Friday, August 20, 2010

သိလျှက်နဲ့ဆက်ပြီး ငုတ်တုတ်ခံနေဦးမှာလား.......?

/ 8/19/2010 10:51:00 PM / သူမသိတာထက်ကိုယ့်ကိုယ်ကို မသိတာခက်တယ်။တစ်ကယ်တော့ ကျွန်တော်တို့ အားလုံးဟာတိကျမှန်ကန်တဲ့ အစိုးရ အုပ်ချုပ်မှုအောက်မှာ သက်ရှင်နေထိုင်တာမဟုတ်ပဲနဲ့ မတိကျမသေချာတဲ့ ယာယီ ဟိတ်ဟန် ကောင်းနေတဲ့ စစ်ဘီလူးရဲ့ နှိပ်ကွပ် အုပ်ချုပ်မှုအောက်မှာ နေထိုင်သက်ရှင်နေရတာပါ။ အဲ့ဒီတော့ ဒီစစ်ဘီလူးတွေဟာ ဘယ်လောက်ပဲ လူရှေ့သူရှေ့ ဟန်ဆောင်ဘုရားကန်တော့ အလှူရေစက်ချနေလည်း ဒီလူတွေရဲ့သက်တန်း မူစံနစ်မကုန်ဆုံး သ၍ဆက်လက်မင်းမူနေအုံးမှာပဲ။ သစ်ပင်မရှိတဲ့တောမှာ ကြက်ဆူပင်မင်းမူသလို တနိုင်ငံလုံး ကြက်ဆူပင် စိုက်ခိုင်းသလို၊ တနိုင်ငံလုံးမှာရှိတဲ့ တန်ခိုးကြီးပေ့ ဆိုတဲ့စေတီပုထိုး မှန်သမျှ တွေမှာလည်း သူတို့ ရဲ့ကိုယ်စား ပုံတူတွေ ဇာတာတွေ နာမည်တွေ သူတို့  ရဲ့တန်ခိုးအာဏာတွေ လူတကာ ဒူးညွတ်ခစား ၀ပ်တွား နေရတယ် ဆိုတဲ့အယူအဆနဲ့သာသနာပ သူယုတ်မာတွေကို တို့ တစ်တွေ အားလုံး သိရှိ တွန်းလှန်နိုင်ဖို့  အချိန်တန်နေပါပြီး။

အခုလည်းတိုင်းရင်းသားစည်းလုံးညီညွတ် ဖို့ ကိုအခြေခံပြီးတော့ တိုင်းရင်းသားအားလုံးကိုလည်း သွေးခွဲနေပြီး နည်းစနစ် ကျကျကြည့်မယ်ဆိုရင် မိသားစု တစုရဲ့စည်းလုံးညီညွတ်မှုကို ပြိုကွဲစေအောင် ၀န်ထမ်းဆိုရင် မိသားစုနဲ့ ဝေးရာသို့  တာဝန်ပေး ကြာလာတော့ အိမ်ထောင် ရေး ဖေါက်ပြန်မှု စားဝတ်နေရေးလုံလောက်မှုမရှိခြင်း တခြားလူမျိုးနွယ်မတူ သွေးနှောစနစ်ဖြစ်စေပြီး တိုင်းရင်းသားတိုင်းက ပေါက်ဖွားလာတဲ့ ဗမာသွေးနဲ့  ရောတဲ့ ကပြားလေးတွေဟာ မိမိမျိုးနွယ်တိုင်းရင်းသားဘာသာစကား မတတ် ရှိတော့သည့်အထွက် နောက်ထပ်မျိုးဆက်တဆက်ဆိုရင် လုံးလုံးလျားလျား အဲ့ဒီမျိုးနွယ်ဟာပျောက်သွားခြင်းပါပဲ။ ပျောက်သွားမှန်းတောင်ကိုယ့်ကိုယ်ကို မသိဖော်မပြရဲ ရှက်နေကြရတယ် အဲ့ဒါသူ့ ရဲ့ ယုတ်မာတဲ့ နည်းစနစ်ပဲ။ ကဲခုဆိုရင် စစ်မှန်တဲ့ငြိမ်းချမ်းရေးမဟုတ်တဲ့ မူကိုယူထားတဲ့ လက်နက်ကိုင် အဖွဲ့ စည်းတွေကို တဖြေးဖြေး နည်းပိရိယာယ်ကြွယ်စွာနဲ့ ဟောနယ်ခြားစောင့် အသွင်ပြောင်း လစာတွေပေးမယ် တစ်ချိန်ကြရင် မင်းတို့ ရဲ့နယ်မြေတွေ ကို မင်းတို့ ပဲလက်ပြောင်းအုပ်ချုပ်ရမှာမို့ လို့  အခုလို ဖွဲ့ စည်းပေးရတာပါ နားထောင်ကြည့်လိုက်ရင်တော့ တကယ့်စေတနာပါတဲ့ပုံစံမျိုးနဲ့  အမှန် တကယ်မင်းတို့ တွေတော့မျိုးပြုတ်ဖို့ သာပြင်ပေတော့ဆိုတာပါပဲ၊အဲ့ဒီတော့ သူမသိတာထက်ကိုယ့်ကိုယ်ကို မသိတာခက်နေတာပေါ့…အမှန်တကယ် မသိလိုက်သေးလို့ ပဲဖြစ်ဖြစ် သိလို့ အများချော်လဲရောထိုင်တာပဲဖြစ်ဖြစ် ပြောပြမယ် ဒါလူမျိုးတိုင်းသိထားဖို့ အရေးကြီးတဲ့အဓိကမဏ္ဍိုင်ပဲ ဘိုးစဉ် ဘောင်ဆက်ထဲက နေလာတဲ့ကိုယ်နေတဲ့မွေးတဲ့ နယ်မြေဟာ ကိုယ်ပိုင်တာပဲ ဗမာမပိုင်ဘူးကွ…ဗမာအစတကောင်းက တကောင်းဆိုတာသိတဲ့လူတွေကို မေးအဲ့တာကလားပြည်မှာ အဲ့ဒီတခေတ်တချိန်ထဲက တို့ နေတဲ့အခုတိုင်းပြည် ကိုသူတို့ ရောက်လာတယ် လုတယ်ယက်တယ် သိမ်းတယ်ပေါ့ကွာ အခု without ကားတွေကိုမတရားသိမ်းသလိုပေါ့ကွာ သူတို့ ကတော့ဇိမ်ကျကျ တရားဝင်တယ်ဆိုပြီးစီးနေတယ် ထပ်ပြောမယ် ၁၉၇၄ တရုတ်ဗမာ အထိကရုဏ်း အပြီးတရုတ်ပြည်အစိုးရက ဦးနေ၀င်းကို ခေါ်ယူပြီးနှိပ်ကွပ်ဖို ့ သတိပေးတဲ့အချိန်မှာ ဦးနေ၀င်းကမှန်ပါတယ် ဒီတိုင်းပြည်ဟာ ကျွန်တော်တို့  ဗမာတွေ အရင်လာရောက်နေထိုင်တာမဟုတ်ပါဘူး မြစ်ဝကျွန်းပေါ်နဲ့  ရွှေတိဂုံတည်ထားရှိရာ တို့ သည်ကရင်လူမျိုးတွေ နေထိုင်ပိုင်ဆိုင်တဲ့ နေရာပါ..လို့တရုတ်အစိုးရကိုဝန်ခံခဲ့တယ်။ကျွန်တော်တို့ဗမာတွေဟာသွေးတိုးစမ်းနယ်ချဲ့သိမ်းပိုက်အနိုင်ကျင့်လိုရတဲ့နယ်မြေနဲ့အရာအားလုံးကိုသိမ်းယူသွားတာ ဖြစ်ပါတယ် တိုက်ခိုက်သိမ်း ပိုက်လက်စနဲ့တိုင်းရင်းသားတွေ အခြေချတဲ့ တောင်တန်းဒေသပါ မကျန် နည်းပိရိယာယ်ကြွယ်စွာ တိုက်ခိုက်သိမ်းယူခြင်းဖြစ်ပါတယ် ။ဖူးတကူ ဆိုတဲ့ကရင်ကုန်သည် ညီနောင်လှေသမားက ရွှေတိဂုံစေတီတော်ကို ဘုရားရှင်ရဲ့ဆံတော်ရှင်အစစ်နဲ့  ငှာပဏာတည်ထားကိုးကွယ်ခဲ့တာကို ဦးနေ၀င်းကိုယ်တိုင်က ထီးတော်ကို မြေချ တိုင်းရင်းသားလူမျိုးတွေကို နာမ်နှိမ်ဖို့ ကြိုးစားလိုက်တာနဲ့  ထူးဆန်းတဲ့ မြေငလျင်ကြီး တနေ့ ကိုခုနစ်ကြိမ်ထက်မနည်း တိုင်းပြည်မှာလှုပ်ခပ်သတိပေး သွားခဲ့တယ်၊ ဒီမင်းဆိုးခေတ်မှာလည်း ဓနုဘုရားစေတီတော်ကိုဒေါ်ကြိုင်ကြိုင် ထီးသွားတင်လိုက်တာကိုပဲကြည့်တော့။မကြာသေးခင်ကမှ အနိတ္ထ အယုတ်တမကိုယ်တော် ဗိုလ်ချုပ်ကြီးရဲမြင့် ကရင်ပြည်နယ်မြ၀တီမြို့ သို့  အသွားချုံခိုတိုက်ခိုက်သတိပေးခြင်း ခံခဲ့ရတယ် သူရဲ့တပ်မတော်အရာရှိ ကြီးငယ်မိသားစု တွေကလည်း သူ့ ကို နေ့ တိုင်းမေတ္တာပို့ နေတော့တနေ့နေ့ တော့သူ့ ကိုစူးမှာပဲ လောလောဆယ်တော့ တကယ့်အစစ်မှန်မဟုတ်သေးတဲ့ ငြိမ်းချမ်းရေးကိုပြန်လာတဲ့ DKBA တပ်ဖွဲ့ ဝင်တချို့ တဖွဲဖွဲပဲတောပြန်ခိုသွား ကြပြီး အဲ့ဒီတော့ ညီနောင်တပ်မတော်သားတွေ ရန်သူများလာပြီး ထပ်တိုက်တပ်သေကြရအုံးမှာပေါ့ အဲ့ဒါဘယ်သူတရားခံလဲ…ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဝင်နေရတဲ့ သူတွေစဉ်းစားတော့..မိသားစုဝင်တွေ ကိုယ့်လင် ကိုယ့်သား တွေကိုအကြံပေး စဉ်းစားစေအုံးပေါ့ ‘ဟေလည်းသုတ် မဟေလည်းသုတ်’ ဟုတ်လည်းသေမဟုတ်လည်းသေ ဖြစ်စေတော့မှာ။ဒီစစ် ဘီလူးဟာ ချိန်းခြောက်အနိုင်ကျင့်တာအကျင့်ပါလာခဲ့ပြီး သူကြောက်တာ သူ့  လိုအစွယ်ရှိတဲ့သူကိုပဲကြောက်တယ်၊ဒါကြောင့်သူ့ အစွယ်ကိုချိုးနိုင်ဖို့  ကိုယ့်အစွယ်ကိုထုတ်သုံးချမလာ ကိုယ့်အစွယ်ကိုချွတ်ပေးလည်စင်းခံမလား ။
မောင်ပေါက်ကျိုင်းထုံးနှလုံးကိုတော့ မူထားပြီး ဒီစစ်ဘီလူးမင်းဆိုးကို တပ်မတော်တွေ မှာရှိတဲ့ သိထားနားလည် သဘောပေါက်သွားတဲ့သူတွေ ကောပေါင်းသင့်ပေါင်းထိုက်တဲ့သူတွေ နဲ့ ပေါင်းဖို့  ဆုံးဖြတ်ပြီး ကိုယ့်တိုင်း ကိုယ့်ပြည် စစ်ငြိမ်းအောင်ပွဲ ကိုဆင်နွဲနိုင်ကြပါစေ။နောက်ထပ်ဗျူဟာမြောက်စစ်ဆင်ရေးအစီစဉ်ကိုအထိရောက်ဆုံးအမြန်ဆန်ဆုံးအပြီးသပ်စစ်ပွဲကိုဖြစ်စေနိုင်ဖို့  နဂါးနိုင်ပေါက်ကျိုင်းရဲ့ နှစ်သုံးဆယ်ကျော် ဖြတ်သန်းလာခဲ့တဲ့အတွေ့ အကြုံတွေရဲ့အကျိုးအပြစ်အဆိုးအကောင်းတွေ ကို တင်ပြအကြုံပေးပါမယ်။
ကိုယ့်အိမ်ကိုယ့်ယာကိုယ့်မိသားစုကိုယ်ပိုင်တဲ့နယ်မြေကိုယ့်လူမျိုးကိုကိုယ့်စိတ်ကြိုက်ညီညီညွတ်ညွတ်ချစ်ချစ်ခင်ခင်နားလည်သဘောပေါက်တတ်ခြင်းအတူတူအုပ်ချုပ်မလားအလိမ်ခံအနာခံဗမာဒဏ်ဆက်လက်မျိုးပြုတ်တဲ့ထိခံမလားနိုင်ငံခြားမှာပဲမျိုးပျောက်သားစဉ်မြေးဆက်နေမလားမထိရောက်တဲ့အပြောနဲ့မကူညီနိုင်တဲ့အပေါင်းသင်းတွေနဲ့ဒီတိုင်းတိုင်းနေမ လားစွန့်ပြီးစားမလား စွန့်ပြီးလွတ်ရဲလား တသက်မှာတခါ တခါဟာတသက်အတွက်အသက်ရှင်မလား။

