ယူရန် သန်းရွှေကို ပြန်လည်အာခံခဲ့သည်၊ ဤအခြေအနေကို ဆရာ ကောင်းတပည့် ဦးဝင်းအောင် ကောင်းကောင်းသိသည်၊ ဦးဝင်းအောင်သည် ဌာနတွင် ၄င်းသည် တစ်ချိန်တွင် ဒုဝန်ကြီး ချုပ် သို့မဟုတ် ဝန်ကြီးချုပ်ထိ သူအနေအထားရှိကြောင်း ဌာနတွင်လာဘ်စားမှုလုပ်မှာမဟုတ်ကြောင်း အတွင်းစကား ပြောခဲ့ပါ သည်၊ ဦးဝင်းအောင်မှ သူ့ဆရာကို- ယခုအခါတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ချုပ်မှာလည်း ဗခက ကြီး၏ စည်းရုံးနိုင်မှုကြောင့် အောင်မြင်ကြောင်း၊(ဝ နယ်တွင် ဗခက ခင်ညွှန့်၏ ပြုံးနေသောဒါတ်ပုံကို စိုက်ထူထားသည် တိုင်း ရင်းသားတို့သည် လူကိုခင်မင်တတ်သည်။

တဖက် NLD ကိုလည်းစည်းရုံးပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွတ်လပ်စွာ စည်းရုံးခွင့်ပေးကာ၊ နောက်ဆုံးတွင် ဖီလစ်ပိုင်တွင် အာဏာရှင် မားကိုစ်ကို ဖြုတ်ချရာတွင် ကိုရာဇန် အကွီနိုနှင့် ထိုအချိန်က ကာချုပ် ရာမိုစ်တို့ ပေါင်းခဲ့ ကြောင်း၊ ယခုလည်းသန်းရွှေ၊ မောင်အေးတို့ကို ဤအတိုင်းဖြစ်လာနိုင်ကြောင်း၊ ထို့အပြင်လည်း ၁၉၉၀ NLD အောင်ပွဲ ခံသောအခါ ရန်ကုန်ရှိ တရုတ်သံအမတ်ကြီးက NLDN HQ သို့သွားကာ Congratulation လုပ်ထားဘူးကြောင်း၊ NLD နှင့် နိုင်ငံရေးအရ မဟာမိတ်ပြု၍ နိုင်ငံတော်တာဝန်ကိုယူလျှင် တရုတ်နှင့်လည်းပြဿနာ မရှိကြောင်း၊ သန်းရွှေ၊ မောင်အေး တို့ကို လာဘ်စားမှုဖြင့် ဖော်ထုတ်ကာ တပ်တွင်းစည်းရုံးမှု ရနိုင်ကြောင်း၊ အာဆီယံကိုမူ ထောက်ခံမှုရရန် သူတာဝန်ယူ ကြောင်း၊ ကျော်ဝင်းကိုမူ ဦးသန်းရွှေလူဖြစ်၍ အရင်ရှင်းသင်းကြောင်း၊ ဦးဝင်းအောင်မှ ဗခက ခင်ညွန့်နှင့် စည်းဝါးကိုက် ခဲပြီးဖြစ်သည်၊ မင်းသားကြီးကလည်း ဦးဝင်းအောင်ကိုပုံကာ အားထားလာသည်၊

[(ထို့အပြင်ဦးဝင်းအောင်သည် ဧရာဝတီတိုင်း၊ ဘိုကလေးစစ်ပွဲအပြီးတွင် ထိုစဉ်ကဗိုလ်ချုပ်ခင်ညွန့်ထံသို့ ငပွေးတို့သည် ပြောက်ကျားစစ်တွင် အားသာကြောင်း၊ ဌာနချုပ် မာနယ်ပလော တို့လို စခန်းမျိုးကို ခြေလျင် စစ်စင်လျှင်၊ တပ်မ(၃)ခု လောက် ကုန်နိုင်ကြောင်း၊ ထို့အတွက်အကောင်းဆုံးမှာ “KNU ကိုဘာသာရေးအရ ဖဲ့ထုတ်နိုင်လျှင် စစ်ရေးအရအောင်နိုင် ရုံမက နိုင်ငံရေးပိုင်းပါ စကားပြောနိုင်လာမည် ဖြစ်ကြောင်း” လေးနက်စွာ ၄င်းသံအမတ်ဘဝဖြင့် ရှိစဉ်ကပင် ခင်ညွန့်ကို အကြံပြုတင်ပြခဲ့ဘူးသည်၊
သူ၏အကြံအတိုင်း၊ ဗခခင်ညွန့်သည် ဗခက ကျော်ဝင်းကို ကရင်ပြည်နယ်အတွင်းသို့ စေလွှတ်ကာ၊ မြိုင်ကြီးငူဆရာတော် ကိုပါ အပိုင်ကပ်ပြီး၊ စည်းရုံးရေးဝင်ခဲ့သည်၊ များမကြာမှီ ၁၉၉၄-၉၅ ဝန်းကျင်တွင် KNU အဖွဲ့တွင်း ရာထူးကိစ္စများနှင့် စတင်ကာ အချင်းချင်း မကြေနပ်သောအချိန်တွင် နားစွင့်နေသော ကျော်ဝင်းတို့မှ ထောက်လှမ်းရေးကောင်းပီပီ၊ “ဘာ သာရေးနှိပ်ကွပ်သည်ဟု” မီးလောင်ရာသို့ ဓါတ်ဆီကား(၁၀)စီး လွှတ်နိုင်ခဲ့၍ DKBA ဖြစ်ပေါ်လာခဲ့သည်၊ ဤသို့ဖြင့် မြန် မာနိုင်ငံသမိုင်း နှစ် ၄၀ တွင် ပြောက်ကျားစစ်အင်အားကောင်းသော KNU မှာ ဌာနချုပ် မာနယ် ပလော နှင့် အရေးပါ သော စခန်းများမှာ DKBA ကြောင့် ဆက်တိုက်ကျသွား ခဲ့ရသည်၊ ထို့ကိစ္စအောင်မြင်မှုကြောင့် သန်းရွှေ၊ မောင်အေးတို့မှ ကက လှမ်း၏ စွမ်းဆောင်မှုကို အသိမှတ်ပြု ဂုဏ်ပြုခဲ့ကြပါသည်၊ ထိုကြောင့်လည်း ခင်ညွန့်မှလည်း နိုင်ငံရေးပိုင်း၊ သံအ မတ်ရေးပိုင်း၊ ကလိမ်ကကျစ် လုပ်ရမည့် ထောက်လှမ်းရေးပိုင်းတို့တွင်(လှမ်း) ဗိုလ်မှူးဟောင်းဝင်းအောင်ကို ပိုမိုယုံကြည် ကာ အမြဲဖုံးဆက်ကာ တိုင်ပင်တတ်ပါသည်၊)]

