Friday, March 5, 2010

ထူးချွန်သော ကရင့်အမျိုးသမီး

KNU Statement Requesting UN SG to Call on SPDC to Stop Attacks against Karen Civilians

2010 March 4

OFFICE OF THE SUPREME HEADQUARTERS
KAREN NATIONAL UNION
KAWTHOOLEI

www.karennationalunion.net

KNU Statement Requesting UN SG to Call on SPDC to Stop Attacks against Karen Civilians

March 4, 2010

While we, the Karen National Union (KNU), welcome UN Secretary General Ban Ki-moon’s expression of concern regarding new attacks on the Karen people, we do not believe that this alone is an adequate response to the current crisis.

We would like to remind the Secretary General that these attacks have been taking place for more than 60 years, and that numerous requests and expressions of concern, and even resolutions from the United Nations General Assembly, and a Presidential Statement from the United Nations Security Council, have failed to halt these attacks and persuade the SPDC military dictatorship to enter into genuine dialogue.

We note that a UN Special Rapporteur report on human rights in Burma has described the attacks by the SPDC Burmese Army against Karen and other ethnic peoples in eastern Burma as being in breach of the Geneva Conventions. They are, therefore, war crimes. We also note that at least two former Special Rapporteurs on human rights in Burma have said that human rights abuses by the Burmese Army taking place in eastern Burma should be investigated as potential crimes against humanity.

The Secretary General’s call for ‘all concerned’ to work towards a peaceful resolution misrepresents the true situation in our country, and in so doing amounts to protecting the dictatorship, which is guilty of perpetrating these heinous attacks.

What is happening in Karen State is not a civil war with two sides fighting each other. The reality is that the Burmese Army is attacking and deliberately targeting civilians, and this has been verified by the United Nations’ own reports. The KNU cannot end hostilities as we are not engaged in active hostilities against the regime. Our soldiers in the Karen National Liberation Army (KNLA) are protecting civilians from attack and providing humanitarian assistance.

We have repeatedly tried to enter into dialogue for a peaceful resolution of the problems in Burma. The dictatorship refuses to enter into genuine dialogue, and instead demands what amounts to a total and unconditional surrender that would lead to an increase in human rights abuses against Karen people.

It is time for the United Nations Secretary General to lay blame where it belongs, and stop portraying the situation as if two sides of equal strength are in dispute. It is the military dictatorship and its proxy allies who are solely responsible for the attacks and abuses taking place in the Karen State. It is the military dictatorship, which refuses to enter into genuine dialogue and seek a peaceful solution to the problems in Burma.

In conclusion, we would like to request earnestly the Secretary General to use his good offices to apply real pressure on the dictatorship to end attacks against ethnic peoples, and enter into genuine dialogue with all stake holders, for national reconciliation and peace. He should also seek a resolution from the United Nations Security Council to reinforce this effort.

Supreme Headquarters
Karen National Union
Kawthoolei

Thursday, March 4, 2010

“င” လေးလုံးကို ဆောင်

၁။ “စည်းလုံးခြင်းရဲ့ အင်အား” ဝက်ဘ်ဆိုဒ်သို့ တပ်တွင်းနီးစပ်သူများနဲ့ အသိုင်းအဝိုင်း မိသားစုများမှ စစ်အာဏာရှင် မိသားစုများရဲ့ အတွင်းရေး သတင်းများကို ပေးပို့လာရာ စာဖတ်ပရိသတ်များအား ဖောက်သည် ချပေးလိုက်ရပါတယ်ခင်ဗျား။ ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့သား ဗိုလ်တိုးနိုင်မန်း (D.S.A - 42) ဟာ ဆေးအဆင့် နှိမ့်ချပြီးတော့ ထွက်ခွင့်ရအောင်ယူကာ စစ်တပ်မှ မကြာခင် ထွက်ခွါသွားတော့မယ်လို့ သိရှိရပါတယ်။ ဗိုလ်တိုးနိုင်မန်းတစ်ယောက် ရုရှားနိုင်ငံသို့ ပညာတော်သင် သွားရောက်ဖို့ မပါဝင်တာ အကြောင်းရှိမယ်လို့ ရုရှားရောက် အရာရှိများမှ သံသယဝင်နေချိန် ယခုတော့ “ဘွား” ကနဲ ဒီသတင်း ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ စစ်တပ်ထဲမှာ နေရတာကို ငြီးငွေ့နေလို့လား၊ ဒါမှမဟုတ် သူ့ရဲ့ညီအစ်ကိုဖြစ်သူ အောင်သက်မန်းလို ကုမ္ပဏီ သူဋ္ဌေးကြီးလုပ်ဖို့ အားကျလို့ဘဲလား ဆိုတာကိုတော့ သူနဲ့ မိသားစုဝင်တွေသာ အသိဆုံး ဖြစ်ပါလိမ့်မယ်။ တခြားသူတွေ ထွက်ခွင့်မရပေမဲ့ သူကတော့ သူပေါ့နော်။

၂။ ဗိုလ်သန်းရွှေရဲ့ အသည်းကျော် မြေးတော်ဖိုးလပြည့်ဟာ T.T.C မှာ အထက်တန်း ကျောင်းတက်စဉ်ကပင် တစုံတခုဖြစ်မှာစိုးရိမ်လို့ သူ့ကို နှစ်ပွင့်ဗိုလ်တစ်ယောက်နဲ့ ဗိုလ်မှူးအရာရှိတစ်ယောက်က အနီးကပ် Stand by စောင့်ကြပ် ကြည့်ရှုပေးခဲ့ရပါတယ်။ အဲ့ဒီ အရာရှိတွေဟာ Hand Phone နှစ်လုံးအား အမြဲဖွင့်ထားရပြီး ဖိုးလပြည့် တခုခုဖြစ်မှာကို အမြဲတမ်း စိုးရိမ်သောက ဖြစ်နေကြရရှာပါတယ်။ တခုခုဖြစ်ခဲ့ရင် သူတို့ရဲ့ပုခုံးပေါ်က အပွင့်လေးတွေ ပြုတ်ကျကာ ဇီဝိန်ချုပ်ငြိမ်းသွားမှာကိုတော့ ဗေဒင်မေးစရာ မလိုတော့အောင် သိနေကြပါတယ်။ အရေးထဲ စစ်အာဏာရှင်ကြီး ဗိုလ်သန်းရွှေ ဒေါသအမျက် ချောင်းချောင်းထွက်ရင် အပါးတော်မြဲ ငဖါးအုပ်စုက အဲဒီအရာရှိတွေကို ဖုန်းခေါ်ပြီး သူ့မြေးကို ဗိုလ်သန်းရွှေနဲ့ ဖုန်းပြောခိုင်းကာ အကြောလျော့အောင် ဖြေပေးရတယ်လို့ သိရပါတယ်။ တခါက မြေးလေး အိမ်သာတက်နေတုံးမှာပင် ဝမ်းမှန် မမှန်တောင် ဗိုလ်သန်းရွှေကို သတင်းပို့ ရသေးတယ်လို့ သိရပါတယ်။



၃။ T.T.C ကျောင်း ဘောလုံးပွဲတစ်ခုမှာ ဖိုးလပြည့်တစ်ယောက် ဘောလုံးပွဲကြည့်ဖို့ ရောက်လာလို့ ကျောင်းအုပ်ဆရာကြီးက သူထိုင်နေတဲ့ ထိုင်ခုံက အမြန်ထပြီး သူ့နေရာကို ဖိုးလပြည့်အား ပေးထိုင်ရတဲ့ ငဖါးဒုက္ခကလည်း မသေးလှဘူးလို့ သိရပါတယ်။ ဒါ့အပြင် ဖိုးလပြည့်တစ်ယောက် ဒီနှစ် အကယ်ဒမီဆုပေးပွဲ အခမ်းအနားကို ကြပ်ပြေးမှာ ကျင်းပခဲ့စဉ် ရှေ့ပြေး Point Patrol (ထိပ်နီ) လုံခြုံရေး ကား (၄) စီး ခြံရံပြီးတော့ ရောက်လာခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ဘောလုံးဝါသနာကို ဖြည့်ဆီးပေးနေတဲ့ မျိုးလှိုင်ဝင်းနဲ့အတူ ဘောလုံး လေ့ကျင့်ချင်တယ်ဆိုလို့ သုဝဏ္ဏဘောလုံးကွင်းကြီးနဲ့ ကုန်းမြင့်သာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဘောလုံးကွင်းအတွင်းက မီးဆလိုက်ကြီးတွေကို ည အချိန်မတော် ဖွင့်ပေးရတယ်လို့လည်း သိရပါတယ်။ သုဝဏ္ဏအားကစားကွင်း ဘေးနားမှာရှိတဲ့ အိမ်တွေက နိုင်ငံခြားဘောလုံးပွဲ ရှိတယ်လို့တောင် ထင်ယောင်ထင်မှား ဖြစ်ခဲ့ကြရပါသေးတယ်။



