Friday, September 17, 2010

昔カレン族である王妃ムイェペーという女性が存在しました。王妃ムイェペーの物語は本当にあった

昔カレン族である王妃ムイェペーという女性が存在しました。王妃ムイェペーの物語は

本当にあった実話であります。

 その王妃ムイェペーの生涯を綴った映像をお見せいたしますので、是非御来所をお待ちいたしております。

 (追伸)1.現地のカレン族語を使っている映像になります。

     2.カレン州、ムトェオ、ムタロ地域の村で、食料不足で避難しているIDP

(693人)の為に、募金させて頂きます。

     3.千円以上頂いた方には、CIDKPからの、領収書をその場で発行いたします。

日付:2010・9.19

場所:南大塚、大塚駅

時間: 午後3時~5時   

IDP=国内避難民

CIDKP=国内カレン避難民委員会  

Thursday, September 16, 2010

ကရင်လူမျိုးထဲတွင်မူယယ်ဖဲဘုရင်မ(1860)ကရင့်သမိုင်းတွင်တကယ့်ဖြစ်ရပ်မှန်ကိုဂျပန်နိုင်ငံတိုကျိုတွင်၁၉-၉-၂၀၁၀တွင်Video ပြသမည်

ကရင်လူမျိုးထဲတွင်မူယယ်ဖဲဘုရင်မ(1860)ကရင့်သမိုင်းတွင်တကယ့်ဖြစ်ရပ်မှန်ကိုဂျပန်နိုင်ငံတိုကျိုတွင်၁၉-၉-၂၀၁၀တွင်Video ပြသမည်

昔カレン族である王妃ムイェペーという女性が存在しました。王妃ムイェペーの物語は

本当にあった実話であります。

 その王妃ムイェペーの生涯を綴った映像をお見せいたしますので、是非御来所をお待ちいたしております。

 (追伸)1.現地のカレン族語を使っている映像になります。

     2.カレン州、ムトェオ、ムタロ地域の村で、食料不足で避難しているIDP

(693人)の為に、募金させて頂きます。

     3.千円以上頂いた方には、CIDKPからの、領収書をその場で発行いたします。

日付:2010・9.19

場所:南大塚、大塚駅

時間: 午後3時~5時   

IDP=国内避難民

CIDKP=国内カレン避難民委員会 


ကရင်လူမျိုးထဲတွင်မူယယ်ဖဲဘုရင်မ(1860)ကရင့်သမိုင်းတွင်တကယ့်ဖြစ်ရပ်မှန်ရှိခဲ့ပါသည်၊၊
ထိုသမိုင်းဖြစ်ရပ်မှန်ဇာတ်လမ်းကိုပြသမည် ဖြစ်ပါသဖြင့်မည်သူမဆိုလာရောက်
ကြည့်ရှု့နိုင်ပါသည်၊၊
မှတ်ချက်၊၊ ၊၊(၁) ကရင်ဘာသာစကားပြောဖြစ်သည်၊၊
(၂) ကရင်ပြည်နယ် မူသရောဒေသမှတောတောင်ထဲဆန်စားစရာမရှိသောပြည်တွင်း
အိုးအိမ်စွန့်ခွါထွက်ပြေးဒုက္ခသည် IDP ၆၉၃ယောက်အတွက်အလှူငွေကောက်ခံမည်ဖြစ်ပါသည်၊၊
(၃) အလှူငွေယန်း၁၀၀၀နှင့်အထက်ထည့်ဝင်လှူဒါန်းသောသူများအားပြည်တွင်းအိုးအိမ်
စွန့်ခွါထွက်ပြေးဒုက္ခသည်စောင့်ရှောက်ရေးကော်မတီ CIDKP အလှူငွေလက်ခံရရှိကြောင်းစာကိုချက်ချင်း
ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်၊၊
Date; 19.9.2010, Place; Minami Otsuka Hall,
Time; 3:00 pm to 5:00 pm

Tuesday, September 14, 2010

အာရှတွင်နယ်စပ်ဒေသမှကရင်ဒုက္ခသည်များကိုပထမဆုံးလက်ခံပြီးဂျပန်သို့ရောက်ရှိလာမည့်ကရင်ဒုက္ခသည်များ၏အရေးနှင့်ပတ်သကပြီးဂျပန်နိုင်ငံUN ရုံးတွင်SYMPOSIUMကျင်းပ

အာရှတွင်နယ်စပ်ဒေသမှကရင်ဒုက္ခသည်များကိုပထမဆုံးလက်ခံပြီးဂျပန်သို့ရောက်ရှိလာမည့်ကရင်ဒုက္ခသည်များ၏အရေးနှင့်ပတ်သက် ပြီးဂျပန်နိုင်ငံ UN ရုံးတွင် SYMPOSIUM ကျင်းပ







အာရှတွင်နယ်စပ်ဒေသမှကရင်ဒုက္ခသည်များကိုပထမဆုံးလက်ခံပြီးဂျပန်သို့ရောက်ရှိလာမည့်ကရင်ဒုက္ခသည်များ၏အရေးနှင့်ပတ်သက်ပြီးဂျပန်နိုင်ငံ UN ရုံး ELIZABETH ROSE HALL တွင် UNHCR မှဦး ဆောင်ကျင်းပခဲ့ရာဖိတ်ကြားထားသောအစိုးရအဖွဲ့
အစည်းများမှတာဝန်ရှိလူကြီးမင်းများ၊NGO များသတင်းသမားများ၊ထိုင်းနိုင်ငံUNHCRမှတာဝန်ရှိလူကြီးမင်းများ၊ဂျပန်အခြေစိုက် KAREN NATIONAL LEAGUE - JAPAN (KNL-JAPAN ),KAREN INFORMATION SPACE - JAPAN (KIS- JAPAN ), KAREN HUMAN RIGHTS - JAPAN တို့၏ တာဝန်ခံဖြစ်သူနော်လှဥမ္မာဝင်းမှတက်ရောက်ဆွေးနွေးခဲ့ပြီးဂျပန်
ရောက်ကရင်လူမျိုးများဖြစ်ကြသော စောဘလှသိန်း၊ စောဂုဏ်အောင်၊စောကစ်စင်ဂျာ၊စောဆါနေဗလု၊ စကောထက်မာနယ်တော၊နော်လေးဖေါမင်း၊နော်အယ်ရှီးထါသိန်း၊နော်ပေါလင်း၊
နော်မဲလဒီသိင်္ဂီလူး၊ နော်သဉ္ဖာဝင်းနှင့်နော်သန္တာဝင်းတို့တက်ရောက်ခဲ့ကြသည်။
၎င်း SYMPOSIUM တွင်ရောက်ရှိလာမည့် ကရင်ဒုက္ခသည်များ၏အရေးဖြစ်သော
ဂျပန်နိုင်ငံ၏မည်သို့မည်ပုံထောက်ပံ့မည့်အခြေအနေ၊ခလေးများ၏ ပညာရေး၊ကျန်းမာရေး၊အလုပ်အကိုင်စသည့်အဖက်ဖက်မှအခြေအနေများကိုအပြန်အလှန်ဆွေးနွေးကြပြီး ရောက်ရှိလာမည့်ကရင်လူမျိုးအတွက်အဖက်ဖက်မှလိုအပ်မည်ဟုထင်ရသည့်များနှင့်ရှေ့ရေးလိုအပ်သည့်
အရာများကိုနော်လှဥမ္မာဝင်းမှထောက်ပြပြောဆိုတောင်းဆိုခဲ့ပါသည်။ထို့အပြင်ဂျပန်နိုင်ငံ၏ဒုက္ခသည်များ
အပေါ်အပြည်ပြည်ဆိုင်ရာနိုင်ငံများ၏လုပ်ဆောက်ချက်များကိုထပ်လောင်းဖြည့်စွက်ထောက်ပြပြောဆိုသွားပါသည်။
Date: 25 August 2010 (Wednesday)
Time: 13:00 to 17:00
Venue: Elizabeth Hall, UNU, 5-53-70, Jingumae, Shibuya-ku, Tokyo 150-0001, Japan
13:00-13:45
Opening remarks (15 minutes)
Mr. Johan Cels, Representative, UNHCR Japan
Ms. Chinami Nishimura, (Parliamentary Secretary for Foreign Affairs) (TBC)
Mr. Tetsuji Nakamura, (Parliamentary Secretary for Foreign Affairs) (TBC)
13:45-15:00
First Panel Discussion ( Pre-departure from Country of Asylum)
• Pre-selection [Panelists: IB (screening)….]
• Post-selection [IOM (pre-departure assistance)…]
Facilitator:
Professor Susumu Yamagami
Panellists:
-Mr. Kenji Taguchi, Deputy Director Refugee Recognition Section, Immigration Bureau、Ministry of Justice (TBD)
-Mr. William Barriga, Head of Office, International Organization for Migration
-Mr. Shunko Chino, Chief Executive Director, Shanti Volunteer Association
-Mr. Oliver Smith, Resettlement Officer UNHCR Bangkok
Discussion and Q & A (40 minutes)
15:00-15:15 Break
15:15 – 17:15
Second Panel Discussion (Integration in Japan)
• Short-tem (post-arrival period)
• Mid-term or long-term integration
Facilitator:
Mr. Daniel Alkhal, Senior Legal Officer, UNHCR Japan
Panellists:
-Ms. Naw Ohn Mar, Karen Information Space
-Mr. Yuichi Oba, Principal Deputy Director, Human Rights and Humanitarian Affairs Division, Ministry of Foreign Affairs
-Mr. Tooru Funahashi, Director, Japanese Language Division, Ministry of Education, Culture, Sports, Science and Technology
-Mr. Tatsuo Tsukihashi, Director of Multiculture, Regional and Cultural Affairs Dpt, Shinjuku Ward Office
-Mr. Tadao Goto, Former Director of External Affairs Department, Risshokoseikai
-Ms. Ha Thi Thanh Nga, Chair, NGO Vietnam in Kobe (tbc)
-Mr. Roland Weil, Senior Regional Resettlement Officer, UNHCR Bangkok
Discussion and Q & A (60 minutes)
17:15 - 17:30
Closing remarks
Mr. Daniel Alkhal, Senior Legal Officer, UNHCR Japan