နောက်ပိုင်းတွင် မင်းသားကြီးမှ ထလရ လုပ်ငန်းဆိုင်ရာ ကိစ္စများကို စည်သူငြိမ်းအေးထံ တိုက်ရိုက်စာများ ပို့လာခဲ့သည် ကို သတိပြုမိသည်၊ ၂၀၀၂ မေတွင် အန်တီစုအကျယ်ချုပ်မှ လွှတ်ခဲ့ရသည်၊ နောက်ဆုံး ၂၀၀၃ မုံရွာဘက်သို့ အန်တီစု စည်းရုံးရေးခရီးစဉ် ထွက်သောအခါ နယ်မြေခံ ထလရ တပ်များကို လိုအပ်သော ပံ့ပိုးမှုဖြင့် ကူညီရန်ဟူသော အလွန်ထူး ခြားသော လျှို့ဝှက်အမိန့် ရောက်နေပါသည်၊ နယ်မြေရှိ ခြေလျင်တပ်များနှင့် ထလရ များအကြား ပြဿနာများ ဖြစ်ပေါ် သည်၊ ၂၀၀၃ မေတွင် ထိုကဲ့သို့ အခြေအနေများကို ကက ကြည်း သို့သတင်းများ စဉ်ဆက်ရောက်ရှိလာကာ၊ ဒေါ်အောင် ဆန်းစုကြည်အပေါ် ပြည်သူ့ထောက်ခံမှု ပိုမိုကြီးမားလာပုံ အောက်ခြေပိုင်း တပ်များကပါ တွေဝေလာပုံတို့ကို ဗွီဒီယို မှတ် တမ်းခွေတို့ဖြင့် သန်းရွှေကိုယ်တိုင် ကြည့်ရှု့ခဲ့ပြီး ခင်ညွန့်ကို လှမ်းမှ ဖြိုခွဲရန် အမိန့်ပေးသည်၊
ခင်ညွန့်မှ ဤအခြေနေတွင်-
*မြန်မာသည် အာဆီယံဝင်ဖြစ်လာပြီး ဖြစ်ကြောင်း၊
*သူမနောက်သို့ လူအုပ်ကြီးဖြစ်ပေါ်သည်မှာ နယ်ဘက်တွင်ဖြစ်ပြီး၊ သံရုံးများရှိကြောင်း၊ ပြဿနာမရှိကြောင်း၊
*ထလရ တပ်များအနေဖြင့် လူအုပ်ကြီးကို ၈၈ လို ပစ်ခတ်ရန် အင်အားမရှိကြောင်း၊
*လူအုပ်ဖြစ်တိုင်း ပစ်လျှင် ပြဿနာဘယ်တော့မှ ပြီးမှာမဟုတ်ကြောင်း၊
*တရုတ်ခေါင်းဆောင်းကြီးများပင်လျှင် ထိုသို့လုပ်လျှင် မြန်မာနိုင်ငံကို စိတ်ပျက်လာနိုင်ကြောင်း၊ (ယနေ့ထိ ထိုင်ဝမ်ကို ပစ်ခတ် မသိမ်းပိုက်ကြောင်း)

ဤခြေအနေတွင် သန်းရွှေနှင့် မောင်အေးတို့မှ ခင်ညွန့်သည် မူမမှန်သော ခြေလှမ်းလာပြီးကို သိရှိနားလည်သွားပြီး လည်း ဖြစ်ပါသည်၊ တကယ်တော့လည်း ခင်ညွန့်သည် ၁၉၉၈ နောက်ပိုင်း မြေပေါ်နိုင်ငံရေးအဖွဲ့အစည်းများကို နည်းမျိုး စုံသုံးကာ အမှန်တကယ် ဖြိုခွင်းခဲ့ပြီး ပြည်ပရှိ မြန်မာသံရုံးများသို့ လှမ်းမှ ဒုဗခက ကြီးများကို သံအမတ်များခန့်ကာ၊ ပြည်ပထောက်လှမ်းရေး လုပ်ငန်းများ လုပ်ခဲ့ပြီးဖြစ်ပါသည်၊

(၁၉၉၀ ထဲတွင် လူ့ဘောင်သစ် ပါတီအား “မိုးသီးဇွန် (သို့) ကြိုးမဲ့လေတံခွန်” စာအုပ်ဖြင့် ကွဲစေပြီး၊ ၁၉၉၁ တွင် လသာ မြို့နယ်၊ ၁၆ လမ်း၊ ဗန္ဒူလလမ်း ဒေါင့်ရှိ ပါတီဆိုင်းဘုတ်ကို နေ့လည် ၁နာရီအချိန်တွင်တပ်မ (၁၁)၊Light arm carrier vehicle ဖြင့်၊ ဝိုင်ရံကာ ပါတီကို ပယ်ဖျက်ပြီဖြစ်သည့်အတွက်၊ မတရားအသင်း (မြေအောက်) ဖြစ်ပြီးမို့၊ ချက်ခြင်းဆိုင်း ဘုတ်ဖြုတ်ချရန်၊ မဖြုတ်လျှင်၊ အင်အားသုံးမည်ဟု လောစပီကာနှင့်ကြေညာကာ ဖြုတ်ခိုင်ခဲ့သူမှာ...)