၎။ ဗိုလ်သန်းရွှေရဲ့ တပည့်ကျော် ကာကွယ်ရေးဝန်ကြီးဌာန ထုတ်လုပ်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးတင်အေးရဲ့သား ဗိုလ်ဥက္ကာအေး (တေဇ - ၂၅) ကတော့ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှာ G – 2 စစ်ဦးစီးမှူး (ဒုတိယတန်း) တာဝန်ကို ထမ်းဆောင်နေဆဲမှာပင် အလုပ်ကြီး အကိုင်ကြီး အနေနဲ့ ကားပွဲစား (ဝယ်/ရောင်း) အလုပ်များအား တပည့်ကျော်များ မွေးကာ စီးပွားရေးသောင်းကျန်း လုပ်ကိုင်နေတယ်လို့ သိရှိရပါတယ်။ သူ့ရဲ့အဖေက ဦးပိုင်ကို ကိုင်ထားတာမို့ သူနဲ့ ရင်းနှီးချင်တဲ့သူတွေ များပါတယ်။

၅။ ငါ့အတွက်….၊ ငါ့ မိန်းမ အတွက်…..၊ ငါ့သားသမီး အတွက်….၊ ငါ့ ဆွေမျိုး အတွက်…. “င” လေးလုံးကို မလုပ်ရဆိုတဲ့ ဗိုလ်သန်းရွှေရဲ့ ညွှန်ကြားချက်ဟာ တပြေးညီထဲ မဟုတ်သလို ဒီအဆိုအမိန့်များဟာဖြင့် ပြည်သူတွေအတွက် ယုံတမ်းစကားသာ ဖြစ်ပါကြောင်း၊ တပ်မတော် အကြီးအကဲတွေဟာ အဲ့ဒီ “င” လေးလုံးကို ခါးဝတ်ပုဆိုးလို မလွတ်တမ်း ဆောင်ထားကြပါကြောင်း “စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ်” မှ တင်ပြလိုက်ပါတယ်။

ကျောက်နဂါး ရေကာတာကြောင့် ရွာ ၂၀ကျော်နှင့် ဥယျာဉ်ခြံ ရာနှင့်ချီ ရေလွှမ်းမိုးခံရ

Submitted by Karen Information Center on Tuesday, 2 March 2010No Commentမတ်လ ၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ပဲခူးတိုင်းအရှေ့ဘက်ခြမ်း ညောင်လေးပိုင်ခရိုင် ရွှေကျင်မြို့နယ်တွင် စစ်အစိုးရပိုင်ကုမ္ပဏီများက ကျောက်နဂါး ရေကာတာ ဆောက်လုပ်မှုကြောင့် ရွှေကျင်ချောင်းအနီးတ၀ိုက်ရှိ ကျေးရွာပေါင်း ၂၀ကျော်နှင့် ဥယျာဉ်ခြံပေါင်း ၆၀၀ကျော် ရေလွှမ်းမိုးခံနေရ သည်ဟု သိရသည်။

အဆိုပါ ရေကာတာမှာ ရွှေကျင်ချောင်းကို အမှီပြုထားခြင်းဖြစ်ပြီး အဆိုပါ ချောင်းတ၀ိုက်ရှိ လယ့်ဝါး၊ ထီးဆဲထာ့၊ လယ့်ပေါ့်ချာ့၊ လယ့္ထာကြီး၊ ကေဆာ၀ါးကြီး၊ ဒူးသော၊ မယ့်လော်လာ၊ ညာ့လူ့ကွီး၊ ကဲဟဲခို့၊ တနေးထာ့၊ စူးမူ့ထာ့၊ ပိုလူး၊ ထီးကေးထာ့ စသည့် ရွာများမှ လူနေအိမ်များနှင့် ရှောက်ခြံပေါင်း ၆၀၀ကျော် ရေလွှမ်းမိုးခံရပြီး ရွာသားများမှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ ရသည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့(ကေအာရ်ဒဗလျူ)မှ အဖွဲ့ဝင်တဦးက ပြော သည်။

သူမက “လောလောဆယ်တော့ ရေက တဖြည်းဖြည်း တက်လာပြီး အခု အဲဒီဒေသက ရွာပေါင်း ၂၃ရွာ၊ ရှောက်ခြံပေါင်း ၆၀၀ ကျော် ရေဖုံးလွှမ်းခံရနေပြီ။ တချို့ရွာက ရွာသားတွေဟာ မြေပြန့်ဘက်ကို ပြောင်းရွှေ့သွားသလို တချို့ကတော့ တောင်ပေါ်ကို ပြောင်းရွှေ့နေထိုင်ကြတယ်။ ရှောက်ခြံတွေကတော့ ဘာမှ လုပ်စားလို့မရတော့ဘူးပေါ့”ဟု ပြောသည်။

ရေအားလျှပ်စစ် (၇၅)မဂ္ဂါဝပ် ထုတ်လုပ်မည့် ကျောက်နဂါးရေကာတာသည် အမြင့် ၁၈၅ပေ၊ အနံ ၃၆၀ပေနှင့် ဧရိယာ စတု ရန်းမိုင် ၄၄ ပတ်လည်ရှိပြီး ရွှေကျင်ချောင်းတွင် ၂၀၀၀ခုနှစ်ကတည်းက စတင် အကောင်အထည်ဖော် ဆောက်လုပ်ခဲ့သည့် ကျောက်နဂါးရေကာတာကို ယခုနှစ်၊ ဧပြီလတွင် ဖွင့်လှစ်တော့မည်ဟု စစ်အစိုးရက ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ထိုဒေသရှိ ရွာသားအများစုသည် ရှောက်ခြံကို မှီခိုအားထားကာ အသက်မွေးဝမ်းကျောင်းပြုကြသူများ ဖြစ်သောကြောင့် ယင်း သို့ ဥယျာဉ်ခြံ မြောက်များစွာ ဆုံးရှုံးခဲ့ပြီး မည်သည့်လျော်ကြေးမှ မရရှိသည့်အပေါ် လက်ရှိအချိန်တွင် ဘ၀ရပ်တည်ရေးအ တွက် အခက်ကြုံနေကြရသည်ဟု ကော်သူးလေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဌ စောဒေါ့လေးမူက ပြောသည်။

“တန်ရာတန်ကြေး တစုံတရာ မပေးဘဲ ဒီလို ရှောက်ခြံတွေ အများကြီး တခါတည်း ပျက်စီးဆုံးရှုံးခံရတော့ ရှောက်ခြံနဲ့ အဓိက အသက်မွေးဝမ်းကျောင်းပြုကြတဲ့ ရွာသားတွေအတွက် တော်တော်လေး အထိနာတယ်ပေါ့နော်။ စစ်အစိုးရအနေနဲ့ ပြောင်းရွှေ့ ခံရတဲ့ ရွာသားတွေအတွက် နစ်နာကြေးတော့ နည်းနည်းပါးပါး ပေးသင့်ပါတယ်။ အခုဟာက ဘာမှမပေးတော့ အခြားနေရာကို ပြောင်းရွှေ့ရတဲ့ ရွာသားတွေလည်း အခက်အခဲတွေ အများကြီးတွေ့နေရတယ်”ဟု ဆိုသည်။

ကျောက်နဂါးရေကာတာကို စစ်အစိုးရပိုင် ကုမ္ပဏီများနှင့် အကျိုးတူ စီးပွားရေးသမားများက တာဝန်ယူဆောက်လုပ်ခြင်းဖြစ်ပြီး ယခင်က တရုတ်နှင့် ဂျပန်နိုင်ငံမှ ရေကာတာဆောက်လုပ်ရေး ပညာရှင်များ လာရောက်ကြည့်ရှုခဲ့သော်လည်း ပထ၀ီအနေအ ထားနှင့် မြေသားတည်ဆောက်မှု အခြေအနေကြောင့် ၎င်းပညာရှင်များ တာဝန်ယူ ဆောက်လုပ်ခြင်း မရှိခဲ့ပေ။

အလားတူ ရွှေကျင်နှင့် ကျောက်ကြီးမြို့နယ်ကို ဖြတ်သန်းနေသည့် ဘောကထာ့ချောင်းကို အမှီပြု၍ ရေကာတာတခု ထပ်မံ ဆောက်လုပ်ရန်အတွက် နအဖစစ်အစိုးရပိုင် ကုမ္ပဏီများက စတင်လုပ်ဆောင်လျှက်ရှိသည့်အပြင် သံလွင်မြစ်ကို အမှီပြုမည့် ဟတ်ကြီးရေကာတာကိုလည်း ဆက်လက်ဆောက်လုပ်သွားမည်ဟု ထိုင်းစွမ်းအင်ဝန်ကြီးဌာနမှ ယခင်လက သတင်းထုတ်ပြန် ခဲ့သည်။

ကရင်ပြည်နယ်တွင် ဟတ်ကြီး၊ ၀ဲကြီး၊ ဒါးခွင်၊ ကျောက်နဂါးနှင့် ဘောကထာ့ ရေကာတာ (၅)ခု ဆောက်လုပ်ရန် စစ်အစိုးရ ကုမ္ပဏီများက လျာထားခဲ့သော်လည်း လက်ရှိအချိန်တွင် ကျောက်နဂါးရေကာတာ တခုတည်းသာ တည်ဆောက်ပြီးစီးခဲ့သည်။

