Friday, January 28, 2011

စောပီ ရဲ့ ရွေးချယ်မှု့





ဆန်မှုန့်နဲ့ သကြား အရည်ဖျော်ပြီး တိုက်ကျွေးခဲ့ရတဲ့ စောပီရဲ့ သားအငယ်ဆုံးလေးပုံဖြစ်ပါတယ်။

အချစ်နဲ့ စစ်မှာ မတရားတာမရှိဘူး လို့ လူတွေပြောကြတယ်။ ဒါပေမဲ့ နအဖ စစ်တပ်နဲ့ ကရင်တော်လှန်ရေး ရဲဘော်တွေ ဖြစ်တဲ့ စစ်ပွဲမှာ တော့ ကုလားမနိုင် ရခိုင်မဲ ဆိုသလိုမျိုး နအဖ စစ်တပ်ရဲ့ ပြည်သူတွေကို မဲပြီး ဒုက္ခပေးလို့ တောထဲမှာ ရှောင်ပုန်းနေရတဲ့ ကရင်ပြည်သူတွေအတွက်တော့ စစ်မှာ မတရားတာမရှိဘူး လို့ ပြောဖို့ခက်လိမ့်မယ်။

မကြာသေးခင်ကမှ ဖာပွန်မှ ထိုင်းနယ်စပ်မှာရှိတဲ့ ဒုက္ခသယ်စခန်းကို ထွက်ပြေး ရောက်လာတဲ့ စောပီ မိသားစုလေး ရဲ့အကြောင်းကတော့ တကယ့်ကို ရင်နစ်ဖွယ် ကောင်းလှပါတယ်။ ၂ဝ၁ဝ အောက်တိုဘာလ ၁၃ ရက်နေ့မှာတော့ စောပီတစ်ယောက် ကိုယ်ဝန်အရင့်အမာ ကြီးဖြစ်နေတဲ့ အသက် ၂၄ နှစ်အရွယ် ဇနီး အတွက်တော့ ဘယ်လို မီးဖွားရမလဲ ဆိုတာ စဉ်းစားနေပါပြီ။ ပါတ်ဝန်းကျင် အိမ်နီးချင်းတွေကို အကူအညီတောင်းဖို့ကလည်း စစ်ခွေးတွေ လာပြီးဆိုတဲ့ သတင်းကြောင့် ဘယ်သူမှမရှိတော့ဘဲ အကုန်ထွက်ပြေးပုန်းရှောင် သွားကြပြီးဖြစ်ပါတယ်။ နောက်ဆုံးတော့ စောပီရဲ့ ဇနီးဟာ သူတို့ ရဲ့ တတိယမြောက် ကလေးဖြစ်တဲ့ ယောက်ျားလေးကို ဖွားမြင်ခဲ့ပါတယ်။ မိခင်ဟာ သားကို ပွေ့ချီပြီး နာမည်ပေးခဲ့ပါတယ်။ ဒါကတော့ သူမ သေနတ်ကျည် မှန်ပြီးအသက် အဆုံးခင်လေးမှာပေါ့။



မကြာပါဘူး သူမှ မီးဖွားပြီး ၄၅ မိနစ် လောက်အကြာမှာတော့ ခွေးရမ်းကား စစ်ခွေးတွေ ရွာထဲဝင်ပြီး ကျည်ဖောက်ပါတော့တယ် လို့ စောပီက ကရင်လူ့အခွင့်အရေးအဖွဲ့ကို ပြောပြပါတယ်။ စစ်ခွေးများဟာ သေနတ်နဲ့ အိမ်တွေကို ဒရဆက် ရမ်းကား ပစ်ခတ်မှု့ကြောင့် မီးဖွားပြီးခါစ စောပီရဲ့ ဇနီးကို လည်ပင်းတစ်ချက် ပေါက်တစ်ချက် ကျည်မှန်ခဲ့တဲ့အတွက် ထိုနေရာမှာဘဲ စောပီရဲ့ ဇနီးဟာ အသက်ဆုံးခဲ့ရပါတယ်။
ဝင်ငွေမရှိတဲ့ စောပီတစ်ယောက် မွေးကင်းစ သားလေးကို ရေ၊ ဆန်မှုန့် နဲ့ သကြား ရောပြီး ကျွေးမွေးခဲ့ရပါတယ်။ နောက်ဆုံးတော့ ခလေး ၃ ယောက်ကို ပြုစုပျိုးထောင်ဖို့ အတွက် စောပီတစ်ယောက် စစ်ခွေးရန်နဲ့ ကင်းဝေးတဲ့ တစ်နေရာကို ထွက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ မတတ်သာတဲ့အဆုံး အကြီးဆုံးခလေးကို ရွှေမျိုးနီးစပ် တွေလက်ထဲကို ရင်နာနာနဲ့ အပ်ခဲ့ပြီး ကျန်တဲ့ ခလေးနှစ်ယောက်ကို တော့ သူနဲ့ အတူ ခေါ်လာပြီး ထိုင်းနယ်စပ် ဒုက္ခသယ် စခန်းကို ၆ရက်ကြာ ခြေလျင်ဖြင့် ခက်ခက်ခဲခဲထွက်ပြေးရောက်ရှိလာတဲ့ အကြောင်းလေးပါ။ အပြည့်အစုံ ကိုတော့ အောက် မှာ ဆက်ဖတ်ကြည့်နိုင်ပါတယ်။




