Friday, September 24, 2010

ဖမ်းဆီးထားသည့် DKBA ကားများ ပြန်ပေး

သန်းထိုက်ဦး Thursday, September 23, 2010
ကရင်ပြည်နယ် မြ၀တီမြို့ ရဲစခန်းတွင် ထိန်းသိမ်း ထားသော လိုင်စင်မဲ့ကား ၂၈ စီး အမှုနှင့် ပတ်သက်၍ ပြဿနာများ ဖြစ်ပွား ခဲ့ပြီးနောက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) တပ်ရင်း ၉၀၂ မှ ဗိုလ်စောကျော်သက်ကို ပြန်ပေး လိုက်ကြောင်း သိရသည်။


အဆိုပါ ပြဿနာသည် ပြီးခဲ့သည့် အင်္ဂါနေ့ ညနေပိုင်းက ဗိုလ်စောကျော်သက် ဦးဆောင်သော တပ်ဖွဲ့ ဝင်များသည် ဖမ်းဆီး ထားသောကားများကို ပြန်လိုချင်သည့် အတွက် ယင်း ရဲစခန်းသို့ သွားရောက် စီးနင်းခဲ့ရာမှ နအဖ စစ်သားများနှင့် ထိပ်တိုက် ရင်ဆိုင် တင်းမာမှုတရပ် ဖြစ်ပွားခဲ့ပြီးနောက် ဖမ်းဆီးထားသော ကားများကို ပြန်ပေးလိုက်ခြင်းဖြစ်သည်ဟု DKBA နှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။

တင်းမာမှု ဖြစ်ပွားသည့် နေ့တွင် DKBA တပ်ဖွဲ့ဝင်များက လက်နက်မျိုးစုံကိုင်ဆောင်ကာ ကား ၃ စီးဖြင့် ရောက်ရှိလာပြီး ခရိုင် ရဲတပ်ဖွဲ့ မှူးရုံးသို့ ၀ိုင်းထားခဲ့ရာ နအဖ တပ်က ကား ၄ စီး ဖြင့်ရောက်ရှိလာပြီး DKBA တပ်ဖွဲ့ဝင်များကို ပြန်လည် ၀ိုင်းခဲ့ခြင်း ဖြစ် သည်။

ဗိုလ်စောကျော်သက်၏ ကားများကို ယခုလ ၂၀ ရက်နေ့က သင်္ကန်းညီနောင် စစ်ဆေးရေးဂိတ်တွင် အာဏာပိုင်များက ဖမ်းဆီး ခဲ့သည်။ သိမ်းဆည်းထားသော ကားများထဲတွင် ကျပ် သိန်းထောင်ချီ တန်သော ဂျပန်နိုင်ငံလုပ် တပတ်ရစ် စလွန်း ကားများ ပါဝင်ကြောင်း DKBA နှင့် နီးစပ်သူက ဆိုသည်။

ဗိုလ်စောကျော်သက်အဖွဲ့သည် စီးပွားရေး အဓိက လုပ်နေသော အဖွဲ့  တဖွဲ့ ဖြစ်ပြီး စစ်အစိုးရက ကမ်းလှမ်းထားသည့် နယ် ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသေးသော တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်းလည်း သိရသည်။

DKBAတပ်ဖွဲ့ဝင်များသည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို ပြီးခဲ့သည့် ဇူလိုင်လ ကုန်ပိုင်းက လက်ခံခဲ့ကြသည်။

ထိုင်း-မြန်မာ နယ်စပ်ရှိ DKBA ထိန်းချုပ်ထားသော ၉၉၉ ဂိတ်များကို စစ်အစိုးရတပ်များက သြဂုတ်လ အစောပိုင်းတွင် DKBA အလံများကိုပါ ဖြုတ်ချ၍ မြန်မာနိုင်ငံ အလံကို လွှင့်တင်ခဲ့သည်။ ၉၉၉ ဂိတ်အမည်ကိုလည်း ဒေါနတောင် ဂိတ်ဟု ပြောင်းလဲခဲ့ သည်။

နယ်ခြားစောင့်တပ်ကို DKBAအများစုက လက်ခံလိုက်သော်လည်း ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များ တွင် လှုပ်ရှားနေသော DKBA တပ်မဟာ (၅) မှ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (စောလားပွယ်) ဦးဆောင်သော တပ်ဖွဲ့ဝင်များက ယင်း အစီအစဉ်ကို လက်မခံဘဲ ခွဲထွက်ခဲ့သည်။

တိုင်းရင်းသား အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ် ပြောင်းလဲရေးအစီအစဉ်ကို စစ်အစိုးရက ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလ အတွင်းက စတင်ခဲ့ခြင်းဖြစ်သည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲ ကာ တဖြည်းဖြည်း အင်အား ကြီးမား လာသည့် လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဖြစ်သည်။

၁၉၈၉ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိ သည်။

ဆင်ဖြူမတစီး ထပ်ပေါ်ပြန်

ခိုင်စု | ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၂၆ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် မောင်တောမြို့မြောက်ဖက်တွင် ဆင်ဖြူမတစီး ထပ်တွေ့သဖြင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးသိန်းနှင့် စစ်ဘက်အရပ်ဘက် အာဏာပိုင်များ ယနေ့ပူးပေါင်းဖမ်းဆီးကြသည်။

ယခုလ ၂ဝ ရက်က ဆင်ဖြူမ ပါသော ဆင် ၅ ကောင်အုပ်ကို မောင်တောမြောက်ဘက် ၂၇ မိုင်ကွာ မင်္ဂလာညွန့်နှင့် ကြိမ်ချောင်းရွာအကြား တွေ့ရှိပြီးနောက် နယ်စပ်ဒေသ ကွပ်ကဲရေးနှင့် စစ်ဆေးရေးဌာန (နစက) ၊ ဒေသခံ စစ်တပ်၊ မြို့နယ် သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ ဝန်ထမ်းများဖြင့် ဝိုင်းဝန်းဖမ်းဆီးခဲ့သည်။

“ဒီနေ့ နေ့လယ် ၁၂ နာရီလောက်မှာ ဖမ်းမိပြီ။ မနေ့က နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးကိုကို ရဟတ်ယာဉ်နဲ့ လာတယ်။ တိုင်းမှူးကတော့ ကြိုပြီး ရောက်နေတာပေါ့။ စစ်တပ်နဲ့ ဝိုင်းတယ်။ မနေ့ညကတော့ ဆင်ယဉ် ၄ ကောင် ပို့ခဲ့တယ်။ သူတို့နဲ့ ဝိုင်းညှပ်ဖမ်းဖို့ပေါ့” ဟု မောင်တော မယကရုံးနှင့် နီးစပ်သူက မဇ္ဈိမကို ပြောသည်။ သစ်တောဦးစီးဌာန ခန့်မှန်းချက်အရ ဆင်ဖြူမမှာ အသက် ၂၉ နှစ်ခန့် ရှိသည်ဟု ဆိုသည်။

မောင်တောခရိုင် ခယကရုံး တာဝန်ရှိသူတဦးကမူ ကြိမ်ချောင်းရွာ အထက်ပိုင်းတွင် ဆင်ဖြူတော် တွေ့ထားသည်ဟုသာ ဆိုပြီး အသေးစိတ် ပြောရန် ငြင်းဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်က မောင်တောမြို့နယ် ဖားဝပ်ချောင်းရွာမှ ၃၈ နှစ်အရွယ် ဆင်ဖြူမ တစီး နောက်ဆုံး ဖမ်းမိခဲ့သေးသည်။ ယင်းဆင်ဖြူမကို ဘဒ္ဒဝတီ အမည်ပေးကာ နေပြည်တော် ဥပ္ပါတသန္တိ စေတီ ဝတ္တကမြေမှ အဆောင်၌ ထားသည်။

ထို့ပြင် ရသေ့တောင်မြို့နယ် စေတီပြင်ရွာအနီး ၂ဝဝဝ ပြည့်နှစ်က ဆင်ဖြူအထီး တစီး၊ မောင်တောမြို့နယ်အတွင်း ၂ဝဝ၂ က ဆင်ဖြူမကြီး တစီးနှင့် ဆင်ဖြူမငယ် တစီး ဖမ်းမိခဲ့ဖူးသည်။

မယူတောင်တန်းမှ ဖမ်းမိသည့် ဆင်ဖြူကို ဖြုတ်ချခံလိုက်ရသော ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်က အင်းစိန်မင်းဓမ္မကုန်းတော်တွင် ရတနာဆင်ဖြူတော် အမည်ရှိ ဥယျာဉ်တခု ဆောက်ပေးကာ ထားခဲ့သည်။

ကွယ်လွန်သူ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကမူ ဆင်ကို ဖြူသည်ဖြစ်စေ၊ မည်းသည်ဖြစ်စေ တိရစ္ဆာန်ပင်ဖြစ်သဖြင့် မရှိခိုးအပ်ကြောင်း ပြောဆိုခဲ့ဖူးသည်။

အဆိုတော် ဘရိတ်ကီ ငတ်နေပြီလား

Written by Lazy Boy
Monday, 20 September 2010 17:38

အဆိုတော်တွေထဲမှာ ဘရိတ်ကီ သီချင်းဆိုတာကို ကျွန်တော် တော်တော်လေးကြိုက်ပါတယ်။ မားဘလ်နဲ့ ဆိုထားတဲ့ တောအူးလူလူဖိုး ဆိုတဲ့ သီချင်းကို ဆိုလဲ ဘရိတ်ကီ Rap ဝင်ဆိုထားတာတွေကို အရမ်းကို ကြိုက်ပါတယ်။ အခုတော့ ကရင်လူမျိုး တစ်ယောက်လို့သိထားကြတဲ့ ဘရိတ်ကီဆိုတဲ့ကောင် သီချင်းမဆိုရလို့ ထမင်းငတ်နေပြီးလာမသိဘူး။ KNU မကောင်းကြောင်း အပုတ်ချ တဲ့ပေါကြောင်ကြောင် ဇာတ်ကားထဲမှာ ကရင်လိုပြောပြီး ဝင်သရုပ်ဆောင်နေတာကို တွေ့လိုက်ရတော့ ကျွန်တော် တော်တော်အံ့သြသွားတယ်။ ဘရိတ်ကီတစ်ယောက် ငတ်လို များ ကိုယ့်လူမျိုး ကိုယ်အပုတ်ချ မဟုတ်မမှန်ဘဲ ပေါက်ကရကားထဲမှာ ဝင်ပြီးသရုပ်ဆောင်နေတာများလားလို့ထင်မိပါတယ်။ ကျွန်တော်အနေနဲ့တော့ ပြောခြင်တာ ဘရိတ်ရေ ကွန်ပြူတာထဲမှာ မင်းဆိုထားတဲ့သီချင်းတွေ ကို အခုဘဲ ကျွန်တော်ဖျက်လိုက်ပါပြီ။ ကရင်တစ်ယောက်ဖြစ်ပြီး ကိုယ့်လူမျိုးလွတ်မြောက်မှု့နဲ့ စစ်အာဏာရှင် ကျဆုံးရေးကို တိုက်နေတဲ့ အဖွဲ့အစည်းကို သိသိကြီးနဲ့ ပိုက်ဆံမျက်နှာကြည့်ပြီး အဲ့ဒီဇာတ်ကားရိုက်ခဲ့တဲ့မင်းရဲ့ စိတ်ဓါတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ မင်းအသံပါတဲ့ စီဒီအခွေတွေအားလုံးကိုလည်း အခုဘဲ မြောင်းထဲလွတ်ပစ်လိုက်ပြီးကွာ။

အမျိုးသားတော်လှန်ရေးကို စော်ကားတဲ့ ဘရိတ်ကီကို နည်းနည်းတော့ သင်ခန်းစာဝိုင်းပေးသင့်တယ် လို့ကျွန်တော်မြင်ထင်ပါတယ်။ ထိုဗီဒီယိုဇာတ်လမ်းဟာ နအဖ ဦးဆောင်ပြီး ခေါ်ရိုက်ခိုင်းတဲ့ ဇာတ်လမ်းမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။




မိုးမြင့်ထက်မှ လင်းယုန်များ ဆိုတဲ့ ဇာတ်ကားထဲမှာ ဘရိတ်ကရင်လို ကျေးဇူးတင်စကား ပြောနေပုံ





မိုးမြင့်ထက်မှ လင်းယုန်များ ဇာတ်ကားထဲမှာ ကေအန်ယူ လုံခြုံရေးနှင့် မှောင်ခို လုပ်ငန်းလုပ်ဖို့ ညှိနှိုင်းနေတဲ့ ဇာတ်ဝင်ခန်း


ဘရိတ်အရှက် ကင်းမဲ့စွာဖြင့် ပိုက်ဆံမျက်နှာ တစ်ခုတည်းကြည့်ပြီး ဝင်သရုပ်ဆောင်ထားတဲ့ကားကို အောင်မှာပေးထားတဲ့ လင့်မှာ ဝင်ကြည့်နိုင်ပါတယ်။

http://shwedream.com/index.php?L=music.watch&id=1014




နအဖ စစ်တပ် ရဲ့ ကရင်လူမျိုးများကို အပေါ်မှာ ဤကဲ့သို့ ရက်စက်ယုတ်မာနေမှု့များကို သိပါလျှက်နဲ့ ငတ်နေပြီဟုယူဆရသော ဘရိတ်ကီ ဆိုတဲ့ အရှက်မရှိကောင်ကို အင်းစိန်မှာ ရှိတဲ့ ညီအစ်ကိုတို့ရေ ထမင်း ဖိုးလေး စွန့်ကျဲပေးလိုက်ကြပါဗျာ။

Reference: သတင်း ရန်ကုန် ဆင်ခြေဖုံး ရပ်ကွက်များတွင် ပေါ်တာ ဆွဲ သလို တွေ့ သမျှလူအကုန်ဖမ်းနေ

/ 9/23/2010 07:54:00 PM /
Freedom News Group မှ.....