ထိုနောက်တွင်သန်းရွှေ၏သားတပည့်စိုးဝင်း၏ တိုက်ရိုက်အမိန့်ဖြင့်အောင်သောင်း၊ မုံရွာခဝတ ဥက္ကဌ ဒဗမက သန်းဟန် တို့မှ အကြမ်းဖက်ပွဲကို အနီးကပ်ကြီးကြပ်ကာ၊ ခလရ ၁၆ ၊ ကြံ့ဖွံ၊ ထောင့်သားများဖြင့် အသေးစိတ်စီမံကာ၊ ဒီပဲယင်း လူသတ်ပွဲကြီး ဖြစ်ပေါ်ခဲ့ပါသည်။ တဆက်တည်းမှာပင် သန်းရွှေနှင့်မောင်အေးမှ ထိုစဉ်က ရမခ တိုင်းမှူး ဗိုလ်ချူပ်လှိုင် မြင့်နှင့်ရွှေမန်းတို့အား စစ်ထောက်လှမ်းရေးကို လျှိုဝှက်စွာ ပြန်လည်ထောက်လှမ်းရန်၊ စီစဉ်ခဲ့ပြီးဖြစ်ပါသည်။

၂ ဝဝ၃ သြဂုတ်လထဲတွင်မင်းသားကြီးRoad Map ကိုကြေငြာခဲ့ခြင်းကို သန်းရွှေမှလုံးဝ မကြိုက်ပါ၊ သို့သော်၊ ဖြုတ်ပြီး သောအခါ၊ အာဆီယံထဲတွင် နိုင်ငံရေးသိက္ခာအရ၊ မသွားချင်ဘဲ၊ ဆက်သွားခြင်းသာဖြစ်သည်။ ထိုမျှမက၂ဝဝ၄ ဇန်နဝါရီ ထဲတွင် ဗိုလ်ချူပ်ကြီးစောဘိုမြနှင့်ပါ တွေ့ဆုံဆွေးနွေးခဲ့ရာ၊ နိုင်ငံခြားရေးဝန်ကြီးတစ်ဦးဖြစ်သော ဦးကျော်သူက ဦးသန်းရွှေအလွန်စိတ်ဆိုးကြောင်းပြောခဲ့ဘူး သည်။

(ဦးကျော်သူသည် သွားရှာသူဒေါက်တာမောင်မောင်၏ သားဖြစ်ကာ၊ ၁၉၈၈ နောက်ပိုင်းတွင်၊ တပ်မ ၂၂ မှူးအဖြစ် ကရင်ပြည်နယ်သို့စစ်ဆင်ရေးများထွက်ခဲ့ရသည်။ ထိုမှတောင်အာဖရိက နိုင်ငံဆိုင်ရာ မြန်မာသံအမတ်၊ ထို့နောက်အိန္ဒိယ နိုင်ငံဆိုင်ရာမြန်မာသံအမတ်တို့ဖြစ်ကာ၊ ၂ဝဝ၄ ထဲတွင်ဝန်ကြီးဖြစ်လာသည်၊ ၂ဝဝ၉ ထဲတွင်ဝန်ထမ်းရွေး ဥက္ကဌဖြစ်လာ ပါသည်။

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၁)

စိန်လွင်
ဇန်နဝါရီ ၁၀ ၊၂၀၁၀။

နှစ်များစွာ မြိုသိပ်ထားခဲ့ရတဲ့၊ ခါးသီးခံစားခဲ့ရတာတွေကို၊ ဖော်ထုတ်ရတဲ့အတွက် ဝမ်းသာဝမ်းနည်းခြင်း ၂ ခုကြောင့် မျက်ရည်များလည်နေပါတယ်၊

အထူးမေတ္တာရပ်ခံလိုသည်မှာ- ကျွန်တော်သည် အောင်လင်းထွဋ်လိုထောက်လှမ်းရေးမှ နာမည်ကြီး သံမှူးကြီး မဟုတ် ပါ၊ သာမန်နိုင်ငံခြားရေးဝန်ထမ်း တစ်ခု၏ ကြုံတွေ့နေရသော အဖြစ်အပျက်များကို နာကျည်းစွာ ပြန်လည်ပြောပြခြင်း သာဖြစ်သည်၊ သို့သော်လည်း၊ တခြားသောသူများ၏ အမည်နာမများလည်း ပါဝင်နေပြီး၊ ထိုသူများလည်း မြန်မာပြည် ထဲတွင် ပင်ရှိနေသေးရာ၊ သူတို၏ဘဝနှင့်လုံးခြုံရေးကို စာနာမှုရှိရန်လည်း လိုအပ်ပါသည်၊ တနည်းဆိုလျှင်၊ သတင်းရင်း မြစ်ကို ကာကွယ်မှုရှိရန် လိုအပ်ပါသည်၊
(တနေ့ မြန်မာပြည်သည် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတစ်ခု မုချဖြစ်ရမည်) သံနိဌာန်ဖြင့်

ပါဝင်ခဲ့သည့် ဖွဲ့စည်းများ-- ဗိုလ်တထောင်(၂) ကျောင်းသားသမဂ္ဂ ၁၉၈၈ လူထုတော်လှန်ရေးကာလ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်၊ ဗိုလ်တထောင်(ထိုစဉ်က၊ ၅၃ လမ်းနှင့် ကုန်သည်လမ်ထောင့်) (ထိုစဉ်က၊ ၄၇ လမ်း ၄၆ လမ်ကြား ဗိုလ်ချုပ်လမ်း)

ပါဝင်လှုပ်ရှားမှုများ -- ၁၉၈၈ ဇူလိုင် ၂၃၊ ဦးနေဝင်းမှ နှုတ်ထွက်ကြောင်း ကြေညာပြီး၊ ကျောင်းမှကျောင်းသားများ၊ ဗိုလ်တထောင် ကောလိပ်ကျောင်းသားများပါဝင်သေား ဆန္ဒပြပွဲများတွင် တောက်လျှောက်ပါဝင်သည်၊ သိပ်ပျော်စရာ ကောင်းသည်၊ ဒီမိုကရေစီ ရတော့မည်ဟု ယုံကြည်သည်၊ မှတ်မိသူများထဲတွင် ကိုစိန်အုံး(ဒေါ်စု ဓါတ်ပုံရိုက်ကာ ဖြန့်ဝေ ခြင်းကြောင့် ၁၉၉၆ တွင် မန်းလေးထောင် ကျခဲ့ရ)၊ ရဲကျော်စွာ၊ ယခုစစ်ဆေးမှ ဗိုလ်မှူးမျိုးမင်းထွေးသက်ထူး (မအူပင် စက်မှုကျောင်းအုပ်) ။

