Saturday, April 17, 2010

ခံစားမိသလို ရေးဖွဲ့ပါသည်

ခံစားမိသလို ရေးဖွဲ့ပါသည်
အက်စစ်
(ဘလော့ဂ်အီးမေးလ်သို့ ရောက်ရှိလာသော စာတပုဒ်အား စာဖတ်သူများ တွေးဆဆင်ခြင်နိုင်ရန်
တင်ဆက်လိုက်ခြင်းဖြစ်ပါသည်။ ရေးသူ၏ အာဘော်သာဖြစ်ပါသည်)



“ရန်ကုန်မဟာသင်္ကြန်ကတော့ သွေးတွေနဲ့ အရုပ်ဆိုး အကျည်းတန်သွားပြီ” လို့ ပြောသူက ပြော၊ “အပြစ်မဲ့ ပြည်သူတွေတော့ ခံရရှာပြန်ပြီ၊ ဘယ်သူတွေပဲလုပ်လုပ် ရှုတ်ချပါတယ်” လို့ ဆိုသူက ဆို၊ သူ လုပ်သယောင် အမည်ခံချင်သူက ခံချင်၊ ဒါကတော့ မြန်မာစစ်အစိုးရရဲ့ ပက်စက်လှတဲ့အကြံလို့ ဝေဖန်သူတွေကလည်း ဝေဖန် ကြနဲ့ပေါ့။

မြန်မာပြည်မှာ သင်္ကြန်လို ရက်တိုတိုလေးထဲက မိနစ်ပိုင်းလေးမှာမှ အရုပ်ဆိုး အကျည်းတန်ခဲ့တာ မဟုတ်ပါ ဘူး။ နှစ်ပေါင်းများစွာကတည်းက အပြစ်မဲ့တဲ့ ပြည်သူတွေ သေခဲ့ရ၊ ဘ၀တွေပျက်ခဲ့ရ၊ နှိပ်စက်ညှင်းပန်းခံခဲ့ရနဲ့ ဒီနေ့ထိ မပြီးဆုံးသေးတဲ့ နာတာရှည်ဝေဒနာတွေနဲ့ နှစ်ရှည်ငရဲထဲ ဖြတ်သန်းနေရတာတွေကို ပြန်ပြောင်းသတိ ရနေမယ်ဆိုရင် မနေ့တနေ့က လူ (၉) ယောက်လောက် သေတာဟာ ဘာမှဟုတ်လောက်တဲ့အရာတွေ မ ဟုတ်ဘူးလို့ ပြောနိုင်ပါတယ်။

မြန်မာပြည်ကြီးထဲက အပြစ်မဲ့ ပြည်သူတွေအဖို့တော့ အရုပ်ဆိုး အကျည်တန်တဲ့ ဖြစ်ရပ်တွေ ဖြစ်နေတာဟာ ကြာခဲ့ပါပြီလို့လည်း ပြောရမှာပါ။ တရားသဘောနဲ့ ရှုမြင်ရင် ဘယ်သူမဆို သေကြေဒဏ်ရာရတယ်ဆိုတာ မ ကောင်းပါဘူး။ ဒါပေမယ့် သူတို့အကုသိုလ် ကံတရားတွေကြောင့် အကြောင်းရှိလို့ အကျိုးတွေဖြစ်လာတယ် ဆို တာကတော့ ဘာသာတရားအရ မငြင်းပယ်နိုင်တဲ့ အရာတွေပါ။


“လူမသိ သူမသိ သေခဲ့ရတဲ့ ဘ၀တွေ၊ လူသိသူသိ နှိပ်စက်ရိုက်နှက်လို့ သေခဲ့ရတဲ့ ပြည်သူတွေ၊ လက်ပြန်ကြိုးတုပ်ပြီး စစ်ခွေးတိုက်က လောကငရဲ ခံနေရတဲ့၊ ခံနေရဆဲ နိုင်ငံရေးအကျဉ်းသားတွေ၊ ပူပင်သောကတွေနဲ့ သားသမီးတွေအတွက် ဒုက္ခပင်လယ်ဝေနေရတဲ့ မိဘတွေ ... သူတို့တွေ သူတို့တွေအတွက် ကိုယ်ချင်စာတရား ထားနိုင်ကြဖို့ အသိတရားတွေရှိဖို့ အားလုံးက မကြိုးစားသင့်ဘူးလား”


လူမသိ သူမသိ သေခဲ့ရတဲ့ ဘ၀တွေ၊ လူသိသူသိ နှိပ်စက်ရိုက်နှက်လို့ သေခဲ့ရတဲ့ ပြည်သူတွေ၊ လက်ပြန်ကြိုး တုပ်ပြီး စစ်ခွေးတိုက်က လောကငရဲ ခံနေရတဲ့၊ ခံနေရဆဲ နိုင်ငံရေးအကျဉ်းသားတွေ၊ ပူပင်သောကတွေနဲ့ သား သမီးတွေအတွက် ဒုက္ခပင်လယ်ဝေနေရတဲ့ မိဘတွေ .. သူတို့တွေ သူတို့တွေအတွက် ကိုယ်ချင်စာတရား ထား နိုင်ကြဖို့ အသိတရားတွေရှိဖို့ အားလုံးက မကြိုးစားသင့်ဘူးလား။

စားဝတ်နေရေးအတွက် တိရိစ္ဆာန်တွေလို ရုန်းကန်နေရတဲ့ ပြည်သူတွေက အခုလို ပျော်ပျော်ရွှင်ရွှင်ကြီး ရေက စားနေနိုင်ကြပ့ါမလား။ အဲဒီတော့ အပြစ်ရှိ ပြည်သူတွေ စတေးခံရတာလို့ပဲ မှတ်ရလေမလားပဲ။ ဘာကြောင့်လဲ ဆိုတော့ အဲဒီလို ငွေသိန်းနဲ့ချီပြီး ပျော်ပွဲကျင်းပနိုင်တဲ့ ရေကစားမဏ္ဍပ်ကြီးတွေမှာ ရေကစားနိုင်ကြသူတွေက လူတွေကို လူလိုမထင်တဲ့ အသိုင်းအ၀န်းက လူတွေဖြစ်နေလို့ပါပဲ။ အဲဒီနားမှာ လုံခြုံရေးနဲ့ တာဝန်ယူပေးနေရ သူတွေက ကောက်ကျစ်ယုတ်မာမူတဲ့ အာဏာရှင်တွေရဲ့ လက်ပါးစေတွေဖြစ်သလို သူတို့ရဲ့ လူလွန်မသား သားသမီးတွေ ပျော်ပါးဖို့ လုပ်ပေးနေရသူတွေ၊ စစ်တပ်ရဲ့ပါမစ်ရလို့ ကောင်းစားနေတဲ့ အနုပညာလောကသား တွေဆိုတော့ ကြင်နာသနားစိတ်တွေ ပျောက်ကွယ်သွားမိတယ်။

သတင်းတွေကတော့ နိုင်သူတွေ ရေးစတမ်း ခေတ်ကြီးထဲမှာ အခွင့်ရေးရသူတွေက လိုသလို ရေးကြပါလိမ့် မယ်။ အမှန်တရားကို လိုလားသူတွေကလည်း သူ့နည်းသူဟန်နဲ့ ဖော်ထုတ်ကြပါလိမ့်မယ်။ သမိုင်းဆိုတာက ခေတ်ကာလ ဘယ်လောက်ကြာကြာ လိမ်ညာလို့မရတာတော့ အမှန်ပါပဲ။

သြော် ... တရားရစရာကောင်းတာက ပြည်ပက လုပ်စားသူတွေပါ။ ဘာလုပ်လုပ် သူတို့ပဲ လုပ်သလို ပြော၊ ဘာ ဖြစ်ဖြစ် သူတို့ပဲ ခိုင်းထားသလို ပြော၊ လှည့်ပတ်ပြီး ငွေတောင်းကြ၊ လူတွေ အထင်ကြီးအောင် ပြောကြ၊ စစ် လားဆေးလား ခံရပြီဆိုတော့ ပြေးလွှားကြ ပုန်းအောင်းကြနဲ့ သူတို့ကိုယ်သူတို့  ဒီမိုကရေစီဘက်တော်သားကြီး တွေ၊ အကြမ်းမဖက်သူတွေအဖြစ်လည်း မျက်နှာတွေကို လိုသလို ပြောင်းတတ်ကြပါတယ်။ သူတို့ကို ထင် ယောင်ထင်မှားဖြစ်အောင်လည်း လုပ်တတ်ကြပါသေးတယ်။ ဘာအလုပ်မှမလုပ်တဲ့ သူတို့တွေက ပြည်သူတွေ ရဲ့ မျက်နှာတွေကို ရောင်းစားသူ ရောင်းစား၊ ကိုယ်ကျိုးရှာသူတွေက ရှာ၊ စစ်အုပ်စု ချပေးတဲ့ လမ်းကြောင်းတ ကြောင်းပေါ်လာတိုင်း အရိုးလိုက်လုနေတဲ့ အုပ်စုတွေ ဖြစ်လိုဖြစ်နဲ့ သူတို့အလှည့်လည်း ဘယ်တော့ရောက်လာ လေမလဲ တွေးတောဆင်ခြင်နေမိပါတယ်။

ဖြစ်ရပ်တွေဟာ အကြောင်းရှိလို့ ဖြစ်လာရတာတွေပါ။ နှစ်သစ်သင်္ကြန်ဆိုတာက အကျည်းတန် အရုပ်ဆိုးနေတဲ့ တိုင်းပြည်မှာ နှစ်သစ်မင်္ဂလာဆိုတာ မရှိပါဘူး။ အ,မင်္ဂလာတွေ အနိဌာရုံတွေ နေ့စဉ်ဖြစ်ပျက်နေတဲ့ တိုင်းပြည် မှာ သွေးထွက်သံယိုမှုတွေက ထူးခြားမှုမရှိပါဘူး။ အကြင်နာ မေတ္တာတွေ ထားချင်တယ်ဆိုရင် ကိုယ့်လုပ်နေတဲ့ အပျော်အလုပ်တွေကို ဘေးဖယ်ပြီး ပြည်သူတွေအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာ ကိုယ့်ဘာသာ မေးခွန်း ထုတ်ရမှာပါ။ တိုင်းပြည်ကြီး တည်ငြိမ်အေးချမ်းနေပါပြီဆိုတဲ့ စစ်အုပ်စုအတွက်ကတော့ သွေးပျက်ခြောက်ခြား စရာကောင်းတဲ့ အိပ်မက်တွေကို စတင်မက်ရပြီ။ သူတို့ရဲ့ လက်ပါးစေတွေ၊ ဆွေမျိုးမိသားစုဝင်တွေက ဒီနှစ်အ တာမှာ သွေးတွေနဲ့ ပက်ဖျန်းကြရပြီဆိုတော့ ...။

အက်စစ်

မုန်တိုင်းထဲက တော၏ ပုံပြင်

Saturday, April 17, 2010

မှတ်မိသေးတယ်. ဝေ့
မှောင်မိုက်တဲ့ ညလေးတစ်ည..
လက်နက်ကြီးရဲ့ ပစ်ခွင်းသံ
ကျပြီး..ပေါက်ကွဲသံ
ယိုင်သွားတဲ့ ၀ါးထရံတဲကလေး..
သားရဲ့ အော်သံက.. အမိုးရေ ပြေးပြေး...


