Saturday, April 25, 2009

ကေအန်ယူနှင့် ပြန်လည်ပေါင်းစည်းသည့် ခွဲထွက်အဖွဲ့များမှ အဖွဲ့ဝင်များကို ကေအန်ယူက သွေးအေးအေးဖြင့် သတ်ဖြတ်လျက်ရှိသည်ဟူသော စွပ်စွဲပြောဆိုချက်အား ပြန်လည်ရှင

NEJ /၂၄ ဧပြီ ၂၀၀၉

ယမန်နေ့ ညက ထုတ်လွှင့်သည့် မြ၀တီရုပ်မြင်သံကြားအစီအစဉ်တွင် ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ စောဌေးမောင်က ကေအန်ယူအပေါ် စွပ်စွဲပြောဆိုချက်များ အခြေအမြစ်မရှိကြောင်း ပြန်လည်ဝင်ရောက်လာသူများက ရှင်းလင်းပွဲတရပ်ပြုလုပ်သည်။ကေအန်ယူနှင့် ပြန်လည်ပေါင်းစည်းသည့် ခွဲထွက်အဖွဲ့များမှ အဖွဲ့ဝင်များကို ကေအန်ယူက သွေးအေးအေးဖြင့် သတ်ဖြတ်လျက်ရှိသည်ဟူသော စွပ်စွဲပြောဆိုချက်အား ပြန်လည်ရှင်းလင်းခြင်းဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ယနေ့ပြုလုပ်သည့် အဆိုပါရှင်းလင်းပွဲကို ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ၊ တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် (ဒီကေဘီအေ)၊ ပဒိုအောင်ဆန်း ဘုရားကုန်းအဖွဲ့များမှ ကေအန်ယူအဖွဲ့သို့ ပြန်လည်ဝင်ရောက်လာကြသူ (၂၇) ဦးက ရှင်းလင်းခဲ့ကြသည်။စောဌေးမောင်က ကေအန်ယူထံ ပြန်သွားကြသည့် ကရင်ခွဲထွက်အဖွဲ့များမှ လူများကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ် စောဂျော်နီ ဦးဆောင်ကာ သွေးအေးအေးဖြင့် သတ်ဖြတ်ခဲ့ကြသည်ဟု ရုပ်မြင်သံကြားမှ ပြောကြားခဲ့သည်။
ပြန်လည်ဝင်ရောက်လာသူများမှ စောအေးဖေက “ကျနော်က ပဒိုအောင်ဆန်း ဘုရားကုန်းအဖွဲ့ကို၂၀၀၀ ခုမှာ ရောက်ပြီး ၂၀၀၆ ခုမှာ ကေအန်ယူဘက်ကို ပြန်လာတာဖြစ်တယ်။ ဟိုမှာက ပဒိုအောင်ဆန်းနဲ့ ခေါင်းဆောင်ပိုင်း တွေပဲ ကြီးပွားချမ်းသာကြတယ်။ အောက်ခြေရဲဘော်တွေအနေနဲ့ အိမ်တဆောင် မီးတပြောင်မနေနိုင်တဲ့ဘ၀ပါ။ ဒီကြားက ကရင်အချင်းချင်း ဖိနှိပ်မှုမျိုးစုံရှိတော့ မိခင် ကေအန်ယူဆီကို ပြန်လာတာဖြစ်တယ်။ ဘာမှ သတ်တာ ဖြတ်တာ မရှိဘူး။ အားလုံးကိုယ့်ဆန္ဒအတိုင်းပဲ။ တချို့မိသားစုတွေ တတိယနိုင်ငံရောက်သွားတာလည်း အများကြီး ရှိတယ်။ ငြိမ်းချမ်းရေးကောင်စီကတော့ နအဖ လက်ကိုင်တုတ်ဖြစ်သွားတော့ နအဖခိုင်းသလို လုပ်ရတဲ့ သဘောရှိတယ်” ဟု ပြောသည်။
ဒီကေဘီအေ (၉၉၉) အထူးတပ်ရင်းမှ ဆေးတပ်သား စောအဲ့ထူးက “၂၀၀၇ မှာ ကေအန်ယူနဲ့ လာရောက် ပူးပေါင်းတာဖြစ်တယ်။ ဒီကေဘီအေမှာ (၃) နှစ်ကြာတယ်။ ဦးတည်ချက်နဲ့ လုပ်ဆောင်ချက်က ကရင်တွေအတွက် အကျိုးမရှိတာ သိရလို့ ကေအန်ယူနဲ့လာပြီး ပူးပေါင်းတာဖြစ်တယ်။ ငြိမ်းချမ်းရေးကောင်စီ ပြောသလို ပြန်လာတဲ့ လူတွေကို သတ်တယ်ဆိုရင် ကုန်ပြီပေါ့။ အခု ဒီမှာတွေ့တဲ့အတိုင်းပဲ” ဟု ပြောသည်။ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ဒု-ဗိုလ်မှူးကြီး စောလှကျော်ကလည်း “ကျနော်ပြန်လာတာ (၁) နှစ်ပြည့်တော့မယ်။ ပြန်လာတဲ့လူတွေကို ဘယ်သူမှ မသတ်ဘူး။ အားလုံးရှိကြတာပဲ။

အခု စောဌေးမောင်ပြောတဲ့ ကိစ္စက နအဖ ပြောခိုင်းလို့ ပြောရတာဖြစ်တယ်။ သူက အသက်လည်းကြီးပြီး အမှတ်သညာလည်း မကောင်းတော့ဘူး” ဟု ပြောသည်။

ကရင်ခွဲထွက်အဖွဲ့အစည်းအသီးသီးမှ ပြန်လာကြသည့် အဖွဲ့ဝင်များမှာ ထိုင်း-မြန်မာနယ်စပ်တွင် လက်ရှိစာရင်းအရ (၇၀) ခန့်ရှိပြီး ၎င်းတို့ဆန္ဒအတိုင်း ကောင်းရောင်းကောင်းဝယ် အသက်မွေးဝမ်းကြောင်းပြုလျက်ရှိသည်ဟု ပြန်ဝင်ရောက်လာသူတဦးက ပြောသည်။

ကေအန်အယ်လ်အေ တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ်စောဂျော်နီက “ပြန်လာတဲ့လူတွေအားလုံးကို ကျနော်တို့ ကောင်းကောင်းမွန်မွန် လက်ခံစောင့်ရှောက်ထား မထားသိချင်ရင် ကိုယ်တိုင်သွားမေးမြန်းလို့ ရတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင်များသည် လွန်ခဲ့သည့် ရက်ပိုင်းမှ စတင်ကာ မြန်မာ့ရုပ်မြင်သံကြား၊ မြ၀တီရုပ်မြင်သံကြား၊ MRTV-3 စသည့် ရုပ်သံလိုင်းများမှ ညစဉ် ကေအန်ယူအဖွဲ့အား ထိုးနှက်ပုတ်ခတ်သည့် အစီအစဉ်များကို တင်ဆက်လျက်ရှိသည်။

အဓိက ထိုးနှက်ပုတ်ခတ်သည့် ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင်များမှာ ကေအန်ယူ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောဘိုမြ၏သား စောနေစိုးမြ၊ စောဌေးမောင်နှင့် သမီးဖြစ်သူ နော်ကပေါ်ထူးတို့ ဖြစ်သည်။

သုံးပွင့်ဆိုင်ဆွေးနွေးရေးကိုသာ လုပ်ဆောင်မည်ဖြစ်ကြောင်း KNU ပြောကြား

Friday, April 24, 2009
စစ်အစိုးရအာဘော်မြန်မာ့အလင်းသတင်းစာတွင်ဧပြီလ၂၁ရက်နေ့ကဆောင်းပါးရှင်စောဖိုးစီမှ``ရန်ပြိုခြင်းရဲ့အဓိပ္ပါယ်ငြိမ်းချမ်းတဲ့အခါသိလိမ့်မည် ´´ ခေါင်းစဉ်ဖြင့် KNU အတွင်းရေးကိစ္စများကို ထုတ်ဖော်ရေးသားထားသည်။ထိုင်းနယ်စပ်ရှိ နိုင်ငံရေး အကဲခတ်သမားများမှ ၄င်းဆောင်းပါးပါအချက် အလက်များသည် KNUကို သစ္စာဖောက်သွားသော နေစိုးမြအဖွဲ့မှ စစ်အစိုးရသို့ ပေးသည့် သတင်းများ ဖြစ်နိုင်ကြောင်း KNU ထိပ်ပိုင်းခေါင်းဆောင်များ၏ အတွင်းရေးကိစ္စများ၊ နယ်စပ်တွင် ထိုင်း-မြန်မာ ပြဿနာဖြစ်အောင် KNUမှပြုလုပ်ခဲ့သည့်ပစ်ခတ်မှုများ၊KNUအတွင်းမပျော်တော့သည့်အလယ်အလတ်ပိုင်း တပ်ဖွဲ့ဝင်များ၏ နောက်ဆုံးအခြေအနေများကို စစ်အစိုးရမှ သတင်းများ ရရှိသွားသဖြင့် အမြတ်ထွက်နေကြောင်း၊ နေစိုးမြကိစ္စကို မီဒီယာဖြင့်ပုံကြီးချဲ့ ထုတ်လွှင့်နေသလို တစ်ဘက်မှလည်း စစ်အင်အားအသုံးပြုပြီး KNU စခန်းတွေကို DKBA နဲ့ ပေါင်းပြီး တိုက်ခိုက်နေကြောင်း ဝေဖန်သုံးသပ်လျက်ရှိ သည်။KNU မှ နေစိုးမြအဖွဲ့ ထိန်မောင် ထံရောက်သွားခြင်းသည် ၄င်းတို့အတွက်လုံးဝမထိခိုက်ကြောင်း၊ နေစိုးမြသည် ကလေးအတွေးအခေါ်သာ ရှိပြီး KNU မှ ထုတ်ပယ်ထားသူဖြစ်ကြောင်း ငြင်းချက်ထုတ်တားသည်။ KNU နှင့် စစ်အစိုးရတို့အကြားထိုင်းအစိုးရမှကြားဝင်စေ့စပ်မှုများရှိကြောင်းသတင်းမီဒီယာ များတွင် ပါရှိနေသော်လည်း ထိုင်းအစိုးရအနေဖြင့် KNU အပေါ် သဘောထား အမှန် မည်ကဲ့သို့ ထားရှိသည်မှာစိတ်ဝင်စားဖွယ်ကောင်းကြောင်း၊ KNU ၏ တုန့်ပြန်ချက်ကို ထိုင်းနယ်စပ်ရှိ လူ့အခွင့်ရေးလှုပ်ရှားသူများ ကုလသမဂ္ဂ လက်အောက်ခံ လူမှုကယ်ဆယ်ရေး အဖွဲ့များမှ စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည်။ KNU အနေဖြင့် နိုင်ငံရေးအရ သုံးပွင့်ဆိုင်ဆွေးနွေး ရေးကို သာလုပ်ဆောင်ရန် အစီအစဉ်ရှိကြောင်း KNU မှ ဗိုလ်မှူးစောလှငွေ က ထုတ်ဖော်ပြောကြားခဲ့သည်။
ပေးပို့သူတစ်ဦးစောလင်းနက်စ်ဘလော့မှကူးယူဖေါ်ပြသည်။

