Saturday, November 24, 2012

ဘဏ်ကို အနုကြမ်းစီးပြီး လူ၅ဦးအား ဓားစာခံထားပြီး ဝန်ကြီးချုပ် အားနူတ်ထွက်ပေးရန်တောင်းဆို

23 Nov, 2012 2:43 AM
ချယ်နယ်နယူးအေးရှား

TOKYO: A man armed with a knife took five people hostage at a Japanese bank Thursday, police said, with local media reporting he was demanding Prime Minister Yoshihiko Noda's cabinet resign.

The man began the siege at the Zoshi branch of the Toyokawa Shinkin Bank in central Aichi prefecture around 2:20 pm (0520 GMT), a police spokesman said without elaborating.

Wielding a survival knife, he took four employees and a female customer captive and was demanding the Noda cabinet step down, as well as asking to speak to journalists, local media said.

The hostage-taker was originally said to be in his 30s or 40s, but later media reports suggested he was in his 50s.

Public broadcaster NHK said there was no report of injuries among the hostages more than four hours after they were taken captive, and the man had made no demands for money.

However, he was asking for 10 days' worth of food and water, the Asahi Shimbun said.

Broadcasters said he had also demanded cigarettes and a lighter.

Television footage showed a man who appeared to be a police officer carrying a megaphone and a plastic bag to a side door of the building.

Shutters were down all over the building, but lights could be seen on inside.

Television footage showed the area around the bank sealed off and guarded by police officers.

Noda last week called for an election on December 16. He is expected to lose, with polls suggesting the main opposition Liberal Democratic Party will be the biggest party.

KNU အား ငြိမ်းချမ်းရေး သတိရှိရန် ပြည်တွင်း ကရင်လူမှုအဖွဲ့ အစည်းများ ပြောဆို

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် ကရင်အမျိုးသားအစည်းအရုံး-KNU အနေဖြင့် သတိရှိရန်နှင့် ပြည်သူလူထု အကျိုးကို ရှေးရှုရန် ပြည်တွင်းရှိ ကရင်လူမှုအဖွဲ့အစည်း များက သတိပေး ပြောကြားခဲ့သည်။
DSC01423
ရန်ကုန်တိုင်း၊ အလုံမြို့ နယ်ရှိ Myanmar Baptist Convention – MBC အဆောက်အဦး၌ နိုဝင်ဘာလ ၂၀ ရက်နေ့၊ မြန်မာစံတော် ချိန် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲ တွင် ကရင့်ရေးရာကော်မတီမှ စောကျော်စွာကအခုလို ပြောဆိုသည်။
“ငြိမ်းချမ်းရေးလုပ်တဲ့အခါမှာ ပြည်သူလူထုအတွက် အကျိုးပြုမပြု ထည့်သွင်းစဉ်းစားဖို့။ နောက်ကရင်ပြည်နယ် မှာ ဒုက္ခသည် တွေ ပြန်လည်နေချထားရေးဆိုပြီး လယ်မြေတွေ အသိမ်းခံရတာ ရှိတယ်။ ဒါကို KNU က ကာကွယ်ပေး ဖို့။” ဟု တင်ပြ ပြောဆိုခဲ့သည်။
မြန်မာအစိုးရနှင့် KNU တို့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေး သဘောတူခဲ့သည့်နောက်ပိုင်း ကရင်ပြည်နယ်အတွင်း လယ်ယာမြေ သိမ်းဆည်းခံရမှုမှာ ပိုင်ကျုံမြို့နယ်တွင် ၂၉,၁၄၈ ဧက၊ လှိုင်းဘွဲမြို့နယ် ၂၀,၁၀၀ ဧက၊ သျှမ်းရွာ သစ်မြို့နယ်တွင် ၂၁,၁၀၀ ဧကရှိ လာသည်မှာ စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
အဆိုပါတွေ့ဆုံပွဲ၌ ပြည်တွင်း လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ၏ မေးမြန်းချက်များကို KNU တွဲဖက်အတွင်း ရေးမှူး(၂) ပဒိုစော ဒေါ့လေးမူ၊ ဗဟိုကော်မတီဝင် ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းနှင့် ဗဟိုကော်မ တီဝင်လည်းဖြစ်၊ ကရင်အမျိုးသမီး အစည်းအရုံး၏ တွဲဖက် အတွင်းရေးမှူး (၁) နော်ဘလူးမင်းနိုက် ဇန်တို့က KNU အဖွဲ့အတွင်းရှိ လက်ရှိ အခြေအနေများ အပါအ ၀င် အစိုးရနှင့် ဆက်လက်လုပ်ဆောင်သွား မည်များကို တုံ့ပြန်ရှင်းလင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံပွဲသို့ KNU ကိုယ်စားလှယ်များ အပါအ၀င် ရန်ကုန်တိုင်း ကရင်ရေးရာဝန်ကြီး စောထွန်းအောင်မြင့်နှင့် ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှ စာပေ၊ ယဉ်ကျေးမှုကော်မတီဝင်များ၊ ဒေသအသီးသီးမှ ကရင်နှစ်သစ်ကူး ကျင်းပရေးကော် မတီအဖွဲ့ဝင်များ၊ ကရင်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် နယ်စပ်ဒေသမှ ဘာသာရေးခေါင်းဆောင်များ အပါအ၀င် လူဦးရေ ၅၀ နီးပါး တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတက်ရောက်ခဲ့သည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ-PSDP ၏ ဒုဥက္ကဌ မန်းအောင်ပြည်စိုးကလည်း ငြိမ်းချမ်းရေး တည်ဆောက်မှုအပိုင်းတွင် KNU အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ကရင်အမျိုးသားအချင်းချင်းကြား စည်းလုံး ညီညွှတ်မှု တည်ဆောက်ရေး အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစား ရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါ လူမှုအဖွဲ့အစည်းခေါင်းဆောင်များက KNU နှင့် အစိုးရအကြား ပစ်ခတ်ရပ်စဲရေး သဘောတူညီမှုနောက် ပိုင်း ဖြစ်ပေါ် လာသည့် လယ်မြေသိမ်းဆည်းမှုများအပြင် KNU ဆက်ဆံရေးရုံး၏ လုပ်ငန်းတာဝန်များ၊ အစိုးရက KNU ကို မတရားအသင်းအဖြစ်မှ ပယ်ဖျက်စေလိုခြင်းများနှင့် အဖွဲ့အတွင်း စည်းလုံးညီညွှတ်မှု အခြေအနေများ၊ ငြိမ်းချမ်းရေးကဏ္ဍတွင် အမျိုးသမီးပါဝင်မှုနှင့် လူငယ်များ၏ ပညာရေး အရေးပါမှုများကို KNU ကိုယ်စားလှယ်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
KNU တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစောဒေါ့လေးမှုက “ကျနော်တို့ပြည်နယ်မှာ ကိုယ်ပိုင်အုပ်ချုပ်ဖို့ကရင်လူထုတစ် ရပ် လုံးရဲ့ဆန္ဒ ကို အခြေခံပြီးတော့ ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ဖို့ လိုတယ်။ နောက် လူ့အခွင့်အရေးချိုး ဖောက်မှုတွေ အမြဲရှိနေသေးတယ်။ အထူးသဖြင့် မြေယာသိမ်းခံရမှုကိစ္စပါ။ ဒါတွေအားလုံး အစိုးရနဲ့ထပ်တွေ့ဆုံ ဆွေးနွေးတဲ့အခါ တင်ပြသွားမယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ငြိမ်းချမ်းရေးကာလအတွင်း ရှေ့ဆက် လုပ်ဆောင်ရမည့်လုပ်ငန်းများ၌ နိုင်ငံရေးအရဖြစ်စေ၊ ငြိမ်းချမ်းရေးအရဖြစ်စေ၊ လူမှုရေးအရဖြစ်စေ၊ ပြည်တွင်းပြည်ပရှိ ကရင်တိုင်းရင်းသား အဖွဲ့အစည်း အသီးသီး ပါဝင်ကူညီလုပ်ဆောင်ရန် လိုအပ်သည်ဟု လူမှုအဖွဲ့အစည်းများအား တိုက်တွန်းခဲ့သည်။
KNU ကိုယ်စားလှယ်များသည် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် Karen Baptist Convention ခေါ် ကရင်နှစ်ခြင်းခရစ် ယာန်အဖွဲ့ချုပ်၏ ဒေသဆိုင်ရာ သာသနာအတွင်းရေးမှူးများ အစည်းအဝေး သို့ တက်ရောက်ခဲ့ကြပြီး ထို နေ့ညနေ ၆နာရီတွင် သမတရုံးဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှ မောင်ရွှေတို့နှင့် Peace Center ၌ တစ်နာရီခန့် အလွတ်သဘော တွေ့ဆုံခဲ့ကြသည်။

Friday, November 23, 2012

နော်စီဖိုးရာစိန်ထံ ပေးပို့သည့် စောအယ်ကလူထူး၏ ပေးစာ

FRIDAY, NOVEMBER 23, 2012
ရက်စွဲ။ ။ ၂၀၁၂ ခုနှစ၊် နိုဝင်ဘာလ (၁၀)ရက်။

သို့/

နော်စီဖိုးရာစိန်
အထွေထွေအတွင်းရေးမှူးချုပ်
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်

အကြောင်းအရာ ။ ။ ကရင်အမျိုးသားအစည်းအရုံး၏ (၁၅) ကြိမ်မြောက်က်ကျင်းပမည့် ကွန်ကရက်အစည်းအဝေးတွင် တမျိုးသားလုံးဆိုင်ရာ နိုင်ငံရေးလုပ်ငန်းစဉ်များ ချမှတ်ရာတွင်
တစ်စုံတစ်ရာ အကျိုးဖြစ်ထွန်းစေရန် အကြံပြုတင်ပြခြင်း။