မြန်မာနိုင်ငံခြားရေး ၀န်ကြီးက ကုလ အထွေထွေညီလာခံ တွင်နိုင်ငံတွင်းဆင်း ရဲမွဲတေမှု တိုက်ဖျက်မည် ဟု ပြောခဲ့ပြီး နာရီပိုင်း အကြာတွင် လှိုင်သာယာ၊ရွှေပြည်သာ၊ အင်းစိန် နှင့် မြောက်ဥက္ကလာ ပ မြို့ နယ်များ မှ ဆင်းရဲသား များ နှင့် အခြေအနေမဲ့ရ သူ အချို့ ကို စည်ပင် ရဲ များ သုံးသည့်ကားများ ဖြင့် လိုက် လံဖမ်းဆီး သည် ဟု သတင်းရရှိသည်။

ယမန် နေ့ ည ၁၁ နာရီခန့် က လှိုင်သာယာမြို့ တွင် ညဘက်ဈေးရောင်းသူ အချို့ နှင့် ဘောလုံးပဲ ကြည့်ပြီး အိမ်ပြန် လာသူ အချို့ ကိုဖမ်းဆီးသွားပြီး ၊မြောက်ဥက္ကလာ ခြောက်ကွေ့ နှင့် အဝေးပြေးဂိတ်များ မှ အိမ်ခြေမဲ့ အချို့ ကို လည်းဖမ်းဆီးသွားသည် ဟု သတင်းရရှိသည်။

ရွှေပြည်သာတွင် ဒေသခံ များ က ပေါ်တာဆွဲ သည် ဟု ပြောကြပြီး လူငယ် နှစ်ဆယ်ခန့် ဖမ်းဆီးခံရသည်။နိုဝင်ဘာ ရွေးကောက် ပွဲ နီးလာပြီ ဖြစ်သဖြင့် ရဲစခန်း များက ပြစ်ဒဏ် ဟောင်းရှိခဲ့ဖူးသူ အချို့ ကို လည်း လိုက်လံဖမ်းဆီးနေသည်။

မြန်မာ နိုင်ငံတွင် ဆင်းရဲမွဲတေမှု ကို တိုက်ဖျက်ရာဉ် ဆင်းရဲသူများ နှင့် တောင်းစားသူများကိုဖမ်းဆီးထောင် ချခြင်းဖြင့် ဖြေရှင်းလေ့ရှိသည်။

List of Candidates From Rangoon

List of Candidates From Rangoon

Thursday, September 23, 2010

အမေကျော်ဒွေးတော် အလွမ်းသင့်သွား သူများနဲ့ သမိုင်းက ပေးတဲ့ သင်ခန်းစာ

အဲခေါင်သောင့်

နိုဝင်ဘာလမှာ ကျင်းပမယ့် နအဖရဲ့ ရွေးကောက်ပွဲအမှီ နအဖစစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားအဖွဲ့တွေ နယ် ခြားစောင့်တပ် အသွင်ပြောင်းဖို့ အပြီးသတ် ဖိအားပေးတဲ့ အချိန်မှာ တိုင်းရင်းသားတွေ အဖွဲ့တွေဆီက ပြတ်သားတဲ့ တုန့်ပြန်မှု တွေ အမျိုးမျိုး ထွက်ပေါ်လာတာကို ကြားလိုက်ရပါတယ်။ တချို့အဖွဲ့တွေက လက်မခံဘဲ ငြင်းဆန်ခဲ့ကြပြီး စစ်ရေးအရ ဖြေရှင်း လာခဲ့ရင် ခုခံဖို့ စစ်ရေးပြင်ဆင်မှုတွေ လုပ်လာသလို တချို့အဖွဲ့တွေတော့ လွယ်လွယ်ကူကူနဲ့ လက်ခံအသွင်ပြောင်းသွားတာကို တွေ့ရပါတယ်။ ကေအဲန်ယူကနေ ခွဲထွက်ပြီး နအဖနဲ့ အပစ်ရပ်သွားတဲ့ ကရင်အဖွဲ့တွေထဲမှာလည်း လက်ခံသူတွေရော လက်မ ခံတဲ့သူတွေပါ ရှိနေတာကို တွေ့ရပါတယ်။ အပစ်ရပ်ထားတဲ့ ကရင်အဖွဲ့တွေထဲက အကြီးမားဆုံး အဖွဲ့တခုဖြစ်တဲ့ ဒီကေဘီအေ ရဲ့ ထိပ်တန်းခေါင်းဆောင်တချို့နဲ့ တပ်ဖွဲ့ဝင်အများအပြား နအဖရဲ့ နယ်ခြားစောင့်တပ်အသွင်ပြောင်းမှုကို လက်ခံသွားခဲ့သော် လည်း ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ တပ်မဟာ ၅ကတော့ အသွင်ပြောင်းတာကို ယနေ့ချိန်ထိ လက်မခံဘဲ ငြင်းဆန်နေလျှက် ရှိပါတယ်။

တကယ်တော့ ကရင်ထုတရပ်လုံးက ဒီကေဘီအေကို အမျိုးသားရေးအတွက် လမ်းကြောင်းမှန်ကို ပြန်လည်လျှောက် လှမ်းနိုင်ဖို့ မျှော်လင့်တကြီး ရှိခဲ့ကြပါတယ်။ န၀တ/နအဖနဲ့ အပစ်ရပ် သွားပြီးတဲ့နောက်ပိုင်း သူတို့တွေရဲ့ အလိုကျ မိုက်မဲခဲ့မှု တွေကြောင့် ကရင်ထုတစ်ရပ်လုံးက အော့နှလုံးနာ မုန်းတီးမှုကို ခံနေရလင့်ကစား ညီအစ်ကိုချင်းပီပီ ခွင့်လွှတ်ပေးနိုင်တဲ့စိတ်၊ နားလည်သည်းခံပေးနိုင်တဲ့စိတ်တွေ ရှိနေသေးတယ်ဆိုတာ ဗိုလ်နှုတ်ခမ်းမွေးရဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက် ထွက်ပေါ်လာအပြီး ကရင်ထုတစ်ရပ်လုံးရဲ့ တုန့်ပြန်မှုတွေက သက်သေပြလျှက်ရှိပါတယ်။

မတူညီမှုတွေကို အခြေခံပြီး ဖြစ်ပေါ်လာခဲ့တဲ့ အားနည်းချက်တွေကို အချိန်မှီ ပြုပြင် မပြောင်းလဲနိုင်ခဲ့တာကြောင့် အိမ် ပေါ်ကနေ ဆင်းသွားခဲ့ပြီး ပေါ်ပေါက်လာခဲ့တဲ့ ဒီကေဘီအေအဖွဲ့ဟာ အချိန်တန် အိမ်ပြန်လာရမှာဖြစ်သော်လည်း အပြင်လော ကမှာနေပြီး သူစိမ်းတွေရဲ့ အခွင့်အရေးတွေပေး မြောက်ထိုးပင့်ကော်မှုတွေကြောင့် အိမ်ကိုပြန်မလာနိုင်တော့တဲ့အပြင် ကိုယ့်ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ အိမ်က မိဘများကိုပင် သားဆိုးသမီးဆိုးများပီပီ ရန်မူလာရတဲ့ အဆင့်အထိ ရောက်လာခဲ့ရပါတယ်။ ဘယ်အဖွဲ့အစည်းမဆို အားနည်းချက်ကိုယ်စီ ရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကေအဲန်ယူကနေ ခွဲထွက်ပြီး ဒီကေဘီအေ ပေါ်ပေါက်လာခဲ့ရသော်လည်း ကရင်အမျိုးသား အလံတော်အောက်မှာ ရှိနေကာ ကရင်အမည်ခံ အဖွဲ့တခုဖြစ်ခဲ့တာကြောင့် အဆိုးထဲက အကောင်းတခုလို့လည်း ပြောလို့ရနိုင်ပါသေးတယ်။ ကရင်ချင်း ကရင်ချင်း ပြန်လည်တိုက်ခိုက်၊ ကရင်ပြည်သူ အများအပြား ဒုက္ခပင်လယ်ဝေနေရတဲ့ ဒီကေဘီအေ ပေါ်ပေါက်လာအပြီး ဖြစ်ပေါ်လာခဲ့ရတဲ့ ကြေကွဲဖွယ်ရာ အရာတွေရဲ့ တဖက်မှာလည်း အမျိုးသား စာပေ၊ ယဉ်ကျေးမှု၊ အနူပညာတွေကို အတိုင်းအတာတခုထိ ဖော်ဆောင်နိုင်မှုတွေနဲ့ အမျိုးသား အလံတော်ကို တိုင်ထိပ်မြင့်မြင့်မှာ လွှင့်တင်နိုင်ခဲ့တာတွေကြောင့် အဆိုးတွေ အများအပြားထဲက လက်ညိုးထိုးနိုင်စရာ အကောင်းလေးတွေလို့ ဆိုလို့ရနိုင်ပါတယ်။

အဆိုးနဲ့ အကောင်း ဘယ်ဟာပိုများ၊ ဘယ်ဟာ ပိုနည်းနေလဲဆိုတာကိုတော့ ပေတံနဲ့တိုင်းထွာ ချိန်ခွင်နဲ့ ချိန်ဆလို့ မရ နိုင်သော်လည်း အဆိုးဘက်လုပ်ခဲ့တာကိုတော့ အဆိုးပဲ သမိုင်းမှာ တွင်ကျန်နေမှာဖြစ်သလို အကောင်းဘက်လုပ်ခဲ့ရင်တော့ အကောင်းပဲ သမိုင်းထဲမှာ တွင်ကျန်ရစ်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယနေ့ နအဖရဲ့ နယ်ခြားစောင့်တပ်ကို လက်ခံ လိုက်ပြီးတဲ့ အချိန်မှာတော့ တမျိုးသားလုံး အထွတ်အမြတ်ထားတဲ့ အမျိုးသားအလံကိုပင် အသုံးပြုခွင့်မရတော့ဘဲ နအဖရဲ့ လက်အောက်ခံ တပ်တခုသာသာ ဖြစ်ခဲ့ရတာကတော့ ကရင်ထုတစ်ရပ်လုံး လိုလားတဲ့အရာတခု မဟုတ်သလို လက်ခံလို့ရနိုင် မယ့်အရာတခုလည်း မဟုတ်ပါဘူး။ ဒါတွေအားလုံးရဲ့ သမိုင်းတရားခံတွေကတော့ ခေါင်းဆောင်လုပ်တဲ့သူတွေမှာသာ ဖြစ်ပါ တယ်။ စည်းစိမ်ဥစ္စာတွေ တသက်စာ စားမကုန် သောက်မကုန်နိုင်တော့ဘဲ လောဘရမက်တွေတက်ပြီး ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုသလို မိမိရဲ့ အကျိုးစီးပွားအတွက်နဲ့ လက်အောက်ငယ်သားတွေကို နအဖရဲ့ လက်အောက်ထဲ သွတ် သွင်းလိုက်တာကတော့ ရာဇ၀င် ရိုင်းလွန်းလှပါပေတယ်။
သူတို့တွေအားလုံး ကိုယ့်အမျိုးသားကို မချစ်ကြတာတော့ မဟုတ်နိုင် ပါဘူး။ လူတိုင်းလူတိုင်း အနည်းနဲ့ အများ ကိုယ့်အမျိုးသားကို ကိုယ်ချစ်တဲ့စိတ်တော့ ရှိကြပါတယ်။ ဒါပေမယ့်လည်း အမျိုးကို အရမ်းချစ်ကြပါတယ်ဆိုတဲ့ ကရင်တွေ အချို့ဟာ မျိုးချစ်မျက်ကန်းတွေလို ဖြစ်လာကြပြီး နောက်ဆုံးတော့ ရန်သူရဲ့ လှည့်ကွက် ကို ခံနိုင်ရည်မရှိခဲ့ကြပါဘူး။ စည်းစိမ်ဥစ္စာ ပိုင်ဆိုင်မှုတွေကြောင့်လည်း အမျိုးသားရေးဟာ သူတို့အတွက် အရေးကြီးတဲ့အရာ မဖြစ်တော့ပါဘူး။ တလွဲဆံပင်ကောင်းစွာပဲ ရန်သူခိုင်းတဲ့အလုပ်ကို ဆက်လုပ်ပြီး သူတို့အကျိုးစီးပွားကို ဆက် ကာကွယ်အုံးမှာ ကတော့ မေးစရာတောင် လိုတော့မယ် မထင်ပါဘူး။