အစိုးရ၏ရာဇဝတ်မှု ဒုက္ခသည်တဦး ဖွင့်ချ



မြန်မာအစိုးရ ကျူးလွန်ခဲ့သော ရာဇဝတ်မှု များကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက စုံစမ်းနိုင်ရေးအတွက် တိုက်တွန်းပေးပါဟု အမေရိကန် ပြည်ထောင်စုရောက် ကရင် တိုင်းရင်းသူတဦးက ကွန်ဂရက်လွှတ် တော်နှင့် အိုဘားမား အစိုးရကို ယနေ့ တိုက်တွန်းလိုက်သည်။တိုင်းရင်းသား ဒေသများတွင် စစ်အစိုးရ ကျူးလွန်ခဲ့သည်ဟု ဆိုသော လူ့အခွင့်အ ရေး ချိုးဖောက်မှုတချို့ကို ဒုက္ခသည် တဦး ဖြစ်သူ ကရင်အမျိုးသမီး မိုင်းရာဒါးဂေဖောက လွှတ်တော် ကြားနာပွဲတခုသို့ တက်ရောက်ပြီး အသေးစိတ် ရှင်းပြခဲ့သည်။ ထိုရာဇဝတ်မှုများ အတွက် စစ်အစိုးရတွင် တာဝန်ရှိသည်ဟု သူက ဆိုသည်။ စစ်အစိုးရ၏ အနိုင်ကျင့် နှိပ်စက်မှုများကို ခံရသူများတွင် သူ၏ မိသားစုဝင်များလည်း ပါဝင်ခဲ့သည်ဟု သိရသည်။မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများကို ကြားနာ စစ်ဆေးသော Tom Lantos လူ့အခွင့်အရေး ကော်မရှင် ရှေ့မှောက်တွင် ယင်းသို့ ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။ မိုင်းရာဒါးဂေဖောသည် ထိုင်း - မြန်မာ နယ်စပ်တွင် အဓိက လှုပ်ရှားလျက်ရှိသော ကရင် အမျိုးသမီး အစည်းအရုံး ၏ အသင်းဝင်တဦးလည်း ဖြစ်သည်။“မြန်မာအစိုးရဲ့ လူသားမျိုးနွယ် တခုလုံး အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စုံစမ်းနိုင်ဖို့အတွက် တိုက်တွန်းပေးပါလို့ ကွန်ဂရက် အဖွဲ့ဝင်တွေ နဲ့ အစိုးရ အဖွဲ့သစ်ကို ကျမ မေတ္တာ ရပ်ခံပါတယ်” ဟု သူက ဆိုသည်။စစ်အစိုးရက အရပ်သားများအပေါ် အကြမ်းဖက်မှု ကျူးလွန်နေခြင်းများ ရပ်ဆိုင်းသွားရေးအတွက် နိုင်ငံတကာ အသိုင်းအဝန်းကလည်း ဆက်လက် ဖိအားပေးရန် သူက တိုက်တွန်းလိုက်သည်။မြန်မာ့တပ်မတော်၏ လက်ချက်ကြောင့် ရွာလုံးကျွတ် ထွက်ပြေးရမှုများ ရှိနေကြောင်း၊ အဝတ်တထည် ကိုယ်တခုဖြင့် ပြေးရခြင်း ဖြစ်ကြောင်း သူက ရှင်းပြသည်။ရွာသားများ နေရပ်ရင်းသို့ မပြန်နိုင်ရန် တပ်မတော် စစ်ကြောင်းများက ရွာနှင့် အနီးတဝိုက်တွင် မြေမြှုပ်မိုင်းများ ထောင်လေ့ရှိသည်ဟု မိုင်းရာက ပြောသည်။“ရွာကနေ ထွက်ရပြီ ဆိုရင် တနေရာကနေ တခြား တနေရာကို ပြေးနေရတယ်။ တောထဲမှာ တွေ့တဲ့ဟာကို စား၊ အိပ်တဲ့အခါလည်း ဗိုက်ဆာဆာနဲ့ အိပ်။ ကလေးတွေကို လက်ဆွဲပြီး အမြဲတမ်း ပြေးနေရတယ်။ စစ်တပ်ကို ကြောက်နေရတာပဲ” ဟု သူက ဆိုသည်။“ကျမတို့ ပြေးရတုန်းကလည်း ကျမတို့ မိသားစု တခုလုံး ဘာဆို ဘာမှ မရှိဘူး။ စားစရာလည်း မရှိ၊ အိပ်စရာ မရှိ၊ အဝတ်အစားလည်း အပိုမရှိ၊ မိုးရာသီ ဆောင်းရာသီဆိုရင် ပိုပြီး ဒုက္ခရောက်ရတယ်၊ စစ်ကြောင်းတွေနဲ့ လွတ်အောင် အမြဲ ရှောင်ရတယ်။ တောထဲမှာ၊ ခြုံထဲမှာ၊ ဂူထဲမှာ ပုန်းရတဲ့အခါ ရှိတယ်။ မိုးရွာထဲမှာ ပလတ်စတစ်ကို ကိုယ်တဝက်ပဲ ခြုံပြီး အိပ်ခဲ့ရတဲ့ ညကို ကျမ ဘယ်တော့မှ မမေ့ဘူး” ဟု မိုင်းရာက အနည်းငယ် ငိုရှိုက်ရင်း ပြောပြသည်။အကူအညီပေးရေး အဖွဲ့များက ပြေးလွှားနေရသည့် ရွာပုန်းရွာရှောင် ဒုက္ခသည်များထံသို့ သွားရောက်နိုင်ခြင်း မရှိသဖြင့် ဆေးဝါး နှင့် အစားအစာ အတွက် အခက်အခဲများ ကြုံရသည်ဟု ဆိုသည်။“ကျမ ငှက်ဖျားတက်တယ်၊ တုပ်ကွေးရော တခြားဟာတွေရော ဖြစ်တယ် ခဏခဏပဲ။ ကျမရဲ့ မောင်နှမဝမ်းကွဲတွေလည်း ဖျားနာပြီး ဆုံးသွားကြတယ်” ဟု သူက ပြောသည်။“ဘာ စားစရာမှ မရှိတာကိုလည်း ခဏခဏ ကြုံရတယ်။ တခါတလေ မိသားစု ၇ ယောက် စားဖို့ ဆန် တဘူးပဲ ရှိတတ်တယ်။ လူကြီးတွေက မစားကြဘူး။ ထမင်းကို ကျမတို့ ညီအစ်မတွေကို ပေးတယ်၊ ကျမတို့က အငယ်တွေ ဆိုတော့။ တောထဲမှာ မျှစ်တွေ လိုက်ရှာပြီး စားရတယ်” ဟု မိုင်းရာက လူ့အခွင့်အရေး ကော်မရှင်ကို ပြောပြသည်။“မြန်မာပြည်မှာ ကရင်တွေအပြင် တခြား တိုင်းရင်းသားတွေလည်း ရှိတယ်၊ သူတို့လည်း မြန်မာ စစ်အစိုးရက ရန်ပြုတာကို ခံနေရတယ်။ ကိုယ့်ရပ် ကိုယ့်ရွာမှာ နေလို့မရတဲ့အတွက် ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်တွေ ဖြစ်သွားကြတယ်၊ တခြား နိုင်ငံကို ပြေးရတယ်” ဟု မိုင်းရာက ပြောသည်။ဧရာဝတီသတင်းဝက်ဆိုက်မှ ကူးယူဖော်ပြသည်။

Karen Human Rights field reports-IDP conditions and the rape of a young girl in Papun District-IDP responses to food shortages in Nyaunglebin District



2009 April 24
tags: , , , , , , ,
by peacerunning
Since the end of December 2008, SPDCtroops active in Nyaunglebin District havepatrolled areas near Internally DisplacedPerson (IDP) hiding sites once or twice amonth. Currently, these soldiers are moreactive in areas at the bottom of themountains—areas which function as a line ofdemarcation between the homes of displacedvillagers living in the mountains and those ofvillagers currently living under SPDC controlin the flatlands. Although the Burma Armycontinues to patrol the mountains ofNyaunglebin District, the relative decrease inmilitary activity in some upland areas, where the majority of IDPs in hiding reside, marks anotable shift in military operations from recentyears.
http://www.khrg.org/khrg2009/khrg09f7.pdf
IDP conditions and the rape of a young girl in Papun District
n late 2005/early 2006, the State Peace and Development Council (SPDC, Burma’s ruling junta) began an intensive military offensive in much of Northern Karen State, including Toungoo, Nyaunglebin and Papun Districts. During the offensive, many villagers fled to internally displaced persons (IDP) hiding sites where they could avoid living under SPDC control. These displaced communities have been directly targeted by SPDC soldiers and face many difficulties. One example of the pervasive nature of SPDC abuses against displaced villagers can be found in Lu Thaw Township, Papun District. If Lu Thaw villagers in hiding are found by SPDC troops, they risk being be shot on sight. If their hillside farm fields and food stores are found, the SPDC often burns them down in attempt to drive the villagers into SPDC-controlled areas.
Over the course of the offensive, the SPDC has militarized large swaths of Northern Karen State and, in Lu Thaw Township alone, increased the total number of SPDC Army camps to 46. Although the SPDC Army has withdrawn from 13 of these camps since late 2008, villagers in Lu Thaw still face insecurity in a variety of ways, including a severe food shortage caused by SPDC abuses. SPDC soldiers still based in Lu Thaw Township continue to actively patrol near IDP hiding sites and thereby prevent villagers from accessing both their farm fields and the markets in which they can sell their harvested crops.[1]
http://www.khrg.org/khrg2009/khrg09f8.pdf

monthly report Hurfom:Power through gun barrels: Abuses related to the DKBA offensive in Dooplaya District

2009 April 24
tags: , , , , , , , ,
by peacerunning
April 23, 2009I. SummarySince early October 2008, the current military junta and its ally, the Democratic Karen Buddhist Army (DKBA) have been mounting a major military offensive to crush the Karen National Union (KNU) and its armed wing, the Karen National Liberation Army (KNLA). During 1997 and 1998, most of Dooplaya district in central Karen State has been occupied and captured by the joint military offensives of the Burmese Army and DKBA troops. Since then, the military regime has changed its name from the State Law and Order Restoration Council (SLORC) to the State Peace and Development Council (SPDC). However, the oppression has not stopped and instead the occupation troops have continued to extend their control over the Karen villages which have been supporting the KNLA/KNU troops.
Read all http://www.rehmonnya.org/data/Report%20MF-April.pdf

Thursday, April 23, 2009

မယ်လ ဒုက္ခသည် စခန်းတွင် မြန်မာပြည်မှ ထုတ်သည့် ကုန်ပစ္စည်းအချို့ မသုံးစွဲရန် တားမြစ်ချက် ထုတ်ပြန်


စောသိန်းမြင့်၊ ကေအိုင်စီဧပြီ ၂၁၊ ၂၀၀၉

ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းတွင် မြန်မာပြည်မှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်း အချို့ကို မသုံးစွဲရန် တားမြစ်ချက်ကို ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။မယ်လဒုက္ခသည်စခန်းတနေရာကို တွေ့ရပုံ။သုံးစွဲခြင်းမပြုရန် တားမြစ်ထားသည့် မြန်မာပြည်မှ ထုတ်ကုန် ပစ္စည်းများမှာ အိုးခွက်၊ ပန်းကန်၊ ဗမာတိုင်းရင်းဆေး အမျိုးမျိုး၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်၊ လက်ဖက်ခြောက်နှင့် လက်ဖက်သုပ်တို့ ဖြစ်သည်။တားမြစ်ချက်ကို လိုက်နာကျင့်သုံးမှု မရှိပါက ထိရောက်စွာ အရေးယူသွားမည်ဟု အသံချဲ့စက်က တဆင့် အသိပေး နှိုးဆော်သည်ဟု သိရသည်။ဘန်ကောက်မြို့ အခြေစိုက် ဗဟိုရောဂါထိန်းချုပ်ရေးဌာန (Center of Disease Control)အဖွဲ့က မြန်မာပြည်မှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကို စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ရာတွင် ခဲဆိပ် ပါဝင်နေကြောင်း တွေ့ရှိခဲ့သည့် အတွက် ယခုကဲ့သို့ တားမြစ်ချက် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု မယ်လဒုက္ခသည်စခန်း အတွင်းရေးမှူး စောထွန်းထွန်းက ပြောသည်။သူက “သူတို့ စမ်းသပ်တဲ့နေရာမှာ နမူနာကတော့ နို့ဖိုးစခန်းနဲ့ မယ်လစခန်းက ဆေးတွေကို သူတို့ ယူသွားတယ်။ ပြီးတော့ အမေရိကန် မီနီဆိုးတားမှာ ရောက်ရှိနေတဲ့ တိုင်းရင်းဆေးတခု သူတို့ယူတယ်။ ပစ္စည်းအားလုံး ၁၃သုံးမျိုးလောက် ရှိတယ်။ အဲဒါကို အင်ဒီယားနားပြည်နယ် ဓာတ်ခွဲခန်းမှာ သူတို့ ဓာတ်ခွဲကြည့်ပြီး အဖြေတွေကို ပြန်ပြီးတော့ ထုတ်ပြန်လိုက်တယ်။ အကြောင်းအရင်းက ကျနော်တို့ စခန်းက အမေရိကန်ကိုသွားတဲ့ ကလေး ၅နှစ်ကနေ ၁၂နှစ်အထိပေါ့နော်။ အယောက် ၂ဝဝလောက်ကို သူတို့ စမ်းသပ်ကြည့်တဲ့အခါမှာ ၈ဝ လောက်ဟာ ခဲဆိပ် ရှိနေတဲ့အတွက် စခန်းမှာ သုံးစွဲနေတဲ့ ပစ္စည်းတွေကို မသင်္ကာဘူးပေါ့နော်၊ အဲဒီ မသင်္ကာစရာ ပစ္စည်းတွေကို သူတို့ ပို့လိုက်တယ်။ အဲဒီတော့ ကျနော်တို့လည်း အဲဒီမသင်္ကာစရာ ပစ္စည်းတွေကို ပိတ်လိုက်တာပေါ့”ဟု ပြောသည်။မယ်လစခန်းမှ အိမ်ရှင်မတဦးက ညွှန်ကြား တားမြစ်ချက်အတိုင်း ဆေးဝါးများနှင့် အစားအစာများကို အသုံး မပြုတော့ကြောင်း၊ သို့သော် အိုး ခွက် ပန်းကန်များကိုမူ မသုံးမဖြစ် အသုံးပြုရမည် ဖြစ်ကြောင်း ပြောသည်။သူမက “ကျမအိမ်က ဆေးဝါးတွေ၊ ဒီနနွင်းမှုန့်၊ အရောင်တင်မှုန့် အဲဒါတွေကို စခန်းထဲက ကြေညာချက် ထုတ်ပြန်ခဲ့ကတည်းက ကျမတို့ မသုံးတော့ဘူး။ ဒါပေမဲ့ အိုးခွက်၊ ပန်းကန်တွေကျတော့ မသုံးမဖြစ် သုံးရတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ အသစ် ထပ်ဝယ်ဖို့အတွက် ငွေမှမရှိတာ”ဟု ပြောသည်။မြန်မာပြည်မှထုတ်သည့် လူသုံးကုန် ပစ္စည်းများကို ရောင်းသည့် ဆိုင်ရှင် ဖီ့ဒါးဒါးက စခန်း တာဝန်ရှိသူများ၏ သတိပေး ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်သွားမည်ဟု ပြောသည်။သူမက “တာဝန်ရှိသူတွေ ညွှန်ကြားတဲ့ အတိုင်း ဆိုလို့ရှိရင် လက်ခံနိုင်ပါတယ်။ မရောင်းရဘူး ဆိုရင်လည်း ကျမတို့ မရောင်းတော့ပါဘူး။ အများအတွက် ကြည့်လို့ရှိရင် ကောင်းတယ်လေ။ ကျမအနေနဲ့တော့ ကျမ ပစ္စည်းတွေ ဆုံးရှုံးရပေမဲ့ အများအတွက်ဆိုတော့ လက်ခံနိုင်ပါတယ်”ဟု ပြောသည်။ထိုင်း-မြန်မာ နယ်စပ်ရှိ အခြားဒုက္ခသည်စခန်းများတွင် ထိုကဲ့သို့ မြန်မာပြည်မှ ထုတ်လုပ်သည့် လူသုံးကုန် ပစ္စည်းများ မသုံးစွဲရန် တားမြစ်ချက်များ ထုတ်ပြန်ကြေညာခြင်းမျိုး မရှိသေးကြောင်း စုံစမ်းသိရှိရသည်။မယ်လစခန်းသည် ထိုင်းနိုင်ငံ မဲဆောက်မြို့၏ မြောက်ဘက် (၄၅)ကီလို အကွာအဝေးတွင် ရှိပြီး စုစုပေါင်း လူဦးရေ ၄သောင်းကျော် နေထိုင်ကာ ထိုင်း - မြန်မာ နယ်စပ်တလျှောက်တွင် အကြီးဆုံး ဒုက္ခသည် စခန်း တခု ဖြစ်သည်။
Posted by အဲခေါင်သောင့်

ကရင့်အမျိုးသား လွတ်မြောက်ရေး ခရီးနှင့် … စောဘိုမြ၏ ဗိုလ်ချုပ်မြ (သို့မဟုတ်) စစ်သားစိတ်နှင့် နိုင်ငံရေးလုပ်သူ - အပိုင်း(၅)

2009 April 22
tags: , , , ,
by peacerunning
ဆောင်းပါးမင်းဟန်ဗုဒ္ဓဟူးနေ့၊ ဧပြီလ 22 2009 12:35 - မြန်မာစံတော်ချိန်
(၂၄ )

KNU ဥက္ကဋ္ဌတဦးအဖြစ် သူ တာဝန်မယူမီ ကာလများအတွင်း အုပ်စိုးသူအာဏာရှင် အစိုးရအဖွဲ့များနှင့် ၃ ကြိမ်တိုင်တိုင် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့၏။
၁၉၄၉ …..
၁၉၆ဝ …..
၁၉၆၃ ….. နှစ်များတွင် ဖြစ်၏။
ပထမအကြိမ် ဆွေးနွေးပွဲကား .. ကရင့်အမျိုးသား လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့ပြီး ၆၄ ရက် အကြာတွင် ဖြစ်သည်။ ကရင့်လက်နက်ကိုင် တော်လှန်ရေးအင်အားစုများက အင်းစိန်ကို သိမ်းထား၏။ ဦးနု၏ ဖဆပလအစိုးရကား … ရန်ကုန်အစိုးရဟူ၍ ဝိဂြိုဟ်ပြုခံနေရသည့် အချိန်ဖြစ်သည်။

