Saturday, October 3, 2009

ကရင် ဗမာ အဘိဓာန်

သဝ့် (အသံ)မြည်ခြင်း။

ဏ်ုပဝ်.လိက်ဏှ် သဝ့်လာ.ဃှေဝ်။
မင်းစာဖတ်ရင် အသံမထွက်စေနဲ့။

သဝ့်ဆာ ပီသ,ပြင်းထန်စွာအသံမြည်ခြင်း။

ဖဝ့်လေံကျာသးယိုဝ် အ်ုလူ.သဝ့်ဆာမာ.။
ဗျောက်အိုးအသံက တော်တော်ပြင်းထန်တာပဲ။

သဝ့်လးမုက် ဆူညံစွာမြည်ခြင်း။

အ်ုဖံင့်ခေါဟ်လ်ုထိုင့်ဏှ် မွဲါသဝ့်လးမုက်မာ.လဲ?။
အပေါ်ထပ်က ဆူညံလှချည်လား?။

သဝ့်ဟှင်းအာ ဆူညံနေသည်။

ဖေါဟ်သးလ်ုစံင်းယိုဝ် မွဲါသဝ့်ဟှင်းအာစွးသ်ုကာမာ။
ဒီကလေးတွေ တော်တော်ကိုဆူညံတာပဲ။

သဝ့်မုက် အသံသာယာသည်။

ဏာ.ဍိင်လူ.သဝ့်မုက်မာ.။
စောင်းသံက သိပ်သာယာတာပဲ။

သောဝ် ဝတ်ဆင်သည်။

သောဝ်ထင်းဆါင့်ဏှ်။
အင်္ကျီဝတ်လိုက်ပါ။

သောဝ် စီးသည်။

သောဝ်ထင်းခင်းဖ်ါဏှ်။
ဖိနပ်စီးလိုက်ပါ။

သောဝ် စွပ်သည်။

သောဝ်ထင်းစူးသ်ါဏှ်။
လက်စွပ် စွပ်လိုက်ပါ။
သောဝ် မိုးသည်။

သောဝ်ထင်းဟှိင်းခေါဟ်ဏှ်။
အိမ်ခေါင်မိုး မိုးလိုက်ပါ။

သိုဝ် အဖေါ်။

အင်းမေဝ်ဏှ် အင်းဍေဆ်ုဍိုဝ်။
လေဝ်ဆ်ုဏှ် လေဝ်ဍေဟ်ုသိုဝ်။
ထမင်းစားရင် တို့စရာ(ဟင်းရွက်)ပါပါစေ။
ခရီးသွားရင် အဖေါ်ပါပါစေ။

သောဟ် ဆီ။

သောဟ်(အ်ုသောဟ်) အဆီ။

သောဟ်သင့် မိတ်ဆွေ။

သောဟ်ဃှာ (ဏါင်သောဟ်ဃှာ) ခြင်းကြားကြီး။

သောဟ် သူငယ်ချင်း(ညီအစ်ကိုမောင်နှမ အရင်းအချာပမာ)

သောဟ်မူး မိန်းကလေးသူငယ်ချင်း။

သောဟ်ခွါ့ ယောင်္ကျားလေးသူငယ်ချင်း။

ပိုးကရင်တို့၏ ဓလေ့ထုံးစံအရတဦးနှင့်တဦး သူငယ်ချင်းဖြစ်သွားပါက သစ္စာထားရှိကြရသည်။
သူငယ်ချင်းဖြစ်သွားကြပါက မိန်းကလေးဘက်မှဖြစ်စေ ယောင်္ကျားလေးဘက်မှဖြစ်စေ သူငယ်ချင်း
အချစ်ထက်ပိုချင်၍ မရပေ။
မွေးလာသော နှစ်ဘက်စလုံးမှသားသမီးများကို မိမိတို့၏ သားသမီးအရင်းအချာကဲ့သို့ သဘောထား
ကြရသည်။
မောင်နှမအရင်းအချာပမာ စောင့်ရှောက်ကူညီရသည်။

မှတ်ချက်
ခုခေတ်လူငယ်တွေအနေနဲ့ ဒီဓလေ့ကို ယုံတမ်းစကားလို့များမှတ်ထင်လေမလား?။
ဒါမှမဟုတ် ရီ(ရယ်)စရာများ ထင်လေမလား?။
ကျုပ်တို့ရွာမှာတော့ ဒီကနေ့အထိ ဒီဓလေ့လေးတွေ ကျင့်သုံးနေကြတုန်းပါ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖား မျိုးစိတ်သစ်များ မဲခေါင် မြစ်ဝှမ်းတွင် ဖော်ထုတ်တွေ့ရှိ





ကျားသစ် ကဲ့သို့ အစက်အပြောက်များ ပါရှိပြီး တောက်တဲ့ ကဲ့သို့ အစွယ် ပါရှိကာ ငှက်များကိုပါ ဖမ်းယူ စားသောက် တတ်သည့် ဖား မျိုးစိတ် များမှာ ပြီးခဲ့သည့် နှစ်အတွင်း မဲခေါင် မြစ်ဝှမ်းတွင်ဖော်ထုတ် တွေ့ရှိခဲ့သည့် သက်ရှိ မျိုးစိတ်သစ် (၁၆၃) ခုတွင် အပါအ၀င် ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် လေ့လာ ထိန်းသိမ်းရေး အဖွဲ့ တခုက စက်တင်ဘာလ (၂၅)ရက် နေ့တွင် ကြေညာလိုက်သည်။

WWF နိုင်ငံတကာ အဖွဲ့က (၂၀၀၈) ခုနှစ် အတွင်းတွင် အာရှ အရှေ့ပိုင်းရှိ မဲခေါင်မြစ် တလျှောက် အပင်မျိုးစိတ် (၁၀၀)၊ ငါးမျိုးစိတ် (၂၈)ခု၊ တွားသွား သတ္တ၀ါ (၁၈)မျိုး၊ ကုန်းနေ ရေနေ သတ္တ၀ါ မျိုးစိတ်(၁၄)ခု၊ နို့တိုက် သတ္တ၀ါ (၂)မျိုးနှင့် ငှက်မျိုးစိတ်သစ် (၁)ခုတို့ကို ဖော်ထုတ် တွေ့ရှိခဲ့ကြောင်း အတည်ပြု ခဲ့သည်။

Friday, October 2, 2009

စစ်ပြေးဒုက္ခသည်များအား ဖိအားပေးမှု ပိုမိုပြင်းထန်လာ

Submitted by Karen Information Center on October 2, 2009 – 2:57 amNo Comment.အောက်တိုဘာလ (၂)ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုးစစ်ကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံလာသည့် စစ်ပြေးကရင်ဒုက္ခသည်များကို နေရပ်သို့ပြန်ရန် ထိုင်းအာဏာပိုင်များ၏ ဖိအားပေးမှုမှာ ယခုလဆန်းပိုင်းမှစ၍ ပိုမိုပြင်းထန်လာသည်ဟု စခန်းတာဝန်ရှိသူက ယနေ့ ပြောသည်။
တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ် နိုဘိုးကျေးရွာရှိ ကရင်ဒုက္ခသည်များကို ထိုင်းအာဏာပိုင်များက နေ့စဉ် စခန်းထဲသို့ ဝင် ရောက်စစ်ဆေးမှုများ လုပ်ဆောင်လျှက်ရှိပြီး လတ်တလောအခြေအနေတွင် ဒုက္ခသည်များကို စခန်းအပြင်သို့ လုံးဝထွက်ခွင့် မပေးဘဲ အပြင်ထွက်ပါက လူစာရင်းဖြုတ်သည်အထိ လုပ်ဆောင်လာကြောင်း စခန်းတာဝန်ရှိသူက ပြောသည်။

၎င်းက “စခန်းထဲမှာ ရွာသားတွေရှိမရှိ နေ့တိုင်းပဲ ဝင်စစ်တယ်။ ဘယ်သွားတယ်၊ ဘယ်လာတယ်။ ရွာသားတွေ ဟင်းသီးဟင်း ရွက် ရှာစားလို့ မရတဲ့အထိ လုပ်တယ်။ သူတို့ဝင်စစ်ပြီးဆိုရင် ကျနော်တို့ တာဝန်ရှိသူတွေနဲ့ တိုင်ပင်တာတွေမရှိဘဲ ဝင်စစ် တယ်။ အိမ်မှာလူမရှိရင် ဖြုတ်ပစ်လိုက်တယ်။ စခန်းအနီးနားမှာ ဟင်းရွက် သွားရှာစားတဲ့လူတောင်မှ အကုန်ဖြုတ်ပစ်တယ်။ ကျနော်တို့တင်ပြတဲ့စာရင်းနဲ့ သူတို့ဆီမှာရှိတဲ့ စာရင်းဟာ မတူဘူး။ ကျနော်တို့ရဲ့ လူဦးရေစာရင်းက မှားတယ်လို့ ပြောတယ်” ဟု ပြောသည်။

စစ်ပြေးဒုက္ခသည်တဦးက “သူတို့(ထိုင်းအာဏာပိုင်)တွေ နေ့တိုင်း လူစာရင်းလာမေးတယ်။ ကျနော်တို့လည်း အဲဒါပဲ နေ့တိုင်း ဖြေနေရတယ်။ ငြီးငွေ့နေပြီ။ အပြင်ထွက်လို့ရှိရင်လည်း ဒီနေ့ပြန်လာမလား၊ ပြန်မလာလို့ရှိရင် ဖြုတ်ပစ်တယ်။ ဒီပုံစံနဲ့သာ ဆက်လုပ်မယ်ဆိုရင် မလွယ်ဘူး။ ကိုယ့်ရွာမှာ နေလို့ မရလို့ ဒီမှာ ထွက်ပြေးလာတယ်ဆိုမှ အခုဟာက ဒီကေဘီအေနဲ့ ဗမာစစ် သားနဲ့ သိပ်မကွာဘူး”ဟု ပြောသည်။

