Friday, September 4, 2009

7 villagerslost by Kwekal Karen News

ကော်သူးလေ



Thursday, Sep3,




ဖလံတောင်မြေ
ကော်သူးလေမှာ
စစ်ဘီလူးတွေ
ရမ်းကားရက်စက်နေကြပြီ။

ညီနောင်ချင်းလည်း
စစ်ပွဲခင်းလို့ သွေးချင်းချင်းနီ။

ရွာတွေ ရွာတွေ
စစ်မြေတလင်း
မီးလောင်ခင်းသို့။

တောင်ယာခင်းမှာ
မိုင်းကွင်းတွေဖြစ်
ဖုန်းဆိုးဖြစ်သို့။

ဘုန်းကြီးကျောင်းလည်း
စစ်ဖိနပ်ခြေရာ ဗုံးဒဏ်ရာနဲ့။

စာသင်ကျောင်းလည်း
ခေါင်းလောင်းသံတိတ်
ကျောင်းသားဆိတ်လို့။

သင်တန်းဖြူလည်း
ရဲရဲနီနီ သွေးနံ့ညှီလို့။

ဖားစည်ကြီးလည်း
မမြည်တော့ပါ
ကျဉ်သင့်ရှာပြီ။

ဒုက္ခသည်တွေ တိုးလို့တွဲလွဲ
မိုးထဲလေထဲ ပြေးနေဆဲ။

ကော်သူးလေရေ
အမေတယောက်
မျက်ရည်ပေါက်နဲ့
သားပျောက်ရှာတာ
နှစ်ပေါင်း(၆၀)ကြာခဲ့ပြီ။

နော်ခိုင်မာကျော်ဇော၊ သနူးထူးဂျာနယ်။ သြဂုတ်လ၊ ၂၀၀၉ခုနှစ်။

Posted by အဲခေါင်သောင့်

ဖျားနာနေတဲ့ မုတ်သုန်မြို့

ဖျားနာနေတဲ့ မုတ်သုန်မြို့
ငရဲကြီးရှစ်ထပ်နဲ့ နတ်ပြည် ခြောက်ထပ် ဘုံဘ၀ အစုံပါတဲ့ မြို့တစ်မြို့ကို
ပြပါဆိုရင်တော့ ဘင်္ဂလား ပင်လယ်အော်ကို အထက်စီးက ကြည့်နေတတ်တဲ့
ရန်ကုန်ဆိုတဲ့ မြို့တစ်မြို့၊ ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေမှာ ဒေါ်လာ
၁၅၀တန် ညအိပ်ခန်းတွေ ရှိသလို ငွေငါးရာကျပ်နဲ့ ကျောတစ်ခင်းစာလည်း
ရနိုင်တဲ့မြို့။ တချိန်တုန်းကတော့ အတိတ်ပီပီ ရွှေထီးဆောင်းခဲ့တဲ့ ကာလတွေ
ရှိခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီ ဈာပနက အဖြူအမည်း ကားချပ်တွေထဲမှာ
ခပ်ဝါးဝါးသာ ဆတွေးနိုင်တဲ့ အခြေအနေ။ တစ်မြို့လုံးမှာ အပေါဆုံးက
ကြွပ်ကြွပ်အိတ်နဲ့ KTVလို့ အဲဒီမြို့သားတစ်ယောက်က နာနာကျည်းကျည်း
မှတ်ချက်ချတယ်။ အသက်အာမခံချက် မရှိသလို ပေါက်ပြဲနေတဲ့ ပလက်ဖောင်းတွေနဲ့
ပြည့်နှက်နေတယ်။ အထူးယာဉ်တန်းတွေအတွက် နာရီပိုင်းအတွင်း လမ်းသစ်တွေ
ခင်းပြတတ်သလို ရက်ပိုင်းအတွင်း သက်တမ်းကုန်တတ်တဲ့ ကတ္တရာလမ်းတွေနဲ့
လမ်းလျှောက်တတ်ခဲ့တဲ့မြို့လေ။

တချိန်တုန်းကတော့ စိမ်းလန်းခဲ့ဖူးတယ်။ တချိန်တုန်းက ကြွယ်ဝခဲ့ဖူးတယ်။
တချိန်တုန်းကတော့ ပညာတတ်ခဲ့ဖူးတယ်။ အခုတော့ ကူးစက်ရောဂါ ထိသွားတဲ့
မိန်းမပျက် တစ်ယောက်လို ဘယ်သူမှ အဆက်အဆံ မလုပ်ချင်တော့ဘူး။ ဘကုန်း၊
စလုံး၊ ဂငယ်ကုန်းအထိ ခြေဆန့်သွားခဲ့တဲ့ သူ့မြို့သားတွေကတောင် ၀လုံးလို့
လှောင်ပြောင် ခေါ်နေကြပြီ။ မြို့အင်္ဂါရပ်တွေထဲမှာ လျှပ်စစ်မီး ရှိရမယ်၊
သန့်ရှင်းရေးစနစ် ရှိရမယ်၊ ကျန်းမာရေး စောင့်ရှောက်မှု ရှိရမယ်၊
သောက်သုံးရေ သန့်ရှင်းစွာ ရရှိရမယ်၊ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ဖက်လှဲတကင်း
ဖြစ်ရမယ် အဲဒီိလို တစ်ယောက်ယောက်က ပြောခဲ့ရင် သူဟာ မြို့တစ်မြို့
မဟုတ်တော့ဘူးပေါ့။ ဒါပေမယ့် လူဦးရေ ခြောက်သန်းကျော်ဟာ သူ့ရင်ဘတ်ထဲမှာ
ရှင်သန် နေထိုင်တုန်းပါ။ သူ့အရေပြားပေါ်မှာ လူသူမရှိတဲ့
ကွန်ဒိုတိုက်ခန်းတွဲတွေ ရှိနေသလို တစ်ယောက် ကိုယ်ငွေ့ တစ်ယောက်
ပြန်ချုံလို့ ရတဲ့ မြို့သစ်တဲစုလေးတွေလည်း ရှိနေတယ်လေ။
လေးတိုင်စင်ဝါးခင်းကို ကမ္ဘာဆန်မှုက ထောက်ကူပေးထားတဲ့ ပလတ်စတစ်
ရွက်ဖျင်စတွေလည်း လွယ်လွယ်ကူကူ ၀ယ်လို့ရတယ်လေ။ ရာသီဥတု သာတောင့်သာယာ
ဆိုပေမယ့် ချူချာတတ်တဲ့ ကလေးငယ်တွေလည်း ရှိနေတတ်တဲ့မြို့။
အရင်ကတော့ နယ်မြို့တွေသွားရင် ရန်ကုန်သားတွေကလေ ဆိုပြီး ပုံပြင်တွေ
အမျိုးမျိုး ကြားရတတ်တဲ့မြို့။ အခုတော့ ပတ်စ်စပို့အနီတွေ ထုတ်ထုတ်ပေးပြီး
ပြန်လာတဲ့သူတွေကို ဘာလက်ဆောင်ပါသလဲလို့ စီး စီးမေးတတ်တဲ့မြို့လေ။
အင်္ဂါဂြိုဟ်ပေါ်က မြေအနေအထားကို မှန်ပြောင်းနဲ့ လှမ်းကြည့်လို့ ရသလို
အ၀ီစိသွားတဲ့ အထူးရထားကို လှမ်းတားပြီး အထက်တန်းက တက်စီးလို့ရတဲ့မြို့။
ဟံသာဝတီ ဧကရာဇ် ရာဇာဓိရာဇ် တစ်ယောက် တိမ်းရှောင်ခဲ့ဖူးတဲ့မြို့။ ရန်သူတွေ
ကြားထဲကနေ သီပေါမင်းတစ်ယောက် ရွှေတိဂုံတက်ဖူးဖို့ ရောက်ခဲ့ဖူးတယ်။
ပြည်တွင်းစစ်ကာလမှာ ၀ါရှင်တန်မြို့သားတွေ သူ့မြို့ကို ကိုယ်တိုင် ထွက်ကာ
ကွယ်ရသလို ဗိုလ်စိန်မှန်တစ်ယောက် တပ်စိတ်လေးတစ်စိတ်နဲ့ အပျော်တမ်းတပ်၊
တက္ကသိုလ် ကျောင်းသားတပ်တွေနဲ့ အင်းစိန်တိုက်ပွဲမှာ တစ်လက်မချင်း
ခုခံခဲ့ရတဲ့မြို့။ အဲဒီအချိန်ကလည်း တချို့တွေက ရန်ကုန်ကို
ဟားတိုက်ခဲ့တာပဲ။ ရာဇသင်္ကြန် ဒလက ပြန်တုန်းကလို ဖောက်ပြန်တဲ့
အတွေးမျိုးတော့ ရန်ကုန်က မတွေးခဲ့ရိုးအမှန်ပါ။ ပုံသေကားချပ်နေ့တွေကို
တင်ဆက်ပြီးရင် အပြောင်းအလဲကို ညနေစာငတ်သူ တစ်ယောက်လို သူ
ဆာလောင်တတ်ခဲ့တယ်။ မပြောင်းလဲနိုင်တဲ့ သူကိုယ်တိုင် မကျေမနပ်နဲ့။
အချိန်ကာလက ဇရာ ဘယ်လောက်ပြပြ သူသံဝေဂယူလို့ မရဘူး။ သူမှ မစောင့်ရှောက်ရင်
အုပ်ထိန်းသူမဲ့တော့မယ့် မြေးငယ်တွေကို သနားတဲ့ အဘွားအိုတစ်ယောက်လိုပေါ့။
ဒါပေမယ့် သူကိုယ်တိုင် ယိုင်တိယိုင်တိုင်နဲ့ဆိုတာ သူသိတယ်။
ရုတ်တရက်ကြည့်ရင် စစ်ပြီးစ မြို့တစ်မြို့လို မုဆိုးမ၊ တစ်ခုလပ်နဲ့
ကလေးငယ်တွေ သိပ်များနေတဲ့မြို့။ အဝေးရောက် လင်သားတွေ အလုပ်အကိုင်
အဆင်ပြေပါစေ ဆုတောင်းနေရတဲ့မြို့။ လယ်ကန်သင်းတွေကို ဖြို၊
မြေကွက်အသစ်တွေရိုက်လို့ သူ့မြို့ခံတွေကို နေရာထိုင်ခင်း
လုပ်လုပ်ပေးရတယ်။ အချက်အချာ မြို့လယ်ခေါင် တိုင်းတပါးသား လက်အောက်တွေ
ကျရောက်နေလို့။ သူက တစ်ခါတစ်ခါ မောင်ချောနွယ် ပြောသလိုလဲ နေတတ်တယ်
`နာကျင်တဲ့အခါ မအော်ဘဲ၊ ပျော်ရွှင်တဲ့အခါ ရယ်မောဖို့ နောက်မကျအောင်
နေတတ်ခဲ့´။ ဗုံးဆံ၊ အမြောက်ဆံကို ကြောက်လို့ ၀ါးရင်းတုတ်နဲ့ရိုက်လည်း
အံကြိတ်ခံ၊ ရိုင်ဖယ်နဲ့ ချိန်ပစ်လဲ အသံသိပ်မထွက်ရဲခဲ့ဘူး။
အခုတော့ ခေတ်နဲ့အညီ သူ့ဆီမှာ ကြေးစားကလပ်အသင်းတွေလည်း ရှိနေပြီ။
လောင်းကစားဒိုင်ကတော့ အရင်ကတည်းက မှိုလိုပွနေတာမို့ သူ့အတွက်
သိပ်အရေးမကြီး။ ကမ္ဘာပေါ် ဦးနှောက်ကြီးကြီးတွေ ခေါင်းစားအောင်
ပြဿနာရှာပေးတတ်ပြီ။ ကူးစက်ရောဂါတွေကိုလည်း ဖောဖောသီသီ လက်ခံသလို
အဏုမြူဗုံး ထပေါက်မှာ စိတ်မပူတတ်တော့ဘူး။ မနက်ဆိုရင် ပါးစပ်ခြောက်သန်းကို
ဘယ်လိုကျွေးမလဲ ခေါင်းစားနေရပေမယ့် ညကျရင်တော့ ဘီယာပရိုမိုးရှင်းတွေနဲ့
အသောက် မပျက်တဲ့မြို့။ လူ့ဘ၀စည်းစိမ်မှာ အဆိုး လောကဓံ လေးပါးကို
ထိန်ချန်လို့ မရဘူး။ အခါးသီးဆုံးညဆိုတာ အချိုမြိန်ဆုံး မနက်ဖြန်လို့
တဘောင်လိုလို ငကြောင်လိုလိုနဲ့ မူး မူးပြီး ထပြောတတ်တဲ့မြို့။
မြေပုံတလွဲကြီးနဲ့ ရတနာတွေ ရှိရာဆီ သွားမယ်လို့ အရူးတွေ ဆော်သြပြီး
နောက်ဖေးပေါက်က ပြန်တက်၊ သူများ ညစာတွေ ခိုးခိုးစားတတ်တဲ့ အရူးတွေ
ရှိနေတတ်တဲ့မြို့။ မြို့တစ်မြို့ရဲ့ ဂုဏ်ထူးတွေထဲမှာ မိန်းမပျက်နဲ့
အကျဉ်းထောင် အကြောင်းတွေပါရင် Grade(A) ရနိုင်မယ့်မြို့လေ။
အမှန်အကန်ဆိုရင်တော့ နံရံလေးဘက် ပိတ်ထားတယ်။ အတုတွေ သိပ်များတော့
ရှားပါးတဲ့ အမှန်တရားကို အကျဉ်းထောင်ထဲ ထည့်ထားတာပါလို့ သတင်းထောက်တွေကို
စိတ်ရူးပေါက်ပြီး ရှင်းရှင်းပြ တတ်သေးတယ်။ အတုကလည်း
ဘယ်လောက်တောင်များသလဲဆိုတော့ ခင်ဗျား မြင်မြင်သမျှ အကုန်အတုကြီးပဲ။
ဆေးဝါးအတု၊ ပွဲစားအတု၊ ကားအတု၊ တိုက်အတု၊ လက်ကိုင်ဖုန်းအတု၊ ကွန်ပျူတာ
ဆော့ဖ်ဝဲလ်အတု၊ ဗိုင်းရပ်စ်အတု၊ ပြီးတော့ မျက်နှာအတုနဲ့ လူတွေ၊
တရားရုံးအတု၊ စီရင်ချက်အတု၊ အမိန့်ကြော်ငြာစာအတု၊ အမွေစား အမွေခံအတု၊
လက်ထပ်စာချုပ် အတုကနေ ဒီမိုကရေစီအတု အထိ။ အတုဆိုရင် အကုန်ရှိနေတတ်တယ်။
ပလက်ဖောင်းပေါ် လမ်းမလျှောက်ပါနဲ့၊ ကြိုက်တဲ့နေရာ အမှိုက်ပစ်ပါ၊
တရားဥပဒေကို လက်တစ်လုံးခြား လိုက်နာပါ၊ အသက်ရှူကျပ်ရင် ကင်းမြီးကောက်
ထောင်ပြီး နေထိုင်ပါ၊ မီးပျက်ပျက် မီးလာလာ ဒီဈေးပဲ၊ ဒါဟာ
အခွင့်အရေးတစ်ရပ်။ အဲဒီလို မြင်တတ်ဖို့ မုတ်သုန်ကို လွယ်အိတ်လို လွယ်ပြီး
အသက်အရွယ်မရွေး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်ချေအတွက်
အလုပ်လက်မဲ့ပေမယ့်လည်း တစ်ယောက် လက်ဖက်ရည် တစ်ယောက် မျှသောက်တတ်တဲ့
ရန်ကုန်။
လမ်းကြုံရင် လာလည်ပါ။ ညအိပ်စရာ ခက်တဲ့အတွက် မိတ်ဆွေကို တကူးတက ဖိတ်မနေတော့ပါဘူး။