အသိအမှတ်ပြုမှု

(၁) ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးကို လွန်ခဲ့တဲ့ ၁၉၄၇ခုနှစ် ဖေဖော်ဝါရီ (၅)ရက်
နေ့တွင် ကရင်အမျိုးသားရေးကို ဆောင်ရွက်ခဲ့သည် ကရင်အဖွဲ့အစည်း(၄)ဖွဲ့ဖြစ်သည့် (KNA,
BKNA,KCO,KYO) စသည့်အဖွဲ့အစည်းများဖြင့်တည်ထောင်ခဲ့သောကြောင့် တစ်မျိုးသားလုံးကို
ကိုယ်စားပြုသည့် တစ်ခုတည်းသော အမျိုးသားအဖွဲ့အစည်းဖြစ်သည့်ကို လုံးဝခံယူပါသည်။

(၂) KNU သည် အမျိုးသားအဖွဲ့အစည်းဖြစ်သည့်အတွက် တမျိုးသားလုံးဆိုင်ရာအခွင့်အရေးများကို
နိုင်ငံရေးအရသော်လည်းကောင်း၊ တော်လှန်ရေးအရသော်လည်းကောင်း မမှိတ်မသုန် ရ၀ဲံ့စွာရှေ့
တန်းမှ နိုင်ငံရေးကို ဦးဆောင်သည့် တော်လှန်ရေးအဖွဲ့အစည်းအဖြစ်လည်း ယတိပြတ်အသိအမှတ်
ပြုပါသည်။

(၃) ဆယ်စုနှစ် (၆) ခုကျော် ကြမ်းတမ်းခက်ခဲတဲ့ တော်လှန်ရေးခရီးကြမ်းတွင် တိုင်းပြည်ကို ခေတ်အ
ဆက်ဆက်အုပ်ချုပ်ခဲ့သည့် အုပ်စိုးသူတို့မှ ကရင်အမျိုးသားအစည်းအရုံးကြီးကို ပြင်းထန်လှသည့်
ထိုးစစ်ကြီးများဖြင့်တဖုံ၊ ကောက်ကျစ်ယုတ်မာသည့်နည်းပရိယာယ်များဖြင့်တလှည့်၊ ငြိမ်းချမ်းရေးကို
ဘန်းပြပြီး အောက်ခြေနှင့်ဗဟို၊ စစ်တပ်နှင့်နိုင်ငံရေးကိုခွဲကာ ကေအဲန်ယူအဖွဲ့ အစည်းကြီးကို ဖြိုခွဲဖျက်
ဆီးခ့သဲ ည့်ကြားမှ ယနေ့အထိ အမျိုးသားရေးအတွက် စွမ်းစွမ်းတမံ ရှေ့ဆောင်နိုင်ခဲ့သည့်မှာ ထက်
မြတ်သည့်ခေါင်းဆောင်ကြီးများ၏ရှေ့ဆောင်မှုနှင့် မှန်ကန်တိကျသော လမ်းစဉ်နှင့် မူဝါဒများကြောင့်
ဖြစ်သည့်ဟု ခိုင်မာစွာယုံကြည်ပါသည်။

လက်ရှိမြန်မာနိုင်ငံရေး အခင်းအကျင်း
(၄) လက်ရှိ မြန်မာပြည်ကို ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုအခြေခံပြီး ၂၀၁၀ခုနှစ်ရွေး
ကောက်ပွဲမှတဆင့် အုပ်ချုပ်ရေးအဏာကိုရရှိလာသော သမ္မတဦးသိန်းစိန်အစိုးရသည် အဖက်ဖက်
မှချွတ်ခြုံကျနေသော တိုင်းပြည်၏အခြေအနေမှန်ကိုသိရှိသော်လည်း ပြသာနာ၏ဇစ်မြစ်ကို ဖော်ထုတ်
ဖြေရှင်းမှုမှာ အားနည်းပြီး အပေါ်ယံ ထင်သာမြင်သာရှိသော ပြသာနာများကိုသာ ဖြေရှင်းနေသည့်ကို
တွေ့ရှိရပါသည်။

(၅) ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို သေချာစွာ လေ့လာကြည်လျှင် မြန်မာပြည်တွင်း မှီတင်း
နေထိုင်ကြသော တိုင်းရင်းသားအခွင့်အရေး၊ အမျိုးသားအခွင့်အရေးများကို အာမခံထားသည့် ဥပဒေ
ပြဌာန်းချက်များတိတိကျကျ ဖော်ပြထားသည်ကို မတွေ့ရှိရပေ။ ထို့အပြင် ဖွဲ့စည်းအုပ်ချုပ်ပုံတွင်
ပြဌာန်းထားသော ဥပဒေပြဌာန်းချက်များကို ပြောင်းသည်ဖြစ်စေ၊ ပြင်သည်ဖြစ်စေ လွတ်တော်အမတ်
ဦးရေး၏ ရ၅ ရာခိုင်းနှုန်းအထက်ထောက်ခံမှုရှိမှ ပြင်ဆင်လို့ရသည်ဟု ဖော်ပြထားပါသည်။

လွတ်တော်အမတ်၏ ၂၅ ရာခိုင်းနှုန်းကိုလည်းစစ်တပ်မှ အတိအလင်းယူထားသည့်အတွက် မည်သို့မျှ
လွတ်တော်အတွင်းဝင်ရောက်ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်မှာ မဖြစ်နိုင်ပေ။

(၆) လက်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်ခက်ရပ်စဲရေး သဘောတူညီ
ချက်ရရှိသော်လည်းဘဲ လက်တွေ့ကျသော ပြသာနာဇစ်မြစ်များကို ဖြေရှင်းရန် ပွင်းလင်းမြင်သာ
တိကျသော သဘောထားများ၊ ဆွေးနွေးမည့် နိုင်ငံရေး အစီအစဉ်(Political Agenda) များဖော် ပြထား
သည်ကိုမတွေ့ရဘဲ စီးပွားရေး၊ ဖွံ့ဖြိုးရေးများကိုသာ ဦးစားပေးလုပ်ဆောင်နေသည်ကို တွေ့ရှိရပါ
သည်။

(၇) ဦးသိန်းစိန်အစိုးရမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရေးပြု
လုပ်ပြီး ငြိမ်းချမ်းရေးတည်ဆောက်ရန် ခင်းထားပေးသော တစ်ခုတည်းသောလမ်းကြောင်းသည်
လွတ်တော်နိုင်ငံရေးဖြစ်သည့် အကွက်ကျကျ စီစဉ်ထားသော ဥပဒေဘောင်အတွင်း ၀င်ရောက်ပြီး
လက်နက်ချသည့် ငြိမ်ချမ်းရေးတည်ဆောက်ရေးပင်ဖြစ်သည်။

(၈) မြန်မာပြည်သူလူထုမှလည်း မြေယာသိမ်းဆည်မှုပြသာနာ၊ အလုပ်လက်မဲ့နှင့် ဆင်းရဲမွဲတေမှု
ပြသာနာ၊ ၀န်ထမ်းအဆင့်ဆင့်အလိုက် လဒ်ပေးလဒ်ယူမှုပြသာနာ၊ ခရိုနီများမှ စီးပွားရေးချုပ်ကိုင်မှု
ပြသာန၊ တရားဥပဒေစိုးမှုမရှိသည့်ပြသာနာ၊ ဒီမိုကရေစီ အခြေခံအခွင့်အရေးသုံးခုဖြစ်သည့် လွတ်
လပ်စွာပြောဆိုမှု၊ လွတ်လပ်စွာစည်းရုံးမှု၊ လွတ်လပ်စွာစုရုံးမှုများကို လည်းအကန့်အသတ်များနှင့်
ပေးထားသည့်ပြသာနာများကို ရင်ဆိုင်နေရပါသည်။

အကြံပြုချက်များ

(၉) ကရင်အမျိုးသားအစည်းအရုံးသည် ကရင်ပြည်သူလူထုတရပ်လုံး၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူ
ညီမျှရေးအခွင့်အရေးအတွက် ဦးဆောင်လှုပ်ရှားသောအဖွဲ့အစည်းဖြစ်သည့်အလျှောက် မြန်မာအစိုး
ရနှင့် စစ်မှန်သော ငြိမ်းချမ်းရေးတည်ဆောက်ရန် နိုင်ငံရေး ဆွေးနွေးရေးလုပ်ငန်းစဉ်တွင် လိမ္မာပါးနပ်
ပြီးသတိကြီးစွာဖြင့် ကေအဲန်ယူ၏ချမှတ်ထားသော မူဝါဒလမ်းစဉ်အတိုင်း ဆောင်ရွက်ရမည်ဖြစ်သည်။
အမျိုးသားအတွက် အန္တရာယ်ကြီးသော စွန့်စားရသည့်လမ်းကြောင်း၊ ပိုးဖလံ မီးပုံတိုးရသည်ဘ၀မ
ရောက်ရစေရန်၊ တနည်းအားဖြင့်ပြောရလျှင် အစိုးရမှ ခင်းပေးသည့်လမ်းကြောင်း (legal fold) အ
တိုင်းမ၀င် မိစေရန်အထူးသတိထားရပါမည်။

(၁၀) အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးပြုလုပ်သောအချိန်တွင် နိုင်ငံရေးအရ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေ
ခံဥပဒေတွင် တိုင်းရင်းသားအခွင့်အရေးများကို တိတိကျကျ ပြဌာန်းထားခြင်း မရှိသေးသမျှကာလ
ပတ်လုံး အမျိုးသားအတွက် အန္တရာယ်ကြီးသော ဖွံ့ဖြိုးရေးကို အကြောင်းပြုပြီး စီးပွားရေး လုပ်ငန်းကြီး
များကို မပြုလုပ်မိစေရန် အထူးသတိပြုရပါမည်။