အဆိုပါ စစ်ပြေးဒုက္ခသည်များကို ယခုလို လာရောက်စစ်ဆေးနေသည့် ထိုင်းအာဏာပိုင်များမှာ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်း မြို့နယ်အဆင့် တာဝန်ရှိသူများဖြစ်ကြပြီး အောက်ခြေမှတာဝန်ခံများနှင့် မသက်ဆိုင်ကြောင်း ဒုက္ခသည်များကို လုံခြုံရေးယူ ပေးနေရသည့် ထိုင်းလုံခြုံရေးတပ်ဖွဲ့(ချောလောဘော)မှ အမည်မဖော်လိုသူ ထိုင်းတပ်ဖွဲ့ဝင်တဦးက ကေအိုင်စီကို ပြောသည်။

“ဒုက္ခသည်တွေကို စခန်းပြင် ပေးမထွက်တာတော့ မှန်ပါတယ်။ အဲဒါကတော့ လူကြီးလာရင် အမြင်မရှင်းမှာ စိုးရိမ်လို့ပါ။ လူစာရင်းတွေဖြုတ်တာက အထက်က လူကြီးတွေပါ။ သူတို့က စခန်းထဲကို ဝင်စစ်လို့ရှိရင် ကျနော်တို့လည်း လိုက်ရတယ်။ ကျနော်တို့ တခါတခါ လူစာရင်းဝင်စစ်တဲ့အချိန်မှာ လူမရှိရင် မှတ်သားခိုင်းတယ်။ တရက်ပြန်မလာရင် မောင်းထုတ်လိုက်လို့ ကျနော်တို့ကို ညွှန်ကြားထားတယ်”ဟု သူက ပြောသည်။

အဆိုပါ စစ်ပြေးဒုက္ခသည်များသည် စခန်းတွင်းမှအပ စခန်းအပြင်ကိုထွက်ခွင့်မရဘဲ ထိုင်း-မြန်မာနယ်စပ်ကူညီထောက်ပံ့ရေး အဖွဲ့(တီဘီဘီစီ)မှပေးသည့် အခြေခံရိက္ခာများဖြင့်သာ နေ့စဉ်စားသုံးနေရသဖြင့် ကိုယ်ချင်းစာမိကြောင်း ၎င်းထိုင်းလုံခြုံရေးတပ် ဖွဲ့ဝင်က ယခုလို ပြောသည်။

“ရွာသားတွေဟာ ထမင်း၊ ငါးပိ၊ တခါတလေတော့ ငါးသေတ္တာ အဲဒါတွေနဲ့ပဲ နေ့တိုင်းစားရတယ်။ အပြင်ကိုထွက်ပြီးတော့ အလုပ်တခုခုထွက်လုပ်ရင် ပိုက်ဆံလေး တဆယ်၊ နှစ်ဆယ်ရမယ်။ အဲဒါမှ သားငါးတွေ ဝယ်စားလို့ရမယ်။ သူတို့ကိုလည်း ကျနော် ကိုယ်ချင်းစာပါတယ်”ဟု ၎င်းက ဆိုသည်။

ယင်းဒုက္ခသည်များသည် ယခုနှစ်၊ ဇွန်လဆန်းပိုင်းက ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေကို နအဖနှင့် ဒီကေဘီအေတပ်များ ထိုးစစ်ဆင်မှုကြောင့် ထွက်ပြေးလာကြသူများဖြစ်ပြီး လက်ရှိအခြေအနေအရ မိမိရပ်ရွာသို့ပြန်လည်နေထိုင်ရန် မဖြစ်နိုင်သေး သည်ကတကြောင်း၊ ထိုင်းအာဏာပိုင်များ၏ ခြိမ်းခြောက်ပြောဆိုမှုများကတကြောင်းကြောင့် ဒုက္ခသည်များအနေဖြင့် စိတ်ဒုက္ခ ရောက်နေရသည့်အပေါ် လူ့အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းဖြေရှင်းပေးကြပါရန် မေတ္တာရပ်ခံ ကြောင်း စခန်းတာဝန်ရှိသူက တောင်းဆိုလိုက်သည်။

နိုဘိုးကျေးရွာတွင် ယခင်က ဒုက္ခသည်ဦးရေ (၅ဝဝဝ)နီးပါးရှိသော်လည်း သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များ၏ အမျိုးမျိုး ဖိအား ပေးမှုများကြောင့် စခန်းတွင်းနေထိုင်သူလျော့နည်းသွားပြီး လက်ရှိအချိန်တွင် လူဦးရေ (၃ဝဝဝ)ကျော်သာ ကျန်ရှိကြောင်း သိ ရသည်။

ထိုးစစ်ကြောင့် ထွက်ပြေးလာသော ၎င်းရွာသူရွာသားများကို မဲစရိ၊ နိုဘိုး၊ အူးသူးထ နေရာများတွင် ထိုင်းအာဏာပိုင်များက ယာယီခိုလှုံခွင့်ပေးထားပြီး ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းကလည်း ထိုင်းအာဏာပိုင်များနှင့် ဒီကေဘီအေတို့က နေရပ်သို့ ပြန် ပို့ရန် ပူးပေါင်းစီစဉ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ပစ်ခတ်မှုတခုကြောင့် ရွာသား ၄ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

ကန္တာရ၀တီတိုင်း(မ်)/ အောက်တိုဘာ ၁၊ ၂၀၀၉

ကရင်နီပြည် လွိုင်ကော်မြို့အထွက် ဒေါတခြားနှင့် ပါလောင်းကျေးရွာ အကြားတွင် စက်တင်ဘာလ ၂၆ ရက်နေ့က ပစ်ခတ်မှုတခုကြောင့် ရွာသား ၄ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့သည်။
ပစ်ခတ်မှုကြောင့် လွိုင်ကော် မင်းစုရပ်ကွက်မှ စောဌေး အသက် (27) နှစ်၊ အငယ်လေး (ခေါ်) ထက်ထက်ဟိန်းဝ အသက် (25) နှစ်၊ မောင်ရှုပ် အသက် ( 29) နှစ်၊ ချိကယ် ထျေးသမရပ်ကွက်မှ မထွေးမြာ အသက် 15 နှစ်နှင့် ခလရ ၂၅၀ မှ စစ်သား ၄ ဦး ပွဲချင်းပြီး သေဆုံးသွားသည်ဟု မျက်မြင်တွေ့ရှိသူ တဦးကပြောသည်။
၎င်းက “အလောင်းတွေက ခေါင်းတစ်နေရာ လက်တစ်နေရာနဲ့ အိမ်တောင်ယူလာလို့မရပဲ ဖြစ်တဲ့နေရာမှာပဲ မြုပ်လိုက်ရတယ်” ဟုပြောသွားပါသည်။

ဒဏ်ရာရသူများထဲမှ လင်မယာနှစ်ဦးသည် အမျိုးသားဖြစ်သူ ကျော်စိုးမိုးမှာ ဘယ်ဖက် လက်မောင်းတွင် အရိုးသာကျန်ကာ၊ အမျိုးသမီး ဖြစ်သူ မသိန်းအေးမှာမူ အူပွင့်သွားကာ ယခုတွင် လွိုင်ကော် အရေးပေါ်ခန်းတွင် ဆေးကုသမှု ခံယူနေရသည်။
ထုံးဖုတ်ရန်အတွက် ထင်းခုတ်သွားသော ထော်လာဂျီပေါ်တွင် စက်မောင်းသမား ၁ ဦး၊ စပယ်ယာ ၁ ဦး၊ နေ့စားအမျိုးသား ၄ ဦးနှင့် မြစ်ချိုးရန်လိုက်ပါသည့် အမျိုးသမီးတဦး၊ တောင်ယာ သွားမည့် ထျေးသမရပ်ကွက်မှ အမျိုးသမီး၂ဦး၊ လမ်းကြုံလိုက်စီးသည့် ဒေါတခြား ရွာသား ၂ ဦးနှင့် စစ်သား ၄ ဦး၊ စစ်ဗိုလ်တဦး ပါရှိပါသည်။
ခလရ ၂၅၀ မှစစ်သားများသည် ဒေါတခြား ဒီးကူပွဲသို့ သွားရောက်လည်ပတ်ကာ ပါလောင်းရှိ တပ်ရင်းသို့ပြန်ရန် နောက်ကျကာ ထိုထော်လာဂျီအား တား၍စီးခြင်းဖြစ်သည်။
“စစ်သားကိုတော့ မကြောက်ဘူး လက်ထဲမှာ သေနတ်ကြီး ကိုင်ထားတာဆိုတော့ မစီးနဲ့လို့ မပြောရဲကြဘူး။ သူတို့စီးရင် အဲဒီလို ဖြစ်နိုင်တယ်ဆိုတာလည်း သိတယ်။ သူတို့တက်ပြီး ဘယ်လောက်မှ မကြာဘူး အပစ်ခံရရော” ဟု ဒဏ်ရာရရှိသူ တဦးကပြောသည်။
မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းက ပစ်ခတ်သည်ကို စုံးစမ်းသိရှိနိုင်ရန် အခင်းဖြစ်သည့် နေရာတစ်ဝိုက်သို့ ခလရ ၄၆၁ မှလာရောက်ထိမ်းထားပြီး အနီးအနားရှိရွာသားများ လုံခြုံရေးတင်းကျပ်မှုကြောင့် အိမ်ပြင်မထွက်ရဲဘဲရှိနေကြသည်ဟု ဒေသခံတဦးက ပြောသည်။

၂၀၁၀မှလွဲ၍ တခြားနည်းလမ်းတွေ အများကြီးရှိပါသေးတယ်

ဒီဆောင်းပါးလေးဟာ ရှည်တော့ရှည်တယ်ဗျ။ ဒါပေမယ့် အနှစ်သာရ ရှိတဲ့ဆောင်းပါးလေးမို့  စာဖတ်သူတွေအတွက် ထပ်ဆင့်ပြန်တင်ပြပေးလိုက်ပါတယ်. ဖတ်ကြည့်ကြပါအုံး