မိုးလှိုင်ည
http://moehlaingnya.wordpress.com/

သမိုင်းကပေးတဲ့ သင်ပုန်းကြီးဖတ်စာတပုဒ်

သမိုင်းကပေးတဲ့ သင်ပုန်းကြီးဖတ်စာတပုဒ်
မောင်လူပျို (မိသားစုဝိုင်း)
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 02 ရက် 2009 ခုနှစ် 19 နာရီ 07 မိနစ်

ငယ်ငယ်က ဖေဖေ စာသင်ခဲ့သည့် ဧည့်ခန်းလေးကို ပြေးမြင်မိသည်။ နံရံပေါ်တွင် အဖိုးသခင်ကိုယ်တော်မှိုင်း၏ ထိုင်မသိမ်း၊ ဖော့လုံးနှင့် စာလိပ်ကို ကိုင်ထားသည့် ဓာတ်ပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ စစ်ဦးထုပ်နှင့်ပုံ၊ ပြီးတော့ သမ္မတကြီး မန်းဝင်းမောင်၏ ရင်ဖုံးတိုက်ပုံနှင့် ဓာတ်ပုံတို့မှာ အင်မတန် ကျက်သရေရှိလှပါသည်။ ဥပဒေဘွဲ့ရပြီး သူငယ်ချင်းများ ကျနော့်အိမ်သို့ရောက်တိုင်း သမ္မတကြီး မန်းဝင်းမောင်၏ ပုံကို ဘယ်သူ့ပုံလဲဟု အမြဲလို မေးလေ့ရှိပါသည်။ ကျနော် ရှင်းပြခဲ့ပါသည်။ လေထီးဦးအုန်းမောင်၊ လေထီးဦးကျော်ရင်၊ လေထီးဦးစိုးမောင် (ခ) ဗိုလ်မှူးချစ်ကောင်းတို့၏ လေထီးရဲဘော်ဖြစ်ကြောင်း၊ ရဲဘော်ချင်း ဘယ်လောက်သစ္စာရှိကြောင်း၊ ကြိုးပေးသတ်ခံရမည့် ရဲဘော်ကိုပင် ဥပဒေအရ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် သမ္မတကြီး။

(၁၉၄၇ ခုနှစ် “ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ” အခန်း (၅) ၊ နိုင်ငံတော်သမ္မတ၊ ပုဒ်မ - ၄၆) “နိုင်ငံတော်သမ္မတကို လျှို့ဝှက်သော မဲဆန္ဒပေးစနစ်ဖြင့် ပါလီမန်ဆိုင်ရာ လ$တ်တော်နှစ်ရပ်. တွဲဖက် ညီလာခံတွင် ရွေးကောက်တင်မြှောက်ရမည်။ ဤအခန်းရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ နိုင်ငံတော်သမ္မတ ရာထူးအတွက် ရွေးကောက်တင်မြှောက်ခြင်းကို ပါလီမန်အက်ဥပဒေဖြင့် သတ်မှတ်ရမည်” ဟု ပြဋ္ဌာန်းချက်အရ မန်းဝင်းမောင် သမ္မတ ဖြစ်လာသည်။

ပြည်ထောင်စုဟုခေါ်သော နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို သရဖူဆောင်းနိုင်ခဲ့ပါသည်။ ထိုသရဖူကို ပင်လုံညီလာခံက စတင်သွန်းထုခဲ့သည်ကို လူမျိုးစု ပြည်သူတရပ်လုံး၏ အသည်းနှလုံးထဲတွင် မှတ်တမ်းကမ္ဗည်းတင်ထားပြီး ဖြစ်ပါသည်။ အခြား မည်သည့်သရဖူနှင့်မျှ လဲလှယ်၍ ရကောင်းသည့်အရာ မဟုတ်ပါ။

(၁၉၄၇ အခြေခံဥပဒေ အခန်း (၈)၊ ပြည်ထောင်စု၏ တရားစီရင်ရေး၊ ပုဒ်မ - ၁၃၃) ပြည်ထောင်စုနိုင်ငံ တဝှန်းလုံး၏ တရားစီရင်ရေးကိစ္စကို ဤအခြေခံဥပဒေအရသော်၎င်း၊ တရားဥပဒေအရသော်၎င်း၊ တည်ထောင်ထားသော တရားရုံးများတွင် ဤအခြေခံဥပဒေနှင့်အညီ၊ သို့တည်းမဟုတ် တရားဥပဒေနှင့်အညီ ခန့်ထားသော တရားသူကြီးများက စီမံအုပ်ချုပ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

(ပုဒ်မ - ၁၃၇) တရားဥပဒေတခုသည် အခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များအရ ခိုင်လုံသည်၊ မခိုင်လုံသည် ဟူသော ပြဿနာ ပေါ်ပေါက်နေသည့်အမှုများကို တရားလွှတ်တော်ချုပ်၏ အယူခံစီရင်ပိုင်ခွင့် အာဏာဖြင့် မစီရင်၊ မဆုံးဖြတ်ရဟု မည်သည့်တရားဥပဒေမျိုးကိုမျှ မပြုရဟု ပြတ်သားစွာ ပြဋ္ဌာန်းထားခဲ့သည်ကို တွေ့ရပါသည်။ ထိုကဲ့သို့ တရားဥပဒေမျိုးကို ပြဋ္ဌာန်းသည်ဆိုပါလျှင် အခြေခံဥပဒေကို ချိုးဖောက်ရာကျပေသည်။ တရားလွှတ်တော်ချုပ်၏ အထွတ်အမြတ်ထိပ်ဆုံးက တရားစီရင်ရေးအာဏာကို ဖော်ပြဋ္ဌာန်းခြင်း ဖြစ်ပါသည်။