နွားကွဲရင် ကျားဆွဲမယ် ဆိုတဲ့ ရှေးလူကြီးတွေရဲ့ စကားပုံတခုရှိခဲ့ပါတယ်။ ကရင်အမျိုးသားတွေ စည်းလုံးညီညွှတ်မှု တွေ အားနည်းခဲ့တာကြောင့် အကွဲကွဲ အပြားပြား ဖြစ်ခဲ့ကြရပြီး အချို့က အမျိုးသားရေးပန်းတိုင်ကို လမ်းမှန်မှန်နဲ့ ဆက်လက် လျှောက်လှမ်းနိုင်ခဲ့ကြသော်လည်း အချို့ကတော့ လမ်းကြောင်းတွေပြောင်းကာ တပါးသူရဲ့ အရိပ်အာဝါသအောက်မှာ ရောက် ရှိခိုလှုံသွားခဲ့ရပါတယ်။ ကရင်တွေ ကွဲသွားခဲ့ရတာ ရန်သူတွေရဲ့ သပ်လျှိုထိုးခွဲမှုဆိုတဲ့ လက်နက်တခုနဲ့ ထိုးခွဲတယ်လို့ ဆိုလို့ရ သော်လည်း တဖက်မှာ ပြန်ကြည့်ရင်တော့ ကိုယ့်အပေါ်မှာလည်း အများကြီး မူတည်တာကို တွေ့ရပါတယ်။ ရန်သူဟာ ရန်သူ အလုပ်ကို တစိုက်မတ်မတ် လုပ်နေမှာ ဖြစ်သလို သူ့ကို အားပြိုင်အာခံနေသူမှန်သမျှကို အားအင်ချိနဲ့စေပြီး ပြိုကွဲပျက်စီးသွား အောင် လုပ်နေမှာတော့ သူ့အလုပ် သူ့တာဝန်တခု ဖြစ်ပါတယ်။ ကိုယ်ကသာ ခိုင်ခိုင်မာမာရှိမယ်ဆိုရင် ဘယ်ရန်သူရဲ့ သပ်လျှို ထိုးခွဲမှုကို ခံရမှာ မဟုတ်ပါဘူး။ ကိုယ့်မှာ အက်ကြောင်းရှိနေလို့သာ ရန်သူက လွယ်လွယ်ကူကူနဲ့ သပ်လျှိုထိုးခွဲနိုင်ခဲ့တာပါ။ ၀ါး ကွဲမှသာလျှင် ၀ါးထဲကို ရေ၀င်နိုင်သလို ၀ါးအကွဲမရှိဘဲ ရေဘယ်လိုမှ ၀ါးထဲကို မ၀င်နိုင်ပါဘူး။ ဒါတွေကို ပြောနေဆိုနေရတာက လည်း သင်ခန်းစာတွေ ယူတတ်နိုင်ဖို့နဲ့ အဖြေမှန်တခုကို ရရှိနိုင်ဖို့သာ ရည်ရွယ် ပြောဆိုရေးသားနေရတာ ဖြစ်ပါတယ်။ ချေးခြောက်ရေနူးနေတာလည်း မဟုတ်ပါဘူး။ အတိတ်သမိုင်းတွေက ယနေ့အချိန်အတွက် သင်ခန်းစာကောင်းတွေ အများကြီး ရနိုင်သလို အတိတ်ဟောင်းတုန်းကလို အက်ကြောင်းတွေဖြစ်မလာနိုင်အောင်လည်း အရင် သင်ခန်းစာကောင်းတွေကနေ ကြို တင်ဖာထေး ပြင်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့ပြင် ဖြစ်ပျက်ခဲ့တဲ့ ကရင်အချင်းချင်း ကွဲခဲ့ကြရတာတွေကို ပုဂ္ဂိုလ်တဦးတယောက် လူအစုအဖွဲ့တခုကို လက်ညိုးထိုး အပြစ်ပုံချတာထက် အပြုသဘောဆောင်ပြီး အမှန်ကို အမှန်တိုင်း တံခါးဖွင့်ပြီး အဖြေရှာတာက ပိုပြီး အကျိုးရှိပါတယ်။ ကိုယ့် မှာရှိတဲ့ အားနည်းချက်တွေကိုလည်း မှန်မှန်ကန်ကန် ဝေဖန်ထောက်ပြခြင်းဖြင့် ဆက်ဖြစ်ပေါ်လာနိုင်မယ့် အမျိုးသားထုအတွင်း အက်ကြောင်းတွေကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ အမှားကို မှားမှန်းသိလျှက်နဲ့ မဝေဖန်မထောက်ပြရင် အဆိပ်ပင် ရေလောင်းသလိုမျိုး ဖြစ်သွားနိုင်ပါတယ်။ အများနဲ့ စုဖွဲ့ထားတဲ့ ဘယ်အဖွဲ့အစည်းမဆို အားနည်းချက်ကိုယ်စီ ရှိနိုင်ပါတယ်။ အားနည်းချက်ရှိနေတဲ့ အဖွဲ့အစည်းတခုကို အမြဲတမ်း အားနည်းချက်တွေ ရှိနေနိုင်တယ်လို့ တရားသေ ယူဆလို့မရသလို လွယ်လွယ်နဲ့ ပျောက်သွားနိုင်ပါတယ် ဆိုတာကိုလည်း တထစ်ချ ယုံကြည်လိုက်လို့လည်း မရလို့ပါဘူး။ ကိုယ့်အမျိုးသားတွေကို တိုးတက်စေချင် စည်းလုံးစေချင်ရင် စည်းလုံးမှုကို ခိုင်မြဲစေမယ့် လုပ်ရပ်များကို ခုချိန်ကနေစပြီး ကရင်လူမျိုး တဦးစီတိုင်းမှာ ကျင့်ကြံဖို့ လိုအပ်ပါပြီး။ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ နေရာဒေသ၊ စာပေစတဲ့ ကွဲပြားမှုတွေကို အခြေခံပြီး ခွဲခြားကြတာထက် ကရင်ဆိုတဲ့ အမျိုးသားတခုကိုပဲ မြင်တတ်ဖို့ အရမ်း လိုအပ်နေပါတယ်။

သမိုင်းတလျှောက်လုံးမှာ ကရင်တွေ ကွဲပြားခဲ့တာတွေကိုပဲ မြင်ခဲ့ကြရသော်လည်း ပြန်လည်ပေါင်းစည်းနိုင်တဲ့အရာ တွေကတော့ ရှာမှရှားတဲ့ အရာတခုဖြစ်တာကို တွေ့ရပါတယ်။ နှစ်အတော်ကြာ အတူတူ တိုက်လာခဲ့ကြပြီးမှ ဘာသာရေးကို အ ခြေခံပြီး နအဖရဲ့ အသုံးတော်ခံ ဖြစ်သွားခဲ့တဲ့ ဒီကေဘီအေရဲ့ ၁၅နှစ် သက်တမ်းအတွင်းမှာလည်း မိခင်အဖွဲ့အစည်းနဲ့ ပြန်လည် ပေါင်းစည်းမယ့် အရိပ်အရောင်လေးပင် မတွေ့ခဲ့ရတာဟာ နအဖပဲ တော်လွန်းလို့လား ကိုယ်ကပဲ ညံ့လို့လားဆိုတာတော့ ခေါင်းရှိသူတိုင်း စဉ်းစားဆုံးဖြတ်ပေးနိုင်မယ့် အရာတခု ဖြစ်ပါတယ်။ အနှစ်နှစ်အလလ အသေအလဲ တိုက်ခိုက်ခဲ့ကြတဲ့ ရန်သူ တယောက်ကိုပင် မိတ်ဆွေဖြစ်အောင် နအဖက လုပ်နိုင်ခဲ့တာပဲ ကိုယ့်အမျိုးသားအချင်းချင်းက ဘာလို့ တဖန်ပြန်ပြီး ပေါင်း စည်းနိုင်အောင် ပြန်မလုပ်နိုင်ခဲ့ရတာပါလဲ။ ပြန်လည်ဆန်းစစ်ကြဖို့ လိုပါပြီ။ ဒါတွေကို လုပ်ဆောင်ဖို့က တဦးကောင်းတ ယောက်ကောင်းနဲ့ လုပ်လို့လည်း မရပါဘူး။ ကရင်အမျိုးသားတဦးတယောက်စီတိုင်းမှာ တာဝန်ရှိပါတယ်။

အနာရှိရင် ဆေးရှိရပါမယ်။ အဆိုပါအနာအတွက် ဆေးကို အချိန်မှီ ရှာနိုင်ရန်လည်း အလွန်ပဲ အရေးကြီးလှပါတယ်။ သို့မဟုတ်ပါက အနာဟာ ခန္ဓာကိုယ်တွင်း နေရာတော်တော်များများမှာ စိမ့်ဝင်လှိုက်စားလာပြီး အနာနဲ့ဆေး မတိုးနိုင်တော့မှာ ကို ရောက်လာနိုင်ကာ စိုးရိမ်ရမယ့် အခြေအနေကို ရောက်ရှိလာနိုင်ပါတယ်။ ယနေ့ကရင်အမျိုးသားတွေ ခံစားနေရတဲ့ အနာ ဟာလည်း အချိန်မှီ ကုလို့ရနိုင်တဲ့ အနာတခုဖြစ်တာကြောင့် ဒီအနာအတွက် တိုးနိုင်မယ့်ဆေးကို ရှာဖွေရန်မှာ ကရင်တမျိုးသား လုံးရဲ့ သမိုင်းပေးတာဝန်တရပ် ဖြစ်လာပါတယ်။ ဆေးရရှိနိုင်ဖို့ ရှာဖွေရာမှာလည်း အနာဖြစ်လာရတဲ့ အရင်းအမြစ်ကို သိရှိနိုင်ဖို့ လည်း လိုအပ်တာကြောင့် သေသေချာချာ ရှာဖွေလေ့လာပြီးမှသာလျှင် အနာပျောက်နိုင်မယ့် ဆေးကောင်းတခွက်ကို ရရှိလာ နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကရင်တမျိုးသားလုံးအနေဖြင့် ကွဲပြားနေတဲ့ နောက်ခံအကြောင်းအရင်းတွေဖြစ်တဲ့ ကိုးကွယ်ယုံ ကြည်မှု၊ စာပေ၊ ဘာသာစကား၊ နေရာဒေသ၊ ပုဂ္ဂိုလ်ရေး စတဲ့ အစွဲတွေကို ဘေးမှာ ခဏတာချထားပြီး တမျိုးသားလုံး ခံစားနေ ရတဲ့အနာကို ညီညီညွှတ်ညွှတ် စုပေါင်းရှာဖွေ ကုသကြမယ်ဆိုရင်ဖြင့် မဝေးသော လက်တကမ်းမှာ ကရင်တမျိုးသားလုံး လိုလားတောင့်တနေတဲ့ စည်းလုံးညီညွှတ်မှုကို ရရှိမယ်လို့ ယုံကြည်မိပါကြောင်း တင်ပြလိုက်ရပါတယ်။

ကရင်ကျေးရွာ အုပ်စုပေါင်း (၁၆၄) မဲပေးခွင့် ဆုံးရှုံး

ကောင်းဝါ သတင်းမှ.......

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တိုင်းရင်းသားဒေသများတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေ အနေ မရှိသည့် နယ်မြေအဖြစ် ဥပဒေပုဒ်မ၈ (စ) နှင့် ကျေညာ ထားသောကြောင့် ကရင်လူမျိုးများနေထိုင်ရာ ကျေးရွာ အုပ်စုပေါင်း (၁၆၄) အုပ်စု မဲဆန္ဒပေးခွင့် ဆုံးရှုံးမည်ဟု အစိုးရမှ ထုတ်ပြန်သော စာရင်းဇယားအရ သိရသည်။

ကရင်ပြည်နယ် (၇) မြို့နယ်လုံးတွင် ရှိသည့် ကျေးရွာအုပ်စု (၁၅၅) ရွာ၊ မွန်ပြည်နယ်(၂) မြို့နယ်မှ ကျေးရွာအုပ်စု (၉) အုပ်စု စုစုပေါင်း ကျေုရွာအုပ်စုပေါင်း (၁၆၄) မဲဆန္ဒပေးခွင့် မရှိသည့်အတွက် ကရင်ပြည်သူများအတွက် နစ်နာဆုံးရှုံးမှု ရှိနေသည်ဟု ကရင့်နိုင်ငံရေးပါတီ ဖလုံ စဝေါ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးစောခင်မောင်မြင့်က ပြောပါသည်။

ကရင်ပြည်နယ်အတွင်း ကရင်လူမျိုးတွေ အများစု နေထိုင်သော တချို့ကျေးရွာများကို စစ်အစိုးရမှ အမာခံ နယ်မြေအဖြစ် သတ်မှတ်ထားသော်လည်း မဲဆန္ဒပေးခွင့် မရှိတဲ့နယ်မြေအဖြစ် သတ်မှတ်ထားခြင်းမှာ သံသယ ဖြစ်မိသည်ဟု ဦးစောခင်မောင်မြင့်က အောက်ပါအတိုင်း ပြောဆိုခဲ့ပါသည်။

"ပြောရရင်တော့ လုံခြုံရေး အခြေအနေအရ တိုးတက်မှု သိပ်မရှိသေးဘူး သဘောကိုတော့ အဲဒီလိုမျိုး အဓိပ္ပါယ် သက်ရောက် တယ်လေ။ ကရင်ပြည်နယ်အတွင်းမှာဆိုရင် ဒီဖါးအံမြို့နယ် အနေအထားအရက ပယ်လိုက်တဲ့ ကျေးရွာအုပ်စု (၁၁) ခုကို ကြည့်မယ် ဆိုရင်ပေါ့လေ။ တချို့ကျေးရွာအုပ်စုတွေက အစိုးရ အထက်တန်းကျောင်းတောင် ဖွင့်လှစ်တယ်ဆိုတော့ မဲရုံ မဖွင့်လှစ်နိုင်ဘူး ဆိုတာ ကတော့ နဲနဲလေး စဉ်းစားစရာ ဖြစ်နေတယ်ခင်ဗျ။"

တချို့စစ်ရေး အကဲခတ်သူများ အမြင်အရ ကရင်ပြည်နယ်အတွင်း မြို့နယ်၊ ကျေးရွာအုပ်စုများတွင် ကေအာန်ယူ ခေါ် ကရင်အမျိုးသား အစည်းအရုံးချုပ် ဒေသတွင် လုံခြုံရေးအရ မဲဆန္ဒပေးခွင့် မရှိသော နယ်မြေအဖြစ် သတ်မှတ်ထားခြင်း ဖြစ်ကြောင်း ပြောဆိုသံများလည်း ရှိသည်။ ဒီဖြစ်စဉ်အပေါ် ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ဗိုလ်မှူး စောလှငွေကို မေးမြန်းသည့် အခါမှာ ယခုလို ပြောဆိုခဲ့ပါသည်။

