Saturday, August 25, 2012

တတိယနိုင်ငံထွက်နိုင်ရန် မယ်လဒုက္ခသည်အချို့ကို UNHCR စတင်လုပ်ဆောင်ပေး


24 Aug, 2012 12:34 AM

သြဂုတ်လ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါလေး (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထမ်းဆောင်ယန်းမြို့နယ် အခြေစိုက် မယ်လဒုက္ခသည်စခန်းမှ တတိယနိုင်ငံ ရောက်နှင့်ပြီးဖြစ်သော ဒုက္ခ သည်များအတွက် စခန်းတွင် ကျန်ရစ်နေသော မိသားစုများကို ပြန်ခေါ်နိုင်ရန် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR မှ ယမန်နေ့ က စတင် လုပ်ဆောင်ပေးနေပြီ ဖြစ်သည်။
တတိယနိုင်ငံရှိ ဒုက္ခသည်များသည် စခန်းတွင် ကျန်ရှိသော သားသမီးနှင့် ဇနီးခင်ပွန်းတို့၏ နာမည်စာရင်းများအား UNHCR ကိုယ်စား လှယ်အချို့မှ လာရောက်စစ်ဆေးပေးနေပြီဖြစ်ကြောင်းကို မယ်လစခန်း ကော်မတီဝင်တစ်ဦးဖြစ်သူ နော်တေးတေးက ကေအိုင်စီသို့ ပြော သည်။
နော်တေးတေးက “တတိယနိုင်ငံမှာ ရောက်နေတဲ့ မိဘတွေက စခန်းမှာ ကျန်ရှိနေတဲ့ သူတို့ရဲ့ သားသမီးတွေကို ပြန်ခေါ်နိုင်အောင် ဆိုပြီး တော့ လာလုပ်ပေးတာပါ။ ဒုတိယအဆင့်မှာကျတော့ လင်မယားတွေအတွက် ဆက်လက်လုပ်ဆောင်ပေးမယ်”ဟု ပြောဆိုသည်။
ယခု လုပ်ဆောင်မှုတွင် UNCHR မှ တရားဝင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြု မခံရသေးသည့် PAB လက်မှတ်ကိုင်ဆောင်ထားသူများနှင့် စားနပ်ရိက္ခာ လက်မှတ်အဆင့်သာ ရှိသေးသူများကိုပါ လုပ်ဆောင် စစ်ဆေးပေးနေခြင်းဖြစ်သည်ဟု သူမက ဆက်ပြောသည်။
သို့သော် တတိယနိုင်ငံတွင် မိသားစု မရှိသူများနှင့် စခန်း၌ အသစ်ရောက်ရှိလာသော လူသစ်များအတွက် UNHCR မှတ်ပုံတင်ကဒ် ရိုက် ပေးမည်၊ မရိုက်ပေးမည်ကို မသိရှိရသေးကြောင်းနှင့် ယင်းကဲ့သို့ လုပ်ပေးရန် လက်ရှိတွင် အစီအစဉ် မရှိသေးကြောင်း မယ်လစခန်းတာ ၀န်ရှိသူများက ပြောသည်။
မယ်လဒုက္ခသည်စခန်းရှိ ဒုက္ခသည်များမှာ ၂၀၀၆ခုနှစ်မှစ၍ ယခုအချိန်ထိ တတိယနိုင်ငံသို့ သွားရောက်အခြေချခဲ့ပြီး အမေရိကန်၊ သြစ တြေးလျား၊ ကနေဒါ၊ အင်္ဂလန်၊ နော်ဝေ၊ ဆွီဒင်၊ နယ်သာလန်၊ ဖင်လန်၊ နယူးဇီလန်၊ ဘယ်လ်ဂျီယံနှင့် ဂျပန်နိုင်ငံတို့၌ရောက်ရှိနေကြသည်။
ထိုင်း-မြန်မာနယ်စပ်တလျှောက် ကရင်ဒုက္ခသည်စခန်း ၇ခုရှိသည့်အနက် ၁၉၈၄ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည့် မယ်လစခန်းသည် အကြီးဆုံးဖြစ်ပြီး လက်ရှိ လူဦးရေ ၅၂,၀၀၀(ငါးသောင်း နှစ်ထောင်)ကျော် ရှိသည်ဟု ကရင်ဒုက္ခသည်များကော်မတီ-KRC ၏ ၂၀၁၂ခုနှစ်၊ ဇူလိုင်လထုတ် လူဦးရေမှတ်တမ်းအရ သိရသည်။

Thursday, August 23, 2012

(၅)ကြိမ်မြောက် ကရင်မျိုးဆက်သစ်လူငယ်များ သင်တန်းကျောင်း KNU ဖွင့်လှစ်


 Wednesday, 22 August 2012--
သြဂုတ်လ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ပဉ္စမအကြိမ်မြောက် မျိုးဆက်သစ် ကရင်လူငယ်များ သင်တန်းကျောင်း ဖွင့်လှစ်ခြင်း အခမ်းအနားကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ KNU ထိန်းချုပ်နယ်မြေတွင် ယနေ့နံနက် ၉နာရီမှ ၁၁နာရီအထိ ကျင်းပဖွင့်လှစ်ခဲ့သည်။
၎င်းသင်တန်းကျောင်းကို KNU တပ်မဟာ(၇)မှ ဦးစီးဖွင့်လှစ်ခြင်းဖြစ်ပြီး ဖွင့်ပွဲသို့ KNU အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်၊ ပညာရေးတာဝန်ခံ ပဒိုစောလားစေး၊ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေ၊ တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစောဒေါ့လေးမူ၊ ဗဟိုစည်း ရုံးရေးဌာန ဒုတာဝန်ခံ ပဒိုစောသမိန်ထွန်းတို့ အပါအ၀င် ခရိုင်အသီးသီးမှ တပ်ဖက်၊ အရပ်ဖက် KNU ခေါင်းဆောင်များ၊ KWO, KYO မှ ခေါင်းဆောင်များ အပါအ၀င် လူ ၆၀ဦးခန့် တက်ရောက်ခဲ့ကြသည်။
ယခုဖွင့်လှစ်လိုက်သည့် မျိုးဆက်သစ်သင်တန်းကျောင်းတွင် ခရိုင် ၇ခုမှ သင်တန်းသူသင်တန်းသား ၃၇ဦး တက်ရောက်သင်ကြားမည်ဖြစ် ပြီး အထူးသဖြင့် နိုင်ငံရေးနှင့်ပတ်သက်သော ဘာသာရပ်များကို အဓိကထား သင်ကြားပေးမည်ဖြစ်ပြီး စီးပွားရေး၊ လူမှုရေးနှင့် အခြေခံစစ် သင်တန်းများကို သင်တန်းကာလ (၁၈)လကြာ သင်ကြားပို့ချပေးသွားမည်ဟု သိရသည်။
ဗိုလ်မှူးစောလှငွေက “မျိုးဆက်သစ်လူငယ်တွေအနေနဲ့ အခုလို ပညာသင်ကြားခွင့်ရတာကို အကျိုးရှိအောင် သင်ကြားကြဖို့၊ နောက်ပြီး မိမိတို့ရဲ့ အမြင်သဘောထားတွေကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောတတ်ဖို့၊ လူတစ်ဦးစီရဲ့ မတူညီတဲ့အမြင်တွေကို ဘေးဖယ်ပြီး တူညီတဲ့အမြင် တွေနဲ့ စုပေါင်းလုပ်ဆောင်ပြီး ကြိုးကြိုးစားစားနဲ့ ပညာကို သင်ယူကြဖို့ တိုက်တွန်းလိုပါတယ်”ဟု အမှာစကား ပြောကြားခဲ့သည်။
ယခု ဖွင့်လှစ်သော ကရင်မျိုးဆက်သစ်လူငယ်သင်တန်းကျောင်းကို ယခင် KNU အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလား ဖန်းမှ ကြီးမှူး၍ ၂၀၀၁ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ရာ ယခုဆိုလျှင် ၅ကြိမ်မြောက် ရှိခဲ့ပြီးဖြစ်သည်။