၁၉၄၉ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ဦးနုက စောဘဦးကြီးထံသို့ စာပို့၏။ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် ဖိတ်ခေါ်သည့် စာဖြစ်သည်။ ရန်ကုန်ရှိ ဗြိတိန်သံအမတ် Mr .Broke ၊ အိန္ဒိယသံအမတ် Dr. Rauf ၊ ပါကစ္စတန် သံအမတ် Mr. M.D Ali နှင့် ခရစ်ယာန် ဘုန်းတော်ကြီး ဘီးရှော့ West တို့က အကျိုးဆောင်များကဲ့သို့ ပါကြ၏။ ဧပြီလ ၅ ရက်နေ့တွင် စောဘဦးကြီး၊ မန်းဂျိန်း(စ်) ထွန်းအောင်နှင့် စောဘဲလေတို့ ရန်ကုန်အစိုးရနှင့် တွေ့၏။

ရန်ကုန်အစိုးရအဖွဲ့မှ ဦးနု၊ ဗိုလ်ခင်မောင်လေး၊ ဗိုလ်နေဝင်းနှင့် ဦးချန်ထွန်းတို့ ဆွေးနွေးပွဲ တက်ရောက်သည်။
ဆွေးနွေးပွဲက …..
၁။ ကရင်အမျိုးသားများအရေးနှင့် ပတ်သက်၍ ဆာဘဦး၏ “ကို့မစ်ရှင်“က စီစဉ်ဆောင်ရွက်သွားမည်။
၂။ အပစ်အခတ်ရပ်စဲ၍ လက်နက်အပ်ရန်၊… ဟူ၍ (ဖ.ဆ.ပ.လ) အစိုးရက ဆွေးနွေး၏။
ဦးနု၏ အဆိုပြုချက် ၂ ရပ်ကို စောဘဦးကြီးသည် သဘောတူလက်မှတ် ရေးထိုးခဲ့၏။ ဆွေးနွေးပွဲပြီးနောက် စောဘဦးကြီးက အင်းစိန်တွင် ဆွေးနွေးပွဲနှင့်ပတ်သက်၍ ကရင်ခေါင်းဆောင်များကို ပြန်လည်၍ ရှင်းပြသည်။
ဖဆပလ၏ တောင်းဆိုချက်က “လက်နက်ချရေး“ ဖြစ်၍ အင်းစိန်ရှိ ကရင်ခေါင်းဆောင်များက သဘောမတူကြ။ နောက်တနေ့တွင် မန်းဘဇံကို ဦးနုနှင့် ထပ်မံ၍ တွေ့ဆုံဆွေးနွေးရန် စေလွှတ်၏။ မန်းဘဇံသည် ထိုစဉ်က KNDO ၏ ခေါင်းဆောင်တဦးဖြစ်ပြီး ပဆပလက KNDO ကို မတရားအသင်း ကြေညာထား၏။
ဧပြီလ ၆ ရက်နေ့တွင် မန်းဘဇံ ဦးဆောင်သော ကရင်ကိုယ်စားလှယ်အဖွဲ့နှင့် ဦးနုတို့ တွေ့ဆုံကြပြန်၏။ “ကရင်အမျိုးသားများ၏ အဓိကလိုအပ်ချက်မှာ ကရင်ပြည်သာ ဖြစ်၏။ အပစ်အခတ်ရပ်စဲစဉ် ကရင်ပြည် ရရှိရေးကိစ္စကိုသာ ဆွေးနွေးသွားရန်“ မန်းဘဇံက ဦးနုထံ တင်ပြသည်။

ဖဆပလ ခေါင်းဆောင်များက မန်းဘဇံ၏ ဆွေးနွေးချက်ကို လက်မခံ….။ အပစ်ရပ်ပြီး လက်နက်ချရေးကိုသာ တောင်းဆို၏။ ကော်သူးလေက လက်မခံနိုင်…..။ ဆွေးနွေးပွဲက ပျက်လေ၏။

(၂၅)
၁၉၆ဝ၊ ၁၉၆၃ ခုနှစ် ဆွေးနွေးပွဲများက ဗိုလ်နေဝင်းနှင့် တွေ့ဆုံဆွေးနွေးကြခြင်း ဖြစ်သည်။
၁၉၆ဝ တွင် ဗိုလ်နေဝင်း ဦးဆောင်သည့် စစ်တပ်သည် အိမ်စောင့်အစိုးရ အာဏာ ရယူထား၏။ ၁၉၆ဝ ခုနှစ် ဖေဖော်ဝါရီလအတွင်း၌ ဗိုလ်အောင်ကြီးက အိမ်စောင့်အစိုးရကိုယ်စား KNUP သို့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်း၏။ KNUP မှ အိမ်စောင့်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံခဲ့ပြီး ဗိုလ်ချုပ်ကော်ထူး၊ (ဗိုလ်ချုပ်ကျော်မြသန်း) စကောလယ်တော၊ ပဒိုဖိုညော၊ ဗိုလ်ကျင်ဖေနှင့် ဗိုလ်မြစိန်တို့ ရန်ကုန်သို့ သွားခဲ့၏။ အိမ်စောင့်အစိုးရမှ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ရွှေနှင့် လေ့လာသူများအဖြစ် ဗိုလ်ဘဖြူ၊ ဗိုလ်စံကြည်၊ ဗိုလ်စိန်လွင်တို့ ဆွေးနွေးပွဲသို့ တက်ရောက်ကြသည်။


ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်ကော်ထူး (ဗိုလ်ချုပ်ကျော်မြသန်း) တို့က တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ကရင်ပြည်နယ်ပေးရန် တောင်းဆို၏။ အိမ်စောင့်အစိုးရက ….. ကရင်ပြည်နယ်အရေးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးရာ ကိစ္စဖြစ်၍ အိမ်စောင့်အစိုးရအနေနှင့် ကျော်လုပ်၍ မရ….။

မိမိတို့ မတတ်နိုင်….။

ကိစ္စက ပြတ်ပြီ။ အိမ်စောင့်အစိုးရနှင့် နိုင်ငံရေးပြဿနာကို ဆွေးနွေး၍ မရ….။

ထားတော့….။ လက်နက်ကိုင်တပ် ကိစ္စ ဆွေးနွေးကြပြန်၏။ အိမ်စောင့်အစိုးရက….
`စတိ` လက်နက်ချရမည်။ ပြီးလျှင် …. အရည်အချင်း ပြည့်မီသူများကို တပ်မတော်ထဲတွင် (S.P.R) ကဲ့သို့၊ (Karen Rifle) ကဲ့သို့ တပ်များ ဖွဲ့ပေးမည်။ နိုင်ငံရေးအရ ဆွေးနွေးမှုမရှိသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲက အနှစ်သာရ မရှိ။ ၄ ကြိမ်မျှ နှစ်ဖက် တွေ့ဆုံပြီးသည့်တိုင် တိုးတက်မှုက မရှိ…..။ ဆွေးနွေးပွဲက ပျက်သွားခဲ့၏။

(၂၆)

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဗိုလ်နေဝင်း ဦးဆောင်သည့် စစ်တပ်သည် ဖဆပလအစိုးရထံမှ အာဏာ သိမ်းပိုက်ယူ၏။ အာဏာသိမ်း တော်လှန်ရေးကောင်စီသည် ၁၉၆၃ ခုနှစ် ဇွန်လ ၁ဝ ရက်နေ့တွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် လက်နက်ကိုင် အင်အားစုများအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်း၏။

ထိုစဉ်က …. ကရင့်တော်လှန်ရေး အင်အားစုများအတွင်း၌ စောဟန်တာသာမွှေး ဦးဆောင်သည့် ကရင့်တော်လှန်ရေး ကောင်စီ (KRC) နှင့် မန်းဘဇံ ခေါင်းဆောင်သည့် KNUP ဟူ၍ ၂ ဖွဲ့ ကွဲနေ၏။ KNUP သည် ၁၉၆၃ ခုနှစ် ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု (မဒညတ) အနေဖြင့် ဆွေးနွေးခဲ့၏။ (မဒညတ) ၌ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ချင်းဦးစီးအဖွဲ့၊ KNUP ၊ NMSP နှင့် KNPP ပါဝင်သည်။

တော်လှန်ရေး ကောင်စီနှင့် ဆွေးနွေးမည့် (မဒညတ) ကိုယ်စားလှယ်အဖွဲ့တွင် မန်းဘဇံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး သခင်တင်ထွန်း (ဗမာပြည်ကွန်မြူနစ်ပါတီ) က အတွင်းရေးမှူးအဖြစ် တာဝန်ယူသည်။ တော်လှန်ရေး ကောင်စီဘက်မှ …. ဗိုလ်နေဝင်း၊ ဗိုလ်စောမြင့်၊ ဗိုလ်ကျော်စိုး၊ ဗိုလ်လှဟန်၊ ဗိုလ်သောင်းဒန်၊ ဗိုလ်ချစ်ခင် ပါဝင်သည်။ ရန်ကုန်မြို့တွင်ပင် ဆွေးနွေးပွဲ ပြုလုပ်၏။ ၁၉၆၃ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့မှ နိုဝင်ဘာလ ၁၄ အတွင်း နှစ်ဖက်ကိုယ်စားလှယ်များ ၆ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။ တော်လှန်ရေး ကောင်စီက….အချက် ၅ ချက် တောင်းဆို၏။
(၁) တော်လှန်ရေးလက်နက်ကိုင် အဖွဲ့ဝင်အားလုံးသည် စစ်အစိုးရက သတ်မှတ်ထားသော နေရာတွင် လာရောက်စုစည်း နေထိုင်ရန်၊ ၎င်းတို့ကို နေရာထိုင်ခင်း၊ စားရေးသောက်ရေးနှင့် လုံခြုံရေး တာဝန်ယူမည်။

(၂) တွေ့ဆုံဆွေးနွေးစဉ် ကာလတွင် တော်လှန်ရေးအဖွဲ့များသည် စည်းရုံးရေးလုပ်ငန်းများ မလုပ်ရ။

(၃) တွေ့ဆုံဆွေးနွေးစဉ် ကာလတွင် တော်လှန်ရေးအဖွဲ့များသည် အုပ်ချုပ်ရေးလုပ်ငန်းများ မလုပ်ရ။

(၄) အပြင်ထွက်လိုပါက ခွင့်တောင်းရမည်။

(၅) လက်နက်ကိုင် တပ်ဖွဲ့ဝင်အားလုံး စခန်း၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်။

တောင်းဆိုချက်များက တဖက်သတ်နိုင်လွန်းလှ၏။ (မဒညတ) အနေနှင့် လက်ခံ၍ မရ….။
အလျှော့အတင်း၊ အပေးအယူ ရှိမှသာ ဆွေးနွေးပွဲက ရလဒ်ကောင်းရရန် ရှိမည်။ ယခုမူ….။
တော်လှန်ရေး ကောင်စီသည် တဖက်သတ် တောင်းဆိုမှုများကို တောင်းဆိုပြီး ဆွေးနွေးပွဲကိုလည်း တဖက်သတ်ပင် ရပ်စဲပစ်လိုက်၏။

၁၉၆၃ ခု၊ နိုဝင်ဘာလ ၁၄ ရက်၊ ည ၉ နာရီတွင် တော်လှန်ရေးကောင်စီမှ တွေ့ဆုံဆွေးနွေးပွဲ ဖျက်သိမ်းကြောင်း ကြေညာ၏။

(၂၇)

ထိုသို့သော ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည့် အချိန်၌ သူသည် တပ်မှူးတဦးမျှသာ ဖြစ်သည်။ နိုင်ငံရေးခေါင်းဆောင် တယောက်၏ တာဝန်များ သူ့၌ မရှိသေး…။
ယခုမူ …. သူသည် KNU ၌ ဥက္ကဋ္ဌ တာဝန် ယူထားရ၏။ ကရင့်အမျိုးသားများ အရေးကို ဆောင်ရွက်ရာတွင် သူ့တွင် တာဝန်အရှိဆုံး….။
အဖိနှိပ်ခံ ကရင်အမျိုးသားများ လွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး။

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်သည့် ကော်သူးလေပြည်သစ်ကို ထူထောင်နိုင်ရေးအတွက် … ၄၅ နှစ်တိုင်တိုင် သူ စစ်တိုက်ခဲ့၏။ ငြိမ်းချမ်းရေးအတွက် စစ်ပွဲများတပွဲပြီးတပွဲ သူ ဆင်နွှဲခဲ့၏။ ပြီးလျှင် ….
ထိုထိုသော ငြိမ်းချမ်းရေးအတွက်ပင် သူသည် ရန်သူနှင့် စကားပြောရမည်။ စစ်မြေပြင်တွင် စီးချင်းထိုး၍ ငြိမ်းချမ်းရေး ရှာသကဲ့သို့၊ စားပွဲဝိုင်းတွင် ဆွေးနွေးခြင်းဖြင့်လည်း ငြိမ်းချမ်းရေး ရှာရမည်ကို သူ သဘောပေါက်၏။ သို့သော် …. ဖြစ်သန်းမှုအသိအရ …. ရန်သူစစ်အုပ်စုကို လက္ခဏာပိုင်းဖြတ်ပြီးသား ဖြစ်၏။ သို့သော် …. တွေ့ဆုံဆွေးနွေးရေး တံခါးကိုမူ သူ မပိတ်ထားခဲ့ ….။
၈၈ …. အာဏာသိမ်း စစ်အုပ်စုသည် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရာတွင် တရားဝင် ကြေညာချက် ထုတ်ပြန်ပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲများ ခေါ်သည့်နည်းနှင့် တွေ့ဆုံမှုများ မပြုလုပ် ……။ တဖွဲ့ချင်းဆီသို့ “အောင်သွယ်တော်“ များ လွှတ်၍ “နားသွင်း“သည့်နည်းနှင့် တိုးတိုးတိတ်တိတ် `စ`၏။
၁၉၉၄ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ နေ့စွဲနှင့် နဝတဥက္ကဋ္ဌထံသို့ သူ လက်မှတ်ထိုးပြီး စာတစောင်ပေးပို့ခဲ့၏။ စာတွင် အချက် ၄ ချက် ပါ၏။

(၁) တွေ့ဆုံဆွေးနွေးရေးကို တဖွဲ့ချင်း ခွဲခြားမပြုလုပ်ဘဲ တပ်ပေါင်းစုနှင့် ပြုလုပ်ရန် အတိအကျအားဖြင့် တခုလုံးဆိုင်ရာ ဆွေးနွေးအဖြေရှာမှု ဖြစ်စေရန်အတွက် မဟာမိတ် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်နှင့် နဝတအကြား တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန်။