အင်္ဂါနေ့၊ 29 စက်တင်ဘာလ 2009 သျှမ်းသံတော်ဆင့်

စစ်အုပ်စုကတော့ ၂၀၁၀ ရွေးကောက်ပွဲအတွက် နည်းမျိုးစုံနဲ့ ပြင်ဆင်စိုင်းပြင်းနေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို အပြီးသတ် အတည်ပြုနိုင်ဖို့ပါ။ ဒီလိုအသက်သွင်းနိုင်မှ သူတို့စစ်အုပ်စုဗျူရိုကရက်တွေက လူမျိုးပေါင်းစုံ ပြည်သူလူထု ကြီးကို စစ်ကျွန်ပြု စစ်ကျွန်ဇာတ်သွင်းပြီး စစ်သမ္မတနိုင်ငံကို ထူထောင်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လို့ ခက်နေ တာက သူတို့တွက်ထား ထင်ထားသလို လွယ်လွယ်ကူကူနဲ့တော့ ဖြစ်လာမှာ မဟုတ်ဘူး ဖြစ်နေပါတယ်။

အဓိက ကတော့ အပစ်ရပ်အဖွဲ့တွေပေါ့။ သူတို့တွက်ထားသလို လုပ်လို့မရ ဖြစ်နေတယ်။ အားလုံးနီးပါးလောက်လို့ ပြောနိုင်မယ်ထင်ပါတယ်။ စစ်အုပ်စုပြောသလို လိုက်မလုပ်နိုင်ဘူးလို့ အကြောင်းပြန်ကြတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ပြုလုပ်ဖို့ စစ်အစိုးရက ပြင်ဆင်စိုင်းပြင်းလာချိန်နဲ့ တပြိုင်တည်းမှာပဲ အပစ်ခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို နအဖက ညောင်နှစ်ပင်ဖွဲ့စည်းပုံအတိုင်း တခုတည်းသော တပ်မတော်ဖြစ်ဖို့အတွက် နယ်ခြား စောင့်တပ်၊ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းပြီး ရွေးကောက်ပွဲဝင်ဖို့ ဖိအားပေးရာမှာ ငြင်းဆန်မှုတွေနဲ့ချည်းကြုံတွေ့ နေရလို့ ကိုးကန့်တိုက်ပွဲကိုဖန်တီးပြီး ကျန်တဲ့အပစ်ရပ်အဖွဲ့(လေး) တွေကို စစ်ရေးအရ ခြိမ်းခြောက်ပြတဲ့ သဘောမျိုးလို့ ကောက်ချက်ချနိုင်ပါလိမ့်မယ်။

စစ်အုပ်စုဟာ ဘယ်ကလောက်ထိ ကောက်ကျစ်လိမ်ညာတတ်တယ်၊ ယုတ်မာရက်စက်တတ်တယ်ဆိုတာ ဒီကိုးကန့် အဖြစ်အပျက်က မီးမောင်းထိုးပြလိုက်တာပဲ မဟုတ်လား။ ပြေလည်နေတုန်းကတော့ တမျိုး- မပြေလည်လာတော့ တမျိုးလုပ်တယ်ဆိုတာ အထင်အရှားပဲလေ။ ဝေစုမြက်မြက်ကလေး ရနေတုန်းက တမျိုး -ဒီမှာစကားစပ်လို့ စစ်ဗိုလ် (ချုပ်)ကတော်တွေမှာတာဆို ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်က ကလစ်ကလေးကအစ အကုန်ဝယ်လာပေးတာ-ဘာမှ စာရင်းပြန်ရှင်းပေးစရာမလိုဘူး။ အဆင်ပြေနေ သဘောတွေ့နေကြတုန်းကလေ။ ဟော အခု အဆင်မပြေတော့ မူးယစ်ဆေးဝါး အကြောင်း ပြလိုပြ လက်နက်စက်ရုံရှိတယ်လို့ဆိုပြီး ရမယ်ရှာလိုရှာနဲ့ နောက်ဆုံး လက်နက်ကိုင်တိုက်ပွဲ အထိ ရောက်သွားတော့တာပါပဲ။




ဖန်တီးစွပ်စွဲချက်တွေကို ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်က (၂)ဘက်တိုက်ပွဲဖြစ်ပွားနေစဉ်ကာလမှာပဲ ဩဂုတ်လ(၂၈) ရက်နေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ လိပ်မူတပ်ပြီး ယင်းတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး အထူးကြေညာ ချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်အရ ကိုးကန့်ခေါင်းဆောင်ရဲ့ ရှင်းလင်းချက်မှာတော့ စစ်အစိုးရက မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်း သိုလှောင်မှုစသည့် ဖန်တီးချက်များနှင့် တရားစွဲဆိုမှုဟာ ကိုးကန့် တပ်ဖွဲ့နဲ့ပြည်သူများ အပေါ် နိုင်ငံတကာမှ အထင်မှားအောင် လုပ်ကြံဖန်တီးခြင်းဖြစ်ပြီး နိုင်ငံတကာနှင့် နအဖတာဝန်ရှိ သူများရှေ့တွင်ကိုးကန့် နယ်မြေအား မူးယစ်ဆေးဝါး ကင်းရှင်းသွားပြီဖြစ်ကြောင်း ၂၀၀၂ခုနှစ်က အတိအလင်း ကြေညာထားခဲ့ကြောင်းနဲ့ ဆက်လက်၍ ကိုးကန့်တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့သည့်လုပ်ရပ်အတိုင်း ကျန်မဟာမိတ် တပ်ဖွဲ့များကိုလည်း မကြာ သော အချိန်ကာလတခုအတွင်း တိုက်ခိုက်ဝါးမျိုနိုင်သဖြင့် စစ်အစိုးရအား လက်တွေ့ ညီညွတ်စွာ ယနေ့မှစ၍တိုက်ပွဲဝင် ရန် ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်က သတိပေးတောင်းဆိုကြောင်း ရေးသား ထားပါတယ်။

ကျန်အဖွဲ့တွေကိုတော့ ဆက်လက်တိုက်ခိုက်ခြင်း မရှိသေးဘဲ လတ်တလော စစ်ရေးပြင်ဆင်မှုတွေပြုလုပ်ရင်း ဘီလူး ခေါင်းကို မင်းသားမျက်နှာဖုံးအတုစွပ်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လုပ်နေပါတယ်။ နအဖနဲ့ အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေးအပြီးမှာ ကေအိုင်အိုနဲ့ မွန်ပြည်သစ်တို့ဆီက နအဖစစ်အုပ်စုရဲ့ ၂၀၀၈ဖွဲ့စည်းပုံပါ တခုတည်းသော တပ်မတော် ဖြစ်ရေးကို လိမ်မာပါးနပ်စွာနဲ့ ရှောင်ထွက်ပြီး ပါတီအသစ်ထပ်ဖွဲ့ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ကျားကွက်သစ်တော့ ထွက်လာပါတယ်။ ဒါကို ကြည့်ရင် အပစ်ရပ်အဖွဲ့တွေဟာ နအဖစစ်အုပ်စုနဲ့ စစ်ရေးတိုက်ခိုက်မှုတွေ ထိပ်တိုက်ရင်ဆိုင်မှု တွေ မဖြစ်ချင်ဘူးဆိုတာ ရှင်းလင်းမြင်သာပါတယ်။ နအဖရဲ့ (၂၀၀၈) ဖွဲ့စည်းပုံမှာ ပါတဲ့အတိုင်း တခုတည်း သော တပ်မတော်ဖြစ်ရေးဆိုတာကို အသာတကြည် လက်ခံပြောင်းလဲမဲ့ပုံ မရှိဘူးဆိုတာ သိသာထင်ရှားလှပါတယ်။ (ခုခံစစ် ဆင်နွှဲနိုင်တဲ့ အနေအထား တနည်းတဖုံ ပြင်ဆင်ထားကြလို့လည်း ဖြစ်နိုင်ပါတယ်)။ နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်း အရ တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာမှ စစ်မှန်တဲ့အဖြေမှန်ရမယ်ဆိုတာကို အားလုံးက သဘောထား ရှိကြကြောင်း လက်တွေ့ ပြသနေကြတာ ဖြစ်ပါတယ်။

နောက် အခုလည်း စစ်အုပ်စုရဲ့ တောင်းဆိုချက်ကို မလိုက်လျောနိုင်ကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုတုန့်ပြန်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများကြားမှာ လူအင်အားကော စစ်လက်နက်ပစ္စည်းအင်အားကော အတောင့် တင်းဆုံးလို့ ဆိုတဲ့ UWSA အဖွဲ့ကိုလည်း စစ်ပြုတိုက်ခိုက်နိုင်ဖို့ စစ်အင်အား (၁)သောင်းကျော်နဲ့ အားဖြည့်ဝန်းရံထားပြီး စစ်ရေးပြင်ဆင်မှုတွေ ဆက်လက်ပြုလုပ်နေတာကို ကြားနေရပါတယ်။ ဒါကြောင့်မို့လို့ သူတို့ (နအဖ) ရဲ့ တောင်းဆို ချက်ကို လက်မခံနိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို နည်းလမ်းပေါင်းစုံနဲ့ အကြပ်ကိုင်ဆောင်ရွက် ၍ စစ်ရေးအရ တိုက်ခိုက်မှုနဲ့ ပြင်ဆင်မှုများ ပြုလုပ်နေတယ်ဆိုတဲ့ အကဲခတ်သူများရဲ့ ဝေဖန်ပြောကြားချက်ဟာမှန်ကန်တဲ့ အကဲဖြတ်ချက်လို့ ပြောရမှာဖြစ်ပါတယ်။