"ကြံ့ဖွံ့တွေ မရပ်တည်နိုင်တဲ့ နေရာ သူတို့ကို မထောက်ခံဘဲ နေရာတွေ ရှိတယ်။ အပိုင် သူတို့ ပယ်လိုက်တာဘဲ။ သူတို့ ဖျက်လိုက်မယ် ဆိုလို့ရှိရင် ဆန့်ကျင်မဲတွေ သူတို့ မလိုလားတဲ့ ယှဉ်ပြိုင်ဘက်တွေ တခြားတွေ ပေးမဲ့မဲတွေ ဖြစ်သွားမယ် ဖြစ်တဲ့ အပိုင်သူတို့က လုံခြုံရေး အကြောင်းပြပြီး လုပ်လိုက်တာ။"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခြင်း မပြုသည့် နယ်မြေအဖြစ် ကန့်သန့်ပိတ်ပင် ထားတဲ့ အတွက် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ရှိ မြို့နယ် (၃၂) မြို့နယ် ကျေးရွာအုပ်စုပေါင်း (၃ဝဝ) ကျော် မဲပေးခွင့် ဆုံးရှူံးမည် ဖြစ်ပြီး မဲဆန္ဒပေးခွင့် ရှိသည့် နိုင်ငံသား နှစ်သန်းလောက် မဲပေးပိုင်ခွင့် ဆုံးရှုံးလိမ့်မည်ဟု ဖလုံစဝေါ် ဒီမိုကရက်တစ် ပါတီ ဥက္ကဌ ဖြစ်သူ ဦးစောခင်မောင်မြင့်မှ ပြောပါသည်။

စစ်တပ်၊ ရဲများနှင့် ဒီကေဘီအေ ပစ်ခတ်မှုဖြစ်လုနီးပါး တင်းမာမှုဖြစ်

/ 9/21/2010 11:59:00 PM / စက်တင်ဘာလ ၂၁ရက်။ ကေအိုင်စီ
မြ၀တီမြို့တွင် အမှတ်(၄)ရပ်ကွက်ရှိ ရဲစခန်းတွင် ယနေ့ညနေက ဒီကေဘီအေတပ်ဖွဲ့နှင့် ရဲ၊ စစ်တပ်များ ပစ်ခတ်မှု ဖြစ်လုနီးပါး အထိ အပြန်အလှန် တင်းမာမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယနေ့ညနေ ၅နာရီတွင် ဒီကေဘီအေ(၉၀၇)မှ ဗိုလ်ကျော်သက်နှင့် အဖွဲ့ဝင် ၂၀ခန့်သည် မြ၀တီရဲစခန်းကို လာရောက်ပြီး သိမ်း ဆည်းထားသည့် လိုင်စင်မဲ့ကားများကို ပြန်လည်ပေးရန် တောင်းဆိုရာမှ အခြေအနေမှာ တင်းမာမှုဖြစ်ပွားခဲ့ပြီး စစ်တပ်မှ အင် အားဖြည့်ကာ လာရောက်ဝိုင်းထားရာမှ တင်းမာမှု ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု မြ၀တီမြို့ခံတစ်ဦးက ယခုလို ပြောသည်။

“ဒီကေဘီအေ(၉၀၇) ဗိုလ်ကျော်သက်က ရဲစခန်းမှာ ရပ်ထားတဲ့ စစ်တပ်က သိမ်းထားတဲ့ကားတွေကို ပြန်ပေးဖို့ လာပြောတာ။ အဆင်မပြေဘဲ ပစ်မယ်ခတ်မယ်ဖြစ်တယ်။ ဗိုလ်ကျော်သက်က သူ့အဖွဲ့တွေကို ထပ်မှာတော့ သူတို့အင်အားက ၂၀ကျော်ဖြစ် သွားပြီး ရဲနဲ့ အင်အားမမျှဘူး ဖြစ်သွားတယ်။ အဲဒီမှာ တပ်မကလည်း စစ်သားတွေကို ဟိုင်းလက်စ်ကားနှစ်စီးနဲ့ စစ်သားတွေ ထပ်ရောက်လာတယ်လေ။ ဒါနဲ့ပဲ သူဝိုင်းကိုယ်ဝိုင်းဖြစ်ကုန်တာ။”ဟု မြို့ခံတစ်ဦးက ပြောသည်။

စက်တင်ဘာလ ၁၈ရက်နေ့ မြ၀တီ-ကော့ကရိတ် ကားတန်းအဆင်းတွင် အဖွဲ့စုံရှိသည့် တံတားကျိုးနေရာ၌ လိုင်စင်မဲ့ကားများ ကို စစ်တပ် ဗျူဟာမှ သိမ်းယူပြီး မြ၀တီမြို့ ဘုရင့်နောင်လမ်းမပေါ်ရှိ ရဲစခန်းတွင် ကားအစီး ၆၀ခန့် လာရောက်ထားရှိခဲ့သည်။

၎င်းကားများမှာ ဒီကေဘီအေ၊ ငြိမ်းချမ်းရေးကောင်စီ၊ ဟောင်သရောနှင့် နယ်ခြားစောင့်တပ်များက တာဝန်ယူကာ ယူဆင်းပေး ခဲ့ခြင်းဖြစ်ပြီး ယခုလို သိမ်းဆည်းမှုအပေါ် မကျေနပ်၍ လာရောက်ပြောဆိုတောင်းယူရာမှ တင်းမာမှုများ ဖြစ်ပွားခဲ့သည်။

ကားကုန်သည်တစ်ဦးက “တကယ်တော့ အဲဒီအသိမ်းခံရတဲ့ကားတွေက ကုန်သည်တွေရဲ့ကားတွေလည်း ပါတယ်။ အဖွဲ့အ စည်းတွေက တာဝန်ယူပြီး ကယ်ရီခနဲ့ ယူဆင်းပေးတာလေ။ အရင်ရက်တွေကတော့ ဂိတ်မှာပေးကမ်းပြီး ဆင်းသွားတာပဲ။ အရင်တပတ် ကားတန်းအဆင်းကျမှ စစ်တပ်က ဗျူဟာ အပါဝင် အဖွဲ့စုံထိုင်တဲ့ တံတားကျိုးဂိတ်နဲ့ အလယ်ဗိုလ်တဲတွေမှာဖမ်း ပြီး မြ၀တီ ရဲစခန်းမှာ ပြန်လာသိမ်းထားတာ။ အဓိကက ဗျူဟာပေါ့။ ဒီကေဘီအေက ဒါကို ပြန်လာတောင်းတာ။”ဟု ဆိုသည်။

ကိုယ်တိုင်မြင်တွေ့သူ မြို့ခံအမျိုးသမီးတစ်ဦးက “မိုးချုပ်တဲ့အထိ ရဲစခန်း ပတ်ပတ်လည်မှာ စစ်သားတွေအပြည့်ပဲ။ ရဲစခန်းက တော့ မှောင်နေတာပဲ။ ဘယ်သူမှလည်း အနားမသွားရဲဘူး။”ဟု ည ၈နာရီအချိန်က ကေအိုင်စီကို ပြောသည်။

သို့သော် ရောက်ရှိလာသည့် စစ်တပ်အင်အားမှာ များပြားသဖြင့် ဒီကေဘီအေတပ်ဖွဲ့ဝင်များမှာ ၎င်းတို့၏ကားများဖြင့် ည ၈နာ ရီကျော်တွင် ရဲစခန်းမှ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု သိရသည်။

KNU နှင့် စစ်အစိုးရတိုက်ပွဲ စစ်အစိုးရဖက်မှ လေးဦးသေ ခုနှစ်ဦး ဒဏ်ရာရ

Tuesday, 21 September 2010 01:29
ဇော်ကြီး။
စက်တင်ဘာလ ၂၀ ရက်၊ ၂၀၁၀ ခုနှစ်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်း စစ်အစိုးရတပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အစိုးရတပ်မှ လေးဦးသေ၍ ခုနှစ်ဦး ဒဏ်ရာရသည်။

KNU တပ်မဟာ(၇) လက်အောက်ခံ တပ်ရင်း (၂၁)နှင့် စစ်အစိုးရ၏ ခြေမြန်တပ်ရင်း ခမရ(၃၄၃)တို့ ယနေ့မွန်း တည့်ချိန်က ကဘားထ ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တပ်မဟာ(၇)ခရိုင်ဥက္ကဌ ဖဒိုစောအောင်မော် အေးက ယခုလိုပြောသည်။

“လေးယောက်ကျပြီး ခုနှစ်ယောက်ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ အထဲမှာတော့ တစ်ပွင့် တစ်ယောက် ပါတယ်ပေါ့နော်။ သေတဲ့အထဲမှာတော့ တပ်ကြပ်ကြီးတစ်ယောက်နဲ့ ဒုတပ်ကြပ် တစ်ယောက်ပါတယ်။”

လွန်ခဲ့သည့် ငါးရက်ခန့်က ဒေါနတောင်ခြေအနီးတွင် တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် စစ်အစိုးရတပ်မှ နယ် မြေရှင်းလင်းရေးလုပ်ဆောင်သည့်တပ်ဖွဲ့နှင့် ယခုလို ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။



“အဲဒီဒေါနတောင်ခြေမှာ ကျနော်တို့နဲ့တောင် တိုက်ပွဲတစ်ခါဖြစ်လိုက်သေးတယ်။သူတို့ဖက်က နယ်ခြား စောင့်တပ်ကတောင်မှ တစ်ယောက်ကျသွားသေးတယ်။ အဲဒီအဆက်နဲ့ သူတို့က ဆက်သွားနေတာပေါ့ နော်။ ဆက်သွားတော့ ကျနော်တို့ အဖွဲ့နဲ့ ထပ်တိုးလို့ ထပ်ဖြစ်သွားတာ။”

မနက်ဖြန်တွင် ကျရောက်မည့် နိုင်ငံတကာငြိမ်းချမ်းရေးနေ့တွင် KNU က စစ်အစိုးရနှင့် တစ်ရက်တာ ယာယီအ ပြစ်ခတ်ရပ်စဲရန် ကြေငြာချက် ထုတ်ပြန်တောင်းဆိုထားသော်လည်း ဒေသတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွား ခဲ့သည်။

တစ်ရက်တာ ယာယီအပစ်ခတ်ရပ်စဲရေးကို KNU ဖက်မှ တစ်ဖက်သတ်ပြုလုပ်ခြင်းသာဖြစ်ပြီး အကယ်၍ စစ် အစိုးရတပ်မှ စစ်ရေးအရလှုပ်ရှားလာပါက ပြန်လည်တိုက်ခိုက်သွားမည်ဟု ယခုလ(၁၅)ရက်နေ့က KNU ၏ ထုတ်ပြန်ကြေငြာချက်၌ ဖော်ပြထားသည်။

လတ်တလောအခြေအနေအရ ဒေသတွင်းစစ်အင်အားတိုးမြှင့်လာခြင်း မရှိသေးသော်လည်း လာမည့် အောက်တို ဘာလ (၇) ရက်နေ့တွင် စစ်အစိုးရက ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးများဆင်နွဲရန် သတင်းများထွက်ပေါ် နေကြောင်း ဖဒိုစောအောင်မော်အေးက ပြောသည်။

ယခုလ (၁၃) ရက်နေ့မှ(၁၅)ရက်နေ့အတွင်း မြ၀တီမြို့တောင်ဖက်ရှိ ဝေါ်လေဂွင်အတွင်း စစ်အစိုးရတပ်နှင့် KNU တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အစိုးရတပ်မှ ဗိုလ်မှူးတစ်ဦးအပါအ၀င် ရဲဘော်အများအပြား ကျဆုံးဒဏ်ရာရခဲ့သည်ဟု ကရင်သတင်းစဉ်သတင်းတစ်ရပ်၌ ဖော်ပြ ထားသည်။

Information

တရုတ်ပြည်သူ့သမ္မတ မြန်မာနိုင်ငံတော်

NDF Support Recommendation for Forming UN Commission of Inquiry


NDF St on UN COI-Eng -

Walk for Peace in Burma

Htay Maung Letter - 19 Sep 2010

Htay Maung Letter - 19 Sep 2010

Fighting erupts on Int’l Peace Day

September 22, 2010

.A proposed one-day ceasefire yesterday between the Burmese junta and Karen troops fell apart as fighting broke out some 30 kilometers from Burma’s border with Thailand.

Three Burmese troops died during the clash with the Karen National Liberation Army (KNLA), dashing hopes of a ceasefire to mark International Peace Day and a rare show of dignity amidst one of the world’s longest-running civil wars.

According to Saw Phaw Doh, commander of Battalion 101 in the KNLA’s Brigade 7, fighting began around 9am yesterday close to Kyaw Thalay Koh village in Karen state’s Hlaingbwe township. A second clash occurred near Mae Htaw Dalay village in Myawaddy township, resulting in the death of a KNLA solider, he said.

Yesterday was the latest in a string of attacks, with fighting having erupted on 18 and 19 September between the KNLA and a newly-formed Border Guard Force. The joint-secretary of the Karen National Union (KNU) – the political wing of the KNLA –Saw Hla Ngwe, said that casualties from both incidents are still unknown.

“We really wish we could discuss about the peace with the international community,” Saw Hla Ngwe told DVB. “There will be a good outcome if the Burmese government shows its goodwill, otherwise we will be forced to keep on defending our people and continuing our fight.”

The KNLA remains on of the few armed ethnics groups in Burma not to have signed a ceasefire pact with the Burmese military, which has ruled the country in various guises since 1962. The Karen army was formed shortly after British rule of Burma ended in 1948, spurred on by a pledge by the British to create an independent Karen homeland that failed to materialise.

Meanwhile, in nearby Myawaddy yesterday evening, around 30 troops from the pro-junta Democratic Karen Buddhist Army (DKBA) surrounded a police station and demanded the return of allegedly smuggled vehicles that were confiscated by police.

Troops from the Burmese army arrived at the scene and forced the DKBA to withdraw after 40 minutes, a source close to the Myawaddy police said.