ရွှေကျင်ရေကာတာ ရေလွှမ်းမိုးမှုကြောင့် ဒေသခံလူထု ၅၀၀ကျော် အိုးအိမ်မဲ့ဖြစ်

စက်တင်ဘာလ ၁၃ရက်။ နန်းထူးစံ (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်း တည်ဆောက်ထားသည့် ရွှေကျင်
ရေကာတာမှ ဆည်ရေမြင့်တက် လာခြင်းကြောင့် ယခုလအတွင်း ရွာပေါင်း ၄ရွာတွင် ရေလွှမ်းမိုး
သည့်အတွက် ရွာသူရွာသား ၅၀၀ကျော်မှာ အိုးမဲ့အိမ်မဲ့ဖြစ်ကာ အခြားနေရာများသို့ ပြောင်းရွှေ့
နေထိုင်ရသည်ဟု ဒေသခံတဦးက ပြောသည်။



“အခု အဲဒီဒေသမှာ ရေလွှမ်းမိုးတာ သစ်ပင်တွေဆိုရင် ဟိုး ထိပ်အထိ ရေတက်တာ။ အိမ်တွေက
အကုန်မြှုပ်တာပေါ့။ လူထုတွေ အကုန်ပြောင်းရတယ်။ အခုလက်ရှိ ရေလွှမ်းမိုးတဲ့ တနေးဖား၊
ကျောက်နဂါး၊ သရက်ချောင်းနဲ့ ထီးကေထာ့မှ ရွာသူရွာသား ၅၀၀ ကျော်ဟာ နီးစပ်ရာ ဒေသတွေ
မှာ ပြောင်းနေရတယ်။”ဟု ညောင်လေးပင်ဒေသအတွင်း နေထိုင်သူ ဖူးခါးချူးက ကေအိုင်စီကို
ပြော သည်။

ထိုဒေသအတွင်း နေထိုင်သော ရွာသူရွာသားအများစုသည် တောင်ယာ၊ ဓညင်းခြံ၊ ရှောက်ခြံများဖြင့်
အသက်မွေးဝမ်းကြောင်း ပြု ကြပြီး ၎င်းတို့ဒေသအတွင်း ယခုလို ရေလွှမ်းမိုးသည့်အတွက်ကြောင့်
ဥယျာဉ်ခြံ ဧကပေါင်း ၁၀,၀၀၀ကျော်ခန့် ရေမြှပ်ပျက်စီးကုန် သည်ဟု ထိုဒေသခံက ဆိုသည်။

ဤဒေသတွင် ရေကြီးမှု ဖြစ်ပွားနေသည်မှာ သြဂုတ်လကတည်းဖြစ်ပြီး ရေကာတာမှ ရေများမြင့်
တက်လာကာ ကျေးရွာများကို ရေ လွှမ်းမိုးသွားခြင်းဖြစ်သည်ဟု ကော်သူးလေ အလုပ်သမား
သမဂ္ဂများအဖွဲ့ချုပ်(FTUK)မှ စည်းရုံးရေးတာဝန်ခံ စောလေစေးက ယခု လို ပြောသည်။

သူက “ဒီဒေသမှာ ရေကြီးနေတာ သြဂုတ်လကတည်းကပဲ။ ရေက လျော့မသွားတော့ ရေကာတာ
ထဲက ရေတွေကလည်း ပိုများ လာတာပေါ့။ ဒါကြောင့် အနီးတ၀ိုက်က ရွာသားတွေရဲ့ နေအိမ်တွေ၊
လယ်နဲ့ ဥယျာဉ်ခြံတွေ ရေလွှမ်းကုန်တာပေါ့။”ဟု ဆိုသည်။

အဆိုပါ ရေကာတာ စီမံကိန်း စတင်စဉ်ကတည်းက ရေကာတာ တည်ဆောက်သည့်နေရာ အနီးတ
ဝိုက်တွင် နအဖ စစ်တပ်မှ လာ ရောက် နယ်မြေရှင်းလင်းခဲ့ကာ ထိုဒေသတွင်းရှိ စူးမုထာ၊ ဆီးဆို
ကုန်း၊ ပိုလို၊ ဒူဘော၊ ညာ့မူကြီး၊ ကေဆာ၀ါးကြီး၊ လယ့်ဝါးစသည့် ကျေးရွာများမှ ရွာသူရွာသားများ
သည် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို အကုန် စွန့်ပစ်ထားခဲ့ရပြီး အိုးမဲ့အိမ်မဲ့အဖြစ် ထွက်ပြေးတိမ်း ရှောင်
ခဲ့ရသည်။

ရွှေကျင်ရေကာတာကို မြန်မာစစ်အစိုးရက တရုတ်နိုင်ငံရှိ ကျွမ်းကျင်အင်ဂျင်ယာများကို ခေါ်ယူပြီး
၂၀၀၀ခုနှစ်က စတင် အကောင် အထည်ဖော်ခဲ့ကာ ပြီးခဲ့သော ၂၀၀၉ခုနှစ် ဒီဇင်ဘာလတွင်
စတင်ရေသိုလှောင်ခဲ့သည်ဟု ကရင်မြစ်ချောင်းစောင့်ကြည့်ရေးအဖွဲ့ (KRW)မှ နော်ဖောဂေခူက
ကေအိုင်စီကို ပြောသည်။