အမှန်တော့ စစ်အုပ်စုက ချက်ခြင်းလက်နက်ဖြုတ်သိမ်းပစ်ချင်တာပါ။ အဲဒါလုပ်လို့မရလို့ တဘက်လှည့်နဲ့ နည်းနာ ပြောင်းပြီး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခိုင်းပြီးမှ တဖြည်းဖြည်းနဲ့ ချုပ်ကိုင်ချယ်လှယ်သွားမှာလေ။ ဒါကို လည်း အပစ်ရပ်အဖွဲ့တွေကလည်း နားလည်ကြရိပ်မိကြမှာပေါ့။ အစကတည်းကမှ အပစ်ရပ်ချင်လို့ ရပ်ထားတာမှ မဟုတ်တာ၊ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် သိပ်စိတ်မပါလှပေမဲ့ အပစ်ရပ်တဲ့နည်းကို ရွေးလိုက်ရတဲ့ဟာကို။ လတ်တလော ရွေးချယ်စရာမရှိလို့ လုပ်လိုက်ရတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တချို့အပစ်ရပ်အဖွဲ့တွေ (အနည်းစု လေးပါ) ကတော့ ခြေလွန်လက်လွန်ဖြစ်သွားပြီး ပြန်နှုတ်လို့မရတော့ဘူး ဖြစ်သွားကြတယ်။ ပြန်မရုန်းထွက်ချင်တာ လည်း ဖြစ်နိုင်တာပေါ့။ အကျိုးစီးပွား မက်လုံးတွေနဲ့ ချည်ထားလိုက်တာလည်း ပါမှာပေါ့။ KNU ကခွဲထွက်သွားတဲ့ ဒီကေဘီအေလိုအဖွဲ့မျိုးပါ။ ဦးဇခုန်တင်ရင်းတို့အဖွဲ့လိုမျိုး (NDAK)၊ ကလလတ၊ ရလလဖ စတဲ့အဖွဲ့မျိုးတွေလည်း ရှိနေတာပါပဲ။

ဒါပေမဲ့ တဖွဲ့နဲ့တဖွဲ့လည်း အကျိုးစီးပွားချင်း၊ အခြေအနေချင်း၊ အနေအထားချင်းလည်း မတူကြသေးဘူးမှုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ရန်သူရဲ့စီမံကွပ်ကဲချုပ်ကိုင်မှုအောက်မှာ နေ နေရပြီလေ။ ဒါကတော့ အတူတူပါပဲ။

မွန်ပြည်သစ်ပါတီတို့လို အပစ်ရပ်စဲထားတဲ့အဖွဲ့ကိုတော့ သူတို့တွက်ထားသလို လုပ်မရတော့ နယ်ခြားစောင့်တပ်အဖြစ်
အသွင်မပြောင်းနိုင်ရင် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းနိုင်မလားလို့ အကဲစမ်းကြည့်ပြန်ရော။ မွန်ပြည်သစ်ဘက်က ပြတ်ပြတ်သားသားပဲ ငြင်းလိုက်တော့ တော်တော်လေး မကျေမချမ်းဖြစ်သွားတာပေါ့။ မွန်ပြည်သစ်ပါတီဆိုတာက လည်း သာမာန်အဖွဲ့လေးမှ မဟုတ်တာ၊ အုပ်စိုးသူအဆက်ဆက်ကို ဆန့်ကျင်တော်လှန်လာခဲ့တဲ့ ၀ါရင့်နိုင်ငံရေး ပါတီကြီးပဲဟာ။ ဒါမျိုးသွားလုပ်လို့ မရဘူးလေ။ နိုင်ငံရေးရေချိန်က စကားပြောတာပေါ့။ သူတို့တွေ ဘာလုပ်ရင် ဘယ်ခြေလှမ်း လှမ်းတယ် ဘယ်အဆင့်ထိရောက်သွားမယ်ဆိုတာကို နိုင်ငံရေးအရ အတွေ့အကြုံအရ တွက်ချက် နားလည်သိတာပေါ့။

အပစ်ရပ်စဲထားတာ ကာလအားဖြင့် (၁၀) စုနှစ်တခုတောင် ကျော်လာခဲ့ပေါ့။ နိုင်ငံရေးအရတန်းတူရည်တူထားတွေ့ဆုံ ဆွေး နွေးတာ (၁၀) နှစ်ကျော် ၁၄နှစ်တာကာလအတွင်း တကြိမ်တခါမှ မရှိခဲ့ဘူးတဲဟာကို။ လက်နက်မရှိတော့တာနဲ့ သွားပြီဆိုတာ ကောင်းကောင်းကြီး သဘောပေါက်ထားပြီးသားလေ။

ရေးမယ်ပြောမယ်ဆိုရင်တော့ အခြားအပစ်ရပ်အဖွဲ့တွေလည်း အများကြီး ကျန်ရှိပါသေးတယ်။ ဒီနေရာမှာ အားလုံးရဲ့ ဘုံတူညီချက်က နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာညှိနှိုင်းယူကြဖို့ပါ။တသဘော တည်းရှိကြပါတယ်။ နအဖဘက်ကသာ တဖက်သတ်ငြင်းဆန်နေတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဘက်က တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းလမ်းကို လုံးဝကို ပစ်ပယ်ထားတာပါ။ တွေ့ဆုံဆွေးနွေးချင်တဲ့ နိုင်ငံရေးအာသီသကို လုံးဝမရှိတာပါ။

၁၉၉၀ ခုနှစ် မေလရွေးကောက်ပွဲကနေ ပြည်သူလူထုကြီးက (၈၂)%နဲ့ တခဲနက်တပြိုင်နက် ရွေးချယ်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကဆိုရင် မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းအရ စားပွဲဝိုင်းမှာထိုင်မျက်နှာ ချင်းဆိုင် တွေ့ဆုံဆွေးနွေးဖို့ကို တစိုက်မတ်မတ် အစဉ်မပြတ် တောင်းဆိုနေလာခဲ့တာပါ။ နည်းသဏ္ဍာန် မျိုးစုံနဲ့ကို တလျှောက်လုံး တောင်းဆိုနေလာခဲ့တာပါ။ အခုနောက်ဆုံးထုတ်ပြန်တဲ့ “ ရွှေဂုံတိုင်ကြေညာချက်” ကိုကြည့် ရင်လည်း ဒီတောင်းဆိုချက်ကိုပဲ ထပ်ပြန်တလဲလဲ တွေ့မြင်ရမှာပါ။ ဒီကြေညာချက်မှာ အဖွဲ့ချုပ်ရဲ့ လက်ရှိရပ်တည်ချက် (၄) ချက်ကို ဖော်ပြထားပါတယ်။ ဒါတွေကတော့....

(က) အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊
(ခ) ပြည်သူ့လွှတ်တော်ပေါ်ပေါက်ရေး၊
(ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ် ပြင်ဆင်ရေး၊
(ဃ) တွေ့ဆုံဆွေးနွေးရေး စသည်တို့ ဖြစ်ပါတယ်။

ဒီ(ဃ)အချက်ဟာ မြန်မာပြည်ဒီမိုကရေစီရရှိရေး စနစ်ပြောင်းတော်လှန်ရေးကြီးမှာ တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသား အင်အားစုအားလုံးနဲ့ ဒီမိုကရေစီအင်အားစုအားလုံးရဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ ဘုံရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်မဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေး ဆိုတဲ့အချက် ဖြစ်ပါတယ်။ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာက တောင်းဆိုတိုက်တွန်းနေတဲ့ အချက်လည်း ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်တဦးလည်းဖြစ်၊ သတင်းစာဆရာကြီးတဦးလည်းဖြစ်တဲ့နိုင်ငံရေး အကျဉ်းသားဟောင်း ဆရာကြီး ဦးဝင်းတင်ကလည်း “ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးတောင်းဆိုချက်ကို လူထုအားနှင့် ထောက်ခံကြ ”လို့နှိုးဆော်တိုက်တွန်း ထားသလို လောလောဆယ်မှာတော့ ကျနော်တို့ခံယူချက်အပေါ် ဘယ်လိုမှ တွေဝေသံသယစိတ် တွေ မပွားကြပါနဲ့။ အဖွဲ့ချုပ်ဟာ ဗမာပြည်သူလူထုကြီး တိုက်ပွဲဝင်ရယူနေတဲ့ လွတ်လပ်ရေးကို အဓမ္မလုယူမယ့်၊ရှင်လမ်းမ ရှိအောင်ချို့ယွင်း ပျက်စီးနေတဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ သွေးကြောင်တွေဝေစွာနဲ့ ဒူးထောက်ပါဝင်မှာ မဟုတ်ပါဘူး။ ကျ နော်တို့ဟာထိတွေ့ ဆက်ဆံဖို့ အမြဲအသင့်ရှိပါတယ်၊ ဒါပေမယ့် ကျနော်တို့အသက်သွေးချွေးတွေ၊ဘဝတွေအများကြီး စွန့်လွှတ် ရင်းနှီးခဲ့ပြီးတဲ့ ဒီမိုကရေစီတန်ဖိုးတွေ ဆွတ်ခူးရယူနိုင်ရေးတိုက်ပွဲကို ဆက်လက်ဆင်နွှဲဖို့ဆိုရင်တော့အသင့်ရှိတာထက်တောင်ပိုပါ တယ်လို့ ဦးဝင်းတင်ကိုယ်တိုင် အင်္ဂလိပ်လို ရေးသားထားတဲ့ “ ကျင်းပဖို့မလိုတဲ့ ၂၀၁၀ရွေး ကောက်ပွဲ ”ဆိုတဲ့ဆောင်းပါး ထဲမှာ ထုတ်ဖော်ပြောကြားထားပါတယ်။
ဝါရင့်သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းကလည်း ပြည်သူ့ဘက်ကို မျက်နှာမူကြဖို့နဲ့ ပြည်သူနဲ့ မကင်းကွာကြဖို့ကို မကြာသေးခင်လေးက အင်တာဗျူးတခုမှာ ထုတ်ဖော်ပြောကြားသွားပါတယ်။ ဘယ်သူ့ကိုမှ အားကိုးမနေဖို့၊ မမျှော် လင့်နေဖို့၊ စိတ်ကူးမယဉ်ကျဖို့၊ ကိုယ့်ကိစ္စကိုယ့်ဖာသာ ဖြေရှင်းကြဖို့ကို ပြတ်ပြတ်သားသားပဲ ဆော်ဩပြောကြားသွား ပါတယ်။ ကုလသမဂ္ဂတို့၊ လုံခြုံရေးကောင်စီတို့ကို လာဖြေရှင်းပေးနိုး စောင့်စားမျှော်လင့်နေကြမှာလား။ မိမိပြည်တွင်း ရေးကို မိမိတို့ကသာ ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းသွားကြရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုကြီးရဲ့ အံ့မခန်း စွမ်းပကားတွေနဲ့ တော်လှန်ပစ်နိုင်စွမ်းကို အခိုင်အမာ ပြတ်ပြတ်သားသား ယုံကြည်ကြရမှာ ဖြစ်ပါတယ်။