“[The DKBA soldiers] thought they would get their vehicles back like the last time [they were confiscated],” said a local Myawaddy resident. “But this time, the army showed up and said they would be shot if they don’t leave so they fled.”

Myawaddy police besieged by DKBA troops

September 22, 2010

.Chiang Mai (Mizzima) – Tensions remain high tonight between a joint force of junta police and soldiers and a Democratic Karen Buddhist Army unit in Myawaddy after DKBA troops sought to repossess unregistered cars by laying siege to a police station on the Burmese side of the Thai border, witnesses said.

The station in ward four was cornered by 20 soldiers led by Kyaw Thet Oo of DKBA Battalion 907. The troops were seeking to force police into returning their cars seized for lacking licence plates. Junta troops arrived later and in turn besieged the DKBA troops until the latter group withdrew, a resident said.

“When the junta’s army launched a crackdown on illegal cars without licence plates, some cars owned by DKBA troops were among those seized … the DKBA troops became angered and besieged the police station,” Nan Phaw Gay, an editor of the Thai-Burmese border-based Karen Information Centre news agency, told Mizzima.

“Later, junta soldiers arrived at the scene,” Nan Phaw Gay said.

Some of the seized cars were owned by private citizens and some by members of ceasefire groups such as the DKBA. There were more than 40 cars at the station, a witness said.

ထိုင်းနိုင်ငံ လုံခြုံရေး ရဲကားကို ၀င်တိုက်သည့် ကားပေါ်မှ မြန်မာအလုပ်သမား (၁၀၀)ဖမ်းမိ

September 21, 2010
ယမန်နေ့ ညနေပိုင်းက မြန်မာရွှေ့ပြောင်း အလုပ်သမား (၁၀၀)ကို တင်ဆောင်ပြီး မောင်းနှင်လာသည့် ကားသည် ထိုင်းနိုင်ငံ၊ လုံခြုံရေး ကင်းလှည့်ကားအား ၀င်တိုက်ခဲ့ရာမှ မြန်မာအလုပ်သမားများ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
အလုပ်သမားမျာကို တင်ဆောင်လာသည့် ကားသည် ထိုင်းနိုင်ငံ၊ ချွန်ဖွန်မြို့နယ်၊ လန်စွန်းအနီး၊ အာရှအဝေးပြေး လမ်းမကြီး၏ မိုင်တိုင်အမှတ် (၄၁) အနီးရှိ စစ်ဆေးရေး ရဲကင်းမှ ရပ်နားခိုင်းစဉ် မရပ်ပေးဘဲ မောင်းပြေးရာမှ ကင်းလှည့်ကားအား ၀င်တိုက်ခဲ့ခြင်း ဖြစ်သည်။
ကားတိုက်မှုကြောင့် ကင်းလှည့်ကားမှာ ရစရာမရှိအောင် ပျက်စီးသွားခဲ့သည်ဟု ထိုင်းနိုင်ငံထုတ် ခုံချလစ် သတင်းစာတွင် ရေးသားဖော်ပြထားသည်။

VOB780KK

VOB780KK

ABMA Journal Volume 1 No 16

ABMA Journal Volume 1 No 16

PNLO Statement on International Day of Peace bur

PNLO Statement on International Day of Peace

Wednesday, September 22, 2010

ဒေါ်စုအတွက် အာရှလစ်ဘရယ် ဒီမိုကရေစီဆု

By မခင်ဖြူထွေး

အာရှနိုင်ငံတွေက လစ်ဘရယ်နဲ့ ဒီမိုကရက်များ ကောင်စီက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ရဲ့ ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ဂုဏ်ပြုချီးမြှင့်တဲ့ အခမ်းအနားတရပ်ကို မနေ့က ဗြိတိန်နိုင်ငံ လီဗာပူးမြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့ကစပြီး လီဗာပူးမြို့မှာ ကျင်းပနေတဲ့ ဗြိတိန် လစ်ဘရယ် ဒီမိုကရက်ပါတီရဲ့ ညီလာခံ နောက်ဆုံးနေ့မှာ သီးခြား အခမ်းအနားတရပ် ကျင်းပပြီး အခုလို ဂုဏ်ပြုပွဲကို လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စား ဆုလက်ခံယူခဲ့တဲ့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK အဖွဲ့က နိုင်ငံတကာ လုပ်ငန်းတာဝန်ခံ မဇိုယာဖန်းက ဒီဆုဟာ ဒေါ်အောင်ဆန်းစုကြည် အတွက်ရော မြန်မာနိုင်ငံသားတွေ အတွက်ပါ အကျိုးရှိတဲ့ ဆုတဆုလို့ ပြောပါတယ်။

“ဒီဆုက Council of Asian Liberals and Democrats အဖွဲ့ကြီးက ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဆု ပေးလိုက်ပါတယ်။ အဲဒါ တကယ့်ကို အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုးဆုဟာ ပထမဆုံးဆု ဖြစ်ပါတယ်။ ပြီးတော့ ဒါလည်း ဒေါ်စုက ရသွားတယ်ဆိုတော့ မြန်မာပြည်အတွက် အင်မတန် ကောင်းပါတယ်။

“နိုင်ငံတကာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်းကို လူတွေက ပိုသိလာမယ်၊ ပြီးတော့ အခု ဒီဆုကို ကြော်ငြာလုပ်တာကလည်း ဗြိတိန်နိုင်ငံ လီဗာပူးမြို့မှာ အခုလက်ရှိ လုပ်နေတဲ့ UK ရဲ့ လစ်ဘရယ် ဒီမိုကရက် အစည်းအဝေးကြီးမှာဆိုတော့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေလည်း မြန်မာပြည် အကြောင်းကို ပိုသိလာမယ်၊ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းကိုလည်း သူတို့ ပိုပြီးတော့ စိတ်ဝင်စားလာမယ်ပေါ့။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း ကောင်းတယ်၊ မြန်မာပြည် တခုလုံး အတွက်လည်း ကောင်းပါတယ်။”

ဆုပေးပွဲ မတိုင်ခင်မှာလည်း အာရှဒေသတွေက တက်ရောက်လာကြတဲ့ လစ်ဘရယ်နဲ့ ဒီမိုကရက် ကိုယ်စားလှယ်တွေ အကြား မြန်မာ့အရေး ဆွေးနွေးခဲ့ကြတာတွေ ရှိတယ်လို့လည်း မဇိုယာဖန်းက ပြောပြပါတယ်။

“ဒီဆုပေးပွဲ မတိုင်မီမှာတော့ ကိုယ်စားလှယ်တွေ ကြားထဲမှာ မြန်မာပြည်အကြောင်း ဆွေးနွေးတာ ရှိပါတယ်။ ဥပမာ အခုလက်ရှိ နိုင်ငံရေး အခြေအနေ၊ လူ့အခွင့်အရေး အခြေအနေ၊ ပြီးတော့ စစ်အာဏာရှင်တွေ လုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲက မြန်မာပြည်အတွက် ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးအတွက် ပြောင်းလဲမှုတွေ မရှိနိုင်ဘူး၊ အဲဒီလိုမျိုး ဆွေးနွေးတာမျိုး ရှိပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက် ချတာတော့ မရှိပါဘူး။

“ပြီးတော့ ဆုပေးပွဲ အခမ်းအနားထဲမှာ ဆိုရင် ဆုပေးတဲ့ CALD ရဲ့ ကိုယ်စားလှယ် လူကြီးကတော့ မြန်မာပြည်ကို ဒီ့ထက်ပိုပြီးတော့ ထောက်ပံ့ပေးနိုင်အောင်၊ ကူညီပေးနိုင်အောင် သူ့ဘက်ကနေ တတ်နိုင်သလောက် လုပ်ပေးမယ်၊ ပြီးတော့ တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ လှုပ်ရှားမှုတွေကို သူ အမြဲတမ်းပဲ Support လုပ်နေတယ်ပေါ့။ သူ့ရဲ့ပါတီလည်း မြန်မာပြည် အရေးအတွက်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေးအတွက် သူတို့ဘက်က တတ်နိုင်သလောက် ဆက်လက်ပြီးတော့ ကူညီမယ်လို့ ပြောပါတယ်။”

ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK ရဲ့ နိုင်ငံတကာ လုပ်ငန်းတာဝန်ခံ မဇိုယာဖန်း ပြောပြသွားတာ ဖြစ်ပါတယ်။

အခမ်းအနား တက်ရောက်လာကြတဲ့ ဒီမိုကရက်နဲ့ လစ်ဘရယ် ပါတီတွေက ကိုယ်စားလှယ်တွေ အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ကိစ္စတွေအတွက် အခုထက်ပိုပြီး ပံ့ပိုးကူညီမှုတွေ လုပ်သွားဖို့ ကြိုးစားသွားမယ့် အကြောင်း ပြောဆိုခဲ့ကြတယ်လို့လည်း မဇိုယာဖန်းက ပြောပြပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ လီဗာပူးမြို့မှာ ကျင်းပခဲ့တဲ့ ဗြိတိန် လစ်ဘရယ် ဒီမိုကရက်ပါတီ ညီလာခံ အတွင်းမှာ မြန်မာနိုင်ငံကိစ္စကို ထည့်သွင်း ဆွေးနွေးခဲ့ကြတာပါ။ မြန်မာစစ်အစိုးရ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိသလို ဒီရွေးကောက်ပွဲကနေ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ အတွက် လမ်းစ မမြင်ဘူးလို့ ဗြိတိသျှ အာဏာရပါတီ ညွန့်ပေါင်းအဖွဲ့ထဲက လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျရယ်မီ ရစ်ချာ့ဒ် ဘရောင်း (Jeremy Richard Browne) ကလည်း ပြောပါတယ်။

ဒါ့ကြောင့် စစ်အစိုးရ ပြုလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံသလို အတိုက်အခံတွေ ကြိုးစားနေကြတဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကိစ္စတွေမှာ ဘယ်လို ကူညီပေးရမလဲ ဆိုတာကိုလည်း လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ နိုင်ငံခြားရေးဝန်ကြီးက ကမ်းလှမ်းလိုက်တယ်လို့ ဒီညီလာခံကို တက်ရောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-လွတ်မြောက်နယ်မြေရဲ့ နိုင်ငံခြားရေး တာဝန်ခံ ဦးညိုအုန်းမြင့်က ပြောပြခဲ့ပါတယ်။

is Kio for Democratic War Against Evil Democracy of Junta

is Kio for Democratic War Against Evil Democracy of Junta
StatementBurma :Asian left parties condemn attacks on workers' rights

Video-story-of-Doo-pla-ya-districe



September 21, 2010

.မကြာခင် ဖြန့်ဝေတော့မည့် “သံလွင့်အားမာန် ရေစီးသံ” ဗီဒီယိုဇာတ်လမ်းခွေ ပိုစတာကြော်ငြာ


မကြာခင် ဖြန့်ဝေတော့မည့် “သံလွင့်အားမာန် ရေစီးသံ” ဗီဒီယိုဇာတ်လမ်းခွေ ပိုစတာကြော်ငြာ
ကရင်လူထုအပေါ် သမိုင်းအဆက်ဆက် အာဏာရှင် အဆက်ဆက်၏ မတရား ဖိနှိပ်ရက်စက်မှုကြောင့် ကရင့်တော်လှန်ရေးဖြစ်ပေါ်လာရခြင်းနှင့်အတူ နှစ်ပေါင်း (၆၀)ကျော်ကြာ တိုက်ပွဲဝင်နေသော ကရင့် တော်လှန်ရေးကို အခြေခံပြီး ဖြစ်ရပ်မှန် အထောက်အထားများနှင့် ကရင့်အမျိုးသား သွေးစည်းညီညွတ် ရေးကို ဦးတည်၍ တိုင်းရင်းသားပေါင်းစုံ ပါဝင်သရုပ်ဆောင်ကာ ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားသည်။

Tuesday, September 21, 2010

ဘယ်ဘဝကဝဋ်ကြွေးများလည်း.....

/ 9/21/2010 01:28:00 AM / Comments: (0)
အင်မတန်ကြေကွဲဖွယ်ကောင်းပြီး သနားစရာကောင်းတဲ့ ချစ်တဲ့ကရင်လူမျိုးတွေဆုတ်လဲဆူး စားလည်းရူးတဲ့ဘဝနဲ့ ဒီလိုရင်ဆိုင်နေရတာကို..ကြည့်မိ တော့တကယ့်ကို Heart ထိသွားတယ်ဗျာ....မိတ်ဆွေလည်းကြည့်ပြီးတော့ ခံစားကြည့်လိုက်ပါ.....