(ဥပဒေပြုရေးအာဏာကိုလည်း ၁၉၄၇ အခြေခံဥပဒေ အခန်း (၆)၊ ပါလီမန်။ ပုဒ်မ - ၆၅) ပြည်ထောင်စုနိုင်ငံ၏ ဥပဒေပြုမှု အာဏာသည် ပါလီမန်တွင် တည်ရှိရမည်။ ပါလီမန်တွင် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်တို့ ပါဝင်ရမည်။ ဤအခြေခံဥပဒေတွင် ပါလီမန်ကို “ပါလီမန်” သို့မဟုတ် “ပြည်ထောင်စု ပါလီမန်” ဟု ခေါ်ရမည်ဟု ပြဋ္ဌာန်းထားသည်။ ပါလီမန်က ပြဋ္ဌာန်းသည့် ဥပဒေမှသာ ဥပဒေဖြစ်သည်။ အခြား မည်သည့်အရာမှ ဥပဒေမဟုတ်၊ ဥပဒေကို အစိုးရက ပြဋ္ဌာန်း၍ လုံးဝ (လုံးဝ) မရ။ ထို့နောက် “တရားစီရင်ရေး ထိပ်ဆုံးက အာဏာပိုင်” ကို ပါလီမန်ကမှ သဘောတူညီချက်ဖြင့် ခန့်အပ်ကြောင်း အောက်ပါအတိုင်း အထင်အရှားဖော်ပြထားခဲ့သည်။

(၁၉၄၇ အခြေခံဥပဒေ၊ ပုဒ်မ - ၁၄၀) (၁) ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ် တွဲဖက်အစည်းအဝေး၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်တရားဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတသည် မိမိကိုယ်တိုင် လက်မှတ်ရေးထိုး တံဆိပ်ခတ်နှိပ်သော အမိန့်စာဖြင့် ခန့်ထားရမည်။

(၂) ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ် တွဲဖက်အစည်းအဝေး၏ သဘောတူညီချက်ဖြင့် တရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော်ဆိုင်ရာ တရားရေးဝန်ကြီးအားလုံးကို နိုင်ငံတော်သမ္မတသည် မိမိကိုယ်တိုင် လက်မှတ်ရေးထိုး တံဆိပ်ခတ်နှိပ်သော အမိန့်စာဖြင့် ခန့်ထားရမည်ဟု တရားစီရင်ရေး အာဏာသည် ပါလီမန်ကသာ ဆင်းသက်ကြောင်း အတိအလင်း တွေ့ရှိရပါသည်။ ခန့်ထားသည့် နေရာတွင်လည်းကောင်း၊ စစ်ဆေးစီရင်ဆုံးဖြတ်သည့် နေရာတွင်လည်းကောင်း အလွန်ပင် စံကျပါသည်။

(၁၉၄၇ အခြေခံဥပဒေ၊ ပုဒ်မ - ၁၄၁) တရားသူကြီးအားလုံးသည် ဤအခြေခံဥပဒေနှင့် တရားဥပဒေများကိုသာ လိုက်နာ၍ မိမိတို့၏ တရားစီရင်မှု အလုပ်ဝတ္တရားများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရမည်ဟု အုပ်ချုပ်ရေး အာဏာ၏ ဝင်ရောက်စွက်ဖက်မည့် အန္တရာယ်မှ ကင်းလွတ်ရန် အပြတ်သားဆုံး ကာကွယ်ပေးထားပါသည်။

ဥပဒေသည် လေဆာရောင်ခြည်ထက် ပြတ်သားပါသည်။ အခြေခံဥပဒေကို ဆန့်ကျင်ပြဋ္ဌာန်း၍ လုံးဝမရပါ။ အခြေခံဥပဒေအရ ဆောင်ရွက်ချက်ကိုလည်း လုံးဝ (လုံးဝ) ဝင်ရောက်စွက်ဖက်၍ မရပါ။

(၁၉၄၇ - အခြေခံဥပဒေ၊ ပုဒ်မ - ၆၀) ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သော အခွင့်အရေးသည် နိုင်ငံတော်သမ္မတ၌ တည်ရှိရမည်။ ဤပုဒ်မအား ပြတ်သားစွာ ကိုင်တွယ်ကျင့်သုံးခဲ့သည့် သမ္မတကြီးမှာ ကရင်အမျိုးသားကြီး “မန်းဝင်းမောင်”၊ ဖက်ဆစ်တော်လှန်ရေး သူရဲကောင်းကြီး လေထီး မန်းဝင်းမောင်ပင် မဟုတ်ပါလော။

တရားသူကြီးကလည်း သူ့တာဝန်အရ သူလုပ်သည်။ သမ္မတကလည်း သူ့တာဝန်အရ သူ လုပ်သည်။ ပြဿနာတက်စရာမရှိ။ လွတ်လပ်ရေး၏ အမွှာပူး ပြည်တွင်းစစ်က ရှိနေသည်။ ထိုအခြေခံပေါ်က ထွက်လာသည့် ဥပဒေအားလုံးမှာ နိုင်ရာစား ဥပဒေများသာ ဖြစ်ပေတော့သည်။ မတရားသည့် ဥပဒေမှန်သမျှကို အာဏာရအစိုးရက ထုတ်ချင်တိုင်း ထုတ်တတ်ကြသည်။ ဤသို့ ထုတ်၍မရပါ။ လုပ်ချင်တိုင်း လုပ်၍မရပါ။ ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းတရပ်ကို တည်ဆောက်လိုသည်ဆိုလျှင် မုဒိတာတရားကို မျက်ကွယ်ပြု၍ မရပါ။ အောက်ပါအမှုကို အတိုချုပ် ကြည့်ရှုနိုင်ပါသည်။

“ကိုစိုးမောင် ခေါ် ကိုချစ်ကောင်းနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ”
၁၉၆၀ ခုနှစ်၊ မြန်မာပြည် စီရင်ထုံး၊ ၁၃၆ (လွှတ်တော်)
''အစိုးရအား တော်လှန်ပုန်ကန်နေသည့်အဖွဲ့၏ စစ်တပ်တွင် ဗိုလ်မှူးကြီးအဆင့် ရာထူးရှိပြီး၊ ပြန်ကြားရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူသည် အစိုးရစစ်တပ်နှင့် မျက်နှာချင်းဆိုင်တိုက်ခိုက်ရာ၌ မပါဝင်စေကာမူ နိုင်ငံတော် တော်လှန်မှု ကျူးလွန်ရာရောက်သည်'' ဟု ဆုံးဖြတ်ပြီး တရားလွှတ်တော်က သေဒဏ်ကြိုးမိန့်ပေးခဲ့ပါသည်။ ဗိုလ်မှူးချစ်ကောင်း၏ “အနှစ် နှစ်ဆယ်” စာအုပ်တွင် အနှစ် ၂၀ လုံးလုံး တိုင်းပြည်အတွက် ကြိုးပမ်းခဲ့ပြီး မိမိကိုယ်မိမိ ပြန်ကြည့်လိုက်သည့်အခါ ကြိုးတိုက်ထဲရောက်နေသည်” ဟု ဖော်ပြထားချက်ကို ရင်နင့်ဖွယ်တွေ့ရှိရမည် ဖြစ်ပါသည်။

ကြိုးမိန့်မှလွတ်ပြီး သမ္မတကြီးမန်းဝင်းမောင်၏ သမ္မတအိမ်တော် ထမင်းစားဝိုင်းတွင် လေထီးဦးအုန်းမောင် မိသားစု၊ လေထီးဦးစိုးမောင် မိသားစု၊ လေထီးမန်းဝင်းမောင် မိသားစုတို့၏ ညနေစာမှာ သမိုင်းဝင်ညနေစာဟု ဆိုရပါမည်။ ရဲဘော်ချင်း ချစ်လိုက်ကြသည့်မြင်ကွင်းကို သမိုင်းကပေးသည့် သင်ပုန်းကြီးဖတ်စာတပုဒ်ကဲ့သို့ ကျနော် အလွတ်ကျက်မှတ်လိုက်ပါသည်။

မြန်မာနိုင်ငံရှိ လူမျိုးစုပြည်သူတိုင်း ဤလိုညနေစာမျိုးကို စားချင်ကြပါမည်။ အစားကောင်းလေးတလုပ် စားရတိုင်း ကိုယ့်မိဘ ဆွေမျိုးသူငယ်ချင်းများကို သတိတရ ကျွေးချင်မွေးချင်ကြသည်။ ကျနော်တို့မြန်မာများ၏ အင်မတိအင်မတန် ချစ်စရာကောင်းသည့် ဓလေ့ဖြစ်ပါသည်။ သမ္မတကြီးတို့လို ချစ်ချင်ကြပါသည်။ သမ္မတကြီး မန်းဝင်းမောင်၏ နိုင်ငံတော်နှင့် ဥပဒေကို အလေးစားဆုံး စံပြလုပ်ရပ်တခုအဖြစ် လုပ်ပြခဲ့သည့် သမိုင်းမော်ကွန်းတရပ် ဖြစ်ပါသည်။

သို့သော် ယခုတော့ ထိုသို့မဟုတ်ပြီ။ တက်လာသမျှ အစိုးရတိုင်းသည် ပြည်ထောင်စုကို မလိုလားကြပါ။ တပြည်ထောင်စနစ်ကိုချည်း ကျင့်သုံးချင်ကြ၏။ ဆိတ်ခေါင်းပြ၍ ခွေးသားရောင်း၏။ မဟာလူမျိုးကြီးဝါဒ၏ ထောင်ချောက်တွင်း သက်ဆင်းကြရ၏။ ပြည်ထောင်စု ထမင်းဝိုင်းကို တယောက်တည်း တသက်လုံး စားသွားချင်လျှင်မူ အကျည်းတန်ပါတော့မည်။ အားလုံး ပါဝင်သင့်ပါသည်။

ပြည်ထောင်စုကို ချစ်သည့် အမကြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ချမ်းသာပါစေဟူ၍ ပြည်သူများနှင့်အတူ ကျနော် ဆုတောင်းအပ်ပါသည်။

၂၄ - ၈ - ၂၀၀၉
ယိုးဒယားမြေ

Thursday, September 3, 2009

သင်ဟာ သမိုင်းကြောင်းကောင်းဖို့ တခုခုလုပ်ခဲ့သလား

M. ထက်ခေါင်
(၁)

ပြီးခဲ့သည့်လ ကကေအဲန်ယူတပ်မဟာ (၆) စခန်းတခုဖြစ်သော ဝေါ်လေခီးစခန်းကို ဒီကေဘီအေ တပ်ရင်းများနှင့် နအဖတပ်တို့ပူးပေါင်းကာ ထိုးစစ်ဆင်ခဲ့သည်။ ကေအဲန်အယ်လ်အေမှ တပ်မှူးတဦး ကျဆုံးခဲ့ခြင်းမှအပ ကေအဲန်ယူတွင် ကြီးကြီးမားမား ထိခိုက်နစ်နာမှုမရှိ။ နအဖတပ် ပစ်ခတ်မှုကြောင့် ထိုင်းဘက်ခြမ်းသို့ လက်နက်ကြီးကျည်များကျရောက်ပြီး ထိုင်းနယ်ခြားစောင့်တပ်မှ အချို့ထိခိုက် သေကြေခဲ့သည်။ ထိုင်းရွာသား အချို့လည်း ထိခိုက်ဒဏ်ရာရကြသည်။ ဝေါ်လေခီးရွာ နှင့် အနီးပတ်ဝန်းကျင် ရွာအချို့မှ လူများလည်း ရှောင်တိမ်းကြရ၊ တိုက်ပွဲကြောင့် ရွာမှာ ပိုထိခိုက်နစ်နာမည်စိုးသောကြောင့် ကေအဲန်အယ်အေက စခန်းမှနောက်ဆုတ်ပေးခဲ့သည်။ ရန်သူနှင့် ဒီကေဘီအေတို့ ထိုစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြလေသည်။