(၁၁) အစိုးရနှင့်အပစ်ခတ်ရပ်ဆဲရေးခိုင်မာအောင်ပြုလုပ်ပြီး နိုင်ငံရေးဆွေးနွေးသည် ကာလတွင် (Civil
Society) အဖွဲ့များ အားကောင်းလာစေရန်နှင့် ကရင်ပြည်သူလူထု အသိပညာအတတ်ပညာများ
ဖွံ့ဖြိုးတိုက်တက်လာစေရန် အရည်အသွေးမြင့် မားလာစေရန် (Capacity Building) သင်တန်းများကို
(Civil Society)များမှတဆင့် ကေအဲန်ယူအနေဖြင့် ရှေ့ဆောင်ရမည်ဖြစ်သည်။ ကရင်ပြည်သူလူထုအ
တွင်းတွင်လည်း ကရင်အမျိုးသားအစည်းအရုံး၏ မူဝါဒများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်လုပ်ငန်းများကို
အောက်ခြေအထိ သဘောပေါက်နားလည်စေရန် စည်းရုံးဆောင်ရွက်ရမည်ဖြစ်သည်။

(၁၂) အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရေးလုပ်ငန်းများကို တနိုင်ငံလုံးအတိုင်းအတာဆောင်စေရန် တိုင်း
ရင်းသားအဖွဲ့အစည်းများနှင့် တသံတည်းဖြစ်စေရန် တိုင်းရင်းသားအားလုံးနှင့်စုပေါင်းပြီး မြန်မာနိုင်ငံ
ရေးပြသာနာကို ဆွေးနွေးဖြေရှင်းရပါမည်ဟု ရိုးသားစွာဖြင့် အကြံပြုတင်ပြ ရေးသားလိုက်ရပါသည်။

လေးစားစွာဖြင့်-

စောအယ်ကလူထူး
ပြည်တွင်း ကရင်လူငယ်များ၏ကိုယ်စား

Karen Women's Organization on Peace Talks




Type the rest of your post here.

သစ်ခိုးထုတ်သည့် မြန်မာအဖွဲ့ ထိုင်းအာဏာပိုင် ဖမ်းမိ

23 Nov, 2012 1:45 AM

ထိုင်းအမျိုးသား ဥယျာဉ်ပိုင် သစ်များအား တရားမဝင် ခိုးထုတ် နေသည့် မြန်မာနိုင်ငံသား အဖွဲ့တစ်ခုအား ယမန်နေ့က စံခလဘူရီ ခရိုင် ပလိုင်းနွစ် ရွာတွင် ထိုင်းအာဏာပိုင် များမှ ဖမ်းဆီး ရမိခဲ့သည်ဟု သိရသည်။

ကန်ချနပူရီ အခြေစိုက် တပ်မ (၉) မှ နယ်မြေ စိုးမိုးရေး စစ်ကြောင်း၊ စံခလဘူရီ အခြေစိုက် နယ်ခြားစောင့် အထူးတပ် ၁၄၀၆၊ နယ်ခြားစောင့်တပ် ၁၃၄၊ ထွမ်ဖာဖုန်မြို့နယ် အမျိုးသား ဥယျာဉ် လုံခြုံရေး ပူပေါင်း အဖွဲ့က ဖမ်းဆီး မိခဲ့ခြင်း ဖြစ်သည်။

“သူတို့တွေ သစ်ကို ခွဲစိတ် နေကြတုန်း ဖမ်းမိတာ၊ နေ့လည် ၁၀ နာရီ ၅၅ မိနစ် မှာပေါ့၊ ကျွှန်တော်တို့ နိုင်ငံပိုင် သစ်တောတွေ ပြုန်းတီး ရပါတယ်၊ အခု အချုပ်ခန်းထဲ ထည့်ပြီး အမှု ဖွင့်ထား ပါတယ်” ဟု စံခလဘူရီ ဒေသခံ ရဲအရာရှိ တစ်ဦးက ပြောသည်။



သစ် ဆွဲရာတွင် အသုံးပြုသည့် ဆင်နှစ်ကောင်၊ စတန်းစက် တစ်လုံး၊ ခွဲစိတ်ပြီး သစ်ပြား (၂၂) ချပ်နှင့် မခွဲစိတ် ရသေးသည့် ပိတောက်သား (၁) တုံး၊ ထိုင်းနိုင်ငံက တားမြစ်ထားသည့် အခြား သစ်အမျိုးအစား (၆) တုံး တို့အား သက်သေခံ ပစ္စည်း များအဖြစ် သိမ်းဆည်း ရမိခဲ့သည်ဟု ရဲမှုခင်း အစီရင် ခံစာအရ သိရသည်။

နိုင်မြင့်ရွှေ ဆိုသူက ထိုင်းအမျိုးသား ဥယျာဉ်ပိုင် သစ်များခိုးထုတ်ရန် ဆင်နှစ်ကောင်အပါအ၀င် သစ်ဆွဲခ တစ်တန်လျှင် ထိုင်းဘက် ၁,၅၀၀ နှင့် တစ်ရက်လျှင် လုပ်အားခဘတ် ၂၀၀ နှုန်းဖြင့် လွှတိုက်သမားနှစ်ဦးအား ငှားရမ်းခဲ့ပြီး ခိုးထုတ်ရန် စေခိုင်းခဲ့သည်။

ဆင်ဦးစီး နိုင်ကပအီး (၅၂) နှစ်နှင့် နိုင်ဖုကလိ (၅၂) နှစ်တို့သည် ထိုင်းနယ်မြေ အသိအမှတ်ပြု ကဒ်ပြားများ ကိုင်ဆောင်ထားပြီး ထိုင်းနိုင်ငံအတွင်း နေထိုင်သည့် မြန်မာ နိုင်ငံသားများ ဖြစ်ပြီး လွှတိုက်သမား နိုင်တာတာ (၄၅) နှစ်နှင့် နိုင်တာနု (၄၀) နှစ်တို့သည် ဘုရားသုံးဆူ ဒေသခံ မြန်မာ နိုင်ငံသားများ ဖြစ်၍ တရားဝင်နေထိုင် သူများ မဟုတ်ကြောင်း သိရသည်။

ကာလ တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ ၃၂,၀၀၀ ဘတ် တန်ဖိုးရှိ ပိတောက်နှင့် အခြား တားမြစ် သစ်တစ်မျိုး အား ခုတ်ယူ၍ ကြိတ်ခွဲ နေစဉ် ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။ ဆင်နှစ်ကောင် အပါအ၀င် သက်သေခံ ပစ္စည်း များအား ထိုင်းအမျိုးသား ဥယျာဉ်မှ သိမ်းယူထားပြီး ဖမ်းဆီး ရမိသည့် သူများအား ထိုင်းနိုင်ငံ သစ်တော ဥပဒေ အရ အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို မြန်မာဘက်က ပိတ်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကူးသန်းသွားလာခွင့်ကို မြန်မာဘက်က ပိတ်ထားလိုက်ပြီး နယ်စပ်တွင် ဖမ်းဆီးခံရကာ ပျောက်ဆုံးနေသော မြန်မာစစ်သား ၃ ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ရှာဖွေမပေးသည့် အတွက် ဖြစ်နိုင်ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာလ ၅ ရက်နေ့တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တဖွဲ့က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ကာရံရေးလုပ်ငန်းခွင်မှ စစ်မြေပြင် ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ဖွဲ့ဝင် စစ်သား ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အရပ်သားတဦးကို ပစ်သတ်ခဲ့သည်။

မောင်တောမြို့နယ် အောင်ဗလရွာသား လှေသမားတဦးက “ခြံစည်းရိုးလုပ်ရင်း အဖမ်းခံလိုက်ရတဲ့ တပ်ကလူတွေကို ဘင်္ဂလားဘက်က ပြန်ရှာမပေးလို့ မြန်မာဘက်က ပိတ်ထားတာပါ။ ဘယ်တော့ ပြန်ဖွင့်မယ်ဆိုတာ မသိဘူး။ လောလောဆယ်တော့ ကျနော်တို့ တရားမဝင်လှေတွေ ထွက်လို့မရဘူး။ တရားဝင် နေ့ချင်းပြန် ပတ်စ်ပို့သမားတွေကိုလည်း ပိတ်ထားတယ်လို့ ကြားပါတယ်” ဟု ပြောသည်။

မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင်တဦးကို ဆက်သွယ်မေးမြန်းရာ နယ်စပ်ပိတ်လိုက်သည်မှာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားသော်လည်း အသေးစိတ်ဖြေဆိုရန်မှု ငြင်းဆန်သွားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် တရားမဝင်နှင့် တရားဝင် ကူသန်းသွားလာခွင့်ကို ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဇွန်လ ၈ ရက်နေ့မှစ၍ ပိတ်ထားခဲ့ပြီး သြဂတ်လ ၂၇ ရက်နေ့တွင် နေ့ချင်းပြန် နယ်စပ်ကူးလက်မှတ်နှင့် တရားမဝင်လမ်းကြောင်းကို ပြန်ဖွင့်ပေးခဲ့ကြောင်း၊ ၇ ရက်သက်တမ်း နယ်စပ်ကူးလက်မှတ်ကိုမူ ယနေ့အထိ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တာ့ခ်နာမြို့နယ်ရှိ မြစ်နားရွာသားတဦးက “အခြေအနေကတော့ ဟိုဘက်ဒီဘက် သွားလာတာတွေ မရှိဘူး။ ဘင်္ဂလားဘက်က ပိတ်ထားတာတော့ မဟုတ်ဘူး။ တာ့ခ်နာက နှစ်နိုင်ငံ ကုန်သွယ်ရေး ဆိပ်ကမ်းမှာလည်း မြန်မာဘက်က လှေတွေ မရှိသလောက်ပဲ။ တရားဝင်လမ်းက ၂ စီးလောက်ပဲ ရှိတယ်” ဟု မြစ်နားရွာသားက ပြောသည်။

ဖမ်းဆီးခံရသည့် စစ်သားများ ပြန်လည်ရရှိရေးအတွက် မြန်မာ နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး (နစက) နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ် (BGB) တို့ ၇ ကြိမ်ထက်မနည်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။

မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်သို့ သစ်၊ နွား၊ ဝါး၊ ဆား၊ ငါး၊ ငါးခြောက်၊ သွားရည်စာ ယိုထုတ်များ၊ အဝတ်အထည် စသည်တို့ကို တင်သွင်းကြောင်း၊ တရားဝင်ရော မှောင်ခိုကုန်ပစ္စည်းကိုပါ ဘင်္ဂလားဒေ့ရှ်က တရားဝင်အဖြစ် လက်ခံကာ ယင်းပစ္စည်းများပေါ်တွင် အခွန်ကောက်ခံကြောင်း သိရသည်။

“သစ်တို့၊ နွားတို့ကျတော့ မြန်မာဘက်က တရားဝင် ခွင့်ပြုတာတော့ မဟုတ်ဘူး။ ကျနော်တို့ ကုန်သည်တွေကလည်း အလုပ်အကိုင်ရှားပါတော့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ပေးကမ်းပြီး လာနေကြရတာပဲ။ ဘင်္ဂလားဒေ့ရှ်က ကျတော့လည်း သစ်တို့၊ နွားတို့ အပေါ်ကရတဲ့ အခွန်က အများဆုံး။ နောက်ပြီး သူတို့နိုင်ငံကို ဝင်လာတာဆိုတော့ ဘယ်လိုနည်းနဲ့လာလာ လက်ခံနေတာပေါ့” ဟု တောင်ကုတ်မှ သစ်ကုန်သည်တဦးက ပြောသည်။

ကင်ဆာဖြစ်စေနိုင်ပြီး မျိုးရိုးဗီဇကို ထိခိုက်စေနိုင်သောငရုတ်သီးမှုန့် အမှတ်တံဆိပ် ၂၀ ကို ဥပဒေအရ အရေးယူ


ကင်ဆာဖြစ်စေနိုင်ပြီး မျိုးရိုးဗီဇကို ထိခိုက်စေနိုင်သော ဓာတုဆိုးဆေးများ အသုံးပြုထားသည့် ငရုတ်သီးမှုန့်များ မြန်မာတစ်နိုင်ငံလုံးရှိ ဈေးကွက်များသို့ ဆိုးရွားစွာပျံ့နှံ့နေကြောင်း စစ်ဆေးတွေ့ရှိ ၊ ငရုတ်သီးမှုန့် အမှတ်တံဆိပ် ၂၀ ကို ဥပဒေအရ အရေးယူ
Wednesday, November 21, 2012

မြန်မာ တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်ရောင်းချနေသည့် ဈေးကွက်များအတွင်း၌ ကင်ဆာဖြစ်နိုင်ပြီး မျိုးရိုးဗီဇကိုပါ ထိခိုက်စေနိုင်သည့် ဓာတုဆိုးဆေးများ အသုံးပြုထားသော ငရုတ်သီးမှုန့်နှင့် နနွင်းမှုန့်ကဲ့သို့ အမှုန့်မျိုးစုံမှာ ဆိုးရွားစွာ ပျံ့နှံ့လျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

၂၀၁၂ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဈေးကွက်များအတွင်း ရောင်းချနေသော ငရုတ်သီးမှုန့်၊ နနွင်းမှုန့် နမူနာပေါင်း ၁၀၀၀ နီးပါးအားကောက်ယူကာ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA မှ ထုတ်ပြန်ထားသည်။

ယင်းသို့ စစ်ဆေးရာတွင် ငရုတ်သီးမှုန့်နမူနာ ၅၃၄ ခုတွင် ၁၇၅ ခု၌ စားသုံးသူအား ကင်ဆာဖြစ်စေနိုင်ပြီး မျိုးရိုးဗီဇကိုပါ ထိခိုက်စေနိုင်သည့် ဓာတုဆိုးဆေးများ သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် အဆိုပါ ငရုတ်သီးမှုန့်များကို ထုတ်လုပ်ခဲ့သည့် အမှတ်တံဆိပ် ၂၀ အား အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈ (က)အရ အရေးယူ
ထားကြောင်း သိရသည်။

ယင်းအပြင် နနွင်းမှုန့်နမူနာ ၄၃၀ ကို စစ်ဆေးရာတွင် ၃၉ ခု၌ စားသုံးရန်မသင့်သည့် ဓာတုဆိုးဆေးများ အသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိရ၍ ယင်းနနွင်းမှုန့်များ ထုတ်လုပ်သည့် အမှတ်တံဆိပ်နှစ်ခုကိုလည်း အမျိုးသားအစားအသောက် ဥပဒေအရ အရေးယူထားကြောင်း သိရပါသည်။

အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈(က) အရဆိုပါက ထောင်ဒဏ်သုံးနှစ်နှင့် ငွေဒဏ်ကျပ် ၃၀၀၀၀သို့မဟုတ် ထောင်ဒဏ်နှင့်ငွေဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း သိရသည်။

ငရုတ်သီးမှုန့်ထုတ်လုပ်သည့် အမှတ်တံဆိပ် ၂၀ နှင့်နနွင်းမှုန့်ထုတ်လုပ်သည့် အမှတ်တံဆိပ်နှစ်ခုတို့မှ ထုတ်လုပ်ထားသည့် အမှုန့်များမှာ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် ရရှိမထားဘဲ ထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းအမည်လိပ်စာများ ဖော်ပြထားခြင်းမရှိဘဲ ထုတ်လုပ်ရောင်းချခြင်း ဖြစ်ကြောင်းကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ နိုဝင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။

ထို့အတွက် အဆိုပါအမှတ်တံဆိပ်များမှ ထုတ်လုပ်သည့် အမှုန့်များမှာ စားသုံးရန်မသင့်ကြောင်းကိုလည်း သတိပေးထားသည်။

ငရုတ်သီးမှုန့်နှင့် နနွင်းမှုန့်များတွင် သုံးစွဲထားသည့် စားသုံးရန်မသင့်သော ဆိုးဆေးများမှာ အစားအသောက်များတွင် သုံးစွဲရန်ခွင့်မပြုသည့် Auramine-O နှင့် Rhodamine B အမျိုးအစားများဖြစ်ကြောင်း သိရသည်။

Rhodamine B အမျိုးအစားမှာ အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်းနှင့် ရေရှည်စားသုံးပါက ကင်ဆာရောဂါများ ဖြစ်စေနိုင်သည့် အနီရောင်ဆိုးဆေး ဖြစ်ကြောင်း၊ Auramine-O မှာ ရေရှည်တွင် အသည်းနှင့်ကျောက်ကပ်ရောဂါဖြစ်စေခြင်း၊ ခန္ဓာကိုယ်ကြီးထွားမှုကို ထိခိုက်စေခြင်းနှင့် ကင်ဆာရောဂါ
တို့ကို ဖြစ်ပွားစေနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ ပဲခူး၊ တနင်္သာရီတိုင်း ဒေသကြီး၊နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့ရှိ ဈေးကွက်များအတွင်း စစ်ဆေးရာတွင် တွေ့ရှိခြင်းဖြစ်ရာ မြန်မာတစ်နိုင်ငံလုံးနီးပါးသို့ ပျံ့နှံ့နေသည်ဟု ဆိုရမည်ဟု ကျန်းမာရေးဆိုင်ရာ ဆရာဝန်များက ပြောကြားခဲ့ပါသည်။

“ဒီစာရင်းအရဆိုရင်တော့ တစ်နိုင်ငံလုံးနီးပါးမှာ ပျံ့သလိုပါပဲ။ ဒါထိထိရောက်ရောက် အရေးမယူလို့ ဆက်လုပ်နေကြတာ။ သိတယ်၊ စစ်တယ်၊ မိတယ်။ အရေးယူတာကျ မထိရောက်ဘူး၊ ပင်ရင်းထုတ်တဲ့အထိ အရေးမယူဘူး။ ဆက်လုပ်တာပေါ့။ ဒါကြောင့် အခုလောက်ထိ ဆိုးဆိုးရွားရွား ပျံ့နှံ့နေတာ။ ဒါတောင် မိတဲ့ဟာပဲရှိသေးတယ် တကယ့်နာမည်ကြီး တံဆိပ်တွေမှာလည်း ဒီလိုရှိနိုင်တယ်။ အထပ်ထပ်စစ်ပြီး နာမည်ကြီးတာ မကြီးတာမခွဲနဲ့ တစ်ခါတည်း အရေးယူပစ်ရမယ်။ အခုက နေ့တိုင်းအများပြည်သူက အဆိပ်တွေကို ပါးစပ်ထဲထည့်နေရတယ်။ ကြာရင် နိုင်ငံမှာ ကျန်းမာရေးအတွက် အခက်အခဲတောင် ရှိလာနိုင်တယ်။ နှစ်ကြာလာတာနဲ့အမျှ ဒီဒဏ်တွေကို အများပြည်သူ ခံစားရတော့မှာလေ” ဟု မြန်မာနိုင်ငံ စိုက်ပျိုးရေး အခြေခံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဓာတုဆိုးဆေးများ အသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိထားသည့် အမှတ်တံဆိပ်များ

ဝင်းမိုး ငရုတ်သီးမှုန့်
မော်လမြိုင် ငရုတ်သီးမှုန့်
ရွှေမင်းဝန် ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
အိအိချို ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
စံပယ် ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
နှင်းပုလဲ ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
ဘုရင် ငရုတ်သီးမှုန့်
ညိုညို ငရုတ်သီးမှုန့်(အနုမှုန့်)
အောင်ကြည်သိန်း ငရုတ်သီးမှုန့်
နိုင်း ငရုတ်သီးမှုန့်(အနုမှုန့်)
ရွှေမြင့်မိုရ် ငရုတ်သီးမှုန့်(အနုမှုန့်)
ဓူဝံ ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
ဖိုးဝ ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
ရွှေဝတီ ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
ညွှန့်သဘာဝ ငရုတ်သီးမှုန့်(အလှော်မှုန့်)
ရဲသီဟ ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
သွယ်သွယ်အေး ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
မြန်မာရနံ့ ငရုတ်သီးမှုန့်(အကြမ်းမှုန့်)
စွဲကြိုက် ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
မွှေးမွှေးလေး နနွင်းမှုန့်
ရွှေမိ နနွင်းမှုန့်
ဖိုးဝ နနွင်းမှုန့်