၈၈၈၈ ညတွင် မြို့တော်ခန်းမသို့ သွားရောက်ပါဝင်ပြီး၊ စတင်ပစ်ခတ်စဉ် ထွက်ပြေးလွတ်မြောက်သည်၊ သြဂုတ်လကုန် ရွှေတိဂုံ နောက်ဘက် ဒေါ်အောင်ဆန်းစုကြည်၏ လူထုဟောပြောပွဲသို့ ကျောင်းမှကျောင်းသားများနှင့်အတူ တက်ခဲ့ သည်၊ သူမကို ပထမဆုံးအကြိမ်း မြင်တွေ့ခဲ့ခြင်းဖြစ်သည်၊ မေလ ၁၉၉၀ တွင် ကျွန်တော်တို့ မိဘ ဆွေမျိုးများအားလုံး သည် “ခမောက်” ကို မဲပုံထဲ့ခဲ့ကြသည်ကို မမေ့နိုင်ပါ၊ ဗိုလ်ထထောင်မှ ဒေါက်တာမောင် မောင်ကျော် NLD ဟင်္သာတမှ ဒေါက်တာဇော်မြင့်တို့ အမတ်များဖြစ်လာပါသည်။

ထိန်းသိမ်းခံရခြင်း (၁) စက်တင်ဘာ ၁၉၉၀
(တစ်လခန့် ဗိုလ်တထောင် ရေတပ်ထောက်လှန်းရေး(၁)
(ဖြစ်စဉ်အကျဉ်း -- စစ်တပ် အာဏာသိမ်းမှု ၂ နှစ်မြောက် ဆန့်ကျင်စာရွက်များကို ဝန်ကြီးများရုံးနှင့် ဗိုလ်တထောင် (၆) သိန်ဖြူလမ်းတွင် ကျောင်းသားများ ဖြန့်ဝေခြင်း၊ စုဝေးကြွေးကြော်ခြင်း)
(စစ်မေးပုံ -- ညပိုင်း ညလယ်ခန့် ခေါ်စစ်၏ ဆိုင်ကယ်စီးရခြင်း၊ ပါးရိုက်ခံရခြင်း၊ နာရင်းအုတ်ခံရခြင်း ရေကို တစ်နေ့ တစ်ခွက်သာပေးခြင်း၊ နေပူလှန်းခံရခြင်း)
ထိုနောက် -- ခံဝန်ချက်ဖြင့် ပြန်လွတ်ပါသည်၊
ထိုကဲ့သို့ စိတ်ပင်ပန်း လူခံစားရခြင်းကြောင့်၊ ဆေးကုသမှု ခံယူရပြီး၊ ၁၉၉၁ ဆယ်တန်းစာမေးပွဲ ကျခဲ့ရသည်။ ၁၉၉၂ တွင် အောင်ပါသည်၊

(၂) ၁၉၉၆ အောက်တိုဘာတွင် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား ၃ ယောက် အဝေးပြေးကားဂိတ်ဆယ်မိုင်တွင် စည်ပင်ရဲက ဖမ်းဆီးရိုက်နှက်ရာမှ စတင်ကာ ဆန္ဒပြမှု စတင်ဖြစ်ပေါ်သည်၊
ကျွန်တော်သည် ရန်ကုန် တက္ကသိုလ် (စိတ်ပညာ) မှကျောင်းသားများ၊ ပဲခူးဆောင်ရှိ၊ ဟင်္သာတာနယ်မှ သူငယ်ချင်းများ နှင့်အတူ ပါဝင်သည်၊ မှတ်မှတ်ရရ၊ ဒီဇင်ဘာလဆန်းပိုင်း၊ နံက် ၂ နာရီလောက်တွင် လှည်းတန်း လမ်းဆုံးတွင် သူငယ် ချင်းများနှင့် ဆက်နေခဲ့သည်၊ စစ်ထရပ်ကားတစ်စီးမှ၊ လောစပီကာဖြင့် “ချင်းသံဝဲဝဲ” နှင့် လူစုခွဲရန် ကျောင်းသားထုအ တွင်း၊ မြေအောက်အဖျက်သမားဝင်ရောက်နေပြီး ဖြစ်ကြောင်း၊ လုစုမခွဲလျှင် အင်အားသုံးမည်၊ အချိန် ၁၀ မိနစ်နောက် ဆုံးပေးမည် ဟုဆိုကာ လုံထိန်းရဲများက ရှေ့ဆုံးလိုင်းမှ စစ်ကြောင်းပုံဖြင့် မီးသတ်ကားများနှင့်အတူ အင်းစိန်လမ်းမနှင့် ပြည်လမ်းမဘက်ဆီမှ လှည်းတန်းလမ်းဆုံသို့ နေရာယူလာသည်၊ ၄င်းတို့နောက်တွင် လည်ပတ်နီဆီးထားသော စစ်သား များ၊ နောက်တွင် အချုပ်ကားများ နောက်ဘက်တွင် စစ်နှင့်ရဲထရပ်ကားများ၊ လမ်းပေါ်တွင် လမ်းမီးများရှိနေဆဲ၊ ထို နောက် လုံထိန်းများက လမ်းဆုံးကို အင်အားသုံး ဖမ်းဆီးသည်၊ ဗမာပြည်တွင် မီးလောင်လျှင် ရေမပါခဲ့သော မီးသတ် ကားများသည် ဤကိစ္စတွင် ရေအပြည့်နှင့် ရေပိုက်ကြီးများနှင့် ထိုးခွဲလာပါသည်၊ ကျောင်းသားတစ်ဦးမှငါတို့ကို ခွေးတွေ ရိုက်နေပြီးဟူ အော်သံ၊ ကျွန်တော့်နားမှာ ကြားယောင်နေသည်၊