ဒါကြောင့်......ညီအစ်ကိုများအားလုံးစဉ်းစားကြပါ။ သိလျှက်နဲ့ဆက်ပြီး ဒီအတိုင်း ငုတ်တုတ်ခံနေဦးမှာလား...?
နဂါးနိုင်မောင်ပေါက်ကျိုင်း

18 August 2010 Yeyintnge's Diary

18 August 2010 Yeyintnge's Diary

Phyo Wai Aung

Phyo Wai Aung

Thursday, August 19, 2010

ကျနော်တို့ ၏ ကရင့်အမျိုးသား အလံတော်

Thursday, August 19, 2010



မြိုင်ကြီးငူမှာ အမျိုးသားသစ္စာဖေါက် ကျော်သန်းနဲ့ သာထူးကျော် ဦးဆောင်ပြီး ရန်သူကို ဒူးထောက်အညံ့ခံကာ နယ်ခြားစောင့် တိုက်ခွေးတဆိပ်ကို မနေ့ က လက်ခံပြီးဖြစ်သည်။ မကြာခင်မှာလည်း မောင်ချစ်သူ အဖွဲ့ များလည်း လက်နက်ချတော့မည် နှဖားကြိုး အထိုးခံတော့မည်။ တိုက်ခွေးတံဆိပ်ကို လက်ခံယူတော့မည်။ မြန်မာ့အသံမှ ထုတ်လွင့်သွားတဲ့ မြိုင်ကြီးငူ ဒေသ ဒီကေဘီအေ နယ်ခြားစောင့်တပ်အပ်နင်းပွဲမှာ ကရင်အမျိုးသားတို့ အတွက် ရင်နာစရာများစွာထဲက တစ်ခုကို ထောက်ပြလိုပါသည်။

ကရင်ပြည်နယ် ကရင်အမျိုးသားအတွက် လုပ်မယ်ဆိုတဲ့ လူတွေ.. ဘယ်မှာလည်း ခင်ဗျားတို့ ရဲ့ ကရင့်အမျိုးသားအလံတော်??? ခုချိန်မှာ ခင်ဗျားတို့ လူမျိုးကို နေ့ စဉ် သတ်ဖြတ်ဖျက်စီးနေတဲ့ လူတွေရဲ့ အလံတော်ကိုဦးညွတ်ရပြီမဟုတ်ပါလား.. ခိုင်းသမျှလုပ်ပေးပါမည်ဟု ကျော်သန်းက ကတိပေးပြီးပြီ မဟုတ်ပါလား.. မကြာခင်မှာ မဟာဗမာဝါဒီ နအဖ စစ်အစိုးရက ကရင်အချင်းချင်းပြန်ပေးသတ်တော့မည်။ ဒါက နအဖ မဟာဝါဒီတို့ အဖြစ်ချင်ဆုံးအရာပဲ… သူတို့ အတွက် အရာသာအရှိဆုံးအရာပဲ…

တချိန်က ဒီကေဘီအေ ဟာ ဆိုးသွမ်းမိုက်ရူးရဲ ခဲ့ပေမယ့် ကရင့်အမျိုးသားအလံတော်ကို ဆွဲကိုင်ထားသေးလို့  ကရင်ပြည်သူတွေက ခင်ဗျားတို့ ကို ကြိုးစားပြီး နားလည်ခွင့်ထားကြသည်။ ဒီတခါတော့ ကရင်အလံအောက်မှာ မင်းတို့ မရှိတော့ဘူး… မင်းတို့ လည်း မင်းတို့ ဘ၀ကို သေသေခြာခြာပြန်စဉ်းစားကြပေတော့…. မင်းတို့ ပါမကဘူး.. မင်းတို့ သားစဉ်မြေးဆက်တွေပါ ပျောက်ကွယ်ဖို့ ဒါလမ်းစပဲ….