သူမက “ဒီရေကာတာက ၂၀၀၀ခုနှစ်ကတည်းက စတင်ခဲ့တာပါ။ မနှစ်က ဒီဇင်ဘာမှာ စပြီးတော့
ရေစသိုလှောင်တယ်။ ရေက တဖြည်းဖြည်း မြင့်တက်သွားတာပေါ့နော်။ အဲဒီ ရေကာတာကြောင့်
အနီးတ၀ိုက်က ကျေးရွာပေါင်း ၂၀ကျော် ပျက်စီးတယ်။ အဲဒီ ဒေသမှာ လူထုဘယ်လောက်ရှိ
တယ်။ အဲဒီရေကာတာက ရလာတဲ့ လျှပ်စစ်စွမ်းအင်တွေကို ဘယ်နေရာမှာ သုံးမယ်ဆိုတာ
ကျမ တို့ လုပ်ဖော်ကိုင်ဖက်တွေ ကွင်းဆင်းလေ့လာနေဆဲပါ။”ဟု ဆိုသည်။

မြန်မာစစ်အစိုးရသည် ထိုင်း၊ တရုတ် ကုမ္ပဏီများနှင့် ပူးပေါင်းပြီး ကရင်ပြည်နယ်၊ ကေအဲန်ယူ
ထိန်းချုပ်ရာ ခရိုင် ၇ခုအတွင်းတွင် တည်ဆောက်ပြီးစီးသည့်ရေကာတာနှင့် တည်ဆောက်ဆဲ
ရေကာတာ အားလုံး စုစုပေါင်း (၇)ခုရှိသည်ဟု KRW က ဆိုသည်။

စစ်အစိုးရ၏ ငရဲသို့သွားရာ ငြိမ်းချမ်းရေးလမ်း

Monday, September 13, 2010

ဖြစ်ရပ်မှန်ကို ကိုးကားရေးသားထားသော ဆောင်းပါးကောင်းတပုဒ်ပါ ခင်ဗျား။



(၁၉၆၄ခုနှစ် အရှေ့ပိုင်းကာလ သထုံဒေသရှိ ကေအဲန်ယူ တပ်မဟာ(၅)မှ တပ်မှူးအချို့) (န၀တ သထုံတပ်ရင်း၏ ဖမ်းဆီးသတ်ဖြတ်ခံရသည့် ဗိုလ်မှူးလင်းထင်(အလယ်လူ)နှင့် တပ်မှူးအချို့)

မန်းအိုင်ဖန်း

လူမျိုးတိုင်း တန်းတူရေး ကိုယ်ပိုင်ပြဌာန်ခွင့်ရှိတဲ့ ပြည်ထောင်စုတည်ဆောက်ရေး အစရှိတဲ့ မွေးရာပါ အခွင့်အရေးတွေကို ပြော ဆိုပြီး တိုင်းပြည်ထောင်စု မပြိုကွဲရေးခေါင်းစဉ်နဲ့ လူမျိုးငယ်တွေကို ခွဲထွက်ရေးသမားဆိုတဲ့ အမည်ဆိုးတပ်ပြီး ဖိနှိပ်ခဲ့တာ မဟာ လူမျိုးကြီးဝါဒသမားတွေရဲ့ လူမျိုးရေးဝါးမျိုမှုနဲ့ ပြည်ထောင်စု အတုအယောင် တပြည်ထောင်စနစ် အုပ်ချုပ်ရေးဆိုတာ မြန်မာ့ နိုင်ငံရေးသမိုင်းမှာ အထင်အရှားပါပဲ။

၁၉၆၂၊ မတ်လ ၂ရက်နေ့မှာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ တန်းတူအခွင့်အရေးရရှိတဲ့ ပြည်ထောင်စုစနစ်ကို တည်ထောင်ဖို့ လွှတ်တော်အတွင်းမှာ ဒီမိုကရေစီနည်းနဲ့ ကြိုးစားခဲ့ရာက ဗိုလ်နေ၀င်း ဦးဆောင်တဲ့ ဗမာ့တပ်မတော်က တိုင်းပြည်အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူခဲ့ပြီး တပြည်ထောင်စနစ်ကို စစ်အာဏာနဲ့ ကျားကန်ပေးခဲ့ပါတယ်။ အဲဒီအချိန်က အဖိနှိပ်ခံ ပြည် သူတွေ လွတ်မြောက်ရေးအတွက် မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်နဲ့ ချီတက်မယ်ကို ကြွေးကြော်ပြီး ဗမာလုပ် ဆိုရှယ် လစ်နဲ့ ပြည်သူတွေကို စစ်ဖိနပ်အောက်မှာ နင်းထားပြီး ချွေးသိပ်လှည့်စားခဲ့ပါတယ်။

တစ်ဖက်ကလည်း တောတွင်းလက်နက် ကိုင်အဖွဲ့အစည်းများကို ၁၉၆၃ခုနှစ်၊ နိုဝင်ဘာလလောက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မြင်လို့ တောထဲပြန်မယ်ဆိုရင်လည်း ပြန်လိုရာ ဒေသအထိ လိုက်လံပို့ဆောင်ပြီး ၇ရက်အတွင်း တိုက်ခိုက်မှု ရပ်စဲပေး မယ်လို့ အာမခံချက် ပေးလိုက်ပါသေးတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်လာတဲ့အထဲမှာ ပထမဦးဆုံး ဆွေးနွေးပွဲ ပျက်သွားတာကတော့ အလံနီကွန်မြူနစ်ပါတီ (ဗမာပြည်)က သခင်စိုးတို့အဖွဲ့ပါ အပြန်ခရီးမှာ ဗိုလ်နေ၀င်းတပ်က လိုက်တိုက်လို့ သခင်စိုးကြီး အသက်ဘေးက သီသီကလေး လွှတ်ခဲ့ရပါတယ်။ ဒုတိယ ဆွေးနွေးပွဲပျက်တဲ့ အဖွဲ့ကတော့ ရဲဘော်ဌေး ခေါင်းဆောင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ၊ မန်းဘဇန် ခေါင်းဆောင်တဲ့ ကေအဲန်ယူ ပါတီ၊ နိုင်ရွှေကျင် ခေါင်းဆောင်တဲ့ မွန်ပြည်သစ်ပါတီတို့ ပေါင်းစည်းတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ညီညွှတ်ရေး တပ်ပေါင်းစု(မဒညတ)ပါပဲ။

ဒီဖြစ်ရပ်ကို သိလိုက်တဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီတပ်ပေါင်းစု(မဒညတ)က ပဲခူးရိုးမကနေ တပ်အင်အားနဲ့ လာကြိုဖို့ ကြိုတင်စီ စဉ်ထားတာကြောင့် ဗိုလ်နေ၀င်းတပ်ရဲ့ အန္တရာယ်က လွတ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာလည်း ဧရာဝတီတိုင်းကို ရောက်နေတဲ့ ကေအဲန်ယူပါတီ အရံဗဟိုကော်မတီရဲ့ နေရပ်ပြန်ကိစ္စ အစိုးရက ဘာအကူအညီပေးရမလဲပြောတော့ ကေအဲန်ယူ လူကြီးတွေ က သူ့အစီအစဉ်နဲ့သူ ပြန်မှာလို့ ပြောလိုက်တယ်။