အမှောင်ထဲကသေနတ်သံ
ဒိုင်းဒိုင်းဒက်ဒက်..ရဲနီသောသွေးစက်
ကရင်ရွာကလေးပျက်ပြီ..
မီးခိုးမဲမဲ မီးတောက်ရဲ..
ငရဲပျက်မတတ် အသံဆိုး.
ဒီရွာကလေးအဖို့ ကဌက်ဆိုး..


ရှိတဲ့အိုးခွက်..ရရာယူပြေး..
တောကြမ်းကလေးနဲ့တောင်ပေါ်
မိုင်းဗုံးအတိ..တောရဲ့အထိ
ဝါးရွက်ရဲ့ ကြမ်းလျှတဲ့ အရသာ.
မိသားစု တကွဲတပြဲ..
နေစရာ နေရာလည်းမဲ့..
တောတွင်းထဲ တိရိစ္တာန်သာသာ..
ဒီလိုနဲ့ ကျမဘ၀ ..အနှစ် ၆၀ တောင်ရပြီ..

သား ၃ယောက် သမီးတစ်ယောက်
မြေး ၁၀ယောက် ရှိပြီ..
ပြေးမဲ့ ဘေးက လွတ်ဘဲမလွတ်နိုင်ဘူး..
ဖထီးခုတ်ထားတဲ့ ဒီတောင်ယာ..
မစွန့် နိုင်လို့ ပါ..

သားတယောက် ပျောက်..
ချွေးမက သေ.
မြေးမအလောင်းက..မုဒိမ်းကျင့်ခံရ..
အမိုးငယ်ငယ်က လိုဘဲ ဝေ့
အမိုးတောင် အဖွားကြီိးမို့ ကံကောင်းတာလား..

အော်...ဒီ ဝဋ်တွေ ခုထိမကျွတ်သေးဖူး..
လူမမယ်..ခလေးတွေ လက်ဆွဲ
ပုလိုင်းတလုံး
ဒန်အိုးတစ်လုံး..ဆန်လေး နှစ်ဗူး..
ဟင်းမပါ ဗြောင်တမင်း စားရတယ်..
ဒါလေးသာ အဟာရ။


မဲလ ဆီ ခရီးကြမ်း..မြေးတွေနဲ့ အတူလှမ်း..
နို့ စို့ မြေးလေး..အမေနို့ မေးတဲ့အခါ..
အမေသေတာ..ဘယ်လိုပြောရပါ့
အဖွားနဲ့  နို့ ပိန်ကပ် ပါးစပ်ထဲတတ်တော့
နို့ ရည်မထွက်..ကုန်းကိုက်တဲ့ သွားချက်..
အသက်ထွက်မတတ်အောင်...

မငိုနဲ့  ရှူးတိုးတိုး..
စစ်သားအသံကြား..သူသိသွားမယ်..
ရယ်သံငိုသံ..ဘာသံမှမလုပ်ရ..
ကလေးဘ၀..အပျော်မဲ့..
ဒါကရင်တွေ ရဲ့ ဘ၀ဘဲ

တောတွေထဲ မိုးရွှဲ..
ပလပ်စတစ်မိုး အင်ဖက်မိုး..
ဖြစ်သလိုနဲ့ ဘ၀..



နို့ စို့ ကလေး..အစာမရ..
ငတ်ပြီး သေသွားတယ်..

တတောင်ကျော် တတောဖြတ်..
ခရီးကြမ်းတလစပ်
မဲလ အရောက်မှ အသက်ရှူချောင်တယ်
လမ်းမှာသေတာ မြေးနှစ်ယောက်
ခု..သားနှစ်ယောက် မြေးငါးယောက်..
အမိုးအသက် ခြောက်ဆဲ့ ခြောက်။


ဒီလိုနဲ့ တနှစ်ပြီးတနှစ်..
အမေရိက ရောက်လာဖြစ်တယ်..
အခုမှ..သမ္မာကျမ်းစာ..ရဲရဲ ဆိုရဲသူပါ..
ဟောကြည့် ကလေးတွေဆို
ငိုချင်သလို ငို..ရယ်ချင်သလို ရယ်
လွတ်လပ်မှူရဲ့ အရသာ..မြန်မာမြေမှာမရှိ..
သို့ ပေတည့်လား..ညတိုင်း အိမ်မက်..
မြန်မာပြည်တော့ လွမ်းမိလျှက်
အိမ်ပြန်ချင်သေးတယ်.
ဖထီးခေါင်းချတဲ့နေရာ သတိရတယ်။

ကြေကွဲစွာဖြင့် ref:http://thadar.blogspot.com/
မသဒ္ဓါ (၄။ ၈။၂၀၁၀)

KNU Statement About Karen Flag

KNU Statement About Karen Flag

Friday, April 16, 2010

Information Written by KNU Office

Information Written by KNU Office

မန္တလေးသားစစ်စစ်ကြီးပါခင်ဗျား

ကဲဗျာ ဒီဗွီဒီယို အပိုင်းအစ,လေးကို ကြည့်လိုက်စမ်းပါ စစ်အစိုးရခေတ်မှာ ဗမာတွေတောင် မချောင်တော့ဘူးဆိုတာ
အဲဒါ ကိုယ့်ကိုယ်ကို သခင်မျိုး ကိုယ့်ကိုယ်ကိုမဟာမြန်မာလို့ အစွန်းရောက်တဲ့ ဗမာတွေ သဘောပေါက်ကြပါ။
တိုင်းရင်းသားတွေလည်း အမှုမဲ့အမှတ်မဲ့ မနေကြပါနဲ့။
ကိုယ့်တပြည်တည်းသားတွေ စစ်အစိုးရကို ဘယ်လိုပူးပေါင်းပြီးတိုက်ရမလဲဆိုတာ အပြုသဘောဆွေးနွေးတိုင်ပင်ကြပါ။



Real Mandalay Thar from chanmyasoe on Vimeo.

KPPပါတီနဲ့ BBC မြန်မာပိုင်းအစီစဉ် ဆက်သွယ်မေးမြန်းခန်း

၂၀၁၀ ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ဘို့အတွက် ကရင်လူမျိုးတွေအဓိကပါဝင်တဲ့ ကရင်ပြည်သူ့ပါတီ ဟာ ပါတီမှတ်ပုံခွင့် တင်လိုက်ပါပြီ ဥက္ကဌအဖြစ် ဦးစောထွန်းအောင်မြင့် ဒုဥက္ကဌ စောဆိုင်မွန်သာ၊ စောအေးကို၊ စောကက်နက်၊ အထွေထွေအတွင်းရေးမှူးအဖြစ် ရဲမှူးကြီးဟောင်း စောစေးဝါး တို့ပါဝင် ကြမှာဖြစ်ပါတယ်။
ပါတီရဲ့မူဝါဒနဲ့ပတ်သက်လို့ အတွင်းရေးမှူးစောစေးဝါးကို ကိုမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ် ခင်ဗျား။


စောစေးဝါး။ ။ ဒီကရင်လူမျိုးများအနေနဲ့ ဒီ ကရင်လူမျိုးများသာမက ပေါ့နော် ဆက်စပ်ပတ်သက်နေတဲ့ တခြားလူမျိုးတွေလည်းပါပါတယ်၊ အားလုံးပေါ့လေ အေးအေးချမ်းချမ်း လုပ်ကိုင်ဆောင်ရွက်သွားပြီး တော့ တိုင်းပြည်ရဲ့တိုးတက်ဖွံ့ဖြိုးရေးအတွက် တတတ်တအားပါဝင်တဲ့သဘောပါ။
နောက်ဆိုရင်ပေါ့နော် ဒီ ဖွံ့ဖြိုးတိုးတက်ရေး အသိဥာဏ်အားဖြင့်သော်လည်းကောင်း ပညာရေး၊ ကျန်း မာရေး၊ လူမှုရေး၊ စာပေယဉ်ကျေးမှုပေါ့ စသည်အားဖြင့်ပေါ့ အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်သွား ဘို့ ရည်ရွယ်ထားပါတယ်။