ထိုတိုက်ပွဲအပြီးမှာတော့ ဒီကေဘီအေတပ်များကို ရှေ့တန်းတင်လာခဲ့သော နအဖက ၎င်းတို့ထုတ်ပေးထားသည့်ကျည်များကို ပြန်လည် စစ်ဆေးကြောင်းလည်း ကြားသိရသည်၊ မည်သည့်ကျည်အမျိုးအစား မည်၍မည်မျှထုတ်ယူသည်၊ ကျည်ဘယ်လောက် ပစ်ခတ် ကုန်ကျသည်၊ လက်ကျန် ဘယ်မှာရှိသည် စသဖြင့် စစ်ခြင်းဖြစ်သည်။ ဒီကေဘီအေ သက်တမ်းတလျှောက် တခါမျှ ထိုကဲ့သို့ အစစ်အဆေး မခံခဲ့ရဘူးချေ၊ ဒီကေဘီအေကို ရှေ့တန်းတင်ကာ ကရင် ကရင်ချင်း ပြန်တိုက်ခိုင်းနေသော နအဖသည် ယခုအခါမှာတော့ ကျည်များကို ကန့်သတ်စီစစ်လာခဲ့ပြီဖြစ်သည်။ ထိုစီစစ်ပြီးနောက် ရက်များမကြာမီမှာပင် ဒီကေဘီအေရှိ လက်နက်အရေအတွက်နှင့် တပ်ဖွဲ့ဝင်အင်အားကိုပါ စစ်ဆေး ကန့်သတ်လာခဲ့ပြန်သည်။

ငါးကြင်းဆီနှင့် ငါးကြင်းကြော်သည့်အလုပ်မျိုး စစ်အုပ်စုက အကွက်ချပြီး လုပ်၏။ ကေအဲန်ယူကို တိုက်ခိုက်ရန်အတွက် ဒီကေဘီအေကို ရှေ့ကနေ မောင်းတင်၏။ ၎င်းတို့စစ်အုပ်စုလက်ပါးစေများကိုတော့ နောက်မှာနေစေ၏။ ကရင်တွေကို ကရင်ထောင်ထားသည့် မိုင်းနင်းမိစေ၊ ကရင်ပစ်သည့် စနိုက်ပါစာ အထိခံကြစေ၊ တသီတတန်းကြီး မောင်းပြန်သေနတ်စာ အထိခံကြစေ၏။
ကိုယ့်ကိုယ်ထဲကအရိုးနှင့် ကိုယ့်ကိုပြန်၍အထိုးခံရခြင်းမှာ အတော်ပင် ခံရခက်သောဝေဒနာဖြစ်သည်။ ဘယ်လိုပင် ပစ်ကြခတ်ကြ၍ဘယ် ဘက်ကပင် သေသည်ဖြစ်စေ အများဆုံး သေကြရမည်မှာ ကရင်တွေသာ ဖြစ်၏။ စစ်အုပ်စု၏ လက်ပါးစေတပ်တွေကတော့ ကျည်လွတ်ရာမှာ သက်တောင့်သက်သာ ပြုံရယ်လျက်၊ ဘေးကင်းရန်ကင်း စခန်းတက်သိမ်း နိုင်မည့် အချိန်ကို အေးဆေးစွာ စောင့်ဆိုင်းနေခဲ့ကြမည် ဖြစ်သည်၊

ကရင်ကရင်ချင်း ပြန်တိုက်ရမည့်ကိစ္စကို မလုပ်လိုသူများ။ အနေချောင်အစားချောင်မလားဟူသော မျှော်လင့်ချက်ဖြင့် ဒီကေဘီအေနှင့် ငြိမ်းချမ်းရေးတပ်ဖွဲ့ထဲ ရောက်သွားကြသူများမှာ အေးဆေးငြိမ်းချမ်းစွာ မနေကြရ၊ နအဖထံက မဖြစ်စလောက်ပံ့ပိုးသော အခြေခံရိက္ခာကို ထုတ်စားကာ နအဖခိုင်းတာကို စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လုပ်နေကြရသည်။

တကျော့ပြန် ဟင်္သာကိုးသောင်း ဇာတ်ကွက်ကို ဝေါ်လေခီးတွင် စိတ်ပင်ပန်းစွာ ကပြ အသုံးတော်ခံပြီးသည့်နောက် မိမိဘက်က ၂၀၀ကျော်မျှ ထိခိုက်ကျဆုံးခဲ့ရသည့် ကြေကွဲစရာအဖြစ်ကို မမေ့မဖျောက်နိုင်မီ ရွှေကုက္ကို၌ကျင်းပမည့် ကေအဲန်ယူ တပ်မဟာ (၇)အပေါ် အောင်ပွဲခံသည့် အခမ်းအ နားသို့ မဖြစ်မနေ တက်ရောက်ရန် ဖိတ်ကြားခြင်းခံရသော ဒုဗိုလ်မှူးကြီးစံပြုံး (ဗိုလ်ဆန်ပြုတ်)နှင့် ဒီကေဘီအေအရာရှိ အချို့မှာ ရွှေကုက္ကိုသို့ အလာခရီး မြစ်ကြောင်းအတွင်းပင် ချောင်းမြောင်းပစ်ခတ်ခြင်းကို ခံလိုက်ကြရသည်။ ၎င်းတို့ ပစ်ခတ်ခံရသည့်နေရာသည် ကေအဲန်ယူထိန်းချုပ်ရာ နေရာမဟုတ်၊ စစ်အုပ်စုတို့ ကြီးစိုးချုပ်ကိုင်ထားရာ နေရာသာဖြစ်သည်၊ ထိုအဖြစ်၏နောက်ပိုင်း ဒီကေဘီအေနှင့် ငြိမ်းအဖွဲ့တို့သည် ၎င်းတို့ ယုံကြည်အားထားနေ သော သခင်သစ်က ၎င်းတို့အား ပို့ဆောင်မည့် လမ်းကြောင်းကို ရိပ်စားမိလာကြလေသည်။
ဝေါ်လေခီးတွင် ထိခိုက်ကျဆုံးရသည့် ကရင် ၂၀၀ကျော်ခန့်တွင်လည်း တားဆီးနေသည့်ကြားက ရှေ့သို့ အတင်းတိုးလာသောကြောင့် ကေအဲန်အယ်လ်အေက မလွဲမရှောင်သာ ပစ်ခတ်လိုက်၍သေဆုံးရသည့် အရေအတွက်ထက် ကရင်ကရင်ချင်းတိုက်ရမည့်အရေး လက်တွန့်တွေဝေနေသော ကြောင့် နောက်ကျောဘက်ကလာသည့်ကျည်ဆံဖြင့် သေဆုံးကြရသည့် အရေအတွက်မှာ ပို၍များနေမည် ဖြစ်ကြောင်းကိုလည်း နားလည်လာကြ၏။
ယခင်က မိခင်အဖွဲဏ္ဍအစည်းထံ ပြန်ဝင်လာကြသူ အရေအတွက်မှာ နှစ်ယောက်စ သုံးယောက်စသာ ဖြစ်သော်လည်း ယခုလ စောစောပိုင်းမှာပင် ဒီကေဘီအေနှင့် ဟောင်သရောငြိမ်းချမ်းရေးအဖွဲ့မှ တပ်မှူးတပ်သားအချို့တသုတ်ပြီးတသုတ် ပြန်လည်ပေါင်းစည်းလာကြသည်ကို ကြည်နူးဝမ်း မြောက်ဖွယ်ရာ ကြားသိရသည်။ ပြန်ရောက်လာသူများကို အဖွဲ့အစည်းက နွေးထွေးစွာ ကြိုဆို၏။ လောလောဆယ် ပြန်ရောက်လာသည့် အရေအတွက်က အယောက် ၇၀ကျော်မျှသာ ရှိသော်လည်း ကြားလိုက်ရသည်မှာ အင်အား ၇၀၀ မက၊ ၇၀၀၀၊ ၇၀၀၀၀ မက ရရှိလိုက်သလို ဖြစ်၏။ ကရင်လူထုသည်လည်း ကရင် ကရင်ချင်း ပြန်လည်ပေါင်းစည်းသည့်အဖြစ်ကို လှိုက်လှိုက်လှဲလှဲ ကျေနပ်မဆုံး ဖြစ်နေကြပေလိမ့်မည်။ နောက်ထပ် ဆက်လက် ထွက်လာဦးမည့်သူများ အများအပြား ရှိနေသလို၊ ရန်သူတပ်တွင်းမှ ကရင်များသည်လည်း အရေးကြီးလျှင် သွေးနီးကြမည့်သူများ ဖြစ်လာပေလိမ့်မည်။

(၂)

ကရင့်တော်လှန်ရေးမှာ အမျိုးသား ဒီမိုကရေစီတော်လှန်ရေး ဖြစ်၏။ အမျိုးသားရေးနှင့် ဒီမိုကရေစီရေး၏ကေအဲန်ယူသည် အဓိကအားဖြင့် အမျိုးသားရေးကို ပို၍ရှေ့တန်းတင် ကြိုးပမ်းခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။ ယနေ့လက်ရှိ ဒီကေဘီအေ၊ ဟောင်သရော ငြိမ်းချမ်းရေးအဖွဲ့၊ ဗိုလ်ချုပ်ဌေးမောင်အဖွဲ့ စသည့်အဖွဲ့အစည်းများမှာ ယခင်က ကေအဲန်ယူနှင့် ကေအဲန် အယ်လ်အေများဖြစ်ကြ၏။ အခြားအမျိုးသားများ နည်းတူ မိမိတို့အမျိုးသားများ တန်းတူညီမျှ ရရှိပိုင်ခွင့်၊ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးနိုင်ခွင့်တို့အတွက် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးနှင့် ကေအဲန်အယ်အေ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်သို့ ၀င်ရောက်လာခဲ့ကြသူများ ဖြစ်သည်။

နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့သော အဖွဲ့အစည်းကြီးအတွင်း အကျင့်စရိုက်ပေါင်းမျိုးစုံ ရောပြွမ်းလျက်၊ ရသည့်သူတွေက တရားလွန်ရ၊ မရသောသူတွေကတော့ ငတ်ပြတ်နေ စသဖြင့် ထက်အောက်မညီမျှမှု၊ ဗျူရိုကရက်ဆန်မှု၊ လက်ဝါးကြီးအုပ်လိုမှု၊ ဆရာမွေး တပည့်မွေး ဂိုဏ်းခွဲလိုမှုများကို ကြုံလာကြရပြီး။ အခွင့်ကောင်းကိုစောင့်နေသော ရန်သူ၏ ဘာသာရေးအရ သပ်လျှိုမှု။ သွေးခွဲမှု၊ အကြိုက်ပေးစည်းရုံးမှုများ ၀င်ရောက်ပေါင်းစပ်လိုက် သောကြောင့်သာ ဒီကေဘီအေအဖွဲ့ ဟောင်သရောအဖွဲ့ စသည်တို့ ပေါ်ထွက်လာခဲ့ရခြင်း ဖြစ်သည်၊ သို့ရာတွင် ဆယ်စုနှစ်ပေါင်းများစွာ ကေအဲန်ယူအတွင်း ရပ်တည်လုပ်ကိုင်လာခဲ့သည့်အလျောက် ဒီကေဘီအေ၊ ဟောင်သရောအဖွဲ့၊ ငြိမ်းချမ်းရေးအဖွဲ့ စသည်တို့မှ တပ်မှူးကြီးငယ်တို့၏ရင်တွင်း၌မှန်ကန်သော ကရင့်အမျိုးသားရေးစိတ်ဓာတ်မှာ ခိုင်မာစွာ အမြစ်တွယ်လျက်ရှိနေမည် ဖြစ်လေသည်။

စစ်အုပ်စု၏ ခြေလှမ်းကို နှစ်အတော်ကြာကပင် ဒီကေဘီအေနှင့် ငြိမ်းချမ်းရေးအဖွဲ့တို့က ရိပ်မိလာခဲ့ကြသည်။ န၀တ တပ်တွင်းမှ အောက်ခြေ တပ်မှူးတပ်သားများ၏ သဘောထားကိုလည်း ၎င်းတို့နှင့်လက်တွဲပြီးနောက် လအနည်းငယ် အကြာမှာပင် သိရှိလာခဲ့ကြပြီးဖြစ်သည်၊ ၎င်းတို့အား အခြေအနေတရပ်ကြောင့် ပါစားပေးခြင်းခံထားရသည်ကို မကျေမနပ်ဖြစ်နေခဲ့ကြသည့် န၀တ၊ နအဖ တပ်ဗိုလ်တပ်သားတွေ များစွာရှိကြောင်းကိုလည်း နားလည်ထားကြသည်။

(၃)

န၀တက ၎င်းတို့၏ ရည်မှန်းချက် မအောင်မြင်သေးမီ ဒီကေဘီအေနှင့် ငြိမ်းချမ်းရေးအဖွဲ့တွေကို သည်းခံလိုက်လျောကာ ၎င်းတို့လုပ်ငန်းဆောင်တာများ ပြီးဖို့နီးလာသည့်အချိန်မှာတော့ ဒီကေဘီအေအပေါ် လျှော့ထားသည့် ကြိုးကို တစထက်တစ တင်းအောင်ရစ်လာခြင်းဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး ၎င်းတို့နှင့် ပူးပေါင်းသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ပုလိပ်လိုလို၊ လုံခြုံရေးလိုလို အနေအထားမျိုး ဖြင့် နယ်ခြားစောင့်တပ်ရင်းတွေ လုပ်ခိုင်းမည့်အစီအစဉ်တွင်လည်း တပ်ရင်းတိုင်း၏ နအဖအရာရှိ ၃၀နှင့် ၎င်းတို့ တပ်များပါ ရော၍ ထားရှိမည် ဖြစ်သည်။ တိုင်းရင်းသားတပ်များအား ရာထူးအဆင့်အလိုက် ၎င်းတို့နအဖတပ်များလိုပင် လစာနှုန်းထား သတ်မှတ်လျက်ပေးမည်ဟု ဆို၏။

ဒီကေဘီအေတို့အနေဖြင့် စစ်အုပ်စုလက်အောက် ဒေသခံ နယ်ခြားစောင့်တပ်များအဖြစ်သာ စစ်အုပ်စုတို့ စိတ်တိုင်းကျ ရေးဆွဲထားသည့် အခြေခံဥပဒေပါ စည်းကမ်းနည်းလမ်းများအတိုင်း လိုက်ပါဆောင်ရွက်သွားရတော့မည် ဖြစ်လေသည်။
ဒီကေဘီအေကို အကျိုးရှိစွာ အသုံးချရမည်ဖြစ်သောကြောင့် ထိထိရောက်ရောက် လုပ်ဆောင်နိုင်စွမ်း အတန်ငယ် လျော့ပါး လာသည့် အသက် ၅၀ကျော်အရွယ်များကို ပင်စင်ပေးဖို့ရန်လည်း နအဖမှာ အစီအစဉ်ရှိထားသည်။ ၎င်းတို့အတွက် တွက်ချေ မကိုက်သည့် အလုပ်မျိုး၊ အလဟ ဿ စရိတ်ကုန်ကျရသည့် အဖြစ်မျိုးကို နအဖက မလိုလား၊ ပင်စင်ပေးခံရမည့် အသက် ၅၀ကျော် ကရင်တို့ လက်ထဲတွင် သေနတ်ကိုင်ဆောင်ခွင့်ပြုတော့မည် မဟုတ်ချေ။

အမျိုးသားချင်း တန်းတူညီမျှ ရရှိပိုင်ခွင့်အတွက် ဟူသောသဘောဖြင့် ဒီကေဘီအေနှင့် ငြိမ်းအဖွဲ့များအား အရင်းမစိုက်ရသော စီးပွားရေးလုပ်ငန်း လုပ်တတ်သည့် စစ်အုပ်စုက သူ့နည်းသူ့ဟန်ဖြင့် ပွဲလမ်းကျင်းပ၊ လောင်းကစားဝိုင်းများထောင်၊ အကောက်ယူ၊ စီးပွားရှာရန် လမ်းဖွင့်ပေးခဲ့သည်၊ စီးပွားရေးချွတ်ခြုံကျနေသော ဗမာပြည်သားတို့မှာ ထွက်ပေါက်အဖြစ် တပွဲတိုး အလွယ်လမ်းလိုက် သူဌေးဖြစ်ကြံကြရင်း ဖွတ်သထက်ညစ်သည့် အခြေအနေမျိုးသို့ရောက်ရှိသွားကြသည်၊ မိမိနယ်မြေအတွင်းမှ မိမိတို့အမျိုးသားလူငယ်များလည်း စာရိတ္တ ပျက်စီးကြရသည်။ အိုးပျောက်၊ အိမ် ပျောက်၊ ခြံပျောက်၊ လယ်ပျောက် ဖြစ်ကာ ဘ၀ရပ်တည်ရေးအတွက် ကြုံသလို လုပ်ကိုင်စားသောက်ရန် တဖက်နိုင်ငံသို့ ရောက်ရှိသွားကြသည်။

နအဖနှင့်အပေါင်းပါများ အဓိက လုပ်ကိုင်နေသည့် မူးယစ်ဆေးဝါး ဖြန့်ဖြူးသည့်လုပ်ငန်းများ၌ ဒီကေဘီအေအချို့လက်ဝေခံ ကယ်ရီနှင့် လက်လီ ဖြန့်ချိသူများအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့သည့် အကျိုးဆက်အဖြစ် နယ်စပ်ဒေသ မြို့၊ ရွာများနှင့် ဒုကသည်စခန်းများမှ လူငယ်များ မူးယစ်ဆေး ၀ါး၏ သားကောင်များအဖြစ် လူညွန့်တုံးရတော့မည့် အခြေအနေသို့ ရောက်လာကြသည်။ ကိုယ့်အမျိုးသား၏ အနာဂတ်ကို ကိုယ့်ဟာကိုယ် ပြန်လည် ပိတ်ဆို့မိခြင်း ဖြစ်လေသည်။ နအဖစစ်အုပ်စုကတော့ အနာဂတ် ဗမာပြည်အတွက် အားကိုးအားထားပြုရမည့် လူငယ်များကို ဤအခြေအနေမျိုး ဖြစ်စေရန် တမင်ပင် တွန်းပို့ပေးခဲ့ခြင်းဖြစ်သည်။

မကြာမီကာလမှာတော့ န၀တက ဒီကေဘီအေအား လခစားနယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းလိုက်ပြီးလျှင် ဂိတ်အကောက်ယူ ခွင့်နှင့် အာဝါဒေး ပွဲလမ်းများကျင်းပ၊ လောင်းကစားဒိုင်များ ဖိတ်ကာ အခွန်အတုပ်ယူလျက် လွတ်လပ်စွာ စီးပွားရှာ လုပ်စားခွင့်များကိုလည်း ပိတ်ပင်မည်ဖြစ်၏၊ ၎င်းတို့အား ၀န်ထမ်းများအဖြစ် လခပေးလိုက်ပြီးဖြစ်၍။ ၀င်ငွေရရှိမည့်ကိစ္စများကို နအဖစစ်အုပ်စုကသာ ချုပ်ကိုင်ထားလိုက်တော့မည် ဖြစ်သည်။ ထိုအခါတွင် ကိုယ့်ဘ၀ရပ်တည်ရေး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်မှာလည်း ပျောက်ဆုံးသွားမည် ဖြစ်လေသည်။

န၀တအရာရှိအဆင့်ဆင့်. ထိန်းချုပ်မှုအောက် နေထိုင်ရမည် ဖြစ်သောကြောင့် ကိုယ့်အဖွဲ့နှင့်ကိုယ် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်မှာလည်း အလိုလို ပျောက်ဆုံးသွားမည်ဖြစ်သည်။ သီးခြားလွတ်လပ်စွာ ရပ်တည်နေသော ကရင်အဖွဲ့အစည်းဆိုသည့် အမျိုးသားရေး အနာဂတ် ရည်မှန်း ချက်များလည်း ပျက်စီးသွားမည်ဖြစ်ပြီး မိမိတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ဘာသာစကား စသည်တို့အပေါ် တန်ဖိုးထား လေးစားတတ်သော အမျိုးသားရေး အသိစိတ်ဓာတ်များ၊ ရဲဘော်ရဲဘက် သံယောဇဉ်များ၊ အချင်းချင်း ရင်းနှီးချစ်ခင် ယုံကြည်ကိုးစားမှုများပါ လျော့ပါးပျက်ပြယ်သွားအောင် စစ်အုပ်စုက ပုံသွင်းလိုက်ခြင်းဖြစ်သည်၊