ကျွန်တော်သည် ရာမည ဆောင်ရှေ့ဘက်မှ သူငယ်ချင်းများနှင့်တူ ရရာအုတ်ခဲများဖြင့် ရဲများဆီသို့ ပစ်သွင်း တိုက်ခိုက် သည်၊ မကြာခင် ကျွန်တော်သို့နောက်သို့ စစ်ထရပ်ကားတစ်စီး ကျောင်းအတွင်းသို့ရောက်ရှိပြီး ပိတ်ဆို့ဖမ်းဆီးခြင်း ခံ လိုက်ရပါသည်၊ နံပါတ်တုတ်ဖြင့် ရိုက်၍ စစ်ထရပ်ကားပေါ်တွင် ပုံစံထိုင်ရင်း၊ ကျိုက်ဝိုင်းအောင်သပြေ စစ်ကြောင်းစခန်း သို့ ပါသွားခဲ့သည်၊ ထိုစခန်းတွင် ကျောင်းသားတစ်ရာကျော်မျှ ထိန်းသိမ်းစစ်ဆေး နှိပ်စက်ခံရသည်။ ဘယ်သူကဦး ဆောင်တာလဲ ဆိုသည်မှာ စစ်တိုင်းမေးခံရသည်၊ ထို့နောက်တွင် ထိုစဉ်က လှမ်းဒုညွှန်မှူး ဗမခ ကျောင်းဝင်းမှ ခံဝန် ချက်ဖြင့် ကျောင်းသားများကို ပြန်လွှတ်ပေးခဲ့သည်၊ သို့သော် ထင်ရှားသည့်ခေါင်းဆောင်ပိုင်း ကျောင်းသားများ ထောင် ဒဏ်ကျခံရသည်၊ ထိုအထဲတွင် ကျွန်တော်၏ ဗိုလ်တထောင် ၂ မှ ကျောင်းနေဘက် ငယ်သူငယ်ချင်း ရဲကျော်စွာ(Y.I.T) ကို ၁၉ နှစ်ချမှတ်ခံရပြီး သာယာဝတီ ထောင်သို့ ပို့ခံရကြောင်း နောက်ပိုင်းတွင် သူ့အမေထံမှ သိခဲ့ရသည်၊ ထို့နောက် တွင် တက္ကသိုလ်တွေ ၁၉၉၈ နှစ်လယ်ပိုင်းထိ ပိတ်ခဲ့သည်၊ ကျွန်တော်လည်း ဟင်္သာတ နယ်ဘက် ရွာတစ်ရွာသို့ သွား ရောက် တိမ်းရှောင်နေခဲ့သည်၊ အဝေးသင်နောက်ဆုံးနှစ် စာမေးပွဲသို့ ၁၉၉၇ တွင် ဖြေဆိုအောင်ခဲ့သည်၊
နိုင်ငံခြားရေးရုံး ၊၁၉၉၈
၁၉၉၇ နှစ်ကုန်တွင် သတင်းစာထဲမှ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ဌာနစုမှူး၂/ တတိယ အတွင်းဝန် (၂၀) နေရာခေါ် ကြောင်း တွေ့ရှိကာ အရဲစွန့်ကာ ဝင်ဖြေကာအောင်သဖြင့် ၁-၁-၁၉၉၈ တွင် ပြည်လမ်းရှိ ထိုရုံးသို့ စတင်ဝင်ရောက်ခဲ့ပါ သည်၊ ပါသူထဲတွင် ကိုရဲမင်းထွန်း (နိုင်ငံတကာ ဆက်ဆံရေး)၊ ကိုအောင်ဂျော်သူ (နိုင်ငံတကာ ဆက်ဆံရေး) ယခု တလ်အဗီး၊ မြန်မာသံရုံး၊ ဦးသန်းရွှေသမီး ကြည်ကြည်ရွှေ (ယခုသံမှူး၊ စင်္ကာပူ) နှင့် အခြားသူများ၊ ရုံးတွင်အောင်သူများ ပါရှိသည်။

ထိုစဉ်က ဦးအုန်းဂျော်(ဝန်ကြီး)၊ ဦညွန့်ဆွေ(ဘန်ကောက် မြန်မာ စစ်သံမှူး) ဒုဝန်ကြီးတို့ဖြစ်ကြသည်၊ အထူအရာရှိ ဗိုလ်မှူးမင်းသိန်း (ကက လှမ်း) မှရှိသည်၊
ကျွန်တော်တို့ကို တစ်လခန့်အကြာ ဌာနများခွဲဝေ တာဝန်ပေးရာ၊ ကောင်စစ်ရေးရာဌာနသို့ ကျခဲ့သည်၊ ထိုဌာနသို့ကျ သည့်အတွက် ကျွန်တော်နေ့တိုင်းဘုရားစာ ရွက်ခဲ့ရသည်၊ အကြောင်းမှာ၊ လုပ်ငန်းသဘာဝအားဖြင့် နိုင်ငံရေးကိစ္စများ ဖြစ်ပြီး၊ ကက လှမ်းနှင့် အဓိက ပတ်သက်သည်၊