(၂) တွေ့ဆုံဆွေးနွေးရေးကို နှစ်ဦးနှစ်ဖက် လက်ခံနိုင်သည့် ပြည်ပနိုင်ငံတခုခုတွင် ပြုလုပ်ကြရန်။

(၃) တွေ့ဆုံဆွေးနွေးပွဲကို ကုလသမဂ္ဂ၏ ကြီးကြပ်မှုတခုခုတွင် ပြုလုပ်ရန်။

(၄) ထိုတွေ့ဆုံဆွေးနွေးပွဲကို သတင်းနှင့် စာနယ်ဇင်းလောကမှ ပုဂ္ဂိုလ်များနှင့် လွတ်လပ်စွာ ထိတွေ့နိုင်သည့် အခြေအနေတွင် လွတ်လပ်ပွင့်လင်းစွာ ပြုလုပ်ကြရန် ဟူ၍ ဖြစ်သည်။

နဝတမှ မည်သို့မျှ အကြောင်းမပြန်။ နှာစေး၍ နေ၏။ ၁၉၉၅ ခုနှစ် ဒီဇင်ဘာလတွင် ခွန်မြတ်၊ ပါမောက္ခဟောင်း စောထွန်းအောင်ချိန်တို့အဖွဲ့ သူနှင့် လာတွေ့၏။ ထိုသူတို့ကား နဝတမှ လွှတ်လိုက်သည့် အကျိုးဆောင်များဖြစ်၏။

နဝတနှင့် KNU တွေ့ဆုံဆွေးနွေးရေးအတွက် ပြင်ဆင်ရန် ပဏာမပြင်ဆင်ရေး ကိုယ်စားလှယ်အဖွဲ့ကို KNU မှ စေလွှတ်သည်။ ပဒိုခလိစေး ခေါင်းဆောင်သည့် ပြင်ဆင်ရေး ကိုယ်စားလှယ်အဖွဲ့တွင် ပဒိုစတိလ၊ စောနေစိုး၊ စောဗစ်တယ်၊ စောတီးထူ၊ စောမင်းထူးနှင့် မန်းချစ်ဝင်း ပါဝင်၏။

KNU ၏ ပဏာမပြင်ဆင်ရေး ကိုယ်စားလှယ်အဖွဲ့သည် ၁၉၉၅ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အရှေ့တောင်တိုင်း စစ်ဌာချုပ်၌ နဝတကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးကြ၏။ KNU မှ ပြင်ဆင်မှုဆိုင်ရာ အချက် ၁၁ ချက် တင်ပြ၏။
(၁) ကိုယ်စားလှယ်များ၏ အဆင့်အတန်းနှင့် ဦးရေကို သတ်မှတ်ရန်

(၂) အချိန်နှင့် နေရာ

(၃) အကြိုနေ့တွင် တွေ့ဆုံမည့်အကြောင်း သတင်းထုတ်ပြန်ချက်

(၄) အကျိုးဆောင်များ တက်ရောက်ခွင့် ပြုရန်

(၅) ဗီဒီယို၊ ကင်မရာ၊ အသံဖမ်းခြင်းကို ခွင့်ပြုရန်

(၆) တွေ့ဆုံပြီးစီးသည့် အချိန်တိုင်း သတင်းစာရှင်းလင်းခွင့် ပြုရန်

(၇) KNU ကိုယ်စားလှယ်နှင့် ဗဟို (က/န) ဆက်သွယ်ခွင့် ပြုရန်

(၈) လုံခြုံရေးကို နဝတမှ တာဝန်ယူရန်

(၉) ဆွေးနွေးပွဲ အတွင်း၊ အပြင် ခြိမ်းခြောက်မှု သဘောဆောင်သော လုပ်ရပ်များ မရှိစေရန် စီမံဆောင်ရွက်ရန်

(၁ဝ) တွေ့ဆုံဆွေးနွေးသည့် ကာလအတွင်း KNU ကိုယ်စားလှယ်များ တွေ့ဆုံလိုသည့် ပုဂ္ဂိုလ်များနှင့် လွတ်လပ်စွာ တွေ့ဆုံရန်၊ ဘာသာရေးဆိုင်ရာ ခေါင်းဆောင်များနှင့် လွတ်လပ်စွာ တွေ့ဆုံရန်

(၁၁) တွေ့ဆုံပြီးသည့်အခါ၊ အစမှ အဆုံးအထိ မှတ်တမ်းများကို တိုင်းပြည်သို့ ရုပ်သံလွှင့်ဌာနမှ အသံလွှင့် ကြေညာရန်

KNU ကိုယ်စားလှယ်အဖွဲ့မှ တင်ပြညှိနှိုင်းသည့် အချက် ၁၁ ချက်မှ နဝတ သည် ၂၊ ၃၊ ၆၊ ၁ဝ အချက်များကို ငြင်းပယ်၏။ အထူးသဖြင့် အချက် ၁ဝ တွင် တောင်းဆိုထားသည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်တွင်းရှိ နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံမည့်အရေး ခါးခါးသီးသီး ငြင်းဆန် ပယ်ချခဲ့၏။
စစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံမှု၏ အစပျိုးမှုက ……`စ` ကတည်းက ယဉ်သကို….ဟူ၍ ဆိုရလေပြီ။ မတတ်နိုင်။

(၂၈)

KNU အနေဖြင့် “လွတ်လပ်စွာ လုပ်ဆောင်နိုင်သည့် သီးခြားသော အခြေအနေများတွင် လုပ်ဆောင်သွားရန်“ ဟူ၍ သဘောထားချပြီး အဆင့်မြင့် တွေ့ဆုံနိုင်ရေးအတွက် ပြင်ဆင်လုပ်ဆောင်ခဲ့၏။ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို မော်လမြိုင်တွင်ပင် ပြုလုပ်၏။

KNU ဘက်မှ ပဒိုမန်းရှာ လားဖန်း ခေါင်းဆောင်ပြီး နဝတ ဘက်မှ ဗိုလ်မှူးကြီးကျော်သိန်း ဦးဆောင်၏။ အကျိုးဆောင်များဖြစ်သည့် ခွန်မြတ်၊ အေးစိုးမြင့်၊ ပါမောက္ခဟောင်း ဦးထွန်းအောင်ချိန်တို့လည်း တက်ရောက်ကြသည်။
KNU မှ အချက် ၁၂ ချက်ကို တင်ပြ၏။
(၁) တပြည်လုံး အပစ်အခတ် ရပ်ဆိုင်းထားရေးကို နဝတ ဘက်မှ တိုင်းသိပြည်သိ ထုတ်ပြန်ကြေညာရန်

(၂) နဝတ ၏ ထိုးစစ်ဆင်တပ်များကို ဖြည့်ပေးနေမှု၊ လက်နက်ကြီးများ ရှေ့တန်းသို့ ပို့ဆောင်မှုများကို ရပ်ဆိုင်းထားရန်

(၃) ထိုးစစ်အတွက် အသုံးပြုသည့် လမ်းများ ဆက်လက်ဖောက်လုပ်ခြင်း၊ ပြုပြင်ခြင်းများကို ရပ်ဆိုင်းထားရန်

(၄) တပ်သားသစ်များ ခေါ်ယူခြင်း၊ ပေါ်တာဆွဲခြင်း၊ ကင်းသမား ခေါ်ယူခြင်း၊ လုပ်အားပေး ခေါ်ယူခြင်းများ ရပ်ဆိုင်းထားရန်

(၅) လူထုအပေါ် ပေါ်တာကြေး တောင်းခံမှုမျိုးစုံနှင့် လူထု၏ ရိက္ခာပစ္စည်းများ တောင်းခံမှုမျိုးစုံ ရပ်ဆိုင်းပစ်ရန်

(၆) လူထုကို အဓမ္မရွှေ့ပြောင်းခြင်း မပြုရေးနှင့် ရွှေ့ပြောင်းခံရသည့် လူထုများ ထွက်ပြေးတိမ်းရှောင်နေရသည့် လူထုများ မိမိကျေးရွာသို့ လုံခြုံစွာ ပြန်လည်နေထိုင်စေခြင်းများ ပြုလုပ်ရန်

(၇) လိုအပ်သည့် သွားလာမှုများကို ပြုလုပ်သည့်အခါတွင် တဖက်နှင့် တဖက် သတင်းပို့ကြရန်

(၈) နှစ်ဖက် အပစ်အခတ်ရပ်ဆိုင်းထားသည့် ကာလအတွင်း KNU အနေနှင့် မိမိအမျိုးသားများနှင့် လွတ်လပ်စွာ ဆက်သွယ်နိုင်ရမည်။

(၉) အပစ်အခတ် ရပ်ဆိုင်းထားသည့် ကာလအတွင်း ပေါ်ပေါက်လာသည့် ပြဿနာများကို ညှိနှိုင်းဖြေရှင်းရန်အတွက် နှစ်ဖက်ကိုယ်စားလှယ်များ ပါဝင်သည့် ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီများ ဖွဲ့စည်းထားရမည်။

(၁ဝ) နှစ်ဖက် အပစ်အခတ်ရပ်ဆိုင်းထားခြင်းကို စောင့်ကြည့်လေ့လာရန်အတွက် နှစ်ဦးနှစ်ဖက် လက်ခံနိုင်သည့် ကုလသမဂ္ဂ အဖွဲ့ချုပ်မှ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ထားရှိရမည်။

(၁၁) အပစ်အခတ် ရပ်ဆိုင်းထားပြီး တွေ့ဆုံဆွေးနွေးသည့် ကာလတွင် နဝတတို့ ဖမ်းဆီးထားသည့် မန်းရင်စိန်နှင့် KNU အဖွဲ့ဝင်များ ကရင်အမျိုးသားများ ပြန်လွှတ်ပေးရန် လိုအပ်သည်။

(၁၂) တွေ့ဆုံဆွေးနွေးသည့် ကာလအတွင်း နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်ဆိုင်းထားရေး သဘောတူညီချက်ကို နှစ်ဦးနှစ်ဖက် ထုတ်ပြန်ကြေညာပြီး ပြည်တွင်းငြိမ်ချမ်းရေးဆိုင်ရာ အခြေခံပြဿနာများကို စတင်ရန်

KNU ၏ တင်ပြချက်များမှ အချက် ….. ၁၊ ၃၊ ၈၊ ၁ဝ နှင့် ၁၂ ကို လက်မခံနိုင်ကြောင်း နဝတ က ငြင်း၏။ ပြီးလျှင် …… အချက်အမှတ် ၂၊ ၄၊ ၅၊ ၆၊ ၇၊ ၉၊ ၁၁ နှင့် ပတ်သက်၍မူ KNU အနေနှင့် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်ပြီးမှသာ ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း ဆွေးနွေး၏။
ဤပုံစံမှာ အပစ်အခတ် ရပ်စဲပြီးဖြစ်သည့် လူမျိုးစုအဖွဲ့များနှင့် လုပ်ဆောင်ခဲ့သည့် MODEL ဖြစ်ကြောင်းလည်း နဝတက ဆိုသည်။

(၂၉)

KNU နှင့် နဝတ အကြား ကွာဟသည့် သဘောထားများကို ထပ်၍ ဆွေးနွေးရန်အတွက် နောက်တပတ်တွေ့ရန် သဘောတူကြ၏။ နဝတ နှင့် KNU တတိယအကြိမ် ထပ်မံ၍ တွေ့ဆုံကြပြန်သည်။ တတိယအကြိမ် တွေ့ဆုံရာ၌ …. KNU ၏ ကိုယ်စားလှယ်အဖွဲ့ဘက်မှ -
ဗိုလ်ချုပ်ကြီး တာမလာဘော အဖွဲ့ခေါင်းဆောင်
ပဒိုဒေးဗစ်ထော ဒု - အဖွဲ့ခေါင်းဆောင်
ပဒိုမန်းရှာ လားဖန်း ။
စောသမိန်ထွန်း အဖွဲ့ဝင်
မန်းအောင်တင်မြင့် ။

ပါဝင်ကြပြီး နဝတ ၏ ကိုယ်စားလှယ်အဖွဲ့မှ …..
ဗိုလ်မှူးကြီး ကျော်ဝင်း
ဗိုလ်မှူးကြီး ကျော်သိန်း
ဗိုလ်မှူးချုပ် အောင်သိန်း
ဒု-ဗိုလ်မှူးကြီး စန်းပွင့်
ဒု-ဗိုလ်မှူးကြီး မျိုးမြင့် တက်ရောက်ကြ၏။

ထုံးစံအတိုင်း အကျိုးဆောင်တို့သည်လည်း ပါဝင်တက်ရောက်ကြသည်။ ၁၉၉၆ ခုနှစ် ဇွန်လ ၂၆ ရက်မှ ဇူလိုင်လ ၂ ရက်နေ့အထိ ဆွေးနွေးကြသည်။ KNU မှ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ၌ တင်ပြခဲ့သည့်အချက် ၁၂ ချက်နှင့် ပတ်သက်၍ မရှင်းသည်ကို ထပ်၍ မေးမြန်း၏။

နှစ်ဖက် အပစ်အခတ် ရပ်ပြီးနောက် …. တိုင်းပြည်၏ အခြေခံ နိုင်ငံရေးပြဿနာများကို ဆွေးနွေးကြရာတွင် အချိန်နှင့် နေရာကို KNU မှ တိတိကျကျ သိလို၏။ အမျိုးသားညီလာခံနှင့် ပတ်သက်၍ အမျိုးသားညီလာခံသည် တိုင်းပြည်၏ အခြေခံ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနေခြင်းလား ….. ဟူ၍ မေးခွန်းများ ထုတ်၏။
KNU ၏ ဆွေးနွေးချက်များကို နဝတ က …. နိုင်ငံရေးပြဿနာကို နောက်လာမည့် အစိုးရကသာ ဖြေရှင်းသွားမည်ဖြစ်၏။

အမျိုးသား ညီလာခံသည် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနေခြင်းမဟုတ်၊ အနာဂတ် နိုင်ငံရေး အခြေခံအုတ်မြစ်ကို ချနေခြင်းသာ ဖြစ်၏။ KNU အနေနှင့် “လက်နက်ကိုင်လမ်းစဉ်ကို စွန့်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်း“ ဟူသည့် ဝေါဟာရအသုံအနှုန်းကို မကြိုက်လျှင် …. စကားလုံး အသုံးအနှုန်း ပြောင်းနိုင်သည်။ အနှစ်သာရကမူ “လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်း“ အတိုင်း ရှိစေရမည် ဟူ၍ ပြည်လည်ရှင်းလင်းဖြေကြား၏။ နှစ်ဖက် ဆွေးနွေးပွဲက ရှေ့မတိုး…..။ နောက်တကြိမ် ထပ်တွေ့ရန် သဘောတူကြပြီး တတိယအကြိမ် ဆွေးနွေးပွဲ ရပ်လိုက်၏။