ဘာသာရေးအရ အဖိနှိပ်ခံရသည်ဟူသော အကြောင်းပြချက်ဖြင့် ကေအဲန်ယူမှ ခွဲထွက်လာခဲ့သော ဗုဒ္ဓဘာသာအဖွဲ့မှာ ဗမာပြည် ရွှေဝါရောင် တော်လှန်ရေးအတွင်း ဘုန်းတော်ကြီးအများအပြား ဖိနှိပ်ဖမ်းဆီးခံရ၍နယ်စပ်သို့ ပြေးလာကြသည့်အဖြစ်ကို မကူနိုင် မကယ်နိုင်ခဲ့။ ဘာသာ၊ သာသနာ နှင့် သံဃာတော်များအပေါ် နအဖစစ်အုပ်စုတို့ ကျူးလွန်စော်ကားသမျှကို မျက်စေ့စုံမှိတ်လျက် ကြေကွဲစွာ ကျောခိုင်းနေခဲ့ရ၏။ မိမိတို့သာ ညီညွတ်ပါက နအဖတို့ ထိုမျှအထိ ကျူးကျော်စော်ကားမှု မပြုနိုင်။ ဗုဒ္ဓဘာသာ ကရင်အမျိုးသား၊ တန်းတူညီမျှ ရပိုင်ခွင့်ကို လိုလားသူ၊ ငြိမ်းချမ်းရေးကို မြတ်နိုးသူ၊ ကရင်အမျိုးသားတို့၏ တိုးတက်ကြီးပွားမှုကို ရှေ့ရှုသူများဟု မိမိတို့ကိုယ် မိမိတို့ ခံယူထားကြသူများအနေဖြင့် န၀တစစ်အုပ်စု၏ ချုပ်ကိုင်ကျွန်ပြုမှုအောက် ရောက်လုတည်းတည်းအခြေအနေကို သိမြင်လာကြပြီဖြစ်လေသည်။

(၄)

အထင်ကရ ရပ်တည်လာခဲ့သော သမိုင်းဝင် ကရင်အဖွဲ့အစည်းကြီးနှင့် ကရင်လူမျိုးတို့အား မျိုးဖျောက်၊ ကျွန်ဇာတ်သွင်းရန် ကြိုးစားလာသည့် စစ်အုပ်စု၏ ကရင်ပြည်နယ် ထိုးစစ်ကို ပြန်လည် အမှုန့်ချေနိုင်ရေး ကိုယ့်ကိုယ်ကိုယ် ကရင်မှန်းသိလာကြသည့် ကရင် ကရင်ချင်း ပြန်လည် လက်တွဲရတော့မည် ဖြစ်သည်။ ကရင်တို့၏ စုစည်းညီညွတ်စွာပေါင်းစည်းမှုသည် အခြားသော တိုင်းရင်းသားအဖွဲ့အစည်းများကိုပါ ကူးစက်ပျံ့နှံ့သွားမည်ဖြစ်ပြီး ပြည်သူလူထုကြီး တရပ်လုံးအနေဖြင့်လည်း စစ်အုပ်စုလက်အောက်မှ ရုန်းထွက်နိုင်ရေး အားကိုးအားထားလောက်သည့် အင်အားများကို ရရှိနိုင်မည်ဖြစ်လေသည်၊

န၀တတပ်တွင်း၌ စစ်အုပ်စု၏ လုပ်ရပ်ကို မနှစ်မြို့သော တပ်မှူးတပ်သားကောင်းတွေ အများအပြား ရှိနေရာ ၎င်းတို့၏ ပူးပေါင်းပါဝင်လိုမှုကိုလည်း လမ်းဖွင့်ပေးထားရမည်ဖြစ်သည်။ ၈၈ အရေးအခင်းတုန်းကလို လူထုအုံကြွမှုကြီးမျိုး တဖန်ပြန်လည် ဖြစ်ပေါ်လာတော့မည့်အချိန်သည် များစွာမဝေးတော့ချေ။ သမိုင်းဘီး တပတ်ပြန်လည်မည့်အချိန်ကို အသင့်ပြင်ဆင်စောင့်စားလျက် တက်ကြွပီပြင်စွာ ပါဝင်လိုက်ဖို့ရန်မှာ ဒီမိုကရေစီရေးနှင့် အမျိုးသားလွတ်မြောက်ရေးကို လိုလားသော ဗမာပြည်သားတိုင်း၏တာဝန်ရှိနေမည်ဖြစ်သည်။

အရေးကြုံပါက ဗမာတပြည်လုံးကို မီးလောင်တိုက်သွင်းပြီး နောက်လိုက်နောက်ပါ အချိ့နှင့်အတူ ကိုယ်လွတ်ရုန်း မြေကျင်းအောင်းဖို့ရန် ပြင်ဆင်ထားသော စစ်အုပ်စု၏ကိုယ်ကျိုးငဲ့ြေုကာက်ရွံ့မှုကိုသိရှိလာကြရသော ဗမာပြည်သားများအနေဖြင့် ၎င်းတို့နှင့် ထိုက်တန်သည့် လမ်းကြောင်းသို့ ပို့ဆောင်ပေးကြရတော့မည် ဖြစ်သည်၊
လူဟူ၍ ဖြစ်လာလျှင် လူဆန်သော အသိတရား ထားရှိရမည် ဖြစ်သည်၊ တိရိစ္ဆာန်နှင့် လူ ကွာခြားသည်မှာ မိမိရှင်သန်ရပ်တည်ရသော လောကကို ကောင်းကျိုးရှိစေရန် တတ်အားသမျှ ကြံစည်လုပ်ဆောင်မှုပင်ဖြစ်သည်။ ကောင်းကျိုး တစုံတရာမျှ မလုပ်နိုင်သော လူ၏အဖြစ်သည် စား၊ အိပ်၊ မေထုံသာ ပြုကျင့်တတ်သည့် တိရိစ္ဆာန်နှင့် မခြား။
လူသည် မိမိသမိုင်းကို မိမိလုပ်ဆောင်ချက်ဖြင့် ရေးရမည်ဖြစ်သည်။ မကောင်းမှုများလုပ်ပြီး မှားမှန်းသိသော်လည်း မိုက်မဲစွာ ဇွတ်တိုး လုပ်ကိုင်သည့် အပြုအမူသည် လူ့အပြုအမူ မဟုတ်။ လူဟူသည်မှာ အမှားကို မြင်လျှင် အမှန်ပြန်ပြင်တတ်သည့် စိတ်စေတနာကောင်း ရှိရမည်ဖြစ်သည်။ မိမိတို့သမိုင်း၏စွန်းထင်းခဲ့သည့် အမဲစက်များကို ပြန်လည် ချေဖျက်နိုင်အောင်၊ ယိုင်နဲ့နေသော မိမိတို့သမိုင်းကြောင်းကို ပြန်လည်တည့်မတ်နိုင်အောင် ကြိုးစားကြရမည်ဖြစ်လေသည်။

ဖါးစည်သံ

ဤဆောင်းပါးကို ကေအိုင်စီသတင်းမှ ကိုးကားဖေါ်ပြထားပါသည်။

ကေအန်ယူ တပ်မဟာ (၅) ကို တိုက်ခိုက်ရှင်းလင်းဖို့  ဒီကေဘီအေကို စစ်အစိုးရ ကညွန်ကြား

2009-09-02
မြန်မာစစ်အစိုးရတပ်တေဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ကိုးကန့်  နယ်မြေမှာ ထိုးစစ်ဆင်ခဲ့သလို မကြာခင်မှာ ကေအိုင်အို ကချင်ပြည်နယ် လွတ်မြောက်ရေးတပ်ဖွဲ့ ကိုပါ တိုက်ခိုက်ဖို့  ပြင်ဆင်နေတယ်လို့  နယ်စပ်စစ်ရေးအကဲခတ်တွေကပြောပါတယ်။ ဒီအတောအတွင်း ကေအန်ယူ ကရင်အမျိုးသားတွင်း တပ်မဟာ (၅) ထိန်းချုပ်ရန်နယ်မြေကို အပြီးသတ် တိုက်ခိုက် ရှင်းလင်းဖို့  စစ်အစိုးရက ဒီကေဘီအေအဖွဲ့ ကိုညွန်ကြားထားတယ်လို့  သိရပါတယ်။
ကေအန်ယူ တပ်မဟာ (၅) နယ်မြေကိုသိမ်းယူနိုင်ဖို့  စီစဉ်တာဟာ သစ်ထုတ်လုပ်ရေး အပါအဝင် စီးပွားရေးနဲ့  တခြားရည်ရွယ်ချက်တွေရှိတယ်လို့  ကေအန်ယူက ပြောပါတယ်.
ကေအန်ယူ ပြောခွင့်ရ ဗိုလ်မှူးကြီးစောလှငွေကို RFA အဖွဲ့ သားကို ကျော်ကျော်အောင်ကဆက်သွယ်မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်အသံဖိုင် ရယူရာ
http://www.rfa.org/burmese/news/regime_gives_attack_order_to_karen_groups-09022009162944.html

Wednesday, September 2, 2009

Baby Number 19 On The Way For Reality TV Mum

A US mother has discovered she is pregnant with her 19th child weeks before she is due to become a grandmother.

The ever-expanding Duggar family
Michelle Duggar from Tontitown, Arkansas, is expecting the new arrival in March next year.

The 42-year-old and her husband Jim Bob, who run a commercial property business, are the stars of their own reality TV show 18 Kids And Counting.

Mrs Duggar suspected she could be pregnant after her youngest child, eight-month-old Jordyn-Grace, became fussy while feeding on breast milk.

The veteran mum knew from past experience this was a sign she could be expecting again so she took a pregnancy test and was "pleasantly surprised" to find it was positive.


"I was just jumping up and down going, 'Thank you, Lord. Here am I - 42, thinking my baby days are over - and you've blessed us with another one'," she said.

Mrs Duggar said her health is fine as the pregnancy progresses just like the previous 18 albeit with bouts of morning sickness.

"I am just so grateful that I have good health thus far and I'm just enjoying playing with my kids every day," she said.

As well as preparing for her own baby, Mrs Duggar is gearing up to become a grandmother for the first time next month.

Her eldest son Josh, 21, and his wife Anna are expecting a baby girl, whom they plan to name Mackynzie, on October 18.

Meanwhile, the Duggars are considering name suggestions for the youngster who will join their family of 10 boys and eight girls, whose names all start with the letter J.

Along with Josh and Jordyn-Grace, the brood already includes: twins Jana and John-David, 19, Jill, 18, Jessa, 16, Jinger, 15, Joseph, 14, Josiah, 13, Joy-Anna, 11, twins Jeremiah and Jedidiah, 10, Jason, 9, James, 8, Justin, 6, Jackson, 5, Johannah, 3, and Jennifer, 2.

Activist say recent clashes may link to Chinese planned Salween dam

Tuesday, 01 September 2009 17:14 Hseng Khio Fah
The three days of heavy clashes, 27-29 August, between the Burma Army and Kokang may link to Chinese plans to build the Upper Salween Dam also known as Kunlong Dam in northern Shan State, near Kokang territory, according to Sai Khur Hseng, Spokesperson of Shan Sapawa Environmental Organization.

Today, the Shan Sapawa together with the Salween Watch coalition of environmental groups released a statement to call on China to immediately halt all their investments in the dam.


The recent clashes which killed about 200 people and caused over 30,000 refugees to flee to China took place just east of the town of Kunlong, about 15 km from the planned dam site, said the statement.

“The renewed fighting and refugee influx into Yunnan should be a wake-up call to China about the risks of investing in Burma,” said Sai Khur Hseng.

According to the statement, a team of Chinese and Burmese technicians have been conducting feasibility studies for the proposed dam, 25 km from the Chinese border, which is estimated to produce 2,400 MW, after the plans to construct the dam were announced in April 2007 by two Chinese companies, Hanergy Holding Group (formerly Farsighted Investment Group) and Gold Water Resources Company.