အဲဒီအချိန်မှာ ကေအဲန်ယူ အရံဗဟို ကော်မတီ မန်းဘစော အမှတ်(၇)ခရိုင် ပန်းတနော်မြို့နယ်ကို ကေအဲန်ယူ အောက်ခြေနဲ့ အစည်းအဝေးလုပ်ဖို့ ရောက်ရှိနေတယ်။ ရေဒီယိုကနေ မြန်မာနိုင်ငံ ဒီမိုကရေစီ တပ်ပေါင်းစု (မဒညတ)နဲ့ ငြိမ်းချမ်းရေး ဆွေး နွေးပွဲပျက်တယ်လို့လည်း ကြေညာရော ပန်းတနော်မြို့မှာရှိတဲ့ စစ်တပ်က တောကျောင်းရွာ ရောက်နေတဲ့ မန်းဘစောကို ဖမ်းဖို့ ပိတ်ဆို့ကြတယ်။ မန်းဘစောလည်း စစ်တပ်မရောက်ခင် ရှောင်တိမ်းနိုင်လို့ အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။

ဗိုလ်နေ၀င်းက စတင်လိုက်တဲ့ စစ်အာဏာရှင်စနစ်ကို ဗိုလ်စောမောင်တို့ ဗိုလ်သန်းရွှေတို့ကလည်း အစဉ်အလာမပျက်(န၀တ)၊ (နအဖ)စတဲ့ နာမည်တွေ အမျိုးမျိုးပြောင်းပြီး အသက်ဆက်ပေးခဲ့ပြန်ပါတယ်။ တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာခေတ်နဲ့ အမီ စစ်အာဏာရှင်စနစ် တည်မြဲရေးကို အသက်ဆက်ရာမှာ လုပ်နည်းလုပ်ဟန်သာ ပြောင်းလဲပေမယ့် စစ်အာဏာရှင်ရဲ့ သရုပ်သဏ္ဍာန်ကတော့ အရင်အတိုင်းပါပဲ။ ဗိုလ်နေ၀င်းတုန်းက ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အောင်မြင်ခဲ့တဲ့ အဖွဲ့တဖွဲ့ ရှိပါ တယ်။

အဲဒါက စောဟန်တာသာမွှေး ခေါင်းဆောင်တဲ့ ကေအာရ်စီ ခေါ် ကရင့်တော်လှန်ရေးကောင်စီပါ။ သူ့နောက်က ကေအာရ်စီ ဗိုလ်ချုပ်စောအုန်းဖေ၊ တပ်မဟာ(၃) ဗိုလ်ထရူးမင်း၊ တပ်မဟာ(၅) ဗိုလ်လင်းထင်တို့ ပါလာကြတယ်။ စောဟန်တာသာမွှေး၊ ဗိုလ်ချုပ်စောအုန်းဖေတို့ကတော့ ရန်ကုန်ကုန်းမြင့်သာမှာ စစ်အစိုးရက နေရာပေးထားပါတယ်။ တပ်မဟာ(၅) ဗိုလ်လင်းထင်နဲ့ တပ်မဟာမှူး ဗိုလ်ဝင်းတို့ကတော့ ရန်ကုန်သွားလိုက် သထုံနေလိုက်ပေါ့။ တပ်မဟာ(၅) ဌာနချုပ်က သထုံမြို့နယ်ထဲက မြစ် ကျိုးမှာ ရှိတယ်။ ၁၉၆၄ခုနှစ်၊ စက်တင်ဘာလ ၂၈ရက် နေ့လည်လောက်မှာ သထုံစစ်တပ်က တပ်ရင်းမှူးက ရဲဘော် တစ် ယောက်ကိုလွှတ်ပြီး ဗိုလ်လင်းထင်ကို Red Label တစ်လုံး လက်ဆောင်ပေးခိုင်းတယ်။ အဲဒီအချိန်မှာ ဗိုလ်လင်းထင်နဲ့ ဗိုလ်ဝင်း ဖီးယက်ကားတစ်စီးနဲ့ ထွက်သွားလို့ ဗိုလ်လင်းထင်တပည့်တစ်ယောက် Red Label ပုလင်း ယူထားလိုက်တယ်။

အမှန်ကတော့ သထုံတပ်ရင်းမှူးက ဗိုလ်လင်းထင်နဲ့ ဗိုလ်ဝင်းတို့ အိမ်မှာရှိမရှိ စုံစမ်းခိုင်းတာသာ ဖြစ်တယ်။ အဲဒီအချိန်မှာပဲ တပ်မဟာ(၅) ဌာနချုပ်(မြစ်ကျိုး)က တပ်ရင်းမှူးစောစေးထူးက ဗိုလ်လင်းထင်ရှိတဲ့ သထုံကို ဗိုလ်ကြီးရွှေနဲ့ ဗိုလ်မိုးဇက်တို့က တပ်မဟာ(၅)အမိန့်ကို မနာခံကြောင်း မြစ်ကျိုးရွာသူကြီးနဲ့ စာပို့လိုက်တယ်။ ဗိုလ်လင်းထင် ပြန်မရောက်သေးလို့ ဗိုလ်လင်းထင် ရဲ့ တပည့်တစ်ယောက်ကပဲ စာယူထားလိုက်တယ်။

ညနေ(၅)နာရီရောက်တော့ ဗိုလ်လင်းထင်နဲ့ ဗိုလ်ဝင်းတို့ ပြန်ရောက်လာတယ်။ စာကိုတွေ့တော့ ဗိုလ်ဝင်းနဲ့ အဖော်လေး ယောက် ဘီးလင်းမြို့နယ်၊ နတ်ကြီးရွာမှာရှိတဲ့ ဗိုလ်ကြီးရွှေကို ဗိုလ်လင်းထင်က သွားခေါ်ခိုင်းရာမှာ သထုံစစ်တပ်ကို ကားအကူ အညီ လှမ်းတောင်းပြီး စစ်တပ်ကားရောက်လာတဲ့အခါ ခါတိုင်းလို ဗိုလ်ဝင်းအိမ်ရှေ့မှာ ကားကိုမရပ်ဘဲ ခပ်လှမ်းလှမ်းက စော လူဖော့အိမ်မှာ စစ်ကားကို သွားရပ်ခဲ့ပါတယ်။

ကားပေါ်က စစ်သားတွေကတော့ ဗိုလ်ဝင်းအိမ်နားမှာ မှောင်ရိပ်ခိုပြီး ကင်းပုန်းဝပ် ၀ိုင်းထားလိုက်ကြပါတယ်။ မှောင်နေပြီဖြစ်လို့ ဗိုလ်လင်းထင်နဲ့ ဗိုလ်ဝင်းတို့ မသိလိုက်ကြပါ။ ဗိုလ်ဝင်းက စစ်ကားရဲ့ ကားခေါင်းခန်းပေါ် တက်လိုက်တဲ့အခါ တပည့်လေး ယောက် နောက်ခန်းမှာ ထိုင်နေတာကို တွေ့ရတယ်။ စစ်ကားပေါ် ပါလာတဲ့စစ်သားတွေဟာ အရပ်ဝတ်နဲ့ဖြစ်ပေမဲ့ ခါတိုင်းလို ဗိုလ်ဝင်းရဲ့တပည့်များနှင့် မျက်နှာချင်းမဆိုင်ဘဲ တယောက်စီညှပ်ထိုင်တာဟာ ထူးခြားမှုတစ်ခုပဲလို့ ဗိုလ်ဝင်းက သူ့ရဲ့တပည့် တွေအပေါ် သံသယစိတ် ၀င်လိုက်မိတယ်။