ကရင်အမျိုးသားများ ကရင့်အမျိုးသားအလံတော်ကို ဘယ်လောက်တန်ဖိုးထား မြတ်နိုးသလဲ ဆိုတာ ဒီသီချင်းလေးကို နားထောင်ကြပါ။








လူမှားပြီး ကိုယ့်သမီး ကိုယ်သတ်မိတဲ့ မြောက်ဦး လူသတ်မှု

ငြိမ်းချမ်း | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၈ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၁၈ မိနစ် .
ဒါကာ(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဧည့်သည် အမျိုးသမီးထံမှ ငွေကို ရယူလို၍ မိဘဖြစ်သူက ကိုယ့်သမီး ကိုယ်မှားယွင်း သတ်မှု လွန်ခဲ့သည့် ကြာသပတေးနေ့က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြောက်ဦးမြို့ တောင်ဘက် ၄ မိုင်အကွာရှိ တိမ်ညို ကျေးရွာတွင် ဖြစ်ပွားပြီး ဦးမောင်သိန်း (၄၅) နှစ်နှင့် ဒေါ်မြင့်အေး (၄၁) နှစ်က သမီး မဝေဝေလွင် (၂၃) နှစ်ကို သတ်မိခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုလင်မယားမှာ ဧည့်သည် အမျိုးသမီးကို သတ်ပြီး ငွေ (၁၅) သိန်း ရယူရန် စီစဉ်ခဲ့သော်လည်း ညအချိန်တွင် သမီးဖြစ်သူနှင့် ဧည့်သည် အမျိုးသမီး ခြင်ထောင်ပြောင်းခြင်းကို မသိလိုက်ဘဲ သတ်မှတ်ထားသည့် ခြင်ထောင် အထဲ အိပ်နေသော အမျိုးသမီးမျက်နှာကို ခေါင်းအုံးဖြင့် ဖိသတ်လိုက်ကြောင်း ရဲစခန်းတွင် ဝန်ခံပြောခဲ့သည်ဟု စခန်းသို့ လိုက်ပါပို့ဆောင်ခဲ့သည့် ရွာခံတဦးဖြစ်သူ ကိုဝင်းနိုင်က ပြောသည်။

“သူတို့ စီစဉ်ခဲ့တာက ဧည့်သည်အမျိုးသမီးနဲ့ သူ့သမီးကို အိပ်ရာ(၂)ခု ခြင်ထောင်ကိုယ်စီ သီးခြားအိပ်ခိုင်းတယ်။ ဧည်သည် အမျိုးသမီးကို လည်ပင်းကြိုးကွင်း သတ်မယ်လို့ စီစဉ်ခဲ့တာ။ အိပ်ရာဝင်တဲ့အခါ ဧည့်သည် အမျိုးသမီးက ခြင်ထောင်က ဆေးနံ့ရတယ်ဆိုပြီး သူတို့ချင်း အိပ်ရာ လဲအိပ်ကြတာကို မသိလို့ လူမှားသတ်တာ ”ဟု ကိုဝင်းနိုင်က မဇ္ဈိမကို ပြောသည်။

သေဆုံးနေသော အလောင်းကို အိမ်အောက်တွင် အသင့် တူးထားသည့် တွင်းထဲကို ထည့်ရန် ပြင်ဆင်ချိန်မှ မိမိတို့ သမီးဖြစ်နေမှန်း သိရပြီး လင်မယားနှစ်ဦး ငိုကြွေးရာမှ ပတ်ဝန်းကျင်က သိသွားရခြင်း ဖြစ်သည်။

“မနက်စောစော သူတို့သမီး ကြိုးဆွဲချ သေလို့တဲ့ ဝန်းကျင်ကလူတွေကို အကူအညီတွေ တောင်းတော့ ကျနော်တို့ သိတာ” ဟု အိမ်နီးနားချင်းတဦးက ဆိုသည်။

ထိုအမှုအား တိမ်ညို ရဲစခန်းက လာရောက် စစ်ဆေးရာ မသင်္ကာဖွယ်တွေ့၍ ဧည့်သည်အမျိုးသမီး အပါအဝင် မိဘနှစ်ဦးအား ရဲခစန်းသို့ ခေါ်ဆောင် မေးမြန်းခဲ့ရာမှ ဝန်ခံခဲ့ကြောင်း ဒေသခံများက ပြောသည်။

မခင်အေးငွေမှာ မင်းပြားမြို့ မင်းကန်ကြီးရပ်ကွက်ဖြစ်ပြီး ကုန်ရောင်း ကုန်ဝယ်လုပ်ကိုင်နေသူ တဦးဖြစ်သည်။ ဦးမောင်သိန်းတို့ မိသားစုမှာ သမီးတဦးသာရှိပြီး ကျပန်း လုပ်ကိုင်စားသောက်ကြသည်။

ယခုအခါ တရားခံ လင်မယားနှစ်ဦးအား လူသတ်မှုဖြင့် တရားစွဲထားပြီး မြောက်ဦး ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်းနှင့် ဧည့်သည် အမျိုးသမီးက လူသတ်မှုကို အိမ်ရှင်လင်မယား ကြံစည်ကတည်းက သိရှိခဲ့သော်လည်း အသက် အန္တရာယ်ကို စိုးရိမ်သောကြောင့် အိပ်ချင် ယောင်ဆောင်ခဲ့ကြောင်း ရဲစခန်းတွင် ပြောကြားသည်ဟု နီးစပ်သူ တဦးက ဆိုသည်။

1

□ မဲမပေးရေး လှုပ်ရှားမှု □

မြန်မာပြည်သူပြည်သား ညီအစ်ကိုမောင်နှမများ ခင်ဗျား၊

မကြာခင်မှာ မြန်မာပြည်ရဲ့ရှေ့ရေး လမ်းချိုးတစ်ခုကို ရောက်လာတော့မှာဖြစ်ပါ တယ်။ ကိုယ့်တိုင်းပြည်ရဲ့အနာဂါတ်အရေးကို သက်ရောက်မှုများစွာပေးမယ့် အချိုး
အကွေ့တစ်ခုဖြစ်လို့ သတိထားပြီး အချိန်လည်းနည်းနည်းပေး စဉ်းစားကြစေချင်ပါ တယ်။ အထူးသဖြင့် မဲဆန္ဒရှင်များရဲ့ ဆုံးဖြတ်ချက်ဟာ -

 မိမိသားစဉ်မြေးဆက်နဲ့ နိုင်ငံရဲ့အနာဂါတ်အပေါ် သက်ရောက်စေပါလိမ့်မယ်၊
 ကမ္ဘာမှာလည်း ဆင့်ကဲသက်ရောက်မှုတွေ ရှိစေပါလိမ့်မယ်၊

မြန်မာပြည်ရဲ့အစဉ်အလာကိုကြည့်ရင် -

 စစ်တပ်ကအာဏာသိမ်းမှု ၂ ကြိမ်ဖြစ်ခဲ့ပြီး စစ်အုပ်ချုပ်ရေးကနေ ယခုအခါမှာ အရပ်ဝတ်စစ်သားများအုပ်ချုပ်ရေးအသွင်ကို ဒုတိယအကြိမ်ထပ်ပြောင်းဖို့ ကြိုး စားနေပါတယ်။
 ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဟာ လမ်းချိုးတစ်ခုဖြစ်ခဲ့ပေမယ့် ပြည်သူတွေရဲ့ ဆန္ဒနဲ့ရွေးချယ်မှုဟာ အရာမထင်ခဲ့ပါဘူး။
 ၂၀၀၈ ခုနှစ် အခြေခံဥပဒေဆန္ဒခံယူပွဲမှာ ပြည်တွင်းသာမက ကမ္ဘာတစ်ဝှမ်းက ပါ မယုံကြည်နိုင်လောက်တဲ့၊ မဖြစ်နိုင်တဲ့ထောက်ခံမှုအချိုးအစား ထွက်ပေါ် လာခဲ့တာမို့ မဲဘယ်လိုထည့်ထည့် ပြည်သူ့ဆန္ဒအတိုင်း ဖြစ်မလာနိုင်တာထင် ရှားပါတယ်။

ကမ္ဘာကိုကြည့်ပြန်ရင် -

 မဲပေးရွေးချယ်မှုနည်းလမ်းကိုအသုံးပြုတဲ့ ဒီမိုကရေစီစနစ်ဟာ ပြည်သူအများ စုအကျိုးကို ရည်ရွယ်တဲ့စနစ်ဖြစ်ပြီး စည်းကမ်းရှိကြရပါတယ်၊ စည်းကမ်းပြည့် ဝသောဒီမိုကရေစီဆိုတဲ့အခေါ်အဝေါ် မရှိပါဘူး။
 နိုင်ငံတစ်နိုင်ငံမှာရွေးကောက်ပွဲကျင်းပတာဟာ ပြည်သူတွေကသူတို့ကိုယ်စား နိုင်ငံကိုစီမံခန့်ခွဲပေးဖို့ သဘောတူလက်ခံတဲ့သူတွေကို ရွေးချယ်တဲ့လုပ်ငန်းစဉ် သာ ဖြစ်ပါတယ်။
 ရွေးကောက်ပွဲများဟာ အများနဲ့သက်ဆိုင်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့အတွက် အဓိကမဲပေးကြသူပြည်သူတွေနဲ့ ကမ္ဘာကယုံကြည်လက်ခံတဲ့ နည်းလမ်းနဲ့လုပ် ထုံးလုပ်နည်းတွေကို အသုံးပြုရပါတယ်။