Saw P's Choice


They say, “All is fair in love and war.”

But for Karen civilians trapped in the jungle between Burmese government forces and Karen rebels, there is very little sense of fairness in either matter.

Take “Saw P,” a 37-year-old villager who recently arrived at a temporary refugee camp in Thailand after leaving his home in Papun District in northern Karen State, which has turned into a war zones in the last few months.

On the night of Oct. 13, Saw P was tending to his wife who was nine months pregnant with their third child. He tended the fireplace inside the family's humble wooden house while a neighbor acted as midwife.

No other neighbors or friends were around. Almost the entire village had fled in the preceding days when they heard that the Tatmadaw, or Burmese army troops, had set up a camp nearby.

Saw P's 24-year-old wife gave birth to a baby boy. She had the chance to hold her child and name him before she was shot dead.

About 45 minutes after she gave birth, the troops entered the village and opened fire, Saw P said in an interview with Karen Human Rights Group (KHRG) in Thailand. He said a spray of bullets penetrated the house. One hit her in the neck and one in the thigh. She died almost instantly.

“She had already lost a lot of blood giving birth,” he told KHRG. “At first, we didn't realize she had been killed.”

In the two months after his young wife's death, Saw P fed the newborn with rice water mixed with sugar. Like other villagers, he had no money, and decided he would have to leave the village to seek support.

Neighbors and relatives offered to adopt his children. After much deliberation, he made the painful decision to hand his his elder child to relatives, but to carry the newborn baby and his other child with him to Thailand.


It was a six-day walk through inhospitable jungle to the border, during which time he had to camp on the ground while holding onto his son.

The shocking thing about Saw P's story is that it is not unusual in the refugee camps along the Thai-Burmese border where more than 140,000 refugees, mostly ethnic Karen, currently shelter.

Civilians, most of who are simple rice farmers, have suffered for generations caught in the crossfire of a six-decade-long civil war.

Last year, the attempted implementation of the regime's plan to transform armed ethnic armies into border guard force units under Burmese army command pushed uneasy cease-fires to boiling point. When a renegade faction of the Democratic Karen Buddhist Army (DKBA) broke ranks, the situation quickly turned bloody.

The renegade group, Brigade 5, is led by Brig-Gen Saw Lah Pwe, also known as Na Kham Mwe.

On Wednesday, his unit confronted a Tatmadaw battalion at one of the many makeshift front lines in Karen State. Fighting was reported in Kyauk Khet in Myawaddy Township. Some 200 local villagers had little option than to flee to the Thai border.

Col. Kyaw Thet of DKBA Brigade 5 told The Irrawaddy that fighting started at 7 am and continued into the evening. He said his unit had killed 14 government soldiers and injured nine. He also accused the Tatmadaw of crossing the border onto Thai soil in order to a launch an attack, and said the Thai authorities were complicit in the tactic.

But between the front lines, the army bases, the patrols and the landmines, hundreds of Karen villagers like Saw P are tortured, killed or forced to work as porters or landmine sweepers, while many women are raped.

“I couldn't stay in the village, because I was constantly reminded of my wife and what happened to her,” Saw P told KHRG. “Whenever my baby cries, I see my wife's face.”