-ပြည်ပရှိ မြန်မာသံရုံးများ၊ စစ်သံရုံးများက ပြည်ပရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုသတင်းများက ကောင်စစ်ဌာနနှင့် ကက လှမ်းသို့ ပေးပို့သည်။
- Black List
* ၁၉၈၈ မှစပြီး စစ်အစိုးရအား ပြည်တွင်းပြည်ပမှ ဆန့်ကျင်သူများစာရင်းကို ထားရှိပြီး၊ အမြဲတမ်း Update လုပ်ရသည်၊
- ဗွီဇာ ကိစ္စ
* မြန်မာသံရုံးများမှထုတ်ပေးရန် မဆုံးဖြတ်နိုင်သူများကို ကောင်စစ်၊ နခဌ သို့ပေးပို့သည်၊ ထိုသူများသို့ဆက်ပို့ပြီး ခွင့်ပြု ချက်တောင်းချသည်၊
* ထူးထူးခြားခြားမှ မှတ်မိတာက ရူရှ မှ စစ်လက်နက် ထုတ်လုပ်သူများ ရာချီ ထုတ်ပေးခဲ့ရသည်၊
* Visa Online System
. ၂၀၀၁ တွင် တိုးရစ်ဗီဇာများကို အင်တာနက်သုံး ထုတ်ပေးရန် Project တစ်ခု စပါသည်၊ ထိုကိစ္စတွင် ဌာနညွှန်မှူး (ဗိုလ်မှူး ခင်မောင်အေး)မှ ကျွန်တော်တစ်ယောက်ကို တာဝန်ပုံကာ ကောင်ထည်ဖော်ခိုင်းသည်၊ (သူသည်၊ စစ်တွေ ထလရ တပ်(၁၀) နှင့် မန္တလေး ထလရ တပ်(၁) မှ တပ်မှူးဖြစ်ခဲ့ပြီး၊ ၁၉၈၈၊၈၉ ကာလများတွင် ဒီမိုကရေစီရေး လှုပ်ရှား သူများကို အင်းစိန်ထောင်အတွင်း နှိပ်စက် စစ်ဆေးခဲ့ပြီး၊ တချို့ကိုတုတ်ဖြင့် ကိုယ်တိုင်ရိုက်သတ်ခဲ့ကြောင်း သူကိုယ် တိုင် မြိန်ရေ ရှက်ရေ ပြန်ပြောပြလို့ သိခဲ့ရသည်၊
. သူကိုယ်တိုင် သတ်လိုသူများမှာ သံမဏိ ဗိုလ်ခင်မောင်၊ မိုးသီးဇွန်၊ ဒေါက်တာစိန်ဝင်း တိုဖြစ်ကြောင်း၊ Black List ကိစ္စများ လုပ်ရင်း၊ သူက အခဲမကြေ ပြောပြခဲ့သည်၊
. သူသည် ထိုင်းနိုင်ငံသို့ ကုန်သည်များမှ ခိုးထုတ်ရန် ကြိုးစားခဲ့သော ပတ္တမြားတုံးကြီးကို သူ၏စွန့်စား ထောက်လှမ်းမှု များဖြင့် ပြန်လည်ရရှိခဲ့ပုံကို ပြောပြသည်၊ အဓိကမှာ ၄င်း မွေးယူထားသော သတင်းပေးများတော်ကြောင်း၊ ထိုမှအခြေခံ ကာ လိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာ့ ရုပ်သံမှ ထုတ်လွှင့်ခဲ့သော “အဝါရောင် ပစ်မှတ်ငယ်များ” ဇာတ်လမ်းသည် ဤဖြစ်ရပ်ကို အခြေခံထားကြောင်း ပြောပြခဲ့သည်၊
. (ထို့နောက် မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်သမီး လာဘ်စားမှုများကို ဖော်ထုတ်ရာမှ သူအဘေခံ လိုက်ရာမှ နိုင်ငံခြားရေးရုံးသို့ ၁၉၉၄ တွင် ခင်ညွန်မှ သူ့ကိုကယ်တင် ပြောင်းရွေ့ခဲ့ခြင်းဖြစ်သည်၊)
. (ထလရ တပ်မှူးများသည် ခြေလျင်တပ်မှ တိုင်းမှူး၊ တပ်မမှူးများကိုပင်၊ “လာဘ်စားသည်” ဆိုကာ ဖြုတ်ချရန်သော် လည်းကောင်း၊ အာဏာပြိုင်ခြင်းများကို နေရာတိုင်းတိုင်း လိုလိုတွင် ပြုလုပ်ခဲ့သည်၊ ယခုအမေရိကန်ရောက်အောင်ထွဋ် အပါအဝင်)
. ထိုနောက် ၁၉၉၆ - ၁၉၉၉ ကာလများတွင် ဝါရှင်တန် မြန်မာသံရုံး၊ သံမှူးဖြစ်ကာ အမေရိကန် နိုင်ငံရှိ ဒီမိုကရေစီရေး လှုပ်ရှားသူ ၂၀၀ ခန့်၏ သတင်းများကို သတင်းပေးများမွေးကာ ကက (လှမ်း)သို့ လုပ်ပြခဲ့ပြန်သည်၊
. အနှီဤကဲ့သို့ အရပ်ဖက်သို့ ညွှန်မှူးဖြင့် ရောက်နေသည့်တိုင် ရဲရဲတောက်နေခြင်းကြောင့်၊ ၂၀၀၂ တွင် အီတလီနိုင်ငံ ဆိုင်ရာ မြန်မာသံအမာတ်အဖြစ်သို့ လုပ်ဖေါ်ကိုင်ဖက်များကို ကျော်လွှာကာ မင်းသားကြီးမှ ခန့်အပ်ခဲ့ပါသည်၊ ၂၀၀၅ တွင် ထလရ များကို ကျူပင် ခုတ်သော်အခါ ပြန်လည်ခေါ်ယူခံရကာ၊ ဒဂုံ(မ)တွင် နေထိုင်လျှက်ရှိပါသည်၊
. ကျွန်တော်မှ ဤကိစ္စတွင် ကွန်ပျူတာ နည်းပညာနှင့် ငွေအား၊ ထို့အပြင်၊ blacklist စနစ် ထားရှိခြင်းကြောင့် များစွာ ခက်ခဲကြောင်း၊ အရှိတိုင်းရင်ပြခဲ့ရာ မိန့်မနာခံလိုမှုနှင့် ဝန်ကြီးထိတက်ခဲ့ရပြီး ကင်ဘာရာ မြန်မာသံရုံးသို့ စေလွှတ်တတ် ရန် လျာထားပြီးမှ ဝန်ကြီးဝင်းအောင်မှ “နိုင်ငံရေးအရ စိတ်ချရသူတစ်ဦးနှင့် အစားထိုးရန်” ဟု မှတ်ချက်ပေးကာ ပယ် ဖျက်ခဲ့သည်၊ တကယ်တော့ ဤကိစ္စတွင် ကြီးမားသော အကြံအဖန်(ခွင်) တစ်ခု ရှိနေသည်ကို နောင်ပိုင်းမှ သိရသည်၊ ၄င်းကိစ္စသတွက် အစည်းအဝေးများကို လှိုင်မြို့နယ်ရှိ ထီးကိုးလက် (Bagan Cybertech) တွင် သတင်းစာထဲမှ သား အဖြစ်မှ စွန့်လွှတ်ကြောင်း၊ မင်းသားကြီးနှင့် ဆရာဝန်မကြီးတို့မှ ကြေငြာခဲ့သည်) ဦးဝင်းအောင်၏ သားသောင်းစုငြိမ်း၊ ထိုကဲ့သို့ အဆင့်မြင့် လျှို့ဝှက်စည်းဝေးသို့၊ ကက လှမ်းမှ ဗမက တင်ဦ၊ ကျော်သိန်း၊ ရဲသတင်းတပ်ဖွဲ့မှူး သက်ထွတ်၊ လဝက ဒုညွှန်ချုပ် ဇော်ထွန်း၊ ကောင်စစ်ညွှန် ချုပ်သိန်းမြင့် တို့ပါသည်၊ အားလုံးက လေးလေးစားစား နားထောင်ခဲ့ရ သည်မှာ ရဲနိုင်ဝင်း၊ ၄င်းကိစ္စအတွက် US dollar 10 million ရင်းနှီးမြှပ်နှံထားသည်ဆိုသော ဆိုက်ဘာတက် ပိုင်ရှင်ရဲနိုင် ဝင်းအား၊ ကွန်ပျုတာ ပိုင်းဆိုင်ရာ အတတ်ပညာနှင့် ထိပ်တန်းလျှိုဝှက်လုံခြုံရေးအရ လုပ်ငန်း ကန်ထရိုက်ပေးအပ် ကြောင်းနှင့် Software အတွက် သောင်းစုငြိမ်းက ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သောခါ ဒါကြောင့်ဆိုတာ ကျောချမှ ဒါမြဗိုလ် အလှူရှင် ကျောင်းဒါကာကြီးတို့မှန်း သိခဲ့ရသည်၊
. ၄င်းစနစ်သည် နိုင်ငံခြားရေး၊ လဝက၊ SB/MI (၄) ဌာနတို့ကို ကွန်ပျူတာကွန်ယက်စနစ်ဖြင့် ချိတ်ဆက်ထားခြင်းဖြစ် သည်၊ ထိုစဉ်က Password နှင့် Code တို့မှာ ပြောင်းလဲခဲ့ပြီးဖြစ်သည်၊