ကမ္ဘာ့ လူငယ်ခေါင်းဆောင် တဦးအဖြစ် ဇိုယာဖန်း ရွေးချယ်ခံရ

/ 3/04/2010 10:39:00 AM /
မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားသူ လူငယ်တဦးဖြစ်တဲ့ မဇိုယာဖန်းကို ကမ္ဘာ့စီးပွားရေး ဖိုရမ်ကနေ Young Global Leaders လို့ခေါ်တဲ့ ကမ္ဘာ့ လူငယ်ခေါင်းဆောင် တဦးအဖြစ် အသိအမှတ်ပြုပြီး ရွေးချယ်လိုက်ပါတယ်။ ရွေးချယ်ရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဖြတ်သန်းပြီး လူငယ်အများအပြားထဲကမှ အခုလို ဂုဏ်ပြုရွေးချယ်ခံခဲ့ရတဲ့ ဇိုယာဖန်းကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ကမ္ဘာ့ လူငယ်ခေါင်းဆောင် တဦးအဖြစ် ဂုဏ်ပြုရွေးချယ်ခံရတဲ့ စာရင်းထဲမှာ ပါဖို့ ပဏာမအဆင့်မှာ အသက် ၄၀ ကနေ အောက် လူငယ်ပေါင်း ၅,၀၀၀ လောက် အမည်စာရင်း တင်သွင်းခံခဲ့ရပြီး နောက်ဆုံး ဆန်ခါတင်အဖြစ် နိုင်ငံပေါင်း ၇၂ နိုင်ငံက လူငယ်ခေါင်းဆောင် ၁၉၇ ယောက်ထဲမှာ ဇိုယာဖန်း ပါဝင်ခဲ့တာပါ။



ရွေးချယ်တဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကလည်း စည်းမျဉ်းစည်းကမ်း တင်းကျပ်လှပြီး အမည်စာရင်း တင်သွင်းခံရသူတွေကို အမေရိကန်နိုင်ငံက Heidrick & Struggles ဆိုတဲ့ သုတေသန ကုမ္ပဏီက ပထမအဆင့် အသေးစိတ် စိစစ်ပါတယ်။ ရွေးချယ်ရေး လုပ်ငန်းစဉ်ရဲ့ နောက်ဆုံးအဆင့်မှာ ဂျော်ဒန်ဘုရင်မ ရာနီယာ အယ်လ် အဗ္ဗဒူလာ (Rania Al Abdullah) ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ကမ္ဘာတ၀န်း သတင်းမီဒီယာ လောကထဲက ထင်ရှားတဲ့ ခေါင်းဆောင်တွေ ပါဝင်တဲ့ ရွေးချယ်ရေးအဖွဲ့က ဆန်ခါတင် လူငယ်ခေါင်းဆောင်တွေကို ရွေးချယ်တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဒေသကြီး ၇ ခုက လူငယ် ၂၀၀ နီးပါးနဲ့အတူ ကမ္ဘာ့ လူငယ်ခေါင်းဆောင် တဦးအဖြစ် မြန်မာနိုင်ငံကနေ ရွေးချယ်ခံရတဲ့အပေါ် သူခံစားရတဲ့ အဓိပ္ပာယ်ကို မဇိုယာဖန်းက အခုလို ပြောပြပါတယ်။

“အဓိက ကျမတို့ မြန်မာပြည်မှာ လှုပ်ရှားနေတဲ့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး၊ ပြီးတော့ တိုင်းရင်းသား လူနည်းစုတွေ အားလုံး အရေးအတွက်ပေါ့နော်၊ အဲဒါ ဒီ ကမ္ဘာ့ စီးပွားရေး ခေါင်းဆောင်တွေက ကျမတို့ရဲ့ လှုပ်ရှားမှုတွေကို အသိအမှတ် ပြုတယ်လို့ ကျမက ယူဆပါတယ်။ နှစ်တိုင်း သူတို့ရွေးတာကတော့ ၂၀၀ လောက် ရွေးပါတယ်။ ဒီနှစ်ကျတော့ ၁၉၇ ယောက် ရွေးဖြစ်ပါတယ်။ နောက်ဆုံးရွေးတဲ့အချိန်မှာ ကျမလည်း ပါသွားတယ်ဆိုတော့ ကျမ အင်မတန်ကို ၀မ်းသာမိပါတယ်။”

ဒီလို ဂုဏ်ပြုရွေးချယ် ခံရတဲ့အတွက် မဇိုယာဖန်း ရှေ့ဆက်လုပ်သွားမယ့် လုပ်ငန်းတွေ၊ လှုပ်ရှားမှုတွေမှာ ဒီဆုရဲ့ အကျိုးသက်ရောက်မှု၊ အထောက်အပံ့ဖြစ်မှု ဘယ်လောက်ထိရှိမယ်လို့ မျှော်လင့်ထားပါလဲခင်ဗျ။

“ဟုတ်ကဲ့၊ ပထမအဆင့်ကတော့ မြန်မာပြည်အရေးကို မြန်မာပြည်အကြောင်း တခါမှ မသိဘူးတဲ့လူတွေ ပိုပြီးတော့ စိတ်ဝင်စားလာမယ်၊ ဒီ World Economic Forum ကနေ တဆင့်ပေါ့နော်။ ပြီးတော့ ဒုတိယအဆင့်ကျတော့ ကျမက ဒီ ကျန်တဲ့ အခြား လူငယ်ခေါင်းဆောင်တွေနဲ့ တွဲပြီးတော့ သူတို့လည်း မြန်မာပြည်အရေးကို ပိုမိုပြီးတော့ စိတ်ဝင်စားလာအောင် သူတို့ကဏ္ဍအနေနဲ့ တခုခု လှုပ်ရှားပေးနိုင်ဖို့ ကျမ ဆက်လက်ပြီးတော့ သူတို့နဲ့ တွဲပြီးတော့ လှုပ်ရှားမှုတွေ လုပ်ဆောင်သွားမယ်။

“ပြီးတော့ တဆက်တည်းမှာပဲ သူတို့ နှစ်တိုင်းလုပ်နေတဲ့၊ ကျင်းပနေတဲ့ သူတို့ရဲ့ အစည်းအဝေးကြီးတွေပေါ့နော်၊ ကျမ တက်ရောက်ပြီးတော့ မြန်မာပြည်အကြောင်းကိုလည်း ဆွေးနွေးခွင့်ရရင် ကျမ ဆက်လက်ပြီးတော့ အဲလိုမျိုးသွားပြီး မြန်မာပြည်အရေးကို တင်ပြမှာ ဖြစ်ပါတယ်။”

မဇိုယာဖန်းက လူငယ်တယောက်အနေနဲ့ အခုလို ကမ္ဘာ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ခေါင်းဆောင်တွေက ဂုဏ်ပြု ရွေးချယ်လိုက်တဲ့အတွက် မြန်မာနိုင်ငံက လူငယ်ထုပေါ့နော်၊ မဇိုယာဖန်းလို လူငယ်တွေ ဒီလိုမျိုး ကမ္ဘာ့စင်မြင့်ပေါ်မှာ နောက်ပိုင်း ဂုဏ်ပြု ချီးမြှောက်ခံလာရနိုင်တဲ့ အလားအလာကိုရော မဇိုယာဖန်း ဘယ်လို သုံးသပ်မိပါလဲ။

“ဟုတ်ကဲ့၊ ကျမတို့ တိုင်းပြည်မှာက လူငယ်အမျိုးသမီးတွေ အများကြီး ရှိပါတယ်။ ပြီးတော့ ကျမတို့ လှုပ်ရှားမှုဘက်မှာ ကြည့်မယ်ဆိုရင် ထူးချွန်တဲ့ လူငယ်ပေါ့နော်၊ အဓိက အမျိုးသမီးတွေ တော်တော်များများ ရှိပါတယ်။ ဒါပေမဲ့ ကျမတို့ တိုင်းပြည်က အခုလက်ရှိ အခြေအနေပေါ်မှာ ကြည့်ရရင်တော့ နိုင်ငံတကာဘက်မှာ သူတို့ ဒီလိုမျိုး ဂုဏ်ပြုပြီးတော့ ဒီလိုမျိုး အသိအမှတ်ပြုတာတွေ နည်းသေးတယ်လို့ ကျမမြင်ပါတယ်။ တခြားနိုင်ငံထက် စာရင်ပေါ့နော်။ အဲဒါကြောင့် ကျမတို့ မြန်မာပြည်ကလာတဲ့ လူငယ်တွေ ဆက်လက်ပြီးတော့ ကြိုးစားရမယ်၊ ကျမတို့ ကြိုးစားပြီးတော့ လုပ်သလို အကျိုးသက်ရောက်မှုတွေလည်း ကျမ တဖြည်းဖြည်း မြင်လာရပါတယ်။

“အဲဒါကြောင့် ပြည်တွင်းထဲက ရှိတဲ့လူငယ်တွေ အားလုံး ကျမ အားပေးချင်ပါတယ်။ ကျမတို့ တိုင်းပြည်အတွက်ပေါ့နော်၊ ကျမတို့ တတ်နိုင်တဲ့ကဏ္ဍ ဖြစ်ဖြစ်ပေါ့နော်၊ ကျမတို့ ဆက်လက်ပြီးတော့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး၊ ပြီးတော့ တိုင်းရင်းသားတွေ အားလုံး စစ်အာဏာရှင် စနစ်အောက်ကနေ လွတ်မြောက်နိုင်ဖို့ အတွက်ပေါ့နော်၊ ကျမတို့ အတူတူ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားဖို့ ကျမ အမြဲတမ်း ကြိုးစားနေမှာ ဖြစ်ပါတယ်။”

၂၀၁၀ ပြည့်နှစ်အတွက် ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ ကမ္ဘာ့ လူငယ်ခေါင်းဆောင် တဦးအဖြစ် ရွေးချယ် ဂုဏ်ပြုခံခဲ့ရသူ မဇိုယာဖန်း ပြောပြသွားတာ ဖြစ်ပါတယ်။