KAREN NATIONAL LEAGUE (JAPAN)၏ပုံမှန်လပတ်အစည်းအဝေးသို့အဖွဲ့သားများ မပျက်မကွက်တက်ကြပါ၇န်

meeting

Sunday, January 23, 2011

တိုက်ပွဲသတင်း

/ 1/22/2011 09:17:00 AM ဆုံဆည်းရာ မှ...

နအဖ စစ်တပ်တွေ ကရင်ပြည်နယ်အတွင် စစ်ရေးအင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေဆဲပါ။ ရခိုင်ပြည်နယ်ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တပ်မ (၄၄) လက်အောက်ခံ တပ်ရင်းများ ကောကရိတ်ကို ပို့ဆောင်ပြီး အင်အားဖြည့်တင်း နေပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ပထမ ပတ်ကစတင်ပြီး ဒီကေဘီအေတပ်တွေကို ၄ ရက်အတွင်း အပြီးတိုက်မယ်ဆိုတဲ့ စကားတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်တွေ့ စစ်ရေးအရမှာ နအဖ စစ်ဆင်ရေးတွေ သူတို့မျှော်မှန်းသလောက် အောင်မြင်မှုမရှိခဲ့ဘူးလို့ ပြောဆိုရမှာပါ။ ယခုတခါလည်း ဒီကေဘီအေ တပ်တွေကို ဇန်န၀ါရီလ ၃၁ ရက်နေ့ အပြီး တိုက်မယ်ဆိုပြီး စကားတွေ ထွက်ပေါ်လာပြန်ပါတယ်။ ထိုကဲ့သို့ ပြောဆိုနေပေမယ့် နအဖ စစ်တပ်တွေကတော့ ဒီကေဘီအေ တပ်တွေရဲ့ ရှေ့ထွက်မိုင်းနဲ့ ပျောက်ကြား တိုက်ခိုက်မှုဒဏ်တွေကို အလူးအလဲခံနေရပြီး ထိခိုက်ဒဏ်ရာရမှုတွေ၊ သေဆုံးမှုတွေသာ များပြားလာပြီး စစ်ပြေး၊ ပေါ်တာပြေးတွေလည်း တနေ့ထက်တနေ့ ပိုမို များပြားလာပါတယ်။

ကေအန်ယူ တပ်မဟာ (၂) တောင်ငူ ခရိုင်တွင်လည်း နအဖ စစ်တပ်မှ စစ်အင်အားတိုးချဲ့မှုတွေ ပြုလုပ်လာပါတယ်။ ယခင် စကခ(၇)မှ တပ်ရင်း ၇ ရင်းနှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်ရင်းများ၊ နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၉)လက်အောက်ခံ တပ်ရင်း ၇ရင်းနှင့် စကခ(၄) လက်အောက်ခံ တပ်ရင်း ၇ရင်း တပ်ရင်းပေါင်း ၃၀ ကျော်နဲ့ အကျဉ်းသားများ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေပြုလုပ်လာပါတယ်။

ယမန်နေ့ည ၉ နာရီဝန်းကျင်တွင် ကလိုထူးဘောဗျူဟာ ဗိုလ်မှူးကျော်သက်ဦးဆောင်သည့် အဖွဲ့မှ သရက်တပင်နှင့် ကျောက်ခက်ကြားမှ နအဖ စစ်တပ်ကို ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ညပိုင်းတွင် နအဖ ဘက်မှ တပ်သား တဦးနှင့် ပေါ်တာ အကျဉ်းအသားတဦးတို့ ဒီကေဘီအေ စခန်းတွင် အလင်းဝင်ရောက်ကြောင်းသိရှိရသည်။ ထို့အပြင် ကေအန်ယူ တပ်မဟာ (၇) နယ်မြေသို့ အနယ်ခြားစောင့်တပ် (၁၀၁၈)မှ ဒုတပ်ကြပ်တဦးနှင့် တပ်သားတဦး လက်နက်အပြည့်အစုံနဲ့ လာရောက်ပူးပေါင်းကြောင်း သိရှိရသည်။

Report from the Field January 21, 2010 / KHRG #2011-F2

Report from the Field January 21, 2010 / KHRG #2011-F2