Wednesday, November 21, 2012

မူတူးဆေးဖိုး KNU စစ်ဦးစီးချုပ်အဖြစ် ဆက်လက်တာဝန်ယူဦးမည်

ဟင်္သာနီ (မွန်မြေ) | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၂၁ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၄၃ မိနစ်

စံခလပူရီ (မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ထုတ်ပယ်ခြင်း ခံရသည်ဟု ကြေညာထားသည့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး အပါအဝင် ကြီးသုံးကြီးအား ရာထူးမှ ရပ်စဲခဲ့ခြင်းမှာ ကွန်ဂရက် ကသာ အဆုံးအဖြတ် ပေးနိုင်မည်ဟု ပုံမှန် ဗဟိုကော်မီတီ အစည်းအဝေးတွင် ချမှတ်ခဲ့ကြောင်း တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁)ဗဒိုစောလှငွေ ပြောသည်။

ဗဟိုကော်မတီ ၄ဝ တက်ရောက်သည့် အဆိုပါ အစည်းအဝေးကို KNU ထိန်းချုပ် နယ်မြေတွင်းရှိ ဘားအံခရိုင်၊ လေးဝါး စခန်း၌ အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၂ဝ ရက်နေ့ထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။

“CEC (ဗဟိုအလုပ်အမှုဆောင်ကော်မတီ) က ဆုံးဖြတ်ချက် ချတာကို ဗဟိုကော်မီတီက သဘောမတူတော့ အရေးယူ
ဆောင်ရွက်ဖို့ အခက်အခဲ ရှိတယ်။ အရေးယူ ဆောင်ရွက်မယ် ဆိုရင်လည်းပဲ ဗဟိုကော်မီတီ ပုံမှန်နဲ့ ကွန်ဂရက် ဆက်လက် ကျင်းပဖို့အတွက် အနှောင့်အယှက် ရှိတဲ့ အတွက်ကြောင့် ကွန်ဂရက်ရဲ့ မူလ အခွင့်အရေး ဖြစ်တဲ့ ကွန်ဂရက်ရှေ့မှာ သဘောတူညီချက်အရ အသိအမှတ် ပြုထားတဲ့ ပုဂ္ဂိုလ်တွေကို ကွန်ဂရက်အထိ ပြန်ပါသွားနိုင်ခွင့် ရှိတယ်ဆိုတဲ့ မူလ Zero level ကို ပြန်သွားခဲ့ကြတယ်” ဟု ဗဒို စောလှငွေ က မဇ္ဈိမကို ပြောသည်။

ထို့ကြောင့် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးမှာ KNU ၏ တရားဝင် စစ်ဦးချုပ်အဖြစ် ကွန်ဂရက် ခေါ်ချိန်အထိ ဆက်လက်၍ တာဝန်ယူသွားမည် ဖြစ်ပြီး ယခင် ကြီးသုံးကြီးကို ထုတ်ပြီး နောက်ပိုင်း တင်ခဲ့သည့် ယာယီ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်
ဘောကျော်ဟဲမှာ တာဝန်မှ အလိုအလျောက် ပျက်ပျယ်သွားပြီ ဖြစ်သည်။

“အဓိက ညှိတာက လေးနှစ် တကြိမ် ချထားတဲ့ နိုင်ငံရေးလမ်းစဉ်၊ နိုင်ငံရေးနဲ့ ဆိုင်တဲ့ ရှေ့လုပ်ငန်းစဉ်ကို ညှိကြတာ။ ကွဲလွဲမှု မရှိပါဘူး။ ကြိုတင် တိုင်ပင်ပြီးမှ လုပ်ရမယ့် အလုပ်ကို လုပ်ပြီးမှ ပြန်တင်ပြတော့ ပြဿနာ ဖြစ်ခဲ့တာအပေါ်
ပြန်လည် သုံးသပ်ပြီး လုပ်ထုံးလုပ်နည်းနဲ့ သေသေချာချာ လုပ်ငန်းပိုင်းဆိုင်ရာ အဓိပ္ပါယ် ဖွင့်ဆို၊ အစီအစဉ်တွေ အားလုံး ချမှတ်ပြီးတော့မှ အစီအစဉ်အတိုင်း လုပ်ကြဖို့ကို ကျနော်တို့ သဘောတူညီမှု ပြန်ယူခဲ့ကြတယ်” ဟု ဗဒိုလှငွေ က ဆက်ပြောသည်။

ထိုသို့ ပြန်လည် သုံးသပ်ချက်အရ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၏ မြဝတီမြို့ရှိ ဆက်ဆံရေးရုံး သွားရောက် ဖွင့်လှစ်ခဲ့ သည့် လုပ်ရပ်မှာ လုပ်ဟန် အမှားသဘော သက်ရောက်နေသည်ဟု ဆိုနိုင်သည်။

“သူတို့ ကိုယ်၌ကလည်း စေတနာ အရင်းခံနဲ့။ အခြေခံမူတွေ အပေါ်မှာ ဖောက်လွှဲ ဖောက်ပြန် လုပ်တာ မဟုတ်ဘူး။ သို့သော်လည်းပဲ ဒီလိုမျိုး အလျှင်အမြန် လုပ်ရမယ်၊ လုပ်ဖို့ လိုအပ်တယ်လို့ ယူဆပြီး လုပ်တော့ လုပ်ထုံးလုပ်နည်း
တွေနဲ့ သူတို့ လုပ်ပုံလုပ်နည်းတွေက အားနည်းမှု ရှိတယ်ဆိုတာ သူတို့ကိုယ်တိုင် ဝန်ခံတာတွေ ရှိပါတယ်” ဟု ဗဒို စောလှငွေ က ဆက်ပြောသည်။

မူတူးဆေးဖိုး၊ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာခင်နှင့် တွဲဖက် အတွင်းရေးမှူး (၂) လည်းဖြစ် ဗဟို တရားရေးဌာန တာဝန်ခံ ဗဒိုဒေးဗစ်ထော တို့အား ရာထူးမှ ရပ်ဆိုင်းရေး CEC ဆုံးဖြတ်ချက် ချရာတွင် ပါဝင်ခဲ့ သည့် KNU အထွေထွေ အတွင်းရေးမှူး နော်စီ ဖိုးရာစိန် က “ကျမတို့ စည်းလုံးညီညွတ်ရေး ဖော်ဆောင်ပြီးတော့ ကရင် တမျိုးသားလုံးအတွက် KNU က ချမှတ်ထားတဲ့ မူအတိုင်းက အားလုံးက လိုက်နာနိုင်မယ်ဆိုရင် ကျမတို့ ဆက်ပြီး သွားနိုင်မယ့် အပိုင်း၊ သွားလို့ ရပါတယ်” ဟု မဇ္ဈိမအား မှတ်ချက်ပြု၍ ပြောကြားခဲ့သည်။

အစည်းအဝေး အတွင်း၌ စစ်ဦးစီးချုပ်တို့ဘက်မှ တင်းတင်းမာမာ တုန့်ပြန်ပြောဆိုမှု မရှိဘဲ ညီညီ ညွှတ်ညွှတ်နှင့် ချမှတ် ထားသည့် မူအတိုင်း ရှေ့ဆက် လုပ်ဆောင်သွားကြရန် သဘောတူညီမှု ရရှိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတော် အစိုးရနှင့် ဆက်လက် ဆောင်ရွက် သွားရန်ကိုလည်း အစည်းအဝေးတွင် တညီတညွှတ်တည်း သဘောထားပြုခဲ့ကြသည်။

ရရှိထားသည့် အပစ်အခတ် ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းသွားကာ နိုင်ငံရေး ပြဿနာကိုလည်း ဆက်လက်
ဆွေးနွေး ဖြေရှင်းသွားမည်ဟု ဆိုသည်။

KNU ၏ ၁၅ ကြိမ်မြောက် ကွန်ဂရက်ကို ယခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ခန့်မှ စတင်ကာ ဒီဇင်ဘာ လလယ်ခန့်ထိ
ခေါ်ဆိုကျင်းပနိုင်ရန် ရည်ရွယ်ထားသည်ဟု သိရှိရသည်။

၁၄ကြိမ်မြောက်၊ကွန်ကရက်အပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ စတုတ္ထကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီ ထုတ်ပြန်ကြေငြာချက်




၃ ပတ်ကြာ ကျင်းပခဲ့တဲ့ KNU ထိပ်သီးအစည်းအဝေး မှ မှတ်တမ်းဓါတ်ပုံများ














ဓါတ်ပုံ- ပြည်တော်မြင့်

Tuesday, November 20, 2012

မန္တလေးတိုင်းမှာ ငလျင်လှုပ်ခဲ့


နိုဝင်ဘာ ၁၉ ရက် ည ၁၁ နာရီ ၅၆ မိနစ်ဝန်းကျင်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နှင့် ၃၂ မိုင်ခန့်အကွာ၊ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့နှင့် ၆၇ မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၅ ဒသမ ၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း European-Mediterranean Seismological Centre (EMSC) က သတင်းထုတ်ပြန်သည်။

 အဆိုပါ ငလျင်လှုပ်ခတ်မှုကို ခံစားသိရှိလိုက်ရကြောင်း မန္တလေးမြို့ရှိ ဒေသခံများက ပြောကြားသည်။

HQ OFF RFA Karen Language TV Program, November 3rd week, 2012 ByRFABurmeseVideoNov 16, 2012 269 views ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ "Shanti Volunteer Association ခေါ် NGO အဖွဲ့အစည်းက ဦးဆောင်ပြီး ဒုက္ခသည် ကလေးသူငယ်တွေအတွက် ရိုးရာယဉ်ကျေးမှုပြပွဲတွေ ပြုလုပ်ပေးနေတဲ့အကြောင်း မြန်မာဘာသာစာတန်းထိုး တင်ပြထားပါတယ်။