ရွေးချယ်ခံရတဲ့ လူငယ်ခေါင်းဆောင်တွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ အရပ်ဘက် လူမှုအဖွဲ့အစည်း၊ ပညာရှင်၊ ယဉ်ကျေးမှု၊ အနုပညာ စတဲ့ နယ်ပယ်စုံက ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပါဝင်တဲ့ အရှေ့အာရှ ဒေသကနေ ဒီနှစ်အတွက် ၄၃ ယောက် ရွေးချယ်ခံရပြီး ASEAN အရှေ့တောင်အာရှ နိုင်ငံတွေထဲက ဆိုရင်တော့ မြန်မာနိုင်ငံအပြင် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့က လူငယ်တွေ ရွေးချယ်ခံရပါတယ်။ ဒီထဲမှာမှ စင်ကာပူနိုင်ငံက လူငယ် ၄ ယောက် ရွေးချယ်ခံရပြီး အများဆုံး ဖြစ်ပါတယ်။

မဇိုယာဖန်းဟာ လုပ်ကြံခံရလို့ ကွယ်လွန်သွားတဲ့ KNU ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်တဦးဖြစ်သူ ဖဒို မန်းရှာလဖန်းရဲ့ သမီးတဦးဖြစ်ပြီး လက်ရှိမှာတော့ ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK မှာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေကို လုပ်ဆောင်နေသူ ဖြစ်ပါတယ်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဥပဒေပညာရှင်တွေ ကြားနာ


VOA သတင်းမှ
03 March 2010

မနေ့က ကုလသမဂ္ဂ ဌာနချုပ်ရှိရာ နယူးယောက်မြို့မှာ မြန်မာနိုင်ငံတွင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ ကြားနာပွဲ ပြုလုပ်ရာမှာ ဒီအဖြစ်အပျက်တွေဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်မှု မြောက်တယ်လို့ နိုင်ငံတကာ ဥပဒေ ပညာရှင်တွေက သုံးသပ်ခဲ့ကြပါတယ်။ ဒီပွဲကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ မခင်ဖြူထွေးကို မခွာညိုက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံက အမျိုးသမီး ၁၂ ဦးက လူ့အခွင့်အရေး ချိုးဖောက်တာတွေကို သူတို့ကိုယ်တိုင် ခံစားရတာတွေကို ပထမဦးဆုံးအကြိမ် အမေရိကန် ပြည်ထောင်စုမှာ လာပြီးတော့ သက်သေခံ ထွက်ဆိုတာ ဖြစ်ပါတယ်။ ဒီလို သက်သေထွက်ဆိုတဲ့ နေရာမှာ ခုံရုံးသဘောမျိုး ပြင်ဆင်ပြီးတော့မှ တရားသူကြီး ၄ ဦးက သူတို့ရဲ့ ထွက်ဆိုချက်တွေကို နားထောင်တယ်။

ဒီတရားသူကြီး ၄ ယောက်ထဲမှာ ၁၉၉၇ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဂျိုဒီ ၀ီလီယံ (Jody Williams)၊ ၂၀၀၆ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် အီရန်နိုင်ငံက အမျိုးသမီး လှုပ်ရှားသူ ရှီရင်း အီဘာတီ (Shirin Ebadi)၊ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ကွာဟမ် နိုင်ငံရေး လေ့လာရေးကျောင်းက ပါမောက္ခ စိန်ဆူးရှင်း၊ သူကလည်း တရားသူကြီး ၄ ယောက်ထဲက တယောက်၊ ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်က ဥပဒေပညာရှင် ပါမောက္ခ ဗီတစ် မွန်တာဘွန်၊ သူတို့တွေက တရားသူကြီးတွေ အနေနဲ့ သက်သေခံ ထွက်ဆိုတာတွေကို ကြားနာပြီး မြန်မာနိုင်ငံက အမျိုးသမီးတွေက သူတို့ကိုယ်တိုင် ကြုံတွေ့ရတဲ့ အမျိုးသမီး ၁၂ ယောက်ရဲ့ အကြောင်းအရာတွေကို နားထောင်ပြီး ဒီအပေါ်မှာ သုံးသပ်ချက်တွေ ပေးကြတာ ဖြစ်ပါတယ်။
အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကိုယ်တိုင် လာပြီး ထွက်ဆိုကြတယ်ဆိုတော့ ဘယ်လို အမျိုးသမီးတွေလဲ၊ ဘယ်အရပ်က လာကြသလဲ၊ အဲဒါလေး ပြောပြပေးပါ။
“ဒီလို သက်သေထွက်ဆိုတဲ့ နေရာမှာတော့ အမျိုးမျိုးပါပဲ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ပုံစံ အမျိုးမျိုးနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ လူတွေက ဒီမှာလာပြီး ပြောကြတာဆိုတော့ အစိတ်အပိုင်းအားဖြင့် သုံးမျိုး ခွဲထားတယ်။ ဥပမာ မုဒိမ်းကျင့်ခံရတဲ့ ကိစ္စမျိုးတွေက အမျိုးသမီးတွေအပေါ်မှာ တိုက်ရိုက် အကြမ်းဖက်ခံရတဲ့ အခြေအနေတွေအကြောင်း၊ ကချင်ပြည်နယ်က ဆယ်ကျော်သက် အမျိုးသမီးလေး တယောက်ကလည်း မြန်မာစစ်သားတွေက ၀ိုင်းပြီး သူ့ကို မုဒိမ်းကျင့်ခံရတဲ့ အခြေအနေပေါ့၊ အဲဒီ သူ့ရဲ့ ကိုယ်ပိုင် အတွေ့အကြုံကို ပြောပြတယ်။ ဒါပေမဲ့ သူကတော့ ကိုယ်တိုင် မလာရောက်နိုင်တဲ့အတွက် သူ့ရဲ့ကိုယ်စား ဒီမှာရှိတဲ့ တယောက်က သူ့ရဲ့ သက်သေထွက်ဆိုချက်ကို ဖတ်ကြားပေးတာ ရှိတယ်။
“ဒါပေမဲ့ အဓိက သက်သေထွက်ဆိုတဲ့သူတွေ တင်ပြသွားတဲ့ အကြောင်းအရာတွေထဲမှာ မုဒိမ်းကျင့်ခံရတဲ့ ကိစ္စတွေ၊ အတင်းအဓမ္မ လုပ်အားပေး စေခိုင်းခံရတာတွေ၊ ရွာတွေမှာ နေအိမ်တွေကနေ အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းတာ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတဲ့ အထဲမှာ ကိုယ်တိုင်ခံစားရတဲ့ သူတွေပေါ့၊ နောက် နိုင်ငံရေး အကျဉ်းသားတွေ ဆိုရင်လည်း အကျဉ်းထောင်တွင်းမှာ သူတို့တွေ ဘယ်လို ညှဉ်းပန်းနှိပ်စက်ခံရတယ် ဆိုတဲ့အကြောင်း၊ သူတို့တွေရဲ့ နိုင်ငံသား အခွင့်အရေးတွေ၊ နိုင်ငံရေး လှုပ်ရှားခွင့် အခွင့်အရေးတွေ ဘယ်လိုဆုံးရှုံးရတယ် ဆိုတဲ့အကြောင်းတွေကို သူတို့တွေက တရားသူကြီးတွေရှေ့မှာ သက်သေထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။”
ကြားနာမှုကို နိုင်ငံတကာက တရားသူကြီးတွေရော၊ ဥပဒေ ပညာရှင်တွေပါ လာပြီး ကြားနာတယ်ဆိုတော့ နိုင်ငံတကာ ဥပဒေကို စံထားပြီး ဘယ်လိုသုံးသပ်သွားပါလဲ၊ ဗမာပြည်က အခြေအနေနဲ့ ပတ်သက်ပြီးတော့။
“သက်သေထွက်ဆိုသွားတဲ့ လူတွေကို နားထောင်ခြင်းအားဖြင့် မြန်မာစစ်အစိုးရဟာ ပြည်တွင်း ဥပဒေတွေကိုရော၊ နိုင်ငံတကာ ဥပဒေတွေကိုရော ကျူးလွန်နေတယ်ဆိုတာ ထင်ရှားတယ်၊ တကယ့်ကို လူသားမဆန်တဲ့ အစိုးရ၊ ပြည်သူတွေကို ကာကွယ်ပေးရမယ့် အစား ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ အစိုးရတရပ် ဖြစ်တယ်၊ မြန်မာနိုင်ငံဟာ အခြေခံ လူ့အခွင့်အရေးတွေကို လုံးဝ လျစ်လျူရှု ခံနေရတဲ့နိုင်ငံ ဖြစ်တယ်ဆိုတာကို သူတို့တွေက သက်သေခံ ထွက်ဆိုသွားတဲ့ အပေါ်မှာ မူတည်ပြီးတော့ သုံးသပ်ချက် ပေးတာတွေ ရှိပါတယ်။
“အဲဒီအထဲမှာ ထိုင်းနိုင်ငံက ဥပဒေ ပညာရှင် ဗီတစ် မွန်တာဘွန်က ဆိုရင် ယုံနိုင်စရာတောင် မကောင်းတဲ့ ရက်စက်ကြမ်းကြုတ်မှုကြီးကို သူတို့ ဒီနေ့မှာ ကြားရတယ်ပေါ့။ အခုလိုဖြစ်တာဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး၊ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေ မရှိလို့ ဖြစ်နေတာ၊ ဒီအခွင့်အရေးတွေကို ပြည်သူတွေဟာ အလုခံထားရတယ် ဆိုပြီးတော့ သူက သုံးသပ်ပြောဆိုတာ ရှိပါတယ်။
“တောင်ကိုရီးယား တရားသူကြီး တယောက်က ဆိုရင်လည်း ဒီအဖြစ်အပျက်တွေကို သူ နားထောင်ရတာဟာ သူ့ကိုယ်တွေ့ အဖြစ်အပျက်တွေကို ပြန်ပြီး သတိရစေတယ်လို့ သူက ပြောတယ်။ ဥပမာ သူ ၁၉၇၀၊ ၈၀ ခုနှစ်တွေတုန်းကဆိုရင် တောင်ကိုရီးယားနိုင်ငံမှာ သူတို့လည်း ကြုံခဲ့ရတယ်လို့ သူက ပြောတယ်။ သူ့ရဲ့အမျိုးသားဆိုရင် ထောင် ၃ နှစ် ကျခဲ့တယ်။ သူတို့ကိုယ်တိုင်လည်း ဒါတွေကို ဖြတ်သန်းခဲ့ဖူးတယ်။
“ဒါတွေဟာ တကယ့်ကို မထင်ရက်စရာ အခြေအနေတွေ ဖြစ်တယ်။ အဲဒီလို အခြေအနေတွေ ရောက်တိုင်း၊ ရောက်တိုင်းမှာလည်း သူတို့တွေရဲ့ အဓိက မျှော်လင့်ချက်က ပြည်ပဖိအား ဖြစ်တယ်။ မြန်မာနိုင်ငံမှာလည်း အခုလိုဖြစ်နေတဲ့ အခြေအနေတွေမှာ မြန်မာနိုင်ငံမှာ ဒီနေ့ အဓိက လိုအပ်နေတာလည်း နိုင်ငံတကာ ဖိအားပါဆိုပြီး သူက ပြောဆိုသွားပါတယ်။”
နိုင်ငံတကာက တရားသူကြီးတွေနဲ့ ဥပဒေ ပညာရှင်တွေကလည်း သုံးသပ်ပြီးသွားပြီဆိုတော့ ဒီလိုဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ရှေ့ဆက် ဘယ်လို ဆောင်ရွက်နိုင်မယ့် အလားအလာတွေ မြင်ရသလဲဆိုတာ မခင်ဖြူထွေး မြင်သလောက် ပြောပြပေးပါဦး။
“အခု ကျမပြောနေတဲ့ အချိန်မှာကို ဒီနေ့ အစီအစဉ်တွေက မပြီးသေးပါဘူး။ နောက်ထပ် သက်သေခံ ထွက်ဆိုမယ့် အမျိုးသမီးလည်း ၄ ဦးကျန်သေးတယ်။ သူတို့အားလုံး ၁၂ ယောက် သက်သေခံပြီးသွားပြီ ဆိုရင်တော့ တရားသူကြီးတွေချည်းပဲ ဆုံပြီးတော့ သူတို့ ကြားနာခဲ့ရတဲ့ အချက်အလက်တွေ၊ သူတို့ အရင်တုန်းက မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့ ရှာဖွေရရှိထားတဲ့ အချက်အလက်တွေကို တရားသူကြီးတွေက ပြန်ပြီး သုံးသပ်မှာ ဖြစ်ပါတယ်။
“အဲဒီလို သုံးသပ်ပြီးသွားရင် တရားသူကြီးတွေက အစီရင်ခံစာ ထုတ်ပြန်ပြီးတော့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အစိုးရတွေကို မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက စနစ်တကျနဲ့ကို ဖြစ်နေတယ်၊ နိုင်ငံတကာ ဥပဒေ ပုဒ်မ ဘယ်အပိုဒ် ဘယ်အပိုဒ်အရ မြန်မာစစ်အစိုးရဟာ ဒီဥပဒေတွေကို ချိုးဖောက်နေပါတယ် ဆိုပြီးတော့ သူတို့တွေက ဥပဒေ အချက်အလက်တွေနဲ့ ကိုးကားပြီး မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေ သူတို့ ကြားနာခဲ့ရတဲ့ အပေါ်မှာ မူတည်ပြီးတော့ သူတို့က အစီရင်ခံစာကို ထုတ်မှာပါ။ မြန်မာစစ်အစိုးရကိုလည်း ဒီအခြေအနေတွေက ရပ်တန်းက ရပ်ပါဆိုတဲ့ တိုက်တွန်းမှုမျိုးတွေကို သူတို့က လုပ်သွားဖို့ ရှိပါတယ်။”
အဲဒီလို နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်တွေက ကမကထပြုပြီးတော့ နိုင်ငံတကာက ဥပဒေ ပညာရှင်တွေနဲ့ တရားသူကြီးတွေ ပါဝင်တဲ့ ကြားနာပွဲကနေ အစီရင်ခံစာတစောင် ထုတ်ပြန်ပြီး မြန်မာစစ်အစိုးရဆီကိုလည်း ပေးပို့မှာ ဖြစ်ကြောင်းနဲ့ ဒီနေ့ဆိုရင် ကုလသမဂ္ဂ ရုံးချုပ်ရှေ့မှာ မြန်မာပြည်တွင်းက အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ အတွက် ဆုတောင်းပွဲလုပ်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။