ဒီတော့ ရလဒ်အနေနဲ့ အတိုချုပ်ကောက်ချက်ဆွဲရရင် -

 မကြာခင်မှာကျင်းပမယ့်ရွေးကောက်ပွဲဟာ တရားမျှတမှု၊ စေတနာမှန်ကန်မှု၊ အများအကျိုးရှေ့ရှုမှုနဲ့ အများလက်ခံနိုင်မှုတွေ ကင်းဝေးနေတာ ကိုမြင်နိုင်ပါ တယ်။
 အခုကျင်းပမယ့် မြန်မာပြည်ရွေးကောက်ပွဲဟာ ဘယ်စံနှုန်းနဲ့မှတိုင်းတာလို့အံမ ဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းအမည်ခံ အတုအယောင်လုပ်ငန်းစဉ်သာ ဖြစ်ပါတယ်။
 လူအများမသိနားမလည်မှု၊ ကြောက်ရွံ့မှုများအပေါ် တမင်တကာရည်ရွယ် အမြတ်ထုတ်ပြီး အာဏာကိုမတရားဆက်လက်ဆုပ်ကိုင်ဖို့ ကြိုးပမ်းတဲ့လုပ်ရပ် တစ်ခုသာ ဖြစ်ပါတယ်။
 ပြည့်သူ့ဝန်ထမ်းတွေဟာ ပြည်သူတွေအတွက်သာ အလုပ်အကြွေးပြုပေးဆပ် ကြရမှာဖြစ်ပြီး ဥပဒေအထက်၊ ပြည်သူတွေအထက်မှာ ရှိမနေသင့်ပါဘူး။
 မြန်မာပြည်သူပြည်သားအားလုံးရဲ့ ရေရှည်အကျိုးစီးပွားအတွက် ယုံကြည်နိုင် လောက်တဲ့ရွေးကောက်ပွဲနဲ့လုပ်ဆောင်မှုတွေ မပေါ်ပေါက်မချင်း မဲမထည့်ပဲ အစဉ်တစိုက်အကြမ်းမဖက် ဆက်လက်တောင်းဆိုသွားကြသင့်ပါတယ်။

ဘယ်လိုပဲဆိုဆို ကိုယ့်ကြမ္မာကို အဆုံးအဖြတ်ပေးဖို့ရာမှာတော့ မြန်မာပြည်သူပြည် သားတွေရဲ့ လက်ထဲမှာသာကျရောက်နေပါတယ်။ လက်နက်၊ လုပ်နိုင်ခွင့်တွေနဲ့ ခြိမ်း ခြောက်မှုတွေအောက်မှာ ဆန့်ကျင်အာခံဖို့ နည်းလမ်းမရှိလှပေမယ့် မြန်မာပြည်အ တွက် တစ်ဖက်တစ်လမ်းအကျိုးပြုမယ့် အားထုတ်နိုင်မှုအချို့ကို တင်ပြရရင်တော့ -

 နိုင်ငံရပ်ခြားရောက်ရှိနေသူများကနေ မြန်မာပြည်တွင်းမှာရှိတဲ့သူများဆီ တယ် လီဖုန်းများမှတစ်ဆင့် မဲဘာကြောင့်မထည့်သင့်သလဲဆိုတာ အကြောင်းကြား ဆွေးနွေးရှင်းပြခြင်း - (သောင်းသိန်းမကရှိတဲ့ဖုန်းတွေကို ပိတ်ပင်တားဆီး နှောင့်ယှက်လို့ မရနိုင်ပါဘူး) - No Vote Phone Campaign
 ပြည်တွင်းပြည်ပကပြည်သူတွေအားလုံး မဲမထည့်ရေးနဲ့ အခြားနိုင်ငံရေးလက် ကမ်းစာစောင်တွေကို တတ်စွမ်းသလောက်ရိုက်နှိပ်ဝေဌခြင်း - Leaflet Campaign
 ပြည်တွင်းမှပြည်သူများ ရွေးကောက်ပွဲဆိုင်ရာမသမာမှုသတင်းများကို အချက် အလက်တွေနဲ့တကွ သတင်းဋ္ဌာနများဆီပေးပို့ပြီး ဝိုင်းဝန်းဖေါ်ထုတ်ပေးခြင်း - Citizen Reporter Campaign တို့ဖြစ်ကြပါတယ်။

နိုင်ငံရေးမှာ “လ” ပိုင်းအချိန်ဆိုတာဟာ အင်မတန်တိုတောင်းလှပါတယ်။ အခုပြု လုပ်မယ့်ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေအတွက် ခရီးတစ်ထောက်သာ ဖြစ်ပေ မယ့် ပြောဆိုငြင်းခုံနေကြဖို့ အချိန်မရှိတာကြောင့် အမြန်ဆုံးကိုယ်ပိုင်ဆုံးဖြတ်ချက် တွေချပြီး လှုပ်ရှားလုပ်ကိုင်ကြဖို့ အကြံပြု တိုက်တွန်းလိုပါတယ်။ ဒါပေမယ့် တာဝန် သိသူသာ တာဝန်ရှိပါတယ်၊ ရွေးချယ်မှုဟာ စာဖတ်သူအပေါ်မှာသာ မူတည်တာမို့ ….


ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကိုမြတ်နိုးပြီး ပြည်သူ့အင်အားကို ယုံကြည်တဲ့၊
မြန်မာပြည်သားတစ်ဦး
၁၆၊ ၀၈၊ ၂၀၁၀

DKBA တပ်သားများ ကေအဲန်ယူထံသို့ တဖွဲ့ ဖွဲ့ ကူးပြောင်းလာ

August 18, 2010


ကေအဲန်ယူ တပ်မဟာ(၇) လက်အောက်ခံတပ်များ သို့ ခုရက်ပိုင်း ဒီကေဘီအေ တပ်များ တဖွဲ့ ဖွဲ့ ပြန်လည် ကူးပြောင်းလာကြောင်း စုံစမ်းသိရှိရပါသည်။

KNLA တပ်မဟာ(၇)လက်အောက်ခံသို့ ပြန်ဝင်လာသော ဒီကေဘီအေ တပ်ဖွဲ့ ဝင်များမှာ

(၁) ၉၊ ၈၊ ၂၀၁၀ ဒီကေဘီအေ ၅၅၅ မှ တပ်သား ကျော်သီဟ
(၂) ၁၀၊ ၈၊ ၂၀၁၀ ဒီကေဘိအေ ၉၉၉ အထူးတပ်ရင်းမှ တပ်သား အောင်အောင်
(၃) ၁၁၊ ၈၊ ၂၀၁၀ တပ်သား အယ်ထီး
(၄) ၁၂၊ ၈၊ ၂၀၁၀ ဒီကေဘီအေ ၉၉၉ တပ်မဟာ လက်အောက်ခံ တပ်ရင်း(၅)မှ တပ်သား မာယော်
(၅) ၁၃၊ ၈၊ ၂၀၁၀ ဒီကေဘီအေ ၉၉၉ တပ်မဟာ လက်အောက်ခံ တပ်ရင်း(၅)မှ တပ်သား အယ်စေး
(၆) ၁၄၊ ၈၊ ၂၀၁၀ ဒီကေဘီအေ ၉၉၉ အထူးတပ်ရင်းမှ တပ်စုမှူး အေးလှိုင် (ကာဘိုင်တလက်၊ ကျည်ကပ်(၂)ချပ်၊ ကျည့်တောင့်(၄၀)
(၇) ၁၅၊ ၈၊ ၂၀၁၀ ဒီကေဘီအေ ၉၉၉ တပ်မဟာ တပ်ရင်း(၅)မှ တပ်စုမှူး တာပဲ (၉ မမ တလက်၊ ကျည် ၆ ထောင့်) စသည်တို့ ဖြစ်ပါသည်။

ဒီကေဘီအေ တပ်ဖွဲ့ ဝင်များသည် လစ်ရင်လစ်သလို ကေအဲန်ယူဆီသို့  ထွက်ပြေးလာကြကြောင်း၊ ဆက်လက်ပြီး ဒီကေဘီအေ တပ်မှ ထွက်ပြေးချင်သော အောက်လက်ငယ်သား တပ်သားအများအပြား ရှိသေးကြောင်း သိရှိရပါသည်။
၁၄၊ ၈၊ ၂၀၁၀ ရက်နေ့ တွင်လည်း ကေအဲန်အယ်လ်အေ တပ်မဟာ(၇) တပ်ဖွဲ့ ဝင်များနှင့် နအဖ တပ် ခမရ(၃၄၃) မယ်တပူခီးဒေသ၌ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားကြောင်း သတင်းရရှိပါသည်။ ထိုတိုက်ပွဲတွင် နအဖ ဖက်မှ ထိခိုက်ဒဏ်ရာရမှု မသိရ။ ကေအဲန်အယ်လ်အေဖက်မှ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သတင်းရရှိပါသည်။

နယ်ခြားစောင့်တပ် ဖွဲ့ရန် DKBA နေပြည်တော်သွား

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ (၉၉၉) ဌာနချုပ် ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော တပ်ဖွဲ့ဝင် တချို့သည် နယ်ခြားစောင့်တပ် အသွင်ကူး ပြောင်းရေး အတွက် နေပြည်တော်၌ အစိုးရ အာဏာပိုင်များကို သွားရောက် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။