“Trees were being cut down for the construction site,” Sai Khur Hseng said.

The Kunlong dam is one of five mega dams being planned on the Salween in Burma by the ruling military and Chinese and Thai companies, to produce electricity to be sold to China and Thailand. The other mega dam being planned in Shan State is the giant 7,110 MW Tasang dam, 100 km from the Thai border.

In early August, more than 10,000 villagers from townships near the Tasang dam site were forcibly relocated and over 500 houses were burned down by the recent junta’s scorched earth campaign.

Likewise, if China still plans to continue the project, lots of people will be forced to relocate and die as both investors and the military will clear everything that may be in the way of their plans, Sai Khur Hseng said.

“China will halt its investments in the dam if it had not been working hand in glove with the junta during the offensive against Kokang,” he added.

The clashes between the Burma Army and Kokang followed after the Burma Army sent an armed force ostensibly to investigate reports of Kokang force having an arms factory on 8 August.

Tension between the ceasefire groups and the ruling military junta has been growing since April when the former were demanded to transform themselves into Burma Army run Border Guard Forces.

Tuesday, September 1, 2009

အပြောလွယ်သလောက် အကောင်အထည်ဖော်ရခက်နေ တဲ့ အမျိုးသားညီညွတ်မှု

အဲခေါင်သောင့်၊ သြဂုတ်လထုတ် သနူးထူးဂျာနယ်၊ ၂၀၀၉ခုနှစ်

ယခုတလော မြန်မာပြည်အကြောင်း အဓိကဖော်ပြသည့် မီဒီယာမျက်နှာစာမှာ ဒီကေဘီအေနှင့် ကေအဲန်ယူ ဘတပြန် ကျားတ ပြန်နဲ့  သူနိုင်ကိုယ်နိုင် အနိုင်ကြဲနေကြတဲ့ သတင်းတွေကို တော်တော်များများ ဖတ်ရပါတယ်။ ကျနော့ရဲ့ ဘလော့ထဲမှာလည်း အဲဒီ သတင်းတွေကို အဓိကထား ဖော်ပြထားပါတယ်။ ဒါတွေကတော့ ကိုယ့်ပေါင်ကို ကိုယ်လှန်ထောင်းတာတော့ မဟုတ်ပါဘူး။ ကရင် အချင်းချင်း တိုက်နေကြတယ်။ ခိုက်နေကြပါတယ်။ မညီညွတ်ကြဘူး။ အဲဒါတွေကို ကြားတိုင်း ကရင်တယောက်ပီပီ စိတ်မချမ်း သာမိတာတော့ အမှန်ပဲ။
ဒီအကြောင်းတွေကို ကရင်တွေအားလုံးတိုင်း သိသင့်ပြီး သုံးသပ်ဝေဖန်ချက်တွေ ပေးသင့်ပါတယ်။ အခုတိုက်ခိုက်နေကြတာလည်း သူမနာကိုယ်မသာတဲ့ အပြန်အလှန်ထိခိုက်သေကြေမှုတွေပဲ အဖတ်တင်ခဲ့ကြရတယ်။ ကိုယ့်အမျိုး သားတွေအပေါ် ဘာမှအထောက် အကူမဖြစ်ပါဘူး။ သက်ဆိုင်တဲ့ အဖွဲ့ အနေနဲ့  မိမိတို့ အပြန်အလှန်တိုက်နေခိုက်နေကြတာကို ပြန်လည်သုံးသပ်ပြီး နည်းလမ်း များကိုလည်း ရှာဖွေသင့်ပြီလို့ ယူဆမိပါတယ်။ ကရင့်တော်လှန်ရေး စတင်ပေါက်ဖွားလာကတည်းက တလျောက်လုံးကွဲ ပြားလာခဲ့ရ တာတွေကို ယခုအချိန်မှာ ရပ်တန်းက ရပ်သင့်ပါပြီ။

မိမိတို့ အချင်းချင်းရန်ဖြစ်နေကြတာဟာ ဘာအ ကျိုးမှ မရဘူးဆိုတာကိုလည်း သမိုင်းက သက်သေပြခဲ့ပါပြီး။ တကယ်တော့ ကရင်အမျိုးသားတွေဟာ ၁၉၄၉ခုနှစ် ကရင်တော်လှန် ရေးစတင်တဲ့ အချိန်ကတည်းက ယနေ့ တပ်မဟာ ၇မှူးဟောင်း ဘိုထိန် မောင် နအဖနဲ့ ပူးပေါင်းတဲ့အချိန်အထိ တော်လှန်ရေးတ လျောက်မှာ အကွဲအပြဲများစွာကို တွေ့ ခဲ့ရတယ်။ ၁၉၄၉ခုနှစ် တော် လှန်ရေးစတင်ပေါက်ဖွားလာတဲ့အချိန်ကလည်း ကရင်လူငယ်ကေ၀ိုင်အိုနဲ့  မိခင်အဖွဲ့ အစည်း ကေအဲန်ယူတို့  အယူအဆရေး ရာ ကြောင့် မညီညွတ်ခဲ့ကြလို့  ကရင်တွေ မျော်မှန်းတဲ့ ပန်းတိုင်ကို မရောက်ခဲ့ဘူး။

နောက်ပြီးတော့ ကေအဲန်ယူပီနဲ့ အရှေ့ တိုင်း ကေအဲန်ယူတွေလည်း အသက်သွေးချွေးအများအပြားရင်းပြီး တိုက်ခိုက်ကြပါတယ်။ ၁၉၆၂ခုနှစ်ရောက်ပြန်တော့လည်း ခေါင်းဆောင်တွေ အယူအဆရေးရာတွေကြောင့် မုဆိုးကော်ကဆာဦးဆောင်တဲ့ ကေအာစီအဖွဲ့ စစ်အစိုးရနဲ့ ပေါင်းကာ မိခင်ကေ အဲန်ယူနဲ့ အပြန်အလှန်တိုက်ခိုက်ခဲ့ကြပြီး နောက်ပိုင်းတော့လည်း ဘာအကျိုးမှ မရခဲ့ပါဘူး။ ဒါတွေက တန်းဖိုးဖြတ်မရနိုင်တဲ့ သွေး တွေနဲ့ ရင်းနှီးရတဲ့ သင်ခန်းစာတွေပဲ။

ဒါတွေကိုလည်း သင်ခန်းစာမယူနိုင်ကြပဲ ၁၉၉၅မှာ ဆုံးရှုံးမှုတွေအများကြီး ဖြစ်ခဲ့ရတဲ့ အကွဲအပြဲကို တွေခဲ့ရပါတယ်။ ဒီကွဲပြဲမှု ဟာတွေ အယူအဆရေးရာတွေထက် ဘာသာရေးကို အခြေခံခဲ့တဲ့ ကွဲပြဲမှုကြီး ဖြစ်နေတယ်။ ဒီကွဲပြဲမှုတွေ နောက်ပိုင်း တော်လှန် ရေးရဲ့ အကြီးဆုံးနဲ့ အခိုင်မာဆုံး စခန်းတခုဖြစ်တဲ့ မာနယ်ပလောစခန်းကြီးအပါအ၀င် တော်လှန်ရေး နယ်မြေအများအပြား ဆုံးရှုံးခဲ့ ရသလို ဒီကေဘီအေဆိုတဲ့ ကရင်အဖွဲ့ အစည်းသစ်တဖွဲ့ လည်း ပေါ်လာခဲ့ရပါတယ်။

ဒီအထဲမှာ အဆိုးထဲက အကောင်းယူရ မယ် ဆိုရင် သင်ခန်းစာတွေအများကြီးတော့ ယူလို့ ရပါတယ်။ ဘာကို သင်ခန်းစာ ယူရမလဲဆိုတော့ အမျိုးသားအကျိုးကို ဆောင်ရွက်တဲ့ နေရာမှာ အမျိုးသားအရေးကိုပဲ ရှေ့ တန်းတင်ပြီး တခြားအရေးတွေနဲ့ မရောယှက်သင့်ပါဘူးဆိုတာပါပဲ။ အာနာရှင်ကို ယုံကြည်မိလို့  အာနာရှင်တွေနဲ့ ပေါင်းခဲ့တဲ့ ကေ၀ိုင်အိုတို့ အဖွဲ့ လို ကေအာစီတို့ အဖွဲ့ လိုကျတော့ ပြည်တွင်းဥပဒေ ဘောင်ထဲမှာနေပြီး ကရင်အမျိုးသားအရေးကို ဘာမှ မယ်မယ်ရရ မလုပ်ပေးနိုင်တဲ့အပြင် အာနာရှင်အဆက်ဆက်ရဲ့ ၀ါးမြိုမှုကို ခံ ရပြီး အဆုံးမှာတော့ ထန်းလျက်ခဲကို ခွေးယက်သလို လုံးပါးပါးဖြစ်ကာ ပျောက်ကွယ်သွားခဲ့ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ယခုဒီကေဘီအေခွဲထွက်လာတာ ဟာလည်း ၁၃နှစ်ကို ရောက်နေသော်လည်း ကရင်အမျိုးသားအကျိုးကို ဘာမှ ထိထိရောက် ရောက်လုပ်ပေးနိုင်တာ မတွေ့ ရပဲ ကေအဲန်ယူကရင်အဖွဲ့ ကို ပြန်တိုက်ခိုက်နေရတဲ့ သားကောင်တွေ ဖြစ်ခဲ့ရပါတယ်။ စစ်အစိုး ရအနေနဲ့ ၎င်းတို့ အပေါ် ဘယ်လိုသ ဘောထားလဲဆိုတာ ရှင်းရှင်းဘွင်းဘွင်း မမြင်ရပေမယ့်လည်း တနေ့ ဆိုတဲ့အချိန်ကိုရောက် လာမှပဲ သူ့ ရဲ့သဘောထားကို မြင်ရမှာ ဖြစ်တယ်။ မင်းသားရုပ်ဆောင်းထားတဲ့ ဘီလူးဟာ တနေ့ တချိန်မှာတော့ ဘီလူးမှန်း သိ လာပါလိမ့်မယ်။

ယခုလည်း ဒီကေဘီအေက ကေအဲန်ယူကို လာတိုက်တယ်။ ကေအဲန်ယူက ဒီကေဘီအေကို သွားတိုက်တယ်ဆိုတာကလည်း န အဖတွေရဲ့ ပယောဂတွေအများကြီးပါပါတယ်။ ယခုအခါမှာ နအဖက ကေအဲန်ယူကို တိုက်ရိုက်တောင်တိုက်စရာမလိုတော့ပါဘူး။ နအဖက ဒီကေဘီအေတွေကို စီးပွားရေးမက်လုံးတွေပေး အခွင့်အရေးတွေ ပေးပြီး ကေအဲန်ယူကို တိုက်ခိုင်းပါတယ်။ အပျော့နည်း တမျိုး၊ အကြမ်းနည်းတမျိုးနဲ့ နည်းအမျိုးမျိုးသုံးကာ ကရင် ကရင်ချင်း ပြန်တိုက်ခိုက်နိုင်အောင်တမင်ဖန်းတီးနေကြပါတယ်။ ဒါ တွေကို ကရင်တိုင်း ကိုယ့်ကိုယ်ကို မသိခဲ့ကြပဲ ဓါးစာခံတွေ ဖြစ်နေရပါတယ်။