အဲဒီအချိန်မှာ ဒရိုင်ဘာက စပယ်ယာဘီး မေ့ကျန်ခဲ့ကြောင်း ဘီးလင်းအထိ သွားရမှာဖြစ်လို့ တပ်ရင်းမှာ ပြန်ယူရမယ်ပြောပြီး တပ်ရင်းကို ကားပြန်မောင်းလာခဲ့တယ်။ တပ်ရင်းရောက်တော့ ဗိုလ်ဝင်းက တပ်ရင်းမှူးကို နှုတ်ဆက်ဖို့ဆိုပြီး တပ်ရင်းရုံးပေါ်ကို တက်သွားတယ်။ ခဏကြာတဲ့နောက်မှာ ကားပေါ်ကျန်ခဲ့တဲ့ ဗိုလ်ဝင်းရဲ့တပည့်တစ်ယောက်ဆီကို စစ်ဗိုလ်တစ်ယောက် ရောက် လာပြီး ဒုတပ်မင်း ဗိုလ်ဝင်းက သူ့သေနတ်ပေးလိုက်ပါလို့ တောင်းခဲ့တယ်။ ဗိုလ်ဝင်းတပည့်က သံသယဖြစ်တာနဲ့ မိမိကိုင်တဲ့ ဘရောင်နီ ပစ္စတိုသေနတ်ကိုသာ ပေးလိုက်တယ်။

တအောင့်ကြာတော့ ခုနက ဗိုလ်ကပဲ ပြန်ရောက်လာပြီး ဒုတပ်မင်းဗိုလ်ဝင်းက ခုနက ပေးလိုက်တာ သူ့သေနတ်မဟုတ် ကြောင်း ပြောပြန်ရာ ဗိုလ်ဝင်းရဲ့သေနတ် လားမားပစ္စတိုကို ပေးလိုက်ရတယ်။ သေနတ်ပေးပြီးတာနဲ့ ဗိုလ်ဝင်းရဲ့ တပည့်လေး ယောက် အဖမ်းခံလိုက်ရတော့တယ်။ အဲဒီအချိန် မတိုင်မီခင်ကတည်းက ဗိုလ်ဝင်းဟာ တပ်ရင်းရုံးပေါ်မှာ အရင် အဖမ်းခံရပြီ ဖြစ်ကြောင်း နောက်မှသိရတော့တယ်။ ဗိုလ်ဝင်းနဲ့ သူ့တပည့်တွေ သထုံတပ်ရင်းရုံးမှာ ဖမ်းထားတုန်းက ညဦးအချိန်မှာပဲ ကာ ဘိုင်သံ ၂ချက် ကြားလိုက်ရပြီး တပ်ရင်းအတွင်းမှာလည်း အောင်ပြီဆိုတဲ့ ကြွေးကြော်သံတွေ ကြားလိုက်ရတယ်။ သေနတ်သံနဲ့ အောင်ပြီဆိုတဲ့အသံတွေ ကြားယုံကလွဲပြီး ဗိုလ်ဝင်းနဲ့သူ့တပည့် အခြားဘာမှ မသိတော့ပါ။

မနက်မိုးလင်းတော့ ဗိုလ်မှူးကြီးရွှေနဲ့ ဗိုလ်မှူးမိုးဇက်တို့ သထုံတပ်ရင်းရုံးကိုရောက်လာပြီး ပြန်ထွက်သွားတာကို ဗိုလ်ဝင်း တွေ့ လိုက်ရတယ်။ ဗိုလ်မှူးကြီးရွှေနဲ့ ဗိုလ်မှူးမိုးဇက်တို့ စစ်တပ်နဲ့ပေါင်းပြီး သူတို့ကို သစ္စာဖောက်လိုက်ပြီဆိုတာကို ဗိုလ်ဝင်း ခုမှ သိ လိုက်ရတော့တယ်။

အဲဒီဖြစ်စဉ်နဲ့ တစ်ချိန်တည်းမှာ ဗိုလ်လင်းထင်ဟာ သူခေါ်ခိုင်းတဲ့ ဘီးလင်းက ဗိုလ်မှူးကြီးရွှေအလာကို သထုံက ဒေါက်တာစော ဟိန်အိမ်မှာ ညစာစားရင်း စောင့်နေတုန်းမှာ သထုံစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရပြန်တယ်။ ကားပေါ်အရောက်မှာ ရုန်းရင်း ဆန်ခတ်ဖြစ်ပြီး နောက်ကနေ ဗိုလ်လင်းထင်ဟာ ဦးခေါင်းကို ကာဘိုင်နဲ့ နှစ်ချက် ဆင့်ပစ်ခံလိုက်ရပါတယ်။ သထုံတပ်ရင်းရုံးမှာ ဖမ်းဆီးခံနေရချိန် ဗိုလ်ဝင်းကြားလိုက်ရတဲ့ ကာဘိုင်သံနှစ်ချက်ဟာ ဗိုလ်လင်းထင်ကို တမလွန် ခေါ်ဆောင်သွားတဲ့ သေမင်းတ မန်ဖြစ်ကြောင်း နောက်မှ သိလိုက်ရပါတော့တယ်။ အဲဒီတစ်ညလုံး သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ မော်လမြိုင်မြို့တွေမှာ သံချပ် ကာတပ်တွေ မိုးလင်းထိ ကင်းလှည့်ကြတယ်။ ဗိုလ်လင်းထင်အလောင်းကိုလည်း ညတွင်းချင်း မော်လမြိုင်ကိုသယ်ပြီး ပင်လယ် ထဲ ဖျောက်ခဲ့ကြတယ်။

ဗိုလ်ချုပ်စောအုန်းဖေ၊ စောဟန်တာသာမွှေး အပါအ၀င် ဗဟိုခေါင်းဆောင်တွေဟာ ရန်ကုန် ကုန်းမြင့်သာမှာ ယာယီထိန်းသိမ်း ထားရင်း ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးကြရာ ၁၉၆၄ခုနှစ်၊ မတ်လ ၁၂ရက်နေ့မှာ ဗိုလ်နေ၀င်းရဲ့ တော်လှန်ရေးကောင်စီနဲ့ ကရင့်တော်လှန်ရေးကောင်စီတို့ အတုအယောင် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးလိုက်ကြပေမယ့် တပ်မဟာ(၅) ဗိုလ်လင်းထင် ရဲ့ ဒုတပ်မဟာမှူး ဗိုလ်ဝင်း၊ ကိုယ်ရေးအရာရှိ စောဂျူး(ဗိုလ်ချုပ်စောအုန်းဖေသား) ဗိုလ်မှူးပြူး၊ ဗိုလ်မှူးဖားလူကျော်၊ ဗိုလ်မှူးမိုး ဝေ၊ ဗိုလ်မှူးဂေါ်ဖရီ၊ ဗိုလ်မှူးဖဲယားပလေး၊ ကပ္ပတိန်ဘခက်၊ ခွန်ဗဆွေ၊ ပဒိုဘွိုင်းစ်၊ ကပ္ပတိန်ကရူးဆိုး၊ ဗိုလ်ကြီးလွန်းမောင်တို့ အသီးသီး ထောင်သွင်းအကျဉ်းချ ခံကြရတယ်။

ဗိုလ်ဝင်းကိုတော့ နောက်(၄)နှစ်ကြာပြီးတဲ့နောက်မှာ ထောင်ကလွှတ်ပြီး သထုံပါတီယူနစ် ဥက္ကဌ၊ သထုံမြို့နယ် ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးရွှေကိုတော့ ကျိုက်ထိုပါတီယူနစ်ဥက္ကဌ မြှောက်စားခြင်းကို ခံခဲ့ရပြန်တယ်။