Myawaddy KNU office opens (RFA)


Burma's Industry Minister, U Soe Thein Discusses Economy and Reforms


ငွေတိုးမပေးနိုင်သူများ၏ သမီးတွေကို မယားအဖြစ် သိမ်းဆည်း

Tuesday, August 21, 2012

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်အတွင်း ကျေးလက်ဒေသများတွင် ငွေတိုးချေးစားသူများက ငွေတိုးမပေးနိုင်သူများ၏ သမီးတွေကို မယားအဖြစ်
ယခုလအတွင်း သိမ်းဆည်းနေသည်ဟု သိရသည်။


ဒေသထုတ် ဟားခါးလူငယ် အော်သံ သတင်းတွင် ကန်ပက်လက်မြို့နယ် ပန်ကွင်းရွာမှ ငွေတိုးချေးစား သူ ဦးလိန်းထန်း၊ မူလတန်းကျောင်းအုပ် ဆရာကြီး ထာဟုန်းတို့က ငွေတိုးမပေးနိုင်သူများ၏ သမီးတွေကို မယားအဖြစ် သိမ်းပိုက်လိုက် ကြောင်း ဒေသခံဆလိုင်းပိုင်စိုးက ပြောသည်ဟု ပါရှိသည်။

လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်အတွင်း ပန်ကွားရွာသား ဦးလောကွီးသည် ငွေရှင်တွေရဲ့ သေနတ်ပြ ခြိမ်းခြောက်ဒါဏ်ကြောင့် အကြောက်လွန်ပြီး ရူးသွားပြီး သူ့မိသားစုလည်း ပြိုကွဲသွားကြောင်း သိရသည်။

ထို့အပြင် အိမ်ထောင်မိသားစု ၈ ခုသည် ငွေတိုးမပေးနိုင်ကြသောကြောင့် အိမ်ယာသိမ်းဆည်းခြင်းခံရပြီး နေစရာအိမ်မဲ့အိမ်မဲ့ဖြစ် သွားကြကာ တခြားဒေသများသို့ ပြောင်းရွေ့ကြသည်။

အလားတူ အကြွေးမပေးနိုင်သည့် ကန်ပက်လက်မြို့နယ်အတွင်း အမှတ် ၆ နှင့် အမှတ် ၈ နယ်မြေရှိ အိမ်ထောင်မိသားစု ၂၀ သည် ရဲသို့ တိုင်ကြားခြင်း ခံရပြီး ငွေတိုးအနည်းအများအလိုက် ထောင်ဒါဏ် ကျခံခြင်းများလည်းရှိသည်ဟု ထပ်မံသိသည်။

လေ့လာချက်များအရ ကန်ပက်လက်မြို့နယ်အတွင်း ငွေရှင်သူဌေးတွေက ဆင်းရဲသားမိသားစုတွေရဲ့ သားသမီးတွေ သိမ်း ဆည်း သည့် အိမ်ထောင်စု ၂၅ ခန့်ရှိပြီဖြစ်ပြီး ခြိမ်းခြောက်မှုဒါဏ်ကြောင့် အကြောက်လွန်ပြီး ရူးသွပ်သူ များလည်း ရှိသည် ဟု သိရ သည်။

လွန်ခဲ့သည့် နှစ် ၂၀ ကာလတွင် ချင်းပြည်နယ်ကန်ပက်လက်မြို့နယ်အတွင်း ငွေတိုးချေးစားသူ ငွေရှင် သူဌေး အနည်းငယ် ခန့်သာ ရှိသော်လည်း ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ယနေ့တွင် ဦးရေ (၁၀)ဆခန့်  တိုးပွားလာခဲ့ကြောင်း ငွေရှင် တို့သည် ကျပ် ငွေ ၁၀၀လျှင် အတိုး ၂၅ ရာခိုင်နှုန်းဖြင့် ချေးငှားကြကြောင်း သိရသည်။

“အဓိက တော့ ဆင်းရဲနွမ်းပါးမှုကြောင့်ပါ၊ ပြီးတော့ ကန်ပက်လက်နယ်ဟာ ချင်းပြည်နယ်မှာ လမ်းပန်း ဆက်သွယ်ရေး၊ နေထိုင်စားသောက်ရေးက အစ အနိမ့်ကျဆုံးဒေသဖြစ်နေတော့ မဖြစ်သင့်တာတွေ ဖြစ်နေတာ” ဟု ဒေသခံ တဦးက ဆက်လက်ပြောပြသည်။

မလေးရှားနိုင်ငံတွင်သေဆုံးသွားသူ မြန်မာလုပ်သားများကို မြန်မာနိုင်ငံရှိ မိသားစုများမှသိရှိစေရန်(ပုံနှင့်တကွ)

၎ ရက် ၈ လ ၂၀၁၂ ခုနှစ်တွင် မလေးရှားနိုင်ငံ ကူလင်းမြို့ တမန်ချန်ဂိုင်တွင် မြန်မာလုပ်သားများ (ဂပ်စ်) စက်ရုံတွင် မီးလောင်မှုဖြစ်ပွား ရာမှ သေဆုံးသွားသူများနှင့် ကျန်ရှိနေသူတို့၏ အမည်/နေရပ်လိပ်စာ/သတ်ဆိုင်သည့်ဓါတ်ပုံများ/နိုင်ငံသားစီစစ်ရေးကတ်ပြားများ/passport များ၊
ဧဒင်ဥယျာဉ်၌ရှိကြသော ညီကိုမောင်နှမများခင်ဗျာ၊ ယခုဒီပို့စ်ကို ဖတ်ပြီး ကွယ်လွန်သူများကို သိရှိပါက သူတို့၏မိသားစုများရှိရာ နေရာသို့ လက်ဆင့်ကမ်းအသိပေး သွားကြပါရန် ခင်မင်လေးစားစွာ အသိပေးအပ်ပါတယ်ခင်ဗျာ။
ဝါးခယ်မမြို့/ ကျုံတိုင်ကျေးရွာတွင် နေထိုင်သူ ကိုထွန်းငွေ/ သူ၏ မြန်မာနိုင်ငံသားစီစစ်ရေးကတ်ပြား (မတ်ပုံတင်)ရှေ့ဘက်

ဝါးခယ်မမြို့/ ကျုံတိုင်ကျေးရွာတွင် နေထိုင်သူ ကိုထွန်းငွေ / သူ၏ မြန်မာနိုင်ငံသားစီစစ်ရေးကတ်ပြား (မတ်ပုံတင်) ကျောဘက်