ယခုကေအဲန်ယူရဲ့ ၁၄ကြိမ်မြောက် ကွန်ဂရက်ကြီးလည်း ပြီးဆုံးပြီး ခေါင်းဆောင်အသစ်တွေလည်း တက်လာတာကို တွေ့ နေရပါ တယ်။ ဒီခေါင်းဆောင်သစ်တွေရဲ့ အမျိုးသားစည်းလုံးညီညွတ်မှုကို ဘယ်လိုပုံစံနဲ့ အကောင်အထည်ဖော်သွားမလဲဆိုတာကို ကရင် တမျိုးသားလုံးက စိတ်ဝင်တစား နားစွင့်နေပါလိမ့်မယ်။ အမျိုးသားစည်းလုံးညီညွတ်မှုအပေါ်မှာ ထားတဲ့ ခေါင်းဆောင်တွေရဲ့ သ ဘောထားက တကယ်အဓိကကျတယ်မဟုတ်ပါလား။

လုပ်ကြံမှုကြောင့် သေဆုံးသွားခဲ့ရတဲ့ ကေအဲန်ယူအထွေထွေအတွင်းရေးမှူး ချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းရဲ့ ၆ကြိမ်မြောက်က ရင်စည်းလုံးညီညွတ်ရေးနှီးနှောဖလှယ်ပွဲမှာ ဒီကေဘီအေအပါအ၀င် ကွဲပြားနေတဲ့ ကရင်အဖွဲ့ အစည်းတွေအပေါ်ထားတဲ့သဘော ထားကို အခုချိန်ထိ ကြားယောင်မိပါသေးတယ်။ သူ့ ရဲ့ သဘောထားကတော့ အ ချက်သုံးချက်ကို လက်ခံနိုင်ရင် ကေအဲန်ယူအဖွဲ့ က အမြဲပဲ ကြိုဆိုနေပါတယ်ဆိုတာပါပဲ။

အဲဒီအချက်သုံးချက်ကတော့ ၁။ ကေအဲန်ယူကို မဆန့် ကျင်မတိုက်ခိုက်ရ။ ၂။ ကရင်အမျိုးသားကို ဖိနှိမ့်အနိုင်မကျင့်ရ။ ၃။ နအဖခိုင်းတာကို မလုပ်ရဆိုတာပါပဲ။ ဒီအချက်တွေကတော့ သဘာဝကျနေပေမယ့် ဒီကေဘီအေရဲ့ ရပ်တည်ချက်တွေနဲ့  ဆန့် ကျင်နေတာတွေကို တွေ့ ရတယ်။ ဒီအချက်တွေအားလုံး ဒီကေဘီအေရဲ့ ရပ်တည်ချက်တွေအားလုံးနဲ့  ဆန့် ကျင်နေပါတယ်။ နောက် တချို့ အပိုင်းတွေမှာ ဒီကေဘီအေက ကိုယ့်ကရင်အမျိုးသားတွေကို ဖိနှိမ့်နေတဲ့သတင်းတွေ အမြဲပဲကြားနေရတယ်၊ ကဲအဲဒါဆိုရင် ကျနော်တို့ ဘယ်လို ညီညွတ်မှုကို အကောင်အထည်ဖော်ကြမလဲ။

တဖက်ဒီကေဘီအေဘက်က အမြင်တွေဆိုရင်လည်း ကေအဲန်ယူလူကြီးတွေအပေါ် အားကိုးယုံကြည်တဲ့ စိတ်တွေ နည်းတာကို တွေ့ နေရတယ်။ ဒါတွေကလည်း ယခင်အကွဲအပြဲစဖြစ်တဲ့(သူးမွဲထာအရေးအခင်း)အချိန်က လူကြီးတွေရဲ့ လုပ်ဆောင်မှုတွေတချို့ ကြောင့်ပါ။ ဒီကေဘီအေအများစုက ကေအဲန်ယူခေါင်းဆောင်တွေကို ဘာသာရေးအစွဲကြီးမှု၊ လူနည်းစုတွေကို ခွဲခြားတဲ့စိတ်ရှိနေတဲ့ ခေါင်းဆောင်တွေလို့ ပဲ ယခုအချိန်ထိ မြင်ခဲ့ကြပါတယ်။ ၁၀နှစ်ကျော်လာပေမယ့်လည်း ဒီကေဘီအေတွေထဲမှာ အဲဒီအမြင်တွေ လွမ်းမိုးနေတုန်းပါပဲ။

သူးမွဲထာအရေးအခင်းက လူကြီးတချို့ မရှိတော့ပေမယ့်လည်း ကေအဲန်ယူထိပ်ပိုင်းကို မကောင်းမြင်တဲ့ စိတ်တွေဟာ ဒီကေဘီအေရဲ့ ခေါင်းတွေထဲမှာ သံမှိုလို စွဲနေတာကို တွေ့ ရတယ်။ ဒါတွေကလည်း နအဖအတွက် ကောင်းတဲ့လင်္ကနာတခုပါပဲ။ ဒီကြားထဲမှာ နအဖက အယူအဆရေးရာတွေနဲ့  သဘောတရားရေးရာတွေကို ချပြပြီး ကရင်တွေ မစည်းလုံးနိုင်အောင် လုပ်နေမှာတော့ မြေကြီးလက်ခတ်မလွဲပါပဲ။

ဒါတွေကို ပြန်ကြည့်မယ်ဆိုရင် ကေအဲန်ယူခေါင်းဆောင်ပိုင်းတွေအနေနဲ့ သဘောထားကြီးတဲ့ စိတ်ကို ပိုပြသဖို့ လိုပေလိမ့်မယ်။ စည်းလုံးချင်တဲ့ စိတ်ထားကိုလည်း ပိုပြသင့်နေပါတယ်။ စည်းလုံးမှုတွေကို ကျနော်တို့ ကရင်အမျိုးသားတွေမှာ နေရာအများ အပြားမှာ ပြောနေကြဆိုနေကြပေမယ့်လည်း တကယ့်ကရင်စည်းလုံးမှုကိုတော့ ကရင်ပြည်သူတွေတခါမှ မခံစားခဲ့ရပါဘူး၊ တ ကယ်တော့ စည်းလုံးမှုဟာ အပြောလွယ်သလောက် အကောင်အထည်ဖော်ရခက်တဲ့ အရာတခုလို ကရင်အမျိုးသားတွေမှာ ဖြစ်ခဲ့ ရပါတယ်။
စည်းလုံးမှုကို လိုလားတဲ့
အဲခေါင်သောင့်

Monday, August 31, 2009

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး(၇၅)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကျင်းပ။.

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၃လ၊

(၇၅)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။

ဂျပန် ရောက် ဗမာပြည်သူပြည်သားများ တိုင်းရင်းသား ညီအကိုမောင်နှမများ အဖွဲ့စည်းအသီးသီးမှ ညီအကိုမောင်နှမများ ပူပေါင်းပါဝင်ကြရာ အယောက် ၁၃၀ခန့် တက်တက်ကြွကြွ ပူးပေါင်း ပါဝင်ခဲ့ပါသည်။

KNU တပ်မဟာ (၇) မှ DKBA ကို လယ်ဘော်ဟဲဂွင်တွင် ပြောက်ကျားစစ်ဆင် တိုက်ခိုက်

KNU တပ်မဟာ (၇) မှ DKBA ကို လယ်ဘော်ဟဲဂွင်တွင် ၂၀၀၉ ခုနှစ် သြဂုတ်လ၊ ၂၈ ရက်နေ့ နံနက် ၉ နာရီမှာ ပြောက်ကျားစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲဖြစ်တာ ၁၅ မိနစ်လောက်ကြာပါတယ်။ DKBA ၉၉၉ ဘက်မှ ၅ ယောက်ကျဆုံးပြီး ၁၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။ KNU ဘက်ကတော့ ဘယ်သူ့မှတော့ ထိတယ်ဆိုတဲ့ အသံ မကြားရဘူး။ ထိုင်းနယ်မြေထဲကို လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

အခုတိုက်ပွဲဖြစ်တဲ့နေရာက အရင်လွန်ခဲ့တဲ့ ၃ လလောက်ကတည်းက DKBA နဲ့ နအဖတို့က သိမ်းထားတဲ့နေရာဖြစ်ပါတယ်။ ယခုအချိန်ထိ အဲဒီနေရာတွေမှာ DKBA တွေဟာ နေ့စဉ် KNU မှ ပြောက်ကျားပစ်တာကို ခံနေရပြီး နေ့တိုင်း တရက်ကို အနည်းဆုံး ၁ ယောက် ၂ ယောက်က ဒဏ်ရာရနေပါတယ်။ ထိုင်းမြေထဲကို DKBA ဘက် မှပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဆံတွေ ကျရောက်ပေါက်ကွဲတာကြောင့် ထိုင်းရွာသား တွေဟာ အထူးစိုးရိမ်နေကြပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးက ရွာသားတဦးပြောပြတာက …


“တိုက်ပွဲဟာ ၁၅ မိနစ်လောက်ကြာတယ်လေ။ တိုက်ပွဲဖြစ်ပြီး DKBA ဘက်မှ ထိုင်းနယ်မြေထဲကို လက်နက်ကြီးနဲ့ ၃ ချက်လှမ်းပစ်ခဲ့ပါ တယ်။ DKBA ၉၉၉ ဘက်မှ ၅ ယောက်ကျတယ် ၁၅ ယောက် ဒဏ်ရာရတယ်။ KNU ဘက်ကတော့ ဘယ်သူ့မှတော့ ထိတယ်ဆိုတဲ့အသံ မကြားရဘူး” လို့ ပြောပြပါတယ်။

အခုတိုက်ပွဲဖြစ်ပွားတဲ့ နေရာဟာ လွန်ခဲ့တဲ့ ဇွန်လ (၂) ရက်နေ့က စတင်ပြီးတော့ နအဖနှင့် DKBA ပူးပေါင်းတပ်ဖွဲ့တွေ KNU တပ်မဟာ (၇) ဘားအံခရိုင်ဒေသကို အလုံးအရင်းနဲ့ တလနီးပါးခန့် ထိုးစစ်ဆင်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေး ၁ လအကြာ ဇူလိုင်လလည်လောက်မှာ KNU က စခန်းကို ဆုတ်ခွာပေးခဲ့ပါတယ်။ ဒီတိုက်ပွဲဟာ ပြီးခဲ့တဲ့ ဇွန်လ နအဖနဲ့ DKBA တလကြာ ပူးပေါင်းစစ်ဆင်ရေးအပြီး KNU ဘက်ကနေ စခန်းကို ရှောင်ထွက်ပေးပြီးတော့မှ ပြန်ဖြစ်တဲ့ ပထမဦးအကြိမ် တိုက်ပွဲပါ။

နေ့သစ်မီဒီယာ