Wednesday, March 3, 2010

အပြည်ပြည်ဆိုင်ရန်ရှိ ကရင်များသို့ ပန်ကြားချက်

ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရောက်ရှိနေထိုင်နေကြတဲ့ ကရင်အမျိုးသားအပေါင်းတို့ခင်ဗျား...

ဗမာစစ်အုပ်စုဟာ ကျုပ်တို့ ကရင်လူမျိုးအပါအဝင် တိုင်းရင်းသားတွေကို နှစ်ပေါင်း
မြောက်များစွာ လူမျိုးတုံး သတ်ဖြတ်ရေး နည်းဗျူဟာတွေချမှတ်ပြီး နည်းပရိယာယ်
ပေါင်းများစွာနဲ့ အစီစဉ်ရှိရှိ စံနစ်တကျလုပ်လာခဲ့တာ ဒီကနေ့ဒီအချိန်ထိလုပ်နေတာ
အားလုံးအသိဖြစ်ပါတယ်။

စစ်အာဏာရှင် အစိုးရရဲ့ လက်အောက်မှာ အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုတွေ
အနေနဲ့ လူသားတယောက်အ ဖြစ် လူ့အခွင့်အရေးအပြည့်အဝ,ရရှိဘို့မဆိုထားပါနဲ့
လူ့အခွင့်အရေးဆိုတာ ဘာလဲ ဆိုတာကို မသိနိုင်အောင်ကို ဖိနှိပ်ရက်စက်မှုနည်းလမ်း
ပေါင်းစုံအောက် စိုးရိမ်ထိတ်လန့်မှုကြီးမားစွာ ရပ်တည်နေထိုင်နေကြရ,ပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရောက်ရှိနေထိုင်နေကြတဲ့ ကရင်အမျိုးသားအပေါင်းတို့ခင်ဗျား
ညီအစ်ကိုတို့အနေနဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေကြားမှာ နေထိုင်နေကြရတဲ့ အဖိနှိပ်ခံအခြေ
ခံပြည်သူလူထူအပေါ် လူ သားချင်း စာနာထောက်ထားမှုရှိပါတယ်ဆိုတာကို သက်
သေပြတဲ့အနေနဲ့ လာမယ့် March 09 2010နေ့မှာ တကမ္ဘာလုံးအတိုင်းအတာအ
နေနဲ့ တနေ့ထဲ တပြိုင်ထဲ ကိုယ် ရောက်ရှိနေထိုင်နေတဲ့နိုင်ငံကနိုင်ငံ့ခေါင်းဆောင်တွေ
ကိုဗမာစစ်အုပ်စုရဲ့လူမဆန်တဲ့အပြု
အမူမှန်သမျှရပ်တန်းကရပ်စေဘို့မိမိတို့စွမ်းဆောင်နိုင်တဲ့ဘက်ကထုနဲ့ထည်နဲ့စုပေါင်းလုပ်
ဆောင်ကြပါစို့လို့တိုက်တွန်းဆော်သြလိုက်ပါတယ်။

အင်္ဂလန်၊ အမေရိကန်၊ ကနေဒါ၊ စင်္ကာပူ၊ မလေးရှားနှင် သြစတေတြးလျနိုင်ငံတို့မှ
ကရင်များကလည်း ထိုနေ့တွင် နအဖမြန်မာသံရုံးအား သွားရောက်ဆန္ဒပြကြမည်ဖြစ်
သဖြင့် ကရင်များရောက်ရှိရာနိုင်ငံများမှ အဖိနှိမ့်ခံပြည်သူတွေအတွက် ထထ ကြွကြွ
နိုးနိုး ကြားကြားဖြင့် ဆန္ဒအမှန်ကိုဖော်ထုတ်ကြဖို့ ထပ်မံတိုက်တွန်းလိုက်ပါတယ်။