RFA Karen Language TV Program, November 3rd week, 2012
ByRFABurmeseVideo
Nov 16, 2012
269 views
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ "Shanti Volunteer Association ခေါ် NGO အဖွဲ့အစည်းက ဦးဆောင်ပြီး ဒုက္ခသည် ကလေးသူငယ်တွေအတွက် ရိုးရာယဉ်ကျေးမှုပြပွဲတွေ ပြုလုပ်ပေးနေတဲ့အကြောင်း မြန်မာဘာသာစာတန်းထိုး တင်ပြထားပါတယ်။

Diverse views on Obama's Burma visit


Diverse views on Obama's Burma visit
3,291 views

အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်း Published on November 19, 2012 by ဒီဗွီဘီ · No Comments မြန်မာနိုင်ငံ…မင်္ဂလာပါလို့ ပီပီသသနှုတ်ဆက်ပြီး အမေရိကန်သမ္မတ အိုဘားမားဟာ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်း အသံဖိုင်မှာနားဆင်နိုင်ပါပြီ။

Monday, November 19, 2012

အမေရိကန်သမ္မတအိုဘားမားသမိုင်းဝင်ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင်မိန့်ခွန်းပြောကြားစဉ်

DVB TV


အိုဘားမား မြန်မာ ခရီးစဉ်


အီးမေးလ်ပို့ရန်ပရင့်ထုတ်ရန်PDF ဖိုင်ရယူရန်

obama inside banner
အိုဘားမားနှင့် ဒေါ်စု သတင်းစာရှင်းလင်းပွဲ ပြီး
အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏  သတင်းစာ ရှင်းလင်းပွဲကို မွန်းလွဲ ၁ နာရီ ၁၁ မိနစ်တွင် ပြီးဆုံးသွားသည်။
အိုဘားမားနှင့် ဒေါ်စု သတင်းစာရှင်းလင်းပွဲ စ
အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နာရီဝက်ကြာ ဒုတိယအကြိမ် တွေ့ဆုံမှု အပြီးတွင် သတင်းထောက်များနှင့် တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲကို မွန်းလွဲ ၁ နာရီ ၇ မိနစ်တွင် စတင်နေပြီ
ဖြစ်သည်။
အမေရိကန် သမ္မတနှင့် ဒေါ်စု တွေ့ဆုံနေ
အမေရိကန် သမ္မတ ဘားရက် အိုဘားမားသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် နေရလည် ၁၂ နာရီ မိနစ် ၂ဝ ခန့်က တွေ့ဆုံဆွေးနေရာ ပြည်တွင်း ပြည်ပ သတင်းထောက်များ သတင်းယူရန် စောင့်ဆိုင်းနေကြသည်။
အမေရိကန်သမ္မတ အိုဘားမားသည် မွန်းလွဲ ၁၂ နာရီ ၁၇ မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့
ရောက်ရှိသည်။
သမ္မတများ မိန့်ခွန်း နားထောင်ရန် တန်းစီနေကြ
အမေရိကန်နှင့် မြန်မာ သမ္မတတို့၏ မိန့်ခွန်းများကို နားထောင်ရန်အတွက် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ရောက်နိုင်ရေး လူအများ တန်းစီလျက်ရှိနေကြသည်။

“လုံခြုံရေး စစ်ဆေးမှုအတွက် တန်းစီနေကြပါတယ်။ လူ တထောင် ကျော်ပါလိမ့်မယ်” ဟု ထိုနေရာသို့ ရောက်ရှိနေ
သော သတင်းထောက်တဦးက ပြောသည်။
သမ္မတ ဦးသိန်းစိန်ကို သမ္မတ အိုဘားမား ပြောကြားချက်
သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် အမေရိကန် သမ္မတ အိုဘားမားက ယခုကဲ့သို့ အပြုသဘောဆောင်သည့်
တွေ့ဆုံမှုသည် အမေရိကန်-မြန်မာ နှစ်နိုင်ငံ ရေရှည် ဆက်ဆံရေးအတွက် ပထမဆုံး ခြေလှမ်း ဖြစ်ကြောင်း၊
နိုင်ငံတော် သမ္မတ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုသည် မြန်မာနိုင်ငံအား တိုးတက်မှုကို ဖြစ်ပေါ်စေကြောင်း၊ အမေရိကန်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် အမေရိကန်နှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံအတွက်သာမက အရှေ့တောင်အာရှအပြင် တကမ္ဘာလုံး တိုးတက်မှုအတွက် အထောက်အကူပြုနိုင်ကြောင်း နိုင်ငံတော် သမ္မတကြီး၏ ကလေးစစ်သားဆိုင်ရာ ဆောင်ရွက်မှုများနှင့် လက်နက်ကြီး တပ်ဆင်မှု ထိန်းချုပ်မှုဆိုင်ရာ ဆောင်ရွက်မှုများသည်
ကောင်းမွန်ကြောင်း၊ မြန်မာနိုင်ငံသို့ နောင်တွင်လည်း ထပ်မံလာရောက်နိင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့ သည်။
သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံပြီးစီးသွားပြီးနောက် အမေရိကန်သမ္မတ အိုဘားမားနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့ တွေ့ဆုံဆွေးနွေးတော့မှာ ဖြစ်သည်။
ရှေ့သို့ သွားနေသည်ဟုဆို
သမ္မတ ဦးသိန်းစိန်က သမ္မတ အိုဘားမားကို နှုတ်ဆက်စကားဆိုရာတွင် ‎“သမ္မတကြီး(သမ္မတအိုဘားမား)ရဲ့ စကားအတိုင်းပါပဲ ကျနော်တို့လည်း Move Forward သွားနေပါတယ်။” ဟု ထည့်သွင်းပြောကြားသည်။
သမ္မတအိုဘားမား မိန့်ခွန်းအကြို ကောက်နုတ်ချက်များ
(အိမ်ဖြူတော်သတင်းဌာနမှ ထုတ်ပြန်သည်)
အမေရိကန် ပြည်ထောင်စုအနေနဲ့ လူသားတွေရဲ့ ဂုဏ်သိက္ခာကို ယုံကြည်တဲ့အတွက် ကျနော်ဒီကိုလာခဲ့တာလို့ပဲ
ပြောပါရစေ။ ပြီးခဲ့တဲ့ ဆယ်စုနှစ် တော်တော်များများမှာ၊ ကျနော်တို့ ၂ နိုင်ငံဟာ သူစိမ်းပြင်ပြင် ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာ
တော့၊ ဒီနိုင်ငံရဲ့ ပြည်သူတွေဖြစ်တဲ့ ခင်ဗျားတို့ အားလုံးကို ကျနော်တို့ အမြဲ ယုံကြည် မျှော်လင့်နေခဲ့တာပါဆိုတာကို ကျနော်ပြောနိုင်ပါပြီ။ ကျနော်တို့အတွက် မျှော်လင့်ချက်တွေပေးသလို၊ ခင်ဗျားတို့အားလုံးရဲ့ သတ္တိတွေကိုလည်း ကျနော်တို့ မျက်ဝါးထင်ထင် မြင်ခဲ့ရပြီးပါပြီ။အပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် မြန်မာသမ္မတ ဦးသိန်းစိန်က အမေရိကန်သမ္မတ အိုဘားမားကို ကြိုဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ သမ္မတ အိုဘားမား ရောက်ရှိ
သမ္မတ အိုဘားမား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ရောက်ရှိပါပြီ။ လွှတ်တော်တွင် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည်။
လူကုန်ကူးမှုနှင့် ပတ်သက်၍ မြန်မာနှင့် အမေရိကန်တို့ သဘောတူညီချက်
လူကုန်ကူးမှု ကျူးလွန်မှုများကို ရှာဖွေဖော်ထုတ်ခြင်း၊ လူကုန်ကူးမှု ကျူးလွန်သူများကို စစ်ဆေးခြင်းနှင့် ရုံးတင် တရားစွဲဆိုခြင်း၊ လူကုန်ကူးခြင်းခံရသူများကို နိုင်ငံတကာ လမ်းညွှန်ချက်များနှင့် အညီ ဝန်ဆောင်မှုများပေးခြင်း၊
မြန်မာနိုင်ငံသားများအား တိုင်းပြည်အတွင်း၌သော်လည်းကောင်း တိုင်းပြည်ပြင်ပ၌သော်လည်းကောင်း လိင်ကျွန်ပြုခံရခြင်းမှ ကာကွယ်ရေး သို့မဟုတ် အဓမ္မလုပ်အားပေး ခိုင်းစေခြင်းမှ ကာကွယ်ရေးတို့ ဖြစ်ကြသည်။

(က) အိုင်အယ်လ်အို လုပ်ငန်းအစီအစဉ် (ILO Action Plan) နှင့် ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများအုပ်ချုပ်မှု ဥပဒေ အသစ်ပါ ပြဌာန်းချက်များကို အကောင်အထည်ဖော်ပြီး တိုးများလာသော အဓမ္မလုပ်အားပေးခံရခြင်း စွပ်စွဲခံရခြင်းများ ကို အိုင်အယ်လ်အိုတွင် တိုင်ကြားနိုင်သော ယန္တရားများမှ တဆင့်လည်းကောင်း၊ မြန်မာအာဏာပိုင်များထံမှ တဆင့်သော်လည်းကောင်း မြန်မာအစိုးရ အာဏာပိုင်များထံ တိုင်ကြားအရေးယူနိုင်ရေး

(ခ) လူကုန်ကူးမှုပြဿနာများအပေါ် CBTIP အရာရှိများ၏ တာဝန်ရှိမှုများကို တိုးချဲ့ရေး။ အဓမ္မလုပ်အားခိုင်းစေခြင်း
နှင့် ကလေးစစ်သား စုဆောင်းခိုင်းစေခြင်း အပါအဝင် လူကုန်ကူးမှုပုံစံမျိုးစုံကို ကျူးလွန်သည်ဟု စွပ်စွဲခံရသူများအား ရာဇဝတ်ကြောင်းအရ စစ်ဆေးပြီး ရုံးတင်တရားစွဲဆိုခြင်း တို့ကိုပြုလုပ်ရာ၌ တိုးမြှင့်ပြုလုပ်ခြင်းတွင် တိုးတက်မှု ရှိကြောင်း ပြသရန်