တချိန်တည်းမှာလည်း ကျနော်တို့ အတိုက်အခံအင်အားစုများလို့ ခေါ်နေတဲ့ ဒီမိုကရေစီအင်အားစုတွေဟာ အချိန်ရဲ့ တိုက်စားမှုအောက်မှာ ဖရိုဖရဲဖြစ်လာသံတွေ ကြားနေသိနေရပါတယ်။ ပြင်ပလေထုဖိအားကလည်း အသွေးအရောင် စုံ အနံ့မျိုးစုံနဲ့ တဒင်္ဂအရှိတရားကို ထာဝရအမှန်တရားအဖြစ် ထင်အောင်မြင်အောင်နည်းမျိုးစုံနဲ့ဖက်လှဲတကင်းဆွဲဆောင် ဖြား ယောင်းမှုတွေကလည်း တိုးလို့သာကြားနေရပါတယ်။ လက်ရှိနိုင်ငံရေးအနေအထားဟာအတိုက်အခံ အဖွဲ့အစည်း တိုင်းအတွက် သေနေတဲ့ နိုင်ငံရေးအနေအထားမျိုး မဟုတ်ပါ၊ နှေးကွေးနေတဲ့ အနေအထားမျိုးပါ။ စနစ်ပြောင်းတော်လှန် ရေးတရပ်မှာ အချိုးအကွေ့တွေ၊ အတက်အကျတွေ၊ တော်လှန်ရေးအီလာမှုတွေဟာ ရင်ဆိုင်ကြုံ တွေ့မဲ့ တော်လှန်ရေး ပကတိတရားတွေ ဖြစ်ပါတယ်။

အဲဒါကို တချို့သော ပြည်ပပညာရှိကြီးတွေ၊ တတိယအုပ်စုလို့ ခေါ်နေပြောနေကြတဲ့သူတွေက ရွေးစရာလမ်းမရှိတော့ ဘူး။ ဒါကြောင့် လတ်တလောအရှိတရားဖြစ်တဲ့ ၂၀၁၀ရွေးကောက်ပွဲကိုသာ အခွင့်အလမ်းတရပ်အဖြစ် ယူရမယ်ဆိုတဲ့စကားဟာ တရားသေ ကျလွန်းနေပါတယ်၊ မျှော်လင့်ချက်မဲ့ ဇွဲလုံ့လမရှိသူတို့ရဲ့ အလျှော့ပေးရေးဝါဒ၊ အညံ့ခံရေးအတွေး အခေါ်သာ ဖြစ်ပါတယ်။ ဒါဟာ တော်လှန်ရေးအတွေးအခေါ် ချွတ်ခြုံကျသူတွေရဲ့  ဖြစ်မြဲဓမ္မတာပါ။ စစ်ဝါဒီတွေ ဟာ နောက်ဆုံးခြေလှမ်းဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ပြီးစီးအောင် မရမက လုပ်နိုင်ကောင်း လုပ်နိုင်မယ်။ သို့ သော် ဒါဟာ ပြည်သူ့ အောင်ပွဲမဟုတ်၊ ဒီမိုကရေစီတိုက်ပွဲရဲ့  ဇာတ်သိမ်းခန်းလည်းမဟုတ်ဘူးဆိုတာ တတိယအုပ်စုဆိုသူတွေ ပညာရှင်ဆရာကြီးတွေ နားလည်ဖို့ လိုပါတယ်။ တကယ်နားမလည်တာ ဆိုရင်တော့ ကိုယ့်ကိုကိုယ် ငါဘာကောင်လဲ ဘာဖြစ်နေပြီလည်းဆိုတာ ပြန်ဆန်းစစ်တာ ကောင်းပါလိမ့်မယ်။ ၁၉၉၀ ရွေးကောက်ပွဲက ပြီးသွားပြီ၊ သမိုင်းဖြစ်သွားပြီ လက်တွေ့နဲ့မကိုက်ညီတော့ဘူး စသဖြင့် နအဖစစ်အုပ်စုရဲ့ ဘက်တော်သားအင်အားစုတွေက ရိုင်းရိုင်းစိုင်းစိုင်း ပြောနေ ကြသလို မဆလတဖြစ်လဲ တစညလိုပါတီကတော့ ၂၀၁၀ ရွေးကောက်ပွဲကို လေသံပြင်းပြင်းနဲ့ ဘယ်လိုနည်းနဲ့မှ အပျက်မခံဘူးဆိုပြီး ခြိမ်းခြောက်သလို လုပ်နေပြန်ပါတယ်။
ဒါပေမဲ့လို့ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPP)အတွင်းရေးမှူးလည်းဖြစ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး လည်းဖြစ်တဲ့ ဦးအေးသာအောင်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီဝင်လည်းဖြစ်၊ ဇိုမီးအမျိုး သားကွန်ကရက်ရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဦးပူကျင့်ရှင်းထန်တို့ရဲ့ ဒီ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သဘောထားက လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ထုတ်ပြန်ထားတဲ့ “ ရွှေဂုံတိုင်ကြေညာချက်”ရဲ့ အနှစ်သာရဖြစ်တဲ့တွေ့ ဆုံဆွေးနွေးရေး နည်းလမ်းကသာ တိုင်းပြည်ရဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဖော်ဆောင်နိုင်မှာပဲ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ဒါကြောင့် စစ်အာဏာရှင် ဖျက်သိမ်းရေးတိုက်ပွဲအတွက် မိမိကိုယ်ကို အတွေးအခေါ်အရ ကြံ့ခိုင်တောင့်တင်းရေး၊ကိုယ်ခံ အားကောင်းရေးတို့အတွက် လေ့ကျင့်ပြင်ဆင်သွားကြရပါမယ်။ အင်အားစုတွေအားလုံးအကြား စည်းလုံး ညီညွတ်ရေးကို အထူးအာရုံစိုက် လုပ်ဆောင်သွားကြရမဲ့အချိန်၊ ကာကွယ်သွားကြရမဲ့ကာလ ဖြစ်ပါတယ်။

ဒီတော့ ကျနော်တို့ ဘာလုပ်ကြမလဲ။ ၂၀၀၈ဖွဲ့စည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာဟာကို အစွမ်းကုန် တိုက်ဖျက် ပစ်ကြဖို့သာ ရှိတော့မှာပေါ့။ မီးကုန်ယမ်းကုန် အားစိုက်ရုန်းကန် ထကြွကြရတော့မှာပဲ။ နောက်ဆုံး ပြည်သူ့အင်အား စွမ်းပကားနဲ့သာ နိုင်ငံရေးအာဏာ အပြောင်းအလဲကို ဖော်ဆောင်ကြရတော့မှာပဲ။ ဘယ်နိုင်ငံတိုင်းပြည်မှာမဆို ပြည်သူ့ အင်အားနဲ့သာ အုပ်စိုးသူလူတန်းစားရဲ့လက်ထဲ ရောက်နေတဲ့ နိုင်ငံရေးအာဏာကို အုပ်စိုးခံလူတန်းစားတွေရဲ့ ပြည်သူ့ အင်အားစွမ်းပကားနဲ့သာ အဆုံးသတ် ပြောင်းလဲစေနိုင်ခဲ့တာပဲ မဟုတ်ပါလား။ ဒါကိုက ပကတိအမှန်တရားပဲ မဟုတ် ပါလား။

မိမိပြည်တွင်းရေးကို မိမိဘာသာ ဖြေရှင်းရုံမှတပါး တခြားနည်းလမ်း မရှိဘူးပါဘူး။ အဲဒါကြောင့် ပြည်တွင်းက စစ်အုပ်စု အောက်မှာ လူမှုဆင်းရဲဒုက္ခပေါင်းစုံကို ခါးစည်းကျိတ်မှိတ်ခံနေကြရတဲ့ အလုပ်သမား၊ လယ်သမား၊ ရဟန်းသံဃာ၊ ကျောင်းသားလူငယ်များ၊ အမှုထမ်းပေါင်းစုံနဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ အမျိုးသားပြည်သူလူထုကြီးတရပ်လုံးကို ဆက်လက်မှီခို စည်းရုံးလုပ်ဆောင်ရင်း အမျိုးသားပြည်သူလူထုကြီးနဲ့ အတူတကွ လက်တွဲတိုက်ပွဲ ဝင်နိုင်ရေးမဟာဗျူ ဟာနည်းလမ်းတွေကိုသာ ဆထက်ထမ်းပိုး အားထုတ်ကြိုးပမ်း ရုန်းကန်ရှာဖွေသွားကြရမှာပဲ ဖြစ်ပါတယ်။