အင်းစိန်တိုက်ပွဲတုန်းက ကေအဲန်ယူဘက်က စောဘဦးကြီးနဲ့ မန်းဘဇန်တို့က ဦးဆောင်ခဲ့တယ်။ ဦးနု အစိုးရက ငြိမ်းချမ်းရေးစကား ဆိုလာလို့ ဦးနုရဲ့စကားကို ယုံစားမိတဲ့ စောဘဦးကြီးက လက်မှတ်ရေးထိုးလိုက်မိတယ်။ ဒီလို လက်မှတ်ရေးထိုးတာကို မန်းဘ ဇန်နဲ့ စောဟန်တာသာမွှေးတို့က ကန့်ကွက်ခဲ့လို့ ငြိမ်းချမ်းရေး ပျက်ကွက်သွားခဲ့တယ်။ ဒါဟာ ငြိမ်းချမ်းရေးဖော်ဆောင်တာ မဟုတ်ဘဲ လက်နက်ချ အညံ့ခံတာပဲလို့ ပြောတဲ့ မန်းဘဇန်နဲ့ စောဟန်တာသာမွှေးရဲ့ စကားကို စောဘဦးကြီးက လက်ခံသွား တယ်။ ဒီလို အမျိုးသားရေးအတွက် စိတ်ဓာတ်ပြင်းထန်တဲ့ စောဟန်တာသာမွှေးဟာ ၁၉၆၄ခုနှစ်ကျတော့ ဗိုလ်နေ၀င်းရဲ့ ငြိမ်း ချမ်းရေးလှည့်ကွက်ထဲ မျက်စိလည်လမ်းမှားရောက်သွားခဲ့ရတယ်။ စောဟန်တာသာမွှေးဟာ သူမသေခင် မှားမှန်းသိလို့ အင်းစိန် နံ့သာကုန်း ဘုရားကျောင်းမှာ စောဘဦးရဲ့ ၀ိညာဉ်တွေသာ ဘုရားကျောင်းနံရံတွေမှာ ရှိနေရင် ကျနော့်ကို ဟားတိုက် ရယ်မောမှာပဲလို့ သံဝေဂစကား ပြောခဲ့ပါတယ်။

နောက်ပြီး လှည့်စားခံရတဲ့ သမိုင်းကွင်းဆက်တစ်ခုကို ပြောချင်တယ်။ ဖဆပလ ဦးနုအစိုးရရဲ့ လှည့်ကွက်တစ်ခုပေါ့။ ဖဆပလ က စစ်လက်နက်ပစ္စည်းတွေကို လူစီးမီးရထားနဲ့ တင်ပို့တာ ကေအဲန်ယူက သတင်းရလို့ တပ်မဟာ(၅) ဒုတပ်မဟာမှူး ဗိုလ်ဝင်း တို့အဖွဲ့က ရထားကို ဖြတ်တိုက်ခိုက်ခဲ့တယ်။ အဲဒါကို ဖဆပလအစိုးရက “ကေအဲန်ယူ မော်လမြိုင်ရထားကို ဗုံးခွဲစဉ် တက္ကသိုလ်ကျောင်းသူ ၃၀ကို တရုတ်ဖြူဆီ ရောင်းစားခဲ့တယ်”ဆိုတဲ့သတင်းကို ပြည်သူတွေ ယုံမှားအောင် ထုတ်ပြန်ခဲ့တယ်။

ယခင် ကေအဲန်ယူ တပ်မဟာ(၅) ဒုတပ်မဟာမှူး ဗိုလ်ဝင်းတဖြစ်လည်း ဦးစောမောင်ဝင်း (သထုံပါတီယူနစ် ဥက္ကဌဟောင်း သထုံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း)က အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ၀မ်းနည်းပက်လက် ပြောပြတာကတော့ “အဲဒီ တိုက်ပွဲကို ငါကိုယ်တိုင် ဦးဆောင်ခဲ့တာပါ။ ဖဆပလက စစ်လက်နက်ပစ္စည်းတွေကို လူစီးမီးရထားနဲ့ပို့တာ ငါတို့ သတင်းရလို့ ဖြတ်တိုက်တာ လက်နက်တွေကို မသယ်နိုင်လို့ ရွာသားတွေကိုခေါ်ပြီး သယ်ခိုင်းရတာပါ။ ဘယ်တက္ကသိုလ်ကျောင်းသူကိုမှ မဖမ်းခဲ့ပါဘူး။”

ဒီအဖြစ်မှန်ကို ရေးသားဖော်ပြဖို့ စောထွန်းအောင်ချိန် (မြန်မာ့သမိုင်း ပါမောက္ခ အငြိမ်းစား)ကို ပြောပြခဲ့ပါတယ်။ ကျယ်ကျယ် တော့လည်း မပြောရဲဘူး။ ရေးခိုင်းလည်း ဘယ်သူမှ မရေးရဲဘူး။ ရေးရဲလည်း စစ်အစိုးရ စာပေစိစစ်ရေးရဲ့ အမှိုက်ခြင်းထဲပဲ ရောက်မှာပါ။ အမှန်ကတော့ လူတွေကို အကာအကွယ် ယူတတ်တဲ့သဘောနဲ့ ဖဆပလက စစ်လက်နက်ပစ္စည်းတွေကို စစ် မော်တော်ယာဉ်နဲ့ မပို့ဘဲ လူစီးမီးရထားနဲ့ ပို့လိုက်တာဟာ သူတို့ လုံခြုံရေးသာမက နိုင်ငံရေးညစ်ပတ်မှုကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာလည်း ပါပါတယ်။

အဲဒီတော့ မြန်မာစစ်အစိုးရရဲ့ စစ်အာဏာတည်မြဲရေးဖြစ်တဲ့ “ငရဲကိုပို့မဲ့ ငြိမ်းချမ်းရေးလမ်း”ဆိုတာကို ပြည်သူတွေကြားအောင် တမလွန်ဘ၀က ဖထီးစောဟန်တာသာမွှေးနဲ့အတူ ပြိုင်တူအော်ပေးလိုက်ပါအုံးလို့။ ပြည်သူတွေက နားစွင့်နေကြပါလိမ့်မယ်။

မှတ်ချက် ။ ။ ဤဖြစ်ရပ်မှန်ဆောင်းပါးကို ဆောင်းပါးရှင်ကိုယ်တိုင် ယခု သက်ရှိထင်ရှားရှိနေသည့် စောမောင်ဝင်းနှင့် တွေ့ဆုံမေးမြန်းပြီး ရေးသားတင်ပြခြင်း ဖြစ်ပါသည်။ ထိုဖြစ်ရပ်ကိုကြည့်၍ ယခု ငြိမ်းချမ်းရေးယူထားကြသော လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့များ စစ်အစိုးရအပေါ် ယုံကြည်မှုအပြည့်ဖြင့် သတိထား ပြီး မဆက်ဆံဘဲ အန္တရာယ်နွံအတွင်းသို့ မသက်ရောက်စေရန် သတိပေးလိုက်ရပါသည်။

ဗမာ့တပ်မတော် ညောင်လေးပင် ဒေသတွင် လူထုအပေါ်ယုတ်မာနေ

ညောင်းလေးပင် ခရိုင်ဒေသ ဗမာ့တပ်မတော် စကခ ၁၆ နှင့် ခလရ ၂၄၂ တပ်ဖွဲ့ များသည် ၆၊ ၀၉၊ ၂၀၁၀ ရက်နေ့ တွင် ရွာသားများ တရွာနှင့်တရွာ ဖြတ်သန်းသွားလာမှု အားလုံးကို ပိတ်ပင်ထားမြစ်ထားလျက် ရွာသားများကို ရွာအပြင်ပေးမထွက်ပါ။ သည့်ပြင် ဥယဉ်ခြံ၊ လယ်ထဲသို့ သွားလာခွင့်ကို လည်း ခွင့်မပြုသည့်အပြင် ရွာပြင် လမ်းမပေါ် တွေ့ ရှိပါက ပစ်သတ်မည် ဟု အမိန့် ထုတ်ထားကြောင်း သတင်းရရှိပါသည်။