(ဂ) မြန်အာဏာပိုင်များ (ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် လူမှုရေးလုပ်ငန်းလုပ်ကိုင် သည့်အဖွဲ့အစည်းများ) နှင့် ကျယ်ပြန့်သော လူထုအခြေပြု အဖွဲ့အစည်းများ၊ ဘာသာရေး အဖွဲ့အစည်းများအကြား စနစ်တကျ ဖွဲ့စည်း တည်ဆောက်ထားသော လက်တွဲလုပ်ဆောင်မှု အစီအစဉ်များနှင့် ပိုမိုကြံ့ခိုင်တောင့်တင်းသော ပုံစံဖြင့် မူဝါဒချမှတ်
ခြင်းနှင့် လုပ်ငန်းဆောင်ရွက်ခြင်း အဆင့်များအားလုံး၌ နိုင်ငံတဝှမ်း လူကုန်ကူးမှု ကာကွယ်တားဆီးရေး ကြိုးပမ်းမှု များတွင် လူထုအခြေပြုအဖွဲ့အစည်းများ ပိုမိုပါဝင်နိုင်ရေးကိုအားပေး ဆောင်ရွက်ရန်

(ဃ) နည်းပညာ အကူအညီပေးခြင်း၊ လေ့ကျင့် သင်ကြားပေးခြင်း၊ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၏ စုံစမ်း စစ်ဆေးခြင်း လုပ်ငန်းများ၊ လူကုန်ကူးခံရသူများ သက်သေများအား တွေ့ဆုံမေးမြန်းခြင်းများ၊ လူကုန်ကူးခံရသူများ အား အကူအညီပေးအပ်ခြင်းများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ တို့ကို ပူးပေါင်းဆောင်ရွက်ရာ တွင် အစွမ်းကုန် ထိရောက်နိုင်သမျှ ထိရောက်စေရန်အတွက် အမေရိကန်အစိုးရက ငွေကြေး ထောက်ပံ့ထားသော အစီအစဉ်များနှင့် မြန်မာအစိုးရ၏ မိတ်ဖက် အဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကိုပြုလုပ်ရန်
သမ္မတ အိုဘားမားနှင့် အတူ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်လည်း လိုက်ပါလာသည်။
လေယာဉ်ပေါ်မှ ဆင်းလာသော သမ္မတ အိုဘားမားကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ကြိုဆိုလာသည်။
အင်တာနက်မှ တိုက်ရိုက်ကြည့်ရှုရန်
သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်သည့် သတင်းကို တိုက်ရိုက်ကြည့်ရှု့ရန်အတွက်
အောက်ပါ လင့်တွင် ဒေါင်းလုပ်ချပြီး Sky Net မှတစ်ဆင့် ကြည့်နိုင်ပါသည်။ ကြည့်နိုင်ပါသည်။ Channel No: 99221 ကိုရွေးရန်လိုအပ်သည်။
http://pages.tvunetworks.com/downloads/player.html
Air Force One လေယာဉ်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာပါပြီ။
usairforce1arrive
သမ္မတ အိုဘားမား လိုက်ပါလာသော Air Force One ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆင်းသက်လာစဉ်။
usairforce1arrive1
သမ္မတ အိုဘားမား လေယာဉ်ပေါ်မှ အဆင်းကို ကြိုဆိုနှုတ်ဆက်သူများ။
usairforce1arrive2
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာ Air Force One လေယာဉ် (ဓါတ်ပုံ မဇ္ဈိမ)
အမေရိကန် သမ္မတ ဘားရက် အိုဘားမား၏ ခရီးစဉ်အတွက် လိုက်ပါလာသော စစ်ရေယာဉ်
USS-Bonhomme-RichardUSS Bonhomme Richard (LHD-6) သည် မြန်မာ့ရေပိုင်နက် အနီးတွင် စောင့်ကြပ်လျှက် ရှိသည်ကို တွေ့ရစဉ်။
မြန်မာ့ တပ်မတော် (ရေ) သတင်းရပ်ကွက်များအရ မြန်မာ့တပ်မတော် (ရေ) ၏ ဖရီးဂိတ် စစ်ရေယာဉ် နှစ်စီးမှ အရာရှိ စစ်သည်များက နိုဝင်ဘာ ၁၈ ရက်နေ့တွင် အမေရိကန် စစ်သင်္ဘောပေါ်သို့ သွားရောက် လည်ပတ်ပြီး အမေရိကန် အရာရှိများနှင့် နေ့လည်စာ အတူစားသုံးခဲ့သည်ဟု ဆိုသည်။
အမေရိကန် သမ္မတ ခရီးစဉ်အတွင်း ရန်ကုန်မြို့တွင်း လမ်းအချို့ ခေတ္တပိတ်မည်
အမေရိကန် သမ္မတ လာရောက်မည်ဖြစ်သော ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်လမ်း၊ ၁၀ မိုင် လမ်းဆုံ၊ လေဆိပ်လမ်းနှင့် ပြည်လည်းဆုံ၊ ပြည်လည်းနှင့် တော်ဝင်လမ်းဆုံ၊ ရှစ်မိုင်လမ်းဆုံ၊ အေဒီ မီးပွိုင့်၊ ပြင်လည်း လမ်းဆုံ၊ မြေနီကုန်းမီးပွိုင့်၊ ရန်ကုန် လွှတ်တော်ရှေ့ တို့တွင် ယနေ့ သမ္မတ အိုဘားမားကို ရည်ညွှန်းသည့် အရေးကြီး ပုဂ္ဂိုလ် ယာဉ်တန်း ဖြတ်သန်းမည် ဖြစ်သည်ဖြင့် မိနစ် ၂၀ ခန့် ကြိုတင် ခေတ္တ ပိတ်ထားမည်ဖြစ်ပြီး လမ်းလွှဲမှ သွားလာနိုင်ရန် လမ်းညွှန်ပေးမည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ရေးသားထားသည်။
သမ္မတ နှစ်ဦး၏ မိန့်ခွန်းများ တိုက်ရိုက် ထုတ်လွှင့်မည်
ရန်ကုန်တက္ကသိုလ်တွင် ဟောပြောကြမည့် အမေရိကန်သမ္မတနှင့်  မြန်မာသမ္မတတို့၏ မိန့်ခွန်းများကို Myanmar International ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့် ပြသပေးမည်ဟု ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က သူ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။
မြန်မာကို ဒေါ်လာ သန်း ၁၇၀ ပေးမည့်အကြောင်း အိုဘားမား ပြောမည်
မြန်မာနိုင်ငံ ပညာရေး မြှင့်တင်ရန်နှင့် ဒီမိုကကရက်တစ် အဖွဲ့အစည်းများ တည်ထောင်ရေးတွင် အရပ်ဖွဲ့ လူ့အဖွဲ့အစည်းကို ကူညီရန် ၂၀၁၂, ၂၀၁၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၇၀ ကူညီထောက်ပံ့မည့် အကြောင်း အမေရိက သမ္မတက သူ၏ မြန်မာပြည် ခရီးစဉ်အတွင်း ကြေညာရန် ရှိသည်ဟု AFP သတင်းတစ်ရပ် တွင် ဖေါ်ပြထားသည်။
ကျောင်းသား ကျောင်းသူများဖြင့် ကြိုဆို
သမ္မတ အိုဘားမားကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အထွက်တွင် အစိုးရက စီစဉ်မှုဖြင့် လာရောက် ကြိုဆိုသူများတွင် အလယ်တန်းနှင့် အထက်တန်း ကျောင်းသူ ကျောင်းသား အများဆုံးဖြစ်ပြီး သုံးထောင်ကျော်ခန့်
စောင့်ဆိုင်းနေကြသည်။ အရပ်သား အနည်းငယ်ကိုသာ တွေ့ရပြီး ကျောင်းသား ကျောင်းသူများမှာ နံနက် ၇ နာရီခန့် ကတည်းက ရောက်နေကြခြင်းဖြစ်သည်။ ပြည်တွင်း ပြည်ပသတင်းထောက် ၂၀၀ ခန့်လည်း စောင့်ဆိုင်းနေကြသည်။
usairforce1arrive4
usairforce1arrive3
IAEA နောက်တိုး အချက်အလက်များ လက်မှတ် ထိုးမည်ဟု မြန်မာပြော
မြန်မာအနေဖြင့် ” နိုင်ငံတကာ အဏုမြူ စွမ်းအင်အေဂျင်စီ International Atomic Energy Agency ၏  နောက်တိုး လိုက်နာရန် အချက်အလက်များ (Additional Protocol) ကို လက်မှတ်ရေးထိုးနိုင်ရန်နှင့် ၁၉၉၅ ခု Small Quantities Protocol ၏ ထပ်မံပြင်ဆင်ချက်ကို လက်ခံနိုင်ရန် နိုင်ငံတော် သမ္မတကြီးက အတည်ပြုပြီးဖြစ်ရာ လွှတ်တော်သို့ တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။” ဟု အစိုးရ သတင်း ထုတ်ပြန်ရေးအဖွဲ့က ကြေညာသည်။
မြန်မာပြည်ခရီးစဉ်အပေါ် အိုဘားမားကာကွယ်ပြောကြား
အချိန်မကျသေးဘဲ မြန်မာပြည် သွားရောက်လည်ပတ်တာလို့ ဝေဖန်နေတာတွေအပေါ် အိုဘားမားက သူ့ခရီးစဉ်ဟာ ဘိသိက်သွန်းတာ မဟုတ်တဲ့အကြောင်း ခုခံပြောဆိုလိုက်ပါတယ်။