စစ်အာဏာရှင်စံနစ် ကျဆုံးပါစေ။

မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
စောကျော်ခွီး

အဓမ္မခိုင်းစေခံရသည့် ရွာသား (၄၀၀) ကျော်တို့က အိုင်အယ်လ်အိုသို့ တိုင်တန်း



ရဲရင့်/ ၁ မတ် ၂ဝ၁ဝ

အဓမ္မလုပ်အား ခိုင်းစေခြင်းခံရသည့် တောင်ငူခရိုင်မှ ရွာသား (၄၇၀) တို့က ၎င်းတို့ အဓမ္မစေခိုင်းခံရမှုကို စုံစမ်း အရေးယူမှုပြုလုပ်ပေးရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (အိုင်အယ်လ်အို) သို့ ယနေ့တိုင်ကြားစာ ပေးပို့လိုက်သည်။

ထိုသို့ အစီရင်ခံစာ ပေးပို့မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (အက်ဖ်တီယူဘီ) နှင့် ကော်သူးလေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (အက်ဖ်တီယူကေ) တို့မှ တာဝန်ရှိသူများက ထိုင်း-မြန်မာနယ်စပ်တွင် သတင်းစာရှင်းလင်းပွဲတရပ် ယမန်နေ့ညနေက ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတွင် အိုင်အယ်လ်အိုက ရုံးဖွင့်လှစ်ထားသော်လည်း အဓမ္မလုပ်အားခိုင်းစေမှုနှင့်ပတ်သက်၍ ထိရောက်သည့် အရေးယူမှု မပြုလုပ်နိုင်သည့်အတွက် အချိန်ကြာလာသည်နှင့်အမျှ လူထုမှာ ပိုမိုဒုက္ခရောက်နေသဖြင့် ၎င်းတို့ကိုယ်စား အိုင်အယ်လ်အိုမှတဆင့် တင်ပြပေးခြင်းဖြစ်သည်ဟု အက်ဖ်တီယူကေအဖွဲ့က ပြောသည်။

အက်ဖ်တီယူကေမှ နော်ဖောဂေက “ဒေသခံလူထုတွေရဲ့နစ်နာဆုံးရှုံးမှုတွေကို နိုင်ငံတကာက သိရှိဖို့နဲ့ ပြစ်မှုကျူးလွန်တဲ့ အဖွဲ့အစည်းတွေကို အရေးယူပေးနိုင်ဖို့ဖြစ်တယ်။ နအဖနဲ့ အိုင်အယ်လ်အို ဒီကိစ္စတွေ ပပျောက်ဖို့ သဘောတူလက်မှတ် ရေးထိုးထားပေမယ့် ကျမတို့ ကရင်ဒေသမှာတော့ အဓမ္မလုပ်အားစေခိုင်းမှုက နေ့စဉ်ရှိနေပါတယ်။ ရွာသား (၄၇၀) က သည်းမခံနိုင်တော့လို့ လက်မှတ်ရေးထိုးပြီး ဒီအစီရင်ခံစာကို ပေးပို့တိုင်ကြားတာဖြစ်တယ်” ဟု ဒေသခံသတင်းထောက်များအား ပြောသည်။

လက်မှတ်ထိုး တိုင်ကြားသူများမှာ တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ ကော့ဒေးဒဲရွာ၊ ဖလဲလားရွာ အပါအ၀င် အခြားရွာများမှဖြစ်ပြီး ၎င်းတို့အဆိုအရ မြန်မာစစ်တပ်အတွက် ရွာသားများမှာ နေ့စဉ် မိမိအစီအစဉ်ဖြင့် သယ်ယူပို့ဆောင်ရေး၊ တပ်စခန်းဆောက်လုပ်ရေး၊ လမ်းရှင်း၊ ကင်းစောင့်နှင့် သစ်ခုတ်ဝါးခုတ် အလုပ်များ စေခိုင်းခံရပြီး ဆင့်ခေါ်ရာတွင် လာရောက်ရန် ပျက်ကွက်သူများမှာ အပြစ်ပေးခံကြရသည်ဟု ၎င်းက ပြောသည်။

အဓမ္မလုပ်အားခိုင်းစေမှုကို အိုင်အယ်လ်အိုတွင် တိုင်ကြားနိုင်သည်ကို အက်ဖ်တီယူကေအဖွဲ့ဝင်များပြောပြ၍ သိရှိပြီး လက်မှတ်ထိုး တိုင်ကြားခြင်းဖြစ်ကြောင်း၊ တိုင်ကြားသူ (၄၇၀) တွင် လက်မှတ်ရေးထိုးနိုင်သူ (၄၀) ကျော်သာရှိပြီး ကျန်လူများမှာ စာမတတ်၍ လက်ဗွေနှိပ်ကြရကြောင်း၊ တိုင်ကြားသူများကို မြန်မာစစ်တပ်က လိုက်လံဖမ်းဆီးမည်ကို သိကြောင်း၊ မိမိတို့မှာ အားကိုးအားထား မရှိတော့သဖြင့် အရဲစွန့်တိုင်ကြားရခြင်းဖြစ်ကြောင်း ရွာသားတဦးက ပြောသည်။

ယခု အစီရင်ခံစာကို အက်ဖ်တီယူဘီမှတဆင့် ပေးပို့တိုင်ကြားခြင်းဖြစ်ပြီး ယခုကဲ့သို့ အခြေခံလူ့အခွင့်အရေးများကို ချိုးဖောက်နေသည့် နအဖစစ်အုပ်စုအား လျင်မြန်စွာ အရေးယူနိုင်ရန်အတွက် အိုင်အယ်လ်အို၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (အိုင်တီယူစီ)နှင့် အဖွဲ့ဝင်များ၊ အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ) တို့ထံ ပေးပို့သွားမည်ဖြစ်သည်။

အက်ဖ်တီယူဘီ၏ အထွေထွေအတွင်းရေးမှူး ဦးမောင်မာင်က “ကရင်ပြည်နယ် တိုင်းရင်းသားဒေသတွေမှာ အဓမ္မလုပ်အား ပေးမှုတွေ ဆက်ပြီးရှိနေတယ်။ မနှစ်ကဆိုရင် တောင်ငူခရိုင်ထဲမှာ မှတ်တမ်းပြုထားတာ အမှုပေါင်း (၄၉၀) ကျော် ရှိတယ်။ အဓမ္မလုပ်အားပေးမှု ပပျောက်ဖို့ကိစ္စကတော့ အခုလို နအဖနဲ့ အိုင်အယ်လ်အို သဘောတူညီချက်တွေ ပြောရုံနဲ့မရသေးဘူး။ အိုင်အယ်လ်အိုအနေနဲ့ ပြင်းပြင်းထန်ထန် လုပ်ဖို့တောင်းဆိုပါတယ်” ဟု ပြောသည်။

ယနေ့ပေးပို့သည့် တိုင်ကြားစာကို အိုင်အယ်လ်အိုရုံးချုပ်နှင့် ရန်ကုန်ရှိ အိုင်အယ်လ်အို ရုံးခွဲသို့ ပေးပို့ထားပြီး ၎င်းကိစ္စနှင့် ပတ်သက်၍ ယခုလအတွင်း ကျင်းပမည့် အိုင်အယ်လ်အို ညီလာခံတွင် ဆွေးနွေးကြမည်ဟု သိရသည်။

Monday, March 1, 2010

ဟေတီငလျင်အတွက် သီချင်းတပုဒ် We Are The World 25 For Haiti - Official Video

ဟေတီငလျင်အတွက် သီချင်းတပုဒ်

UPDATE! ---See the HD version with full credit list on your big-screen TV. Go to your On Demand Menu Now on Cable and DISH network. --- Recorded on February 1st, 2010, in the same studio as the original 25 years earlier (Henson Recording Studios, formerly A&M Recording Studios) "We Are The World 25 For Haiti", in which Jones and Richie serve as executive producers and producers, was created in collaboration with executive producers Wyclef Jean, Randy Phillips and Peter Tortorici; producers Humberto Gattica and RedOne; and co-producers Rickey Minor, Mervyn Warren and Patti Austin to benefit the Haitian earthquake relief efforts and the rebuilding of Haiti.

Academy Award-winning writer-director Paul Haggis (Crash, Million Dollar Baby), whose own personal efforts as well as those of Artists for Peace and Justice have already saved countless lives in Haiti, filmed the private recording session to create the accompanying video and behind-the-scenes production, and serves as Film Director and as an Executive Producer with Jones, Richie, Jean, Phillips and Tortorici.