ဝါးခယ်မမြို့/ ကျုံတိုင်ကျေးရွာတွင် နေထိုင်သူ ကိုထွန်းငွေ/ သူ၏မိသားစုပုံ
ညောင်ဦးမြို့ ထန်းငယ်တော၊ငါ့သရောက်ကျေးရွာတွင် နေထိုင်သူ ကိုဇော်လင်း (ကွယ်လွန်) သူ၏ မြန်မာနိုင်ငံသားစီစစ်ရေးကတ်ပြား (မတ်ပုံတင်) ရှေ့ဘက်

ညောင်ဦးမြို့ ထန်းငယ်တော၊ငါ့သရောက်ကျေးရွာတွင် နေထိုင်သူ ကိုဇော်လင်း (ကွယ်လွန်) သူ၏ မြန်မာနိုင်ငံသားစီစစ်ရေးကတ်ပြား (မတ်ပုံတင်) ကျောဘက်

ညောင်ဦးမြို့ ထန်းငယ်တော၊ငါ့သရောက်ကျေးရွာတွင် နေထိုင်သူ ကိုဇော်လင်း (ကွယ်လွန်) သူ၏ Passport NO

စကိုင်းတိုင်း/ မုံရွာမြို့ /ဘုတလင်ကျေးရွာ တွင်နေထိုင်သူ ကိုမိုးလွင် (ကွယ်လွန်) သူ၏ Passport NO
ကရင်ပြည်နယ် /ဖားအံမြို့ /ရသေ့ပျံကျေးရွာတွင် နေထိုင်သူ နေမျိုးအောင်(ခ)ကိုကို (ကွယ်လွန်)
ယခုပုံတွေတွင် ကိုဇော်မျိုးခိုင်သေဆုံးသူ၏ ပုံကို ကျနော်တို့ မတွေ့ရှိပါသောကြောင့် အခုလို မတင်ထားခြင်းဖြစ်ပါတယ်ခင်ဗျာ၊

ယနေ့ နောက်ဆုံးသိရသည်များမှာ ၄ ဦးမှာ ဒဏ်ရာပြင်းထန်သောကြောင့် သေဆုံးသွားပြီ ဖြစ်ကြောင်းကို စိတ်မကောင်းခြင်းများစွာဖြင့်
သိရပါတယ်ခင်ဗျာ။ကျန် ၁ ဦးမှာ ယနေ့ထိပင် ပြန်လည်သတိမရသေးကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ဓါတ်ပုံနှင့်တကွ ယခုလိုပို့စ်တင်ပေးလိုက်ရခြင်းအကြောင်းမှာ မြန်မာနိုင်ငံရှိ မသိသေးသော သေဆုံးသွားသူတို့၏
မိသားစုများသိရှိစေလိုပါသောကြောင့် တင်ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ။
သေဆုံး(ကွယ်လွန်)ပြီးဖြစ်သော ရုပ်လောင်းများအား မလေးရှားနိုင်ငံ ဆေးရုံအသီးသီး၌ ဆက်လက်ထိန်းသိမ်းထားကြောင်း သိရပါတယ်။
သေဆုံးသူတို့၏မိသားစု (သို့မဟုတ်) ဆွေမျိုးသားချင်းထဲမှ လိုအပ်သည်များဖြင့် ထောက်ခံပါကြောင်းလက်မှတ် ရေးထိုးပြီးမှသာလျှင်
မလေးရှားနိုင်ငံ ဆေးရုံအသီးသီးမှ ရုပ်လောင်းများကို တာဝန်ယူ လက်ဆင့်ကမ်းသွားမည် ဖြစ်ကြောင်းကိုလဲ သိရပါတယ်ခင်ဗျာ။
ယခုလာမည့် ၁၉ ရက် ၈ လ ၂၀၁၂ခုနှစ်တွင် ညောင်ဦးမြို့ ထန်းငယ်တော၊ငါ့သရောက်ကျေးရွာတွင် နေထိုင်သူ ကိုဇော်လင်း (ကွယ်လွန်)သူနှင့် ညောင်ဦးမြို့ ထန်းငယ်တော၊ငါ့သရောက်ကျေးရွာတွင် နေထိုင်သူ ကိုဇော်မျိုးခိုင်တို့ ၂ ဦးအား ကိုဇော်လင်း၏
ယောက်ဖဖြစ်သူ ကို(.....) ကမီးသကြိင်္ုပြီး ကောင်းရာသုဂတိလားစေဖို့ အမျှအတမ်းပေးဝေ သွားမည်ဖြစ်ကြောင်းကိုလဲထပ်မံသိရှိလိုက်ပါတယ်ခင်ဗျာ။ သူတို့ ၂ ဦးမှာ မလေးရှားနိုင်ငံ ဆလန်ကောဆေးရုံတွင် ထားရှိကြောင်းသိရပါတယ်။

ကရင်ပြည်နယ် /ဖားအံမြို့ /ရသေ့ပျံကျေးရွာတွင် နေထိုင်သူ နေမျိုးအောင်(ခ)ကိုကို (ကွယ်လွန်)နှင့် စကိုင်းတိုင်း/ မုံရွာမြို့ /ဘုတလင်ကျေးရွာ တွင်နေထိုင်သူ ကိုမိုးလွင် (ကွယ်လွန်) သူတို့အား မလေးရှားနိုင်ငံ ကူလင်းဆေးရုံတွင် ဆက်လက်ထားရှိကြောင်း သိရပါတယ်။
ဝါးခယ်မမြို့နယ် ကျုံတိုင်ကျေးရွာနေ ကိုထွန်းငွေ (ယခုလက်ရှိ ယနေ့ထိပြန်လည်သတိမရသေးသူ)ကို မလေးရှားနိုင်ငံ ပီနန်းဆေးရုံကြီးတွင် ဆက်လက်ကုသမှုခံယူနေကြောင်း သိရပါတယ်။ ကိုထွန်းငွေမှာလဲ ယနေ့ထိသတိရခြင်းမရှိသေးသောကြောင့်
ဆရာဝန်များတာဝန်ရှိသူတွေက အသက်ရှင်ရန် ၅၀% ၊ အသက်မရှင်ရန် ၅၀% ခုလိုခန့်မှန်း ထားကြောင်းသိရပါတယ်

စောနေစိုးမြနှင့် ငြိမ်းချမ်းရေးကြော်ငြာ

"စစ်မှန်သောငြိမ်းချမ်းရေးလိုလားသူ စောနေစိုးမြ" လို့ မြန်မာဘာသာနဲ့ ရေးထားတဲ့ ကားတစီးကို မြ၀တီ၊ ကော့ကရိတ်ဘက်မှာ တွေ့ကြမှာပါ။


 အဲဒါက စောနေစိုးမြရဲ့ကား ဖြစ်ပါတယ်။ သူက သူ့ကားမှာသာမက သူ့အင်္ကျီမှာပါ အဲဒီစာတန်းထိုးထားပါတယ်။ ငြိမ်းချမ်းရေးကား၊ ငြိမ်းချမ်းရေးအင်္ကျီနဲ့ စောနေစိုးမြကို မနေ့က
မြ၀တီမြို့မှာကျင်းပတဲ့ နယ်ခြားစောင့်တပ် အခမ်းအနားတခုမှာ တွေ့ကြရပါတယ်။