တချိန်တည်းမှာလည်း တပ်မတော်ရဲ့ အောက်ခြေတပ်မှူးတပ်သားများအကြား ပြည်ချစ်တပ်မတော်သားများ ပေါ်ထွန်း လာရေးအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်စည်းရုံးသွားရေးကိုလည်း အထူးအာရုံစိုက်သွားရမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကို အားထုတ်လုပ်ကိုင်ထားရုံမှလွဲလို့ ကျနော်တို့ဟာ ဘာမှတွေဝေ စဉ်းစားနေစရာ မလိုပါဘူး။ အံ့ဩ တကြီး ဖြစ်နေစရာ မလိုပါဘူး။ ပြည်သူလူထုကြီးကို စည်းရုံး ပြည်သူ့အင်အားကို တည်ဆောက်ပြီး ဒီပြည်သူ့အင်အား နဲ့ပဲ နအဖစစ်အုပ်စုရဲ့ ၂၀၁၀ရွေးကောက်ပွဲကို ဖျက်ဆီးပစ်ပြီး အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် တွေ့ဆုံ ဆွေးနွေးရေးစားပွဲဝိုင်းကို တက်လှမ်းသွားရမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်ရရင်တော့ ၂၀၁၀ ရွေးကောက်ပွဲဟာ တခုတည်းသောထွက်ပေါက် မဟုတ်ဘဲ တင်္ဒဂအရှိတရားတခုသာဖြစ်ပါ ကြောင်းနဲ့ “ ရွှေဂုံတိုင်ကြေညာချက်” ရဲ့ အနှစ်သာရပိုင်းဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းကသာ အမှန်တကယ့် ထာဝရအရှိတရား ဖြစ်တယ်ဆိုတာကို တင်ပြလိုက်ရပါတယ်။

သက်ဆိုင်သူနှင့် အများပြည်သူသိစေရန်

မကြာသေးခင်ရက်ပိုင်းတွင် နအဖ တပ်နှင့် ဒီကေဘီအေ ပူးပေါင်း တို့ ၏ ညွန်ကြားမှု အစီအစဉ်ဖြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ ၊ ချင်းမိုင်မြို့ နှင့် ၄င်းပန်းဝန်းကျင်ဒေသအတွင်းသို့ ကြေးစားလူသတ်သမား (၁၅)ဦး စေလွတ်ထားသည် ဟုသိရပါသည်။ ရည်ရွယ်ချက်ပစ်မှတ်တွေက KNU ထိပ်ပိုင်းခေါင်းဆောင်များကို ရှာဖွေရန် ရှင်းလင်းပစ်ရန် နှင့် FTUB ခေါင်းဆောင် အချို့ လည်းပစ်မှတ်တွင် ပါဝင်သည်ဟု သတင်းရရှိပါသည်။

ဒီသတင်းရရှိပြီး ပို့ စ်တင်သင့်မတင်သင့် စဉ်းစားနေချိန်တွင် မြိုင်ကြီးငူဆရာတော် ထုတ်ပြန်တဲ့ စာလည်း တဆက်တည်းထွက်ရှိလာပါသည်။ ဒီဆက်စပ်မှုကို ကြည့်ခြင်းဖြင့် မရိုးသားမှုတွေ ဆက်စပ်တွေ့ ရှိနေရပါသည်။ မည်သို့ ပင်ဖြစ်စေကာမူ KNU အထွေထွေ အတွင်းရေးမှူးချူပ်ဟောင်း ပဒိုမန်းရှာလန်းဖန်း လုပ်ကြံခံရမှု ပုံရိပ်များသည် အများပြည်သူ မြင်ကွင်းတွင် ထင်ထင်ရှားရှား ရှိနေဆဲဖြစ်သည်။ သက်ဆိုင်သူများအားလုံးကို သတိဖြင့် နေစေချင်ပါသည်။ ဒီ့ပြင် အမှန်တရားကို ချစ်များနိုးတဲ့ တိုင်းရင်းသားညီကိုယ်အားလုံး အထူးသဖြင့် ထိုင်း-မြန်မာ နယ်စပ်တွင် နေထိုင်သူအားလုံး သတိဖြင့် နေကြ၍ မသင်္ကာသူ များတွေ့ ရင်သက်ဆိုင်သူ များသို့  အချိန်မှီ သတင်းပို့ ဖြန့် ချီပါရန် တိုက်တွန်းလိုပါသည်။

စစ်ဖြစ်ရာ ဒေသများတွင် မတရားပြုကျင့်မှုကို ကုလသမဂ္ဂ ရှုတ်ချ

Thursday, 01 October 2009 18:24 ဇာနည်ဝင်း

လက်နက်ကိုင် ပဋိပက္ခဒေသများတွင် ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ရှုတ်ချ ကန့်ကွက်ကြောင်း အဆိုပြုချက်အား ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံ များက ဗုဒ္ဓဟူးနေ့တွင် တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်လိုက်ကြသည်။

အဆိုပါ သဘောတူညီချက်အရ မုဒိမ်းကျင့်ခြင်းကို စစ်လက်နက်တခုသဖွယ် အသုံးပြုနေမှုများအား တိုက်ဖျက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်မည့် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် တဦး ပေါ်ပေါက်လာမည် ဖြစ်သည်။ ထို့အပြင် အစိုးရအာဏာပိုင်များက အဆိုပါ ရာဇ၀တ်မှု ကျူးလွန်သူများကို အထိရောက်ဆုံး အပြစ်ပေးနိုင်ရေးအတွက် အကြံပြုရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ကျွမ်းကျင်သူများ ပါဝင်သည့် အဖွဲ့တခု ဖွဲ့စည်းရမည် ဖြစ်သည်။

မုဒိမ်းကျင့်ခြင်းကို စစ်လက်နက်သဖွယ် အသုံးပြုနေကြခြင်းမှာ လူမှုရေးအရ လက်ခံနိုင်ဖွယ် မရှိသည့်အပြင် ရာဇ၀တ်မှုမြောက်သည်ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်က အထွေထွေ ညီလာခံတွင် ပြောလိုက်ကြောင်း AP သတင်းတပုဒ်တွင် ရေးသားထားသည်။

“ဒီ ပဋိပက္ခတွေကို အဆုံးသတ်သွားဖို့အတွက် ကျမတို့ ချက်ချင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု မစ္စ ကလင်တန်က ပြောကြားလိုက်သည်ဟု သိရသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် နှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်အသေးစိတ်ကို မသိရသေးသော်လည်း ထိုသို့ဆုံးဖြတ်လိုက်ခြင်းအတွက် ကြိုဆို ထောက်ခံကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ တွဲဖက် အထွေထွေအတွင်းရေးမှူး(၁) မတင်တင်နွယ်က ပြောသည်။

“လက်နက်ကိုင် ပဋိပက္ခဒေသတွေမှာ အမျိုးသမီးတွေ နဲ့ ကလေးငယ်တွေ အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေနဲ့ ပတ်သက်ပြီး ကျူးလွန်တဲ့သူတွေကို ထိထိရောက်ရောက် အပြစ်ပေးနိုင်ဖို့လည်း လိုအပ်ပါတယ်” ဟု မတင်တင်နွယ်က ဧရာဝတီကို ပြောသည်။

လက်နက်ကိုင် ပဋိပက္ခဒေသများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အများဆုံး ဖြစ်ပွားနေသော နိုင်ငံမှာ ကွန်ဂိုနိုင်ငံဖြစ်သည်ဟု သိရသည်။ နေ့စဉ်နေ့တိုင်း အမျိုးသမီး ၃၆ ဦး မတော်မတရား ပြုကျင့်ခံနေရသည်ဟု သိရသည်။ အာဖရိက၊ အာရှ နှင့် ဥရောပနိုင်ငံများတွင်လည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့ကြောင်း တွေ့ရသည်။

၁၉၉၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် အာဖရိကတိုက်၊ ရ၀မ်ဒါနိုင်ငံ လူမျိုးတုံးသတ်ဖြတ်မှု စစ်ပွဲများအတွင်း အမျိုးသမီး ငါးသိန်းကျော် မတရားကျင့်ခံခဲ့ရသည်။ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ဖြစ်ပွားခဲ့သည့် ဥရောပတိုက် အရှေ့တောင်ဘက်ရှိ ဘော်လကန်ဒေသ စစ်ပွဲတွင် မုဒိမ်းကျင့်ခံရသူပေါင်း ခြောက်သောင်းဝန်းကျင် ရှိသည်။ အာဖရိကတိုက်ရှိ ဆီယာလီယွန်နိုင်ငံတွင် ၁၉၉၁ မှ ၂၀၀၁ ခုနှစ်အတွင်း စစ်ပွဲကြောင့် ပေါ်ပေါက်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ခြောက်သောင်းကျော် ရှိခဲ့သည်။

ရာဇ၀တ်မှု ကျူးလွန်သူ အများအပြားမှာ အပြစ်ပေး အရေးယူခံရခြင်း မရှိသေးပေ။

မြန်မာနိုင်ငံတွင်လည်း အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ၏ တိုက်ပွဲများ ဖြစ်ပွားရာ နယ်စပ်ဒေသ တလျှောက်တွင် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကို လက်နက်တခုသဖွယ် အသုံးပြုနေကြောင်း အမျိုးသမီးအဖွဲ့များက ထောက်ပြထားသည်။

၂၀၀၄ ခုနှစ်က ထုတ်ပြန်ခဲ့သော ကရင်အမျိုးသမီး အစည်းအရုံး၏ အစီရင်ခံစာတွင်လည်း ယင်းကဲ့သို့ ဖော်ပြထားပြီး ၁၉၈၈ မှ ၂၀၀၄ ခုနှစ်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၁၂၅ မှု ဖြစ်ပွားခဲ့သည်ဟု စာရင်း ပြုစုထားသည်။ ကျူးလွန်သူ ထက်ဝက်ခန့်သည် တပ်မတော် အရာရှိများ ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ၄၀ ရာခိုင်နှုန်းမှာ အုပ်စုလိုက် မုဒိန်းကျင့်မှု ဖြစ်ကြောင်း၊ ၂၈ ရာခိုင်နှုန်းတွင် ကျူးလွန်ခံရသူ အမျိုးသမီးများ အသက်ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။

ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်ဖလှယ် လှုပ်ရှားဆောင်ရွက်ရေးအသင်း၏ “မုဒိန်းကျင့်ခွင့်လိုင်စင်” အမည်ရှိ အစီရင်ခံစာ (၂၀၀၂ ခုနှစ်) တွင် စစ်အစိုးရတပ်များ ရှမ်းပြည်နယ် အတွင်း ကျူးလွန်ခဲ့သည်ဟု ဆိုသည့် မတော်မတရားမှုများကို ဖွင့်ချထားသည်။ ၁၉၉၆ မှ ၂၀၀၁ ခုနှစ်အထိ ငါးနှစ်ကြာကာလအတွင်း အမျိုးသမီး ၆၂၅ ဦးသည် မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများနှင့် ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။

မကြာသေးမီက စစ်အစိုးရတပ်များ ကိုးကန့်ဒေသသို့ ၀င်ရောက် တိုက်ခိုက်စဉ်အတွင်း မုဒိမ်းမှုများ ဖြစ်ပွားသည့် သတင်းများ ကြားရသည်ဟု ကိုးကန့်ဒေသ ခေါင်းဆောင်ဟောင်း ဦးဖုန်ကျားရှင်က ဧရာဝတီနှင့် ဆက်သွယ်မေးမြန်းခန်းတခုတွင် ပြောသည်။
ဧရာဝတီသတင်းမှ

အရှေ့တောင်တိုင်းလက်အောက်ခံတပ်ရင်းအချို့အား ပေါ်တာဆွဲခွင့်ပြု

Kaowao
စက်တင်ဘာ ၃၀၊၂၀၀၉။
ကန်ချနပူရီ(စက်တင်ဘာ)။ ။ ကရင်ပြည်နယ်အတွင်း အနန်းကွင်းအခြေစိုက် ရတခစစ်ဗျူဟာ(၂) လက်အောက်ခံတပ်ရင်းအချို့အား စစ်ဆင်ရေးအတွက် အရပ်သားများကို ပေါ်တာအဖြစ် အသုံးပြုလိုပါက ပေါ်တာအသုံးခွင့်ပြုကြောင်း အမိန့်တစ်ရပ်ကို ယခုရက်ပိုင်းအတွင်း ညွှန်ကြားထားသည်ဟု အမည်မဖေါ်လိုသော မြန်မာစစ်အရာရှိတစ်ဦးထံမှ သိခဲ့ရသည်။

အကြုံးဝင်သော တပ်ရင်းများမှာ ခလရ ၁၀၆၊ ခလရ ၂၇၅၊ ခမရ ၂၈၃၊ ခမရ ၂၃၅၊ ၃၅၆ တို့ဖြစ်ပြီး သံဖြူဇရပ်- ဘုရားသုံးဆူမြို့မော်တော်ကားလမ်းတလျှောက် ဒုတိယကမ္ဘာစစ်အတွင်းက ဖက်ဆစ်ဂျပန်တို့ ချွေးတပ်ဆွဲ၍သေမင်းတမန် မီးရထားလမ်းဖေါက်လုပ်ခဲ့သောဒေသတွင် လက်ရှိလှုပ်ရှားလျှက်ရှိကြသည်။ DKBA နှင့်မြန်မာစစ်အစိုးရပူးပေါင်းကာ KNU တပ်မဟာ ၆ ၏အစိတ်အပိုင်းဒေသတစ်ခုကို ထိုးစစ်ဆင်နေသည်။


တပ်မဟာ ၆ ဘုရားသုံးဆူဒေသ ထိုးစစ်များအတွင်း KNU ပြောက်ကျားပစ်ခတ်မှုများတွင် မြန်မာတပ်ဖွဲ့များသာ ထိခိုက်ကျဆုံးမှုများ ဖြစ်ပေါ်လျှက်ရှိပြီး DKBA တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှုများမရှိခဲ့၍ ကျဆုံးဒဏ်ရာများ မရှိခဲ့သေးပါ။

နအဖစစ်အစိုးရသည် အတင်းအဓမ္မအလုပ်စေခိုင်းခြင်းမပြုလုပ်ရန် အမိန့် ၁/၉၉ ကိုထုတ်ပြန်ထားပြီး ကျူးလွန်သူများအား အရေးယူသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ညွှန်ကြားခဲ့သည်။၂၀၀၇ ခုနှစ်မှစပြီး အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILOနှင့်လည်း ယနေ့တိုင် ပူးပေါင်ဆောင်ရွက်လျှက် ရှိသည်ဟု မြန်မာအစိုးရသတင်းစာများတွင် ဖေါ်ပြနေသည်။

ယခင်ကာလများ၌ မြန်မာတပ်ဖွဲ့များပေါ်တာဆွဲခြင်းမှာ အစိုးရကတရားဝင်ခွင့်ပြုထားသလိုဖြစ်နေပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အပစ်ရပ်ခြင်း၊ ငြိမ်းချမ်းရေးပြုလုပ်ခဲ့နောက်ပိုင်း ဒေသအချို့၌ မြန်မာအစိုးရတပ်ဖွဲ့များ ပေါ်တာဆွဲခြင်းကို ဗြောင်ကျကျမလုပ်ရဲကြတော့ပေ။

ပေါ်တာဆွဲခြင်းဖြင့် သက်ဆိုင်ရာကာယကံရှင်များထံမှ ငွေရယူခြင်း၊ အဖိုးတန်လက်ဝတ်ရတနာများကို သိမ်းယူခြင်းတို့ကို မြန်မာတပ်ဖွဲ့ဝင်တို့ ထင်သလိုပြုလုပ်ခွင့် ရရှိသည်။ မြန်မာအစိုးရတပ်ဖွဲ့တို့၏ ခေတ်သစ်ပြန်ပေးဆွဲနည်းတစ်ရပ်သာ ဖြစ်သည်ဟု တိုင်းရင်းသားတို့ ရှုမြင်ကြသည်။
မြန်မာအစိုးရတပ်ဖွဲ့ပေါ်တာဆွဲခြင်းမှာ မြို့ကြီးများတွင် ဖြစ်ခဲလေ့ရှိပြီး အထူးသဖြင့် တိုင်းရင်းသားနယ်မြေဒေသများတွင်သာ ပြုလုပ်ခဲ့သည်ကို ကြုံတွေ့ခဲ့ကြ၏။

ပေါ်တာဆွဲခြင်းမှာ ယခင်က “ချွေးတပ်ဆွဲ” သည်ဟု မြန်မာလိုပြောဆိုသုံးနှုံးခဲ့ကြပြီး အင်္ဂလိပ်ဘာသာမှ အထမ်းသမားကို Porter ကိုအသံဖလှယ်ကာ ပေါ်တာဟု မြန်မာမှုပြု ပြောဆိုလာသည်။ မြန်မာတပ်ဖွဲ့များအချင်းချင်း အခေါ်အဝေါ်မှာ ဝန်ထမ်းဟု သုံနှုံးကြသည်။

မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်အတွင်း ထိုင်းနိုင်ငံ၊ ကန်ချနပူရီနှင့် သံဖြူဇရပ်မြို့သို့ ဆက်သွယ်နိုင်ရန် မီးရထားလမ်းဖေါက်လုပ်ခဲ့စဉ်၌ မြန်မာချွေးတပ်သား အများအပြားသေဆုံးခဲ့မှုမှာ ကမ္ဘာကျော်ခဲ့သော ဖြစ်ရပ်အဖြစ် အမည်တွင်နေခဲ့သည်။

အချင်းချင်း အပစ်ရပ်ကြရန် မြိုင်ကြီးငူဆရာတော် စာထုတ်ဝေ

စက်တင်ဘာလ ၃၀ရက်။ ကေအိုင်စီ

ကေအဲန်ယူနှင့် ဒီကေဘီအေ နှစ်ဖက်လက်နက်ကိုင် သားတပည့်များ မိမိတို့ ကရင်အချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေကြသည်ကို ရပ်ဆိုင်း၍ လာမည့် နှစ်သစ်ကူးနေ့ မတိုင်မီ အပစ်အခတ်ရပ်စဲကြရန် မြိုင်ကြီးငူအထူးဒေသမှ ဆရာတော်ဘဒ္ဒန္တ သုဇနက ယမန်နေ့က စာထုတ်ဝေလိုက်သည်။

ဆရာတော်၏ ပြုံးရယ်နေသော ဓာတ်ပုံနှင့် ‘မြိုင်ကြီးငူအထူးဒေသ’ စာလုံးနောက်ခံများဖြင့် ရေးသားထားသည့် ဆရာတော်စာ ၏ အစတွင် “မမျှော်လင့်ဘဲ ဒီကေဘီအေ အဖွဲ့အစည်းတရပ် ဗြုန်းစားကြီး ပေါ်ပေါက်လာကာ ကေအဲန်ယူနှင့် ဒီကေဘီအေ ဟူ၍ ကရင်အမျိုးသားလက်နက်ကိုင်နှစ်ဖွဲ့ ဖြစ်လာရခြင်းမှာ သမိုင်း၏ တောင်းဆိုချက်အရ ဖန်တီးဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း” ထည့်သွင်းရေးသားထားသည်။