ကိုမိုးမြင့်။ ။ အခု မကြာခင်တုန်းက ရွေးကောက်ပွဲဥပဒေတွေထွက်လာတယ် ဒါပေမဲ့ တချို့နိုင်ငံရေးသ မားတွေက ဒီအပေါ်မှာသဘောမတူတာတွေရှိတယ်၊ နိုင်ငံရေးအကျဉ်းသားတွေလည်း အခုလက်ရှိ ရှိ နေတဲ့အနေအထားမှာရှိနေသေးတယ်၊ ဒီအခြေခံဥပဒေအပိုင်းမှာရော ဒီလွတ်လပ်မျှတ,မှုမရှိနိုင်ဘူး ဆို ပြီးတော့ ပြောနေကြတာလည်းရှိတယ်၊ ရဲမှူးကြီးစောစေးဝါးတို့အနေနဲ့ကျတော့ကော ဒီရွေးကောက်ပွဲ ဟာ လွတ်လပ်မျှတ,မှုရှိမယ်လို့ ထင်ထားလားခင်ဗျ။
စောစေးဝါး။ ။ ဒါ ရှိရမှာပေါ့ သူ့အတိုင်းအတာထိ ဖေါ်ပြတဲ့အတိုင်းပဲဖြစ်မှာပါ၊ သူများရဲ့ ဒီသုံးသပ်ချက် ဆွေးနွေးချက်အပေါ်မှာ ကျွန်တော်အခြေမခံပါဘူး၊ ကိုယ့်ရဲ့ပါတီရဲ့ အဆုံးအဖြတ်ပေါ်မှာပဲ လုပ်ဆောင် သွားမှာပါ၊ သူများကိုလည်း ဝေဘန်ပြောဆိုခြင်းမရှိပါဘူး။

ကိုမိုးမြင့်။ ။ ဟုတ်ကဲ့ခင်ဗျ၊ ဒီကရင့်ပြည်သူပါတီအနေနဲ့ရော အမတ်နေရာဘယ်နှစ်နေရာလောက်မှာ ပါ ဝင်သွားမယ်လို့ ရည်ရွယ်ထားလဲခင်ဗျ။
စောစေးဝါး။ ။ အခြေအနေပေးသလောက်တော့ တော်တော်များများလည်းလုပ်ဆောင်သွားမှာပါ၊ အဓိ က ကတော့ ကျွန်တော်တို့ ဒီ ကရင်တွေအများစုရှိနေတဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန် ပြည်နယ်၊ တနင်္သာရီတိုင်းပေါ့လေ၊ ကရင်ပြည်နယ်ကတော့ မြို့နယ် နှစ်မြို့နယ်လောက်တော့မှန်းထားပါ တယ်၊ သံတောင်နဲ့ဖါပွန်လောက်ပေါ့နော်၊ အဲဒီနှစ်ခုလောက်တော့ရာထားပါတယ်၊ နောက်ပြီးတော့ က ယားပြည်နယ်ဘက်မှာလည်း နှစ်မြို့နယ် သုံးမြို့နယ်လောက်တော့ ပါဝင်ပါလိမ့်မယ်ထင်ပါတယ်၊ အခုအချိန်အထိတော့ အမတ် နှစ်ဆယ်ကျော် သုံးဆယ်လောက်တော့ ရာထားပြီးပါပြီ။

ကိုမိုးမြင့်။ ။ ဟုတ်ကဲ့၊ ကရင်ပြည်နယ်တွင်းမှာရော တခြားဘယ်ပါတီတွေပြိုင်တယ်လို့ သိရသေးလည်း ခင်ဗျ။
စောစေးဝါး။ ။ မပြောနိုင်သေးပါဘူး၊ သူလည်းပဲ၊ လှုပ်ရှားနေတုန်းပဲရှိပါသေးတယ်၊ လောလောဆည်က တော့ နှစ်ပါတီပေါ့နော်၊ UKL Union Karen League ယူကေအယ်လ်ဆိုတာရှိပါတယ်၊ နဂိုလ်ကတည်း က ရှိပြီးသားအဖွဲ့အစည်းဖြစ်ပါတယ်၊ အခုလည်းပြန်ပြီးတော့ မှတ်ပုံတင်ပြီးတော့ စတင်လှုပ်ရှားနေပြီ လို့လည်းသတင်းရပါတယ်။

ကိုမိုးမြင့်။ ။ လူထုရဲ့ထောက်ခံမှု လူထုရဲ့စိတ်ဝင်စားမှုကကော လောလောဆည် ဒီပါတီအပေါ်မှာ ဘယ် လောက်ရှိလဲခင်ဗျ။
စောစေးဝါး။ ။ အတိုင်းအတာတခုအထိတော့ ရှိနေပါတယ်၊ ခြောက်ထောင်၊ ခုနစ်ထောင်လောက်တော့ ရှိပါတယ်။

ကိုမိုးမြင့်။ ။ အဖွဲ့ဝင်လား။
စောစေးဝါး။ ။ အဖွဲ့ဝင်ပေါ့၊ ဒါတောင်မစည်းရုံးရသေးပါဘူး၊ သူ့သဘောနဲ့သူလာပြီးတော့ သတင်းပေး နာမည်ပေးတဲ့ သဘောပါပဲ၊ အများဆုံးကတော့ ဒီ တိုင်း ပဲပေါ့နော်။

ကိုမိုးမြင့်။ ။ ပါတီရဲ့ရံပုံငွေအနေနဲ့ကျတော့ရော ဘယ်လိုရှာမှာလဲ၊ အခုလောလောဆည် ဒီ အမတ်တ ယောက်ကို ငါးသိန်းတင်ရမယ်၊ စည်းရုံးရေးအတွက် သိန်းတရာသုံးစွဲခွင့်ရှိတယ်၊ စသည်ဖြင့်ပေါ့၊ အဲဒီ လိုမျိုးသိရတော့ ဒီ ရံပုံငွေအတွက်ကျ ပါတီက ဘယ်လိုရလဲခင်ဗျ။
စောစေးဝါး။ ။ ရံပုံငွေသီးခြားမရှိပါဘူး၊ ခံယူတဲ့ပြည်သူတွေအပေါ်မှာပဲ ပြည်သူကလည်းပဲ သူ့ဟာသူ ဖြည့်ဆည်းသွားပေးမယ်လို့ ဒီလိုပဲနားလည်ပါတယ်၊ သူ့အလိုအလျှောက်ပါဝင်လာမှာပါ။

ကိုမိုးမြင့်။ ။ ဟုတ်ကဲ့၊ ဒီ ကရင့်ပြည်သူ့ပါတီဆိုတော့ ဒီကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရဘို့ပေါ့ လောလောဆည် ကရင်ပြည်နယ်အတွင်းမှာ တကယ်တမ်းပြောရမယ်ဆိုရင် မငြိမ်းချမ်းတဲ့နေရာတွေ အများကြီးရှိပါတယ်၊ ဆိုတော့ ဒီကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရဘို့အတွက် ဘယ်လောက်လုပ် နိုင်မယ်ဆိုတဲ့ အာမ,ခံချက်မျိုး ရှိလားခင်ဗျ။
စောစေးဝါး။ ။ ဒီလောက်အထိတော့လည်း ဒီ မမျှော်မှန်းသေးပါဘူး၊ လုပ်ဆောင်တဲ့ ဒီ ဖြစ်ပေါ်တိုးတက် လာမှုအပေါ်မူတည်ပြီးတော့မှ ပြည်သူကလည်းပဲ ဒီပါတီရဲ့ဦးဆောင်မှုပေါ့နော် အားကိုးအားထားပြုမှု ထောက်ခံအားပေးမှုအပေါ် မူတည်ပြီးတော့ လှုပ်ရှားသွားမှာပါ၊ အထူးသဖြင့်ကတော့ ဒီဆူဆူပူပူနဲ့ ဒီ လိုသွားခြင်းအားဖြင့် ဘယ်လိုမှလည်းအကျိုးမရှိနိုင်ဘူးပေါ့နော်၊ အေးအေးချမ်းချမ်းနဲ့လုပ်ဆောင်သွား ဘို့ပဲဖြစ်ပါတယ်။

ဒါကတော့ April 13, 2010 ဘီဘီစီမြန်မာပိုင်းဌာနရဲ့ မနက်ပိုင်းအစီစဉ်က ထုတ်လွှင့်သွားတာကို နား ထောင်ပြီးပြန်ရေးသားတင်ပြလိုက်တာဖြစ်ပါတယ်။

ဓါတ်ပုံများနဲ့ အသံတွေအားလုံးဟာ www.bbcburmese.com က နားထောင်ပြီး ရေးသားတင်ပြတာမို့ စာလုံးပေါင်းမှားတာ စကားလုံးမှားတာရှိမယ်ဆိုရင် ကျုပ်ရဲ့ အားနည်းချက်ပဲဖြစ်ပါတယ်။


မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ကရင်ပါတီနှစ်ခုမှ ကရင်အမျိုးသားအလံကို ပါတီအလံအဖြစ်အသုံးပြုပြီး ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေမှုအပေါ် ကရင်အမျိုးသားတစ်ဦး၏ သုံးသပ်ချက်

ရက်စွဲ။ ။ဧပြီလ (၁၅)ရက် (၂၀၁၀)ခုနှစ်
သတင်း-စောကျော်ခွီး



အကြောင်းအရာ။ ။ ကရင်ပါတီနှစ်မှ ကရင်အလံကို ၄င်းတို့၏ ပါတီအလံအဖြစ် အသုံးပြုပြီး ရွေး ကောက်ပွဲဝင်ရန် ပြင်ဆင်နေမှုအပေါ် ကရင်လူမျိုးတစ်ဦး၏သုံးသပ်ချက်

လေးစားအပ်ပါသော ကရင်ပြည်သူလူထုခင်ဗျား………
ကျနော်တို့ ကရင်လူမျိုးတို့၏တော်လှန်ရေးခရီးလမ်းတွင် သူ့လူ ကိုယ်ဖက်သား လမ်းလွဲချော်သွားသော၊ မိမိကိုယ်ကို မိမိ ဗမာနအဖတို့၏ထောင်ချောက်ထဲသို့ ရောက်မှန်းမသိရောက်နေကြသော၊ ဘေးကြပ် နံကြပ် အကြပ်အတည်းကြားက ကရင်ပြည်သူတို့၏ ဘဝကိုစာနာသယောင်နှင့် မိမိကိုယ်ကိုမိမိ ကယ်တင်ရှင် ထလုပ်ရာမှ ကရင်တမျိုးသားလုံး၏ အပြစ်ပယ်ခံအဖြစ်ကိုရောက်ရှိသွားတတ်ကြသည့် လွန်ခဲ့သော အနှစ်(၆၀)ကျော်က အဖြစ်အပျက်များသည် ယခုအခါတွင် တကျော့ပြန်လည်လာပြီလောဟု ကျနော် တွေးနေမိပါသည်။