စောနေစိုးမြဟာ ဖခင်ဖြစ်သူနဲ့ ရုပ်ဆင်းအင်္ဂါ အင်မတန်ဆင်တူပါတယ်။ သူ့ဖခင်ကတော့ ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဘိုမြ ဖြစ်ပါတယ်။

အခုတော့ သူက သူ့ဦးလေး တော်စပ်တဲ့ ဗိုလ်ချုပ်ထိန်မောင်နဲ့ ပူးပေါင်းနေပါတယ်။ (ဗိုလ်ချုပ်ထိန်မောင်ဟာ ကရင်လက်နက်ကိုင်အဖွဲ့အများအပြားထဲက တခုဖြစ်တဲ့ "KNU/KNLA ငြိမ်းချမ်းရေးကောင်စီ" ရဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။)

အဖွဲ့အမည်မှာ ငြိမ်းချမ်းရေး ဆိုတာ ပါဝင်နေသလို ကား နဲ့ အင်္ကျီတို့မှာပါ စစ်မှန်သောငြိမ်းချမ်းရေး ဆိုတာ ပါဝင်နေပါတယ်။



စစ်မှန်သောငြိမ်းချမ်းရေး ဆိုတာ မရသေးတဲ့ ကရင်ပြည်နယ်မှာ စောနေစိုးမြတို့ ဘာတွေ လုပ်ဆောင်နေတယ် ဆိုတာကို စာနယ်ဇင်းများမှာ မတွေ့ရပါဘူး။

၂၀၀၉ ခုနှစ်တုန်းကတော့ အစိုးရသတင်းစာ၊ ရုပ်သံတို့မှာ သူ့ရဲ့ လှုပ်ရှားမှုတွေကို အလေးပေး ဖော်ပြခဲ့ဖူးပါတယ်။

ဗိုလ်ကြီးစောနေစိုးမြ သူ့ဦးလေးနဲ့ သွားရောက်ပူးပေါင်းတဲ့သတင်း တပုဒ်မှာတော့ သူအပါအ၀င် အင်အား ၇၁ဦးဟာ လက်နက်မျိုးစုံ ၂၄ လက်နဲ့ အတူ ထို့ကော်ကိုးကျေးရွာမှာ ရှိတဲ့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို သွားရောက် ပူးပေါင်းခဲ့ကြပါတယ် တဲ့။ (၂၀၀၉ ဧပြီ ၄ သတင်းစာ)

စောနေစိုးမြက ၂၀၁၀ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် အစိုးရနဲ့ ပူးတွဲလုပ်ဆောင်မယ် တဲ့။ (၂၀၀၉ ဧပြီ ၁၉ အစိုးရရုပ်မြင်သံကြား)



 အစိုးရနဲ့ ငြိမ်းချမ်းရေးယူရတာဟာ သူ့ဖခင် KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဘိုမြ ချမှတ်ထားတဲ့ လမ်းစဉ်ကို အကောင်အထည် ဖော်ခြင်းဖြစ်တယ်၊ ပြီးတော့ ဒီလမ်းစဉ်ကို ဦးလေး ဗိုလ်ချုပ်ထိန်မောင်က လုပ်ဆောင်နေတာ ထိရောက်မှုရှိတာကို တွေ့ရပါတယ် လို့ ရုပ်မြင်သံကြားမှာ သူက ပြောပါတယ်။

 
KNU အဖွဲ့ကြီးကတော့ စောနေစိုးမြ ဘက်ပြောင်းသွားတဲ့အတွက် သူတို့ ကြီးကြီးမားမား ထိခိုက်မှု မရှိပါဘူးလို့ ဆိုပါတယ်။ သူ KNU မှာ တပ်ခွဲမှူး တာဝန်ယူတုန်းက တပ်နဲ့ နီးနီးကပ်ကပ် မနေခဲ့ဘူး၊ ဒါကြောင့် သူ့ဆီမှာ လက်နက်ကိုင်အင်အား ၁၀ ဦးလောက်ပဲ ရှိမယ် တဲ့။ သို့သော်လည်း ဗိုလ်ချုပ်ကြီး စောဘိုမြရဲ့ မိသားစုဝင်တယောက်ကို ရတယ် ဆိုပြီးတော့ အစိုးရက ပုံကြီးချဲ့ခွင့်၊ ၀ါဒဖြန့်ခွင့် ရသွားတယ်လို့ တုံ့ပြန်ပါတယ်။

  
သူဘက်ပြောင်းပြီး လအနည်းငယ် အကြာမှာ KNU ရဲ့ တပ်မဟာ ၇ နယ်မြေထဲက တပ်စခန်းတချို့ကို အစိုးရတပ် နဲ့ DKBA တပ်များက ၀င်တိုက်၊ ၀င်သိမ်းပါတယ်။ ဘာကြောင့်သိမ်းရတယ် ဆိုတာကို အစိုးရက သတင်းထုတ်ပြန်ပါသေးတယ် -
စောနေစိုးမြရဲ့ လက်ကျန်အဖွဲ့ဝင်တွေ ငြိမ်းချမ်းရေးယူချင်တာကို KNU က ဟန့်တားတဲ့အတွက် တိုက်ရတာပါ တဲ့။

စစ်တိုက်လို့ ငြိမ်းချမ်းရေးရချင်၊ ငြိမ်းချမ်းရေးရဖို့ စစ်တိုက်နေခဲ့ရတဲ့ ကရင်ပြည်နယ်ထဲမှာ ခုတလော သေနတ်သံတွေ တိတ်နေပါတယ်။ စောနေစိုးမြပြောတဲ့ စစ်မှန်သောငြိမ်းချမ်းရေးရဖို့ပဲ လိုပါတော့တယ်။

အဲဒီ "စစ်မှန်သောငြိမ်းချမ်းရေး" ဆိုတာ ရပြီ ဆိုရင်တော့ ကရင်ပြည်နယ်အနှံ့ ထောင်ထားကြတဲ့ မြေမြှုပ်မိုင်းများ ဖယ်ရှားရှင်းလင်းရေး၊ ဒုက္ခသည်များ နေရပ်ပြန်ရေး ဆိုတာတွေကို နှစ်အတန်ကြာအချိန်ယူ လုပ်ဆောင်ရဦးမှာပါ။

အနာဂတ်မှာ ဒီလို လုပ်ဆောင်ဖို့ စောနေစိုးမြတို့မှာ အစီအစဉ်တွေ၊ ပြင်ဆင်မှုတွေ၊ လေ့လာမှုတွေ ရှိနေမယ် ဆိုရင်တော့ ဖခင် စောဘိုမြက တမလွန်ကနေ ကျေနပ်နေမှာဖြစ်ပါတယ်။


ကရင်ဘာသာဖြင့်ပြောသော မြန်မာ့နယ်ခြားစောင့်တပ် နှစ်ပတ်လည်အခမ်းအနား ရုပ်သံ


ရွှေကုက္ကိုမှာ ကျင်းပခဲ့တဲ့ BGF (၂)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှ တိုက်နယ်မှူး ချစ်သူရဲ့  စကား(မိန့်ခွန်း)ကို ကြည့်ရှုနိုင်တဲ့ ကွယ်ကလူရုပ်သံပဲဖြစ်ပါတယ်။