The 25th Anniversary recording features over 80 artists and performers. The recording of We Are The World 25 For Haiti embodied the same enthusiasm, sense of purpose and generosity as the original recording 25 years ago. Every one of the artists who participated, regardless of genre or generation, walked into the room with their hearts and souls completely open to coming together to help the people of Haiti.
Category: Music

Tags: We Are The World We Are The World 25 For Haiti WATW

ရန်ကုန် ဝဋ်လည်ခြင်း

/ 2/28/2010 09:09:00 PM /
မင်းအောင်နိုင်(မဇ္ဈိမ)

ဝဋ်ဆိုသည် လည်တတ်၏။ မကြုံဖူးတုန်းကတော့ မယုံ။ ခုတော့ဖြင့် ကိုယ်တွေ့ကြုံသောအခါ ယုံရလေပြီ။ ကိုယ်တိုင်ကြုံတွေ့ ဝဋ်လည်ခံနေရသည်က ရန်ကုန်လူထု ဖြစ်လေသည်။ ၂ဝဝ၅ ခုနှစ် မတိုင်ခင်က အထိ ရန်ကုန်သားတို့ အခြားမြို့သား နယ်ကလူများအပေါ် မော်ကြွားခဲ့လေသမျှ ခုတော့ ဝဋ်ပြန်ခံနေရလေပြီ။

ရွှေမြို့တော်ကြီးသားဟု သွေးနားထင် ရောက်ကာ နယ်က တောသားများအပေါ် အထင်အမြင်သေးခဲ့သမျှ ဗိုလ်ဂျုတ်ကြီးလုပ်လိုက်မှ ခံရချက်နာကြလေပြီ။ ဗိုလ်ဂျူတ်ကြီးဟူသည်ကား တိုင်းပြည်ဘဏ္ဍာတော်များကို ရိတ်ရာတွင် နာမည်ကျော်သူ သက်ကြားအိုပင် ဖြစ်တော့သည်။ သူ၏ အစွမ်းကား ရန်ကုန်သားတို့ ဝဋ်လည်အောင် လုပ်နိုင်စွမ်း ရှိ၏။ ယခုပင်ကြည့် နေပြည်တော်ဟု အမည်သညာတွင်လေသော မြို့တော်သစ်ကြီး ပေါ်ထွန်းလာသည်မှ စတင်ကာ မြို့ရန်ကုန်သည် ဇနပုဒ်လုံးလုံး ဖြစ်ချေပြီ။ မီးမလာ၊ ရေမရ နိမ့်ကျလာသည့် လူမှုဘဝများက နေပြည်တော် ပျဉ်းမနားသားတို့၏ ဘဝများထက် နောက်ဆုံးသို့ ရောက်သွားရသကဲ့သို့ ဖြစ်ပေသည်။

တချိန်က မြို့ရန်ကုန်သို့ နယ်မှလူများ ရောက်လာပါက အံ့ချီးဘနန်း ရင်သပ်ရှုမော အထင်ကြီးခဲ့ရလေသမျှ ခုများတော့ နေပြည်တော်ကြီးက အဆတရာမက သာသွားလေပြီ။ ဝန်ကြီးဌာနများ မြို့ရန်ကုန်ကို ကျောခိုင်းနှုတ်ဆက် ထွက်သွားသည့်နောက် ဟိုတချိန်က ရွှေမြို့တော်ကြီးသည် တနေ့ထက်တနေ့ အဆင့်နိမ့်ကျလာခဲ့သည်မှာ ရန်ကုန်သူ၊ ရန်ကုန်သားတို့ ခံရချက်နာလှပေ၏။

လွန်ခဲ့ပြီးလေသော နှစ်များက အခြေအနေ မဆိုးလှသည့် လျှပ်စစ်မီးသည် ဌာနဆိုင်ရာများ သုံးစွဲမှုလျော့ကျသွားသည်တောင်မှ ကောင်းမလာဘဲ၊ ဆိုးသထက် ဆိုးလာသည်မှာ နားမလည်နိုင် ဖြစ်ကြရသည်။ သည်ရက်ပိုင်းအခြေအနေက အဆိုးဆုံးဖြစ်နေသည်။ ပို၍လည်း ဆိုးလာဦးမည်ဟု သိရပြန်သည်။ ဂက်စ်လိုင်းပေါက်သည်လည်း မကြား။ မိမိတို့ စစ်အစိုးရလက်ထက်တွင် ငြိမ်းချမ်းသာယာ ဝပြောလှပါပြီဆိုသည့် အကြားက သောင်းကျန်းသူဟု အမည်သညာ တပ်ခံရသူများကလည်း ဓာတ်အားတိုင်နားတောင် လာနိုင်ဟန် မတူသည့် အခြေအနေ ဖြစ်ပါလျက် ကိုယ်ရွှေလျှပ်စစ်မီးက မလာ။ လာပြန်ရင်လည်း ခဏ။ ဖြစ်ဟယ်၊ ပျက်ဟယ်၊ ပျက်ဟယ်နှင့် သံဝေဂတရားကို ထိုင်ရာမထ ရှုတတ်လျှင် ရအောင် စွမ်းသည်။

ဟိုတုန်းက မန္တလာသားတို့ကို “ချမ်းအေးပူအိုက်၊ ဖုန်ထူခြင်ကိုက်မြို့” ဟု ရန်ကုန်သားတို့ နှိမ့်ချပြောခဲ့လေသမျှ ခု ဝဋ်ပြန်လည်ခံနေရပြီ။ ရန်ကုန်သည်လည်း မီးနေသည် ရွှေပေါင်းဖို့ အဆင်သင့်လုပ်ထားပေးသလို ဖြစ်နေပြီ။ လမ်းများလည်း ဇရာထောင်း၊ “ပျက်မပြင် စည်ပင်ခင်ဗျ” ဟု ပြောရမလို မြို့တော်ဝန်ကြီးလည်း ဘယ်ဆီမှန်း မသိသော ရွေးကောက်ပွဲအတွက်သာ လုံးပမ်းနေတော့ဟန် ရှိသည်။ ရေသည်ပြဇာတ်ထဲမှ မိန်းမ၏ ထမီလို အပေါက်ဗရပွပေါ်က ကားများ ဖြတ်မောင်းလေသော ဖုန်တထောင်းထောင်း ထနေသော ရန်ကုန်လမ်းမများကား သန်းထွန်းလေး၏ မွေးဌာနီကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်မိပေတော့သည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ ဆိုသည်ကြီးကလည်း အခွန်ကောက်ရာတွင် ဘတ်စ်ကားပေါ်က ခါးပိုက်နှိုက်လက်လို မြန်လှသော်လည်း ပြန်လည်ဆောင်ရွက်ပေးရန် ရှိသည်များကျတော့ ကျောက်ရုပ်ကို အဖေခေါ်ရမည့်နှယ် မတုန်မလှုပ် အိနြေ္ဒရလှသည်။

ရန်ကုန်က ရသမျှအခွန်အခတို့က ရန်ကုန်မြို့အတွက် ပြန်မသုံးရဘဲ ဗိုလ်ဂျုတ်ကြီး နန်းတည်လေရာ နေပူတော်မြို့ ခန့်သထက်ခန့်ငြား၊ ထည်သထက်ထည်ဝါစေရေး ပံ့ပိုးပေးရသည်ဟု ကြားသိရပေ၏။

“ကိုယ်ထူကိုယ်ထ” ဆိုသော အသုံးကို မည်သည့်ပညာရှိ ထွင်သွားသည် မသိသော်လည်း ရန်ကုန်သားတို့ကတော့ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ယဉ်ပါးကာနေသည်မှာ ကြာကြာချေပြီ။ မီးမလာ ရေမရလျှင်လည်း ကိုယ့်ဘာသာကြံဆ၊ ရေမရလည်း ကိုယ့်ဘာသာကြံဆ၊ လမ်းပျက်လျှင်လည်း ကိုယ့်ဘာသာကြံဆဖြင့် စခန်းသွားနေကြရသည်မှာ ကြာမြင့်လှပေပြီ။

လျှပ်စစ်မီးပျက်ချိန် များလာ၍ မီးစက်ကြီးများ အပြိုင်အဆိုင် နှိုးကြရပုံများကဖြင့် အီရတ်စစ်ပွဲထဲ ရောက်နေသလို အာဖဂန်မှာ တာလီဘန်နှင့် သူနိုင်ကိုယ်နိုင် ကြဲနေသလိုပင် ဆူပွက်လှ၏။ နားများပင် လေးလာသည်ဟု မိမိကိုယ်တိုင် ခံစားမိ၏။ လေထုညစ်ညမ်းမှုကတော့ ဘယ်လိုတိုင်းထွာရမှန်းပင် မသိသောကြောင့် ရန်ကုန်သားတို့ စိတ်မပူလှ။ အက်ဆစ်မိုး ရွာသွန်းရင်ဖြင့် ဇော်ဝင်းထွဋ် နိမိတ်ဖတ်သည်ဟူ၍ အာဏာပိုင်တို့က လမ်းလွှဲချဦးမည့်ဟန် ကြိုမြင်ရလေသည်။

အက်ဆစ်မိုး လာမလာ မသေချာသော်လည်း ရန်ကုန်သားများအကြား အဆုတ်နာကတော့ တိုးပွားလာနေသည်ကြောင့် 3D Fund လည်း အပြေးအလွှား ဝင်ရောက်လာရသည်ကတော့ သေချာလှသည်။

ရန်ကုန် ဘဝပျက်နေသော်လည်း နေပူတော်မြို့မှာကတော့ မနာလိုစရာ ကောင်းလောက်အောင် အလျှံတညီးညီးနှင့် ငရဲမီးများအလား ဝင်းဝင်းပပ၊ ထိန်ထိန်ပြောင်နေသည်။ ဗိုလ်ဂျူတ်ကြီး သေလွန်သော သွားရာလမ်းအတွက် ကြိုတင်ပြင်ဆင်ပြီး လျှပ်စစ်မီးနှင့် အပူချိန်ခံနိုင်အောင် ကျင့်ကြံအားထုတ်နေဟန်ရှိသည်။