(၂၀၁၀)ခုနှစ် ဧပြီလ( ၁၀ )ရက်နေ့ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတွင် ကြော်ညာထားသော “ကရင်ပါတီနှစ်ခုမှ ကရင်အလံကို ၄င်းတို့၏ ပါတီအလံအဖြစ် အသုံးပြုပြီး (၂၀၁၀) ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်မှုအပေါ်ကန့်ကွက်လိုက (၇)ရက် တစ်ပတ်အတွင်း အချက်အလက် အခိုင်အမာနှင့်ကော်မရှင်ထံအသိပေးကန့်ကွက်နိုင်သည်” ဟုဆိုသည့် ပြည်တွင်းမှလာသော၊ မိတ်ဆွေ သူငယ်ချင်းများ ဆီမှလာသော သတင်းကိုဖတ်ရ၍ အင်မတန်မှ စိတ်မကောင်းဖြစ်မိပါသည်။ ဤကဲ့သို့ ကြော်ညာထားခြင်းသည်က ကရင်တမျိုးသားလုံးတို့အပေါ်မရိုးသားမှုများနှင့် အကွက်ဆင်ဖန်တီးပြီး ထောင်ချောက် ဆင်ထားခြင်းများသာဖြစ်ပေသည်။

ကရင်ပြည်သူများက ထိုပါတီနှစ်ခုမှ ကရင်အလံသုံးပြီး ပါတီမှတ်ပုံတင်ရန် လျောက်ထား အရွေးခံမှုကို ရွေးကောက်ပွဲကော်မရှင်ထံ အသေအချာကန့်ကွက်စာတင်ပါက (၂၀၁၀)ရွေးကောက်ပွဲကို ကျနော်တို့ကရင်ပြည်သူလူထုမှ လက္ခံနေသယောင်ယောင် ယူဆခံရပေလိမ့်မည်။ ထို့အပြင် နအဖစစ်အာဏာရှင်တို့၏ မတရားသော (၂၀၀၈)အခြေခံဥပဒေများကို၎င်း၊ ဗမာနအဖ စစ်အစိုးရကို၎င်း၊ ရွေးကောက်ပွဲကော်မရှင်ကို၎င်း၊ ရလဒ်များကို၎င်း အသိအမှတ်ပြုရာကျသဖြင့ှ် ထိုအရာများကို ကျနော်တို့မှ သဘောတူနေသယောင်ယောင် ထင်မှတ်ခံရပေလိမ့်မည်။

သည့်အပြင် ကရင်တွေ အချင်းချင်း မညီမညွတ်ကွဲကြပြန်ပြီး။ တစ်ဦးနှင့်တစ်ဦး ရန်လိုမုန်းထားစေကာ လူမျိုးရေးအဓိကရုဏ်းကို ဖန်တီးပေးနေသည့် နအဖ၏မျက်လှည့်ကွက်ထဲသို့ အလိုလို ရောက်နေစေသဖြင့် ကန့်ကွက်စာလဲမတင်ရန်၊ ၄င်းတို့အားလည်း အသိအမှတ်မပြုရန် မိမိတို့၏ ရပ်တည်မှု သဘောတရား များကို ကြေညာချက်များထုတ်ပြီး တမျိုးသားလုံးနှင့်ဆိုင်သော ကရင်အမျိုးသားအလံကို မိမိပါတီအလံပြုပြီး ရွေးကောက်ပွဲဝင်ရန်ပြင်နေကြသော (KPP)နှင့် (UKL)ပါတီနှစ်ခုကို နိုင်ငံရေးအရ မှားယွင်းကြောင်း၊ မတရားသောဥပဒေများနှင့် ဗမာနအဖစစ်အစိုးရအား သက်ဆိုးရှည်ရေးအတွက် အုတ်တချပ်၊ သဲတပွင့် အဖြည့်ခံပေးရာကျနေကြောင်းဆိုတာတွေကို ကြေညာချက်များထုတ်လျက် ထိုကြေညာချက်ထဲတွင် ထဲတွင် ဖော်ပြထားပေးသင့်သည်။

ပြည်သူများကလည်း ဤအရာကို လက္ခံနိုင်မှာမဟုတ်ဘူး။ သည့်အတွက်ကြောင့် ၄င်းတို့ သည်လိုလုပ်ခြင်းဟာလဲ မိမိတို့ လူတစ်စု အကျိုးစီးပွားအတွက်ဘဲဖြစ်စေ၊ စစ်အစိုးရ လက်ဝေခံအဖြစ် လုပ်ရာကျနေပါတယ်။ အဲဒီအတွက်ကြောင့် ၄င်းတို့၏ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ပြီး စဉ်းစားဖို့လိုအပ်ပေသည်။
နောက်ပြီး မည်သည့် ကရင်အမျိုးသားအဖွဲ့အစည်းတွေကလဲ ရွေးကောက်ပွဲဝင်မည်ဆိုလျင် ဤအရာများကို အလေးအနက်ထားစဉ်းစားကြဖို့နှင့် ကရင်တမျိုးသားလုံး၏ အကျိုးစီးပွားကို ဘာမျှ မလုပ်ဆောင်နိုင်တဲ့အပြင် မိမိလူမျိုးအားလုံးအပေါ် သစ္စာဖောက်ရာကျပါပေတယ်ဟုလည်း နားလည်ထားသင့်ပါသည်။
ကရင်ပြည်သူလူထု အနေနဲ့လည်း သည်ရွေးကောက်ပွဲမှာ ပါဝင်မှု မလုပ်ကြဖို့လိုအပ်သည်။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲဝင်တာသည်လည်း မှားတယ်၊ စစ်အစိုးရ သက်ဆိုးရှည်အောင် အားပေးရာလည်းကျသဖြင့် ပြည်သူလူထု အနေနဲ့လည်း သည်ရွေးကောက်ပွဲမှာ ပါဝင်မှုများ မလုပ်ကြဖို့ လိုအပ်တယ်ဆိုတာ ကျနော့အနေနဲ့ တိုက်တွန်းချင်ပါသည်။

မည်သူမဆို မည်သည့်အဖွဲ့အစည်းဘဲဖြစ်ဖြစ်၊ တသီးပုဂလဘဲဖြစ်ဖြစ် တမျိုးသားလုံးရဲ့အလံကို မိမိတို့ပါတီရဲ့အလံအဖြစ် သုံးပိုင်ခွင့်လဲမရှိဘူး။ တမျိုးသားလုံးကလဲ လက္ခံနိုင်မှာမဟုတ်ဘူးဆိုတာကို နားလည်ထားရမယ်။ ဒီလိုမှမဟုတ်ဘဲ တမျိုးသားလုံးရဲ့ကိုယ်စားပြုအလံကို မိမိကိုယ်ပိုင်အလံအဖြစ် သုံးမည်ဆိုပါက တမျိုးသားလုံး၏ စက်ဆုတ်ရွံရှာခြင်း၊ အပြစ်ပေးစီရင် ဒဏ်ခတ်ခြင်းကိုခံယူရမှာဖြစ်တယ်။ နောင်လာမယ့် အကျိုးဆက်များကိုလည်း သူတို့တွေကသာ တာဝန်ယူရမှာဖြစ်တယ်။
မည်သည့် ပါတီမဆို ရွေးကောက်ပွဲဝင်ရန်အတွက် မှတ်ပုံတင်ချင်ပါက ဗမာ နအဖစစ်အစိုးရက မတရားသဖြင့် ရေးဆွဲချမှတ်ထားတဲ့ (၂၀၀၈)အခြေခံဥပဒေကို လေးစားလိုက်နာ၊ ခံယူ၊ ကာကွယ်၊ ကျင့်သုံးလုပ်ဆောင်မည်ဆိုသည့် အချက်တွေကို ဂတိခံဝန်ပေးပြီးမှသာ ပါတီမှတ်ပုံတင် လိုင်စင်ရရှိနိုင်မယ်။ ထို့ကြောင့် နအဖစစ်အစိုးရကို သစ္စာခံသည့်သဘော သက်ရောက်ပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲကော်မရှင်ကို ကရင်ပြည်သူလူထု ကိုယ်စားမပြုသော ဤနှစ်ပါတီအတွက် ကန့်ကွက်စာတင်မိပါက ထိုရွေးကောက်ပွဲကော်မရှင်သို့ အသိအမှတ်ပြုရာကျသဖြင့် ထိုသို့ပြုလုပ်ခြင်းသည် မလိုလားအပ်သော အရာဖြစ်သည်။

ဤအရာအားလုံးကိုပြန်ကြည့်လျင် ကျနော်တို့ဟာ ဒါတွေကို တခုမှ အသိအမှတ်မပြုနိုင်ဘူး။ ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်စာပေးပို့လျင်လည်း ထောင်ချောက်က(၂)ခုရှိနှင့်ပြီးဖြစ်တယ်။ သူ့ကော်မရှင်ကို ထောက်ခံလို့၊ အလေးထားဦးထိပ်တင်လို့၊ အသိအမှတ်ပြုထားလို့ ဒီလို တကူးတက ကန့်ကွက်ပြောဆိုတာက တစ်ခုဖြစ်တယ်။ နောက်တခုက ကန့်ကွက်လိုက်လျင် ကရင်အချင်းချင်း မကျေနပ်လို့ တိုက်ကြ၊ ခိုက်ကြ၊ ကွဲကြ ပြဲကြ နဲ့အဲ့လို ရန်ပြန်ဖြစ်ရတာကိုလည်း နအဖက လိုလားနေပုံရတယ်။ အဲဒီအတွက်ကြောင့် ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်စာများ ပေးပို့စရာလည်းမလိုအပ်ပါဘူးလို့ ကျနော်ပြောချင်ပါတယ်။