ယခင် KNLA ထိန်းချုပ်ထားသည့် ဧရိယာကို ၅ သုံးလုံးဂိတ်မှ DKBA တပ်သားများ စောင့်ကြပ်နေစဉ် (ဓာတ်ပုံ - Alex Ellgee/ဧရာဝတီ)

နေပြည်တော်သို့ ဗိုလ်မှူးကြီး စောချစ်သူ အပါအ၀င် တပ်ရင်းမှူး မောင်ဝင်းနှင့် ဗိုလ်မှူး ဆန်းလေးတို့က သြဂုတ် လဆန်းပိုင်းမှ စတင်၍ ၁၀ ရက်ခန့် သွားရောက် တွေ့ဆုံ ခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဘားအံခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေးက ဧရာဝတီသို့ ပြောသည်။

DKBA တပ်မဟာ (၉၉၉) အနေဖြင့် နယ်ခြားစောင့် တပ်ကို လက်ခံခဲ့သည့် အတွက် မြန်မာကျပ်ငွေ သိန်း ၅ ထောင်ကိုလည်း လက်ခံရရှိသည်ဟု သိရကြောင်း ဖဒိုစောအောင်မော်အေးက ဆိုသည်။

ယခုတပတ်အတွင်း ကရင်ပြည်နယ် မြိုင်ကြီးငူ အထူးဒေသ၌ DKBA တပ်များက နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး အခမ်းအနား ပြုလုပ်ရန်ရှိကြောင်း၊ သို့သော် DKBA ၏ အရေးအကြီးဆုံး ခေါင်းဆောင်ဖြစ်သော ဆရာတော် ဦးသုဇနသည် ကျန်းမာရေး အခြေအနေကြောင့် ထိုအခမ်းအနားသို့ ကြွရောက်နိုင်ခြင်း ရှိမရှိ မသေချာကြောင်း၊ ဆရာတော်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

DKBAတပ်ဖွဲ့ဝင်များသည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို ပြီးခဲ့သည့် ဇူလိုင်လ ကုန် ပိုင်းက လက်ခံခဲ့ကြသည်။

နယ်ခြားစောင့်တပ်ကို DKBAတပ်ဖွဲ့ဝင် အများစုက လက်ခံလိုက်သော်လည်း ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် လှုပ်ရှားနေသော DKBA တပ်မဟာ (၅) မှ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (စောလားပွယ်) ဦးဆောင်သော တပ်ဖွဲ့ဝင် များက ယင်းအစီအစဉ်ကို လက်မခံဘဲ ခွဲထွက်ခဲ့သည်။

ယခုလဆန်း ၆ ရက်နေ့တွင် DKBA တပ်ဖွဲ့ဝင် ၂၀ ခန့်သည် နယ်ခြားစောင့်တပ် အစီအစဉ်ကို လက်မခံသောကြောင့် ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး ဦးဆောင်သော တပ်ဖွဲ့ဝင်များထံ လက်နက်များနှင့်အတူ လာရောက် ပူးပေါင်းခဲ့သည်။ ထွက်ပြေးလာသူများ၏ အဆိုအရ ဆက်လက် ထွက်လာမည့်သူများလည်း ရှိသေးသည်ဟု ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မြ၀တီမြို့နယ်၌ စစ်အစိုးရတပ်များက အင်အားတိုးချဲ့ပြီး တပ်မ (၄၄) နှင့် တပ်မ (၂၂) အပါအ၀င် အင်အား ၅၀၀ ခန့် ချထားကြောင်း သိရသည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာသည့် လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဖြစ်သည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကြောင်းကြားခဲ့သည်။ သို့သော် ယခုအချိန်အထိ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်(NDA-K)၊ ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ တို့သာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။

၁၉၈၉ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

DKBA တပ်ဖွဲ့ အချို့ နယ်ခြား စောင့်တပ် ရာထူး အပ်ပွဲ ကျင်းပ

ငြိမ်းအဖွဲ့ တခု ဖြစ်သော တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင် အမျိုးသား အစည်း အရုံး DKBA မှ တပ်ဖွဲ့ဝင် အချို့အား နယ်ခြား စောင့်တပ် အဖြစ် ပြောင်းလဲ ရာထူး ပေးအပ် ပွဲကို ယနေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ မြိုင်ကြီးငူ ဒေသ တွင် ကျင်းပခဲ့ ပါသည်။

ထို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲ ရာထူးပေး အပ်ပွဲ အခမ်း အနားသို့ ကာကွယ်ရေး ၀န်ကြီး ဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် ၊ အရှေ့ တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း ၊ ကရင်ပြည်နယ် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ ဗိုလ်မှူးချုပ် ဇော်မင်း ၊ တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ် လှရွှေ ၊ ပြည်သူ့ စစ်နှင့် နယ်ခြား တပ်များ ညွန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မောင်မောင်အုန်း ၊ ပြည်သူ့ ဆက်ဆံ ရေးနှင့် စိတ်ဓါတ် စစ်ဆင်ရေး ညွန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် သန်းစိုး ၊ ငွေစားရင်းရုံး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် လှိုင်မြင့် နှင့် DKBA မှ ဒုတိယ ဥက္ကဌ ဦးကျော်သန်း တို့ တက်ရောက်ခဲ့ ကြကြောင်း သတင်း ရရှိပါသည်။

ထို နယ်ခြားစောင့်တပ်တွင် အရာရှိ အဆင့် ၁၈ ဦး၊ အခြား အဆင့် ၃၀၈ ဦး ပါဝင်ပြီး တပ်မှူးမှာ အပစ်ရပ် အဖွဲ့မှ ဖြစ်သော်လည်း စစ်တပ်မှ ဗိုလ်မှူး အဆင့်ရှိ အရာရှိ တဦး၊ ဗိုလ်ကြီး အဆင့်ရှိသူ ၂ ဦး နှင့် အခြား အဆင့်ရှိ ၂၇ ဦးတို့ ပါဝင်သည်။


DKBA တပ်ဖွဲ့ အချို့ နယ်ခြားစောင့်တပ် ရာထူး အပ်ပွဲ (ရုပ်သံ အပိုင် - ၁)

DKBA တပ်ဖွဲ့ အချို့ နယ်ခြားစောင့်တပ် ရာထူး အပ်ပွဲ (ရုပ်သံ အပိုင် - ၂)

Southwestern Papun District: Transitions to DKBA control along the Bilin River

Southwestern Papun District: Transitions to DKBA control along the Bilin River

1990 Elections was people Desire .mp4

8888 People Power – Vol 6 No 3 – 16 Aug 2010

8888 People Power – Vol 6 No 3 - 16 Aug 2010

Arakanpost-July-2010.

Arakanpost-July-2010.

Monday, August 16, 2010

19 haythar tathablay.flv

၂၀၁၀ခုနှစ် သြဂုတ်လ ၁၂ ရက်





ကရင်အမျိုးသား အာဇာနည်များအားမိမိတို.မှ အောက်မေ့ဘွယ်ဂုဏ်ပြုရသကဲ့သို.
လက်ရှိမိမိတို. မျိုးဆက်သစ်ကရင်လူငယ်များသည်လည်း မိမိတို.ကိုယ်ကျိုးကိုယ်စွန်.၍ ကျရောက်သောအမျိုးသားရေးတာဝန်ကို ထိရောက်စွာတာဝန်ယူကြစေရန် နှစ်(၆၀)ပြည့်ကရင်အမျိုးသားအာဇာနည်နေ.တွင်မိမိတို.ကရင်လူငယ်အစည်းအရုံး
အနေဖြင့်ယ္ခုတင်ဆက်ထားသော ထာဝရတည်စေ ကော်သူးလေးတေးသီချင်းဖြင့် တိုက်တွန်းနိုးဆော်လိုက်ပါသည်။

နှစ်(၆၀)မြောက် ကရင့်အာဇာနည်နေ့ တွင် ပြောကြားသော မန်းရောဘတ် ဘဇန် ၏ မိန့် ခွန်း


Mahn_Zan__60__Karen_Martyr's_day_speech. -

ဇူလိုင်လထုတ် ကေအိုင်စီသတင်းစာ

KIC-July-2010

„နှစ် (၆၀) မြောက် ကရင်အာဇာနည်ေန့“ KNU Martyr Day by NEJ

„နှစ် (၆၀) မြောက် ကရင်အာဇာနည်ေန့“ KNU Martyr Day by NEJ

Letter of Phowaiaung’s Motherကြွက်စုတ် ခင်ရီယုတ်မာနေပြီ ကြွက်စုတ် ခင်ရီယုတ်မာနေပြီ