(၃ဝ)

စတုတ္ထအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ၁၉၉၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် စ၏။ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင်ပင် ကျင်းပခဲ့၏။ KNU မှ ဗိုလ်ချုပ်ကြီး တာမလာဘောနှင့် ပဒိုမန်းရှာ လားဖန်း ခေါင်းဆောင်၍ ဆွေးနွေးကြသည်။ ဆွေးနွေးပွဲတွင် ယခင်တင်ပြခဲ့သည့် အဆိုပြုချက် ၁၂ ချက်ကို ဆက်လက်၍ မဆွေးနွေးတော့ဘဲ အဆိုပြုချက်အသစ် တင်ပြဆွေးနွေး၏။ နှစ်ဖက် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆိုပြုချက် ၃ ချက် ဖြစ်သည်။

(၁) နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ - နဝတနှင့် ကရင်အမျိုးသား အစည်းအရုံး - KNU အကြား ပြဿနာများကို လက်နက်ကိုင် တိုက်ခိုက်နည်းဖြင့် ဖြေရှင်းခြင်း မပြုကြရန်နှင့် အပစ်အခတ် ရပ်စဲထားရန်။

(၂) နှစ်ဖက် အပစ်အခတ် ရပ်ဆိုင်းထားပြီးနောက် ပြည်ထောင်စု စည်းလုံးညီညွှတ်ရေး၊ ရေရှည်ခိုင်မြဲသော ပြည်တွင်းငြိမ်းချမ်းရေးအတွက် နဝတနှင့် KNU အကြား ဆက်လက်၍ ဆွေးနွေးသွားကြရန်။

(၃) နှစ်ဖက် အပစ်အခတ် ရပ်ဆိုင်းထားကြရန်အတွက် နှစ်ဖက်တပ်များ၏ လိုက်နာရမည့် အချက်များ ညှိနှိုင်းသတ်မှတ်ကြရန် ……. ဟူ၍ ဖြစ်သည်။ KNU ၏ တင်ပြချက် ၃ ရပ်ကို နဝတ ၏ ကိုယ်စားလှယ်အဖွဲ့သည် သူတို့၏ ခေါင်းဆောင်များထံသို့ ဆက်လက် တင်ပြ၏။ နဝတ ခေါင်းဆောင်များက KNU ၏ တင်ပြချက် ၃ ရပ်နှင့် ပတ်သက်၍ ဤသို့ အကြောင်းပြန်ခဲ့သည်။

KNU အနေဖြင့်…..
(၁) လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး တရားဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်းနှင့် တရားဝင် ထုတ်ပြန်ကြေညာခြင်း ပြုရန်

(၂) အပစ်အခတ် ရပ်ဆိုင်းထားရန်

(၃) တပ်နေရာချထားမှု ညှိနှိုင်းသတ်မှတ်ရန်

(၄) နယ်မြေဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်

(၅) နိုင်ငံရေးနှင့် ပတ်သက်ပြီး အမျိုးသားညီလာခံတွင် တတ်ရောက်လေ့လာရန်

(၆) အခြေခံဥပဒေ ပေါ်ပေါက်ပြီးပါက လက်နက် အပြီးအပိုင် စွန့်လွှတ်ပြီး တရားဝင် နိုင်ငံရေးပါတီ တည်ထောင်ခြင်း ပြုရန် -
ဟူသည့် အဆင့် ၆ ဆင့် ချပြ၏။ အဆင့် ၆ ဆင့်၏ အနှစ်သာရက ….“လက်နက်ကိုင်လမ်းစဉ်ကို စွန့် …. ဥပဒေဘောင်အတွင်း အရင်ဝင်“ ဟူ၍ ဖြစ်နေ၏။ KNU နှင့် နဝတ တွေ့ဆုံဆွေးနွေးပွဲက နောက်ဆုံးတွင်မူ နဝတ ၏ ရပ်ခံချက်အပေါ်၌သာ အဆုံးသတ်၍ နေ၏။
ကိုးကား …
- စောဘိုမြ၏ ကျနော်တင်ပြလိုသည့် ကျနော့်ဖြတ်သန်းမှု အစစ်အမှန်
- ကရင်သမိုင်း သုတေသနအဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံသစ် စာစောင် (အမှတ် ၁ မှ ၇ အထိ)
- ဖူးကီးဒို၏ မန်းဘဇံနှင့် ကရင့်တော်လှန်ရေး
- ဆရာကြီး ဖူးစကောလယ်တော၏ ကရင်တော်လှန်ရေး သမိုင်း မှတ်စုများ
- အောင်စောဦး၏ ပြည်တွင်းစစ် နှစ် (၅ဝ)
- ဝင်းတင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်
- သခင်တင်မြ၏ ဘုံဘဝမှာဖြင့် (အတွဲ - ၅)
- BLC သင်တန်းကျောင်းတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်မြ၏ မိန့်ခွန်း စီဒီချပ်
- သနူထူး ဂျာနယ်များ
- ကရင့်သတင်းစဉ်
- KNU နှင့် နဝတ အကြား တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ KNU၏ ရှင်းလင်းချက် စာတမ်း

စစ်အစိုးရက KNU ကို ဖိအားပေးနေ

Monday, 20 April 2009 18:50 သန်းထိုက်ဦး

မြန်မာစစ်အစိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်းတပ်များက ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်စခန်းတခုကို သိမ်းပိုက်ရန် ကြိုးစား နေကြောင်း သိရှိရသည်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ KNU လက် အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း ၂၀၁ စခန်း တခုကို နအဖတပ်များ နှင့် DKBA တပ်ဖွဲ့များက ယခုလ ၁၆ ရက်မှ ၁၉ ရက်နေ့ အထိ ဆက်လက် တိုက်ခိုက်နေခြင်း ဖြစ်သည်။ “အခုထိ နအဖနဲ့ DKBA တပ်တွေ ပြန်မဆုတ်သေးဘူး၊ ဝေါ်လေခီး စခန်းကို ရအောင်တိုက်မယ်လို့ ပြောတယ်”ဟု KNLA တပ်ရင်း ၂၀၁ ၏ ဒု တပ်ရင်းမှူး ဗိုလ်ကြီး ဘူးဖောက ဧရာဝတီသို့ ပြောသည်။ ယင်းတိုက်ပွဲသည် လွန်ခဲ့သည့် မတ်လအတွင်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Piromya နှင့် မြန်မာ ၀န်ကြီး ချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းတို့နှင့် ရန်ကုန်မြို့၌ တွေ့ဆုံခဲ့စဉ် စစ်အစိုးရဘက်က KNU အဖွဲ့အား ငြိမ်းချမ်းရေးအတွက် နားချပေးရန် ပြောဆိုခဲ့ပြီး နောက်ပိုင်း အပြင်းထန်ဆုံး တိုက်ပွဲဖြစ်သည်။ ယခု လဆန်းပိုင်းတွင်လည်း ထိုင်းအာဏာပိုင်များမှ KNU ဒု ဥက္ကဌ စောဒေးဗစ်တာကပေါ ၊ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်နှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးတို့ကို ဘန်ကောက်မြို့ တနေရာတွင် ခေါ်ယူ၍ ၂ နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။တချိန်တည်းတွင်ပင် KNU ခေါင်းဆောင် ဗိုလ်ချူပ်ကြီးစောဘိုမြ(ကွယ်လွန်) ၏သား ဗိုလ်ကြီး စောနေစိုးမြက လည်း စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် အစိုးရနှင့် အတူ ပူးတွဲလုပ်ဆောင် သွားမည်ဖြစ်ပြီး KNU တွင်ဆက်လက်ကျန်ရှိနေသောအဖွဲ့ဝင်များအနေဖြင့်လည်း ကရင် ပြည်နယ် အေးချမ်း သာယာတိုးတက်ရေးအတွက် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်း ပြောကြားထားသည်။ ဧပြီလ ၁၉ ရက်နေ့ တနင်္ဂနွေနေ့ ညပိုင်းက ထုတ်လွှင့်သွားသည့် စစ်အစိုးရပိုင် မြန်မာ့ရုပ်မြင်သံကြား နှင့် တွေ့ဆုံ မေးမြန်းခန်းတခုတွင် စောနေစိုးမြက ကရင်ဘာသာစကားဖြင့် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။အဆိုပါ တွေ့ဆုံမေးမြန်းခန်းကို စစ်အစိုးရပိုင် မီဒီယာများတွင် ကြိုတင်ကြေညာထားခြင်းမရှိဘဲ ထုတ်လွှင့်ပြသ သွားခြင်းဖြစ်သည်။ ယခုကဲ့သို့ စစ်အစိုးရနှင့်ငြိမ်းချမ်းရေး ရယူခြင်းမှာ KNU ခေါင်းဆောင် ၄င်း၏ဖခင် ချမှတ်ထားသော လမ်းစဉ်ကို အကောင်အထည် ဖော်ခြင်းဖြစ်ကြောင်း၊အဆိုပါငြိမ်းချမ်းရေးလမ်းစဉ်ကို ဦးလေး တော်စပ်သူ ဗိုလ်ထိန် မောင်က လုပ်ဆောင်ခဲ့ရာ ဗိုလ်ထိန်မောင်နှင့်အဖွဲ့ဝင်များ ဖိနှိပ်ချူပ်ခြယ်ခြင်းမရှိ လွတ်လပ်စွာသွားလာနိုင် ခြင်း၊ အေးချမ်း စွာဖြင့် စားဝတ်နေရေး အပါအ၀င်ဖွံ့ဖြိုးတိုးတက်လာသော အခြေအနေအရပ်ရပ်ကို ကိုယ်တိုင် သိမြင်တွေ့ကြုံ လာရသည့်အတွက် စစ်အစိုးရနှင့်ငြိမ်းချမ်းရေး ရယူလိုက်ခြင်းဖြစ်ကြောင်း စောနေစိုးမြ ကပြောဆိုသည်။ လက်ရှိ KNU ဗဟိုဌာနချုပ်သည် နိုင်ငံရေးကို ကစားစရာဟု သတ်မှတ်ပြီး ဆုံးဖြတ်ချက်လည်း တိတိကျကျ မရှိ သည့်အတွက် သေချာစွာစဉ်းစားပြီးငြိမ်းချမ်းရေးလမ်းစဉ်သို့ ပြန်လာစေချင်ကြောင်း၊ KNU လက်ရှိ ခေါင်း ဆောင် များတွင် ကရင်များပါသလို ကရင်မဟုတ်သူများလည်း ပါဝင်နေပြီး ကရင်ပြည်နယ် အရေးထက် ၄င်းတို့ ကောင်း စားရေးကို ဦးတည်လုပ်ဆောင်နေသည်ဟု ၄င်းကဆက်လက်ပြောသည်။ နှစ်ပေါင်း ၆၀ ကြာ စစ်အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေသည့် အကြီးဆုံးသော တိုင်းရင်းသားအဖွဲ့အစည်း KNU မှ ဗိုလ်ကြီးစောနေစိုးမြသည် တပ်သား အင်အား ၁၀၀ ကျော် ၏ မိသားစုဝင်များနှင့်အတူ လက်နက်ခဲယမ်း မီးကျောက်များနှင့်တကွကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုး ကျေးရွာတွင် စစ်အစိုးရနှင့်ငြိမ်းချမ်းရေးရယူ ထားသော ဗိုလ်ထိန်မောင်အဖွဲ့နှင့် ၂၀၀၉ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် လာရောက်ပူးပေါင်းခဲ့သည်ဟု စစ်အစိုးရ မီဒီယာများတွင် အကျယ်တ၀င့် ဖော်ပြခဲ့သည်။

DKBA..ကရင်ရွာသားများ စားနပ်ရိက္ခာ ရှားပါးမှုနှင့် ကြုံတွေ့နေရ

2009 April 20
tags: , , , , , , , ,
by peacerunning
ဒယ်နီယယ်ပီဒါဆင်တနင်္လာနေ့၊ ဧပြီလ 20 2009 16:27 - မြန်မာစံတော်ချိန်
မဲဆောက် (မဇ္ဈိမ) ။ ။ ထိုင်း-မြန်မာ နယ်စပ်ပေါ် ခွ၍ နေကြသော ကရင်ရွာသား ၂၀၀၀ ကျော်မှာ အသက်ရှင် ရပ်တည်နေထိုင်ရေးအတွက် အလွန်ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်နေကြရသည်။
သူတို့သည် စစ်ဖြစ်ပွားနေသော ဇုံအတွင်း ပိတ်မိနေကြပြီး၊ စားနပ်ရိက္ခာ ရှားပါးမှုအပြင် ကောက်ချင်သလို ကောက်နေသော အခွန်အကောက်များနှင့် ဆိုးရွားလာနေသော ကျန်းမာရေး အခြေအနေတို့နှင့် ရင်ဆိုင် ကြုံတွေ့နေကြရခြင်း ဖြစ်သည်။
ကောဆာ၊ ကလောဂေါ၊ ကောပိုးပိုးနှင့် ပေါဘူးလှတာ ကျေးရွာ ၄ ရွာမှာ ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သော မဲဆောက်၏ တောင်ဘက်တွင်ရှိပြီး အုန်းဖျံမဲ ဒုက္ခသည်စခန်းနှင့် ထိုင်းနယ်စပ်မြို့ အုန်းဖန်အကြား တည်ရှိကာ လူဦးရေ ၂၁၁၁ ဦး ရှိသည်။
continue http://www.mizzimaburmese.com/news/inside-burma/2778-2009-04-20-10-10-22.html
from → Burma