နအဖနှင့် ကေအဲန်ယူတိုက်ပွဲဖြစ် နအဖ ၁၁ဦး ထိခိုက်သေဆုံး

Monday, September 20, 2010

ဟိုတုန်းက DKBA နာမည်နဲ့ သေခဲ့ကြသည်။ ယခုတခါ BGF နာမည်နဲ့  စတင်သေကြပြန်ပြီ။ ကြိုက်တဲ့ နာမည်နဲ့ သေကြလို့ ရပါသည်၊ တာပေမယ့် ကိုယ့်အမျိုးသားအတွက် အကျိုးရှိလား မရှိဘူးလား ဆိုဒါ ထည့်တွက်ကြဖို့ တော့လိုပေမည် မိတ်ဆွေ။ ဗမာ့တပ်မတော်မှ စစ်ဗိုလ်တစ်ဦးက ပြောသွားပါသည်။ ယခုအချိန်မှာ "မင်းတို့  ကရင်အချင်းချင်း ပြန်သတ်ဖို့ နယ်ခြားစောင့်တပ်ဆိုတဲ့ လက်မရွံ့လူသတ်ဖို့ ကရင်သူရဲကောင်းအဖွဲ့ ကို ငှားပြီးပြီ။ မင်းတို အခြင်းခြင်းသာ ပြန်သတ်ကြပေတော့" တဲ့။ အခု BGF နာမည်နဲ့ စတင်သေတာ နမူနာပဲ ရှိပါသေးသည်။ ထပ်လာပါဦးမည် ရွေးကောက်ပွဲပြီးရင် သေခြာပါသည်။ အဲဒါ မကြာမီမျှော်ပဲ။ နယ်ခြားစောင့်တပ်လုပ်တဲ့ ရွှေကရင်တို့  ကိုယ့်ကိုယ်ကို ရှေးပြေးတိုက်ခွေးတွေ အဖြစ် ဆက်လက် အသုံးချခံနေအုံးမလား ဆိုဒါ စဉ်းစား။ အချိန် နည်းနည်းလေး အသင်တို့ အတွက် ရှိပါသေးသည်။

9/20/2010
KIC သတင်း

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၌ ယနေ့မနက်တွင် နအဖ စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော်(ကေအဲန်အယ်အေ)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်က ၄ဦးသေဆုံးပြီး ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇)က ကေအိုင်စီကို ပြောဆိုသည်။

ယနေ့မနက် ၁၀နာရီကျော်တွင် ကေအဲန်အယ်လ်အေ တပ်ရင်း ၂၁နှင့် နအဖ စကခ(၁၉) လက်အောက်ခံ တပ်ရင်း ခမရ(၃၄၃) တပ်ခွဲ(၂)တို့အကြား တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု ကေအဲန်အယ်လ်အေတပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက ယခုလို ပြောသည်။

၎င်းက “ဒီနေ့ ၁၀ကျော်ကျော်လောက်မှာ တပ်ရင်း ၂၁နဲ့ နအဖ ခမရ ၃၄၃တပ်ရင်း တပ်ခွဲ(၂)တို့ ကျော်တလေးခိုမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်တယ်။ နအဖဘက်က ၄ဦးသေတယ်။ ၇ဦးဒဏ်ရာရတယ်။ သေတဲ့အထဲမှာ တပ်ကြပ် ကြီး ၁ယောက်နဲ့ တပ်ကြပ် ၁ယောက် ပါတယ်၊ ဒဏ်ရာရတဲ့အထဲမှာ ဗိုလ် ၁ယောက်နဲ့ တပ်ကြပ်ကြီး ၁ယောက်ပါ တယ်၊ ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူး။”ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ရက်နေ့တွင် ပိုင်ကျုံမြို့နယ်၌ ဗိုလ်မှူးလိုက်သိမ့်ဦးစီးသော BGF (၁၀၁၉)တပ်ရင်း နှင့် ကေအဲန်အယ်လ်အေ တပ်ရင်း(၂၁)တို့ ထီးမိုခီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ BGF ဘက်က ၁ဦးကျဆုံးသလို စက် တင်ဘာလ ၁၈ရက်နေ့နှင့် ၁၉ရက်နေ့တွင်လည်း ဗိုလ်မှူးဝင်းလှိုင်ဦးစီးသည့် BGF (၁၀၁၅)တပ်ရင်းနှင့် ကေအဲန် အယ်လ်အေ တပ်ရင်း(၂၁) ပူးပေါင်းတပ်တို့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ရာ BGF ဘက်က ၁ဦးသေဆုံးပြီး ၁ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဗိုလ်မှူးစောအယ်ဆဲဆဲက ပြောသည်။

ယင်းသို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားမှုအပေါ် ကေအဲန်ယူတွဲဘက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “BGF တပ်ရင်း(၁၀၁၁)ကနေ (၁၀၂၃)အထိပေါင်းရင် သူတို့အင်အားတွေ အများကြီးရှိတယ်။ အဲဒီအင်အားတွေနဲ့ နအဖတချို့က နောက်ကနေ လိုက်တယ်။ ကေအဲန်ယူရဲ့ဂွင်ကို တိုက်ဖို့ဆိုပြီးတော့ သူတို့ပေါ်လစီရှိတယ်။ ဆိုလို တာက ဒီကေဘီအေကနေ ပြောင်းသွားတဲ့ BGF တွေကို ကိုင်လို့ဘယ်လောက်ရသလဲဆိုတာကို စမ်းသပ်ပြီးတော့ ကေအဲန်ယူနဲ့ တိုက်ဖို့ဆက်လက်ပြီး တွန်းအားပေးမယ့် လှုပ်ရှားမှုပဲ။”ဟု ပြောသည်။

ထို့အပြင် ထိုဒေသများတွင် ရွေးကောက်ပွဲမကျင်းပနိုင်တော့သည့် နယ်မြေများအဖြစ် ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားသောကြောင့် BGF တပ်ဖွဲ့ဝင်များကို ဆက်လက် ဖိအားပေးလာသည်နှင့်အမျှ ကေအဲန်ယူနယ်မြေ တွင် ရှေ့ဆက် တိုက်ပွဲများ ပိုဖြစ်လာနိုင်ကြောင်း ဗိုလ်မှူးစောလှငွေက ထပ်မံ ပြောသည်။

ကေအဲန်ယူနှင့် နအဖ၊ နယ်ခြားစောင့်(BGF)တပ်များ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေသည့်ကြားက လာမည့် စက် တင်ဘာလ ၂၁ရက်နေ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ကေအဲန်ယူမှ တရက်တာ တဖက်သတ် အပစ်အ ခတ် ရပ်စဲမည်ဟု ယခုလ ၁၅ရက်နေ့က ကြေညာချက်တစောင်ထုတ်ပြန်ခဲ့သည်။

လူ့ အခွင့်အရေးချိုးဖောက်မှုသတင်း

ညောင်လေးပင်ဒေ

၁၃.၉.၂၀၁၀ နေ့ တွင် ဗမာ့တပ်မတော် ခလရ(၄၈)မှ တပ်ရင်းမှုး တင်မိုးကျော်ဦးစီးတဲ့ အဖွဲ့ သည် မာလာတောရွာမှ ရွာသားများဖြစ်သော (၁)စောနိုင်ကျော်(ဥက္ကဌ)
(၂) စောမှန်ကြယ် (၃)စောကပေါ်ရေ (၄)စောရိုရှူး (၅)စောကျားဖိုး (၆)စောလွဲထူး (၇)စောတာပေါ (၈)စောလယ်ကျား တို့ ကိုအကြောင်း မဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ ထိုသို့ ဖမ်းဆီးခံခဲ့ရသူအထဲမှ စောလယ်ကျားသည် ထိုတစ်ညထဲမှာ ထွက်ပြေးလွတ် မြောက်ခဲ့ကြောင်းသိရှိရသည်။
ခလရ(၄၈)တပ် စတင်တာဝန်ယူချိန်မှစ၍ မာလာတောရွာ အောက်ဘက်ရှိ မြေပြန့် ဒေသ တခြားရွာများမှ ရွာသူရွာသားများအား မာလာတောသို့ သွားရောက် ရောင်း ဝယ်ဖောက်ကားခြင်းကို ပိတ်ပင်တားမြစ်သည့်အပြင် မာလာတောရွာသားများအားလည်း လယ်ယာလုပ်ငန်းခွင်များသို့ အစားအသောက် ရိက္ခာများ သယ်ယူခွင့်ကိုလည်း ပိတ်ပင်ထားပါသည်။
အဆိုပါစစ်အုပ်စု စတင်ရောက်ရှိလာချိန်မှစပြီး ထိုဒေသအနီးတဝိုက်ရှိ ရွာများမှ လူထုများကို နည်းမျိုးစုံဖြင့် အနိုင်ကျင့်ကြောင်း သတင်းရရှိသည်။
Boycott-Vol-4-Sep-19-2010

Monday, September 20, 2010

marvellous best music group team

လှည်းကူးအနီး ရွာသားများကို စစ်တပ်က ရိုက်နှက်

VOA သတင်းမှ........

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ မရမ်းချောင်းကျေးရွာအုပ်စုထဲက သုံးဆယ်ပေါက်ကျေးရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က တရွာလုံးက ကလေးသူကြီးမကျန်ကို စုဝေး ခိုင်းပြီး ရွာအနီးမှာ အခြေစိုက်တဲ့ အင်းတိုင်တပ်နယ်ထဲက အမှတ် (၆၀၅) အမြောက်တပ်က အရာရှိတွေက အရာရှိတွေနဲ့ စစ်သည်တွေက ရိုက်နှက်ထိုးကြိတ်တဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ ပါတယ်။ အဲဒီအထဲက အပြင်းထန်ဆုံး ရိုက်နှက် ကန်ကျောက် ထိုးကြိတ်ခံရသူ ဒေါ်ပိန်က လှည်းကူးဆေးရုံက ဘာမှ လုပ်မပေးသလို တိုင်ကြားထားတဲ့ ဖောင်ကြီးရဲစခန်းကလည်း ဘာမှ အရေးယူမပေးဘူးလို့ ဆိုပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းထားတဲ့ ဦးရော်နီညိမ်းက တင်ပြထားပါတယ်။

သြဂုတ်လ ၁ ရက်နေ့က သုံးဆယ်ပေါက် ကျေးရွာမှာ မွန်လေးလို့ အမည်ရှိတဲ့ ရွာခံလူငယ်တဦးဟာ အရပ်ဝတ် ၀တ်ထားတဲ့ ဗိုလ်ကြီး စစ်လင်းအောင် ဆိုသူနဲ့ ရွာထဲမှာ မတော်တဆ တိုက်မိကြရာက ထိုးကြိတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ပဲခူးမြို့က လမ်းပြကြယ် ဦးအေးမြင့် ဆီံကို လာရောက်တိုင်ကြားတဲ့ လှည်းကူးမြို့ခံက အခုလို ပြောပြပါတယ်။
“အဲဒီ (၆၀၅) တပ်က ဗိုလ်ကြီးစစ်လင်းအောင် ဆိုတဲ့ ပုဂ္ဂိုလ်က - ငါက ဗိုလ်ကြီးစစ်လင်းအောင် ကွ၊ ဗိုလ်ကြီးဆိုတာက မသိဘူးလား။ - ဆိုတော့ အရပ်ဝတ်နဲ့ဗျာ။ ဘယ်သိမှာလဲ။ အဲဒီ တော့ လူငယ် ၃ ယောက်ကို ပါးရိုက်၊ နားရင်းအုပ်၊ ဆောင့်ကန်၊ ရိုက်နှက် ထိုးကြိတ် ပြီးတော့ ပြန်သွားတယ်။”
မကြာခင်မှာပဲ အမတ (၆၀၅) တပ်က အဲဒီ ဗိုလ်ကြီးစစ်လင်းအောင်၊ တပ်ရေးဗိုလ်ကြီးအောင်ကျော်ဇင် နဲ့ တပ်မှူး ဗိုလ်မှူးဇော်ဇော် တို့ ဆိုင်ကယ်တွေနဲ့ ရောက်လာပြီး မွန်လေးရဲ့ အစ်မ ဖြစ်တဲ့ ဒေါ်ပိန်ရဲ့ အိမ်ပေါ် တက်ရှာကြပြီး မွန်လေးကို မတွေ့တာကြောင့် တအိမ်လုံးကို ရိုက်နှက်ဖျက်စီးနေကြစဉ်မှာပဲ အမတ(၆၀၅) တပ်က နောက်ထပ် စစ်သည် (၅၀) လောက် စစ် ထရပ်ကားကြီးနဲ့ ရွာထဲကို ထပ်ပြီး ရောက်ရှိ လာပါတယ်။ တပ်ရေးးဗိုလ်ကြီးအောင်ကျော်ဇင်က တားဆီးနေတဲ့ကြားကပဲ ရဲဘော်တွေက မပိန်ကို အကြောင်းမဲ့ ထိုးကြိတ် ရိုက်နှက်ရုံတင် မက ရင်ဘက်ကိုပါ သေနတ်တွေနဲ့ ဆောင့်ရိုက်သွားခဲ့တယ်လို့ လှည်းကူးမြို့ခံက ပြောပါတယ်။
ဒါ့အပြင် အိမ်ခြေ (၂၂ ) လုံးပဲရှိတဲ့ သုံးဆယ်ပေါက်ကျေးရွာက ကလေးလူကြီးတစ်ယောက်မကျန် ရွာလမ်းပေါ်မှာ စုဝေးတန်းစီခိုင်းပြီး အရာရှိတွေရှေ့မှာပဲ ရဲဘော်တွေက ရိုက်နှက်ထိုး ကြိတ်ကန်ကျောက်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အပြင်းထန်ဆုံး ရိုက်နှက်ခံခဲ့ရတဲ့ ဒေါ်ပိန်က ဖောင်ကြီး ရဲစခန်းမှာ သွားပြီး အမှုဖွင့်ပေမဲ့ ဘာမှ အရေးမယူပေးဘူးလို့ ဒေါ်ပိန်က ဗီအိုအေကို အခုလို ပြောပြပါတယ်။
“ရဲစခန်းက ဘာမှ မပြောလိုက်ဘူး။ တပ်နဲ့ဖြစ်တာ မလုပ်ပေးဘူး။ သူတို့ပြောတာက ဒီအမှုကို ဆက်ကိုင်မယ်ဆိုရင်တဲ့ ငွေထုပ်ပိုက်ထားပါ လို့ ပြောလို့။ စစ်တပ်နဲ့ဆိုရင် မလုပ်ပေးရဲဘူး လို့ ပြောတယ်။ တခြား တိုင်လည်း ဘယ်သူမှ လက်မခံဘူး။ အဲဒါကြောင့် ဦးအေးမြင့်ဆီ လာတာ။”
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဗီအိုအေ ၀ိုင်းတော်သား ကိုသားညွှန့်ဦးကလည်း ဖောင်ကြီးရဲစခန်းကို အခုလို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
“အမိန့်ရှိပါခင်ဗျာ။ ဖောင်ကြီး ရဲစခန်းကပါ။”
ကျနော် တခုမေးချင်လို့။ ပြီးခဲ့တဲ့လက မရမ်းကုန်းကျေးရွာက မပိန် တပ်က အရိုက်ခံရတဲ့ကိစ္စ ဘာများထူးသေးလဲခင်ဗျ။ -
“အဲဒါဆိုရင် အစ်ကို၊ ကျနော် စခန်းမှူးကို သတင်းပို့ကြည့်ပါဦးမယ်ခင်ဗျ။ ခဏနေရင် ပြန်ဆက်လိုက်ပါလား။”
အဲဒီအမှုကိစ္စက ဘာများရှိသေးလဲခင်ဗျ။ -
“အဲဒါကတော့ ကျနော်တို့ သေချာမသိဘူး။”
သူက တိုင်ထားတာက ရဲစခန်းက လက်မခံဘူးကြားလို့ပါ။ -
“အဲဒီလိုတော့ မဟုတ်ပါဘူး အစ်ကို။”
ဒါဆို ဘယ်လိုမျိုးလဲခင်ဗျ။ အမှုက လက်ခံထားတဲ့သဘောလား။ -
“ဟုတ်တယ်။ ဟုတ်တယ်။”
အမှုဖွင့်ထားတဲ့သဘောလား။ -
“ဟုတ်တယ်။ ဟုတ်ပါတယ်။”
အရေးယူတာတွေ ဘာတွေရော ရှိလားခင်ဗျ။ -
“ရှိပါတယ်။”
ဘယ်လို အရေးယူထားလဲ။ -
“ကျနော်တော့ သေချာမသိဘူး။ တကယ်လို့ အစ်ကိုတို့ သေချာသိချင်ရင်တော့ ကျနော်တို့ စခန်းက တကယ့် တာဝန်ရှိတဲ့သူနဲ့ အစ်ကိုတို့ မျက်နှာချင်းဆိုင် တွေ့ပြီးတော့ မေးတာက ပိုပြီးတော့ သိနိုင်ပါတယ်။”
ဒဏ်ရာတွေ ပြင်းထန်နေတဲ့ ဒေါ်ပိန်ဟာ ဖောင်ကြီးရဲစခန်းမှာ သတိလစ်သွားခဲ့တာကြောင့် ဖောင်ကြီးရဲစခန်းက လှည်းကူးဆေးရုံကို လိုက်ပို့ပေမဲ့ စစ်တပ်ရဲ့ ရိုက်နှက်ခံရမှု ဖြစ်တာ ကြောင့် ဆေးရုံက ဘာမှမလုပ်ပေးဘဲ ဆေးနှစ်ပြားပဲ ပေးပြီး ပြန်လွှတ်လိုက်တယ်လို့ လှည်းကူးမြို့ခံက ပြောပါတယ်။ ဘာကြောင့် ဒီလို ဖြစ်ပျက်ပြီး တစ်လလောက် ကြာတော့မှ အခု လို လမ်းပြကြယ် ဦးအေးမြင့်ထံကို လာရောက်တိုင်ကြားရသလဲ ဆိုတာနဲ့ပတ်သက်ပြီး လှည်းကူးမြို့ခံက အခုလို ပြောပါတယ်။
“ကျနော်တို့က တစ်လ ကျော်ကျော်လောက်ကာလ အတွင်းမှာ ဘာကြောင့် အခုလို နောက်ကျပြီးတော့ ပြောရသလဲဆိုတာက တရားဥပဒေ အရ အမှုဖွင့်တယ်ဗျာ။ ဒီနေ့အချိန်အထိ ဘာမှဖြစ်မလာဘူးဆိုတော့ ကျနော်တို့က ဘယ်သူ့ကို အားကိုးရတော့မှာလဲ။ ကျနော်တို့က အရိုက်လည်း ခံရတယ်။ စစ်သားဆိုလို့ရှိရင် ဘောင်းဘီဝတ်ရင် ကြောက်ရမယ့်သဘောကို ရောက်နေတယ်ဗျ။ စစ်တပ်လုပ်သမျှ ခံရမယ် ဆိုတဲ့ သဘောကို မခံနိုင်လို့ နောက်ဘိတ်ဆုံး ကူညီရာမဲ့တဲ့အတွက် လမ်းပြကြယ်ဦးအေးမြင့်ကတဆင့် အားလုံးသိအောင် လာပြီး ရင်ဖွင့် ပြတာပါ။”
အခုလ စက်တင်ဘာလမှာလည်း ပဲခူးမြို့ပေါ်မှာ စစ်တပ်က အရာရှိနဲ့ စစ်သည်တွေ လာရောက် ပစ်ခတ် သတ်ဖြတ်ခဲ့လို့ လူငယ် ၂ ဦး သေဆုံးခဲ့ရမှုလည်း ဖြစ်ပွားခဲ့ပါတယ်။