၇၊ ၀၉၊ ၂၀၁၀ ရက်နေ့ တွင် မဒေါကူးရွာ၊ ဟီဖိုးဒဲရွာ၊ ပါတလာရွာ၊ ဒေါခိုရွာ၊ ပအောတောရွာ စသည့် ရွာများမှ ရွာသား စုစုပေါင်း (၂၆)ဦးအား ဖမ်းဆီး ချည်နှောင်ထားပြီး ပြင်းပြင်းထန်ထန် ရိုက်နက် ညှင်းပန်းနိုပ်စက်ကာ ထဲထူ စစ်စခန်းသို့ ပို့ ကာ ချူပ်နှောင်ထားကြောင်းသတင်းရရှိပါသည်။

ယခုအချိန်တွင် ဗမာ့တပ်မတော် သည် ရွာလူကြီးများကို ချုပ်နှောင်ကာ အတင်းအကျပ် လက်မှတ်ထိုးခိုင်းကြောင်း၊ လက်မှတ်ထိုးရသည့် အကြောင်းအရင်းမှာ ရွာအပြင် နှင့် ကမ်းလမ်းမပေါ်တွင် ပေါက်ကွဲမှု တိုက်ခိုက်မှုများ မဖြစ်ရ ဟုဆိုကာ အကျပ်ကိုင်လက်မှတ်ထိုးခိုင်းကြောင်း၊ အကယ်၍ ပေါက်ကွဲမှု တိုက်ခိုက်မှုများ ဖြစ်ခဲ့ပါက ရွာလူကြီးများကို အကုန်သတ်ပစ်မည်ဖြစ်ကြောင်း စသည်ဖြစ်အမိန့် များထုတ်ထားကြောင်း သတင်းရရှိပါသည်။

ဆက်လက်ပြီး ယခုအချိန်တွင် နအဖ စစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲဖြစ်မြောက်ရေးနှင့် ၄င်းဒေသတွင် နံ့ သာကွင်း တံတား တည်ဆောက်ပြီးစီးရေးအတွက် ဘေးပန်းဝန်းကျင်ရှိ ရွာသားများအား နည်းမျိုးစုံဖြင့် ဖမ်းဆီးထားကြောင်း သတင်းရရှိပါသည်။

၎င်းဒေသရှိ မုဆိုးမ တစ်ဦး၏ အဆိုအရ နအဖ စစ်တပ်တွေဟာ ရွာသားတွေကို ဖမ်းဆီးချည်နှောင်ပြီး ရိုက်နှက်ညင်းပန်းနိုပ်စက်တာကို သူနားမလည်နိုင်ကြောင်း၊ တိုက်ပွဲဖြစ်လျှင် ရွာလူကြီးတွေကို အကုန်သတ်ပစ်ပစ်မည် ဟုဆိုသော ဗမာ့တပ်မတော်အား “ဒီလူတွေ ယောင်္ကျားကြီး တွေဖြစ်ဒါမက သေနတ်တွေကိုင်ပြီး တိုက်ပွဲဖြစ်လာလျှင် ဘာမှမဆိုင်တဲ့ ရွာသားတွေကို သတ်ပစ်မယ်လို့ ပြောတာ အံ့သြစရာကောင်းပါကြောင်း သူ့ တို့ အစား ကျမ ရှက်ပါကြောင်း။ ယောင်္ကျားတွေ ဖြစ်ပြီး ယောင်္ကျား ပီသတဲ့ အလုပ်မျိုး လုပ်စမ်းပါ” လို့ ပြောဆို ဝေဖန်သွားပါတယ်။

ကြယ်ဖိုးကြီးရဲ.ခေတ်သစ်ပုံပြင်

ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ) ဘလော့မှ ပြန်လည်ကူးယူဖေါ်ပြသည်။

ကရင်တမျိုးသားလုံး၏ စည်းလုံးညီညွှတ်မူ.ကိုရည်စူးပြီး စကက်နက်မိုးမှ ဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာ ဂေါ်ဇီလာ စီစဉ်ရိုက်ကူး၍ သီးလေးသီး ညီအကို မောင်နှမများရဲ. ကြယ်ဖိုးကြီးရဲ.ခေတ်သစ်ပုံပြင်။

Untitled from sutoung on Vimeo.

Thailand bans entry of human rights activists

Thailand bans entry of human rights activists

How the Ruling Junta Turns Its Enemy to Become Its Supporters

How the Ruling Junta Turns Its Enemy to Become Its Supporters

Astrologer u Tun Kyaw

Astrologer u Tun Kyaw

Monday, September 13, 2010

Japan Protest video by Kopuor

MF.August.10 Report Watering the Poison-Tree: The ongoing systemic erosion of democratic process

MF.August.10 Report Watering the Poison-Tree: The ongoing systemic erosion of democratic process

Press Release: Over 1000 Workers Continue the 3rd Day of Strike at Fishing Net Factory,

Press Release: Over 1000 Workers Continue the 3rd Day of Strike at Fishing Net Factory,

15 Abbots Appeal to Western Command on Behalf of Arrested Monk

September 12, 2010


Sittwe: 15 abbots in Arakan State have appealed to the newly appointed Western Command Commander Brigadier Soe Thein to act justly and fairly toward arrested Arakanese historian monk Ashon Pyinya Sara, said one abbot.

“We sent the five-page appeal letter with the signatures of 15 monks to the Western Command Commander on 7 September, requesting they treat U Pyinya Sara justly and fairly in accordance with the law. U Pyinya Sara had many charges filed against him after he was arrested. Some charges are unrelated to his arrest and some are unacceptable. So I requested the Western Command Commander to reduce some of the charges and to try him justly in accordance with Burmese law,” he said.

Among the monks to joined the appeal, 13 are from well-known monasteries in Sittwe while another two are from Ponna Kyunt and Min Bya Townships.

“We have no plans for future campaigns for his release if the authority does not follow our request. We sent the appeal as we have a duty to carry out such activities for Ashon Pyinya Sara. So we wrote the appeal letter to the highest authority in our state. The authority will consider what they will do about Pyinya Sara after they receive our appeal,” the abbot said.

In Buddhist law, a monk may be dispelled from the monkhood if he abuses the precepts by living together with a woman.

“The authority told us at first the reason for his arrest is that U Pyinya Sara was living with a woman, but later the authority charged him with several other crimes beyond that. So it is unacceptable. Because of that we requested the Western Command Commander to consider the arrest of U Pyinya Sara on the many charges against him,” the monk said.

In the appeal letter, the abbots explained that U Pyinya Sara is a historian monk who also carried out social works by keeping many orphans in his monasteries. He began establishing the orphanages in 1989 and has sacrificed for 20 years for the orphans staying there. So the abbots urged the Western Commander to consider his good behavior and to think about withdrawing some of the more unjust charges, such as the charges for disrupting the stability of the state.

U Pyinya Sara was arrested by authorities in Sittwe on 27 July, 2010, in a raid. When they raided the orphanage, the army authority seized many precious antiques from the library, including ancient silver and gold Arakanese coins, Buddha statues, and palm-leaf inscriptions that had been collected by Ashion Pyinya Sara over the years.

U Pyinya Sara is now being detained at the Sittwe prison and authorities have filed seven charges against him.