ကရင်ငြိမ်းချမ်းရေးကောင်စီအုပ်စုများ၏ သဘောထားအမြင်ကို ပစ်စာပြန့်၍ ရှင်းလင်း

Mon 20 Apr 2009, ကွန်းဟဒေ့
ဒီကေဘီအေနှင့် အခြားကရင်အပစ်အခတ် ရပ်စဲရေးအဖွဲ့အချို့၏ လွဲမှားသော အမြင်ဝါဒ ဖြန့်ချီမှုနှင့် ပတ်သက်၍ အမည်နာမဖော်ပြထားခြင်း မရှိသော ပစ်စာများ ဘုရားသုံးဆူဒေသတဝိုက်တွင် ပျံ့နှံ့နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။စစ်အစိုးရနှင့် ပူးပေါင်းလျှင် စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်လမ်းကောင်းများကို ရရှိစေသဖြင့် ကရင့်ကြမ္မာ ကရင်ဖန်တီးခွင့်ရရှိရေး၊ ကရင်လက်နက် ကရင့်လက်ထဲ မှာရှိရေး ဟူသော ဥက္ကဌကြီး၏မူ (၄) ရပ်နှင့် ကိုက်ညီသည်ဟု ဒီကေဘီအေနှင့် အခြားကရင်ငြိမ်းချမ်းရေးကောင်စီများ၏ ပြောဆိုဝါဒဖြန့်ချီမှုမှာ ဥက္ကဌစောဘဦးကြီး၏ မူ(၄) ရပ်ကို လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆိုခြင်းသာဖြစ်ကြောင်း “ဌာနဆိုင်ရာ ရဲဘော်ရဲဘက်များနှင့် ပြည်သူလူထုများအား ရှင်းလင်းချက်” ခေါင်းစဉ်ဖြင့် ပစ်စာတွင် ရှင်းလင်းထားသည်။ယခုကဲ့သို့ ဝါဒဖြန့်ချီခြင်းမှာ ၄င်းတို့၏(ကရင်အပစ်အခတ် ရပ်စဲရေးအဖွဲ့များ) နိုင်ငံရေးအမြင်တိမ်မှုကို ဖော်ပြရာရောက်ပြီး နအဖ၏ နည်းပရိယာယ်လှည့်ကွက်အတွင်းသို့ လုံးလုံးကျရောက်နေရမှုကို ဖုံးကွယ်ရာ ရောက်ပေသည်ဟု ရှင်းလင်းထားသည်။ဤပစ်စာများသည် KNU မှ ထုတ်ပြန်ထားခြင်း ဖြစ်နိုင်သည်ဟု ဒီကေဘီအေနှင့် နီးစပ်သူများနှင့် စာစောင်ရရှိထားသောသူများ သုံးသပ်ကြသည်။သို့သော် ကေအင်ယူအတွင်းရေးမှူးရုံးကို မေးမြန်းရာတွင် “ကျနော်တို့ ဒီစာကိုမတွေ့ရ၊ အကုန်လုံး မဖတ်ကြည့်ရသေးတော့ ကျနော်တို့အဖွဲ့က ထုတ်ထားပါတယ်လို့ ပြောလို့ မရသေးဘူး “ ဟု ဖြေကြားခဲ့သည်။ တပ်မဟာ (၆) ဗိုလ်ကြီးတစ်ဦးကို မေးမြန်းရာတွင် ၄င်းအနေဖြင့် ကိုယ်တိုင်မမြင်တွေ့ရသေး၍လည်းကောင်း ယင်းပစ်စာတွင် ၄င်းတို့အဖွဲ့အစည်း အမည်နာမလည်း ထည့်သွင်းထားခြင်းလည်း မရှိသည့်အတွက် ၄င်းတို့မှ ထုတ်ဝေထားသည်ဟု အတိအကျပြော၍ မရနိုင်သေးဟု ဆိုသည်။ယင်းပစ်စာတွင် ဆက်လက်၍ ရှင်းလင်းထားသည်မှာ နအဖစစ်အစိုးရမှ ဒီကေဘီအေနှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီတို့အား တပ်တည်ရှိခွင့်နှင့် လက်နက်ကိုင်ခွင့် ပြုရခြင်းအကြောင်းရင်းမှာ - KNU ကိုတိုက်ခိုက်ချေမှုန်းရန်၊ ဟန်ပြအခွင့်အရေးပေးပြီး KNU/KNLA အား ၄င်းတို့အားပူးပေါင်းလာအောင် မြူဆွယ်ရေး၊ အဓမ္မလက်နက်သိမ်းလျှင် DKBA/KNU/KNLA ငြိမ်းချမ်းရေးကောင်စီများ KNU နှင့် ပြန်လည်ပူးပေါင်းသွားမည်ကိုစိုးရိမ်ခြင်းနှင့် အခြားအချက် ၆ ချက်များအပြင် နအဖသည် DKBA တပ်ဖွဲ့အား မူးယစ်ဆေး ထုတ်ခွင့်ပေးရခြင်း အကြောင်းအရင်းများ ခေါင်းစဉ်ခွဲတွင် ဒီကေဘီအေသည် နိုင်ငံတကာ၏ ရန်သူဖြစ်လာစေရေး (ကရင်အမျိုးသားဖြစ်ခြင်းကြောင့်) နှင့် ဒီကေဘီအေအား လက်နက်ကိုင်ခွင့်ပေးခြင်းသည် ငါးကြင်းဆီနှင့်သာ ငါးကြင်းပြန်ကြော်သည့် နအဖ၏ နည်းဗျူဟာတစ်ခုဖြစ်သည်ကို အလေးအနက်သတိပြုကြရန် နှင့်အခြားအချက် ၆ ချက်များကို ရှင်းလင်းဖော်ပြထားသည်။တော်လှန်ရေးရဲဘော်ရဲဖက်အဖွဲ့ဝင်များ ပြည်သူလူထုများ သတိကြီးကြရန်နှင့် နအဖ၏ နည်းပရိယာယ်ပေါင်းစုံးများကို ကာကွယ်တားဆီးကြရန် နိဂုံးပိုင်းတွင် သတိပေးဖော်ပြထားသည်။

The Karen villages - to the south of the Thai-Burma border town of Mae Sot - Kaw Ser, Klaw Gaw, Kaw Poe Pee and Paw Buh Hla Ta are each being forced t

2009 April 20
tags: , , , , , ,
by peacerunning
Military activity increases food crisis for struggling villagers
Daniel PedersenMae Sot, ThailandApril 20, 2009
Increased military activity by a combined force of the Burma Army and the Democratic Karen Buddhist Army has more than 2000 villagers struggling to feed themselves.The Karen villages - to the south of the Thai-Burma border town of Mae Sot - Kaw Ser, Klaw Gaw, Kaw Poe Pee and Paw Buh Hla Ta are each being forced to provide five porters a day to DKBA and State Peace and Development troops.The villages are clustered between Umpheim Mai refugee camp and the Thai town of Umphang, famous for trekking and its natural beauty.These four villages are home to 2,111 people, all of whom are short of food, living only on rice, deprived of fish paste to mix through the rice, a Karen staple.This region is rich in minerals and used extensively for contract farming.Much of the native forest has been clear felled, leaving behind rich, red-clay soils.Huge limestone outcrops dot the landscape.These soils produce huge crops of corn and peanuts. Some areas are also planted in sugar cane and rubber trees.Thai investors generally carry the cost of seed for contract farming and in turn, at harvest, provide rice for the village inhabitants who work the farms.This year the region has become a war zone, hindering the cropping of corn.The corn that has been cropped has then been taxed by the DKBA/SPDC and the Karen National Liberation Army to the point that it has not been commercially viable, particularly with the depressed corn price this season being taken into account.As a result, Thai investors have not seen returns deemed adequate enough to pay the farmers their rice, which would generally carry them through the year.DKBA units 333, 999, 907 and 906 and SPDC units 404, 283 and 284 are active in the area.At any given time there are about 350 active troops. There are regular patrols, with each village being asked to provide five porters a day to carry water for soldiers. Any rice discovered in the village is generally seized.The porters are not paid and are expected to take their own rice.The DKBA/SPDC force has established a base camp at Paw Buh Hla Ta.The camp is built of bamboo and hardwood, probably at least a semi-permanent settlement, so the villagers expect a presence throughout the rainy season and beyond to be maintained.KNLA Brigade 201 and Special Battalion 103 remnant forces, numbering in all about 300 soldiers, are attempting to provide security to the villages and generally harass the DKBA/SPDC troops.Asked about supplementary foods to go with the rice, for example fish paste, chillies and cooking oil, a committee of three established to assess needs said there was none available in the region and the only rice available were emergency rations recently donated by a foreign NGO.Health conditions in the four Karen villages are tenuous at best, but most people do have access to boiled water.In Kaw Ser there is a gravity-fed, piped water supply. In Klaw Gaw, Kaw Poe Kee and Paw Bu Hla Ta water is drawn from wells.Mobile units of medics and nurses accessing the area say the greatest medical need at the moment is rehydration packages and Buprofen, although some of these are being provided by Help Without Frontiers (HWF).Villagers said the biggest health risks they were facing at the moment were diarrhoea, dysentery and malaria. Dengue did not rate among their concerns.There are some malaria control programs operating, depending on security.The villagers this morning said they were desperate for more rice and fish paste.These four villages had been receiving medical aid from Special Battalion 103’s base camp, which was lost last year and apparently HWF clinics in the region that were burned down about the same time.Now they depend on mobile medical units and don’t have enough to eat.ENDS
STOP KILLING KAREN PEOPLE!!!!

Wednesday, April 22, 2009

KNLA နှင့် DKBA ပဋိပက္ခ အထိအခိုက် အကျအဆုံး များ

ဒယ်နီယယ်ပီဒါဆင်
အင်္ဂါနေ့၊ ဧပြီလ 21 2009 22:48 - မြန်မာစံတော်ချိန်
မဲဆောက် (မဇ္ဈိမ)။ ။ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ ထိုင်းနယ်စပ်နှင့် ကပ်နေသော စခန်းတခုကို မြန်မာစစ်တပ်နှင့် ယင်း၏ မဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့ တခုတို့က သိမ်းပိုက်နိုင်ရေးအတွက် တိုက်ခိုက် နေရာ ယခုအခါ ၉ ရက် ရှိသွားပြီဖြစ်ပြီး ယနေ့မွန်းလွဲပိုင်းတွင် ၂ ဘက်စလုံးတွင် အထိအခိုက် အကျအဆုံးများကြောင်း သိရသည်။

KNLA တပ်မှူးတဦးက အဝိုင်းခံထားရသော ဝါးလေခီး စခန်းမှ ပြောကြားရာတွင် သူတို့ဘက်မှ တပ်သားတဦး ကျဆုံး၍ ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

သို့သော် ထိုသို့ အထိအခိုက် အကျအဆုံးမှာ မြန်မာစစ်တပ်နှင့် သူတို့၏ မဟာမိတ်ဖြစ်သော ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) တို့ဘက်တွင် ပိုများသည်ဟု ဆိုသည်။ နောက်ဆုံး တိုက်ခိုက်မှုများ စတင်ခဲ့သည့် ဧပြီလ ၁၂ ရက်နေ့က စတင်၍ သေဆုံး ဒဏ်ရာရသူများကို သူ့တပ်ဖွဲ့ဝင်တို့က ရေတွက်ကြည့်ရာ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းအထိ ရန်သူဘက်မှ ၇ ဦးသေ၍ ၃၃ ဦး ဒဏ်ရာရှိခဲ့သည်ဟု အဆိုပါ တပ်မှူးက ပြောသည်။ စခန်း အနီးတဝိုက် ထောင်ထားသော မြေမြှုပ်မိုင်းများနှင့် ထောင်ချောက် မိုင်းများကြောင့် ထိခိုက် သေဆုံးမှုများမှာ အများဆုံး ဖြစ်သည်။

ပူးပေါင်းအင်အား ၂၅ဝ ခန့်ရှိသော မြန်မာစစ်တပ်နှင့် DKBA တပ်တို့သည် ၆ဝ မမ၊ ၈၁ မမ မော်တာ အများအပြားကို အသုံးပြုကာ တိုက်ခိုက်နေကြသည်။ စခန်းတွင်းရှိ တပ်မှူးက အင်္ဂါနေ့မွန်းလွဲ ၃ နာရီခန့်က ပြောကြားရာတွင် နောက်ဆုံး မော်တာဆံများ ကျရောက် ပေါက်ကွဲခဲ့သည်မှာ လွန်ခဲ့သော ၂၅ မိနစ်ခန့်ကဖြစ်ပြီး အခြေအနေမှာ မကောင်းဟု ဆိုသည်။ “သူတို့ ကျနော်တို့ကို နေ့တိုင်း လာတိုက်နေတာ”။

ဤသို့ လာရောက် တိုက်ခိုက်မည်ကို KNLA စစ်သားများက စောစီးစွာ ကတဲကပင် မျှော်လင့်ထားခဲ့ကြပြီး၊ အသင့် ပြင်ဆင်ထားခဲ့သည်ဟု ဆိုသည်။

ထိုဒေသတခုလုံးမှာ မြေမြှုပ်မိုင်းများ၊ ထောင်ချောက် ဗုံးများနှင့် ပြည့်နှက်နေပြီး၊ KNLA အနေဖြင့် သူတို့ကိုယ်ပိုင် ထုတ်လုပ်ထားသော ရှေ့ထွက် မိုင်းများဖြင့် ခုခံတိုက်ခိုက်နေကာ ယင်းသည် မီတာ ၂၅ဝ အကွာအဝေးအထိ ထိရောက်စွာ အသုံးပြု တိုက်ခိုက်နိုင်သည်ဟု KNLA ၏ ဒုဥက္ကဌ ဒေးဗစ်သာကပေါ က ပြောသည်။

ဝါးလေခီးစခန်းသည် KNLA တပ်မဟာ ၆၊ တပ်ရင်း ၂ဝ၁ ၏ စခန်းဖြစ်ပြီး၊ ထိုင်းနယ်စပ်နှင့် ခဲတပစ်သာ ဝေးသော်လည်း သီးခြားဖြစ်နေသော နေရာဖြစ်သည်။ ထိုင်းစစ်သားများက ဤစခန်းသို့ ချဉ်းကပ်လမ်းအဖြစ် အသုံးချနိုင်ဘွယ် လမ်းကြောင်း အားလုံးကို အင်အားအ လုံးအရင်းဖြင့် ပိတ်ဆို့ ကာကွယ်ထားသည်။

Tuesday, April 21, 2009

စစ်အစိုးရက KNU ကို ဖိအားပေးနေ

မြန်မာစစ်အစိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်းတပ်များက ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်စခန်းတခုကို သိမ်းပိုက်ရန် ကြိုးစား နေကြောင်း သိရှိရသည်။