ကရင်အဖွဲ့စည်းများက မိမိတို့၏ ရပ်တည်မှု သဘောထားကြေညာချက်များ ထုတ်ပြန်၍ ထိုကြေညာချက်ပါ သဘောထားများကို BBC, RFA ,DVB, VOA စသဖြင့် သတင်းဌာနကြီးများ၊ မီဒီယာများနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ပြီး အပြည်ပြည်ဆိုင်ရာနှင့် ကမ္ဘာကြီးသို့တင်ပြနိုင်ခဲ့ကြပါလျင် ပိုမိုထိရောက်နိုင်ပါလိမ့်မည်။ ထို့အပြင် ပြည်တွင်း၊ ပြည်ပ ပြည်သူများသို့လည်း အသံသတင်း၊ စကားသတင်း၊ ဗွီဒီယိုသတင်း အချက်အလက်များ ရောက်ရှိ ပေးပို့ နိုင်မှာဖြစ်သည်။

ထို့ကြောင့် ကရင်ကိုချစ်မြတ်နိုးသော ကရင်မျိုးချစ် ခေါင်းဆောင်များအနေနှင့် သဘောထား ကြေညာချက်များ ထုတ်ပြန်ကြ၍ ရှင်းလင်းတင်ပြ နိုင်ကြရန်အထူး လိုအပ်လှပေသည်။ တိုက်ပွဲ တစ်ပွဲရှုံးလျင် အနည်းအကျဉ်းသာ ဆုံးရှုံးနိုင်ပြီး၊ နိုင်ငံရေးတစ်ကွက်ရှုံးလျင် တစ်မျိုးလုံး ပေးဆပ် ဆုံးရှုံးရမှမို့ နိုင်ငံရေးအမြင်ကျယ်ကြရန် ကရင်လူမျိုးကို ချစ်တဲ့စိတ်နဲ့ ကျနော် ရင်ဖွင့်လိုက်ရပါသည်။

အဝေးရောက် ကရင်ပြည်သူတစ်ဦး

၁၃၇၂ ခုနှစ်၊ အတာသင်္ကြန် မြန်မာနှစ်သစ်ဦး ဆုတောင်းပတ္ထနာ။





၂၀၁၀ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်နေ့တွင် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ဦးသို့ ကူးပြောင်းပြီ ဖြစ်ပါသည်။

၁၃၇၂ ခုနှစ် မြန်မာနှစ်သစ်ဦးတွင် မြန်မာတစ်ပြည်လုံးအတွင်း မှီတင်းနေထိုင်ကြသော မြန်မာတိုင်းရင်းသား ညီအစ်ကို မောင်နှမ အပေါင်းတို့သည်၎င်း၊ နိုင်ငံရပ်ခြား ပြည်ပဒေသများတွင် ၀မ်းစာအတွက် သွားရောက်ရှာဖွေ လုပ်ကိုင်နေသော ပြည်ပရောက် မြန်မာညီအစ်ကို မောင်နှမများသည်၎င်း၊ ပြည်ပနိုင်ငံ အသီးသီးမှနေ၍ နအဖ စစ်အစိုးရအား တော်လှန်တိုက်ပွဲဝင်နေကြသော ညီအစ်ကို မောင်နှမများသည်၎င်း၊ ပြည်တွင်းမှနေ၍ ကြံကြံခံ အံတုဖက်ပြိုင် တိုက်ပွဲဝင်လျက်ရှိသော ပြည်တွင်းမှ တိုက်ပွဲဝင် ရဲဘော်အပေါင်းတို့သည်၎င်း၊ မတရားသော နအဖ စစ်အစိုးရအား တရားသောနည်းဖြင့် ရင်ဆိုင်တိုက်ပွဲဝင်၍ မတရားအနိုင်ကျင့် နှိပ်စက် ဖမ်းဆီးခံနေကြရသော မြန်မာပြည် အရပ်ရပ်အတွင်းရှိ အကျဉ်းထောင် အသီးသီးမှ နိုင်ငံရေးသူရဲကောင်း အကျဉ်းသား အပေါင်းတို့သည်၎င်း၊ အဘ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးပီသသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘဘ ဦးဝင်းတင်၊ ဘဘ ဦးတင်ဦး၊ ဘဘ လူထုဦးစိန်ဝင်း အစရှိသည့် မြန်မာ့နိုင်ငံရေး အာဇာနည် အပေါင်းတို့သည် နှစ်သစ်မင်္ဂလာတွင် စိတ်ဓါတ်ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း အပေါင်းနှင့် ပြည့်စုံပြီး ဘေးရန်အန္တရာယ်ခပ်သိမ်း ကင်းငြိမ်း၍ မတရားသော နအဖ စစ်အစိုးရအား တရားသောနည်းဖြင့် ဆက်လက် တိုက်ပွဲဝင်သွားနိုင်ကြပါစေကြောင်း ကျွန်တော် Burmapaparazi က ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။

တရားမျှတမှု မရှိသော ၂၀၁၀ ရွေးကောက်ပွဲအား တပြည်လုံး ဆန့်ကျင်ကြပါစို့။

„Myanmar- The repression of ethnic minority activists in Myanmar“

„Myanmar- The repression of ethnic minority activists in Myanmar“

Thursday, April 15, 2010

လူမဆန်မှုသတင်း

/ 4/14/2010 08:48:00 PM /
April 14, 2010
သထုံခရိုင်။
- ဘီးလင်းမြို့နယ်၊ ၇.၄.၂၀၁၀နေ့ DKBA 333 တပ်ရင်း(၃)မှူး ဘိုလွဲသည် ညာဆှူထာကျေးရွာ လူကြီး ဖိုးတင်လှ(၆၀)နှစ်အား အပြစ်မရှိဘဲဖမ်းဆီးချုပ်နှောင်ပြီး အစားအသောက် မစား နိုင် တဲ့အထိ နှိပ်စက်ရိုက်နှက်ခဲ့သဖြင့်ထိုရွာသူကြီးမှာ ဝေမူကျေးရွာဆေးရုံသို့သွားရောက်ပြီးဆေး ကုသမှုခံနေရသည်။ ထို့ပြင် ဇီးကုန်းကျေးရွာသူကြီးအားKNUနှင့်ဆက်သွယ်သည်ဟုစွပ်စွဲပြီး သေနတ်ငယ်ဒင်ဖြင့် ဦးခေါင်းကို(၁၀)ချက် ရိုက်နှက်နှိပ်စက်သေးသည်။

တောင်ငူခရိုင်။
- ၁၀.၀၄.၂၀၁၀ နေ့မှစပြီး ဘူဆာခီးရှိ နအဖ တပ် နဗဟ(၁)နှင့် ခလရ(၁၀၂) တို့၏လိုက်လံမီး ရှို့မှုကြောင့် ဘူဆာခီးအရပ်ရှိရွာသူရွာသားများ၏ဖာလာခြံ များအပြင်များစွာသော စိုက်ပျိုးခင်း များမီးလောင်ကျွမ်းခံရသည်။
- ၁၁.၀၄.၂၀၁၀နေ့ ဘူဆာခီးရှိ နအဖတပ်မှစစ်သားတဦးသည် ဆင်ဖြူကုန်းကျေးရွာသို့သွား ရောက်ပြီး အဆိုပါရွာမှ ရွာသူကြီးအား အရက်တပုလင်းနှင့် ကြက်၁ကောင်ပေးရန်အတင်းအဓ မ္မတောင်းဆိုရာ ထိုရွာမှမပေးနိုင်သဖြင့် ရွာသားစောမီးကာ ၏မိန်းမ ကိုလက်နက်ငယ်ဖြင့် ၂ချက်ပစ်ခတ်ရာ စောမီးကာမိန်းမ၏ ပေါင်ကိုထိမှန်ခဲ့သည်။

ဖာပွန်ခရိုင်။
- DKBA အုပ်စုသည် မယ်ပူထာဃိုကိုးအရပ်တွင်ပြန်နေပြီး ထိုဒေသရှိရွာမှ တရက်လျှင် ရွာသား ၃ဦးအပြင်မြန်မာလူကြီး၁ဦး နှင့်အတူထမင်းများကိုနေ့တိုင်းပို့ဆောင်ခိုင်း။
- ၂၇.၀၃.၂၀၁၀နေ့ DKBA မှရွာသူရွာသား၅ယောက်နှုန်းဖြင့် ရေများသယ်ယူခပ်ခိုင်းတဲ့အ ပြင်ထမင်းများကိုလည်းချက်ပြုတ်ခိုင်း၊ ရွာသားများကို ၅ခေါက်တခါလူများလဲလှယ်ခိုင်းသည်။

ဗိုလ်ချူပ်ရူးကြီး သန်းရွှေ ……. ဖြေပါ…..။

hittai
Wednesday, 14 April 2010 01:45
၁။ စစ်အစိုးရ၏ တို့တာဝန်အရေး(၃)ပါးမှ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး… ဒို့အရေး…ဆိုသည့်အချက်အတိုင်း.. စစ်အစိုးရမှ တိုင်းရင်းသား ညီညွတ်ရေး ကိုအမှန် တကယ်လုပ်ဆောင်နေပါသလား….။

၂။ ယခုစစ်အစိုးရအဖွဲ့နှင့် စစ်ဗိုလ်ချုပ်များထဲတွင် တိုင်းရင်းသား ဘယ်နှစ်ဦးမျှပါဝင်ပါသနည်း။

၃။ ယခုစစ်အစိုးရမှထုတ်ပြန်သောရွေးကောက်ပွဲဥပဒေများထဲမှကန့်သတ်ချူပ်ချယ်မှုများသည်

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် မတရား ထောင်သွင်းအကျဉ်းကျ ခံနေရသော (သို့) ယုံကြည်ချက်ဖြင့် အကျဉ်းကျခံနေရသော နိုင်ငံရေးအင်အားစုများကိုဦးတည် ကန့်သတ်မှုဖြစ်ပါသလား…။

၎။ တပ်မတော်၏ စစ်သားအရင့်အမာကြီး များဖြစ်သော လက်နက်ကိုင်စစ်ဗိုလ်ချူပ်ကြီး များအနေဖြင့် မည်သည့်အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီAဖွဲ့ချုပ်နှင့် အတိုက်အခံနိုင်ငံရေးအင်အားစုများအပေါ်အလွန်ကြောက်ရွံရပါသလဲ။