Thursday, 12 August 2010 14:55
“ရဲချုပ်ခင်ရီရဲ့ ထွက်ပေါက်ရှာဖန်တီးဇာတ်မှာ သားကောင်ဖြစ်ရရှာသူ ကိုဖြိုးဝေအောင်၏မိခင်ဖြစ်သူမှ ကိုဖြိုးဝေအောင်မတရားညှင်းပန်းန
ှိပ်စက်ခံရပြီး အဓမ္မဖြောင့်ချက်ပေးခိုင်းခံရသည်
မှားကို တိုင်ကြားထားသော
စာအား attath file ဖြင့်ပေးပို့ပါသည်။ ဆက်လက်ဖြန့်ဝေဖေါ်ပြပေးပါရန်
လေးစားစွာဖြင့်




သင်္ကြန်ဗုံးဖေါက်ခွဲမှုတွင်ပါဝင်“ရဲချုပ်ခင်ရီရဲ့ ထွက်ပေါက်ရှာဖန်တီးဇာတ်မှာ သားကောင်ဖြစ်ရရှာသူ ကိုဖြိုးဝေအောင်”

မောင်ချင့်ချိန်

ရန်ကုန်တိုင်း အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို အ ပါအဝင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် မယက ဥက္ကဋ္ဌ ဦးကျော် ငြိမ်း၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဗိုလ်ကြီး သန့် ဇင်သိန်း၊ ရဲမှူးများ၊ ဒုရဲအုပ်များ၊ ရယကများ၊ ကြံ့ဖွတ်များနဲ့ စစ်အစိုးရခိုင်းဖတ် လက်ပါးစေအများအပြား သေဆုံးဒါဏ်ရာ ပြင်းစွာရခဲ့ပြီးး ပြည်သူလူထုတွေပါ ထိခိုက်ခဲ့တဲ့ သင်္ကြန်အ ကြတ်နေ့ ကန်တော်ကြီးဗုံးပေါက်ကွဲမှုကို ဘယ်သူလုပ်တာလဲ လို့ ကမ္ဘာကရော မြန်မာပြည်သူတရပ်လုံးကပါ စိတ်ဝင်တစား ရှိခဲ့ပါတယ်။


ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်ကအာဏာသိမ်းခဲ့ပြီးး ကျောင်းသားလူငယ်လေးတွေကအစ သေနတ်ကိုင်ပြန်တိုက်တဲ့ခေတ် (၂၂ နှစ်ကာလ) မှာ ဗမာပြည်မှာဗုံးကွဲတာ အကြိမ်သုံးရာကျော်ပြီးလို့ စစ်အစိုးရရဲ့ထုတ်ပြန်ချက်တွေမှာ ဖေါ်ပြထားပါတယ်၊ တနှစ်ကို ဆယ့်ငါးကြိမ် ပျမ်းမျှတလတကြိမ်နှုန်းလောက်ကွဲနေသလိုမို့ ဗမာပြည်သူတွေရော၊ နိုင်ငံတကာကပါ ယဉ်ပါးနေပြီးး ဗုံးကွဲ တယ်ဆိုတာ ကို သိပ်စိတ်ဝင်တစားမရှိကြတော့တာ ကြာပါပြီး၊ တိုင်းပြည်မတည်ငြိမ်ဘူးဆိုပြီး ဆက်အုပ်ချုပ်လို့ရအောင် သူတို့ဘာသူတို့ခွဲတာနေမှာ ပါဆိုတာမျိုးလဲ ပြည်သူအများစုက သဘောထားခဲ့ကြပါတယ်။ ခု ဧပြီးလ (၁၅) ရက်၊ သင်္ကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုကိုတော့ သင်္ကြန်တွင်းဖြစ်တာကြောင့်ရော၊ လူအများအပြားထိခိုက်တာကြောင့်ရော၊ စစ်ဘက်အရပ်ဘက်အုပ်ချုပ်ရေးတာဝန်ရှိ ရာထူးကြီးကြီး မားမားပုဂ္ဂိုလ်များနဲ့ အာဏာပိုင်အသိုင်းအဝိုင်းကြား ထိခိုက်မှုများတာကြောင့်ရော၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မြေး နေရွှေသွေးအောင် လာလို့ စစ်အုပ်စုအချင်းချင်းလုပ်တာလို့ အမျိုးမျိုးပြောနေကြတာတွေကြောင့်ပါ ကမ္ဘာကရော မြန်မာပြည်သူတရပ်လုံးကပါ စိတ်ဝင်တ စားရှိခဲ့တာပါ။

စစ်အစိုးရကိုယ်တိုင်ကလဲ အရင့်အရင်ကဗုံးတွေနဲ့မတူပဲ သေဆုံးဒါဏ်ရာရစာရင်းတွေကို ချက်ခြင်းထုတ်ပြန်ကြေငြာခဲ့သလို ဂျာနယ် တွေကနေလည်း (အာဏာပိုင် အဖွဲ့စည်းဝင်တွေ ထိပုံတွေနဲ့ အကြောင်းရာကလွဲရင်) ဓါတ်ပုံတွေနဲ့တကွ ဖေါ်ပြခွင့်ပေးခဲ့ပါတယ်။ နောက်ရက်ပိုင်းလေးမှာပဲ ဗုံးဖေါက်ခွဲသူ နှစ်ယောက်ကို သတင်းပေးရင် ဆုငွေဆယ်သိန်းပေးမယ်လို့ တယက ကြေငြာချက်ထုတ်ပြန် ပြီးး ရန်ကုန်တိုင်းမြို့နယ်ပေါင်းစုံက ရယကရုံးတွေနဲ့ လူစည်ကားရာလမ်းဆုံလမ်းခွတွေ၊ ဘတ်စ်ကားမှတ် တိုင်တွေမှာ ကပ်ထားခဲ့ပါ တယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက်ဥက္ကဋ္ဌက ဗုံးပစ်လိုက်တာကို မြင်လိုက်ပြီးးဝပ်လို့အော်လိုက်ကြောင်း၊ ဗုံးပစ်သူ တယောက်ကိုနေရာမှာတင် ဖမ်းမိကြောင်း စစ်အစိုးရစာပေစိစစ်ရေးက ခွင့်ပြုထုတ်ဝေတဲ့ ဂျာနယ်တွေထဲမှာလည်း ဖေါ်ပြထားခဲ့ပါ တယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီးး သုံးပါတ်အကြာမှာတော့ အားလုံးသိပြီးးတဲ့အတိုင်း ရဲချုပ် ခင်ရီက အလွဲလွဲအချော် ချော်သတင်းစာရှင်းပွဲလုပ်ပါ တယ်၊ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါဝင်ကျူးလွန်သူတယောက်ကို ဖမ်းမိထားတယ်ပြောပြီးး VBSW , ABSDF , DAB , NCUB , KNU စ တဲ့ အဖွဲ့များစွာကိုလည်း စွပ်စွဲလိုက်ပါတယ်။

ရဲချုပ်ခင်ရီရဲ့ ရှေ့နောက်မညီ အလွဲလွဲအချော်ချော် သတင်းစာရှင်းပွဲကို သေချာလေ့လာပြီးးချိန်မှာတော့ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါ ဝင်ကျူးလွန်သူလို့ စစ်အစိုးရဖေါ်ပြထားတဲ့ ကိုဖြိုးဝေအောင်ဟာ အမှန် တကယ်ကျူးလွန်သူ ဟုတ်မှဟုတ်ရဲ့လားလို့ သံသယဖြစ်စရာ၊ စဉ်းစားစရာ ဖြစ်လာပါတယ်။

နဂိုကတည်းက ယုံစရာမကောင်းလို့ စစ်အစိုးရပြောတာတွေမို့လို့၊ စိတ်အခံကြောင့်လက်မခံ တာမျိုးမဟုတ်ပဲ လုပ်ကြံဖန်တီးထားတဲ့ ဇတ်လမ်းဖြစ်နိုင်တယ်လို့ ရဲချုပ်ခင်ရီ ဆက်စပ်ပြနေတဲ့အလွဲတွေကနေကို တွေးမိခဲ့တာပါ။ အဲဒီမှာ ဘာကြောင့်လုပ်ကြံဇတ်ထွင်ရသလဲ ဆိုတာနဲ့ ကိုဖြိုးဝေအောင် က ဘာကြောင့်တရားခံအဖြစ်ပြခံရလဲဆိုတာ ပြောစရာရှိလာပါတယ်။

အဓိက လုပ်ကြံဇတ်ထွင်ရတဲ့အကြောင်းက သူ့တပ်သူထိန်းဖို့ပါ၊ စစ်အစိုးရဟာ ဘယ်ပြည်သူဘာပြောပြော၊ ကမ္ဘာကဘာပြောပြော ဘယ်တုံးကမှ ဂရုမစိုက်ပါဘူး၊ ကမ္ဘာနဲ့ ပြည်သူတွေကိုလိမ်ဘို့ဆိုတာထက် သူ့တပ်ထဲမှာဖြစ်လာတဲ့ ပြဿနာတွေကိုရှင်းဘို့၊ အာဏာ ရှင်သန်းရွှေနဲ့ စဉ်းစားဥာဏ်မရှိတဲ့ သူ့တပ်အသိုင်းအဝိုင်းကိုပြန်လိမ်တာပါ။