Read More...

မြန်မာ့ပြည်တွင်းရေး တရုတ် ၀င်စွက်ဖက်သည်ဟု NCUB သဘောထားထုတ်ပြန်

စက်တင်ဘာလ ၁၈ရက်။ စောခါးစူးညား (ကေအိုင်စီ)

တရုတ်နိုင်ငံက သူတပါးပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရန် နိုင်ငံတကာသို့ ဆယ်စုနှစ်
ကျော် တောင်းဆိုထားခဲ့သော် လည်း ၎င်းကိုယ်၌ကမူ မြန်မာပြည်တွင်းရေးကို စွက်ဖက်နေ
သည်ဟု ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB)က ယမန်နေ့တွင် သဘော
ထားကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။


NUCB ဥက္ကဌ စောဒေးဗစ်သကဘောက “မြန်မာစစ်အစိုးရက မတရားအာဏာချုပ်ကိုင်ထား
တာ၊ လူ့အခွင့်အရေးချိုးဖောက် တာတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ နိုင်ငံတကာက
အရေးယူမယ်လုပ်တိုင်း တရုတ်က အမြဲ ဗစ်တိုအာဏာသုံးတယ်။ အခုလည်း သူပြောနေတာ
က နအဖလုပ်နေတဲ့ ရွေးကောက်ပွဲဟာ ပြည်တွင်းရေးကိစ္စဖြစ်တယ်။ ဘယ်သူမှ ၀င်မစွက်ဖို့။
ဒါပေမဲ့ ဒီလိုမျိုး နအဖကို အကာအကွယ်ပေးတာလည်း ပြည်တွင်းရေးကို ၀င်စွက်တာပဲပေါ့။”
ဟု ကေအိုင်စီကို ပြောသည်။

မြန်မာနယ်စပ်တလျှောက်ရှိ တိုင်းရင်းသားများသည် နအဖ အတုအယောင် ရွေးကောက်ပွဲကို
မဲဆန္ဒပေးခြင်း၊ မပေးခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင်အခွင့်အရေးဖြစ်ပြီး ယင်းအခွင့်အရေးအပေါ်
တရုတ်အစိုးရက သွယ်ဝိုက်သောနည်းဖြင့် ဖိအားပေးနေသည် ဟုလည်း သူက ယခုလို
ဆက်ပြောသည်။

“သူတို့(တရုတ်)က နအဖ လုပ်တဲ့ရွေးကောက်ပွဲကို မဖျက်ဖို့။ နောက်တခု လက်ခံနိုင်ရင်
ကောင်းတာတို့ ပြောတဲ့ဟာတွေက သွယ်ဝိုက်ပြီး ဖိအားပေးတာနဲ့ တူတူပဲ။ ကျနော်တို့ အခု
ကြေညာချက်ထုတ်ရတာလည်း တရုတ်ရဲ့လုပ်ရပ်ကို ဒီမိုကရေစီ လို လားတဲ့နိုင်ငံတွေကို
သိပြီး တရုတ်ကို ကန့်ကွက်ဖို့ပဲ။”ဟု ၎င်းက ဆိုသည်။

နအဖ စစ်အုပ်စုသည် အတိုက်အခံအင်အားစုများနှင့် တိုင်းရင်းသားများကို မြန်မာ့နိုင်ငံရေးတွင်
ပါဝင်ခွင့် မရရှိစေရန် ရည်ရွယ် ချက်ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် အခြားနိုင်
ငံရေးပါတီများ ဖျက်သိမ်းလိုက်ခြင်းသည် မြန်မာပြည်အတွက် တည်ငြိမ်ခြင်းနှင့် ငြိမ်းချမ်းရေးကို
ဖြစ်ပေါ်စေမည်မဟုတ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်း၏ စိုးရိမ်မှုကို တရုတ်
နိုင်ငံအနေဖြင့် အလေးထားရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်အစိုးရ၏ မြန်မာ့ပြည်တွင်းရေးကို ၀င်စွက်ဖက်၍ တိုင်းပြည်အတွက် မလိုအပ်သော လက်
နက်များကို စစ်အုပ်စုအား ရောင်းချပေးနေခြင်း၊ မြန်မာ့သဘာဝ သယံဇာတများနှင့် မြေယာများ
ကို ချုပ်ကိုင်နေခြင်းကို ဆန့်ကျင်ဆန္ဒပြကြရန် NCUB က မြန်မာပြည်သူလူထုတရပ်လုံးကို တိုက်
တွန်းထားသည်။

၎င်းအပြင် တရုတ်နိုင်ငံနှင့် ခေါင်းဆောင်များအနေဖြင့် နအဖ စစ်အုပ်စုအား စစ်ရေးအရ ကူညီ
ပေးမှုကို လုံးဝ ရပ်တန့်ပေးရန်၊ တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသား အင်အားစုများအား နည်း
မျိုးစုံဖြင့် ဖိအားပေး ခြိမ်းခြောက်နေခြင်းများကို အဆုံးသတ် ရန်၊ မြန်မာနိုင်ငံသားများ၏ အသက်
အိုးအိမ်စည်းစိမ်များကို ထိခိုက်စေမည့် သဘာဝသယံဇာတနှင့် မြေယာများဝယ်ယူနေခြင်း ကို ရပ်
တန့်ရန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အဓိက မူဝါဒဖြစ်သည့် ဒေသတွင်းတည်ငြိမ်ရေး၊ ငြိမ်း
ချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးကို အလေးထားသောအားဖြင့် စစ်အုပ်စုအား နျူကလီးယားနည်း
ပညာများ မိတ်ဆက်ပေးနေခြင်းကိုလည်း လုံးဝ ရပ် တန့်ပေးရန်လည်း တောင်းဆိုလိုက်သည်။

ထို့အပြင် NUCB က နအဖ စစ်အစိုးရကို အကျိုးပြုပြီး တရားမှုတမှု မရှိသည့် ၂၀၁၀ ရွေးကောက်
ပွဲကို အသိအမှတ်မပြုဘဲ ဆန့် ကျင်နေကြသည့် ပြည်သူများနှင့်အတူ အခိုင်အမာရပ်တည်ပေးရန်
ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် အာစီယံနိုင်ငံများအား လုံးသို့ တောင်းဆိုကြောင်းလည်း
ပြောဆိုထားသည်။

NCUB ကို ၁၉၉၂ခုနှစ်၊ စက်တင်ဘာလ ၂၂ရက်နေ့၌ မာနယ်ပလောတွင် စတင်ဖွဲ့စည်းခဲ့ခြင်း
ဖြစ်ပြီး အတိုက်အခံ မြန်မာ့ဒီမို ကရေစီအင်အားစုနှင့် ကရင်၊ ချင်း၊ ပအိုဝ်း၊ ပလောင်၊ မွန်၊
ရခိုင်၊ လားဟူနှင့် ‘၀’ စသည့်တိုင်းရင်းသားအဖွဲ့များ ပါဝင်သည်။

၂၀၁၀-ခု၊ နအဖ စစ်အုပ်စု ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို မပျက် ပျက်အောင် လုပ်မည်မဟုတ်၊ နအဖ စစ်အစိုးရ ယန္တယားတစ်ခုလုံးကို ဖျက်ဆီးအောင် ပြုလုပ်မည်။

အီးမေးမှတဆင့် လက်ခံရရှိသော ဆောင်းပါးတပုဒ်ကို တင်ပြပေးလိုက်ပါတယ်။

မန်းမိုးမာန်

၂၀၁၀-ခု၊ နိုဝင်္ဘာလ (၇)ရက်နေ့မှာ နအဖ စစ်အုပ်စု ရွေးကောက်ပွဲကို ကျင်းပဖို့ ကြေညာ လိုက်တယ်။ တွက်ချက်သလောက် တွက်ခြေမကိုက်ဘူးဖြစ်နေတယ်။ တိုင်းရင်းသား အရေးမှာရော၊ ပြည်တွင်းမှာ ရှိနေတဲ့ နိုင်ငံရေးပါတီတွေမှာရော ကိုယ်ဖြစ်ချင်သလို မဖြစ်လာ တော့ ကန့်သတ် ဥပဒေ တမျိုးပြီး တမျိုး ထုတ်ပြန်နေရတယ်။ တိုင်းရင်းသားတွေမှာ နယ်ကြား စောင့်တပ် လုပ်တာလဲ အဆင်မပြေ။ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ခိုင်းတဲ့ နိုင်ငံရေး ပါတီတွေကလဲ သိပ်မရှိဘူး၊ ဒါပေမဲ့ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မဲ့ နိုင်ငံရေးပါတီ မရှိလေ၊ နအဖ စစ်အစိုးရအတွက် ပိုကောင်းလေပါဘဲ။ ခက်တာက တိုင်းရင်းသားအရေးမှာ နယ်ခြားစောင့်တပ် ဖွဲ့တာ တချို့လောက်ဘဲ အဆင်ပြေတယ်၊ တချို့ကျတော့ အဆင်မပြေဘဲ အန္တရာယ်ဖြစ်လာနိုင်တယ်။