မြို့တော်ဟောင်း ရန်ကုန်တွင် တချိန်က ချမ်းသာခဲ့သမျှကိုလည်း ရွှေမြို့တော်သစ် နေပြည်တော်သို့ ပုံပေးလိုက်ရသဖြင့် ရန်ကုန်မြို့မှာ အခွံဗလာချည်းသာ ကျန်ပေတော့သည်။ မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်၊ အမျိုးသားယဉ်ကျေးမှု ပြတိုက်များမှ ပစ္စည်းအဖုံဖုံနှင့် နေပြည်တော် တိရစ္ဆာန်ရုံတို့အတွက် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က အကောင်မျိုးစုံတို့အပြင် ရွှေ့ပြောင်းနိုင်သမျှ နေပြည်တော်သို့ သယ်မသွားကြလေသည်။ ရန်ကုန်မြို့မှ ရှေးဟောင်း အမွေအနှစ်လက်ရာ အဆောက်အအုံဟောင်းများကိုလည်း ထိန်းသိမ်းထားရမည်ကို လက်ညှိုးထိုး ရောင်းစားပစ်လေသည်မှာ မည်သူတွေ သပိတ်ဝင်အိတ်ဝင် ရသွားလေသည် မသိပေ။

ဗိုလ်ဂျုတ်ကြီးသည် မြို့တော်ဟောင်း ရန်ကုန်အပေါ် မည်သည့်အတွက်ကြောင့် အငြှိုးကြီးစွာ နှိပ်ကွပ်နေသည် မပြောတတ်တော့ပေ။ သူစိတ်ဆိုးရလေသည်ဟု ယူဆရလေသော အချက်မှာ ရန်ကုန်မြို့သားတို့က အာဏာရှင် စစ်အစိုးရ ဆင်းပေးရေး ဆန္ဒ ၄-၅ ခါလောက် ပြဖူးသည်သာ ရှိပါသည်။ ရန်ကုန်မြို့ကို စုတ်သထက် စုတ်၊ နိမ့်ကျသထက် နိမ့်ကျအောင် လုပ်ကာ နေပြည်တော် ရွှေမြို့တော်ကို ပြောင်းနေချင်စိတ် ပေါက်အောင်များ စနစ်တကျ အကွက်ချစီမံနေသည်လား မပြောတတ်တော့ပေ။ နေပြည်တော် ဒေသဖွံ့ဖြိုးရေး ဗိုလ်ဂျူတ်ကြီး မားကတ်တင်း ဆင်းပုံကတော့ ပြောပြရင် အောချလောက်ပါသည်။ လမ်းနာမည် နှစ်ခု ဆက်တိုက်ကို မှန်မှန်ကန်ကန် ရွတ်ရခက်လောက်လေသော ပဝေသနီဗာရာဏသီခေတ်က အမည်နာမများဖြင့် မြို့ကွက်သစ်များ ထပ်မံဖော်ထုတ်ကာ မြို့တော်သစ် နေပြည်တော်ကို ဝန်းရံစေပြန်သည်။

ရွှေမြို့တော်သစ် နေပြည်တော်ကြီး စည်သထက် စည်ကား၊ ဖွံ့ဖြိုးသထက် ဖွံ့ဖြိုးလာအောင် ဘက်ပေါင်းစုံက မြှင့်တင်ပေးကြရသည့် လုပ်ငန်းရှင်များဘဝကလည်း အရှုံးတော့ ရှိနိုင်မည် မဟုတ်ပါ။ နေပြည်တော် ရေပန်းဥယျာဉ်၊ နေပြည်တော် တိရစ္ဆာန်ရုံ၊ နေပြည်တော် အပန်းဖြေ စခန်းသာယာ၊ ရွှေတိဂုံပုံတူ စေတီတော်ကြီးနှင့် မကြာခင်ကမှ ဖွင့်ပြီးလေသော တိုင်းနှင့် ပြည်နယ်အနှံ့ရှိ အထင်ကရ နေရာအထိမ်းအမှတ် ပြကွက်များဖြင့် နေပြည်တော် Land Mark အပန်းဖြေဥယျာဉ်ကြီးတို့က ရန်ကုန်သားတို့အတွက် အလှမ်းဝေးသွားပေပြီ။

ရန်ကုန်သူ၊ ရန်ကုန်သားတို့ကို ယနေ့အချိန်တွင် “နယ်က လူတွေ” ဟု ကြပ်ပြေးနေပူတော်သားတို့က နှိမ့်ချခေါ်ဝေါ်နေလေပြီ။ သူတို့၏ နေပြည်တော် ရွှေမြို့တော်ကြီးမှာ ကမ္ဘာ့အလယ်တွင် မကောင်းသတင်းများနှင့် ပိုနာမည်ကျော်လေသော မြန်မာပြည်ကြီး၏ မြို့တော်ကြီး ဖြစ်လေသောကြောင့်ပင်။

နေပြည်တော်တွင် ခေတ်မီနိုင်ငံတကာ လေဆိပ်ကြီးလည်း ဆောက်နေပြန်ရာ ပြီးစီးပြီဆိုလျှင်ဖြင့် နိုင်ငံခြားခရီးသွားမည့်သူများ အဆိုပါလေဆိပ်ကနေများ ထွက်ရလေမည်လား မပြောတတ်။ မှန်းရခက်သော ဗိုလ်ဂျူတ်ကြီး၏ စိတ်က ထင်ရာမြင်ရာ စွတ်လုပ်တတ်၍ ဖြစ်မလာဘူး မပြောနိုင်။ နေပြည်တော်ထိ တူးမြောင်းဖောက်ကာ နိုင်ငံတကာ ဆိပ်ကမ်းတခုတော့ မတည်ဆောက်လောက်ဟုတော့ တွေးထင်မိပါသည်။ နေပျော်၊ သေပျော်စရာ ကောင်းလောက်အောင်တော့ နေပြည်တော်ကြီးကို ဖန်တီးတည်ဆောက်နေသည်မှာ မြင်သာလှပေ၏။ ရန်ကုန်မှာ မွေး၊ ရန်ကုန်မှာ လူဖြစ်ခဲ့သမျှ သူတွေမှာတော့ ခုအခါ လူဖြစ်ရှုံးသော ဘဝနှင့် ရင်ဆိုင်နေကြရပေပြီ။

တချိန်က မော်ကြွားခဲ့လေသမျှ ရန်ကုန်သားတို့ ခံစားနေရလေပြီ။ ဝဋ်ဆိုသည် လည်တတ်၏။


Reference: ဆောင်းပါး

Catalogue ART-Illegal, Temporary, and Precarious States of Being_Migration

Catalogue ART-Illegal, Temporary, and Precarious States of Being_Migration

kklvol13no2 February

kklvol13no2 February

Sunday, February 28, 2010

၂၀၁၀ခုနှစ်ဂျပန်ရောက်ကရင်များမိတ်ဆုံစားပွဲကိုအောက်အစီအစဉ်အတိုင်းကျင်းပပြုလုပ်မည်

KAREN AROUND THE WORLD UNITE



အကြောင်းအရာ၊၊ ၊၊ ရေလယ်အဆောက်အဦးပေါ်မှာရေသတ္တဝါများကိုကြည့်ယင်းဂျပန်ရောက်
ကရင်များမိတ်ဆုံစားရအောင်၊၊


၂၀၁၀ ခုနှစ်ဂျပန်ရောက်ကရင်များမိတ်ဆုံစားပွဲကိုအောက်ပါအစီအစဉ်အ
တိုင်းပြုလုပ်မည်ဖြစ်ပါ၍ဂျပန်ရောက်ကရင်များအားလုံးဖိတ်ကြားအပ်ပါသည်၊၊တယောက်ကိုဝင်ကြေး
မ ပါယန်း ၁၂၀၀စီထည့်ဝင်၍ကရင်မျိုးချစ်များပိုမိုရင်းနှီးမိတ်သဟာရဖွဲ့ရအောင်ဖိတ်ကြား
အပ်ပါ သည်၊၊
(မှတ်ချက်၊၊ ၊၊ လူတဦးလျှင်ဝင်ကြေးယန်း ၁၅၀ (ပန်းခြံ))

နေ့ရက် ၊၊ ၊၊ ၂၀-၆-၂၀၁၀
အချိန် ၊၊ ၊၊ ညနေ ၄း၀၀ မှ ည ၇း၃၀
နေရာ ၊၊ ၊၊ KIYOSUMI SHIRAKAWA KOEN
KIYOSUMI SHIRAKAWA OEDO _LINE
ထွက်ပေါက် A-3 ဘူတာပေါ်တည့်တည့်

နေရာအစီအစဉ်အတွက် ၆-၆-၂၀၁၀နေ့တွင်နောက်ဆုံးထား၍လူဦးရေစာရင်းပေးသွင်းကြပါရန်မေတ္တာ
ရပ်ခံအပ်ပါသည်၊၊

စောဘလှသိန်း ၀၉၀၄၂၄၆၃၃၇၉ --- နော်လှဥမ္မာဝင်း ၀၈၀၅၅၀၁၆၅၂၉
စောသဆဲလ် ၀၈၀၄၁၉၄၆၅၂၉ --- နော်လေးဖေါ်မင်း ၀၉၀၈၀၄၀၁၃၁၁
စောကပေါ်ထူး ၀၉၀၉၉၆၂၈၉၂၁ --- နော်သိန်းသိန်း ၀၈၀၆၅၆၈၅၅၅၄
စောဆဲနေဗလု ၀၈၀၃၅၄၆၅၀၄၆ ---- နော်ပေါ်လင်း ၀၈၀၅၈၆၈၂၅၂၇
စညီညီလွင် ၀၈၀၆၈၁၂၇၆၆၈
စောကျော်ထင်ထူး ၀၈၀၆၇၈၃၃၆၁၅