မြန်မာရေမျော ရေလုပ်သားများ
မကြာခဏ ဆိုသလို ပင်လယ်ပြင်ရှိ ရေလုပ်သားများမှ မုန်တိုင်းမိ၍ အိန္ဒိယ နိုင်ငံဘက်သို့ မျောပါက အိန္ဒိယ ရေတပ်မှ တွေ့ရှိကာ ထိန်းသိမ်းပြီး ပြန်ပို့ရန် မြန်မာသံရုံးသို့ အကြောင်းကြားလားသည်၊ ဤအခါ ရန်ကုန်ရှိ ကယ်ဆယ်ရေးဝန်ကြီး ဌာန၊ လဝက၊ SB၊ နိုင်ငံခြားရေး)ကောင်စစ်တို့ ထိုစဉ်က ဝန်ကြီးများရုံးဌာနတွင် မည်သို့ပြန်လည်ခေါ်မည်ကို စည်းဝေး လုပ်သည်၊ လဝက ဥပဒေအရ ထိုသူများကို ပြန်ရောက်ပြီးနောက် အရေးယူရန် ရှိသည်ကို အံသြတုန်လှုပ်စွာ နားထောင် ခဲ့ရသည်၊ အကြောင်းမှာ တရားဝင် တစ်ဖက်နိုင်ငံသို့ ရောက်ရှိသွားခြင်းကြောင့် ဖြစ်သည်၊ ပင်လယ်တွင်း မုန်တိုင်းမိသူ များ မသေကောင်း မပျောက်ကောင်း အသက်အန္တရာယ်ကြား မျောပါပြီး၊ တစ်ဖက်နိုင်ငံတွင် ထောင်ထဲမှာ နေရသည်၊ ဒီရောက်တော့ တစ်ခါ၊
ကျွန်တော့်မှာ ထိုသူများမှာ တမင်တကာ ဥပဒေ ချိုးဖောက်သူများ မဟုတ်ကြောင်း မုန်တိုင်းမိသော ပင်လယ်ပြင်တွင် နိုင်ငံတကာရေပိုင်နက်ကိုလည်း သိနိုင်မည်မဟုတ်သည့် လှေတံငါ ဘဝဒုက္ခရောက်သူတို့သာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သားဟုတ်လျှင် ပြန်ခေါ်သင့်ကြောင်း အမှတ်တမဲ့ စည်းဝေးတွင် ထပြောမိသည်၊ ရုံးသို့ပြန်ရောက်သောအခါ ဝန်ထမ်း သည် မိမိသဘောနှင့် သဘောထား ပြောခွင့်မရှိကြောင်း အထက်အမိန့်ရသာ ပြောခွင့်ရှိကြောင်း ပြင်းထန်စွာ သတိပေး ခံရသည်၊
ဒေါ်အောင်ဆန်းစုကြည်၊ ဗခက ခင်ညွန့်၊ ဦးဝင်းအောင် Vs. သန်းရွှေ၊ မောင်အေး ဘာကြောင့်လဲ ?

(၁) ဗခက မင်းသားကြီး ခင်ညွှန့်နှင့် မြန်မာ့အလင်း သတင်းစာများတွင် ပင်တိုင်ဆောင်းပါးများ ရေးသားသော စည်သူ ငြိမ်းအေး (ခ) စာဆိုစစ်သည် ဗိုလ်မှူးဝင်းအောင်တို့ NLD မှ ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း ရင်ဦးနှင့် ဗိုလ်မှုးကြီးဟောင်း အောင်ရွှေတို့၏ နေရာများကို ဝင်လုခဲ့လို့လား?
(၂) NLD မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့သို့ ဆရာ တပြည့်(၂)ယောက် လျှိုဝှက်လျှောက်လွှာတင်ခဲ့ လို့လား?
(၃) မင်သားကြီးခင်ညွှန့်က သံမဏိ နှင်းဆီကိုမှ မြတ် နိုးလေးစားလာခဲ့လေသလား?
(1) No
(2) NO!!!!
(3) ………..