ဆိုတော့ - အတိုက်အခံ အင်အားစုအချို့ကတော့ သတင်း မီဒီယာအမျိုးမျိုး ပြောနေကြတယ်၊ ပြည်သူလူထုတွေကို မဲမထည့်ဖို၊ မဲရုံကို မသွားကြဖို့ စည်းရုံးပြောနေကြတယ်။ အဲသလို စည်းရုံး ပြောနေကြချိန်မှာတော့ နအဖ စစ်အုပ်စုကတော့ ကြံ့ဖွတ် အဖွဲ့ကို နိုင်ငံရေးပါတီ အသွင်ပြောင်း လုပ်လိုက်တယ်၊ မဲထည့်မဲ့ ပြည်သူလူထုတွေ၊ ၀န်ထမ်းတွေ၊ ကြံ့ဖွတ် အဖွဲ့ဝင်တွေမဲထည့်ဖို့ အသက်ပြည့်တဲ့ သူတွေကို စာရင်းနဲ့ ပြုစုပြီး ထည့်ပြီးသား မဲတွေ အများကြီးရနေပြီ။ ရေတွက်ပြီးသား ဖြစ်နေတာ နအဖ စစ်အုပ်စု ယုတ်မာတာ ခုထိ မသိသေးဘူးထင်တယ်နော်။

ကျနော် တစ်ယောက်ထဲ လုပ်ချင်တာကတော့ - ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေ အတင်းအကြပ် ထောက်ခံခိုင်းတဲအချိန်၊ ကံဆိုးလို့ နာကစ်မုန်းတိုင်းဒါဏ်ကို ပြည်သူတွေ ခံနေရတယ်၊ အဲဒါကို အကြောင်းပြုပြီး ရွေးကောက်ပွဲလုပ်ဖို့ ကြံ့ဖွတ်ကို နိုင်ငံရေးပါတီ အသွင်ပြောင်းလိုက်တယ်၊ အရပ်သားအစိုးရ (အယောင်ဆောင်)ကို လုပ်ပြီး ကမ္ဘာသိ၊ တိုင်းပြည်သိ ကြေညာလိုက်မယ်။ ရွေးကောက်ပွဲ နေ့ရက် သတ်မှတ်လိုက်ပေမဲ့ ရွေးကောက်ပွဲလုပ်ဖို့ ဖျက်ဆီးမဲ့ အဖွဲ့အစည်းတွေ ကို ကာကွယ်ထားလိုက်တယ်။
ရွေးကောက်ပွဲ သတ်မှတ်နေ့ရက်ရောက်ရင် - ကြံ့ဖွတ်အဖွဲ့ဝင်၊ စစ်သား၊ မီးသတ်၊ စွမ်းအားရှင်၊ ကြက်ခြေနီ စတဲ့ ၀န်းထမ်းများတို့ကို မဲရုံကို သွားဖို့ စီစဉ်လိုက်ပြီး မဲရေတွက်မယ်၊ အရင် ၁၉၉၀-ခု ရွေးကောက်ပွဲတုန်းက (၈၂ ရာခိုင်နှုန်းကျော်) မဲနိုင်တဲ့ အဲန်အယ်လ်ဒီ ပါတီထက် (၉၅ ရာခိုင်နှုန်းမက ရာခိုင်နှုန်းအပြည့် ကြံ့ဖွတ်ပါတီ မဲ အနိုင်ရအောင် လုပ်ပြီး အရပ်သား အစိုးရ ဖွဲ့လိုက်ရုံဘဲ။ အရပ်သားအစိုးရ အဖွဲ့ကိုလဲ ပြင်ဆင်ထားပြီးသားဖြစ်တယ်။ ထပြီး ကြေညာလိုက်ရုံပါဘဲ။

နအဖ စစ်အုပ်စု ကျင်းပ ပြုလုပ်မဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်လို့ ရွေးကောက်ပွဲမ၀င်တဲ့သူတွေ၊ အနီး အဝေး အတိုက်အခံအင်အားစုတွေက ပြည်သူလူထုတို့ကို မဲမထည့်နဲ့လို့ ပြောစရာ မလိုတော့ဘူးထင်တယ်။ ပြည်သူလူထုတွေက ခံစားလာရတာ အာဏာရှင်အဆက်ဆက်ပါဘဲ နိုင်ငံရေး သင်တန်းတွေ ပေးစရာမလိုတော့ဘူးထင်တယ်။ ကိုယ်က နိုင်ငံရေးသမား၊ တိုင်းပြည်အပေါ် ချစ်တယ်၊ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးကို လုပ်ချင်တဲ့ စိတ်ရင်း စေတနာ အမှန်တကယ်ရှိမယ်ဆိုရင် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပါ၊ ပံ့ပိုးပေးပါ။ လေသေနတ်ကြီးဘဲ ပစ်မနေပါနဲ့။ တချို့နေရာတွေမှာ တတ်သိရင်တော့ ဦးဆောင် လှုပ်ရှား ပေးပါ။ လမ်းညွန်ပေးပါ။ နအဖ စစ်အုပ်စုက ပြင်ဆင်ထားပြီးသားဖြစ်တယ်- အဲဒါ ကြောင့် နအဖ စစ်အုပ်စု ကျင်းပပြုလုပ်မဲ့ ရွေးကောက် ပွဲနေ့ရက်မှာ မဲ ရုံတွေ၊ နအဖ စစ်အုပ်စု ယန္တယားတွေ၊ စစ်အစိုးရ အဆောက်အဦးတွေ၊ အထူးသဖြင့် နအဖ စစ်ဗိုလ်ချုပ် တိမ်းရှောင် နေတဲ့ နေပြည်တော်လို့ ခေါ်တဲ့ ပျဉ်းမနားတွေမှာ ပြည်သူလူထုတို့ကို အန္တရာယ်ကင်းပြီး၊ ထိခိုက်မှုမရှိအောင် လောင်စာဆီပုံးများ၊ ဖေါက်ကွဲ တတ်တဲ့ ဂက်စ်အိုးများနဲ့ အခြားသော ပစ္စည်းများတို့ကို နအဖ စစ်အုပ်စု ယန္တယား အောက်ခြေက မသိအောင် ကြိုတင် ပြင်ဆင် ထားမယ်၊ အမှန်တကယ် မိုင်း၊ ဗုံးများ ရှိသူတွေ ကလဲ ပြင်ဆင်ထားမယ် ချိန်ကိုက်ချိန်ကို နိုဝင်္ဘာ (၇)ရက်နေ့မှာ မြို့နယ် တခုခုက အသံတခုလောက် ကြားပြီဆိုရင် ကျန်တဲ့ သူတွေက အန္တရာယ်ကင်းကင်းနဲ့ ချထည့် လိုက်ရုံပါဘဲ။ အဲသလို လုပ်လိုက်ရင် နအဖ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကိစ္စကြီးက အလိုလို ကိစ္စပြီးသွားမှာ ဖြစ်ပါတယ်။ အဲသလို ဖြစ်နေရင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကလဲ ငြိမ်ငြိမ် မနေတော့ပါဘူး၊ မြို့အနီးအနားမှာ ရောက်ရှိလာမှာဖြစ်ပါတယ်။ အဲဒီအချိန်ကျရင် နအဖ စစ်ဗိုလ်ချုပ်ကြီးတွေကတော့ သွေးရှူး သွေးတန်းဖြစ်ပြီး တိုင်းချစ် ပြည်ချစ် အရာရှိ၊ အရာခံ အကြပ်တပ်သားများတို့ကလဲ မအောက်အီးနိုင်တော့ဘဲ အလိုလိုနဲ့ ပြည်သူလူထုတို့ကို အကာအကွယ်ပေးလာမယ်၊ ရက်စက် ယုတ်မာပြီး သက်ဆိုးရှည်နေတဲ့ စစ်ဗိုလ်ချုပ် တစ်စုတို့ကိုတော့ သေနတ်ပြောင်းဝ က နောက်ပြန်လှည့်လာတဲ့ အလှည့် ရောက်ရှိ လာမှာ ဖြစ်ပါတယ်။ အဲသလို သတ္တိ ရှိရှိ လုပ်နိုင်တဲ့ ပြည်သူတွေကတော့ သမိုင်းပေး သူရဲကောင်းကြီးများအဖြစ် ဂုဏ်ပြုခြင်းကို ထိုက်ထိုက် တန်တန် ခံစားရမှာဖြစ်ပါတယ်။ ။

မန်းမိုးမာန် (14-9-2010)

Sunday, September 19, 2010

ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ဆန္ဒပြပွဲ အခမ်းအနား
















စစ်အာဏာရှင်စနစ်ကို တရားဝင် အသက်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင် ချီတက်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံရောက် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) 2010 Election Boycott Committee( Japan )မှ ဦးစီးကျင်းပပြုလုပ်ခဲ့ပါသည်။
လာမည့်(၇-၁၁-၂၀၁၀)နေ့ရက်တွင် နအဖစစ်အာဏာရှင်တို့က စစ်အာဏာရှင်စနစ် ကို တရားဝင် အသက်သွင်းမည့် ရွေးကောက်ပွဲသည် ပြည်သူလူထု တရပ်လုံးကို စစ်ကျွန်ပြုမည့် တရားမျှတမူမရှိသည့် အတုအယောင်၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသားများ တို့မှ လက်မခံသည့် အကြောင်းကို ဂျပန်နိုင်ငံသူနိုင်ငံသားများ ပိုမိုသိရှိလာစေရန် ရည်ရွယ်၍ Global Action Campaign ချီတက်ဆန္ဒပြပွဲကို ကျင်းပပြုလုပ်ရခြင်းကြောင်း သိရှိရပါသည်။
တိုကျိုမြို့ Ebitsu ပန်းခြံမှာ မွန်းလွဲ(၂း၀၀)နာရီမှ အခမ်းအနား စတင်ကျင်းပပြုလုပ်ပြီး တရားမျှတမူမရှိသည့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံကြောင်း၊ ယနေ့အခမ်းအနားမှာ Global Action Campaign ကမ္ဘာအနှံ့ ဆန့်ကျင် ဆန္ဒပြပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီ အရေး ဆောင်ရွက်ကြသည့် အင်အားစုများတို့မှလည်း Global Action Campaignမှာ ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း ကို ကျင်းပရေးတာဝန်ခံ ဦးသန်းဆွေမှ ရှင်းလင်းပြောကြားသွားပါသည်။
အခမ်းအနားတွင် သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် IBMO(Japam-branch)တာဝန်ခံ ရောတော် ဦးဓမ္မဇောတိ နှင့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံဃာ ဆရာတော်ဦးထာဝရတို့မလညှ်း တက်ရောက်အမှာစကား ပြောကြားပြီးသည့်နောက် ပူးပေါင်းပါဝင်ခဲ့ကြသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများတို့က တရားမျှတမူမရှိသည့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံကြောင်း၊ ဆန့်ကျင် ကန့်ကွက်ကြောင်းကို ပြောကြားပြီးနောက် မွန်းလွဲ (၃း၀၀)နာရီ၌ ပန်းခြံမှ စတင်ထွက်ခွါ ခဲ့ပါသည်။
ဂျပန်နိုင်ငံရဲ့လူစည်ကားရာ မြို့လည် လမ်းမကြီးများအတိုင်း ချီတက်လာကြပြီး ချီတက်သွားရာ လမ်း တလျှောက်တွင်လည်း နအဖ စစ်အုပ်စု၏ တရားမျှတမူမရှိသည့် အတုအယောင်၂၀၁၀ ရွေးကောက်ပွဲလက်မခံ ဆန်ကျင်ကန့်ကွက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါဝင် နိုင်ငံရေးအကျဉ်းသာများ အားလုံးတို့ကို ချက်ခြင်းလွတ် ဂျပန်ဘာသာဖြစ် ချီတက်ရာ လမ်းတလျှောက်မှာ ကြွေးကြော်ချီတက်ခဲ့ကြပြီး ပြည်သူအပေါ် မတရားသည့် လုပ်ရပ်များကို ဂျပန်ပြည်သူများ သိရှိလာစေရန်အတွက် ဂျပန်ဘာသာဖြင့် ပြောကြားခြင်း နှင့် လက်ရှိမြန်မာနိုင်ငံရေး အခြေအနေနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့သလို ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ရပ်တည်ချက် သဘောထားကိုလည်း ဂျပန်အစိုးရ၏ နိုင်ငံခြားရေးဌာန ပေးပို့သွားမည်ကြောင်း သိရှိရပါသည်။
၁ နာရီ ၅၀ မိနစ် ကြာခန့် ချီတက်လာခဲ့ကြပြီး Sandagaya ဘူတာအနီးရှိ Megi ပန်းခြံတွင် အဆုံးသတ်ပြီး ဒုတိယပိုင်း အခမ်းအနား အစီအစဉ်ကို အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများတို့က အတုအယောင်၂၀၁၀ ရွေးကောက်ပွဲလက်မခံကြောင်းနဲ့ ဆန်ကျင်ကန့်ကွက်ကြောင်း ပြောကြားပြီးသည်နောက် ကျင်းပရေးကော်မတီ ကိုယ်စား မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် LDB ဥက္ကဌ မှချီတက် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည့် ဒီမိုကရေစီ အင်အားစုများတို့ကို ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။ ချီတက်ဆန္ဒပြပွဲတွင် ဂျပန်ရောက် ဒီမိုကရေစီအင်အားစုများ(၅၀၀)ကျော်ခန့် တက်ရောက် ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။

ミャンマー軍事政権の非民主主義的な2010年総選挙に反対するデモ行進





【高部正樹】 カレン民族解放軍-特殊破壊工作 [桜 H21/3/9]





ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ၏ ထုတ်ပြန်ချက်


2010_September_17_NCUB_statement_deploring_China's_support_for_the_SPDC_Burmese_Version -

Knuknlapc-Statement-1.09.2010 eng.-Fin

Knuknlapc-Statement-1.09.2010 eng.-Fin

Ceasefire areas witness troop reinforcements-vdo

Kachin News TV 16.September 2010

Fighter Plane Flies Over Kio Headquarters

Fighter Plane Flies Over Kio Headquarters