စခန်းတခုကို ကာကွယ်နေရာယူထားသည့် ကေအဲန်အယ်လ်အေရဲဘော်တချို့။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ KNU လက် အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း ၂၀၁ စခန်း တခုကို နအဖတပ်များ နှင့် DKBA တပ်ဖွဲ့များက ယခုလ ၁၆ ရက်မှ ၁၉ ရက်နေ့ အထိ ဆက်လက် တိုက်ခိုက်နေခြင်း ဖြစ်သည်။
“အခုထိ နအဖနဲ့ DKBA တပ်တွေ ပြန်မဆုတ်သေးဘူး၊ ဝေါ်လေခီး စခန်းကို ရအောင်တိုက်မယ်လို့ ပြောတယ်”ဟု KNLA တပ်ရင်း ၂၀၁ ၏ ဒု တပ်ရင်းမှူး ဗိုလ်ကြီး ဘူးဖောက ဧရာဝတီသို့ ပြောသည်။
ယင်းတိုက်ပွဲသည် လွန်ခဲ့သည့် မတ်လအတွင်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Piromya နှင့် မြန်မာ ၀န်ကြီး ချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းတို့နှင့် ရန်ကုန်မြို့၌ တွေ့ဆုံခဲ့စဉ် စစ်အစိုးရဘက်က KNU အဖွဲ့အား ငြိမ်းချမ်းရေးအတွက် နားချပေးရန် ပြောဆိုခဲ့ပြီး နောက်ပိုင်း အပြင်းထန်ဆုံး တိုက်ပွဲဖြစ်သည်။
ယခု လဆန်းပိုင်းတွင်လည်း ထိုင်းအာဏာပိုင်များမှ KNU ဒု ဥက္ကဌ စောဒေးဗစ်တာကပေါ ၊ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်နှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးတို့ကို ဘန်ကောက်မြို့ တနေရာတွင် ခေါ်ယူ၍ ၂ နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။
တချိန်တည်းတွင်ပင် KNU ခေါင်းဆောင် ဗိုလ်ချူပ်ကြီးစောဘိုမြ(ကွယ်လွန်) ၏သား ဗိုလ်ကြီး စောနေစိုးမြက လည်း စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် အစိုးရနှင့် အတူ ပူးတွဲလုပ်ဆောင် သွားမည်ဖြစ်ပြီး KNU တွင်ဆက်လက်ကျန်ရှိနေသောအဖွဲ့ဝင်များအနေဖြင့်လည်း ကရင် ပြည်နယ် အေးချမ်း သာယာတိုးတက်ရေးအတွက် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်း ပြောကြားထားသည်။
ဧပြီလ ၁၉ ရက်နေ့ တနင်္ဂနွေနေ့ ညပိုင်းက ထုတ်လွှင့်သွားသည့် စစ်အစိုးရပိုင် မြန်မာ့ရုပ်မြင်သံကြား နှင့် တွေ့ဆုံ မေးမြန်းခန်းတခုတွင် စောနေစိုးမြက ကရင်ဘာသာစကားဖြင့် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
အဆိုပါ တွေ့ဆုံမေးမြန်းခန်းကို စစ်အစိုးရပိုင် မီဒီယာများတွင် ကြိုတင်ကြေညာထားခြင်းမရှိဘဲ ထုတ်လွှင့်ပြသ သွားခြင်းဖြစ်သည်။ယခုကဲ့သို့ စစ်အစိုးရနှင့်ငြိမ်းချမ်းရေး ရယူခြင်းမှာ KNU ခေါင်းဆောင် ၄င်း၏ဖခင် ချမှတ်ထားသော လမ်းစဉ်ကို အကောင်အထည် ဖော်ခြင်းဖြစ်ကြောင်း၊အဆိုပါငြိမ်းချမ်းရေးလမ်းစဉ်ကို ဦးလေး တော်စပ်သူ ဗိုလ်ထိန် မောင်က လုပ်ဆောင်ခဲ့ရာ ဗိုလ်ထိန်မောင်နှင့်အဖွဲ့ဝင်များ ဖိနှိပ်ချူပ်ခြယ်ခြင်းမရှိ လွတ်လပ်စွာသွားလာနိုင် ခြင်း၊ အေးချမ်း စွာဖြင့် စားဝတ်နေရေး အပါအ၀င်ဖွံ့ဖြိုးတိုးတက်လာသော အခြေအနေအရပ်ရပ်ကို ကိုယ်တိုင် သိမြင်တွေ့ကြုံ လာရသည့်အတွက် စစ်အစိုးရနှင့်ငြိမ်းချမ်းရေး ရယူလိုက်ခြင်းဖြစ်ကြောင်း စောနေစိုးမြ ကပြောဆိုသည်။
လက်ရှိ KNU ဗဟိုဌာနချုပ်သည် နိုင်ငံရေးကို ကစားစရာဟု သတ်မှတ်ပြီး ဆုံးဖြတ်ချက်လည်း တိတိကျကျ မရှိ သည့်အတွက် သေချာစွာစဉ်းစားပြီးငြိမ်းချမ်းရေးလမ်းစဉ်သို့ ပြန်လာစေချင်ကြောင်း၊ KNU လက်ရှိ ခေါင်း ဆောင် များတွင် ကရင်များပါသလို ကရင်မဟုတ်သူများလည်း ပါဝင်နေပြီး ကရင်ပြည်နယ် အရေးထက် ၄င်းတို့ ကောင်း စားရေးကို ဦးတည်လုပ်ဆောင်နေသည်ဟု ၄င်းကဆက်လက်ပြောသည်။
နှစ်ပေါင်း ၆၀ ကြာ စစ်အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေသည့် အကြီးဆုံးသော တိုင်းရင်းသားအဖွဲ့အစည်း KNU မှ ဗိုလ်ကြီးစောနေစိုးမြသည် တပ်သား အင်အား ၁၀၀ ကျော် ၏ မိသားစုဝင်များနှင့်အတူ လက်နက်ခဲယမ်း မီးကျောက်များနှင့်တကွကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုး ကျေးရွာတွင် စစ်အစိုးရနှင့်ငြိမ်းချမ်းရေးရယူ ထားသော ဗိုလ်ထိန်မောင်အဖွဲ့နှင့် ၂၀၀၉ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် လာရောက်ပူးပေါင်းခဲ့သည်ဟု စစ်အစိုးရ မီဒီယာများတွင် အကျယ်တ၀င့် ဖော်ပြခဲ့သည်။
ဧရာဝတီသတင်းဌာနမှ ကူးယူဖော်ပြသည်။

KNU reject Saw Nay Soe Mya Interview


စောနေစိုးမြ အင်တာဗျုး


KNU ခေါင်းဆောင်များ သူ့ အဖေ မရှိသည့် နောက် အားလုံးကိုချုပ်ကိုင်ထားပြီးလက်ဝါးကြီးအုပ် ထား ဟု စောနေစိုးမြ အင်တာဗျုး တွင်ပြော(ဗီဒီယို)April 20, 2009 · ၂၀ ဧပြီ ရန်ကုန်၊ ၊Freedom News Groupထော့ကော့ကိုးတွင် သွားရောက်အခြေစိုက် သော ကွယ်လွန်သူ ဗိုလ်ချုပ်မြ ၏ သားဖြစ်သူ စောနေစိုးမြ က မြန်မာ့ရုပ်မြင်သံကြား နှင့် မြ၀တီ ကို၎င်း ၏အမြင် နှင့် သူ့ အဖေချမှတ်ထားသော မူများကိုလက်ရှိ KNU ခေါင်းဆောင်များက လိုက်နာမှုမရှိကြောင်းထော့ကော့ကိုးတွင် ပြောနေ စဉ်။
Late KNU/KNLA leader General Saw Bo Mya 's son give interview at Burma state-run MRTV and Mya Wadi Television Channel