ဒီနှစ်မှာလည်း ကရင်ပြည်နယ် အဆိုတော်တချို့ကို ခါတိုင်းနှစ်လိုပဲ
စစ်ယူနီဖေါင်းဝတ်စေရုံသာမက စစ်သားပုံစံ ဆံပင်ပါ ညှပ်ခိုင်းပြီး ဖျော်ဖြေစေခဲ့ကြောင်းလည်း
ကြားသိရပါတယ်။


Tuesday, August 21, 2012


သတင်းများ အဆိုအရ ကိုယ့်သား ကလေးငယ် ၂ ဦးကို သတ်ပြီး ချက်ပြုတ်စားတယ်လို့ စွပ်စွဲခံရတဲ့ အမျိုးသမီးကို ရဲက ဖမ်းဆီးထားတယ်လို့ သြဂုတ်လ ၂၀ ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် ညနေ ကြားဖြတ်သတင်းမှာ ဖော်ပြ ထားပါတယ်။

ချင်းမိုင်နဲ့ မလှမ်းမကမ်း မဲအိုင် ခရိုင်မှာ လွန်ခဲ့တဲ့ သတင်းပတ်က အသက် ၁ နှစ်နဲ့ ၅ နှစ်သား သားယောင်္ကျား
လေး ၂ ဦး ကို မိခင်အရင်းဖြစ်သူက သတ်ဖြတ်ပြီး ချက်ပြုတ်စားသောက်တဲ့ တိုင်တန်း သတင်းပို့ချက်တွေကို ရဲက လက်ခံ ရခဲ့ပြီးနောက် တရားခံ အမျိုးသမီးကို ဖမ်းဖို့ ဖြစ်လာရတာပါ တဲ့။

ဒီ ကိစ္စဟာ ထိုင်းသတင်းလောကကို တောမီးလို ပြန့်နှံ့ သွားပါတယ်။

တရားခံဖြစ်သူ အမျိုးသမီးကို သူ့နေအိမ်မှာ အိပ်ပျော်နေစဉ် သူ့ဘေးမှာလည်း ပြန့်ကျဲနေတဲ့ သူ့သားလေးတွေရဲ့ ခန္ဓာကိုယ် အစိပ်အပိုင်း တွေနဲ့ အတူ တွေ့ခဲ့ရတာလို့ ထိုင်းရဲတွေက ပြောပါတယ်။

ရဲတွေက ဒါနဲ့ အဲဒီအမျိုးသမီးကို ခေါ်လာခဲ့ပါတယ်။ ဒါပေမယ့်လို့ ရဲတွေ မေးသမျှ ဘာမေးခွန်းကို မဆို အဲဒီ အမျိုးသမီးက တခွန်းတပါဒမှ ပြန်မဖြေပါဘူးတဲ့။

ဒါနဲ့ အမျိုးသမီးရဲ့ နောက်ကြောင်း ရာဇ၀င်ကိုလိုက်တဲ့အခါမှာ ဒီအမျိုးသမီးဟာ ၂၀၀၇ ခုနှစ် စိတ်ရောဂါ ဖြစ်ခဲ့ လို့ ဆေး ကုသမှု ခံယူနေခဲ့ရတာပါ တဲ့။

သတင်းတွေအဆိုအရ တရားခံ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ ပြောတာကတော့ လွန်ခဲ့တဲ့ ၁ လ၊ ၂ လလောက်က အဆိုပါ အမျိုးသမီးဟာ ဆေးမသောက်ပဲ ရပ်ထားခဲ့တယ်၊ ဆေးမရပ်ခင်ကတော့ သူ့ဇနီးက နေကောင်း တယ်လို့ ပြောခဲ့ပါတယ်တဲ့။

“ကျနော် မြို့ကို ၂ ရက်လောက် တက်သွားခဲ့တယ်။ သူ လိုတဲ့ ဆေးဝယ်ပြီးပြန်လာမယ်လို့ သူ့ကို ကျနော်ပြော ခဲ့တယ်။ အခု လို ဖြစ်လိမ့်မယ်လို့ ကျနော်ဘယ်တုန်းကမှ တွေးတောင် မထားခဲ့ပါဘူး” လို့ သူက ဆိုပါတယ်။

ကောလဟာလတွေနဲ့ တချို့ သတင်းတွေအဆိုအရ ဒီအမျိုးသမီးသား ကိုယ့်သားတွေကို သတ်ပြီး ချက်စား လိုက်တယ်လို့ ပြောဆိုနေကြပေမယ့် ရဲကတော့ ဒီကိစ္စ အထောက်အထား မတွေ့ခဲ့ရပါဘူး တဲ့။

ရဲကပြောတာကတော့ ဆေးရုံမှတ်တမ်းတွေအရ ဒီအမျိုးသမီးဟာ တယောက်ယောက်က သူ့ကို ဒုက္ခ တခုခု လာပေးမှာပဲ ဆိုတဲ့ အကြောက်လွန်စိတ်ဝေဒနာ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ရဲတွေကတော့ ဒီအမျိုးသမီးနဲ့ ပတ်သက်ပြီး မဟုတ်မမှန် ကောလဟာလ ဖြန့်တာတွေ ဆက်မလုပ်ကြဖို့ ဒီအမျိုးသမီးကို သနားစိတ်ထားကြဖို့ လူတွေကို တိုက်တွန်းထားပါတယ်။

ဒါပေမယ့် အဆိုပါ အမျိုးသမီးကို လူသတ်မှုနဲ့တော့ တရားစွဲလိုက်ပါတယ်။ သူ့အနေနဲ့ တရားရင်ဆိုင်ဖို့အတွက် စိတ်ပိုင်း ဆိုင်ရာ မကျန်းမာသေးဘူးဆိုရင်တော့ Suan Prung စိတ္တဇ ဆေးရုံကို ပို့ပြီး ဆေးကုသမှုတွေတော့ ခံယူရမယ့် အနေ အထား ရှိပါတယ်လို့ ဆိုပါတယ်။

ဘန်ကောက်ပို့စ် ညနေ ကြားဖြတ်သတင်း 
http://www.bangkokpost.com/breakingnews/308526/woman-arrested-for-eating-her-own-childr

နယ်ခြားစောင့်တပ် ၂နှစ်ပြည့် အခမ်းအနား


နယ်ခြားစောင့်တပ် ၂နှစ်ပြည့် အခမ်းအနားကို ကရင်ပြည်နယ်၊ မြ၀တီမြို့ ရွှေကုက္ကိုကျေးရွာ၌ သြဂုတ်လ ၂၀ရက်နေ့ မနက်က ကျင်းပပြုလုပ်ခဲ့သည်

စတုတ္ထမြောက် ကေအဲန်ယူ ဆက်ဆံရေးရုံးဖွင့်ပွဲ - မြ၀တီမြို့ (ရုပ်သံ)


ကွယ်ကလူသတင်းမှ

KNU LIAISON OFFICE IN MYAWADDY (ရုပ်သံ)

BGF နယ်ခြားစောင့်တပ်ခေါင်းဆောင် ဗိုလ်မှူးချစ်သူက ပြောတယ် "အဝေးရောက်တဲ့ကရင်ရော ပြည်တွင်းမှာရှိတဲ့ကရင်တွေ ထီပေါက်သလိုပဲ" တဲ့