X2O ရေကစားမဏ္ဍပ်ဟာ စစ်အုပ်စုရာထူးကြီးပုဂ္ဂိုလ်များရဲ့ သားသမီးတွေစုဝေးရာဖြစ်ပြီးး ဗိုလ်ချုပ် မှူးကြီးသန်းရွှေရဲ့ အချစ်တော် မြေးလေး ဖိုးလပြည့်ခေါ် နေရွှေသွေးအောင်ပါလာသွားနေခဲ့ပါတယ်၊ အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီးအုန်းချိုက သူ့အပိုင်စစ်ဒေ သမဟုတ်ဘဲ ဖိုးလပြည့်နဲ့ VIP သားသမီး များလုံခြုံရေးအတွက် သီးသန့်လာစောင့်ပေးနေရတာပါ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဝင်ထွက် ခွင့် တံဆိပ်ပါကားတွေရပ်ထားပြီးး ဗိုလ်မှူးကြီးကိုယ်တိုင် လုံခြုံရေးယူပေးနေတာမို့ သက်ဆိုင်ရာမြို့နယ် ရဲမှူးနဲ့ မယကဥက္ကဋ္ဌ အပါအ ဝင် လုံခြုံရေးများစွာရှိနေတဲ့ကြားမှာ ကွဲခဲ့ထိခဲ့တာကြောင့် အချင်းချင်းပြန်ယိုးစွပ်စရာတွေ ဖြစ်လာပါတော့တယ်၊ ဖိုးလပြည့် ကို မကြည် တဲ့ တပ်တွင်းအသိုင်းအဝိုင်း၊ တခြား VIP သားသမီးတချို့ကိုမကြည်တဲ့တပ်တွင်းအသိုင်းအဝိုင်း၊ ဗိုလ်မှူးကြီးအုန်းချိုကိုမကြည်တဲ့ တပ် တွင်း အသိုင်းအဝိုင်း တခုခုကလုပ်တာလို့ သူတို့အချင်းချင်းကြားမှာကို ထင်ကြေးတွေယူဆချက်တွေ အမျိုးမျိုးဖြစ်လာခဲ့တာပါ။

၂ဝ၁ဝ ဇန္နဝါရီလထဲမှာ တောင်ဥက္ကလာပမြို့နယ်၊ ချယ်ရီဥယျာဉ်အိမ်ယာက နေပြည်တော်တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလွင်နေအိမ်နဲ့ နယ် စပ်စည်ပင်ဒုဝန်ကြီး ဗိုလ်မှူးကြီးတင်ငွေ နေအိမ်တွေမှာ ချိန်ကိုက်ဗုံးတွေတွေ့ခဲ့ပြီးး သတင်းထုတ်ပြန်ခြင်းမရှိပဲ ဖုံးကွယ်ထားခဲ့ပါတယ်၊ (သုံးလကျော်ကြာပြီးးမှ ခု သတင်းစာရှင်းပွဲမှထုတ်ပြောတာပါ)၊ ထောက်လှမ်းရေးအသိုင်းအဝိုင်းနဲ့ အရာရှိကြီးတွေသာသိခဲ့ပြီးး ချယ်ရီဥ ယာဉ် အိမ်ယာကိုဆောက်နေတဲ့ ဆာကူရာဆောက်လုပ်ရေးက ဝန်ထမ်းတွေနဲ့ အလုပ်သမားတွေကိုတောင် အဲဒီဝန်းထဲမှာပဲကျိတ်ပြီးး စစ်ခဲ့ပါတယ်၊ တယောက်နဲ့ တယောက်လေးစားမှုမရှိပဲ အကျိုးခံစားမှုတွေနဲ့၊ အမိန့်အာဏာတွေကပေါ်နေ ပတ်သက်နေကြတဲ့ အသိုင်း ဝိုင်းဖြစ်တာကြောင့်၊ သတင်းလုံခြုံမှုမရှိဘဲ ပေါက်ထွက်လာပြီးး ပြည်ပသတင်းဌာနတွေကနေပြောမှ သိကြရတာကြောင့် တပ်တွင်းမှာပဲ အချင်းချင်း ပြန်လုပ်နေသလား၊ တယောက်ကိုတယောက် မယုံသင်္ကာနဲ့ ကြည့်နေခဲ့ကြတာမှာ၊ သင်္ကြန်ဗုံးပေါက်မှုဟာ ပြဿနာပိုကြီး စေခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် ဗိုလ်ချုပ်ကြီးတွေ ကြားမှာမလုံမခြုံဖြစ်လာပြီးး ဗုံးပေါက်ကွဲပြီးးမကြာမှီ အဆင့်မြင့်အ ရာရှိတွေ နေပြည်တော်သွားလာခွင့် ကန့်သတ်လိုက်တာ၊ လူအင်အား လက်နက်အင်အားစာရင် ကြိုသတင်းပို့ရမှာတွေ ဖြစ်လာပါ တယ်။

သို့လောသို့လောနဲ့ အချင်းချင်းမယုံမကြည်ဖြစ်လာတဲ့ တပ်တွင်းပဋိပက္ခကိုထိန်းဖို့၊ မျက်မာန်ရှနေတဲ့ အာဏာရှင်ကြီး သန်းရွှေ ကို နှစ် သိမ့်နိုင်ဖို့၊ အသုံးမကျသလိုဖြစ်နေတဲ့ ရဲနဲ့ထောက်လှမ်းရေးတွေရဲ့ သိက္ခာကိုကာကွယ်ဖို့၊ ပြည်သူတွေကြားမှာပြောနေတဲ့ စစ်အစိုးရ ကိုယ်တိုင်ခွဲတာပါကွာဆိုတာကို ရှင်းပြီးးသားဖြစ်အောင်လို့၊ အတိုက်အခံတွေကို နိုင်ငံရေးအရထိုးနှက်ရအောင်လို့ စသဖြင့်အကြောင်း ရာတွေကြောင့် လုပ်ကြံဇတ်ထွင်ရခြင်းဖြစ်ပါတယ်။

ရဲချုပ်ခင်ရီရဲ့အကြံပေး ဇတ်လမ်းရေးဆရာတွေရဲ့ ရွှေဥာဏ်တော်စူးရောက်မှုမှာ သားကောင်ဖြစ်ခဲ့ရတာက ကိုဖြိုးဝေအောင်ပါ၊ ဘာ ကြောင့် ကိုဖြိုးဝေအောင်က တရားခံအဖြစ်ပြခံရလဲဆိုတာက ဇတ်လမ်းဖန်တီးလွယ်မယ့် ဆက်စပ်မှုမှာရှိနေလို့ပါ၊ ကိုဖြိုးဝေအောင် ဟာ ၂ဝ၁ဝ ဇန္နဝါရီလက ဗုံးတွေ့ခဲ့တဲ့ နေပြည်တော်တိုင်းမှူးအိမ်ရှိရာ ချယ်ရီဥယျာဉ်အိမ်ယာမှာ လျှပ်စစ်တာဝန်ခံအင်ဂျင်နီယာအဖြစ် လုပ်ခဲ့ ဖူးသူတယောက်ဖြစ်ပြီး သံသယဖြစ်ဖို့ ကောင်းသူတွေနဲ့ တချိန်ကတရင်းတနှီးနေထိုင်ခဲ့တာကြောင့် အဲဒီဗုံးကိစ္စမှာ စစ်မေးခံဖူး သူ၊ ထောက်လှမ်းရေးတွင် ခံဝန်လုပ်ထားရသူ ဖြစ်ပါတယ်။ သင်္ကြန်အပြီးး ပြစ်ချက်ဟောင်းရှိသူ သံသယဖြစ်စရာအားလုံးကို ဖမ်းတာ မှာ ပြန်အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ပထမအကြိမ် ချယ်ရီဥယျာဉ်အိမ်ယာဝန်းထဲမှာ အလုပ်သမားတွေရှေ့မှာ စစ်ဆေးတာမျိုးမဟုတ်ဘဲ စစ်ကြောရေးစခန်းမှာ ညှင်းပန်းနှိပ် စက်မှုမျိုးစုံနဲ့ စစ်ဆေးမှာဖြစ်တဲ့အတွက် အရင်ကနိုင်ငံရေးလုပ်ခဲ့တာတွေ၊ နိုင်ငံရေးနယ်ပယ်ကသူတွေနဲ့ ပတ်သက်ခဲ့တာတွေကို ပြော ပြဖြစ်ခဲ့မှာဖြစ်ပါတယ်၊ ဥပမာ ၁၉၉၉ ခုက တောင်ကြီးမြို့၊ အေးသာယာဂျီတီအိုင်မှာ ကိုးလေးလုံးအရေးအခင်းတွက် စာဖြန့်တယ်ဆိုပြီးး ဌာနမှူးနဲ့ ကျောင်းအုပ်ကြီးရှေ့မှာ နိုင်ငံရေးကင်းရှင်းပြီးး ကောင်းမွန်စွာနေထိုင်ကျောင်းတက်ပါမည်ဟု ဝန်ခံလက်မှတ်ထိုးဘူးကြောင်း၊ ၂ဝဝ၇ သြဂုတ်လကုန်က ရှစ်လေးလုံးအရေးတော်ပုံ ၁၉ နှစ်ပြည့် အခန်းအနားနှင့် လောင်စာဆီဈေးနှုန်းတက်မှုကြောင့် မင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ လမ်းလျှောက်ပွဲ VCD အခွေအား ကိုယ်တိုင်ကူး ကိုယ်တိုင်ဖြန့်ဝေခဲ့ကြောင်း၊ သံဃာတော်များအား ထောက်ခံသင့်ကြောင်းစာကို အစ္စလာမ်ဘာသာဝင်များကြား ကိုယ်တိုင်ရေးသားဖြန့်ဝေခဲ့ကြောင်း၊ တောင်ဥက္ကလာ ငွေကြာယံဘုန် ကြီးကျောင်းကို ထရန်စဖေါ်မာဆင်ပေးနေချိန်ဖြစ်၍ ၎င်းသံဃာတော်များနှင့်အတူ လမ်းလျှောက်စဉ် လိုက်ပါခဲ့ကြောင်း၊ အတူလုပ်ခဲ့ သူများမှာ ၂ဝဝ၇ ပြီးးနောက်တွင် ထိုင်းနိုင်ငံဘက်သို့ ထွက်သွားပြီဖြစ်ကြောင်းများ ပြောပြဖြစ်ခဲ့မှာဖြစ်ပါတယ်။