ထုတ်ဝေသည့်ရက်စွဲနှင့် ဆရာတော်၏ လက်မှတ် ရေးထိုးထားခြင်းမရှိသည့် အဆိုပါစာ၏ အဆုံးပိုဒ်တွင် “နှစ်ဖက်သော လက် နက်ကိုင်အဖွဲ့သားများသည် အတိတ်မှ ဆိုးကျိုးများကို သင်ခန်းစာယူလျှက် အချင်းချင်း အပြန်အလှန် သင်ပုန်းချေပြီး နား လည်ခွင့်လွှတ်ကြကာ မတူညီသည့် အတွေးအခေါ်များကို တူညီမှုရသည်အထိ တွေ့ဆုံညှိနှိုင်းဆောင်ရွက်ကြစေလိုသည်”ဟူ၍ ပါရှိသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ကေအဲန်ယူ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက “ကျနော်တို့က သင်ပုန်းချေခဲ့နေတာ ကြာပါပြီ။ အပစ်ခတ်ရပ်ဖို့ဆိုရအောင် ဒီကေဘီအေက နအဖနဲ့ပေါင်းပြီး ကျနော်တို့ကို အာရ်ပီဂျီဗုံးသီးတွေနဲ့ လာပစ်သွားတာကိုတောင် ရှောင်ခွာပေးခဲ့တာ ကျနော်တို့ ငြိမ်းချမ်းရေးကို လိုလား၊ မလိုလား သိနိုင်ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေကလည်း ဒီလိုပဲ စာရေးလာ ပြီး ဆရာတော်ရဲ့ အရိပ်အောက်မှာ ပြန်လာနေခိုင်းတယ်။ ဒီကေဘီအေဟာ သက်တမ်း ၁၅နှစ်ရှိပြီ။ နအဖခိုင်းတာ လုပ်ပြီး ကိုယ့်ကရင်လူထုကိုတောင် ဘာမှမကာကွယ်ပေးနိုင်ရင် ကျနော်တို့ပြန်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စာနဲ့ပဲရေးနေပြီး အ ကောင်အထည်မဖော်နိုင်တော့ ဘာအဓိပ္ပါယ်ရှိမှာလဲ”ဟု ကေအိုင်စီကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လက နအဖတပ်များ၏ နောက်ခံပေးမှုနှင့် ဒီကေဘီအေက ကေအဲန်ယူက တပ်မဟာ(၇)ကို ထိုးစစ်ဆင်ရာ တပ် မဟာဌာနချုပ်နှင့် တပ်ရင်းနေရာများကို ကေအဲန်ယူမှ စွန့်ခွာပေးခဲ့ရသည်။ ၎င်းအပြင် ဒီကေဘီအေတပ်ဖွဲ့ဝင်များသည် နအဖ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ကေအဲန်ယူ တပ်မဟာ(၆)နှင့် တပ်မဟာ(၅)ကို ဆက်လက်၍ ထိုးစစ်ဆင်လှုပ်ရှားလျှက်ရှိသည်။

ဒီကေဘီအေတပ်ဖွဲ့သည် မြိုင်ကြီးငူဆရာတော်၏ ဦးဆောင်မှုအောက်တွင်သာ ယခုအချိန်ထိ ရပ်တည်လျှက်ရှိသည့်အတွက် ဆရာတော်သည်သာ အခရာအကျဆုံး ပုဂိုလ်ဖြစ်ပြီး ဒီကေဘီအေ ထိပ်ပိုင်းခေါင်းဆောင်များကို အမိန့်ပေး ညွှန်ကြားနိုင်သူဖြစ် သည်ဟုလည်း ဗိုလ်မှူးချုပ်စောဂျော်နီက ထောက်ပြပြောဆိုခဲ့သည်။

လွန်ခဲ့သည့် သြဂုတ်လပိုင်းက ဒီကေဘီအေ (၉၉၉)တပ်မဟာမှ ဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူက ဒီကေဘီအေအနေဖြင့် ငြိမ်းချမ်းရေးကို လိုလားပြီး အမျိုးဘာသာ၊ သာသနာထွန်းကားရေးအတွက် မြိုင်ကြီးငူဆရာတော်ဘုရားကြီး၏ လမ်းညွန်မှုဖြင့် လုပ်ဆောင်နေကြောင်းနှင့် နယ်စပ်သို့ထွက်ပြေးနေရသည့် ကရင်ရွာသူရွာသား ဒုက္ခသည်များ ၎င်းတို့ရပ်ရွာသို့ ပြန်မလာနိုင် အောင် ကေအဲန်ယူမှ မိုင်းထောင်ထားကြောင်း စွပ်စွဲကာ ထုတ်ပြန်ချက်တစောင် ရေးသားခဲ့သေးသည်။

မြိုင်ကြီးငူဆရာတော်၏ ထုတ်ပြန်စာအပေါ် ဒီကေဘီအေ အရာရှိများ၏ အမြင်သဘောထား သိရှိနိုင်ရန် ကေအိုင်စီမှ ဆက် သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရခဲ့ပေ။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)သည် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)မှ ခွဲထွက်ကာ မြန်မာစစ်အစိုးရနှင့် ပြန်လည်ပူးပေါင်းခဲ့ပြီး ထိုနှစ် ဒီဇင်ဘာလ ၂၁ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ သည့် ကရင်လက်နက်ကိုင်အဖွဲ့တခု ဖြစ်သည်။

၂၀၀၉ခုနှစ်သြဂုတ်လ ( ၁၂ )ရက်နေ့ ကရင်အာဇာနည်နေ့  (၅၉)ကြိမ်မြောက်ကိုဂျပန်နိုင်ငံတိုကျိုတွင်၁၆-၈-၂၀၀၉ကျင်းပပြုလုပ်

သြဂုတ်၁၂ရက်တွင်ကျရောက်သည့်အာဇာနည်နေ့ ဟုကရင်အမျိုးသားလုံးကသတ်မှတ်ထား
သော ၁၂-၈-၁၉၅၀တွင်ကရင်အမျိုးအားလုံး၏ခေါင်းဆောင်များဖြစ်သော
စောဘဦကြီးနှင့်ဗိုလ်ချူပ်စိုင်းကေအပါအဝင်ကျဆုံးခဲ့ရသော ၅၉ကြိမ်မြောက်
အာဇာနည်နေ့ ကိုဂျပန်အခြေစိုက်ကရင်အဖွဲ့  ၃ ဖွဲ့ ဖြစ်သော OKO-JAPAN ၊ KNU-JAPAN နှင့်
KNL-JAPAN အဖွဲ့ တို့မှတက်ရောက်ကြပြီးသြစတြေးလျနိုင်ငံမှ KAREN WELFARE
စောပေါ်လ်ကျော်လဲတက်ရောက်မိန့်ခွန်းပြောခဲ့သည်၊၊၎င်းပြင်ဂျပန်ရောက်တိုင်းရင်းသားအရေးနှင့်
မြန်မာပြည်ဒီမိုကရေစီအရေးလုပ်ဆောင်နေကြသောသူများစုစုပေါင်း ၇၀
ခန့် တက်ရောက်ခဲ့ကြသည်၊၊
ထိုအခမ်းအနားကို OKO-JAPAN မှဦးဆောင်ပြုလုပ်ခြင်းဖြစ်သည်၊၊

၂၀၀၉ခုနှစ်သြဂုတ်လ ( ၁၂ )ရက်နေ့ ကရင်အာဇာနည်နေ့  (၅၉)ကြိမ်ကိုဂျပန်နိုင်ငံတိုကျိုတွင်
၁၆-၈-၂၀၀၉ နေ့တွင်အောင်မြင်စွာ ကျင်းပခဲ့ပါသည်၊၊
























၅၉ကြိမ်မြောက်ကရင်အာဇာနည်နေ့အတွက် TELL ME WHY သီချင်းအားလေ့ကျင့်
သီဆိုနေကြသောဂျပန်ရောက်ကရင်မောင်နှမများ





၅၉ကြိမ်မြောက်ကရင်အာဇာနည်နေ့တွင် TELL ME WHY သီချင်းအားသီဆိုနေကြသောဂျပန်ရောက်ကရင်မောင်နှမများ

ကရင်အမျိုးသားအဖွဲ့ ချုပ် ( ဂျပန် ) ၈ လပတ်အစည်းအဝေး၊ Karen Language နှင့်KAREN INFORMATION SPACE

ကရင်အမျိုးသားအဖွဲ့ ချုပ် ( ဂျပန် ) ၈ လပတ်အစည်းအဝေး၊ Karen Language နှင့်KAREN INFORMATION SPACE ကို Kameido ဘူတာတွင်ရှိသော kameidokameriapiraza တွင် ပြုလုပ်ခဲ့သည်


Time 3 pm to 5 pm
Karen Language Teaching1:30-2:30
Contact Person
Saw Ba Hla Thein 090 ・4246-3379
Saw Kyaw Htin Htoo 080-6783 ・3615
Naw Hla Ohn Mar Win 080-5501-6529
Naw Lay Paw Min 090 ・8040-1311

(Since 2004)
What is Karen Information Space?
Karen Information Space(KIS) aims for providing all kinds of information related to Karens
(Their life style ,culture ,history ,language ,books,magazines ,etc.fo)r Karen in Japan ,other ethnic
Nationalities of Burma and Japanese who has an interest.KIS also exhibits visual materials
as Karen traditional cloths ,Photo and Video programs on Karen issues.KIS open on every 3rd
Sunday of every month

ကရင်အမျိုးသားအဖွဲ့ ချုပ် ( ဂျပန် )၆ လပတ်အစည်းအဝေး၊ Karen Language နှင့်KAREN INFORMATION SPACE


ကရင်အမျိုးသားအဖွဲ့ ချုပ် ( ဂျပန် )၆ လပတ်အစည်းအဝေး၊ Karen Language နှင့်KAREN INFORMATION SPACE ကို SOGO KUMIN CENTER တွင် ပြုလုပ်ခဲ့သည်




SOGO KUMIN CENTER
Ph03 ・3637-2261

Station Nishi Ojima(Toei Shinjuku Line ,
Subway EXIT A4)
Time 3 pm to 5 pm
Karen Language Teaching1:30-2:30
Contact Person
Saw Ba Hla Thein 090 ・4246-3379
Saw Kyaw Htin Htoo 080-6783 ・3615
Naw Hla Ohn Mar Win 080-5501-6529
Naw Lay Paw Min 090 ・8040-1311

(Since 2004)
What is Karen Information Space?
Karen Information Space(KIS) aims for providing all kinds of information related to Karens
(Their life style ,culture ,history ,language ,books,magazines ,etc.fo)r Karen in Japan ,other ethnic
Nationalities of Burma and Japanese who has an interest.KIS also exhibits visual materials
as Karen traditional cloths ,Photo and Video programs on Karen issues.KIS open on every 3rd
Sunday of every month