ဦးဝင်အောင်သည် ၁၉၈၂ - ၈၄ ဝန်းကျင်းကာလများတွင် ထိုစဉ် မဆလ ခေတ်က မျက်မှန်ကြီးတင်ဦး၊ ဦးဘိုနီ စသည့် ထောက်လှမ်းရေးများကို ယခုကဲ့သို့ နှိပ်ကွပ်သည့်

သမိုင်းတစ်ချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဒုညွှန်မှူးအဖြစ်ရောက်ရှိကာ၊ အဆောက်အအုံ ထောက်ပံ့ရေး ဌာနသို့ စတင်တာဝန်ကျခဲ့သည်၊ တစ်ခုသတိထားမိတာက သူ၏လက်မှတ်နှင့်ယခု ဝန်ကြီးဖြစ်တော့ ထိုးသော လက်မှတ်မတူ ခြင်းဖြစ်သည်၊ သူတွင် AD Calender အရ ၄ နှစ်တကြိမ်သာ မွေးနေ့ရှိပါသည်၊ အကြောင်းမှာ ၂၉ ဖေဖော်ဝါရီ ၄၄ တွင်မွေးနေ့ဖြစ်ခဲ့သောကြောင့်။ ထို့နောက် သူသည် လာအိုနိုင်ငံ သံမှူးကြီး ထိုမှ ဂျာမနီဆိုင်ရာ မြန်မာသံအမတ်၊ နောက် ဆုံးလန်ဒန်တွင် သံအမတ်ဖြစ်စဉ်၊ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်စောထွန်း (လှမ်း၊ ဗိုလ်မှူးဟောင်း၊ လဝက ဝန် ကြီး) ကို ယှဉ်ပြိုင်ကာ ၁၉၉၈ တွင် သူ့ဆရာ မင်းသားကြီးမှ ခန့်ထားခဲ့ခြင်း ဖြစ်သည်၊ ထို့နောက်သူ၏ ဆရာ မင်းသား ကြီး ခင်ညွှန့်ကို နိုင်ငံခြားရေးရာ မူဝါဒကော်မတီ ဥက္ကဌ အဖြစ်တင်ကာ နိုင်ငံခြားရေးဝန်းကြီးဌာနမှာလည်း ကက(လှမ်း) ၏ လက်အောက်ခံ ဌာနခွဲတစ်ခု သဖွယ် လုပ်ဆောင်လာပါသည်၊

ဦးဝင်းအောင်သည် အစိုးရ အဖွဲ့ထဲတွင် ဝန်ကြီးတစ်ဦးဖြစ်လာသော်လည်း၊ တပ်နောက်ဆုံးရာထူးမှာ ဗိုလ်မှူးအဆင့်သာ ဖြစ်ခဲ့ရာ ယခုကဲ့သို့ ဗိုလ်နှင့်ငွေ ဖောင်းပွသော မြန်မာနိုင်ငံတွင် အခြားသော ဝန်ကြီးများက ဗိုလ်ချုပ်များဖြစ်ကြရာ သူက ဗခက ခင်ညွှန့်ကို ဦးသျှင်ပြီး တင်သလို တင်ထားပြီး၊ ကက (လှမ်း)မှ လွှဲ၍ မည်သူ့ကိုမျှ ဂရုမစိုက်ခဲ့ပါ ဤအချက်သည် ကြာမြင့်လာသောအခါ သန်းရွှေ၊ မောင်အေး၊ ရွှေမန်း၊ တင်အောင်မြင့်ဦး တို့ကပါ သတိပြုမိကာ ဘဝ နေဝင်ချိန် မှောင် မိုက်ခဲ့စေသော တစ်ချက်ဖြစ်ပါသည်၊

မင်းသားကြီးခင်ညွှန့်၊ သူကိုတော့ အထွေထူးသေးစိပ်ရန် မလိုအပ်ပါ၊ ၁၉၈၈ မှစ၍ ၂၀၀၄ တိုင် ရုပ်/သံဖွင့်လျှင် သူ့ကို မမြင်ချင်ဆုံး၊ ကြားဖူးသည်မှာ အောင်မြင်သော ရုပ်ရှင်မင်းသားဖြစ်ရန် လူများ များဆုံး မကြာခဏ မြင်ဘူးရမည်၊ သို့ဆို လျှင် ၂/၃ …. သေချာနေပြီး သူ့ရယ်ပါ။ မင်းသားကြီးဘဝရည်မှန်းချက်ကြီးသည်၊ သူ့၏ နောက်ဆုံးရည်မှန်းချက်က သူသည်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖြစ်ရန် (သို့) နိုင်ငံခေါင်းဆောင်ဖြစ်ရန်။

၁၉၉၇ တွင် ဒု ဗခက တင်ဦးနေအိမ်သို့၊ ဂျပန်နိုင်ငံမှ တဆင့်၊ ပါဆယ်တစ်ထုတ်ပို့ကာ ဗုံးခွဲခဲ့ရာ၊ သမီးချိုလဲ့ဦး (ကထိက) သေးဆုံးခဲ့ရသည်ကို မြက်ခင်းသစ် မဂ္ဂဇင် ပင်တိုင်ဆောင်းပါးရှင် ဖိုးကံကောင်းက၊ ဂျပန်မှ မြန်မာ့ပြည်ပြေးများက လာဘ်လာဘလိုလားသည့် တင်ဦးကို လက်ဆောင်ပို့တာဖြစ်ကြောင်း၊ သတင်းစာရှင်းခဲ့ရသည်၊ (ထိုအချိန်က၊ ကက လှမ်း၊ ဒုညွှန်မှူး ဗခက ကျော်ဝင်း၏ သားဖြစ်သူထင်ကျော်သည် မသရ၊ တိုကျိုတွင် ဒုတိယ အတွင်းဝန် တစ်ဦးဖြစ်ပြီး၊ တိုကျို၊ မြန်မာ စစ်သံရုံးသည်လည်း မြန်မာသံရုံးနှင့် အပြိုင်င်လျှို့ဝှက် လှုပ်ရှားနေချိန် ဖြစ်သည်ကို .. .. .. ..)

bad+SPDC—KNU ဘာလဲ

bad+SPDC—KNU ဘာလဲ
၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၆မှလည်းကောင်း၊ နအဖ
ဝါဒဖြန့်  ချီရေး ကျေးစေတမန်ဘလော့မှလည်းကောင်းဖေါ်ပြထားသော နအဖ စစ်အစိုးရ၏ ဆောင်းပါးရှင် တစ်ဦးဖြစ်သူ ကလောင်နာမည် စောဖိုးစီရဲ့ KNU ဘာလဲ ဆိုတဲ့ဆောင်းပါးကို ပြန်လည်တုံ့ ပြန်ပြီး အီးမေးဖြင့် စာရေးပို့ လာတဲ့ စောကော်ကညော(ညောင်လေးပင်) ၏ ဖြေကြားချက်ကို တင်ဆက်ပေးလိုက်ပါတယ်။


bad+SPDC---KNU ဘာလဲ

Information 7.January by KNU Office

2010 January 9