၅။ စိတ်တိုင်းကျရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်လေးပုံတပုံသောလွတ်တော်ကိုယ်စားလှယ်များကိုစစ်တပ် မှနေရာယူ အကျော ရ ထားပြီး ရိုးသားသောနည်း…တရားမျှတသောနည်းလမ်း တို့ဖြင့် ဒေါ်အောင်ဆန်စုကြည်၏အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအ၀င်နိုင်ငံရေးအင်အား စုများနှင့် မည်သည့်အတွက်ကြောင့် စစ်အစိုးရသည်လိပ်ပြာသန့်စွာမယှဉ်ပြိုင်ဝံ့ပါသလဲ…။

၆။ လူမိုက်ဂိုဏ်းဆန်သောစွမ်းအားရှင်…လက်ပါးစေကြံဖွတ်အဖွဲ့ တို့်ကို မည်ကဲ့သို့အသုံးချရန်အတွက် ဖွဲ့စည်းခဲ့ပါသလဲ…။

၇။ ဒီပဲယင်းအရေးအခင်း (၃၀-မေ-၂၀၀၃) ၏ အဓိကတရားခံ မှာမည်သူဖြစ်ပါသနည်း…။

၈။ နိုင်ငံတကာမျက်နှာစာတွင် နိုင်ငံရေးအင်အားစုအားလုံး ပါဝင်နိုင်သောလွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲကျင်းပပေးမည်ဟူ၍၄င်း၊ အမျိုးမျိုးကတိ ပေး ပြောကြားခဲ့ပြီးအကြိမ်ကြိမ်ကတိဖျက်နေခြင်းသည်၎င်း၊ မြန်မာနိုင်ငံတွင်နိုင်ငံရေးအကျဉ်းသားမရှိဟု၎င်း မျက်နှာပြောင်ပြောင်ဖြင့်ဗြောင်ငြင်း ဆန်နေခြင်းတို့ သည်

လူကြီးလူကောင်းဆန်သည်ဟုအာဏာရှင်စစ်ဗိုလ်ချူပ်ကြီးများယူဆပါသလား ။



၉။ ပြည်ပအားကိုးပုဆိန်ရိုး-အဆိုးမြင်ဝါဒီများအားဆန့်ကျင်ကျ…ဟူ၍ပြည်သူ့သဘောထားတွင်ပါရှိပါသည်။ တရုတ်၊ ရုရှားနှင့်နံမည်ပျက် လူမိုက်စာရင်းဝင် မြောက် ကိုးရီးယားတို့ကိုအားကိုးဖားယားဆက်ဆံနေရသူများမှာပြည်ပအားကိုးသောပုဆိန်ရိုးများဟုတ်ပါ၏လော.။

၁၀။ ၄င်းပြည်ပအားကိုး ပုဆိန်ရိုးများမှာမည်သူများဖြစ်ပါသနည်း။

၁၁။ မြန်မာသမိုင်းအစဉ်အလာတွင် ဗိုလ်ချုပ်ကြီးနေ၀င်း၊ ဗိုလ်ချူပ်မှူးကြီးစောမောင်နှင့် နိုင်ငံရေးအရှိန်အ၀ါအင်အားကြီးထွားလာသော ဗိုလ်ချူပ်ကြီးခင်ညွန့် အစရှိသည့် တိုင်းပြည်ခေါင်းဆောင်(ခေါ်) အာဏာရှင်များနှင့် ၄င်းတို့၏အပေါင်းအပါ များသည် မည်သူတဦး တယောက်မျှအစဉ်အ လာမကောင်းခဲ့ပါ.၊ ယခုအာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ နှင့်ထိပ်တန်းစစ်ဗိုလ်ချူပ်ကြီးများ၏ရှေ့အနာဂါတ် ရေးကောင်းမည်ဟုယူဆပါသလား…။

၁၂။ အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ အနေဖြင့် မိမိ၏အတ္တနှင့် အာဏာရရှိတည်မြဲရေးအတွက် ဗိုလ်ချုပ်ကြီးနေ၀င်း၊ ဗိုလ်ချူပ်မှူးကြီး စောမောင်တို့အပေါ် သစ္စာစောင့်သိခဲ့ပါသလား..။

၁၃။ အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ အပေါ် နောင်လာနောင်သား စစ်ဗိုလ်ချူပ်များ မိမိအပေါ် ထာဝရသစ္စာ စောင့်သိနေမည်ဟု ယုံကြည် ယူဆပါသလား…။

၁၄။ အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ နှင့် အသက်အရွယ်ရပြီးထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် နောင်မည်မျှကြာအောင်အာဏာ ကိုဆက်လက်ချုပ် ကိုင် ထားနိုင်မည်ဟုယူဆထားပါသနည်း။



၁၅။ လူတဦးတယောက်၏ မွေးရာပါ လူ့အခွင့်အရေး..လွတ်လပ်စွာ ပြောဆိုရေးသားနိုင်ခွင့်..အစရှိသည်တို့ကို လက်နက်- အာဏာတို့ဖြင့် ကန့်သတ်ချူပ်ချယ်ထား မှုကိုစည်းကမ်းပြည့်ဝသောဒီမိုကရေစီ ဟုအဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသလား..။

၁၆။ အနှစ်(၂၀)ကျော် ဥပဒေ၏အထက်မှ ရာဇ၀တ်မှုမကင်းသော လုပ်ရပ်များဖြင့် မတူညီသောအမြင်ရှိသူ ရဟန်း-ရှင်လူ- ပြည်သူ- ကျောင်းသား-သတင်းသမား များ ပြုမှုဆက်ဆံနေခြင်းသည် ဥပဒေနှင့်အညီ တရားမျှတသောလုပ်ရပ်ဖြစ်ပါသလား…။

၁၇။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အစဉ်အလာရှိ နံမည်ရ အနာဂါတ် နိုင်ငံရေး အင်အားစုများအား မတရားဖမ်းဆီး ချုပ်နှောင်၍ သန်း ၆၀ နီးပါးသော ရဟန်း၊ရှင်လူ ပြည်သူလူထုအပေါင်းတို့၏ မွေးရာပါလူအခွင့်အရေးတို့ကိုပိတ်ပင်ခံရကာအကျဉ်းသားသဖွယ် အာဏာရှင်များ၏ ရက်စက်ယုတ်မာမှုကို ခံစားနေရ ပါသည်။ ပြည်သူများအခွင့်အရေးတခုရလျှင် အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ အပါအ၀င် အပေါင်းအပါ စစ်ဗိုလ်ချူပ်များအပေါ်မည်ကဲ့သို့ တုန့်ပြန်မည်ဟု ထင်မြင်ပါသနည်း…။



၁၈။ အတိုက်အခံ နိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံ၍ ငြိနှိုင်းကြည့်ခြင်းအားကို ပြည်သူလူထုအပါအ၀င် နိုင်ငံတကာမှပင်မြင်တွေ့လိုသော ကောင်းသော ဆန္ဒ အရင်းခံဖြစ်ပါသည်၊ လက်နက် အာဏာကိုလက်ကိုင်ပြု၍ တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းစဉ်ကို ဥပေက္ခာပြုနေခြင်းသည် မည်သည့်အတွက်ကြောင့် ဖြစ်ပါ သနည်း။

၁၉။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မပါဝင်သော၂၀၁၀-ရွေးကောက်ပွဲကိုနိုင်ငံတကာနှင့်ပြည်သူများက အသိ အမှတ်ပြုယုံကြည်မည်ဟု အာဏာရှင်ကြီးယုံကြည်ပါသလား….။

၂၀။ တကိုယ်ကောင်းစိတ်ဖြင့် အာဏာကိုငန်းငန်းတက် ရူးသွပ်နေတာမရှက်ဘူးလား……။

Wednesday, April 14, 2010

ကရင်အမျိုးသားအလံတော်ကိုကာကွယ်ရန်နိုးဆော်ခြင်း




၁၈၈၁ တွင်စတင်ဖွဲ့စည်းသော် ဒေါကလူ အဖွဲ့ကြီးမှ ဦးဆောင်၍ ကရင်တစ်မျိုးသား
လုံးနှင့်သက်ဆိုင်သော (၁) ကရင်နှစ်သစ်ကူး (၂) ကရင်အမျိုးသားသီချင်း
(၃) ကရင်အမျိုးသားအလံတော်ကို ၁၉၃၆ ခုနှစ်တွင် သဘာပတိ ဆရာစံဘော်
လက်ထက်တွင် လွှတ်တော်သို့်တင်သွင်းတောင်းဆိုခဲ့ပါသည်။ ၁၉၃၇ တွင် ဥပဒေမူ
ကြမ်းအမှတ် ၂၆၊ ၁၉၃၇ ဖြင့် ၄င်းတောင်းဆိုချက်ကိုအတည်ပြုခဲ့ပြီး ကရင်နှစ်သစ်
ကူးနေ့ကို အများနှင့်သက်ဆိုင်သော အစိုးရ ရုံးပိိတ်ရက်အဖြင့် သတ်မှတ်ခဲ့ပါသည်။

ထို့ကြောင့် ဘိုးဘွားတို့အမွေအနှစ်ပေးခဲ့သော ကရင်နှစ်သစ်ကူး၊ ကရင်အမျိုးသား
သီချင်း နှင့် ကရင်အလံတော် သည် ကရင်တစ်မျိုးသားလုံးနှင့်သက်ဆိုင်သော တန်
ဖိုးဖြတ်၍ မရသော သမိုင်းဝင်အမွှေအနှစ်ဖြစ်ပါသည်။ တစ်မျိုးသားလုံးနှင့်ဆိုင်သော
၎င်းအမွှေအနှစ်ကို တစ်ဦးတစ်ယောက်၏ဆန္ဒဖြင့်၎င်း၊ အဖွဲ့အစည်းတစ်ခု၏ ဆန္ဒ၊
လုပ်ငန်းအတွက်၎င်း ပြုပြင်ပြောင်းလဲခြင်း၊ ကိုယ်ပိုင်ပြုလုပ်ခြင်း၊ အဖွဲ့စည်းပိုင်ပြုလုပ်
ခြင်းများကို ကရင်တစ်မျိုးသားလုံး၏သဘောတူညီမူ့မရှိဘဲ ဆောင်ရွက်ခွင့်မရှိပါ။