“မြန်မာဟာ သူတို့ရှိသင့်တဲ့နေရာမှာ ရှိနေပြီလို့ ဘယ်သူမှ ထင်ယောင်ထင်မှား ဖြစ်မယ်မထင်ပါဘူး” ဟု အိုဘားမား က ထိုင်းဝန်ကြီးချုပ် ယင်းလတ်ခ် ရှင်နာဝပ်ထရာနှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

“တဖက်မှာလည်း ပြည့်စုံတဲ့ ဒီမိုကရေစီရတဲ့အထိအောင် ကျွန်တော်တို့စောင့်ပြီးမှ ထိတွေ့ဆက်ဆံရမယ်ဆိုရင် အကြာကြီးကိုပဲ စောင့်ရလိမ့်မယ်လို့ ကျွန်တော်တော့ သင်္ကာမကင်း ဖြစ်မိတယ်”

“ဒီခရီးစဉ်ရဲ့ ရည်မှန်းချက်တစ်ခုမှာ တိုးတက်မှုတွေကို မီးမောင်းထိုးပြဖို့ ဖြစ်ပေမယ့် အနာဂတ်မှာ ဒီထက်အများကြီး ပိုတိုးတက်အောင် လုပ်သင့်တဲ့ဟာတွေကိုလည်း ပြောဖို့ဖြစ်တယ်” ဟု သူက ပြောသည်။

(ကိုးကား : အေဘီစီ)
နိုဘယ်လ်ဆုရှင် အမျိုးသမီးများ အိတ်ဖွင့်ပေးစာ
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် အမျိုးသမီးငါးဦးက သမ္မတအိုဘားမားနှင့် သမ္မတ ဦးသိန်းစိန်တို့ကို အိတ်ဖွင့်ပေးစာ တစ်စောင်ရေးသားပေးပို့ရာတွင် ရခိုင်ပြည်နယ်အတွင်း စနစ်တကျအကြမ်းဖက်လုပ်ဆောင်မှုများ အဆုံးသတ်ရေး လုပ်ဆောင်ရန် တိုက်တွန်းလိုက်သည်။

“လူ ၁၇ဝ သေဆုံးပြီး လူပေါင်း ၁၁၀၀၀၀ အထိအောင် သူတို့နေအိမ်တွေကနေ ရွှေ့ပြောင်းခဲ့ရတယ်ဆိုတဲ့ သတင်း
တွေသိရတဲ့အတွက် ကျွန်မတို့ နက်နက်ရှိုင်းရှိုင်းကိုပဲ စိတ်မကောင်းဖြစ်မိပါတယ်။ လူသားချင်း ဆိုင်ရာ အထောက် အကူပေးတာတွေအပေါ် ကန့်သတ်တာတွေ နဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေ အပါအဝင် အကြမ်းဖက်မှုတွေကြောင့် အသက်မသေကျန်ရစ်သူတွေကို အရမ်းလိုအပ်နေတဲ့ ကျန်းမာရေး၊ အစားအသောက် နဲ့ နေစရာတွေ မရအောင် တားမြစ်တာတွေ အဆုံးသတ်ဖို့ကိုလည်း ကျွန်မတို့ တိုက်တွန်းပါတယ်” ဟုလည်း ကြေညာချက်တွင် ပါရှိသည်။
အိုဘားမား အဖိုးလည်း မြန်မာပြည် ရောက်ဖူး
အမေရိကန် သမ္မတ၏ ကင်ညာလူမျိုးအဖိုး ဟူစိန် အွန်ယန်ဂို အိုဘားမား (Hussein Onyango Obama) က ဒုတိယ ကမ္ဘာစစ် ကာလအတွင်းက မြန်မာနိုင်ငံသို့ အင်္ဂလိပ် စစ်တပ်၏ ဗိုလ်ကြီးတဦးအတွက် ထမင်းချက်အဖြစ် ရောက်ရှိ လာခဲ့ဖူးသည်။ သို့သော် အိုဘားမားသည် အဖိုးဖြစ်သူကို မမြင်ဖူးလိုက်ပါ။

အိုယန်ဂို အိုဘားမား (Onyango Obama) က ၁၈၉၅ ခုနှစ်တွင် မွေးဖွားခဲ့သည်ဟု ယုံကြည်ရသည်။ လူအို မျိုးနွယ်စု (Luo tribe) ဝင် တဦးဖြစ်ပြီး၊ ကင်ညာနိုင်ငံရှိ ကိုလိုနီ အရာရှိများထံတွင် အစေခံအဖြစ် နှစ်များစွာ အလုပ်လုပ်ကိုင် ခဲ့သည်။ သူ၏ သား ပထမ ဘားရက် ဟူစိန် အိုဘားမားက နောက်ပိုင်းတွင် သမ္မတဖြစ်လာမည့် အိုဘားမား၏ ဖခင်ဖြစ်သည်။ စစ်အတွင်းက မြန်မာနိုင်ငံတွင် ကင်ညာလူမျိုး ၇၅,၀၀၀ ခန့် တာဝန် ထမ်းဆောင်ခဲ့ကြသည်။

(ကိုးကား။ ။ နယူးယော့တိုင်းမ်)
ဦးသိန်းစိန် ရန်ကုန်ပြန်လာ
မနက်ဖြန်တွင် ရောက်ရှိလာမည့် သမ္မတ အိုဘားမားနှင့် တွေ့ဆုံရန် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် အာဆီယံ ထိပ်သီး အစည်းအဝေး တက်နေသော မြန်မာ သမ္မတ ဦးသိန်းစိန်သည် ယနေ့ (တနင်္ဂနွေနေ့ည)တွင် ရန်ကုန်မြို့ သို့ ပြန်လာမည် ဖြစ်သည်။

သမ္မတ အိုဘားမားသည် သူ၏ ခြောက်နာရီကြာ ရန်ကုန်မြို့ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နယ်ပယ် အသီးသီးမှ ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ၊ ရန်ကုန်ရှိ အမေရိကန် သံရုံး ဝန်ထမ်းများနှင့် တွေ့ဆုံမည် ဖြစ်သည်။

ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် သမ္မတ အိုဘားမားက နယ်ပယ် အသီးသီးမှ ဖိတ်ကြားထားသော ပုဂ္ဂိုလ်များကို ဟောပြောမည် ဖြစ်သည်။

နေ့လည်စာကို အမေရိကန် သံရုံးတွင်ပင် စားသုံးမည် ဖြစ်သည်။
အကျဉ်းသား ၆၆ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ
သမ္မတ ဘားရက်အိုဘားမား လာရောက်မည့် ခရီးစဉ် အကြိုညတွင် မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အကျဉ်းသား ၆၆ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်ဟု နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်သည်။

လွှတ်ပေးရမည့် သူများနှင့် ပတ်သက်၍ နိုဝင်ဘာ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တွင် စိစစ်ခဲ့ခြင်း ဖြစ်သည်ဟု
ကြေညာချက်တွင် ပါရှိသည်။

ယခု လွှတ်ပေးမှုတွင် နိုင်ငံရေး အကျဉ်းသားများ ပါရှိလိမ့်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ရန်ကုန်လေဆိပ် လေယာဉ် ခရီးစဉ်များ ရွှေ့ဆိုင်း
သမ္မတ အိုဘားမားခရီးစဉ်ကြောင့် ရန်ကုန် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ် ခရီးစဉ်များခေတ္တ ဆိုင်းငံ့ထားမှာ ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီး ဌာနက ထုတ်ပြန်သည်။

တနင်္လာနေ့ နံနက် ၉  နာရီမှ ၁၀ နာရီအတွင်းနှင့် ညနေ ၃ နာရီမှ ၄ နာရီအတွင်း ပုံမှန် လေယာဉ် ခရီးစဉ်များကို
နောက်သို့ ရွှေ့လိုက်ခြင်း ဖြစ်သည်။

နံနက်ပိုင်း အချိန်တိုက်နေသော လေယာဉ်များကို နံနက် ၁၀ နာရီ နောက်ပိုင်းနှင့် ညနေပိုင်း လေယာဉ်များကို ညနေ ၄ နာရီနောက်ပိုင်း ပြောင်းရွှေ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
Obama-Invitation-letter
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ဟောပြောမည့် အမေရိကန်သမ္မတ အိုဘားမား၏ ပွဲသို့ ဖိတ်ကြားသူများအတွက် ဖိတ်ကြားစာ
Obama-Graffiti1
Obama-Graffiti2
အိုဘားမားကို ကြိုဆိုဂုဏ်ပြုသောအာားဖြင့် Art Entertainment မှ လူငယ်တစ်စုက ဂရပ်ဖတီတစ်ခုကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ SSS ကားအရောင်းစင်တာအနီး အုတ်နံရံပေါ်တွင် ရေးဆွဲနေစဉ်။ ထိုအဖွဲ့က နိုဝင်ဘာ ၁၁ ရက်နေ့က အိုဘားမားပုံတူ ဂရပ်ဖတီကို ကန်တော်ကြီးတာဝါတွင် ရေးဆွဲရာ နာရီအနည်းငယ်အကြာတွင်ပင် အမည်မသိလူတစ်ချို့၏ ဖျက်ဆီးခြင်းခံခဲ့ရသည်။
obama-security-team-arrive-ygn-airportရက်အတန်ကြာက ရိုက်ကူးထားသော ပုံဖြစ်ပါသည်။ သမိုင်းတွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ရန် အမေရိကန် လုံခြုံရေး အဖွဲ့များက ပစ္စည်းများ သယ်ယူလာသော လေယာဉ် ရန်ကုန် မင်္ဂလာဒုံလေဆိပ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ S Nay Win Tun။ အိုဘားမားသည် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့
နိုဝင်ဘာ ၁၉  ရက်နေ့တွင် ခြောက်နာရီကြာ လာရောက် လည်ပတ်မှာဖြစ်ရာ မြန်မာ့သမိုင်းတွင် အမေရိကန် သမ္မတ၏  ပထမဆုံး ခရီးစဉ်ဖြစ်လာပါမည်။