Sunday, April 19, 2009



ကရင့်အမျိုးသမီးလှုပ်ရှားမှုအဖွဲ့ 


ကရင့်အမျိုးသမီးလှုပ်ရှားမှုအဖွဲ (ပြည်တွင်း)့၏ မတ်လလှုပ်ရှားမှုလေးတခုဖြစ်သည်

ကျမဖြတ်သန်းခဲ့ရသောဘန်ကောက်ခရီးလမ်း

ကျမဖြတ်သန်းခဲ့ရသော ဘန်ကောက်ခရီးလမ်းလွန်ခဲ့သော ၂၀၀၃ခုနှစ်ကာလ ကျမအသက်၁၆နှစ်အရွယ် ၈တန်းကျောင်းသားဘ၀ စာမေးပွဲဖြေပြီးခါစ နွေဦးအခါတွင် ဘန်ကောက်မြို့ မှ ပြန်လာသောဝမ်းကွဲအစ်မတစ်ယောက်၏ အပြောကောင်းမှုဖြင့် ကျမဘန်ကောက်မြို့ သို့ လိုက်သွားရန်စိတ်ဆန္ဒပြင်းပြခဲ့ရ၏။ မှန်ပါသည် ဘန်ကောက်မှာအလုပ်လုပ်ပြီး ငွေအသင့်အတင့်စုဆောင်းမိ၍ မိသားစုမောင်နှမကို ထောက် ပံ့နိုင်သောဝမ်းကွဲအစ်မကိုသဘော ကျမိသည် ။ဘန်ကောက်သို့ မလိုက်သွားရန် မိုးမိုးနဲ့ ပါးပါးတားမြစ်သော်လည်း ကျမဆန္ဒများမလျော့ခဲ့။ နွေရာသီရောက်တိုင်းအားလပ်သောလယ်ယာပြီးစီးချိန်ဖြစ်၍ပါးပါးမှာထင်းခုတ်သွား၍ မိုးမိုးနဲ့ ကျမ မှာတောအရက်ချက်ချင်းဖြင့် အချိန်ကုန်ခဲ့ရလေသည်။ မိသားစုမောင်နှမ ၄ယောက်အနက်ကျမမှာ ဒုတိယ မြောက်သမီးဖြစ်၍ အစစအရာရာ မိုးမိုးနဲ့ ပါးပါးကိုဝိုင်းဝန်းကူညီခဲ့ရလေသည်။ အဦးဆုံးအစ်ကိုတစ်ယောက်မှာကိုယ်ရင်ဝတ်သွား၍ကျန်ရှိနေသောမိသားစုမှာမိုးမိုးနဲ့ပါးပါးအကြီး ဆုံး ကျမမှာ မောင်လေး၂ဦး ၅ယောက်သာဖြစ်သည်။ ခေတ်စားလာသော ဘန်ကောက်ခေတ်သည် ကျမတို့  ဘားအံမြို့ နယ် ကော့ကသောင်ကျေးရွာ မောင်မယ်များ မလွန်ဆန်နိုင်ခဲ့ပါဘူး။ ရေကြည်ရာ မြက်နုရာ မဆိုခဲ့ပေမဲ့ မတူကွဲပြားခြားနားလှသော နိုင်ငံရေးခေတ်ရေစီးကြောင်း ၊ စီးပွားရေးရေစီးကြောင်းများကြောင့်ကျမတို့  လည်း လူတောထဲမှ လူသားတစ်ဦးမို့  မတူညီသော ဘ၀အနိမ့်အမြင့်ကို ခါးသီးစွာ မရင်ဆိုင်ရဲပါ။ လူမှာအ၀တ် တောင်းမှာ အကွတ် ဆိုသလို လူဖြစ်လာမှ အရှက်နဲ့ အကြောက်ရှိတတ်စမြဲပါ။ပူပြင်းလှသော တန်ခူး၊ ကဆုန် နွေဦးကာလမို့  လောကဟင်းလင်းပြင်တစ်ခုလုံး ပူလောင် ခြောက်သွေ့ လှပေသည်။ ကျမမှာအဖို့ ဘန်ကောက်တက်ရန်ဖြင့် တက်ကြွပြီး စိမ်းစိုလမ်းဆန်းလျက်ရှိနေ ပါသည်။ ဤသို့ ဖြင့် မိုးမိုးက အိမ်နီးနားချင်းဆီမှ လမ်းစရိတ် ၃ သိန်း ၈သောင်းကို ချေးယူကာ ဘန်ကောက် ခရီးဆန်ခဲ့ရလေသည်။ မနက်ပိုင်းတွင် မိုးမိုးနဲ့ ပါးပါးကို ရှိခိုးကန်တော့ကာ ရွာမှမြ၀တီမြို့ သို့ ညနေစောင်း ၄ နာရီအချိန်တွင် ရောက်ခဲ့သည်။ မြ၀တီမှာ ၁ရက်နားပြီး ဘန်ကောက်သို့  သွားရန်လူစုသည်။ လူအားလုံးမှာ (၈၀) ခန့် ဖြစ်သည်။ ညနေပိုင်းအချိန်တွင် သောင်းရင်းမြစ်ကို တိတ်တဆိတ် ဖြတ်ကူးပြီး ဘန်ကောက်မြို့ သို့  ခြေလျင်သွားခဲ့ရသည်။ နေ့ ရောညပါ မအိပ်တမ်း လမ်းလျောက်ခဲ့ရသည်။ ၂ ရက်မြောက်သောနေ့  တွင် အချို့ သောသူများလမ်းမလျောက်နိုင်၍ အယောက်(၄၀)ခန့် ပြန်လည့်သွားခဲ့သည်။ (၃)ရက်မြောက် သောနေ့ တွင်လမ်းပြက လမ်းခရီးတ၀က်ရောက်ပြီးဟုဆိုကာ ထိုည၌ တောထဲတွင် အိပ်ခဲ့ရသည်။ သန်း ခေါင်ယံအချိန်တွင် ကျမတို့ အုပ်စုအိပ်မောကျနေစဉ် လူအုပ်စုတစ်စုရောက်လာ၍ ယိုးဒယားလိုစကားပြောကာ ကျမတို့ထဲမှအချောဆုံးအလှဆုံး ကရင်မ လေးသုံးဦးကို အတင်းအဓ္ဓမ ဆွဲခေါ်သွားခဲ့သည်။ မိန်းခလေး၃သုံးမှာ အသက်ထွက်မက ငိုယိုတောင်းပန်၍ အတင်းဆွဲခေါ်သွားခဲ့သည်။ မည်သူတစ်ဦး တစ်ယောက်မျှ မလှုပ်ရဲမတောင်းပန်ရဲကြ။ကျမ များစွာ တုန်လှုပ်ခြောက်ခြားမိပါသည်။ ကံကောင်းထောက်မ၍ ၀မ်းကွဲအစ်မပါမသွားခြင်းဖြစ်သည်။ အကယ်၍ အစ်မပါသွားခဲ့ပါမူ ကျမမည်သို့ ဖြစ်မည်နည်း။ ဘန် ကောက်ဆိုတာလည်းကြားဖူးရုံသာ တစ်ခါမှ မရောက်ဖူးခဲ့။ အသိမိတ်ဆွေလည်းမရှိ။ ကျမမည်သို့  ဖြစ်သွားမည်းနည်း။ ကျမအတွေးများ တောမီးလောင်သလို ပူပြင်းရိုက်ခတ်နေပါသည်။ လူအုပ်ထဲ မှာ ကျမတစ်ဦးသာအငယ်ဆုံးဖြစ်သည်။ ထိုအချိန်၌ ကျမမှာ အပျိုရုပ်ပင် မပေါက်သေးပါ။ ထိုခဏ မှာ လမ်းပြတစ်ဦးက ကရင်လိုပြောကာ“ ဘာချနော မိုင်အေး ၊ ဘာချနော မိုင်အေး၊ ကဲ လီလော့” “ဘာမှမဖြစ်ပါဘူး ၊ ဘာမှမဖြစ်ပါဘူး၊ ကဲဆက်သွားမယ်” ဟုဆိုကာ ညသန်းခေါင်းအချိန်ခရီးထွက် ခဲ့ရသည်။ ကျမအရမ်းပင် ငိုချင်လှပါသည်။ မောလည်းမော၊ အိပ်ရေးလည်းမ၀၊ အားလည်းကုန် အစားအစာမ၀တ၀၊ ရေလည်းငတ်မျိုးစုံဖြင့် ကျမတသက်တာတွင် မကြုံဘူးသေးသည်. ဘန်ကောက်လမ်းခရီး ဘ၀ဇတ်ဆရာကို ကခဲ့ရပါသည်။ အားမငယ်ပါနဲ့ ညီမလေး ဟိုဘက်ရောက် ရင် အားလုံးအဆေပြေမှာပါဟု ကျမကိုအစ်မ အားပေးစကားပြောခဲ့ပါသည်။ ကျမအိမ်ကို အရမ်းပဲ လွမ်းတယ်၊ မိုးမိုးနဲ့ ပါးပါးကို အရမ်းသတိရတယ်၊ ကျမအိမ်ပြန်လှည့်ချင်လိုက်တာ။ ၀မ်းကွဲအစ်မက လမ်းခရီး တ၀က်ကျော်ပြီး လမ်းစရိတ်လည်း အကြွေးနဲ့ အတိုးနဲ့ ချေးထားတာ ၊ မင်းအိမ်ပြန်လှည့်ရင် လမ်းစရိတ်လည်း ပြန်မရတော့ဘူး။ မင်းတို့ မိဘ မွဲပြီးသာမှတ်ဟု ကျမကို ဆူပူကြီမ်းမောင်းလေသည်။(၄) ရက် မြောက်သောနေ့ တွင် ကျမလမ်းမလျောက်နိုင်တော့ပါ။ စီးလာသောဖိနပ်လည်းကြိုးပြတ်၊ လမ်းမှာ ပုလိပ်လည်းကြောက်ရ၊ သူခိုးဓါးပြလည်းကြောက်ရ၊ မြင်းဆေးသမားတွေးလည်းကြောက်ရ၊ ညအချိန် ကျွတ်၊ကင်း၊ မြွေဆိုးတွေလည်းကြောက်ရ မျိုးစုံဖြင့် ခရီးဆက်ခဲ့ရသည်။ ဖိနပ်မရှိသဖြင့် ခြေဖ၀ါးများနီရဲရောင်ရမ်းကာ နာကျင်နေပါသည်။ ထိုအထဲတွင် ဦးကြီးတစ်ယောက်က လာသမီး ဦးကျောပိုးထမ်းသွားမည်ဟုဆိုကာ ကျမကို ကျေပိုးထမ်းသွားခဲ့လေသည်။ဦးကြီးကိုကျမအရမ်းအားနာပါတယ်ကျမအတတ်နိုင်ဆုံးကြိုးစားပြီး လမ်းလျောက်သွားပါမည် ဟုဆိုကာ ဦးကြီးစီးသော ဖိနပ်ကို ကျမကိုပေးစီးကာ တစ်ယောက်တစ်လှည်စီ စီးခဲ့ရလေသည်၊၊ ကျမကို ကျမအားတင်းကာ လမ်းလျောက်ခဲ့ရပါသည်။ ၅ရက် ၅ည လုံးလမ်းလျောက်ခဲ့ရသည်။ ဘန်ကောက်မြို့ ရောက်ခါနီး ဦးကြီးကို ကျမကန်တော့ကာ ကိုယ်စီကိုယ်ငှ လမ်းခွဲကာ လိုရာခရီး ဆက်ထွက်ခဲ့ရလေသည်။ကျမဘန်ကောက်တွင် အလုပ်မျိုးစုံဖြင့်အလုပ်လုပ်ခဲ့ရပြီး ရွာမှကျန်ရှိနေတဲ့ မိုးမိုးနဲ့ ပါးပါး ရယ်၊ မောင်လေး၂ယောက်ရယ်ဖြင့် သတိရလွမ်းဆွတ်လျက်ရှိနေပါတယ်။ ၂၀၀၉ ခုနှစ် နှစ်သစ်ကူးမှာ ဘန်ကောက်မြို့ ဘုရင့်ပန်းခြံ မှာ ရွာမှာရှိတဲ့သူငယ်ချင်းတစ်ချို့ နှင့်ဆုံတွေ့  ဖြစ်ခဲ့သည်။ နှစ်တိုင်းလိုလိုပင် ပန်းခြံမှာ ကျမသွားဖြစ်ခဲ့သည်။ တစ်ဦးနှင့်တစ်ဦးတွေ့ ကြခင်ကြ အချင်းချင်းမိတ်ဆက်ကြဖြင့် ထောင်းသောင်းမက များပြားလှစွာသော ကရင်မောင်မယ်လေးများ လာဆုံတွေ့ ကြသည်။ တိုင်းတပါးနိုင်ငံမှာ ကြောက်ရွံ့ မှုပေါင်းများစွာ၊ အခက်အခဲပေါင်းများစွာ၊ဒုက္ခ ဆင်းရဲ ပေါင်းများစွာရပ်တည်ခဲ့ရသော တရားမ၀င်ရွေ့ ပြောင်းအလုပ်သမားအဖြစ် တိုင်းပြည် မရှိသောလူသားများကဲ့သို့ ရပ်တည်ခဲ့ရခြင်းကို ရွာကျန်ရှိနေတဲ့ ရွာသူကြီးများ၊ ဘုန်းကြီးရဟန်းများ၊ လူကြီးသူမများ၊ မိဘဆွေမျိုးအသိုင်းအ၀ိုင်းများ၊ ကလေးသူငယ်များ မျှဝေခံစား ပြောပြချင်လှပါဘိ။ရက်၊ လ၊ နှစ်ပြောင်းလဲလာသည်နှင့်အမျှ ကျမတို့ ဘ၀ပြီးပြည့်စုံခြင်းမရှိခဲ့ပါဘူး။ မိသားစု တို့ ၏ စားရေး၊ ၀တ်ရေး၊ နေရေး အစစအရာရာကျမတို့ ပံပိုးခဲ့ရတယ်။ ဘန်ကောက်မှာ ၆နှစ်ကာ လမျှကြာသွားခဲ့လေပြီး၊၊ အိမ်ကိုလည်းအရမ်းလွမ်းနေတာပဲ။ နောက်ပြီး လမ်းခရီးမှာ ကျမကို ကယ် တင်ခဲ့တဲ့ဦးကြီးကို ကျမအမြဲသတိရနေပါတယ်။ ဦးဦးရဲ့ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်ကိုလည် ကျမ မရ ခဲ့ပါဘူး။ လမ်ခွဲပြီး ဦးကြီးကို ထိုင်ပြီးရှိခိုးကန်တော့ချိန်မှစပြီး ဦးဦးနဲ့ တခါမှ မဆုံဖြစ်ခဲ့ပါဘူး။ ဦးကြီးနဲ့ အဆက်အသွယ်လုပ်ချင်လဲ ဘယ်သူနဲ့ မှအဆက်အသွယ်မရခဲ့ပါဘူး၊၊ ဦးဦးကို ကျေးဇူး ဆပ်ချင်တယ်၊၊ ဦးဦးနဲ့ တွေ့ ချင်တယ်။ နေရပ်လိပ်စာ မယူမိခဲ့တဲ့သမီးရဲ့ အားနည်းချက်ကို နားလည် ပေးပါနော် ဦးဦးရယ်……………………….။(ဘားအံမြို့ နယ်+ကော့ကသောင်ကျေးရွာ)လောကနိယာမတရားတို့ ၏လိုတာမရ ရတာမလို၊ ကြုံရ ဆုံရ တခဏ၀ယ်မှန်ကန်သစ္စာ၊ ရိုင်းပင်းကူညီ၊ သနားညှာတာဖြစ်စေကာမူ ကုသိုလ်ပါရမီ ဖြစ်မည်သာတည်း။ ။လူသားအချင်းချင်းကူညီတတ်မှု၊စာနာထောက်ထားမှုကို ရှေးရှုလျက်။ကရင့်အမိမြေ မှရှာဖွေတင်ပြသည်။

Comments (0)
ဇိုယာဖန်း၏ ကိုယ်ရေး အတ္ထုပ္ပတ္တိ စာအုပ် ထုတ်ဝေမည်
Friday, 17 April 2009 18:59 သန်းထိုက်ဦး

ကရင်အမျိုးသား ခေါင်းဆောင် တဦးဖြစ်သည့် ဖဒိုမန်းရှာ (ကွယ်လွန်) ၏ သမီးဖြစ်သူ ဇိုယာဖန်း ရေးသားပြုစုသော Little Daughter: A memoir of survival in Burma and the west အမည်ရှိ စာအုပ် တအုပ်ကို ထုတ်ဝေမည်ဖြစ်ကြောင်း သိရှိရသည်။
စာရေးသူ ဇိုယာဖန်းက ယခုစာအုပ်ထုတ်ရခြင်းသည် မြန်မာ ပြည်သူလူထုကို ကမ္ဘာက ပိုမို အာရုံစိုက်လာရန် အဓိက ရည်ရွယ်ခြင်းဖြစ်သည်ဟု ဧရာဝတီသို့ပြောသည်။ “မြန်မာပြည် အခြေအနေကတော့ လူထုတွေ ဒုက္ခရောက်နေတယ်၊ အမှန်ဆိုရင် တိုင်းရင်းသား လူမျိုးစုတွေ မက ပါဘူး၊ ဗမာတွေလဲ စစ်အာဏာရှင် စနစ်မှာ ဖိနှိပ်ခံရတယ်၊ အဲဒါကြောင့် ကမ္ဘာက ဒီထက်ပိုပြီးတော့ သိအောင် အာရုံစူးစိုက်လာအောင် နားလည်အောင် အကူညီပေးလာအောင် ကျမ အဓိက ဒီစာအုပ်ကို ရေးတာဖြစ်ပါတယ်” ဟု ပြောသည်။ ယခုထုတ်ဝေသော စာအုပ်ထဲတွင် မြန်မာနိုင်ငံမှာ ရှိသည့် ကရင်တိုင်းရင်းသားများအပြင် တခြားသော တိုင်းရင်း သား လူမျိုးစုများအပါအ၀င် မြန်မာပြည်သူများ စစ်အာဏာရှင် စနစ်အောက်တွင် ဖိနှိပ်ခံနေရသည့်အကြောင်း များ ပါဝင်သည်ဟု သိရသည်။ ယင်းစာအုပ်ကို နိုင်ငံတကာသို့ ဘာသာပေါင်းစုံ ဘာသာပြန်၍ ထုတ်ဝေသွားရန် အစီအစဉ်ရှိသည်ဟု ဇိုယာဖန်း က ပြောသည်။ ဇိုယာဖန်းသည် နှစ်ပေါင်း ၆၀ ကျော် မြန်မာအစိုးရကိုတော်လှန်တိုက်ခိုက်နေသော ကရင်တိုင်းသား အဖွဲ့တဖွဲ့ရှိ မိဘ နှစ်ပါးမှ မြန်မာပြည် တောတွင်းတနေရာတွင် မွေးဖွားခဲ့သူ ဖြစ်သည်။ သူ ၏ မိဘများမှာ ကရင်လွတ်မြောက် ရေး တိုက်ပွဲဝင် ပြောက်ကျား ရဲဘော်များ ဖြစ်ကြသည်။ထိုအချိန်က ဇိုယာဖန်းတို့မိသားစုသည် ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်ပေါ်တွင် ခြေတန်ရှည် အိမ်ကလေး များ ဆောက်လုပ်နေထိုင်ကြရကြောင်းနှင့် သူချစ်ခင်သော မွေးစား အစ်ကို တဦးရှိကြောင်းလည်း ယခုစာအုပ်တွင် ရေးသား ဖော်ပြထားသည်။ဇိုယာဖန်း ၁၄ နှစ် သမီးအရွယ်တွင် သူနေထိုင်သည့် ရွာကို မြန်မာအစိုးရ စစ်တပ်က တိုက်ခိုက်ပြီး အိမ်ကိုလည်း မီရှိုးဖျက်ဆီးခံရသောကြောင့် မိသားစုနှင့် အတူ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းလည်း စာအုပ်တွင် ပါရှိသည်။ထိုသို့ ၂ နှစ်ခန့် ပြေးလွှား၍ တောတွင်း၌ ပုန်းအောင်း နေရာမှ နောက်ဆုံးတွင် ထိုင်းနယ်စပ်ကို ဖြတ်ကျော်၍ ဒုက္ခသည် စခန်းတွင်းသို့ ရောက်ရှိသွားပြီး ၂၀၀၄ ခုနှစ်တွင် ဗြိတိန်နိုင်ငံ၌ နိုင်ငံရေး ခိုလှုံခွင့်ရရှိခဲ့ခြင်းဖြစ်သည်ဟု လည်း သိရှိရသည်။ထို့နောက် ဇိုယာဖန်းကို ဘီဘီစီ အသံလွှင့် ဌာနက အင်တာဗျူး ပြုလုပ်ရာမှ နိုင်ငံတကာမှ အာရုံစိုက်ခံခဲ့ရခြင်းဖြစ် သည်။အဆိုပါ စာအုပ်သည် အသက် ၂၈ နှစ်ရှိ ဇိုယာဖန်း၏ ဘ၀ဖြတ်သန်းမှု အတွေ့ကြုံများကို ရေးသားထားသော အတ္ထုပ္ပတ္တိ စာအုပ် အမျိုးအစားဖြစ်ပြီး လာမည့် ၂၀ ရက်နေ့၌ အင်္ဂလန်နိုင်ငံတွင်ထုတ်ဝေသွားမည်ဖြစ်သည်။ ပိုးကရင်တိုင်းရင်းသား တဦးဖြစ်သည့် ဇိုယာဖန်းသည် လက်ရှိ အင်္ဂလန်နိုင်ငံတွင် နေထိုင်လျက်ရှိပြီး UK အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့(Burma Campaign-UK) ၏ နိုင်ငံတကာ ဆက်ဆံရေးတာဝန်ခံ တဦး အဖြစ် ဆောင်ရွက်နေသူလည်း ဖြစ်သည်။ ဇိုယာဖန်း၏ ဖခင် ဖဒိုမန်းရှာသည် လွန်ခဲ့သည့် နှစ်က ထိုင်းမြန်မာ နယ်စပ် တနေရာတွင် အမည်မသိ သေနတ် သမားများ၏ လုပ်ကြံမှုကြောင့် ကွယ်လွန်ခဲ့ရသည်။ဖဒိုမန်းရှာသည် ကွယ်လွန်ချိန်အထိ ကရင်အမျိုးသား အစည်းအရုံး(ကေအန်ယူ)တွင် အထွေထွေ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်းအား စစ်အစိုးရကို ဆန့်ကျင်နေသည့် အတိုက်အခံအင်အားစုများ အပါ အ၀င် တခြားသော တိုင်းရင်းသားလူမျိုးစုများကပါ လေးစားခဲ့ကြသည်။