မူလထဲက လက်တွေ့ကျူးလွန်သူတွေကို မဖမ်းနိုင်မဖေါ်ထုတ်နိုင်လို့ တရားခံအစားထိုးဘို့ကြံစီနေတဲ့ ရဲချုပ်ခင်ရီနဲ့ ထောက်လှမ်းရေး အုပ်စုဟာ ဖြိုးဝေအောင်နဲ့တခြားစွပ်ဆွဲသူတွေကို ဇွတ်ဆက်စပ်ရပါတော့တယ်။ တခြားစွပ်ဆွဲခံရသူတွေကို ဒီကိစ္စမှာပါဝင်ပတ်သက် တာ ဟုတ်မဟုတ် ဘယ်သူမှမပြောနိုင်ပေမယ့် ကိုဖြိုးဝေအောင်ရဲ့ဇနီးကတော့ ဆာကူရာမှာတုံးကတည်းက အတူလုပ်ခဲ့တဲ့ ကိုမျိုးကြီး ခေါ် ကိုမျိုးမြင့်အောင် ( B.E Civil ) က ရန်ကင်းစင်တာက သံပန်းလုပ်ငန်းနဲ့ဆေးသုတ်လုပ်ငန်းကို သင်္ကြန်တွင်းအပြီးးလုပ်ပေးမယ် လက်ခံခဲ့တာကြောင့် နှစ်ယောက်အတူတွဲပြီးး နေ့/ည လုပ်နေကြောင်း၊ သင်္ကြန် အကြတ်နေ့ (ပေါက်ကွဲမှုဖြစ်တဲ့နေ့)က တနေ့လုံးရန် ကင်းစင်တာမှာပဲ ရှိနေတယ်ဆိုတာ ကိုမျိုးကြီး၊ အလုပ်သမားများနှင့် ရန်ကင်းစင်တာမှ တာဝန်ကျဝန်ထမ်းများ၊ လုံခြုံရေးများလည်း သိကြောင်း၊ လာဖမ်းသွားပြီးးနောက်နေ့တွင် ကိုမျိုးကြီးကမေးသဖြင့် သင်္ကြန်ဗုံးကိစ္စစစ်မေးရန်ခေါ်သွားကြောင်းပြောရာ ငါနဲ့အတူရှိနေ တာပဲ၊ သူနဲ့မှမဆိုင်တာ၊ ဒါဆိုပြန်လွတ်လာမှာပါ ပူမနေနဲ့ပြောကြောင်း၊ ကျွန်မအမျိုးသားက မတရားစွပ်ဆွဲခံရတာပါလို့ RFA ကိုပြော သွားတာတွေ့ရပါတယ်။

ခုဆိုရင် ကိုဖြိုးဝေအောင်ကို အင်းစိန်ထောင် စစ်ခွေးတိုက်မှာချုပ်နှောင်ထားပြီးး၊ ၁၁.၅.၂ဝ၁ဝ အင်္ဂါနေ့ က မိခင်ဒေါ်မာမာဆွေနဲ့ ညီ ဖြစ်သူ ဒေါက်တာထက်ဝေအောင်တို့ ၁၅ မိနစ်တွေ့ခွင့်ရခဲ့ပါတယ်၊ ဒေါက်တာထက်ဝေအောင်က သူ့အကိုဟာ စိတ်ပိုင်းဆိုင်ရာ ညှင်း ပန်းနှိပ်စက်မှုမျိုး လုပ်ခံထားရပုံပေါ်နေပြီး တွေ့ခွင့်ရခဲ့တဲ့ ၁၅ မိနစ်မှာ အကြောင်းရာလေးမျိုးကိုပဲ ထပ်ကာထပ်ကာ ပြောနေခဲ့တယ် လို့ပြောပါတယ်၊ အဓိကကတော့ သူမတရားခံရတာဖြစ်ကြောင်း၊ လုံးဝမပါတ်သက်ကြောင်း ပြောတာဖြစ်တယ်လို့ သိရပါတယ်၊ ဇနီးဖြစ် သူ မဌေးဌေးက ရှေ့နေဦးကျော်ဟိုးကိုငှားရမ်းထားပြီးး ကိုယ်စားလှယ်လွှဲ ရှေ့နေပါဝါယူဘို့ အင်းစိန်ထောင်ကိုသွားခဲ့တာမှာ ကိုဖြိုးဝေ အောင်နဲ့တွေ့ခွင့်မရခဲ့ဘဲ ထောင်အာဏာပိုင်တွေက သူတို့ဘက်က လက်မှတ်ထိုးလုပ်ပေးရမဲ့ဟာ လုပ်ပေးထားပြီးးပြီ၊ SB က ခွင့်မပြု သေးလို့ဟု ပြောကြောင်း၊ သူ့အမှုလိုက်သက်တမ်းမှာ နိုင်ငံရေးမှုပဲဖြစ်ဖြစ် ဘာမှုပဲဖြစ်ဖြစ် ဒီလိုမျိုး တခါမှမရှိဘူးကြောင်း VOA ကိုပြော သွားတာလဲ ကြားရပါတယ်။

အဖြေကရှင်းပါတယ်၊ ရှေ့နေပါဝါလွှဲခွင့်ပေးလိုက်ရင် ပုဒ်မတခုခုတပ်ထားတာပြောရတော့မယ်၊ ထောင်ပို့ပြီးဆိုကထဲက ပုဒ်မတခုခု တပ်ပို့ရတာပါ၊ ခုကမိသားစုတောင် ဘာပုဒ်မနဲ့ တရားစွဲမယ်မှန်း မသိခဲ့ရဘူးပြောပါတယ်၊ ရှေ့နေက စွပ်ဆွဲထားရာအမှု (ပုဒ်မ) နဲ့ ပတ် သက်ပုံကိုမေးလို့ ကိုဖြိုးဝေအောင်ဆီက အဖြစ်မှန်သိရတဲ့အခါ ရှေ့နေကသက်သေပြလို့ရတဲ့ သူတွေကိုလိုက် ဆွေးနွေးမယ်၊ ကိုမျိုး ကြီး ခေါ် ကိုမျိုးမြင့်အောင် (BE.Civil) နဲ့ ဆောက်လုပ်ရေးအလုပ်သမားတွေ၊ ရန်ကင်းစင်တာက ဝန်ထမ်းတွေနဲ့လုံခြုံရေးတွေ သက် သေဖြစ်လာရင် လုပ်ကြံဇတ်လမ်းသတင်းစာရှင်းပွဲဆိုတာ ထင်ရှားသွားမယ်၊ ဒါကြောင့် ရှေ့နေလိုက်ခွင့်မပေး၊ သက်သေပြခွင့်မပေး၊ အများပြည်သူရှေ့မှာ စစ်ဆေးမှုမပြုဘဲ ဥပဒေမဲ့ တဘက်သတ် မတရားထောင်ချမယ်ဆိုတာ သေချာပါတယ်။

အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဖြေရှင်းချက်ပေးဖို့နဲ့ ထုံးစံအတိုင်း ပြည်သူတွေကိုလိမ်ညာလှည့်ဖြားဖို့ ရဲချုပ်ခင်ရီရဲ့ ထွက် ပေါက်ရှာ ဖန်တီးဇတ်မှာ သားကောင်ဖြစ်ခဲ့ရသူ ကိုဖြိုးဝေအောင်လို စစ်အာဏာရှင်လက်အောက်မှာ လူတိုင်း အချိန်မရွေးသားကောင် ဖြစ်သွားနိုင်တာမို့ အခြေခံအကြောင်းရင်းဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ဝိုင်းဝန်းတိုက်ဖျက်ကြပါစို့။

Letter of Phowaiaung’s Mother
Letter of Phowaiaung's Mother

2 Years Post Nargis Memorial Journal eng

2 Years Post Nargis Memorial Journal eng