မြန်မာ နှင့် ထိုင်း အစိုးရပေါင်းပြီး ဒုက္ခသည်တွေကို ပြန်ပို့ ဖို့ တိတ်တိတ်ကလေး အစီအစဉ် ရေးဆွဲနေပြီလား(ရုပ်သံ) ဗိုလ်ချစ်သူ ပြောသလို ထီပေါက်ပြီလို့ ယူဆရတော့မလား


ကရင်ဘာသာနဲ့ ဂျက်ကီချန်းဇာတ်ကား








Sunday, 19 August 2012 မြဝတီ KNU ဆက်ဆံရေးရုံးဖွင့်ပွဲ။


ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်း ထိုင်း ၀ီကီမှာဖော်ပြချက်

ထိုင်းတွေလည်း အိမ်နီးချင်း မြန်မာနိုင်ငံအကြောင်းကို
 တော်တော် စိတ်ဝင်တစားလေ့လာထားကြတာပါ။
 န၀တ ဥက္ကဌဖြစ် တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို
ဆက်ခံသူဖြစ်တယ်လို့ ရေးသားထားပါတယ်။


ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ မန္တလေး တိုင်းက ကျေးလက် လယ်ယာ လုပ်ငန်းလုပ်ကိုင်ကြတဲ့ သူဆင်းရဲ မိသားစုက ပေါက်ဖွားလာတာပါတဲ့။ ဦးသန်းရွှေ အသက် ၁၀ နှစ်သားအရွယ်မှာ ဖခင် သေဆုံးသွားခဲ့ပြီး မိခင်ဖြစ်တဲ့သူဟာ နောက်ထပ် အိမ်ထောင်ပြုခဲ့ပါတယ်တဲ့။

နောက်အိမ်ထောင်က မွတ်ဆလင် ဘာသာဝင်ဖြစ်ပြီး ဦးသန်းရွှေရဲ့ မိခင်ဟာလည်း မွတ်ဆလင် ဘာသာ ကို ပြောင်းလဲ ကိုးကွယ်ခဲ့ပါတယ်လို့ ထိုင်းဝီကီပီဒီယား ကတော့ ရေးသားထားပါတယ်။

သူငယ်စဉ်ကတော့ အပေါင်းအသင်းနည်းပြီး အေးအေးဆေးဆေးနေတတ်သူ၊ စကားနည်းသူလို့ ရေးထားပြီး အသားမည်း ပြီး မိခင်က မွတ်ဆလင်ဘာသာဝင်ဖြစ်သွားတဲ့အခါ သူငယ်ချင်းတွေက ကုလားလေး လို့ လှောင်ပြောင်တာ ခံရပါတယ်တဲ့။

ငယ်စဉ်က ဆင်းရဲလို့ ကျောင်းထွက် မိဘကို လုပ်ကျွေးခဲ့သူလည်းဖြစ်ပါတယ်တဲ့။ ၁၉၅၁ ခုနှစ်မှာ သူ က အထက်တန်း အောင်ခဲ့ပါတယ်လို့လည်း ဆိုထားပါတယ်။

နောက်ပိုင်းအကြောင်းတွေကတော့ စာတိုက်စာရေးလေး တဖြစ်လည်း စစ်ထဲ ရောက်သွားတာတွေဖြစ်ပါတယ်။

(ဧရာဝတီ)

တပည့်အတွက်အသက်စွန့်သောစံပြဆရာမ

နှစ်နှစ်အရွယ်ကလေးငယ်လေးရဲ့ ရင်နင့်စရာဖြစ်ရပ်မှန်


Monday, 20 August 2012


ဒီအကြောင်းကိုကြားသိလိုက်ရတဲ့ တစ်နယ်လုံး၊ တစ်ရွာလုံးမှာရှိကြတဲ့ လူတိုင်း ကြေကွဲ  ဝမ်းနည်းလို့ မဆုံးကြပါ ဘူး။ အဖြစ်က  ရင်နင့်စရာပါ။   နှစ်နှစ် သားအရွယ်ကလေးငယ်တစ်ယောက် ခွေးကိုက်လို့   အသက်ဆုံးရှုံးသွားရ သတဲ့လေ။ ပိုဆိုးတာက ချစ်လို့ ရှုလို့မှ  မဝနိုင်သေးတဲ့     ဒီသားငယ်လေးဟာ သူတို့မိသား စုမှာတော့   ပထမဆုံး  တစ်ဦးတည်းသော သားငယ်ေ လးဖြစ် နေလို့ပါပဲ။ဇာတ် လမ်းကတော့ ကိုဆ န်းကျော်  လင်းနဲ့ မကြည်လှိုင်
တို့ဇနီးမောင်နှံဟာ  နှစ်နှစ်အရွယ် ကလေးငယ်လေး တရုတ် ကြီး(ခ) မောင်ခန့် ဖြိုးသန့်နဲ့ ရွှေဘိုမြို့ရဲ့ အရှေ့(၇)မိုင်အကွာမှာရှိတဲ့ တအုံရွာလေး မှာ ရိုးရာတောင်သူလ ယ်လု ပ် ဘဝလေး နဲ့ နေထိုင်ကြပါတယ်။

 ဇူလိုင် ၁၅  ရက် မနက်စောစောမှာတော့အရင်နေ့ကခပ်စစရွာထားတဲ့  မိုးဖွားလေးကြောင့်  ကိုဆန်းကျော်လင်းတစ်ယောက်  သူတို့ လယ်တောရှိရာကို လုပ်ကွက်ကိုင်ကွက် အဆင်ပြေ မပြေကြည့်ဖို့ တစ်ယောက် တည်း ထွက်သွားခဲ့တာပေါ့။

အိမ်မှာက ဇနီးဖြစ်သူနဲ့ သားငယ်လေးပဲ  ကျန်ခဲ့ တာ။ ဇနီးဖြစ်သူကလည်းထုံးစံအတိုင်း  အိမ်အလုပ်တစ်ဖက်၊

ကလေးတစ်ဖက် နဲ့ကျန်ခဲ့ရတယ်။   နံနက် ၆  နာရီ ခွဲခန့်လောက်မှာတော့ မိခင်ဖြစ်သူ ဆန် ရွေးနေတုန်း သားငယ်ဖြစ်သူက အိမ် အတွင်းမှထွက်သွားတာ   သတိမထား   မိလိုက်ဘဲဖြစ်သွားတယ်။

ကလေးမမြင် တော့မှ ထွက်ရှာတာ၊ အချိန်က အင် မတန်တိုတောင်းပါတယ်။ကလေးက သူတို့အိမ်ရဲ့ အနောက်ဘက်က အိမ်နီး နားချင်းအိမ်တွေဘက်ဆီကိုပဲ သွားသ လားဆိုပြီး  မကြည်လှိုင်အပြေးသွား  အော်ခေါ်တော့လည်း ကလေးကိုမတွေ့ ရဘူး။

 ဒါနဲ့ မကြည်လှိုင်တစ်ယောက်   တောင်တောင် မြောက်မြောက်ပြေးလွှား အော်ဟစ်နေချိန်မှာပဲ တစ်ရွာတည်းနေ တဲ့ ရဲဝင်းထွန်းက ကလေးကို ခွေးလေး ကောင်  ဝိုင်းကိုက်ဆွဲနေတာကိုတွေ့ရ လို့ ခွေးတွေကို  ခဲနဲ့ပစ်ပေါက်ပြီး ခြောက် လှန့်လိုက်ရတယ်။