SPDC Patrols Arbitrarily Harass, Beat, And Arrest Villagers in Nyaung Lay Bin Township

SPDC Patrols Arbitrarily Harass, Beat, And Arrest Villagers in Nyaung Lay Bin Township

Sunday, September 12, 2010

ကရင့်သွေးရဲ့ ရင်ဖွင့်သံ

ကရင့်သွေးရဲ့ ရင်ဖွင့်သံ
(ဖါးစည်သံ)မှ ပြန်လည်ဖေါ်ပြသည်။

အဖေကရင် အမေကရင်
ငါးလည်းကရင် ငါ့ရဲ့ မျိုးဆက်
အဆက်ဆက်သည် ဖြူစင်လှသော
ကရင်မျိုးသာ ဖြစ်စေရမည်။


ငါ့ရဲ့  —
လုပ်ဆောင်မှုသည် လူမျိုးအတွက်
ရည်ရွယ်ချက်သည် လူမျိုးအတွက်
အောင်မြင်အမှုသည် လူမျိုးအတွက်
တစ်နေ့ ငါသည် လူမျိုးအတွက်
ယုံကြည်လေးစား အားကိုးထိုက်သော
သူရဲကောင်းတစ်ဦး ဖြစ်စေရမည်။

(စောနိုင်နိုင်)

FBR- Reports- Two child solders fled a proxy army of the dictators of Burma as other soldiers defect and 800 villagers are forced to flee.“

FBR- Reports- Two child solders fled a proxy army of the dictators of Burma as other soldiers defect and 80...

တောင်ငူခရိုင် ဗမာ့တပ်မတော်၏ လူ့ အခွင့်အရေးချို့ ဖေါက်မှု သတင်း

September 11, 2010
12/09/2010

တောင်ငူခရိုင် ထန်းတပင် မြို့ နယ် တွင်လုပ်ရှားနေသော ခမရ(၃၃၆)တပ်ဖွဲ့ များသည် ၇၊ ၀၉၊ ၂၀၁၀ ရက်နေ့ တွင် ကော်သဲဒါး ရွာသို့ ရောက်ရှိလာပြီး ရွာသားများဖြစ်သော (၁) စောဆာကူးလူ - ၅၀နှစ် (၂) စောမူးတေ - ၄၀နှစ် (၃) စောကူးကူ - ၃၀နှစ် (၄) စောရေးဒို - ၂၀နှစ် (၅) စောထူးထူး - ၂၀နှစ် (၆) စောကလိုကလို - ၁၃နှစ် (၇) စောမာဂေထော် - ၂၃နှစ် (၈) စောကာမြ - ၅၀နှစ် (၉) အမည်မသိ ထိုဒေသတွင် အလုပ်လာရောက်လုပ်ကိုင်သော ပအိုဝ်းအမျိုးသားတစ်ဦး စသည်တို့ အား ဥယဉ်ခြံသို့ အသွားတွင် ဗမာ့စစ်တပ်မှ ဖမ်းဆီးပြီး ခေါ်ဆောင်သွားပါသည်။ လမ်းခုလပ်တွင် ဖမ်းဆီးခေါ်ဆောင်သောကြောင့် အဖမ်းခံရသော ရွာသားများတွင် အ၀တ်တစ်ထည်ကိုယ်တစ်ခု ပဲပါသွားပါသည်။ မိုးရာသီ ကာလ ဖြစ်သောကြောင့် အဖမ်းခံရသူများ အလွန်ဒုက္ခရောက်နေကြောင်း သတင်းရရှိပါသည်။

၉၊ ၀၉၊ ၂၀၁၀ ရက်နေ့ တွင်လည်း ဘောဂလိကြီး အခြေစိုက် နအဖ စစ်ဗျူဟာမှူးသည် ဒေသခံရွာများဖြစ်သော ကောစိုးခိုး၊ ၀ါသောခို၊ လိုကို၊ ရွာများအား တစ်အိမ်တောင်လျှင်တစ်ယောက် ဆင့်ခေါ်ပြီး ဗမာ့တပ်မတော် တပ်သားများ စားသုံးရာအတွက် ရိက္ခာများကို ကိုးဒေးမှ သအေးထ စခန်းသို့ အတင်းအကျပ်ပို့ ဆောင်ခိုင်းပါသည်။ ထိုနေ့ တွင်ပင် ဖလေးဆာလို အခြေစိုက် ခလရ (၁၀၂)မှ ဖလေးဆာလိုရွာသားများ ကျား - ၃ဦး၊ မ - ၃ ဦး ကို သပြေညွန့် စစ်စခန်းသို့  ရိက္ခာများကို သွားရောက်သယ် ခိုင်းပြီး ဖလေးဆာလိုစစ်စခန်းသို့ ပြန်လည်ပို့ ခိုင်းပါသည်။

ယခုရွာသားများကို ဖမ်းဆီးမှုတွင် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးပါဝင်ကြောင်းသိရှိရပါသည်။ ဗမာ့စစ်တပ်များသည် ဒေသခံ ကရင်လူထုများကို ကျွန်သဖွယ်ခိုင်းစေနေတာ ကြာပြီဖြစ်ကြောင်း၊ ရွာသားများသည် ဗမာ့စစ်တပ်များအတွက် တချိန်လုံး အလုပ် လုပ်ပေးနေရ၍ သူတို့ ကိုယ်ပိုင်အလုပ်များကို ပြန်လုပ်ရာ အချိန်ပင်မရှိတော့ကြောင်း သတင်းရရှိပါသည်။

Information 10.9.10

Information 10.9.10

Prohibited+View

Prohibited+View

Local SPDC police captain orders forced labor for police station construction in southern Ye Township

Local SPDC police captain orders forced labor for police station construction in southern Ye Township

Benedict Rogers Singapore Book event on 14.September “Than Shwe: Unmasking Burma’s Tyrant”


September 10, 2010

.Benedict Rogers in Singapore on Tuesday will be doing a book event for” Than Shwe: Unmasking Burma’s Tyrant”, at 5.30 for 6pm at Select Books, 19 Tanglin Road, #03-15 Tanglin Shopping Centre, for anyone in Singapore interested in coming

ထိုင်းနိုင်ငံ UNHCR တာဝန်ခံများ၊ ဂျပန်နိုင်ငံမှ UNHCRတာဝန်ခံများနှင့်ဂျပန်ရောက်ရှိပြီးကရင်ဒုက္ခသညများနှင့်ရင်းနှီးစွာဆွေးနွေးပွဲတရပ်ကိုကျင်းပပြုလုပ်

ထိုင်းနိုင်ငံ UNHCR တာဝန်ခံများ၊ ဂျပန်နိုင်ငံမှ UNHCRတာဝန်ခံများနှင့်ဂျပန်ရောက်ရှိပြီးကရင်ဒုက္ခသည်
များနှင့်ရင်းနှီးစွာဆွေးနွေးပွဲတရပ်ကိုကျင်းပပြုလုပ်
အထက်ပါအစီအစဉ်တွင်ထိုင်းနိုင်ငံ UNHCR မှOLIVER SMITH (RESETTLEMENT OFFICER ),
ROLAND-FRANCOIS WEIL (SENIOR REGIONAL RESETTLEMENT OFFICER )ဂျပန်နိုင်ငံ
UNHCRမှDENIAL ALKAL ,SATORU MIYAZAWAဂျပန်နိုင်ငံမှ NAW HLA OHN MAR WIN,
NAW LAY PAW MIN, NAW MELODY THEINGI LOO,NAW THWEL PHWAI,
NAW HPAW HPAW , SAW AUNG KYAW OO, SAW KISSINGER SAW BA HLA THEIN
တို့သည်ဂျပန်နိုင်ငံUNHCRရုံးတွင်ကရင်လူမျိုးများအရေးနှင့်ပတ်သက်ပြီး ( ၂ )နာရီကျော်ကြာဆွေးနွေးခဲ့ကြသည်၊၊