၂၀၁၀ ရွေးကောက်ပွဲဝင်ရန်ပြင်ဆင်နေသော ကရင်အမျိုးသားအဖွဲ့ချုပ်( UKL)
နှင့် ကရင်အမျိုးသားများပါတီ ( KPP ) တို့သည် ကရင်တစ်မျိုးသားလုံးကို ကိုယ်
စားပြုသော အဖွဲ့များ မဟုတ်ပေ။

ကရင်တစ်မျိုးသားလုံး၏ဆန္ဒ နှင့် သဘောတူညီမူကို ကြိုတင်ရယူခြင်းမရှိဘဲ UKL
မှ ကရင်အမျိုးသားအလံတော် ကို ပါတီအလံဖြင့်မှတ်ပုံတင်ခြင်းသည် လက်ခံနိုင်
စရာအကြောင်းမရှိသလို တရားဝင်အသိအမှတ်ပြု ၍လည်းမရပါ။ ၄င်းမှတ်ပုံတင်
ခြင်းကို ကန့်ကွက်လိုပါက (၇) ရက်အတွင်းကန့်ကွက်ရန် ၂၀၁၀ရွေးကောက်ပွဲကျင်း
ပရေးကော်မရှင်က ဧပြီလ (၁၀) ရက်၊၂၀၁၀ သတင်းစာ( မြန်မာအလင်း နှင့် ကြေးမုံ)
တို့တွင် ကြေငြာထားပြီးဖြစ်ပါသည်။

သမိုင်းဝင်အမွေအနှစ်တစ်ခုဖြစ်သော ကရင်အလံတော်ကို ကာကွယ်ရန် တစ်မျိုးသား
လုံးတွင်တာဝန်ရှိသလို ၄င်းကိစ္စ ကိုကန့်ကွက်ရန်တာဝန်သည် ကရင်အမျိုးသားတိုင်း
၏ တာဝန်ဖြစ်ပါသည်။ ၄င်းကိစ္စ ကို ကန့်ကွက်ခြင်းမရှိပါက နအဖ သည် ကရင်အလံ
တော်ကို ကရင်အမျိုးသားပါတီအဖွဲ့ချုပ် (UKL) ၏ တရားဝင်အလံဖြင့် သတ်မှတ်
တော့မည်။

Karenunited ၀ိုင်းတော်သားအနေဖြင့်လည်း ဤစာဖြင့် ၁၃/၄/၂၀၁၀ တွင် ကရင်
အလံတော်အား UKL ပါတီအလံဖြင့် မှတ်ပုံတင်ခြင်းကို စတင်ကန့်ကွက်သည်။

ကရင်အမျိုးသားပေါင်းတို့ခင်ဗျား- လွယ်လွယ်တွေး၊ လွယ်လွယ်နေထိုင်မူ့ကို စွန့်လွှတ် လျှက် အမျိုးသားအလံတော်ဆုံးရှုံးခြင်းမှ ၀ိုင်းဝန်းကာကွယ်ရန် နိုးဆော်အပ်ပါတယ်။
ဖဆပလ ခေတ်မှစတင်ပြီး ကရင်စာပေယဉ်ကျေးမူကို စနစ်တကျဖျက်ဆီးနေခဲ့ပြီး
ကရင်အမျိုးသားအလံတော်ကို တရားမ၀င်ဖြစ်ရန်ကြိုးစားခဲ့ဘူးပါသည်။ သို့သော်
လည်း ခေါင်းဆောင်တစ်ချို့၏ ရဲရင့်ပြတ်သားသော ကြိုးစားမူ့ကြောင့် ကရင်အမျိုး
သားအလံတော်ကို ကာကွယ်နိုင်ခဲ့ပြီး စာပေယဉ်ကျေးမူ့များသည် အတိုင်းတာ တစ်
ခုထိပျက်စီးခဲ့ပါပြီ။ န၀တ ခေတ် မှစပြီး ကရင်နှစ်သစ်ကူးကျင်းပခြင်းကို အကြောင်း
အမျိုးမျိုးပြပြီး ကျင်းပခွင့်ပိတ်ပင်ခြင်း၊ ကန့်သတ်မူများဖြင့် ကျင်းပခွင့် ပေးနေခြင်းသည်
ကျွန်တော် တို့၏ တန်ဖိုးရှိသောသမိုင်းဝင်အမွေအနှစ်ကို ဖျက်ဆီးနေခြင်းဖြစ်ပါသည်။

မိမိ၏ကျေးဇူးရှင် မိဘ၊ ဆရာသမား၊ သံဃာတော် များကိုပင် သတ်ဖြတ်ဖျက်ဆီးရန် ၀န်မလေးသောစစ်အစိုးရသည် အနာဂတ်တွင် UKL ပါတီကို တရားမ၀င်အသင်းအ
ဖြင့် ကြေငြာ လိုက်လျှင် ကရင်အမျိုးသားအလံတော်သည် တရားမ၀င် အလံဖြင့်
သို့ရောက်ရှိနိုင်ပါသည်။

ကရင်အမျိုးသားအပေါင်းတို့ခင်ဗျား- ကရင်အမျိုးသားအလံတော်ကိုကာကွယ်ရန်အ
တွက် တစ်ဦးတစ်ယောက်အဖြင့်၎င်း၊ အဖွဲ့အစည်းအနေဖြင့်သော်၎င်း အောက်ပါနေ
ရာ (၃) နေရာသို့ ဧပြီလ (၁၇)၊ ၂၀၁၀ ထက်နောက်မကျစေဘဲ တစ်ပြိုင်နက် ကန့်
ကွက်စာများ ပေးပို့ရန်မေတ္တာရပ်ခံအပ်ပါတယ်။

၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
(လိပ်စာအသေးစိတ်ကို သိရှိသောအခါ ဖေါ်ပြသွားပါမည်)

၂။ ပြည်ထောင်စုကရင်အမျိုးသားအဖွဲ့ချုပ် ( United Karen League)
အမှတ် (၁) စောတေလိန်း၊ ဦးလူနီလမ်း၊
ကရင်အမျိုးသားများရပ်ကွက်၊
ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်တိုင်း

၃။ သက်ဆိုင်ရာ မြန်မာနိုင်ငံသံရုံး

မှတ်ချက်။ Kareunited သို့ ပေးပို့လာသော်ကန့်ကွက်စာများကို ၀ိုင်းတော်သားများမှ
ဆက်လက်ပေးပို့ရန် ပြင်ဆင်မူများပြုလုပ်နေပါသည်။

စစ်အာဏာရှင်စနစ်ကို အမြစ်ပါမကျန် ဆန့်ကျင်တိုက်ဖျက်ရေးအတွက်မြန်မာပြည်သူလူထုတစ်ရပ်လုံး ‘ဘူး’ တစ်လုံးဆောင်ကြပါစို့”

၁။ နအဖ ခိုင်းတဲ့ လုပ်အားပေး လုံးဝမလိုက်ဘူး။

၂။ ရပ်ကွက်တွင်း ကောက်ခံတဲ့ ကင်းကြေး လုံးဝမထည့်ဘူး။

၃။ နအဖ ကောက်ခံတဲ့ အခွန်ငွေ လုံးဝမထည့်ဘူး။

၎။ ဧည့်သည်လာရင် ဧည့်စာရင်း လုံးဝမတိုင်ဘူး။

၅။ ကြံ့ဖွံ့၊ စွမ်းအားရှင်အဖွဲ့ထဲ လုံးဝမ၀င်ဘူး၊ မပတ်သက်ဘူး။

၆။ နအဖ စစ်တပ်ထဲ လုံးဝမ၀င်ဘူး။

၇။ နအဖစစ်တပ် ပေါ်တာခေါ်ရင် လုံးဝမလိုက်ဘူး။

၈။ နအဖစစ်အုပ်စုကို အစိုးရအဖြစ် လုံးဝအသိအမှတ်မပြုဘူး။

၉။ နအဖရဲ့ ၂၀၀၈ အခြေခံဥပဒေကို လုံးဝလက်မခံဘူး။

၁၀။ နအဖရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပါတီ မှတ်ပုံမတင်ဘူး၊ ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ဘူး။

၁၁။ နအဖ ပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ လုံးဝမဲသွားမပေးဘူး။

“မတရားတဲ့ အမိန့်အာဏာဟူသမျှကို လုံးဝလက်မခံဘူး”

“ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲ”

“စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြ”

“အရေးတော်ပုံ အောင်ရမည်”

BURMA NLD to Bring Junta to Court

BURMA NLD to Bring Junta to Court

Tuesday, April 13, 2010

၂၀၁၀-၄-၁၁ နေ့တွင်ဂျပန်တိုကျိုတွင်ကျင်းပ

လူပါးတော်တော်ဝ

You are the Shit Than Shwe from Thadar May on Vimeo.