 ဒါတောင်  ခွေး တစ်ကောင်က  တော်တော်နဲ့ မသွားချင် ဘူးတဲ့၊  ကျန်တဲ့ခွေးသုံးကောင်ကလည်း ထွက်ပြေးမသွားဘဲ ခပ်လှမ်းလှမ်းက ကြည့်နေကြတယ်တဲ့။

ကလေးက   မြေ ပြင်ပေါ်မှာလဲနေပါပြီ။ အဲဒီအချိန်မှာပဲ  အိမ်နီးချင်းဖြစ်တဲ့ ဒေါ်မြင့်ရောက်လာပြီး ''အမယ်လေး ကိုယ်ကျိုးနည်းပါပြီ၊ ဒါဖိုး တရုတ်ကြီးတော့'' ဆိုပြီး ကလေးကို ပွေ့ချီလိုက်တယ်။ မရှေးမနှောင်းမှာပဲ  သူ့ အမေရောက်လာတော့  ကလေးက 'မေမေ' လို့ခေါ်တယ်တဲ့။ ဒါနဲ့ ရွှေဘို ဆေးရုံကို အလျင်အမြန်ခေါ်လာခဲ့ကြ တယ်။

ဆေးရုံရောက်တော့လည်းမေမေ တဲ့၊ အဲဒါဟာ နောက်ဆုံးခေါ်သံပါပဲ။ အဲဒီနေ့ နံနက် ၇ နာရီခွဲလောက်မှာပဲ ဖိုးတရုတ်ကြီးဆုံးပါးသွားရှာတယ်။ ဒီလို ဇာတ်လမ်းမျိုးကတော့   မြန်မာပြည်မှာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမျှ မကြား ဖူးခဲ့ပါဘူး။ ဖြစ်မှဖြစ်ရလေ၊ လူကို ခွေး ကိုက်လို့သေရတယ်လို့။

အဲဒီခွေးတွေက   ညညဆိုရင် လည်း  ရွာထဲမှာရှိတဲ့ ကြက်တို့ ဘဲတို့ ဝက်ပေါက်လေးတွေကိုအလစ်သုတ်သုတ် ပြီး ကွက်လပ်ကြီးထဲမှာ   ဝိုင်းဖွဲ့စား     ကြတာတဲ့။   တစ်ခါတလေ   ဆိတ်  အကောင်ပေါက်ကလေးတွေကိုတောင် ကိုက်ချီပြီး စားကြတယ်လို့ ရွာသူ ရွာ သားတွေက ပြောကြတယ်။ ခွေးတွေ က သားငါးအစိမ်းတွေကို  စားကျင့်ဖြစ် နေတော့ ဒီကလေးကိုလည်း နှစ်နှစ်သား အရွယ်ပေါက်စနဆိုပြီး ကိုက်ဆွဲကြပုံရ ပါတယ်။

 ကလေးရဲ့ ပေါင်၊ နဖူး၊ လည် ကုပ်တွေမှာ  ခွေးကိုက်ဒဏ်ရာတွေနဲ့ အသက်ဆုံးရတာပါ။ ဒီလိုခွေးမျိုးတွေ ဟာ ချောင်းပြီးအလစ်သုတ်တတ်တာမို့ အစာလို့ ထင်ရတဲ့အရာတွေကို ကိုက် တဲ့အခါမှာ အသံမထွက်ကြပါဘူး။

တစ်ခါမှာလည်း တအုံရွာရဲ့ အရှေ့ နားဆီက အုန်းပေါက်ဆိုတဲ့ ရွာလေး တစ်ရွာက ဆရာမတစ်ယောက် ညနေ ကျောင်းဆင်းလို့ ရွှေဘိုကိုပြန်အလာ  ခွေးတွေအတင်းလိုက်ဆွဲလို့ ခြေထောက် နှစ်ဖက်ကို  အထက်မတင်ပြီး အတင်း မောင်းပြေးခဲ့ရဖူးတယ်လို့   တအုံက ဆရာမ  ဒေါ်မျိုးယုမွန်က ပြောပြပါ သေးတယ်။  

တအုံရွာထဲက   ရွာသူ ရွာသားတွေလည်း  မကြာမကြာ ခွေး အကိုက်ခံရတယ်ဆိုတာလည်း ရွာသား တွေပြောပြလို့သိရတယ်။

ဒီရင်နင့်ကြေကွဲဖွယ်   ဇာတ်လမ်း ကနေပြီး  သင်ခန်းစာယူစရာတွေက တော့တစ်ပုံကြီးပါပဲ။   အကယ်၍သာ  သားစိမ်းငါးစိမ်းအရှင်တွေကို  အလစ် သုတ်ပြီးစားတတ်တဲ့  ခွေးတွေကို သိရ တဲ့အချိန်ကစပြီး   သုတ်သင်ရှင်းလင်းမှု တွေ လုပ်ထားခဲ့မယ်ဆိုရင် ပေါက်ပွား လာမယ့်ခွေးတွေကို  ကြိုတင်တားဆီး ပိတ်ပင်ထားခဲ့မယ်ဆိုရင်  ဘယ်လိုကိစ္စ မှာပဲဖြစ်ဖြစ် ကိုက်တတ်တဲ့ ခွေးမှန်သမျှ ကို  အိမ်တိုင်း၊ ကျောင်းတိုင်းက လုံးဝ လက်ခံမထားခဲ့ဘူးဆိုရင် ဒီလိုမျိုးကိစ္စ ကရှောင်ရှားနိုင်မှာပါ။

အထူးသဖြင့် လမ်းလျှောက်သွား တတ်ခါစ  ရင်သွေးငယ်လေးတွေကို မိဘများအနေနဲ့လည်း   မိမိမျက်စိ အောက်က  အနည်းငယ်မျှ  ပျောက်မ သွားမိအောင် အထူးသတိထားဖို့လည်း လိုပါတယ်။

ပြီးတာတော့ပြီးခဲ့ပါပြီ။  နောက် နောင်ကို ဒီလိုအဖြစ်ဆိုးမျိုးနဲ့ မြန်မာပြည် သူပြည်သားတွေ  မကြုံတွေ့ကြရလေ အောင် မွန်မြတ်တဲ့စေတနာနဲ့ ရေးသား လိုက်ရခြင်းသာဖြစ်ပါတယ်။      ။

""ဖြုတ် ရင် တစ် ကိုယ် တော် ဆန္ဒ ပြ မယ်""


Sunday, 19 August 2012


သမ္မတ ဦးသိန်းစိန် နှင့် ဗီအိုအေ မြန်မာ ပိုင်း အစီအစဉ် တို့  တွေ့ ဆုံ မှု တွင်
ဝန်ကြီး အဖွဲ့  အတွင်း အပြောင်း အလဲ အချို့  ကို မြင်ရ တော့ မည် ဟု ထုတ်
ဖော် ပြော ကြား ပြီး နောက် လက် ရှိ ပြန်ကြား ရေး ၀န် ကြီး ဦး ကျော် ဆန်း က သူ့  ကို ဖယ်ရှား ခြင်း ပြု လုပ် လျှင် တစ် ကိုယ်တော် ဆန္ဒ ပြ မည် ဟု ဆို သည်။


၎င်း သည် မြန်မာ နိုင်ငံ ၏ ပြန်ကြား ရေး ဌာန ကို ကမ္ဘာ့  အလယ် ဉ် ဂုဏ် သိက္ခာ ထည် ၀ါ မှု ရှိ အောင် ဆောင်ရွက် ပေး ခဲ့ ခြင်း သော်လည်း ဦးသိန်း စိန် အစိုးရ သည် သူ့  ကို အကောင်း မမြင် ချေ ဟု သူက ရင်း နှီးသော စာ ပေ အသိုင်း အ၀ိုင်း နှင့် လုပ် ဖော် ကိုင် ဖက် များ ကို ဆိုသည်။

၎င်း ဖန်းတီးထား သည့် မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီ မှာ လည်း ဗြဟ္မာကြီး ဦးခေါင်း လို ဖြစ် နေ ကာ အပျော် မယ် ကိုယ်ဝန် ပျက် ကျသလို ဖြစ် နေသည် ဟု မန္တလေး အခြေစိုက် စာနယ်ဇင်း ဆရာ တစ်ဦး က
ဆိုသည်။

ဦးကျော်ဆန်း သာ တစ်ကိုယ် တော် ဆန္ဒပြ ပါ က ၁၉၉၈ ခုနှစ် ဇူလိုင်လ အတွင်း က ထိုစဉ် က မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ရန်ကုန် - ညောင်း တုန်း မော်တော် ကား
လမ်း ပေါ် တွင် ဆန္ဒ ပြမှု ပြီး နောက် အကြီး ကျယ် ဆုံးသောဆန္ဒ ပြမှု ကြီး ဖြစ်လာ ပေလိမ် မည်။

ဘင်္ဂလီ ဒုက္ခသည် တစ်ဦး မိခင်အရင်းအား မုဒိမ်းပြုကျင့်ရန် ကြိုးစားသူ ထောင်ဒဏ်ချမှတ်ခံရ

Tuesday, 21 August 2012


ဘင်္ဂလားဒေ့ခ်ျနိုင်ငံ တောင်ဘက်ရှိ မြန်မာ ဘင်္ဂလီဒုက္ခသည် စခန်းတခုတွင် သားဖြစ်သူက မိခင်အရင်း ကို မုဒိမ်းပြုကျင့်ရန်
 ကြံစည်ရာ သက်ဆိုင်ရာ အာဏာပိုင်မှ ထောင်ဒဏ်
တစ်နှစ်ချမှတ် လိုက်ကြောင်း သိရသည်။



ဘင်္ဂလီအမျိုးသား အသက် ၂၈နှစ်ရှိ ဟာဖိအာမတ်သည်
တက်ကနက်မြို့ နယ်အတွင်းရှိ နာယာပါရာ မြန်မာဒုက္ခသည် စခန်းက ဖြစ်သည်ဟု ဆိုသည်။


တက်ကနက်မြို့နယ် အုပ်ချုပ်ရေးမှူး နာဇိမ်အူဒိမ်း ဦးဆောင်ပြီး မုဒိမ်းကျင့် တရားခံအား ခုံသမာဓိအဖွဲ့ ဖြင့်စီစဉ် ဆောင်ရွက်ချက်အရ ၄င်းအား ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည် ဟု ကော့စ်ဘဇား သတင်းတပုဒ်တွင် ရေးသားထား သည်။



သြဂုတ်လ ၁၉ရက်နေ့ မနက်ပိုင်းတွင် သူ့၏မိခင် အသက် ၄၂နှစ်အရွယ်ရှိ တာဟာရာ ဘီဂင်း အိမ်ထဲ၌ ပစ္စည်းများ သန့်ရှင်းနေစဉ် မုဒိမ်းပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း စစ်ဆေးသူများအား အာမတ်ကပြော ဆိုခဲ့သည်ဟု ဆိုသည်။


မုဒိမ်ကျင့်ရန် ကြိုးစားချိန်၌ အမေဖြစ်သူက ဟန့်တားခဲ့ကြောင်း၊ ဘေးပတ်ဝန်းကျင် လူများအားအကူ အညီတောင်းခဲ့ကြောင်း၊ သက်ဆိုင်ရာ သိသွားသဖြင့် တာဝန်ရှိအဖွဲ့တခုကို စေလွှတ်ပြီး သူကိုဖမ်းဆီး ကာထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်ရကြောင်း ကော့စ်ဘဇား သတင်းတပုဒ်တွင် ရေးသားထားသည်။

အဆိုပါ အခင်းဖြစ်ပွားမှု နှင့်ပတ်သက်ပြီး ဒုက္ခသည် စခန်းခေါင်းဆောင်ကလည်း မှန်ကန်ကြောင်း အတည်ပြု ပြောဆိုသည်။


အဆိုပါ စခန်းအတွင် ယခင်ကတခါမှ မဖြစ်ပွားဖူးခဲကြောင်း၊ မုဒိမ်းမုဖြစ် ပွားခဲ့သည်မှာ တလလျှင်အမှု ၂၀ကနေ ၃၀အထိရှိသော်လည်း သာမန်ရိုးရိုး ယောက်ျားဖြစ်မှုတို့၏ ကျူးလွန်လေ့ရှိသည့် ပြစ်မှုသာ ရှိသည်ဟု ဆိုသည်။

ယခုလိုဖြစ်ပွား ခြင်းမှာ ဒုက္ခသည် စခန်းအတွင်း ပညာရေးအပေါ်မှာ မှုတည်ကြောင်း ဒုက္ခသည်ခေါင်း ဆောင်တဦးက ပြောဆိုခဲ့သည်။

လားရှိုးမြို့က တောင်ကျရေ


Monday, August 20, 2012 

 

လားရှိုးမြို့တွင်သြဂုတ်လ(၁၉)ရက်နေ့ကမိုးသည်းထန်စွာရွာသွန်းပြီးတောင်ကျရေများအရှိန်ပြင်းစွာ

စီးဆင်းလာမှုကြောင့်လားရှိုးမြို့အ၀င်ပြည်ထောင်စုလမ်းမကြီးပေါ်နှင့်မြေနိမ့်ပိုင်းကျသောရပ်ကွက်များသို့
ရေ၀င်ရောက်မှုများရှိခဲ့ရာလူနေအိမ်များမှပစ္စည်းများရေစီးနှင့်မျောပါခြင်း၊အိမ်အချို့ပြိုကျခြင်း။
အုတ်တံတိုင်းများပြိုကျပျက်စီးခြင်းများကြုံတွေ့ခဲ့ရကြောင်းသိရသည်။

သြဂုတ်လ (၁၉)ရက်နေ့ နံနက်(၉)နာရီခန့်မှစတင်၍ တောင်ကျရေများပြင်းထန်စွာကျဆင်း
လာပြီးလားရှိုးမြို့ရပ်ကွက်(၁)၊(၇)(၈)(၉)(၁၁)(၁၂)တို့တွင်ရေ၀င်ရောက်ခဲ့ကြောင်း သိရသည်။


လားရှိုးမြို့ ရပ်ကွက်(၁)တွင် တောင်ကျရေစီးဆင်းလာမှုကြောင့် ဈေးဆိုင်အတွင်း ပိတ်မိနေသူများအား ရွှေ့ပြောင်းပေးနေစဉ်