Salween Watch Vol2 march 2010

Salween Watch Vol2 march 2010

နအဖက ကရင်အပစ်ရပ်အဖွဲ့ကို ခြိမ်းခြောက် နအဖက ကရင်အပစ်ရပ်အဖွဲ့ကို ခြိမ်းခြောက်

Written by ရဲရင့်
Saturday, 10 April 2010 06:35
နအဖနှင့်ပူးပေါင်းထားသည့် ကရင်အဖွဲ့များအားလုံး ယခုနှစ်လည်မတိုင်မီ နယ်ခြားစောင့်တပ်အသွင်ပြောင်းမှုကို လက်မခံပါက အခြေအနေဆိုးများနှင့် ရင်ဆိုင်ရမည်ဟု နအဖက ပြောဆိုကြောင်း ကရင်အပစ်ရပ်အဖွဲ့တခု၏ အဆင့်မြင့်ခေါင်းဆောင်တဦးက ပြောသည်။

၎င်းက “လာမယ့် ဇွန်လကုန်မှာ ကရင်အဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် အပြီးအသွင်ပြောင်းမှာ ဖြစ်တယ်။ ဒါကို လုံးဝလက်မခံနိုင်ဘူးလို့ ဗိုလ်ဌေးမောင်ဦးဆောင်တဲ့ ကေအန်ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့က တရားဝင် ကြေညာချက် ထုတ်ထားတာနဲ့ပတ်သက်ပြီးတော့ နအဖဘက်က ဒီအဖွဲ့ကို ခြိမ်းခြောက်ထားတယ်လို့ သိရတယ်။ ဗိုလ်ဌေးမောင်က အသာတကြည် လက်မခံလို့ကတော့ ဒီကိစ္စ သွေးမြေကျမှုတွေ အများကြီးဖြစ်ဖို့ရှိတယ်” ဟု ပြောသည်။

နအဖ၏ တပ်မတော်စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်က အဆိုပါကိစ္စနှင့် ပတ်သက်၍ ဗိုလ်ဌေးမောင်ကို ယခုရက်ပိုင်းအတွင်း လာရောက်တွေ့ဆုံရန် ဆင့်ခေါ်သည်ကို ဗိုလ်ဌေးမောင်က လက်မခံဘဲ ကျန်းမာရေး အကြောင်းပြကာ ငြင်းပယ်ခဲ့သည့်အတွက် နအဖဘက်မှ ယခုကဲ့သို့ ခြိမ်းခြောက်မှု ပြုလုပ်လာခြင်းဖြစ်သည်ဟု အဆိုပါခေါင်းဆောင်က ဆက်ပြောသည်။

နအဖတာဝန်ရှိသူများနှင့် နယ်ခြားစောင့်တပ်ကိစ္စ ဆက်လက်ဆွေးနွေးရန် ဆန္ဒမရှိတော့သဖြင့် ဗိုလ်ဌေးမောင်သည် ၎င်း၏အဖွဲ့အခြေချရာ ကော့ကရိတ်မြို့နယ် ထော့ကိုကိုးရွာတွင် မနေတော့ဘဲ ယခင်နေထိုင်ခဲ့သည့် ထိုင်း-မြန်မာနယ်စပ် မျဉ်းအနီးရှိ မယ်လစခန်းတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည်ဟု သိရသည်။

ဒီကေဘီအေ အပါအ၀င် ကရင်ခွဲထွက်အဖွဲ့ (၆) ဖွဲ့ရှိသည့်အနက် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်ကိစ္စကို ဗိုလ်ဌေးမောင်၏ အဖွဲ့တဖွဲ့တည်းကသာ ငြင်းဆန်ခဲ့ပြီး ကျန်အဖွဲ့များက လက်ခံသဘောတူခဲ့ကြသည်။

ယမန်နှစ် နှစ်ကုန်ပိုင်းက နအဖထိပ်တန်းခေါင်းဆောင်များနှင့် ဗိုလ်ဌေးမောင်အဖွဲ့တို့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့်ကိစ္စ ဆွေးနွေးခဲ့ကြရာ ၎င်းတို့အနေဖြင့် လုံးဝလက်မခံနိုင်ကြောင်း အတိအလင်း ပြောကြားခဲ့ပြီးနောက် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ရန် ကရင်ပါတီအဖွဲ့အချို့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့်ကိစ္စကိုလည်း ငြင်းပယ်ခဲ့သည့် ဗိုလ်ဌေးမောင်အဖွဲ့၏ ရှေ့အလားအလာများနှင့်ပတ်သက်၍ ကရင်ခွဲထွက်အဖွဲ့များနှင့် ပြည်တွင်းပြည်ပရှိ ကရင်အမျိုးသားထုအတွင်း အထူးစိတ်ဝင်စားလျက်ရှိသည်။

ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက “ကရင်ခွဲထွက်အဖွဲ့တွေအနေနဲ့ သဘောထားအမှန်နဲ့ ပြန်လာတဲ့ ဘယ်အဖွဲ့ကိုမဆို ကြိုဆိုပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဗိုလ်ဌေးမောင်နှင့်အဖွဲ့သည် ၂၀၀၇ ခုနှစ်က ကေအန်ယူမှခွဲထွက်ပြီး နအဖနှင့်ပူးပေါင်းကာ ကေအန်ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကော့ကရိတ်မြို့နယ် ထော့ကိုကိုးရွာတွင် အခြေစိုက်နေထိုင်သည်။

ခွေးမြှောက်ပွဲ ဝင်မည့် နအဖ လက်ကိုင်ဒုတ် ကရင်ကြီး များအား ကညီသွံဉ်မှ အမှတ်တရ ဂုဏ်နေပုံ

ခွေးမြှောက်ပွဲ ဝင်မည့် နအဖ လက်ကိုင်ဒုတ် ကရင်ကြီး များအား ကညီသွံဉ်မှ အမှတ်တရ ဂုဏ်နေပုံ

ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချူပ်မှ အမျိုးသားအလံသုံးမယ် ဟု ကြေးမုံ သတင်းစာမှာ ကျေငြာ


ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချူပ်မှ အမျိုးသားအလံသုံးမယ် ဟု ကြေးမုံ သတင်းစာမှာ ကျေငြာ
Written by ကြေမုံသတင်းစာ
Sunday, 11 April 2010 11:48

Those Wishing to Form Political Parties List

2010-04-09 Those Wishing to Form Political Parties

Information- Written by KNU Office

Information Karen 10.April

လူမဆန်မှုသတင်း

/ 4/10/2010 08:26:00 AM /
၁၀.၀၄.၂၀၁၀

သထုံခရိုင်။

- ၇.၄.၂၀၁၀ နေ့၊ DKBAသောမနသည် သူ့လူစောဆာလားအား ပလောဖိုးတိုးရွာသား စောမောင်မြအောင်၏ကျွဲအားခိုးယူခိုင်းပြီး တမိုယာရွာ သို့သွား ရောင်းစားခဲ့သည်။ ကျွဲပိုင်ရှင်သည် DKBA၏လက်ချက်မှန်းသိသဖြင့် သွားပြန်မယူရဲ။

တောင်ငူခရိုင်။

- ထန်းတပင်မြို့နယ် ၂.၄.၂၀၁၀နေ့ ခမရ(၄၂၇) တပ်သည် ကော်သေးဒဲရွာသား စောမင်း နိုင်(ခ)တော်သူ အားအပြစ်မရှိပဲ ဖမ်းဆီးပြီး စကခ(၇)သို့ပို့ခဲ့သည်။ ရွာလူ ကြီးများ သွား ရောက်အာမခံဖို့အတွက်လုံးဝအခွင့်မပေးခဲ့။

- ထန်းတပင်မြို့နယ်၊ ၇.၄.၂၀၁၀နေ့ ခမရ(၄၂၇) သည် ကော်သေးဒဲရွာသား စောတာအူးအူး အား ပလဲဝတွင်ဖမ်းဆီးပြီး ချုပ်နှောင်နှိပ်စက်၊ ရေထဲထည့်ပြီး ညှင်းဆဲတဲ့ အပြင် ထိုဖမ်းဆီး ထားသော စောမင်းနိုင် နှင့် စောအူးအူး တို့၂ဦး အားနအဖတပ်မှဘာ တွေဆက်ပြီး လုပ်နေ လဲဆိုတာမည်သူမှမသိရှိသေးပါ။
- ထန်းတပင်မြို့နယ်၊ ၃.၄.၂၀၁၀နေ့ ခမရ(၄၂၁) နှင့် ခလရ(၂၅၀) တပ်အ ပြောင်းအလဲ လုပ်ချိန်တွင် မီးများရှို့ခဲ့သဖြင့် ကောစိုးခိုရွာသားများ၏ဖာလာခြံ များမီးလောင်ခံရ။ မီးလောင်ခံရသောဖာလာခြံပိုင်ရှင်များမှာ- စောမဲဘယ် ၏ ဖာလာ၂၀၀ပိသာတခြံ၊ စောမင်း လေး ၏ဖာလာ၁၀၀ပိသာတခြံ၊ စောကြီးဒို ၏ ဖာလာ၁၀၀ပိသာတခြံ၊ နော်မြသိန်း၏ ဖာလာ ၅၀ပိသာတခြံ၊ စောရော့ကက်၏ ဖာလာ၇၀ပိသာတခြံ တို့ဖြစ်သည်။
- ထန်းတပင်မြို့နယ်၊ ၄.၄.၂၀၁၀နေ့ ကလော်မီးဒဲရှိ နအဖတပ်သည်ကလော်မီး ဒဲရွာသား ၁၂ ဦးအား သူတို့၏ပစ္စည်းများကို လယ်ကလားဒဲမှကလော်မီးဒဲသို့ အတင်းသယ်ယူခိုင်း၊ ထိုတရက်ထဲမှာဘဲ သကွီးစိုးအရပ်တွင်လှုပ်ရှားသော နအဖတပ်သည် မီးများ လိုက်ရှို့သော ကြောင့် သကွီးစိုးရွာမီးလောင်ခံထိ။
- ထန်းတပင်မြို့နယ်၊ ၄.၄.၂၀၁၀နေ့ ၀၉း၅၀နာရီ ဃဲဒဲရွာသို့ပစ္စည်းများပြန်လာ ယူသော ရွာ သားများကို နအဖတပ်မှ ထီးဧိုလိုအရပ်တွင်ပစ်ခတ်ခဲ့။
- ၅.၄.၂၀၁၀နေ့ ၁၀း၀၀ နာရီ နအဖ တပ်သည်ဃဲဒဲရွာသားများအားထပ်မံပစ် ခတ်ရာ ရွာ သားများထွက်ပြေးလွတ်မြောက်ခဲ့၊ ဒဏ်ရာရရှိမှုမရှိ။

UNA Statement-april7 by Naythit

UNA Statement-april7 by Naythit